Thursday, January 8, 2015

နောက်ဆုံးအချစ်ကို တွေ့ခဲ့သည့် ထူးအယ်လင်းက ချစ်သူသည် ကံဆိုးဟုဆို

Photo: နောက်ဆုံးအချစ်ကို တွေ့ခဲ့သည့် ထူးအယ်လင်းက ချစ်သူသည် ကံဆိုးဟုဆို 

ဇန်န၀ါရီလ ၈ ရက်၊ ၂၀၁၅

ရန်ကုန်၊(မဇ္ဈိမ)။   ။ ရင်ခုန်မှုဖြင့် အချစ်များ စွာရှိနေသည့် အဆိုတော် ထူးအယ်လင်းက အွန်လိုင်းပေါ်တွင် ပရိသတ်များ စိတ်ဝင် စားနေသည့် အချစ်ရေးနှင့် ပတ်သက်ပြီးဖြေ ကြားခဲ့ရာ၌ ၎င်းသည် နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဇန်န၀ါရီ ၇ ရက်က မဇ္ဈိမကို ပွင့်လင်းစွာပြောသည်။“ကျွန်တော် အခုနောက် ဆုံးအချစ်ကို ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ ကျွန်တော့်ကောင် မလေးက ဘုရားကျောင်းမှာ သူ့မိသားစုနဲ့ အတူနေ ပါတယ်။ အရမ်းအေးဆေး  ပြီးဘာသာတရား ကိုင်းရှိုင်းတဲ့ မိန်းကလေးပါ။ သူ့လိုမျိုး မိန်းကလေးက ကျွန်တော့်လို လူမျိုး နဲ့တွေ့တာ အရမ်းကံဆိုး တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် အတွက်  ကတော့နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခြင်းပါပဲ” ဟု ၎င်းက ဆိုသည်။

ထူးအယ်လင်း၏ လက်ရှိချစ်သူသည် ချင်းတိုင်းရင်းသူ နူးနူးမန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော် အချစ်စစ်ကိုရှာဖွေ မတွေ့ရှိသေးလို့ အချစ်ကိုတစ် ကနေပြန်ပြန်စနေ တာပါ။ အခုတော့ တစ်ကနေ ဂဏန်း ဆုံးအောင် ရေတွက်နိုင်တော့ မယ်ထင် ပါတယ်။ ကျွန်တော် တို့နှစ်ယောက် ချစ်သူတွေဖြစ်နေတာ တစ်နှစ်ကျော် ပါပြီ”ဟု ၎င်း ကပြောသည်။

ထူးအယ်လင်းသည် မီးမီးခဲနှင့် သမီးတစ်ဦး ထွန်းကားခဲ့ပြီးနောက်တွင် စိတ်သဘောထားချင်း မတိုက်ဆိုင် ခြင်းကြောင့် ကွာရှင်းခဲ့ကြပြီး အဆိုတော်မော်ဒယ် လ် အဖြစ်ရပ် တည်နေသည့် ကယားတိုင်း ရင်းသူ ကယ်ရို လိုင်းနှင့် ချစ်ကြိုက် ခဲ့ကြသည်။ ယင်းနောက်တွင် ၂၀၁၄ ခုနှစ် အတွင်း၌ အဆင် မပြေဖြစ် ခဲ့ကြ ပြီးနောက် လက်တွဲဖြုတ်ခဲ့ကာ ချင်းတိုင်းရင်းသူ နူးနူးမန်နှင့် ချစ်ကြိုက်ခဲ့သည်ဟု ထူးအယ်လင်းက ဆိုသည်။

ထူးအယ်လင်းသည် အိန်ဂျယ်တယော တစ်ကိုယ်တော်စီးရီးကို ၂၀၀၃ ခုနှစ်က ထုတ်ဝေဖြန့်ချိရာတွင် ပရိ သတ်အားပေးမှုရရှိပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ လအတွင်း၌  Myanmar Music Store မှ ၎င်း၏ညီ ကိုယ်တိုင်ရေးသားထားသည့် “မညာနဲ့” သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖြန့် ချိခဲ့သည်။

ယင်းအပြင် တေးရေး ဖိုးတုရေးသားသည့် “အချစ်လို့ခေါ်သလား” သီချင်းသည်လည်း အောင်မြင်ခဲ့ကာ ယနေ့အချိန်ထိ ပရိသတ်များ အားပေးဆဲဖြစ်သည်။

Mizzima
ရန်ကုန်၊(မဇ္ဈိမ)။ ။ ရင်ခုန်မှုဖြင့် အချစ်များ စွာရှိနေသည့် အဆိုတော် ထူးအယ်လင်းက အွန်လိုင်းပေါ်တွင် ပရိသတ်များ စိတ်ဝင် စားနေသည့် အချစ်ရေးနှင့် ပတ်သက်ပြီးဖြေ ကြားခဲ့ရာ၌ ၎င်းသည် နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဇန်န၀ါရီ ၇ ရက်က မဇ္ဈိမကို ပွင့်လင်းစွာပြောသည်။“ကျွန်တော် အခုနောက် ဆုံးအချစ်ကို ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ ကျွန်တော့်ကောင် မလေးက ဘုရားကျောင်းမှာ သူ့မိသားစုနဲ့ အတူနေ ပါတယ်။ အရမ်းအေးဆေး ပြီးဘာသာတရား ကိုင်းရှိုင်းတဲ့ မိန်းကလေးပါ။ သူ့လိုမျိုး မိန်းကလေးက ကျွန်တော့်လို လူမျိုး နဲ့တွေ့တာ အရမ်းကံဆိုး တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် အတွက် ကတော့နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခြင်းပါပဲ” ဟု ၎င်းက ဆိုသည်။

အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီ၏ အဓိကဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ ပုံစံပြောင်း လဲလာနိုင်ဟု ကော်မတီ တွင် ပါဝင်သူများဆို

အသစ်ဖွဲ့ စည်းလိုက်သည့် နိုင်ငံရေးအကျဉ်း သားများရေး ရာ ကော်မတီ၏ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ ကို ကော်မတီ အစည်းအဝေးပြုလုပ် မှသာ သိရှိရမည်ဖြစ်ပြီး ယခင်ကော်မတီနှင့် မတူညီဘဲ ဆောင်ရွက်မှုပုံစံ ပြောင်းလဲ နိုင်ကြောင်း ကော်မတီဝင်များက ဇန်နဝါရီ ရရက်က ပြောသည်။
ထောင်တွင်းရှိ နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက်ရေးအ တွက် ယခင်က လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေး ကော်မတီအနေဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း ဇန်နဝါရီ ၅ရက်မှ စတင်၍ နိုင်ငံရေး အကျဉ်းသား များ ရေး ရာ ကော်မတီအမည်ဖြင့် ပြောင်း လဲ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်၍ ပြောကြားကြခြင်းဖြစ်သည်။

KIO အလံနှင့်ဆင်တူနေသောကြောင့် KNCD ပါတီ၏အလံ အသုံးပြုခွင့်ကို ယာယီပိတ်ပင်

အစိုးရသစ် လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးသော KIO/KIA အလံနှင့် ဆင်တူနေသောကြောင့် ကချင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် KNCD ပါတီ၏ အလံအသုံးပြုခွင့်ကို ယာယီ ပိတ်ပင်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကချင် မျိုးနွယ်စုရေးရာ အဖွဲ့တို့က KIO နှင့် ဆင်တူနေသည်ဟု ကန့်ကွက်ထားခြင်းကြောင့် ယင်းသို့ ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
KNCD ပါတီ၏ အလံသည် ရှေးနှစ်ပေါင်းများစွာက ကချင် ဒူဝါကြီးများ စတင်သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း KNCD ပါတီက ပြန်လည် တင်ပြထားကာ ယင်းကိစ္စကို ပြန်စိစစ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာတွင် မြေပြိုကျမှုဖြစ်ပွား ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံး

ဖားကန့်မြို့နယ်တွင် လုပ်ကိုင်နေသည့် ကျောက်စိမ်းတူဖော်ရေး လုပ်ငန်းများမှ ကုမ္ပဏီများ၏စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူလေးဦးမြေစာများပိမိကာ သေဆုံး မှုဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့် မြို့နယ်ရှိ တောင်ပြိုကျေးရွာ၏အနောက် ဘက်၊ ဗလခရွာနှင့် မှော်မောင်းဘွမ်ကျေးရွာ အနီးရှိကျောက် စိမ်းတူးဖော်ရေးလုပ်ငန်းခွင် တွင် အမြင့်ပေ ၁ဝဝဝ ခန့်ရှိသည့် ကုမ္ပဏီများ ၏စွန့်ပစ်မြေစာပုံသည် ဇန်နဝါရီ ၆ ရက်ည ရနာရီ ၁၅မိနစ်ခန့်တွင် ပြိုကျလာသဖြင့် ရေမဆေးကျောက်ရှာဖွေသူများနှင့်ဈေးရောင်းချသူများ ထွက်ပြေးခဲ့ကြရပြီး လေးဦး ပိမိခဲ့ ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

MECTEL ၏ ငွေဖြည့်ကတ် အပိုငွေရရှိမည့် အစီအစဉ် ယခုလကုန်အထိ သတ်မှတ်

MECTEL ၏ ငွေဖြည့်ကတ်ဖြည့်သွင်းပါက အပိုငွေရရှိမည့်အစီအစဉ် ယခုလကုန်အထိ သတ်မှတ် ထားကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူက ပြောသည်။

MEC ၏ အဆိုပါ အစီအစဉ်မှာ ငွေဖြည့်ကတ်ဖြည့်သွင်းပါက ၇၀ ရာခိုင်နှုန်းအထိ အပိုငွေရရှိမည့်အစီအစဉ်ဖြစ်သည်။ "အရင်တုန်းက ငွေဖြည့်သွင်းလို့ အပိုငွေပေး တယ် ဆိုရင် အဲဒီအပိုငွေကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အသုံးပြုရ မှာဖြစ်ပါတယ်၊ တကယ်လို့ကိုယ်က အပိုငွေကို သတ်မှတ်ထားတဲ့ ကာလအတွင်း မှာ မသုံးဘဲ နောက် လ အထိပါသွားမယ်ဆိုရင် အဲဒီအပိုငွေက အလိုလျောက် ပယ်ပျက်သွားမှာပါ၊ အခုပေးတဲ့အစီအစဉ်ကတော့ အဲလိုမဟုတ်ဘူး၊ ကိုယ်ရရှိတဲ့ အပိုငွေကို အချိန်ကာလသတ် မှတ်ချက် မရှိဘဲ မကုန်မချင်း အသုံးပြုနိုင်မှာဖြစ်ပါ တယ်" ဟု အဆိုပါ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူ ကပြောသည်။

တိုင်းရင်းသားများ တောင်းဆိုချက် လိုက်လျောနိုင်၍ ပြည်ထောင်စုနေ့ လက်မှတ်ထိုးရန် တိုက်တွန်းဟု ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ခြင်းသည် တိုင်းရင်းသားများ၏ တောင်းဆိုချက်များအပေါ် လိုက်လျောနိုင်သောကြောင့် ဖြစ်နိုင်၍ အလားအလာကောင်း တစ်ခုဖြစ်နိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဇန်နဝါရီ ၇ ရက်တွင် ပြောလိုက်သည်။

ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့၏ ပြောခွင့်ရသူ ဦးဒေါင်ခါးက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆို ထားတဲ့ နိုင်ငံရေး Proposal (အဆိုပြုချက်)၊ ဒီအပေါ်မှာ သမ္မတ ဦးသိန်းစိန်ရော၊ ကာလုံဘက်ကရော၊ တပ်မတော်ဘက်ကရော အနေအထားတစ်ခုထိ လိုက်လျောဖို့ကို သူတို့ဆုံးဖြတ်ပြီးပြီ။ လိုက်လျောမယ်၊ လက်ခံမယ်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ အနေအထားတစ်ခုကို သူတို့ ဆုံးဖြတ် ပြီးပြီလို့ အဓိပ္ပါယ်ထွက်တာပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

တရားမ၀င်သစ်ခုတ်မှုဖြင့် ဖမ်းဆီးခံနေရသူများကိစ္စ မှန်မှန်ကန်ကန်ကိုင်တွယ်ရန် တရုတ်အစိုးရ တိုက်တွန်း

မြန်မာနိုင်ငံထဲမှာ တရားမ၀င်သစ်ခုတ်ရောင်းချမှုဖြင့် ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံ သားတွေကိစ္စ မှန်မှန်ကန်ကန် ကိုင်တွယ်ဆောင်ရွက်ပေးဖို့ တရုတ်အစိုးရက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်ထဲမှာ တရားမ၀င် သစ်ခုတ်ရောင်းချတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို မြန်မာဘက်က ဖမ်းဆီး အရေး ယူထားတဲ့ သတင်းတွေ ထွက်လာပြီး နောက်ခုလို တရုတ်ဘက်က တရားဝင် ထုတ်ပြန်လိုက်တာပါ။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်းလီက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးအနေနဲ့ ဒီကိစ္စ အသေးစိတ် စိစစ်စုံစမ်းမှုတွေပြုလုပ်နေပြီး ဒီအမှု ကို တရားသဖြင့် မျှမျှတတ ကိုင်တွယ်ဆောင်ရွက်ပေးစေ လိုတယ်လို့ တရုတ်နေ့စ ဉ်သတင်းစာ မှာပြောပါတယ်။

ကျေးဇူးတင်ပါသည် သမ္မတကြီး ခင်ဗျား………….

Photo: ကျေးဇူးတင်ပါသည် သမ္မတကြီး ခင်ဗျား………….
ဇန်န၀ါရီလ ၈ ရက်၊ ၂၀၁၅
ဇန်န၀ါရီလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ပြန်လည်ကျင်းပပေးခဲ့တဲ့ ဗိုလ်ရှုခံသဘင် အခမ်းအနားကို တီဗွီကနေ Live Show ကြည့်ရတာအင်မတန်မှကို ကျက်သရေရှိလှပါတယ်။ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ၀န်ကြီးဌာနတွေ၊ တိုင်းနှင့်ပြည်နယ်အသီးသီးကကိုယ်စားလှယ်တွေနဲ့ ကင်းထောက် လူငယ်တွေ အင်အားစုစုပေါင်း ၇၂၀၀ ကျော်နဲ့ အခမ်းအနားကို ပါဝင်ချီတက်ပြီး နိုင်ငံတော်ရဲ့ဥသျှောင် နိုင်ငံတော် သမ္မတကြီးကို ချီတက်အလေးပြုနေတာ တစ်သက်မှာတစ်ခါပဲမြင်တွေ့ရတဲ့ အခွင့်အရေးတစ်ခုအဖြစ် မိမိကိုယ်မိမိ လည်း အင်မတန်မှကျေနပ်အားရမိပါတယ်။
ကြည်း၊ ရေ၊ လေ စစ်တီးဝိုင်းတွေက မြိုင်ဆိုင်လှသလို ချီတက်အလေးပြုတဲ့ စစ်ကြောင်းများနှင့်အတူ တပ်မတော်လေရဲ့ ရဟတ်ယာဉ်များက နိုင်ငံတော်အလံကို သယ်ဆောင်ပျံသန်းတာတွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များ အုပ်စုဖွဲ့ပျံသန်းအလေးပြုတာတွေ Coloured Smoke များနဲ့ Formation အမျိုးမျိုးပြုလုပ်ပျံသန်းအလေးပြုတာတွေဟာ နိုင်ငံတော်သမ္မတကြီးအပေါ်မှာ တပ်မတော်နဲ့ ပြည်သူ များရဲ့ လေးစားတန်ဖိုးထားမှုများအဖြစ် စိတ်ထဲယခုထိစွဲမြဲနေဆဲဖြစ်ပါသည်။
အချိန်ကိုက်စနစ်တကျ စီစဉ်မှုနှင့်အတူ သံချပ်ကာယန္တရားတပ်ဖွဲ့မှ သံချပ်ကာယာဉ်များ၊ အမြောက်တပ်ဖွဲ့မှအမြောက်ယာဉ်များ၊ ဒုံးယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့မှ ယာဉ်များရဲ့ချီတက်အလေးပြုမှု ဟာလည်း အင်မတန်ကို စိတ်ဓာတ်တက်ကြွစရာ ကောင်းလှပါ တယ်။ ကျွန်တော်အပါအ၀င် တီဗွီဖန်သားပြင်ပေါ်မှာ ကြည့်ရှုနေရတဲ့ ပြည်သူတွေ အနေနဲ့ တပ်မတော်ဆိုတာ နိုင်ငံတော်တွင် ဒီလိုအဆင့်ရှိနေပါလားဆိုတဲ့ အားကိုးရတဲ့စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေအောင် လှပတဲ့မြင်ကွင်း တစ်ခုအဖြစ် ခံစားမိတယ်လို့ထင်ပါတယ်။ ဗိုလ်ရှုခံရင်ပြင်မှာ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခွင့်ရတဲ့ ပြည်သူတွေ အနေနဲ့ကတော့ အင်မတန်မှကုသိုလ်ကံ ကြီးမားတဲ့ အခွင့်အရေးကိုရရှိခဲ့တာဘဲလို့ မှတ်ယူချင်ပါတယ်။ ကျွန်တော်တို့လို တပ်မတော်သားတွေကိုယ်တိုင်တောင်မှ မျက်မြင်တွေ့ရှိခွင့်မရနိုင်တဲ့ ဒီအခွင့်အရေးကိုရရှိသွားပါလားဆိုပြီး မုဒိတာ လည်းပွားမိပါတယ်။ ဒီလိုကြီး ကျယ် မြင့်မြတ်တဲ့အခမ်းအနားမှာ တပ်မတော်ရဲ့သစ္စာရှိမှု၊ တာဝန်ကျေပွန်မှု၊ တာဝန်ယူမှု နှင့် တာဝန်ခံမှုတွေကိုလည်း အပြည့်အ၀တွေ့မြင်ရတဲ့အတွက် တပ်မတော်သားတစ်ယောက်အနေနဲ့ အင်မတန်မှကို ဂုဏ်ယူမိပါတယ်။
စစ်ရေးပြအခမ်းအနားကြီးပြီးသွားတော့ ဘွဲ့ထူးဂုဏ်ထူးပေးတဲ့အခမ်းအနားကို ဆက်ပြီးပြသချိန်မှာ ကြည့်လိုက် ရတဲ့ ကျွန်တော့်အတွက် ဖော်မပြနိုင်တဲ့ ခံစားမှုမျိုးနှင့်အတူ မျက်ရည်စို့ခဲ့ရပါတယ်။ နိုင်ငံတော်အတွက် အသက် စွန့်ခဲ့ရတဲ့ အရာရှိ/စစ်သည်များရဲ့ ကိုယ်စား မိဘမောင်နှမနှင့် ဇနီးသည်များက ဒီဘွဲ့ထူးဂုဏ်ထူးတွေ တက်ယူတာကို တွေ့ရတဲ့မြင်ကွင်းကြောင့် ဂုဏ်ယူစိတ်၊ ၀မ်းသာစိတ်၊ ၀မ်းနည်းစိတ်တို့ကို တစ်ပြိုင်နက်ဖြစ်ပေါ်ခံစားခဲ့ရပါတယ်။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဒီလိုကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။
ဒါပေမယ့် ဘွဲ့ထူးဂုဏ်ထူးရရှိခဲ့တဲ့ အရာရှိ/စစ်သည်များဟာ ၂၀၁၂၊ ၂၀၁၃ ခုနှစ်က တိုက်ပွဲတွေမှာ ထူးချွန် ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့တဲ့သူများ ဖြစ်ပါတယ်။ သူတို့အနေနဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအတွက် သူတို့ရဲ့ အသက်ကိုစွန့်လွှတ်ပြီး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများဖြစ်ကြပါတယ်။ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုအတွက် ကျွန်တော်တို့စစ်သားတွေရဲ့ ရင်ထဲမှာ၊ မိသားစုတွေရဲ့ရင်ထဲမှာ ဒီနေ့အထိ ပူနွေးစူးရှစွာ ခံစားနေရဆဲပါ။ ယနေ့ထိ မျက်ရည်သွင်သွင် စီးကျနေကြရဆဲပါ။ တကယ်တော့ သူတို့ကို ယခင်နှစ်တွေတည်းက မချီးမြှင့်ပေးနိုင်ခဲ့တာကိုတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ စွန့်လွှတ်စွန့်စားမှုကို အသိမှတ်ပြုမပေးနိုင်ခဲ့တာကိုလည်း စိတ်အားငယ်ခဲ့ရပါတယ်။ အစိုးရက ဥပေက္ခာပြုထားတယ်လို့ ကျွန်တော် တို့ကိုယ်တိုင်ခံစားခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့စစ်သားတိုင်း ခံစား နေရတဲ့ ခံစားချက်တစ်ခုပါ။
အဲဒီ ၂၀၁၂၊ ၂၀၁၃ ခုနှစ်ကာလတွေဟာ တိုက်ပွဲတွေ သိပ်ကိုပြင်းထန်ခဲ့တဲ့ ကာလတစ်ခုပါ။ ကျွန်တော်တို့ စစ်သားတွေဟာ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်မယ်ဆိုတဲ့ နိုင်ငံတော် ကိုချစ်တဲ့စိတ် တစ်ခုတည်းနဲ့ တိုက်ပွဲဝင်နေကြတာပါ။ တိုင်းပြည် အတွက် အရာရာကိုပေးဆပ်ဘို့ ဆုံးဖြတ်ထားကြသူ တွေပါ။
မြတ်သောသေခြင်းနှင့်အတူ ကျွန်တော်တို့ အသက်တွေဆုံးရှုံးသွားမှာကိုလည်း ဘယ်တော့မှမကြောက်ခဲ့ကြ ပါဘူး။ ကျွန်တော်တို့လိုချင်တာက နိုင်ငံတော်ရဲ့ အသိအမှတ်ပြုမှု တစ်ခုတည်းရယ်ပါ။ ဒါပေမယ့် အဲ့ဒီတုန်းက ဒီလို အသိအမှတ်ပြုမှု မရရှိခဲ့တာကို အရမ်းဝမ်းနည်းမိပါတယ်။ တပ်မတော်က လူကြီးတွေ ရှင်းပြလို့သိခဲ့ရတာကတော့
နိုင်ငံတော်အစိုးရ အနေနဲ့ ငြိမ်း ချမ်းရေး လုပ်ဆောင်နေတဲ့ ကာလမို့လို့ဒီလိုဘွဲ့ထူးဂုဏ်ထူးတွေနဲ့ အသိအမှတ်ပြုပေးလိုက် ရင် ငြိမ်းချမ်းရေးထိခိုက်သွားမှာစိုးလို့ဆိုပြီး နားလည်ခဲ့ရပါတယ်။ စစ်သားတွေဖြစ်လို့ အသက်တောင်စွန့်စားထားပြီးပြီ ဆိုပြီး ကိုယ့်ကိုကိုယ်ဖြေသိမ့်၊ အံကြိတ်လို့ငိုခဲ့ရတဲ့ ရက်တွေမနည်းခဲ့ပါဘူး၊ ကာယကံရှင်တွေရဲ့ ဇနီးသားသမီးနဲ့ မိဘ မောင်နှမများဘက်ကို ခံစားကြည့်မယ်ဆိုရင်၊ ခံစားတတ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ကျွန်တော်တို့ တစ်တွေ ၀မ်းနည်းစွာမျှော်လင့်ခဲ့ကြရတာပါ။
အဲဒီတုန်းကဦးအောင်မင်းဆိုသူကလည်း ကျွန်တော်တို့ တပ်မတော်သားတွေ အစဉ်တစိုက်ရွတ်ဆိုလာခဲ့ကြတဲ့ သစ္စာ ၄ ချက်ထဲက “ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်” ဆိုတဲ့ အချက်ကို ဖြုတ်သင့်တယ်လို့ပြောခဲ့ပါတယ်။ တပ်မတော်သားတွေရဲ့ ရင်ကိုဓါးနဲ့မွှန်းသလို တစ်ဆစ်ဆစ်နာအောင် ခံစား ရပါတယ်။ သူ့ရဲ့ ပေါ်ပင်လုပ်ပြီးပြောခဲ့တဲ့စကားကြောင့် တပ်မတော်သားအားလုံးရဲ့ ချဉ်ဖက်ဖြစ်သွားတာကို သူမသိဘူး၊ တပ်မတော်သားအားလုံးရဲ့စိတ်ဓာတ်ကိုဖျက်လိုဖျက်ဆီးပြုနေတဲ့ တပ်မတော်ရဲ့သစ္စာဖောက်ဖြစ်သွားတဲ့သူ့ကိုဇာတ်သိမ်း ကောင်းပါစေလို့ပဲ ဆုတောင်းမိပါတယ်။
သို့သော်လည်း အခုကျွန်တော်တို့ကို ဒုတိယသမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်းနဲ့တွဲပြီး လွတ်လပ်ရေးနေ့မှာ ဘွဲ့ထူးဂုဏ်ထူးတွေပေးလာတော့ အရမ်းကျေးဇူးတင်ကြရတယ်။ ကျွန်တော်တို့သေရတာ အလကားသေရတာ မဟုတ် ဘူး၊ တိုင်းပြည်အတွက် စွန့်လွှတ်ရတာ၊ ဒါကြောင့် ငါတို့ကို အသိအမှတ်ပြုခံရပြီဆိုပြီး ကျွန်တော်တို့ စိတ်ဓာတ်တွေ ပြန်လည်တက်ကြွခဲ့ရပါတယ်။ ဘွဲထူးဂုဏ်ထူးရသူတွေရဲ့ ဓါတ်ပုံတွေကိုကြည့်ပါ ၁၁ ဦးကို ချီးမြှင့်ရာမှာ အသက်ရှင်ပြီး ကျန်ရစ်သူ ၂ ဦးသာရှိပြီး ကျန်သောသူတွေဟာ ကျဆုံးသူတွေရဲ့ကိုယ်စားတက်ယူခဲ့ရသော မိသားစုဝင်တွေဖြစ်ပါတယ်။ ဒီဆုကိုတက်ယူနေတဲ့အချိန်မှာ မိသားစုဝင်တွေအနေနဲ့ ၀မ်းနည်းတာရော ဂုဏ်ယူတာရော တစ်ပြိုင်တည်း ခံစားနေကြရ မှာပါ။ ကျွန်တော်လည်းကြည့်ရင်းနဲ့ ကြည်နူးခြင်း၊ ၀မ်းနည်းခြင်းတို့နှင့်အတူ မျက်ရည်ဝိုင်းမိပါတယ်။ ဦးအောင်မင်း အနေနဲ့ရော ဒီလူတွေကို အသိအမှတ်ပြုနိုင်မလားလို့မေးချင်ပါတယ်။ ပြောမယ့်သာပြောရတာပါ ရဲဘော် ရဲဘက်စိတ် ပျောက်ဆုံးနေတဲ့ ဦးအောင်မင်းလို လူအတွက်ကတော့ သစ္စာတရားဆိုတာရှိချင်မှလည်း ရှိတော့မှာပါ။
ဘယ်သူတွေဘယ်လိုပဲပြောနေကြပါစေ သမ္မတကြီးအနေနဲ့ အခုလိုမျိုး အသက်ခန္ဓာပေါင်းများစွာ၊ ဘ၀ပေါင်း များစွာကို စွန့်လွှတ်စတေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ၊ တပ်မတော်သားတွေကို အသိအမှတ်ပြုပေး ခဲ့တဲ့အတွက် ဂုဏ်ယူစိတ်၊ ကျေးဇူးတင်စိတ်တွေ အတိုင်းအဆမရှိဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့တပ်မတော်သားတွေရဲ့ အသွေးထဲ၊ အသားထဲ၊ စိတ်ထဲက မျိုးချစ်စိတ်နဲ့ သစ္စာတရားဟာ နိုင်ငံတ်ာနဲ့ တပ်မတော်အတွက် ဆိုရင် အမြဲတမ်းအသင့်ရှိနေမှာပါ ။ ကျွန်တော်တို့ တပ်မတော်နဲ့ တပ်မတော်သားအားလုံးဟာ ဘယ်အခြေအနေရောက်ရောက် ကျွန်တော်တို့ရဲ့ နိုင်ငံတော်၊ တပ်မတော်နဲ့၊ နိုင်ငံသား တွေအတွက်ဆိုရင် အသက်ကိုပင် စွန့်လွှတ်ဖို့ အသင့်ရှိနေတယ်ဆိုတာကို တင်ပြလိုပါတယ် သမ္မတကြီးခင်ဗျား။
စစ်မင်းနိုင်
Credit >>> အမေ့အိမ်
ဇန်န၀ါရီလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ပြန်လည်ကျင်းပပေးခဲ့တဲ့ ဗိုလ်ရှုခံသဘင် အခမ်းအနားကို တီဗွီကနေ Live Show ကြည့်ရတာအင်မတန်မှကို ကျက်သရေရှိလှပါတယ်။ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ၀န်ကြီးဌာနတွေ၊ တိုင်းနှင့်ပြည်နယ်အသီးသီးကကိုယ်စားလှယ်တွေနဲ့ ကင်းထောက် လူငယ်တွေ အင်အားစုစုပေါင်း ၇၂၀၀ ကျော်နဲ့ အခမ်းအနားကို ပါဝင်ချီတက်ပြီး နိုင်ငံတော်ရဲ့ဥသျှောင် နိုင်ငံတော် သမ္မတကြီးကို ချီတက်အလေးပြုနေတာ တစ်သက်မှာတစ်ခါပဲမြင်တွေ့ရတဲ့ အခွင့်အရေးတစ်ခုအဖြစ် မိမိကိုယ်မိမိ လည်း အင်မတန်မှကျေနပ်အားရမိပါတယ်။

ပြင်သစ်ဂျာနယ်ရုံး တိုက်ခိုက်ခဲ့သူတွေကို ဖော်ထုတ်နိုင်ပြီ

ပဲရစ်မြို့က သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းပြီး လူအများအပြားကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာမှာ ပါဝင်သူတွေလို့ သံသယရှိသူ သေနတ်သမား ၃ ယောက်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပြင်သစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်သမား ၂ ယောက်ဟာ အသက် ၃၄ နှစ်အရွယ် Said Kouachi နဲ့ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ညီဖြစ်သူ Cherif တို့ဖြစ်ပြီး နောက်တယောက်ကတော့ အသက် ၁၈ နှစ်အရွယ် Hamyd Mourad ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ထဲက တယောက်ရဲ့ ID ကို ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုလုပ်အပြီး စွန့်ပစ်သွားတဲ့ ကားအတွင်းကနေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Kouachi တို့ ညီအကိုဟာ ပဲရစ်မြို့မှာ နေထိုင်သူတွေဖြစ်ပြီး Mourad ကတော့ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Reims က ဖြစ်ပါတယ်။ သူတို့ထဲက ၁ ဦးဟာ အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးလိဂ်တည်ထောင်ရန်ခက်ခဲကြောင်း ဦးဇော်ဇော်ဆို

အမျိုးသမီးလက်ရွေးစင်အသင်း အောင်မြင်မှုရရှိစေရန်အတွက် အမျိုး သမီးလိဂ်တည်ထောင် ရမည်ဖြစ်သော် လည်း ကလပ်အသင်းများမရှိသေး သဖြင့်ခက်ခဲကြောင်း ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ရန်ကုန်တိုင်းမ် သို့ပြောသည်။
''အမျိုးသမီးအသင်းက ပြိုင်ပွဲ တွေလိုနေပါတယ်။ လိဂ်တည်ထောင် ဖို့ရှိပေမယ့်လဲ ဘောလုံးအသင်းတစ် သင်းကိုတည်ထောင်ပြီး ရင်းနှီးမြှုပ်နှံ မှုလုပ်ဖို့ဆိုတာကလဲ တအားခက်ခဲပါ တယ်။ အမျိုးသမီးလိဂ်အနေနဲ့ ကစား လို့ရအောင် အသင်းတွေတိုးလာအောင် ရင်နှီးမြှပ်နှံမယ့်အသင်းပိုင်ရှင်တွေ လဲလိုပါတယ်။ ဝန်ကြီးဌာနအနေနဲ့က လဲ ဘတ်ဂျက်အနေအထားနဲ့ သုံးစွဲရ တာဖြစ်တဲ့အတွက် အသင်းတစ်သင်း သပ်သပ်ထောင်ဖို့ခက်ခဲပါတယ်''ဟု ဦးဇော်ဇော်ကသုံးသပ်ပြောကြားသည်

တောင်ငူတည်းခိုခန်း ဗုံးခွဲတရားခံ စောထွန်းထွန်းကို သေဒဏ်ချမှတ်


တောင်ငူမြို့ တည်းခိုခန်းဗုံးဖောက်ခွဲမှု တရားခံစောထွန်းထွန်းကို တောင်ငူခရိုင် တရားရုံးက သေဒဏ်အမိန့် ချမှတ်လိုက် ကြောင်း သတင်းရရှိသည်။

၂၀၁၃ အောက်တိုဘာ အတွင်းက မြန်မာနိုင်ငံအနှံ့တွင် ဗုံးပေါက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ တောင်ငူမြို့ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှု သံသယ တရားခံ စောထွန်းထွန်းကို တောင်ငူမြို့နယ် တရားရုံးက ယနေ့ ဇန်န၀ါရီ ၇ ရက် ညနေ ၄ နာရီက အပြီးသတ်စီရင်ချက်အဖြစ် ကြိုးပေးသတ်ရန် သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
‘‘ဒီနေ့ ညနေ ၄ နာရီတုန်း က ခရိုင်တရားရုံးမှာ သေဒဏ်ချ လိုက်တယ်။ ပြီးတော့ နောက် ပုဒ်မတစ်ခုနဲ့ ထောင်ဒဏ် ၇ နှစ် ထပ်ချသေးတယ်။ အရင်တုန်းက သူ့ကိုထောင်ဒဏ်ဆယ်နှစ်ချ ထားတာကို ပုဒ်မတွေ ထပ်တိုးလိုက်တာ၊ သူက ကျောက်ကြီးမြို့ ဇာတိလို့ သိရပါတယ်။ အယူခံ တက်လို့ ရတယ်ပြောတယ်’’ ဟု တောင်ငူဒေသခံအမျိုးသားက ပြောသည်။

ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တွေ့ဆုံ

ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က အင်းစိန်ထောင် ရှိ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးနှင့် ဇန်န၀ါရီ ၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီထိ တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးမှ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

၎င်းသည် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံး လူ့အခွင့်အရေး အခြေအနေများကို သွားရောက်လေ့လာခြင်း
ဖြစ်သည်။

တွေ့ဆုံခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ လုပ်ငန်းကော်မတီဝင် ဦးရဲအောင်က "ကျွန်တော်တို့ ထောင်အခြေအနေက ဦးရေနဲ့ အဆောက်အဦးမဆန့်တဲ့အပြင် ၁၉၉၀၊ ၁၉၈၈ လောက်ထက် စာရင်သာ နည်းနည်းတိုးတက်ပေမယ့် ယန်ဟီးလီတို့ သွားတာနဲ့ အရင်အတိုင်းပြန်ပြီး ဖြစ်တာပါပဲ" ဟု ဆိုသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများ ဆန္ဒထုတ်ဖော်မည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ် စဉ်တွင် ပြည်သူလူထုပါဝင်ဆောင်ရွက်နိုင်ရေး နိုင်ငံရေးပါတီများ စုပေါင်းကာ ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံရေးပါတီများ စုပေါင်း ခေါင်းဆောင်မှုဖြင့် မြို့ရွာဒေသ များအလိုက် ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်ပွဲများ၊ လူထုအစည်းအ ဝေးပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယင်းသို့ ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်ပွဲများနှင့် လူထုအစည်း အဝေးများပြုလုပ်ရန် ယခုလ ၅ ရက်တွင် နေပြည်တော်၌ နိုင်ငံ ရေးပါတီ ၅၃ ပါတီမှ ခေါင်းဆောင်များတွေ့ဆုံကာ ဆုံးဖြတ်ခဲ့ကြ ခြင်း ဖြစ်သည်။
‘‘ဆန္ဒထုတ်ဖော်ပွဲတွေကို ဘယ်အချိန်က လုပ်မလဲဆိုတာ တော့ အသေးစိတ်လုပ်ငန်းစဉ် တွေချဖို့ ကျွန်တော်တို့ ကော်မတီ တစ်ခုဖွဲ့ထားပါတယ်။ ဘယ်အ ချိန်မှာ စလုပ်မလဲဆိုတာတော့ မ ဆုံးဖြတ်ရသေးဘူး’’ဟု အမျိုး သားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ကိုနေမင်းကျော်က ဆို သည်။
လက်ရှိပြည်တွင်းငြိမ်းချမ်း ရေးဆောင်ရွက်နေမှုအပေါ် ပြည် သူများစိတ်ပါဝင်စားမှု မြင့်တက် လာပြီး ငြိမ်းချမ်းရေးဆောင်ရွက် နေမှု လုပ်ငန်းစဉ်အောင်မြင်နိုင် ရေးအတွက် ရည်ရွယ်ကာ ယင်း ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ကိုနေမင်းကျော်က ပြောသည်။

ပဲရစ်မြို့ရှိ သတင်းစာတိုက် တိုက်ခိုက်ခံရပြီး လူ ၁၂ ဦး သေ၊ ခုနစ်ဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အပတ်စဉ်ထုတ် သရော်စာ သတင်းစာတိုက်သို့ မျက်နှာဖုံးစွပ် နှစ်ဦးက ဝင်ရောက်တိုက်ခိုက်ရာ လူ ၁၂ ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကာ ပစ်ခတ်သူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြသည်။

သေဆုံးသူများတွင် ထိပ်တန်းသတင်းထောက်များနှင့် နှစ် ဦးက ရဲအရာရှိများဖြစ်ပြီး ဒဏ်ရာရသူ လေးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း အာဏာပိုင်များ က ထုတ်ဖော်ပြောဆိုသည်။

ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲခန့်တွင် ခေါင်းစွပ်ပါသည့် အပေါ်အင်္ကျီ အနက်ရောင်ဝတ်ဆင်ပြီး မျက်နှာဖုံးစွပ်ထားသူနှစ် ဦးက အော်တိုမက်တစ်ရိုင်ဖယ်ကိုင်ဆောင်ပြီး Charlie Hebdo အပတ်စဉ်ထုတ် သရော်စာ သတင်းစာတိုက် အဆောက်အအုံထဲဝင်လာကြောင်း၊ မိနစ်အနည်းငယ်အကြာတွင် ပစ်ခတ်သံများစွာကြားရပြီးနောက် ၎င်းတို့ထွက်ပြေးသွားကြကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

Wednesday, January 7, 2015

ဝိုင်းမော်သစ်ခိုးထုတ်စခန်းမှ ဖမ်းမိသစ်များကို ၀န်ကြီးဌာနသို့ လွှဲပြောင်း

ကချင်ပြည်နယ်၊ ၀ိုင်း မော်မြို့နယ်အတွင်းရှိ တရားမ၀င် သစ်ခိုးထုတ်စခန်းတွင် လူနှင့်ယာဉ်များအပြင် သစ်နှင့် သစ်တော ထွက်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့ ပြီး ဖမ်းဆီးရမိသစ်များကို တပ်မ တော်က ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနသို့ လွှဲပြောင်းလိုက်ကြောင်း သတင်း ရရှိသည်။
‘‘သစ်လုံးတွေ၊ ခွဲသားတွေ လည်း ပါတယ်။ တန်ချိန်ဘယ် လောက်လဲဆိုတာ တိုင်းတာနေ တုန်းအချိန်မို့ ပြောလို့မရသေးပါ ဘူး။ အခုလောလောဆယ်တော့ ၀န်ကြီးရုံးကို ကား ၁၂ စီးနဲ့ သယ် နေတာပါ’’ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရေးပေါ် လူနာတင်ယာဉ် တိုက်မိ၍ နှစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် (၇) ရပ်ကွက်၊ စနေမမှတ်တိုင် အနီးတွင် ဇန်နဝါရီလ ၅ရက် ည ၁၀နာရီ ၃၀ မိနစ်ခန့်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော အဖြူရောင် သုခအလင်း အရေးပေါ် လူနာတင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် အမှိုက်သိမ်းယာဉ်ကို ဝင်တိုက်မိရာမှ နှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

မင်္ဂလာ တောင်ညွန့်တွင် အမျိုးသမီးအား ကြိုးတုပ် သတ်ဖြတ် လုယက်မှုကို ပူးပေါင်း အဖွဲ့ ဖြင့် တစ်တိုက်လုံး စစ်ဆေးမည်

မင်္ဂလာ တောင်ညွန့် မြို့နယ်တွင် အသက် (၇၀) ကျော် အဘွားအို တစ်ဦးကို ကြိုးတုပ် သတ်ဖြတ် လုယက်မှုအား ရဲတပ်ဖွဲ့မှ ပူးပေါင်း အဖွဲ့ ဖွဲ့က အခင်း ဖြစ်ပွားရာ တိုက်တစ်တိုက်လုံး စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖွံ့ဖြိုးရေး အကူ၊ လုံခြုံရေး အကူ၊ ခွဲ (၂) တို့နဲ့ စစ်ဆေး နေပြီ။ အဆင့်ဆင့် စစ်မယ်၊ သူ့ သားပြန်လာလို့ ပိုက်ဆံတွေ ပါလာလို့ လုပ်တာ ဆိုတော့ ဓာတ်သိပဲ ဖြစ်မယ်လေ။ သိပ်ခက်ခဲတဲ့ အမှု မဟုတ်ဘူး၊ မကြာခင် ပေါ်မယ်၊ ထုတ်ပြောလို့ မရလို့ ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူး တစ်ဦးက The Messenger Media သို့ ပြောသည်။

ပြသရန်မသင့် မှတ်ချက်ပေးခံရသည့် “ဇာတ်သိမ်းထိမကြည့်နဲ့” ဇာတ်ကား ပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်

Nay-Toe
ရန်ကုန်၊(မဇ္ဈိမ) ။ ။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူပြီး နေတိုး၊ မင်းခ၊ အိချောပို၊ စိုးနန္ဒာကျော်တို့ ပါဝင် သရုပ်ဆောင် ထားသည့် ဇာတ်သိမ်းထိ မကြည့်နဲ့ ဗီဒီ ယိုဇာတ်ကားသည် ဇန်န၀ါရီ ၅ရက် ဖြန့်ချိသည့်နေ့၌ပင် ပရိသတ်များ စိတ်ဝင် တစားရှိခြင်းကြောင့် ဗီဒီယိုအငှားဆိုင်များ၌ ကြိုတင်မှာကြားကာ ငှားရမ်းရသည် အထိ ရှိနေသည်။ယင်းဇာတ်ကားကို အောင်တိုင်းကျော် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ် ကားသည် မိန်းကလေး တစ်ဦးကို အုပ်စုဖွဲ့ကာ အဓမ္မပြု ကျင့်သည့်ပြကွက် သုံးကြိမ်တိုင် ကွက်ကွက် ကွင်းကွင်း ပါရှိခြင်းကြောင့် အများပြည် သူသို့ ပြသရန် မသင့်ကြောင်း မှတ်ချက်နှင့်ဆင် ဆာ အဖွဲ့၏ဆင် ဆာ ထောက်ညွှန်ချက်ခံခဲ့ရသည်။

ကျွန်တော်သိသော ခွန်ဥက္ကာ


Photo: ကျွန်တော်သိသော ခွန်ဥက္ကာ

ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၅

အခုခေတ်စားနေတဲ့ ဖက်ဒရယ်တပ်မတာ် ဘယ်ကစလို့မေးရင်တော့ အားလုံးသိကြတဲ့အတိုင်း UNFC ကစလို့ပဲဖြေရ ပါတော့မယ်။ UNFC ဘယ်ကစဆိုရင်လည်း KIA ကစလို့ဖြေရလိမ့်မယ်။ UNFC ကို KIA ကချုပ်ကိုင်ထားတာကိုတော့ သိပြီးကြားပြီးဖြစ်ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။ ၀မ်ပေါင်နိုင်ငံတော် အိပ်မက်မက်နေသူ ဦးအင်ဘန်လက UNFC ဥက္ကဌ ရာထူးယူထားတယ်ဆိုတာလဲ အားလုံးအသိပါ။ ထားပါတော့….ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အချက်ကလွဲရင် KIA အကြောင်းကို ကျုပ်လဲကောင်းကောင်းမသိပါဘူး။ ဒါပေမယ့် UNFC အတွင်းရေးမှုးနေရာမှာ မိန့်မိန့်ကြီးထိုင်နေသူက ဗိုလ်မှုးကြီးခွန်ဥက္ကာနဲ့ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။ခွန်ဥက္ကာဟာ နိုင်ငံရေးတွေလုပ်ကိုင်နေတဲ့အတွက် နိုင်ငံရေးသမားလား၊ UNFC ကအတွင်းရေးမှုး ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးသမားလား၊ သူ့ကိုသူ ဗိုလ်မှုးကြီးလို့ဆိုနေတဲ့အတွက် စစ်သားလားလို့မေးကြပါလိမ့်မယ်။ တကယ်တော့ ခွန်ဥက္ကကာဟာ နိုင်ငံရေးသမားလည်း မဟုတ်၊ ငြိမ်းချမ်းရေးသမားလည်း မဟုတ်၊ စစ်သားလည်းမဟုတ်တော့ပါဘူး။

နိုင်ငံရေးနှင့် ငြိမ်ချမ်းရေးကိုခုတုံးလုပ်၍ စီးပွားရှာနေသော စီးပွားရေးသမားစစ်စစ်သာဖြစ်ပါတယ်။ UNFC မှာ ခပ် တည်တည်နဲ့ အတွင်းရေးမှုးရာထူးယူထားတဲ့ ခွန်ဥက္ကာကိုကြည့်ပြီး သူ့အကြောင်းကို အတွင်းအပြင်အူမချေးခါး မကျန် သိနေတဲ့ ကျွန်ပ်အဖို့ဘေးကထိုင်ကြည့်ပြီး တော်တော်စိတ်ပျက်ရပါတယ်။ ဒါကြောင့်လည်း ချက်မသိတော့ သူခိုးကို သမက်မထင်စေဘို့ ဒီစာကိုရေးရတာဖြစ်ပါတယ်။

ခွန်ဥက္ကာဆိုတာ တကယ်တော့ PNLO ကသင်းကွဲတစ်ယောက်ပါ၊ ငြိမ်းချမ်းရေးဆိုတာကို ဘယ်တုန်းကမှ စိတ်မ၀င် စားခဲ့ သူလည်းဖြစ်တယ်။ အရင်စစ်အစိုးရလက်ထက်က PNLO ငြိမ်းချမ်းရေးယူတော့ မငြိမ်းချမ်းချင်တဲ့ ခွန်ဥက္ကာဟာ ကရင် ပြည်နယ်၊ မာနယ်ပလောဒေသမှာရှိတဲ့၊ KNU စခန်းကိုပြေးပါတယ်။ အဲဒီတုန်းက KNU ကလည်း သနားကမားနဲ့ ခိုလှုံခွင့် လာတောင်းနေတဲ့ ခွန်ဥက္ကာကို မာနယ်ပလောမှာ တဲလေးဆောက်ပြီးကျွေးမွေးထားရပါတယ်။ ယနေ့ ငြိမ်းချမ်းရေးလို ချင်နေတဲ့ KNU အနေနဲ့ UNFC ကထွက်သွားတာလဲ ခွန်ဥက္ကာကြောင့်အများကြီးပါတယ်။ UNFC မှာ KIA ဗိုလ်ကျ စိုးမိုးနေတာကတစ်ကြောင်း၊ UNFC ဟာ ငြိမ်းချမ်းရေး မလိုချင်တဲ့အဖွဲ့ဆိုတာ သိသွားတာကတစ်ကြောင်း၊ နောက် တစ်ခုကအရင်တုန်းက သနားလို့ခေါ်ကျွေးထားတဲ့ ခွန်ဥက္ကာဆိုသူက UNFC အတွင်းရေးမှုးဆိုပြီး စကားကြီး စကား ကျယ်တွေပြောနေတော့ ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက်တယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်တာကလဲ တစ်ကြောင်းပေါ့ဗျာ။

ပြီးတော့ခွန်ဥက္ကာဟာ UNFC ထဲမှာ ဘယ်သူ့ကိုကိုယ်စားပြုသလဲဆိုရင် ဘယ်သူ့မှကိုယ်စားမပြုပါဘူး၊ ဘယ်ပအို့ဝ်ကမှ လည်း ခွန်ဥက္ကာကို ခေါင်းဆောင်ခန့်မထားပါဘူး၊ ဗိုလ်မှုးကြီးလို့ဆိုပြီး ဘယ်စစ်တပ်ကမှလည်း မဟုတ်ပါဘူး၊ သူ့နောက် မှာလည်း ဘာတပ်မှမရှိပါဘူး။ သူချင်းကိုယ်ချင်း ပြန်ခန့်ထားတဲ့လူပေါ့ဗျာ။ ရှင်းရှင်းပြောရရင်တော့ CIA လက်သပ် မွေးထား တာခံနေရပြီး အထောက်အပံ့တွေနဲ့ ပျော်ပါးနေတဲ့ စီးပွားရေးသမားသာဖြစ်ပါတယ်။

ခွန်ဥက္ကာဆိုတာ မြန်မာပြည်မှာတောင်မနေတဲ့လူပါ။ မဲဆောက်မှာရုံးခန်းဖွင့်ပြီး ရုံးစောင့်တစ်ယောက်ထား၊ သူများ ခိုင်းတာ လုပ်၊ သူများပေးတာကျွေး တာစားနေရတဲ့ဘ၀ပါ။ နောက်ပြီးတော့ ခွန်ဥက္ကာဟာ မြန်မာနိုင်ငံသားလဲ မဟုတ်ပါဘူး၊ မဲဆောက်မှာနေပြီး ထိုင်းနိုင်ငံ သားခံယူထားတဲ့ ထိုင်းနိုင်ငံသားစစ်စစ်ကြီး ခွန်ဥက္ကာသာဖြစ်ပါတယ်။ မိန်းမကလည်း နှစ်ယောက်ယူထားတော့ နှစ်ယောက်စာရှာနေရတဲ့ ခွန်ဥက္ကာအတွက် UNFC သာလျှင်သူ့ရဲ့စီးပွားရေးတစ်ခု ဖြစ်နေတော့ တာပါပဲ။ သူ့အနေနဲ့က ငြိမ်းချမ်းရေးဆိုတာကို ယောင်လို့တောင်မှစိတ်မကူးခဲ့ပါဘူး၊ ငြိမ်းချမ်းရေးရသွားရင် သူထမင်း ငတ်သွားမယ်၊ ဂွင်ပျောက် သွားမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါ့ကြောင့် ခွန်ဥက္ကာဟာ မြန်မာပြည် ငြိမ်းချမ်းရေး ရမှာကို အစိုးရိန်ဆုံးဖြစ် နေတဲ့လူတွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်နေတော့တာပါပဲ။
သူ့အလုပ်ကတော့ရှင်းပါတယ် UNFC မှာနေမယ်၊ သူများခိုင်းတာလုပ်မယ်၊ ငြိမ်းချမ်းရေမရအောင်အမြဲကြံစည်မယ်၊ အထောက်အပံ့မှန်သမျှယူမယ်၊ ဒါပါဘဲ။ ဒါ့အပြင် ခွန်ဥက္ကာဟာ နိုင်ဟံသာနဲ့ပေါင်းပြီး တရုတ်ကြီးဆီကိုလည်း ခဏခဏ သွားရပါသေးတယ်။ ရှင်းရှင်းပြောရရင်တော့ သွားလိမ်ရတာပေါ့ဗျာ။ မြန်မာပြည်ငြိမ်းချမ်းရေး မရသေးဘူးလားလို့ KIA တို့ UNFC တို့ကို တရုတ်ကြီးက တစ်ခွန်းမေးရင် ခွန်ဥက္ကာတို့တစ်ခါသွားရပါတယ်။ ရတော့မှာပါခင်ဗျ၊ လုပ်နေပါတယ် ခင်ဗျ၊ ငြိမ်းချမ်းတော့မှာပါခင်ဗျ၊ ရံပုံငွေကလည်းနည်းနေလို့ပါခင်ဗျဆိုပြီး မျက်နှာငယ်လေးနဲ့သွားသွား လိမ်ရရှာတာ ခွန်ဥက္ကာပါ။
အခုဆိုရင်တစ်ချို့တွေက UNFC ကိုငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ့်အဖွဲ့အဖြစ် ထင်မြင်နေတာဟာ မဟာအမှားပါဘဲ။ ခွန်ဥက္ကာတို့လို နိုင်ငံရေးကိုစီးပွားရေးလိုလုပ်စားနေတဲ့ လူ့အနတ္တတွေဟာ UNFC ထဲမှာနေရာယူထား တာကလည်း တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ သူ့အကြောင်းကို လုံးစေ့ပတ်စေ့သိတဲ့ ကျုပ်တို့လိုလူတွေ အတွက် လည်း ဟာသတော်တော်မြောက်ပါတယ်။ ဒါ့ကြောင့် ခွန်ဥက္ကာတို့လို လူတွေကို အရှင်သခင်လိုထင်မြင်နေပြီး နေရာပေး ကိုးကွယ်နေအုံးမယ်ဆိုရင်တော့ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးဟာ ဆောင်းတွင်းအိပ်မက်တစ်ခုသာ ဖြစ်နေလိမ့်အုံးမယ် လို့သာ သတိပေးလိုက်ချင်ပါတယ်။

သံခဲ (သို့မဟုတ်) တစ်ချိန်က စောထွဋ်အောင်
နေ့စဉ်သတင်း
အခုခေတ်စားနေတဲ့ ဖက်ဒရယ်တပ်မတာ် ဘယ်ကစလို့မေးရင်တော့ အားလုံးသိကြတဲ့အတိုင်း UNFC ကစလို့ပဲဖြေရ ပါတော့မယ်။ UNFC ဘယ်ကစဆိုရင်လည်း KIA ကစလို့ဖြေရလိမ့်မယ်။ UNFC ကို KIA ကချုပ်ကိုင်ထားတာကိုတော့ သိပြီးကြားပြီးဖြစ်ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။ ၀မ်ပေါင်နိုင်ငံတော် အိပ်မက်မက်နေသူ ဦးအင်ဘန်လက UNFC ဥက္ကဌ ရာထူးယူထားတယ်ဆိုတာလဲ အားလုံးအသိပါ။ ထားပါတော့….ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အချက်ကလွဲရင် KIA အကြောင်းကို ကျုပ်လဲ ကောင်းကောင်းမသိပါဘူး။ ဒါပေမယ့် UNFC အတွင်းရေးမှုးနေရာမှာ မိန့်မိန့်ကြီးထိုင်နေသူက ဗိုလ်မှုးကြီးခွန်ဥက္ကာနဲ့ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။ခွန်ဥက္ကာဟာ နိုင်ငံရေးတွေလုပ်ကိုင်နေတဲ့ အတွက် နိုင်ငံရေးသမားလား၊ UNFC ကအတွင်းရေးမှုး ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးသမားလား၊ သူ့ကိုသူ ဗိုလ်မှုးကြီးလို့ဆိုနေတဲ့အတွက် စစ်သားလားလို့မေးကြပါလိမ့်မယ်။ တကယ်တော့ ခွန်ဥက္ကကာဟာ နိုင်ငံရေးသမားလည်း မဟုတ်၊ ငြိမ်းချမ်းရေးသမားလည်း မဟုတ်၊ စစ်သားလည်းမဟုတ်တော့ပါဘူး။

MPT က ဖုန်းပြောခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင်တာနက်အသုံးပြုခ အသစ်များကို ဇန်နဝါရီ ၉ ရက်တွင် အသစ်ထုတ်ပြန်ကြေညာမည်

ရန်ကုန်၊ ဇန်နဝါရီ ၆- မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း MPT မှဖုန်းပြော ခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင် တာနက်အသုံးပြုခအသစ်များကို ဇန် နဝါရီ၉ရက်နေ့တွင် အသစ်ထုတ်ပြန် ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပအော်ပရေတာနှစ်ခုဖြစ် သည့်အော်ရီဒူး၊ တယ်လီနောတို့နှင့် ယှဉ်ပြိုင် သည့်ပုံစံဖြင့်ဝန်ဆောင်မှု ပေးမည့် MPT မှနှုန်းထားသစ်၊ ဝန်ဆောင်မှုသစ်များကို စတင်မိတ်ဆက် မည့်အခမ်းအနားကို ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၆နာရီခွဲ၊ Park Royal ဟို တယ်၌ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

လက်ပံတောင်း ပဋိပက္ခ အစိုးရထုတ်ပြန်ချက် ဒေသခံများကို စော်ကားရာ ရောက်နေသည်ဟု ပုလဲအမတ် ဝေဖန်

ရန်ကုန် (မဇ္ဈိမ)။ ။ ဒေသခံ တစ်ဦး သေဆုံးခဲ့ရသည်အထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခသည် ဒေသခံ က သွေးထိုးလှုံ့ဆော်မှုများကို နားယောင်သောကြောင့်ဖြစ်သည်ဟုဆိုသော အစိုးရ၏ ထုတ်ပြန်ချက်သည် လက်ပံတောင်းဒေသခံများ ကို စော်ကားရာရောက်နေသည်ဟု ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်က ဝေဖန်လိုက်သည်။“ကိုယ့်ဘက်က ဆောင်ရွက်မပေးနိုင်လို့ ပြဿနာ တွေဖြစ်ရတာကို အခြားဘက်ကို လက်ညှိုးထိုးပြီးတော့ စွပ်စွဲပြစ်တင်တာဟာ နိုင်ငံတော် အဆင့်အနေနဲ့ ဒီလို မပြောသင့်ဘူးလို့ ကျွန်မတို့မြင်တယ်။ နောက်တစ်ခု က ဒီလိုမျိုးပြောဆိုခြင်းအား ဖြင့်လည်း ဒေသခံပြည်သူတွေ ကို စော်ကားတယ်လို့ မြင်တယ်” ဟု ဒေါ်ခင် စန်းလှိုင်က မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် လူရွှင်တော်ပိစိ နှလုံးရောဂါဖြင့် ကွယ်လွန်


ရုပ်ရှင်နှင့် ဗီဒီယိုဟာသသရုပ်ဆောင် ဦးပိစိ(ခ)ဦးဌေးအောင်မှာ ဇန်နဝါရီ ၆ရက်၊ မွန်းလွဲ ၁၂နာရီမိနစ် ၂ဝတွင် နှလုံး ရောဂါဝေဒနာဖြင့် မန္တလေးမြို့တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ယင်းသည်ကွယ်လွန်ချိန်တွင် အသက် ၆၃နှစ်ခန့်ရှိပြီဖြစ်ကာ သားသမီး သုံးယောက် ကျန်ရစ်ခဲ့ပြီး ၄င်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဇန်နဝါရီ ၈ရက် မွန်းတည့် ၁၂နာရီတွင် မန္တလေးမြို့ တောင်အင်း မြောက်အင်း သုဿန်သို့ပို့ဆောင်မီး သဂြိုဟ်မည်ဖြစ်သည်။
''ဦးမောစ်နဲ့ ညီအစ်ကိုလိုဖြစ် ပြီး သူရုပ်ရှင်လောကကို ရောက်ခဲ့ တယ်။ ၂ဝ၁၄ခုနှစ် မတ်လပိုင်း လောက်ကတည်းက စပြီးရောဂါ စဖြစ်တာပေါ့။ နှလုံးအဆို့ရှင် ကျဉ်းတဲ့ရောဂါပါ။ မန္တလေးအိမ် မှာပဲ ကွယ်လွန် တာပါ''ဟု ၄င်း၏ သား ဦးသူရဌေးက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိပါတယ်။

ဇန်န၀ါရီ ၇ ရက်နေ့ကနေ ၁၆ ရက်အထိ ခရီးစဉ်အတွင်း ရခိုင်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို အဓိကထား ကောက်ခံသွားမယ်လို့ ယန်ဟီးလီက သတင်းထုတ်ပြန်ထားပါတယ်။

“ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်က အခြေအနေကို သုံးသပ်သွားမှာ ဖြစ်ပြီး ပထမအကြိမ် ခရီးစဉ်အတွင်း ရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေအနေ တိုးတက်မှု ရှိမရှိ အကဲဖြတ်သွားမယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ကိုယ်တိုင် သစ်မခုတ်ပါဘူး သစ်ခုတ်တဲ့သူတွေကိုပဲ ပါမစ်ပေးခဲ့တာပါ” ဟု KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာမှ ပြောကြား

Photo: “ ကိုယ်တိုင် သစ်မခုတ်ပါဘူး သစ်ခုတ်တဲ့သူတွေကိုပဲ ပါမစ်ပေးခဲ့တာပါ” ဟု KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာမှ ပြောကြား

ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ ၀ိုင်းမော်ဒေသမှ တရုတ်နိုင်ငံဘက်သို့ တန်ပေါင်းများစွာသောသစ်များ တရားမ၀င်ခိုးထုတ် ရောင်းချမှုနှင့် ပတ်သက်၍ KIO/KIA အဖွဲ့မှဆက်နွယ်နေမှုအပေါ်တွင် ကေအိုင်အိုအနေဖြင့် ကိုယ်တိုင်သစ်ခုတ် ရောင်းချခြင်းမရှိပေမယ့် နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် သစ်ထုတ်လုပ်ရောင်းချသူများကို ပါမစ်ပေးတာမျိုးရှိ ကြောင်း KIO ခေါင်းဆောင်ဟောင်းဒေါက်တာတူးဂျာမှ DVB သတင်းဌာနသို့ပြောကြားခဲ့သည်ဟုသိရှိရသည်။

“ တိုက်ရိုက်လုပ်တာတော့မရှိပါဘူး၊ ဖြတ်သန်းမှုပေါ်မှာ သစ်သယ်တဲ့ကားတွေကို ဂိတ်တွေမှာ အခွန်ကောက်ခံ တာတော့ရှိတာပေါ့။ တခါတလေ သူတို့အနေနဲ့ပါမစ်ပေးတာမျိုးရှိတယ်။ ပါမစ်ပေးတယ်ဆိုတာကလည်း ဒီဒေသ ဖွံ့ဖြိုးရေးအတွက်ပေါ့လေ၊ လမ်းလုပ်မယ်၊ တံတားလုပ်မယ်ဆိုလို့ရှိရင်တော့ ငွေလိုတယ်လေ။ အဲခါကျတော့ ပါမစ် ပေးတာတခါတလေရှိတယ်။ အများအားဖြင့်ကတော့ အခွန်ကောက်ခံတာလောက်ပါ။ သူတို့ကိုယ်တိုင် သစ်တွေ ခုတ်တင်ပို့ရောင်းချတာတွေကတော့သိပ်မရှိပါဘူး” ဟု ဒေါက်တာတူးဂျာကဒီဗွီဘီသို့ ပြောကြားခဲ့ကြောင်း သိရှိရ သည်။

ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းဆောင်ရွက်ရာမှ မြန်မာနိုင်ငံ သား ၂၀ဦး၊ တရုတ်နိုင်ငံသား ၁၀၂ ဦး၊ စုစုပေါင်း ၁၂၂ ဦးနှင့် တရားမဝင် သစ်ခိုးထုတ်သည့် ကုန်တင်ယာဉ် ၄၅၅ စီး၊ တရုတ်ယွမ်ငွေ ၁၂,ဝဝဝ နှင့်အတူ မူးယစ်ဆေးဝါးအမြောက်အများကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိသောတရုတ်နိုင်ငံသားများထံမှ ကေအိုင်အေ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇောဘုတ်ထန်း လက်မှတ် ရေးထိုးထားသော သစ်ထုတ်လုပ်ခွင့်ပြုသည့် စာရွက်စာတမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

KIA အနေဖြင့် လမ်းတံတားများ ဆောက်လုပ်ရန်နှင့် နယ်မြေဖွံ့ဖြိုးမှုများ လုပ်နေသည်ဟုဆိုသော်လည်း ကချင် ပြည်နယ်တွင် KIA မှဆောက်လုပ်ပေးထားသည့် လမ်းများ၊ တံတားများတစ်ခုမှမရှိကြောင်း၊ ရှိပြီးသားလမ်း၊ တံတားများကိုတောင် ဖောက်ခွဲဖျက်ဆီးနေကြောင်း၊ ယခုလို သစ်ခိုးထုတ်မှုများကိုလည်း ဒီတစ်ကြိမ်မှသာ ဖမ်းမိ ခြင်းဖြစ်ကြောင်း၊ KIA အနေဖြင့် ယခင်ကတည်းက တရုတ်မှောင်ခိုသမားများအား အခွန်ကောက်ခံ၍ သစ်ခိုးထုတ်ခွင့်များပြုကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြာင်းကို ၀ိုင်းမော်မြို့တွင်နေထိုင်သူ ကချင်လူမျိုး ဦးအော့န်ဘရန်နု မှပြောသည်။

KIA သည် လက်ရှိအခြေအနေတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု ဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းမရှိဘဲ သဘောထားတင်းမာလျက်ရှိသည်။ ၆၇ နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ကျင်းပသော ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတက ဖိတ်ကြားမှုအား KIA မှ ငြင်းဆန်ခဲ့ပြီးနောက်ပိုင်းတွင် ယခုလို ကိစ္စများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် ပြည်သူများအကြားတွင် KIA ၏ ငြိမ်းချမ်းရေးမူဝါဒနှင့် သဘောထားအား ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

Credit:ဇော်မြင့်ထွန်း ( ဗန်းမော်)
နေ့စဉ်သတင်း
ကချင်ပြည်နယ်၊ ၀ိုင်းမော်ဒေသမှ တရုတ်နိုင်ငံဘက်သို့ တန်ပေါင်းများစွာသောသစ်များ တရားမ၀င်ခိုးထုတ် ရောင်းချမှုနှင့် ပတ်သက်၍ KIO/KIA အဖွဲ့မှဆက်နွယ်နေမှုအပေါ်တွင် ကေအိုင်အိုအနေဖြင့် ကိုယ်တိုင်သစ်ခုတ် ရောင်းချခြင်းမရှိပေမယ့် နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် သစ်ထုတ်လုပ်ရောင်းချသူများကို ပါမစ်ပေးတာမျိုးရှိ ကြောင်း KIO ခေါင်းဆောင်ဟောင်းဒေါက်တာတူးဂျာမှ DVB သတင်းဌာနသို့ပြောကြားခဲ့သည်ဟုသိရှိရသည်။

တောင်းဆိုချက် မလိုက်လျောပါက မကြာမီ ပိုပြင်းထန်သောသပိတ်များ စတင်မည်ဟု ကျောင်းသားသမဂ္ဂများဆို

အတည်ပြု ပြဋ္ဌာန်းပြီးသော အမျိုးသားပညာရေး ဥပဒေ ပြန်လည် ပြင်ဆင်ရန် ပညာရေး ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ ရက်ပေါင်း ၆၀ အတွင်း လေးပွင့်ဆိုင် တွေ့ဆုံရန် ကျောင်းသားသမဂ္ဂများ တောင်းဆိုထားမှုမှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သတ်မှတ်ရက် ပြည့်တော့မည် ဖြစ်သဖြင့် မကြာမီ ပိုမိုပြင်းထန်သော သပိတ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကျောင်းသားသမဂ္ဂများက The Voice သို့ ပြောကြားသည်။

မီးတောင်ဝမှာ သကြားလုံး ကင်ဆားသူ


Photo: မီးတောင်ဝမှာ သကြားလုံး ကင်ဆားသူ
======================
ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၅

မီးတောင်ဝမှာ ကင်ဆာတဲ့ အကြောင်း မပြောခင် ကင်ဆားလို့ ရတဲ့ သကြားလုံး အကြောင်း အရင်ပြောဖို့ လိုမယ်လို့ ယုံကြည်ပါတယ်။ Marshmallow လို့ခေါ်တဲ့ Sugar Candy (သကြားလုံး) တစ်မျိုးကို အနောက်တိုင်းမှာ စားသုံးကြပြီး ယင်း သကြားလုံးကိုလည်း ထူးထူးခြားခြား ကင်ဆားတတ်ကြ ပါတယ်။ များသော အားဖြင့် camping သွားတဲ့အခါ ကင်ဆားတတ်ကြပါတယ်။

သူ့ဆီက ထွက်လာတဲ့ အရည်နဲ့ မီးကင်ထားတဲ့ အနံ့ကြောင့်မို့ ယင်း သကြားလုံးကို ပိုကြိုက်ကြသတဲ့။ ယင်း သကြားလုံးကို camping သွားချိန် ကင်ဆားတာ သူတို့အတွက် မထူးဆန်းပေမယ့် ပုံမှာ မြင်တွေ့နေရတဲ့ လူကတော့ မီးတောင်ဝကနေ ကင်ဆားနေတာကြောင့် ထူးဆန်းသွားပါတယ်။ သြစတေးလျနိုင်ငံ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ မီးတောင်နိုင်ငံလို့ ထင်ရှားတဲ့ ဗနွားတူးနိုင်ငံမှာ ဖြစ်ပါတယ်။ မီးတောင်လေ့လာရေး ပညာရှင် နှစ်ဦးဟာ Ambrym ကမီးတောင် ထိပ်ဝအထိ တက်ခဲ့ပြီး ယခုလို camp ပြုလုပ်လို့ သကြားလုံး ကင်ဆားခဲ့ကြ ပါတယ်။

၄၀၀ မီတာ အနက်ရှိတဲ့ လျှော်ရည်ပူထွက်နေတဲ့ မီးတောင်ဝမှာ Marshmallow ကို အေးအေးဆေးဆေး နားနားနေနေ ကင်သလို ကင်ပြီး စားနေတဲ့ ပုံကြောင့် အင်တာနက်မှာ ရေပန်းစားလာ ခဲ့ပါတယ်။
.
Ref: Metro, wiki
အောင်ခမ်း (ရိုးရာလေး)
မီးတောင်ဝမှာ ကင်ဆာတဲ့ အကြောင်း မပြောခင် ကင်ဆားလို့ ရတဲ့ သကြားလုံး အကြောင်း အရင်ပြောဖို့ လိုမယ်လို့ ယုံကြည်ပါတယ်။ Marshmallow လို့ခေါ်တဲ့ Sugar Candy (သကြားလုံး) တစ်မျိုးကို အနောက်တိုင်းမှာ စားသုံးကြပြီး ယင်း သကြားလုံးကိုလည်း ထူးထူးခြားခြား ကင်ဆားတတ်ကြ ပါတယ်။ များသော အားဖြင့် camping သွားတဲ့အခါ ကင်ဆားတတ်ကြပါတယ်။

အိုဘားမားခရီးစဉ်မတိုင်မီ အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်၌ တိုက်ပွဲများ ပြင်းထန်လာ

နှစ်နိုင်ငံ နယ်စပ်ဒေသတွင် အိန္ဒိယက အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ပါကစ္စတန်က စွပ်စွဲလိုက်ပြီး နယ်ခြားစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယအစိုးရကလည်း ပြောကြားခဲ့ရာ အမေရိကန်သမ္မတ အိုဘားမား အလည်အပတ်ခရီးစဉ်မတိုင် မီ နျူကလီးယားအင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

အိန္ဒိယမြေပေါ်တွင် တိုက် ခိုက်မှုပြုလုပ်ရန် စီစဉ်နေသော ပါကစ္စတန်နိုင်ငံသားလေးဦးကို သတ်ဖြတ် လိုက်သည်ဟု အိန္ဒိယ အစိုးရက ပြောကြားသည်။

ဘင်္ဂါလီ ၂၅၀ ခန့်အား ဒုတိယအကြိမ် နိုင်ငံသား ဖြစ်ခွင့်ပြု

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီ ၂၅၀ ခန့်အား နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံ သားပြုခွင့် ဒုတိယအကြိမ်ခွင့်ပြုခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ သတင်း ရရှိသည်။

ရခိုင်ပြည်နယ်မြေပုံမြို့နယ် တွင် ပြုလုပ်သော နိုင်ငံသားပြု ရေးစီမံချက်၌ လျှောက်ထားသူ တစ်ထောင်ကျော် ရှိခဲ့သည့်အ နက် ၂၀၁၄ နှစ်ကုန်တွင် နိုင်ငံသား ဖြစ်ခွင့် ၅၇ ဦးနှင့် နိုင်ငံသား ပြုခွင့် ၁၉၁ ဦးအား ထပ်မံခွင့်ပြုပေးခဲ့ရာ နောက်ဆုံးစာရင်းအရ နိုင်ငံသား ဖြစ်ခွင့် ၉၇ ဦးနှင့် နိုင်ငံသားပြု ခွင့် ရရှိသူ ၃၆၀ ဦးရှိပြီး ဖြစ်သည်။

မောင်တောနယ်စပ်ဒေသသို့ တစ်ဖက်နိုင်ငံမှဝင်ရောက်ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုများအတွက် အိမ်အလုံး ၅၀အာရ်စီအိမ်များအဖြစ် တည်ဆောက်ပေးမည်

မောင်တောနယ်စပ် ဒေသသို့ တစ်ဖက်နိုင်ငံမှ ၀င်ရောက် ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုမိသားစုဝင်များ အတွက် နေအိမ်အလုံး ၅၀ ကို အာရ်စီအိမ်များအဖြစ် တည်ဆောက်ပေးမည်ဖြစ်ကြောင်း နယ်စပ် ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

အခြေခံမဲစာရင်း ပြုစုခြင်းနှင့် မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာနိုင်မည်ဟုဆို

အထွေထွေရွေးကောက် ပွဲ ကျင်းပမည့်ရက်ကို ကြေညာရန် ဇူလိုင်တွင် အခြေခံမဲစာရင်းပြုစုခြင်း ပြီးစီးမှုနှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်း ပြီးစီးသည့်အချိန်တွင် မူတည်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

‘‘ဇူလိုင်မှာ အခြေခံမဲစာရင်း တွေ ပြုစုပြီးမလားဆိုတာ စောင့် ကြည့်နေပါတယ်။ ပြီးရင် မဲဆန္ဒ ရှင်ပညာပေးလုပ်ရပါဦးမယ်။ အဲ ဒီအဆင့်တွေပြီးမှပဲ ကျွန်တော်တို့ တရားဝင် ကြေညာနိုင်ပါ့မယ်။ ဒီတော့ အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းလို့ပဲ ပြောနိုင်ပါ မယ်’’ ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူးဦးသောင်းလှိုင်က ပြော သည်။