Saturday, December 14, 2013

လွတ်မြောက်လာသူ ကိုဒီငြိမ်းလင်းကို နောက်ထပ်အမှုဖွင့်

Photo: လွတ်မြောက်လာသူ ကိုဒီငြိမ်းလင်းကို နောက်ထပ်အမှုဖွင့်
Friday, December 13, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့အတွက် ကိုဒီငြိမ်းလင်းကို ဒီကနေ့ ဒဂုံမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။

ဒီနေ့မနက်က သူ့ရဲ့အိမ်ကို ဒဂုံရဲစခန်းက အကြောင်းကြားစာလာပို့သွားတယ်လို့ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

“ကျနော့်အိမ်ကိုတော့ ဒဂုံမြို့နယ်ရဲစခန်းက ဒုရဲအုပ်လာပြီးတော့ပြောတယ်၊ ပုဒ်မ ၁၈ နဲ့ ပြန်ပြီးတော့ တရားစွဲထားတယ်ပြောတယ်ခင်ဗျ၊ ၁၆ ရက်နေ့မှာ တရားရုံးမှာရင်ဆိုင်ရလိမ့်မယ်”

ကိုဒီငြိမ်းလင်းအပါအဝင် ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင် ၆ ယောက်ကို ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံမြို့နယ်တရားရုံးတို့က နိုဝင်ဘာလမှာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လချမှတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ကိုဒီငြိမ်းလင်းဟာ လာမယ့် ဒီဇင်ဘာ ၁၆ရက်နေ့ ဒဂုံမြို့နယ်တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ အမှုကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့အတွက် ကိုဒီငြိမ်းလင်းကို ဒီကနေ့ ဒဂုံမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။

ကင်ဂျုံအွန်၏ ဦးလေးကို သစ္စာဖောက်မှုဖြင့် ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

8.1.1
ဒီဇင်ဘာ ၁၃ ရက်တွင် ကိုရီးယားသတင်းအေဂျင်စီ ယွန်ဟပ်က ထုတ်ပြန်ပေးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်တွင် ဂျန်ဆောင်သက်အား တရားရုံးသို့ ခေါ်ဆောင်လာသည့် ဓာတ်ပုံ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးဦးလေး ဂျန်ဆောင်သက်သည် နိုင်ငံ့ခေါင်းဆောင် ကို ဖြုတ်ချ အာဏာသိမ်းရန် ကြိုးပမ်းသော နိုင်ငံတော် သစ္စာဖောက်သူ ဖြစ်သည့်အတွက် ဒီဇင်ဘာ ၁၂ ရက်တွင် ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ (KCNA)က ဒီဇင်ဘာ ၁၃ ရက် တွင် ကြေညာ ခဲ့သည်။

Friday, December 13, 2013

မီးရှို့အကြမ်းဖက်မှု များကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်မျိုးနွယ်စု ကျေးရွာများ ညကင်းချ

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆူပူမှုများ အရှိန်မြင့်လာကာ မီးရှို့မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလာသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ကျေးရွာ များတွင် ဒီဇင်ဘာလ ၁၁ နေ့မှ စတင်ကာ ညကင်းများ ချထားရကြောင်း အဆိုပါ ဒေသခံ များထံမှ သိရှိရ သည်။

တာဆန်း တံတားပေါ် ညနေ ၆ နာရီကျော် ဖြတ်သည့် ယာဉ်ကို လုံခြုံရေး အစောင့်တပ် သေနတ်ဖောက် တားမြစ်ဟုဆို

မိုင်းပန်-မိုင်းတုံ ကားလမ်းပေါ်ရှိ သံလွင် တံတား (တာဆန်း) ပေါ် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီကျော် ဖြတ်သန်း မောင်းနှင် သည့် ကိုယ်ပိုင် မော်တော်ယာဉ်ကို သံလွင် အနောက်ခြမ်း လုံခြုံရေး တာဝန်ကျ တပ်၏ သေနတ်ပစ်ဖောက် တားမြစ်ခံခဲ့ရကြောင်း တားမြစ်ခံရသူ မိုင်းတုံမြို့ တွင် နေ ထိုင်သော မော်တော်ယာဉ်ပိုင်ရှင် ဦးတင်မောင်လတ်က ပြောကြားသည်။

13.12.2013 to 19.12.2013 အထိ ၇ရက်သားသမီးဟောစာတမ်း


တနင်္ဂနွေ

ရည်ရွယ်ချက်များနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အတိုက်အခံများနေသည်။ မလိုသူများရှိသော် လည်း ကျော် လွှားအောင်မြင်နေမည်။ စကားပြောဆင်ခြင်ပါ။မူးဝေမှု၊ ဖျားနာမှု ၊ နာကျင်မှုတို့ဖြစ်ကိန်း ရှိသည်။ သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်ကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်ရမည်။ ဝန်ထမ်းအလုပ်ရမည်။ အလုပ်ရာထူးတက်မည်။ ချစ်သူ နှင့် စိတ်ဆိုးပြီး ပြန်ပြေလည်မည်။ ခရီးယာယီ သွားဖြစ် မည်။ ခြေ ၊ လက်ခိုက်မိတတ်သည်။

အကျိုးပေးဂဏန်း   ၁၊၅၊၇

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများ လက်ရှိအစိုးရကို ထိခိုက်စေဟု ပြန်ကြားရေး ထုတ်ပြန်

သူရိယနေ၀န်းဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့် မညီညွတ်ဘဲ၊ လက်ရှိ အစိုးရကို ထိခိုက်စေသည်ဟုဆိုကာ ညိှနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ဒီဇင်ဘာ ၁၂ ရက်တွင် အကြောင်းကြားလိုက်သည်။

ပေါင်းတည်ထောင်ရှိ အချုပ်သားသုံးဦး အစာငတ်ခံ ဆန္ဒပြမှုစပြီ

ပေါင်းတည်ထောင်အတွင်း အမှုရင်ဆိုင်နေရသော အချုပ်သားသုံးဦးသည် ဒီဇင်ဘာ ၁၃ ရက်တွင် အစာ ငတ်ခံဆန္ဒပြမှုများ စတင်မည်ဟု ထိုသူတို့၏ မိသားစုဝင်များက မဇ်္ဈိမသို့ တယ်လီဖုန်းမှတဆင့် ဒီဇင်ဘာ လ ၁၂ ရက်က အတည်ပြု ပြောကြားသည်။

ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် - အတွဲ ၂ အမှတ် ၄၉ ဂျာနယ်



ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် - အတွဲ ၂ အမှတ် ၄၉ ဂျာနယ် ဖတ်ရှုရန် ဒီနေရာ ကို နှိပ်ပါ ...

ဖွဲ့စည်းပုံပြင်ဆင်ရန် တွန့်ဆုတ်နေခြင်းက မရိုးသားမှုဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် အချို့က မလိုလား၊ စိတ်မပါသကဲ့သို့ လုပ်နေ သည့် ကိစ္စများသည် မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပြည့်မှီအောင်အိပ်၊ ကောင်းကောင်းအိပ်ရင် ပိုကြည့်ကောင်းလာမယ်


ပြည့်မှီအောင်အိပ်၊ ကောင်းကောင်းအိပ်ရင် ပိုကြည့်ကောင်းလာမယ်
Friday, December 13, 2013

ကောင်းကောင်းအိပ်တဲ့သူတွေဟာ ငယ်ရွယ်တဲ့ပုံ ပိုပေါက်ပြီး ပိုစွဲဆောင်မှုရှိတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ Clinical Sleep Medicine ဂျာနယ်မှာပါတဲ့ လေ့လာမှုသစ်တစ်ရပ်အရ၊ လပေါင်းများစွာ ပြည့်မှီအောင် အိပ်ရင် ပိုငယ်ရွယ် ပိုစွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။ ပြည့်မှီအောင် အိပ်တယ်ဆိုတာက အသက်ရှူပိတ်တာ၊ ဟောက်တာ၊ နဲ့ တခြားအသက်ရှုလမ်းကြောင်း ပြဿနာတွေမဖြစ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို ဆိုလိုတာပါ။

Photogrammetry လို့ခေါ်တဲ့ သိပ္ပံနည်းကျ မျက်နှာတိုင်းတာ စနစ်ကို မီချီဂန်တက္ကသိုလ် သုတေသီတွေက စသုံးခဲ့ပါတယ်။ စေတနာ့ဝန်ထမ်း ၂၂ယောက်နဲ့အတူ ၂လလောက် နှိုင်းယှဉ်လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ စဉ်ဆက်မပြတ် အသက်ရှုလမ်းကြောင်း ဖိအားမှန်ကန်ဖို့ CPAP ကုထုံးကိုလည်း ပေးပါတယ်။ ပြီးနောက် ရရှိလာတဲ့ 3D ရုပ်ပုံတွေကို ကြည့်ပြီး ဖျတ်လတ်မှု၊ နုပျိုမှု နဲ့ ဆွဲဆောင်မှုတွေကို အဆင့်အကဲဖြတ်ပါ တော့တယ်။ ဓါတ်ပုံအများစုမှာတော့ “ယခု” ပုံတွေ “ယခင်” ပုံတွေထပ် ပိုဖျတ်လတ်၊ ပိုနုပျို၊ ပိုဆွဲဆောင်မှုရှိနေတာကို တွေ့ရပါတယ်။ ကုထုံးပေးပြီးတဲ့နောက် ပုံတွေမှာ နဖူးကြောအထူ ကျဆင်းလာပါတယ်။ မျက်လုံးနဲ့ ပါးတွေပေါ်မှာ နီမြန်းတွေတာတွေလည်း လျော့လာပါတယ်။

လအတော်ကြာတဲ့အထိ ပြည့်မှီအောင် အိပ်၊ ကောင်းကောင်းအိပ်နိုင်မယ် ဆိုရင်တော့ ပိုမိုနုပျို၊ ပိုမို ဖျတ်လတ်ပြီး ပိုကြည့်ကောင်းလာမှာပါ။

Ref:herworldplus
Trend Myanmar

ကောင်းကောင်းအိပ်တဲ့သူတွေဟာ ငယ်ရွယ်တဲ့ပုံ ပိုပေါက်ပြီး ပိုစွဲဆောင်မှုရှိတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ Clinical Sleep Medicine ဂျာနယ်မှာပါတဲ့ လေ့လာမှုသစ်တစ်ရပ်အရ၊ လပေါင်းများ စွာ ပြည့်မှီအောင် အိပ်ရင် ပိုငယ်ရွယ် ပိုစွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။ ပြည့်မှီအောင် အိပ်တယ်ဆို တာက အသက်ရှူပိတ်တာ၊ ဟောက်တာ၊ နဲ့ တခြားအသက်ရှု လမ်းကြောင်း ပြဿနာတွေ မဖြစ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် တာကို ဆိုလိုတာပါ။

ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ

Photo: ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ
Friday, December 13, 2013

ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်း မှာ ကလေး ကူးသန်းရောင်းဝယ်မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအ၀င် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ဟာ နယ်စပ်ကို အလုပ်အကိုင် ရှာဖွေသူတွေရဲ့ ဝင်ပေါက်ကြီးတခုဖြစ်ပြီး  အလုပ်အကိုင် ရှာဖွေကြသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်သလို ကလေးအလုပ်သမားတွေ အများအပြားရှိတဲ့ ခရိုင်တခုလည်းဖြစ်ပါတယ်။  နယ်စပ်တလျှောက် မွေးကင်းစ ကလေးကစပြီး အသက်မပြည့်သေးတဲ့ကလေးတွေ ရောင်းစားခံရမူတွေ က လစဉ်လတိုင်းဖြစ်ပျက်နေတာပါ။ ကလေးသူငယ်တွေဟာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ တောင်းရမ်းစားသောက်တဲ့ လုပ်ငန်းတွေနဲ့ ကလေး အလုပ်သမားတွေ အဖြစ် ရောင်းစားခံနေရတာတွေ အပါအ၀င် ကလေးတွေခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမူတွေ စတဲ့ အမှုအခင်းတွေဟာ ၃နှစ်အတွင်းမှာ  ကလေးပေါင်း ၇၀၀ ကျော် ရှိတယ်လို့ ကလေးအခွင့်ရေး ကာကွယ် စောင်ရှောက်ရေးကော်မတီ  CPPCR ရဲ့ အထွေထွေအတွင်းရေးမှူး ကိုနိုင်မင်းက ဆိုပါတယ်။

" ကလေးကုန်ကူးခံရမှုက ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုထဲမှာ ပါနေတယ်။ သုံးနှစ်အတွင်း ဒီနှစ် စက်တင်ဘာလအထိပေါ့နော်။ အမှု ၇၁၅ မှုရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ပုံမှန်အားဖြင့် ကျနော်တို့ ပြန်ကြည့်ကြမယ်ဆိုရင် သူတို့အစိုးရဘက်ကရော၊ ကျနော်တို့ CPRS ရောပေါ့။ တိုင်တဲ့အမှုတွေ ပြန်ကြည့်မယ်ဆိုရင် ဒီနှစ်မှာ ပိုတက်လာတယ်ပေါ့နော်။ တချို့က သူတို့ကိုယ် သူတို့ လူကုန်ကူးခံရတယ်ဆိုတာ မသိကြဘူးဖြစ်နေကြတယ်။ အလိမ်ခံရတယ်။ အလိမ်ခံရတယ်ပဲ သုံးတယ်။ အဖွဲ့အစည်းတွေနဲ့တွေ့မှ လူကုန်ကူးခံရတယ်ဆိုတာ သိတယ်။"

ထိုင်းနိုင်ငံ မဲဆောက်နဲ့ဖုတ်ဖရ ဆိုတဲ့ မြို့နယ်တွေဘက်မှာတော့  အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လူကုန်ကူးပြီး ပြည့်တန်ဆာ လုပ်ငန်းတွေရောင်းစားတဲ့ လူကုန်ကူးမှုတွေဖြစ်ပွားနေတာပါ ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲမှာ အသက် မပြည့်သေးတဲ့ မြန်မာ မိန်းကလေးတွေကို ပြည်တန်ဆာတွေအဖြစ် ရောင်းစားသူတွေကို ထိုင်းလူဝင်မူကြီးကြပ်ရေးရဲတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေ ပူးပေါင်းပြီးဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ့ မြန်မာကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။

မဲဆောက်မြို့က လူဝင်မူကြီးကြပ်ရေး အရာရှိကတော့  အလားတူ လူကုန်ကူးမှုတွေကို ၂၀၁၃ ခုနှစ်ထဲမှာ အမူပေါင်း ၇ မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်မပြည့်သေးတဲ့  ကလေးသူငယ်တွေကို လူကုန်ကူးမှုတွေ အဖြစ်များနေတဲ့ မဲဆောက်မြို့မှာတော့ နှစ်စဉ် ဒီဇင်ဘာလ ၁၂ရက်နေ့ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့တိုင်း ရွှေ့ပြောင်း ကလေးစာသင်ကျောင်းတွေမှာ ပညာပေးမှုစီတန်းလမ်းလျောက်မူတွေ လုပ်ခဲ့တာပါ။

ဒီနှစ်မှာတော့ ကလေးကူသန်းရောင်းဝယ်မှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေ စုစည်းထားတဲ့ ဘားမားအက် ဆိုတဲ့အဖွဲ့က  ပညာပေးဟောပြောပွဲတွေ လုပ်နိုင်ခဲ့ပါတယ်၊ ဒီပွဲကိုမဲဆောက်မြို့က မြို့ပိုင်လည်း တက်ရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။

ထိုင်းဘာသာစကားနဲ့ သူပြောသွားတာကတော့ ကလေး ကူးသန်းရောင်းဝယ်မူတွေ ထဲက ကလေး အလုပ်သမားတွေ အဖြစ်ရောင်းစားတာ ကလေးပြည့်တန်ဆာတွေ အဖြစ်ရောင်းစားတဲ့ ပုံသဏ္ဍာန် အမျိုးမျိုးရှိတဲ့အကြောင်းနဲ့ ဒီလိုကလေးတွေကို ရောင်းစားနေတာတွေကို ထိုင်းနိုင်ငံအစိုးရအနေနဲ့ ပြဿနာကို ကြိုးစားဖြေရှင်းနေတဲ့ အကြောင်းကို ပြောဆိုသွားတာပါ။

ထိုင်းနိုင်ငံတွင်းမှာတော့  စက်ရုံအလုပ်ရုံတွေနဲ့ စိုက်ပျိုးရေးခြံတွေထဲမှာ ကလေးအလုပ်သမား အများအပြားရှိပြီး နယ်စပ်မှာတော့ တောင်းရမ်း စားသောက်တဲ့ လုပ်ငန်းတွေထဲမှာ ရောင်းစားခံထားရတဲ့ ကလေးတွေ အများအပြားရှိနေတာပါ ။

ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ အဖြစ်  ၂၀၀၀ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။ အီတလီနိုင်ငံ ပါလာမိုမြို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပါအ၀င် နိုင်ငံများပါဝင်တဲ့ ရာဇ၀တ်မှု တားဆီးရေး သဘောတူစာချုပ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့ နေ့ကို အရှေ့တောင်အာရှနိုင်ငံတွေ က  ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကလေး ကူးသန်းရောင်းဝယ်မူကို ဆန့်ကျင် ကန့်ကွက်သူတွေ နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာတော့ ၂၀၀၉ ခုနှစ်လောက်က စတင်ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ မဲဆောက်မြို့က ကလေးဖွံဖြိုးတိုးတက်မှု စင်တာ (စီဒီစီ) ကျောင်းမှာ ကလေးပေါင်း တစ်ထောင်ကျော်နဲ့အတူ ပညာပေးဆွေးနွေးပွဲနဲ့  ပြဇာတ်သရုပ်ဖော်ပွဲတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာ ကလေးငယ်များ
VOA
ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်း မှာ ကလေး ကူးသန်းရောင်း ၀ယ် မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအ၀င် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မဲခွဲဝေမှုတွင် အင်္ဂလန်အသင်းများ တွေ့ဆုံနိုင်ဖွယ်ရှိနေသည့် အသင်းများ

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မဲခွဲဝေမှုတွင် အင်္ဂလန်အသင်းများ တွေ့ဆုံနိုင်ဖွယ်ရှိနေသည့် အသင်းများ
Friday, December 13, 2013

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက်မှာ မည်သည့်အသင်းများ (၁၆)သင်းရှုံးထွက်အဆင့်တွင် တွေ့ဆုံကြမလဲဆိုတာကို ပရိတ်သတ်များစိတ်ဝင်တစားနဲ့မျှော်လင့်နေကြပါတယ်။ ပထမဦးဆုံး အုပ်စု ဒုတိယနဲ့တက်လာတဲ့ အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်၊ ခရစ်စတီယာနို၏ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၉ နှင့် ၂၀၁၁ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာ နှင့် အက်လတီကို နှင့် PSG အသင်းများ စတဲ့အသင်းများနဲ့ တွေ့ဆုံဖို့ အလားအလာရှိနေပါတယ်။  အုပ်စု ဒုတိယနဲ့ နောက်တဆင့်တက်လာတဲ့ မန်စီးတီးအသင်းကလည်း အာဆင်နယ်အသင်းနဲ့နည်းတူ အထက်မှာဖော်ပြထားတဲ့ အသင်းများနဲ့တွေ့ဆုံနိုင်ဖွယ်ရှိနေပြီး၊ ဘိုင်ယန်မြူးနစ်နေရာမှာ ဒေါ့မွန်အသင်းဘဲအပြောင်းအလဲရှိခဲ့တာပါ။ 

မန်ချက်စတာယူနိုက်တက်အသင်း နှင့် ချယ်ဆီးအသင်းကတော့ အုပ်စု (ဒုတိယ) နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်းများ နဲ့တွေ့ဆုံမှာဖြစ်တာကြောင့်အနည်းငယ် သက်သာမှာပါ။ မန်ချက်စတာအသင်းက ဂါလာတာစရေး၊ အိုလံပီယာကော့၊ ရှော်ကေး၊ ဇင်းနစ်၊ အေစီမီလန်စတဲ့အသင်းများထဲက တသင်းသင်းနဲ့တွေ့ဆုံဖွယ်ရှိနေပြီး၊ ချယ်လ်ဆီးအသင်းကတော့ ဘိုင်ယန်လေဗာကူဆင်၊ ဂါလာတာစာရေး၊ အိုလံပီယာကော့၊ ဇင်းနစ်၊ အေစီမီလန်တို့နဲ့ တွေ့ဆုံနိုင်ဖွယ် ရှိနေပါတယ်။  ရှုံးထွက်အဆင့်မှာ တစ်နိုင်ငံတည်း ကလပ်အသင်းများ တွေ့ဆုံကြမှာမဟုတ်ပါဘူး။ အာဆင်နယ်အသင်း ၏နည်းပြ အာဆင်ဝင်းဂါးကတော့ သူ့အသင်းသည် နောက်တဆင့်တွင် အခွင့်အရေးများထပ်မံဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်းလည်းပြောခဲ့ပါတယ်။ "အရင် လေး၊ ငါးနှစ်တွေတုန်းက ကျွန်တော်တို့အသင်း အရမ်းခက်ခဲတဲ့ မဲခွဲမှုရလဒ်တွေ ဖြစ်ခဲ့ပါတယ်။ 

ဒါကြောင့်လည်း ယခုအချိန်မှာတော့ ကျွန်တော်တို့အသင်း ဟိုအရင်အချိန်က ထက်ပိုပြီး ကံကောင်းနိုင်မယ်လို့ထင်ပါတယ်၊" ဆိုပြီး အုပ်စုခွဲဝေမှု အပေါ် မျှော်လင့်ထားမှုအားပြောပြခဲ့တာပါ.  ဒါအပြင် မော်ရင်ဟိုအနေကလည်း အုပ်စုပထမနေရာရထားသော်လည်း ခက်ခက်ခဲခဲကြိုးကြိုးစားစားနဲ့ ယှဉ်ပြိုင်ရမည့်အပေါ် အလွယ်တကူ လက်ခံနားလည်ထားကြောင်းကို "သေချာတာပေါ့ ကျွန်တော်တို့တတွေ အုပ်စု ပထမနဲ့ယခုအဆင့်ကို တက်လာတဲ့အသင်းကို လေ့လာကြည့်တဲ့အခါ၊ ထိုအသင်းကို သင့်အနေနဲ့ ယခုရှုံးထွက်ပွဲစဉ်တွေမှာ အနိုင်ရဖို့ ရေပန်းစားတဲ့အသင်းတစ်သင်းလို့ မြင်လိမ့်မယ်။ ဒါပေမဲ့လည်း လက်ရှိအုပ်စု ဒုတိယနဲ့တက်လာတဲ့အသင်းတွေမှာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပြိုင်ဖက်ကောင်းတွေရှိတယ်။ ပြီးတော့ လိဂ်အသီးသီးကချန်ပီယံ တွေရှိတယ်။ ရုရှားချန်ပီယံ၊ ဂရိချန်ပီယံစသဖြင့် ရှိနေတယ်။ ပြီးတော့ အေစီမီလန်အသင်းရှိတယ်။ ပြီးတော့ ချန်ပီယံလိဂ်သမိုင်းကြောင်းမှာ ဆုဖလားတွေအများကြီးယူနိုင်တဲ့အသင်း ဖြစ်တာကြောင့်သူတို့အသင်းလည်း ခက်ခဲမဲ့အသင်းဖြစ်တယ်။ ရှုံးထွက်အဆင့်ကို တက်ရောက် လာတဲ့အသင်းတိုင်းဟာ နည်းဗျူဟာပိုင်းဆိုင်ရာအပြောင်းအလဲ တွေနဲ့အတူ တစ်ပွဲနဲ့တစ်ပွဲထက် ပိုမိုကောင်းမွန်စွာ ယှဉ်ပြိုင်ကစားကြမဲ့အသင်းတွေချည်းပါဘဲ။ ဒီအဆင့်မှာအသင်းတိုင်းက အမြဲတမ်း ခက်ခက်ခဲခဲနဲ့ အစွမ်းကုန်ကြိုးစားရမှာပါ။" ဆိုပြီး ပြောဆိုသွားပါတယ်။  ရှုံးထွက်အဆင့် မဲခွဲမှုများကို လာမည့်တနလာင်္နေ့မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၈ ရက် နှင့် ၁၉ ရက်နေ့တို့မှာ စတင်ကစားကြမည်ဖြစ်ပါတယ်။ ထိုနေ့မှာတော့ မဲခွဲဝေမှုရလဒ်အရ အင်္ဂလန်ပရီးမီးယားလိဂ်ကလဂ်အသင်းများ ကံကောင်းနိုင်ကြမလားဆိုတာကို စောင့်မျှော်ကြည့်ရ တော့မည်ဖြစ်၏။ 

Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက်မှာ မည်သည့်အသင်းများ (၁၆)သင်းရှုံးထွက် အဆင့်တွင် တွေ့ ဆုံကြ မလဲဆိုတာကို ပရိတ်သတ်များစိတ်ဝင်တစားနဲ့မျှော်လင့်နေကြပါတယ်။ ပထမဦးဆုံး အုပ်စု ဒုတိယနဲ့ တက် လာတဲ့ အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်၊ ခရစ်စတီယာနို၏ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၉ နှင့် ၂၀၁၁ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာ နှင့် အက်လတီကို နှင့် PSG အသင်းများ စတဲ့ အသင်း များနဲ့ တွေ့ဆုံဖို့ အလားအလာရှိနေပါတယ်။ အုပ်စု ဒုတိယနဲ့ နောက်တဆင့်တက်လာတဲ့ မန်စီးတီးအသင်း ကလည်း အာဆင်နယ်အသင်းနဲ့နည်းတူ အထက်မှာဖော်ပြထားတဲ့ အသင်းများနဲ့တွေ့ဆုံနိုင်ဖွယ်ရှိနေပြီး၊ ဘိုင်ယန်မြူးနစ်နေရာမှာ ဒေါ့မွန်အသင်းဘဲအပြောင်းအလဲရှိခဲ့တာပါ။

Thursday, December 12, 2013

အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို

Photo: အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို
Thursday, December 12, 2013

မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေးက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။

၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့အခမ်းအနားတွင် ယင်းကပြောကြားလိုက်ခြင်း ဖြစ်သည်။

''အချုပ်တို့၊ အကျဉ်းစခန်းတို့တွေ မှာ အချုပ်သား၊ အကျဉ်းသားတွေကို အခုအချိန်အထိ နှိပ်စက်တာတွေရှိနေ သေးတာကြောင့် တာဝန်ရှိသူတွေက ဘာပဲပြောပြော ဒါတွေဟာ လူသားတစ် ယောက်ရဲ့အခွင့်ရေးကို ချိုးဖောက် တာအပြင် တရားဥပဒေရဲ့ကာကွယ် ပေးမှုဟာ အားနည်းနေတယ်''ဟု ဦးမြင့် အေးက ပြောသည်။

တပ်မတော်မှာ ၁၈နှစ်အောက် စစ်မှုထမ်းများကို ပြန်လည်တပ်ထွက် ခွင့်ပေးထားသော်လည်း ကလေးစစ် သားသစ်စုဆောင်းမှုနှင့်ပတ်သက်၍ မိမိတို့ဆီ ယခုအချိန်အထိ မိဘများ မိသားစုများမှ မိမိတို့ထံ လာရောက် အကူအညီတောင်းခြင်း၊ တိုင်ကြားခြင်း များရှိနေဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ယင်းကလေးစစ်သားသစ် စု ဆောင်းခံရမှုနှင့်ပတ်သက်၍ လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အား ယခုနှစ်အတွင်း တိုင်ကြားစာ ၁၃ စောင်ရှိပြီး သမ္မတအမိန့်ဖြင့် ဖွဲ့စည်း ထားသော မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ထံတွင်မူ ကလေး စစ်သားစုဆောင်းမှုနှင့်ပတ်သက်၍ တိုင်ကြားမှုမှာ ယခင်နှစ်ကထက် လျော့ နည်းလာကြောင်း သိရသည်။

ယခင်ကာလက အုပ်ချုပ်သူ အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ကသာ လူ့အခွင့်အရေးချိုးဖောက်မှု အ များဆုံးတွေ့ရှိရသော်လည်းယခုအချိန် တွင် စီးပွားရေးလုပ်ငန်းရှင်များ၏ လူ့အ ခွင့်အရေးချိုးဖောက်မှုမှာ ပိုမိုများပြား လာကြောင်း လူ့အခွင့်အရေးလှုပ်ရှား သူ ဦးအောင်မျိုးမင်း (Equality Myanmar) ကပြောသည်။

၁၉၄၈ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက လူ့အခွင့်အရေးကြေညာစာတမ်းအား အတည်ပြုကြေညာခဲ့ပြီး ယခုအချိန် တွင် (၆၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ယင်းနေ့၌ ကမ္ဘာတစ်လွှား တွင် ဟော ပြောပွဲများ၊ အထိမ်းအမှတ်ပွဲများ နှစ် စဉ်ကျင်းပကြသော် လည်း မြန်မာနိုင်ငံ တွင်မူ ကျင်းပခွင့်ရရှိသည်မှာ နှစ်နှစ် တာကာလမျှပင် ရှိသေးကြောင်း သိရ သည်။

ရည်မွန် ၊ဟေမန် - Yangon Media Group
မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေး က ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။

ယခင်အပတ်ထက် ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့် မြင့်တက်

Photo: ယခင်အပတ်ထက် ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့် မြင့်တက်
Thursday, December 12, 2013

ယခုအပတ် ဆန်ကုန်စည်ဒိုင်အဖွင့်တွင် ခြောက်သွေ့၍ အထားခံသော ဧရာဝတီပေါ်ဆန်း ဆန်သစ်များ ၀င်ရောက် လာသဖြင့် ယခင်အပတ်ထက် ဆန်ချော၊ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်ထောင်ခန့်မြင့်တက် လာကြောင်း ၀ါတန်းလမ်း ဆန် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များ ထံမှ စုံစမ်းသိရသည်။

ကုန်စည်ဒိုင်အတွင်း၌ ၀ယ်လက်များကြိုက်သည့် ဆန်သစ်များ ၀င်ရောက်နေသဖြင့် အရောင်းအ၀ယ်ကောင်းနေပြီး နယ်မှ ကုန်သည်များက လည်း တိုက်ရိုက်ရောင်းချမှုများရှိနေကြောင်း လပွတ္တာမြို့နယ်အတွင်းရှိ ၀ါရင့် ဆန်ကုန်သည်ကြီး ဦးဝင်းနိုင်က ပြောကြားသည်။

“ဈေးက ပစ္စည်းပြတ်လို့ မဟုတ်ဘူး။ ၀ယ်သူအကြိုက်ဆန် ဖြစ်လို့ပဲ ကုန်စည်ဒိုင်ကို ဆန်ရောက်တာနဲ့ ကုန်ဖြစ်နေတာ”ဟု ၎င်းက ပြောကြား သည်။

ယခုနှစ် ဆန်ဈေးမြင့်တက်ခြင်းသည် ယခင်နှစ်ထက် ဆန်ချော တစ်အိတ်ကျပ် ၃၀၀၀နှင့် ဆန်ကြမ်းတစ်အိတ် ကျပ် ၁၀၀၀ခန့် ဈေးပိုမြင့် ကြောင်း တောင်ဒဂုံမြို့နယ်အတွင်းရှိ ၀ါရင့်ဆန်ကုန် သည်ကြီးတစ်ဦးက ပြောကြားသည်။

“ယခင်နှစ်က မြောင်းမြပေါ်ဆန်းတစ်အိတ် ကျပ် ၁၉၀၀၀ ဒီနှစ်မှာက ၂၂၀၀၀က အနိမ့်ဆုံးပဲ၊ အကြမ်းဆိုရင် မြောင်းမြ ရွှေပြည့်စုံတစ်အိတ် ကျပ် ၁၈၅၀၀ပဲရှိတယ်၊ ဒီနှစ်ကတော့ တစ်အိတ်ကျပ် ၂၂၀၀၀အနိမ့်ဆုံးပဲ”ဟု ၎င်းက ပြောကြားသည်။

ယခုအပတ်အတွင်း ရွှေဘိုဆန်ဟောင်းတစ်အိတ် ၃၄၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်းဟောင်း တစ်အိတ်ကျပ် ၂၇၀၀၀မှ ၃၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းသစ်တစ်အိတ် ၂၁၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ တောင်ပျံဟောင်းတစ်အိတ် ၂၅၀၀၀ကျပ်မှ ၃၀၀ ၀၀ကျပ်၊ တောင်ပျံသစ် တစ်အိတ် ၂၀၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ ပေါ်ကျွဲတစ်အိတ် ၂၄၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်နှင့် အကြမ်းဟောင်း တစ်အိတ် ၁၉၀၀၀ကျပ်မှ ၁၅၅၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်အတွင်းမှ စုံစမ်းသိရသည်။

ရေးသားသူ- မျိုးပပစန်း၊
တည်းဖြတ်- နီတိုး

People power
ယခုအပတ် ဆန်ကုန်စည်ဒိုင်အဖွင့်တွင် ခြောက်သွေ့၍ အထားခံသော ဧရာဝတီပေါ်ဆန်း ဆန်သစ်များ ၀င်ရောက် လာသဖြင့် ယခင်အပတ်ထက် ဆန်ချော၊ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်ထောင်ခန့်မြင့်တက် လာကြောင်း ၀ါတန်းလမ်း ဆန် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များ ထံမှ စုံစမ်းသိရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်
Thursday, December 12, 2013

(၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဗီဂျာဂျီဗာသည် ကြာသပတေးနေ့တွင် လူသတ်မှုအတွက် ကနဦး စွဲချက်တင်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ (၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။ ထိုစဉ်က ဖြစ်ရပ်တွင် လူပေါင်းများစွာ သေကြေ ပျက်စီးခဲ့ရသည်။ ထိုစဉ်က ဒုတိယ ဝန်ကြီးချုပ်နှင့် ယခုလက်ရှိ ဖျက်သိမ်းလိုက်ပြီဖြစ်သော အရေးပေါ် အခြေအနေ ဖြေရှင်းမှု ဗဟိုထိန်းချုပ်ရေးအဖွဲ့ (CRES)၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည့် ဆူသပ်သောင်ဆူဘန်သည်လည်း အလားတူ စွဲချက်နှင့် ကြုံနေရသည်။

ဘီဆစ်သည် ယခုကနဦး စွဲချက်တွင် ကြားနာမှု ပြီးဆုံးပါက အာမခံဖြင့် ပြန်လွတ်နေမည် ဖြစ်သည်။ ဆူသပ်ကိုမူ တရားခွင်တွင် မတွေ့မြင်ခဲ့ရချေ။ ဆူသပ်သည် လက်ရှိအချိန်တွင်မူ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာ၏ အစိုးရကို ဆန္ဒပြနေမှုများအား အဓိက ဦးဆောင်လျှက် ရှိသည်။ ဆူသပ်က တရားရုံးသို့ ရှေ့နေတစ်ဦး စေလွှတ်ကာ မိမိအပေါ် စစ်ဆေးမှုကို ရွှေ့ဆိုင်းပေးပါရန် ပန်ကြားခဲ့ပြီး မိမိအနေဖြင့် ဆန္ဒပြမှုများကို ဦးဆောင်နေရသဖြင့် မအားလပ်ကြောင်း အသိပေးခဲ့သည်။ ဆူသပ် တာဝန်ယူခဲ့သည့် CRESသည် စစ်တပ်နှင့် ရဲများအား ရှပ်နီ ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းရန် အမိန့်ပေးခဲ့သည့်နောက် ထိုစဉ်က ရှပ်နီ (၉၂)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
(၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။

အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ

Photo: အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ
Thursday, December 12, 2013

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက်ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ် အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ် ၀တ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင် ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံ တန်ရုံ မသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

မြန်မာနိုင်ငံက EITI အဖွဲ့ဝင် နိုင်ငံဖြစ်ရန်အတွက် ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလ တွင်မှ လျှောက်ထားနိုင်မည်ဟုဆို

နိုင်ငံတကာ သယံဇာတများတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု အဖွဲ့(EITI)၏ အဖွဲ့ ဝင်လောင်းနိုင်ငံအဖြစ် ဝင်ရောက်နိုင်ရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင်မှ လျှောက်ထား နိုင်မည်ဖြ စ်ကြော င်း သိရ သည်။

အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည်

Photo: အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည် 
Thursday, December 12, 2013

အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ကျောင်းထွက်နှုန်းမြင့်သော အလယ်တန်း ပညာရေးကို တားဆီးရန် လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခ ကင်းလွတ်ခွင့်များ၊ ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေးများ တိုးမြှင့် ပေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခင်က အလယ်တန်း ကျောင်းအပ်စဉ်တွင် ကျောင်းလခကြေး၊ မိဘဆရာ အသင်းကြေးနှင့် အားကစား၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေး တို့ကို ကောက်ခံခဲ့ရာမှ လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခကြေး မကောက်ခံဘဲ ကျန်ရန်ပုံငွေ များကိုသာ ကောက်ခံမည် ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ခံငွေများနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို အခမဲ့ ပေးသွားရန်လည်း ရှိကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

အလယ်တန်းအဆင့် ပညာသင် ထောက်ပံ့ကြေးများအတွက် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကူအညီ ယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ လာမည့်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း အဆင့်အတွက် ပညာသင်ဆု ငါးဆုစီ တိုးပေးရန် ရှိကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။
“ပညာရေးဘက်က စီမံကိန်း ဆွဲပြီးပြီ။ ဘတ်ဂျက်ရတဲ့အပေါ် ပြန်ချိတ်ဖို့ပဲ ရှိတော့တာပါ” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက လာမည့် ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ် ဒီဇိုင်းနှင့် စာရွက်သားများကို ပြန်လည် မွမ်းမံထားပြီး ဈေးနှုန်းလည်း ပိုမြင့်သွားနိုင်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရသည်။

အခြေခံပညာ အလယ်တန်း အဆင့်တွင် ပဉ္စမတန်း ကျောင်းလခအတွက် ကျပ်ငါးရာ၊ ဆဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ခြောက်ရာ၊ သတ္တမတန်း ကျောင်းလခအတွက် ခုနစ်ရာ၊ အဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ရှစ်ရာ သတ်မှတ်ထားကြောင်း အခြေခံပညာ စာသင်ကျောင်းများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေး ဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

တ​ရုတ်​လုပ်​ငန်း​ရှင်​များ​ကို ​တာဝန်​သိ ​ရင်း​နှီး​မြှုပ်​နှံ​မှု ​လုပ်​စေ​လို

Photo: တရုတ်လုပ်ငန်းရှင်များကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လုပ်စေလို 
Thursday, December 12, 2013

တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကိုပဲ လုပ်စေချင်တဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့က စီးပွားရေးလုပ်ငန်းရှင် ၇၀ ၀န်းကျင် ရန်ကုန်ကို လာရောက်ပြီး မြန်မာ စီးပွားရေးလုပ်ငန်းရှင် ၅၀ လောက်နဲ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

 လက်ရှိ အချိန်မှာ တရုတ်တင်မက ဂျပန်၊ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်စပြုနေပြီ ဖြစ်လို့ တရုတ်လုပ်ငန်းရှင်တွေကို ခုလို သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ စက်မှုလုပ်ငန်း၊ လယ်ယာမြေလုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း နဲ့  လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း အပါအ၀င် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

By ဒီဗွီဘီ
တ​ရုတ်​လုပ်​ငန်း​ရှင်​တွေ​အ​နေ​နဲ့ ​မြန်​မာ​နိုင်​ငံ​မှာ ​ရင်း​နှီး​မြှုပ်​နှံ​တော့​မယ်​ဆို​ရင် ​နိုင်​ငံ​တ​ကာ ​စံ​ချိန်​စံ​ညွှန်း​တွေ​နဲ့​အ​ညီ ​တာဝန်​သိ​သော ​ရင်း​နှီး​မြှုပ်​နှံ​မှု​ကို​ပဲ ​လုပ်​စေ​ချင်​တဲ့​အ​ကြောင်း ​မြန်​မာ​နိုင်​ငံ ​ကုန်​သည်​များ​နဲ့ ​စက်​မှု​လုပ်​ငန်း​ရှင်​များ ​အ​သင်း​ချုပ် (UMFCCI ​ရဲ့ ​တွဲ​ဖက်​အ​တွင်း​ရေး​မှူး ​ဦး​အေး​လွင်​က ​ပြော​ပါ​တယ်။

ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော

Photo: ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော
Thursday, December 12, 2013

ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားမှာ အဓိကအသုံးပြုသွားတဲ့ ပေ ၃၅၀ ကျော် အရွယ်အစားရှိတဲ့ LED ဖန်သားပြင် အပါအ၀င် ရုပ်ထွက်နည်းပညာအားလုံးကို တရုတ်နိုင်ငံ အကူအညီနဲ့ တင်ဆက်ခဲ့တာလို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။

၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော်နဲ့ ၂၀၁၀ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွေမှာ တာဝန်ယူ တင်ဆက်ခဲ့တဲ့ တရုတ်အားကစားကော်ပိုရေးရှင်းကပဲ သူတို့ ပစည်းတွေ၊ နည်းပညာတွေနဲ့ လာရောက်ကူညီတင်ဆက်ခဲ့တာလို့ ပြောပါတယ်။

အခု ဆီးဂိမ်းဖွင့်ပွဲ ကျင်းပခဲ့တဲ့ ၀ဏ္ဏသိဒ္ဓိကွင်းထဲမှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပဖို့ ရှိပြီး တရုတ်က ဆက်လက် အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားတွေအတွက် ဘယ်လောက်ကျခံ သုံးစွဲထားသလဲဆိုတဲ့ အမေးကိုတော့ ပွဲပြီးမှ ပြောနိုင်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းမှာ အင်ဒိုအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် ကျခံသုံးစွဲခဲ့ပြီး မြန်မာတာဝန်ရှိသူတွေကလည်း မြန်မာဆီးဂိမ်းမှာ အင်ဒိုဆီးဂိမ်းထက်မနည်း သုံးရမှာပဲလို့ အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်ကို ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားနဲ့ ပတ်သက်လို့ ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
ဆီး ​ဂိမ်း​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​မှာ ​အ​ဓိ​က​အ​သုံး​ပြု​သွား​တဲ့ ​ပေ ၃၅၀ ​ကျော် ​အ​ရွယ်​အ​စား​ရှိ​တဲ့ LED ​ဖန်​သား​ပြင် ​အ​ပါ​အ၀င် ​ရုပ်​ထွက်​နည်း​ပ​ညာ​အား​လုံး​ကို ​တ​ရုတ်​နိုင်​ငံ ​အ​ကူ​အ​ညီ​နဲ့ ​တင်​ဆက်​ခဲ့​တာ​လို့ ​မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​က ​ပြော​ပါ​တယ်။

အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို

မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေးက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။

ကျိုက်ထီးရိုးနှင့် ကျိုက်ပေါလော ဘုရားနှစ်ဆူအား ထိုင်းလူမျိုးများနှင့် ပြည် တွင်း ဘုရားဖူးများလာရောက်ဖူးမြော်သူများပြား

Photo: ကျိုက်ထီးရိုးနှင့် ကျိုက်ပေါလော ဘုရားနှစ်ဆူအား ထိုင်းလူမျိုးများနှင့် ပြည် တွင်း ဘုရားဖူးများလာရောက်ဖူးမြော်သူများပြား
Thursday, December 12, 2013

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် လာရောက်ဖူးမြော်လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး ဘုရားသို့မသွားမီ တခုပ်တရလာရောက်ဖူးမြော်လေ့ရှိကြပြီးယနေ့အချိန် တွင် အဆိုပါဘုရားနှစ်ဆူအားပူးတွဲဖူးမြော်အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြား သည့် တိုက်ဆိုင်မှုများရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ ကျိုက်ထီးရိုးဘုရားသို့မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှ နှစ်စဉ် လာရောက်ဖူးမြော်သူ ဦးဝင်းနိုင်ဦးကပြောသည်။

၎င်းက''ဦးအနေနဲ့ကျိုက်ထီးရိုး ဘုရားကို အဓိဋ္ဌာန်နဲ့ နှစ်စဉ်လာဖူး တာ ၁၅နှစ်ကျော်သွားပြီ။ အရင်က ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား ကိုတော့ နှစ်စဉ် မဖူးဖြစ်ဘူး။ ဒီလို ပူးတွဲပြီး အဓိဋ္ဌာန်ပြု ဖူးမြော်ခြင်း အားဖြင့် ထူးခြားတဲ့ တိုက်ဆိုင်မှု တွေ ရှိလာလို့ မိတ်ဆွေတွေကိုပါ တိုက်တွန်းပြီး ဒီဘုရားနှစ်ဆူကို နှစ်စဉ် အဓိဋ္ဌာန်နဲ့ ပူးတွဲဖူးတာ ရှစ်နှစ်ကျော်သွားပြီ။ တစ်ဖွဲ့လုံးလဲ ကျိုက်ပေါလောမှာပဲ တည်းပြီး ဖူး တာ။ ကျိုက်ထီးရိုး တောင်ပေါ်မှာ က ဘုရားဖူး သိပ်များရင် တည်းခို ခန်းက မလွယ်ဘူး။ ကျန်းမာရေး ကြောင့် ဘုရားရင်ပြင်မှာလဲ မအိပ် ရဲတော့ ကျိုက်ပေါလောကို အရင် ဝင်ဖူးပြီးရင် အထုပ်အပိုးတွေထား ခဲ့ပြီး ကျိုက်ထီးရိုးကို ကျိုက်ထို ကနေ နေ့ချင်းပြန်ဖူးတော့ လူလဲ သက်သောင့်သက်သာရှိတယ်'' ဟု ဆိုသည်။

ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားသည် မွန်ပြည်နယ် ကျိုက်ထို မြို့တွင် တည်ရှိပြီး ရုပ်ပွားတော်၏ လက်ယာဘက်နားထင်စွန်းအထက် နားတွင်ပါရှိသော အမည်းစက် (မှဲ့ရှင်တော်)အား အဓိဋ္ဌာန်ပြု၍ သော်လည်းကောင်း၊ အကြောင်း သင့်လျော် ပါရမီထူး၍သော်လည်း ကောင်း စူးစိုက်ဖူးမြော်ပါက မှဲ့တော်သည် ခပ်ရေးရေး ရွေ့လျား နေသည်ကို ဖူးမြင်ရသည်ဟုဆိုကြ သည်။ ထို့ပြင် အဆိုပါမှဲ့ရှင်၏ ထူးခြားချက် တစ်ခုမှာမှဲ့တော် ပေါ်သို့ ရွှေဆိုင်းများဖြင့် အထပ် ထပ် အုပ်ကပ်ကာ ရွှေချစေကာမူ များမကြာမီ နဂိုအတိုင်း ပြန်လည် ပေါ်ထွက်လာမြဲဖြစ်သည်ဟု ယင်း ဘုရားဂေါပက အဖွဲ့မှတာဝန် ရှိသူ တို့ကပြောသည်။

ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားမှ တည်းခိုခန်းများနှင့် ပတ် သက်ပြီး ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများက အဆိုပါတည်းခို ခန်းများသည် နှုန်းထားသတ်မှတ် ထားခြင်းမရှိသည့် အခမဲ့တည်းခို ခန်းများ ဖြစ်ကြကြောင်း၊ တည်းခို သူများက သက်သောင့်သက်သာ နှင့် အဆင့်မြင့်မြင့် တည်းခိုနိုင် သဖြင့် စေတနာသဒ္ဓါတရား ထက် သန်စွာ လှူဒါန်းကြသောကြောင့် ထပ်မံ၍ သီးသန့်ခန်းများ၊ စုပေါင်း နားခိုဆောင်များပါဝင်သည့် အဆင့် မြင့်သုံးထပ်တည်းခိုဆောင်ကြီး တစ်ခုတည်ဆောက်တော့မည် ဖြစ် ကြောင်း၊ ယင်းတည်းခိုဆောင်ကြီး ပြီးစီးပါကလည်း အခမဲ့တည်းခို ခွင့်ရရှိကြဦးမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်း ပြောကြားကြသည်။

''ကျိုက်ပေါလော မှဲ့ရှင်ဘုရား မှာ တည်းခိုခန်းတင်မှ မဟုတ်ဘူး။ ဘာမဆို နှုန်းထားသတ်မှတ်ထား တာ မဟုတ်ဘူး။ အားလုံး အခမဲ့ ချည်းခွင့်ပြုထားတာ။ ဥပမာ-ခရီး တစ်ထောက် နားချိန် ရေဝင်ချိုးကြ တယ်။ သန့်စင်ခန်း ဝင်ကြတယ်။ ထိုင်းနိုင်ငံသားတွေက အဆင်ပြေ ပြီး အားလုံး အခမဲ့ချည်းဆိုတာ သိသွားကြလို့ ဘိုထိုင်၊ ရေချိုးခန်း ပါတဲ့ သန့်စင်ခန်းတွေ ဆောက်ပေး ပါ ဆိုပြီး လှူဒါန်းကြလို့ ခြောက် ခန်း လုပ်ပေးထားတယ်။ ပြီးတော့ အမျိုးသား၊ အမျိုးသမီး သန့်စင်ခန်း တွေ၊ ရေချိုးခန်းတွေလဲ ရှိတယ်။ အခုနောက်ပိုင်း ခရီးတစ်ထောက် နားပြီး သန့်စင်ခန်းသုံးသူတွေ၊ တည်းခိုသူတွေများကြ လွန်းလို့ သုံးထပ်တည်းခိုဆောင်ကြီးတစ်ခု အမြန်ဆုံး ဆောက်လုပ်သွားမယ်။

လက်ရှိ အဆင့်မြင့်သန့်စင်ခန်းတွေ ထပ်ဆောက်ထားတာပြီးသွားပြီ။ ဒါတွေကိုလဲ သုံးစွဲနေကြပါတယ်'' ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လွင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)က ပြောသည်။

စွမ်းရဲထွဋ် - The Union Daily
ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် လာရောက်ဖူးမြော်လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး ဘုရားသို့မသွားမီ တခုပ်တရလာရောက်ဖူးမြော်လေ့ရှိကြပြီးယနေ့အချိန် တွင် အဆိုပါဘုရားနှစ်ဆူအားပူးတွဲဖူးမြော်အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြားသည့် တိုက်ဆိုင်မှုများရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ ကျိုက်ထီးရိုးဘုရားသို့မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှ နှစ်စဉ်လာရောက်ဖူးမြော်သူ ဦးဝင်းနိုင်ဦး ကပြောသည်။

ဆီးဂိမ်းသို့ အာဆီယံဒေသတွင်း မှ လာရောက်သူ ထိုင်းအများဆုံးဖြစ်


ထိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှု များနှင့် ဆန္ဒပြမှုပြင်းထန်နေသော် လည်း မြန်မာနိုင်ငံ တွင် ကျင်းပသည့် ဆီးဂိမ်း ပြိုင်ပွဲသို့ လာရောက်သော ထိုင်းနိုင်ငံ သားအရေ အတွက် မှာ ကျန် အာဆီယံ နိုင်ငံများထက် အများဆုံးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင် ဦးစီး ဌာနမှ သိရသည်။

KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ဖမ်းဆီး ခေါ်ဆောင်နေ မှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေး တိမ်းရှောင်မှု ပိုမိုများပြား

Photo: KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေမှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြား

ဒီဇင်ဘာ ၁၂ ရက် ၂၀၁၃

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA  မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။

“ တောင်ပြိုရွာက ၄ ယောက်၊ အထက်မနရွာက ၃ ယောက်၊ ဆွတ်အောင်ရွာ က ၃ ယောက် ပေါင်း (၁၀) ယောက်ပါသွားတယ်လို့ ကြားတယ်၊ KIA က လူသစ်လုပ်ရမယ်ဆိုပြီး အလိုမတူဘဲ ဖမ်းနေတော့ ရွာသား တွေ လည်း လွတ်ရာ ကျွတ်ရာ ထွက်ပြေးနေကြတာပေါ့ ” ဟု ဖားကန့်မြို့မှ အသက် ခြောက် ဆယ်အရွယ် ဦလနွန်က ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းတွင် KIA တပ်မဟာ (၂) တပ်ရင်း (၆) မှ ဗိုလ် ဆောင်ရန်းခန်းဆာနှင့် တပ်ကြပ်ကြီး လထော်နော်လတ်တို့မှ အဆိုပါ ရွာသား (၁၀) ဦးအား ဆိုင်ကယ် (၆) စီးဖြင့် ဖားကန့် - လုံးခင်း - အောင်ဘာလေ လမ်းကြောင်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် သက်သေ ရွာသားအချို့က ဆိုသည်။

KIA မှ မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင် တွင် စပါးရိတ်သိမ်းနေသော ရွာသား (၂၁) ဦးအား ဒီဇင်ဘာ ၄ ရက်နေ့တွင် လည်းကောင်း၊ မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ်ကုန်း ကျေးရွာများမှ သစ်ကယ်ရီသမားများနှင့် တောင်သူလုပ်ကိုင်နေသော ရွာသား (၁၇) ဦးအား ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်းကောင်း၊ ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား (၂) ဦးအား ဒီဇင်ဘာ ၆ ရက်နေ့ တွင်လည်းကောင်း၊ ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင်း စပါးရိတ်သိမ်းခြင်း နှင့် ခြွေလှေ့ခြင်းလုပ်ကိုင်နေသော ရွာသား (၄) ဦးအား ဒီဇင်ဘာ ၈ ရက်နေ့တွင် လည်းကောင်း ဖမ်းဆီသွားခဲ့ ကြောင်း သိရသည်။

KIA အနေဖြင့် ဒေသခံရွာသားများအား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်နေမှု များအပြင် KIA တပ်ဖွဲ့ဝင်ဟောင်း များကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေ  ကြောင်း အင်းတော်ကြီး ဒေသခံတစ်ဦး၏ ဆက်သွယ်ပြောဆိုမှုအရ သိရ သည်။

အင်းတော်ကြီးဒေသရှိ အိုင်တူးလေးရွာ၊ လောဆွမ်ကျေးရွာ၊ ချောင်းဝ ကျေးရွာ၊ နလတန်းကျေးရွာများရှိ အသက် ၅၅ နှစ်အောက် KIA စစ်မှုထမ်း ဟောင်းများအား တပ်ရင်း (၂၆) မှ အတင်းအကြပ်လာရောက်ဖမ်းဆီးနေမှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဟိုပင်မြို့သို့ ရောက်ရှိ လာသော KIA အဖွဲ့ဝင်ဟောင်း အသက် ၅၃ နှစ်အရွယ် ဦးနော်ဂျာ က ဆိုသည်။

KIA မှ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်ဖမ်းဆီးနေခြင်းနှင့် ကချင်ပြည်နယ်အနှံ့အပြား၌ လူသစ်အဓမ္မစုဆောင်းနေခြင်းများမှာ အစိုရတပ် များအား ပြန်လည်တိုက်ခိုက်ရန် အင်အားစုဆောင်း နေခြင်းဖြစ်၍ ငြိမ်းချမ်းရေအတွက် ရင်လေးမိသလို ဒေသခံတိုင်းရင်းသားများလည်း ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားနေ ကြောင်း ဦးနော်ဂျာက ဆက်လက်ပြောသွားသည်။ 

ခွန်နော်
ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။

မန္တလေးမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာကပ်ခြင်း အရေးယူတော့မည်

မန္တလေးစည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ်ငယ်များ လိုက်လံကပ်နေခြင်း သည် မြို့အမြင် မတင့်တယ်ဘဲဖြစ်နေပြီး ဆီးဂိမ်းကာလတွင် နိုင်ငံခြားသားဧည့်သည်များအတွက် မြို့၏ ဂုဏ်ကျက်သရေကို ပြသရမည်ဖြစ်သဖြင့် ထိုကြော်ငြာရှင်များကို စာရင်းကောက်ယူကာ အရေးယူရန် စီ စဉ်လျက်ရှိသည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန၏ ဌာနခွဲ မှူးဦးဇော်ဝင်းက ဒီဇင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြန်လွတ်လာသည့် မိကျောင်းကန်အရေး ဆန္ဒပြသူနှစ်ဦး ဆက်လက် တိုက်ပွဲဝင်မည်ဟု ကတိပြု


သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ် ရာမှ အဖမ်းခံခဲ့ရသူ ခေါင်းဆောင်နှစ်ဦးသည် ဒီဇင်ဘာ ၁၁ ရက်က သမ္မတ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာပြီး မြေများပြန်မရမချင်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကတိပြုလိုက် သည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ

AA-12-12
ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ စဉ်မြင်ကွင်း (ဓာတ်ပုံ- ညီညီစိုးညွန့်)
နှစ်ပေါင်း ၄၄ နှစ်အကြာတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ ဘောလုံး ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင် တစ်ယောက်ဟု သဘောမထားဘဲ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးအဖြစ် သဘောထား၍ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးပေးပါရန် 10D အုပ်စု တောင်းဆို

BB-12-12
Orchid ဟိုတယ်တွင် ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ တစ်ခု၏ ခေါင်းဆောင်တစ်ဦးအဖြစ် မသတ်မှတ်ဘဲ ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် တစ်ဦးအဖြစ် သတ်မှတ်၍ ပြည်သူလူထု လိုလားနေသည့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့လေးဦး တွေ့ဆုံဆွေးနွေးပါရန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေါ်အောင်ဆန်း စုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိသဖြင့် ရန်ကုန်တက္ကသိုလ်အတွင်း ဂုဏ်ပြုပွဲ ကျင်းပသောကြောင့် ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ချခံခဲ့ရသည့် ကျောင်းသားများအုပ်စု (10D) အုပ်စုက ဒီဇင်ဘာ ၁၀ ရက် Orchid ဟိုတယ်၌ ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲတွင် တောင်းဆိုလိုက်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း စစ်သင်္ဘော ငါးစင်း၊ တိုက်လေယာဉ်များဖြင့် လုံခြုံရေးဆောင်ရွက်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပွဲတော်ရက် အတွင်း လုံခြုံမှု ရှိစေရန် စစ်သင်္ဘော ငါးစင်းနှင့် ဝေဟင် လုံခြုံရေးဆောင်ရွက်ရန် တိုက်လေယာဉ်များဖြင့် ကင်းလှည့် ဆောင်ရွက်နေကြောင်း (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော်လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး လေးသောင်းကျော်မှာ လျှပ်စစ်မီး မရရှိ

မြန်မာနိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း လေးသောင်းကျော်မှာ လျှပ်စစ်မီး မရရှိသေးသည့်အတွက် နိုင်ငံတကာအကူအညီများဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောကြားပါသည်။