Sunday, October 26, 2014

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ မီဒီယာဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံ

အစိုးရက နိုင်ငံပိုင်မီဒီယာများကို အသွင်ပြောင်းရန် စီစဉ်နေသည့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံသည့် တွေ့ဆုံပွဲတစ်ရပ်ကို အောက်တိုဘာ ၂၅ ရက်က NLD Capacity Building Center ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်း၊ ဥပဒေပညာရှင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် မီဒီယာသမားများ တက်ရောက်ခဲ့သည်။

အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပြဋ္ဌာန်းပေးရန် ရန်ကုန်တိုင်းဒေသကြီး မဘသအဖွဲ့မှ ဦးဆောင်၍ ရဟန်းရှင်လူ ၃၀၀၀ ကျော် ရွှေတိဂုံစေတီတော် အနီးတွင် ဆန္ဒပြ

Photo: အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပြဋ္ဌာန်းပေးရန် ရန်ကုန်တိုင်းဒေသကြီး မဘသအဖွဲ့မှ ဦးဆောင်၍ ရဟန်းရှင်လူ ၃၀၀၀ ကျော် ရွှေတိဂုံစေတီတော် အနီးတွင် ဆန္ဒပြ 
=======================================

Sunday, October 26, 2014

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေးအတွက် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်၌ သံဃာတော်များ အပါအဝင် လူ ၃ဝဝဝ ထက် မနည်း လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ထိုဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်း အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေးမှ ဦးစီးပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ မ.ဘ.သ အဖွဲ့ဝင်များသာမက အခြားတိုင်းဒေသကြီးမှ  မ.ဘ.သ အဖွဲ့ဝင်များ သံဃာတော်များ၊ သီလရှင်များမှ အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးရေး တောင်းဆိုခဲ့ကြကာ ၎င်းဆန္ဒပြပွဲကို သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြမှုကို ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးရှိ ကြေးသွန်းဘုရားရှေ့တွင် စတင်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဦးဝိစာရလမ်း၊ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း ရွှေတိဂုံဘုရားကို တစ်ပတ်ပတ်ကာ ကြေးသွန်းဘုရားရှေ့တွင် မျိုးစောင့်ဥပဒေအကြောင်း ဟောပြောမှုများ ပြုလုပ်ကာ ဆန္ဒပြပွဲအား အဆုံးသတ်ခဲ့သည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသူ အမျိုးသမီးတစ်ဦးက “မျိုးစောင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ သမ္မတကြီးကို ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။ လူမျိုးမပျောက်ဖို့အတွက် မျိုးစောင့်ဥပဒေက အရေးကြီးပါတယ်။ ဒီဥပဒေကို မျက်စိမှိတ် ကန့်ကွက်နေတဲ့ သူတွေအားလုံးက အမျိုးသား သစ္စာဖောက်တွေလို့ ကျွန်မကတော့ ခံယူတယ်” ဟု ဆန္ဒပြနေစဉ်အတွင်း The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် “မြန်မာတိုင်းရင်းသား လူမျိုးများ မပပျောက်ရေး အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေး” “အမျိုးစောင့်ဥပဒေကို ကန့်ကွက်သူသည် မိမိအမျိုးကို မစောင့်ထိန်းလိုသူဖြစ်သည်” “ဘာသာပေါင်းစုံ ငြိမ်းချမ်းအေးချမ်းစေရေး အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေး”စသည့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အမျိုးစောင့်ဥပဒေ ကန့်ကွက်နေသူများ ဒို့ မလိုလား၊ အမျိုးသားရေး ချိုးဖောက်သူ ဒို့ရန်သူ စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ဟောပြောပွဲအား စုဝေးနားထောင် နေကြသည့် ထောင်ပေါင်းများစွာသော လူအုပ်ကို “မျိုးစောင့်ဥပဒေသည် မြန်မာနိုင်ငံအတွက် အသက်သွေးကြောဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေကို အမြန်ပြဋ္ဌာန်းပေးဖို့အတွက် ဘုန်းကြီးတို့က ဒီနေရာကနေပြီးတော့ နိုင်ငံသမ္မတကြီးနဲ့တကွ သက်ဆိုင်ရာ အာဏာပိုင်များ၊ ဥပဒေပြုရေး လွှတ်တော်အမတ်များကို တောင်းဆိုလိုက်တယ်။ ဒီမျိုးစောင့်ဥပဒေသည် ဘာသာခြား လူမျိုးခြားတို့ကို ထိခိုက်နစ်နာမှုမရှိဘူး၊ လက်ရှိအစိုးရကိုလည်း ထိခိုက်မှုမရှိဘူး၊ ဒီမိုကရေစီနဲ့လည်း ကိုက်ညီတယ်။ နောက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့လည်း ကိုက်ညီတဲ့အတွက် အမြန်ပြဋ္ဌာန်းပေးဖို့ကို တောင်းဆိုလိုက်ပါတယ်” ဟု မိန့်ကြားသည်။

Eleven

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေး ဆန္ဒပြတောင်းဆိုနေသည့် သံဃာတော်များနှင့် လူများအား ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အနီး တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေးအတွက် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်၌ သံဃာတော်များ အပါအဝင် လူ ၃ဝဝဝ ထက် မနည်း လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ထိုဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်း အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေးမှ ဦးစီးပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ မ.ဘ.သ အဖွဲ့ဝင်များသာမက အခြားတိုင်းဒေသကြီးမှ မ.ဘ.သ အဖွဲ့ဝင်များ သံဃာတော်များ၊ သီလရှင်များမှ အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးရေး တောင်းဆို

မူဆယ်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ သုံးစွဲဖြန့်ဝေခဲ့သည့် တရုတ်လူမျိုးတစ်ဦးကို ယင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့ရပြီး ပြည်မကြီးမှ ရရှိခဲ့သည်ဟု ထွက်ဆိုထားမှုကြောင့် နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက်ဖမ်းဆီးသွားရန် စီစဉ်

ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်း ရှစ်ဆယ်ဖိုး ဖမ်းဆီးရမိမှုအား စစ်ဆေးရာတွင် ယင်းငွေအတုများကို တရုတ်နိုင်ငံဘက်မှ ရရှိလာသည်ဟု ထွက်ဆိုထားသဖြင့် ကွင်းဆက်ကျူးလွန်သူအား ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားချက်အရ သိရသည်။

နှစ်စဉ် ကျပ်သိန်း ၂၂၀၀ နီးပါး ၀င်ငွေရနေသည့် ကန်တော်ကြီး အပါအ၀င် ပန်းခြံ ၅၀ ကျော်၏ ၀င်ကြေးများကို ၂၀၁၅ ခုနှစ် ဧပြီမှစတင်ကာ အခမဲ့ပြုလုပ်မည်ဟုဆို

Photo: နှစ်စဉ် ကျပ်သိန်း ၂၂၀၀ နီးပါး ၀င်ငွေရနေသည့် ကန်တော်ကြီး အပါအ၀င် ပန်းခြံ ၅၀ ကျော်၏ ၀င်ကြေးများကို ၂၀၁၅ ခုနှစ် ဧပြီမှစတင်ကာ အခမဲ့ပြုလုပ်မည်ဟုဆို 
=========================================

Sunday, October 26, 2014

နှစ်စဉ် ကျပ်သိန်း ၂၂ဝဝ နီးပါး ဝင်ငွေရနေသည့် ကန်တော်ကြီး အပါအဝင် ပန်းခြံ ၅ဝ ကျော်၏ ဝင်ကြေးများကို ၂ဝ၁၅ ခုနှစ် ဧပြီမှ စတင်ကာ အခမဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပန်းခြံ ၆၃ ခုရှိသည့်အနက် လက်ရှိအခမဲ့ ဝင်ခွင့်ပြုထားသည့် ပန်းခြံအချို့အပါအဝင် ပန်းခြံ ၅၉ ခုကို ၂ဝ၁၅ ခုနှစ် ဧပြီမှစတင်ကာ ဝင်ကြေးအခမဲ့ ပြုလုပ်မည်ဖြစ်ပြီး ကျန်ရှိသည့် မြကျွန်းသာ၊ မြိုင်ဟေဝန်၊ ပြည်သူ့ရင်ပြင်၊ အာဇာနည်ဗိမာန်စသည့် လေးခုကိုမူ ဝင်ကြေးဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝင်ကြေးအခမဲ့ ပြုလုပ်ပေးခြင်းမှာ အများပြည်သူ အပန်းဖြေနိုင်အောင် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြကျွန်းသာက ပုဂ္ဂလိကကုမ္ပဏီငှားထားပြီး အဆင့်မြှင့်တင်မှုလုပ်ငန်းတွေ လုပ်နေတုန်းမို့ ဝင်ကြေးဆက်ပြီး ကောက်ခံသွားမှာပါ။ ပြည်သူ့ရင်ပြင်ကလည်း Natural World ကုမ္ပဏီကို ငှားထားတာဖြစ်လို့ ဝင်ကြေးအခမဲ့ မဖြစ်နိုင်သေးပါဘူး။ ရှစ်မိုင်လမ်းဆုံက မြိုင်ဟေဝန်ပန်းခြံကလည်း အဆင့်မြှင့်တင်မှု မလုပ်ရသေးပေမယ့် ဆက်လက်ဝင်ကြေး ကောက်ခံမှာပါ။ အာဇာနည်ဗိမာန် ဆိုရင်လည်း ဝင်ကြေးပေးရတဲ့စနစ်ကို ပယ်ဖျက်လို့မရပါဘူး။ အခြားနိုင်ငံတွေမှာလည်း ဒီလိုအထိမ်းအမှတ် နေရာတွေကို ဝင်ကြေးပေးဆောင် ရပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အခမဲ့ ပြုလုပ်မည့်ပန်းခြံ ၅၉ ခုအနက်မှ ကန်တော်ကြီးဥယျာဉ်မှာ နှစ်စဉ်ဝင်ငွေကျပ် သိန်း ၂ဝဝဝ ခန့်ရရှိနေပြီး အင်းလျားပန်းခြံမှ ဝင်ငွေကျပ်သိန်း ၁၅ဝ ခန့်၊ စော်ဘွားကြီးကုန်းရှိ နံ့သာမြိုင်ပန်းခြံမှ ဝင်ငွေ ၁၅ သိန်းခန့်နှင့် အင်းစိန်ပန်းခြံမှ ဝင်ငွေ ၁၄ သိန်းခန့် ရရှိနေခြင်းဖြစ်ပြီး အခမဲ့ပြုလုပ်မည် ဖြစ်သောကြောင့် နှစ်စဉ်ပန်းခြံများမှ ဝင်ငွေကျပ်သိန်း ၂၂ဝဝ နီးပါးရရှိတော့မည် မဟုတ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ကန်တော်ကြီးဥယျာဉ်အား ဝင်ကြေးအခမဲ့ ရရှိမည်ဟုဆိုရာတွင် ဇေကမ္ဘာကုမ္ပဏီအား ငှားရမ်းထားသည့် မျှော်စင်ကျွန်းမှလွဲ၍ ကျန်ရှိသည့် ဝင်ပေါက်ခုနစ်ပေါက်မှ အခမဲ့ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ အခမဲ့ဝင်ရောက်ခွင့်ပြုမည့် ပန်းခြံ ၅၉ ခုစလုံးကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဝင်ရောက်အပန်းဖြေနိုင်အောင် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမဲ့ဝင်ကြေးဟု ဆိုရာတွင် လူဝင်ကြေးနှင့် ယာဉ်ဝင်ခများသာ အခမဲ့ရရှိမည်ဖြစ်ပြီး စီးပွားဖြစ် ဗီဒီယိုရိုက်ကူး မှုများအတွက်မူ သတ်မှတ်ငွေကြေး ပေးဆောင်ရမည်ဟု သိရသည်။                 

Eleven
နှစ်စဉ် ကျပ်သိန်း ၂၂ဝဝ နီးပါး ဝင်ငွေရနေသည့် ကန်တော်ကြီး အပါအဝင် ပန်းခြံ ၅ဝ ကျော်၏ ဝင်ကြေးများကို ၂ဝ၁၅ ခုနှစ် ဧပြီမှ စတင်ကာ အခမဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပန်းခြံ ၆၃ ခုရှိသည့်အနက် လက်ရှိအခမဲ့ ဝင်ခွင့်ပြုထားသည့် ပန်းခြံအချို့

အစွမ်းထက်မြက် ဒန့်သလွန်ရွက်

နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၁၀၀၀၀ ကျော်ဖြစ်ပြီး သေဆုံးမှု ၅၀ ရာခိုင်နှုန်းရှိ

အီဘိုလာဗိုင်းရပ်စ် ဖြစ်ပွားသော နိုင်ငံ ရှစ်နိုင်ငံတွင် ကူးစက်ခံရသူ ၁၀၁၄၁ ဦးရှိ သည့်အနက် ၄၉၂၂ ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောကြား ခဲ့သည်။ အနောက်အာဖရိကတွင် ဗိုင်းရပ်စ် ကူးစက်မှုအဖြစ်ပွားဆုံးနိုင်ငံသုံးနိုင်ငံမှာ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန်နိုင်ငံတို့ ဖြစ်ကြသည်။

မူဆယ်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ သုံးစွဲဖြန့်ဝေခဲ့သည့် တရုတ်လူမျိုးတစ်ဦးကို ယင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့ရပြီး ပြည်မကြီးမှ ရရှိခဲ့သည်ဟု ထွက်ဆိုထားမှုကြောင့် နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက်ဖမ်းဆီးသွားရန် စီစဉ်

ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်း ရှစ်ဆယ်ဖိုး ဖမ်းဆီးရမိမှုအား စစ်ဆေးရာတွင် ယင်းငွေအတုများကို တရုတ်နိုင်ငံဘက်မှ ရရှိလာသည်ဟု ထွက်ဆိုထားသဖြင့် ကွင်းဆက်ကျူးလွန်သူအား ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားချက်အရ သိရသည်။

အိမ်ဖော်အလုပ်ရမည်ဟု လိမ်လည်၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူ နှစ်ဦးအား အမှုဖွင့် အရေးယူ ဆောင်ရွက်

မုံရွာမြို့ နန္ဒဝန်ရပ် နယ်မြေ(၆)နေ အသက်(၁၆)နှစ် အရွယ် အမျိုးသမီး ငယ်တစ်ဦးကို အိမ်ဖော် အလုပ် ရမည်ဟု သွေးဆောင် စည်းရုံးကာ ပြည့်တန်ဆာ လုပ်ငန်းကို စေခိုင်းခဲ့သူ အမျိုးသမီး နှစ်ဦးအား မုံရွာ မြို့နယ် ရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ကျောင်းသားများအား ပညာသင်ပေးရုံသာမက အလုပ်အကိုင် ဖန်တီးပေးနိုင်ရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဟိုတယ်သင်တန်းကျောင်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်မတက်ရောက်ကျောင်းသားများအား ပညာသင်ပေးနိုင်ရုံ သာမက အ လုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန် ပါ အရေးကြီးပြီး နိုင်ငံတွင် အရေး တကြီးလိုအပ်နေသည်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။

မြန်မာလုပ်သားနှစ်ဦး အာမခံရရန် ထိုင်းသူဌေးလေးဦး ကူညီမည်

ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦး အာမခံရရှိရန် ထိုင်းဘတ်ငွေသိန်း ၂၀ တန် အာမ ခံနှင့် ထိုင်း သူဌေး လေးဦး ကူညီ မည်ဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ထံမှ သတင်းရရှိသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး အာမခံရရှိရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ဆယ်သိန်းတန် အာမခံ ပေးရမည်ဖြစ်ပြီး ထိုင်း နိုင်ငံသား သူဌေးလေးဦးက အာမ ခံထားပေးရမည်ဖြစ်သည်။ ထိုင်း နိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား များ ပြစ်မှုကျူးလွန်ပါက ထိုင်း အစိုးရက အာမခံပေးလေ့ပေးထ မရှိကြောင်း သတင်းရရှိသည်။

Saturday, October 25, 2014

ကိုယ့်ချစ်သူနဲ့ ငြင်းခုံရန်ဖြစ် တဲ့ အချိန်မှာ ဒီလို နည်းလေးတွေ က ပြန်လည် အဆင်ပြေသွားစေမှာ

Photo: ကိုယ့်ချစ်သူနဲ့ ငြင်းခုံရန်ဖြစ်တဲ့အချိန်မှာ ဒီလိုနည်းလေးတွေက ပြန်လည်အဆင်ပြေသွားစေမှာ
Saturday, October 25, 2014
    
ချစ်သူတွေ ရန်ဖြစ်ကြတယ်၊ ပြဿ      နာတက်ကြတယ်ဆိုတာကတော့ အချိန်ကာလတစ်ခု တွဲပြီးတာနဲ့ ရှောင်လွှဲလို့မရတဲ့အရာမို့ မထူးဆန်းပါဘူး။ ဒါပေမယ့် နှစ်ဦးသား ရန်ဖြစ်တာထက် ကိုယ့်ဘက်က ဘယ်လိုထင်တယ်၊ သူ့ဘက်က ဘယ်လိုယူဆတယ်ဆိုတာမျိုး ပိုမိုသိရှိလာဖို့ပါ။ 

ဒီကနေ တစ်ဦးနဲ့တစ်ဦး ပိုနားလည်လာမယ်ဆိုရင် ဆက်ဆံရေးက ပိုအဆင်ပြေလာပါလိမ့်မယ်။ ဒါပေမယ့် ပြေတာက နောက်ပိုင်း ပြဿ      နာတက်ချိန်ဆို တစ်ဦးနဲ့တစ်ဦး ရစရာမရှိအောင် ပြောဆိုဖြစ်တာများပြီး ရပ်ပစ်လိုက်လို့ မရအောင်ကို ဖြစ်တတ်တယ်ဆိုရင် ဒီအချက်လေးတွေက သင့်ကို ကူညီပေးပါလိမ့်မယ်။

 ၁။ရန်ဖြစ်နေတုန်း တစ်စုံတစ်ခုဆီကို အာရုံမရရအောင် လွှဲပါ။ 

နှစ်ဦးသား ရန်ဖြစ်နေချိန်အတွင်း ဘေးမှာရှိနေတဲ့ အရာတစ်ခုခုကို အာရုံလွှဲလိုက်တာမျိုး၊ ဖွင့်ထားတဲ့သီချင်းကို နားထောင်လိုက်တာမျိုး၊ တစ်ခုခုလုပ်လိုက်ပါ။ မိနစ် နှစ်မိနစ်၊ သုံးမိနစ်လောက် အာရုံလွှဲလိုက်နိုင်ရင်ပဲ သင့်ဒေါသတွေ ပြေလျော့သွားပါလိမ့်မယ်။

 ၂။နှစ်ယောက်စလုံး ငြင်းနေတဲ့ ကိစ္စရဲ့ အခြားနောက်တစ်ခုကို ထည့်သွင်းပြောဆိုပါ။ 

ဥပမာ သင်တို့ငြင်းနေတာက ကိုယ်ဝယ်မယ့် ပစ္စည်းဟာ ဘာရောင်ဖြစ်သင့် တယ်ဆိုတာမျိုးပေါ့။ ဒါဆို နှစ်ယောက်စလုံး အတည်ပြုတဲ့ အရောင်တွေကို မစဉ်းစားတော့ပဲ နောက်တစ်ရောင်ကို ပြောင်းစဉ်းစားတာမျိုးပါ။

၃။ဘာစကားမှ မပြောတော့ပဲ ငြိမ်နေလိုက်ပါ။

ပထမအချက်လို အာရုံလွှဲစရာဘာမှ မရှိရင် ဘာစကားမှ မပြောပဲ ငြိမ်ငြိမ်လေးနေလိုက်ပါ။ ဒီအချက်ကလည်း သင့်ကို အထောက်အကူပြုနိုင် ပါတယ်။

၎။ရန်ဖြစ်ရတာ တန်ရဲ့လား စဉ်းစားဖြစ်အောင် စဉ်းစားပါ။

တစ်ခါတစ်လေ ဘာမှမဟုတ်တာလေးနဲ့ နှစ်ဦးသား ရန်ဖြစ်ကြရတာမျိုးတွေ ရှိပါတယ်။ ရန်စဖြစ်ပြီဆိုတာနဲ့ သင့်ဘက်က တွေးရမှာက ခုလို စိတ်ပင်ပန်းစွာ ရန်ဖြစ်ရခြင်းဟာ တန်ရဲ့လားဆိုတာပါပဲ။

၅။တစ်ဖက်လူကို ရယ်အောင် လုပ်လိုက်ပါ။

ုငြင်းခုံနေရင်း နှစ်ဦးသားရယ်မောဖြစ်သွားတာမျိုး ကြုံဖူးပါသလား။ အဲ့ဒီလိုအချိန်ဆို ဒေါသတွေအားလုံးပြေလျော့သွားပြီး နှစ်ဦးသား အားရပါးရ ရယ်ဖြစ်သွားတာမျိုးပေါ့။ ဒီလိုဖြစ်နိုင်ဖို့ ခဲယဉ်းပေမယ့် သင့်ချစ်သူ ဘယ်လိုဟာသမျိုးဆို အူလှိုက်သဲလှိုက် ရယ်မောတတ်သလဲ သိရင်ရပြီလေ။

၆။သူ့ကို ဆွဲဖက်ထားလိုက်ပါ။

ဒေါသအရမ်းထွက်နေတဲ့လူကို ထွေးပွေ့လိုက်တဲ့အခါ သူ့ဘက်က သင့်ကိုတွန်းထုတ်တာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမယ့် မလွှတ်ပေးလိုက်ပါနဲ့။ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ပါ။ ဒီလိုဆိုရင်သူလည်း ဒေါသတွေ ပြေလျော့ပြီး သင့်ရင်ခွင်ထဲ ငြိမ်ကျသွားပါလိမ့်မယ်။

၇။နှစ်ဦးသား လမ်းနည်းနည်းလျှောက်လိုက်ပါ။

ငြင်းခုံရင်း၊ စကားများနေရင်း လမ်းနည်းနည်းလျှောက်ကြစို့လို့ ပြောလိုက်ပါ။ သူ့ဘက်က မလိုက်လျောပဲ အတင်းဆွဲလား၊ ရမ်းလားလုပ်ရင်တော့ တစ်မျိုးပေါ့လေ။ မဟုတ်ရင်တော့ နှစ်ဦးသား ပြန်အဆင်ပြေဖို့ နည်းလမ်းအစစ်ပါပဲ။

Ref:cosmopolitan.com
Trend Myanmar
ချစ်သူတွေ ရန်ဖြစ်ကြတယ်၊ ပြဿ နာတက်ကြတယ်ဆိုတာကတော့ အချိန်ကာလတစ်ခု တွဲပြီးတာနဲ့ ရှောင်လွှဲလို့မရတဲ့အရာမို့ မထူးဆန်းပါဘူး။ ဒါပေမယ့် နှစ်ဦးသား ရန်ဖြစ်တာထက် ကိုယ့်ဘက်က ဘယ်လိုထင်တယ်၊ သူ့ဘက်က ဘယ်လိုယူဆတယ်ဆိုတာမျိုး ပိုမိုသိရှိလာဖို့ပါ။

ပီတိဖြစ်တတ်တဲ့ စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရ

Photo: ပီတိဖြစ်တတ်တဲ့ စိတ်နဲ့ တစ်ယောက်နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရ
Saturday, October 25, 2014

တစ်ယောက်နဲ့တစ်ယောက် ပုံမှန် နမ်းလေ့ရှိပြီး စိတ်ဝင်စားမှုတွေကို ဝေမျှ တတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ကောင်းမွန်စွာ ကြီးပြင်းစေနိုင်တယ်လို့ သုတေသနအသစ် တစ်ခု ကဖော်ပြလိုက်ပါတယ်။ မိသားစု ၅၀၀၀ ခန့်ကို လေ့လာကြည့်ခဲ့ရာမှာ ပီတိဖြစ်တတ်တဲ့ စိတ်ပိုများပြီး တစ်ယောက် နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အချစ်စစ်နဲ့ ပြည့်နေတဲ့ ဘ၀ဟာ အောင်မြင်တဲ့ မိဘ တွေ ဖြစ်လာစေဖို့ ဦးတည်ပေးပြီး ဖခင်ကောင်း တစ်ယောက်ဖြစ်လာဖို့ ဖော်ပြခြင်းကို ကူညီပေးပါတယ်။

ဒါ့အပြင် ပီတိဖြစ်တတ်တဲ့စိတ် ရှိတဲ့ ဖခင်တွေ ရော မိခင်တွေ ရော ဟာ သူတို့ရဲ့ ကလေးတွေကို အော်ဟစ် ကြိမ်းမောင်း လေ့မရှိတာကို တွေ့ရပါတယ်။ မကြာမကြာ ကွာရှင်းကြဖို့ ပြောပြီး တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင် ငြင်းခုံနေတတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို အော်ဟစ်ကြိမ်းမောင်းလေ့ရှိတာ ကိုတော့ အံ့အားသင့်စရာမရှိပါဘူး။

ထိုလေ့လာမှု အရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အိမ်ထောင်ရေးမှာပို ပြီး အကောင်းမြင်တတ်တာကို လည်းတွေ့ရပါတယ်။ ထိုလေ့လာမှုဟာ အရှေ့ Anglia တက္ကသိုလ်က NatCen လူမှုရေး သုတေသန နဲ့ Thomas Coram သုတေသနအဖွဲ့တွေက ဖခင်ဘ၀ နဲ့ ပတ်သက်ပြီး လေ့လာမှုပြုလုပ်ရင်း သိခဲ့ရတာဖြစ်ပါတယ်။

Ref:dailymail.co.uk
Trend Myanmar
တစ်ယောက်နဲ့တစ်ယောက် ပုံမှန် နမ်းလေ့ရှိပြီး စိတ်ဝင်စားမှုတွေကို ဝေမျှ တတ်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ကောင်းမွန်စွာ ကြီးပြင်းစေနိုင်တယ်လို့ သုတေသနအသစ် တစ်ခု ကဖော်ပြလိုက်ပါတယ်။ မိသားစု ၅၀၀၀ ခန့်ကို လေ့လာကြည့်ခဲ့ရာမှာ ပီတိဖြစ်တတ်တဲ့ စိတ်ပိုများပြီး တစ်ယောက် နဲ့တစ်ယောက် နမ်းလေ့ရှိတဲ့ စုံတွဲတွေဟာ မိဘ ကောင်းတွေ ဖြစ်လာတာကိုတွေ့ရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အချစ်စစ်နဲ့ ပြည့်နေတဲ့ ဘ၀ဟာ အောင်မြင်တဲ့ မိဘ တွေ ဖြစ်လာစေဖို့ ဦးတည်ပေးပြီး ဖခင်ကောင်း တစ်ယောက်ဖြစ်လာ ဖို့ ဖော်ပြခြင်းကို ကူညီပေးပါတယ်။

အမေရိကန် အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ၁ ဦးသေဆုံး

Photo: အမေရိကန် အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ၁ ဦးသေဆုံး
Saturday, October 25, 2014

အမေရိကန် နိုင်ငံ ၀ါရှင်တန် ပြည်နယ် မယ်ရီစ်ဗီးလ် အထက်တန်း ကျောင်း တွင် အောက်တိုဘာ ၂၄ ရက်က အသက် ၁၅ နှစ်အရွယ် ကျောင်း သား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကျောင်းသူတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား ကျောင်းသား ကျောင်းသူ လေးဦးမှာလည်း ဆေးရုံသို့ တင်ပို့ ထားရကြောင်း သိရသည်။

ကျောင်းကန်တင်း အတွင်း သေနတ်ဖြင့် ပစ်ခဲ့သူ ဂျေလန် (၀ဲ)၊ ထိတ်လန့်နေကြသည့် ကျောင်းသူများနှင့် မိဘများ (ယာ၊ ပေါ်) နှင့် အခင်း ဖြစ်ပွားခဲ့သည့် မယ်ရီစ်ဗီးလ် အထက်တန်းကျောင်း (ယာ၊ အောက်)။ ဓာတ်ပုံ - Mirror

ယင်းဖြစ်ရပ်မှာ ၀ါရှင်တန် ပြည်နယ် မြို့တော် ဆီယက်တဲလ်၏ မြောက်ဘက် မိုင် ၃၀ အကွာခန့်တွင် တည်ရှိသည့် မယ်ရီစ်ဗီးလ် အထက် တန်း ကျောင်း တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နံနက် ၁၀း၄၅ နာရီခန့်က ကျောင်း၏ နံနက်စာ စားချိန်တွင် အသက် ၁၅ နှစ်အရွယ် ကျောင်း သား ဂျေလန် ဖရိုင်းဘာ့ဂ်က ကျောင်းကန်တင်း အတွင်း နေ့လည်စာ စားသောက်နေသည့် ကျောင်းသားများကို သေနတ်ဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။

ဖရိုင်းဘာ့ဂ်၏ ပစ်ခတ်မှုနှင့် ပတ်သက်၍ မျက်မြင်တွေ့ခဲ့ရသည့် ဂျော်ဒန် လူတန် အမည်ရှိ ကျောင်းသား တစ်ဦးက "ဂျေလန်က အားလုံး စားသောက်နေ ချိန်မှာ သေနတ်တစ်လက် ကိုင်ပြီး ရုတ်တရက် ရောက်လာတယ်။ ပြီးတော့ စားသောက်နေကြတဲ့ ကျောင်းသားတွေ ဆီကို ကျည်ဆံ ရှစ်တောင့်လောက် ပစ်လွှတ် လိုက်တယ်။ အဲ့မှာ ထိုင်စားနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးက သူ့သူငယ်ချင်းတွေ ချည်းပဲလေ။ သူက တစ်ကယ့်ကို ကြုံရာကျပန်း ပစ်လိုက်တာပါ။ ပြီးလည်း ပြီးရော သူက ကျွန်တော်နဲ့ ကျွန်တော် ကောင်မလေးကို မအီမလည် ပြုံးပြတယ်။ ပြီးတော့ လှည့်ထွက်သွားပြီး အပြင်ဘက်မှာလည်း ကျည်တွေကို တော်တော်များများ ပစ်လိုက်သေး တယ်"ဟု ပြောပြ ခဲ့သည်။

ယင်း ပစ်ခတ်မှုတွင် ကျောင်းသူတစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွား ခဲ့ပြီး ကျောင်းသူ နှစ်ဦးနှင့် ကျောင်းသား နှစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့ သောကြောင့် ဆေးရုံတက်ရောက်ကာ ဆေးဝါးကုသမှု ခံယူနေရသည်။ ယင်းတို့ အနက်မှ သုံးဦးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် အသက် ရှင်ရေး ရုန်းကန် နေရကြောင်း သတင်းများက ဖော်ပြသည်။ ဒဏ်ရာ ရရှိသူ လေးဦး အနက်မှ ယောက်ျားလေး နှစ်ဦး မှာ သေနတ် သမား ဂျေလန်၏ ညီအစ်ကို ၀မ်းကွဲများ ဖြစ်ကြသည်။

အဆိုပါ ပစ်ခတ်မှုကို ဂျေလန်တစ်ဦးတည်းက လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ သို့သော် ဂျေလန် ကိုင်ဆောင် ခဲ့သည့် လက်နက်ကိုမူ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ မီဒီယာများ၏ ဖော်ပြချက် အရမူ .40 Caliber Beretta သေနတ် ဖြစ်ကြောင်း သိရသည်။ သေနတ်သမား ဂျေလန်ကိုမူ ယင်းနေ့တွင်ပင် ရဲများက အသေပစ်သတ် ဖမ်းဆီး ရမိခဲ့သည်။ ဂျေလန်သည် ဒေသခံ အမေရိကန် တိုင်းရင်းသား အင်ဒီယန်း တစ်ဦး ဖြစ်ပြီး သေနတ်များနှင့် အမဲလိုက်ခြင်းကို နှစ်ခြိုက်သူ တစ်ဦး ဖြစ်ကြောင်း သတင်းများက ဖော်ပြကြသည်။

Ref: Mirror
Mizzima - News in Burmese
အမေရိကန် နိုင်ငံ ၀ါရှင်တန် ပြည်နယ် မယ်ရီစ်ဗီးလ် အထက်တန်း ကျောင်း တွင် အောက်တိုဘာ ၂၄ ရက်က အသက် ၁၅ နှစ်အရွယ် ကျောင်း သား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကျောင်းသူတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား ကျောင်းသား ကျောင်းသူ လေးဦးမှာလည်း ဆေးရုံသို့ တင်ပို့ ထားရကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ ရိုးရာ မီးပုံး ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ….

Photo: ရန်ကုန်မြို့တွင် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ ရိုးရာ မီးပုံး ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ….
Saturday, October 25, 2014

မြန်မာလူမျိုး တို့၏ ရိုးရာလက်မှု အတတ်ပညာများကို မတိမ်ကော မပျောက်ကွယ် သွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ရိုးရာ မီးပုံးပွဲတော် ၂ဝ၁၄ကို ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရ သည်။

ထိုမီးပုံးပွဲတော်တွင် မြန်မာ့ရိုးရာ မီးပုံး ကျွမ်းကျင် ပညာရှင်များ၏ မီးပုံး ဒီဇိုင်းပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း၊ ဆန်ခါတင် ရွေးချယ်ခံရသော မီးပုံးဒီဇိုင်း ပြိုင်ပွဲဝင်များ၏ အနု ပညာ ဖန်တီးမှု လက်ရာများ ပြသခြင်း၊ လာရောက်ကြည့်ရှု သူများက မိမိတို့ ကြိုက်နှစ်သက်သော မီးပုံးများကို မဲပေးခြင်း၊ လူမှု အကျိုးပြု ပရဟိတ လုပ်ငန်းများသို့ လှူဒါန်းရန် မီးပုံးပြိုင်ပွဲတွင် ဆုရရှိသွားသော မီးပုံးများကို လေလံတင် ရောင်းချခြင်း အစရှိသော အစီအစဉ်များ နှင့်အတူ ကလေးငယ်များ အတွက် မီးပုံး ဆေးရောင် ခြယ်ပြိုင်ပွဲ၊ အိမ်ပြန် လက်ဆောင်အဖြစ် ယူဆောင်သွားရန် အတွက် မီးပုံးများကို ကိုယ်တိုင်ဖန်တီး ပြုလုပ်ခြင်း စသည်တို့ကိုလည်း သက်ဆိုင်ရာမှနေ၍ စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

ထို့အပြင် ဈေးရောင်းပွဲတော်၊ မြန်မာ့ရိုးရာ အစားအစာ ပွဲဈေးတန်းများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်သောPhoto Booth များ၊ ကလေးငယ်များအတွက် ပျော်စရာ Games အစီအစဉ်များနှင့် အခြားသော ပျော်ပွဲရွှင်ပွဲ အစီအစဉ် များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာ မီးပုံးပွဲတော်ကို လာမည့် နိုင်ဝင်ဘာ ၅ရက်နှင့် ၆ရက်တို့တွင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် အရှေ့မြင်းပြိုင် ကွင်းလမ်းရှိ ရွှေထွဋ်တင် ကွင်း၌ ညနေ ၄နာရီမှ ည ၁ဝနာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး ဝင်ကြေး ကိုမူ ငွေကျပ်၁ဝဝဝ ကောက်ခံသွားမည်ဟု သိရသည်။

မြ၀တီ
မြန်မာလူမျိုး တို့၏ ရိုးရာလက်မှု အတတ်ပညာများကို မတိမ်ကော မပျောက်ကွယ် သွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ရိုးရာ မီးပုံးပွဲတော် ၂ဝ၁၄ကို ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရ သည်။

ပလတ်စတစ် လူသုံးကုန်ပစ္စည်းများဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါဝင်စားမှု ကိုလျော့နည်းစေနိုင်

Photo: ပလတ်စတစ် လူသုံးကုန်ပစ္စည်းများဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါဝင်စားမှု ကိုလျော့နည်းစေနိုင်
Saturday, October 25, 2014

PVC ကြမ်းခင်းတွေ၊ ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ၊ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အသင့်စားအစားအစာတွေ နဲ့ အခြားပလတ်စတစ်နဲ့ ပြုလုပ်တဲ့ အရာတွေဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါဝင်စားမှုကိုလျော့နည်းစေ ပါတယ်။လိင်မှုကိစ္စ တက်မက်မှု လျော့နည်းခြင်းဟာ ပလတ်စတစ် အပျော့တွေကို သုံးစွဲမှုနဲ့ ပတ်သက်နေပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ဖတ်သ်သလိပ်(phthalates) ပမာဏ များတဲ့ အမျိုးသမီးတွေ ဟာ လိင်မှုကိစ္စတွေမှာ စိတ်ဝင်စားမှုလျော့နည်းနေတတ်ပါတယ် ။ phthalates ဟာ လူတွေပြုလုပ်နိုင်တဲ့ ဓါတုဗေဒ တစ်မျိုးဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှုအတွက် အရေးပါတဲ့ သဘာဝ ဟော်မုန်းတွေကြားမှာ ရှိနေတတ်ပါတယ်။ phthalates ကို ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ PVC ကြမ်းခင်းတွေ နဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာတွေထဲမှာလည်း ပါဝင်နေပြီး ပလတ်စတစ် ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓါတုဗေဒပစ္စည်း တစ်မျိုးလည်းဖြစ်ပါတယ်။ အမေရိကန် နိုင်ငံက Rochester ဆေးတက္ကသိုလ် က Dr Emily Barrett ဟာ အသက် ၂၀ ကနေ ၃၀ ကြားမှာ ရှိတဲ့ ကိုယ်ဝန်ဆောင်သည်  အမျိုးသမီး ၃၆၀ ယောက်ရဲ့ ဆီးတွေထဲမှာ Phathalates ပါဝင်မှု ကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ Phathalates ပမာဏပါဝင်မှု များတဲ့ အများစု ဟာ လိင်မှုကိစ္စတွေကို စိတ်မ၀င်စားခဲ့တာကို လည်းတွေ့ရပါတယ်။ ဒါ့အပြင် ဒေါက်တာ Barrett ဟာ Phathalates တွေဟာ အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စတက်မက်မှုကြောင့်ရတဲ့ ဟော်မုန်းတွေဖြစ်တဲ့  Oestrogen နဲ့ testotetone တို့ရဲ့ ကြားထဲမှာ ကြားဝင်နေနိုင်တယ်လို့ ဆိုပါတယ်။လက်ရှိမှာ ဥရောပ စီးပွားရေး သမဂ္ဂကလည်း Phathalates ပါဝင်တဲ့ အလှကုန် ပစ္စည်းတွေ ၊ အရုပ်တွေ နဲ့ အခြားပလတ်စတစ် ပစ္စည်းတွေ သုံးစွဲခြင်း ကို တားမြစ်ထားပါတယ်။ 

Ref:dailymail.co.uk
Trend Myanmar
PVC ကြမ်းခင်းတွေ၊ ရေချိုးခန်းသုံး ပလတ်စတစ် ခန်းဆီးတွေ၊ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အသင့်စားအစားအစာတွေ နဲ့ အခြားပလတ် စတစ်နဲ့ ပြုလုပ်တဲ့ အရာတွေဟာ အမျိုးသမီးတွေရဲ့ လိင်ကိစ္စမှာ စိတ်ပါဝင်စားမှုကိုလျော့နည်းစေ ပါတယ်။လိင်မှုကိစ္စ တက်မက် မှု လျော့ နည်းခြင်း ဟာ ပလတ်စတစ် အပျော့တွေကို သုံးစွဲမှုနဲ့ ပတ်သက်နေပါတယ်။

ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများအား ယာဉ်မောင်း အခမဲ့သင်ကြားပေးပြီး အလုပ်ရရန် ဆောင်ရွက်ပေးမည်

Photo: ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများအား ယာဉ်မောင်း အခမဲ့သင်ကြားပေးပြီး အလုပ်ရရန် ဆောင်ရွက်ပေးမည်
Saturday, October 25, 2014

ဆင်း ရဲနွမ်းပါးပြီးအလုပ်အကိုင်အခွင့်အ လမ်းနည်းပါးသော အမျိုးသမီးများ အား ယာဉ်မောင်းတတ်ကျွမ်းမှုရှိစေ ရန် အခမဲ့သင်ကြားပေးပြီး အလုပ် အကိုင် တစ်ပါတည်းရရှိနိုင်ရန် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

အမျိုးသမီးများအတွက်အသက် မွေးဝမ်းကျောင်းပြုနိုင်မည့် လုပ်ငန်း အခွင့်အလမ်းသစ်တစ်ခု ပေါ်ပေါက် လာစေရန်ရည်ရွယ်၍ ယာဉ်မောင်း တတ်ကျွမ်းစေရန်နှင့်လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းနားလည်ပြီးတတ်ကျွမ်း သည်အထိ သင်ကြားပေးကာကုမ္ပဏီ၊ ကျောင်း၊ အိမ်အစရှိသည့်ယာဉ်မောင်း ရမည့်လုပ်ငန်းတို့ဖြင့် ချိတ်ဆက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်သည့် မြန်မာ အမျိုးသမီးများ လုပ်ငန်းအခွင့်အလမ်းဖွံ့ဖြိုး တိုးတက်ရေး အသင်း (ယာယီ)မှ ဥက္ကဋ္ဌ ဖြစ်သူဒေါ်ကေခိုင်အောင်ခင်က ''ဆင်း ရဲနွမ်းပါးတဲ့အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရှိလာအောင် လုပ်ပေးမှာပါ။ ပညာ အရည်အချင်းတွေဘာတွေက အစ စာရေးတတ်၊ ဖတ်တတ်ဖို့လောက်ပဲ လိုတယ်။ နောက်ပြီးဒီနိုင်ငံသား ဖြစ် တာနဲ့ဘယ်ဘာသာဝင်မဆိုလျှောက် ထားနိုင်ပါတယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ယာဉ်မောင်းသင်ကြား ပေးမှုများကို ဒီဇင်ဘာလတွင်စတင် သွားမည်ဖြစ်ပြီး သင်တန်းကာလကို တစ်လသတ်မှတ်ထားကာ လာမည့်လ များတွင်လည်း တစ်လလျှင်အပတ် စဉ်တစ်ခုအဖြစ်သင်ကြားပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ဒေါ်ကေခိုင် အောင်ခင်က''အသက်အပိုင်းအခြား ကတော့ ၁၈နှစ်ကနေ၄ဝနှစ်အတွင်းလို့ သတ်မှတ်ထားတယ်။ ယာဉ်မောင်း အလုပ်အကိုင်ကတစ်သိန်းထက်မနည်း တဲ့ဝင်ငွေရှိလာမှာပါ။ အလုပ်အကိုင် ရှာဖွေပေးတဲ့အခါမှာလဲ အမျိုးသမီး တွေလုံခြုံမှုရှိဖို့စည်းကမ်းချက်တွေချ ထားပေးတာမျိုးရှိမယ်'' ဟုပြောသည်။

အဆိုပါ သင်တန်းကို မြန်မာ အမျိုးသမီးများလုပ်ငန်းအခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ယာယီ)နှင့် Jade Express Service (JES Driver Academy) တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးပါကယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းနားလည်တတ် ကျွမ်းစေရန် နေ့စားဝန်ထမ်းအဖြစ် တာဝန်ပေးခြင်းကို ယာဉ်မောင်းလိုင် စင်ရသည်အထိလက်ခံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်မောင်းသင်တန်း သို့ တက်ရောက်လိုသူများအနေဖြင့် ရပ်ကွက်ထောက်ခံစာနှင့်သန်းခေါင် စာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ကိုယ်ရေး အချက်အလက်အပြည့်အစုံနှင့်ဓာတ် ပုံသုံးပုံဖြင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

Yangon Media Group
ဆင်း ရဲနွမ်းပါးပြီးအလုပ်အကိုင်အခွင့်အ လမ်းနည်းပါးသော အမျိုးသမီးများ အား ယာဉ်မောင်းတတ်ကျွမ်းမှု ရှိစေရန် အခမဲ့သင်ကြားပေးပြီး အလုပ်အကိုင် တစ်ပါတည်းရရှိနိုင်ရန် ဆောင် ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရ သည်။

စစ်ဆင်ရေးအတွက် တစ်နှစ်လုံး ကျပ်သန်း ၃၀၀ အသုံးပြုမည်

စစ်ဆင်ရေးလုပ် ငန်းများဆောင်ရွက်ရန် တစ်နှစ် လုံး အသုံးစရိတ်အဖြစ် ကျပ်သန်းသုံးရာ သုံးစွဲမည်ဖြစ်ကြောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကာကွယ်ရေးဝန်ကြီးဌာန၏ ဖြည့် စွက်ခွင့်ပြုငွေတွင်ပါရှိသည်။

ဟောင်ကောင်အစိုးရ၏ အဆိုပြုချက်များကို ဒီမိုကရေစီ သပိတ်မှောက်သူများ မဲပေးရွေးချယ်ရန် စီစဉ်

Photo: ဟောင်ကောင်အစိုးရ၏ အဆိုပြုချက်များကို ဒီမိုကရေစီ သပိတ်မှောက်သူများ မဲပေးရွေးချယ်ရန် စီစဉ်
Saturday, October 25, 2014

ဟောင်ကောင် ဒီမိုကရေစီသပိတ်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်း အတွက် အစိုးရဘက်က ချပြမည့် အဆိုပြုချက်များကို ဆန္ဒပြသူများက မဲခွဲဆုံးဖြတ်ကြရန် စီစဉ်ထားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ယခုရက်သတ္တပတ် အစောပိုင်းတွင် ဒီမိုကရေစီ အင်အားစုများ ပယ်ချခဲ့သည့် အစိုးရ၏ အဆိုပြုချက်များကို မဲပေးရွေးချယ်သွားရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

ဆန္ဒပြသူ ကျောင်းသားခေါင်းဆောင်များက ဟောင်ကောင်အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းတို့ ထုတ်ဖော်ပြောဆိုသော အဆိုပြုချက်များကို အီလက်ထရွန်နစ် စနစ်ဖြင့် ဆန္ဒမဲပေး ဆုံးဖြတ်သွားမည်ဟု ကြေညာသည်။

“ကျောင်းသားတွေဟာ ပလာဇာက ပြည်သူတွေနဲ့ ဟောင်ကောင်ပြည်သူတွေကို ကိုယ်စားမပြုပါဘူးလို့ အစိုးရက အမြဲတမ်း ပြောလေ့ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ သဘောထားတွေကို ထုတ်ဖော်ပြသပါမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဘာတွေ စဉ်းစားထားတယ် ဆိုတာကိုလည်း အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း သိသွားအောင် လုပ်ပါမယ်” ဟု ကျောင်းသားခေါင်းဆောင် အဲလက်ချွားက ပြောကြားသည်။

ဟောင်ကောင် ဒီမိုကရေစီသပိတ် ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲကို ရုပ်သံမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။

ဟောင်ကောင်ကျောင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက လာမည့် ၂၀၁၇ ခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် တရုတ်ပြည်မကြီးအစိုးရ၏ သတ်မှတ်ပြဋ္ဌာန်းချက်များကို ပြန်လည်ပြင်ဆင်ပေးရန်နှင့် ဟောင်ကောင်အကြီးအကဲ လီချန်ယင်းအား နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

သို့သော် ဆန္ဒပြခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုကို နှစ်နာရီကြာမျှ ပြုလုပ်ခဲ့သော်လည်း တိုးတက်ဖြစ်ထွန်းမှု တစ်စုံတစ်ရာ ဆောင်ကြဉ်းပေးနိုင်ခြင်း မရှိဘဲ အဆုံးသတ်ခဲ့ရသည်။

ဟောင်ကောင်တွင် လူမှုအဆင့်အတန်း ညီမျှမှု မရှိခြင်းနှင့် နေထိုင်မှု စရိတ်စကများ မြင့်တက်နေခြင်းကလည်း ဆန္ဒပြကျောင်းသားများအကြား အရေးပါသော ပြဿနာတစ်ရပ် အဖြစ် ပါဝင်နေသည်။

ဟောင်ကောင်အစိုးရ အရာရှိကြီးများကမူ ကျောင်းသားခေါင်းဆောင်များ၏ တောင်းဆိုချက်များသည် ဥပဒေအရ ဖြစ်နိုင်ခြေ လုံးဝမရှိကြောင်း ပြောကြားသည်။

The Voice Weekly
ဟောင်ကောင် ဒီမိုကရေစီသပိတ်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းအတွက် အစိုးရဘက်က ချပြမည့် အဆိုပြုချက်များကို ဆန္ဒပြသူများက မဲခွဲဆုံးဖြတ်ကြရန် စီစဉ်ထားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အီဂျစ်လုံခြုံရေးဝန်ထမ်း ၃၃ ဦး အသတ်ခံရမှုကြောင့် ၃ လကြာ အရေးပေါ်အခြေအနေ ကြေညာ

Photo: အီဂျစ်လုံခြုံရေးဝန်ထမ်း ၃၃ ဦး အသတ်ခံရမှုကြောင့် ၃ လကြာ အရေးပေါ်အခြေအနေ ကြေညာ
Saturday, October 25, 2014 
 
apccအီဂျစ်နိုင်ငံ စီနိုင်းကျွန်းဆွယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က တိုက်ခိုက်မှု ၂ ခုကြောင့် လုံခြုံရေးဝန်ထမ်း ၃၃ ယောက် အသတ်ခံခဲ့ရအပြီး အီဂျစ်အစိုးရက ၃ လကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်လို့ အစိုးရမီဒီယာ က အစီရင်ခံပါတယ်။

ဒါဟာ အစ္စလာမ္မစ်သမ္မတ မိုဟာမဒ် မာစီ ရာထူးကျအပြီး အဆိုးရွားဆုံး အစိုးရ ဆန့်ကျင်ရေး အကြမ်းဖက်မှု ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေကို ရာဖယ်တောင်ကုန်း အရှေ့ဘက်ကနေ နိုင်ငံတကာနယ်စပ်အထိ၊ အနောက်အာရစ်ရှ်ကနေ ပင်လယ်ကမ်းစပ်တလျှောက် နိုင်ငံတကာ နယ်စပ်အထိ သတ်မှတ်ကြောင်းကြေညာတယ်လို့ အီဂျစ်သတင်းတွေက အစီရင်ခံပါတယ်။

စီနိုင်းကျွန်းဆွယ်အတွင်း စီးပွားရေးအခြေအနေ ပြင်ဆင်ဖို့ ကြိုးစားအာရုံစိုက်နေတဲ့ အစ်စလာမစ်စစ်သွေးကြွ သူပုန်ထမှုကို တိုက်ဖျက်ရေး အစိုးရအနေနဲ့ ရုန်းကန်နေရတာပါ။ အစိုးရက စီမံခန့်ခွဲမှုအတွင်း တိုးတက်မှု နည်းနည်းရလာတုန်း ဒီတိုက်ခိုက်မှုက အစိုးရအတွက် နောက်ကြောင်းပြန်စေ တဲ့ ဖြစ်ရပ် ဖြစ်လာခဲ့ပါတယ်။

 ဒီဗွီဘီ
အီဂျစ်နိုင်ငံ စီနိုင်းကျွန်းဆွယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က တိုက်ခိုက်မှု ၂ ခုကြောင့် လုံခြုံရေးဝန်ထမ်း ၃၃ ယောက် အသတ်ခံခဲ့ရအပြီး အီဂျစ်အစိုးရက ၃ လကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်တယ်လို့ အစိုးရမီဒီယာ က အစီရင်ခံပါတယ်။

အရက် စွဲနေသူများအတွက် အကောင်းဆုံး ဓာတ်စာများ

Photo: အရက် စွဲနေသူများအတွက် အကောင်းဆုံး ဓာတ်စာများ
Saturday, October 25, 2014 

အရက်အလွန်အကျွံ သောက်ရင် အရက်စွဲပြီး အရက်နာ ကျတတ်တယ်။ ကိုယ် အလေးချိန် နည်းသူတွေမှာ ခန္ဓာကိုယ်တွင်း အရည်ပမာဏ လျော့နည်း သွားတတ်တယ်။ ဒီလိုလူတွေနဲ့ အဆီမပါတဲ့

တစ်သျှူးနည်းပါးသူတွေဟာ အရက်ကို ခံနိုင်ရည်မရှိဘူး။ အင်ဇိုင်းနည်းပါးတဲ့ အမျိုးသမီးနဲ့ လူငယ်တွေမှာ အရက်ကြောင့် ကျန်းမာရေး ယိုယွင်းနိုင်တယ်။ အရက်စွဲခြင်း အရက်စွဲသူရဲ့ လက္ခဏာတွေကတော့ ရေဓာတ် ခန်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချာလည်မူးဝေခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ဝေဒနာပြင်းထန်ရင် ကြွက်တက်ခြင်း၊ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ ညအချိန်၌ အိပ်မပျော်ခြင်း၊ အသည်းအဆီဖုံး ရောဂါ ဖြစ်တတ်ခြင်း၊ အသည်းရောင် အသားဝါဖြစ်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာ အထိဖြစ်ခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ခြင်းတို့ဖြစ်တယ်။ အရက်နာမကျအောင် အရက် မသောက်မီ နွားနို့တစ်ခွက်နဲ့ ကြက်ဥ အစိမ်းတစ်လုံး ဖောက်သောက် သင့်တယ်။ အရက်သောက်တဲ့အခါ အမြည်းများများ စားပြီး ရေများများ သောက်သင့်တယ်။ အရက်နဲ့ အချိုရည် တွဲသောက်သင့်တယ်။ စနစ်တကျ မှတ်ပုံတင် ထားခြင်း မရှိတဲ့အရက် (ချက်အရက်၊ မှောင်ခိုဝင်လာတဲ့အရက်) များ ရှောင်သင့်တယ်။  

ဗီတာမင် ဆေးသောက်ဖို့လိုသလို ဆီးရောဂါမဖြစ်အောင် ဆီးအောင့်ထားခြင်း မပြုလုပ်ရပါ။ ဆီးနည်းခြင်း၊ ဝမ်းချုပ်ခြင်း မဖြစ်စေရပါ။ အရက်စွဲလာပြီ ဆိုရင်တော့ အရက်ဖြတ်ဆေး သောက်ဖို့လို တယ်။ များသောအားဖြင့် စီပီဇက်သောက်ဆေး နှစ်လုံးကို နှစ်ကြိမ်နဲ့ အိပ်ဆေးဗေလီယံ တစ်ခုခု နှစ်လုံးတွဲ သောက်သင့်တယ်။ အချိန်ပိုနေတယ် ဆိုရင်တော့ ဘာသာရေး လိုက်စားခြင်း၊ အားကစား သို့မဟုတ် လူမှုရေး အလုပ်တစ်ခုခု လုပ်နေသင့်တယ်။ အစားအစာ ပုံမှန်အားဖြင့် အရက်မှာပါတဲ့ အယ်လ်ကိုဟောနဲ့ ပါဝင်ပစ္စည်းများဟာ ရေဓာတ် ဆုံးရှုံးစေပြီး မလိုလားအပ်တဲ့ အဆီတွေ အသည်းမှာ စုစေတယ်။ သွေးထဲမှာ ကိုလက်စထရော မြင့်စေတယ်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ အဖွဲ့အစည်းတွေမှာ ဆိုးရွားတဲ့ အခြေအနေ ဖြစ်စေတယ်။ အရက်ဖြတ်ရင် သဘာဝသစ် သီး ဖျော်ရည်၊ သံပရာ၊ လိုင်းဂျူးစ်၊ စတော်ဘယ်ရီ ဖျော်ရည် သောက်သင့်တယ်။ ပန်းသီး၊ မုန်လာဥနီ၊ မုန်လာဥဝါ၊ တရုတ်နံနံ၊ သကြားဓာတ် ပါဝင်တဲ့ သစ်သီးဖျော်ရည် သောက်သင့် တယ်။ သွေးထဲ မှာ ဂလူးကို့စ်နည်းရင် သကြားဖြည့်ပေးရမယ်။ အကြံပြုချက် အရက်ဟာ ကောင်းကျိုးထက် အရက်စွဲခြင်း၊ ရောဂါစွဲကပ်ခြင်း စတဲ့ ဘေးထွက် ဆိုးကျိုးများတဲ့အတွက် တတ်နိုင်ရင် မသောက် ဘဲ နေ သင့်တယ်။ အရက်ဖြတ်မယ်ဆိုလည်း စနစ်တကျ ဆရာဝန်နဲ့ပြပြီး ကုသသင့်တယ်။

မြ၀တီ
အရက်အလွန်အကျွံ သောက်ရင် အရက်စွဲပြီး အရက်နာ ကျတတ်တယ်။ ကိုယ် အလေးချိန် နည်းသူတွေမှာ ခန္ဓာကိုယ်တွင်း အရည်ပမာဏ လျော့နည်း သွားတတ်တယ်။ ဒီလိုလူတွေနဲ့ အဆီမပါတဲ့ တစ်သျှူးနည်းပါးသူတွေဟာ အရက်ကို ခံနိုင်ရည်မရှိဘူး။ အင်ဇိုင်းနည်းပါးတဲ့ အမျိုးသမီးနဲ့ လူငယ်တွေမှာ အရက်ကြောင့် ကျန်းမာရေး ယိုယွင်းနိုင်တယ်။ အရက်စွဲခြင်း အရက်စွဲသူရဲ့ လက္ခဏာတွေ ကတော့ ရေဓာတ် ခန်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ချာလည်မူးဝေခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ဝေဒနာပြင်းထန်ရင် ကြွက်တက်ခြင်း၊ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ ညအချိန်၌ အိပ်မပျော်ခြင်း၊ အသည်းအဆီဖုံး ရောဂါ ဖြစ်တတ်ခြင်း၊ အသည်းရောင် အသားဝါဖြစ်ခြင်း၊ နာတာရှည် အသည်းရောင်ခြင်း၊ အသည်းကြွပ်ဆတ်နာ၊ အသည်းကင်ဆာ အထိဖြစ်ခြင်းနဲ့ စိတ်ကျရောဂါ ဖြစ်ခြင်းတို့ဖြစ်တယ်။ အရက်နာမကျအောင် အရက် မသောက်မီ နွားနို့တစ်ခွက်နဲ့ ကြက်ဥ အစိမ်းတစ်လုံး ဖောက်သောက် သင့်တယ်။ အရက်သောက်တဲ့အခါ အမြည်းများများ စားပြီး ရေများများ သောက်သင့်တယ်။ အရက်နဲ့ အချိုရည် တွဲသောက်သင့်တယ်။ စနစ်တကျ မှတ်ပုံတင် ထားခြင်း မရှိတဲ့အရက် (ချက်အရက်၊ မှောင်ခိုဝင်လာတဲ့အရက်) များ ရှောင်သင့်တယ်။ 

ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်ရေး သောင်တူးစက် များဖြင့် ပြုပြင်ဆောင် ရွက် သွားမည်

Photo: ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်ရေး သောင်တူးစက် များဖြင့် ပြုပြင်ဆောင် ရွက် သွားမည်
Saturday, October 25, 2014  

ချင်း တွင်းမြစ်ရေသည် ယခုနှစ် မိုးကုန် ရာသီတွင် ယခင်နှစ်များ ထက် မြစ် ရေကျဆင်းမှု ကြီးမားလျက်ရှိရာ မုံ ရွာ-ကလေးဝ-ဟုမ္မလင်းချင်းတွင်း ရေကြောင်းခရီးစဉ်တွင် မင်းကင်း ဆိပ်ကမ်းသည် သဲသောင်ပြင်များ စောစီးစွာ ပေါ်ထွန်းလာနေခြင်း ကြောင့် ရေယာဉ်များ ဆိုက်ကပ်ရန် ခက်ခဲမှုများ ရှိလာသည့်အတွက် ရေလမ်းကြောင်း ကောင်းမွန်စေ ရန် သောင်တူး စက်ယန္တရားကြီး များဖြင့် ရေလမ်းကြောင်းကို ပြု ပြင်သွားမည်ဖြစ်ကြောင်း မုံရွာမြို့ ရေယာဉ်များစနစ်တကျ ပြေးဆွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ချင်းတွင်းမြစ်ရေကျဆင်းချိန် နွေရာသီကာလတွင် မုံရွာမှ ဟုမ္မ လင်းမြို့အကြား ရေကြောင်းကျပ် သည့် နေရာပေါင်း ၄ဝကျော်ရှိရာ မင်းကင်း၊ မော်လိုက်ဆိပ်ကမ်းများ လည်း ပါဝင်သည်ဟု သိရသည်။ 

ယခုအခါ မင်းကင်းမြို့အဝင် ချင်း တွင်းမြစ်ဆိပ်ကမ်းရေကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အောက်တိုဘာ ၁၈ရက်မှစတင်၍ ရေကြောင်းရှင်း လင်းရေး သောင်တူးဖော်မှုလုပ် ငန်းများဆောင်ရွက်နေပြီဖြစ်သည်။
''မြစ်ရေကျချိန် ဆောင်းကုန် ရာသီကစလို့ မင်းကင်းမြို့နဲ့ တစ် မိုင်လောက်ဝေးတဲ့ မင်းကင်းအထက် ဘက် တောင်ယာတောရွာဆိပ်ကမ်း မှာ ရေယာဉ်တွေ ဆိုက်ကပ်နေရပါ တယ်''ဟု မင်းကင်းမြို့ ဒေသခံတစ် ဦးကပြောသည်။

ဆောင်းအဝင်ရာသီဖြစ်သည့် အောက်တိုဘာလကုန်ရက်ပိုင်းတွင် မုံရွာမြို့နှင့် ကလေးဝမြို့အကြား ရေ ကြောင်းကျပ်သည့်နေရာ လေးနေ ရာရှိနေပြီး မင်းကင်းမြို့အဝင်နေရာ သည် ရေယာဉ်သွားလာရေးအခက် ခဲဆုံးနေရာဖြစ်ကြောင်း မုံရွာ-ဟုမ္မ လင်းရေယာဉ်မောင်းတစ်ဦးကပြော သည်။

MOS
Yangon Media Group
ချင်းတွင်းမြစ်ရေသည် ယခုနှစ်မိုးကုန်ရာသီတွင် ယခင်နှစ်များထက် မြစ် ရေကျဆင်းမှု ကြီးမားလျက်ရှိရာ မုံ ရွာ-ကလေးဝ-ဟုမ္မလင်းချင်း တွင်း ရေကြောင်းခရီးစဉ်တွင် မင်းကင်း ဆိပ်ကမ်းသည် သဲသောင်ပြင်များ စောစီးစွာ ပေါ်ထွန်းလာနေခြင်း ကြောင့် ရေယာဉ်များ ဆိုက်ကပ်ရန် ခက်ခဲမှုများ ရှိလာသည့်အတွက် ရေလမ်းကြောင်း ကောင်းမွန်စေ ရန် သောင်တူး စက်ယန္တရားကြီး များဖြင့် ရေလမ်းကြောင်း ကို ပြု ပြင် သွားမည်ဖြစ်ကြောင်း မုံရွာမြို့ ရေယာဉ်များစနစ်တကျ ပြေးဆွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းမှ တရားမဝင်ကုန်စည် နေ့စဉ် ကျပ်သိန်းခုနှစ်ထောင်ကျော်ဖိုး ဖမ်းမိ

Photo: မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းမှ တရားမဝင်ကုန်စည် နေ့စဉ် ကျပ်သိန်းခုနှစ်ထောင်ကျော်ဖိုး ဖမ်းမိ
Saturday, October 25, 2014 

နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ အဆက်မပြတ် စီးဆင်းလျက်ရှိရာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ တရားမဝင် ကုန်ပစ္စည်း ကျပ်သိန်းခုနစ်ထောင်ကျော်ဖိုး နေ့စဉ် ဖမ်းဆီးရမိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

မန္တလေးမြို့တော် ရတနာပုံစူပါ စင်တာရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးခန်းတွင် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပသည့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းအစီအမံများ ရှင်းလင်းပြောကြားသည့် အခမ်းအနားတွင် တက်ရောက်လာသော လုပ်ငန်းရှင်များ၏ မေးမြန်းချက်ကို ၎င်းက ယင်းသို့ ဖြေကြားသွားခြင်း ဖြစ်သည်။

Mobile Team အဖွဲ့များ အနေနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်း၊ မူဆယ်-မန္တလေး လမ်းကြောင်း ၁၆ မိုင်တို့တွင် နေ့စဉ် ဖမ်းဆီးရရှိမှုများ ရှိနေပြီး ကားများကို တန်ချိန်ခိုး၍ တင်ဆောင်ခြင်း၊ ဂျုတီစာရင်းပါ ကုန်ပစ္စည်းများ မဟုတ်ဘဲ အခြားကုန်ပစ္စည်းများ တင်ဆောင်ခြင်းတို့ကို အဓိကတွေ့ရှိရပြီး နေ့စဉ် ကျပ်သိန်းခုနစ်ထောင်မှ ရှစ်ထောင်ထိ တရားမဝင် ကုန်စည်စီးဆင်းမှုများ ရှိနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ပျောက်ကွယ်သွားအောင် လုပ်ဖို့ကတော့ အင်အားနဲ့အချိန် လိုအပ်ပါတယ်။ လက်ရှိအနေအထားနဲ့ အရေးယူနေတာဟာ တရားမဝင် ကုန်စည်စီးဆင်းမှု လျော့ကျသွားအောင်သာ လုပ်ဆောင်နိုင်ပါသေးတယ်” ဟု ဦးသိန်းဝင်းက ဆိုသည်။

မန္တလေး ဈေးကွက်အတွင်းသို့ ရောက်ရှိလာသော လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများသည် အခွန်ရာနှုန်းပြည့်ဆောင်ပြီး ဝင်ရောက်လာခြင်း ရှိသကဲ့သို့ အခွန်တစ်ဝက်ဖြင့် ရောက်ရှိလာသော ကုန်ပစ္စည်းများ ရှိနေကာ ချင်းရွှေဟော်ဘက်မှ ဝင်ရောက်လာသော ကုန်ပစ္စည်းများသည် အများအားဖြင့် အခွန်တစ်ဝက်သာ ဆောင်လာကြသဖြင့် ဈေးကွက်အတွင်း အခွန်အပြည့် ဆောင်ထားသည့် လုပ်ငန်းရှင်များက ဈေးနှုန်း ယှဉ်မရောင်းနိုင်ကြောင်း လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန် ထုတ်လုပ်ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ ဦးနေလင်းက သုံးသပ်ပြောကြားသည်။

“ဖမ်းနေရုံ စစ်ဆေးနေရုံနဲ့ မပြီးဘူး။ လုပ်ငန်းရှင်တွေကို ဂျူတီဆောင်ချင်အောင် ဂျူတီဆောင်ထားတဲ့ လူတွေကို ကာကွယ်ဖို့ကို ဆောင်ရွက်ဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးရေးနှင့် တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိစေရေးအတွက် ကုန်စည်တရားမဝင် ဝင်ရောက်မှုကို ၂၀၁၂ခုနှစ်မှ စတင်ကာ နယ်စပ်လမ်းကြောင်းများတွင် စစ်ဆေးခဲ့ပြီး မန္တလေးမြို့တော်ရှိ လေကြောင်းနှင့် ရေကြောင်းတို့တွင် ယင်းသို့ စစ်ဆေးရန် ၂၀၁၃ ခုနှစ်ကတည်းက အစီအစဉ် ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် အောက်တိုဘာလမှသာ စတင် ဆောင်ရွက်နိုင်ခဲ့သည်။

The Voice Weekly
နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ အဆက်မပြတ် စီးဆင်းလျက်ရှိရာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ တရားမဝင် ကုန်ပစ္စည်း ကျပ်သိန်းခုနစ်ထောင်ကျော်ဖိုး နေ့စဉ် ဖမ်းဆီးရမိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

အကျိတ်များကို ချေဖျက် နိုင်သည့် မျိုးရိုးဗီဇသစ် ခုနစ်ခု သုတေသီများ တွေ့ရှိ

Photo: အကျိတ်များကို ချေဖျက် နိုင်သည့် မျိုးရိုးဗီဇသစ် ခုနစ်ခု သုတေသီများ တွေ့ရှိ
Saturday, October 25, 2014 

သုတေသီများသည် ဦးခေါင်းနှင့်လည်ပင်း ကင်ဆာ အကျိတ်များကို ချေဖျက်နိုင် သည့် မျိုးရိုးဗီဇသစ် ခုနစ်ခုကို ရှာဖွေတွေ့ရှိ ခဲ့သည်ဟု သိရသည်။

သုတေသီများသည် အဆိုပါမျိုးရိုး ဗီဇသစ် ခုနစ်ခုကို ရှာဖွေတွေ့ရှိနိုင်ရန်အတွက် နည်းလမ်းသစ် တစ်မျိုးကို အသုံးပြုခဲ့ကြပြီး အဆိုပါ နည်းလမ်းသစ်တွင် သုတေ သီများက အရေပြားအကျိတ် မျိုးရိုးဗီဇအတွက် မကြာသေးမီက အသုံးပြုခဲ့သော ဓာတ်ခွဲခန်း တစ်ခုကိုအသုံး ပြုကာ စစ်ဆေးလိုသည့် အသားစကို ယူ၍ ၎င်း အသားစ အတွင်း ပါရှိသည့် မျိုးရိုး ဗီဇများ၏ လုပ်ငန်း တာဝန်ကို စစ်ဆေးခဲ့ကြသည်ဟု သိရသည်။ 

ယခင် အသုံးပြုနေသည့် နည်းလမ်းများသည် ကြွက်အတွင်းရှိ မျိုးရိုးဗီဇ တစ်ခု၏ လုပ်ငန်းတာဝန်ကို ခွဲခြားနိုင်ရန် နှစ်နှစ်ကြာခန့် အချိန်ယူခဲ့ရပြီး ယခု နည်းလမ်းမှာမူ သီတင်းပတ် ငါးပတ်အတွင်း ကြွက်တစ်ကောင်အတွင်းရှိ မျိုးရိုးဗီဇ စုစုပေါင်း ၃ဝဝခန့်ကို ခွဲခြား သတ်မှတ်နိုင်ကြောင်း Rockefeller တက္ကသိုလ်၏ နို့တိုက် သတ္တဝါ ဆဲလ်များလေ့လာမှု ဆိုင်ရာ ဆရာဝန် တစ်ဦးဖြစ်သူ ဒန်းနီ ယယ်လ်ရှာ ရမက်ခ်က ပြောကြားသည်။

ယခုအသုံးပြုသည့် နည်းလမ်းသစ်တွင် သုတေသီများသည် မျိုးရိုးဗီဇ ထွက်ပေါ်လာမှုကို RNA မော်လီကျိုးများက တားဆီးသည့် RNA Interference နည်းလမ်းကို အသုံးပြုခဲ့ကြသည်။

RNA Interference နည်းလမ်းသည် ပုံမှန် ဖန်သားပြင်ပေါ်တွင် မမြင်တွေ့ နိုင်သည့် အကျိတ်ချေဖျက်သည့် မျိုးရိုး ဗီဇများကို ရှာဖွေရာတွင် ထိထိရောက်ရောက် အသုံးပြုနိုင်သည့် နည်းလမ်း တစ်ခု ဖြစ်ကြောင်း ဒန်နီယယ်လ်က ပြောကြားသည်။

မြ၀တီ
သုတေသီများသည် ဦးခေါင်းနှင့်လည်ပင်း ကင်ဆာအကျိတ်များကို ချေဖျက်နိုင် သည့် မျိုးရိုးဗီဇသစ် ခုနစ်ခုကို ရှာဖွေတွေ့ရှိ ခဲ့သည်ဟု သိရသည်။

အခြေခံဥပဒေအစီရင်ခံစာကို လာမည့်လအတွင်း မူသဘော အပြတ်ဆွေးနွေးမည်

Photo: အခြေခံဥပဒေအစီရင်ခံစာကို လာမည့်လအတွင်း မူသဘော အပြတ်ဆွေးနွေးမည်
Saturday, October 25, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီ၏ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသည့် အစီရင်ခံစာအား ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် မူသဘောအရ ဆွေးနွေးကြရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

၎င်းက အစီရင်ခံစာအပေါ် ဆွေးနွေးရန် စာရင်းပေးထားသူ ကိုယ်စားလှယ်အချို့က မည်သည့်အရာပေါ် အခြေခံ၍ဆွေးနွေးရမည်ကို
မေးမြန်းလာသည်များရှိသဖြင့် ယခုကဲ့သို့ ပြေကြားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက "ဘယ်အပေါ်အခြေခံရမလဲဆိုတာ မေးတာရှိပါတယ်၊  ကော်မတီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးတဲ့အခါ၊ ခြုံငုံဆွေးနွေးရမယ်၊ မူသဘောသာ ဆွေးနွေးရမယ်’’ ဟု ဆိုသည်။

ဆွေးနွေးမှုများကို လာမည့်နိုဝင်ဘာလ ၁၃ ရက်မှ ၂၁ ရက်အထိ အပြီးသတ်ဆွေးနွေးရန်လည်း ၎င်းက ထပ်မံညွန်ကြားသည်။

ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ယခုကဲ့သို့ မူသဘော ဆွေးနွေးရန် ညွန်ကြားခြင်းသည် အဆုံးအဖြတ်ထက် လွှတ်တော်မှတစ်ဆင့် မည်သည့်ပါတီက မည်သို့သဘောရှိသည်ကို ပြည်သူ့ထံ တင်ပြခြင်း သဘောရသည်ဟု ဆိုသည်။

Mizzima - News in Burmese
ဖွဲ့စည်းပုံ အခြေခံဥပဒေ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီ၏ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းသည့် အစီရင်ခံစာအား ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် မူသဘောအရ ဆွေးနွေးကြ ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

အရွယ်မရောက်သေးသော ကလေးများကို စစ်မှုထမ်းခိုင်းသော KIA အား အရေးယူပေးရန် UNICEF သို့ တိုင်ကြားမည်

Photo: အရွယ်မရောက်သေးသော ကလေးများကို စစ်မှုထမ်းခိုင်းသော KIA အား အရေးယူပေးရန် UNICEF သို့ တိုင်ကြားမည်
Saturday, October 25, 2014

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များ ၌ နေထိုင်သောဒေသခံ ကချင်လူ ငယ်များအား အောက်တိုဘာ ဒုတိယ အပတ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းခြင်းအပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ထံသို့တိုင်ကြား ရန် စီစဉ်နေကြောင်း အကျိုးတော်ဆောင် တစ်ဦးထံမှ သိရသည်။ 

“ ကျောင်းတက်နေတဲ့ကလေးကို ဖမ်းပြီး စစ်သားလုပ်ခိုင်းတဲ့အတွက် ပါ၊ နောက်ထပ်ကလေးသုံးယောက် ကိုလည်း လူမြင်ကွင်းကြီးမှာကို ဖမ်းခေါ်သွားတာ၊ ဒီအတိုင်းကြည့်နေရင် သူတို့ဗိုလ်ကျချင်တိုင်းကျနေမှာ စိုးတဲ့ အတွက် UNICEF ကိုတိုင်မှာပါ ” ဟု ကူညီဆောင်ရွက်ပေးနေသော မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါမြို့နယ်၊ နမ္မတီးကျေးရွာ၊ ရွှေလီရပ်ကွက်နေ မောင်ဘရန်လီ(၁၆)နှစ်၊ ၈ တန်းကျောင်းသားလေးအား အောက်တိုဘာ ၉ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားခဲ့ရာ ပြန်လွှတ်ပေးရေးအတွက် မိဘများကိုယ်တိုင် အောက်တိုဘာ ၂၂ ရက်နေ့တွင် KIA တပ်ရင်း(၁၁)တည်ရှိရာ ပန်ဆောင်ယန်သို့ ဆက်သွယ်တောင်းပန်သော် လည်း ယနေ့အချိန်အထိ ပြန်လည်စေ လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အဆိုပါမြို့နယ်၊ မရမ်းကျေးရွာ၊ ရပ်ကွက်(၇)တွင် နေထိုင်သော မောင်မုန်ထွယ်အောင် (၁၆)နှစ် ၊ မောင်ဘောက်ဒူး(၁၇)နှစ်၊ မောင်ဂျန်မော်ဆိုင်းအောင်(၁၆)နှစ်တို့ ၃ ဦးအား KIA အဖွဲ့မှ မြစ်ကြီးနား-ရွှေဘိုကားလမ်းမပေါ်တွင် ဖမ်းဆီးကာ ပန်ဆောင်ယန် သို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေရွာသားများရှိသည်ဟု သိရသည်။
“အခုကလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေယူနေပါတယ်၊ ကလေးမိဘတွေရဲ့လက်မှတ်နဲ့ အသနား ခံစာတွေလည်းလုပ်ထားတယ်၊ ဖမ်းသွားတဲ့အဖွဲ့၊ ဖမ်းသွားတဲ့အချိန်၊ ဖမ်းထားတဲ့နေရာတွေကိုလည်း မျက်မြင် သက်သေတွေနဲ့ အတိအကျလုပ်ထားပါတယ်၊ ကိုယ့်ကချင်တိုင်းရင်းသား အချင်းချင်းတောင် ညှာတာမှုမရှိတော့ တဲ့KIA ကို UNICEFလိုအဖွဲ့ က ဖြေရှင်းပေးမှသာအောင်မြင်မှာပါ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ အစိုးရတပ် တွေအနေနဲ့ကလည်း နယ်မြေဒေသလုံခြုံရေးအခြေအနေကြောင့် မဖြေရှင်းပေးနိုင်သလို KIA ကလည်းလက် နက်ကိုင်ထားတော့ ဒီအတိုင်းရှင်းမှာမဟုတ်ဘူး၊ ဒါကြောင့် UNICEF ကိုတိုင်ဖို့လုပ်ရတာပါ၊ ကချင်လူငယ်တွေရဲ့ အနာဂတ်အတွက်ပေါ့” ဟု အမည်မဖော်လိုသော အကျိုးတော်ဆောင် တာဝန်ရှိသူတစ်ဦးကပြောကြားသွား သည်။ 

ဇော်မိုင်
Kachin Daily News
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များ ၌ နေထိုင်သောဒေသခံ ကချင်လူ ငယ်များအား အောက်တိုဘာ ဒုတိယ အပတ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းခြင်းအပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ထံသို့တိုင်ကြား ရန် စီစဉ်နေကြောင်း အကျိုးတော်ဆောင် တစ်ဦးထံမှ သိရသည်။

နှစ်ပေါင်း ၂ဝ ခန့် သုံးနိုင်ပြီး နှစ်မိနစ် အတွင်းပြန်လည် အားသွင်း နိုင် သည့် ဘက်ထရီသစ် တစ်မျိုး စင်ကာပူ သိပ္ပံ ပညာရှင်များ ထုတ်လုပ်

Photo: နှစ်ပေါင်း ၂ဝ ခန့် သုံးနိုင်ပြီး နှစ်မိနစ် အတွင်းပြန်လည် အားသွင်း နိုင် သည့် ဘက်ထရီသစ် တစ်မျိုး စင်ကာပူ သိပ္ပံ ပညာရှင်များ ထုတ်လုပ်
Saturday, October 25, 2014

စင်ကာပူနိုင်ငံ နန်ယန် နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် နှစ်မိနစ်ခန့် အားသွင်းရုံဖြင့် ၇ဝရာခိုင်နှုန်း အားပြည့်နိုင်သည့် လီသီယမ် အိုင်ယွန် ဘက်ထရီ တစ်မျိုးကို ထုတ်လုပ်ခဲ့ကြသည်ဟု သိရသည်။ လီသီယမ်အိုင်ယွန် ဘက်ထရီများကို ယေဘုယျအားဖြင့် တယ်လီဖုန်းများနှင့် Tablet များတွင် အသုံးပြုကြသည်။ သို့ရာတွင် ယခုထုတ်လုပ်နေသည့် လီသီယမ်အိုင်ယွန် ဘက်ထရီကို ဆယ်စုနှစ် နှစ်ခုကြာခန့်အထိ အသုံးပြုနိုင်အောင် သိပ္ပံ ပညာရှင်များက တီထွင် ထုတ်လုပ် ထားကြောင်း သိရသည်။

အဆိုပါ ဘက်ထရီသစ်များကို လျှပ်စစ်ကား စက်ရုံများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဘက်ထရီ ထည့်သွင်းထားသည့် လျှပ်စစ်ကားများ အနေဖြင့် လိုအပ်သည့် လျှပ်စစ်ဓာတ်များကိုအပြည့်အဝ ရရှိရန်အတွက် အချိန် ၁၅မိနစ်သာ ပေးရမည်ဖြစ်ပြီး ဓာတ်ဆီထည့်ရန်လည်း မလိုအပ်ခြင်းကြောင့် သုံးစွဲသူများ အတွက် အဆင်ပြေ နိုင်ကြောင်း၊ အဆိုပါ ဘက်ထရီသစ်များကို လာမည့် နှစ်နှစ်အတွင်း ဈေးကွက်အတွင်းသို့ ဖြန့်ချိ သွားမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။

မြ၀တီ
စင်ကာပူနိုင်ငံ နန်ယန် နည်းပညာတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် နှစ်မိနစ်ခန့် အားသွင်းရုံဖြင့် ၇ဝရာခိုင်နှုန်း အားပြည့်နိုင်သည့် လီသီယမ် အိုင်ယွန် ဘက်ထရီ တစ်မျိုးကို ထုတ်လုပ်ခဲ့ကြသည်ဟု သိရသည်။ လီသီယမ်အိုင်ယွန် ဘက်ထရီများကို ယေဘုယျအားဖြင့် တယ်လီဖုန်းများနှင့် Tablet များတွင် အသုံးပြုကြသည်။ သို့ရာတွင် ယခုထုတ်လုပ်နေသည့် လီသီယမ်အိုင်ယွန် ဘက်ထရီကို ဆယ်စုနှစ် နှစ်ခုကြာခန့်အထိ အသုံးပြုနိုင်အောင် သိပ္ပံ ပညာရှင်များက တီထွင် ထုတ်လုပ် ထားကြောင်း သိရသည်။

ဆူဇူကီးဖလားပြိုင်ပွဲတွင် ရလဒ်ကောင်းရန်အတွက် ယူ-၁၉အသင်းမှကစားသမား ၅ ဦး ထပ်မံအားဖြည့်

Photo: ဆူဇူကီးဖလားပြိုင်ပွဲတွင် ရလဒ်ကောင်းရန်အတွက် ယူ-၁၉အသင်းမှကစားသမား ၅ ဦး ထပ်မံအားဖြည့်
Saturday, October 25, 2014

ဆူဇူ ကီးဖလားယှဉ်ပြိုင်ရာတွင် လူအင် အားတောင့်တင်းရန် ယူ -၁၉အ သင်းမှ ကစားသမားငါးဦးကို ခေါ် ယူထားကြောင်း မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ်မှ သိရသည်။

ယင်းကစားသမားများကို မြန် မာ့လက်ရွေးစင် အသင်းကြီးနှင့် သုံးပတ်ကြာ ပူးတွဲလေ့ကျင့်စေမည် ဖြစ်ပြီး ယူ-၁၉အသင်းမှခေါ်ယူ ထားသည့် ကစားသမားများတွင် ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ မောင် မောင်စိုး၊ အောင်သူ၊ သန်းပိုင်တို့ပါ ဝင်နေသည်။

မြန်မာ့လက်ရွေးစင်အသင်း သည် ဆူဇူကီးဖလားပြိုင်ပွဲကို နိုဝင် ဘာလကုန်ပိုင်းတွင် စင်ကာပူနိုင် ငံ၌ သွားရောက်ကစားရမည်ဖြစ် ပြီး အုပ်စု(ခ)တွင် စင်ကာပူ၊ မလေး ရှား၊ ထိုင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည့်အတွက် နောက် တစ်ဆင့်တက်ရောက်နိုင်ရန် ခက်ခဲ ဖွယ်ရာရှိနေသည်။

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ဆူဇူကီး ဖလားပြိုင်ပွဲ (ယခင် တိုက်ဂါး ဖလား ပြိုင်ပွဲ)ကို ၁၉၉၆ခုနှစ်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်း သည် ယင်းပြိုင်ပွဲတွင် အမြင့်ဆုံး အဖြစ် ၂ဝဝ၄ခုနှစ်၌ စတုတ္ထနေ ရာရရှိခဲ့ဖူးပြီး ပြီးခဲ့သည့်ခြေစစ်ပွဲ တွင် ကစားသမား (၂၁)ဦးဖြင့်သွား ရောက်ခြေစစ်ပွဲဝင်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ယူ-၁၉အသင်း မှကစားသမား(၅)ဦး ထပ်မံအားဖြည့် ခေါ်ယူထားရာ မြန်မာ့ လက်ရွေး စင်အသင်းတွင် ကစားသမား ၂၆ ဦးအထိရှိလာပြီဖြစ်သည်။

Yangon Media Group
ဆူဇူ ကီးဖလားယှဉ်ပြိုင်ရာတွင် လူအင် အားတောင့်တင်းရန် ယူ -၁၉အ သင်းမှ ကစားသမားငါးဦးကို ခေါ် ယူထားကြောင်း မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ်မှ သိရသည်။

ဂျော်ဒန်သွားမယ့် အလုပ်သမား ၁၈ ဦးကို ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်း

ဂျော်ဒန်သွားဖို့ စီစဉ်နေသူ ၁၈ ဦးကို ဒီနေ့ (အောက်တိုဘာ ၂၅) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်က ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံတည်ဆောက်ရန် ကျပ်သန်း ၆,၀၀၀ ကျော် တောင်းခံထား

Photo: ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံတည်ဆောက်ရန် ကျပ်သန်း ၆,၀၀၀ ကျော် တောင်းခံထား
Saturday, October 25, 2014

နေပြည်တော်တွင် ဗိုလ်ရှုခံစင်မြင့်အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအ တွက် ကျပ်သန်းပေါင်း ခြောက် ထောင်ကျော် တောင်းခံထားပြီး စီမံကိန်းတွင် အသုံးပြုမည့်ပစ္စည်းအချို့ ဈေးများနေသည်ကို တွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

ဗိုလ်ရှုခံစင်မြင့် အဆောက် အအုံတည်ဆောက်ခြင်း လုပ်ငန်း အတွက် စီမံကိန်း တန်ဖိုးကျပ်သန်းပေါင်း ၆၄၅၀ ဒသမ ၆၆ ကို လွှတ်တော်ထံ တင်ပြထားမှု မရှိဘဲ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စု၏ ဖြည့်စွက်ရန်ပုံငွေတွင်သာ ကျပ်သန်းပေါင်း ၃၀၀၀ တောင်းခံမှု ပါဝင်လာခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောသည်။

‘‘အသေးစိတ်ကြီးတွေ ကျွန်တော်မပြောချင်တော့ဘူး။ တချို့သူတို့ သုံးမယ့် ပစ္စည်းလေးတွေက ရှင်းရှင်းပြောရရင် သိပ်ဈေးများနေတာ ကျွန်တော်တို့တွေ့ရတယ်။ဟု ပြည်ထောင်စုလွှတ်တော်စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းဦးက ပြောသည်။

အဆိုပါ စီမံကိန်းကို စစ် ဆေးကြည့်ရာတွင် လိုအပ်သော ပရိဘောဂပစ္စည်းများအတွက် ကျပ်သန်းပေါင်း ၄၂၁ ဒသမ ၉၇၈ သုံးစွဲထားခြင်း၊ ဗိုလ်ရှုခံရေ ရရှိရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၅၀၀ သုံးစွဲထား ခြင်း၊ ဗိုလ်ရှုခံစင်မြင့် လျှပ်စစ် လုပ်ငန်းများအတွက် ကျပ်သန်း ပေါင်း ၁၀၀၀ သုံးစွဲထားခြင်းတို့ ကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းကလည်း အောက်တိုဘာ ၂၄ ရက်က ကျင်း ပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဆွေးနွေးရာ တွင် လွှတ်တော်ထံတင်ပြခဲ့သည်။

   ဗိုလ်ရှုခံစင်မြင့် တည် ဆောက်ရေး လုပ်ငန်းများလုပ် ဆောင်ရန် ယှဉ်ပြိုင်တင်ဒါခေါ် ယူခြင်း မရှိဘဲ နေပြည်တော် ကောင်စီတစ်ဝန်းလုံးရှိ လုပ်ငန်း စီမံကိန်းအများအပြားကို ဆောင် ရွက်နေသော ACE ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးတည်းကို ပေးအပ်ခြင်းမျိုး မပြုလုပ်သင့် ကြောင်းကိုလည်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်း က ပြည်ထောင်စုလွှတ်တော်ထံ တင်ပြသည်။

လာမည့် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတကို မြန်မာ့တပ်မတော်က ချီတက်အလေးပြုမည့် ဗိုလ်ရှုခံအခမ်းအနားကို ပြန်လည်ကျင်းပပြုလုပ် သွားရန်ရှိပြီး ဗိုလ်ရှုခံအခမ်းအနားကျင်းပရေး ဗဟိုကော်မတီကို နိုင်ငံတော်ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထား ကြောင်း သိရသည်။

7Day DAILY 

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကျင်းပနေစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
နေပြည်တော်တွင် ဗိုလ်ရှုခံစင်မြင့်အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းအ တွက် ကျပ်သန်းပေါင်း ခြောက် ထောင်ကျော် တောင်းခံ ထားပြီး စီမံကိန်းတွင် အသုံးပြုမည့်ပစ္စည်းအချို့ ဈေးများနေသည်ကို တွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

Ibadan မြို့တော်က ရထားလမ်းပေါ် လူတစ်ဦး ခန္ဓာကိုယ်နှစ်ပိုင်း ပိုင်းဖြစ်ခံရ

Photo: Ibadan မြို့တော်က ရထားလမ်းပေါ် လူတစ်ဦး ခန္ဓာကိုယ်နှစ်ပိုင်း ပိုင်းဖြစ်ခံရ
Saturday, October 25, 2014

အောက်တိုဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့ ၅ နာရီခွဲအချိန်ခန့် Ibana ဒေသမှာ ကံဆိုးမိုးမှောင်ကျရောက်တဲ့ ညနေခင်းတစ်ခုရောက်ရှိခဲ့ပါတယ်။ အမျိုးသားတစ်ဦး အချိန်အခါမဟုတ်သေးပဲ သေမင်းနဲ့ ရထားသံလမ်းတစ်နေရာမှာ ရင်ဆိုင်ခဲ့ရတာပါ။ အဲဒီကြောက်လန့်တုန်လှုပ်စရာမြင်ကွင်းမှာ Ibadan မြို့တော် Bodija Ojurin က ရထားသံလမ်းပေါ် လူကူးမျဉ်းတစ်နေရာမှာ ဖြစ်ပွားခဲ့တယ်။ ရထားသံလမ်းတွေပေါ် လူတစ်ဦး သူ့ခန္ဓာကိုယ်နှစ်ပိုင်းပိုင်းခံရတဲ့ အနေအထားနဲ့ သေနေတာကို တွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို ဘယ်သူမှ မျက်မြင်ကိုယ်တွေ့ မရှိခဲ့ပေမဲ့ ရထားကြိတ်ခံထားတာလို့ပဲ သံသယရှိနေကြပါတယ်။

Source: Vibenigeria
Trend Myanmar
အောက်တိုဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့ ၅ နာရီခွဲအချိန်ခန့် Ibana ဒေသမှာ ကံဆိုးမိုးမှောင်ကျရောက်တဲ့ ညနေခင်းတစ်ခုရောက်ရှိခဲ့ပါတယ်။