ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် NCCT အဖွဲ့ဝင်များ ကချင်ပြည်နယ်အစိုးရရုံးတွင်အလွတ် သဘောတွေ့ဆုံခဲ့ကြပြီး တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘောတူ စာချူပ်ကို လက်မှတ်ရေးထိုးနိုင်ရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်းတွေ့ဆုံ မှု အပြီးနှစ်ဖက်ပုဂ္ဂိုလ်များကပြောသ ည်။ ပြည်ထောင်စုဝန်ကြီးဦးအောင် မင်းနှင့်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းဇော်တို့ဦးဆောင်ပြီးစုစု ပေါင်းခြောက်ဦး၊မြန်မာငြိမ်းချ မ်းရေး စင်တာမှလေးဦးနှင့် NCCT အဖွဲ့ဝင် ၁၁ဦးတို့တွေ့ဆုံဆွေးနွေးခဲ့ကြသ ည်။
မြန်မာငြိမ်းချမ်ရေးစင်တာမှ ဦးလှမောင်ရွှေက ''ကျွန်တော်တို့
ဘက်ကပြောနိုင်တာတစ်ခုက အခု အလွတ်သဘော ဆွေးနွေးတာဆို ပေမယ့်
မူပိုင်းတွေဆွေးနွေးတာဖြစ် တဲ့အတွက် တစ်ဆို့တဲ့ကိစ္စတွေမှာ
ကျော်လွှားနိုင်ဖို့ရှိလာပြီ။အြေ ခခံအား ဖြင့် မူမှာထည့်တာထက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ ထည့်တာ မျိုးစသဖြင့်ဒီလိုမျိုးအမြန်လက် မှတ် ရေးထိုးနိုင်မယ့်ကိစ္စတွေကိုနှစ် ဖက် ခေါင်းဆောင်တွေကအလွတ်သဘော ကြိုပြင်ဆင်တာပါပဲ။မျှော်တာထက် အများကြီးကျေနပ်အားရပါတယ်'' ဟုပြောသည်။
Tuesday, August 5, 2014
ငွေကြေးအရှုပ်အရှင်းကြောင့် မန္တလေးပဲလောက အရောင်းအ၀ယ်အေး
မန္တလေးမြို့ ပဲဈေးကွက် တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ငွေကြေးအရှုပ်အရှင်း ဖြစ်ပွားခဲ့ ခြင်းကြောင့် အရောင်းအ၀ယ်အေးနေကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့်ရက်ပိုင်းက ငွေကျပ်သိန်းပေါင်း နှစ်သောင်းနီးပါး ငွေကြေးအရှုပ်အရှင်းကို ဖြေ ရှင်းမပေးနိုင်၍ ပဲကုန်သည်တစ် ဦး ထွက်ပြေးတိမ်းရှောင်သွားခဲ့ သဖြင့် ကုန်သည်များမှာ သတိ ထားရောင်းဝယ်နေကြသဖြင့် ဈေး ကွက်အနေအထား အနည်းငယ် လေးနေကြောင်း မန္တလေးမြို့ခံပဲကုန်သည်အချို့က ပြောသည်။‘‘၀ယ်မယ့်သူတွေကျတော့ လည်း အခုလို အနေအထားမှာ မလိုသေးဘူးဆိုရင် ၀ယ်မထားကြ တော့ဘူး။ ရောင်းမယ့်သူတွေက လည်း ပိုက်ဆံလက်ငင်းရှင်းမှ ရောင်းမယ်ဆိုတာမျိုးတွေ ရှိလာ တယ်’’ ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။ငွေကြေးအရှုပ်အရှင်းကြောင့် တိမ်းရှောင်နေသူ ကုန်သည်ထံမှ လည်း ထပ်မံဆက်သွယ်ခြင်း မရှိ သေးဘဲ ၎င်းထံမှ ငွေကြေးရရန် ရှိ၍ စာရင်းလာရောက်ပေးသွင်း သူ ၄၄ ဦး ရှိပြီဖြစ်ကြောင်း မန္တ လေးမြို့ ပွဲစားကုန်သည်စက်ပိုင် များ မဟာကထိန်တော်အသင်းမှ အတွင်းရေးမှူး ဦးကျော်သွင်က ပြောသည်။
တယ်လီနောက ခေါ်ဆိုခ ၂၅ ကျပ်ထက် မပိုစေရန် စီစဉ်သွားမည်ဟုဆို
မိုဘိုင်းဖုန်းခေါ်ဆိုခများကို မည်သည့်ကွန်ရက်မဆို တစ်မိနစ်လျှင် ၂၅ ကျပ်ထက်မပိုစေဘဲ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ဆင်းမ်ကတ်တစ်ကတ်လျှင် ငွေကျပ် ၁၅၀၀ ထက် ပိုမရောင်းစေရန်လည်း ကြိုတင်၍ စီစဉ်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က ကတိပြုပြောကြားလိုက်သည်။
‘‘ကျွန်တော်တို့ရဲ့ မိုဘိုင်းကွန်ရက်ကနေ ဘယ်ကွန်ရက်ကိုမဆို ၂၅ ကျပ်ထက် မပိုစေဘဲခေါ်ဆိုနိုင်မှာဖြစ်ပြီး ၁၅၀၀ ကျပ်ထက်ပိုရောင်းတာမျိုးလည်း မရှိအောင်လုပ်သွားပါမယ်’’ ဟု တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က သြဂုတ် ၄ ရက်တွင် ပြုလုပ်သည့် Net Monday ပွဲ၌ ကတိပြုပြောကြားလိုက်သည်။

ရန်ကုန်တွင် လမ်း၊ တံတားတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းအတွက် ယခင်နှစ်ထက် ကျပ် ၁၅ ဘီလီယံ ပိုသုံးမည်
ရန်ကုန်တိုင်းဒေသကြီး အတွက် လမ်း၊ တံတား တည် ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင် ခြင်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်နှစ်က အသုံး ပြုခဲ့သည့်ငွေထက် ငွေကျပ် ၁၅ ဘီလီယံကျော် ပိုမိုအသုံးပြုသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်သည်။

ပြည်ပမှ ၀င်ရောက်နေသည့် နို့မှုန့်များကြောင့် ပြည်တွင်းနို့စားနွားမွေးမြူသူများအခက်တွေ့
ပြည်ပမှ ၀င်ရောက်နေ သည့် နို့မှုန့်များကို အသုံးပြုမှုများ လာသောကြောင့် ပြည်တွင်းနို့စား နွားမွေးသူများ နွားနို့ဈေးကျခြင်း နှင့် နွားနို့ဝယ်သူမရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။လက်ဖက်ရည်ဆိုင်၊ စား သောက်ဆိုင်များတွင် ပြည်ပမှ ၀င်ရောက်လာသည့် နို့မှုန့်များကို အသုံးပြုနေရာ ပြည်တွင်းနို့စား နွားမွေးမြူသူများ အခက်တွေ့ နေရခြင်းဖြစ်သည်ဟု ကျောက် ဆည်ခရိုင်အတွင်းမှ နွားမွေးမြူသူ များကပြောသည်။‘‘နွားမွေးမြူရေးသမားတွေ အခက်အခဲဖြစ်နေတာ ခြောက်လ လောက်ရှိပြီ။ နို့ချက်လုပ်ငန်း တွေကပါ နွားနို့အစစ်မသုံးတော့ ဘူး။ နို့မှုန့်နဲ့ချက်တာက သူတို့ အတွက် ပိုအဆင်ပြေတယ်တဲ့။ တချို့ရက်တွေ နွားနို့ဝယ်သူမရှိ တော့ နို့မညှစ်ဘဲ ဒီအတိုင်းနေရ တယ်’’ဟု မြစ်သားမြို့နယ် ဆည် ရွာမှ နို့စားနွားမွေးမြူသူ ဦးလှဝင်းကပြောသည်။
ယခင်က နေ့စဉ်ညှစ်ယူရရှိ သည့် နွားနို့များကို နို့ချက်စက်ရုံ များသို့ သွင်းခဲ့ရသော်လည်း ယခု အခါစက်ရုံများမှ နေ့စဉ်ပုံမှန်ဝယ် ယူခြင်းမရှိတော့သည့်အတွက် အခက်တွေ့နေရသည်ဟု ဆို သည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ မြစ်သား၊ တံတား ဦးမြို့နယ်များတွင် နို့စားနွားမွေး မြူသူများပြားသည်။ လက်ရှိတွင် နွားနို့တစ်ပိဿာလျှင်ကျပ် ၆၅၀ ကျပ်ခန့်အထိ ဈေးကျသွားကြောင်း မြစ်သားမြို့နယ်မှ နွားမွေးမြူသူ များကပြောသည်။

Android ဖုန်း Home Screen တွင် Bookmark ပြုလုပ်ခြင်း
Android Device တွေပေါ်မှာ အသုံးပြုတဲ့ Web Browser တွေကနေ ကိုယ်နှစ်သက်တဲ့ ၀က်ဘ်ဆိုက်တွေကို အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ဖို့အတွက် Bookmark ကို Home Screen မှာ ပြုလုပ်ထားချင်တယ်ဆိုရင် အလွယ်တကူနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။Home Screen မှာ Bookmark ပြုလုပ်ထားခြင်းဖြင့် ကိုယ် အမြဲတစ်စေ ကြည့်ရှုတတ်တဲ့ ၀က်ဘ်ဆိုက်တွေကို Home Screen ကနေ တစ်ချက်နှိပ်လိုက်ရုံနဲ့ အလွယ်တကူရှာဖွေပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Home Screen မှာ Bookmark ပြုလုပ်ဖို့အတွက် ပထမဦးဆုံး ကိုယ်အသုံးပြုနေတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဖွင့်ပါ။ အသုံးပြုတဲ့ Browser အမျိုးအစားပေါ်မူတည်ပြီးလည်း ပြုလုပ်လို့ရတဲ့နေရာ အနည်းငယ်ကွဲလွဲမှုလည်း ရှိမှာဖြစ်ပါတယ်။Firefox Browser ပေါ်က အသုံးပြုမယ်ဆိုရင် နှစ်သက်ရာ ၀က်ဘ်ဆိုက်တစ်ခုကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Menu Button ကို နှိပ်ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး Add to Home Screen ဆိုတာကို နှိပ်လိုက်ပြီး ကိုယ်သိမ်းချင်တဲ့ ၀က်ဘ်ဆိုက်ကို Homescreen မှာ Bookmark ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။

Samsung ကို ကျော်ဖြတ်ပြီး တရုတ် စမတ်ဖုန်းဈေးကွက်ကို Xiaomi ဦးဆောင်

ယခုနှစ် ဒုတိယ သုံးလပတ်တွင် Xiaomi ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ပြိုင်ဘက် Samsung Electronic ကုမ္ပဏီထက် သာလွန်ခဲ့ကြောင်း ဈေးကွက်သုတေသနအဖွဲ့ Canalys မှ ဖော်ပြခဲ့သည်။ ၎င်းသည် အလျင်အမြန် တိုးတက်လာသည့် တရုတ် စမတ်ဖုန်းဈေးကွက်တွင် Samsung ကို ပထမဦးဆုံးအကြိမ် နောက်ကောက်ချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးကို အနှေးနှင့်အမြန် အန္တရာယ်ကျရောက်လာနိုင်သည့် အလားအလာများရှိနေကြောင်း ကဏ္ဍစုံမှ လုပ်ငန်းရှင်များသုံးသပ်
"အိမ်ခြံမြေကဏ္ဍတွင် ဈေးကစားမှုများ အလွန်အမင်းမြင့်တက်နေခြင်းသည် စီးပွားရေးရပ်ဝန်းတစ်ခုလုံးအား အနှေးနှင့်အမြန် အန္တရာယ်ကျရောက်လာနိုင်သည့် အလားအလာများရှိနေကြောင်း ကဏ္ဍပေါင်းစုံမှ လုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့သည်။
"အိမ်ခြံမြေဈေးဆိုတာကတော့ ဒီလိုစီးပွားရေးကိုစဖွင့်တဲ့အချိန်မျိုးမှာ တက်တတ်ပါတယ်။ အချိန်တန်ရင်တော့ သူ့ဟာသူရပ်သွားတယ်။ သူကပူဖောင်းလိုပဲ။ တဖြည်းဖြည်းဖောင်းဖောင်းလာတဲ့သဘော။ အဲဒါကနေပြီး အချိန်တန်ရင်ပေါက်သွားတယ်။ ဒါမျိုးဖြစ်နေတာက ဗီယက်နမ်မှာလည်းဖြစ်တယ်။ ထိုင်းမှာလည်းဖြစ်တယ်။ အခု မြန်မာမှာလည်း ဖြစ်မှာပဲ။ ဘယ်အချိန်ပေါက်မယ်ဆိုတာသာမသိတာ။ ၂၀၁၅ မှာ အရင်းအနှီးဈေးကွက်ပေါ်လာမယ်ဆိုပေမယ့် ရှယ်ယာတွေမှာ အလုံးအရင်းနဲ့ဝင်ပြီး ရင်းနှီးမြှုပ်နှံရအောင်တော့ မဖြစ်နိုင်သေးဘူး။ တကယ်လို့ ၂၀၁၅ မှာ စလုပ်ဖြစ်ရင်တောင် လေးနှစ်ငါးနှစ်တော့ အချိန်ယူရဦးမယ်။ အဲဒီလောက်မှ အရှိန်ရလာမှာ။ ဒါကြောင့် ဒီလေးနှစ်ငါးနှစ်မှာတော့ စတော့မားကတ်က အိမ်ခြံမြေဈေးကျသွားရလောက်အောင်တော့ အထောက်အကူမပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်မြင်တာကတော့ ဒီလေးငါးနှစ်မတိုင်ခင်ကို ဒီပူဖောင်းက ပေါက်ကိုပေါက်သွားမယ်။ အခုလက္ခဏာတွေကြည့်ရတာ သိပ်ပြီးအလွန်အကျွံဖြစ်လာတာတွေ့ရတယ်" ဟု MESC ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ဦးစိုးသိန်းက သုံးသပ်ပြောကြားခဲ့သည်။

လိုင်ဇာအလွန်အပစ်ရပ်ရေးနှင့် လူထုခေါင်းဆောင်
လိုင်ဇာထိပ်သီးအစည်း အဝေးအလွန် ထုတ်ပြန်ကြေညာချက်နှင့် သဘောတူညီချက်မူကြမ်းတို့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီ ချက်ဆီ ဦးတည်နေသော်လည်း စိန်ခေါ်မှုများက ကျန်ရှိနေဆဲဖြစ်သည်။ အစိုးရ၊လွှတ်တော်များ၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အပစ်ရပ်ရေးကို အကြိတ်အနယ်ပြင်ဆင်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏နေရာသည် မှေးမှိန်နေဆဲဖြစ်သည်။ လိုင်ဇာအလွန်အပစ်ရပ်ရေးတွင် လူထုခေါင်းဆောင်၏အခန်း ကဏ္ဍကို ရှေ့တန်းတင်နိုင်မည်ဆိုလျှင် သဘောတူညီချက်များ အပြီးသတ်ရေးလုပ်ငန်းစဉ်သည် ပိုမိုထိရောက်အောင်မြင်မည်ဖြစ်သည်။တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းဆွေးနွေး ရေးအဖွဲ့ (အင်န်စီစီတီ)၏ထိပ်သီးအစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၂၉ ရက်နေ့ အထိလည်းကောင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များ၏ ထိပ်သီးအစည်းအဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါထိပ်သီး အစည်းအဝေးများသို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၈)ဖွဲ့မှခေါင်းဆောင်များ၊ ကိုယ်စား လှယ်များနှင့် လေ့လာသူများ စုစု ပေါင်း ၁၅၅ ဦးပါဝင်တက်ရောက် ခဲ့သည်။Monday, August 4, 2014
ပရဟိတကျောင်း နေကလေး ငယ်များကို ခေါ်၍ စားပွဲထိုး ခိုင်းသူအား အမှုဖွင့်
ကလေးမြို့၊ ညောင်ပင်သာနယ်မြေ အမှတ် (၆)ရပ်ကွက်၊ ကလေးမြို့ မဈေးကြီး အတွင်းရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်သည် ပရဟိတကျောင်းမှ အရွယ်မရောက်သေး သည့်ကလေးသူငယ်များ ကိုခေါ်ကာ စားပွဲထိုး လုပ်စေသည့်အတွက် ရဲဌာနက စစ်ဆေးလျက် ရှိသည်။
စားပွဲထိုးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် အရွယ်မရောက် သေးသော လူငယ်များမှာ ကလေးမြို့နယ်၊ သာစည် ကျေးရွာရှိ အေချမ်းဖြိုး လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းမှ ကလေးများ ဖြစ်သည်ဟု အဆိုပါကျောင်းရှိ ဂေဟာမှူး ဦးကြာတင့်က ဆိုသည်။“ပရဟိတကျောင်းက မွေးစားထားတဲ့ ကလေးတွေ ပျောက်သွားလို့ လိုက်လံရှာ ဖွေတဲ့အခါ အဲ့ဒီ လက်ဖက် ရည်ဆိုင်မှာ စားပွဲထိုး အလုပ်ကို ၀င်ရောက် လုပ်ကိုင်နေကြတာ ပြန်တွေ့ခဲ့ရပါတယ်” ဟု ဂေဟာမှူး ဦးကြာ တင့်က ဆက်လက်၍ ပြောပြသည်။
ထိုကျောင်းရှိ မောင်ဝေဖြိုးအောင် အသက်(၁၄)နှစ်၊ မောင်မျိုးထွန်း အသက် (၁၂)နှစ်နှင့် မောင်ဝေယံဦး အသက်(၁၃)နှစ်ဆိုသူတို့သည် လွန်ခဲ့သည့် တစ်ရက်၊ နှစ်ရက်ခန့်က အဆိုပါကျောင်းမှ ပျောက်သွားခဲ့သည် ဟု ဆိုသည်။

ခြေထောက်တွင် ဘုရားပုံတော် ဆေးမင်ကြောင် ထိုးထားသောနိုင်ငံခြားသား အား ပြည်နှင်ဒဏ်ပေး
![]() |
| ပြည်နှင်ဒဏ်ခံရသည့် နိုင်ငံခြားသား၏ ခြေသလုံးတွင် ထိုးထား သည့်ဆေး မင်ကြောင်များ (ဓာတ်ပုံ− Kyaw Swar Myint) |
ခြေထောက်တွင် ဘုရား ပုံတော် ဆေးမင်ကြောင်ထိုးထား သော ကနေဒါနိုင်ငံသား အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီး ဌာနက ညောင်ရွှေမှ ညတွင်းချင်း ရန်ကုန်လေဆိပ်သို့ ပြန်ပို့ကာ ပြည်နှင် ဒဏ်ပေး ခဲ့ ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်အသင်း (MTGA) မှ သတင်း ရရှိသည်။ ကနေဒါနိုင်ငံသား Mr Polley Jason Scott သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၇ ရက်က ရောက်ရှိခဲ့သည်။ ၎င်း၏ ညာ ဘက်ခြေသလုံးတွင် ဗုဒ္ဓရုပ်ပွား တော်ပုံများကို ဆေးမင်ကြောင် များ ရေးထိုးထားပြီး၊ အဆိုပါ ဆေးမင်ကြောင်ဓာတ်ပုံများ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် တက်လာပြီးနောက် ဝေဖန်မှုများ ဖြစ် ပေါ်ခဲ့သည်။
အချုပ်သားများကို ရိုက်နှက်ခဲ့သော အကျဉ်းထောင်ဝန်ထမ်းဟောင်းနှစ်ဦး မီဒီယာရှေ့တွင် တောင်းပန်
အင်းစိန်ထောင်တာဝန်ရှိသူများ တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားများအပေါ် ကြမ်းတမ်းစွာဆက်ဆံခဲ့ခြင်းကို ဝန်ချတောင်းပန်စဉ်
အင်းစိန်အကျဉ်းထောင် အတွင်း အချုပ်သားကို ရိုက်နှိက် ခဲ့သည့် ထောင်ဝန်ထမ်းဟောင်း နှစ်ဦးက ပထမအကြိမ်အဖြစ် ကျူးလွန်ခံရသူများအား မီဒီယာများရှေ့တွင် ၀န်ချတောင်းပန်ခဲ့သည်။၂၀၁၃ ခုနှစ် ဇူလိုင်က အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံထားရသော တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား ကိုးဦးမှာ တရားရုံးချိန်းမှ အပြန်အချုပ်ခန်းသို့ မရောက်မီ လုံခြုံရေးဂိတ်တွင် စစ်ဆေးခံနေစဉ် ၎င်းတို့ထဲမှ နှစ်ဦးကို တပ်သား အေးမင်းအောင်က လည်ပင်းညှစ်၊ ထိုးကြိတ်ခဲ့သောကြောင့် အကျဉ်းဦးစီးအရာရှိထံ တိုင်ကြားသော်လည်း မဖြေရှင်းပေးဘဲ ခြိမ်း ခြောက်ပြောဆိုခဲ့၍ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ထို့နောက် အချုပ်သားဖြစ် သူများက ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် အကျဉ်းဦးစီးအရာရှိအပါအ၀င် အေးမင်းအောင်တို့ ကို ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ပြီး အင်းစိန်တရားရုံးတွင် တရားစွဲ ဆိုခဲ့သည်။ တရားရုံးချိန်းပေါင်း ၃၀ ကျော်တွင် အမှုဖွင့်ခံခဲ့ရသည့် ဦးစီးအရာရှိမောင်မောင်ကြီးနှင့် တပ်သားအေးမင်းအောင်တို့ကအမှုရုပ်သိမ်းရန် ညှိနှိုင်းဆွေးနွေး မှုပြုလုပ်လာခဲ့သည်။ သြဂုတ် ၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကျူးလွန်ခဲ့သည့်အမှားအတွက် ကျူးလွန်ခံရသူများအား မီဒီယာများရှေ့တွင် ၀န်ချတောင်းပန်ခဲ့ခြင်းဖြစ်သည်။

မာစတာစပေါ့ ဖိနပ်စက်ရုံအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာ၌ မြန်မာနိုင်ငံမှ ရှောင်ပြေးသွားသော စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုးကို နောက်တိုးတရားခံအဖြစ် တင်မည်
မာစတာစပေါ့ ဖိနပ်စက်ရုံအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာ၌ မြန်မာနိုင်ငံမှ
ရှောင်ပြေးသွားသော စက်ရုံပိုင်ရှင် ကိုရီးယားလူမျိုး Mr.In Ho Bang ကို
နောက်တိုးတရားခံအဖြစ် တင်သွားမည်ဖြစ်ကြောင်း အလုပ်ရုံ၊ အလုပ်သမားဥပဒေ
စစ်ဆေးရေးဦးစီးဌာနမှ သတင်းရရှိသည်။
မာစတာပေါ့ ဖိနပ်စက်ရုံအမှုကို လှိုင်သာယာမြို့နယ် တရားရုံးတွင် ဇူလိုင် ၂၅ ရက်တွင် စတင်စစ်ဆေးခဲ့ပြီး တရားစွဲဆိုခံထားရသော စက်ရုံမန်နေဂျာနှစ်ဦးအနက် မစ္စတာဂျောင်းသာ ရောက်ရှိလာခဲ့ပြီး ဒေါ်ခင်ခင်ထွေးမှာ လာရောက်ခြင်းမရှိကြောင်း သိရသည်။
သြဂုတ် ၈ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမည်ပြီး ဒေါ်ခင်ခင်ထွေးမှ လှိုင်သာယာမြို့နယ် လူမှုဖူလုံရေးရုံးခွဲသို့ ထည့်ဝင်ကြေးပေးဆောင်ပြီး လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၉၃ အရ စွဲဆိုထားသောအမှုအား ကျေအေးပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
“လုပ်ငန်းရှင်ကို ဒီကိုမခေါ်ပေးနိုင်ဘူးဆိုတာ ကျွန်မတို့ အလုပ်သမားတွေအနေနဲ့ အံ့သြပါတယ်။ သူကိုယ်တိုင်လာပြီး ဖြေရှင်းပေးရမှာပါ။ အခုတော့ ကျွန်မတို့ လမ်းဘေးရောက်နေပါပြီ” ဟု မာစတာဖိနပ်စက်ရုံ အလုပ်သမားကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

အစိုးရနှင့် NCCT ခေါင်းဆောင်များ သီးသန့်တံခါးပိတ်ဆွေးနွေး
![]() |
| ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲ၌ ၀န်ကြီးဦးအောင်မင်း စကားပြောကြားစဉ် (ဓာတ်ပုံ-အောင်ခိုင်) |
တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးအတွက် ညှိနှိုင်း ရန် ခက်ခဲနေသည့် အချက်များကို အစိုးရအဖွဲ့၊တပ်မတော်နှင့် NC-CT တို့မှ ထိပ်သီးခေါင်းဆောင် များတစ်ဖက်လျှင် သုံးဦးစီ မြစ်ကြီး နားမြို့တွင် သီးသန့်တံခါးပိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အီဘိုလာ ဗိုင်းရပ်စ်ပိုး အကူးစက်ခံထားရသော အမေရိကန်ဆရာဝန် မိခင်နိုင်ငံသို့ ပြန်ရောက်
အနောက်အာဖရိကသို့ စေတနာ့ ဝန်ထမ်းအဖြစ် တာဝန် သွားရောက် ထမ်းဆောင်စဉ်
အီဘိုလာ ဗိုင်းရပ်စ်ပိုး အကူးစက်ခံခဲ့ရသော အမေရိကန် ဆရာဝန်သည် စနေနေ့က
အမေရိကန်ပြည်ထောင်စုသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီဟု CNA သတင်းဌာနတွင်
ဖော်ပြထားသည်။
ဒေါက်တာ ကန့်ဘရန်တလေသည် အာဖရိကမှ အတ္တလန်တာ မြို့ပြင်ရှိ လေတပ်အခြေစိုက် စခန်းတစ်ခုသို့ သီးသန့်လေယာဉ်ဖြင့် ဒေသစံတော်ချိန် နံနက် ၁၁း၅၀ နာရီတွင် ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် တာဝန်ရှိသူများက ၎င်းကို အတ္တလန်တာမြို့ရှိ အမ်မိုရီ တက္ကသိုလ်ဆေးရုံ သီးခြား ကုသဆောင်သို့ ပို့ဆောင်ခဲ့သည်။ထိုကဲ့သို့ ဒေါက်တာဘရန်တလေကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်သည်ကို ဒေသတွင်း ရုပ်သံလိုင်းများက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြသည်။ဒေါက်တာဘရန်တလေကဲ့သို့ပင် အနောက်အာဖရိကသို့ သွားရောက်ပြီး အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူများအတွက် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ သွားရောက် လုပ်ဆောင်စဉ် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသော အမေရိကန်လူမျိုး ခရစ်ယာန် သာသနာပြု နန်စီရိုက်ဘိုလ်ကိုလည်း ဒေါက်တာဘရန်တလေကို ခေါ်ဆောင်ခဲ့သည့် နည်းလမ်းအတိုင်း လာမည့် ရက်ပိုင်းအတွင်း မိခင်နိုင်ငံသို့ ပြန်လည် ခေါ်ဆောင်သွားမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ရာဇကုမာရ်ကျောက်စာ ကမ္ဘာ့အမွေအနှစ်အထိမ်းအမှတ်စာရင်း ဝင်၊မဝင် ၂ဝ၁၅တွင် ဆုံးဖြတ်မည်
- ကမ္ဘာ့ အမွေအနှစ်အထိမ်းအမှတ် စာရင်း ဝင်ရန်အတွက် ယူနက်စကိုသို့ တင် ပြထားသော ရာဇကုမာရ်ကျောက် စာကို လာမည့် ၂ဝ၁၅တွင် စာရင်း ဝင်၊မဝင် အဆုံးအဖြတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ရာဇကုမာရ် ကျောက်စာကို ယူနက်စကိုမှ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိကို လာရောက်စစ်ဆေးခဲ့ပြီး ၂ဝ၁၅ခုနှစ်တွင် ပြုလုပ်မည့် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ဗဟိုကော်မတီ၏အစည်းအဝေး၌ အဆုံးအဖြတ်ပေး သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင်က ပြောသည်။''ပျူမြို့ဟောင်းတွေကို အဆုံး အဖြတ်ပေးသလိုပဲ သူတို့လုပ်တဲ့အ စည်းအဝေးမှာ ဒီကျောက်စာဟာ အမွေအနှစ်စာရင်း ဝင်သင့်တယ်၊ မဝင်သင့်ဘူးဆိုပြီး အဆုံးအဖြတ် ပေးသွားမှာ''ဟု ယင်းက ဆက်လက် ပြောသည်။
လိုင်းသစ်တိုးချဲ့မှုတွေ များပြားလာတဲ့အတွက် ၀င်ငွေအခက်အခဲ ကြုံတွေ့ နေရတဲ့ မုံရွာမြို့ကအမြန်ရေယာဉ်လိုင်းများ
မုံရွာကနေ ချင်းတွင်းမြစ်အထက်ပိုင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်းသစ်တွေ တိုးချဲ့လာတဲ့အတွက် အမြန်ရေယာဉ်လိုင်းတွေ ရပ်တည်ဖို့
အခက်အခဲတွေ့နေကြတယ်လို့ သိရပါတယ်။ မုံရွာကနေ ချင်းတွင်း အထက်ပိုင်းကိုပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်း ၅ လိုင်းရှိပြီး ယာဉ်အစီးရေ တစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အမြန်ရေယာဉ်တစ်စီးမှာ အနည်းဆုံး လူဦးရေ (၁၀၀) ၀န်းကျင်တင်ဆောင်နိုင်ပေမယ့် လက်ရှိမှာတော့ တစ်စီးမှာ လူ ၂၀ ကနေ ၃၀ ၀န်းကျင်သာတင်ဆောင်နေရတယ်လို့ သိရပါတယ်။ယခုအခါမှာ အမြန်ရေယာဉ်အသင်းတွေ တည်ထောင်မှုဟာ ပိုမိုများပြားလာပြီး အမြန်ရေယာဉ် အရေအတွက်ဟာလည်း ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကြောင့် အမြန်ရေယာဉ် အသင်းတွေအနေနဲ့ မိမိတို့လုပ်ငန်း ပုံမှန်လည်ပတ်ဖို့အတွက် ဈေးနှုန်းတွေကို လျှော့ချပြေးဆွဲနေ ရတယ်လို့ သိရပါတယ်။

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ရန် အမျိုးသားဥပဒေပြု လွှတ်တော် သဘောတူ
ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်ချိန် အိုချာအား ကြားဖြတ်အစိုးရ၀န်ကြီး ချုပ် အဖြစ်ခန့်အပ်ရန် အမျိုးသား ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီထားကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် သြဂုတ် ၄ ရက်က ဖော်ပြခဲ့သည်။ငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအမျိုးသားကောင်စီ (NCPO)
အကြီးအကဲဗိုလ်ချုပ်ကြီး ပရာရွတ်သည် ၀န်ကြီးချုပ်တစ်ဦး၏ တာ ၀န်များကို
ထိထိရောက်ရောက် လုပ်ဆောင်နေပြီဖြစ်ရာ ၎င်း အနေဖြင့် ၀န်ကြီးချုပ်ရာထူးနှင့်
ထိုက်တန်ကြောင်း လွှတ်တော်သတင်း ရင်းမြစ် တစ်ဦးက ပြောကြားသည်။အမေရိကန် စားသောက်ဆိုင်က ထမင်းကျေးဇူး သိသူများအား ၁၅ ရာခိုင်နှုန်း ဈေးလျှော့ယူ
မြောက်ကာရိုလိုင်းနား ပြည်နယ်မှ စားသောက်ဆိုင် တစ်ဆိုင်သည် အစားအသောက်များ
စားသည့်အခါ ထိုအတွက် ဘုရားရှိခိုး၍ ၎င်းတို့စားသော အစားအစာ၏ ကျေးဇူးတော်ကို
ထုတ်ဖော် ပြသမည် ဆိုပါက ဖောက်သည်များကို ၁၅ ရာခိုင်နှုန်း ဈေးလျှော့
ပေးသည်ဟု သြဂုတ် ၄ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြ
ထားသည်။ရှင်ကျန်းဒေသ တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သေဆုံးဟု တရုတ်အစိုးရ သတင်းထုတ်ပြန်
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၅၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရဲစခန်းတစ်ခုနှင့် အစိုးရရုံးများကို ဓားများ၊ ပုဆိန်များ ကိုင်ဆိုင်ထားသူများက ဇူလိုင် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၂၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သော်လည်း အသေအပျောက်စာရင်း အတိအကျကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးသည့် စစ်သား သေဆုံးသွားပြီဟု အစ္စရေးစစ်တပ် အတည်ပြု
သြဂုတ် ၁ ရက်က ဂါဇာတောင်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည့် အသက် ၂၃ အရွယ် အစ္စရေးစစ်သား ဟာဒါဂေါ်ဒင်သည် သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောကြားလိုက်သည်။
ဟာဒါဂေါ်ဒင်ကို တိုက်ပွဲများဖြစ်နေစဉ်အတွင်း ဟားမတ်စ်စစ်သွေးကြွများက ဖမ်းဆီးသွားသည်ဟု ယူဆရပြီး ၎င်းပျောက်ဆုံးသွားပြီးနောက် ၇၂ နာရီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နာရီပိုင်း အတွင်း ပျက်ပြားသွားခဲ့သည်။
အီရတ်တွင် ကာ့ဒ်တပ်ဖွဲ့များနှင့် တိုက်ခိုက်ပြီးနောက် ရေနံမြေငယ် နှစ်ခုကို ISIS အဖွဲ့ သိမ်းယူနိုင်ခဲ့
ISIS အဖွဲ့ ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေး သမားများသည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ရေနံမြေငယ်နှစ်ခုကို တနင်္ဂနွေနေ့က သိမ်းပိုက်နိုင်ခဲ့ကြပြီး၊
ကာ့ဒ်ဒစ်ရှ် ပက်ရှ်မာဂါ (Kurdish peshmerga) တပ်ဖွဲ့များ နှင့်
ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်း
ဖြစ်ကြောင်း ကာ့ဒ် အရာရှိများက ဆိုသည်။ဂျီဟတ်ဝါဒီ ISIS အဖွဲ့သည် အီရတ်၏ ဒုတိယမြို့တော် မိုဆူးလ် (Mosul) ၏ အနောက်မြောက်ပိုင်းရှိ ဇူးမား (Zumar) ဒေသအား စနေနေ့ က စတင်တိုက်ခိုက် ခဲ့ကြရာ၊ နှစ်လနီးပါး ကြာလာပြီဖြစ်သော တိုက်ပွဲများတွင် ကာ့ဒ်တပ်ဖွဲ့များလည်း ပိုမိုနက်ရှိုင်းစွာ ပါဝင်လာခဲ့သည်။
လှေဖြင့် ခိုးဝင်လာသည့် တမီးလ်လူမျိုးများကို သြစတြေးလျက ပစိဖိတ်သမုဒ္ဒအတွင်းရှိ ကျွန်းသို့ ပို့ထား
အိန္ဒိယနိုင်ငံမှ လှေဖြင့်ခိုးဝင်လာပြီး ခိုလှုံခွင့်တောင်းခံထားသည့် တမီးလ်ဒုက္ခသည် ၁၅၇ ဦးကို သြစတြေးလျ အာဏာပိုင်များက ပစိ ဖိတ်သမုဒ္ဒရာအ တွင်းရှိ နာအူရူကျွန်းသို့ ပို့ထားကြောင်း သိရသည်။အဆိုပါ ဒုက္ခသည်များက အိန္ဒိယအရာရှိများနှင့် တွေ့ဆုံရန်
ငြင်းဆိုခဲ့သောကြောင့် ၎င်းတို့၏ ခိုလှုံ ခွင့် တောင်းခံမှုကို စိစစ်နေစဉ်အတွင်း
ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ တမီးလ်ဒုက္ခသည်များသည်
ဇွန်လအတွင်းက လှေဖြင့် ခိုးဝင်လာစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့အား
သြစတြေးလျ ကုန်းတွင်းပိုင်းသို့ ခေါ်ဆောင်ကာ အိန္ဒိယအရာရှိ များနှင့်
တွေ့ဆုံပေးရန် စီစဉ်ခဲ့သော်လည်း ဒုက္ခသည်များက ငြင်းဆိုခဲ့သည်။
ယင်းတမီးလ်လူမျိုးများသည် အိန္ဒိယနိုင်ငံ၊ ပွန်ဒီချာရီမှ
ထွက်ခွာလာခဲ့ခြင်းဖြစ်သော်လည်း သီရိလင်္ကာ နိုင်ငံမှ
ရွှေ့ပြောင်းလာသူများဖြစ်နိုင်ကြောင်း အာဏာပိုင်များ က ပြောကြားသည်။
၎င်းတို့ကို ၀က်စ တန်းသြစတြေးလျရှိ ကာတင်လူဝင်မှုကြီးကြပ်ရေးစခန်းတွင်
ထိန်းသိမ်းထားခဲ့သည်။ ကလေးငယ် ၅၀ ဦးပါဝင်သည့် ယင်းဒုက္ခသည်များကို
နာအူရူကျွန်း သို့မဟုတ် သီရိလင်္ကာသို့ ပြန်ပို့ ပေးဖွယ်ရှိကြောင်း
သြစတြေးလျလူဝင်မှုကြီးကြပ်ရေးဝန်ကြီး စကော့မော်ရစ်ဆန်က ပြောကြားသည်။
ငါးမွေးမြူရေးနှင့် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များကို ကျပ်သုံးဘီလီယံ ချေးငွေပေးမည်
မွေးမြူရေးလုပ်ငန်းရှင် များထံမှအကြွေးကျပ်ငွေသုံးဘီ လီယံကျော်ရှိသော်လည်းငါးမွေး မြူရေးနှင့် ပင်လယ်ကမ်းဝေးငါး ဖမ်းလုပ်ငန်းရှင်များကို
ချေးငွေ ကျပ်သုံးဘီလီယံခွဲထပ်မံချေးပေး ရန်စီစဉ်နေကြောင်းမွေးမြူရေး
ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှသတင်းရ ရှိသည်။‘‘နည်းပညာတွေ၊ ငွေကြေး တွေလိုတယ်လို့အမြဲပြောနေလို့
အခုလိုထပ်ပြီးထောက်ပံ့ပေးတာ ။ နိုင်ငံတော်သမ္မတကြီးလည်းချေး ငွေပေးဖို့
လမ်းညွှန်ထားတယ်’’ဟု အဆိုပါဝန်ကြီးဌာန ဒုတိယ၀န် ကြီးဦးခင်မောင်အေးက ပြော
ကြားသည်။
ငါးမွေးမြူရေးလုပ်ငန်းရှင် များအတွက် ချေးငွေကျပ်တစ်ဘီ လီယံခွဲကို တွံတေး၊ မအူပင်၊ ညောင်တုန်းနှင့်လက်ပံတန်းမြို့ နယ်တို့ရှိ လုပ်ငန်းရှင်များအား ချေး ပေးရန် စီစဉ်ထားသည်။အဆိုပါ ချေးငွေကို ခိုင်မာမှုရှိစေရန် ၀ိုင်း ကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေး မည်ဖြစ်သည်။

နာရေးဝန်ဆောင်မှုအဖွဲ့က အလောင်း မှားမြုပ်သဖြင့် ပြန်လည် တူးဖော်ခဲ့ရ
အမေရိကန် နိုင်ငံ ဟူစတန်မြို့ရှိ ဟူစတန် နာရေး ဝန်ဆောင်မှု အဖွဲ့သည် ရုပ်အလောင်း မှားယွင်း မြုပ်မိခဲ့ပြီး မှားယွင်းကြောင်း သိရှိခဲ့သည့် အချိန်တွင် ရုပ်အလောင်းအား ပြန်လည် တူးဖော်ခဲ့ရ သည်ဟု သြဂုတ်လ ၄ ရက်က နယူးယောက် ဒေးလီး သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ရုပ်အလောင်းပိုင်ရှင် ဘရုစ်လောဆန်မှ အသုဘ အခမ်းအနားသို့ လာရောက်ချိန်တွင် အခေါင်းထဲရှိ ရုပ်အလောင်းသည် ၎င်း၏ မိခင်ဖြစ်သူ၏ ရုပ်အလောင်း မဟုတ်ကြောင်းကို ရိပ်မိခဲ့သည်။ ထို့နောက် ၎င်းသည် တစ်စုံတစ်ခု မှားယွင်း နေကြောင်း စဉ်းစားမိခဲ့ သော်လည်း ရုပ်အလောင်းအား မပုပ်ပွ စေရန် စီမံထားမှု များကြောင့် ယခုလို ရုပ်ပြောင်း သွားခြင်း ဖြစ်နိုင်သည် ဟူ၍ အမှုမဲ့ အမှတ်မဲ့ နေခဲ့သည်ဟု ဆိုသည်။ထို့နောက် စဉ်းစားရ အလွန်ကြပ်လာ သောကြောင့် လောဆန်သည် နာရေး ဝန်ဆောင်မှု အဖွဲ့၏ ဝန်ထမ်းအား "ဒါကျွန်တော့် အမေနဲ့ မတူသလိုဘဲ"ဟု ပြောကြား ခဲ့သော်လည်း ရုပ်အလောင်းသည် လောဆန်၏ အမေ ဖြစ်ကြောင်းကို ယင်းဝန်ထမ်းမှ ခိုင်ခိုင်မာမာ ပြောကြား ခဲ့သည်။"ဒီအလောင်းက ကျွန်တော့် အမေအလောင်း မဟုတ်ဘူးလို့ နာရေး ဝန်ဆောင်မှု ဝန်ထမ်းကို ပြောပြခဲ့တယ်"ဟု လောဆန်က ပြောကြား ခဲ့ပြီး "အလောင်းများ မှားနေလား မသိဘူး၊ တစ်ယောက်ယောက်များ ဖြစ်နေ မလား"လို့ မေးခဲ့ပေမယ့် ၎င်းဝန်ထမ်းက "ကျွန်မတို့ ဒီလို အမှားမျိုးတွေ မလုပ်ပါဘူး"ဟု ပြန်လည် ပြောဆို ခဲ့သည်ဟု လော်ဆန်က ပြောကြားခဲ့သည်။
လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်၍ သေဆုံးသူအတွက် မြန်မာ-ယန်စီကုမ္ပဏီမှ လျော်ကြေးသိန်း၂ဝဝပေး
လက်ပံတောင်းကြေးနီ စီမံကိန်း လုပ်ကိုင်နေသော မြန်မာ-ယန်စီကုမ္ပဏီတွင်
မေလပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် တန် ၁ဝဝ ကားကြီးမှ စူဇူကီး ဒယ်ဘယ်ကတ်
ကားလေးအား တက်ကြိတ်ခဲ့ရာ ဒယ်ဘယ်ကတ်ကားတွင်ပါသည့် အလုပ်သမား ကိုမင်းမင်းစိုး
သေဆုံးခဲ့မှုကို လျော်ကြေး သိန်း၂ဝဝ ပေးလိုက်သည်။ယန်စီကုမ္ပဏီကသေဆုံးသူအတွက် လျော်ကြေးပေးရာတွင်
ကျန်ရစ်သူမိသားစုနှင့် ညှိနှိုင်းဆောင်ရွက်ရာ အဆင်မပြေဖြစ်ခဲ့ပြီး သြဂုတ် ၃
ရက်ကမှ မြန်မာကျပ် သိန်း၂၀၀ ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု မြန်မာနိုင်ငံ
အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (MTUF) ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက
ပြောသည်။"အကောင်းဆုံးရလာဒ်ကတော့ ယန်စီကော့ပါးလိမိတက်အနေနဲ့ 
နောက်နောင်မှာ မိမိတို့ ယန်စီအလုပ်သမားများအား ယခုကဲ့သို့ မဖြစ်စေအောင်
လုံခြုံဘေးကင်းတဲ့ လုပ်ငန်းခွင်အဖြစ် ကာကွယ်စောင့်ရှောက်ပါမယ်လို
့ဝန်ခံကတိပြုသွားတာပါပဲ"ဟု MTUF ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက မဇ္ဈိမကို
ပြောသည်။ယန်စီကုမ္ပဏီအနေဖြင့် စတင်ညှိနှိုင်းခဲ့စဉ်က ယခုကဲ့သို့
အလုပ်သမားများ ဘေးအန္တရာယ်ထပ်မံမဖြစ်ပွားစေရန် ဂရုစိုက်မည်ဟုသော
ကတိကိုမပေးကြောင်း၊ လျော်ကြေး သာပေးမည်ဟု ဆိုခဲ့သည်။ သို့သော် ဇနီးဖြစ်သူက
လက်မခံခဲ့ပေ။
လူ့အခွင့်အရေးအပြည့်အ၀ရှိသော မြန်မာနိုင်ငံ
လူသားတိုင်းတွင် တူညီသည့် အခွင့်အရေးများ ရှိကြပါသည်။ တူညီသော ဥပဒေဖြင့်
အကာအကွယ် ပေးမှုကိုလည်း လူသားတိုင်းရရှိခံစားကြရပါသည်။
လူသားတစ်ဦးရရှိသင့်သော အခွင့်အရေးကို လူ့အခွင့်အရေး ဟုဆိုပါက
မှားနိုင်မည်မထင်ပေ။ သို့ရာတွင် လူ့အခွင့်အရေးဟူသည်
နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ကွဲပြား ခြားနားသကဲ့သို့ ကိုးကွယ်ယုံကြည်ရာ
ဘာသာအယူဝါဒအရလည်း ကွဲပြားခြားနားမည် ဖြစ်ပါသည်။ ထို့အတူ နိုင်ငံ
တစ်နိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့အကြား
ရရှိခံစားနိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးဆိုသည်မှာ လည်း မတူညီနိုင်ပေ။
ဤနေရာတွင် စာရေးသူအနေဖြင့် လူ့အခွင့်အရေးဆိုသည်ကို မည်သည့်စံပေတံဖြင့်
တိုင်းတာ၍ ရနိုင်ပါမည်နည်းဟု မေးစရာရှိလာပါသည်။ အမေရိကန်နိုင်ငံ၏
လူ့အခွင့်အရေးနှင့် အခြားသော နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးကား
မည်သည့်အခါမျှ တူညီနိုင်မည်မဟုတ်ချေ။ ကိုးကွယ်ယုံကြည်ရာ ဘာသာ အယူဝါဒ၊
ယဉ်ကျေးမှုကွဲပြားခြားနားခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်တွင်မူတည်၍
လူ့အခွင့်အရေး ဟူသော ပေတံသည် ကွဲပြားခြားနားနေမည်သာ ဖြစ်ပါသည်။
တရုတ်ဆန်ကုန်သည်နှစ်ဦး ဆန်ဖိုးပြန်ပေးရန် ဆက်သွယ်လာဟုဆို
မူဆယ်ကုန်သည်များထံ မှ ဆန်ဝယ်ယူပြီး သတ်မှတ်ရက် တွင် ငွေမပေးသော တရုတ်ဆန်ကုန်သည်နှစ်ဦးဆန်ဖိုးေ ပးရန် ပြန် လည် ဆက်သွယ်လာကြောင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသော ကုန်သည်အချို့ကပြောသည်။အဆက်အသွယ်ပြတ်နေ သော တရုတ်ကုန်သည်နှစ်ဦးအ နက် တစ်ဦးမှာ သြဂုတ် ၂
ရက်တွင် ရွှေလီမြို့၌ မြန်မာဆန်ကုန်သည် များနှင့် တွေ့ဆုံညှိနှိုင်းမှုများပြု
လုပ်ခဲ့ကြောင်း သတင်းရရှိသည်။‘‘မြန်မာကို ပေးစရာရှိတာ တွေကို မကြာခင်ဖြေရှင်းပေးမယ် လို့ပြောခဲ့တယ်။
နောက်တစ် ယောက်ကတော့ တစ်ဆင့်စကား ကြားတာ။သူလည်း ဖြေရှင်းပေးပါ မယ်လို့
သိရတယ်’’ဟု မူဆယ်မြို့ မှ ဆန်ကုန်သည်ဦးမင်းသိန်းက ပြောသည်။တရုတ်ကုန်သည် နှစ်ဦး သည် မူဆယ်ဆန်ကုန်သည်များ ထံသို့ ယွမ်ငွေ
သုံးဆယ့်ရှစ်သိန်း ကျော် (မြန်မာငွေကျပ် သိန်း ခြောက်ထောင်နီးပါး) ဖိုး
ဆန်ဝယ် ထားပြီး ငွေပေးရန်ရှိနေသည်။ တရုတ်ကုန်သည်နှစ်ဦးအနက် တစ် ဦးနှင့်
ညှိနှိုင်းမှုအရ ဆန်ဖိုးငွေ တရုတ်ယွမ် ၂၄ သိန်းခန့်ကို ပြန်
လည်ရှင်းလင်းပေးမည်ဖြစ်ပြီး ကျန်တစ်ဦးထံမှ ယွမ်ငွေ ၁၄ သိန်းကျော်ကို
ရှင်းလင်းပေးနိုင်မည်ဟု သိရသည်။ တရုတ်ကုန်သည်နှစ်ဦးသည် မြန်မာ့ဆန်ကို
ဇူလိုင်လလယ်မှ စတင်ဝယ်ယူ၍ သတ်မှတ်ကာလအတွင်း အကြွေးပြန်မဆပ်ဘဲ
ဇူလိုင်လကုန်ရက်တွင် အဆိုပါကုန်သည်နှစ်ဦးနှင့်
ဖုန်းအဆက်အသွယ်ပြတ်သွားခြင်းကြောင့် မြန်မာဆန်ကုန်သည်များ စိုးရိမ်ခဲ့ကြသည်။
Subscribe to:
Posts (Atom)