မြန်မာနိုင်ငံနှင့် သင့်လျော်ရွေးကောက်ပွဲ စနစ်တစ်ခု လေ့လာသုံးသပ်ရန် ရည်ရွယ် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်က နိုင်သူအကုန်ယူ FPTP စနစ်နှင့် အချိုးကျ ကိုယ်စားပြု PR စနစ်နှစ်မျိုး ပေါင်းထားသော ရွေးကောက်ပွဲစနစ် ကျင့်သုံးရန် ပြည်သူ့လွှတ်တော်သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောကြားသည်။
Wednesday, October 22, 2014
အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အီဘိုလာဗိုင်းရပ်စ် စစ်ဆေးမှုများ တိုးချဲ့မည်

အာဖရိကနိုင်ငံများမှတစ်ဆင့် နိုင်ငံတကာသို့ အဆင့်ဆင့် ပျံ့နှံ့လာပြီ ဖြစ်သော အီဘိုလာ ဗိုင်းရပ်စ်ကို ကာကွယ်ရန် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးလေးခုတွင် စစ်ဆေးရေး လုပ်ငန်းများ တိုးချဲ့သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက The Voice သို့ ပြောကြားသည်။
စကားပြန် ကိုကမာကို တရားစွဲဖို့ မြန်မာ ၂ ဦးတောင်းဆို

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး တရားခံတွေအဖြစ် ဖမ်းဆီးခံ ထားရတဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ထိုင်းရဲ ခေါ်သုံးတဲ့ စကားပြန် ကိုကမာကို တရားစွဲဖို့ တောင်းဆိုကြောင်း သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက ပြောပါတယ်။ မနေ့တုန်းက ကော့စမွေအကျဉ်း ထောင်မှာ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့နဲ့ တွေ့ခွင့်ရတဲ့ ထိုင်းရှေ့နေ များ ကောင်စီက သူတို့ရဲ့ ရှေ့နေ မစ္စတာ ရတ်စဒါ မန်နူရာစဒါက
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဝန်ခံချက်ကို တရားဝင်ပြန်ရုပ်သိမ်းပြီ
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်း
သိမ်းခံထားရတဲ့ ၀င်းဇော်ထွန်း နဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲထံမှာ ထွက်ဆို ခဲ့ရတဲ့ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူတို့ ရဲ့ ရှေ့နေတွေက ပြောလိုက် ပါပြီ။
အောက်တိုဘာလ ၂၁ ရက်နေ့က ကော့စမွေအကျဉ်းထောင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်း ရှေ့နေ များ ကောင်စီက သူတို့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေ မစ္စတာ Ratsada Manurassada ဟာ ၆ နာရီ ကြာတွေ့ဆုံခဲ့စဉ်မှာ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာ ၀စ်သရစ်ခ်ျ တို့ကို သူတို့ လုံးဝ မသတ် ခဲ့ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ယူ-၁၉ ကစားသမားများအား ဆူဇူကီးဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းသို့ ခေါ်ယူမည်
၂၀၁၄ ခုနှစ် နိုဝင်ဘာ လတွင် စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် ဆူဇူ ကီးဖလားပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်းတွင် ယူ-၁၉ အသင်းမှ ကစားသမားများကို ခေါ်ယူသွားမည်ဖြစ်ကြောင်း နည်းပြ ချုပ်အေဗရာမိုဗစ်ခ်ျက ပြောသည်။ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲမှတစ်ဆင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး လာအိုနိုင်ငံတွင် ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့ရကာ အုပ်စု ပထမနေရာကို ရရှိခဲ့သည်။ ၎င်း ပြိုင်ပွဲတွင် မြန်မာအသင်းမှာ ထိုင်း၊ မလေးရှားနှင့် အိမ်ရှင် စင် ကာပူအသင်းတို့နှင့် တစ်အုပ်စု တည်းကျရောက်လျက်ရှိသည်။
အိန္ဒိယသူဌေးတစ်ဦး ဝန်ထမ်းများကို ကားနှင့် လက်ဝတ်ရတနာများ ဆုချ

အိန္ဒိယနိုင်ငံအနောက်ပိုင်းမှ စိန်ကုန်သည် သူဌေးတစ်ဦးသည် အလုပ်သမား ၁၂၀၀ ကို လုပ်ငန်းအပေါ် သစ္စာရှိမှုအတွက် ကားများ၊ တိုက်ခန်းစပေါ်နှင့် အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ တန်ကြေးရှိသော စိန်လက်ဝတ်ရတနာများကို ဆုလက်ဆောင်ချီးမြှင့်ခဲ့သည်။ဆူရက်မြို့မှ စိန်ကုန်သည်သူဌေး ဆက်ဗ်ဂျက်ဟီ ဒိုဟိုလာကီ သည် ဟိန္ဒူဘာသာရေးပွဲတော် ဒေဝါဝလီပွဲတော်မတိုင်မီ အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သောအခမ်းအနားတွင် အလုပ်သမားများအား ယခုကဲ့သို့ ဆုလက်ဆောင်များ ပေးအပ်ခဲ့ခြင်းဖြစ် သည်။
Bi မွန်းတည့်နေအမှု သမ္မတထံ တင်ပြမည်ဟု ဦးရဲထွဋ်ပြော
Bi မွန်းတည့်နေအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအပိုင်း ပြီးစီးပါက သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် စဉ်းစား ဆောင်ရွက်ပေးနိုင်ရန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၁ ရက်က မြန်မာဂျာနယ် လစ်ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။
မဲဆွယ်စည်းရုံးရေးတွင် ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ် စည်းရုံးခြင်းတို့ကို တားမြစ်မည်မဟုတ်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် ဘာသာရေးနှင့် လူမျိုးရေးကို ခုတုံးပြု ဟောပြောစည်းရုံး ခြင်းများကို တားမြစ်မည် မဟုတ်သော်လည်း ရွေးကောက်ပွဲအပြီးတွင် ရောက်ရှိလာသည့် ကန့်ကွက်လွှာ များအတိုင်း အရေးယူသွားမည်ဟု ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာ ၂၁ ရက်က ပန်ဒါဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်
နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဆိုင်ရာပူးပေါင်း ညှိနှိုင်းမှု အစည်းအဝေးတွင် ပြောကြား လိုက်ခြင်းဖြစ် သည်။
အမေရိကန် လက်နက်အထောက်အပံ့တွေ IS လက်ထဲရောက်
ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani ကို ခုခံတိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေအတွက် ရည်ရွယ်ပြီး အမေရိကန်က လေကြောင်းကနေ ချပေးလိုက်တဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ထဲကို ရောက်သွားခဲ့ကြောင်း ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ် တရားသူကြီးအား အဂတိလိုက်စားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်က ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေကျပ်ငါးသောင်း အမိန့်ချမှတ်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်စိန်အား အဂတိလိုက်စားမှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ စစ်ဆေးရေးမှူး ဦးသိန်းဝင်းက ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ဟုမ္မလင်းမြို့ မြို့မရဲစခန်းတွင် (ပ)၁၃၇/ ၂၀၁၄၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၅၆ အရ တရားလိုပြုလုပ် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားရုံး၌ စက်တင်ဘာ ၁၆ ရက်တွင် စတင်တရားစွဲဆိုရန် ပြင်ဆင်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် စတင်ရုံးတင်စစ်ဆေးခဲ့ကာ ရုံးချိန်းပေါင်း ၁၀ ချိန်းဖြင့် စစ်ဆေးပြီး အောက်တိုဘာ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် ရုံးအမှတ် (၁) တရားလွှတ်တော်တရားသူကြီး ဦးစန်းကိုက ဟုမ္မလင်းမြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်စိန်အား ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေကျပ်ငါးသောင်းပေးဆောင်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၌ လက်ရှိကျင့်သုံးနေသည့် မဲများသူ အနိုင်ပေးသည့်စနစ်ကို အခြေခံကာ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပေါင်းစပ်ကျင့်သုံးရန် ရွေးကောက်ပွဲလေ့လာသုံးသပ်ရေးကော်မရှင် အစီရင်ခံစာတင်သွင်း
Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားငါးဦးကို ထောင်ဒဏ်နှစ်နှစ် ချမှတ်ခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်အား ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ကြေညာချက်ထုတ်
ထိုင်းနှင့်မြန်မာ မိန်းကလေးအဆိုတော် ၂ ဖွဲ့ ရန်ကုန်တွင် ဖျော်ဖြေမည်

ကျိုက်မရောပစ်ခတ်မှုနဲ့ပတ်သက်၍ ဗိုလ်မှူးကြီးဆန်းအောင်ကို တပ်မှထုတ်ပယ်

ဒီကိစ္စမှန်ကန်ကြောင်း ဒီကေဘီကေ အဖွဲ့က ဗိုလ်မှူးထွန်းထွန်းက အတည်ပြုပြောဆိုပါတယ်။
"ဟုတ်ပါတယ် ကျိုက်မရောကိစ္စနဲ့ ပတ်သက်ပြီး ဆင့်ခေါ်တာကို လာရောက်ခြင်းမရှိတဲ့ အတွက်ဖြစ်တယ်"ဟု ဗိုလ်မှူးထွန်းထွန်းက ပြော သည်။
အင်ဒိုနီးရှားတွင် တခါမှမရှိခဲ့ဖူးသည့် သမ္မတဟု ပြည်သူများပြော

အင်ဒိုနီးရှားနိုင်ငံရဲ့ ၇ ဦးမြောက် သမ္မတဖြစ်လာပြီး သန့်ရှင်းတဲ့အစိုးရ ဖြစ်လာဖို့နဲ့ ခိုင်ခိုင်မြဲမြဲ အမြစ် တွယ်နေတဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးကို
(၂၀၁၅)ခုနှစ်အတွက် သွားရောက်လည်ပတ်ရန် အကောင်းဆုံး နိုင်ငံအဖြစ် စင်ကာပူကို Lonely Planet ရွေးချယ်
လာမည့်နှစ်အတွက် အလည်အပတ် ခရီးသွားရန် အကောင်းဆုံး နိုင်ငံအဖြစ် စင်ကာပူကို Lonely Planet က ရွေးချယ်လိုက်ကြောင်း သိရှိရသည်။
ခရီးသွား ဝန်ဆောင်မှုဆိုင်ရာ မီဒီယာ ကုမ္ပဏီကြီးက စင်ကာပူနိုင်ငံကို (၂၀၁၅)ခုနှစ်အတွက် ခရီးထွက်ရန် အသင့်တော်ဆုံး နိုင်ငံအဖြစ် ဖော်ပြခဲ့ပြီး Lonely Planet Best in Travel 2015 ဆုကို ချီးမြှင့်ခဲ့သည်။ Lonely Planet အနေဖြင့် နှစ်စဉ်နှစ်တိုင်း ရွေးချယ်ချီးမြှင့်သည့် ဆု၏ (၁၀)ကြိမ်မြောက်အတွက် စင်ကာပူကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

DKBA မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို တပ်မှထုတ်ပယ်

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ကလိုထူးဘော တပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင် ကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ကိုယ်စား ဒုတိယ စစ်ဦးစီးချူပ် စောမိုရှေး၏ လက်မှတ်ဖြင့် အောက်တိုဘာ ၂၁ ရက်တွင် တပ်ဖွဲ့မှ ထုတ်ပယ်လိုက်သည်။
ယင်းစာထဲ၌ စက်တင်ဘာ ၂၆ ရက်က ကျိုက္မရောမြို့အတွင်း ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူဖြစ်သည့် ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်အား အောက်တိုဘာ ၅ ရက်တွင်
ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှ ပရိသတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီး၍သေဆုံး

ကာတာအသင်းဘက်သို့ မြန်မာအသင်း ဒုတိယဂိုးသွင်းပြီး ချိန်တွင် ပခုက္ကူမြို့မှ မြန်မာပရိ သတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်း သီးပြီး ရုတ်တရက်ကွယ်လွန် သွားကြောင်း သတင်းရရှိသည်။
အာရှယူ-၁၉ ဘောလုံးပြိုင် ပွဲအကြို ဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ကာတာလူငယ်အသင်းတို့ သည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင် အမတ်နှစ်ဦး လိပ်ကျွန်းအမှုအတွက် ကျပ်သိန်း ၃၀၀ လှူ
ထိုင်းနိုင်ငံ လိပ် ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦး၏ အမှုကိစ္စအတွက် သုံးစွဲရန် အမျိုးသားလွှတ်တော်ကိုယ်စား လွှတ် တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦး တို့က ငွေကျပ် သိန်းသုံးရာလှူဒါန်း လိုက်ကြောင်း သတင်းရရှိသည်။
ဘယ်တော့မှ မတိမ်ကောနိုင်သည့် မင်းမှာသစ္စာ လူမှကတိ
အောက်တိုဘာ ၂၀ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးတင်အေးက ၂၀၁၅ ခုအတွင်း ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းရန်မရှိ၊ သတ်မှတ်ချိန်အတိုင်း ကျင်းပမည် သာဖြစ်သည်ဟု သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး အများပြည်သူက စိတ်ဝင်စားနေကြစဉ်၊
စိတ်ပူပန်မှုရှိနေကြစဉ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌလုပ်သူကိုယ်တိုင်က ယခုလို ထုတ်ဖော် ပြောဆိုလိုက်သောအခါ
လူတိုင်းလိုလို အနည်း ငယ်စိတ်အေးသွားကြရသည်။ မင်္ဂလာရှိပြီး ကြိုဆိုကြရမည့်စကားဖြစ်သော်ငြားလည်း စဉ်းစားချင့် ချိန်စရာများလည်း မရှိမဟုတ် ရှိနေပြန်ပါသည်။

သတင်းထောက်ကိုပါကြီး ပျောက်ဆုံးမှု တိုင်ချက်ဖွင့်
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေစဉ် သတင်းသွားရောက်ယူခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးကို မြန်မာစစ်တပ်က ဖမ်းဆီးထားပြီး မိသားစုနဲ့ တွေခွင့်မပေးတဲ့အတွက် ဥပဒေအရ လုပ်ဆောင်သွားမယ်ဆိုပြီး မိသားစုက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
Tuesday, October 21, 2014
အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသနပညာနေ့ကို မြန်မာနိုင်ငံတွင် ယခုနှစ် စတင်ကျင်းပ
နိုင်ငံတကာမှာ နှစ်စဉ်အောက်တိုဘာလ တတိယပတ် စနေနေ့တိုင်း ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့ကိုမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ(၁၈)ရက်က ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲကို ရန်ကုန် မြို့မှာသာမက မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှိတဲ့ နေရာအချို့မှာ တပြိုင်တည်းပြုလုပ် ခဲ့တယ်လို့ လည်း သိရပါတယ်။အမေရိကန်နိုင်ငံရှိ ရှေးဟောင်းသုတေသနပညာနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက နှစ်စဉ် အောက်တိုဘာလအတွင်းမှာ ရှေးဟောင်းသုတေသနပညာနေ့ လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရာက (၂၀၁၁) ခုနှစ်မှာ စတင်ကာ အောက်တိုဘာလ တတိယပတ်အတွင်း ကျရောက်တဲ့ စနေနေ့ကို အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့အဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
MRTV
MRTV
အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိရန် မြ၀တီကုန်သည်ကြီးများ အသင်းစီစဉ်
ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရာမှာ လွယ်ကူဖို့အတွက် မြ၀တီကုန်သည်ကြီးများအသင်းနဲ့ ပြည်တွင်းမှ ကုန်သေတ္တာလုပ်ငန်းရှင်များအသင်းအပြင် high
way association အသင်းတို့ ပူးပေါင်းပြီး အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိသွားရန် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Trade Fair ကျင်းပခဲ့ရာ O Top စင်တာမှာ ကျင်းပခဲ့ပါတယ်။
မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းနေနဲ့ ဒေသတာဝန်ရှိသူတွေကို တင်ပြကာဦးစွာ အဝေးပြေး ယာယီအဖွဲ့ကို ထားရှိပြီး ထိုအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံအဝေးပြေးသယ်ယူ ပို့ဆောင်ရေး အသင်းကို ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြ၀တီနဲ့ မဲဆောက်ကုန်သွယ်ရာမှာ ပို့ကုန်သွင်းကုန်မှန်သမျှကို ထိုင်းနိုင်ငံဘက်မှ ကုန်တင်ယာဉ်တွေနဲ့သာ ပို့ဆောင်သယ်ယူနေတယ်လို့ သိရပါတယ်။

စိုက်စရိတ်ဘဏ်ချေးငွေ ပြန်ဆပ်ရက် မရွှေ့ဆိုင်းနိုင်ဟု ဒုတိယဝန်ကြီးပြော
“တောင်သူများကို ငွေချေးပေးရာမှာ အချိန်စေ့ ပေးဆပ်ရန် ငွေကျေပြီးသူ ဖြစ်ရမည် ဟူသော စည်းကမ်းချက် ရှိပါသဖြင့် တောင်သူများ ချေးငွေပြန်ဆပ်ရက်ကို ဖြေလျှော့ပေးရန် မဆောင်ရွက်နိုင်ပါ” ဟု စစ်ကိုင်းတိုင်း ရွှေဘိုမြို့ နယ်အမတ် ဒေါက်တာ အောင်သန်း၏ အမေးကို တုန့်ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။
နွေစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူတို့အား အောက်တိုဘာမှ ဇန်န၀ါရီအတွင်း ဘဏ်က ထုတ်ချေးပြီး တောင်သူက ဇန်န၀ါရီလအကုန်တွင် အကျေပြန်ဆပ်ရသည်။ ထိုသို့ချေးငွေ အကျေပြန်ဆပ်သည့် တောင်သူကိုသာ ဘဏ်က မိုးစပါးအတွက် စိုက်စရီတ်ချေးငွေ ထုတ်ချေးပေးသည့် စနစ်အား ဖြေလျှော့ပေးရန် ရှိပါသလားဟု ဒေါက်တာ အောင်သန်းက မေးခဲ့ခြင်းဖြစ်သည်။

ဒေါ်လာသန်းရာချီ ယူဆောင်ထွက်ပြေးသူ တရုတ်အရာရှိများ ဖမ်းမိရေး အကူညီတောင်း
တရုတ်အစိုးရက ဥပဒေအရ ခွင့်မပြုတဲ့ ရန်ပုံငွေ ဒေါ်လာသန်း ရာချီတဲ့ ငွေတွေနဲ့ အတူ ထွက်ပြေးခဲ့တဲ့ တရုတ်အရာရှိ တွေကို လိုက်ဖမ်းရာမှာ တခြားနိုင်ငံတွေရဲ့ အကူအညီ တွေကို တောင်းခံ နေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနပြော ခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပီကင်းက ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ဆစ်ဒနီ မောနင်း ဟာရဲဒ်သတင်း စာရဲ့မေးခွန်း အပေါ် ခုလို မှတ် ချက်ပြု ပြော ဆိုလိုက်တာပါ။
နိုင်ငံခြားရေး ဝန်ကြီးဌာနပြော ခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပီကင်းက ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ဆစ်ဒနီ မောနင်း ဟာရဲဒ်သတင်း စာရဲ့မေးခွန်း အပေါ် ခုလို မှတ် ချက်ပြု ပြော ဆိုလိုက်တာပါ။
DKBA ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး တာဝန်ကရပ်စဲ
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို ထုတ်ပယ်လိုက်ကြောင်း DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့ အစိုးရတပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူးကြီးစောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင် ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ်များရေချပွဲကျင်းပ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ် နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ် တစ်စင်းတို့အား ရေချပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး အနီး ဆိပ်ခံတံတား၌ ကျင်းပရာ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရေယာဉ် လုပ်သားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်စဉ်နှင့် ဘေးအန္တရာယ် ကျရောက်မှုတွင် ရှာဖွေ ကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်း လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ရေယာဉ်များကို ဝယ်ယူခြင်း ဖြစ်ကြောင်း၊
ကိုယ်အလေးချိန်တိုးလာပြီးနောက်ပိုင်းမှာ ဒါတွေ မလုပ်သင့်ပါ
သင်အရင်ထက် ၀ိတ်တက်လာတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပြုမူသင့်သလဲဆိုတာ အရေးပါလာပါပြီ။ ထပ်ပြီးဝိတ်မတက်ဖို့ ထိန်းထားရမယ့်အပိုင်းကလည်း အရေးကြီးတာမို့ လုပ်နေကျအပြုအမူတွေထဲက တစ်ချို့ကို သတိထားပြီး မပြုလုပ်မိအောင် ရှောင်ပါ။
၁။နေ့လည်စာ၊ မနက်စာ မစားဘဲ နေတာမျိုးတွေ မလုပ်ပါနဲ့။
မနက်စာ မစားပဲနေလိုက်တာ၊ နေ့လည်စာ မစားပဲ ကျော်လိုက်တာမျိုးတွေဟာ သင့်ကို ရေရှည်အတွက် အဆင်ပြေစေမှာ မဟုတ်ပါဘူး။ တစ်ရက်နှစ်အတွက် ၀ိတ်ကျသွားရင်တောင် ခဏပါပဲ။ ဒါ့အပြင် သင်သတိထားရမယ့်အရာက ဆက်တိုက်စားနေတာမျိုးကိုလည်း မလုပ်ဖြစ်အောင် ရှောင်ပါ။ တစ်ခါစားပြီဆိုရင် ဘာစားသင့်သလဲ၊ ငါ ဒါကိုစားလိုက်ရင် နောက်ထပ်တစ်နာရီလောက်ဆို တစ်ခုခုထပ်စားချင်မှာလား ဆိုတာ တွေးပါ။
၂။ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခပေးတာမျိုးတွေ မဖြစ်ပါစေနဲ့။

အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။
အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
၂၀၁၅ တွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မပြုဟု ဦးတင်အေးပြော
၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူများကို နိုင်ငံရေးပါတီထူထောင်ခွင်၊့ ပါတီဝင်ဖြစ်ခွင့် နှင့်မဲပေးခွင့်ပြုခဲ့သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်မပြုသည့်အပြင် မဲပေးခွင့်လည်း မပြုတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ ရန်ကုန်မြို့ ၊ ပန်ဒါဟိုတယ်တွင် ကျင်းပသော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ ပွဲတွင် ပြောဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်က ယခင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများမှ အချက်အလက် တချို့ကို ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်ပြီး ယင်းပြင်တင်ချက်အရ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို ယခင် ခွင့်ပြုထားသည့် အခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ြေ ကာင်း သိရှိရသည်။
“နိုင်ငံသား စိစစ်ရေး ကတ်ပြား ရှိသူသာလျှင် ပါတီထောင်ခွင့် ရှိတယ်။ နိုင်ငံသားမဟုတ်ဘဲ ပါတီထောင်ထားရင်လည်း အဲဒီလူနေရာလဲနိုင်ဖို့အတွက် အချိန်ပေးရမယ်လို့ ဥပဒေအရ ပြဌာန်းထားပါတယ်။ ဒါကြောင့် အချိန် နှစ်လ ပေးထား ပါတယ်။ နိုင်ငံသား ဖြစ်တယ် ဆိုရင် ပါတီဝင်လို့ ရတယ်။ ပါတီထောင်လို့ ရတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။
သမ္မတဦးသိန်းစိန်က ယခင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများမှ အချက်အလက် တချို့ကို ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်ပြီး
“နိုင်ငံသား စိစစ်ရေး ကတ်ပြား ရှိသူသာလျှင် ပါတီထောင်ခွင့် ရှိတယ်။ နိုင်ငံသားမဟုတ်ဘဲ ပါတီထောင်ထားရင်လည်း အဲဒီလူနေရာလဲနိုင်ဖို့အတွက် အချိန်ပေးရမယ်လို့ ဥပဒေအရ ပြဌာန်းထားပါတယ်။ ဒါကြောင့် အချိန် နှစ်လ ပေးထား ပါတယ်။ နိုင်ငံသား ဖြစ်တယ် ဆိုရင် ပါတီဝင်လို့ ရတယ်။ ပါတီထောင်လို့ ရတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။
Subscribe to:
Posts (Atom)