Wednesday, March 16, 2016

ထိုင်းရဲကိုသတ်မှုဖြင့်အလိုရှိနေသည့် ဒုက္ခသည် ၄ ဦးကို KNLA တပ်ဖွဲ့က မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီး


တာ့ခ်စီရင်စု အတွင်းရှိ မြန်မာနိုင်ငံနှင့်နယ်စပ်တွင်ရှိသော ထာ့ဆောင်ယန်းခရိုင်တွင် ရဲအရာရှိတစ်ဦးကိုသတ်ဖြတ်ပြီး တိမ်းရှောင်နေသူများဟု ထိုင်းရဲတပ်ဖွဲ့မှ ယူဆထားသော ယင်းအမျိုးသား ၄ ဦးအနက်မှ ၃ ဦးမှာ ညီအစ်ကိုများဖြစ်ပြီး ထာ့ဆောင်ယန်းခရိုင်အတွင်းရှိ ဘန်းမဲလာ ဒုက္ခသည်စခန်းတွင် ဒုက္ခသည်အဖြစ်ခိုလှုံနေသူများဖြစ်သည်။
အဆိုပါ လူသတ်မှုဖြင့်သံသယရှိသူ ၄  ဦးကို ထိုင်းရဲတပ်ဖွဲ့၏တောင်းဆိုမှုအရ KNLA-PC တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ထာ့ဆောင်ယန်းရဲအရာရှိများထံ လွှဲပြောင်းပေးခဲ့သည်။
အသတ်ခံရသည့် ရဲအရာရှိ၏ အလောင်းကို အင်္ဂါနေ့ကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါရဲအရာရှိသည် တစ်ကြိမ် ပစ်ခတ်ခံထားရကာ၊ ၆ ကြိမ် ဓါးနှင့် အထိုးခံထားရပြီး လည်ပင်းကိုလည်း လှီးဖြတ်ခံထားရ သည်ကိုတွေ့ရှိရသည်။

ပင်လယ်သွားဆေးရုံရေယာဉ်-ရွှေပုဇွန် နှင့် မြစ်ရေယာဉ်-စကု တို့ ရန်ကုန်-လပွတ္တာ-ရန်ကုန် ခရီးစဉ် အတိုင်း ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ထွက်ခွာ

ပင်လယ်သွားဆေးရုံရေယာဉ်-ရွှေပုဇွန် နှင့် မြစ်ရေယာဉ်-စကု တို့သည် ရန်ကုန်-လပွတ္တာ-ရန်ကုန် ခရီးစဉ်အတိုင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် အတွက် ယနေ့နံနက်ပိုင်း ၀၇၃၀ နာရီတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာသွားပြီ ဖြစ်ပါသည်။
ယခုခရီးစဉ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုစစ်သည် စုစုပေါင်း(၂၅)ဦးတို့ လိုက်ပါသွားပါသည်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



နျူအန္တရာယ် ငါးနှစ်အလွန် ဖူကူရှီးမား

၂၀၁၁ ခုနှစ်က ဖူကူရှီးမားစီရင်စု တိုမီအိုကာဒေသတွင် မြေငလျင်နှင့် ဆူနာမီ ကြောင့် ပျက်စီးသွားပြီး ဖယ်ရှားကယ်ဆယ်ရေးလုပ်ဆောင်ထားသောဇုန်၌ လူသူ ကင်းမဲ့နေသော အိမ်များနှင့် လမ်းများကို ၂၀၁၆ မတ်လက တွေ့ရစဉ်
ဖူကူရှီးမားဒေသတွင် ဂျပန် နိုင်ငံ၏ အဆိုးရွားဆုံးနျူကလီး ယားဘေးဒုက္ခ ဖြစ်ပေါ်ခဲ့သည်မှာ ငါးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ လမ်းများ ပြန်လည်ဖောက်လုပ်ထားပြီး လျှင်စစ်မီးများ ပြန်လည်သွယ်တန်းထားပြီဖြစ်သည်။ သို့သော် ဖူကူရှီးမားစီရင်စုတွင် နေထိုင်သူ လူများစွာ အတွက်မူ ပုံမှန်ဘ၀ အခြေအနေ ပြန်မရောက်သေးပေ။
ဖူကူရှီးမားမြို့ဒေသ အများအပြားသည် လူနေထိုင်သော အနေအထား ရောက်နေပြီဖြစ်သည်။ သို့သော်နျူကလီးယားစက်ရုံနှင့် နီးကပ်သော မြို့နယ်အများအပြားကိုမူ ၀င်ခွင့်ပိတ်ပင်ထားသည်။ အစိုးရ၏ ဒေတာ အချက်အလက် များအရ ဖူကူရှီးမားစီရင်စု၏ နယ်ပယ် ၇ ရာခိုင်နှုန်းသည် ဓာတ်ရောင်ခြည်သင့်မှု မြင့်မားနေသေး၍ လူနေထိုင်၍ မရသေးပေ။
ပျက်စီးသွားသော အဏုမြူ စက်ရုံမှ ၃၉ မိုင် ကွာဝေးသော ဖူကူရှီးမားမြို့၏ ဓာတ်ရောင်ခြည်သင့်မှုအဆင့်မှာ ရှန်ဟိုင်းမြို့ထက် နည်းပါးပါသည်။ တိုကျိုမြို့လယ် ဓာတ်ရောင်ခြည်သင့်မှု အဆင့်မှာ နယူးယောက်၊ ဆိုးလ်နှင့် ပါရီမြို့ တို့ထက် နည်းပါးသည်။
တံဆိပ်ခေါင်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုပြီး တိုမီ အိုကီဒေသတွင် ကြာရှည်စွာ နေထိုင်ခဲ့သူ ဟာရူဟီဆာအန်ဒိုက ၎င်း၏ နေအိမ်ကို လိုက်ပြသည်။ (နေ့ခင်းပိုင်းသတ်မှတ်ထားသော အချိန်တစ်ခုတွင် ယင်းဒေသသို့ သွားရောက် လည်ပတ်ခွင့်ပြု သည်) မျက်နှာကြက်ပြားများ ကြမ်းပြင်ပေါ်တွင် ပြုတ်ကျလျက် နှင့်ပင် ၎င်း၏ နေအိမ်မှာ မြေ ငလျင်လှုပ်ပြီးခါစ အနေအထားအတိုင်း ကျန်ရှိနေသေးသည်။
‘‘ကျွန်တော့်အိမ်ကို ဒီလိုမြင်တွေ့ရတဲ့အခါ ကျွန်တော်စိတ် အားမငယ်ဘဲ မနေနိုင်ဘူး’’ဟု အန်ဒို (၆၁) နှစ်ကဆိုသည်။
အန်ဒိုသည် ယင်းနေရာမှ တစ်နာရီခန့်ဝေးသော အီဝါကီစီးတီးတွင် ၂၀၁၄ က အိမ်တစ်လုံး ၀ယ်ယူခဲ့ပြီး ယခုအခါယင်းနေရာသို့ ပြောင်းရွှေ့နေထိုင်နေပြီဖြစ်သည်။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့ တိုမီအိုကာမှာပဲ နေချင် တယ်’’ဟု ၎င်းက ဆိုသည်။
၂၀၁၇ ဧပြီတွင်မူ တိုမီအိုကာ ဒေသအများစုသို့ ဒေသခံများအား ပြန်လည် နထိုင်ခွင့်ပြုမည်ဖြစ်သည်။ အနီးအနားရှိ နာဟာရာနှင့် ကာဝါအူချီမြို့နယ်များတွင်လည်း ယမန်နှစ်အတွင်း အလားတူ ပြန်လည်နေထိုင်ခွင့်ပြုခဲ့ပါသည်။
လူပေါင်း ၁၄,၀၀၀ နေထိုင် သော မြို့တွင် ၁၄ ရာခိုင်နှုန်းကသာ ပြန်လည်နေထိုင်လိုသည်ဟု ပြောကြားကြောင်း ယမန်နှစ်က ပြုလုပ်ခဲ့သော ဂျပန်ပြန်လည်တည် ဆောက်ရေးအေဂျင်စီ စစ်တမ်းတွင် တွေ့ရှိခဲ့သည်။ ၅၁ ရာခိုင်နှုန်းက နေရပ်ပြန်လာတော့မည် မဟုတ်ဟု ပြောကြားကြသည်။ ၎င်းတို့၏ အဓိက စိုးရိမ်ပူပန်မှုမှာ ဓာတ်ရောင်ခြည်သင့်ခြင်းနှင့် ဒေသတွင်း၌ ကျောင်းများ နည်းပါးမှုဖြစ်သည်။
ဖူကူရှီးမားစီရင်စု တစ်ခုလုံး အနေဖြင့်ဆိုလျှင် ယင်း၏ လူဦးရေ  ၆ ရာခိုင်နှုန်းကို ဆုံးရှုံးသွားပြီဖြစ်သည်။
‘‘ပြန်ဖို့ အစီအစဉ် မရှိပါဘူး’’ ဟု ယာယီ အိမ်ရာတစ်ခုမှာပင် ရှိနေသေးသော ယာဆူနာအိုအန်ဒို (၄၈) နှစ်က ပြောပါသည်။
‘‘ဖူကူရှီးမားစက်ရုံ အမှတ် (၁)မှာ ဘာဖြစ်မလဲ ဆိုတာ မသိတဲ့ နေရာတစ်ခုကို ပြန်ဖို့ ခက်ခဲပါ တယ်’’ဟု ပျက်စီးနေသော ဓာတ် ပေါင်းဖိုများ စက်ရုံကို ရည်ညွန်း၍ ၎င်းက ပြောသည်။
နေအိမ်မှ ရွှေ့ပြောင်းနေရပြီး ဘ၀ကို ပိုပြီးအသားကျနေပြီဟု အန်ဒိုကဆိုပြီး သူ့သမီးကျောင်းမတက်နိုင်သော နေရာသို့ မပြန်ချင်ဟု ပြောသည်။ ယင်းနေရာတွင် ဆေးခန်းနှင့် ဈေးဆိုင်များလည်း မရှိဟု ၎င်းက ဆိုသည်။
ဓာတ်ရောင်ခြည်သင့်ခြင်း နှင့် ကင်ဆာရောဂါဖြစ်ပွားမှု ဆက်စပ်ရခြင်းမှာ ခက်ခဲပါသည်။ သို့ သော်ဖူကူရှီးမားနံပါတ် (၁) စက် ရုံအလုပ်သမားတစ်ဦးတွင် တွေ့ ရှိရသော သွေးကင်ဆာမှာ ၂၀၁၁ မတ်လ အဖြစ်အပျက်၏ ရလဒ်ဖြစ်သည် ဆိုခြင်းကို ဂျပန်အစိုးရက ယမန်နှစ်တွင် အတည်ပြုခဲ့သည်။

ဓာတ်ရောင်ခြည်သင့်ခြင်းကို တိုက်ရိုက် ထိခိုက်မှုအပြင် ဘေးဒုက္ခကြောင့်ဖြစ်သော စိတ်ဒဏ်ရာ နှင့် ထပ်ကာထပ်ကာ နေအိမ်ရွှေ့ပြောင်းရခြင်း စိတ်ဖိစီးမှုမှနေ၍ ကျန်းမာရေး ပြဿနာအများအပြားပေါ်ထွက်ခဲ့သည်။ ၂၀၁၁ က ပြုလုပ်ခဲ့သော ဖူကူရှီးမားဆေးတက္ကသိုလ် စစ်တမ်းတွင် ရွှေ့ပြောင်း ကယ်ဆယ်ခံရသူ ငါးဦးတွင် တစ်ဦးမှာ ဘေးဒုက္ခအလွန် စိတ်ဖိစီးမှု ရောဂါတစ်ခခံစားနေရသည်ကို တွေ့ရှိခဲ့သည်။
‘‘တခြားလူတွေ အများကြီးလိုပဲ ကျွန်မဆေးကုသမှု ခံယူရလုနီးပါး စိတ်ကျရောဂါဖြစ်နေခဲ့တယ်’’ဟု ဖူကူးရှီးမားမြောက်ဘက် အကီတာဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသော အကီကိုရှီမီဇု (၅၈) နှစ်ကဘးဒုက္ခဖြစ်ပြီး
ခြောက်လတာ ကာလအကြောင်း ပြန်ပြောင်းပြောပြသည်။ ယခုအခါတွင်မူ ရှီမီဇုတစ်ယောက် တိုမီအိုကာ လူမှုစင်တာတွင် အလုပ်လုပ်နေသည်။ ဒေသခံများအတွက် ခြင်းရက်နည်းကဲ့သို့ သင်တန်းများကို ကမကထ လုပ်ဦးဆောင်သည်။ ‘‘အလုပ်လုပ်နေခဲ့တာ အထောက်အကူ ဖြစ်တယ်လို့ ခံစားရတယ်’’ ဟု ၎င်းက ပြောသည်။
ဖူကူရှီးမား အခြေစိုက် ရှေ့နေတစ်ဦးဖြစ်သော ကာအိုရီဆူဂါနာမီက ဖူကူရှီးမား တက္ကသိုလ် လေ့လာမှုတွင် တွေ့ရှိရသော အချက်တစ်ချက်ကို ထုတ်ပြောသည်။ ကလေးသူငယ်များကို နေအိမ် ပြင်ပတွင် ဆော့ကစားခွင့်ပေးရန် မိဘများက တွန့်ဆုတ်နေခြင်းဖြစ်သည်။ ယင်းမှာ ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် စိုးရိမ်စရာ နောက်ဆက်တွဲဖြစ်ရပ်များ ရှိလာနိုင်သည်ဟု ဆူဂါနာမီက ဆိုသည်။
ဘေးဒုက္ခဇုန်တွင် ပြန်လည် တည်ဆောက်ရေးများ လုပ်ဆောင်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်း အများအပြား ရှိနေသည်။ ဓာတ်ရောင်ခြည်သင့်မှု ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများနှင့် တည်ဆောက်ရေးများနှင့် ဆက် စပ်သော အလုပ်နေရာ အများအပြားပေါ်ထွက်ခဲ့၍ ဖူကူရှီးမားစီရင်စုသည် အလုပ်လျှောက်ထားသူများအတွက် အခွင့်အလမ်း အများအပြား ရှိလာသည်။
ဒေသခံများကလည်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြသည်။ ယိုရှီယူကီအင်ဒိုမှာ တိုမီအိုကာမှ ဟိုတယ်မန်နေဂျာဟောင်း တစ်ဦးဖြစ်သည်။
သူက ဓာတ်ရောင်ခြည်သင့်မှုများ ဖယ်ရှားရှင်းလင်းရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လာရောက် လုပ်ကိုင်သော အလုပ်သမားများကို ပစ်မှတ်ထား၍ နေ့လယ်စာ ထမင်းချိုင့်ပို့သော လုပ်ငန်းစတင်ခဲ့သည်။ ၎င်း၏ ကုမ္ပဏီနာမည်ကို သူယခင်အလုပ်လုပ်ခဲ့သော ဟိုတယ်နာမည် မှည့်ထားသည်။
‘‘ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်’’ဟု အင်ဒို (၄၃)နှစ်က ဆိုသည်။
ဖူကူရှီးမားဘေးဒုက္ခအပြီး ခြောက်လအကြာတွင် တစ်နေ့ လျှင် ထမင်းဘူး ၃၆ ဘူးနှင့် စတင်ခဲ့သော လုပ်ငန်းသည် ယခုဆိုလျှင် နေ့စဉ် ထမင်းဘူးပေါင်း ၁,၃၀၀ နှင့် ၁,၅၀၀ ကြား ပို့ပေးနေရသည်။ အလုပ်သမားဦးရေမှာလည်း ၃၈ ဦးသို့ တိုးလာခဲ့ပြီဖြစ်သည်။
တိုမီအိုကာဒေသတွင် လမ်းစပွင့်လာသော အရာတစ်ခုလည်း ရှိသည်။ Sharp ကော်ပိုရေးရှင်း က ယင်းဒေသတွင် နှစ် (၂၀) ကန်ထရိုက်စာချုပ်ဖြင့် မြေငှားခြင်းဖြစ်သည်။ ဆိုလာစွမ်းအင်စက်ရုံ တစ်ခု ယမန်နှစ်အတွင်း စတင် လည်ပတ်ခဲ့သည်။ ယင်းလုပ်ငန်းမှနေ၍ တိုမီအိုကာမြို့နယ် အတွက် နှစ်ပေါင်း ၂၀ တွင် ၀င်ငွေယန်းငွေ ၁၁၂ သန်းရရှိစေမည်ဟု Sharp ကိုယ်စားလှယ် ယိုအိချိအာအိုကီက ဆိုသည်။

ပါရီအကြမ်းဖက်မှုနှင့် ဆက်နွှယ်သူ တစ်ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ စနိုက်ပါများ သုတ်သင်

ပါရီအကြမ်းဖက်မှုကြီးနှင့် ဆက်နွှယ်မှုရှိနိုင်သူတစ်ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ လက်ဖြောင့်စနိုက်ပါတပ်ဖွဲ့က သုတ်သင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်က ပါရီရှိ လူစည်ကားရာ ဇာတ်ရုံတစ်ခုအပါအဝင် နေရာအချို့ကို အကြမ်းဖက်သမားများက စီးနင်းတိုက်ခိုက်ရာ လူ ၁၃၀ သေဆုံးပြီး သေနတ်သမား ၇ ဦးကို ရဲများက သုတ်သင်ခဲ့သည်။ ယင်းအကြမ်းဖက်မှုကို စီစဉ်ညွှန်ကြားသူ အချို့သည် ပြင်သစ်၏အိမ်နီးချင်း ဘယ်လ်ဂျီယံသို့ ထွက်ပြေးကာ ခိုအောင်းပုန်းရှောင်နေသည်ဟု ယူဆရသည်။
မတ် ၁၅ ရက်ကမူ ပါရီအကြမ်းဖက်မှုနှင့် ဆက်နွှယ်သူများကို ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သလို လူတစ်ဦးကို ရဲတပ်ဖွဲ့၏ စနိုက်ပါများက အသေပစ်ခတ်နှိမ်နင်းခဲ့ရသည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၄ ဦးမျှ ဒဏ်ရာများရခဲ့ကြောင်းလည်း သိရသည်။

“မတ် ၁၅ ရက် နံနက်အစောပိုင်းက ဘရပ်ဆဲလ်မှာ ပြုလုပ်တဲ့စစ်ဆင်ရေးမှာ အကြမ်းဖက် သံသယတရားခံ နောက်ထပ်နှစ်ယောက်လောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ယူဆရပါတယ်။ ဒီအတွက်လည်း စိုးရိမ်နေပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံဝန်ကြီးချုပ် ချားလ်မစ်ချဲလ်က ဘရပ်ဆဲလ် ပတ်ဝန်းကျင်ဒေသများတွင် အကြမ်းဖက်သမားများကို စီးနင်းရှာဖွေသည့် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေဦးမည်ဟုလည်း ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်တောင်ပိုင်းရှိ တောစပ်နားတွင် ရဲတပ်ဖွဲ့က စီးနင်းခဲ့ရာ၌ သေနတ်သံ အချက် ၃၀ မျှ ကြားခဲ့ရကြောင်း မျက်မြင်တစ်ဦးက ဆိုသည်။ “လူတစ်ယောက်က ရဲတွေဘက်ကို ရိုင်ဖယ်နဲ့ ပြန်ပစ်နေတာ တွေ့တယ်။ ကျွန်တော်က ကိုယ်တိုင်သတိမထားမိဘဲ အကြမ်းဖက်မှု ဆန့်ကျင်ရေး စီးနင်းတဲ့ဇုန်ထဲ ရောက်နေခဲ့တာပါ” ဟု အမည်မဖော်ပြသည့် အဆိုပါအမျိုးသားက မှတ်ချက်ပေးခဲ့သည်။

အစ္စရေး တောင်တက်သမားတဦး နှစ် ၂၀၀၀ နီးပါးသက်တမ်းရှိ ရွှေဒင်္ဂါးတွေ့

အစ္စရေးနိုင်ငံမှ အမျိုးသမီး တောင်တက်သမားတဦးဟာ နိုင်ငံမြောက်ပိုင်း၊ ဂါလီလီဒေသ ရှေးဟောင်းသုတေသန နယ်မြေအနီး တောင်တက်ခရီးစဉ်အတွင်းမှာ နှစ် ၂၀၀၀ နီးပါး သက်တမ်းရှိတဲ့ ရွှေဒင်္ဂါးတပြားကို တွေ့ရှိခဲ့တယ်လို့ အစ္စရေး ရှေးဟောင်းပစ္စည်းဆိုင်ရာ အာဏာပိုင်အဖွဲ့ (အိုင်အေအေ) က ပြောပါတယ်။

လော်ရီရီမွန် အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အုပ်စုနဲ့အတူရှိနေစဉ်အတွင်း မြက်ခင်းစပ်မှာ ပြောင်ပြောင်လက်လက် အရာတခုကို တွေ့လိုက်ရပြီး ကောက်ယူကြည့်တော့မှ ရှေးကျတဲ့ ရွှေဒင်္ဂါးဖြစ်နေတာကို သိလိုက်ရတာဖြစ်တယ်လို့ ယူပီအိုင်သတင်းမှာ မတ်လ ၁၄ ရက်နေ့က ဖော်ပြပါတယ်။

Tuesday, March 15, 2016

အိုင်အက်စ်၏ နာမည်ကျော် စစ်ဦးစီးမှူးတစ်ဦး သေဆုံးသွားပြီဟု အမေရိကန် အတည်ပြု

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ထင်ရှားသည့် စစ်ဦးစီးတစ်ဦး သေဆုံးသွားပြီဟု အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ကြေညာခဲ့သည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အိုင်အက်စ် တပ်မှူး အဘူအိုမာ အယ်လ် ရှီရှာနီသည် လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း ပြောကြားခဲ့ကြသည်။ ဂျော်ဂျီယာ နိုင်ငံသား တစ်ဦးဖြစ်ပြီး အမည်ရင်း တာခန် ဘာတီရာရှာဗီလီဖြစ်သည့် ရှီရှာနီသည် မကြာသေးမီက ဆီးရီးယား အရှေ့မြောက်ပိုင်းတွင် အိုင်အက်စ် ယာဉ်တန်းတစ်ခုကို အမေရိကန် လေတပ်က တိုက်ခိုက်ရာ၌ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ စစ်ဆင်ရေးတွင် ရှီရှာနီ၏ ကိုယ်ရံတော်အချို့ သေဆုံးခဲ့သော်လည်း ၎င်းကိုယ်တိုင်ကမူ ထွက်ပြေး လွတ်မြောက်သွားကြောင်း ကောလာဟလအချို့ ထွက်ပေါ်ခဲ့သေးသည်။ သို့သော်လည်း မတ် ၄ ရက်က ရှက်ဒါဒီမြို့အနီး ပြုလုပ်ခဲ့သည့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ရှီရှာနီသည် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ယင်းဒဏ်ရာများဖြင့်ပင် သေဆုံးသွားကြောင်း အမေရိကန် စစ်ဘက်က ကြေညာခဲ့သည်။
ရက်ပိုင်းမျှ ဝေဒနာ ခံစားရပြီးနောက် မတ် ၁၄ ရက် နံနက်ပိုင်းတွင် အိုင်အက်စ်တပ်မှူး သေဆုံးသွားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကလည်း သီးခြား ကြေညာသည်။ ရှီရှာနီသည် အိုင်အက်စ်၏ အစွမ်းထက်သည့် စစ်ဦးစီးမှူး တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရပြီး ယမန်နှစ်အတွင်း အမေရိကန်က ၎င်းအတွက် ဒေါ်လာ ၃.၅ သန်း ဆုငွေထုတ်ခဲ့ဖူးသည်။

မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်တော့မည်ဟု သတိပေး


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နျူကလီးယားထိပ်ဖူး ဖောက်ခွဲစမ်းသပ်မှုတစ်ခုနှင့် နျူထိပ်ဖူးများကို သယ်ဆောင်သွားနိုင်သော ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို လုပ်ဆောင်တော့မည်ဟု နိုင်ငံပိုင်မီဒီယာက မတ်၁၅ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန် ပြည်မကြီးအထိ ရောက်အောင်ပစ်နိုင်သော တာဝေးပစ် ဒုံးကျည်ကို ဖန်တီးနိုင်ခဲ့ပြီဟု ကြေညာပြီးချိန်မှာပင် ယခုသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားကမူ မြောက်ကိုရီးယားတွင် ယခုအချိန်အထိ တိုက်ချင်းပစ်ဒုံးကျည် တီထွင်နိုင်ခြင်း မရှိသေးဟု ပြောကြားထားသည်။ ကင်က ထိုစမ်းသပ်မှုများကို မကြာမီကာလအတွင်း လုပ်ဆောင်သွားမည်ဟု ယင်းသတင်းတွင် ဖော်ပြခဲ့သော်လည်း ပြုလုပ်မည့် အချိန်ကို မထုတ်ပြန်ခဲ့ပေ။
မြောက်ကိုရီးယားသည် မတ်လက ပြုလုပ်ခဲ့သော နျူကလီးယားစမ်းသပ်မှုနှင့် ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့သော တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုတို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆယ်စုနှစ် နှစ်ခုအတွင်း အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုနှင့် ရင်ဆိုင်နေသည်။ ထို့ကြောင့် မြောက်ကိုရီးယား၏ မည်သည့်စမ်းသပ်မှုမဆို ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုနှင့် ရင်ဆိုင်ရဖွယ် ရှိသောကြောင့် မဝေးသော ကာလအတွင်း စမ်းသပ်မှု ရှိမလာနိုင်ပေ။
မကြာသေးမီက မြောက်ကိုရီးယား အစိုးရက ပြည်သူများသို့ ပြောကြားသည်ဟု ယူဆရသော လေလုံးများအရ မေလတွင် ကျင်းပမည့် အာဏာရပါတီ ဆွေးနွေးပွဲကြီး မတိုင်မီ အစိုးရ၏ အင်အားပြသမှုကို ပြုလုပ်နိုင်ကြောင်း ညွှန်ပြနေသည်။ ယခင်ကမူ မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှုများနှင့် ဒုံးကျည်လွှတ်တင်မှုများကို သုံးနှစ်နှင့် လေးနှစ်မှ တစ်ကြိမ် ပြုလုပ်လေ့ရှိသည်။
တောင်ကိုရီးယား လေ့လာသူများ၏ ပြောကြားချက်အရ စမ်းသပ်မှုများ အမှန်တကယ် ပြုလုပ်ဖြစ်ပါက ကင်ဂျုံအွန် ဆိုလိုသည့် ထိုနျူကလီးယားထိပ်ဖူး ဖောက်ခွဲမှုမှာ ပလူတိုနီယံ (သို့) ယူရေနီယံ မပါဝင်သော Trigger device တစ်ခုသာ ဖြစ်လိမ့်မည်ဟု သုံးသပ်ကြသည်။ မြောက်ကိုရီးယားသည် ထိုထိပ်ဖူးကို တိုက်ချင်းပစ် ဒုံးကျည်ဖြင့် မဟုတ်ဘဲ တာတိုပစ်ဒုံးကျည်ဖြင့်သာ ပစ်လွှတ်စမ်းသပ် နိုင်သည်ဟုလည်း ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ၉ ဦးမြောက် သမ္မတ ဦးထင်ကျော်ဖြစ်လာ


KFC Myanmar
မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၂ ဦး တက်ရောက်ခဲ့ကြောင်း ၊ ဒုသမ္မတ ၃ ဦး အနက် မှ ၁ ဦးကို သမ္မတအဖြစ် ရွေးချယ်ကြရာ ဦးထင်ကျော်က ထောက်ခံမဲ ၃၆၀ ရရှိပြီး မဲအပြတ် အသတ်နဲ့ နိုင်ငံတော်သမ္မတကြီးရာထူးအတွက် ရွေးချယ်ခံလိုက် ရတာ ဖြစ် ပါတယ်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းတဲ့ ဦးမြင့်ဆွေက ထောက်ခံ မဲ ၂၁၃ နဲ့ ဒုတိယ သမ္မတ ၁ အဖြစ် ရွေးချယ်ခံရပြီး ဦးဟင်နရီ ဗန်ထီးယူကတော့ ထောက်ခံမဲ ၇၉  မဲဖြင့် ဒုတိယသမ္မတ ၂ အဖြစ် ရွေးချယ် ခံရပါတယ်။
ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတကြီးအဖြစ် ဦးထင်ကျော်ကို တင်မြှောက်လိုက်ပြီ ဖြစ်လို့ မတ်လ ၃၀ ရက် နေ့မှာ သမ္မတဦးသိန်းစိန်အစိုးရက တရားဝင် အာဏာ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။
ဦးထင်ကျော်ကို ၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၇၀ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူရဲ့ ဖခင်က စာရေးဆရာကြီးဖြစ်တဲ့ မင်းသုဝဏ် ဖြစ်ပါတယ်။  ဖခင် စာရေးဆရာကြီး မင်းသုဝဏ်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD  ပါတီရဲ့  ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။
ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် အားကိုးရတဲ့ လူယုံတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ  မက်သဒစ်ကျာင်း (ဒဂုံ ၁)မှာ အခြေခံပညာ ဆည်းပူးခဲ့သူလည်းဖြစ်ပါတယ်။

တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်မယ်လို့ ဦးဟင်နရီဗန်ထီးယူပြော



တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ အကောင်းဆုံးကြိုးစားသွားမည်ဟု ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူက ပြောဆိုလိုက်သည်။
မတ်လ ၁၅ရက်က ပြည်ထောင်စုလွှတ်တော်တွင်ပြုလုပ်သော သမ္မတရွေးချယ်တင်မြှောက်ပွဲတွင်  ဒုသမ္မတ(၂)အဖြစ် ရွေးချယ်ခံရပြီးနောက် ဦးဟင်နရီဗန်ထီးယူက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ဒီလို ကြီးမားတဲ့တာဝန်ကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော့ကိုတာဝန်ပေးတဲ့အခါမှာ ပေးအပ်တဲ့တာဝန်ကို တာဝန်သိသိ သစ္စာရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်သွားပါမယ်လို့ ဒီနေရာကနေ ပြည်သူလူထုကို ကတိပေးပါတယ်" ဟု ဦးဟင်နရီဗန်ထီးယူက ပြောသည်။

"ပြည်ထောင်စုဝန်ကြီးဌာနအမည်နှင့် အရေအတွက်များကို လာမည့် မတ်လ ၁၇ ရက် တွင် လွှတ်တော်သို့ တင်ပြမည် "

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို လာမည့် မတ်လ ၁၇ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်၍ အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူက တင်ပြသည့် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်၊အမည်နှင့် ပြည်ထောင်စုဝန်ကြီးအရေအတွက်တို့ကို ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်သို့ တင်ပြမည် ဖြစ်သည်။အဆိုပါ တင်ပြချက်များကို လာမည့် မတ်လ ၁၈ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily

ဒုသမ္မတ ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ မထုတ်ပြန်ပေးခြင်းက မဲဆန္ဒရှင်အခွင့်အရေးချိုးဖောက်ခြင်းလားဟု ကြံ့ခိုင်ရေးမေးခွန်းထုတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးချယ်ကာ ပြည်သူ့လွှတ်တော်အမတ်များ၏ ထောက်ခံချက်ဖြင့် ဒုသမ္မတဖြစ်လာသည့် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို NLDက တရားဝင်မထုတ်ပြန်ပေးခြင်းက မဲဆန္ဒရှင်များ၏ မူလအခွင့်အရေးကို ထိပါးစေသော အပြောင်းအလဲလားဟု ကြံ့ခိုင်ရေးပါတီက ၎င်းပါတီက ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာကတစ်ဆင့် မေးခွန်းထုတ်လိုက်သည်။ 
ဦးထင်ကျော်၏ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ပြည်သူများအား ရင်းနှီးပွင့်လင်းစွာ ချမပြခဲ့ခြင်းမှာ အင်အားကြီးပါတီက အင်အားနည်းပါတီများကို ဖိနှိပ်သည့် အသွင်ဆောင်စေသည်ဟု ပြောဆိုလိုက်သည်။

သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ(၁) ဦးမြင့်ဆွေနဲ့ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဖြစ်လာပြီ

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တင်မြှောက်

ထားသော ဒုသမ္မတသုံးဦးအနက် သမ္မတရွေးချယ်ပွဲကို ပြည်ထောင်စုလွှတ်တော်တွင် မတ်လ  ၁၅ရက်က နံနက် ၁၀
နာရီတွင် မဲခွဲရွေးချယ်ရာ ဦးထင်ကျော်က မဲအများဆုံးရရှိကာ သမ္မတအဖြစ် တင်မြှောက်လိုက်ပြီဖြစ်သည်။
မဲအများဆုံးဖြင့် ဦးထင်ကျော်က သမ္မတဖြစ်လာပြီး ဒုတိယမဲအများဆုံးရရှိသူ ဦးမြင့်ဆွေက ဒုသမ္မတ(၁)နှင့် တတိယမဲ
အများဆုံးရရှိသော ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂)အဖြစ် ပြည်ထောင်စုလွှတ်တော်က တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

ဘွဲ့လက်မှတ်အတုဖြင့် YTU တွင် လေးနှစ်ကျော်ကြာ ဧည့်ပါမောက္ခတာဝန် ထမ်းဆောင်ခဲ့သူကို အသင်းမှ ထုတ်ပယ်

ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) တွင် လေးနှစ်ကျော်ကြာ ဧည့် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူတစ်ဦး၏ ဘွဲ့လက်မှတ် အတုဖြစ်နေ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက အ သင်းသားအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ်မှာ ဦးတင် ထွန်းဖြစ်ပြီး ၁၉၉၁ RIT- BE Civil, M.Sc, Ph.D (Project Management) ဘွဲ့ရရှိထားသည် ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြထားသည်။ ၎င်းသည် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) တွင် ၂၀၁၂ မှစတင်၍ ဧည့်ပါမောက္ခအဖြစ် အင်ဂျင်နီ ယာနှင့် မဟာအင်ဂျင်နီယာတန်း ကျောင်းသူ၊ ကျောင်းသားများ အား Project Management အ ဖြစ် စာသင်ကြားပေးခဲ့ကြောင်း အင်ဂျင်နီယာအသိုင်းအ၀ိုင်းမှ စုံ စမ်းသိရှိရသည်။
ဒေါက်တာ တင်ထွန်းသည် မြန်မာအင်ဂျင်နီယာ ကောင်စီ (Myanmar Engineering Coucil) က ၂၀၁၄ ဧပြီလတွင် အသိ အမှတ်ပြု အင်ဂျင်နီယာလက်မှတ် (PE)နှင့် အာဆီယံအသိအမှတ်ပြု PE (ACPE) လက်မှတ်ရရှိထား သူဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီ ယာအသင်းနှင့် မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီ၌ အဖွဲ့ဝင်အ ဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ရွေးကောက်ခံ ကိုယ်စားလှယ်များ တင်မြှောက်သည့် သမ္မတလောင်းနှစ်ဦးကို တပ်ကိုယ်စားလှယ် မထောက်ခံ

နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံခြင်းရှိ၊ မရှိ စိစစ်ရေးအဖွဲ့၏ စိစစ်တွေ့ရှိ ချက်ကို ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်သို့ တင်ပြ ရာ ရွေးကောက်ခံကိုယ်စားလှယ် များတင်မြှောက်သည့် သမ္မတလောင်းနှစ်ဦးကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ကိုယ်စားပြုသူ ဗိုလ်ချုပ်သန်း စိုးက မထောက်ခံခဲ့ပေ။ စိစစ်ရေးအဖွဲ့ဝင် ခုနစ်ဦးရှိ သည့်အနက် ခြောက်ဦးက ထောက်ခံသဖြင့် ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အစုအ ဖွဲ့၏ သမ္မတလောင်းအဖြစ် အဆို ပြုခြင်းခံရသော ဦးထင်ကျော် သည် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများအတွက် သတ်မှတ်အရည်အ ချင်းများနှင့် ပြည့်စုံသူဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

သမ္မတသစ် ယနေ့ရွေးချယ်မည်

အစိုးရအဖွဲ့သစ်ခေါင်းဆောင် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၁၀ နာရီတွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။
နိုင်ငံတော် သမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်ထားသော ဒုသမ္မတနှစ်ဦးနှင့် တပ်မတော်က တင်မြှောက်ထားသည့် ဒုသမ္မတတစ်ဦး စုစု ပေါင်း သုံးဦးတို့ကို ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရွေး ချယ်မည်ဖြစ်ကာ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတဖြစ်လာမည် ဖြစ်သည်။
မတ်လ ၁၅ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ၌ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်သားရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ဒုသမ္မတသုံးဦးအနက် တစ်ဦးကို မဲပေးရွေးချယ်ရမည် ဖြစ်သည်။

Saturday, March 12, 2016

ဒီဇယ်ရထားစက်ခေါင်းများ အိန္ဒိယက မြန်မာနိုင်ငံသို့ ပေးပို့မည်

မြန်မာနိုင်ငံက ရထားလမ်းသယ်ယူပို့ဆောင်ရေးစနစ် မြင့်မားစေရေး အနေဖြင့် အိန္ဒိယနိုင်ငံက ၁၈ မီတာဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းများ ပေးပို့သွားမည်ဖြစ်သည်။
ယခုကဲ့သို့ ပေးပို့မှုသည် ၂၀၁၆ မတ် ၄ ရက်က နေပြည်တော်တွင် အိန္ဒိယကုမ္ပဏီ RITES နှင့် မြန်မာ့မီးရထားတို့ကြား သဘောတူလက်မှတ်ရေးထိုးခဲ့မှုအရဖြစ်သည်။ ယင်းလက်မှတ်ရေးထိုးပွဲတွင် မြန်မာ့မီးရထားဝန်ကြီး ဦးဥာဏ်သန်းအောင်နှင့် အိန္ဒိယသံအမတ်ကြီး ဂူတမ်တို့လည်း တက်ရောက်ခဲ့ကြသည်။

မွန်ဂိုလီးယားသံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားသံအမတ်ကြီး T.Togsbilguun က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိနေအိမ်တွင် မတ် ၁၁ ရက်က လာရောက်တွေ့ဆုံသည်။သံအမတ်ကြီးက မွန်ဂိုလီးယားသမ္မတ Ts.Elbegdorj ၏ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစကားပါးမှုကို ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် NLD ပါတီ၏ အနိုင်ရမှုအတွက်လည်း ချီးကျုးစကား ပြောခဲ့သည်။ထိုနောက်တွင် မွန်ဂိုလီးယား-မြန်မာဆက်ဆံရေးအပေါ် အမြင်များ ဖလှယ်ရန် သံအမတ်ကြီးက နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးလက်အောက် နိုင်ငံရေးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျာတို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
mizzima

Saturday, February 20, 2016

မြန်မာ- ဗြိတိန် ကုန်သွယ်ရေးတည်ဆောက်ရန် ဗြိတိန်က ကန်ဒေါ်လာ သန်း ၃၀၀ ချထားပေး

ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး အာမတ်သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကာ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကဏ္ဍ၌ လုပ်ကိုင်နေကြသည့် ဗြိတိန်ကုမ္ပဏီများအတွက် စီးပွားရေးအခွင့်အလမ်းများ ရရှိနိုင်ရေး ဖော်ဆောင်ပေးခဲ့သည်။

မလိုအပ်ဘဲ ဟွန်းရှည်တီ်းရင် ဒဏ်ငွေသုံးသောင်းနဲ့ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းအရေးယူတော့မယ်

ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဟွန်းသံကင်းမဲ့ဇုန် ၃၁မြို့နယ်အတွင်းမလိုအပ်ဘဲ ဟွန်းရှည်တီးသည့် မော်တော်ယာဉ်များကို စီမံချက်အသွင်ဖြင့် စစ်ဆေးအရေးယူတော့မည်ဟုယာဉ်ထိန်းရဲတပ်ဖွဲ့ကသတိပေးလိုက်သည်။

UNFC က နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းမည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ် အစည်းအဝေးတွင် “နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN)” ဖွဲ့စည်းရန် ဆွေးနွေးလျက်ရှိကြောင်း UNFC က ပြောသည်။

တည်းခိုဆောင်ငှားရမ်းခ မြင့်မားမှုကို ထိန်းချုပ်နိုင်ရန် မန်းရွှေစက်တော်ဂေါပကအဖွဲ့က နှုန်းထားများသတ်မှတ်

မန်းရွှေစက်တော်ဘုရားပွဲတွင် ပုဂ္ဂလိကတည်းခိုဆောင် ငှားရမ်းခဈေးနှုန်းများ မြင့်မားမှုကိုထိန်းချုပ်ရန်အတွက် ဘုရားကြီးဂေါပကအဖွဲ့က ငှားရမ်းခနှုန်းထားများ သတ်မှတ်၍ ကြီးကြပ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

တောမီးငြိမ်းရာမှာသုံးဖို့ ရုရှားလုပ် Be – 200 လေယာဉ်တွေဝယ်ယူရန်အင်ဒိုနီးရှားစီစဉ်

တောမီးငြိမ်းရာမှာသုံးဖို့ ရုရှားလုပ် Be – 200 လေယာဉ်တွေဝယ်ယူရန်အင်ဒိုနီးရှားစီစဉ်အင်ဒိုနီးရှားနိုင်ငံက ရုရှားလုပ် မြေပြင်တွင်သာမက ရေပြင်သို့ ဆင်းသက်ပျံသန်းနိုင်သည့် Be -200 အမျိုးအစား လေယာဉ် ၄စင်း ၀ယ်ယူရန် စီစဉ်နေကြောင်း ရုရှားကာကွယ်ရေးလက်နက်ထုတ်လုပ်ရေး အသိုင်းအ၀န်း ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်း RIA Novosti ကဆိုပါတယ်။

အမေရိကန်က ဂျပန်ရှိ အိုကီနာဝါကျွန်းပေါ် နျူလက်နက်များ ထားရှိခဲ့

လူအများသိရှိထားသည့် လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း အမေရိကန်သည် စစ်အေးတိုက်ပွဲကာလအတွင်း နျူကလီးယား လက်နက်များကို ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ထားရှိခဲ့သည်ဆိုသည့် အချက်ကို လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ကာ ထုတ်ပြန်ကြေညာလိုက်သည်။

၅၉(စ) ပြင်လိုသူများ အာဏာရှင်စနစ်ကို မွေးခိုင်းတာလားဟု ကြံ့ခိုင်ရေးအာဘော် မေးခွန်းထုတ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် အဟန့်အတား ဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်၊ ဆိုင်းငံ့ရန်စသည့် ပြောဆို လှုပ်ရှားမှုများကို ရည်ညွှန်းလျက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ့အာဘော်က ဝေဖန်လိုက်သည်။

သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး စစ်သားက သေနတ်ဖြင့်ပစ်၊ ဒဏ်ရာရအမျိုးသား ဆေးရုံတွင်သေဆုံး သေနတ်ဖြင့်ပစ်သည့်တပ်ကြပ်ကို စစ်ဥပဒေအရ အရေးယူမည်ဟု တပ်မတော် တာဝန်ရှိသူပြော

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဘူးစင်စခန်း သစ် ထုတ်လမ်းတွင် သစ်တင်လာ သည့်ကားကို တပ်က ဂိတ်ကြေး တောင်းရာ မပေးသဖြင့် စကား များရန်ဖြစ်ရာမှ တပ်ကြပ်တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားသည်။

ဘိန်းစိုက်ခင်းပိုင်ရှင်များနှင့် ထိပ်တိုက်မတွေ့စေရန် အခြေအနေကို ကြိုတင်ထိန်းသိမ်းခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ပြော

ကချင်ပြည်နယ်ရှိ ချီ ဖွေနှင့် ကန်ပိုက်တီးဘက်သို့ ဘိန်းခင်းသွားရောက်ဖျက်ဆီး မည့် လူထုအခြေပြုမူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့သည် ယနေ့အထိ ချီဖွေလမ်းခွဲတွင် ရှိနေဆဲဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဘိန်းစိုက်ခင်းပိုင်ရှင်များနှင့် ဖြစ်လာမည့် ပြဿနာကို ကြိုတင် ထိန်း သိမ်းထားခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောသည်။

“ကွမ်းလုံ-ချင်းရွှေဟော်လမ်းပေါ်တွင်ယနေ့နံနက် အစောက ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွား”


ကွမ်းလုံ - ချင်းရွှေဟော်ကားလမ်းပေါ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်) နံနက်အစောပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုပြင်းထန်သဖြင့် ကားလမ်း ပေ ၂၀ ပတ်လည်ခန့် ပျက်ဆီးသွားကာ ဓာတ်တိုင်နှစ်တိုင်ခန့်ပျက်ဆီးသွားကြောင်း သတင်းရရှိသည်။

မကွေးတိုင်းတွင် ၄တန်း၊ ၈တန်း မေးခွန်းပေါက်ကြားမှု အထက်တန်းပြဆရာမ နှင့် မိတ္တူဆိုင်ရှင်အား စစ်ဆေးနေ

၂၀၁၅-၁၆ ပညာသင်နှစ်အတွက် မကွေးတိုင်းအတွင်း စတုတ္ထတန်း နှင့် အဌမတန်းစာမေးပွဲမေးခွန်းလွှာများ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွင် ပေါက်ကြားခဲ့မှုနှင့်ပတ်သက်၍ အထက်တန်းပြကျောင်းဆရာမ တစ်ဦးနှင့် မိတ္တူဆိုင်ပိုင်ရှင် တစ်ဦးတို့အား စစ်ဆေးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တောင်ကိုရီးယားနှင့် နယ်စပ်အနီး မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်

မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့မှုကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ဖေဖော်ဝါရီ ၂၀ က နယ်စပ်ကျွန်းတစ်ခုအနီး ဖြစ်နိုင်ဖွယ် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် မြောက်ကိုရီးယားက အမြောက်ဖြင့် အနည်းငယ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု တောင်ကိုရီးယား စစ်ဘက်ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရနှင့် အပစ်ရပ် လက်မှတ်မထိုးသေးသည့် တပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမည်



အစိုးရအနေနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုင်းနိုင်ငံမှာ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။