ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် ၀ိန်းကျောက်ကျေးရွာ၊ အာခါဈေးလမ်းသွယ် ရှိ နေအိမ် တစ်အိမ်တွင် ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက် ညနေ (၄း၃၀)နာရီအချိန်ခန့်က ရေတွင်းထဲမှ နုန်းများကို ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်၍ သားအဖနှစ်ဦး
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေအိမ်၌ အိမ်ငှားအဖြစ်နေထိုင်သူ အသက် (၄၄)နှစ်အရွယ် ဦးသောင်းဌေးသည် နွေရာသီ ရေခမ်းခြောက်သည့် ကာလကို ရောက်လာသည့် အတွက် နေအိမ် အတွင်းရှိ အနက်(၃၀)ပေ၊ အကျယ်(၄)ပေခန့်ရှိသော ရေတွင်းထဲမှ နုန်းများကို ဆယ်ယူ ရန် ရေတွင်းထဲသို့ ၀ါးလှေကားဖြင့်ဆင်းချိန် ရေပြင်နှင့် ထိလု (၅)ပေခန့် အရောက်တွင် အောက်ဆီ ဂျင်ပြတ်တောက်ပြီးလှေကားပေါ်မှ ပြုတ်ကျသွားခဲ့သည့်အတွက် ရေတွင်းအပေါ်တွင် ရှိနေသူ အသက် (၁၆)နှစ်အရွယ် သားဖြစ်သူ မောင်အောင်နိုင်ဦးသည် ၎င်း၏ဖခင်ဖြစ်သူအား ဆင်းဆယ်ရန်အတွက် ဆင်းသွားရာမှ ၎င်း၏ ဖခင်နည်းတူ အောက်ဆီဂျင်ပြတ်တောက်၍ ရေအနက် (၅)ပေခန့်တွင် နစ်မြုပ်သေ ဆုံး သွားခဲ့သည်။