Saturday, July 13, 2013
ကွန်ဒုံးအတွင်း မူးယစ်ဆေးပြားထောင်ချီ မန္တလေးဘူတာကြီး၌ ဖမ်းမိ
မန္တလေးမြို့တော်
ဘူတာကြီး အမှတ် (၂) စင်္ကြံတွင် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ခန့်က
တွဲ ထိုးထားသော မန္တလေး-မြစ်ကြီးနား အမှတ်(၅၅)အဆန် ရထား ရိုးရိုးတန်းတွဲ(၄)၊
ခုံအမှတ်(၃၈) တွင် စီးနင်း လိုက်ပါသည့် ခရီးသည်တစ်ဦးထံမှ ကွန်ဒုံးအတွင်းထည့်သယ်ဆောင်လာသော မူးယစ်ဆေးပြား ၂၂၈၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း
မန္တလေးမြို့ အမှတ်(၄)တပ်ခွဲ ရထားရဲစခန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က
ပြောကြား သည်။
မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာသူပုန်များ ဖမ်းဆီးထားဟု တောင်ကိုရီးယား ပြောကြား
မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာနိုင်ငံ အတွင်းရှိသူပုန်များက
ဖမ်းဆီးထိန်းသိမ်းထားပြီး ဘိန်း စိုက်ခင်း တစ်ခုတွင် အတင်းအကျပ်
စေခိုင်းခဲ့ကြောင်း စွပ်စွဲမှုများကို တောင်ကိုရီးယားက စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဇူလိုင် ၁၂ ရက်တွင်
ပြောကြားခဲ့သည်။
Friday, July 12, 2013
"ထိုင်ဝမ်သို့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်"

ထိုင်ဝမ်တွင် တိုင်ဖွန်းမုန်တိုင်း #Soulik
ဝင်ရောက် တိုက်ခတ်ဖွယ်ရှိ သဖြင့် ပြင်ဆင် မှုများ ဆောင်ရွက် လျက်ရှိသည်။
Soulik တိုင်ဖွန်းမုန်တိုင်းသည် အင်အားလျော့လာသော်လည်း ထိုင်ဝမ်ကမ်းခြေသို့ ဝင်ရောက်တိုက်ခတ်စဉ် လေပြင်တိုက်ခတ်ပြီး မိုသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
ဦးနှောက်ကို အလုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်နိုင်
စာအုပ်များရေးခြင်း၊ ပေးစာများရေးခြင်း စသဖြင့် ဦးနှောက်များကို အလုပ်ပေးခြင်းသည် အသက်ကြီးရင့် ချိန်တွင် ဦးနှောက်ကိုထိခိုက်မှု ကာကွယ်ရာ၌ အထောက်အကူပြုကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။ တစ်သက်တာစိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများက မှတ်မိဥာဏ်ကျဆင်းခြင်း ကို နှေးကွေးစေနိုင်
မူကြိုကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်
ရှမ်းပြည်နယ်
(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ရပ်ကွက် (၄) မြို့သစ်ရပ်တွင် ဇူလိုင်လ ၇
ရက်နေ့ ညနေပိုင်း အချိန်က အသက် လေးနှစ်အရွယ် မူကြိုကလေးငယ်တစ်ဦးကို
အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ် ပွားခဲ့ ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ
သိရသည်။
၁၄-နှစ် သမီး မုဒိမ်းကျင့်ခံရ၍ သေ၊ ထွက်ပြေးကာတပ်ထဲဝင်သော တရားခံကို ရဲကလိုက်သောအခါ ညီကို တပ်ထဲ လူစားထည့်ပေးကာ တဖန်ထွက်ပြေး ဟု ဆို
ပြီးခဲ့သော ၂၀၁၃-ခုနှစ် ဧပြီလ (၄)ရက်နေ့က ရခိုင်ပြည်နယ်
အမ်းမြို့နယ် တပ်တောင်ကျေးရွာမှ ၁၄-နှစ် အရွယ် မိန်းကလေးတစ်ဦးကို
မုဒိမ်းပြုကျင့်သဖြင့် သွေးလွန်ကာ ကျူးလွန်ခံရသူသေ ဆုံးသွားသည့် အတွက်
ထွက်ပြေးကာ တပ်ထဲဝင်သွားသည့် တရားခံမောင်ဝင်းနိုင်အား ယနေ့ထက်ထိ
ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းသိရသည်။
ဗုဒ္ဓဂယာ၌ လုံခြုံရေး တိုးမြှင့်ထားပြီး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် မြန်မာအပါအ၀င် ခရီးသွားများ ၀င်ရောက်မှု လျော့ကျခြင်းမရှိ
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုသည်
မြန်မာအပါအ၀င် ခရီးသွား ဧည့်သည်များ ၀င်ရောက်မှုအပေါ် သက်ရောက်မှု မရှိဘဲ
လတ်တလောတွင် လုံခြုံရေးလည်း တိုးမြှင့်ထားကြောင်း အိန္ဒိယနိုင်ငံ The Times
of India က ထုတ်ပြန်ခဲ့သည်။
မွတ်စလင်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ ဘန်ကီမွန်းကို OIC တောင်းဆို

အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အခက်အခဲဖြစ်နေရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို မနေ့ က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအား နိုင်ငံသား ဖြစ်ခွင့်ပေးရန် ဘန်ကီမွန်း ပြောကြား
ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် မြင်တွေ့လိုပါက
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဗုဒ္ဓ ဘာသာဝင်များက လူနည်းစုမွတ်စလင်များအား
အကြမ်းဖက် နေမှုများကို ရပ်တန့်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက
ဗုဒ္ဓဟူးတွင် ပြောကြားသည်။
Thursday, July 11, 2013
ရန်ကုန်မြို့တော် သယ်ယူ ပို့ဆောင်ရေးနှင့် လုံခြုံရေး အတွက် အဆင့်မြင့် ကင်မရာများ တပ်ဆင်ကာ စတင်ဆောင်ရွက်

ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးအတွက် အထောက်အကူပြုစေမည့် အဆင့်မြင့် ကင်မရာစီစီတီဗွီများတပ်ဆင်ကာ ရန်ကုန်မြို့လယ်ဧရိယာကို လွှမ်းခြုံကြည့်ရှုသည့် အစီအစဉ်ကို ယခု လမှစတင်ကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
၂၀၀၂ မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်း၊ ငလျင်နှင့် ရေကြီးမှုဒဏ်ကြောင့် လူဦးရေ သုံးသန်းကျော် ထိခိုက်ခဲ့

မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း ရေကြီးခဲ့ပြီး
တာချီလိတ်မြို့ပေါ်တွင် ရေကြီးနေသည်ကို ဇူလိုင် ၅ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ-ဆူလဏီး)
၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း၊
ငလျင်နှင့် ရေကြီးမှုဒဏ်ကြောင့် လူဦးရေ ၃ သန်းကျော် ထိခိုက်ခဲ့ကြောင်း
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး
(UNOCHA) မှ သိရသည်။
တရားဝင် ခွင့်ပြုချက် မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြား လာပါက အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ အရေးယူမည်
တရားဝင်ခွင့်ပြုချက်မရှိဘဲ ငွေတိုးချေးစားသူများကို
ဖော်ထုတ်တိုင်ကြားလာပါက အသေး စားငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ
အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး
ရဲချုပ်ကျော်ကျော်ထွန်းက ဇူလိုင် ၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ပြောကြားသည်။
ရိုဟင်ဂျာများကို ပါကစ္စတန် လေ့ကျင့်ပေးနေကြောင်း အိန္ဒိယ စွပ်စွဲ
နယူးဒေလီ
(မဇ္ဈိမ)။ ။ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ (ISI) က ကျောထောက်
နောက်ခံပေးထားသည့် အကြမ်းဖက် အဖွဲ့များဖြစ်ကြသော Harkat-ul-Jihad (HuJI)
နှင့် Lashkar-e-Toiba (LeT) တို့က မြန်မာနိုင်ငံ မှ မူဆလင်
ရိုဟင်ဂျာများကို လူသစ်စုဆောင်းနေသည်ဟူ၍ အိန္ဒိယ ထောက် လှမ်းရေး
အေဂျင်စီများက စွပ်စွဲ လိုက်သည်။
သံဃာအယောင်ဆောင်ကာ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို ခေါ်ဆောင်ခဲ့သူ မွတ်စလင် လင်မယားနှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ
ရန်ကုန်မြို့သို့ သံဃာအယောင်ဆောင်ကာ ၀င်ရောက်လာသော
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးကို သာသနာတော် ညှိုးနွမ်းစေမှုဖြင့်
အမှုဖွင့်ပြီး ၎င်းတို့အား ခေါ်ဆောင်ခဲ့သူ မွတ်စလင် လင်မယားနှစ်ဦး ကိုလည်း
ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သီပေါမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တရုတ်အမျိုးသား ဇနီးအဖြစ် ရောင်းစားခဲ့သော လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး ရမိ
သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ ရပ်ကွက်တစ်ခုမှ အသက် ၁၁ နှစ်အရွယ်
ကလေးငယ် တစ်ဦးအား
ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလ သတ်မှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလအဖြစ်
သတ်မှတ်ကာ လုံခြုံရေးအင်အား များ တိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး
မြင့်အေးထံမှ သိရသည်။
Subscribe to:
Posts (Atom)













