Saturday, June 6, 2015

အစိုးရကို ဆန္ဒပြချင်သည်

မေလ ၃၁ ရက်မှ စတင်ကာအစိုးရကို ဆန္ဒပြချင်စိတ်များကိန်းအောင်းနေသည်။ အထူးသဖြင့်တော့ စည်ပင်သာယာဌာနကို ဖြစ်သည်။ကိုယ်က အစိုးရသတ်မှတ်ထားသော ဆန္ဒပြခွင့်ပုဒ်မ ၁၈ တွေ၊ ဘာညာ သာရကာထွေလီ ကာလီသတ်မှတ်ချက်တွေကိုတော့ဖြင့် နားမလည်လှ။ မိမိလိုက်ပါချင်သော ဆန္ဒပြပွဲများကို လိုက်ပါခဲ့ဖူးသော်လည်း ကိုယ်တိုင်ဦးမဆောင်ခဲ့ဖူး။ ထို့ကြောင့် ခွင့်ပြုချက်မည် သို့ တင်ပြတောင်းခံရမည်လည်း မသိ။ သို့သော် ယမန်နေ့ကစ၍ စိတ်ထဲမှာ ကလိ ကလိ တရိရိဖြင့်ဆန္ဒပြချင်နေသည်ကိုသာ သိ သည်။
စည်ပင်သာယာကို ဆန္ဒပြ ချင်ရသည့် အကြောင်းက ဒီလို ရှင့်။ ရန်ကုန်မြို့တော်စည်ပင် သာရေးကော်မတီ၏ သုံးလတစ် ကြိမ်ကောက်ခံသော အခွန်ပြေ စာတွင် သန့်ရှင်းရေးဆောင်ရွက်ခ ဟူ၍ တစ်လလျှင် ၆၀၀ ကျပ်နှုန်း ဖြင့် သုံးလတစ်ကြိမ် ၁,၈၀၀ ကျပ် နှုန်း ဆောင်ခဲ့ရသည်မှာ ကြာခဲ့ပြီ။ ကျွန်မသည် အညာကျေးလက်မှ ကျေးတောသူ တစ်ဦးဖြစ်သော် လည်း ရန်ကုန်မြို့တော်ကြီးမှာ အိုးပိုင်အိမ်ပိုင်ဖြင့်နေထိုင်လာခဲ့ သည်မှာလည်း နှစ်ပေါင်းလေး ဆယ်ရှိခဲ့ပြီ။ ထို့ကြောင့် ရန်ကုန် မြို့တော်၏ အခွန်အခကောက်ခံ ပုံ၊ ကောက်ခံနည်း၊ တိုးမြှင့် ကောက်ခံလာပုံတွေကို မသိမရှိ သိရှိသည်။ ထို့နည်းအတူ ၀န် ဆောင်မှုပေးခဲ့ပုံတွေကိုလည်း အ မှတ်မထင် မဖြစ်ခဲ့။
၁၉၇၃ ရန်ကုန်မြို့တော်သို့ စတင်ပြောင်းရွှေ့ နေထိုင်စဉ်မှစ၍ စည်ပင်သာယာ၏ သန့်ရှင်းရေးဆောင်ရွက်ခ အခွန်အကောက်သည် သုံးလတစ်ကြိမ် ဘိုးဘွားပိုင်မြေ၊ ဂရန် မြေ၊ ကွာတားမြေ၊ စကွာတားမြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေများအခွန်ကောက်ခံချိန်မှာတစ်ပါတည်း ပူးတွဲပါလာတတ်သည်။ ယခုအချိန် ကာလတွင်ထိုအခွန်ပြေစာ၌ သန့်ရှင်းရေးဆောင်ရွက်ခဟူ၍ ၁,၈၀၀ ကျပ် ကျသင့်သည်။ အစဉ်အလာအရမူ ထိုမြေခွန်ပြေစာအမှတ်၊စာရင်းအမှတ်နှင့်အတူ ကောက်ခံသော သန့်ရှင်းရေးဆောင်ရွက်ခသည် ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်တွင် နေထိုင်စဉ် သန့်ရှင်းရေးဆောင် ရွက်ခအတွက် အပြီးအစီးကောက်ခံခဲ့ခြင်းဟု နားလည်သည်။ဘယ်အချိန်၊ ဘယ်ကာလကမှ လည်း အခြားပြေစာတစ်မျိုးမျိုးဖြင့် သီးခြားထပ်မံကောက်ခံခဲ့ခြင်း မရှိခဲ့။
သို့သော် လွန်ခဲ့သော ငါးနှစ် ခန့်မှ စတင်၍ စည်ပင်သာယာ ဌာနမှပင် ၀န်ထမ်းတစ်ဦး သီးသန့် ထားရှိပြီး အိမ်ပေါက်စေ့၊ အခန်း ပေါက်စေ့သို့လည်၍ သန့်ရှင်းရေး ဆောင်ရွက်ခဟူ၍ ခေါင်းစဉ်တပ် သော အခွန်ကိုကောက်ခံခဲ့ပြန် သည်။ ရန်ကုန်မြို့တော်၊ စည်ပင် သာယာဌာန၏ အမှတ်အသားပါ အခွန်ပြေစာဖြင့် မဟုတ်။ ဖြစ်က တတ်ဆန်းပြေစာ စာရွက်တစ် ရွက်ဖြင့် ကောက်ခံခြင်း ဖြစ် သည်။
ထိုသို့ စတင်ကောက်ခံစဉ် က ကျွန်မသည် လာရောက် ကောက်ခံသော စည်ပင်ဝန်ထမ်းကို ‘‘သန့်ရှင်းရေး ဆောင်ရွက်ခဆိုပြီး မြေခွန်နဲ့အတူ ပုံမှန်ဆောင်နေတာ ပဲ။ ဘယ်နှစ်ထပ်ကောက်နေဦးမှာ လဲ’’ဟု မေးမြန်းခဲ့သည်။ ထိုအခါ စည်ပင်ဝန်ထမ်း အမျိုးသမီးက သူလည်း မသိဘူး။ အထက်က ကောက်ခိုင်း၍ ကောက်ခံရသည် ဟုဆို၏။ ထိုသို့ကောက်ခံခြင်းမှာ ယခင်အစဉ်အလာ မရှိခဲ့သော နားလှည့်ပါးရိုက်သော သန့်ရှင်းရေးဆောင်ရွက်ခကို အခွန်နှစ်ထပ် ကောက်ခံမှုဟု နားလည်သည်။ ထိုကောက်ခံမှုသည် အစိုးရ၏ ပုံမှန်ဘတ်ဂျက်စာရင်းထဲသို့ပင် ၀င်၏၊ မ၀င်၏ ပြည်သူများသိခွင့် မရှိ။
ယခုတော့ ထိုအခွန်နှစ်ထပ် ကို Upgrade တစ်မျိုးဖြင့် တစ် ဆင့်တိုးမြင့်ဦးမည်ဟု ဆိုပြန် သည်။ မေလ ၃၁ ရက်က ကျွန်မ ၏ နေအိမ်သို့ ရပ်ကွက်လူကြီးများ ရောက်ရှိလာခဲ့သည်။ သူတို့က ပြည်သူလူထု၏ သဘောထား အဆိုပြုလွှာဟု အမည်ပေးထား သော စာရွက်တစ်ရွက်ကို ပေး သည်။ ပြီးတော့ ‘‘ဟောဒီစာရွက် မှာ ပါရှိတဲ့ ကုမ္ပဏီက အမှိုက်သိမ်း တဲ့ ၀န်ဆောင်မှုကိုပေးမယ်။ သန့် ရှင်းရေဆောင်ရွက်ခ လစဉ် ၆၀၀ ကျပ်မှ ၁,၆၀၀ ကျပ်အထိ တိုးမြှင့် ကောက်ခံတာကို သဘောတူ၊ မတူ အဆိုပြုပေးပါ’’ ဟု ဆို၏။
ကျွန်မပြောချင်သည်။ တကယ်တော့ မူလကပင် ရန်ကုန် မြို့တော်စည်ပင်သာယာ၏ လုပ် ထုံးလုပ်နည်းမှ ကွဲလွဲပြီး ဒုတိယ မြောက် ထပ်ဆင့်ကောက်ခံသော သန့်ရှင်းရေး ဆောင်ရွက်ခ ကောက်ခံမှုကို သဘောမတူခဲ့။ အစိုးရနှင့် အလုပ်လုပ်ရသည်ကို ပြည်သူတစ်ဦးအနေဖြင့် တစ်ဦး တစ်ယောက်တည်း ဖောက်ထွက်ပြီး အရစ်တွေ၊ အတွန့်တွေ မလုပ်ချင်၍သာ ပေးဆောင်နေရသည်။ အဓိပ္ပာယ်မရှိဟုသာ ထင်သည်။ ကျွန်မနည်းတူပင် အခြား အခြား ပြည်သူအများကလည်း အစိုးရ ၀န်ထမ်းဝတ်စုံဖြင့် အခွန်လာ ကောက်သည်ဆိုလျှင် လုပ်ထုံး လုပ်နည်းမှန်၏၊ မှား၏၊ မစစ် ဆေးဘဲ စကားနည်းရန်စဲ ပေး ဆောင်လိုက်ကြသည်သာ။
ယခုတော့ဖြင့် လစဉ်ပေး ဆောင်နေရသည့် သန့်ရှင်းရေး ဆောင်ရွက်ခကို တစ်ဆင့်တိုး၍ ကုမ္ပဏီကိုထိုးအပ်ကာ ၁,၆၀၀ ကျပ်အထိ တိုးမြှင့်ပေးဆောင်ခိုင်း ရန် ကြံစည်နေပြန်ပြီ။ သဘောတူ၊ မတူ အဆိုပြုလွှာကို ကောက်ခံ သော ရပ်ကွက်လူကြီးများအား ‘‘ဟုတ်ပြီ။ ကုမ္ပဏီကိုအပ်မယ်။ ငွေကြေးလည်း တိုးကောက်မယ်။ ကုမ္ပဏီက ဘယ်လိုဝန်ဆောင်မှု တွေ ပေးမှာလဲ။ ဟိုရှေးရှေးခေတ် ကျွန်မတို့ငယ်စဉ်က မြို့တော်စည်ပင်သာယာက မြေခွန်နဲ့အတူကောက်ခံခဲ့တဲ့ သန့်ရှင်းရေး ဆောင်ရွက်ခနဲ့တင် ပြီးခဲ့တယ် နော်။ အဲဒီအချိန်တုန်းက အိမ်ရှေ့ လည်း သန့်ရှင်းတယ်။ အိမ် နောက်ဖေးလမ်းကြားလည်း သန့် ရှင်းတယ်။ အခု မသန့်ရှင်းဘူး။ အမှိုက်တွေ ဗရပွဖြစ်နေတယ်။ အခွန်တွေသာ နည်းလမ်းစုံနဲ့ ကောက်ခံနေတယ်။ ၀န်ဆောင်မှု က လျော့ကျသွားတယ်။ အခုကိစ္စ မှာ ကျွန်မတို့ ပြည်သူလူထုက သဘောတူ၊ မတူ ဆုံးဖြတ်နိုင် အောင် ကုမ္ပဏီက ဘယ်လိုဝန် ဆောင်မှုတွေကို လုပ်ဆောင်ပေး မှာလဲ ပြောပြပေးပါ’’ဟု တောင်း ဆိုမိသည်။
ရပ်ကွက်လူကြီးများက တော့ ‘‘ထူးခြားပြီး မလုပ်ဘူး။ လက်ရှိ လမ်းထိပ်မှာ ချထားတဲ့ အမှိုက်ပုံးတွေ သိမ်းတာပဲ လုပ် မယ်ပြောတယ်’’ ဟု ဆိုသည်။ ဒုက္ခော။ ၀န်ဆောင်မှုမှာ အတူ တူ။ ထူးခြားပြီး မသန့်ရှင်းလာဘဲ လစဉ်ကျပ် ၁,၀၀၀၊ တစ်နှစ်မှာ ကျပ် ၁၂,၀၀၀ တိုးပေးရမည်ဆိုပါလား။ ဒါကို သဘောတူ၊ မတူဆိုသည်ကို မေးမှ မေးတတ်ပလေ ဟုသာ သြချလိုက်ချင်သည်။ သို့ နှင့် ကျွန်မသည် ‘‘အိမ်ရှေ့၊ အိမ် နောက်ဖေးလမ်းကြားသန့်ရှင်း ရေးကို အပြည့်အ၀ ၀န်ဆောင်မှု ပေးမည်ဆိုပါက သဘောတူပါ သည်။ သို့မဟုတ်ပါက သဘော မတူနိုင်ပါ’’ဟုသာ အဆိုပြုလွှာ တွင် ရေးသားပေးလိုက်သည်။
အစိုးရလုပ်နေပုံကား အခြား ကိစ္စများကို မဆိုထားနှင့်။ နိုင်ငံ အတွင်းရှိ မြို့တော်ကြီးများ၏သန့် ရှင်းရေးကိစ္စမှာပင် အပေါ်ယံမှာ ရွှေမှုန်ကြဲအထဲမှာတော့ နွားချေးခံဆိုသလို လုပ်နေခြင်းက စိတ်ကသိ ကအောက်ဖြစ်လှသည်။ ပြည်သူ က ပေးဆောင်ရမည့် အခွန်အ ကောက်ကိုမူ အမျိုးမျိုးအထွေ ထွေ၊ နှစ်ထပ်၊ သုံးထပ်ခေါင်းစဉ် တပ်၍ ကောက်ခံချင်သည်။ ကောက်ခံနေသည်။ ဝန်ဆောင်မှုကိုတော့ ကောင်းမွန်အောင် မစဉ်း စား။
ယခု သန့်ရှင်းရေးကိစ္စမှာပင် အစိုးရစည်ပင်သာယာဌာန၏ ကိုင်တွယ်ပုံမှာ ပုဂ္ဂလိကကုမ္ပဏီ ကို ထိုးအပ်ချိန်မှာလည်း နောက် ဖေးလမ်းကြားများသန့်ရှင်းမှုအ တွက် အစီအစဉ်မပါ။ ပြည်သူလူ ထုအပေါ်မှာ လှည့်ပတ်ညာဝါး အခွန်ကို စားနေသလောက် တာ ဝန်ခံမှုအတွက် တွေးခေါ်စဉ်းစား ရာမှာ ချို့တဲ့လွန်းလှသည်။
မကြာမီက ဆက်သွယ်ရေး တယ်လီဖုန်းခွန်ကို ကောက်ခံရန် ကြံစည်မှုမှာလည်း ဆက်သွယ် ရေးလိုင်းများက အော်ချင်သ လောက်အော် ခေါ်လို့မှမကြား။ ဆင်းမ်ကတ်အမျိုးမျိုးအကြားမှာ ဗျာများနေရဆဲ ပြည်သူထံမှ အခွန်ဖြတ်တောက်ကောက်ခံရန် ကြံ ရွယ်ခဲ့သည်။ ဝန်ဆောင်မှုကို ပထ မဦးစားပေးကြိုးစားပြီးလျှင် ပြည် သူများဘက်ကလည်း အခွန်အကောက်ဆိုသည်မှာ ပေးသင့်လျှင် ပေးရတတ်သည်ကို မသိမရှိ။ သိရှိကြသည်သာ။
မုန့်ဟင်းခါးဆိုင်လေးစား၍ ကောင်းသည်။ စွဲငြိသွားပြီးလျှင် ဈေးတိုးတောင်းလည်း ရနိုင် သည်။ အလှပြင်ဆိုင်လေးတစ် ဆိုင် လှအောင်ပြင်တတ်သည်။ ဈေးတိုးတောင်းလျှင် လှချင်သည် မို့ ပေးကြမည်။ ကျူရှင်ဆရာ စာ သင်ကောင်းသည်၊ ကုန်ဈေးနှုန်း တက်လျှင် ဆရာသမားပညာခ တိုးတောင်းလျှင် တိုးပေးရမည်။ ယုတ်စွအဆုံး ဗေဒင်ဆရာများပင် မှန်အောင်သာဟော ဈေးမပြော ဘူးဆိုသည်မှာ ပြည်သူ့သဘာဝ စိတ်ထားပင်။ ပြည့်စုံကောင်းမွန် သော ဝန်ဆောင်မှုက ပထမလာ ပါစေ။ အခွန်ပေးရန် မနှမြော။ ဝန် ဆောင်မှုကောင်းကောင်းက ဘယ် မှာ နေမှန်းအသိခင် အခွန်ကို အ ပြေးလာကောက်၊ တိုးကောက် ခြင်းကို မည်သူကမှ မသဒ္ဓါ၊ ကြည်ဖြူရှိမည်မထင်ပါ။
တစ်လက်စတည်း ပြောလို သည်။ ၁၉၈၈ ခု မတိုင်ခင်ကာလ များက မြန်မာပြည်တစ်ဝန်းလုံး တွင် မည်သည့်မြို့သို့သွားသွား၊ မြို့အဝင် ဂိတ်ကြေးကောက်ခံ သည်ဟုမရှိခဲ့။ ယခုတော့ မြို့တော်ကြီးများမှာသာမက မြို့ငယ်က လေးတိုင်းမှာလည်း ဂိတ်ကြေးကိုယ်စီနှင့်ဖြစ်နေသည်။ ယခင် စစ်အစိုးရလက်ထက်က မြို့နယ်တစ်ခုချင်းစီမှာ ခန့်ထားသည့် မဝတ၊ ခ၀တ၊တဝတ အုပ်ချုပ်ရေးမှူး စစ်ဗိုလ်များ မြို့ရန်ပုံငွေဟု အကြောင်းပြကာ ကောက်ခံခွင့် ပေးထားသည်ဟု နားလည်သည်။ စစ်အာဏာရှင်ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ အစိုးရမွဲသွားသဖြင့် ၁၉၈၈ လူထုဆန္ဒပြပွဲများအပြီး တစ်မြို့နယ် ချင်းစီကို မြို့ဝင်ကြေးများကို ကောက်ခံသုံးစွဲစေခဲ့သည် ထင်ပါသည်။ ယခုတော့ဖြင့် တစ်မြို့ဖြတ် လျှင် တစ်ခါ။ မြို့မှန်သမျှ လိုလိုမှာ မြို့အဝင်ဂိတ်ကြေးသည် နှိပ်စက် လွန်းလှသည်။
မေးလိုက်ရဦးမည်။ လက်ရှိ အစိုးရကို။ အစိုးရကြီးကိုပါ။ တိုင်း ပြည်၏သယံဇာတလည်း ကုန်လုပြီ။ သစ်တောတွေလည်း ကုန်ခဲ့ပြီအစိုးရက မချမ်းသာသေးဘူး လား။ တိုင်းသူပြည်သားထံကနေ ရသမျှကို ညှစ်ထုတ်ဆဲလား။ ကျွန်မကတော့ စစ်အစိုးရလက်ကျန် လက်ရှိအစိုးရ၏မည်သည့် လွှတ်တော်မှာမှ အတည်ပြုပြဋ္ဌာန်းထား ခြင်းမရှိသော ဝန်ဆောင်မှုကောင်း မှာ ဗလာ။ ကြံကြံဖန်ဖန် နှစ်ထပ်ဆလံ။ တိုးပြီးရင်းတိုး အခွန် အမျိုးမျိုးကို ပြန်လည်စစ်ဆေး သုံးသပ်ကြရန် ဆန္ဒပြချင်သည်။
မယ်ငွေဥ
7 day

တပ်ချုပ်ပါဝင်လှူဒါန်းသည့် ကြေးသွန်းခေါင်းလောင်းကြီးကို ထားဝယ် ရွှေတောင်စားစေတီတွင် ရေစက်ချလှူဒါန်း

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ပါဝင်လှူဒါန်းခဲ့သည့် ကြေးပိဿချိန်တစ်သောင်းကျော် ရှိ မဟာခေါင်းလောင်းကြီးကို ထားဝယ်မြို့ ရွှေတောင်စားစေတီ တော်၌ ထားရှိရန် ရေစက်ချလှူ ဒါန်းခဲ့ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါအ၀င် တပ်မ တော်(ကြည်း၊ရေ၊လေ)မိသားစု များနှင့် စေတနာရှင် အလှူရှင် များက စုစုပေါင်းကျပ်သိန်းသုံးရာ ကျော်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
မဟာဝိဇယခေမသီတလနိ ဗ္ဗုတဃောသမဟာခေါင်းလောင်း တော်ကြီး ရေစက်ချလှူဒါန်း ပူဇော်ခြင်းအခမ်းအနားကို ဇွန်လ ၄ရက်တွင်ကျင်းပခဲ့ပြီး စုစုပေါင်းအလှူငွေကျပ်သိန်း ၃၂၀လှူဒါန်းခဲ့ ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ရာကျော်ကို လူကုန်ကူးသည့် ထိုင်းလူမျိုးအား စတင်စစ်ဆေး


ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာကျော်ကို လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသားအပါအဝင် လူငါး ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
မောင်တောမြို့နှင့် ထိစပ်နေ သည့် မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများနှင့် ပတ်သက်၍ လူကုန် ကူးသူ အဓိကတရားခံ ထိုင်းအမျိုး သားတစ်ဦးကို မေလ ၂၉ ရက်၌ ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့သည်။ ထို့နောက် ၎င်းနှင့် ဆက်နွှယ်သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ဖေ့စ်ဘွတ်ခ်သုံး၍ ခိုက်ရန်ဖြစ်ပွားပါက ကျောင်းထုတ်မည်ဟုဆို


ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းတွင် ဖေ့စ်ဘွတ်ခ်လူ မှုကွန်ရက်အသုံးပြုပြီး ခိုက်ရန်ဖြစ် ပွားသော ကျောင်းသား၊ ကျောင်း သူများကို ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည် ဖြစ် ကြောင်း သတင်းထွက်ပေါ်နေ သည်။
အထက(၅) ဗိုလ်တထောင် ကျောင်းတွင် ကျောင်းသားများ ဖေ့စ်ဘွတ်ခ်သုံး၍ ရန်ဖြစ်ပါက ကျောင်းကထုတ်ပယ်မည့် စည်း ကမ်းကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ အထူးစည်းကမ်းအဖြစ် ထုတ်ပြန်လိုက်ကြောင်း ဇွန်လ ၃ ရက်၌ အင်တာနက်တွင် ပျံ့နှံ့နေခဲ့ သည်။

ဖမ်းမိသမျှ လှေစီးဒုက္ခသည်များ ရခိုင်သို့ ပို့နေမှု စစ်တွေမြို့မိမြို့ဖအဖွဲ့ကန့်ကွက်မည်

ပင်လယ်ပြင်အတွင်း ဖမ်းဆီးခံခဲ့ရသည့် လှေစီးဒုက္ခ သည်များအား ရခိုင်ပြည်နယ်အ တွင်းသို့ပို့ဆောင်နေသည့် အစိုးရ ၏ လုပ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်မှုများကို ရပ် တန့်ရန် ဇွန်လ ၄ ရက်၌ ဆုံးဖြတ် လိုက်သည်။
စစ်တွေမြို့မှ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့် ဒေသခံများအ ကြား သြဇာကြီးသည့်အဖွဲ့အ စည်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းအချို့ တွင် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။
စစ်တွေ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့်ပူးပေါင်းဆောင် ရွက်နေသည့် မြို့နယ်အထောက် အကူပြုကော်မတီ၊ စည်ပင်သာ ယာကော်မတီ၊ နိုင်ငံသားစိစစ် ရေးကော်မတီနှင့် ဘင်္ဂါလီ၊ ၀ှိုက် ကတ်၊ လှေစီးဒုက္ခသည်များအား စိစစ်နေသည့် ကိစ္စများတွင် ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ် တော့မည်မဟုတ်ကြောင်းစစ်တွေ မြို့မိမြို့ဖအဖွဲ့မှ ဦးသန်း ထွန်းက ပြောသည်။
ပြီးခဲ့သည့် မေလ တတိယ နှင့် စတုတ္ထပတ်အတွင်း မြန်မာ့ ရေပြင်တွင်တွေ့ရှိခဲ့သည့် လှေ စီးဒုက္ခသည် ၉၀၀ ကျော် ရခိုင် ပြည်နယ်သို့ ပို့ဆောင်နေသည့် အစိုးရ၏ အစီအစဉ်ကို မကျေနပ် ကြောင်း ပြသသည့်အနေဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ် ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့မှ ဦးသန်းထွန်းက ပြော ကြားသည်။

လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ဆယ်ခဲ့သော လှေစီးသွားလာ သူများ အား အမြန်ပြန်လည်ပို့ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိ

မြန်မာ့တပ်မတော်(ရေ)က ပင်လယ်ပြင်လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် မေ ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အရှေ့တောင်ဘက် ပင်လယ်ပြင်၌ လူသားချင်းစာနာထောက်ထားသည့် အနေဖြင့် ကယ်တင်ခဲ့သော လှေစီး သွားလာသူ ၇၃၃ ဦးကို ၄င်းတို့မူလလာရောက် သည့်နေရာသို့ ချောမွေ့မြန်ဆန်စွာ ပို့ဆောင်သည့်လုပ်ငန်းများဆောင် ရွက်နိုင်ရန် လှေစီးသွားလာသူများ၏အခြေအနေနှင့်စပ်လျဉ်း၍ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး စိစစ်ရေးအဖွဲ့ခေါင်းဆောင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ‘ဒုတိယဝန်ကြီး ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စိစစ်ရေးအဖွဲ့ဝင် များ သည် လှေစီးသွား လာသူများကို ယာယီရွှေ့ပြောင်းထား ရှိသည့် ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြို(လက်ဝဲ)မြို့အနီးရှိ မှတ်တိုင်(၃၇) စခန်းသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သွားရောက်ခဲ့ကြသည်။

Friday, June 5, 2015

လှေစီးဒုက္ခသည် ၇၀၀ ကျေုာ်တွင် ဘင်္ဂလားဒေ့ရှ်မှ ၅၄၆ ဦး၊ မြန်မာမှ ၁၈၇ ဦး ပါဝင်ဟု ထုတ်ပြန်

 လှေစီးဒုက္ခသည် ၇၃၃ ဦးအနက် ၅၄၆ ဦးသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး ကျန် ၁၈၇ ဦးသည် မြန်မာနိုင်ငံမှ ဘင်္ဂါ လီများဖြစ်ကြောင်း မြန်မာအစိုးရ သတင်းဌာနများက ဇွန်လ ၄ ရက် တွင် ထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ကို နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်နိုင်ရန် သံတမန် နည်း လမ်းအရ ဆောင်ရွက်နေကြောင်း မြန်မာအစိုးရသတင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

နိုင်ငံဒကာနှင့် ဒကာနိုင်ငံ

ဟိုတစ်ရက်က မိတ်ဆွေ တစ်ယောက် ရဲ့ ပွဲတပွဲကိုရောက်ခဲ့တယ်။ ပွဲဆိုပေမယ့် စားသောက် ဆိုင်တစ်ခုကို လှမ်းဖိတ်တာပါ။ ပါရဂူဘွဲ့ပြီးသွားလို့ ပျော်ရွှင်တဲ့ အနေနဲ့ နီးစပ်ရာမိတ်ဆွေတွေကို လှမ်းဖိတ်ပြီး ဧည့်ခံကျွေးမွေးတာ ပါ။ ဒီနေ့ကုန်ကျစရိတ်အားလုံးကို ငါဒကာခံမယ်လို့ ပြောပြီးအားရ ပါးရစားသောက်ကြပါလို့ ပြော နေတဲ့သူ့မျက်နှာမှာပီတိတွေကို တွေ့နေရတယ်။ ဒကာခံမယ်ဆို တဲ့စကားကိုကြားလိုက်တော့ အ ကြောင်းအရာတစ်ခုကို သွားသ တိရမိတယ်။

အိပ်မက်တွေလှပဖို့ ကမ္ဘာမြေကိုကာကွယ်စို့


လာမည့်ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့ သတိပေးသည့်အနေဖြင့် နှစ်စဉ်ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးကျင်းပကြဖို့ United Nations Environment (UNEP)က နှိုးဆော်တိုက်တွန်းထားပါသည်။

အွန်လိုင်းတွင် မဲစာရင်းကြည့်နိုင်သည့် ၀က်ဘ်ဆိုက်၌ အချက်အလက်မပြည့်စုံသေး



အွန်လိုင်းတွင် မဲစာရင်း ကြည့်ရှုနိုင်ရန်လွှင့်တင်ထားသည့် ၀က်ဘ်ဆိုက်မှာ လက်ရှိ၌ အချက်အလက်မပြည့်စုံသေးဘဲ ဇွန်လ ၂၂ ရက် နောက်ပိုင်းမှသာ တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

တရားမ၀င် ၀င်ရောက်လာသော စားသောက်ကုန်နှင့်ဆေးဝါးများကို ဖမ်းဆီးဖျက်ဆီးနေဟုဆို

 မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသည့် စားသောက် ကုန်နှင့် အိမ်သုံးဆေးဝါးများကို ဖမ်းဆီးဖျက်ဆီး အရေးယူနေ ကြောင်း သတင်းရရှိသည်။
တရားမ၀င်ကုန်ပစ္စည်းများ တင်သွင်းလာမှုကို ရွေ့လျားစစ် ဆေးရေးအဖွဲ့ (Mobile Team) များဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၂နှစ်ကျော်ကာလအ တွင်း ကျပ်သန်းပေါင်း ၁,၃၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများကို ဖမ်း ဆီးရမိပြီးဖျက်ဆီးနိုင်ခဲ့ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ သည်။
ဇွန်လ ၃ ရက်တွင်ပြုလုပ် သည့် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၌ Mobile Team နှင့်ပတ်သက် သည့် မေးမြန်းမှုကို ဦးဝင်းမြင့်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ အထူးဂရုပြုရမည်

 မြန်မာနိုင်ငံ အလယ် ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် မိုးတိမ်တောင်ကြောင့် မိုးထစ်ချုန်းရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ဇွန်လလယ်အထိ အထူးဂရုပြုရန် လို အပ်ကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။
လေထုတွင် ရေငွေ့ပါဝင်မှု၊ မတည်ငြိမ်သည့် လေထုအခြေ အနေကြောင့် မိုးတိမ်တောင်ကြီး များ အားကောင်းလာကာ နောက် ဆက်တွဲဘေးအန္တရာယ်ဖြစ်သည့် မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေ ပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ် ပေါ်နိုင်ကြောင်း အထက်မြန်မာ ပြည်မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်လွင်ဦးက ပြော သည်။

လှိုင်သာယာရှိကျေးရွာငါးရွာတွင် ပန်းလှိုင်စီလုံ ဆေးရုံက အခမဲ့ကျန်းမာရေးစစ်ဆေးပေးမည်

ပန်းလှိုင်စီလုံဆေးရုံကလှိုင်သာယာမြို့နယ်ရှိ ရွာငါးရွာ တွင် အခမဲ့ကျန်းမာရေးစစ်ဆေးမှု များပြုလုပ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်ရှိ ညောင်ရွာ၊ ရှမ်းရွာ၊ ရေဥက္ကံ၊ ကစင်နှင့် သာယာကုန်းကျေးရွာတို့တွင် ဇူလိုင်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းလှိုင်စီလုံဆေးရုံမှ Talent Mana-gement ဒါရိုက်တာ ဒေါက်တာဇော်ဝင်းစန္ဒီကပြောသည်။
‘‘အဲဒီရွာတွေက ရွာလူကြီး တွေနဲ့တွေ့ပြီး ကျား၊ မ စာရင်း ကောက်မယ်။ ပြီးရင် ရောဂါတွေ စစ်ဆေးပေးမယ်။ ဆေးကုပေး မယ်။ အဖြစ်များတဲ့ရောဂါတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစား ပေးစစ်ဆေးပေးသွားမှာပါ။ တစ် ခါကုရင်လူနာ  ၅၀ ကနေ ၁၀၀ လောက်ကုပေးဖို့ မှန်းထားတယ်’’ ဟု ၎င်းကဆက်လက် ပြောကြားသည်။

ကမ္ဘာတစ်ဝန်းလူငယ်များ တီထွင်ဆန်းသစ်မှုပြိုင်ပွဲတွင် မြန်မာအမျိုးသမီးတစ်ဦး ဆုရ

ကမ္ဘာတစ်ဝန်းမှ နည်းပညာရှင်နှင့် စွန့်ဦးတီထွင်လူငယ်များ အွန်လိုင်းမှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်ရသည့် ကမ္ဘာ့လူငယ်များဆန်းသစ်တီထွင်မှုပြိုင်ပွဲ ၂၀၁၅ တွင် နှစ်ဦးရွေးချယ်၍ ဆုပေးခဲ့ရာ၌ မြန်မာနိုင်ငံမှ အမျိုးသမီးတစ်ဦး ဆုရရှိခဲ့သည်။
‘‘ဒီပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အနေနဲ့ လေးဦးဝင်ပြိုင်ခဲ့တာပါ။ အဲဒီထဲကမှ အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေရဲ့စီမံခန့်ခွဲမှုစနစ်နဲ့ ဝင်ပြိုင်ခဲ့တဲ့ မအိဖြူက ဆုရရှိခဲ့တာ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က ပြောကြားသည်။

စိုက်စရိတ်ချေးငွေ ကျပ် ဘီလီယံ ၄၀၀ ချေးယူခွင့် လွှတ်တော်အတည်ပြုပြီး ထပ်မံတိုးချေးပေးရန် ကိုယ်စားလှယ်များဆွေးနွေး

စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရန် ဗဟိုဘဏ်ချေးငွေ ကျပ် ၄၀၀ ဘီလီယံချေးယူခွင့်ကို ပြည်ထောင်စု
လွှတ်တော်က အတည်ပြုပေးပြီး လယ်သမားများအား တစ်ဧကလျှင် ကျပ်နှစ်သိန်း နှုန်းချေးပေးရန် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလိုက်သည်။
“ငါးဧကအောက် လုပ်ကွက်ငယ်လယ်သမားများကို စိုက်ပျိုးစရိတ် ကာမိအောင် ချေးပေးသင့် ပါတယ်။ ဒါ့အပြင် ငွေတစ်သိန်းကျပ်မှ ကျပ်နှစ်သိန်း တိုးမြင့်ချေးပေးနိုင်အောင် ဆောင်ရွက်သင့်ပါ တယ်” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးစိန်းဝင်းက ဆွေးနွေးသည်။
ထို့အပြင် စပါးစိုက်ပျိုးသည့် လယ်ယာမြေများကို တစ်ဧကလျှင် တစ်သိန်းနှုန်း ချေးပေးပြီး အခြားသီးနှံများ စိုက်ပျိုးသည့် ယာမြေများကို ကျပ်နှစ်သောင်း ချေးပေးခြင်းသည်လည်း သီးနှံစိုက် တောင်သူနှင့် လယ်သမားများကို ခွဲခြားခြင်းဖြစ်ပေါ်နေသည်ဟု ဆွေးနွေးသည်။

ကချင်ပြည်နယ် တကျော့ပြန်စစ်ပွဲ ၄ နှစ်ပြည့်နှင့် ဒုက္ခသည်များအတွက် ရန်ပုံငွေလှုပ်ရှားမှု

ကချင်လွတ်မြောက်ရေး တပ်နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်း ၄ နှစ် တာကာလ၌ ကချင်ပြည်နယ် ဒုက္ခသည် စခန်းများတွင် စစ်ဘေးဒုက္ခသည် တသိန်းကျော် ရှိနေပြီး အကူအညီများ ဆက်လက် လိုအပ်နေကြောင်း သိရသည်။ဇွန်လ ၉ ရက်နေ့သည် တကျော့ပြန်စစ် ၄ နှစ်ပြည့်သောနေ့ဖြစ်ပြီး တည်ငြိမ်မှုမရှိခြင်း၊ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းတို့ကြောင့် ဒုက္ခသည်များမှာ နေရပ်သို့ မပြန်နိုင်သေးကြောင်း ဇွန်လ ၆ ရက် စနေနေ့တွင် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ အထိမ်းအမှတ်ပွဲ လှုပ်ရှားမည့် ရန်ကုန် ကချင်လူငယ်များက ထုတ်ပြန်သည်။

Tuesday, June 2, 2015

သာသနာ ညှိုးနွမ်းစေမှုဖြင့် ဦးထင်လင်းဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချ


အမိန့်ချအပြီး ချောင်းဦးတရားရုံးမှ ထွက်လာသည့် စာရေးဆရာ ဦးထင်လင်းဦး (ဓာတ်ပုံ- အောင်ကိုဦး၊မဇ္ဈိမ)
စစ်ကိုင်း (မဇ္ဈိမ) ။ ။ ချောင်းဦး စာပေဟောပြောပွဲတွင် ပြောခဲ့သည့် ဟောပြောချက် အချို့မှာ ဘာသာ၊ သာသနာကို ညှိုးနွမ်းစေသည်ဟုဆိုကာ တရားစွဲဆိုခံထားရသော ဦးထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)  ဖြင့် ချောင်းဦးမြို့နယ်တရားရုံးက ဇွန် ၂ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် နှစ် နှစ် အမိန့်ချလိုက်သည်။

“အမှိုက်သိမ်းတဲ့ ကိစ္စ၊ လူထု ဆန္ဒခံယူပွဲ လုပ်ဖို့ လိုသလား”

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ အမှိုက်သိမ်းတဲ့ လုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။ လုပ်ငန်း လုပ်မယ့် ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခုကိုတောင် ရွေးချယ်လို့ ပြီးသွားပါပြီ။ ဒါပေမယ့် ပုဂ္ဂလိကပိုင်းက လုပ်ငန်းတော့ မစတင်သေးပါဘူး။ အကြောင်းကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကသာ အမှိုက်သိမ်း လုပ်ငန်း လုပ်ရင် ပြည်သူတွေဆီကနေ ၀န်ဆောင်ခ အဖြစ် လက်ရှိ စည်ပင်က ယူနေတဲ့ နှုန်းထားရဲ့ ၃၀၀ ရာခိုင်နှုန်းကနေ ၄၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ယူမယ့်ကိစ္စ ပြည်သူတွေ သဘောတူ မတူ သိချင်သေးလို့ ဖြစ်ပါတယ်။ အခုလို အမှိုက်သိမ်းခ လက်ရှိ နှုန်းထားကနေ ၃-၄ ဆ လောက် ကောက်မယ်၊ ဒါကို ပြည်သူတွေ သဘော တူမတူ စစ်တမ်းကောက် မေးမြန်းမယ်၊ ပြည်သူတွေ သဘောတူမှသာ အကောင်အထည် ဖော်မယ်လို့ ဆိုပါတယ်။ လက်ရှိ စည်ပင်က ဆောင်ရွက်နေတဲ့ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို လွှဲပြောင်းရေး လုပ်ငန်းစဉ် မှန်ကန်မှု ရှိပါရဲ့လား၊ ပြည်သူတွေရဲ့ ဆန္ဒသဘောထား ကောက်ခံမယ် ဆိုတာကလည်း တကယ်ပဲလား၊ အဲဒီ ကိစ္စ ဘာပြဿနာတွေ ရှိနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

“အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရင် စစ်အာဏာရှင်တွေနဲ့ အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေကြီး တစ်ခုဖြစ်တဲ့ ပြည်တွင်းစစ်ကို လက်ခံ ရရှိထားပါတယ်။ ပြည်တွင်းစစ်ဟာ အရာရာကို ဖျက်ဆီးပါတယ်။ တိုင်းရင်းသား အချင်းချင်း မုန်းတီးမှု၊ မယုံကြည်မှု ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကို စက္ကူပေါ်မှာပဲ တည်ဆောက်လို့ ရပါတယ်။ တကယ် လက်တွေ့ မတည်ဆောက်နိုင်ပါဘူး။ တိုင်းပြည်စီးပွားရေး ကိုလည်း ဖျက်ဆီးပစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကိုလည်း အမြစ်တွယ် ရှင်သန်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေဟာ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ် ရပ်စဲပြီး လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု ပိုပြီး ပျက်ပြားအောင်၊ ငြိမ်းချမ်းရေးကို အလှမ်းဝေးသွားစေအောင်အထိ ဖြစ်သွားစေနိုင်တဲ့ ဆောင်းပါး တစ်ပုဒ် ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြပါရှိလာပါတယ်။

အမျိုးသမီး ပါဝင်မှု မြင့်လာနိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်း

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာသို့ နိုဝင်ဘာလအတွင်းမှာ ကျင်းပပေးမယ်လို့ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ ပြည်တွင်းအပြင် နိုင်ငံတကာကရော စိတ်ဝင်စားမှု
မြင့်တက်နေတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အနေနဲ့
ပြင်ဆင်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ယခင်
ရွေးကောက်ပွဲထက် အရေအတွက် ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်နေကြပါတယ်။

လိုက်လေ ဝေးလေ ပြေးလေ

ကောလဟလလား၊ ဖြစ်ရပ်မှန်ပဲလား၊ လုပ်ကြံခံရတာပဲလား ကာယကံရှင်တွေကပဲ သိကြလိမ့်မည်။ ယခုရက်ပိုင်း မြန်မာပြည်က
ဖေ့စ်ဘွခ် အင်တာနက်စာမျက်နှာမှာ ဖောက်ပြန်သော ခင်ပွန်းလင်ယောင်္ကျားကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားသော ဆရာဝန်မ တစ်ဦးအကြောင်းက အတော် လူသိများ ပျံ့နှံ့နေသည်။ သူ၏ သတင်းစာပါ နာရေးသတင်းကိုပါ တွဲပြထားရာ အဆိုပါနာရေးအရ သားတစ်ဦး မိခင်တစ်ယောက်ဟု သိရသဖြင့် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်သည်။ သို့သော်လည်း မိမိ၏ အလုပ်၊ ပညာတို့သာမက သားလေး၏ ဘဝနောင်ရေး အတွက်ကိုပါ ဖောက်ပြန်သော ယောကျာ်း တစ်ဦးကြောင့် အရှုံးပေးစွန့်လွှတ်သွားသည်က ပိုကြေကွဲစရာ ကောင်းလှပါသည်။

သပိတ်မှောက်ကျောင်းသားများကို ရိုက်နှက်ခြင်းမရှိဟု တရားလိုရဲမှူး ထွက်ဆို

 မတ်လ ၁၀ရက်က လက်ပံတန်းမြို့တွင် သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများနှင့် ၀န်းရံသူများကို ရိုက်နှက်ခြင်းမရှိဘဲ နံပါတ်တုတ်ဖြင့် ရွယ်ရုံသာရွယ်ခဲ့သည်ဟု တရားလိုရဲမှူးက တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် ဖမ်းဆီးခံကျောင်းသား ကိုမင်းသွေးသစ်၏ မိခင်က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

လှေစီးဒုက္ခသည်များထံ သွားရောက်သတင်းယူသည့် သတင်းထောက်များကို ရေတပ်တားမြစ်

 ဧရာဝတီတိုင်း ဟိုင်း ကြီးကျွန်းအနီး ပင်လယ်ရေပြင် တွင် ထိန်းသိမ်းထားသည့် လှေစီး ဒုက္ခသည်များထံသို့ သွားရောက် သတင်းယူခဲ့သည့် နိုင်ငံတကာ သတင်းထောက်များကို  မြန်မာ့ တပ်မတော် (ရေ)က တားမြစ်ခဲ့ ပြီး သတင်းဓာတ်ပုံမှတ်တမ်းများ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိ သည်။
မေလ ၃၀ ရက် နံနက်တွင် ပုသိမ်မြို့မှတစ်ဆင့် ဟိုင်းကြီးကျွန်းသို့ Reuter ၊ AP နှင့် EPA မှ နိုင်ငံခြားသားသတင်းထောက် သုံးဦး၊ မြန်မာသတင်းထောက်ငါးဦး စုစုပေါင်း သတင်းထောက်ရှစ်ဦး ရောက်ရှိလာပြီး လှေစီးဒုက္ခသည် များထံ သွားရောက်သတင်းယူရန် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင် ပြခဲ့သည်။မေလ ၃၁ ရက် နံနက်အထိ အကြောင်းပြန်ခြင်းမရှိသဖြင့် သတင်းထောက်များက မိမိအစီ အစဉ်ဖြင့် ခမောက်မော်ကျေးရွာ ရှိ ငါးဖမ်းလှေနှစ်စီးငှား၍ မြန်မာ့ပင်လယ်ပြင် လိပ်ကျွန်းအနီး လှေစီးဒုက္ခသည်များ၏ သင်္ဘောသို့ သွား၍ သတင်းဓာတ်ပုံရိုက်ခြင်း များပြုလုပ်နေစဉ် မြန်မာ့တပ် မတော် (ရေ)က တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း EPA မှ ဓာတ်ပုံ သတင်းထောက် ဦးငြိမ်းချမ်းနိုင် က ပြောသည်။

ရာသီဥတု သဘောတူညီချက် ကုလကြိုးပမ်းမှုများ မလုံလောက်ဟု ပြင်သစ်ဝန်ကြီးပြောကြား

ယခုနှစ်နှောင်းပိုင်း ပြင်သစ် နိုင်ငံ ပါရီမြို့တွင် ထိပ်သီးအစည်း အဝေး မကျင်းပမီ စိတ်ပျက်မှုများ တိုးပွားလာခြင်း လက္ခဏာအဖြစ် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက် ရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် ရရှိရန် ကုလသမဂ္ဂ၏ ဦးဆောင်ကြိုးပမ်းမှုများမှာ လုံ လောက်မှုမရှိဟု ပြင်သစ်သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးက ပြောကြားလိုက်သည်။

မန်းဇာတ်သဘင်၊ အငြိမ့်နှင့် ဆိုင်းအဖွဲ့များအား စည်းကမ်းချက်တိုးမြှင့်

 လာမည့်သဘင်ရာသီ တွင် မန္တလေးမြို့ရှိ ဇာတ်သဘင်၊ အငြိမ့်နှင့် ဆိုင်းအဖွဲ့ဝင်များ လိုက်နာရန် စည်းကမ်းချက်များ တိုးမြှင့် လိုက်ကြောင်း သတင်းရရှိသည်။
ဇာတ်သဘင်၊ အငြိမ့်နှင့် ဆိုင်းအဖွဲ့ဝင်များသည် မြို့ပေါ်ပွဲ မှအပ ပွဲကရာ ဒေသများသို့ အဖွဲ့ နှင့်အတူ တစ်ပါတည်းလိုက်ပါကြ ရန်၊ ပွဲကပြချိန် ည ၈ နာရီမှ နံနက်၆ နာရီအထိ ဖုန်းလုံးဝ အသုံးမပြုရန်၊ ကြော်ငြာဆိုင်းဘုတ်များ တွင် မြန်မာ့ယဉ်ကျေးမှုနှင့် မညီ ညွတ်သည့် အ၀တ်အစားများဝတ် ဆင်ပြီး ကြော်ငြာခြင်း မပြုရန် စသည့် အချက်သုံးချက်ကို တိုး မြှင့်လိုက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များအစည်းအရုံးမှ တာဝန်ရှိ သူများက ပြောသည်။

ဖေ့စ်ဘွတ်ခ်မိတ်ဆွေတွေနဲ့ ပရဟိတအဖွဲ့ ဖွဲ့ပြီး အလှူလုပ်နေတဲ့ တင်ဇာမော်

 လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သူငယ်ချင်းများနှင့်စုပေါင်း၍ ပရ ဟိတအဖွဲ့ဖွဲ့ကာ လိုအပ်နေသည့် နေရာများသို့ တတ်နိုင်သလောက်လှူဒါန်းမှုများပြုလုပ်ရန် အစီ အစဉ်ရှိကြောင်း အဆိုတော် တင်ဇာမော်ကပြောသည်။
‘‘ပြီးခဲ့တဲ့ ၂နှစ်လောက်က ဖေ့စ်ဘွတ်ခ်မှာ ‘ဝသောသူကို ကြင်နာပါ’ဆိုတဲ့ group လေးဖွဲ့ ခဲ့တယ်။ နောက်ပိုင်းမှာ အခုလို လှူချင်တဲ့ဆန္ဒလေးရှိလို့ အဲဒီအဖွဲ့ကလူတွေနဲ့တိုင်ပင်ပြီး အဖွဲ့လေး ထပ်လုပ်ဖြစ်တာ။ ဒီအဖွဲ့မှာလည်း‘ဝသောသူကိုကြင်နာပါ’အဖွဲ့ ထဲက လူတော်တော်များများပြန်ပါ တယ်’’ဟု ၎င်းတို့၏ ပရဟိတ အလှူဒါနအဖွဲ့အကြောင်းကို တင်ဇာမော်ကပြောသည်။
အဆိုပါအဖွဲ့၏ ပထမဆုံး လှူဒါန်းမှုအစီအစဉ်အနေဖြင့် မေလ ၃၁ ရက်တွင် လှည်းကူး တာဆုံအကျော်ရှိ မြန်မာစိမ်းလန်း မြေလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာသို့ စာရေးကိရိယာနှင့် အလှူငွေ စုစုပေါင်းကျပ်သိန်း ၂၀ လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။

ပြင်ဦးလွင်တွင် ကလေးကစားကွင်းအမည်ခံ လောင်းကစားဂိမ်းဆိုင်များကို ဖမ်းဆီးအရေးယူ

 ပြင်ဦးလွင်မြို့တွင် ကလေး ကစားကွင်းအမည်ခံကာ ဖွင့်လှစ်ထားသည့်   လောင်းကစားဂိမ်းဆိုင်များကို  စစ်ဆေးဖမ်းဆီးနေ ကြောင်း သတင်းရရှိသည်။
‘‘မေလ ၂၈ ရက်မှာ နယ်လုံ ဝန်ကြီးဦးဆောင်ပြီး အဖွဲ့ ၁၀ ဖွဲ့နဲ့ သတင်းရရှိထားတဲ့ စားသောက် ဆိုင်၊ ကလေးကစားကွင်း၊ နေအိမ်တို့မှာ သွားရောက်စစ်ဆေးခဲ့ တယ်။ ဂိမ်းစက်တွေကို သိမ်း ဆည်းရမိပြီး ပိုင်ရှင်နှစ်ဦးကို အမှု ဖွင့်ထားတယ်။ တစ်ဦးက တိမ်း ရှောင်နေတယ်’’ဟု မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အကြီး တန်းအရာရှိတစ်ဦးက ပြောသည်။ ပြင်ဦးလွင်မြို့ ဧရိယာအ တွင်း    ကလေးကစားကွင်းအ မည်ခံ လောင်းကစားဂိမ်းဆိုင် များ ဖွင့်လှစ်မှုရှိနေသည်ဟု သ တင်းရရှိပါက ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးမည် ဟု ဆိုသည်။

သေဆုံးသွားသည့် မီးရှို့ဆန္ဒပြတောင်သူ၏ တူမနှစ်ဦး ထပ်မံအမှုဖွင့်ခံရ

အသိမ်းခံရပြီး ပြန်မရသောမြေယာကို ပြသနေသော ဦးမြင့်အောင်၏ တူမတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
 တောင်ကြီးမြို့နယ် ရေပူကျေးရွာတွင် တပ်သိမ်းမြေ များ ပြန်လည်မရရှိ၍ မိမိကိုယ် ကိုယ် ဓာတ်ဆီလောင်းမီးရှို့အဆုံး စီရင်ခဲ့သော အသက် (၆၃) နှစ်အ ရွယ် တောင်သူဦးမြင့်အောင်၏ တူမနှစ်ဦးကို တပ်ပိုင်မြေအတွင်း ကျူးကျော်ဝင်ရောက်စိုက်ပျိုးမှု ဖြင့် အမှုဖွင့် တိုင်ကြားထား ကြောင်း သတင်းရရှိသည်။

အချိန်လု၍ နံနက်စာ စားနေသူများ လိုက်နာရန်


နံနက်စာကို ဂရုတစိုက်အချိန်ပေးစားရန် မဖြစ်နိုင်သူများ အတွက် ကျန်းမာရေးနှင့် ညီညွတ်စေမည့် နံနက်စာစားရန် လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်ပါသည်။
နံနက်ပိုင်း အချိန်မပေးနိုင်သူများအနေဖြင့် ညကတည်းက ကြက်ဥများပြုတ်၍ ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။နံနက်အပြင်ထွက်ချိန်တွင် ကြက်ဥပြုတ်များကို အခွံခွာ၍ ဆားအနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်ထည့်၍ စားသောက်နိုင်သည်။ယင်းအစားအစာများမှာ ကျန်းမာရေးနှင့် ညီညွတ်စေသည့်အပြင်အလွယ်တကူသယ်ယူသွားနိုင်သဖြင့် သင်သွားရာလမ်းတွင်လည်းစားသောက်နိုင်ပြီး ဗိုက်ပြည့်စေနိုင်သော နံနက်စာဖြစ်သည်။

လာမပြောနဲ့ ဆဲပစ်လိုက်မယ်

ထမင်းဆာနေသည့်အချိန် မှာ ကိုယ်အကြိုက် ဆုံးဟင်းနှင့် စားရတာလောက် ဒီလောကကြီးမှာ ဇိမ်ကျသည့် စည်းစိမ်မရှိဟု ကိုခင်မောင်ညွန့်ကဆိုချင်သည်။ ကိုခင်မောင်ညွန့်က မြစ်ဝကျွန်း ပေါ် ဒေးဒရဲသား။ ထို့ကြောင့် ငါးရံ့အူလိုဟင်းမျိုးကို သိပ်ကြိုက်သည်။ ငါးရံ့အူဟင်းဆိုတာကလည်း ရန်ကုန်မှာ စားချင်တိုင်းစားလို့မရ။ ဈေးထဲမှာဝယ်လို့ရသည်ဆိုလျှင်တောင် မညှီအောင်ချက်တတ်ပြုတ်တတ်ဦးမှ။ သို့ မဟုတ်ပါက စားမကောင်း။