Sunday, September 21, 2014

မြေပုံမှ နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများမနက်ဖြန်ကျမ်းကျိန်တော့မည်


Photo: မြေပုံမှ နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများမနက်ဖြန်ကျမ်းကျိန်တော့မည်

စက်တင်ဘာ ၂၁ ရက် ၊၂၀၁၄ ခုနှစ်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှဘင်္ဂါလီများကို နိုင်ငံသားအဖြစ် မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နေ့တွင်ကျမ်းကျိန်ခွင့်ပြုတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့က မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်ပြောသည်။
"၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်သင့်တဲ့သူတွေကို စိစစ်လိုက်တာဖြစ်ပါတယ်။မြေပုံကို ပိုင်းလော့ ဧရိယာအနေနဲ့ လုပ်လိုက်တာပါ။အဲဒီဒေမှာနေသူတွေက လူဦးရေစာရင်းကောက်တာတွေမှာ လည်းပူးပေါင်းဆောင်ရွက်မှုလည်းရှိတယ်"ဟု ယင်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လက စတင်ကာ နိုင်ငံသားစိစစ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အိမ်ထောင်စုတိုင်းက စိစစ်မှုကို ကြည်ကြည်ဖြူဖြူခံ ယူကြကြောင်း၊လူမျိုးနေရာတွင် ဘင်္ဂါလီဟု ထည့်ရေးသူများရှိသကဲ့သို့ လူမျိုးအမည်ထည့်မရေးဘဲ ကွက်လပ် ထားသူများလည်းရှိကြောင်း ၀န်ကြီးကပြောသည်။
စိစစ်မှုများအနက်မှ လူဦးရေ ၂၀၉ ဦးကို တင်ပြလာရာတွင် ၄၀ ဦးမှာ နိုင်ငံသားဖြစ်ခွင့် ရမည်ဖြစ်ပြီး ၁၆၉ ဦးမှာ နိုင်ငံသား ပြုခွင့်ရသူ များဖြစ်ကြောင်း၊ယင်းတို့မှ မွေးဖွါးထားသော သားသမီးများ ၆၆၅ ဦးခန့်မှာ အလိုအလျောက် နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့် ရသူများ ဖြစ်ကြမည် ဖြစ်ကြောင်း သိရသည်။
"စိစစ်မှုတွေကို လုပ်တဲ့အခါ ရခိုင်တိုင်းရင်းသားဖက်က တာဝန်ရှိသူတွေ၊ဘင်္ဂါလီဖက်က တာဝန်ရှိသူတွေနဲ့ အဆင့်ဆင့် စစ်ဆေးမှုတွေလုပ်ပြီးမှ အတည်ပြုနိုင်တာ ဖြစ်ပါတယ်။သူတို့ဟာ ဥပဒေအရ နိုင်ငံသား ဖြစ်ကြပေမယ့်လို့ ဘယ်တော့မှ တိုင်းရင်းသား မဖြစ်ပါဘူး။ကျန်တဲ့သူတွေကိုလည်း ဆက်လက်စိစစ်ပါအုံးမယ်"ဟု ဦးခင်ရီက ပြောကြားခဲ့သည်။
မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှဘင်္ဂါလီများကို နိုင်ငံသားအဖြစ် မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နေ့တွင်ကျမ်းကျိန်ခွင့်ပြုတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့က မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်ပြောသည်။
"၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်သင့်တဲ့သူတွေကို စိစစ်လိုက်တာဖြစ်ပါတယ်။မြေပုံကို ပိုင်းလော့ ဧရိယာအနေနဲ့ လုပ်လိုက်တာပါ။အဲဒီဒေမှာနေသူတွေက လူဦးရေစာရင်းကောက်တာတွေမှာ လည်းပူးပေါင်းဆောင်ရွက်မှုလည်းရှိတယ်"ဟု ယင်းကပြောသည်။

MLM ဋီကာ (သို့မဟုတ်) ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း



ညခင်းပိုင်းအိမ်တွင် နားနားနေနေ တီဗီကြည့်နေခိုက် သင့်အလုပ်ထဲမှ မိတ်ဆွေတစ်ဦးက ကောင်းမွန်သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဆေးဝါးများ၊ အလှကုန်များပါဝင်သည့် အိတ်တစ်လုံးကိုဆွဲကာ သင့်ထံသို့အရောက်လာပြီး ‘‘ဒီပစ္စည်းတွေက အရမ်းကောင်းတယ်။ ကိုယ်တွေ့နော်။ ဒါလေးသုံးကြည့်ပါဦး။ လစဉ်အပိုငွေရချင်ရင် ဒီမှာ မန်ဘာဝင်လိုက်ပါလား။ လက်ရှိအလုပ်အကိုင်လည်း မပျက်ဘူး။ မန်ဘာဝင်အသစ်ရှာနိုင်ရင် သူတို့ဆီကနေ ကော်မရှင်လည်း လတိုင်းပုံမှန်ရမယ်။ အချိန်တိုတိုအတွင်း ကိုယ့်ကြိုးစားမှုပေါ်မူတည်ပြီး သိန်းဂဏန်းဝင်ငွေကို အေးအေးဆေးဆေးထိုင်ယူရုံပဲ။ ကဲ..ဒီလောက်ကောင်းတဲ့ စီးပွားရေးမြန်မာပြည်မှာ ရှိသေးလား’’ဟု ပြောဆိုစည်းရုံးနေသံများ၊ ပြောဆိုစည်းရုံးနေသူများကို သင့်အနေဖြင့် ကြုံဖူး၊ ကြားဖူးပါလိမ့်မည်။ အကယ်၍ စာဖတ်သူအနေဖြင့် သူတို့ပြောနေသည်မှာ ဘာလုပ်ငန်းလဲ၊ ဘယ်လိုလုပ်ရတာလဲ တကယ်ကောဟုတ်ရဲ့လားဟု သင် သံသယ၀င်မိလျှင်တော့ ဤဆောင်းပါးကို အဆုံးထိဖတ်ဖို့ လိုလာပါပြီ။ ဤလုပ်ငန်း၏ အမည်နာမမျိုးစုံပါသည်။ လူသိအများဆုံးနာမည်များကို ပြောရမည်ဆိုလျှင်တော့ အချိန်တိုအတွင်း သူဌေးဖြစ်သည့်လုပ်ငန်း (၀ါ) Pyramid Scheme (၀ါ) ဆင့်ပွားစီးပွားရေးစနစ် (၀ါ) Multi-Level Marketing စနစ်ဟု ခေါ်ဆိုကြပါသည်။

Saturday, September 20, 2014

ကလေးမြိွုှ့ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အဖြေလွှာပျောက်ဆုံးခြင်းကြောင့် စာမေးပွဲပြန်ဖြေခိုင်းမှုအပေါ် ကျောင်းသားကျောင်းသူများက သဘောထားကြေညာချက်ထုတ်ပြန်

ကလေွးှ့ နည်းပညာတက္ကသိုလ် ကျောင်း သားကျောင်းသူများ၏ စာမေးပွဲ အဖြေလွှာအချို့ ပျောက်ဆုံးဖျက် ဆီးခံခဲ့ရကြောင်း သိရသည်။ သေတ္တာ များနှင့် အဖြေလွှာများကို တက္ကသိုလ် အနီး ချောင်းဘေး၌ ရေစို ပျက်စီး၍ ပြန်တွေ့ရသည်။

အဆိုပါစာမေးပွဲအဖြေလွှာများ ပျောက်ဆုံးပျက်စီးမှုကြောင့် ကလေး တက္ကသိုလ် နည်းပညာကျောင်းသား ကျောင်းသူများ အနေဖြင့် ပြန်လည် ဖြေဆိုရန် ဘာသာရပ် စာရင်းအား တက္ကသိုလ်ကျောင်းအုပ်ကြီးမှ ချက် ချင်းထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်မှုအ ပေါ် ကျောင်းသားကျောင်းသူ များမှ နောက်နေ့တွင် ပြန်လည်ကာ သဘော ထားကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တရားရုံးတွင် သက်သေထွက်ဆိုနေသည့်အမျိုးသမီးကို ဓားဖြင့်ထိုးသည့် အမျိုးသားအားကျောက်ဆည်မြို့နယ်တရားရုံးက တရားရုံးမထီမဲ့မြင်ပုဒ်မဖြင့် ထပ်ဆင့်အမှုဖွင့်

ကျောက်ဆည်မြို့နယ်တရားရုံးတွင် အမှုစစ်ဆေးနေစဉ် သက်သေထွက် ဆိုနေသည့် အမျိုးသမီးအားဓားဖြင့် ထိုးသည့်အမျိုးသားကို ကျောက်ဆည် မြို့နယ်တရားရုံးက တရားရုံးမထီမဲ့ မြင်ပုဒ်မဖြင့် ထပ်ဆင့် အမှု ဖွင့်ထား ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်မြို့နယ် တရားရုံးတွင် စက် တင်ဘာ ၁၅ရက်နေ့တွင်

အထက်တန်းဘာသာသုံးရပ် မြန်မာသာသာဖြင့်သာ သင်တော့မည်

Education
ရန်ကုန် (မဇ္ဈိမ)။ ။ အခြေခံပညာ အထက်တန်းအဆင့်တွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားလျက်ရှိသည့် ဓာတုဗေဒ၊ ရူပ ဗေဒနှင့် သင်္ချာဘာသာရပ်များကို မြန်မာဘာသာသို့ ပြောင်းလဲ သင်ကြားတော့မည်ဟု ပညာရေးမြှင့်တင်မှု ကော်မတီ အကြံပေးအဖွဲ့ဝင် ဦးတင်လှိုင်က ပြောသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အထက (၃) မှ ကျောင်းတက်နေကြသည် ကျောင်းသား၊ ကျောင်းသူကလေး များအား တွေ့ရစဉ်။( ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လာမည့် ပညာသင်နှစ်တွင် ဆယ့်နှစ်တန်း ပညာရေးစနစ်အဖြစ် တိုးမြှင့်သင်ကြားတော့မည်ဖြစ်ရာ အခြေ ခံပညာ ဖွဲ့စည်းပုံပြောင်းလဲချက်အရ ဘာသာတွဲအချို့ကို မြန်မာဘာသာဖြင့် ပြောင်းလဲသင်ကြားစေ ခြင်းဟု လည်း ဦးတင်လှိုင်က ပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခေတ်မီသေနတ်များထုတ်ပေးကာ နယ်စပ်လုံခြုံရေးတိုးမြှင့်

Photo: နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခေတ်မီသေနတ်များထုတ်ပေးကာ နယ်စပ်လုံခြုံရေးတိုးမြှင့်
Saturday, September 20, 2014

မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်ဒါအဖွဲ့က ခြိမ်း ခြောက်ထားချိန်တွင် မောင်တော နယ်စပ်လုံခြုံရေးတိုးမြှင့်ထားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အား အကြမ်းဖက်ချေမှုန်းရေး ခေတ်မီသေနတ်များထုတ်ပေး ထားကာတပ်မတော်(ရေ)မှလည်း စစ်ရေယာဉ်တစ်စီးဖြင့် လုံခြုံ ရေးစောင့်ကြပ်နေကြောင်း သတင်းရရှိသည်။

‘‘နယ်စပ်လုံခြုံရေးက ပြည် သူပါပူးပေါင်းဖို့အရေးပါတယ်။ ဒီဘက်ကလည်း လိုအပ်တဲ့ခေတ် မီလက်နက်တွေတပ်ဆင်ပေး ထားတယ်။ ပိုင်ပိုင်နိုင်နိုင်သုံးနိုင်ဖို့အတွက်လည်း သင်တန်းတွေ လည်းပေးထားတယ်။ တပ်မတော်(ရေ)ကလည်း တာဝန်ယူထား တယ်။ လုံခြုံရေးကိုတော့ အရင် ထက်ပိုတိုးထားတယ်’’ဟု မောင် တောမြို့အခြေစိုက်အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးလက် အောက်ရှိ ဒုတိယရဲမှူးကြီးအဆင့် ရှိ ရဲအရာရှိတစ်ဦးကပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များကို ကိုရီးယားနိုင်ငံထုတ် အကြမ်းဖက်ချေမှုန်းရေးသေ နတ်များဖြစ်သည့် 12 Bore Win- chester Slide Action Shot Gun များတပ်ဆင်ပေးထားပြီး MA-11 ဟုခေါ်သည့်တိုက်ပွဲများတွင်သုံး သည့် အဆင့်မီသေနတ်များလည်း ထုတ်ပေးထားကြောင်း သတင်း ရရှိသည်။ ခေတ်မီသေနတ်များ ထုတ်ပေးထားခြင်းမှာ နယ်စပ် ဒေသလုံခြုံရေးအတွက် အစိတ် အပိုင်းတစ်ရပ်ဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသည့် မောင်တော၊ ဘူးသီးတောင်နယ် စပ်တစ်လျှောက်ကို ဒေသအုပ်စု (၄)စုသတ်မှတ်၍ ဒုတိယရဲမှူးကြီး အဆင့်ရှိသူများကဦးဆောင်၍ လုံ ခြုံရေးဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထို့အပြင် ခြံစည်းရိုးကာရံနိုင် ခြင်းမရှိသေးသောနေရာများတွင် ကင်းစခန်းများတည်ဆောက် ထားပြီး နယ်စပ်တစ်လျှောက် မြန်မာ့ရေပိုင်နက်အတွင်း တပ် မတော်ရေမှ စောင့်ကြည့်ရေး ရေယာဉ်တစ်စီးထားကာ လုံခြုံ ရေးအချိန်ပြည့်စောင့်နေကြောင်း နယ်မြေ (၄)မှ နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးကပြောသည်။

ယခုနှစ် မေလလယ်က မောင်တောနယ်စပ်လုံခြုံရေးရဲ ကင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့ ဝင်လေးဦးသေဆုံးခဲ့သည်။ နှစ်ဦး ဒဏ်ရာရပြီး ပစ်ခတ်မှုများဆက် လက်ဖြစ်ပွားရာ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်အဖွဲ့မှ တစ်ဦးသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များကိုင်သည့်သေ နတ်များမှာ ခေတ်မီမှုမရှိတော့ ကြောင်း ဝေဖန်ခဲ့ကြပြီး ဒုချီး ယားတန်းကျေးရွာတွင်ဖြစ်ပွားခဲ့ သည့်ရဲတပ်ကြပ်ကြီးတစ်ဦး သေ နတ်နှင့်အတူပျောက်ဆုံးသွားခဲ့ သည့်အမှုမှာလည်း ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက်များမရှိခြင်းနှင့် လေ့ကျင့်မှုအားနည်းခြင်းကြောင့် ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေးကသုံးသပ်ထား သည်။

နယ်စပ်လုံခြုံရေးအတွက် တာဝန်ယူသောရဲတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ − မောင်ကံ)
7Day Daily
 မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်ဒါအဖွဲ့က ခြိမ်း ခြောက်ထားချိန်တွင် မောင်တော နယ်စပ်လုံခြုံရေးတိုးမြှင့် ထားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အား အကြမ်းဖက်ချေ မှုန်းရေး ခေတ်မီသေနတ် များ ထုတ်ပေး ထားကာတပ်မတော်(ရေ)မှလည်း စစ်ရေယာဉ်တစ်စီးဖြင့် လုံခြုံ ရေးစောင့်ကြပ်နေကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံတွင် တက္ကသိုလ်ရှိ အိမ်သာပိုက် အတွင်း စွန့်ပစ်ခံထားရသည့် ကလေးငယ်ကို ကယ်ဆယ်

baby
မိလ္လာပိုက် အတွင်း တစ်ဆို့ ကျန်နေသည့် ကလေးငယ်။

တရုတ်နိုင်ငံတွင် တက္ကသိုလ်တစ်ခုရှိ အိမ်သာပိုက် အတွင်းတွင် စွန့်ပစ်ခြင်း ခံထားရသော မွေးကင်းစ ကလေးငယ် တစ်ဦးကို ငိုသံကြား သောကြောင့် အချိန်မီ ကယ်ဆယ် နိုင်ခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြသည်။
ကနဦး ခန့်မှန်းမှုများ အရ တက္ကသိုလ် ကျောင်းသူတစ်ဦးက ကိုယ်ဝန် လွယ်ထားရသည်ကို ဖုံးဖိ ထားကာ ကလေးမီးဖွားချိန်တွင် အိမ်သာတွင်း သွားရောက် မွေး ဖွားပြီး စွန့်ပစ်ထား ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းတွင် ရေးသားထားသည်။ အိမ်သာပိုက်အတွင်း တစ်ဆို့ ကျန်နေရစ်သည့် ကလေးငိုသံကြောင့် ကျောင်းသားများ သိရှိခဲ့ပြီး မီးသတ်ဝန်ထမ်းများ ခေါ်ကာ ကလေးကို ကယ်တင်ခဲ့ရခြင်း ဖြစ်သည်။

မြ၀တီမြို့တွင် မြို့လုံခြုံရေးယာဉ်အား ၀င်တိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ကြံခင်းဘုန်းကြီးကျောင်း အနောက်လမ်းမှ မောင်းတက်လာသော ယာဉ်တစ်စီးမှ လမ်းထိပ်တွင်ရပ်ထားသော မြို့လုံခြုံရေးယာဉ်အား ဝင်တိုက်ပြီးနောက် ပစ်ခတ်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
မြဝတီမြို့ ဘုရင့်နောင်လမ်းကြီး ညဈေးထိပ်တွင် ဆပ်(အနက်ရောင်) ကားတစ်စီးမှ ရပ်ထားသောကားများ တိုက်သွားကြောင်း ည ၁၁ နာရီခွဲအချိန် မြို့လုံခြုံရေးမှ သတင်းရလျှင်ရချင်း ဟန့်တားရန်လိုက်သွားစဉ် ကြံခင်းဘုန်းကြီးကျောင်းအနီး ကြံခင်းလမ်းမပေါ်သို့ မောင်းနှင်လာသောယာဉ်အား ရပ်တန့်ရန်တားမြစ်ရာ တရကြမ်းဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးယာဉ်မှာ လမ်းဘေးယာဘက်သို့ ၁ဝ ပေခန့် လွင့်စဉ်သွားပြီး ယာဘက်ရှေ့ဘီး ပျက်စီးခဲ့သဖြင့် တိုက်ခိုက်လာသောယာဉ်အား လုံခြုံရေးအဖွဲ့မှ ပစ်ခတ်ခဲ့၍ ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါတစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင် ၆ဦး ကြေကွဲဝမ်းနည်းမှုများကြောင့် တုန့်ပြန်စကားပြန်မပြောနိုင်

ခါကာဘိုရာဇီ တောင်ထိပ်ရောက်ပြီး ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးနှင့်အတူ သွားရောက် ခဲ့သည့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တောင်တက်သမား ၆ဦး နှင့်အတူ ပျောက်ဆုံးနေသူ များ၏ မိသားစုဝင်များသည် Aisa Wing လေကြောင်းလိုင်းဖြင့် စက်တင်ဘာ ၁၉ရက် ည ၇နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ခါကာဘိုရာဇီ တောင်တက်ရန် အတူတကွသွားရောက်ခဲ့သည့် သူငယ်ချင်းနှစ်ဦး တောင်ထိပ်မှပြန်အဆင်း အဆက်အသွယ် ပြတ်တောက်ခဲ့မှုကြောင့် ပျောက်ဆုံးနေသည့် သူငယ်ချင်းနှစ်ဦး အတွက် ကြေကွဲ ဝမ်းနည်းခဲ့ရသည့်အခြေအနေများ၊ ပင်ပန်းနွမ်းနယ်မှုများကြောင့်  ပြန်လည်ရောက်ရှိ လာသည့် တောင်တက် သမား ၆ ဦးမှာ မီဒီယာများမေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမပြုနိုင်ခဲ့ပေ။

ခင်သဇင်

Beautiful Myanmar Model " Khin Thazin" in Modern Kachin Dress Fashion. You might like these beautiful photos

အိမ်မွေးခွေးကို မြိုသည့် ၁၇ပေ ရှည်သော မြွေကို ကျောင်းဆရာ တစ်ဦးက နပမ်းလုံး ဖမ်းဆီး

AnacondaWeb
ဖရန့်ဂီနီယာ၊ စက်တင်ဘာ ၁၈။ အနောက် အာဖရိကရှိ ပြင်သစ်ကိုလိုနီဟောင်း ဖြစ်သည့် ဖရန့် ဂီနီယာနိုင်ငံတွင် ကျောင်းဆရာ တစ်ဦးက သူငယ်ချင်း ဖြစ်သူ၏ အိမ်မွေး အချစ်တော်ခွေးကို ဝါးမြို ခဲ့သော ၁၇ ပေ ရှည်သည့် အန်နာကွန်ဒါ မြွေကြီး တစ်ကောင်ကို မြစ်အတွင်းမှ ဖမ်းဆီပြီး သူ့အိမ်ရှိ ရေချိုးခန်း အတွင်း သယ်ဆောင်လာ ခဲ့သည်။

ဆီဘတ်စတိန်း ဘာကော်လက်စ် ဆိုသူ အသက် ၃၉ နှစ်ရှိ သချာင်္ဆရာ တစ်ဦးက ရေ တိမ်သော မြစ် တစ်မြစ် အတွင်း ခွေးကို မြိုခဲ့သည့် အန်နာကွန်ဒါ မြွေကြီးကို တွေ့ရှိပြီးနောက် မြစ်အတွင်း ခုန်ဆင်းကာ

ဒီကေဘီအေအဖွဲ့နှင့် အရပ်သားတို့ ကားတိုက်မှု ဖြစ်ရာမှ အချင်းများပစ်ခတ်၊ တစ်ဦးသေဆုံး

Frontiers-DKBA
ရန်ကုန် (မဇ္ဈိမ)။ ။ မြဝတီမြို့အတွင်း စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ မောင်းနှင်လာသည့် ယာဉ်တစ်စီးနှင့် အရပ်သားပိုင်ကားတို့ တိုက်မိရာမှ အချင်းများခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်။

မြဝတီမြို့နယ် ဆုံစည်းမြိုင်တွင်ပြုလုပ်သည့် DKBA တပ်မတော်နှစ်ပတ်လည်နေ့အား ၂၀၁၃ ဒီဇင်လာ ၂၁ ရက်က လုံခြုံရေးယူထားသည့် DKBA တပ်သားများအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
အဆိုပါဖြစ်စဉ်တွင် သေနတ်ဖြင့်ပစ်ခတ်သည်မှာ မှန်သော်လည်း ကောလာဟလများထွက်ပေါ်နေသည့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဟု DKBA အဖွဲ့ မြဝတီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစောစိုး မြင့်က ပြောသည်။

ဂီနီရာတွင် အီဘိုလာဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တစ်ဖွဲ့ကို ရွာသားများက သတ်ဖြတ်

ဂီနီရာ နိုင်ငံတွင် အီဘိုလာ ကူးစက်မှုကို လူအများ သတိပြုမိစေရန် လိုက်လံဆော်ဩနေသည့် ကျန်းမာရေး စောင့်ရှောက်မှု စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုကို အထင်အမြင် လွဲနေသည့် ရွာသားများက သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆရာဝန်များနှင့် သတင်းထောက်များ ပါရှိသော အဖွဲ့သည် စက်တင်ဘာ (၁၆)ရက်က နိုင်ငံတောင်ပိုင်း အန်ဇာရီကိုရီ ရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် လူစုကွဲကာ ပျောက်ဆုံးသွားခဲ့သည်။ ယင်းတို့အနက် သတင်းထောက် တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး အာဏာပိုင်များထံ အသိပေးခဲ့သည်။ သူမအနေဖြင့် ပုန်းအောင်းနေစဉ် အတောအတွင်း ရွာသားများက ဒေါသတကြီး လိုက်လံရှာဖွေနေသော အသံများကို ကြားခဲ့ကြောင်းလည်း သတင်းထောက်က ဆိုသည်။

Friday, September 19, 2014

ဥပဒေရေးရာကိစ္စများ တိုင်းအင်န်ဒီအက်ဖ်ရုံးတွင် လာရောက် အကူအညီတောင်း ခံနိုင်

မန္တလေးတိုင်းအင်န်ဒီ အက်ဖ်ပါတီရုံးခန်းသို့ ဥပဒေဆိုင်ရာ အကူအညီများ လာရောက် တောင်းခံပါက အခမဲ့လိုက်လံကူ ညီပေးသွား မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ရွှေစင်

Shwe Zin with myanmar traditional dress

သရုပ်ဆောင်ရဲတိုက် ပုဒ်မနှစ်ခုအတွက်ထောင်ဒဏ်တစ်နှစ်စီချမှတ်ခံရ

၂၀၁၅ ကို မှန်မှန်ကန်ကန် ဖြတ်သန်းပါက ပြည်သူလိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ဒေါ်စုပြော

Aung-San-Su-Kyi
ပြည်သူ့လွတ်တော်အစည်းအဝေးသို့ ရောက်ရှိသည့် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
နေပြည်တော် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ဖြတ်သန်းနိုင်ပါက ပြည်သူများ လိုချင်သည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဟု အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
၎င်းက “၂၀၁၅ ကို မှန်မှန်ကန်ကန်နဲ့ သွားမယ်ဆိုရင် ကျွန်မတို့ပြည်သူတွေလိုချင်တဲ့ ပြည်ထောင်စုတစ် ခုတည် ဆောက်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်ပါမယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါ တယ်” ဟု ပြောသည်

တာချီလိတ်၌ တစ်လအတွင်း ဒုတိယ အကြိမ်မြောက် ရေကြီးရေလျှံသည့်အတွက် ကယ်ဆယ်ရေးများ ပူးပေါင်းဆောင်ရွက်

ကလေးနည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း၍ ကျောင်းသား၊ ကျောင်းသူများ ဆန္ဒပြ


ကလေးမြို့ နည်းပညာ တက္ကသိုလ်တွင် စာမေးပွဲအဖြေ လွှာများ ပျောက်ဆုံးသွားသော ကြောင့် ယင်းတက္ကသိုလ်မှလက် ထောက်ညွှန်ကြားရေးမှူးက ရဲစ ခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဖြေလွှာများမှာ စက်တင် ဘာ ၁၇ ရက်က ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ကလေးမြို့ နည်းပညာ တက္ကသိုလ် လက်ထောက်ညွှန် ကြားရေးမှူး ဦးညီညီထွန်းက တရားလိုပြုလုပ် တိုင်ကြားခဲ့ ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးက အတည်ပြုသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာမရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Friday, September 19, 2014

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ မရှိနိုင်ကြောင်း အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“အခု ကျွန်မတို့ ၂ဝ၁၅ ကျရင် ရွေးကောက်ပွဲရှိတယ်ဆိုတာ အားလုံးသိကြတာပဲ။ ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးအရ ဒီမိုကရေစီလိုချင်ရင် မဖြစ်မနေဖြတ်သန်းရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။ ဒီတစ်ခုတည်းရှိရုံနဲ့ ဒီမိုကရေစီရတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတွေမရှိဘဲနဲ့တော့ ဒီမိုကရေစီဆိုတာ မရှိနိုင်ဘူး။ ဒါရှိရုံနဲ့ မပြီးနိုင်ဘူး။ တခြားဟာတွေ အများကြီးလိုအပ်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စပြီး ထူထောင်စဉ်က တိုင်းရင်းသားအားလုံးပါဝင်သည့် အဖွဲ့ချုပ်ဖြစ်ကြောင်း၊ ဗမာပါတီမဟုတ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံးပါသည့် ပါတီဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
 
“ပြည်ထောင်စုဆိုတာ တိုင်းရင်းသားအားလုံးကို ကျွန်မတို့ကနေပြီးတော့ တန်းတူညီတူအဖွဲ့ဝင်တွေအနေနဲ့ ကြိုဆိုလက်ခံပြီးတော့ အတူလုပ်နေတဲ့ ပါတီဖြစ်ပါတယ်။အဲဒါကြောင့်မိုလို့ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခုအနေနဲ့ ဖြစ်သွားအောင်လို့ ကျွန်မတို့ အများကြီးအထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
 
ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က “ကရင်ပြည်နယ်ဆိုပေမယ့် အခြားတိုင်းရင်းသားလူမျိုးစုတွေရှိတယ်ဆိုတာ ကျွန်မ မမေ့ပါဘူး။ ကရင်လူမျိုးတွေသာ မဟုတ်ပါဘူး။ အခြားတိုင်းရင်းသား လူမျိုးစုတွေရှိပါတယ်။ နောက်ရွာလေး သေးသေးလေးတွေရောက်တဲ့အခါမှာ နွေးနွေးထွးထွေး ကြိုဆိုတာကတစ်ပိုင်းပေါ့။နောက်တစ်ပိုင်းက နိုင်ငံရေး နိုးကြားတက်ကြွမှုရှိတယ်ဆိုတာ တွေ့ခဲ့ရတယ်”ဟု ပြောကြားသည်။
 
ပြည်သူတွေသည် နိုင်ငံရေးအရ တက်ကြွမှ တကယ့်ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ကြောင်း၊ ဒီမိုကရေစီဆိုတာ ပြည်သူများ၏ အုပ်ချုပ်မှုဖြစ်ကြောင်း၊ ပြည်သူများက အုပ်ချုပ်သည့်သူဖြစ်ချင်ဖြစ်ပါက ကိုယ့်မှာ အရည်အချင်းရှိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
“အဲဒါကြောင့် ကျွန်မတို့ တိုင်းရင်းသားတွေက ဝိုင်းဝန်းပြီးတော့ ကြိုးစားကြပါ။အဲဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့အဖွဲ့ဝင်တွေဟာ ဒီမိုကရေစီအခွင့်အရေးတွေကို လိုချင်တာနဲ့အမျှ ဒီမိုကရေစီတာဝန်တွေကို ကျေပွန်ဖို့လိုတယ်ဆိုတာကို ခဏခဏပြောပါတယ်။အဲဒါကို ပြည်သူတွေနားလည်ရမယ်။ ကိုယ်လိုချင်တဲ့အခွင့်အရေးတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် ရယူနိုင်ဖို့အတွက်က ကိုယ်က တာဝန်ကျေတဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အဖွဲ့ချုပ်က အားလုံးကြိုးစားကြပါ။ ကြိုးစားပြီးတော့ ၂ဝ၁၅ ကို မှန်မှန်ကန်ကန်နဲ့ ဖြတ်သန်းသွားလို့ရှိရင် ကျွန်မတို့ပြည်သူတွေလိုချင်တဲ့ ပြည်ထောင်စုတစ်ခုကို တည်ဆောက်ရေးအတွက် အများကြီးအထောက်အကူဖြစ်ပါမယ်”ဟု ဆိုသည်။
 
လွှတ်တော်သို့ လာရောက်လေ့လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူ ကရင်တိုင်းရင်းသား ဦးစောစံမင်းက “ကရင်ပြည်နယ် မြို့နယ်အများအပြားကလာ တွေ့ တာ။ လာပြီးတက်ရောက်တာက လွှတ်တော်ဆွေးနွေးပုံကို လေ့လာတဲ့သဘောပေါ့။ လူဦးရေ ၂၅ဝ လောက်ရှိတယ်။ ကရင်၊ မွန်၊ ပအို့ဝ်တိုင်းရင်းသားတွေ ပါတယ်”ဟု ပြောကြားသည်။
 
“ကျွန်မတို့အဖွဲ့ချုပ်ဝင်များဟာ စပြီးထူထောင်ခဲ့တုန်းက ကျွန်မတို့ အမြဲပဲ လက်ဆုပ်ကိုင်ခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့လို့ ကျွန်မသတိပေးပါရစေ။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ အားလုံးကျွန်မတို့ရဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေပြောရမယ်။ ပြည်ထောင်စုသားအားလုံး လူမျိုးမရွေး၊ ကိုးကွယ်တဲ့ဘာသာမရွေး ပြောဆိုတဲ့ ဘာသာစကားမရွေး၊ ကိုယ်မွေးဖွားလာတဲ့ နေရာဒေသမရွေး  အားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက်  နားလည်မှုရှိပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်လေးစားပြီးတော့ အပြန်အလှန် ကူညီရိုင်းပင်းချင်တဲ့စိတ်တွေကို မွေးကြပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စက်တင်ဘာ ၁၈ ရက်က နေပြည်တော်လွှတ်တော်အဆောက်အအုံတွင် NLD ပါတီဝင်များနှင့် တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Eleven Media Group
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမရှိပါက ဒီမိုကရေစီဆိုတာ မရှိနိုင်ကြောင်း အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ၁၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ရသည့် ဘင်္ဂါလီများ ကတိပြုကျမ်းကျိန်မည်

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး တစ်ထောင်ကျော်ရှိသည့်အနက် အစိုးရက နှစ်ရာကျော်ကို နိုင်ငံ သားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် ပေး လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံ သားပြုခွင့်ပေးလိုက်သည့် ဘင်္ဂါ လီ ၂၀၉ ဦးကို စက်တင်ဘာ ၂၂ ရက်တွင် ကတိပြုကျမ်းကျိန်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ကြေညာ

Photo: အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ကြေညာ
Friday, September 19, 2014

အတုအပပြုလုပ်ခြင်းမှကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ်က စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။
 
 ၂ဝဝ၉ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သော ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေရေး၊ အရည်အသွေးပိုမိုကောင်းမွန်စေရန် အသုံးပြု နိုင်မှုသက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးကြိုးပုံစံအသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ ၏မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ထားသည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူကို ထုတ်ဝေမည်ဟု ကြေညာချက်တွင် ပါရှိသည်။
 
မူလ ကျပ် ၅ဝဝဝ တန်ငွေစက္ကူ၏ မျက်နှာစာတွင် ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက်ဆစ်ပိုင်းပြီး မြှုပ်နှံထားသော လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက်အဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်းထားမည်ဖြစ်ကြောင်း၊ လုံခြုံရေးကြိုးအသစ်သည် ယခင် လုံခြုံရေးကြိုးအဟောင်းထက် အရွယ်အစားပိုမိုကြီး၍ အရောင်လည်း ပြောင်းလဲနိုင်ပြီး ငွေစက္ကူကို ကြည့်သည့်အနေအထားပေါ်မူတည်၍ ကြိုး၏ အရောင်သည် ရွှေဝါရောင်မှ အစိမ်းရောင်းသို့ ပြောင်းလဲနိုင်ကြောင်း၊ ငွေစက္ကူ ၏ မျက်နှာစာဘက် လက်ယာဘက်အပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင် ဖြူတော်ပုံရေစာပါရှိပြီး  ငွေစက္ကူကိုဖုံးအုပ်ထားသည့် ဗားနစ်(Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်းနိုင်သည့်အရာများကြောင့် ငွေစက္ကူ၏ အရောင်းအသွေးနိမ့်ကျ၍ ပျက်စီးခြင်းကို ကာကွယ်နိုင်ကြောင်းကြေညာချက်တွင် ပါရှိသည်။
 
ယခုထုတ်ဝေမည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ ငွေစက္ကူအရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အရောင်သတ်မှတ်ချက်များမှာ မူလ ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတိုင်းဖြစ်ကြောင်းနှင့် လက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသော ကျပ် ၅ဝဝဝ တန်ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ဗဟိုဘဏ်က ကြေညာခဲ့သည်။
 
ကျပ် ၅ဝဝဝ တန်ငွေစက္ကူ အတုများ နှင့် ကျပ် ၁ဝဝဝဝ တန်ငွေစက္ကူအတုများလည်း ပျံ့နှံ့ခဲ့ကြောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျပ် ၁ဝဝဝဝ တန်ငွေစက္ကူအတု ရှစ်ရွက်နှင့် ထုတ်လုပ်သည့် ကာလာပရင်တာများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ယင်းသို့ ငွေစက္ကူအတုများ ပျံ့နှံ့ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ကျပ် ၅ဝဝဝ တန်ငွေစက္ကူအား အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ငွေစက္ကူအသစ်များ ထုတ်ဝေမည်ဟု ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

အသစ်ထုတ်ဝေမည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူပုံစံအား တွေ့ရစဉ်(ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်)
Eleven Media Group
အတုအပပြုလုပ်ခြင်းမှကာကွယ်ရန် အရည်အသွေးပိုကောင်းသည့် ကျပ် ၅ဝဝဝ တန်ငွေ စက္ကူများကို အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ်က စက်တင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။

၂ဝဝ၉ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ထုတ်ဝေခဲ့သော ကျပ် ၅ဝဝဝ တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေရေး၊ အရည်အသွေးပိုမိုကောင်းမွန်စေရန် အသုံးပြု နိုင်မှုသက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးကြိုးပုံစံအသစ်၊ ရေစာ အသစ်နှင့် ငွေစက္ကူ ၏မျက်နှာပြင်နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ထားသည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူကို ထုတ်ဝေမည်ဟု ကြေညာချက်တွင် ပါရှိသည်။

Thursday, September 18, 2014

တွတ်ရသည်ဟုဆိုပြီး ငွေနှစ်သိန်းပေးသွားသည့် ထီလက်မှတ် ဆယ်သိန်းပေါက်သည့်ထီလက်မှတ်ဖြစ်နေ

ထီသုံးစောင်ထိုးရာ တစ်စောင် က တွတ်နှစ်သိန်းဝင်ကြောင်း ထီ ရောင်းသမားကိုယ်တိုင် ရွာသို့ လာ ရောက်ပြီး ဇွတ်အတင်းဝယ်ရာ ဝယ်သူ ပြန်မှ နှစ်သိန်းတွင် ၅ဝဝဝဝခန့်လျော့ နေသဖြင့် ထီဆိုင်သွားစုံစမ်းရာမှ တွတ် ဝင်ခြင်းမဟုတ်ဘဲ ၁ဝ သိန်းဆုပေါက် နေသဖြင့် ထီဆိုင်ပိုင်ရှင်က ပြဿ နာ ပြေလည်အောင် ဖြေရှင်းပေးလိုက်ရ သည့် ဖြစ်ရပ်တစ်ခု မကွေးမြို့ နတ် ကန်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ကယ်လ်မေဂီမုန်တိုင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ဝင်ရောက်လာနိုင်

ကယ်လ်မေဂီမုန်တိုင်းသည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ယနေ့ နံနက်တွင် မြန်မာနိုင်ငံသို့ ၀င်ရောက် လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားပြီး ဘင်္ဂလားပင် လယ်အော်၌ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအလွန်ကောင်းနေသည်။

တောင်တရုတ်ပင်လယ်မှ နိုင်ငံတကာအမည်တပ် (Kalm-aegi) ကယ်လ်မေဂီမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဟိုင်နန်ကျွန်းကို ဖြတ်ပြီး အားအနည်းငယ်လျော့သွားကာ ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက်အစောပိုင်းတွင် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံဘက်သို့ ၀င်ရောက် လာနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။

ပုဒ်မများပြင်ပေးရန် ဦးဆန်းဆင့်လျှောက်ထားမှု မန္တလေးတိုင်းတရားရုံးတွင် ကြားနာမည်

သာသနာရေးဝန်ကြီး ဟောင်း  ဦးဆန်းဆင့်ကို နိုင်ငံ တော် အကြည်ညိုပျက်စေမှုနှင့် ယုံကြည်အပ်နှံအလွဲသုံးစားမှု ပုဒ်မများဖြင့် နေပြည်တော်ဒက္ခိဏ သီရိခရိုင်တရားရုံးက စွဲချက်တင်မှုကို ပြင်ဆင်ပေးရန်  မန္တလေးတိုင်း တရားရုံးတွင် လျှောက်ထားမှုကို အောက်တိုဘာ ၁၀ ရက်တွင် ကြားနာစစ်ဆေးမည်ဟု သတင်းရရှိသည်။
ဦးဆန်းဆင့်အား (၁၃)ကြိမ် မြောက်ရုံးချိန်းတွင် ပုဒ်မနှစ်ခု အတွက် တရားရုံးကစွဲချက်တင် လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ စွဲချက်တင်လိုက်ခြင်းအတွက် ဦးဆန်းဆင့်၏ရှေ့နေနှင့် တရားလိုပြရှေ့နေများက စွဲချက်မတင်ရန် လျှောက်ထားခဲ့သော်လည်း ဒက္ခိ ဏသီရိခရိုင်တရားရုံးက ပယ်ချ လိုက်သည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာမတွေ့လည်း လူထုကိုပြန်တောင်းပန်ရန် အစီအစဉ်မရှိဟုဆို

ဓမ္မစေတီခေါင်းလောင်းဆယ် ယူရေးအဖွဲ့အနေဖြင့် လူထုကိုကတိ ပေးထားသည့် ခေါင်းလောင်းကို ကုန်း ပေါ်သို့ ဆယ်ယူနိုင်ခြင်းမရှိပါက ¤င်း တို့အဖွဲ့အနေဖြင့် လူထုကို တောင်း ပန်သွားရန် အစီအစဉ်မရှိကြောင်းကို ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံဦးကြည် ဝင်းက စက်တင်ဘာ ၁၄ရက်က သန် လျင်မြို့နယ် နတ်စင်တစ်ရာဘုန်းတော် ကြီးကျောင်း၌ ပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောကြားခဲ့သည်။

အထိုင်များ သူတို့ အတွက် အသက်ကယ်ဆေး ငါးမိနစ်

Photo: အထိုင်များ သူတို့ အတွက် အသက်ကယ်ဆေး ငါးမိနစ်

ယနေ့လူသား အများစုအဖို့ ရုံးမှာ ရှစ်နာရီကြာ ကွန်ပျူတာ ရှေ့ထိုင်၊ အိမ်ရောက် တော့လည်း တီဗီရှေ့ထိုင်၊ ဖုန်းကိုင်ကာ မလှုပ်မရှား နေကြသည့် အချိန်က များလာသည်။

ယနေ့လို စမတ် ဖုန်းခေတ်၊ အင်တာနက် ခေတ်ကြီးမျာ လူသားတွေ အလုပ်များစွာကို ထိုင်ရာမထ လုပ်နိုင်လာကြရာ လူ့အဖွဲ့အစည်း သည်လည်း အထိုင်များသည့် လူမှုပုံစံကို ကျင့်သုံးမိမှန်း မသိ ကျင့်သုံးမိ လာကြသည်။ အထိုင်များခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေကြောင်း လေ့လာမှု စစ်တမ်း များစွာက ထောက်ပြ ထားကြပြီ။ သို့သော် စိတ်ပူရန်တော့ မရှိ။ ဖြေဆေး ရှိနေပြီ။ အထိုင်များ သူများ လမ်းကြာ ကြာလျှောက် လေ့ကျင့်ခန်း မလုပ်နိုင်လို့ စိတ်ပျက်ရန် မလို။ အားကစား နှင့် ဆေးပညာ သိပ္ပံဆိုင်ရာ အကြောင်း အရာများ ဖော်ပြနေသော Medicine & Science in Sports & Exercise ဂျာနယ်တွင် ဖော်ပြ ထားသော သုတေသန တစ်ရပ်အရ အထိုင်များ သူများပင် တစ်နာရီလျှင် ငါးမိနစ်ခန့် လမ်းကလေး လျှောက်ပေး လိုက်ရုံနဲ့ ထိုင်ခြင်း၏ ကျန်းမာရေး ဆိုးကျိုးများကို ချေဖျက်ပစ် လိုက်နိုင်ကြောင်း သိရသည်။ အကြောင်း မည်သို့ ရှိသနည်း။

ခုံမှာ အသေ ထိုင်နေသည့် အခါ အောက်ပိုင်း ကြွက်သားများက ငြိမ်နေသည်။ ထိုအခါ နှလုံးကို သွေး လုံလောက်စွာ ရောက်ရှိအောင် တွန်းမပေးနိုင်။ မလှုပ်ရှားသော ခြေထောက် ကြွက်သားများသည် နှလုံးမှ တွန်းလွှတ် လိုက်သော သွေး များလာသည့် အခါ သွေးကြောများ ချဲ့ထွက်နိုင် စွမ်းလည်း လျော့သွားသဖြင့် အောက်ပိုင်းသို့ သွေးအပြည့် မဆင်းနိုင်ဘဲ
သွေးအိုင်မှု ဖြစ်ပွားသည်။ နှလုံးမှ လာသော သွေးများကို အပြည့်အ၀ လက်ခံ လည်ပတ် နိုင်စွမ်း မရှိတော့ သလို၊ နှလုံးဆီသို့ ပြန်တွန်း လွှတ်ပေး ရမည့် သွေးများကိုလည်း ပြည့်ဝစွာ တွန်းလွှတ် မပေးနိုင်ခြင်းကို
သွေးအိုင် လာခြင်းဟု ခေါ်သည်။ ထိုင်ပါများရင် ခြေထောက်တွေ
လေးပြီး သွေးလေး လာသည်ဟု ခေါ်ကြခြင်းသည် ထိုဖြစ်စဉ် ဖြစ်သည်။

ခန္ဓာအောက်ပိုင်း သွေးစီးဆင်းမှု နှေးသွားခြင်းကြောင့် သွေးထဲက ဖက်တီး အက်ဆစ်များ သွေးကြောတွေထဲ ပုံလာသည်။ နှလုံး သွေးကြောများ ထဲမှာလည်း ပုံလာသည်။ ပုံလာသော အက်ဆစ်များ ပိတ်ဆို့မှုကြောင့် ဦးနှောက်သို့ အောက်ဆီဂျင် နှင့် အာဟာရ ဓာတ်များကို သွေးကြောများမှ တစ်ဆင့် ပေးပို့ရာတွင်ပါ အဟန့် အတား ဖြစ်လာသည်။ ထိုင်ပါများ သည့်အခါ လူက လေးကန်လာကာ ခေါင်းမကြည် ခြင်းသည် အထက်ပါ ဖြစ်စဉ်ကြောင့် ဖြစ်သည်။

““လမ်းထ လျှောက်လိုက်တဲ့ အခါ ကြွက်သားတွေ ရှုံ့နိုင် ဆန့်နိုင် ပြန်ဖြစ်သွားပြီး အ၀င် သွေးကိုလည်း ပိုလက်ခံ နိုင်လာတယ်၊ အထွက် သွေးကိုလည်း ပိုတွန်းလွှတ် ပေးနိုင်လာတဲ့ အတွက် သွေး လည်ပတ်မှု ပုံမှန် ပြန်ရောက်တယ်”” ဟု လေ့လာမှု စစ်တမ်း ပြုလုပ်ခဲ့သော အမေရိကန် နိုင်ငံ အော်ရီဂွန်ပြည်နယ် ကျန်းမာရေးနှင့် သိပ္ပံတက္ကသိုလ်မှ ပါရဂူ ဘွဲ့ကြိုကျောင်းသူ ဆာရာသိုဆာက
ပြောသည်။ ထိုင်လုပ်ရတာ များသူများ အနေဖြင့် တစ်နာရီခြား တစ်ခါ ငါးမိနစ်လောက် လမ်းထ လျှောက်ခြင်းဖြင့် အကျိုးမည်သို့ ရနိုင်သနည်းကို မစ္စသိုဆာ နှင့်အဖွဲ့က လက်တွေ့သုတေသန ပြုခဲ့သည်။

အသက် (၂၀) မှ (၃၅) နှစ် ကြား သာမန် ကိုယ်လုံး ကိုယ်ထည် ရှိသူ (၁၂) ဦး၏ အကူအညီဖြင့် သုတေသန ပြုသည်။ ထို (၁၂) ဦးကို ပထမ အကြိမ် စမ်းသပ်မှုတွင် သုံး နာရီ ဆက်တိုက် မလှုပ်မရှား ထိုင်စေသည်။ ထိုသုံးနာရီ အတွင်း တစ်နာရီခြား တိုင်းမှာ ထိုလူများ၏ ခန္ဓာ အောက်ပိုင်း (အထူးသဖြင့် ခြေထောက်) သွေးကြောများ အလုပ် လုပ်ပုံကို သွေးပေါင်ချိန် ကိရိယာများ၊ အာထရာဆောင်းများ သုံးကာ မှတ်တမ်းတင်သည်။

ဒုတိယမြောက် စမ်းသပ်မှုတွင် သုံးနာရီ အတွင်း တစ်နာရီခြား တိုင်းမှာ ငါးမိနစ် ထပြီး ပုံမှန်လေး လမ်းလျှောက် စေသည်။ သွေးကြောများ အလုပ် လုပ်ပုံကိုလည်း မှတ်တမ်း တင်ထားသည်။ စစ်တမ်း ပြီးဆုံး၍ ရလဒ်ကို
နှိုင်းယှဉ်ကြည့်သည့် အခါ သုံးနာရီ ဆက်တိုက် မလှုပ်မရှား ထိုင်သူများ၏ ခန္ဓာအောက်ပိုင်း (အထူးသဖြင့် ခြေထောက်) သွေးကြော များသည် ပုံမှန် လှုပ်ရှားနေသူ တစ်ယောက်ထက် (၅၀) ရာခိုင်နှုန်း နီးပါးချိနဲ့ကာ အလုပ် လုပ်နိုင်စွမ်း ကျဆင်း သွားကြောင်း တွေ့ရသည်။

သို့သော် အားတက်စရာ တစ်ချက်မှာ တစ်နာရီလုံး မလှုပ်မရှား ထိုင်နေပြီးနောက် ငါးမိနစ် ထလမ်း လျှောက်သူများသည် သွေးကြောများ စွမ်းဆောင်ရည် မကျဘဲ ပုံမှန် လှုပ်ရှားသူ နှင့် တန်းတူ နီးပါးရှိကြောင်း
တွေ့ခဲ့ရသည်။ တစ်နာရီ ထိုင်ပြီးတိုင်း ငါးမိနစ်လောက် လမ်းလေး ထလျှောက် လိုက်ခြင်း၏ အကျိုးကိုစစ်တမ်းက ကောင်းကောင်း ပြလိုက်ခြင်း ဖြစ်သည်။
သွေးကြော နှင့် ကြွက်သားများကို မကြာမကြာ အလုပ်ပေးခြင်း၏ အကျိုးဖြစ်သည်။

ကြာကြာ ထိုင်လုပ်ရသူများ အဖို့ တစ်နာရီခြား တစ်ခါ ငါးမိနစ်လောက် ထလျှောက်ခြင်း သည် တစ်နေကုန် ထိုင်နေပြီး ညနေ ရုံးဆင်းမှ ကျန်းမာရေး လေ့ကျင့်ခြင်း ထက်ပင် ပိုအကျိုး ကျေးဇူးများ ကြောင်းလည်း အခြား စစ်တမ်း တစ်ရပ်က ထောက်ပြ ထားသည်။ Mayo Clinic Proceedings ဂျာနယ်တွင် ဖော်ပြထားသော သုတေသန တစ်ရပ်အရ တစ်နေ့ ခြောက်နာရီ အလုပ် ထိုင်လုပ်ပြီး ညနေကျမှ တစ်နာရီလောက် လေ့ကျင့်ခန်း လုပ်ခြင်းထက် တစ်နာရီခြား တစ်ခါ ငါးမိနစ်လောက် လမ်းထ လျှောက်ခြင်းသည် ထိုင်ခြင်းကြောင့် ခန္ဓာကိုယ်ပေါ် သက်ရောက်သည့် ဆိုးကျိုးများကို ပိုချေဖျက် ပေးနိုင်စွမ်း ရှိကြောင်း တွေ့ခဲ့ရသည်။

သို့ဖြစ်ရာ ရုံးမှာ ထိုင်လုပ်ရတာ များသူများ အနေဖြင့် တစ်နာရီခြား တစ်ခါလောက် ရေထ သောက်ရင်း လမ်းလေး လျှောက်ခြင်း၊ ဖုန်း ပြောရင် မတ်တပ်ရပ်ပြီး လမ်းလျှောက် ပြောခြင်းမျိုး ပြုခြင်းသည် ညနေကျမှ ကျန်းမာရေး လေ့ကျင့်ခန်း လုပ်ယူခြင်း ထက် ပိုထိ ရောက်သည်ကို မမေ့ဖို့ စစ်တမ်းက အကြံပြု ထားသည်။ လမ်းလျှောက်ဖို့ အခက်အခဲ ရှိသော ရုံးခန်းများတွင် ကိုယ့်စားပွဲမှာပဲ မကြာ မကြာ မတ်တပ် ထရပ် ပေးခြင်းသည်ပင် ခန္ဓာအောက် ပိုင်း သွေးကြောများ လည်ပတ်မှု အားကောင်း နေအောင် ကူပေးခြင်း မည်ကြောင်း စစ်တမ်းက လမ်းညွှန် ထားသည်။

Messenger
ယနေ့လူသား အများစုအဖို့ ရုံးမှာ ရှစ်နာရီကြာ ကွန်ပျူတာ ရှေ့ထိုင်၊ အိမ်ရောက် တော့လည်း တီဗီရှေ့ထိုင်၊ ဖုန်းကိုင်ကာ မလှုပ်မရှား နေကြသည့် အချိန်က များလာသည်။

ယနေ့လို စမတ် ဖုန်းခေတ်၊ အင်တာနက် ခေတ်ကြီးမျာ လူသားတွေ အလုပ်များစွာကို ထိုင်ရာမထ လုပ်နိုင်လာကြရာ လူ့အဖွဲ့အစည်း သည်လည်း အထိုင်များသည့် လူမှုပုံစံကို ကျင့်သုံးမိမှန်း မသိ ကျင့်သုံးမိ လာကြသည်။ အထိုင်များခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေကြောင်း လေ့လာမှု စစ်တမ်း

တယ်လီနောဆင်းမ်ကတ် အောက်တိုဘာ ၅ ရက် မတိုင်မီ ထွက်မည်ဟုဆို တစ်မိနစ်ခေါ်ဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်ဖြစ်


တယ်လီနော မိုဘိုင်းဆင်းမ်ကတ်များကို မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၅ ရက် မတိုင်မီ စတင်ရောင်းချမည်ဖြစ် ပြီး မည်သည့်ကွန်ရက်ဖြင့် ဆက် သွယ်ပြောဆိုသည်ဖြစ်စေ တစ်မိနစ်ပြောဆိုခ ၂၅ ကျပ်ထက် လျော့နည်းမည်Telenor Myan-mar မှ သတင်းရရှိသည်။
တယ်လီနော ဆင်းမ်ကတ် များကို ယခုလမကုန်မီ စတင် ရောင်းချပေးမည်ဖြစ်ပြီး တယ်လီ နော အချင်းချင်းခေါ်ဆိုလျှင် တစ် မိနစ် ၁၅ ကျပ်နှင့် MPT၊ Ooredooစသည့်အခြားကွန်ရက်များသို့ ဖုန်းခေါ်ဆိုမည်ဆိုလျှင် တစ်မိနစ် ၂၅ ကျပ်ကျသင့်မည်ဟု ပြင်ပတွင် ကျယ်ကျယ်ပြန့်ပြန့်သတင်းများ ထွက်ပေါ်နေသည်။

ဘင်္ဂါလီလူမျိုး ၄ဝကို နိုင်ငံသားဖြစ်ခွင့် ပြုလိုက်ပြီ

ရန်ကုန်၊ ရခိုင်ပြည်နယ်မြေပုံ မြို့နယ်တွင် နိုင်ငံသား ပြုခွင့်လျှောက်ထားသူ ဘင်္ဂါလီလူမျိုး ၁ဝဝဝ ကျော် ထဲမှ ဗဟိုအဖွဲ့က စိစစ်ပြီးသည့် ဘင်္ဂါလီလူမျိုး ၄ဝ ကို နိုင်ငံသားဖြစ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ သိရသည်။

ရန်ကုန်ကို ယနေ့မှစ၍ လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်ပေးမည်ဟုဆို

Photo: ရန်ကုန်ကို ယနေ့မှစ၍ လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်ပေးမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၇

လျှပ်စစ်ကေဘယ်လ်ကြိုးများ ပြတ်တောက်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုများ ကြုံတွေ့နေရသော ရန်ကုန်မြို့တော်ကို စက်တင်ဘာလ ၁၈ ရက် (ယနေ့) မှစပြီး လျှပ်စစ်မီး ပုံမှန်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

ကေဘယ်လိုင်း ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးပါက ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည် ဖြစ်ကြောင်း ၎င်းက စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြေကြားခြင်း ဖြစ်သည်။

“မီးရထား ဟိုတယ်နောက်မှာ ဓာတ်အားခွဲရုံ ရှိတယ်။ အလုံကနေ အဲဒီကို တိုက်ရိုက်ဝင်တဲ့ မိန်းကြိုး ပေါက်သွားတော့ အခြားခွဲရုံတွေကနေ တစ်ဆင့် ဝင်လာပြီး မျှသုံးတဲ့ကြိုးနဲ့ ပေးနေရတယ်။ ဝပ်မနိုင်ဘူး။ လူစောင့်ပြီး နှစ်နာရီကြား တစ်ခါ ပေးနေရတယ်။ အခုလည်း ကေဘယ် ပေါက်တဲ့နေရာကို ပြင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ကေဘယ်လိုင်း ပြတ်တောက်မှုအတွက် ကမ်းနားလမ်း၊ နှင်းဆီကုန်းလမ်းတို့ရှိ ကေဘယ်ကြိုးများကို ပြင်ဆင်မှုများ ပြုလုပ်နေလျက် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

“ကေဘယ်က တစ်နေရာမှာ ပေါက်တယ် ပြင်တယ်။ နောက်တစ်နေရာ ထပ်ပေါက်တယ် ပြင်တယ်။ သုံးကြိမ်ရှိသွားပြီ။ ပြည်သူတွေ အတွက်တော့ နှစ်နာရီကြား တစ်ခါ သတ်မှတ်ပေးထားတဲ့ စီမံချက်အတိုင်း မီးပေးမယ်။ ပြင်ပြီးရင်တော့ တန်းရမှာပါ” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

ကေဘယ်လိုင်း ပြတ်တောက်သည့် အတွက် ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က ထုတ်ပြန်ထားသည်။

ကျောက်ဆည်မြို့ ဇင်းနစ် ဓာတ်အားခွဲ စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း မြို့နယ်အများစုတွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။ 
 လျှပ်စစ်ကေဘယ်လ်ကြိုးများ ပြတ်တောက်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ လျှပ်စစ်မီး မကြာခဏ ပြတ်တောက် မှုများ ကြုံတွေ့နေရသော ရန်ကုန်မြို့တော်ကို စက်တင်ဘာလ ၁၈ ရက် (ယနေ့) မှစပြီး လျှပ်စစ်မီး ပုံမှန်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

ကေဘယ်လိုင်း ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးပါက ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည် ဖြစ်ကြောင်း ၎င်းက စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြေကြားခြင်း ဖြစ်သည်။