Wednesday, July 8, 2015

လုပ်သားထု၏ မျှော်လင့်ချက်

လကုန်ပြီး ထုတ်ပေးသည့် လစာငွေကိုရေတွက်ရင်း မအိအိခိုင်တစ်ယောက် တစ်လတာ သုံးစွဲရမည့် ခွဲတမ်းကို ခွဲဝေရန် စဉ်းစားနေသည်။
အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည်မှာ ခြောက်နှစ်ခန့်ရှိ ပြီဖြစ်ပြီး တစ်ရက် ၁၂ နာရီခန့် လုပ်ရသောအလုပ်အတွက် လစာမှာ ကျပ်တစ်သိန်းနှစ်သောင်းသာ ရရှိပြီး သတ်မှတ်အချိန်ပိုပြည့်မီအောင်ဆင်းပြီး မည်သို့သော အကြောင်းကြောင်းကြောင့်ဖြစ်စေ လူမှုရေး၊ ကျန်းမာရေးကိစ္စကြောင့် နားရက်ခွင့် တစ်ရက်မျှ မယူမှသာ ယင်းငွေပမာဏကို အပြည့်အဝ ရရှိနိုင်ခြင်းဖြစ်သည်။

မြန်မာ့မြေတွင် ဘဝသစ်ရှာတွေ့သွားသော ပရီးမီးယားလိဂ် ကစားသမားဟောင်း


အိုင်ယာလန်လက်ရွေးစင်ဟောင်းဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်များ ဖြစ်သော ဝီဂန်၊ ဟူးလ်စီးတီးတို့၌ ကစားခဲ့သော ကာလက်ဖိုလန်/Dailymail
ကာလက်ဖိုလန်အနေနဲ့ အင်္ဂလန်ဘောလုံးလောကမှာ ကြုံတွေ့ခဲ့တဲ့ စိတ်ပျက်စရာတွေကို မေ့ပျောက်ဖို့ ကစားသမားဘဝရဲ့ အလှည့်အပြောင်းသစ် တစ်ခုကို ရှာဖွေဖို့ လိုအပ်လာတဲ့အခါ ဘယ်နေရာကို အာရုံစိုက်ကြည့်သင့်သလဲဆိုတာကို ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။
‘‘အဲဒါ ဘားမား (မြန်မာ)ပဲ။ ပြီးတော့ ခင်ဗျား ကြုံဖူးသမျှ နယ်ပယ်ဒေသတိုင်းနဲ့လည်း တော်တော်လေး မတူညီဘဲ ဖြစ်နေလိမ့်မယ်’’လို့ ၁၉ ရာစုရဲ့ ဗြိတိသျှ စာရေးဆရာ ရုဒ့်ကစ်ပလင်က ရေးခဲ့ဖူးတယ်။ ဒါဟာ ဖိုလန်အတွက် အဖြေလည်း ဖြစ်ပါလိမ့်မယ်။အာရှတိုက်ရဲ့ ဆင်းရဲနွမ်းပါးဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့သလို စစ်အာဏာရှင်တွေရဲ့ ရာစုနှစ်ဝက်လောက် အုပ်စိုးမှုအောက်မှာ အနောက်ကမ္ဘာနဲ့ ၂၀၁၁ ခုနှစ်ထိ တသီးတခြား ရပ်တည်နေခဲ့တယ်။ ဒါပေမဲ့ ဘာကလေ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေနဲ့ ပတ်သက်ရင်တော့ ဒီနိုင်ငံက အံ့ဩစရာကောင်းလောက်အောင် နှံ့စပ်ထိတွေ့နေတာ ဖြစ်ပါတယ်။

အိန္ဒိယ အမျိုးသမီးတစ်ဦးကို မီးတင်ရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်အချို့ စွပ်စွဲခံထားရ

အိန္ဒိယ နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ၏ မီးတင်ရှို့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့ကြသည်။ အဆိုပါ အမျိုးသမီးသည် နိုင်ငံမြောက်ပိုင်း ယူတာပရာဒက်ရှ် ပြည်နယ်မှဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းမျှတွင် မီးစွဲလောင်ခံရပြီး ဆေးရုံတွင် သေဆုံးခဲ့ခြင်းဟု သိရသည်။ အသက် (၄၀) အရွယ်ရှိ နီတူ ဒွေဗီဒီသည် သူမ မကွယ်လွန်မီတွင် တရားသူကြီး တစ်ဦးအား ရဲများက လာဘ်ငွေ တောင်းခံခဲ့ကြောင်းနှင့် အဆိုပါငွေကြေး မပေးနိုင်ဖြင့် သူမကို ရန်ပြုခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသွားခဲ့သည်။

တိုက်ပွဲများကြား ရတက်ပွေနေသော ပြည်သူများ

အာရှလမ်းမကြီးတွင် အစိုးရ တပ်မတော်နှင့် ဒီကေဘီအေတို့အကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီးနောက် စစ်၏ဆိုးကျိုးကို ဒေသခံများ ရင်ဆိုင်နေရပြီဖြစ်သည်။ အာရှလမ်းမကြီးပေါ် လမ်းဖြတ်သန်းခငွေကြေးကောက်ခံသောနေရာတွင် ဇူလိုင် ၂ရက်က စတင်ခဲ့သည့် တိုက်ပွဲသည် တစ်ပတ်ခန့်အကြာတွင် ကော့ကရိတ်မြို့အနီးသို့ ရောက်လာခဲ့ပြီဖြစ်သည်။
ကော့ကရိတ်မြို့နယ်နှင့်တစ်မိုင်မှ သုံးမိုင်အတွင်းသာကွာဝေးတော့သည့် နေရာများတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး အရပ်သား ထိခိုက်မှုများဖြစ်လာနေသည်။ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရန်ညှိနှိုင်းပေးနေသည့် ကရင်တိုင်းရင်းသားခေါင်းဆောင်များက ဆွေးနွေးမှု အဆင်မပြေသဖြင့် တိုက်ပွဲကာလကြာရှည်သွားနိုင်သည်ဟု ညည်းတွားနေကြသည်။

Tuesday, July 7, 2015

အကျိုးစီးပွားများနှင့် ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်း

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် ထိုမှတဆင့် ရပ်ရွာ၊ မြို့နယ်၊ တိုင်းနှင့် ပြည်နယ် နောက်ဆုံး နိုင်ငံတော် အဆင့်အထိ အကျိုးစီးပွား များ အသီးသီး ရှိကြပေသည်။ အကျိုးစီးပွားများအတွက် လုပ်ဆောင်နေကြ သည်ဟု ဆိုလျှင်မှားမည် မထင်ပေ။

လူတစ်ဦးချင်းသည် မိမိဘဝ ကောင်းရာ ကောင်းကြောင်း ကြိုးစားကြ ရာတွင် မိမိအကျိုးစီးပွားရရေးအတွက် အာရုံစိုက်ကြရသည်။
အလားတူ အသင်းအပင်း ဖွဲ့စည်းဆောင်ရွက်ကြရာတွင်လည်း အသင်းအပင်း၏ ရည်ရွယ်ချက် အောင်မြင်ပေါက်မြောက်ရေး အကျိုးစီးပွားအတွက် လုပ်ဆောင်ကြရသည်။

တဖန် နိုင်ငံရေးပါတီ၊ စီးပွားရေး ကုမ္ပဏီတို့သည်လည်း မိမိတို့ ပါတီ၊ မိမိတို့ ကုမ္ပဏီအကျိုးစီးပွားအလို့ငှာ ရည်ရွယ်ချက် အမျိုးမျိုးကို နည်းလမ်း အသွယ်သွယ် သုံးကာ လုပ်ဆောင်နေကြသည်။ အမြင့်ဆုံးဆိုရလျှင် နိုင်ငံအုပ်ချုပ်သည့် အစိုးရသည်လည်း ၎င်းတို့ အစိုးရအဖွဲ့၏ အကျိုးစီးပွားအလို့ငှာ လုပ်ဆောင်ကြပေသည်။

ဘောလုံးလောကတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ရခြင်းသည် နာကျင်စရာအကောင်းဆုံးဟု မက်ဆီ ဖွင့်ဟ

ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်တွင် ချီလီအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ထောက်ခံအားပေးခဲ့ကြသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် ဘောလုံးလောကတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ရခြင်းသည် နာကျင်စရာအကောင်းဆုံး ဖြစ်ကြောင်း ဖွင့်ဟ ခဲ့သည်။
မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့် အောင်မြင်မှုရရန် ရုန်းကန်ခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂျာမနီအသင်းကို ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသလို ယခုတစ်ကြိမ်တွင်လည်း ချီလီအသင်းကို ကိုပါအမေရိက ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။

Monday, July 6, 2015

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရန်ကုန် နှင့် ရခိုင်ရှိအစ္စလာမ်ဘာသာဝင်အများစုရှိသည့် နေရာများတွင် ရွေးကောက် ပွဲဝင်မည်

 အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရန်ကုန်နှင့် ရခိုင်မှ အစ္စလာမ် ဘာသာဝင်အများစုရှိသည့် မြို့နယ် ၇ခုမှ နေ၍  ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဌ ဦးကျော်မင်းက ဇူလိုင်  ၆ရက်တွင် မဇ္ဈိမကိုပြောသည်။
၎င်းက "ရန်ကုန်က ပန်းပဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်းတို့လို့ အစ္စလာမ်အများစု ရှိတဲ့ဆီက၀င်မယ်၊ ရခိုင်ကတော့ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောက ပြည်နယ် လွှတ်တော်အတွက် ၀င်ဖို့ လျာထားတာ ကိုယ်စားလှယ်တွေတော့ မရွေးရသေးဘူး" ဟု ပြောသည်။

တောင်ကိုရီးယားသမ္မတ ကတော်ဟောင်းနောက်လ တွင်မြောက်ကိုရီးယားသို့ သွားရောက်မည်

 ကွယ်လွန်သူတောင်ကိုရီးယားသမ္မတ ကင်ဒေးဂျုံ၏ ဇနီးဖြစ်သူသည် နောက်လထဲတွင် မြောက်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဖွယ်ရှိသည်ဟု ကင်ဒေးဂျုံ၏ဖောင်ဒေး ရှင်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအရာရှိများနှင့် ညိနှိုင်းပြီးနောက် အသက် ၉၃ နှစ်အရွယ်ရှိ လီဟီးဟို၏ လေးရက်ကြာခရီးစဉ်၏ ရက်စွဲများနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း ဆိုးလ်ရှိ ကင်ဒေးဂျုံငြိမ်းချမ်းရေးစင်တာက ပြောကြားခဲ့သည်။

အာဖဂန်တပ်ဖွဲ့ဝင်များက တာလီဘန် စစ်သွေးကြွ ၄၁ ဦးကို ၂၄ နာရီအတွင်း သတ်ဖြတ်

နိုင်ငံတစ်ဝန်း၊ အာဖဂန်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ၂၄နာရီးအတွင်း တာလီဘန် ၄၁ ဦးသေဆုံး ခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၆ ရက်ကထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် အခြားတာလီဘန် ၁၆ ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထား သည်။
အာဖဂန်တပ်ဖွဲ့ဝင်များသည် ဘက်ဂ်လန်၊ တက်ခါ၊ ကန်ဒါဟာ၊ ဇာဘူးလ်နှင့် ဟယ်လ်မန်ပြည်နယ်များ အပါအ၀င် နိုင်ငံအနှံ့အပြား တွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

ဒဂုံစီးတီးစီမံကိန်း ဖျက်သိမ်းရန် အစိုးရမှ တရားဝင် အသိပေးစာ ထုတ်ပြန်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်မည်


ရွှေတိဂုံကုန်းတော်အနီးရှိ စီမံကိန်း ၅ ခုပါဝင်သာ ဒဂုံစီးတီး စီမံကိန်းအတွက် အစိုးရမှ ဆုံးဖြတ်ချက်ကို ဇွန်လကုန်တွင် တရားဝင်အသိပေးစာ ပေးပို့သွားမည် ဆိုသော်လည်း ယခုတိုင်တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိ၍ လူထု ဆန္ဒဖော်ထုတ်ပွဲပြုလုပ်သွားမည်ဟု ရွှေတိဂုံစေတီတော်ကာကွယ်စောင့်ရှောက်ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဆရာတော် ဦးပါမောက္ခက  ဇူလိုင် ၆ရက်က ပြုလုပ်သည့်  ရွှေတိဂုံစေတီတော် ကာကွယ်ရေး စတုတ္ထအကြိမ်မြောက် အစည်းအဝေး တွင် ပြောကြားလိုက်သည်။

အီရတ်တွင် အကြမ်းဖက်မှုများအတွက် လေ့ကျင့်ပေးရန် ကလေး ၁၀၀ ကျော်ကို အိုင်အက်စ်တို့ ဖမ်းဆီးခေါ်ဆောင်သွား


အီရတ်နိုင်ငံ မိုဆူးလ်မြို့အတွင်း ခရိုင်နယ်မြေများမှ ကလေးငယ် ၁၁၁ ဦးကို အစွန်းရောက်အကြမ်းဖက်မှုများ လုပ်ခိုင်းရန်အတွက် အိုင်အက်စ်တို့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အီရတ်ကာဒစ်စတန် ဒီမိုကရက်ပါတီက ပြောရေးဆိုခွင့်ရှိသူ ဆာအိဒ်မာမူဇန်နီက အသက် ၁၀ နှင့် ၁၅နှစ် ကြား ကလေးအများ စု ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း၊ အိုင်အက်စ် သင်တန်းကျောင်းများသို့ ဝါဒမှိုင်းတိုက်ရန် ယင်းကလေးများကို ပို့ဆောင် လိုက်ကြောင်း ဇူလိုင် ၅ ရက်ကပြောခဲ့သည်ကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့သည်။

ဇူလိုင်၁မှ ၅ရက်အထိ ဆိုင်းနိုင်းစစ်သွေးကြွ ၂၄၁ ဦးကို သုတ်သင်ပြီးဟု အီဂျစ်ထုတ်ပြန်

 အီဂျစ်စစ်တပ်သည် ဇူလိုင်၁မှ ၅ အထိ ဆိုင်းနိုင်းဒေသရှိ စစ်သွေးကြွ ၂၄၁ ဦးကို သုတ်သင်ပြီးကြောင်း စစ်တပ်က ဇူလိုင်၆ တွင်ထုတ်ပြန်ခဲ့သည်။
ယင်းသို့သုတ်သင်ခံရသူများတွင် လွန်ခဲ့သည့် သီတင်းပတ်က ကြီးမားသည့် တိုက်ခိုက် မှုပြုလုပ်ခဲ့သည့် အိုင်အက်စ်အုပ်စုမှ ဂျီဟတ်ဝါဒီများပါဝင်သည်။
၂၀၁၃ခုနှစ် ဇူလိုင်လက သမ္မတမိုဟာမက်မော်စီကို ထိုစဉ်က စစ်တပ်အကြီးအကဲ ယခုသမ္မတအက်ဘ်ဒဲလ်ဖာတာ အယ်လ်စီစီ က ဖြုတ်ချလိုက်ကတည်းက ဆိုင်းနိုင်းကျွန်းဆွယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အစ္စလာမစ်သောင်းကျန်းသူများကို တိုက်ခိုက်နေရသည်။

UNHCR နှင့် INGO တို့မှ ထုတ်ပေးသော အရေးပေါ် ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်း မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေ

ဘူးသီးတောင်မြို့ပေါ်ရှိ မြို့မဈေး၊ နတ်ပင်ရင်းခွဆုံ ပျံကျဈေးနှင့် အနောက်ကွင်း ပျံကျဈေးတို့တွင် UNHCR, WFP, နှင့် အခြား NGO များမှ အရေးပေါ် ကူညီ ကယ်ဆယ်ရေးအတွက် ထောက်ပံ့ထုတ်ပေးသော ပစ္စည်းပေါင်းစုံကို အလွယ်တကူ ဈေးသက်သာစွာ ရောင်းချနေလျှက်ရှိသည်။
UNHCR မှ သဘာဝဘေးအန္တရာယ် ကျရောက်သူများကို ထောက်ပံ့သည့် စတီးအိုးနှင့် ပန်းကန် ခွက်ယောက် အစုံ ပါကင်များ၊ ခြင်ထောင်မျိုးစုံ၊ ဖျာ၊ မျက်နှာသုတ်ပုဝါများ၊ WFP မှ ထုတ်ပေးသော ဆီသန့်ပုလင်းများနှင့် အာဟာရမှုန့်ထုတ်၊ INGO များမှ ထုတ်ပေးသော ပုဇွန်ခြောက်ကြော်၊ အာဟာရမှုန့်ထုတ်များ၊ ကျောပိုးအိတ်၊ ဖိနပ်၊ ဆေးစိမ်ခြင်ထောင်များ စသည်ဖြင့် အမျိုးအမည် စုံလင်စွာ ပါဝင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက်ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးပြီး ပြင်ဆင်နိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေးဆွေးနွေးမှု ပျက်ပြားသွားမည်ကို စိုးရိမ်ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးလျက် ရှိသော်လည်း ပြင်ဆင်နိုင်ရန် မျှော်လင့်ချက် နည်းပါးကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)နှင့် စပ်လျဉ်း၍ ဇူလိုင် ၃၀ ရက်မှစ၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလျက်ရှိရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှာ လက်ရှိအချိန်အထိ ဆွေးနွေးမှုများတွင် ပြင်ဆင်ချက်များကို လက်မခံဘဲ မူလအတိုင်း ထားရှိရန်သာ ဆွေးနွေးလျက်ရှိသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် ဆွေးနွေးချက်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်နိုင်ရေး ပြင်ဆင်ချက်လည်း ပါဝင်လျက် ရှိသောကြောင့် မဲခွဲဆုံးဖြတ်ရာတွင်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခြင်း မရှိပါက ပြင်ဆင်နိုင်မည့် အခြေအနေ မရှိကြောင်း သိရသည်။

Sunday, July 5, 2015

မုဒုံမြို့နယ်တွင်ကားတစ်စီး တံတားပေါ်မှ ပြုတ်ကျ

မွန်ပြည်နယ် မုဒုံမြို့နယ် တွင် ဇူလိုင် ၄ ရက် နံနက် ၂ နာရီ ကျော်က တံတားပေါ်မှ ကားတစ် စီးပြုတ်ကျခဲ့ကြောင်း မုဒုံမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
နိုင်လုံကျေးရွာနှင့် တံခွန်တိုင် ကျေးရွာကြားတွင်ရှိသည့် တံ တားပေါ်မှ စူပါကော်ဖီမစ်ထုပ်တင်ကုမ္ပဏီပိုင်ကင်တာကားမှာ တံတားပေါ်မှ အရှိန်လွန်ပြုတ်ကျခဲ့သော် လည်း မည်သူမျှထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း မုဒုံရဲစခန်းမှ တာဝန်ကျ ရဲအရာရှိကပြောသည်။
‘‘ညက မိုးတွေကလည်းရွာ နေတယ်။ စခန်းကိုရောက်တော့ နံနက် ၆ နာရီကျော်လောက်ရှိပြီ။ မောင်းတဲ့ယာဉ်မောင်းနဲ့အတူပါ လာတဲ့ ၀န်ထမ်းနှစ်ဦးစလုံးဘာမှ တော့ ဒဏ်ရာကြီးကြီးမားမားမရ ဘူး။ ယာဉ်မောင်းက ခေါင်းမှာ နည်းနည်းပွန်းတယ် ဒီလောက်ပဲ။ ရေထဲပြုတ်ကျတာကြောင့်လည်း ပါမယ်ထင်တယ်’’ ဟု အဆိုပါရဲ အရာရှိက ပြောသည်။

အမေရိကန်ဒေါ်လာဈေး ပြန်လည်မြင့်တက်

မြန်မာနိုင်ငံဗဟိုဘဏ်က သတ်မှတ်သည့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြှင့်လိုက်ခြင်းနှင့်အတူ ပြင်ပဈေးကွက်၌လည်း ဒေါ်လာဈေးများ ပြန်လည်မြင့်တက်ခဲ့ကြောင်း ငွေကြေးဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
ပြင်ပဈေးကွက်၌ ယခင်ရက်များက အမေရိကန် တစ်ဒေါ်လာလျှင် အရောင်း ၁၁၈၅ ကျပ် အဝယ် ၁၁၈၇ ကျပ်ဖြင့် ရက်အတန်ကြာ ဈေးငြိမ်လျက်ရှိရာမှာ ဇူလိုင် ၄ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၁၉၀ ကျပ်အထိ မြင့်တက်ကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

ဝက်ဝံကို ခွေးလို့ထင် နှစ်နှစ်တိုင်မှ သိလိုက်ရသည့် ပိုင်ရှင်ရဲ့အဖြစ်

စုတ်တံမသုံးဘဲ ဖိတ်ကျသည့် ကော်ဖီအရည်ဖြင့်သာ ပန်းချီရေးဆွဲသည့် ပန်းချီဆရာမ

ညမအိပ်စက်မိ လက်ကိုင်ဖုန်းနှင့် တက်ဘလက် သုံးသူများ သတိထား

ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်လာနိုင်ပါသည် ။ သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင်းကို သုတေသီများကလည်း အကြံပြု့ ထားပါသည် ။
ယနေ့ကာလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီအစိုးရတစ်ရပ်၏ ဦးဆောင်မှုဖြင့် မြန်မာ့နွေဦးအဖြစ် တင်စားခေါ်ဝေါ်ရမည့် နိုင်ငံရေးအလှည့်အပြောင်းတစ်ရပ်ကို ဆောင်ရွက်လျက်ရှိရာ အစိုးရသစ်လက်ထက် အောင်မြင်မှုအများအပြားရရှိနေသလို အခြားတစ်ဖက်တွင်လည်း စိန်ခေါ်မှုအချို့နှင့် ကြုံတွေ့လျက်ရှိပါသည်။

နိုင်ငံခြားသို့ အလုပ်သွားလုပ်သူ တစ်ယောက်ရဲ့ ခံစားချက်

တစ်ခါတစ်လေ ကျွန်တော် မြန်မာပြည်ကို လွမ်းတယ်။ အရမ်းလည်း
ပြန်ချင်ပါတယ်။ ပြန်ဖို့ တွေးလိုက်တိုင်းလည်း ကျွန်တော် အဖေ့မျက်နှာ အမေ့မျက်နှာ မိသားစု တစ်စုလုံးမျက်နှာကို မြင်လိုက်တိုင်း မပြန်ဖြစ်တာ နှစ်တွေ အတော် ကြာခဲ့ပြီပေါ့။ကျွန်တော့် ပြန်ချင်တဲ့ စိတ်ကို ခဝါချပြီး ကြိတ်မိတ်ပြီး အလုပ်လုပ် နေရတာပါ။ 
ကျွန်တော် ပြန်ခြင်း မပြန်ခြင်းထက် ကျွန်တော့် မိသားစုတွေ လူတန်းစေ့ နေနိုင် စားနိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ တစ်နေ့တော့ အဖေရယ် အမေရယ် မိသားစုရယ် ထမင်းလက်စုံစားပြီး စကားတွေ ပြောရမယ့်နေ့ကို စောင့်နေပါတယ်။

ဖုန်းခေါ်ဆိုခတစ်မိနစ်၂၃ကျပ်သို့ လျှော့ချ



ဈေးနှုန်းသစ်ပြင်ဆင်ခြင်းအထိမ်းအမှတ်အဖြစ် ဖုန်းငွေဖြည့်ကတ်များတွင်
အပိုထပ်ဆောင်းငွေ ၅၀% အထိ လက်ဆောင်ပေးသွားမည်
၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်- ရန်ကုန်၊ မြန်မာ။ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 အသုံးပြုသော မိဘပြည်သူများအတွက် တယ်လီဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ဈေးနှုန်းအသစ်သတ်မှတ်လိုက်ကြောင်း ယနေ့ကြေငြာလိုက်သည်။

ကာမိုင်း - မိုးကောင်းသွားလမ်းတွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုများအား ထပ်မံပြုလုပ်လျက်ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်း - မိုးကောင်းသွားလမ်း၊ ဆိပ်မူကျေးရွာအနီး KIA အဖွဲ့မှ ထောင်ထား သော ဒေသန္တရမိုင်း (၂)လုံး တစ်ရက်တည်း နှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇူလိုင်လ ၁ ရက်၊ ညနေ (၆) နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အရှေ့ တောင်ဘက် (၇)မိုင်ခန့်အကွာ ကာမိုင်း - မိုးကောင်းသွားလမ်း ဂေါ်ရီအုပ်စု၊ လဂတ်ယန်ကျေးရွာနှင့် မန်တင် ကျေးရွာကြားတွင် KIA ထောင် ထားသော မိုင်း(၁)လုံးနှင့် ညနေ(၅)နာရီ ၀န်းကျင်ခန့်တွင် ဖားကန့်မြို့၏

ခရီးသည် ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း

မန္တလေးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးအ၀ိုင်းတွင် မေ ၃၁ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ ခရီးသည်ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းကို ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
“E-Lite Express ရန်ကုန်-ပြင်ဦးလွင် ပြေးဆွဲတဲ့ ယာဉ်လိုင်းကိုပဲ ပြေးဆွဲခွင့် ပိတ်တာပါ။ E-Lite နာမည်နဲ့ ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲခွင့် လုံးဝမရှိတော့ပါဘူး။ ရာသက်ပန် ပိတ်သိမ်းလိုက်တာပါ”ဟု တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း က ယာဉ်လိုင်းပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။

အခြေခံပညာ ဆရာ၊ ဆရာမများ ကျူရှင်မသင်ရန် ညွန်ကြား

မြန်မာနိုင်ငံအတွင်း အခြေခံပညာအဆင့် သင်ကြားနေသော ဆရာ၊ ဆရာမများကို ကျူရှင်သင်ကြားခြင်း မပြုရန် အခြေခံပညာဦးစီးဌာနက လမ်းညွန်ချက် ထုတ်ပြန်ထားကြောင်း ပညာရေး ဝန်ထမ်းများက ပြောကြားသည်။
အခြေခံပညာအဆင့် သင်ကြားနေသော ဆရာ၊ ဆရာမများအနေနှင့် မိမိသင်ကြားနေသော အတန်းမှ ကျောင်းသားများကို ကျူရှင်သင်ကြားခြင်း မပြုရန်နှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက်ကိုလည်း ကျူရှင်သင်ကြားခြင်း မပြုရန် ညွန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်း အချို့က ဆိုသည်။
“ကျူရှင်တွေ လျော့နည်းသွားအောင်ဆိုတဲ့ သဘောနဲ့ပေါ့။ ညကျောင်းတွေ အကောင်အထည်ဖော်မယ် ဆိုတာလည်း စီစဉ်နေတယ်လို့ သိရတယ်” ဟု မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပညာရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။

Saturday, July 4, 2015

ဒဿန ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky

ဒဿ န ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky သည် ဝါရှင်တန်မှ နိုင်ငံရေး သြဇာကြီးမားသူများ၏ ပြက်ရယ်ပြုခြင်းနှင့် အဓိက မီဒီယာ အများအပြား၏ လျစ်လျူရှုခြင်းကို ခံရလေ့ရှိသော်လည်း၊ ပညာရပ်ဆိုင်ရာ အတွက် အကိုးကားခံရဆုံး ပုဂ္ဂိုလ်စာရင်းတွင် အဋ္ဌမမြောက်နေရာကို ရယူထားကာ၊ ပလေးတိုးနှင့် ဖရွိုက်တို့၏ နောက်မှကပ်လိုက်လျက်ရှိသည်။

အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒပြခဲ့သည့် ကျောင်းသားနှစ်ဦးကို ထပ်မံ ဖမ်းဝရမ်းထုတ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဦးဆောင် ဆန္ဒပြသူ ကိုဇေယျာလွင်နှင့် ကိုနန်းလင်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဇူလိုင်လ ၃ ရက်က ဖမ်းဝရမ်းထုတ် လိုက်ပြီဖြစ်ပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ပန်းပဲတန်းမြို့နယ် ရဲမှူးခင်မောင်ထွေးကပြောသည်။
ရဲမှူးခင်မောင်ထွေးက “ ဖမ်းဝရမ်းထုတ်တာတော့ တရားရုံးကထုတ်တာပါ။ အခုတော့ နှစ်ယောက်ပဲ ကျန်တော့တယ်ပေါ့။ ပုဒ်မ နှစ်ခုနဲ့ပါ။ ဖမ်းဖို့တော့လုပ်နေပါပြီ ဖမ်းဖို့ကို ညွန်ကြားပြီးပါပြီ။ တိုင်းတို့ခရိုင်တို့ အဆင့်ဆင့် ညွန်ကြားပြီးပါပြီ”ဟုပြောသည်။

ဇူလိုင် ၄ အားလပ်ရက် သီတင်းပတ်ကုန်စတင်ချိန် ချီကာဂိုတွင် ပစ်ခတ်မှုများဖြစ်ပွား ငါးဦးသေဆုံး

အမေရိကန်တွင် ဇုလိုင်လ ၄ရက် သီတင်းပတ်ကုန်စတင်ချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီကာလအတွင်း ချီကာဂိုတစ်ဝန်း လူ၁၂ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ ငါးဦးသေဆုံးခဲ့သည်။နောက်ဆုံးပစ်ခတ်မှုမှာ ဘရွန့်ဇ်ဗီးလ်ရှိ ပန်းခြံတစ်ခုတွင် ဇူလိုင် ၃ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်အရွယ်နှင့် ၁၉နှစ်အရွယ် တို့ ဒဏ်ရာရခဲ့သည်။ ၁၇ နှစ်အရွယ်မှာစထရိုဂါဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးခဲ့သည်။အကြမ်းဖက်မှုမှာ ဇူလိုင် ၂ ရက်နေ့နံနက်ပိုင်းက စတင်ခဲ့သည်။ ၂၂နှစ်အရွယ်အမျိုးသားတစ်ဦးသည်ဆောက်သ်ဂရင်းဝုဒ်၏ အကွက်အမှတ် ၁၃၂၀၀တွင် ဖြတ်သွားသောယာဉ်တစ်စီးပေါ်မှ ပစ်ခတ်မှုခံခဲ့ရသည်။

ထိုင်းနိုင်ငံက ရွှေ့ခိုင်းသည့် "၀" တပ်စခန်းကိစ္စ နှစ်နိုင်ငံအဆင့်ဆွေးနွေးပြီးမှ အတည်ပြုနိုင်မည်

သုံးလတစ်ကြိမ်ပြုလုပ်သည့် မြို့နယ်အဆင့် မြန်မာ- ထိုင်းနယ်စပ်ရေးရာ ကော်မတီအစည်းအဝေးတွင် ထိုင်းနိုင်ငံ ဖက်က တောင်းဆိုခဲ့သည့် "၀" တပ်စခန်း ၇ခု ဆုတ်ပေးရေးကိစ္စကို နှစ်နိုင်ငံအဆင့် ဆွေးနွေးပြီးမှသာ အတည်ပြု နိုင် မည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးမြင့်အောင်က ဇူလိုင်လ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။နိုင်ငံအဆင့် နယ်စပ်ရေးရာ ဆွေးနွေးပွဲကို ဇူလိုင်လတွင်ပင် မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသည့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဖက်မှ တာဝန်ရှိသူတို့က ထိုင်းနိုင်ငံအတွင်း ပြုလုပ်သွားမည်ဟု ၄င်းကဆိုသည်။

ဗြိတိန်ပြည်သူများတွင် selfies ရိုက်ခြင်းများ တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်း ကျော်ရှိ

ဗြိတိန်နိုင်ငံပြည်သူများကြားတွင် ခေတ်စားလွန်းသည့် selfies ရိုက်ခြင်းများသည် တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်းရှီပြီး လူမှုမီဒီယာများပေါ် selfies ပုံများတင်ခြင်း၊ ရှယ်ခြင်းများသည် တစ်နေ့လျှင် ၄ ဒသမ ၃ သန်းကျော်ရှိသည်။လူ သုံးဦးလျှင် တစ်ဦးနှုန်းသည် selfies ရိုက်ခြင်းကို စွဲလမ်းနှစ်သက်နေပြီး တစ်နှစ်စာတွက်မည်ဆိုပါက မယုံနိုင်လောက်အောင် များပြားသည့် selfies ရိုက်ကူးမှု ပုံပေါင်းမှာ ၅ ဒသမ ၂၅ ဘီလီယံရှိကြောင်း သုတေသနတစ်ရပ်က ဆိုသည်။