Saturday, April 25, 2015

ရခိုင်တပ်မတော်နဲ့ဆက်နွယ်ကြောင်း သံသယရှိသူအများအပြား ဖမ်းဆီးစစ်ဆေးခံနေရ


ရခိုင်တပ်မတော်(AA) တပ်ဖွဲ့ဝင်တွေနဲ့ ဆက်နွယ်နေတဲ့သူတွေကို အစိုးရတပ်မတော်နဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တို့က ရှာဖွေစစ်ဆေးဖမ်းဆီးရာမှာ ၆၅ ဦးရှိပြီး ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြော ပါတယ်။
ဖမ်းဆီးရရှိထားတဲ့သူတွေကို အစိုးရတပ်မတော်ဖက်က ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလာပါက မတရားအသင်းဆက်သွယ်မှုနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဒုတိယပြည် နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်မှုနဲ့ ထောင်ကျနေသူ ၇ဝဝဝ လောက်ရှိ


ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၇ဝဝဝ လောက် ရှိနေကြောင်း မြစ်ကြီးနား မြို့နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။
ဒီနေ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောအားကစားကွင်းမှာ တစ်နှစ်ပြည့် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားမှာ မြစ်ကြီးနားမြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတူးရော်က RFA ကို ပြောကြားခဲ့တာပါ။

အမျိုးသားပါတီမှာ စစ်ဗိုလ်ချုပ်ဟောင်းများမပါဝင်ဟု ပါတီနာယက ဦးနေဇင်လတ် ငြင်းဆို – မေးမြန်းချက်


ရွေးကောက်ပွဲဝင်ဖို့အတွက် လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ရထားတာတဲ့ပါတီပေါင်း ၇၁ ပါတီရှိနေပြီး မှတ်ပုံတင်လျောက်ထားဆဲပါတီ ၁၇ ပါတီရှိနေပါတယ်။ ပါတီမှတ်ပုံတင်ခွင့် နောက်ဆုံးရက်က ဧပြီ ၃၀ ရက်နေ့ဖြစ်ပြီး နောက်ထပ်ပါတီတွေ ထပ်မံလျောက်ထားမယ့် အလားအလာတွေလည်းရှိနေပါတယ်။ ဒီထဲက အငြိမ်းစား စစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ပါတီလို့ သတင်းတွေထွက်ပေါ်နေပြီး လူတွေ စိတ်ဝင်စားနေတဲ့ အမျိုးသားပါတီက နာယက ဦးနေဇင်လတ်ကို ဒီဗွီဘီ ကသီးသန့်မေးမြန်းထားပါတယ်။
အသစ်ဖွဲစည်းလိုက်တဲ့ ပါတီနာမည်ဘယ်လိုပေးထားလဲ၊ ဥက္ကဋ္ဌအဖြစ်ကော ဘယ်သူက တာဝန်ယူထားပါလဲ။

တက္ကသိုလ်ဝင်ခွင့် အပြောင်းအလဲ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ


ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသော ကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့်စနစ် အပြောင်းအလဲကို စတင်ကြုံတွေ့ရတော့မည်ဖြစ်သည်။
၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့်စနစ်ကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ပြောင်းလဲကျင့်သုံးဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပြီဖြစ်သည်။ အဆင့်မြင့်ပညာဦးစီးဌာန၏ စီမံဆောင်ရွက်မှုဖြင့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကျောင်းသားများ၏ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကို အခြေခံ၍ တက္ကသိုလ်ဝင်ခွင့်ပြုသော စနစ်ကို နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သည်။

လောက်ကိုင်ကို ပြန်ဖို့ တကယ်အချိန်တန်ပြီလား


လောက်ကိုင်ဒေသသို့ ပြန်နေကြသော စစ်ပြေးဒုက္ခသည်များ(ဓာတ်ပုံ−MOI)
အစိုးရတပ်မတော်သည် ကိုးကန့်အဖွဲ့ အခိုင်အမာခြေကုပ်ယူ ထားနိုင်သည့် တောင်ကုန်းများကိုသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် လားရှိုးမြို့တွင် ခိုလှုံနေသော စစ်ရှောင်ဒုက္ခသည်   နှစ်ရာကျော်လောက်ကိုင်သို့ ပြန်သွားခဲ့ပြီဖြစ်သည်။
လားရှိုးမြို့ သီရိမင်္ဂလာမန် ဆူရှမ်းကျောင်းတွင် ခိုလှုံနေရာမှ ဧပြီ ၂၁ ရက်၌ လောက်ကိုင်မြို့ သို့ ပြန်လည်ထွက်ခွာသွားကြခြင်း ဖြစ်သည်။ ၎င်းတို့ပြန်လည်ထွက် ခွာသွားပြီးနောက် မြန်မာနိုင်ငံအနှံ့ မှ ဒေသခံအချို့ကလည်း လောက် ကိုင်ဒေသသို့ နေ့စဉ်သွားလာနေ ကြကြောင်း လားရှိုး၊ ကွမ်းလုံနှင့် ချင်းရွှေဟော် ဒေသခံများက ပြောသည်။

ဗာတီကန် နန်းတော်ကို အကြမ်းဖက်သမားများ ပစ်မှတ်ထားခဲ့ဟု အီတလီ သံသယရှိနေ


အကြမ်းဖက်သမားများက အီတလီနိုင်ငံထဲ ဝင်ရောက်လာပြီး ဗာတီကန် နန်းတော်ကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ခဲ့ဖူးသည်ဟု ယုံကြည်ရသည့် အခြေအနေအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ရွှေတိဂုံစေတီပုံတံဆိပ် အသုံးပြုထားသော အရက်ပုလင်းများ မရောင်းချရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကန့်ကွက်


မလေးရှားနိုင်ငံတွင် ရွှေတိဂုံစေတီပုံ တံဆိပ်ကပ်၍ အ ရက်ပုလင်းထုတ်လုပ်နေသည့် ကုမ္ပဏီကို ဆက်လက်ရောင်းချ ခြင်းမပြုရန် မလေးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးက သွားရောက် ကန့်ကွက်ထားကြောင်း သတင်း ရရှိသည်။

မိုးကုတ်-ပြင်ဦးလွင် ကားလမ်းဘေး ကြိုးတုပ် အသတ်ခံထားရတဲ့ အလောင်းသုံးလောင်းတွေ့၊ သံဃာတစ်ပါးပါဝင်


ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုးကုတ်-ပြင်ဦးလွင် ကားလမ်း မိုင်တိုင်အမှတ် ၄၃ နားမှာ ဧပြီ ၂၄ ရက် မွန်းလွဲ ၃ နာရီက သံဃာတစ်ပါး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို ကားလမ်းဘေး လျှို ထဲမှာ လက်ပြန်ကြိုးတုတ် ရိုက်နှက် သတ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူး ရုံးကနေ သိရပါတယ်။
"ကားလမ်းဘေး လျှိုထဲက လူသေအလောင်းတွေကို တောထဲ ထင်းသွားခွေသူတွေ တွေ့ခဲ့တာ။ လူသတ်မှုဖြစ်တဲ့ နယ်မြေက လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတာမို့ ခုထိ အလောင်းတွေကို ပြန်ယူခွင့် မရသေးဘူး" လို့ အဲဒီရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

အကျပ်အတည်းနိုင်ငံရေးနှင့် ညွန့်ပေါင်းအစိုးရ



လက်ငင်း မြန်မာ့အခြေအ နေကို နိုင်ငံရေး အကျပ်အတည်း ကာလဟု သတ်မှတ်မည်ဆိုလျှင် ညွန့် ပေါင်းအစိုးရသည် သော့ချက်ကျ သော စဉ်းစားမှုတစ်ခု ဖြစ်နိုင် သည်။ အမျိုးသားပြန်လည်သင့် မြတ်ရေး၊ ယုံကြည်မှု တည် ဆောက်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးတို့ကို ပွင့်လင်းမြင်သာ စွာ တည်ဆောက်မည်ဆိုလျှင်၊ နိုင်ငံရေး အကျပ်အတည်းကို ဖြတ်ကျော်မည်ဆိုလျှင် ညွန့်ပေါင်းအစိုးရသည် အစွမ်းထက် ကုထုံးဖြစ်နိုင်သည်။ လှည့်စားမှုဟု ဆိုနိုင်သော လူထုကို အကျိုးမပြု၊ လူတစ်စုကိုသာ အကျိုးပြုသော ညွန့်ပေါင်းအစိုးရဖြစ်လာမည်ကို မျက်စိဖွင့်၊ နားစွင့်စောင့်ကြည့်ရမည် ဖြစ်သည်။

ဒေါ်ခင်ကြည်

ဒေါ်ခင်ကြည်, ဒေါ်အောင်ဆန်းစုကြည်, ဗိုလ်ချုပ်အောင်ဆန်း

ဒေါ်အောင်ဆန်းစုကြည်၏ မိခင်သည် ဖခင် ဖြစ်သူလောက် လူသိမများပါ။ သို့သော်လည်း ဒေါ်အောင်ဆန်း စုကြည် ဘဝတွင် သူ၏ လွှမ်းမိုးမှုကို ပစ်ပယ်၍ မထားသင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ အသွင်အပြင်၊ အသိဥာဏ်ပညာနှင့် အတွေးအမြင်များကို အမွေဆက်ခံနိုင်ခဲ့ ခြင်းမှာ သူ့ဘဝကို မြှင့်တင်ပေးခဲ့သည့် တာဝန်ကျေပွန်သော စိတ်ထား ဖြောင့်မှန် သော မိခင် ဖြစ်သူ ဒေါ်ခင်ကြည်ကြောင့် ဖြစ်သည်။

မန်းစည်ပင် ရွေးကောက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

မန္တလေး, ရန်ကုန်, စည်ပင်, ရွေးကောက်ပွဲ, မြို့တော်ဝန်,

မန္တလေးနန်းတော် ကျုံးနှင့် မြို့ရိုး (ဓာတ်ပုံ – wikimedia.org)
လာမည့် မေ ၃ ရက်နေ့တွင် မန်းစည်ပင်ကော်မတီဝင် ရွေးကောက်ပွဲအား မန္တလေးမြို့၊ စည်ပင်သာယာရေး နယ်နမိတ် အပိုင်ဖြစ်သော မြို့နယ် ၆ မြို့နယ် အနက် ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အမရပူရ မြို့နယ်များတွင် မဲရုံ ၂၀၀ ခန့်ဖွင့်လှစ်ကာ ကျင်းပတော့မည် ဖြစ်သည်။ အောင်မြေသာစံနှင့် မဟာအောင်မြေ မြို့နယ် များတွင်မူ လက်ရှိ အခြေအနေ အရ ကျင်းပနိုင်မည် မဟုတ်ပေ။

ဆေးမတိုးတဲ့ မြန်မာ ငှက်ဖျား အန္တရာယ်

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်း ကျန်းမာရေး ဝန်ထမ်းမှ ဒေသခံများတွင် ငှက်ဖျားပိုး ရှိမရှိ သွေးဖောက် စစ်ဆေး (နိုဝင်ဘာ ၂၈၊ ၂၀၁၄)
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်း ကျန်းမာရေး ဝန်ထမ်းမှ ဒေသခံများတွင် ငှက်ဖျားပိုး ရှိမရှိ သွေးဖောက် စစ်ဆေး (နိုဝင်ဘာ ၂၈၊ ၂၀၁၄)


ငှက်ဖျားရောဂါတိုက်ဖျက်ရေးမှာ သိသိသာသာ တိုးတက်မှုတွေရှိခဲ့ပေမဲ့ - ဒီထက်မက လုပ်ဖို့တော့ လိုအပ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောဆိုလိုက် ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဆေးမတိုးတော့တဲ့ ငှက်ဖျားရောဂါပိုး ကို တွေ့ရှိထားပြီး - ဒီရောဂါပိုးဟာ အာရှနိုင်ငံ တွေကနေတဆင့် ကမ္ဘာတ၀ှမ်းကို ပျံ့နှံ့ခဲ့ရင် သန်းပေါင်းများစွာသော အသက်တွေ ဆုံးရှုံးရနိုင်တယ်လို့ လည်း ဆေးပညာရှင်တွေက ထောက်ပြနေကြ တာပါ။

Thursday, April 23, 2015

ယူကရိန်း အပစ်ရပ်ရေးတွင် ရုရှက စည်းကမ်းချိုးဖောက်နေဟု အမေရိကန် စွပ်စွဲ

(ဝါရှင်တန်)။ ။ ယူကရိန်းအရှေ့ပိုင်းတွင် ရုရှနိုင်ငံက လေကြောင်း ကာကွယ်ရေးစနစ်များ ပိုမိုတိုးချဲ့ဖြန့်ကြက်လျက် ရှိခြင်းဖြင့် အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်နေသည်ဟု အမေရိကန်က စွပ်စွဲပြောဆိုလိုက်သည်။
Ukraine-Russia
ရုရှက ခွဲထွက်ရေးတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့များတည်ဆောက်လျက် ရှိကြောင်းလည်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

၂၀၁၅ခုနှစ် Martin Ennals ဆုအတွက် ရွေးချယ်ခံရသည့် လူ့အခွင့်အရေး ကာကွယ်သူသုံးဦးတွင် မြန်မာရှေ့နေ ဦးရောဘတ်စန်းအောင်ပါဝင်

martinennals
ကိုယ်ကျိုးစွန့်ရမည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နရစဉ်တွင် သတ္တိနှင့် မဆုတ်မနစ်သော သန္နိဌာန်ကို ထုတ်ဖော်ပြသခဲ့ကြသည့် လူ့အခွင့်အရေး ရပ်ခံကာကွယ်သူများ (Human Rights Defenders)အား နိုင်ငံတကာ လူ့အခွင့်အရေးအသိုက်အ၀န်းက ရွေူးချယ်အပ်နှင်းသည့် ဆုဖြစ်သည်။ ဆုအပ်နှင်းရခြင်း၏ ရည်ရွယ်ချက်မှာ အဆိုပါ လူ့အခွင့်အရေးရပ်ခံကာကွယ်သူများအား ယခင်ကထက် လူသိများထင်ရှားစေခြင်းဖြင့် ၎င်းတို့၏ အလုပ်ကို မီးမောင်းထိုးပြရန်နှင့် ကာကွယ်ရန်ဖြစ်သည်။  

ရခိုင်စစ်ဘေး ဒုက္ခသည်များထံ သွားရောက် ကူညီနိုင်ရေး နယ်/လုံ ဝန်ကြီးနဲ့ တွေ့ဆုံရန် ကြိုးပမ်းမှု အဆင်မပြေသေး ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရတပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသည့် ရခိုင်တိုင်းရင်းသား ဒေသခံများထံ သွားရောက် ကူညီခွင့်ရရေးအတွက် ရခိုင်ပြည်နယ်  နယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့်
တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းမှု အဆင်မပြေသေးဟု တွေ့ဆုံခွင့်ရရေး ကြိုး ပမ်းနေသူ  စစ်ဘေးဒဏ်သင့်ပြည်သူများ ထောက်ပံရေး
ကော်မတီ အဖွဲ့ဝင် ကိုဇော်ဝင်းက မဇ္ဈိမကို ပြောသည်။
ကျောက်တော်မြို့နယ်နှင့် ၁၄ မိုင်ခန့်အကွာ စစ်ဘေးဒဏ်သင့် ပြည်သူများ ခိုလုံနေသည့် စပါးဆိပ်ကျေးရွာသို့  စားနပ်ရိက္ခာများ ကူညီရန် သွားရောက်မှု တားမြစ်ပိတ်ပင်ခံရသဖြင့် ကူညီပေးရန် နယ်/လုံ ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခွင့် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ဆိုသည်။
စားနပ်ရိက္ခာများ ကူညီရန် ကျောက်တော်မြို့မှ စစ်ဘေးဒဏ်သင့်ပြည်သူများ ထောက်ပံရေးကော်မတီ အဖွဲ့ဝင်များ စားနပ်ရိက္ခာများဖြင့် ထွက်လာစဉ် ဝလာရွာအရောက် အစိုးရ တပ်မတော် ဂိတ်က တိုက်ပွဲများ ဖြစ်ပွားနေ၍ အထက်အရာရှိ၏ ညွန်ကြားချက်အရ ဖြတ်သန်းခွင့် မပြုခဲ့ဟု ၎င်းက ဆိုသည်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ် ဒေါက်တာ အေးမောင် ရှင်းပြခြင်း မရှိဟု SNLD ကြေညာချက်ထုတ်

ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီ  ၁၀ ရက်က သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲသို့ တိုင်းရင်းသား ကိုယ်စားပြု တက်ရောက်ခဲ့သည့် ရခိုင်တိုင်းရင်းသား အမတ်ဖြစ်သူ ဒေါက်တာ အေးမောင်က ဆွေးနွေးပွဲရလဒ်ကို တစ်စုံတစ်ရာ ရှင်းပြခဲ့ခြင်း အလျဉ်းမရှိဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ဧပြီ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
"ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒေါက်တာ အေးမောင်နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပါ။ ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲသို့ တက်ရောက်စဉ်ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြု တက်ရောက်ခဲ့ခြင်း မဟုတ်ပါ။ ဆွေးနွေးပွဲပြီး ပြန်လည်ရှင်းပြသည်ဟု ဆိုရာတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှင်းပြခြင်း လုံးဝမရှိခဲ့ပါ" ဟု SNLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။  

ရခိုင်သောင်းကျန်းသူဟု နိုင်ငံပိုင်သတင်းဌာနများ သုံးနှုန်းမှု ပြန်ကြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်တပ်မတော် (AA) နှင့် အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်သည့် သတင်းကို နိုင်ငံပိုင် သတင်းဌာနများက ဖော်ပြရာတွင် ရခိုင်သောင်းကျန်းသူ အဖွဲ့ဟု သုံးနှုန်းလိုက်ခြင်းအပေါ် ပြန်ကြားရေးဝန်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့မည်ဖြစ်သည်ဟု ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင့်ထူးအောင်က မဇ္ဈိမကို ပြောသည်။
ဧပြီလ ၈ ရက် MRTV သတင်းဌာနက  ရခိုင်သောင်းကျန်းသူ အဖွဲ့ဟု သုံးနှုန်းခဲ့ပြီး နိုင်ငံပိုင် သတင်းစာများ၊  တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြား၊  မြဝတီသတင်းစာတို့ကလည်း ရခိုင်သောင်းကျန်းသူ ဟူသော အသုံးအနှုန်းဖြင့် ဖော်ပြခဲ့သေးသည်။

မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူအဖွဲ့တွင် ဖမ်းဝရမ်းထုတ်ထားသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်ဟုဆို

ရန်ကုန်မြို့တော်ရှိ လူစည်ကားရာ နေရာများတွင် လျှပ်တစ်ပြက် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည့် မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူအဖွဲ့ (Anonymous-Burma) တွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြပွဲမှ ဖမ်းဝရမ်းထုတ်ခံထားရသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်နေသည်ကို စုံစမ်းသိရှိရကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“မျက်နှာဖုံးစွပ်ပြီး ဆန္ဒဖော်ထုတ်တာကို ရဲတပ်ဖွဲ့အပြင် စရဖနဲ့ SB အဖွဲ့တွေ ပူးပေါင်းစုံစမ်းခဲ့တဲ့အခါမှာ ဖမ်းမိထားတဲ့ ကျောင်းသားခေါင်းဆောင် အချို့ရဲ့ စစ်ဆေးထွက်ဆိုချက်အရ မျက်နှာဖုံးစွပ်အဖွဲ့မှာ ဖမ်းဝရမ်းထုတ်ထားတဲ့ ကျောင်းသားခေါင်းဆောင်တွေ ပါဝင်နေတယ်လို့ သိရတယ်။ ခိုင်လုံတဲ့ သက်သေရအောင် ရဲတပ်ဖွဲ့က တည်ဆောက်နေပြီး လွတ်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းမိဖို့ စုံစမ်းနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ခိုလှုံခွင့်တောင်းခံသူတွေ သြစတြေးလျ လက်ခံတော့မည်မဟုတ်



ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ Nauru ကျွန်းမှာ ထိန်းသိမ်းခံထားရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေအနေနဲ့ သူတို့ကို ကမ်းလှမ်းထားတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက်ပြီးတော့ အခြေချဖို့ အစီအစဉ်ကို လက်ခံကြဖို့အတွက် သြစတြေးလျ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ဗွီဒီယိုတိတ်ခွေနဲ့ ပေးပို့လိုက်တဲ့ မိန့်ခွန်းထဲမှာ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

ပန်ဆန်းညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားပြီး ကျန်အဖွဲ့များကို ထပ်တိုးဖိတ်ကြားမည် မဟုတ်ဟု UWSA အတည်ပြု ပြောကြား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံ (တတိယအကြိမ်) ကို ၂၀၁၄ ဇူလိုင်တွင် ကချင်ပြည်နယ် လိုင်ဇာ၌ ပြုလုပ်စဉ်
‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် လာမည့် မေ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံသို့ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားပြီး ဖိတ်ကြားရန် ကျန်နေသည့် အဖွဲ့များကို ထပ်မံတိုး၍ ဖိတ်ဖြစ်တော့မည် မဟုတ်ကြောင်း UWSP/UWSA ၏ ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်က ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။

မိုင်းလားဥက္ကဌ စိုင်းလင်းနှင့် တန်ပေါင်းထောင်ချီသောမူးယစ်ဆေးဝါးများ

မကြာသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ ဦးစိုင်းလင်း ပိုင်ဆိုင်သော တန်ပေါင်းထောင်ချီသည့်မူးယစ်ဆေးဝါးမြောက်မြားစွာတို့သည် တရုတ်နိုင်ငံမှတဆင့်နယ်စပ်သို့ ဖြတ်ကျော်ကာရောက်ရှိလာခဲ့ကြောင်း သတင်းရရှိခဲ့သည်။
မိုင်းလားဒေသ၏ ဥက္ကဌဖြစ်သူဦးစိုင်းလင်းအနေဖြင့် သူ၏ဒေသအတွင်း ကာစီနိုလောင်းကစားရုံများ၊ KTV ခန်းမများ၊ အမျိုးသမီးငယ်ပေါင်းမြောက်များစွာရှိသည့်ပျော်ပွဲစားရုံများစွာဖွင့်လှစ်ထားလျက်ရှိပြီး မူးယစ်ဆေးဝါး နှင့် စိတ်ကြွဆေးဖြန့်ဖြူးရောင်းချခြင်းများကိုလည်း တွင်ကျယ်စွာလုပ်ကိုင်လျှက်ရှိပေသည်။

ကိုးကန့်၊ တအောင်းနဲ့ ရက္ခိုင့် တပ်မတော် ၃ဖွဲ့လုံး ညီလာခံ တက်မည်


ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာန ချုပ်ရှိရာ ပန်ဆန်းမြို့မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ညီလာခံကို ရက္ခိုင့်တပ်မတော် AA၊ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တက်ရောက် မှာဖြစ်တယ်လို့ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ က ပြောပါတယ်။
အစိုးရတပ်မတော်က အဲဒီအဖွဲ့ ၃ဖွဲ့ကို ညီလာခံကို မဖိတ် ဖို့ UWSA ထံ အစိုးရက ပြောထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အစည်းအဝေးကို တက်ရောက် မှာဖြစ်ကြောင်း အကြောင်းပြန်ထားတယ်လို့ ရက္ခိုင့် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

တပ်မတော်စစ်ကြောင်းနှင့် လက်နက်ကိုင်အချို့ ထိတွေ့ တိုက်ပွဲဖြစ် ပွားပြီး သောင်းကျန်းသူ (၂) ဦးထပ်မံ ဖမ်းဆီးရမိ


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပြုနေသည့် လက်နက် ကိုင်အချို့ အား တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်လံ ရှင်းလင်း လျက်ရှိရာ ဧပြီ ၂၁ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပိန္နဲချောင်းရွာ အနာက် မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ လက်နက်ကိုင်အင်အား အချို့နှင့် ထိတွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားပြီး လက်နက်ကိုင် များ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

သတင်းသမား နဲ့ တက်ကြွလှုပ်ရှားသူ



ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ သတင်းမီဒီယာသမားတွေကို ဘယ်လို အကဲဖြတ်ကြပါသလဲ၊ မီဒီယာသမားနဲ့ တက်ကြွလှုပ်ရှားသူ ဘယ်လို ကွဲပြားသလဲ။ ကွယ်လွန်သူ ဥိးဝင်းတင်ရဲ့  သတင်းသမား ရုပ်ပုံလွှာနဲ့ နိုင်ငံရေး ရုပ်ပုံလွှာတို့ ကို ဦးဝင်းတင်အထိမ်းအမှတ် နှစ်ပတ်လည်နေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် ဒေါက်တာဦးအောင်ခင်၊ ဦးကျော်ရင်မြင့် တို့နဲ့ ဦးကျော်ဇံသာ က သုံးသပ်ဆွေးနွေးထားပါတယ်။

Wednesday, April 22, 2015

သည်နှစ် သင်္ကြန်...

ရန်ကုန်သင်္ကြန်တွင် ရေပက်ဖျန်းနေသော မိန်းကလေးများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ပြင်းထန်နေသည့် နေပူဒဏ်အောက်မှာ ၂၀၁၅ မဟာသင်္ကြန်ပွဲတော်ကြီးက အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပြန်သည်။ ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်သည် နွေအပူဒဏ်ပြင်းသော်လည်း ယမန်နှစ်များထက်ကပင် ပိုမိုစည်ကားခဲ့သည်။ အဓိကအားဖြင့် ထုံးစံအတိုင်း လူတိုးမပေါက်သော ကန်တော်ကြီးပတ်လမ်းတစ်လျှောက်၊ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်နှင့်  ပြည်လမ်းတစ်လျှောက်မဏ္ဍပ်များတွင် ရေပက်ခံလူထုက အုံနှင့်ကျင်းနှင့် ဆင်နွှဲခဲ့ကြသည်။ ယခုနှစ်သင်္ကြန်သည် ယခင်နှစ်များနှင့်မတူဘဲ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ လျော့နည်းခဲ့သည်။ ဖျော်ဖြေရေးမဏ္ဍပ်များ ပိုမိုများပြားခဲ့သလို မှုခင်းဖြစ်ပွားမှုနှုန်းလည်း ယမန်နှစ်ထက် မြင့်တက်ခဲ့သည်ဟု သိရသည်။

ပြည်သူက ဆုံးဖြတ်မည်

ရွေးကောက်ပွဲကျင်းပမည့်ရက် အတိအကျ မထုတ်ပြန်နိုင်သေးသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဖြစ်မနေ ကျင်းပပေးမည်ဟု တရားဝင် ပြောဆိုထားသည့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီသစ်တစ်ခု မကြာမီ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း တရားဝင်သတင်းများ ထွက်ပေါ်လာခဲ့သည်။

ပါတီစုံဟု အမည်ပေးထားသည့်အပြင် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဟုလည်း ထပ်ဆင့် ကင်ပွန်းတပ်ထားသည့်အတွက် ပါတီသစ်တစ်ခု ပေါ်ပေါက်လာခြင်းမှာ ထူးဆန်းသည့်ကိစ္စတစ်ခု မဟုတ်သော်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း ပါတီနိုင်ငံရေးနယ်ပယ် အတွင်းမှ မဟုတ်သူ အများစုဖြင့် ထူထောင်မည့် ပါတီသစ် ဖြစ်နေခြင်းကြောင့် မြန်မာလူမှု ပတ်ဝန်းကျင်တွင် ပုံစံကျ စကေးကိုက်ဖြစ်နေသော ရှုထောင့်အမြင်အချို့ဖြင့် ဝေဖန်ပုတ်ခတ်၊ ဖြေရှင်းတုံ့ပြန်မှု အချို့ကြောင့် ထူးခြားသည့် သတင်းတစ်ခု ဖြစ်လာခဲ့သည်။

ချင်းတောင်တန်းပေါ်က စက်မဲ့ထင်းကား


ထင်းကားကို တောင်ပတ်လမ်း၌ အသုံးပြုနေသော ချင်းတိုင်းရင်းသား မိသားတစ်စု (ဓာတ်ပုံ − ကိုစိုင်း)
ချင်းတောင်တန်း တစ်နေရာရှိ မြွေလိမ်မြွေကောက်တောင်တက်လမ်းအတိုင်း လေးဘီးတပ်သစ်သား ယာဉ်တစ်စီး တောင်ခြေမှ တရွေ့ရွေ့ တက်လာနေသည်။
ကလေးတစ်စုကို ထိုယာဉ် ငယ်လေးပေါ်တွင် စီးစေပြီး မိဘ များဖြစ်ဟန်တူသည့် အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ကအားဖြင့် တွန်းကာတွန်းကာတောင်ပေါ်သို့ တဖြည်းဖြည်းချင်း ရွေ့လျားလာကြသည်။

မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းမှ မြန်မာအတွက် ခွဲတမ်းရယူမည့် နောက်ဆုံးစခန်း စတင်လည်ပတ်

 မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ မြန်မာနိုင်ငံအတွက် ဓာတ်ငွေ့ခွဲတမ်းပေးဝေမည့် တောင်သာခွဲ တမ်းစခန်းသည် ဧပြီဒုတိယပတ်တွင် ဓာတ်ငွေ့စတင်ပို့လွှတ်လည်ပတ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အထက်ပါ ပိုက်လိုင်းမှ မြန်မာနိုင်ငံအတွက် ဓာတ်ငွေ့ခွဲတမ်းကို ကျောက်ဖြူ၊ ရေနံချောင်း၊ မန္တလေးနှင့် တောင်သာခွဲတမ်း စခန်းများမှ တစ်နှစ်လျှင် စုစုပေါင်းဓာတ်ငွေ့ကုဗမီတာ သန်း ၂၀၀ ကနဦး ရရှိမည် ဖြစ်သည်။ နောက်ပိုင်း ထပ်မံ၍ ဓာတ်ငွေ့ခွဲတမ်းတိုးချဲ့ပေးမည် ဖြစ်ကြောင်း အရှေ့တောင်အာရှဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ (SEAGP) က ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဆိုလာလေယာဉ် တရုတ်အရှေ့ပိုင်းတွင် ဆင်းသက်

(ပေကျင်း)။ ။ Solar Impulse 2 လေယာဉ်သည် ဧပြီ ၂၁ ရက် နှောင်းပိုင်းတွင် တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ ဆင်းသက်ခဲ့သည်။ နေစွမ်းအင်ဖြင့် ကမ္ဘာပတ်ခရီးစဉ်တွင် ခြောက်ကြိမ်မြောက် မြေပြင်ဆင်းသက်ခြင်း ဖြစ်သည်။
Solar-Air
ယင်းမတိုင်မီက မန္တလေးတွင် ဆင်းသက်ခဲ့ပြီး ဆိုလာနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တို့အပေါ် စိတ်ဝင်စားမှုများပြားခဲ့ကာ မီဒီယာသတင်းများတွင်လည်း အလေးပေးဖော်ပြခဲ့သည်။

သရက်သီးခူးရာမှ သမီးယောက်မနှစ်ဦး လူသတ်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အမှတ် (၃) ရပ်ကွက် နှင်းဆီ (၅) လမ်းတွင် သရက်သီးခူးသည့် ကိစ္စနှင့် ပတ်သက်၍ သမီးယောက်မနှစ်ဦး စကားများရန်ဖြစ်ရာမှ အသက် ၃၆ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း ထန်းတပင် မြို့မရဲစခန်းထံမှ သိရှိရသည်။
နှင်းဆီ (၅) လမ်းတွင် နေထိုင်သူ အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်သန်းအေး၏ နေအိမ်သို့ ဧပြီလ ၁၉ ရက် မွန်းလွဲ ၃ နာရီက သမီးယောင်းမဖြစ်သူ အသက် ၄၁ နှစ် အရွယ်ရှိ ဒေါ်ကြည်ကြည်ဝင်း ရောက်ရှိလာကာ ခြံဝင်းအတွင်းရှိ သရက်ပင်မှ သရက်သီးများ ခူးယူခဲ့ကြောင်း၊ ယင်းနောက် ဒေါ်သန်းအေး၏ ညီမဖြစ်သူ အသက် ၃၆ နှစ်အရွယ်ရှိ