မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်နှင့် လက်ရှိ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် မြန် မာနိုင်ငံလက်ရွှေးစဉ်ရေကူး အသင်းတွင် နည်းပြချုပ် တာဝန်ထမ်းဆောင်လျက်ရှိသော ဂျပ န်နို င်ငံ သား ခါ့ဇူရှီနာကာယာမသည် ယခုဆီးဂိမ်းကာလပြီးပါက ဂျပန်နိုင်ငံသို့ပြန်တော့ မည်ဖြစ်ေ ကြာင်း မြန် မာနိုင် ငံရေကူး အဖွဲ့ချုပ်မှ သိရသည်။
Tuesday, December 10, 2013
ကာယဗလ အားကစားနည်းမှ ရွှေတံဆိပ် ဆွတ်ခူးလျှင် သိန်းတစ်ရာနှင့် ကားတစ်စီး ချီးမြှင့်မည်

ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပမည့် ကာယဗလ ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ရွှေတံဆိပ် ဆွတ်ခူးပါက စည်ပင် သာယာရေး ဝန်ကြီးဌာနမှ ရွှေတံဆိပ် တစ်ခု အတွက် ကျပ်သိန်း တစ်ရာနှင့် pro box အမျိုးအစား ကားတစ်စီးချီး မြှင့်မည်ဟု စည်ပင်သာယာရေး ဝန်ကြီးက ပြောကြားထားကြောင်း ကစား သမား ဖြစ်သူ ထွန်းမင်းက ပြောသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ က ၅၅၊ ၆ဝ၊ ၇ဝ၊ ၈ဝ နှင့် ၉ဝ ကီလိုတန်းများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
တောင်ကြီးမြို့ နေအိမ်အတွင်း ဗုံးပေါက်ကွဲမှု မိသားစုဝင်များကို စစ်ဆေး
တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်း၊ အုတ်ဖိုလမ်းဆုံရှိ နေအိမ်
တစ်လုံးတွင် ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီခွဲခန့်က လက်လုပ်ဗုံးတစ်လုံး
ပေါက်ကွဲခဲ့ရာမှ အမျိုးသားတစ်ဦး ဒဏ်ရာများ ရရှိမှုနှင့် ပတ်သက်၍
အဆိုပါအိမ်တွင် နေထိုင်သူ မိသားစုဝင်များကို ရဲစခန်းတွင် ခေါ်ယူစစ်ဆေးလျက်
ရှိကြောင်း တောင်ကြီး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အကယ်ဒမီ ဗန်းကိုင် လူတွေ့စစ်ဆေးမည်
(2012)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွက်
ဆုဗန်းကိုင်ဆောင်ရမည့်စာရင်းတွင်လူတွေ့ (ပထမ)အကြိမ်
စစ်ဆေးမည့်(54)ဦးစာရင်း
======================================
1။ မေမြတ်မိုးကျော်(ခ)မေဇင်စိုးထွဋ်
2။ မြတ်အင်ကြင်း
3။ လမင်းအိနြေ္ဒ(ခ)ရွှေယမင်းအေး
4။ စမ်းရည်နန္ဒာ
5။ ခင်ရတနာမိုး
6။ ခင်မိုးမခ(ခ)ဝေမိုးစံ
======================================
1။ မေမြတ်မိုးကျော်(ခ)မေဇင်စိုးထွဋ်
2။ မြတ်အင်ကြင်း
3။ လမင်းအိနြေ္ဒ(ခ)ရွှေယမင်းအေး
4။ စမ်းရည်နန္ဒာ
5။ ခင်ရတနာမိုး
6။ ခင်မိုးမခ(ခ)ဝေမိုးစံ
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းနှင့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများအား ကျပ်သိန်း ၁၀၀ ခန့်ဖြင့် အရစ်ကျ ရောင်းချသွားမည်ဟုဆို
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရွှေလင်ပန်းနှင့်
ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်းများအား ကျပ်သိန်း
၁၀၀ ခန့်ဖြင့် အရစ်ကျ ငွေပေးချေသော စနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း
ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်
သတ္တမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
ခုတ်မောင်းလာသော မီးရထားကို ခရီးသည်တင် ဘတ်စ်ကား ဝင်တိုက်
မန္တလေး ၊ ဒီဇင်ဘာ ၉ ။ ။ မီးရထား နှင့် ကားလမ်းဆုံရာတွင် ရထားလာချိန်၌ ကားလမ်းမောင်း တံ ပိတ်ထားခြင်း မရှိသဖြင့် မောင်း လာသည့်ရထားကို ခရီးသည် တင်ယာဉ်မှ ဝင်ရောက်တိုက်မိ သည့်ဖြစ်ရပ်တစ်ခုဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီခန့်က အမရ ပူရမြို့နယ် ရွှေဂဲလမ်းတွင်ဖြစ် ပွားကြောင်း သိရသည်။ မန္တလေးမြို့ ကားရပ်နား ကွင်းမှ နံနက်၅နာရီတွင် ရွှေဘို မြို့သို့ ခရီးသည်တင်ထွက်ခွာလာ သည့် ရန်နိုင်မန်းမော်တော်ယာဉ် အသင်းမှ ယာဉ်မောင်း ကိုဌေးဝင်း မောင်းနှင် လာသည့် ယာဉ်အမှတ် ၆/က ----လူ စီးသီးသန့်ယာဉ် မှာ မြို့ပတ်ကမ်းနားလမ်း ယာဉ် လမ်းကြောင်းအတိုင်း မောင်းနှင် လာရာ အမရပူရမြို့အဝင် ရွှေဂဲ ဖြတ်လမ်းအရောက်မှာ မြစ်ကြီး နား-မန္တလေးလူစီးအစုန်ရထား (၅၆)ကို ဝင်ရောက် တိုက်မိခြင်း ဖြစ်သည်။
ဆီးဂိမ်းကာလ မန်းတွင်မီးမပြတ်ဟု တိုင်းလျှပ်စစ်ဖြန့်ဖြူးရေး ကတိပေး
မန္တလေးမြို့တွင်
ဆီးဂိမ်းကာလအတွင်း လျှပ်စစ်မီးမပြတ်စေရန် ပင်မဓာတ်အားပေးစက်ရုံ
သုံးခုနှင့် ချိတ် ဆက်ထားခြင်းကြောင့် မီးပျက်မည်ကို
စိတ်ပူပန်ရန်မလိုတော့ဟု မန္တလေးတိုင်း မြန်မာ့လျှပ်စစ် ဖြန့်ဖြူးရေး
လုပ်ငန်းမှ တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။
ပင်မဓာတ်အားပေးစက်ရုံများဖြစ်သည့် တံခွန်တိုင်ပင်မခွဲရုံ (သာစည်)၊
အောင်ပင်လယ်ခွဲရုံ (ကင်းတား)၊ ရွှေစာရံခွဲရုံ (ရွှေလီ)တို့မှ
ဓာတ်အားလိုင်းသုံးခုကို မန္တလေးမြို့အတွက် ချိတ်ဆက်ထားပြီး လက်ရှိ လျှပ်စစ်
မီးဖြန့်ဖြူးပေးနေသည့် ဓာတ်အားလိုင်းမှာ တံခွန်တိုင် ပင်မခွဲရုံ ဖြစ်သည်။
ရခိုင်ပဋိပက္ခ ပါဝင်သူတွေ နှစ်ရှည်ထောင်ချ
၂ဝ၁၂
ခုနှစ် အောက်တိုဘာလက ဒုတိယ အကြိမ် ရခိုင် ပဋိပက္ခအတွင်း မြောက်ဦးမြို့နယ်
ယိုင်သည် မွတ်ဆလင်ရွာကို တိုက်ခိုက်ရာမှာ ပါဝင်သူ ၃ ဦးကို စစ်တွေ ခရိုင်
တရားရုံးက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် လိုက်ပါ တယ်။
ယိုင်သည် ရွာ တိုက်ခိုက်မှုနဲ့ ဖမ်းဆီး စွဲဆို ခံခဲ့ရတဲ့ ရခိုင် အမျိုးသား ၈ ဦးရဲ့ အမှုမှာ ၅ ဦး ကို တရားသေ လွှတ်ပေးပြီး ကျန်တဲ့ သုံးဦး ကိုတော့ ထောင်ဒဏ်တွေ အသီးသီး ချမှတ် လိုက်ပါတယ်။
ယိုင်သည် ရွာ တိုက်ခိုက်မှုနဲ့ ဖမ်းဆီး စွဲဆို ခံခဲ့ရတဲ့ ရခိုင် အမျိုးသား ၈ ဦးရဲ့ အမှုမှာ ၅ ဦး ကို တရားသေ လွှတ်ပေးပြီး ကျန်တဲ့ သုံးဦး ကိုတော့ ထောင်ဒဏ်တွေ အသီးသီး ချမှတ် လိုက်ပါတယ်။
ထိုင်းနိုင်ငံရေးပဋိပက္ခ မြန်မာ သင်ခန်းစာယူရန် ဒေါ်စုအပါအ၀င် နိုင်ငံရေးလေ့လာသူများ တိုက်တွန်း
ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများကို
အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ သည် သင်ခန်းစာရယူကာ
နိုင်ငံတွင်း ညှိနှိုင်းတိုင်ပင်မှုများဖြင့် အကောင်းဆုံးလမ်းကိုသာ
ရွေးချယ်သင့် သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နိုင်ငံရေးလေ့လာသူများက သုံး သပ် ပြောကြားလိုက်သည်။
သိမ်ဖြူအားကစားကွင်း ပြန်ရရေး ဆန္ဒပြသူများ အစိုးရနှင့် တိုင်းလွှတ်တော်အထိ တောင်းဆိုထား
ပြည်သူပိုင်အားကစားကွင်းများ ပြန်လည်ပေးအပ်ရန် လွှတ်တော်တွင်
ကြယ်ပွင့်ပြမေးခွန်း မေးမြန်းထားပြီး အဖြေပြန်လည်ရရှိရန်
စောင့်ဆိုင်းနေသည်ဟု ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်တိုင်း၊ လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ညိုညိုသင်းက ပြောသည်။
“ဒီမေးခွန်းကို အစိုးရက ဘယ်လိုဖြေမလဲဆိုတာ ပြည်သူတွေရဲ့အသံကို အစိုးရက နားထောင်၊ နားမထောင်ပေါ်မှာ မူတည်ပါတယ်”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။
“ဒီမေးခွန်းကို အစိုးရက ဘယ်လိုဖြေမလဲဆိုတာ ပြည်သူတွေရဲ့အသံကို အစိုးရက နားထောင်၊ နားမထောင်ပေါ်မှာ မူတည်ပါတယ်”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။
ခိုလုံခွင့်တောင်းခံသူ ၃ဦး လှေမှောက်သေဆုံး

ရိုဟင်ဂျာအပါအဝင် တခြားနိုင်ငံသားတွေပါ တင်ဆောင်လာတဲ့ လှေတစ်စီး သြစတြေးလျနိုင်ငံ ခရစ္စမတ် ကျွန်းကို ခိုးဝင်ဖို့ ကြိုးစားတုန်း အင်ဒိုနီးရှား ရေပိုင်နက်ထဲ တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ စုစုပေါင်း အယောက် ၃၀ လိုက်ပါ လာတဲ့ လှေမှာ စက်ချို့ယွင်းမှု ဖြစ်ခဲ့ပြီး ပင်လယ်ထဲ သုံးနာရီကြာ မျောနေခဲ့ပါတယ်။
သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိသော ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ အား ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း ဆက်လက်သုံးစွဲမည်
သမ္မတက
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော် ကိုယ်စားလှယ်များ
အသုံးပြုခွင့် ရရှိသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို
ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း
ဆက်လက်သုံးစွဲမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ
သ၀ဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာတွင် လွှတ်တော်
ကိုယ်စားလှယ်များ အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀၀၀
သုံးစွဲခွင့် ရရှိခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေ သဖြင့်
ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်ဟု ပါရှိကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်းသည်
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားလျော့ကာ မြောက်ဘက်သို့
ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်ကြောင်းကို
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က
ဆိုသည်။
"မုန်တိုင်းမဒီက အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကနေ အားလျော့ပြီးတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားပြန်လျော့သွားပြီးတော့ မြောက်ဘက်ကို ဆက်ရွေ့လျားနေတယ်။ လမ်းကြောင်းပြောင်း ပြီးတော့ မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ မရှိတော့ဘူး။ မိုးတိုင်းရဲ့အကျိုးဆက်ကြောင့် မိုးရွာ သွန်းမှုတွေ ဖြစ် ပွားနိုင် တယ်။ အဲဒီအတွက်ကြောင့် တောင်သူတွေအနေနဲ့ သတိရှိဖို့လိုတယ်" ဟု ဦးချစ်ကျော်က ဆိုသည်။
"မုန်တိုင်းမဒီက အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကနေ အားလျော့ပြီးတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားပြန်လျော့သွားပြီးတော့ မြောက်ဘက်ကို ဆက်ရွေ့လျားနေတယ်။ လမ်းကြောင်းပြောင်း ပြီးတော့ မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ မရှိတော့ဘူး။ မိုးတိုင်းရဲ့အကျိုးဆက်ကြောင့် မိုးရွာ သွန်းမှုတွေ ဖြစ် ပွားနိုင် တယ်။ အဲဒီအတွက်ကြောင့် တောင်သူတွေအနေနဲ့ သတိရှိဖို့လိုတယ်" ဟု ဦးချစ်ကျော်က ဆိုသည်။
တောင်ကြီးမြို့ မွတ်စလင်ခေါင်းဆောင်နေအိမ် ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်က မွတ်စလင်ဘာသာဝင် ဗလီအုပ်ချုပ်မှုကော်မီတီ ဥက္ကဋ္ဌတစ်ဦး ရဲ့ နေအိမ်မှာ မနေ့ ည ၁၁ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဗလီအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရသွားတဲ့ အိမ်ရှင်ဖြစ်သူကို စဝ်စံထွန်းဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ပို့ကုသထားတယ်လို့ သိရပါတယ်။မိုင်းကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ဒေသလုပ်မိုင်းလို့ ယူဆရကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
Monday, December 9, 2013
ဆီးရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်မည့် ဂျီဟတ် စစ်သွေးကြွများ တူရကီ နိုင်ငံ အတွင်းရှိ နေအိမ်များကို အသုံးပြုလျက်ရှိ

ဆီးရီးယား အစိုးရ အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်မည့် ဂျီဟတ် စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံ အတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ရန် အတွက် တူရကီ နိုင်ငံ တောင်ပိုင်း ရှိ နေအိမ် အဆောက်အအုံ များကို အသုံးပြုလျက် ရှိကြောင်း ဘီဘီစီ သတင်း ဌာန၏ ထုတ်ဖော် ပြောကြားချက်များ အရ သိရသည်။
ဟံသာဝတီ Complex ကို ကျပ်ဘီလီယံ တစ်ရာဖြင့် ရင်းနှီး မြှုပ်နှံမည်ဖြစ်
ရန်ကုန်မြို့တော်၏ အဓိကကျသော နေရာများတွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ လို အပ်နေ သောကြောင့် မြို့ပြ ဖွံ့ဖြိုးမှု မြင့်တက် လာစေရန် နာနတ်တောလမ်းနှင့် ဟံသာဝတီလမ်းကြားတွင် အထပ် ပေါင်း ၂၇ ထပ် ပါဝင်သော ကွန်ဒိုများကို ကျပ်ဘီလီယံ တစ်ရာခန့်ဖြင့် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။
လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တရုတ် (တိုင်ပေ) ထုတ်လုပ်လျက်ရှိ

တရုတ် (တိုင်ပေ) စစ်ဘက်၏ Chung-Shan သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်တွင် ရေဒါမှ ရှောင်ကွင်းနိုင်ပြီး လက်နက်များ တပ်ဆင်နိုင်သော မောင်းသူမဲ့ လေယာဉ် တစ်မျိုးကို ထုတ်လုပ်လျက်ရှိကြောင်း Chung-Shan တက္ကသိုလ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၈ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ယူကရိန်း ဆန္ဒပြသူများ လီနင်ရုပ်ထု ဖြိုချ
![]() |
| ယူကရိန်းအစိုးရဆန့်ကျင်ဆန္ဒပြသူများ ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ Vladimir Lenin ရဲ့ရုပ်တုကို ဖြိုချခဲ့ကြစဉ်။ (ဒီဇင်ဘာ ၈၊ ၂၀၁၃) |
ယူကရိန်းသမ္မတ Viktor Yanukovych အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ လူအုပ်ကြီးက Kyiv မြို့လယ်ရှိ ဆိုဗီယက်ပြည်ထောင်စု ထူထောင်သူ Vladimir Lenin ရဲ့ ရုပ်ထုကို ဖျက်ဆီးလိုက်ပါတယ်။
ဆိုင်ကလုန်း မဒီကြောင့် မိုးရွာဖွယ်ရှိ

မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် (၅၂၀) ခန့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက်မိုင် (၂၅၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မဒီ (MADI) ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်၊ မြေလတ်ပိုင်းနှင့် အလယ်ပိုင်း ဒေသများအထိ မိုးအနည်းငယ်မှ အသင့်တင့် ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သတင်းထုတ်ပြန်သည်။
ကမ္ဘာ့ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်းတွင် မြန်မာထိပ်ဆုံး၌ ရပ်တည်

ဗြိတိန်နိုင်ငံ အခြေစိုက် Charities Aid Foundation (CAF) ၏ စစ်တမ်း ကောက်ယူမှုများအရ ၂၀၁၃ ခုနှစ် ကမ္ဘာ့ ငွေကြေး အလှူဒါန်းဆုံး နိုင်ငံသားစာရင်း (Donating Money) တွင် မြန်မာနိုင်ငံက ထိပ်ဆုံး၌ ရပ်တည်နေကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည့် World Giving Index 2013 တွင် ဖော်ပြထားချက် အရ သိရသည်။
ရန်ကုန်မြို့တော်ရှိ မြို့နယ် ၁၈ ခု မြို့ပြ မြေအသုံးချမှုဇုန်အဖြစ် သတ်မှတ်

မြေအသုံးချမှုအပေါ် ကန့်သတ်ခြင်း အားပေးခြင်းများ လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်ကို မြို့ပြ မြေအသုံးချမှု ဇုန်များအဖြစ် နိုဝင်ဘာလကုန်က စတင် သတ်မှတ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စနိုဒင်အား ရုရှားသို့ ခိုလှုံခွင့်ရရန် ကူညီပေးသူအကြောင်း မေလ်း

ဒီဇင်ဘာ ၈ရက် မေးလ်အွန်လိုင်း ဝက်ဘ် ဆိုက်မှ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ ကန်ထရိုက် တာဟောင်း စနိုဒင်အား ရုရှား တွင် နိုင်ငံရေးခိုလှုံခွင့်ရသည်အ ထိ လိုက်ပါကူညီခဲ့သူ အကြောင်း ကို ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်းဒေသကြီးအချို့၌ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲ မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟုသံသယရှိခံရသူ နေတိုး (ခ)စောရွှေ ထူး မှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်း အရုံး (ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူ ဗဟိုကော် မတီဝင် ဖဒို မန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။
သစ်လုံးတင်ယာဉ်က ရပ်ထားသော ယာဉ်ကိုဝင်တိုက်၊ ယာဉ်မောင်းသေဆုံး

ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၉/၂ အုတ်တွင်းမြို့နယ် အိုးဘိုကုန်း ကျေးရွာတွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၆ နာရီခန့်က ယာဉ်ပျက်၍ ရပ်တန့်ထားသော ဝါးတင်ဆောင်သည့် ဟီးနိုး ခြောက်ဘီးယာဉ်ကို ၂၂ ဘီးသစ်လုံး တင်ယာဉ်က ဝင်တိုက်မိသဖြင့် သစ်လုံးတင်ယာဉ်မှ အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးခဲ့ကာ ယင်းယာဉ်ပေါ်မှ ယာဉ်နောက်လိုက်နှင့် ဝါးသယ်ယာဉ်ပေါ်မှ ယာဉ်မောင်း အပါအဝင် လူငါးဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူများက ပြောကြားသည်။
GREAT WELL ဖိနပ်စက်ရုံ အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ

နိုင်ငံခြား သားလုပ်ငန်းရှင်မှ အလုပ်သမား များသို့ဆက်ဆံရာတွင် အော်ဟစ် ဆဲဆိုကြိမ်းမောင်းခြင်းများကို မပြုလုပ် ဘဲခိုင်းစေပေးရန်နှင့် နေ့ စဉ်ကြေးများတိုးမြှင့်ပေးရန် စ သည့်လုပ်ငန်းခွင် အခွင့်အရေး များရရှိရန်အတွက် GREAT WELL ဖိနပ်စက်ရုံအလုပ်သမား ၆ဝဝကျော်မှ အချက်၁၂ချက်ကို ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း သိရသည်။
ပြည်ပမှ တင်သွင်းလာသော ဓာတ်မြေသြဇာများ အရောအနှောရှိသဖြင့် စစ်ဆေးမည်

ပြည်ပမှ တင်သွင်းသော ဓာတ်မြေဩဇာများတွင် အရောအနှောများ ရောင်းချ နေခြင်းကြောင့် စစ်ဆေး မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
အချုပ်ခန်းတွင်း သေဆုံးခဲ့ရမှု ပြန်လည် စစ်ဆေးရန် တိုင်းတရားလွှတ်တော် အမိန့်ချ
ပန်းတောင်းမြို့နယ် စံပြရဲတပ်ဖွဲ့စခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားစဉ် ဒဏ်ရာများနှင့် သေဆုံးခဲ့သည့် ဦးသန်းထွန်း၏ သေမှုသေခင်း ဖြစ်စဉ် အတွက် မြို့နယ်တရားရုံးက ချမှတ်ခဲ့သည့် အမိန့်ကို ပယ်ဖျက် ၍ ပြန်လည် စစ်ဆေးရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သေဆုံးသူ ဦးသန်းထွန်း၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
ကွတ်ခိုင်၌ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်တွင် ရဲအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက အသက် ၃၅ နှစ်အရွယ် ကချင်တိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို မူးယစ်ဆေးဝါး ရှာဖွေမည်ဟုဆိုကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ က ပြောကြားသည်။
Subscribe to:
Posts (Atom)


