Sunday, February 2, 2014

အလုပ်လုပ်ခွင့် သက်တမ်းကုန်နေသည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံရေး ပဋိပက္ခကြောင့် ဖမ်းဆီးခံရမည့် အခြေအနေ ရင်ဆိုင်နေရ

Photo: အလုပ်လုပ်ခွင့် သက်တမ်းကုန်နေသည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံရေး ပဋိပက္ခကြောင့် ဖမ်းဆီးခံရမည့် အခြေအနေ ရင်ဆိုင်နေရ
Sunday, February 2, 2014

ထိုင်းနိုင်ငံရေးပဋိပက္ခ အရှိန်မြင့်လာချိန်တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရမည့်အခြေအနေဖြင့် ရင်ဆိုင်နေရပြီး မြန်မာအစိုးရက လက်ရှိ ထိုင်းအိမ်စောင့်အစိုးရထံ အလျင်အမြန် ဆက်သွယ်ညှိနှိုင်းသင့်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးလှုပ်ရှားသူများက တိုက်တွန်းပြောကြားလိုက်သည်။

ထိုင်းနိုင်ငံရေးပဋိပက္ခများကြောင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ချိန်တွင် မြန်မာအလုပ်သမားများအနေဖြင့် ဖမ်းဆီးခြိမ်းခြောက်ခံရခြင်း၊ ငွေညှစ်ခြင်း၊ ပွဲစားများမှ   အမြတ်ထုတ်ခြင်းများ ဖြစ်လာနိုင်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ မဝေနှင်းပိုကပြောကြားသည်။

ပြီးခဲ့သည့် နှစ်လက လေးနှစ်သက်တမ်းပြည့် မြန်မာအလုပ်သမားများ နေရပ်ပြန်ရန်မလိုဘဲ ဗီဇာသက်တမ်းတိုးနိုင်ကြောင်း နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုခဲ့သော်လည်း အတည်ပြုရန်  ထိုင်းအလုပ်သမားဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းထားစဉ် လွှတ်တော်ဖျက်သိမ်းလိုက်သည့်အတွက်  အသက်ဝင်ခြင်းမရှိသေးပေ။

မြန်မာအစိုးရက ၎င်း၏အလုပ်သမားများအား နေရပ်ပြန်ရန်မလိုကြောင်း ပြောထားသော်လည်း ထိုင်းရဲများကမူ ၎င်းတို့ကို စတင်ဖမ်းဆီးရန် စီစဉ်နေကြောင်း Labour Rights Promotion Network (LPN)၏ ဒါရိုက်တာ မစ္စတာဆွန်ပန်စရက်ကွက်ကပြောကြားသည်။

 ““အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းနေတာကို ရပ်ပေးဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကို တောင်းဆိုပေးစေချင်ပါတယ်””  ဟု ၎င်းကပြောကြားသည်။
ထိုင်းနိုင်ငံစီးပွားရေးမှာ ပြည်ပအလုပ်သမားအင်အားစုများအပေါ် မှီခိုနေရပြီး ၎င်းတို့ နေရပ်ပြန်သွားပါက ထိုင်းစီးပွားရေး ဆိုးရွားစွာထိခိုက်နိုင်ကြောင်းလည်း ၎င်းက ထောက်ပြပြောဆိုသည်။

လက်ရှိအခြေအနေအရ လေးနှစ်အလုပ်လုပ်ကိုင်ခွင့်ရ ပြည်သူများမှာ နေရပ်သို့ပြန်ပြီး အနည်းဆုံး သုံးနှစ်ကြာမှ ထိုင်းနိုင်ငံသို့ ပြန်လာရမည်ဖြစ်ရာ လက်တွေ့ကျသည့် မူဝါဒမဟုတ်သလို အလုပ်ရှင်များအနေဖြင့်လည်း ကျွမ်းကျင်လုပ်သားများကို အဆုံးရှုံးခံမည်မဟုတ်ကြောင်း မဝေနှင်းပိုကဆိုသည်။

““ထိုင်းနိုင်ငံရေးအခြေအနေအပေါ် အခွင့်ကောင်းယူပြီး အလုပ်သမားတွေကို ဖမ်းဆီးငွေညှစ်တာမျိုးတွေမရှိအောင် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီး ကာကွယ်တားဆီးမှုတွေ ကြိုတင်ပြုလုပ်စေချင်ပါတယ်””ဟု ၎င်းကပြောကြားသည်။

မြန်မာအစိုးရအနေဖြင့် သက်တမ်းပြည့်အလုပ်သမားများကို မဖမ်းဆီးရန် တောင်းဆိုထားရုံဖြင့်  မလုံလောက်ဘဲ အမှန်တကယ်ဖမ်းဆီးခံရမည့်သူများကို အကောင်းဆုံးအကူအညီပေးရန်နှင့် ဖမ်းဆီးမှုများ လုပ်၊မလုပ်ကို  ဆက်တိုက်စောင့်ကြည့်စေလိုကြောင်းလည်း ၎င်းကတိုက်တွန်း ထားသည်။

ဖမ်းဆီးမည် သတင်းများ ထွက်ပေါ်နေသော်လည်း ဆန္ဒပြသူများ ပိတ်ဆို့ထားသည့် မိမိအလုပ်လုပ်ရာ MBK ကုန်တိုက်အတွင်း ပုံမှန်အလုပ်များ လုပ်ကိုင်လျက်ရှိပြီး အလုပ်လုပ်ခွင့်သက်တမ်းလွန်နေသော်လည်း နေရပ်သို့ မပြန်လိုသေးကြောင်း ယင်းကုန်တိုက်မှ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောကြားသည်။

““ဒီမှာ အေးဆေးပဲ။ ဘာမှအနှောင့်အယှက်မရှိပါဘူး။ ပုံမှန်ပါပဲ။ စိတ်တော့ နည်းနည်းပူတယ်”” ဟု နည်းပညာနှင့် မိုဘိုင်းဖုန်းပစ္စည်းအရောင်းဆိုင်တွင် ငါးနှစ်ခန့်လုပ်ကိုင်နေသည့် အသက် (၂၀) အရွယ် မြန်မာအလုပ်သမားကပြောသည်။

ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားအင်အား လေးသိန်းနီးပါးရှိပြီး လက်ရှိ ပြဿနာများအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်အား ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ဘန်ကောက်မြို့၏ အချက်အချာကျသည့် Siam Square အပါအ၀င် မြို့ တွင်းနေရာအချို့ကို  အတိုက်အခံအချို့က ပိတ်ဆို့ထားသော်လည်း ဘန်ကောက်မြို့တွင်း သွားလာဆက်သွယ်ရေးအပါအ၀င် လုပ်ငန်းအများစုမှာ   ပုံမှန်လည်ပတ်လျက်ရှိသည်။

ရွေးကောက်ပွဲနေ့တွင် ဘန်ကောက်ပိတ်ဆို့မှုအပြင် အလုံးစုံပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အတိုက်အခံခေါင်းဆောင် ယခင် ဒုဝန်ကြီးချုပ်ဟောင်း  ဆူသက်သောင်ဆူဘန်က ပြောကြားထားသော်လည်း ဘန်ကောက်မြို့တွင် နိုင်ငံခြားခရီးသွားဧည့်သည်များဖြင့် စည်ကားနေဆဲဖြစ်သည်။

Author: အေးသူစံ
7day Daily

ဘန်ကောက်မြို့ တရုတ်တန်းအနီး လှည့်လည်ဆန္ဒပြနေသည့် အစိုးရဆန့်ကျင်ဆန္ဒပြသူများကိုတွေ့ရစဉ် PORNCHAI KITTIWONGSAKUL/AFP
ဘန်ကောက်မြို့ တရုတ်တန်းအနီး လှည့်လည်ဆန္ဒပြနေသည့် အစိုးရဆန့်ကျင်ဆန္ဒပြသူ များကိုတွေ့ရစဉ် PORNCHAI KITTIWONGSAKUL/AFP
ထိုင်းနိုင်ငံရေးပဋိပက္ခ အရှိန်မြင့်လာချိန်တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ ဖမ်းဆီးခံရမည့်အခြေအနေဖြင့် ရင်ဆိုင်နေရပြီး မြန်မာ အစိုးရ က လက်ရှိ ထိုင်းအိမ်စောင့် အစိုးရထံ အလျင် အမြန် ဆက်သွယ်ညှိနှိုင်းသင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအရေးလှုပ်ရှား သူ များက တိုက်တွန်းပြောကြားလိုက်သည်။

အမေရိကန် လုပ်ငန်းရှင်များကို ဆွဲဆောင်ရန် နယူးယောက်တွင် မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ကျင်းပမည်

အမေရိကန်ပြည်ထောင်စုမှ ရင်းနှီးမြှုပ်နှံသူများကိုအဓိကထား ဆွဲဆောင်ရန် နယူးယောက် မြို့တော် တွင် မြန်မာရင်းနှီး မြှုပ်နှံမှုဖိုရမ် (Myanmar Investment Outreach Business & Investment Forum) ကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ကျင်းပမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြား သည်။

သဘောကွဲမှုတွေရှိတဲ့ကြားက ထိုင်းရွေးကောက်ပွဲ

အာဖဂန်မှာ သမ္မတလောင်းအတွက် မဲဆွယ်သူတွေ ပစ်သတ်ခံရ

Photo: အာဖဂန်မှာ သမ္မတလောင်းအတွက် မဲဆွယ်သူတွေ ပစ်သတ်ခံရ
Sunday, February 2, 2014

 လာမယ့်ဧပြီလ ၅ ရက်နေ့မှာ လုပ်မယ့် အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မလောင်းတယောက် အဖြစ် ရွေးကောက်ခံမယ့် သမ္မတလောင်း ဒေါက်တာ အဗ္ဗဒ္ဒူလာ အဗ္ဗဒ္ဒူလာ အတွက် မဲဆွယ် ပေးနေတဲ့ လူ ၂ ယောက် စနေနေ့က ပစ်ခတ် သတ်ဖြတ်တာ ခံလိုက်ရပါတယ်။

သူတို့ မဲဆွယ်တဲ့ ရုံးကနေ အထွက်ကလေးမှာ ပစ်သတ်ခံရတာပါ၊ အာဖဂန် အနောက်ဖက်က မြို့တမြို့ဖြစ်တဲ့ ဟာရက် မြို့မှာဖြစ်ခဲ့တာပါ။ အဲဒီမြို့က အီရန် နယ်စပ်နဲ့နီးတဲ့မြို့ဖြစ်သလို ၁၉၉၀ နှစ်တွေတဝိုက် မှာ ပြည် တွင်းစစ်ဖြစ်တုန်းက တာလီဘန်တို့ အာဖဂန်တခုလုံးကိုမသိမ်းနိုင်ခင် ပထမဆုံး စတင်သိမ်းပိုက် အခြေစိုက် နိုင်တဲ့ မြို့ လည်းဖြစ်ပါတယ်။

အခုလုပ်ကြံသတ်ဖြတ်သူတွေ က ဘယ်သူတွေ ဆိုတာ ကိုတော့ မသိရသေးပေမယ့် တာလီဘန် တွေရဲ့ လက် ချက်ပဲ လို့ သံသယဝင်ကြပါတယ်။

သမ္မတလောင်း အဗ္ဗဒ္ဒူလာ အဗ္ဗဒ္ဒူလာ ဟာ ၂၀ဝ၉ ခုနှစ်တုန်းက သမ္မတလောင်း ကာဇိုင်းနဲ့ ယှဉ်ခဲ့ပြီး နောက် ပိုင်း မဲညစ်တာတွေ ကို သူစိုးရိမ်တယ်ဆိုပြီး ဒုတိယ အကျော့ မဲပြိုင်တဲ့နေရာ ကနေ ထွက်သွားခဲ့ပါတယ်။ အခုသက်တမ်းအတွက်တော့ သမ္မတကာဇိုင်းက ဝင်ပြိုင်မှာမဟုတ်တဲ့အတွက် သူဟာ အလား အလာကောင်း တဲ့ သမ္မတလောင်းတယောက်ပါ။

သူဟာ အမေရိကန် စစ်တပ်တွေ အာဖဂန်မှာ ဒီနှစ် ၂၀၁၄ ကုန်ပြီး နောက်ပိုင်းမှာ အရေအတွက် ထောင်နဲ့ ချီပြီး ဆက်ရှိနေဖို့ အားပေးတဲ့သူပါ။

အမေရိကန် က ဒီနှစ်ကုန်ရင် သူ့တပ်တွေ ထဲက တိုက်ခိုက်ရေး တပ်သားတွေ အာဖဂန် အကုန်ဆုတ် မယ်လို့ ကြေညာပြီးပါပြီ၊ ဒါပေမယ့် အာဖဂန်တပ်တွေ ကို သင်တန်းပေးဖို့၊ အကြံပေးဖို့ အတွက် အမေရိကန် တပ်သား ထောင်နဲ့ ချီပြီး ထားခဲ့ဖို့ က ညှိနှိုင်းနေကြဆဲပါ။

ဒီလို အခြေအနေတွေအောက်မှာ သူ့အတွက် မဲဆွယ်ပေးတဲ့ လှုပ်ရှားဆောင်ရွက်သူ ၂ ယောက် ပစ်သတ် ခံရတာပါ။

သတင်းထောက်တွေ ကတော့ လာမယ့် သမ္မတရွေးကောက်ပွဲ လုံခြုံရေး က တော့ အစိုးရ အတွက် စိန်ခေါ်မှုတွေ တပုံတပင် ကြုံနေရတဲ့ပုံလို့ ပြောကြပါတယ်။

ဒီရွေးကောက်ပွဲမှာ ၁၉၉၀ နှစ်တွေတဝိုက်မှာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မှာ ပါခဲ့တဲ့ သူပုန်ခေါင်းဆောင်တွေ ၊ နယ်မြေပိုင် စစ်ဘုရင်တွေပါဝင်ကြမယ်ဆိုတဲ့အချက်ကလည်း လုံခြုံရေးအတွက် ပိုအခက် အခဲတွေ ကြုံရနိုင် တယ် လို့ တွက်ဆ နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
 လာမယ့်ဧပြီလ ၅ ရက်နေ့မှာ လုပ်မယ့် အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မလောင်းတယောက် အဖြစ် ရွေးကောက်ခံမယ့် သမ္မတလောင်း ဒေါက်တာ အဗ္ဗဒ္ဒူလာ အဗ္ဗဒ္ဒူလာ အတွက် မဲဆွယ် ပေးနေတဲ့ လူ ၂ ယောက် စနေနေ့က ပစ်ခတ် သတ်ဖြတ်တာ ခံလိုက်ရပါတယ်။

ရာဇာမင်း ခရီးသည်တင်မှန်လုံကား တိမ်းမှောက်၍ ခရီးသည်(၇)ဦးဒဏ်ရာရ

Photo: ရာဇာမင်း ခရီးသည်တင်မှန်လုံကား တိမ်းမှောက်၍ ခရီးသည်(၇)ဦးဒဏ်ရာရ
Sunday, February 2, 2014

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီ အချိန်တွင် မြ၀တီ -ကော့ကရိတ် ကားလမ်း၊ တောင်ပေါ်လမ်း တွင် ရာဇာမင်းခရီးသည်တင်မှန်လုံယာဉ်(၁)စီးတိမ်းမှောက်ကြောင်း သတင်းရရှိ၍ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးမင်းထွန်း၊ တပ်ကြပ်ကြီး အောင်စိန်တို့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃၀ နေ့လည် ၁၂း၃၀ အချိန်ခန့်တွင် ယာဉ်မောင်း စိုးမောင်(၄၉)နှစ်(ဘ)ဦးတင်အေး၊ ဗမာ/ဗုဒ္ဓ ဘဏ် ရိပ်သာရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း နေသူသည် ၈ဈ/……… ရာဇာမင်းခရီးသည် တင်မှန်လုံ ယာဉ်အား မြ၀တီမှ ရန်ကုန်သို့သွားရန် ခရီးသည် ၂၇ဦး၊ သံဃာ ၂ပါး၊ နိုင်ငံခြားသား ၂ဦး တို့ကို တင် ဆောင် မောင်းနှင်လာစဉ် မြ၀တီ-ကော့ကရိတ်ကားလမ်း၊ မိုင်တိုင်အမှတ် ၈၂/၁ နှင့် ၈၂/၂ ကြားအရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ညာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ခရီးသည်များမှ မဖြိုးအိအောင်(၁၉)နှစ်၊ မျိုးကို(၂၄) နှစ်၊ ဒေါ်စိုးစိုးကြည် (၅၈)နှစ်၊ ဒေါ်ရင်ရင်(၆၃)နှစ်၊ ကိုစိုးနိုင်(၄၂)နှစ်၊ အရှင်ဦးဆန္ဒ(၃၀)နှစ် တို့ ဒဏ်ရာ အသီးသီး (မစိုးရိမ်ရ) ရရှိ၍ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားရှိပြီး ကျန်ခရီးသည်များမှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိပေ။

သို့ပါ၍ ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် ခရီးသည်များ ဒဏ်ရာရရှိခဲ့၍ ယာဉ်မောင်းစိုးနိုင်အား ဥပဒေအရ အရေးယူ ပေးပါရန် ဒုရဲအုပ်မျိုးမင်းထွန်းမှ တရားလိုပြု တိုင်တန်း ခဲ့သဖြင့် ကော့ကရိတ်မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက် လျက်ရှိကြေင်း သိရှိရပါသည်။

MOI Webportal Myanmar
၂၀၁၄ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီ အချိန်တွင် မြ၀တီ -ကော့ကရိတ် ကား လမ်း၊ တောင်ပေါ် လမ်းတွင် ရာဇာမင်းခရီးသည်တင်မှန်လုံယာဉ်(၁)စီးတိမ်းမှောက်ကြောင်း သတင်းရရှိ၍ ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးမင်းထွန်း၊ တပ်ကြပ်ကြီး အောင်စိန်တို့မှ သွားရော က်ကြည့် ရှု စစ်ဆေးခဲ့ပါသည်။

အမ်းမြို့နယ်တွင် တရုတ်လုပ်သားများ ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးဖမ်းဆီးခံရ

Photo: အမ်းမြို့နယ်တွင် တရုတ်လုပ်သားများ ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးဖမ်းဆီးခံရ
Sunday, February 2, 2014

ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု တောင်စောက် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနယ်မြေတွင် ဇန်န၀ါရီလ ၂၆ ရက်နေ့က တရုတ်အလုပ်သမားများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများကို ယခုအခါ အမ်းမြို့ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး ပုဒ်မ (၃) ခုဖြင့် တရားစွဲဆိုထားကြောင်း သူတို့အမူကို လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသူ အမ်းဒေသခံ ဒေါ်သွယ်သွယ်စိုးက ပြောကြားသည်။

“ အခုအဖမ်းခံထားရတဲ့သူက စုစုပေါင်း ၂၃ ဦးပါ။ သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မက ၄၂၇၊ ၄၃၆၊ ၄၂၅ တို့ဖြစ်ကြပါတယ်။ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမူ၊ ၄၃၆ မီးရှို့မူနဲ့ ၄၂၅ ကကြိုတင် ကြံစည်မူလို့ ပြောပါတယ်” ဟု သူမက ဆိုသည်။

သူတို့အား တရုတ် CNPC ကုမ္ပဏီ အထူး အရာရှိ ဦးသန်းထွဋ်ဝင်းက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ပြီး လွန်ခဲ့သော ဇန်န၀ါရီလ ၂၈ ရက်နေ့က တစ်ကြိမ်၊ ၂၉ ရက်နေ့က တစ်ကြိမ် အမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

“ ဒီလ ၁၀ ရက်နေ့မှာတော့ ထပ်မံရုံးချိန်း ရှိပါတယ်။ ယခင်ရုံးထုတ်တုန်းက တရားလိုတွေ မရောက်တဲ့ အတွက် ဘယ်သူက တရားလို လုပ်ပြီး ဆက်တရားစွဲမယ်ဆိုတာကို အဲဒီနေ့မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။

ယခုအခါ ဖမ်းဆီးခံရသူများမှာ ရခိုင်တိုင်းရင်းသားများ မဟုတ်ကြသလို အမ်းဒေသခံများလည်း မဟုတ်ကြဘဲ မကွေးတိုင်း ငဖဲမြို့နယ်မှ ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်ဟု သိရသည်။ ပထမပိုင်းတွင် လူပေါင်း ၃၄ ဦး ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၁၁ ဦးကို ခံဝန်ချက်ဖြင့်ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ယခု ဖမ်းဆီးခံထားရသူများမှာ အလွန်ဆင်းရဲကြပြီး သူတို့ အမူအတွက် ရှေ့နေများကို ဌားရမ်းနိုင်ခြင်းမရှိကြောင်း ဒေါ်သွယ်သွယ်စို့း ပြောဆိုသည်။

ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေပိုင်းက တောင်စောက် ရေနံနှင့် ဂတ်စ် ပိုက်လိုင်း နယ်မြေရှိ နှစ်ထပ် အဆောင် တစ်ခု၏ အောက်ထပ်တွင် နေထိုင်နေသော မြန်မာ လုပ်သားများ အပေါ်သို့ အပေါ်ထပ်တွင် နေထိုင်သူ တရုတ်လုပ်သားအချို့မှ အပေါ့ရည် စွန့်ပစ်ရာမှ ခိုက်ရန် ဖြစ်ပွားပြီး (၂) ထပ် အဆောင် တစ်ခုနှင့် ရေနံကန် တစ်ခုတို့ မီးရှို့ ခံခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် အာဏာပိုင်များက မြန်မာ လုပ်သားများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တောင်စောက် ရေနံနှင့် ဂတ်စ် ပိုက်လိုင်းနယ်မြေတွင် တရုတ် အလုပ်သမား ၇၉ ဦးရှိပြီး မြန်မာ အလုပ်သမား ၁၅၀ ခန့်ရှိကြောင်း သိရှိရသည်။

တရုတ်လုပ်သားများသည် မြန်မာ အလုပ်သမားများ အပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း၊ အနိုင်ကျင့်ခြင်းများလည်း ရှိသည်သာမက မြန်မာ အလုပ်သမားများ အပေါ် လစာအပြည့် မပေးခြင်း၊ အချိန်မှန် လစာ ထုတ်မပေးခြင်းများလည်း ရှိကြောင်း သတင်းများ ရရှိသည်။

ယခု ဖမ်းဆီးမူနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ရဲစခန်းသို့ အကြိမ်ကြိမ် ဖုံးဆက်ခဲ့သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

နိရဉ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု တောင်စောက် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက် လိုင်း နယ်မြေတွင် ဇန်န၀ါရီလ ၂၆ ရက်နေ့က တရုတ်အလုပ်သမားများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ် သမား ၂၃ ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရ သည်။

လူ့အခွင့်အရေး ကော်မရှင် ဒူချီရာတန်းကို သွားရောက် စစ်ဆေး

Photo: လူ့အခွင့်အရေး ကော်မရှင် ဒူချီရာတန်းကို သွားရောက် စစ်ဆေး
Sunday, February 2, 2014

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒူချီရာတန်းရွာမှာ ဇန္နဝါရီလ (၁၃)ရက်နေ့ည အဖြစ်အပျက်ကို စုံစမ်းဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အဲဒီကျေးရွာ နဲ့ အနီးတဝိုက် ဒေသကို ရောက်ရှိနေပါတယ်။

ဒုချီးရားတန်းရွာ ဖြစ်စဉ်မှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး ဖြစ်ရပ်အမှန်ကို စစ်ဆေး ဖော်ထုတ်နိုင်ဖို့ အစိုးရအာဏာပိုင်တွေ နဲ့ ဒေသခံ ရွာသား တွေကို သွားရောက် တွေ့ဆုံနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ဒူချီရာတန်းရွာမှာ ပျောက်သွားတဲ့ ရဲတပ်ကြပ်ကြီးကိုရှာဖို့ ရဲဝန်ထမ်းတွေသွားရာမှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ အနောက်နိုင်ငံတွေက ပြောဆိုနေကြပြီး ဒါကိုစုံစမ်းစစ်ဆေးပေးဖို့ အစိုးရကို တောင်းဆို ထားပါတယ်။

ဒီကိစ္စကို မြန်မာအစိုးရဘက်က ငြင်းဆိုပေမယ့် ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးအကြောင်းနဲ့ အဲဒီ ရဲတပ်ကြပ်ကြီးကို ရှာဖွေစဉ်မှာ ရွာသားတွေကို ရဲတွေက ရိုက်နှက်ခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒီကိစ္စဆောင်ရွက်နေတဲ့ ရဲတွေနဲ့ လည်း တွေဖို့ရှိတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

ခုချိန်ထိတော့ ပြဿနာတွေဖြစ်ခဲ့တဲ့ ဒူချီရာတန်းရွာမှာ အမျိုးသမီးတွေ ပြန်လည် နေထိုင်လျက်ရှိပေမယ့် အမျိုးသားတွေကတော့ ရှောင်တိမ်းနေဆဲ ဖြစ်တယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

ဒီဒေသတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကတော့ စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရထံကို တင်ပြ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မောင်တောမှာ မီးလောင်မှု ဖြစ်ခဲ့တုန်းက မြင်ကွင်း
မောင်တောမှာ မီးလောင်မှု ဖြစ်ခဲ့တုန်းက မြင်ကွင်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒူချီရာတန်းရွာမှာ ဇန္နဝါရီလ(၁၃)ရက်နေ့ည အဖြစ်အပျက်ကို စုံစမ်း ဖို့ မြန် မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အဲဒီကျေးရွာ နဲ့ အနီးတဝိုက် ဒေသ ကို ရောက် ရှိနေပါတယ်။

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု ၁၄ ဦးထက်မနည်း သေဆုံး

PhotoPhotoPhoto
အင်ဒိုနီးရှား၊ Karo ခရိုင်အတွင်း၊ Sigrang-Garang ကျေးရွာနားက Sinabung မီးတောင် ပေါက်ကွဲတဲ့နေရာက ထွက်ပြေးနေတဲ့ ရွာသားတစ်ဦး။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၄)
အင်ဒိုနီးရှားနိုင်ငံက လပေါင်းများစွာ လှုပ်ရှားနေခဲ့တဲ့ ဆင်နာဘောင် (Sinabung) မီးတောင်ဟာ စနေနေ့ မှာ ပြင်းထန်စွာပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၁၄ ယောက် ထက်မနည်း သေ ဆုံး ခဲ့ရပါတယ်။

နိုင်ငံနှင့် ပြည်သူအကျိုး အနည်းငယ်သာ လုပ်နိုင်သေးကြောင်း သူရဦးရွှေမန်း ပြောကြား

ဂျပန်နိုင်ငံမှ တရားဝင် ဖွံ့ဖြိုးမှု အကူအညီချေးငွေ (ODA Loan) ယန်း ၆၃ ဒသမ ၂ ဘီလီယံ ရယူရေးအတွက် ဇန်နဝါရီလ ၃၁ ရက် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး တွင် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

Saturday, February 1, 2014

ကျူးကျော်တွေကို နေရာချထားပေးမယ်လို့ သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာ ကျူးကျော် ၀င်ေ ရာက်နေ ထိုင်တဲ့ မြေယာမဲ့အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံ ကိန်းတွေနဲ့အညီ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ် ကိုင် တွယ်သွားမယ်လို့လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

ဘူးသီးတောင်တွင် လူတစ်ထောင်ကျော်စုရုံးပြီးမှ ယူအန်နှင့် အိုင်အန်ဂျီအိုများကို ဆန္ဒပြခွင့်မရ

Photo: ဘူးသီးတောင်တွင် လူတစ်ထောင်ကျော်စုရုံးပြီးမှ ယူအန်နှင့် အိုင်အန်ဂျီအိုများကို ဆန္ဒပြခွင့်မရ
Saturday, February 1, 2014

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယူအန်နှင့် အိုင်အန်ဂျီအိုများ ကို ကန့်ကွက် ဆန္ဒပြရန် လူပေါင်း ၁၀၀၀ ကျော်စုရုံးပြီးမှ အာဏာပိုင်များက ခွင့်မပြုသဖြင့် ယနေ့ ဆန္ဒပြမည့် အစီအစဉ်အား ရပ်ဆိုင်းပြီး လာမည့် ဖေဖေါ်ဝါရီလ ၅ ရက်သို့ ရွှေ့လိုက်ရသည်ဟု ဆန္ဒုပြပွဲ စီစဉ်သူ တစ်ဦးဖြစ်သူ ဖြစ်သူ ဦးသန်းလိုင်က နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ဒီကနေ့ နေ့လည် ၁၂ နာရီမှာ လူပေါင်း တစ်ထောင်ကျော် ဘူးသီးတောင်မြို့ ဧစေတီကျောင်းမှာ စုရုံးခဲ့ကြပါတယ်။ အာဏာပိုင်တွေက ပြလို့ရတယ်။ ခွင့်ပြုချက်တင်စရာ မလိုဆိုတဲ့ အတွက် နားလည်မူနဲ့ ပြပါဆိုတဲ့ အတွက် ဒီကနေ့ ပြဖို့လုပ်တော့ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲမှူးကြီးက လာတားပါတယ်။ သူတို့က မေတ္တာရပ်ခံတဲ့ အတွက် ဒီနေ့ ဆန္ဒပြမယ် အစီအစဉ်ကို လာမယ့် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကို ရွှေ့လိုက်ပါတယ်” ဟု သူက ပြောသည်။

ဆန္ဒပြရန် လာသူများမှာ ယူအန်နှင့် အိုင်အန်ဂျီအိုများ အပေါ် အထူး မကျေနပ်ဖြစ်နေသဖြင့် ဆန္ဒပြပွဲအား ယနေ့တွင် မပြုလုပ်ကြရန် အထူး အနူးအညွှတ် တောင်းပန်ခဲ့ရသည်ဟု သူက ဆိုသည်။

“ တက်ရောက်လာတဲ့ ပြည်သူတွေက မောင်တော ဒုချီးရားတန်း ပြဿနာမှာ သတင်းမှားတွေထုတ်ပြန်ပြီး ပြဿနာတွေ ကြီးထွားအောင် အကွက်ဆင် လုပ်နေတဲ့ ယူအန်နဲ့အိုင်အိုဂျီတွေကို လုံးဝ မကျေနပ်ဖြစ်နေကြတယ်။ ဒါကြောင့် ဆန္ဒပြဖို့ တကဲကဲ လုပ်နေတဲ့ အတွက်  အာဏာပိုင်တွေနဲ့ စကားများတာတွေတောင် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှ အတင်းဖျောင်းဖျပြီး လူစု ခွဲခဲ့ရပါတယ်” ဟု ဆိုသည်။

ဆန္ဒပြပွဲ ပြုလုပ်ဖြစ်ပါက ယူအန်နှင့် အိုင်အန်ဂျီအိုများ သတင်းမှား ထုတ်ပြန်မူကို ရုတ်သိမ်းရန်၊ ဘူးသီးတောင်မြို့နယ်မှ ၎င်းအဖွဲ့အစည်းများ ခုနှစ်ရက်အတွင်း ထွက်ခွာသွားကြရန် တောင်းဆိုသွားမည်ဟု ဦးသန်းလိုင်က ဆက်ဆိုသည်။

ယူအန်နှင့် အိုင်အန်ဂျီအိုများ အနေဖြင့် ဒေသဖွံ့ဖြိုး လုပ်ငန်းများနှင့် အတူ ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ ကူညီမူများပြုလုပ်နေသဖြင့် ဒေသအတွက် သူတို့ရှိနေခြင်းဖြင့် အကျိုးမရှိနိုင်ဘူးလားဟု မေးမြန်းရာ ဦးသန်းလိုင်က ယခုလို ပြောကြားသည်။

“ သူတို့က ဘင်္ဂလီတွေဘက်ကဘဲ တစ်ဘက်သတ် ရပ်တည်ပြီး ကူညီနေတာ ဖြစ်တယ်။ ဒ့ါပြင်သွေးထိုး လုံဆော်မူတွေနဲ့ မြှောက်ပင့်မူတွေ အမြဲပြုလုပ်နေတယ်။ ဒါကြောင့် ဒီဒေသမှာသူတို့ရှိနေသမျှ ကာလပတ်လုံး လူမျိုးနှစ်ခုအကြား သင့်မြတ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒါကြောင့် ပြဿနာဖြစ်အောင် အမြဲဖန်တီးနေတဲ့ ယူအန်နဲ့ အိုင်အန်ဂျီအိုတွေကို ကျွန်တော်တို့ မလိုလားဘူး။ သူတို့ကို ကျွန်တော်တို့ ဒေသက ထွက်ခွာသွားဖို့ကိုသာ ကျွန်တော်တို့ လိုလားပါတယ်” ဟု ဆိုသည်။

ယူအန်နှင့် အိုင်အန်ဂျီအိုများ၏ သတင်းအမှားများ လုပ်ကြံ ထုတ်ပြန်မူကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဗုဒ္ဓဘာသာ ရခိုင်လူအုပ်စုများ၏ သတ်ဖြတ်မူကြောင့် မွတ်ဆလင် အမျိုးသမီးနှင့် ကလေးငယ် ၄၈ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံတကာ သတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့် သတင်းဖေါ်ပြခဲ့ကြသဖြင့် ရခိုင်လူမျိုးများအပေါ် အထူးထိခိုက် နစ်နာမူများရှိခဲ့သည်။

ဘူးသီးတောင်မြို့ တာဝန်ရှိ ရဲအရာရှိကမူ ယနေ့ ဆန္ဒပြပွဲအားခွင့်ပြုချက်မရှိသဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာက ခွင့်ပြုချက်ရရှိပါက တားမြစ်စရာ အကြောင်း မရှိပါကြောင်း နိရဉ္စရာသို့ ပြောကြားသွားသည်။

နိရဉ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက်ဆန္ဒပြရန် လူပေါင်း ၁၀၀၀ ကျော်စုရုံးပြီးမှ အာဏာပိုင်များက ခွင့်မပြုသဖြင့် ယနေ့ ဆန္ဒပြမည့်အစီအစဉ်အား ရပ်ဆိုင်းပြီး လာ မည့် ဖေဖေါ်ဝါရီလ ၅ ရက်သို့ ရွှေ့လိုက်ရသည်ဟု ဆန္ဒုပြပွဲ စီစဉ်သူ တစ်ဦးဖြစ်သူ ဖြစ်သူ ဦးသန်းလိုင်က နိရဉ္စရာ သို့ ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တိုးတက်နေ

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင် တိုးတက်နေ

နေပြည်တော် ဇန်နဝါရီ ၃၁

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရောက်ရှိနေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းနှင့် ဦးအုန်းမြင့်၊ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ဗိုလ်ချုပ်ဇာနည်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၈ နာရီက ညောင်ပင်ကြီး၊ မိုးကြိုးပြင်၊ ကံကုန်း၊ ဒုံးတောကျေးရွာများသို့ ရေပေးဝေ ဖြန့်ဖြူးမည့် ညောင်ပင်ကြီး လျှပ်စစ် မြစ်ရေတင် စီမံကိန်း၏ ရေပေးဝေရေး တူးမြောင်း ပြန်လည်ပြုပြင်တည်ဆောက်နေမှုအား လည်းကောင်း၊ PS-1 မှ PS-2 သို့ Concrete Lining ပြုပြင် တည်ဆောက်နေမှုအား လည်းကောင်း၊ ဆက်လက်၍  တောင်ပ လူကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်းဘေး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်ပြီးစီးမှု အခြေ အနေအားလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ယင်းမာပင်မြို့နယ် တည်ပင်ကန်ကျေးရွာ ခေတ်သစ်အလင်းတန်း စာကြည့်တိုက်ဖွင့်ပွဲ အခမ်း အနားနှင့် တည်ပင်ကန်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်း၊ ဆက်လက်၍ ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်းတက်ရောက် အားပေးသည်။

ဆက်လက်၍ ဝက်မှေး-ကံတောကျေးရွာ သစ်နှင်ဆည်တည်း-ဇီးတောကျေးရွာသစ်ရှိ မူလတန်းကြိုကျောင်း များဖွင့်ပွဲ အခမ်းအနားနှင့် ကျောင်းဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ကြသည်။

ထို့နောက် ဖောင်းကတာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၏ RC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန မြန်မာ့ အထည်အလိပ် လုပ်ငန်း အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး) ရှိ အထည်ချုပ်လုပ်ငန်း သင်တန်းတွင် တက်ရောက် သင်ကြားလျက်ရှိသည့် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေး ပြီးယင်းစက်ရုံ အစည်းအဝေးခန်းမ၌ ဒေသခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ အနေဖြင့် အနည်းဆုံး တစ်လလျှင်တစ်ကြိမ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပွင့်လင်းမြင်သာစွာ ချပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်း မြေယာ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ မြေယာ လျော်ကြေးများကို သတ်မှတ်နှုန်းထားအတိုင်း ထုတ်ပေးခဲ့ရာ အချို့မှာ ထုတ်ယူပြီးဖြစ်သော်လည်း အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ စီမံကိန်း အနေဖြင့် မြေယာ သိမ်းဆည်းခံရသူများအပေါ် နစ်နာကြေး၊ လျော်ကြေးများ အပြင် ထောက်ပံ့ကြေးများကိုလည်း ထပ်မံ ထုတ်ပေးနိုင်ရန်အတွက် ဒေသခံများနှင့် လာရောက် တွေ့ဆုံ ရခြင်းဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များအပြင် အခြား ဆောင်ရွက်ပေးသင့်သည့် လူမှုစီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထပ်မံ ဖြည့်စွက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထပ်မံချုပ်ဆိုသည့် သဘောတူစာချုပ်သစ်အရ နိုင်ငံတော်မှ ရရှိမည့် အကျိုးအမြတ် များသည် လက်ပံတောင်းတောင် စီမံကိန်းဒေသ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူတို့ အတွက်သာ ဖြစ်ပါကြောင်း၊ စီမံကိန်း စနစ်တကျ အောင်မြင်စွာ ပိတ်သိမ်းနိုင်ရန် (Mine Closure Plan) ကိုလည်း ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှု ကွာဟခြင်း မရှိစေရန် ဘက်စုံ၊ ကဏ္ဍစုံ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံ ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး ရရှိသင့်သည့် အခွင့်အရေးများ အပြည့်အဝ ရရှိရန် ဖော်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ မိမိကိုယ်ကျိုးအတ္တ တစ်ခုတည်းကို မကြည့်ဘဲ အများအတွက် ငဲ့ညှာပြီး ဆောင်ရွက်သွားကြ ရမည် ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မန်နေးဂျင်း ဒါရိုက်တာ ဗိုလ်ချုပ် ဇာနည်ဝင်းက သိမ်းဆည်း မြေယာများအတွက် ထောက်ပံ့ကြေးများကို  လယ်မြေတစ်ဧက ကျပ် ၁၂ သိန်းနှုန်း၊ (ဦးပိုင်ပေါက်) ယာမြေ တစ်ဧက ကျပ်ရှစ်သိန်းနှုန်းနှင့် (ဦးပိုင်မပေါက်) ယာမြေ တစ်ဧက ကျပ်သုံးသိန်းနှုန်းတို့ဖြင့် ထပ်မံ၍ ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါငွေများကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ စတင်၍ ထုတ်ယူ နိုင်ကြောင်း၊ ယခင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသည့်သူများ အတွက် ယခု ထောက်ပံ့ကြေးကို တစ်ပေါင်းတည်း ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဒေသခံများ၏ အလုပ်အကိုင် ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်း ပတ်ဝန်းကျင်ဒေသရှိ တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်ပညာ တက်ရောက် သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁၈၆ ဦးတို့အား ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် အတွက် ပညာသင် ထောက်ပံ့ကြေး ကျပ် ၂၅၄ သိန်းကို ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်သည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ငန်းများသည် ဒေသခံ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ခဲ့သည့် အတွက် တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင် တိုးတက်နေသည်ကို တွေ့မြင်ရပါကြောင်း၊ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပါ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု ထိခိုက်နစ်နာ မှုမရှိစေရန် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် ပိုမို အောင်မြင်မှုများ ရရှိလာမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရည်မြင့်မား တိုးတက်လာစေရန် ပညာသင် ထောက်ပံ့ ကြေးများပေးအပ်ခြင်းသည် မိမိတို့တိုင်းပြည်၊ မိမိတို့ဒေသ၏ လူသားစွမ်းရည် အရင်းအမြစ်များ မြင့်မား လာစေရန် ဖြစ်ကြောင်း၊ ရသင့်ရရှိရမည့် အခွင့်အရေးများရရှိရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလီမိတက်ရှိ အငယ်တန်းအော်ပရေတာ လုပ်ငန်းခွင် သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ အမှာစကားပြောကြားရာတွင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းသည် စုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ရမည့် နိုင်ငံတော် စီမံကိန်းကြီး ဖြစ်သည့်အတွက် မိမိတို့ ကျရာအခန်းကဏ္ဍများတွင် မိမိတို့တာဝန် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ပြီး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို လေ့လာဖတ်ရှုရန် တိုက်တွန်း ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာကောင်းများဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းဖြင့်  မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ရောက် ရှိနေသော လက် ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်း

တောင်ငူခရိုင် သန်းခေါင်စာရင်း ကောက်ယူရန် ပညာရေး ဝန်ထမ်း ၁၇၀၀ ကျော် သုံးမည်

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင် ခြောက်မြို့နယ် ဖြစ်သော တောင်ငူ၊ ထန်းတပင်၊ ရေတာ ရှည်၊ ကျောက်ကြီး၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်တို့တွင် ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကောက်ယူ မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် အခြေခံပညာ ဦးစီးဌာနမှ ပညာရေး ဝန်ထမ်း ၁၆၇၇ ဦးနှင့် အရန်အင်အား ၈၄ ဦး အပါအဝင် ဆရာ၊ ဆရာမ ၁၇၀၀ ဦးကျော်ကို အသုံးပြုသွား မည် ဖြစ်ကြောင်း တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဝင်းက ပြောကြားသည်။

ရန်ပုံငွေ ခွဲဝေ ချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိ နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည်

Photo: ရန်ပုံငွေ ခွဲဝေ ချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိ နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည်
Saturday, February 1, 2014

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည်ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရုံးအမှတ် (၁၈) ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသော ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးသည်။

ဒုတိယသမ္မတက ဆွေးနွေးပြောကြားရာတွင် ယခုဆွေးနွေးပွဲသည် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင် ရွက်နိုင်မည့် နည်းလမ်းများကို လေ့လာဆန်းစစ် ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ တာဝန်ယူ ဆောင်ရွက်နေသည့်ကာလ သုံးနှစ်နီးပါး ရှိချိန်တွင် ကျန်းမာရေးကဏ္ဍ၌ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ ရှိနေသေးသဖြင့် ဤဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အစိုးရ အဖွဲ့သစ် တာဝန်ယူပြီးနောက်လပိုင်း အတွင်းမှာပင် ကျန်းမာရေးကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အငြိမ်းစား ပညာရှင်ကြီးများနှင့် တာဝန်ထမ်းဆောင်ဆဲ ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြ၍ ဆွေးနွေးပွဲရလဒ် များကို အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနတွင် ဦးစီးဌာန (၇) ခုရှိပြီး ကျန်းမာရေး ဦးစီးဌာန တစ်ခုတည်းက ဝန်ကြီးဌာနတစ်ခုလုံး၏ လုပ်ငန်းတာဝန်၏ ၈ဝ ရာခိုင်နှုန်းခန့်ကို တာဝန်ယူ ဆောင်ရွက်နေရ၍ တခြားသော ဦးစီးဌာနများသို့ လိုအပ်ပါက တာဝန်များခွဲဝေပေးခြင်းဖြင့် လုပ်ငန်း ပိုမို မြန်ဆန်အောင်မြင်မည်ဟု သုံးသပ် အကြံဥာဏ် ပေးခဲ့ဖူးကြောင်း၊ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်မှာ ပညာရှင် များကဆွေးနွေး ဆုံးဖြတ်ကြရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ရာတွင် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများရှိပြီး ရောဂါ ကြိုတင်ကာကွယ်ရာ၌ ကာကွယ်၍ ရသည့်ရောဂါများ ရှိသကဲ့သို့ ကြိုတင်ကာကွယ်၍ မရသည့် ရောဂါများလည်း ရှိပါကြောင်း၊ ကျန်းမာရေး အသိရှိသော နေထိုင်မှုစနစ်သည် သာလျှင် ဖြစ်ပွားနိုင်သည့် ရောဂါများကို အနည်းနှင့်အများ ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ငယ်စဉ်ကတည်းက ကျန်းမာ ရေးအသိဖြင့် နေထိုင်စားသောက်တတ်စေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကုသရေး အပိုင်းကို ဆွေးနွေးရ လျှင်မြန်မာနိုင်ငံတွင် ဆရာဝန်ဦးရေ သုံးသောင်းဝန်းကျင်ရှိပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံသာ အစိုးရ ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ထို့အတူ သူနာပြုနှင့် သားဖွားဆရာမများလည်း လိုအပ်ချက် ရှိနေပါသေးကြောင်း၊ တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းမှာ ကျေးရွာပေါင်း ၆၄ဝဝဝ ကျော် အတွင်း မှီတင်းနေထိုင်လျက်ရှိပြီး ယင်းကျေးရွာတိုင်းသို့ ဆရာဝန်များ၊ သူနာပြုနှင့် သားဖွားများ ရောက်အောင် မသွား နိုင်ပါကြောင်း၊ အရန် သားဖွားဆရာမများ၊ ကျန်းမာရေး လုပ်သားများကို သင်တန်းပေး စေလွှတ် ခန့်ထား နိုင်မည်ဆိုလျှင် အခြေခံလူတန်းစားများအတွက် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု၊ လွှမ်းခြုံမှုကို အနည်း နှင့်အများရရှိစေမည်ဟု ယူဆရပါကြောင်း၊ ထို့အတူ ပြည်ပသို့ သွားရောက် ဆေးဝါးကုသမှု စရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ခန့် ကုန်ကျနေပါ၍ နိုင်ငံတော်၏ ဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများတွင် ဆေးဝါးကုသမှုဆိုင်ရာ အထောက်အကူပစ္စည်းများ ပြည့်စုံမှုမရှိသေးသဖြင့် ထိုသို့ သွားရောက်ကုသနေရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လိုအပ်သည့် နိုင်ငံတကာအဆင့်မီ ဆေးရုံ၊ ဆေးခန်းနှင့် အထောက်အကူ ပစ္စည်းများကို ထောက်ပံ့ဖြည့်ဆည်း ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ကျန်းမာရေး ကဏ္ဍကို မြှင့်တင်နိုင်ရန်အတွက် နှစ်စဉ် ကျန်းမာရေးရန်ပုံငွေကို တိုးမြှင့် ချထားပေးပြီး ဖြစ်ပါ ကြောင်း၊ သို့သော် ရနိုင်သည့်ပမာဏသည် ပြည့်မီခြင်း မရှိသေးဘဲ နည်းပါးနေသေးပါကြောင်း၊ နိုင်ငံ၏ ရန်ပုံငွေ ခွဲဝေချထားမှုတွင် ကျန်းမာရေး အသုံးစရိတ်သည် အဆင့် (၇) နေရာတွင်ရှိပြီး နိုင်ငံ့စီးပွား တိုးတက် လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး အတွက် ကျင်းပသည့် ယခုဆွေး နွေးပွဲတွင် တက်ရောက်လာသူအားလုံးက လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပညာရေး၊ ကျန်းမာရေး ကဏ္ဍဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် အမျိုးသား ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက် ဖြည့်စွက် ဆွေးနွေး တင်ပြသည်။ မွန်းလွဲပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြသည်။

မြ၀တီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရုံးအမှတ် (၁၈) ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပသော ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေး ပွဲသို့ တက်ရောက် ဆွေးနွေးသည်။

တရားမ၀င် သစ်ခိုး ထုတ် မှု များကို ဖမ်းဆီး စစ်ဆေးစဉ် ကေအိုင်အေ အဖွဲ့မှ နှောက်ယှက် ပစ်ခတ်

Photo: တရားမ၀င် သစ်ခိုး ထုတ် မှု များကို ဖမ်းဆီး စစ်ဆေးစဉ် ကေအိုင်အေ အဖွဲ့မှ နှောက်ယှက် ပစ်ခတ်
Saturday, February 1, 2014

သစ်တောပြုံးတီးမှု၏ အဓိက အကြောင်းအရင်းဖြစ်သည့် တရားမ၀င် သစ်ခုတ်ခြင်း၊ တစ်ဖက် နိုင်ငံသို့ သစ်များ တရားမ၀င် ခိုးထုတ်ခြင်းများအား ဖော်ထုတ် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိရာ ဇန်န၀ါရီလ ၃၀ ရက် နံနက်ပိုင်းက တရားမ၀င် သစ်ဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်ကောက် ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား (၁၀)ဦးပါသည့် ယမ်းဖောင်သစ်တင်ယာဉ်(၁၅)စီး၊ ၆ဘီး ယာဉ်(၆)စီး၊ စုစုပေါင်း ယာဉ် (၂၁)စီးကို ရပ်တန့်စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ယာဉ်များပေါ်တွင် တရားမ၀င် သစ်မျိုးစုံ တန်(၇၀)ခန့်ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။

ထိုသို့ ဖမ်းဆီးရမိ သစ်များကို စစ်ဆေးနေစဉ် ကေအိုင်အေ အဖွဲ့မှ အင်အား (၃၀)ဦးခန့်သည် စစ်ဆေးရေးအဖွဲ့ စစ်ဆေးနေသည့် နေရာသို့ လက်နက်ငယ်များဖြင့် လာရောက် နှောက်ယှက်ပစ်ခတ်ခဲ့ပါသည်။ စစ်ဆေးရေး အဖွဲ့တွင် လုံခြုံရေးအဖြစ်လိုက်ပါလာသည့် တပ်မတော်သားများမှ ပြည်လည်ခုခံ ပစ်ခတ်မှုကြောင့် ကေအိုင်အေ အဖွဲ့မှ ပြန်လည် ဆုတ်ခွာ သွားကြပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

တရားမ၀င် သစ်ခိုးထုတ်မှုများတွင် ကေအိုင်အေအဖွဲ့သည် ပါဝင်ပတ်သက်လျက်ရှိပြီး သစ်ခိုးထုတ်သူများထံမှ ဆက်ကြေးငွေကောက်ခံ၍ လုံခြုံရေးအတွက် တာဝန် ယူပေးလျက်ရှိပြီး သစ်တောဦးစီးဌာန၏ တရားမ၀င် သစ်များ ဖော်ထုတ် ဖမ်းဆီးရေး အဖွဲ့များကို နှောက်ယှက် ပစ်ခတ်လေ့ရှိကြောင်း သိရှိရပါသည်။

မြ၀တီ
သစ်တောပြုံးတီးမှု၏ အဓိက အကြောင်းအရင်းဖြစ်သည့် တရားမ၀င် သစ်ခုတ်ခြင်း၊ တစ်ဖက် နိုင်ငံသို့ သစ်များ တရားမ၀င် ခိုးထုတ်ခြင်းများအား ဖော်ထုတ် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက် ရှိရာ ဇန်န၀ါရီ လ ၃၀ ရက် နံနက်ပိုင်းက တရားမ၀င် သစ်ဖော်ထုတ် ဖမ်းဆီးရေးအဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များနှင့် နယ်မြေခံ တပ်မတော်သားများက ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နန့်ကောက် ကျေးရွာအနီးတွင် တရုတ်နိုင်ငံသား (၁၀)ဦးပါသည့် ယမ်းဖောင်သစ်တင်ယာဉ်(၁၅)စီး၊ ၆ဘီး ယာဉ်(၆)စီး၊ စုစုပေါင်း ယာဉ် (၂၁)စီးကို ရပ်တန့် စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ယာဉ်များပေါ်တွင် တရားမ၀င် သစ်မျိုးစုံ တန်(၇၀)ခန့်ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။

မူလတန်းအဆင့်တွင် တိုင်းရင်းသား ဘာသာစကားနှင့် သင်ကြားရန် တောင်းဆို

တိုင်းရင်းသား ဒေသများရှိ မူလတန်းအဆင့် စာသင်ကျောင်းတို့တွင် ပြဋ္ဌာန်း သင်ရိုးညွှန်းတမ်း များကို သက် ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားနှင့်သာ သင်ကြားပေးရန် ဇန်နဝါရီလ ၃၁ ရက်နေ့ ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ကျင်းပသော မိခင်ဘာသာစကား သင်ကြားမှု တိုးမြှင့်ရေး ဆွေးနွေးပွဲ တက်ရောက် လာသူ တိုင်းရင်းသား ကိုယ်စားလှယ်များက တောင်းဆို လိုက်သည်။

မကွေးတိုင်းဒေသကြီးတွင် စက်ရုံအလုပ်ရုံများ လုပ်ပေးရန် ကုန်သည်ကြီးများအသင်း တင်ပြ

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသော မကွေးတိုင်းဒေသကြီးတွင် လူအများစုအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် စက်ရုံအလုပ်ရုံများလုပ်ဆောင်ပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းနှ င့် တွေ့ဆုံစဉ် မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက တင်ပြထားကြောင်း ယင်းအသင်း ဥက္ကဋ္ဌ ဦးထွန်းဆိုင်က ထုတ်ဖော် ပြောကြားသည်။

မေတ္တာလှိုင်းခရီးသည်တင်ယာဉ်တစ်စီးဘရိတ်ပေါက် ကိုယ် ဝန်ဆောင် တစ်ဦး ဒဏ်ရာရ

Photo: မေတ္တာလှိုင်းခရီးသည်တင်ယာဉ်တစ်စီးဘရိတ်ပေါက် ကိုယ် ဝန်ဆောင် တစ်ဦး ဒဏ်ရာရ
Saturday, February 1, 2014

ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် မေတ္တာ လှိုင်း(၃)ခရီးသည်တင်ယာဉ် ယာဉ် အမှတ် ၇ခ/xxxxxသည် ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဘေလီ မှတ်တိုင်ဘက်မှ စံပြဈေးလမ်းသို့ အသွား မိုးစွေမှတ်တိုင်နှင့်(၃၁) ဂိတ်ဟောင်းမှတ်တိုင်အနီး ပန်းခြံ ထောင့်တွင်ဘရိတ်ပေါက်ပြီး လမ်း ဘေးကွမ်းယာဆိုင်နှင့် ဗာဒံပင်ကို တိုက်၍ ရပ်တန့်သွားသည်။ ယာဉ် မောင်းမှာ ဦးခေါင်းနှင့်မျက်နှာ
ပြင်းထန်စွာဒဏ်ရာရရှိပြီး ယာဉ် ပေါ်ပါ ကိုယ်ဝန်သည်အမျိုးသမီး
နှင့်ကွမ်းယာဆိုင်မှ အမျိုးသမီးတို့ ဒဏ်ရာရရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုက်ကား တစ်စီးနှင့် လမ်းဘေးဓာတ်တိုင် နှစ်တိုင် အနည်းငယ်ပျက်စီးပြီး ယာဉ်မှုစစ်မှ ဆက်လက်စုံစမ်း အရေးယူကြောင်းသိရသည်။

The Union Daily
ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့်တွင် မေတ္တာ လှိုင်း(၃) ခရီးသည်တင်ယာဉ် ယာဉ် အမှတ် ၇ခ/xxxxxသည် ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဘေလီ မှတ်တိုင် ဘက်မှ စံပြဈေးလမ်းသို့ အသွား မိုးစွေမှတ်တိုင်နှင့်(၃၁) ဂိတ်ဟောင်းမှတ်တိုင်အနီး ပန်းခြံ ထောင့်တွင် ဘရိတ်ပေါက်ပြီး လမ်း ဘေးကွမ်းယာဆိုင်နှင့် ဗာဒံပင်ကို တိုက်၍ ရပ်တန့်သွားသည်။ ယာဉ် မောင်းမှာ ဦးခေါင်းနှင့်မျက်နှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ယာဉ် ပေါ်ပါ ကိုယ်ဝန်သည် အမျိုးသမီးနှင့် ကွမ်းယာဆိုင်မှ အမျိုးသမီးတို့ ဒဏ်ရာရရှိကြောင်း သိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၃၈ ရာခိုင်နှုန်းသာ ပြည်သူ့ ဆန္ဒဖြင့် ရွေးချယ်နိုင်ခဲ့ဟု ၈၈ ထုတ်ပြန်

ပြည်သူ့ကိုယ်စားပြု ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ၃၈ ရာခိုင်နှုန်းသာ ပြည်သူ လူထုက အမှန်တကယ် ရွေးချယ် တင်မြှောက်နိုင်ခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

ယနေ့အချိန်တွင် ကိုလိုနီခေတ်ကထက် တောင်သူလယ်သမားများဘ၀ ပိုမိုနိမ့်ကျနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မြေလတ်ဒေသ တောင်သူလယ်သမားညီလာခံ၌ ပြောကြား

Photo: ယနေ့အချိန်တွင် ကိုလိုနီခေတ်ကထက် တောင်သူလယ်သမားများဘ၀ ပိုမိုနိမ့်ကျနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မြေလတ်ဒေသ တောင်သူလယ်သမားညီလာခံ၌ ပြောကြား
Saturday, February 1, 2014

ကိုလိုနီခေတ်ကတည်းက နိမ့်ကျနေခဲ့ရသည့် တောင်သူလယ်သမားများဘ၀မှာ ယနေ့အချိန်တွင် ထို့ထက်ပိုဆိုးနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မကွေးမြို့ သံဃာရာမကျောင်းတိုက်၌ ဇန်န၀ါရီ ၃၁ ရက်နံနက်က ကျင်းပခဲ့သည့် မြေလတ်ဒေသ တောင်သူလယ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။

မကွေးတိုင်း ၂၅ မြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ခဲ့ပြီး အစိုးရသစ်လက်ထက် မကွေးတိုင်းအတွင်း ပထမဆုံးအနေဖြင့် တောင်သူလယ်သမား သမဂ္ဂဖွဲ့စည်းခဲ့သည့် ယင်းပွဲတွင် တောင်သူလယ်သမားများအနေဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်မရှိသေးခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ထိ တောင်သူလယ်သမားတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို တန်းတူညီမျှမှု မရရှိသေးဘူး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိသေးဘူး လယ်မြေတွေ မတရားသိမ်းဆည်းခံရတယ် သိမ်းခံရတဲ့ လယ်မြေတွေကို ပြန်ရဖို့တောင်းတော့ အဖမ်းခံကြရတယ် ဒီလိုအခြေနေတွေကို ကာကွယ်နိုင်ဖို့ တောင်သူလယ်သမား သမဂ္ဂတွေဖွဲ့ဖြစ်အောင်ဖွဲ့ပါ"ဟု မကွေးတိုင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်လည်းဖြစ်သည့် ဦးမြင့်သိန်းက ပြောကြားသည်။

အဆိုပါညီလာခံသို့ တက်ရောက်လာသည့် တောင်သူလယ်သမား အများစုကလည်း လယ်ယာမြေ မတရားသိမ်းယူခံရခြင်းများ စိုက်ပျိုးမြေမရှိတော့၍ အခြားနယ်များသို့ ထွက်ခွာအလုပ်လုပ်ရသူ များပြားလာသောကြောင့် လုပ်သားရှားပါးမှု ကြုံတွေ့ရခြင်းများအား အများဆုံး တင်ပြဆွေးနွေးခဲ့ကြသည်။

"တောင်သူလယ်သမားတွေရဲ့ဘ၀က ဂျာအေးသူ့အမေရိုက်ဆိုတဲ့ ကဗျာလေးလိုပဲ လုံးလည်လိုက်နေတယ် တောင်သူတွေက ဂျာအေးတွေ ရိုက်နေတဲ့ သူ့အမေဆိုသူတွေက စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေပဲ"ဟု ယင်းညီလာခံသို့ တက်ရောက်ခဲ့သည့် ပဲခူးတိုင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ပြောကြားခဲ့သည်။

မကွေးမြို့ မြစ်ကွေ့ဧရာလူမှုကွန်ရက်မှ မကွေးတိုင်းအတွင်း တောင်သူလယ်သမားများအား နှစ်နှစ်ကြာ လယ်ယာမြေဥပဒေ သင်တန်းများ ပေးခဲ့အပြီး ယင်းညီလာခံအား ကျင်းပနိုင်ခဲ့ကြောင်း အဆိုပါညီလာခံသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်)နှင့် (ပြည်ခရိုင်)တို့မှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။

(မြေလတ်ဒေသ လယ်သမားညီလာခံတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ဟောပြောနေစဉ်)

Eleven Media Group
Add captio(မြေလတ်ဒေသ လယ်သမားညီလာခံတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ဟောပြောနေစဉ်)


ကိုလိုနီခေတ်ကတည်းက နိမ့်ကျနေခဲ့ရသည့် တောင်သူလယ်သမားများဘ၀မှာ ယနေ့ အချိန်တွင် ထို့ထက် ပိုဆိုးနေရကြောင်း NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း က မကွေးမြို့ သံဃာ ရာမကျောင်း တိုက် ၌ ဇန်န၀ါရီ ၃၁ ရက်နံနက်က ကျင်းပ ခဲ့သည့် မြေလတ်ဒေသ တောင်သူလယ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။

ယူနတီ ဂျာနယ် သတင်းထောက် ထိန်းသိမ်းခံရ

Photo: ယူနတီ ဂျာနယ် သတင်းထောက် ထိန်းသိမ်းခံရ
Saturday, February 1, 2014

ဇန္နဝါရီ ၂၅ ရက်နေ့ထုတ် ယူနတီ ဂျာနယ်မှာ ပေါက်မြို့မှာ ရှိတဲ့ ဓါတုလက်နက် စက်ရုံလို့ ယူဆရတဲ့ စက်ရုံ ဓါတ်ပုံကို မျက်နှာဖုံး မှာ ဖော်ပြမိလို့ တပြည်လုံးက ဖြန့်ချီရေးတွေကို သက်ဆိုင်ရာက လိုက်သိမ်းနေတယ်လို့ ယူနတီ ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းက ပြောပါတယ်။

ပေါက် မြို့က ယူနတီ ဂျာနယ် သတင်းထောက် ကိုလည်း ခေတ္တ ခေါ်ယူ မယ်ဆိုပြီး ဖမ်းထားတယ် ၊ အခုတော့ ရဲစခန်းမှာ စစ်ကြောနေလို့ အမှု မဖွင့်သေးဘူးလို့ သူက ဆိုပါတယ်။

ရန်ကုန် အခြေစိုက် တခြား အကြီးတန်း သတင်းထောက် နှစ်ယောက်နဲ့ အငယ်တန်း သတင်းထောက် တယောက်ကိုလည်း အိမ်တွေမှာ ရဲက လိုက်မေးနေတယ်လို့ သူက ပြောပါတယ်။

အဓိက ကတော့ ပေါက်မြို့မှာ ရှိတဲ့ လယ်ဧက သုံးသောင်း သုံးထောင် သုံးရာ ရှစ်ဆယ့် ခုနှစ် ဧက ပေါ်မှာ တည်ထားတဲ့ ဓါတု စက်ရုံ ကြီးနဲ့ ပတ်သက်လို့ ယူနတီက သတင်းထောက်တွေ စက်ရုံထဲ ဝင်ရောက် မေးမြန်းခဲ့တာတွေ လုပ်ခဲ့ပြီး ဂျာနယ်မှာ ဖော်ပြခဲ့လို့ အခုလို လိုက်လံ ဖမ်းဆီး အရေးယူမှုတွေ လုပ်နေတာလို့ သူက ရှင်းပြခဲ့ပါတယ်။

ဓါတု စက်ရုံ ဆိုတဲ့ အထောက်အထားတွေ ဆိုတာကတော့ သူတို့ကိုယ်တိုင် ထိပ်ဖူးလို့ ထင်ရတာတွေ တွေ့ရှိခဲ့ကြောင်း ၊ လှိုဏ်ခေါင်း ဓါတ်ပုံ ၁ဝဝလောက် သူတို့ ရိုက်ယူခဲ့ကြောင်းနဲ့ အလုပ်သမားတွေကိုလည်း မေးမြန်းခဲ့တယ်လို့ ဦးတင့်ဆန်းက ဆိုပါတယ်။

အဲဒီ စက်ရုံဟာ အရှေ့တောင် အာရှမှာ အကြီးဆုံးဘဲလို့ အနားက ဒေသခံတွေက ပြောကြောင်း သူက ရှင်းပြပါတယ်။

ဒါ့အပြင် အဲဒီ စက်ရုံဟာ ပေါက်မြို့ထဲကနေ ၁၂မိုင်လောက် ဝေးပြီး တောင်ကြားမှာ ရှိတယ်လို့ သူက ပြောပါတယ်။

၂ဝဝ၈ ခုနှစ်တုန်းက စဆောက်ခဲ့တဲ့ ဒီစက်ရုံဟာ အခုဆို ပြီးသလောက် ရှိသွားပြီး ဖြစ်တဲ့အပြင် လယ်မြေတွေကို သိမ်းတုန်းက တဧကကို ကျပ်ငါးထောင်သာ လျော်ကြေးပေးခဲ့တာလို့ ဦးတင့်ဆန်းက ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဇန္နဝါရီ ၂၅ ရက်နေ့ထုတ် ယူနတီ ဂျာနယ်မှာ ပေါက်မြို့မှာ ရှိတဲ့ ဓါတုလက်နက် စက်ရုံလို့ ယူဆရတဲ့ စက်ရုံ ဓါတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြမိလို့ တပြည်လုံးက ဖြန့်ချီရေးတွေကို သက်ဆိုင်ရာက လိုက်သိမ်းနေတယ်လို့ ယူနတီဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း က ပြောပါတယ်။

ဘင်္ဂါလီများ သတ်ဖြတ်ခံရသည်ဟု ကုလထုတ်ပြန်ချက် ပြန်ရုပ်သိမ်း ရန် မောင်တော၊ ဘူးသီးတောင်တွင် ဆန္ဒပြမည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီ များ အသတ်ခံရသည်ဟု ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထုတ်ပြန် ချက်ကို ပြန်ရုပ်သိမ်းရန် မောင်တောနှင့် ဘူးသီးတောင် မြို့တို့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ ဒေသခံ များ ထံမှ သိရှိရသည်။

Justin Bieber ကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တဲ့ ရဲ အရေးယူခံရ

ကနေဒါ နိုင်ငံသား ပေါ့ပ်အဆိုတော် Justin Bieber ထိန်းသိမ်းခံရစဉ်အတွင်း ဓါတ်ပုံရိုက်ဖို့ သင့် တင့်လျောက်ပတ်မှုမရှိစွာ ကြိုးစားမှုနဲ့ မိုင်ယာမီက အမျိုးသမီးရဲအရာရှိ တယောက်ကို စုံစမ်းစစ်ဆေးနေ တယ်လို့ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်က ရဲတွေက ပြောပါတယ်။

သူရိယနေဝန်း အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိ

Photo: သူရိယနေဝန်း အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိ
Saturday, February 1, 2014

ယခင် တပ်မတော်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် ယင်းတို့နှင့် ပတ်သက် ဆက်နွှယ်ခဲ့သော စီးပွားရေး လုပ်ငန်းရှင်များ အကြောင်းကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသား ထုတ်ဝေသည့် သူရိယနေဝန်းဂျာနယ် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယင်းသတင်းစာတိုက်နှင့် နီးစပ်သူများထံမှ သိရှိရသည်။

ထို့ပြင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၏ ပြည်ပ ထွက်ခွာသူ စာရင်းတွင်လည်း မပါရှိကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဦးမိုးဟိန်း၏ အွန်လိုင်း စာမျက်နှာပေါ်တွင် “ကျုပ်ကိုတော့ ဒင်းတို့ လုပ်ပြန်ပြီဗျာ ... ဒေါ်လာခြောက်သိန်း ပိုက်ပြီး ထွက်သွားတယ်တဲ့ ...။ နောက် အမေရိကန် နိုင်ငံသားမို့လို့ ဆိုပြီး ကန်ထုတ်လိုက်တယ် ... မဟုတ်ရပါဘူးဗျာ ... ဒေါ်လာက ၁၀ သိန်း လောက်လေးကို ...” ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်၍ အမှုဆောင် အယ်ဒီတာချုပ်ဖြစ်သူ မိုးဟိန်းထံသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းပိတ်ထားသဖြင့် ၎င်းအလုပ်လုပ်ကိုင်သည့် ဂျာနယ်တိုက်နှင့် ထုတ်ဝေသူ ဦးခင်အေးကို ဆက်သွယ် မေးမြန်းရာတွင်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးတေဇကို ဦးမိုးဟိန်း၏ သူရိယနေဝန်း ဂျာနယ်တွင် “မင်းတို့ခရိုနီတွေ ဘင်္ဂလား ပင်လယ်ထဲကိုသာ ခုန်ချကြပေတော့ (သို့မဟုတ်) ဦးတေဇနှင့် စိန်စီသောညများ” ဟူသည့် ဆောင်းပါး ရေးသား ဖော်ပြခဲ့သည့်အတွက် ဦးတေဇက ၎င်းပိုင် အွန်လိုင်း စာမျက်နှာပေါ်တွင် “ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ် စော်ကားမှုများ အတွက်လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေ ဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင် အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုံ့ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်” ဟု တုံ့ပြန် ရေးသားထားခဲ့သည်။

ယင်းကဲသို့ ဦးတေဇက ရေးသားပြီး နောက်တွင် သူရိယနေဝန်း ဂျာနယ်တွင် ဦးတေဇအကြောင်း ပါရှိလာခြင်း မရှိတော့ပေ။

သူရိယနေဝန်း အမည်ဖြင့် ဂျာနယ် ပြောင်းလဲမထုတ်မီ သူရိယအလင်းဂျာနယ် အမည်ဖြင့် စောင်ရေ ၁၂ စောင် ထုတ်ဝေခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့၌ အမှုဆောင်ချုပ် ဦးမိုးဟိန်းက (ထုတ်ဝေသူ ဦးယုနိုင်နှင့် အဆင်မပြေဖြစ်ကာ) ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် သူရိယအလင်း ဂျာနယ် အတိအလင်း ရပ်စဲလိုက်ပြီး သူရိယနေဝန်း အမည်ဖြင့် ပြောင်းလဲ ထုတ်ဝေခဲ့ရာ ၁၄ စောင် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

The Voice Weekly
ယခင် တပ်မတော်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် ယင်းတို့နှင့်ပတ်သက်ဆက်နွှယ်ခဲ့သော စီးပွားရေး လုပ်ငန်း ရှင်များအကြောင်းကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသားထုတ်ဝေသည့် သူရိယနေဝန်းဂျာနယ် အမှုဆောင် အရာရှိ ချုပ်ဖြစ်သူ ဦးမိုးဟိန်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွား သည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မမှန်ကန်ကြောင်း ယင်းသတင်း စာတိုက်နှင့် နီးစပ်သူ များထံမှ သိရှိရသည်။

ကြယ်ငါးပွင့်ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (၀င်းဟောင်း) နယ်မြေရှိ မြေခုနစ်ဧကကျော် အား BOT စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ခွင့်ပြု

နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်၊ Shopping Mall စီးပွားရေးအဆောက်အအုံနှင့် Service Apartment လုပ်ငန်းများလုပ်ကိုင်ရန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(၀င်းဟောင်း)နယ်မြေ ရှိ မြေ ခုနစ်ဧကကျော်အား BOT စနစ်ဖြင့် ငှားရမ်းဆောင်ရွက်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေး ခဲ့ကြောင်း သိရသည်။

Friday, January 31, 2014

အီးယူ သံကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

Photo: အီးယူ သံကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
Friday, January 31, 2014

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သံမတ်ကြီးအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်စလုံးက ပြောဆိုချက်တွေကို ကိုယ်တိုင်သိရှိလိုတဲ့အတွက် အခုလို လာရောက်တွေ့ဆုံတာဖြစ်ကြောင်း သံအမတ်ကြီးနဲ့အတူ လိုက်ပါသွားသူတွေက ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင်ရပ်မိရပ်ဖတွေက ဒီနှစ်မတ်လကုန်ခါနီးမှာ အစိုးရကပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့်အစီအစဉ်မှာ ပူးပေါင်းပါဝင်မယ်လို့ ပြောဆိုခဲ့ကြကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့က အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေက ပြောနေကြတဲ့ မောင်တောမြို့ နယ် ဒုချီးရာတန်းကျေးရွာကိုလည်း မနေ့ကသွားရောက်ခဲ့ပြီး အဲဒီရွာက ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီသံအဖွဲ့ဟာ မနက်ဖြန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့တွေ့ဆုံပြီး ခရီးစဉ်အတွေ့အကြုံတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တောင်အာဖရိက သပိတ်မှောက် သတ္တုတွင်း အလုပ်သမား များလုပ်ခ လစာ (၇) ရာခိုင်နူန်း တိုးမြှင့်ပေး မည်ဆို သည့်ကမ်းလှမ်း ချက်ကို ပယ်ချ

တောင်အာဖရိက ရှိသပိတ် မှောက် ဆန္ဒပြ နေသည့် ပလက်တီနမ် သတ္တုတွင်း အလုပ်သမား များသည် ၄င်းတို့ လုပ်ကိုင်နေသည့် ကုမ္မဏီများက (၇) ရာခိုင်နူန်း လုပ်ခ လစာ တိုးမြှင့်ပေးရန် ကမ်းလှမ်း ချက်ကို ကြာသာပတေးနေ့တွင် ပယ်ချလိုက်ကြောင်း သိရသည်။

ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး

Photo: ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး
Friday, January 31, 2014 

မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေးကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။

ယင်းလေ့ကျင့်ရေး အစီအစဉ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့်နှင့် ဗြိတိန် ရဲအရာရှိများ လက်တွေ့သရုပ်ပြခြင်းနှင့် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ၌ အသင်းကြီး အချင်းချင်း တွေ့ဆုံသည့်ပွဲများ၌ နှစ်ဖက်အသင်း ပရိသတ်များ ပဋိပက္ခ ဖြစ်ပွားတတ်ရာ ၂၀၁၃ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ၏ နောက်ဆုံးပွဲစဉ်၌ ရန်ကုန် ယူနိုက်တက်အသင်းနှင့် နေပြည်တော် အသင်းတို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ထိုင်ခုံငါးရာကျော် ပျက်စီးခဲ့ရသည်။ 

ယင်းပဋိပက္ခ ဖြစ်စဉ်မှာ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အကြီးမားဆုံး ရန်ပွဲအဖြစ် မှတ်တမ်းတင်ခဲ့ရပြီး ရန်ကုန် ပရိသတ်များ ကွင်းအတွင်းမှ ထွက်ခွာရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းမှုများ ဖြစ်ခဲ့ရသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သော မြန်မာအသင်းကို အင်ဒိုနီးရှားအသင်းက အနိုင်ရရှိခဲ့သည့် ပွဲတွင်လည်း မြန်မာ ပရိသတ်များက သုဝဏ္ဏကွင်းရှိ ပွဲကြည့်စင်မှ ထိုင်ခုံများကို ဖျက်ဆီးခြင်း၊ နိုင်ငံတော် အလံများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဥရောပသမဂ္ဂ အစီအစဉ်ဖြင့် ဗြိတိန် ရဲအရာရှိများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကို ယူရိုငွေ ၁၀ သန်း အကုန်အကျခံ၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်းက အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်ကြားပေးခဲ့သည်။

The Voice Weekly
မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ် ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘော လုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။

မြန်မာ့ ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော် သမ္မတက သဝဏ် လွှာပေး ပို့

Photo: မြန်မာ့ ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော် သမ္မတက သဝဏ် လွှာပေး ပို့
Friday, January 31, 2014

မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယ နိုင်ငံ ဘက်က လူနေ အိမ်၊ အားကစား ကွင်းနှင့် ကားလမ်း များ နယ်နိမိတ် ကျူးကျော် ဆောက်လုပ် ထား သောကြောင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေး ဖယ်ရှားနေ ရကြောင်း နိုင်ငံ တော် သမ္မတ က ဇန်နဝါရီ ၂၈ ရက်တွင် ကျင်း ပသော ပြည် ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ လိုက်သည်။

ကျူးကျော် ဆောက်လုပ် ထားသည် များမှာ နှစ်နိုင်ငံ ကြား နယ်နိမိတ် မှတ်တိုင် စိုက်ထူ ခြင်း မပြုရ သေးသော နယ်ခြား မှတ်တိုင် BP (boundary Pillar) ၇၆ နှင့် စိုက်ထူ ပြီးသော BP ၇၇ ကြားရှိ အိန္ဒိယ နိုင်ငံ ဟောင်လင်း ဖိုင်ရွာမှ နေအိမ်၊ ကစား ကွင်းနှင့် ကားလမ်း တို့ ဖြစ်ကြောင်း၊ ယင်း အပြင် BP ၇၈ နှင့် BP ၇၉ ကြားရှိ လူနေ အိမ်နှင့် ခြံဝင်း အချို့ အပါ အဝင် မီးတိုင် ၃ တိုင်လည်း ကျူးကျော် တည်ရှိ နေသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ဖယ်ရှား ရေးကို ဆက်လက် လုပ်ဆောင် နေ ရကြောင်း သမ္မတ၏ သဝဏ် လွှာတွင် ဖော်ပြထား သည်။

ထို့အပြင် နှစ်နိုင်ငံ ကြား တိုင်းတာ သတ်မှတ် ပြီးဖြစ်သော နယ်နိ မိတ်အ တွင်းမှ ၁၀ မီတာ ဇုန်အ တွင်း (မြန်မာ ပိုင်နက် အတွင်း) အိန္ဒိယ ဘက်မှ ကျူးကျော် ထား သည်ကို တွေ့ရှိ ရပြီး နယ်စပ်ကြား အငြင်းပွား နေရသည့် နယ်မြေ ဒေသ များကို နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ် လုပ်ငန်း အဖွဲ့အ စည်းများက ဖြေရှင်း နေရကြောင်း ဆက်လက် ဖော်ပြထား သည်။ အဆိုပါ လုပ်ငန်း ဆောင်ရွက် ချက်များ ကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်း တင်ကြောင်း လွှတ်တော်နာ ယက သူရ ဦး ရွှေမန်းက ကြေညာ ခဲ့သည်။

မြန်မာ-အိန္ဒိယ နယ်စပ်သည် ဘင်္ဂလား ဒေ့ရှ်မှ တရုတ် နယ်စပ် အထိ ၉၀၃ မိုင် ရှည်လျားပြီး နယ်စပ် မှတ်တိုင် စိုက်ထူ ရာတွင် နှစ်နိုင်ငံ နယ်စပ်ကြား အချင်း များမှု များ ဖြစ်လျက် ရှိပြီး မြန်မာ နိုင်ငံ အတွင်း ကျူးကျော်ထားသည့် ကိစ္စကြောင့် မြန်မာ ဘက်မှ ကန့်ကွက်စာ ၁၁ ကြိမ် ပေးပို့ ထားကြောင်း တမူးခ ရိုင်မှ နယ်စပ် သတ်မှတ်ရေး စီမံ ခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦး ကျော်ဇောလင်းက ပြောကြား သည်။

Today Myanmar
မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယ နိုင်ငံ ဘက်က လူနေ အိမ်၊ အားကစား ကွင်းနှင့် ကား လမ်း များ နယ်နိမိတ် ကျူးကျော် ဆောက်လုပ် ထား သောကြောင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေး ဖယ်ရှားနေ ရကြောင်း နိုင်ငံ တော် သမ္မတ က ဇန်နဝါရီ ၂၈ ရက်တွင် ကျင်း ပသော ပြည် ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ လိုက်သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အရေးပါသည့် စိန်ခေါ်မှုများအဖြစ် ရှိနေကြောင်း ဗြိတိန်ဝန်ကြီး ပြောကြား

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိနေသော အာရှဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး Hugo Swire က ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး သည် အားတက်ဖွယ် ရာ ဖြစ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များသည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဇန်န၀ါရီ ၃၀ ရက်က ဗြိတိသျှကောင်စီ တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။