
မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားကျေးရွာများ တွင်သာ ကောက်ယူနေရပြီး သုံးရက်အတွင်း လူဦးရေ ၂၃၅၈၃ ဦး စာရင်းကောက်ယူပြီးဖြစ်ကြောင်း သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီမှ သတင်းရရှိသည်။
မောင်တောခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူခြင်းအား မတ် ၃၀ ရက်
မွန်းလွဲပိုင်းက စတင်ကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး အုပ်စုဖွဲ့ကာ လုံခြုံရေး
အပြည့်အ၀ဖြင့် ကောက် ယူနေခြင်းဖြစ်ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူး၏
ပြောကြားချက်အရ သိရသည်။












