Thursday, December 26, 2013
မလေးရှားတွင် မြန်မာလုပ်သားများနှင့် အင်ဒိုလုပ်သားတို့ ပဋိပက္ခဖြစ် မြန်မာ ၉၇ ဦး ပုန်းရှောင်နေရ
မလေးရှားရောက် မြန်မာအလုပ်သမားတို့နှင့် အင်ဒိုနီးရှားအလုပ်သမားတို့
အချင်းများလျက် ရှိရာ မြန်မာ့ နိုင်ငံရေး ဒု-၀န်ကြီး ဦးဇင်ယော်ဦးစီးလျက်
မလေးနှင့် ဘရူနိုင်းရှိ မြန်မာသံရုံးများနှင့် ဆက်သွယ် ကာ အ
ကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး
ဦးဇော်ဋ္ဌေးက ၎င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
သင်္ချိုင်းကုန်းမှာ အရက်သောက် လူစိတ်ပျောက်ပြီး ၁၁ လအရွယ်မိမိကလေးကို ခြေထောက်က ကိုင်ပြီး ဆိုင်ကယ်နဲ့ ရိုက်သတ်ခဲ့တဲ့ ဖခင်
ကချင်ပြည်နယ်မိုးညှင်းမြို့နယ် အင်ကြင်းကုန်းအုပ်စု၊ မရင်းကုန်းကျေးရွာတွင်
အရက်သောက်စားပြီး မူးယစ် ကာ အသိစိတ်ပျောက်နေစဉ် မိမိ၏ရင်သွေး
ကလေးငယ်(၁၁)လသားအား ဒီဇင်ဘာ၂၂ညနေတွင်ဖခင် ကိုယ်တိုင်
ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးညှင်းရဲစခန်းမှ သိရသည်။
မရင်းကုန်းကျေးရွာနေ သိန်းစိုး (ခ)အိုက်စိုးသည် ညနေ၆း၃၀တွင်နေအိမ်မှ
မိမိရင်သွေးသားငယ် ကို ခေါ်ဆောင်၍ ဆိုင်ကယ်ဖြင့်
အိမ်အပြင်သို့ထွက်သွားခဲ့သည်။ ဇနီးဖြစ်သူဒေါ်လဲ့လဲ့ဝင်းထွန်းမှ စိတ်မချ
သဖြင့်ဦးလေးဖြစ်သူ ဦးထွန်းရီနှင့်အတူ ၎င်း၏ခင်ပွန်း
စိုင်းသိန်းစိုးအားရှာဖွေခဲ့ရာ သာယာကုန်းရွာ သင်္ချိုင်း ကုန်းတွင်
တွေရှိခဲ့ကြောင်း ဒေါ်လဲ့လဲ့ဝင်းထွန်းမှပြောသည်။
KIA ဖမ်းဆီးခံ ရှမ်းပြည်သူများ ပြန်လွတ်မလာပါက ထပ်မံဆန္ဒထုတ်ဖော် သွားမည်ဟု ရှမ်းနီ ခေါင်းဆောင်များကပြော
KIA ၏ တပ်သားသစ် စုဆောင်းဖမ်းဆီးခြင်းခံရသော မံစီမြို့နယ် မံဖွရွာက
ရှမ်းတိုင်းရင်းသား အများ စုမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ KIA
အင်ဘာပါတပ်စခန်းမှာ သင်တန်း တက်နေ ရတယ်။" လို့ မံဖွရွာ ဒေသခံတစ်ဦးက
ပြောဆိုသည်။
KIA ဖမ်းဆီးသော ရှမ်းရွာသားအားလုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့က ပြောဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး အမြောက် အများပေးဆောင် ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။
KIA ဖမ်းဆီးသော ရှမ်းရွာသားအားလုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့က ပြောဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး အမြောက် အများပေးဆောင် ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။
၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန် ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိခဲ့
၂၀၁၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၉၁ ခုနှစ်တွင် ရရှိခဲ့သော
အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း
ဂျပန်မိုးလေဝသ အေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က
ထုတ်ပြန်သည်။
ဇန်နဝါရီလနှင့် နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလ ထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း အစီရင်ခံစာက ဆိုသည်။
ဇန်နဝါရီလနှင့် နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလ ထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း အစီရင်ခံစာက ဆိုသည်။
ဗြိတိန် စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ မြန်မာစစ်အရာရှိတွေကို သင်တန်ပေးမည်

မြန်မာစစ်တပ်က အကြီးတန်းအရာရှိတွေကို သင်တန်းပေးဖို့အတွက် ဗြိတိန်စစ်တပ် တာဝန် ရှိသူတွေ မြန်မာနိုင်ငံကို အခုရက်ပိုင်းအတွင်း သွားရောက်ဖို့ ရှိတယ်လို့ Telegraph သတင်း က ရေးသား ပါတယ်။ မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရဘက်က အရာရှိ ၃၀ လောက်ကို မဟာဗျူဟာဆိုင်ရာ သင်တန်းပေးဖို့အတွက် ဗြိတိန်ကာကွယ်ရေး တက္ကသိုလ်က အရပ်ဖက်နဲ့ စစ်ဖက် ပူးတွဲအဖွဲ့တဖွဲ့ကို ဇန်န၀ါရီလထဲမှာ စေလွှတ်ဖို့ ရှိတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို Telegraph က ကိုးကားထားပါတယ်။
ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများအတွက် ကျပ် ၇ဘီလျံခန့် ဘတ်ဂျတ်ရရှိခဲ့ပြီး တင်ဆက်မှုများတွင် တရုတ်နိုင်ငံမှ လွှမ်းမိုးချင်းမဟုတ်ဘဲ သမ္မတအချင်းချင်းဆက်ဆံရေးဖြင့် ကူညီခဲ့ခြင်းဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးပြောကြား
ဆီးဂိမ်းပြိုင်ပွဲတွင် တင်ဆက်ပြသခဲ့သည့် ဖွင့်ပွဲနှင့်ပိတ်ပွဲ
အခမ်းအနားများအတွက် ကျပ်၇ဘီလျံခန့် အသုံးပြု ခဲ့ပြီး တင်ဆက်ပြသမှုများအား
တရုတ်၏ လွှမ်းမိုးမှုမဟုတ်ဘဲ သမ္မတအချင်းချင်း ဆက်ဆံရေးဖြင့်
ကူညီ ခဲ့ခြင်း သာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်ကြူက ဒီဇင်ဘာ ၂၅ရက် တွင် ပြောကြား ခဲ့သည်။
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့် ဆွေးနွေးရန် လိုအပ်ဟုဆို
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်း များနှင့်
ဆွေးနွေးပွဲပြု လုပ် သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်
လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက် ရှိ သည့် နိုင်ငံရေးပါတီများနှင့်
တွေ့ဆုံဆွေးနွေးရန်လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင် က ပြောကြားသည်။
မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို
သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သေနတ်အား တွေ့ရစဉ်
မောင်ကိန်းရွှေဆိုင် ဓားပြမှုဖြစ်စဉ် အနုကြမ်းစီးရာတွင် ကျူးလွန်သူ
ကိုင်ဆောင် အသုံးပြု သည့် သေနတ် မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့် ထံမှ
ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။
ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး မန္တလေးမြို့သို့ လုပ်ငန်းကိစ္စဖြင့် မကြာခဏ လာရောက်လေ့ရှိကာ မြို့သစ် (၁) ရပ်ကွက်၊ ၆၄ လမ်း၊ သိပ္ပံလမ်းတောင်ဘက်ရှိ အဒေါ်ဖြစ်သူ နေအိမ်တွင် တည်းခိုလေ့ရှိကြောင်း သိရသည်။
Wednesday, December 25, 2013
၈၈ မျိုးဆက်ကျောင်းသားများ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒပြမည်

အစိုးရက လောင်စာဆီဈေး မြှင့်တင်မှုကို ဆန္ဒပြခဲ့သည့် ၂၀၀၇ ခုနှစ် နောက်ပိုင်း ငါးနှစ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများအတွက် ပထမဆုံး ဖြစ်လာမည့် ဆန္ဒပြပွဲ တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမာကီးက The Voice သို့ ပြောကြားသည်။
ကာ/ချုပ်နှင့် နိုင်ငံရေး အင်အားစုများထံသို့ အခြေခံဥပဒေ ပြင်ဆင်ချက်များ ၈၈ မျိုးဆက်အဖွဲ့ ပေးပို့
၈၈ မျိုးဆက်ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်များကို တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါ အဝင် နိုင်ငံရေး
အင်အားစုများ အားလုံးထံသို့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပေးပို့လိုက်ကြောင်း
ယင်းအဖွဲ့မှ ဦးမြအေးက ပြောကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ အပါအဝင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော် ၊ ပြည်သူ့ လွှတ်တော်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ထံသို့ ပေးပို့ လိုက်ကြောင်း ၎င်းကဆိုသည်။
အခြေခံဥပဒေ ပြင်ဆင်ချက်များကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ အပါအဝင် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော် ၊ ပြည်သူ့ လွှတ်တော်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ထံသို့ ပေးပို့ လိုက်ကြောင်း ၎င်းကဆိုသည်။
AFC U-22 Championship 2013 ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ပဏာမကစားသမား ၂၇ ဦး ရွေးချယ်ပြင်ဆင်နေ
အာဆီယံဒေသတွင်း နိုင်ငံများအနက် တစ်သင်းတည်းသော
အာရှခြေစစ်ပွဲအောင်သည့်အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သော မြန်မာယူ-၂၂
အသင်းသည် ယခုအခါ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ၀င် ရောက် ယှဉ်ပြိုင်ရန်အတွက်
ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။
အဆိုပါအသင်း၏ နည်းပြချုပ်ရာထူးအတွက် မြန်မာ ယူ-၁၉ အသင်းအား တိုးတက်အောင်မြင်စေရန် ဦးဆောင်မှုပေးနိုင်ခဲ့သည့် ဂျာမနီနိုင်ငံသား မစ္စတာဂတ်အား တာဝန်ပေးအပ်ခဲ့ပြီး ၎င်းနှင့် အတူ မြန်မာ့ ဘောလုံးငွေခေတ် လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင် တို့အား အသင်းအုပ်ချုပ်သူနှင့် နည်းပြရာထူးများပေးအပ်ခဲ့သည်။
အဆိုပါအသင်း၏ နည်းပြချုပ်ရာထူးအတွက် မြန်မာ ယူ-၁၉ အသင်းအား တိုးတက်အောင်မြင်စေရန် ဦးဆောင်မှုပေးနိုင်ခဲ့သည့် ဂျာမနီနိုင်ငံသား မစ္စတာဂတ်အား တာဝန်ပေးအပ်ခဲ့ပြီး ၎င်းနှင့် အတူ မြန်မာ့ ဘောလုံးငွေခေတ် လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးကြည်လွင် တို့အား အသင်းအုပ်ချုပ်သူနှင့် နည်းပြရာထူးများပေးအပ်ခဲ့သည်။
ဦးဝီရသူ သံတွဲမြို့သို့ တရားဟောကြွမည် လူမျိုးစုနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ဟု ဆို
အောက်တိုဘာလတွင်းက လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့
မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်ဆရာတော် ဦးဝီရသူက
ငြိမ်းချမ်းရေးတရားဟောကြားရန် ကြွရောက်မည်ဟု ဦးဝီရသူက ဒီဇင်ဘာ ၂၅ ရက်တွင်
မဇ္ဈိမကို မိန့်ကြားလိုက်သည်။
၁၅ ရက်ကြာမည့် မတ်လခရီးစဉ်တွင် သံတွဲမြို့သို့ အဓိက ကြွရောက်မည်ဖြစ်ပြီး အခြားမြို့ များသို့ ကြွရောက် ရန်လည်း ဦးဝီရသူအနေနှင့် ရည်ရွယ်ထားသည်။
၁၅ ရက်ကြာမည့် မတ်လခရီးစဉ်တွင် သံတွဲမြို့သို့ အဓိက ကြွရောက်မည်ဖြစ်ပြီး အခြားမြို့ များသို့ ကြွရောက် ရန်လည်း ဦးဝီရသူအနေနှင့် ရည်ရွယ်ထားသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ သတိပေး
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို
ဒီဇင်ဘာလ၂၁ ရက်နေ့က မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း
အဝေးခန်းမတွင် ပြုလုပ်ရာ တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ်
အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုးက ပြင်းထန်စွာ
သတိပေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ
စုံစမ်း သိရှိရသည်။
မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင်
မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင်
ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီ ခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ
ဝင်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ
ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင်
သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း
စိုးရိမ်စရာမရှိကြောင်း သိရသည်။
၂၀၁၄ ခုနှစ် လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေမြင့်မားမှု ခန့်မှန်းစာရင်း၌ မြန်မာနိုင်ငံပါဝင်နေကြောင်း The Economist ၀က်ဘ်ဆိုက်တွင် ဖော်ပြ
ကမ္ဘာကျော် The Economist ၀က်ဘ်ဆိုက်တွင် ၂၀၁၄ ခုနှစ်၌
တစ်ကမ္ဘာလုံးရှိနိုင်ငံများတွင် လူမှုရေး မတည်ငြိမ်မှုဖြစ်နိုင်ခြေ
ခန့်မှန်းမှုစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှ
နိုင်ငံ အများ အပြားမှာ လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေမြင့်မားသော
စာရင်းထဲတွင် ပါဝင်နေ သည် ကို တွေ့ရ သည်။ ၂၀၁၄ ခုနှစ်အတွက် လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေဇယားကို ထုတ်ပြန်ခဲ့ ရာတွင် နိုင်ငံပေါင်း ၁၅၀ ကို လေ့လာပြုစုပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Tuesday, December 24, 2013
သင်းခွေချပ် မှောင်ခိုသယ်သည့် ယာဉ်နှင့် ရွှေလီရတနာ ခရီးသည်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်

ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင်ရောင်းချရန် သင်းခွေချပ်များ မှောင်ခို တင်ဆောင် လာသော HIJET အဖြူရောင်ကားနှင့် မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ရန်ကုန်-ထားဝယ် -မြိတ် ရွှေလီ ရတနာ ခရီးသည်တင် မှန်လုံကားတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံ-ရွာသစ်ပိုင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းမပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သစ်တောဦးစီးဌာန၊ ပေါင်မြို့နယ် တောအုပ်ကြီး ဦးကျော်လှိုင်စိုးက ပြောကြားသည်။
တမူးမြို့ခံများ အိန္ဒိယအစိုးရကို ကန့်ကွက်ဆန္ဒပြ

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်ခြားသတ်မှတ်မှု မရှိသေးတဲ့နေရာမှာ အိန္ဒိယဘက်က အဆောင်အဦဆောက်ဖို့ ကြိုးစားနေတာကြောင့် ထောင်ချီတဲ့ တမူးမြို့ခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တမူးမြို့ နန်း ဖာလုံဈေးကနေ မြို့လယ်ကို ဒီနေ့မနက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ သတိပေး
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့်
ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာလ၂၁ ရက်နေ့ က မြန်အောင်မြို့
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ
တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက ပြင်း ထန်စွာ သတိပေးခဲ့ကြောင်း
တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၁၅၀၀ တန် CDMA များကို LTE စနစ် ပြောင်းလဲမည်ဟုဆို
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)
နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်းချခဲ့သည့် ၁၅၀၀
ကျပ်တန် MEC Tel CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို Long Time
Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။
Christiano Ronaldo Profile နှင့် ဘဝအစိတ်အပိုင်းအချို့

နာမည်အပြည့်အစုံ - Cristiano Ronaldo dos Santos Aveiro
ငွေနှစ်သောင်းပေးမှ ဆရာဝန်လက်မှတ် ရတဲ့အတွက် လူသေဖို့တောင် ခက်နေတဲ့

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်တွင် ရောဂါအမျိုးမျိုး ကြောင့် အိမ်တွင်ကွယ် လွန်သူများအား သင်္ဂြိုဟ်ရာတွင်လိုအပ် သော ဒေသန္တရမှသေစာရင်းရယူ ရန်အတွက်၊ ဆရာဝန်၏ထောက် ခံချက်ယူရာ၌ ငွေနှစ်သောင်းပေးမှသာ ဆရာဝန်၏ထောက်ခံချက် လက်မှတ်ရသဖြင့် သေဖို့ပင်ခက် ခဲနေကြောင်း သိရသည်။
လူမျိုးစွဲ၍ သွေးကွဲသော် ပြည်ထောင်စုပြိုကွဲရေးသာ မြင်မိပါသည်

ရှမ်းနီမျိုးနွယ်စုများမှ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စီတန်းလှည့်လည်ခွင့်အား ကချင်ပြည်နယ်အစိုးရမှ ခွင့်ပြု ချက်မရသဖြင့် ၀န်းသိုဘုန်းကြီးကျောင်းအတွင်း စုရုံးဆန္ဒဖော်ထုတ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့အား လုံးဝ အယုံအကြည်မရှိကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး မြို့နယ် ၂၇၀ မှ လူထု သဘောထား လွှတ်တော်သို့ပို့မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)က မြို့နယ်၂၇၀ တွင် ကောက်ယူထားသည့် ပင်ဆင်ရေးနှင့် အသစ် ပြန်လည်ရေးဆွဲရေး လူထုဆန္ဒ သဘောထား စစ်တမ်းကို ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ကို ပြင်းထန်စွာ သတိပေး
ဧရာဝတီတိုင်း
ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာလ၂၁
ရက်နေ့ က မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း
အဝေးခန်းမတွင် ပြုလုပ်ရာ တင်ပြပြောဆိုမှု အဆင်မပြေသော မြန်အောင်မြို့နယ်
အုပ်ချုပ်ရေးမှူးကို တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်စိုး က ပြင်းထန်စွာ
သတိပေးခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသူ ဒေသခံများထံမှ
စုံစမ်းသိရှိရသည်။
ဟန်းဆက်ရူး ကျောင်းသားလူငယ် ဆယ်ဦး ဖုန်းဆိုင်ကိုဖောက်ထွင်း

ဆံပင်ထိုးထိုးထောင်ထောင်ဖြစ်အောင်
ဆေးဆိုး ၊ ဂျယ်လိမ်း၊ ကျောပိုးအိတ်လွယ်ပြီး ဒီဇိုင်းအလန်းဖြင့်
လူငယ်လေး အများ စုလက်ထဲတွင် ဖုန်းကိုယ်စီဖြင့် ဖေ့စ်ဘွတ်ခ် သုံး၊ ဂိမ်းကစား၊
နားကြပ် တပ်ဆင်ကာ သီချင်း နားထောင်၊ အင် တာနက်သုံးစွဲလာသည့် ဟန်းဖုန်း
ရူးသွပ်မှု မြင်ကွင်းများသည် ယနေ့ခေတ် ဆယ်ကျော်သက် လူငယ်လေးများ ၏
ပုံရိပ်တစ်ခု ဖြစ်လာနေပြီး ထိုရူးသွပ်မှုကပင် တစ်ခါတစ်ရံတွင် သူတို့အား
လမ်းမှားသို့ တွန်းပို့ သလိုဖြစ် သွား တတ်သည်။
မွန်နှစ်ပါတီ ပေါင်း၍ မွန်အမျိုးသားပါတီ အမည်ဖြင့် မှတ်ပုံတင်ရန် ဆုံးဖြတ်
မွန်နှစ်ပါတီ ပေါင်းစည်းရေး ကော်မတီ
ဒုတိယအကြိမ် အစည်းအဝေးတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီ ပါတီ(AMDP)
နှင့် မွန်ဒီမိုကရေစီပါတီ(MDP) တို့ ပေါင်းစည်းရန် သဘောတူ လိုက်ကြပြီး
“မွန်အမျိုးသား ပါတီ” အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ကြောင်း
ပါတီဝင်များ၏ ပြောကြားချက်အရ သိရသည်။
လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့
လေပွခြင်းကို
သက်သာစေမည့် နည်းလမ်းအချို့အစာခြောက်တွေကို အစားများ တာကြောင့် အစာမကြေ ဘဲ
လေပွတာ မျိုးတွေ ဖြစ်စေတတ်ပါတယ်။
ရွှေ့ပြောင်းနိုင်သည့် တန်ဖိုးနည်းအိမ်များ ၂၀၁၄ ဧပြီတွင် ရောင်းမည်
ရွှေ့ပြောင်းနိုင်သည့် တည်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် Moducelar House
စက်ရုံကို မန္တလေး မြို့ ၇၂ လမ်း နှင့် ၇၃ လမ်းကြား
ကျွဲဆည်ကန်ကားကြီးဝင်းအနီး တည်ဆောက်ထားပြီး၂၀၁၄ ခုနှစ်၊ ဧပြီ တွင်
စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု တော်ဝင်စံသူထိုက်ကုမ္ပဏီမှ
မန်နေဂျင်းဒါရိုက်တာ ဦးမင်း မြတ်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ ဒီစက်ရုံတည်ဆောက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားတွေကို သပ်သပ်ရပ်ရပ် အိမ်လေးတွေနဲ့ နေစေချင်တာရယ်။ ဆင်းရဲမွဲတေမှု လျှော့ချတဲ့နေရာမှာလည်း တစ်တပ် တစ်အား ကူညီပေးတဲ့သဘောနဲ့ ဆောင်ရွက်တာပါ”ဟု ပြောသည်။
“ကျွန်တော်တို့ ဒီစက်ရုံတည်ဆောက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားတွေကို သပ်သပ်ရပ်ရပ် အိမ်လေးတွေနဲ့ နေစေချင်တာရယ်။ ဆင်းရဲမွဲတေမှု လျှော့ချတဲ့နေရာမှာလည်း တစ်တပ် တစ်အား ကူညီပေးတဲ့သဘောနဲ့ ဆောင်ရွက်တာပါ”ဟု ပြောသည်။
မကျေပွဲနွှဲချင်သည့် မြန်မာဘောလုံးပရိသတ်များအတွက် မြန်မာကအိမ်ရှင်အဖြစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုကျင်းပမည်

လာမည့် ၂၀၁၄ ဆူဇူကီး ဖလား ပြိုင်ပွဲ အိမ်ရှင် အဖြစ် စကာင်္ပူနှင့် ဗီယက်နမ်တို့က ပူးတွဲ ရွေးချယ်ခြင်း ခံခဲ့ ရပြီးဖြစ်သည်။
အာဆီယံ ဒေသတွင်း အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ရပ် ဖြစ်သည့် ဆူဇူကီးဖလား ခေါ် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။ ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဒေသတွင်း အဆင့်မြင့်ဆုံး ပြိုင်ပွဲတစ်ရပ် ဖြစ်သည့် အားလျော်စွာ အဆိုပါ ပြိုင်ပွဲကို နိုင်ငံ လက်ရွေးစင် အသင်းများသာ ၀င်ရောက် ယှဉ်ပြိုင်ရပြီး သက်တမ်းလိုက် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။
Subscribe to:
Posts (Atom)




![အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီအားလုံးနှင့် ဆွေးနွေးရန် လိုအပ်ဟုဆို
Thursday, December 26, 2013
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲပြုလုပ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ဒီဇင်ဘာ ၂၄ ရက်က သမိုင်းမြို့မကျောင်းတိုက်တွင် ပြုလုပ်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးစိုင်းညွန့်လွင်က " ကျွန်တော်တို့တွေ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ပေါင်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲလုပ်တယ်။နောက်ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်ဆိုပြီးတော့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်တယ်။ အဲဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ဒီလိုလုပ်ပေးတာမရှိဘူး။ သူတို့ လုပ်ပေးတာက MPC က ကျွန်တော်တို့ကို ၁၁ ပါတီက လူ ၁၁ ယောက်ကို တွေ့ပေးတယ်။ ဆိုတော့ ကျွန်တော်ပြောချင်တာက ဒီနေ့အထိ နိုင်ငံရေးပါတီတွေဘက်ကို လှည့်လာတာမရှိဘူး။
အခုဖွဲ့စည်းပုံအခြေခံပြုပြင်ရေးဆိုလည်း ဒီလိုပါပဲ။ အစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးပွဲတွေလုပ်သလို ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဖို့ လက်တွေ့နိုင်ငံရေးမှာကျင်လည်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးဖို့လိုနေတယ် " ဟု ဆိုသည်။
အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲတွင် ဦးစိုင်းညွန့်လွင်နှင့် စာရေးဆရာများဖြစ်သည့် ဦးဖေမြင့်၊ ဦးကျော်ဝင်း၊ Myanmar Peace Centre မှ ဒေါက်တာမင်းဇော်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဌေးဦးတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထု နှင့်အတူ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
" အခြေခံဥပဒေကတော့ ဘာပဲဖြစ်ဖြစ် ပြောင်းလဲဖို့လိုနေပါပြီ။ ဒီဟာကို ၁၀၉ ဦး သဘောထားနဲ့ပြင်မှာလား၊ လူထုသဘောထားနဲ့ပြင်မှာလား၊ ဒါက အားလုံးမေးရမယ့် သဘောဖြစ်တယ်။ အသစ်ရေးမယ်ဆိုရင် ဘယ်လိုမူတွေကို အခြေခံထားပြီးရေးမလဲ ဆိုတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ပြင်ဆင်တယ်ဆိုတာရဲ့ရှေ့မှာ နိုင်ငံရေးသဘောတူညီချက်ရဖို့ လိုတယ်။ အားလုံးပြောနေတဲ့ all inclusive ဖြစ်ဖို့ လိုတယ်။ ဒါပေမဲ့ ဒီနေ့ အထိတော့ all inclusive ဖြစ်ပြီလို့ဆိုလို့ မရသေးပါဘူး " ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။
ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးလှုပ်ရှားနေသည့် ၂၅ နှစ်အတွင်း အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း ယခုထိတိုင်နိုင်ငံရေးပါတီများမှလိုလားသည့် တွေ့ဆုံဆွေးနွေးပွဲမျိုးကို အစိုးရမှ လုပ်ပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
@[114803668557265:274:Eleven Media Group]
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး)](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn2/s403x403/1503847_689181984455776_1050255047_n.jpg)
