Monday, June 15, 2015

မြန်မာဘောလုံးအင်္ကျီနှင့် စတစ်ကာများ ပစ္စည်းပြတ်လပ်သည်အထိ ရောင်းကောင်း

ဆီးဂိမ်းပြိုင်ပွဲတွင် မြန် မာဘောလုံးအသင်းကို အားပေး ရန် မြန်မာနိုင်ငံ အလံ၊ တံဆိပ်ရိုက်အင်္ကျီနှင့် စတစ်ကာ မှာယူသူအများစုမှာ စင်ကာပူရောက် မြန်မာများဖြစ်ပြီး အကြိုဗိုလ်လုပွဲစဉ်တွင် ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းအားကောင်းနေကြောင်း ရန်ကုန်တံဆိပ်ရိုက်လုပ်ငန်းများထံမှ သတင်းရရှိသည်။
စင်ကာပူနိုင်ငံတွင် ကျင်းပ နေသည့် (၂၈) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာယူ-၂၃ ဘောလုံးအသင်းကို အားပေးရန် မြန်မာနိုင်ငံအလံပါဘောလုံးအင်္ကျီ၊ အလံ၊ ခေါင်းစည်း၊ မာဖလာ၊ ပါးကပ်စတစ်ကာစသည်တို့ကို ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံမှ မြန်မာဘောလုံးပရိသတ်များက အများဆုံးအော်ဒါမှာယူနေကြောင်း အနန္တမေတ္တာတံဆိပ်ရိုက်ကြော်ငြာလုပ်ငန်းမှ ဦးစက်ဝင်းက ပြောသည်။

စတော့ရှယ်ယာကုမ္ပဏီဟုဆိုပြီး ရှယ်ယာဝင်များ၏ ကျပ်သန်း ၁,၆၀၀ ခန့် လိမ်လည်တိမ်းရှောင်မှုဖြစ်ပွား

ရန်ကုန်မြို့တွင် တရား ၀င်ခွင့်ပြုချက်မရဘဲ တရုတ်တိုင် ပေအခြေစိုက် စတော့ရှယ်ယာ ကုမ္ပဏီဟုဆိုကာ ရုံးခန်းလာဖွင့် ပြီး  အစုရှယ်ယာဝင်သူများ၏  ကျပ် သန်း ၁,၆၀၀ ခန့်( ဒေါ်လာ ၁ ဒသမ ၄၈ သန်း)ကို လိမ်လည်တိမ်းရှောင် မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။Global Group ဟု အမည် ပေးထားသည့် အဆိုပါကုမ္ပဏီမှာ ဗဟိုဘဏ်က ထုတ်ပေးထား သော  ငွေလဲလှယ်ရေးကောင်တာ (Money Exchange) လိုင်စင်ရယူပြီး နိုင်ငံတကာတွင် နာမည်ကြီး သည့် စတော့ရှယ်ယာကုမ္ပဏီကြီး Standard Bullion ၏ ရုံးခွဲဟုဆို ကာ ဆူးလေဘုရားလမ်းရှိ ဆာကူ ရာတာဝါ၌ လွန်ခဲ့သော ၂ နှစ်ခန့်က စ၍  ရုံးခန်းဖွင့်လှစ်ခဲ့သည်။ထို့နောက် ရှယ်ယာရှင်များကိုဖိတ်ခေါ်ပြီး အနည်းဆုံးရှယ်ယာငွေ ကျပ်သိန်းငါး ဆယ် ထည့်ဝင်နိုင်ကာ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းပေးမည်ဟု စည်းရုံး ခဲ့သည်။အကျိုးအမြတ်များကို တစ်လလျှင်တစ်ကြိမ် နှစ်လလျှင်နှစ်ကြိမ် ပြန်လည်ထုတ်ပေးလေ့ရှိပြီး အစောပိုင်းတွင်အကျိုးအမြတ် များကိုလည်းပုံမှန်ပေးခဲ့သည်ဟု ရှယ်ယာရှင်များက ပြောသည်။

ကြက်သွန်နီဈေး ၁၀၀ ကျပ်ခန့်တက်

ကြက်သွန်နီလက်ကား ဈေးကွက်တွင် ကြက်သွန်နီအရွယ်အစားအလိုက် မူရင်းဈေးထက် ၁၀၀ ကျပ်ခန့် ဈေးတက်သွား ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် မှ သတင်းရရှိသည်။လက်ရှိလက်ကားဈေးကွက် တွင် ကြက်သွန်နီ (အသေး) တစ် ပိဿာ ၄၀၀ ကျပ်ခန့်၊ ကြက်သွန် နီ (အလတ်) တစ်ပိဿာ ၄၆၅ ကျပ်ခန့်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၅၁၀ ကျပ်ခန့်ဈေးရှိသည်။ မေလလယ်က ကြက်သွန်နီ (အသေး)တစ်ပိဿာ ၃၀၀ ကျပ်ခန့်၊ ကြက်သွန်နီ (အလတ်) တစ်ပိဿာ ၃၆၀ ကျပ်ခန့်၊ ကြက်သွန်နီ (အကြီး) တစ်ပိဿာ ၄၀၀ ကျပ်ခန့် ရှိခဲ့သည်။ ‘‘ဒေါ်လာဈေးတက်တော့ ပို့ကုန်သမားတွေကိုက်လို့ ကြက် သွန်နီတွေ အသွင်းများတယ်။ နွေ ကြက်သွန်စိုက်တောင်သူတွေက တော့ အခြေအနေကောင်းတယ်’’ ဟု ရန်ကုန်တိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း (ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးခင် ဟန်က ပြောသည်။

လုပ်သားရှားပါးပြီး လုပ်အားခ မြင့်တက်နေ၍ တောင်သူအများစု လက်စားဖြင့် ပေါင်းထိုးမြက်နုတ် လုပ်ကိုင်နေရ

 ပြီးခဲ့သည့် မေလလယ် ခန့်မှစတင် စိုက်ပျိုးခဲ့သည့်အောင် လံနယ်နှင့် ဆင်ပေါင်ဝဲနယ်ရှိ သီး နှံစိုက်ခင်းများမှာ ယခုအချိန်ပေါင်း ထိုးမြက်နုတ်ချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး စိုက်ခင်းလုပ်သား ရှားပါးကာ လုပ်အားခဈေးနှုန်း မြင့်မားနေ၍ တောင်သူအချင်းချင်း လက်စားလိုက်ခြင်းဖြင့်ပေါင်းထိုးမြက်နုတ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေကြရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
‘‘ရွာမှာက လူငယ်ပိုင်းကိုမ ရှိသလောက်ဖြစ်နေတာ။ ပေါင်း ထိုးမြက်နုတ်ကလည်း မနက်စာ ပြန်တောင်သုံးထောင်လောက်၊ နေကုန်ဆိုငါးထောင်လောက်ဖြစ် နေတော့လည်း ဘယ်သွားကိုက် တော့မလဲ။ အိမ်နီးနားချင်း၊ ဆွေ မျိုးချင်းစုပြီး လက်စားလိုက်ပြီး လုပ်နေကြရတာပဲ’’ဟု ဆင်ပေါင် ၀ဲနယ် ရွာမည်းညို ကျေးရွာနေ တောင်သူ ဦးတင်ဆွေက ပြော ကြားသည်။

အမေရိကန် လက်ဝှေ့သမား ဒီယွန်တေ၀ီလ်ဒါ ဒဗလျူဘီစီ ဟဲဗီးဝိတ်သရဖူ ကာကွယ်

ဘာမင်ဂမ် (အလာဘားမား)- စနေနေ့က အမေရိကန် အလာဘားမား ဘာမင်ဂန်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့လက်ဝှေ့ကောင်စီ WBC ဟဲဗီးဝိတ်စိန်ခေါ်ပွဲ၌ လက်ရှိချန်ပီယံ အမေရိကန် လက်ဝှေ့သမား ဒီယွန်တေဝီလ်ဒါက စိန်ခေါ်သူ တစ်နိုင်ငံတည်းသား အဲရစ်မိုလီနာကို ကိုးချီမြောက်တွင် အလဲထိုးအနိုင်ယူပြီး ပထမဆုံးအကြိမ် သရဖူကာကွယ်နိုင်ခဲ့သည်။ဒီယွန်တေသည် ယခုသရဖူကို ပြီးခဲ့သည့် ဇန်နဝါရီတွင် ကနေဒါလက်ဝှေ့သမား ဘာမန်းစတီဗန်ကို အနိုင်ထိုးသတ်ပြီး ရခဲ့ကာ အမေရိကန်လက်ဝှေ့သမားများထဲတွင် ၂၀၀၇ နောက်ပိုင်း ပထမဆုံး ဟဲဗီးဝိတ်သရဖူ ဆွတ်ခူးနိုင်သူလည်း ဖြစ်ခဲ့သည်။

ကိုပါအမေရိကဖလားတွင် အာဂျင်တီးနား သရေကျ၊ ချန်ပီယံ ဥရုဂွေး နိုင်ပွဲရ

ကိုပါအမေရိက ဖလားပြိုင်ပွဲတွင် ၂၂ နှစ်ကြာဗိုလ် မစွဲနိုင်မှု အဆုံးသတ်ရန် ရည်ရွယ် ထားသည့် မက်ဆီ ဦးဆောင်သော အာဂျင်တီးနားသည် အုပ်စုအဖွင့်ပွဲ၌ ပါရာဂွေးနှင့် ၂-၂ ဂိုးစီသရေကျခဲ့ပြီး မက္ကဆီကိုမှာ ဘိုလီးဗီးယားနှင့် သရေကျကာ လက်ရှိချန်ပီယံ ဥရုဂွေးတစ်သင်း သာ ဂျမေကာကို ၁-၀ ဂိုးဖြင့်ကပ် နိုင်ပြီး သုံးမှတ်ရရှိခဲ့သည်။တနင်္ဂနွေ နံနက်အစောပိုင်း ကိုပါအုပ်စုဖွင့်ပွဲတွင် အာဂျင်တီး နားက ပါရာဂွေးကို အဂူရို၏အဖွင့် ဂိုး၊ မက်ဆီ၏ ပင်နယ်တီတို့ဖြင့် ဦးဆောင်ခဲ့ပြီးမှ ဒုတိယပိုင်းတွင် ဗဲလ်ဒက်စ်၊ ဘာရီရို့စ်တို့အား ချေ ပဂိုးများပေးလိုက်ရ၍ အနိုင်မှ သ ရေကျခဲ့ခြင်းဖြစ်သည်။

Sunday, June 14, 2015

LTE (4G) ကွန်ရက် မြန်မာနှင့် အာရှနိုင်ငံအများစုတွင်သုံးစွဲမှုမတွင်ကျယ်နိုင်သေး
Sunday, 14 June 2015
မြန်မာနိုင်ငံအပါအ၀င် အ ရှေ့တောင်အာရှနိုင်ငံအများစုတွင် ၂၀၁၇ အထိ LTE (4G)  ကွန်ရက် အနည်းငယ်သာ အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းတွင် ဆက်သွယ်ရေးကွန်ရက်များတည်ဆောက်သည့် ၀န်ဆောင်မှုကို လုပ်ဆောင်နေသော Huawei စီးပွားရေးလုပ်ငန်းစုက သတင်းထုတ်ပြန်သည်။
 အရှေ့တောင်အာရှနိုင်ငံများ တွင် LTE ကွန်ရက်ဖွံ့ဖြိုးရန် အဆိုပါကွန်ရက်ကို ချိတ်ဆက်၍ အသုံးပြုနိုင်မည့် LTE စနစ်သုံးတန်ဖိုးနည်း ဟန်းဆက်များနှင့် Spectrum များ လိုအပ်မည်ဖြစ်၍ ၂၀၁၇ နောက်ပိုင်းမှသာ အနည်းငယ်အသုံးပြုနိုင်မည်ကို ခန့်မှန်းထားခြင်း ဖြစ်ကြောင်း Huawei က ဆိုသည်။

ယခုနှစ်ငါးလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ယခင်နှစ် ငါးလထက်သုံးဆခန့် များပြားနေ

ယခုနှစ် ပထမ ငါးလအတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ယခင်နှစ်ငါးလထက် သုံးဆခန့် များ နေကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
 ဇန်န၀ါရီမှ မေလကုန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ၂၀၁၄ ဇန်န၀ါရီမှ မေလကုန်နှင့် နှိုင်းယှဉ်လျှင် သုံးဆခန့်မြင့်တက် နေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက် တာသန္တာလွင်ကပြောကြားသည်။
‘‘မနှစ်ကထက်စာရင် သုံးဆ လောက်ဖြစ်နေတယ်။ ပြီးတော့ အရင်ကစက်တင်ဘာနောက်ပိုင်း ဆို မဖြစ်တော့ဘူး။ အသက် ၁၅ နှစ်အောက်တွေမှာပဲ သွေးလွန် တုပ်ကွေးဖြစ်တာ။ အခုနောက် ပိုင်းကျတော့ အဲဒီလိုမဟုတ်တော့ ဘူး။ အသက်အရွယ်မရွေး၊ မြို့ ရွာမရွေး၊ ကျား၊မ မရွေးဖြစ်ပွား လာတယ်။ စီမံချက်အစီရင်ခံစာ တွေကို ကြည့်မယ်ဆိုရင်လည်း ဆယ်စုနှစ်အတွင်း တဖြည်းဖြည်း များပြားလာတယ်’’ဟု ၎င်းကပြော ကြားသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိရောက်သော ထိန်းချုပ်မှု ရရှိစေရေး တရားမ၀င်ကုန်သွယ်မှု တားဆီးရန်လိုနေ

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိရောက် သော ထိန်းချုပ်ရေးပေါ်ပေါက်စေ ရန် ထုတ်လုပ်ရာမှ ရောင်းချသည် အထိ တရားမ၀င်ကုန်သွယ်မှုကို တားဆီးရန် လိုအပ်ကြောင်း ဆေး ပညာရှင်အချို့က သုံးသပ်ပြော ကြားသည်။
 ‘‘တရားမ၀င် ကုန်သွယ်မှု တွေကို  တားမြစ်မယ်ဆိုရင်  သောက်နှုန်းလျော့သွားမယ်။ တရားမ၀င်သွင်းလာရင် ဈေး လျှော့ရောင်းတယ်။ ပြည်သူတွေ က ပိုသောက်တယ်။ ဒါကြောင့် တားမြစ်မယ်ဆိုရင် ဈေးနှုန်းမြင့် လာမယ်။ လူစားသုံးမှုနည်းသွား မယ်’’ဟု ပြည်သူ့ကျန်းမာရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာနေစိုးမောင်က ပြောသည်။

ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ လယ်မြေများ တစ်ဧကလျှင် ကျပ်သိန်းတစ်ရာဝန်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်

ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ လယ်ယာများကို တွေ့ရစဉ်/ဓာတ်ပုံ − မိုးညို
ရန်ကုန်မြို့သစ် စီမံကိန်း အဖြစ် အကောင်အထည်ဖော်ရန် လျာထားခဲ့ဖူးသည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ လယ်မြေများ တစ်ဧကလျှင် ကျပ်သိန်းတစ်ရာခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း သတင်းရရှိသည်။
‘‘လယ်မြေတွေတော့ ကြိုးကြားကြိုးကြားအရောင်းအ၀ယ် ဖြစ်နေတယ်။ မြို့သစ်စီမံကိန်းလုပ် ဖို့ လွှတ်တော်မှာ စည်ပင်က ဒီနှစ် ထဲတင်ပြမယ့် နေရာတွေထဲမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း လည်း ပါတယ်’’ ဟု ကြည့်မြင်တိုင်တစ်ဖက်ကမ်းဒေသ ဖွံ့ဖြိုးရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးဝမ်ကျင်က ပြောသည်။

ဟီတာချီကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်သားတိုးမြှင့် ခန့်အပ်မည်

ဂျပန်နိုင်ငံ အခြေစိုက် ဟီတာချီလီမိတက်က မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သည့်အနေဖြင့် ငါးနှစ်အတွင်း ပြည်တွင်းလုပ်သားအင်အား ငါးဆခန့် တိုးမြှင့်ခန့်အပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 ၎င်းတို့အနေဖြင့် လက်ရှိအ ချိန်တွင် လုပ်သားအင်အား ၂၀၀ ခန့် ခန့်အပ်ထားရှိခဲ့ရာမှ ၂၀၂၀ တွင် ဦးရေ ၁,၀၀၀ ခန့်အထိ ခန့်ထားနိုင်ရန် ရည်ရွယ်ထားကြောင်း ဟီတာချီ လီမိတက်မှ သတင်းထုတ်ပြန်ထားသည်။
‘‘ကျွန်တော်တို့ အနေနဲ့ အနာဂတ် မြန်မာ့စီးပွားရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဝင် ရောက် လုပ်ကိုင်နိုင်ဖို့ မျှော်မှန်း ထားပါတယ်။ မြန်မာနိုင်ငံဟာ ကျွန်တော်တို့အတွက် အရေးကြီး အာရုံပြုစရာ ဈေးကွက်များအ နက် တစ်ခုဖြစ်နေတာကြောင့်ပါ’’ ဟု ဟီတာချီလီမိတက် ဥက္ကဋ္ဌနှင့် လုပ်ငန်း အဖွဲ့အကြီးအကဲ၊ အမှု ဆောင် ညွှန်ကြားရေးမှူးနှင့် ဒါ ရိုက်တာ မစ္စတာတိုရှီအာကီဟီဂါ ရှီဟာရာက ပြောသည်။

တောင်ကြီးမြို့မဈေး နာရီစင်ရှိ အချိန်မမှန်တော့သည့်နာရီများ အသစ်လဲ

နှစ်ပေါင်း ၂၀ ကျော် ကြာသည်အထိ မပြုမပြင်ထားရှိခဲ့၍ အချိန်မမှန်တော့သည့် တောင်ကြီးမြို့ မြို့မဈေးနာရီစင်ရှိ နာရီများကို အသစ်လဲလှယ်နေကြောင်း တောင်ကြီးဒေသခံများက ပြောသည်။
 ‘‘အရင်ကဆို အဲဒီနာရီစင်က နာရီကြည့်ဖို့မပြောနဲ့။ ညညဆို ညဈေးတန်းနဲ့လည်းနီးတော့ အညစ်အကြေးတွေ စွန့်ပစ်ကြ တယ်။ အခု ပြန်ပြင်နေတာတွေ့ရတော့ ကောင်းပါတယ်’’ ဟု တောင်ကြီးဒေသခံ အသက် (၂၅) နှစ်အရွယ် ကိုသက်ပိုင်က ပြောကြားသည်။

တနင်္သာရီတိုင်းအတွင်း သိမ်းဆည်းခံ မြေယာပြဿနာ ၈၀ ရာခိုင်နှုန်းကျော်ဖြေရှင်းပြီးဟုဆို

တနင်္သာရီတိုင်းအတွင်း သိမ်းဆည်းခံမြေယာများနှင့် ပတ်သက်၍ တိုင်ကြားစာများအနက် ၈၀ ရာခိုင်နှုန်းကျော် ဖြေရှင်းပြီးဖြစ်ကြောင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာများအရ သိရသည်။
တိုင်းဒေသကြီးအတွင်း မြေ အသုံးချမှု စီမံခန့်ခွဲရေးနှင့် ပတ် သက်၍ စုံစမ်းရေးကော်မရှင် အစီရင်ခံစာအပိုင်း (၁) မှ အပိုင်း (၈) အထိ တိုင်ကြားစာ အမှုတွဲ ပေါင်း ၃၃၀ ရှိရာ ဖြေရှင်းရန် အမှု တွဲ ၄၀ သာကျန်ရှိတော့ကြောင်း တိုင်းဒေသကြီး မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူးက ပြောကြားသည်။

အမေရိကန်ခရီးသွား အော်ပရေတာအသင်း စစ်တမ်းအရ လည်ပတ်ရန် အကောင်းဆုံး ဒေသစာရင်းတွင် မြန်မာ ၂ နှစ်ဆက်တိုက် ပါဝင်

အမေရိကန်နိုင်ငံရှိ ခရီးသွားလုပ် ငန်း အေဂျင်စီများတွင် ကောက် ယူခဲ့သည့် စစ်တမ်းအရ သွား ရောက်လည်ပတ်ရန် အကောင်း ဆုံးဒေသများ၌ မြန်မာနိုင်ငံသည် ၂ နှစ်ဆက်တိုက် ရပ်တည်နေ ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်းထံမှ သတင်း ရရှိသည်။
 ‘‘အမေရိကန်မှာရှိတဲ့ခရီးသွား အော်ပရေတာအသင်းကနေ နိုင်ငံ တစ်ဝန်းက ခရီးသွားအေဂျင်စီတွေ ကို စစ်တမ်းကောက်ယူခဲ့တဲ့အခါ ခရီးသည်တွေသွားဖို့ စိတ်ဝင်စားမှု အများဆုံးနဲ့ ခရီးစဉ်ရောင်းချမှု အ များဆုံးဒေသထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှာ ၂ နှစ်ဆက်တိုက်ရပ် တည်နေပါတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦး နောင်းနောင်းဟန်က ပြောသည်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ဒုတိယအကြိမ်ညီလာခံကျင်းပမည်

ပညာရေးစနစ်ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၏ ဒုတိယအကြိမ်ညီလာခံကို ဇွန်လ ၁၈ မှ ၂၀ ရက်အထိ ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်ရှိ မျက်မမြင် ခရစ်ယာန်မိတ်သဟာရခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး၊ ငြိမ်းချမ်းရေးတည် ဆောက်ရေးနှင့် ဒီမိုကရေစီရေးအတွက် အဓိကဦးတည်မည်ဖြစ် ပြီး ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၏ ဆောင်ရွက်ချက်များကို အစီရင်ခံ တင်ပြရန်၊ ပညာရေးနှင့် ဆက်နွှယ်သော လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးနှင့် ဥပဒေဆိုင်ရာကိစ္စများ ဆွေးနွေးရန်၊ ဖွဲ့စည်းပုံကို တိုင်ပင်ဆွေးနွေးပြီး ပိုမိုခိုင်မာသည့် ကွန်ရက်အဖြစ် ထူထောင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ  ချမှတ်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရုပ်ရှင်ဥပဒေကို လက်ရှိအစိုးရလက်ထက်တွင် လွှတ်တော်တင်ရန်ကြိုးစားမည်ဟု လူမင်းပြော

လွန်ခဲ့သည့် ၂နှစ်ကျော်ကတည်းကရေးဆွဲနေသော ရုပ်ရှင်ဥပဒေကို လက်ရှိအစိုးရသက်တမ်းမကုန်မီ လွှတ်တော်သို့တင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းကပြောသည်။
 ‘‘ဒီအစိုးရသက်တမ်းမှာ လွှတ်တော်ကိုတင်နိုင်အောင် target ထားပြီး ကြိုးစားနေတယ်။ အခုရက်ကနီးလာတော့ တွန်းကြည့်ပါဦးမယ်။ ဒီသက်တမ်းအတွင်းကို ဝင်သွားစေချင်တယ်။

မြောက်ပိုင်းဒေသစစ်ပွဲရပ်ရန်နှင့် ဒုက္ခသည်များ ကူညီခွင့်ရရန် ကမ္ဘာ့ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာပေးပို့မည်

မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွင် ထိုးစစ်ဆင်နွှဲနေခြင်းကို ချက် ချင်းရပ်စဲရန်နှင့် စစ်ရှောင် ဒုက္ခ သည်များဆီသို့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက် အပံ့များ အတားအဆီးမရှိ သွား လာကူညီခွင့်ပြုနိုင်ရန် အရပ်ဘက် အဖွဲ့အ စည်း ၇၅ ဖွဲ့မှ ကမ္ဘာ့ခေါင်း ဆောင်များထံ ဇွန်လ ၈ ရက် (ယ နေ့)တွင် အိတ်ဖွင့်ပေးစာပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
 ကချင်ငြိမ်းချမ်းရေးကွန်ရက် အပါအ၀င် ပြည်တွင်းငြိမ်းချမ်း ရေးလိုလားသည့် အရပ်ဘက်အ ဖွဲ့အစည်းပေါင်း ၇၅ ဖွဲ့ စုပေါင်း လက်မှတ်ထိုးကာ ကုလသမဂ္ဂ လူ သားချင်း စာနာထောက်ထားရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) နှင့် ကမ္ဘာ့ခေါင်း ဆောင်များထံ စစ်ဘေးဒုက္ခသည် များ၏ အခက်အခဲမျိုးစုံအတွက် အိတ်ဖွင့်ပေးစာ ပေးပို့မည်ဖြစ် ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန် ရက်မှ ဒေါ်ခွန်ဂျာက ပြောသည်။ ကချင်စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခ သည် ၁၂၀,၀၀၀ ခန့်ရှိနေကြောင်း နောက်ဆုံးကောက်ယူထားသည့် စစ်တမ်းများအရ သတင်းရရှိ သည်။

ဂျပန်နှင့် အငြင်းပွား ပင်လယ်ပြင်များတွင် ကင်းလှည့်ရာတွင် ဒရုန်းလေယာဉ်များ သုံးရန် တရုတ်စစ်တပ် စဉ်းစားနေ

 အရှေ့တရုတ် ပင်လယ်တွင် ပုံမှန်စောင့်ကြည့်စစ်ဆေးရန် လူလိုက်ပါခြင်း မရှိသော ဒရုန်း လေယာဉ်များကို အပြည့်အဝ အသုံးပြုရန် တရုတ်စစ်တပ်က စဉ်းစားလျက်ရှိရာ တရုတ်က ပိုင်ဆိုင်သည်ဟု ပြောပြီး ဂျပန်က ထိန်းချုပ်ထားသည့် ကျွန်းများရှိရာနေရာတွင် ရှိနေသည့် တင်းမားမှုကို နောက်ထပ်မီးထိုး ပေးသည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သည်။ တရုတ်က ဒရုန်းများ အသုံးပြုခြင်းနှင့် ပတ်သက်၍ တရုတ်၏ စာရွက်စာတမ်းတစ်ခုက သောကြာနေ့က ပြသခဲ့သည်။

အမေရိကန် စစ်တပ်နှင့် ထောက်လှမ်းရေး အချက်အလက်များကို ဟက်ကာများက ဖောက်ထွင်းခိုးယူသည်ဟုဆို

အမေရိကန်နိုင်ငံ၏ စစ်တပ်နှင့် ထောက်လှမ်းရေးမှ အမှုထမ်းများနှင့် ပတ်သက်သည့် လျှို့ဝှက် အချက်အလက်များကို တရုတ်နှင့် ဆက်စပ်နေသည်ဟု သံသယရှိသော ဟက်ကာများက ဖောက်ထွင်း ဝင်ရောက်ကာ ခိုးယူလိုက်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
ထိုသို့ခိုးယူခံရခြင်းကြောင့် အမေရိကန် လုံခြုံရေးရာ အမှုထမ်းများနှင့်အတူ မိသားစုများပါ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ခံလာရဖွယ်ရှိသည်ဟု စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်း ခရီးသွားလုပ်ငန်းက သုံးနိုင်ဖြုန်းနိုင်သည့် ဇိမ်ခံခရီးသည်များကိုသာ ပိုမိုပစ်မှတ်ထားလာ

ထိုင်းနိုင်ငံရဲ့ ခရီးသွားအာဏာပိုင်အဖွဲ့ကြီးက ဇိမ်ခံခရီးသည်များကို ချုပ်ကိုင်ထားတဲ့ ခရီးသွားလုပ်ငန်း ဈေးကွက် ရှယ်ယာကို လက်ရှိ ၂၀ ရာခိုင်နှုန်းမှ နောက်နှစ်မှာ ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ ရည်ရွယ်ထားပြီး၊ ဒီအမြတ်အစွန်းကြီးမားတဲ့ ဈေးကွက်ကို ပင်လယ်ရပ်ခြားများမှာလည်း ထိုးဖောက်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ အကူအညီကိုလည်း တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

စင်ကာပူ ကုမ္ပဏီများ မားစ်ရောဂါကို တားဆီးရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်လျှက်ရှိ

 တောင်ကိုရီးယားနိုင်ငံက အသက်ရှူလမ်းကြောင်း ရောဂါ မားစ် (MERS) ရောဂါနှင့် တိုက်ပွဲဝင် ရုန်းကန်နေရချိန်တွင် နိုင်ငံအတွင်း အရှေ့အလယ်ပိုင်း အဆိုပါရောဂါ ဖြစ်ပွားမှုကို တားဆီးရန် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်လျှက်ရှိကြောင်း စင်ကာပူ ကုမ္ပဏီများက ပြောကြားသည်။
စင်ကာပူ အသေးစားနှင့် အလတ်စား လုပ်ငန်းများအသင်းကြီးက ကုမ္ပဏီများအနေဖြင့် ဆားစ်ရောဂါ (SARS) အတွေ့အကြုံများမှ သင်ခန်းစာယူပြီး ယခုကတည်းက အရေးပေါ်အစီအစဉ်များ ဆွဲထားကြရန် တိုက်တွန်းထားပါတယ်။

ရွှေ့ပြောင်းအခြေချများကို နေရပ်နိုင်ငံသို့ပြန့်ပို့ရန် ဒေသခံရခိုင်များက အစိုးရကို တိုက်တွန်း


ပင်လယ်ပြင်မှ ကယ်ဆယ်ကာ ရခိုင်ပြည်နယ်တွင် ခေတ္တခိုလုံခွင့်ပေးထားသည့် ရွှေ့ပြောင်းအခြေချသူ အားလုံးကို ချက်ချင်း နေရပ်ပြန်ပို့ရန် ရခိုင်ပြည်နယ်ရှိ ဒေသခံများက လိုလားနေသည်။
ဒေသခံအချို့က ရွှေ့ပြောင်းအခြေချများ မြန်မာနိုင်ငံတွင် ရက်အကန့်အသတ်မရှိ နေထိုင်သွားမည်ကို စိုးရိမ်နေကြသည်။ ဒေသခံများက ၎င်းတို့သဘောမတူကြောင်း အများသိစေရန်အတွက် တနင်္ဂနွေနေ့ (ဇွန် ၁၄)တွင် ရခိုင်ပြည်နယ်တွင် ဆန့်ကျင်ဆန္ဒပြရန်လည်း စီစဉ်ထားကြသည်။

"၀" အဖွဲ့မှ သစ်ခုတ်သူ ၁၆ဦးကို ဒဏ်ငွေ ၅သိန်းစီ ဖြင့် ပြန်လွှတ်ပေး

"၀"ပြည်သွေးစည်းညီညွတ်ရေးပါတီမှ သစ်ခုတ်သည့် အလုပ်သမား ၁၆ဦးကို ဒဏ်ငွေ ၅သိန်းစီ ချမှတ်ကာ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က ဇွန်လ ၁၄ရက်တွင် မဇ္ဈိမကိုပြောသည်။
"၁၆ဦးလုံးကို ၉ရက်နေ့ကပဲ ပြန်လွှတ်ပေးလိုက်ပြီ၊ သစ်တွေကို ကြမ်းခင်းဈေးနဲ့ ရောင်းပေးဖို့အတွက်လည်း သစ်တောက တွက်ချက်နေပါတယ်။
သစ်တွေကိုပြန်မသိမ်းတော့ဘဲ အဲဒီနေရာမှာပဲ ထားထားတယ်။ "၀" တပ်ဖွဲ့တွေလည်း မရှိတော့ဘူး။ အားလုံးရှင်းသွားပါပြီ။ အေးအေး ဆေးဆေးပါပဲ" ဟု ၎င်းကဆိုသည်။
"၀" တပ်ဖွဲ့သို့ ရောင်းချမည်ဟုဆိုသော်လည်း အခြေခံကြမ်းခင်းဈေးကို မည်သို့ သတ်မှတ်ရောင်းချမည်ကို မသိရှိရပေ။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးရှေ့လုပ်ငန်းစဉ် အစိုးရနှင့် ဆွေးနွေးရန် အကြိုတွေ့ဆုံမည်အဖွဲ့ ဖွဲ့စည်း

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ရှေ့လုပ်ငန်းစဉ်များအတွက် အစိုးရနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် အကြိုတွေ့ဆုံညှိနှိုင်းမည့် အဖွဲ့တစ်ဖွဲ့ကို အဆင်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့က ဇွန်လ ၁၃ ရက်က ဖွဲ့စည်းလိုက်သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Orchid ဟိုတယ်တွင် တိုင်းရင်းသား ခေါင်းဆောင် ၁၅ ဦးပါဝင်သော အဆင်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ အစည်းအဝေးတွင် လော်ခီးလာထိပ်သီး ညီလာခံဆုံးဖြတ်ချက်အပေါ် ဆက်လက် အကောင်အထည်ဖော်ရန်နှင့် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်ရန် NLD နှင့် အရပ်ဖက်အဖွဲ့များ တွေ့မည်

 ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လုပ်ငန်းအားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဇွန်လ ၁၇ရက်၊ ဒိုင်းမွန်းကွန်ဒို၊ စကားဝါခန်းမ တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု NLD ဗဟိုအလုပ်မှုဆောင်ဦးဟံသာမြင့်က မဇ္ဈိမကိုပြောသည်။
"ရွေးကောက်ပွဲဆိုတဲ့အတိုင်း အားလုံးပါပါတယ်။ မဲစာရင်းကော လက်ရှိ အရပ်ဖက်အဖွဲ့တွေ လုပ်နေတာ၊ ပါတီကလုပ်နေတာတွေ ဘယ်လိုပူးပေါင်းလုပ်နိုင်မလဲ၊ ပြည်သူတွေကို ရွေးကောက်ပွဲအသိပညာပေး ဘယ်လို လုပ်ကြမလဲ စတာတွေ ဆွေးနွေးမှာပါ" ဟု ၎င်းကဆိုသည်။

Saturday, June 13, 2015

ဘင်္ဂါလီများအား ခွဲခြားဆက်ဆံမှုများကြောင့် မြန်မာနိုင်ငံကို အာဆီယံမှ ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာ တောင်းဆိုမှု မြန်မာ ပယ်ချ


မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမတ်က မြန်မာနိုင်ငံတွင် “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ” ပြုလုပ်နေခြင်းကို လက်မခံနိုင်သည့်အတွက် အာဆီယံမှ ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်း မလေးရှားအခြေစိုက် The Star Online တွင် ဇွန် ၁၂ ရက်က ဖော်ပြထားသည်။

ထို့အပြင် ၎င်းက ကုလသမဂ္ဂအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

လာအိုနှင့်ပွဲတွင် မြန်မာကစားသမားအချို့ ပြိုင်ဘက်ကို လေးစားမှုမရှိခဲ့ကြောင်း အေဗရာမိုဗစ်ပြော


လာအိုအသင်းကို သရေ ကျခဲ့သည့်ပွဲတွင် မြန်မာကစားသမားအချို့အနေဖြင့် ပြိုင်ဘက် ကစားသမားများအပေါ် မလေးစားမှု ကြောင့် ရလဒ်မကောင်းခဲ့ခြင်းဖြစ် ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အေဗရာမိုဗစ်က ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ် ပွဲ ဒုတိယအဆင့်အဖွင့်ပွဲအဖြစ် ဇွန်လ ၁၁ ရက်က လာအိုအသင်း နှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ နှစ်ဂိုးစီ သရေရလဒ်ထွက် ပေါ်ခဲ့သည်။

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ရထားလမ်းနှင့် ရေကြောင်းအဆင့်မြှင့်တင်မှုဖြင့် ဖြေရှင်းရန် နိုင်ငံတကာကျွမ်းကျင်သူများ အကြံပြု

ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရထားလမ်းနှင့် ရေလမ်းကြောင်းများကို အဆင့်မြှင့်တင်သင့်ကြောင်း နိုင်ငံ တကာကျွမ်းကျင်သူများက အကြံ ပြုပြောကြားခဲ့ကြသည်။
ရန်ကုန်မြို့ ယာဉ်ကြောကျပ် တည်းမှု ပြဿနာနှင့် ပတ်သက် သည့် ညီလာခံကို ဇွန်လ ၁၂ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ နိုင်ငံတကာမြို့ပြစီမံကိန်းရေးရာကျွမ်းကျင်သူများက အထက်ပါအတိုင်း အကြံပြုပြောကြားခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ- ဗီယက်နမ်ပွဲ MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်



ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ (၁၂)နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြမည့် မြန်မာ U 23 နှင့် ဗီယက်နမ် U 23

Friday, June 12, 2015

ပါကစ္စတန်က Save the Children အဖွဲ့အား နိုင်ငံတွင်းမှ နှင်ထုတ်

ပါကစ္စတန်နိုင်ငံက ကလေးငယ်များ ကူညီပေးရေးအဖွဲ့ဖြစ်သည့် Save the Children အဖွဲ့ကို ပါကစ္စတန်အား ဆန့်ကျင်သည့် လုပ်ဆောင်မှုများ ပြုလုပ်နေသည်ဟုဆိုကာ နိုင်ငံတွင်းမှ ထွက်သွားရန် အမိန့်ထုတ်လိုက်သည်။အစ္စလာမ်မာဘတ်ရှိ အဖွဲ့ရုံးများကို ရဲများက ချိတ်ပိတ်လိုက်ပြီး နိုင်ငံခြားသားဝန်ထမ်းများကိုလည်း ၁၅ ရက်အတွင်း နိုင်ငံတွင်းမှ ထွက်ခွာသွားရန် အမိန့်ပေးထားသည်။
ပါကစ္စတန်၏ ယင်းအပြုအမူကို အပြင်းအထန်ကန့်ကွက်ကြောင်း Save the Children အဖွဲ့က ပြောသည်။