Monday, October 6, 2014

ကျနော်တို့ကို ဥပဒေ အရ ကာကွယ်ပေးပါ

Photo: ကျနော်တို့ကို ဥပဒေ အရ ကာကွယ်ပေးပါ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်

ထိုင်းနိုင်ငံ စူရက်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်းခေါ် ( Koh Tao ကျွန်းမှာ ) ဗြိတိန်နိုင်ငံသား စုံတွဲ အသတ်ခံ ရမှုနဲ့ ပတ်သက် တဲ့ သတင်းဟာ ကမ္ဘာကျော် သတင်းတပုဒ်ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်မှာ ထိုင်းရဲတွေက မြန်မာ နိုင်ငံသား ရခိုင်တိုင်းရင်းသား လူငယ်လေးနှစ်ဦးကို လူသတ်တရားခံအဖြစ် ထုတ်ပြန် လိုက်တဲ့ အပေါ် ဗြိတိန်နိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေ သာမကဘဲ ထိုင်းနိုင်ငံသား အများစု ကပါ ထိုင်းရဲတွေရဲ့ လုပ်ဆောင်ချက်ဟာ အပြစ်မရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို လူစားထိုး လိုက်တယ်ဆိုပြီး အယုံအကြည် ကင်းမဲ့တဲ့ ဝေဖန်မှုတွေကလည်း ပိုမိုကျယ်ပြန့်လာနေပါတယ်။ ဒါကြောင့် မြန်မာအစိုးရ ဘက်ကလည်း လှုပ်ရှားမှုတွေရှိလာပြီး ဒီအမှုကို လိုက်ပါ စုံစမ်းဖို့ မြန်မာသံရုံး ကောင် စစ် အရာရှိ ဦးထွန်းအေး ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ အတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များ စောင့်ရှောက် ရေး ကော်မတီ က တာဝန်ရှိသူတွေ၊ ရှေ့နေတွေ အပါအဝင် စုစုပေါင်း ၉ ဦး က အဖမ်းခံ ထားရတဲ့ မြန်မာနိုင် ငံသားတွေနဲ့ သွားရောက် တွေ့ဆုံနေကြပါတယ်။ အဲဒီအဖွဲ့ဟာ ဒီကနေ့ အောက်တိုဘာ ၆ ရက်၊ ပထမနေ့မှာ ထိုင်းရဲတပ်ဖွဲ့တွေက သံသယ တရားခံ အဖြစ် ထုတ်ဖော် ပြ သထားတဲ့ လူငယ်နှစ်ဦးနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီအဖွဲ့မှာ ကိုယ်တိုင်တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စောင့်ရှောက်ရေး ကော်မတီ အဖွဲ့က ရှေ့နေ ဦးအောင်မျိုး သန့် ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံလို့ စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားလေးတွေနဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်ခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာတွေသိခဲ့ရလည်း ဆိုတာ ရှင်းပြပေးပါဦး။

ဖြေ။     ။ ဟုတ်ကဲ့ ဒီနေ့တော့ ကော့စမွေမှာ ရှိတဲ့ အကျဉ်းဦးစီးဌာနကိုရောက်ခဲ့ပါတယ်။ သွားပြီးတော့ သက်ဆိုင်ရာတွေကို တင်ပြပြီးတော့ ကျနော်တို့ ၁၀ နာရီ ၅ မိနစ်မှာရောက်ခဲ့ပြီးတော့ ၁၀ နာရီ ၃၅ မိနစ်မှာ ကလေးနှစ်ယောက်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ တွေ့ခွင့်ရခဲ့တဲ့အခါ ကလေးတွေရဲ့ ပြောဆိုချက်တွေဟာ ကွဲလွဲချက် တွေရှိနေတယ်ဆိုတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။

ကလေးတွေရဲ့ အနေအထားကို ကြည့်ရတာလည်း တခါကြည့်တိုင်း အားငယ်သလိုလို တခါကြတော့လည်း မထူးတော့တဲ့ ပုံစံမျိုးကို ကျနော်တို့တွေ့ရပါတယ်။ တွေ့တော့ သူတို့ရဲ့ အချက်အလက်တွေကို ကျနော်တို့ မေးတဲ့ အခါမှာ ကျနော် အချက် ၄ ချက်တွေ့ပါတယ်။

တစ် အချက်က ကျနော်ကိုယ်တိုင် အရင်သတင်းတွေထွက်ကတည်းက ကန့်ကွက်ခဲ့ဖူးပါတယ်။ ဆူရတ်ဌာနီ ရဲစခန်းမှာ ဇော်ဝင်းထွန်း ကနေပြီးတော့ မှန်တယ်ဆိုပြီး ဝန်ခံလိုက်တဲ့ သတင်းပါ။ ဒီသတင်းကို ကျနော်က ကန့်ကွက်တယ်ဆိုတာဟာလည်း အခုအချိန်မှာ ကလေးကိုယ်တိုင်က ပြောပါတယ်။ စခန်းထဲမှာ ဖြေတုန်းက အရင်က ဝန်မခံပါဘူး။ ပထမရဲက သူ့ကို နားရင်း တချက်ရိုက်ပါတယ်။ နောက်တခါ ဘာသာပြန်က ၄ ချက်ဆက်ရိုက်ပါတယ်။ ပြီးတော့ လျပ်စစ်ဓာတ်နဲ့ တို့မယ်လို့ ပြောပါတယ်။ ဝန်ခံလို့ရှိရင်သက်သာ မယ်လို့ပြောလို့ မထူးတော့ဘူးဆိုပြီးတော့ ဝန်ခံပါတယ်လို့ ဒီနေ့ ပြောလာပါတယ်။

နောက်တခါ ဒုတိယ တချက်က ဒီကလေးက ဆေးလိပ်သောက်လားမေးတော့ ဆေးလိပ်သောက်တယ်လို့ ပြောပါတယ်။ သို့သော် သူတို့ အခင်းဖြစ်တဲ့ နေရာနဲ့ ကိုက် ၂၀ – ၂၅ ကိုက်လောက်မှာ ဂစ်တာတီးနေတာပါ။ ဆေးလိပ်သောက်တာလည်း အဲဒီနေရာမှာပဲ သောက်တာပါ။ သို့သော် သူတို့သောက်တဲ့ ဆေးလိပ်က လူသေ မိန်းကလေးရဲ့ အနားမှာတွေ့တဲ့ ဆေးလိပ်နဲ့ DNA တူတယ်လို့ ပြောထားပါတယ်။

နောက်တခါ ဒီကလေးတွေဟာ သူတို့ကို စစ်တဲ့ အချိန်တုန်းက နှစ်ယောက်လုံးကို သွားရည်စစ်တယ်။ တယောက်ဆိုရင် ဆီးပဲစစ်တယ်။ ဒါပေမယ့် အဲလိုစစ်ထားပါရဲ့သားနဲ့ သေတဲ့ကောင်မလေးရဲ့ ဗိုက်မှာရှိတဲ့ သုတ်ရေ၊ သုတ်ပိုးနဲ့ တူတယ်ဆိုပြီးတော့ DNA စစ်ထားတယ်လို့ ပြောထားတာဟာလည်း ကွဲလွဲချက်ဖြစ် နေပါတယ်။

နောက်တခါ ကလေးတွေက ဒီမှာရှိနေတယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမယ့် ဘီယာသောက်နေတယ်။ ဝိုင်လည်း နည်းနည်း ပါတယ်။ ဂစ်တာ တီးကြတယ်လို့ ပြောပါတယ်။ ဆိုတော့ ဒီအချက်တွေကြည့်ချင်းအားဖြင့် သူတို့ ဖြစ်နိုင်စရာ အကြောင်း မရှိဘူးလို့ ပြောလို့ရပါတယ်။

မေး။     ။ ဖြစ်နိုင်စရာအကြောင်းမရှိဘူးဆိုတာ ဆရာက ဘာကြောင့် ပြောနိုင်တာလဲ

ဖြေ။     ။ ကလေးတွေရဲ့ ပြောဆိုချက်ကို နားထောင်ပြီးတော့ ဒီအချက် ၄ ချက်ကို ကောက်ကြည့်တဲ့ အခါမှာ ပြစ်မှုကို ကျူးလွန်ခြင်း မရှိနိုင်ဘူးဆိုတဲ့ အနေအထားပါ။ ဒါပေမယ့် ပိုပြီးတော့ သေချာအောင်ဆိုပြီး၊ ကျနော်တို့က နံပတ်သုံး ဖြစ်တဲ့ မောင်မောင် ရှိတဲ့ နေရာက ရဲစခန်းကို သွားပါတယ်။ ဒါပေမယ့် ရဲစခန်းက မောင်မောင် ဟာ တရားခံမဟုတ်တော့ပါဘူး။ တရားလိုပြ သက်သေအဖြစ်နဲ့ ထားလို့မို့ ပေးတွေ့လို့ မရပါဘူး ဆိုပြီးတော့ ပြောပါတယ်။ ဒါပေမယ့် ရဲစခန်းထဲမှာ မရှိပါဘူး။ တည်းခိုခန်း တခုမှာ ထားပါတယ်လို့ပြော ပါတယ်။

နောက်တခါ ထို့အတူပဲ အမှုနဲ့ ပတ်သက်လို့ ကလေးတွေ ထွက်ဆိုချက်ကို စစ်ဆေးလို့ရအောင် အမှုတွဲကူးဖို့ ပြောတဲ့ အခါမှာလည်း ယမန်ရက်အတွင်းမှာဖြစ်နေတဲ့ အတွက်ကြောင့်မို့ တရားရုံးမတင်ရသေးလို့ အမှုတွဲကူးလို့ မရပါဘူးလို့လည်း ရဲစခန်းက ပြောလိုက်ပါတယ်။ အဲတော့ ကျနော်တို့ နိုင်ငံသားတွေကို ခုနပြောသလို ကျောသားရင်သား မခွဲခြားပဲ စောင့်လျှောက်ပေးဖို့ကို လည်း ပြောခဲ့ပါတယ်။

မနက်ဖြန်ဆိုရင် ကျနော်တို့ဒီကနေပြီးတော့ စပိဘုတ် နဲ့ သုံးနာရီလောက်သွားရတဲ့ အခင်းဖြစ်တဲ့ ကော့တောင်ကျွန်းကို ကျနော်တို့ အဖွဲ့သွားကြမှာပါ။ ဒါကြောင့် ရဲစခန်းကို ကျနော်တို့နဲ့ ပတ်သက်လို့ လုံခြုံရေး ပေးဖို့ ထပ်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။ သူတို့ကလည်း ပေးပါမယ်လို့ ပြောပါတယ်။

ထို့အတူပဲ ကလေးတွေရဲ့ အနေအထားကိုကြည့်ရတော့ စိတ်မကောင်းလို့၊ ပုံမှန်အနေအထားမဟုတ်တဲ့ အတွက်  ထောင်မှာကတည်းက ထောင်အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးတော့ ကျနော်တို့ နိုင်ငံက လာတဲ့လူ တွေကို ကြိုဆိုပြီးတော့ ကလေးတွေနဲ့ ပေးတွေ့ခွင့် ပေးတာကို ကျေးဇူးတင်စကားပြောပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ကလေးတွေနဲ့ ပတ်သက်လို့လည်း ကျန်းမာရေးနဲ့ အန္တရာယ်ကင်းရှင်းရေး အတွက်ကိုလည်း စောင့်လျှောက်ပေးဖို့၊ နောက်ပြီးတော့ ကလေးတွေရဲ့ စားရေးသောက်ရေးတွေကို ကျနော်တို့ သင့်တော်သလို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

မေး။     ။ စောစောက ဆရာပြောတဲ့ အထဲမှာ ကလေး နှစ်ယောက်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရတုန်းက သူတို့ရဲ့ မျက်နှာတွေဟာ ပုံမှန် အနေအထားမဟုတ်ဘူးလို့ ပြောတယ်။ ဘယ်လိုပုံစံမျိုးဖြစ်နေတာလဲ ဆိုလိုတာရှင်းပြပေးပါလား

ဖြေ။     ။ သူတို့ထုတ်ပြထားတဲ့ အထဲက အင်္ကျီအနီဝတ်တဲ့ ကလေးရဲ့ အနေအထားကတော့ သူ့ရဲ့မျက်နှာက မထူးတော့ဘူးဆိုတဲ့ ပုံစံမျိုး ဘာမှလည်း မဖြေချင်တော့ဘူး။ ဖြေတဲ့ဟာလောက်ပဲ ဖြေပြီးတော့ မဖြေချင်တဲ့ဟာလည်း မဖြေဘူး။ အဲလိုပုံစံမျိုးဖြစ်နေပါတယ်။

နောက်တခါ ဒီဘက်က သေးသေး အကောင်ငယ်လေးဖြစ်တဲ့ အင်္ကျီအဖြူနဲ့ ကောင်လေးကတော့  ဖြေပါတယ်။ ဖြေပေမယ့် ကွဲလွဲချက်ကလေးတွေ ကျနော်တို့ သိထားတဲ့ ဟာနဲ့ ထောက်ပြတဲ့ အခါကြတော့  “ဟာ … ဒါတော့ ကျနော်တို့နဲ့ မဆိုင်ဘူး။ ဒါကို ကျနော်တို့ကို ဥပဒေ အရ ကာကွယ်ပေးပါ” လို့ ပြောလာပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့က လူကြီးတွေ ရှေ့မှာဘဲ ဒီကလေးတွေရဲ့ ဥပဒေအရ ကာကွယ်ပေးဖို့အတွက် သူတို့ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ လက်မှတ်မျိုးကို ကျနော်တို့ ကိုယ်စားလှယ်ပါဝါ လက်မှတ်ထိုးပြီး ယူလာခဲ့ပါတယ်။

မေး။     ။ ခုနပြောတဲ့ အထဲမှာ အငယ်ကောင်လေးေ ပြာလိုက်တဲ့ စကားထဲမှာ မဆိုင်ဘူးလို့ ပြောလိုက်တဲ့ ဟာက ဆရာတို့က ဘာကို ပြောပြလိုက်လို့ သူက ဘာကို မဆိုင်ဘူးလို့ ပြောတာလဲ။

ဖြေ။     ။ ပြောချင်တာက ကျနော်တို့က သေတဲ့ ယောက်ျားရဲ့ မျက်နှာနဲ့ ခေါင်းမှာ ဓားလို ချွန်ထက် တဲ့ လက်နက်နဲ့ ထိထားတဲ့ ဆိုတဲ့ ဓါတ်ပုံတွေ ရထားတာရှိပါတယ်။ အဲဒီဓါတ်ပုံတွေပြပြီးတော့ မေးတာပါ။ အဲဒါကို သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

မေး။     ။ အခုဖြစ်တဲ့ ဖြစ်စဉ်မှာ ရဲစခန်းမှာ ဝန်ခံထားတယ်ဆိုပြီး ထိုင်းဘက်ကပြောထားပါတယ်။ ဒါကြောင့် လူသတ်မှု၊ အဓမ္မပြုကျင့်မှု စတဲ့ ဒီပြဿနာမှာ သူတို့ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ကိစ္စကိုရော သေချာဆွေးနွေးဖြစ်ခဲ့ပါလား၊ ဒါနဲ့ ပတ်သက်ပြီး သူတို့က ဘာပြောလဲ။

ဖြေ။     ။ အဲဒါကိုတော့ သူတို့ကို ကျနော်မေးဖို့ထက်စာရင် အမှုတွဲကြီးတခုလုံးကို သိဖို့လိုပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် အမှုတွဲကြီးတခုလုံးမှာ အဓမ္မကျင့်တာပါတယ်။ သတ်တာပါတယ်ဆိုရင် ကျနော်တို့က ဒီဟာတွေမှာ ပါလားဆိုတာ မေးဖို့ လိုပါတယ်။ အခုဟာက အမှုတွဲ ကူးခွင့်မရသေးပါဘူး။ သူတို့ကို မေးကြည့်တဲ့ အခါမှာ သူတို့က မူးနေတယ်လို့ပြောပါတယ်။ ဘီယာလေးပုလင်းနဲ့ ဝိုင်သောက်ထားတယ်။ တော်တော်မူးကြတယ်လို့ပြောပါတယ်။

မေး။     ။ သူတို့ဖမ်းဆီးထားတဲ့ အထဲမှာ အခုဆရာပြောတဲ့ တရားလိုပြ သက်သေဖြစ် သွားပြီဆိုတဲ့ မောင်မောင်ဟာလည်း တွေ့ဆုံဖို့လိုအပ်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်နေတယ်ဆိုတော့ သူနဲ့တွေ့ဖို့ကိုရော ဆရာတို့ ကျိုးစားခဲ့ကြသေးလား။ အဲဒီ ကျွန်းပေါ်မှာ ရှိနေသူတွေကတော့ မောင်မောင်ဟာ တော်တော်လေး ရိုက်နှက်စစ်ဆေးခံထားရတဲ့ ဒဏ်ရာတွေကြောင့် ရဲက ထုတ်မပြရဲဘူးလို့ ပြောဆိုနေကြတာလည်းရှိ နေတယ်။

ဖြေ။     ။ ကျနော်တို့လည်း ပထမ အဲဒီသတင်းကို ကြားထားပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ ဒီနေ့ မောင်မောင့်ကို တွေ့ဖို့ တောင်းဆိုတာပါ။ တောင်းဆိုတယ်ဆိုတာက အစိုးရ သက်သေဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ တွေ့ချင်ပါတယ်ဆိုတာ ပြောခဲ့တာပါ။ ဒါပေမယ့် သူတို့က ဒီအမှုမပြီးသေးတဲ့ အတွက်ကြောင့် အမှုနဲ့ ပတ်သက်တဲ့ သက်သေဟာ ပျက်ပြယ်သွားမှာ စိုးလို့ ဆိုပြီးတော့ ပေးမတွေ့တာပါ။

မေး။     ။ ဒီကိစ္စဟာ သာမန်သွေးရိုးသားရိုး ဖြစ်စဉ်မျိုး မဟုတ်ဘူးဆိုပြီး တော်တော်များများ ကပြောဆိုနေကြတာပါ။ ဒါကို မေးမြန်းဖို့ သွားတဲ့ ဆရာတို့ မြန်မာအဖွဲ့အပေါ်  မြန်မာ အသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိနေခဲ့ကြတယ်။ ဆရာတို့ကရော ဒီဆောင်ရွက်မှုမှာ ကိုယ့်အတွက် လုံခြုံမှု ရှိတယ်လို့ ခံစားမိပါရဲ့လား။

ဖြေ။     ။ ကျနော်တို့ မြန်မာနိုင်ငံဘက်က နိုင်ငံတော် လူကြီးတွေကနေပြီးတော့ ကြိုတင်စာတွေ ပို့ထားတာပါ။ ပို့ထားတဲ့ အတွက်ကြောင့်မို့ ကျနော်တို့လည်း ရောက်တဲ့ အခါမှာ အဲဒီစာ မိတ္တူတွေနဲ့ အတူ ရောက်ရောက်ချင်း သတင်းပို့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံတဲ့ အခါမှာ အညှင်သာဆုံးနဲ့ အချောမွေ့ဆုံးဖြစ်အောင် ကျနော်တို့ ဆက်ဆံပြီးတော့ပြောဆိုပါတယ်။ ပြီးတော့ တွေ့ရတဲ့ အခါမှာလည်း ကျေးဇူးတင်စကား ပြောပါတယ်။

ကျနော်တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း ပါတယ်။ ကိုယ့်နိုင်ငံသား ဥပဒေအောက်မှာ အမှန်အတိုင်းဖြစ် ဖို့ ၊၊ တကယ်လို့ ပြစ်မှု ကျူးလွန်ရင်လည်း ခံဖို့ ပြစ်မှု မကျူးလွန်လို့ရှိရင်လည်း ဥပဒေအရ လွတ်ကင်းဖို့ ဆိုတဲ့ ဟာနဲ့ လာတာပါဆိုပြီးတော့ ပြောပြပါတယ်။

ကျနော်တို့ လုံခြုံရေးနဲ့ ပတ်သက်ရင် ကျနော်တို့ကတော့ အမြဲတမ်းသတိရှိနေပါတယ်။ မနက်ဖြန်ကို ကျနော်တို့ တကယ့် အခင်းဖြစ်တဲ့ နေရာကိုသွားကြည့်ဖို့လည်း ရဲစခန်းကို လုံခြုံရေး တောင်းထားပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ ဒီကျွန်းဟာ မာဖီးယား ဂိုဏ်းကြီးရှိတဲ့ ကျွန်းဆိုတာ ကျနော်တို့ ကြားသိထား ရပါတယ်။

မေး။     ။ မာဖီးယား ဂိုဏ်းရှိတယ်လို့ ဆရာတို့က ဘယ်လိုလုပ်သိလဲ။

ဖြေ။     ။ ကျနော်တို့ သိတယ်လို့တော့ ပြောမရဘူး။ ဒါပေမယ့် အဲဒီကျွန်းက ကလေးတွေ ပြောပြတဲ့ အနေအထားအရကတော့ အဲဒီ ကျွန်းမှာ အမြဲတမ်း သေနတ်ခါးထိုးပြီး ကြီးစိုးနေတဲ့လူတွေက နေ့ရော၊ ညရော ရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ လည်း နောက်ထပ် မပြောရဲတော့ပါဘူး။ ကျနော်တို့ အဖွဲ့ ဒီကော့စမွှေကျွန်းကို ရောက်တယ် ဆို ကတည်းက သူတို့ရဲ့ တချို့ဖုန်း တွေက ပိတ်ပစ်လိုက်ပါတယ်။ သူတို့လည်း တော်တော်ကြောက် နေကြပုံရပါတယ်။

မေး။     ။ အခင်းဖြစ်တဲ့ လိပ်ကျွန်းကို မနက်ဖြန်သွားမယ်ဆိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး ထပ်မံသိရှိဖို့ ဘယ်သူတွေနဲ့ ထပ်ပြီး တွေ့ဖြစ်မယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ အမှုနဲ့ပတ်သက်ပြီး ကွင်းဆက်တွေ အထောက်အထားတွေ ပေးနိုင်မယ့်လူတွေနဲ့တွေ့ပါမယ်၊ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာ ထုတ်ပြောလို့မရသေးပါဘူး။

မေး။     ။ ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းရဲ့တွေရဲ့လုပ်ဆောင်ချက်တွေဟာ အစောပိုင်း ထုတ်ပြန်တာတွေနဲ့ လက်ရှိထုတ်ပြန်တာတွေက ကွဲလွဲချက်ရှိနေတယ်၊ အဲဒီအပေါ်မှာ အနောက်တိုင်းသား တွေ၊ မြန်မာတွေ၊ ထိုင်းတွေ အများစုကိုယ်တိုင်က အယုံအကြည်မရှိကြဘူးဖြစ်နေတယ်။ အဲဒီတော့ ကိုယ်တိုင်သွား စုံစမ်းခဲ့တဲ့ ဆရာတို့ရဲ့ အမြင်ကရော ဘယ်လိုရှိတယ်ဆိုတာ ပြောပြလို့ရမလားခင်ဗျ။

ဖြေ။     ။ ဟုတ်ကဲ့၊ အဲဒါကတော့ ကျနော်အစောက ပြောခဲ့တဲ့ သံသယဖြစ်စရာ အချက်လေးချက် ပေါ့၊ အမှုတွဲကြီးကို ကြည့်ခွင့်ရရင်တော့ တစုံတရာ ဆုံးဖြတ်ချက်ရလို့ရမှာပါ။ အခုအချိန်မှာ အမှုတွဲ လည်းမရသေးဘူး။ မောင်မောင်နဲ့ မတွေ့ရသေးတဲ့ ကိစ္စ အပေါ်မှာ ကျနော်တို့ ကလေးတွေဟာ ပါဝင်ပတ်သက်မှုရှိမရှိ ပြောဖို့ စောနေပါသေးတယ်။

မေး။     ။ ဆရာတို့ အခုသွားတာက ဘယ်နှစ်ယောက်လဲ၊  မြန်မာသံရုံးနဲ့ ဆက်စပ်ပြီးသွားကြတာလို့ ကြားသိရပါတယ်။ သံရုံးနဲ့ တွဲလုပ်ရတာရော အဆင်ပြေပါရဲ့လားခင်ဗျ။

ဖြေ။     ။ အခု သံရုံးက မြန်မာအလုပ်သမားတွေအတွက် တော်တော် ဂရုတစိုက်ရှိလာပါတယ်။ ကျနော်တို့လည်း ဒီက အခြေအနေတွေကို ချက်ချင်းသတင်းပို့ပါတယ်။ သံအမတ်ကြီး ဦးဝင်းမောင် ကိုယ်တိုင်ကလည်း ဒီအဖွဲ့ကို ကြီးကြပ်ပြီးတော့ လိုအပ်တာကို ချက်ချင်း သတင်းပို့ပါလို့ပြောတယ်။ ကိုမောင်မောင်နဲ့ တွေ့ခွင့်မရတဲ့ ကိစ္စကို ကျနော်တို့လည်း ချက်ချင်း သတင်းပို့တယ်။ သူလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြောပြီးတော့ ခင်ဗျားတို့ ရှိတုန်း တွေ့ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောလာပါတယ်။ ကျနော်တို့ကတော့ အခုထက်ထိ ဒီကျွန်းမှာဘဲ ရှိနေပါသေးတယ်။ နိုင်ငံတော်ဘက်က ဆောင်ရွက်ပေးရင် ကျနော်တို့ ဆက်တွေ့ဖို့ရှိပါတယ်။

မေး။     ။ ကိုမောင်မောင်နဲ့ တွေ့ခွင့်မရတဲ့ အပေါ် ဆရာတို့စိတ်ထဲမှာ သံသယဝင်တာတွေများ ဖြစ်မိလား။

ဖြေ။     ။ ဒါကတော့ အမှန်ပါပဲ။ ကျနော်တို့ သံသယဖြစ်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ မြန်မာလူမျိုး အချင်းချင်းထဲက သက်သေ တစ်ယောက်ဖြစ်နေတာဆိုတော့၊ သူ့ကိုလည်း ကျနော်တို့ အဖြစ်မှန်ကို မေးဖို့လိုနေပါတယ်။ ခုနက ပြောသလို ကျနော်တို့ ကြားထားတဲ့ သတင်းအရ လူမြင်ကွင်းကို မထွက်ဘဲနဲ့ နေတာဟာ သူ့ကို လူမြင်နိုင်တဲ့ နေရာမျိုးတွေမှာ ရိုက်နှက်ထားသလားဆိုတာကို ကျနော်တို့ သံသယရှိပါတယ်။

 မေး။     ။ ဆရာတို့ကရော စိန်ခေါ်မှုတွေ၊ သံသယတွေ ကြီးမားတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားလဲ။

ဖြေ။     ။ ကျနော်တို့ကတော့ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်လို့ အစဉ်အလာအရ အနှိမ်ခံနေကြရတာဆိုတော့ တတ်နိုင်သမျှ ဒီအမှုတွေ နဲ့ပတ်သက်ပြီး ကြိုးစားသွားမယ်။ ပြီးလို့ရှိရင်လည်း ကျနော်တို့ ရဲစခန်းရောက်တုန်းကလည်း ရဲတွေကို ပြောခဲ့ပါတယ်။ ကျနော်တို့ မြန်မာအလုပ်သမားတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့ အပြင်းအထန် တောင်းဆိုခဲ့ပါတယ်။
ဧရာဝတီ

ထိုင်းနိုင်ငံ စူရက်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်းခေါ် ( Koh Tao ကျွန်းမှာ ) ဗြိတိန်နိုင်ငံသား စုံတွဲ အသတ်ခံ ရမှုနဲ့ ပတ်သက် တဲ့ သတင်းဟာ ကမ္ဘာကျော် သတင်းတပုဒ်ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်မှာ ထိုင်းရဲတွေက မြန်မာ နိုင်ငံသား ရခိုင်တိုင်းရင်းသား လူငယ်လေးနှစ်ဦးကို လူသတ်တရားခံအဖြစ် ထုတ်ပြန် လိုက်တဲ့ အပေါ် ဗြိတိန်နိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေ သာမကဘဲ ထိုင်းနိုင်ငံသား အများစု ကပါ ထိုင်းရဲတွေရဲ့ လုပ်ဆောင်ချက်ဟာ အပြစ်မရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို လူစားထိုး လိုက်တယ်ဆိုပြီး အယုံအကြည် ကင်းမဲ့တဲ့ ဝေဖန်မှုတွေကလည်း ပိုမိုကျယ်ပြန့်လာနေပါတယ်။ ဒါကြောင့် မြန်မာအစိုးရ ဘက်ကလည်း လှုပ်ရှားမှုတွေရှိလာပြီး ဒီအမှုကို လိုက်ပါ စုံစမ်းဖို့ မြန်မာသံရုံး ကောင် စစ် အရာရှိ ဦးထွန်းအေး ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ အတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များ စောင့်ရှောက် ရေး ကော်မတီ က တာဝန်ရှိသူတွေ၊ ရှေ့နေတွေ အပါအဝင် စုစုပေါင်း ၉ ဦး က အဖမ်းခံ ထားရတဲ့ မြန်မာနိုင် ငံသားတွေနဲ့ သွားရောက် တွေ့ဆုံနေကြပါတယ်။

မောက်မယ်အနီး ခရီးသွားသူများ လက်နက်ဖြင့် တိုက်ခိုက်ခံရ


ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသအတွင်း ပအိုဝ်းတိုင်းရင်းသားများ စီးနင်းလာသည့် ယာဉ်တစ်စီးမိုင်းခွဲ တိုက်ခိုက်ခံရသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က အောက်တိုဘာ ၆ ရက်တွင် မဇ္ဈိမကိုပြောသည်။အောက်တိုဘာ၆ရက် နံနက်ပိုင်းက မောက်မယ်မြို့နယ် ထီပက်နမ်နှင့် တိုက်နမ်ရွာကြားရှိ လမ်းပေါ်တွင် ဖောက်ခွဲခံရခြင်းဖြစ်ပြီး တစ်ဦးသေဆုံးကာ လေးဦးကို ဟိုနမ်းရွာဆေးခန်းသို့ပို့ဆောင် ထားသည် ဟု ၎င်းက ပြောသည်။“ဖြစ်တာကတော့ ကျွန်တော်တို့ အထူးပြုလှုပ်ရှားမှုနယ်မြေထဲမှာဖြစ်တာ၊ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ အသေးစိတ်စုံစမ်းမှုတွေ လုပ်ရဦးမယ်”ဟု
ဦးခွန်းမြင့်ထွန်းက ပြောသည်။

ဧရာဝတီတိုင်းတွင် ဆင်စွယ်ခိုးဂိုဏ်းဟု ယူဆရသူ ၇ ဦး စစ်တပ်ကဖမ်းမိ

ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ဆင်သတ်၍ အစွယ်ဖြတ်ယူသည့် ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ယမန်နေ့က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းတခုက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ငပုတောမြို့နယ် ငရုပ်ကောင်း မြို့နယ်ခွဲ ကွင်းဘတ်ကျေးရွာအုပ်စုအနီး ဘောကြိုးတောင်ကြောအတွင်း၌ ဆင်စွယ်များ၊ ဆင်သားရေများနှင့်အတူ တွေ့ရှိရသည့်အတွက် ခြေလျင်တပ်ရင်း(ခလရ) – ၃၈ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး နေထွန်းလှိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားကြောင်း ဧရာဝတီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လိပ်ကျွန်း လူသတ်မှု ထိုင်းရဲတပ်ဖွဲ့ အချောသတ် ပြင်ဆင်

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ဖငန်းမြို့နယ် ဒေသအခေါ် ကော့တောင်(လိပ်ကျွန်း)က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က အမှုတွဲကို အချောသပ်ပြင် ဆင်နေတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာ ပတ်သက်ပြီး ပြည်တွင်းနဲ့ ပြည်ပ မီဒီယာတွေနဲ့ လူမှုအသိုင်းအ၀ိုင်းတွေကပါ စောင့်ကြည့်နေကြတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာလည်း လူသတ်တရားခံ မဖြစ်နိုင်ဘူးလို့ သံသယရှိနေတဲ့အတွက် အမှုတွဲကို အားလုံး သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြီး အချောသတ်နေတယ်လို့ အမှတ် ၈ တိုင်းဒေသရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ပရ၀င်း ဖုန်းဆီရင်းက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းလူသတ်မှုအတွက် လွတ်လပ်တဲ့ စုံစမ်းမှုတစ်ခုပြုလုပ်ပေးဖို့ ဗြိတိန်ကိုတောင်းဆို

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံ သားစုံတွဲ ၂ ဦးအမှုနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှုတစ်ရပ် ပြုလုပ်ပေးဖို့ အင်တာနက်ကနေ လက်မှတ် ထိုးလှုံ့ဆော်တဲ့ လှုပ်ရှားမှု တစ်ခုကို ဂျပန်နိုင်ငံသားတစ်ဦးက စတင်လိုက်ပါတယ်။ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေဟာ ရှေ့နောက်မညီတဲ့အပြင် လူသတ်တရားခံ အဖြစ်စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ အကွက်ဆင် လက်ထောက်ချခံရတာ ဖြစ်နိုင်ကြောင်း ဒီလက်မှတ် ထိုးတောင်းဆိုလှုပ်ရှားမှုကိုစတင်တဲ့ Christopher Hankins က ပြောပါတယ်။

အစိုးရနှင့် SSPP/SSA တပ်တို့ တိုက်ခိုက်မှုများ ထပ်မလုပ်ရန် သဘောတူ


ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၆ ရက်မှ စတင်၍ နှစ်ဘက် သဘောတူ အပစ်အခတ်ရပ်စဲခဲ့ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက မဇ္ဈိမကို ပြောသည်။
၎င်းက "သူတို့တပ်တွေ ပြန်ဆုတ်တဲ့အချိန်မှာ ဆွဲမိုင်းဆွဲတာတွေ ချုံခိုတိုက်တာတွေ မလုပ်ဖို့ဆိုပြီး အကြောင်းကြားတယ်။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြားလိုက်ပါတယ်" ဟု ပြောသည်။

စီမံကိန်းများကို နားလည်မှုအားနည်းသောကြောင့် ဝေဖန်မှုများပြုနေခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောကြား


အ စိုးရသစ်လက်ထက်တွင် ပြုလုပ်သည့် စီမံကိန်းများနှင့်ပတ်သက်ပြီး ပြည် သူများက နားလည်မှုအားနည်း သောကြောင့် ဝေဖန်မှုများ ပြုလုပ် နေခြင်းဖြစ်သည်ဟု သမ္မတရုံးဝန် ကြီးဦးစိုးသိန်းက ပြောကြားလိုက် သည်။အောက်တိုဘာ ၅ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် နိုင်ငံတော်သမ္မတရုံး ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝင်းရှိန်တို့မှ မီဒီယာများနှင့် တွေ့ဆုံသည့်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အစိုးရယန္တရားလည်ပတ်မှုကို ပြည် သူတွေက နားမလည်လို့ ဆွေးနွေး ကြမယ်၊ ဝေဖန်ကြမယ်၊ ပြောကြမယ် ဆိုလဲ ကျွန်တော်တို့က နားထောင် ရမှာပဲ။
စနစ်ကိုနားလည်ရင် ဒီလိုပြောတာ မျိုးတွေဖြစ်လာမှာ မဟုတ်ဘူး''ဟု နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဘဏ္ဍာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များ ရှင်း လင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ၃၉၀၀၀ ခန့်အနက် ယခုနှစ် ပထမသုံးလအတွင်း ၀င်ငွေခွန်ကြေညာလွှာတင်သည့် ကုမ္ပဏီမှာ ၃၀ ရာခိုင်နှုန်းသာ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူ ပြောကြား

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၃၉ဝဝဝ ခန့်တွင် ယခုဘဏ္ဍာနှစ် ပထမသုံးလပတ်အတွက် ဝင်ငွေခွန်ကြေညာလွှာ တင်သည့် ကုမ္ပဏီမှာ ရာခိုင်နှုန်း ၃ဝ သာရှိပြီး ကြေညာလွှာမတင်သွင်းသည့် ကုမ္ပဏီပေါင်းမှာ ရာခိုင် နှုန်း ၇ဝ အထိရှိကြောင်း အောက်တိုဘာ ၅ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

ဟောင်ကောင်ဆန္ဒပြပွဲ နိုင်ငံပိုင်မီဒီယာ၏ ရေးသားဖော်ပြမှု ပြန်ကြားရေး ၀န်ကြီးရှင်း

ဟောင်ကောင်ကျောင်း သားများဆန္ဒပြပွဲသတင်းကို နိုင်ငံ ပိုင်ကြေးမုံ သတင်းစာ တွင်ဖော်ပြ လိုက်ခြင်းနှင့် ပတ်သက်၍ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၎င်း ၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက် နှာ၌ ရှင်းလင်းထားသည်။

ထိုင်း-မြန်မာလက်ဝှေ့စိန်ခေါ်ပွဲ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပမည်

မြန်မာနိုင်ငံရိုးရာလက် ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ထိုင်း-မြန်မာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို အောက်တိုဘာ ၁၂ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသွား မည်ဖြစ်သည်။

Sunday, October 5, 2014

ဟောင်ကောင် ဆန္ဒပြပွဲကို စီးပွားရေးတကသ ထောက်ခံ

Photo: ဟောင်ကောင် ဆန္ဒပြပွဲကို စီးပွားရေးတကသ ထောက်ခံ
Sunday, October 5, 201

တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။

ဒီနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ ကိုမင်းသူကျော်က ဟောင်ကောင်ကျောင်းသားတွေရဲ့ ဒီမိုကရေစီအရေး ဆန္ဒပြပွဲကို သူတို့အပြည့်အ၀ ထောက်ခံတယ်လို့ RFA ကို ပြောပါတယ်။

" နိုင်ငံအတွက် သူတို့ဘာကိုမှ ဂရုမထားပဲနဲ့ ဆောင်ရွက်နေကြတာကို အင်မတန်လေးစားပါတယ်၊ အင်မတန်ကို ဂုဏ်ယူပါတယ်ပေါ့နော်၊ အားကြီးမားသူ နိုင်ရာစထုံးစံဆိုတဲ့အတိုင်းပဲ အစိုးရက ဖြိုခွင်းလိုက်မယ်လို့ပဲ ကျွန်တော်တို့ထင်မိတယ်၊ အဲ့အတွက်လည်း ကျွန်တော်တို့ တကယ်ကိုစိတ်မကောင်းဘူး၊ သူတို့ ရှုံးကောင်းရှုံးသွားလိမ့်မယ် ဒါပေမယ့် စိတ်ပိုင်းဆိုင်ရမှာတော့ မရှုံးဘူးဘယ်တောမှ၊ ဒီမျိုးဆက်မှာ ရှုံးသွားရင်တောင် နောက်မျိုးဆက်တွေမှာ နိုင်ပွဲဆင်မှာပဲ၊ ကျွန်တော်တို့လည်း သူတို့လိုပဲ တိုက်ပွဲဝင်နေရတဲ့ သူတွေမို့လို့ ကျွန်တော်တို့ သူတို့ခံစားချက်ကို ကောင်းကောင်းနားလည်တယ်၊ အဲ့အတွက် သူတို့လုပ်သမျှ ဒီမိုကရေစီအတွက် သူတို့ထမ်းဆောင်သမျှ အားလုံးကို ကျွန်တော်တို့ နောက်ကနေ ထောက်ခံအားပေးပြုနေမယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကလည်း ဟောင်ကောင်ကျောင်းသားတွေဘက်က မိမိတို့ ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။

" ဟောင်ကောင်မှာ ဆန္ဒပြနေတဲ့ ကျွန်တော်တို့နဲ့ ဘဝတူ ကျောင်းသားခေါင်းဆောင်တွေ ကျောင်းသားရဲဘော်တွေကို ပြောချင်တာက ဒီမိုကရေစီဟာ သေချာပေါက် အောင်ပွဲရမယ့် လမ်းစဉ်ဖြစ်တယ်၊ ဒါကို မလျှော့သောဇွဲနဲ့ ခိုင်ခိုင်မာမာ လုပ်ကြဖို့ နောက်ကိုယ့်ရဲ့ အကြမ်းမဖက်ဆန္ဒပြမှု ဆန္ဒဖော်ထုတ်မှုကို ပုံစံမပျက်အောင် ထိန်းသိမ်းပြီးတော့ ဇွဲရှိရှိနဲ့ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်"

နောက်ဆုံးရသတင်းတွေအရ ဒီညသန်းခေါင်ယံ မတိုင်ခင် ဖယ်ရှားပေးဖို့ အစိုးရက ရာဇသံ ပေးထားတဲ့အတွက် ဆန္ဒပြကျောင်းသားတွေ ထောင်ပေါင်းများစွာဟာ ဟောင်ကောင်အမှုဆောင် အရာရှိချုပ် ရုံးခန်းရှေ့က ဆန္ဒပြစခန်းကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး တခြား အဖွဲ့တွေ ရှိကြတဲ့ ပင်မဆန္ဒပြစခန်းကို နေရာပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

RFA Burmese
တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။

တောင်ကြီးမြို့၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်တွင် ပေါက်ကွဲမှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ ည ၁၀ နာရီ ၂၂ မိနစ်အချိန်တွင် စဝ်စံထွန်းရပ်ကွက်၊ မြို့ပတ်ကား မှတ်တိုင်၌ ပေါက်ကွဲမှု စတင္ထ်ဖြစ်ပွားခဲ့ရာ အရှည် ၂၀ ပေခန့်ရှိ ကားမှတ်တိုင်(သစ်သား) ထိုင်ခုံ ၁၀ ပေခန့်ပျက်စီး၍ အမြင့် ၁၅ ပေ ခန့်ရှိ ကားမှတ်တိုင်(သွပ်မိုး) ပွင့်ထွက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။ ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး တောင်ဘက်ခြမ်းရှေ့တွင် ဒုတိယ မြောက် ပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီး အဆိုပါ နေရာအနီး ၂၂၅၀ အချိန်ခန့်တွင် ထပ်မံပေါက်ကွဲ မှုဖြစ်ပွား သဖြင့် ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ဦး ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ လူသတ်မှု အမှုမှန် စစ်ဆေးဖို့ လက်မှတ်ထိုး တောင်းဆိုနိုင်

Photo: ထိုင်းနိုင်ငံမှ လူသတ်မှု အမှုမှန် စစ်ဆေးဖို့ လက်မှတ်ထိုး တောင်းဆိုနိုင်
Sunday, October 5, 2014

ထိုင်းနိုင်ငံက ရဲများဟာ အမှုအတွက် သေချာ မဖြေရှင်းပဲ မြန်မာ နှစ်ဦးကို စွပ်စွဲ၍ မတရား ၀န်ခံစေခြင်း ဖြစ်ကြောင်း ယုံကြည်ရ ပါတယ်။ အကြောင်း ကတော့ ထိုင်းနိုင်ငံက ရဲများ လာဘ်စားတာကို တစ်ကမ္ဘာလုံး သိရှိနေကြလို့ ဖြစ်ပါတယ်။ လက်မှတ်ထိုးမှုကို ဦးဆောင်သူ နဲ့ အခြား သတင်းမီဒီယာများက ခန့်မှန်းထားချက် ကတော့ ယင်းလူသတ်မှုကို မာဖီးယား ဂိုဏ်းသားတို့ ကျူးလွန်ခဲ့ပြီး မြန်မာ လူမျိုး ရွှေ့ပြောင်းလုပ်သားများကို ထိုးကျွေး ၀န်ခံစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားလုံး အွန်လိုင်းပေါ်မှာ ရေထိုးတဲ့ အသနားခံစာ လက်မှတ်ကို ထိုင်းနိုင်ငံအခြေဆိုက် ဗြိတိန်သံရုံးက သံတမန် Mark Kent ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ 

http://www.change.org/p/the-government-of-the-united-kingdom-independently-investigate-the-horrific-murders-of-hannah-witheridge-and-david-miller?utm_campaign=new_signature&utm_medium=email&utm_source=signature_receipt#share
ယင်းဖော်ပြပါ Link ထဲကို ၀င်ပြီးတော့ လက်ရှိ ဗြိတိန်နိုင်ငံသား နှစ်ဦးအား လူသတ်မှုနဲ့ ပက်သက်ပြီးတော့ အစွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ကယ်နိုင်ပါတယ်။ ကယ်မယ့် နည်းလမ်းက chang.org က ဖော်ပြပါ link ထဲကနေ လက်မှတ်ရေးထိုးပေးဖို့ ပါပဲ။ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီ ကျော် ချိန်မှာ လက်မှတ်ပေါင်း ၁၅၀၀၀ ကျော် ရရှိသွားပါပြီ။ link ထဲ ၀င်ပြီး Username, email, city ထည့်ပေးရုံပါပဲ။
ဒီတော့ မတရားအစွပ်စွဲခံထားရတဲ့ မြန်မာ နှစ်ဦးကို ကယ်ဆယ်ဖို့ အတွက် link ထဲမှာ ၀င်ရောက် sign ထိုးနိုင်အောင် သတင်းပေးလိုက် ရပါတယ်။

အောင်ခမ်း (ရိုးရာလေး)
ထိုင်းနိုင်ငံက ရဲများဟာ အမှုအတွက် သေချာ မဖြေရှင်းပဲ မြန်မာ နှစ်ဦးကို စွပ်စွဲ၍ မတရား ၀န်ခံစေခြင်း ဖြစ်ကြောင်း ယုံကြည်ရ ပါတယ်။ အကြောင်း ကတော့ ထိုင်းနိုင်ငံက ရဲများ လာဘ်စားတာကို တစ်ကမ္ဘာလုံး သိရှိနေကြလို့ ဖြစ်ပါတယ်။ လက်မှတ်ထိုးမှုကို ဦးဆောင်သူ နဲ့ အခြား သတင်းမီဒီယာများက ခန့်မှန်းထား ချက် ကတော့ ယင်းလူသတ်မှုကို မာဖီးယား ဂိုဏ်းသားတို့ ကျူးလွန်ခဲ့ပြီး မြန်မာ လူမျိုး ရွှေ့ပြောင်းလုပ်သား များကို ထိုးကျွေး ၀န်ခံစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားလုံး အွန်လိုင်းပေါ်မှာ ရေထိုးတဲ့ အသနားခံစာ လက်မှတ်ကို ထိုင်းနိုင်ငံအခြေဆိုက် ဗြိတိန်သံရုံးက သံတမန် Mark Kent ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ 

အီတီဟတ်လေကြောင်းလိုင်းနှင့် မန်စီးတီးတို့ စပွန်ဆာစာချုပ်သစ် ချုပ်ဆိုမည်

Photo: အီတီဟတ်လေကြောင်းလိုင်းနှင့် မန်စီးတီးတို့ စပွန်ဆာစာချုပ်သစ် ချုပ်ဆိုမည်
Sunday, October 5, 2014

မန်စီးတီးအသင်းသည် အီတီဟတ် လေကြောင်းလိုင်းဖြင့် စပွန်ဆာစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးလျက်ရှိသည်။ မန်စီးတီးအသင်းသည် ၎င်းတို့၏ ပေါင်သန်း ၁၅၀ တန် လေ့ကျင့်ရေးစင်တာသစ်တွင်လည်း စပွန်ဆာကြော်ငြာသစ်များ ကြော်ငြာရန် ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိသည်။

ယင်းစာချုပ်သစ်များကြောင့် မန်စီးတီးအသင်းသည် ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းများအရ ယူအီးအက်ဖ်အေ၏ စုံစမ်းစစ်ဆေးမှုများကို သေချာပေါက် ခံရဦးမည်ဖြစ် သည်။ မန်စီးတီးအသင်းသည် ယခင်ကလည်း အီတီဟတ်လေကြောင်းလိုင်းဖြင့် ပေါင်သန်း ၄၀၀ တန်ဖိုးရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော် မန်စီးတီးအ သင်း၏ ၀င်ငွေ၊ ထွက်ငွေမှာ မျှတမှုမရှိခဲ့ဘဲ အရှုံးပေါ်ကာ ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းနှင့် ငြိစွန်းခဲ့သောကြောင့် ပြီးခဲ့သည့် ရာသီကအရေးယူ ခံခဲ့ရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် သုံးနှစ်က အီတီဟတ်လေကြောင်းလိုင်းဖြင့် ၁၀ နှစ်စာအတွက် ပေါင်သန်း ၄၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း သည်။ ထိုစာချုပ်မှာ မန်စီးတီးအိမ်ကွင်းနာမည်၊ အင်္ကျီစပွန်ဆာနှင့် လေ့ကျင့်ရေးကွင်းစပွန်ဆာများ ပါဝင်သည်။ထိုစာချုပ်ကို ပြိုင်ဖက်အသင်းများနှင့်ဥရောပ၏   ငွေကြေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့တို့က ၀ိုင်းဝန်း ဝေဖန်ခဲ့ကြသည်။ သို့သော် မန်စီးတီးအသင်းသည် အီတီဟတ်နှင့် နောက်ငါးနှစ် စာချုပ်သက် တမ်းတိုးရန် ပြင်ဆင်လျက်ရှိသည်။ တစ်နှစ်လျှင် ပေါင်သန်း ၅၀ ရရှိမည် ဖြစ်သည်။

ထို့အပြင် မန်စီးတီးအသင်းသည် လေ့ကျင့်ရေးစင်တာသစ်စပွန်ဆာအတွက် ကုမ္ပဏီသုံးခုဖြင့် ဆွေးနွေးလျက်ရှိသည်။ ထိုကုမ္ပဏီများ၏အမည်များ ကို လေ့ကျင့်   ရေးစင်တာကြီးတစ်ခုလုံးတွင် ကြော်ငြာပေးသွားမည်ဖြစ်သည်။ လူငယ်ပြိုင်ပွဲများနှင့် အရန်အသင်းပြိုင်ပွဲများကျင်းပသည့် ပရိသတ်၇,၀၀၀ဆံ့ကွင်းတွင်လည်း   ကြော်ငြာပေးမည်ဖြစ်သည်။ ထို့အတွက် တစ်နှစ်လျှင် ပေါင် ၂၅ သန်းပေးချေရမည်ဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။

ရည်ညွှန်း မယ်ရာ
Mizzima - News in Burmese
မန်စီးတီးအသင်းသည် အီတီဟတ် လေကြောင်းလိုင်းဖြင့် စပွန်ဆာစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးလျက်ရှိသည်။ မန်စီးတီးအသင်းသည် ၎င်းတို့၏ ပေါင်သန်း ၁၅၀ တန် လေ့ကျင့်ရေးစင်တာသစ်တွင်လည်း စပွန်ဆာကြော်ငြာသစ်များ ကြော်ငြာရန် ကုမ္ပဏီများနှင့် ဆွေးနွေးလျက် ရှိသည်။

ပုဒ်မ ၁၄၄ ရုပ်သိမ်းလျှင်လည်း ရွှေတူးခွင့်ပြုမည်မဟုတ်

နေပြည်တော်ဇေယျာသီရိမြို့နယ်၊ ရွှေထွက်သည့် နေရာတွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပါက လည်း ရွှေပြန်လည်တူးဖော် င့်ပေး ရန် အစီ အစဉ်မရှိကြောင်း ဇေယျာသီရိမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။

မျက်စိညောင်းညာမှုကို လျှော့ချပေးမည့် နည်းလမ်းများ

မျက်စိမကြာခဏ ညောင်းပြီး ယားယံခြင်းကြောင့် ပွတ်နေမိပါသလား၊ ကျွန်တော်တို့၏ နေ့စဉ်ဘ၀များတွင် မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာ မျက်နှာပြင်များကို အချိန်အကြာကြီး ကြည့်နေခြင်းကြောင့် လူများစွာမှာ အမြင်အာရုံေ၀၀ါးခြင်း၊ မျက်စိယားယံခြင်းနှင့် နေ့စဉ်ခေါင်းကိုက် တတ်သည့် ဝေဒနာများကို စတင်ကြုံတွေ့နေကြရသည်။

ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ် အချက်များရှိနေ

Photo: ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ် အချက်များရှိနေ
Sunday, October 5, 2014

ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ်အချက်များ ရှိနေသည်ဟု အောက်တိုဘာ ၄ ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ခိုထောင်ကျွန်းပေါ်တွင် ဗြိတိန်နိုင်ငံသား ခရီးသည်နှစ်ဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးကို အောက်တိုဘာ ၃ ရက်တွင် လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် တရားစွဲဆိုလိုက်သည့်အပေါ် မြန်မာနိုင်ငံသားများသာမက ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများပင် တရားခံအစစ်ဖြစ်ကြောင်း ယုံကြည်မှု မရှိသည်ကို ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သော သတင်းအောက်၌ ရေးသားထားသည့် ကွန်မန့်များအရ သိရသည်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးက ဒေးဗစ်မီလာ(၂၄ နှစ်)နှင့် ဟန်နာဝှစ်သာရစ်(၂၃ နှစ်) တို့ကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံသားနှစ်ဦး၏ အလောင်းများကို ခိုထောင်ကျွန်းပေါ်တွင် စက်တင်ဘာ ၁၅ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မြန်မာနှစ်ဦး၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသော DNA နမူနာများနှင့် ကိုက်ညီမှုရှိသည်ဟု ဆိုသည်။ ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာဒေသတွင် နေထိုင်အလုပ်လုပ်နေသော အမျိုးသား ၂ဝဝ ကျော်ထံမှ DNA နမူနာများ ရယူခဲ့ရာ ထိုသူအများစုသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။ သို့သော် ဗြိတိန်နိုင်ငံသူထံတွင် တွေ့ရှိရသည့် DNA နမူနာများနှင့် ကိုက်ညီမှုမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ သို့သော် မြန်မာအလုပ်သမားနှစ်ဦးက ၎င်းတို့ ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မကြာမီမှာပင် မြန်မာအလုပ်သမားနှစ်ဦး၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် တွေ့ရသည့် DNA နမူနာများနှင့် ကိုက်ညီသည်ဟု ရုတ်တရက် ထုတ်ပြန်ခဲ့ပြန်သည်။

မကြာသေးမီက အခင်းဖြစ်ပွားရာနေရာတွင် ကွန်ဒုံးတစ်ခုတွေ့ရှိခဲ့ပြီး ကွန်ဒုံး၏ အပြင်မျက်နှာပြင်တွင် ဝှစ်သာရစ်၏ DNA ကို တွေ့ရှိရသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုခဲ့သေးသည်။ သို့သော် ကွန်ဒုံးအတွင်းပိုင်း၌ မည်ကဲ့သို့သောအရာ တွေ့ရှိရကြောင်းနှင့် ယင်းနှင့်ပတ်သက်သည့် DNA နမူနာအကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အမှုကို စစ်ဆေးသည့်အဖွဲ့က မြန်မာအလုပ်သမားများဖြစ်သော ဝင်း (၂၁နှစ်) နှင့် စော (၂၁ နှစ်) တို့ကို တရားခံများအဖြစ် အမည်ဖော်ပြသည်။ ထိုင်းရဲတပ်ဖွဲ့က ဝင်းနှင့် စောတို့အပြင် အခြားမြန်မာ အလုပ်သမား တစ်ဦးဖြစ်သော မောင် (၂၃ နှစ်) ကိုပါ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

ဝင်းက သူသည် ဗြိတိန်နိုင်ငံသားနှင့် ဗြိတိန်နိုင်ငံသူတို့ လိင်ဆက်ဆံနေသည်ကို မြင်တွေ့ခဲ့ရပြီး အမျိုးသမီးကို မုဒိမ်းကျင့်ရန်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။ သို့သော် ဝင်း၏ ဝန်ခံချက်သည် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ဖြစ်သည့် ဝှစ်သာရစ်နှင့် မီလာတို့သည် ကမ်းခြေတွင် လမ်းလျှောက်ပြီး တည်းခိုခန်းအနီး၌ ရပ်တန့်လျက် လိင်ဆက်ဆံခဲ့ကြောင်း အထောက်အထားများ မတွေ့ရဟူသည့် အချက်နှင့် ကိုက်ညီခြင်းမရှိပေ။ ၎င်းအပြင် ထိုင်းရဲတပ်ဖွဲ့သည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် မီလာ၏ DNA သဲလွန်စကို တွေ့ရှိရခြင်းမရှိဟု အစောပိုင်းက ထုတ်ပြန်ထားသည်။ ထိုင်းရဲတပ်ဖွဲ့က မီလာသည် မကြာသေးမီကမှ သိကျွမ်းခဲ့သည့် ဝှစ်သာရစ်အား ကူညီရန်အလာ အသတ်ခံရခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားထားသည်။

မြန်မာအလုပ်သမားနှစ်ဦး တရားစွဲဆိုခံထားရမှု၌ လိုက်ပါဆောင်ရွက်နေသော မြန်မာရှေ့နေ တစ်ဦးကလည်း အသတ်ခံရသူ၏ ဖုန်းကို မြန်မာများနေထိုင်သည့် အခန်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ကာယကံရှင်တို့၏ ရှေ့မှောက်တွင် ဝင်ရောက်ရှာဖွေခဲ့ခြင်း မဟုတ်ကြောင်းနှင့် အဆိုပါဖုန်းကို အသတ်ခံရသူ မိန်းကလေး၏ သူငယ်ချင်းက အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည့် အထောက်အထားများရှိကြောင်း ဘီဘီစီသတင်းဌာနသို့ ပြောကြားထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် လူသတ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို ဘတ်ငွေ ၇ဝဝ,ဝဝဝ ဆုချမည်ဟု ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၁ ရက်တွင် ထိုင်းရဲတပ်ဖွဲ့သည် အပျော်တမ်း ဘောလုံးအသင်း တစ်သင်းမှ အသင်းသားများ လူသတ်မှုတွင် ပါဝင်သည်ဟု လိမ်လည်ထွက်ဆိုရန် တက္ကစီဒရိုင်ဘာ တစ်ဦးအား ခိုင်းစေခဲ့ပြီး မလိုက်နာသောကြောင့် ရိုက်နှက်ခဲ့သည်ဟု အဆိုပါဒရိုင်ဘာက ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲကို တိုင်ကြားထားမှုလည်းရှိသည်။

ယခုကဲ့သို့ အမှုကို မဖော်ထုတ်နိုင်မီ အခင်းဖြစ်ပွားပြီး ရက်များအတွင်း စုံစမ်းစစ်ဆေးမှုများ အလွဲလွဲအချော်ချော် ဖြစ်နေသည်ဟု ထိုင်းအာဏာပိုင်များကို ဗြိတိန်မီဒီယာများ ဦးဆောင်လျက် အပြင်းအထန် ဝေဖန်ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်။ ဖိအားများအောက် ကျရောက်နေသော ထိုင်းရဲတပ်ဖွဲ့သည် မြန်မာအလုပ်သမားနှစ်ဦးအား တရားခံအဖြစ် အစားထိုးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသူ အများအပြားရှိနေသည်။

မြန်မာအလုပ်သမားများကို တရားခံများ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ကြေညာချက်အပေါ် သံသယရှိသောကြောင့် အမှုမှန် ပေါ်ပေါက်နိုင်စေရေးအတွက် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၅ ရက် (ယနေ့)တွင် စွပ်စွဲခံရသူများနှင့် သွားရောက် တွေ့ဆုံမည်ဟု သိရသည်။

ထိုသို့စွပ်စွဲခံရသည့် မြန်မာလုပ်သားများထံသို့ အောက်တိုဘာ ၄ ရက်တွင် သွားရောက်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အချက်အလက်အချို့ စုဆောင်းနေသဖြင့် မသွားရောက်နိုင်ခဲ့ဘဲ ယနေ့တွင်မှ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းက The Daily Eleven သတင်းစာသို့ အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။

မြန်မာသံရုံး ကောင်စစ်အရာရှိ၊ ထိုင်းနိုင်ငံ ရှေ့နေကောင်စီမှ ရှေ့နေနှစ်ဦးနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား အဖွဲ့စည်းများ ပါဝင်သည့် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့သည် ဆူရတ်ဌာနီမှတစ်ဆင့် စွပ်စွဲခံထားရသူများ ထိန်းသိမ်းထားရာ အကျဉ်းထောင်သို့ သွားရောက်ကာ တိုက်ရိုက်တွေ့ဆုံရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တွေ့ဆုံရာတွင် ပါဝင်မည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားခဲ့သည်။

သူက “မနေ့က ထိုင်းရဲချုပ်ကနေပြီး လိပ်ကျွန်း(ခိုထောင်ကျွန်း)မှာ တရားခံလို့ ကြေညာထားတဲ့ မြန်မာလုပ်သားနှစ်ဦးကို သရုပ်ပြခိုင်းတယ်။ ဒီသတင်းကို ထိုင်းနိုင်ငံထုတ် သတင်းစာတွေ ရုပ်သံတွေမှာ လွှင့်သွားတယ်။ ထိုင်းတွေရော နိုင်ငံခြားသားတွေကပါ မြန်မာတွေက သတ်တယ်ဆိုတာ မယုံကြည်ကြဘူး။ တရားခံအစစ်က လွတ်သွားပြီဆိုပြီး ဒီနေ့ထုတ် ထိုင်းသတင်းစာတွေမှာ ကာတွန်းတွေ နဲ့လှောင်ပြောင်ပြီး ရေးထားတာ တွေ့ရတယ်။ ဒီကိစ္စကို အမှန်တိုင်းပေါ်အောင် စုံစမ်းဖို့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကနေပြီးတော့ အကူအညီတောင်းခံ လာတဲ့အတွက် ထိုင်းရှေ့နေကောင်စီက ရှေ့နေနှစ်ဦး အပါအဝင် ကိုယ်စားလှယ်အဖွဲ့က တရားခံလို့ စွပ်စွဲထားတဲ့ မြန်မာနိုင်ငံသားတွေဆီကို တိုက်ရိုက်သွားပြီး တွေ့ဆုံမေးမြန်းမှာ ဖြစ်တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ မြန်မာသုံးဦးအပြင် သူတို့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကိုပါ တွေ့ခွင့်ရဖို့ ကြိုးစားသွားမှာ ဖြစ်တယ်။ အားလုံးအဖမ်းခံရတာ ဆယ်ဦးထက် မနည်းရှိတယ်လို့ သိရတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လူသတ်မှုများ ပေါ်ပေါက်လာပါက ထိုင်းရဲများမှာ မြန်မာလုပ်သားများကို ဦးစွာဖမ်းဆီး စစ်ဆေးလေ့ရှိပြီး စစ်ဆေးရာတွင် ရေနွေးဖြင့် လက်ကိုလောင်းကာ စစ်ဆေးခြင်း၊ ခြေသလုံးအား မျဉ်းလုံးဖြင့်လှိမ့်ခြင်း စသည့် ညှဉ်းပန်းနှိပ်စက် နည်းများသုံးကာ စစ်ဆေးလေ့ရှိကြောင်းနှင့် ယခင်က ချင်းမိုင်မြို့တွင် တက္ကသိုလ်ကျောင်းသူတစ်ဦး အသတ်ခံရမှုတွင် တရားခံမှာ မြန်မာလုပ်သား ချင်းတိုင်းရင်းသားဖြစ်သည်ဟု သတ်မှတ်ခဲ့ပြီးနောက် တရားခံအစစ်မှာ ကမ္ဘောဒီးယား နိုင်ငံသား ဖြစ်သည်ဟု အမှုမှန်ပေါ်ပေါက်ခဲ့သည့် သာဓကရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် သံသယဖြစ်မိကြောင်း ဦးကျော်သောင်းက ဆိုသည်။

Eleven Media Group 

အောက်တိုဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သောပုံ၌ ခိုထောင်ကျွန်းပေါ်၌ မြန်မာအလုပ်သမား နှစ်ဦးကို ပြစ်မှုမြင်ကွင်း သရုပ်ဖော်ခိုင်းနေပုံအား တွေ့ရစဉ် (Photo:AFP)
အောက်တိုဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သောပုံ၌ ခိုထောင်ကျွန်းပေါ်၌ မြန်မာအလုပ်သမား နှစ်ဦးကို ပြစ်မှုမြင်ကွင်း သရုပ်ဖော် ခိုင်းနေပုံ အား တွေ့ရစဉ် (Photo:AFP)
ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ်အချက်များ ရှိနေသည် ဟု အောက်တိုဘာ ၄ ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်း၍ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

နိုင်ငံရေးပြဿနာများကို အတူတကွ ဖြေရှင်းရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီများ ပူး ပေါင်း၍ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို အောက်တိုဘာ ၄ ရက်တွင် ဖွဲ့စည်းလိုက် သည်။

ကရင်လွှတ်တော်အမတ်များနှင့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

ကရင်ပြည်နယ် ငြိမ်း ချမ်းရေးအတွက် ကရင်တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ် များနှင့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီတို့ ပူး ပေါင်းဆောင်ရွက်ကြရန် အောက်တိုဘာ ၄ ရက်တွင် တွေ့ဆုံသဘောတူညီ ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်တွင်းသစ်လုပ်ငန်းရှင်များကို သစ်တောဖက်စပ်က သစ်မာကုန်ကြမ်း တန်နှစ်ထောင်ကျော်ရောင်းချမည်

အစိုးရနှင့်ဖက်စက်လုပ် ကိုင်နေသော သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပို ရေးရှင်းက ပြည်တွင်း သစ်လုပ်ငန်းရှင်များ ကုန်ကြမ်းအဖြစ် အသုံးပြုရန် သစ်မာ တန်ချိန် နှစ်ထောင်ကျော် ရောင်းချမည်ဟု သတင်းရရှိသည်။

ဗြိတိန်စွမ်းအင် ကုမ္ပဏီများ ဈေးကွက်နှင့် အခွင့်အလမ်းများ ဆွေးနွေးရန် ငါးရက်ကြာ လာရောက်မည်

ဗြိတိန်စွမ်းအင်ဆိုင်ရာ ကောင်စီ၏ ဦးဆောင်မှုဖြင့် ဗြိတိန်ရေနံနှင့် သဘာဝဓာတ်ငွေ့စွမ်း အင်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန် မာနိုင်ငံသို့ ငါး ရက်ကြာ လာရောက်မည်ဟု သတင်းရရှိသည်။

မန္တလေးနန်းတွင်းစီမံခန့်ခွဲမှုကို တိုင်းအစိုးရက ပြည်ထောင်စုအစိုးရထံ ပြန်အပ်ရန် စီစဉ်

မန္တလေးတိုင်းအစိုးရအဖွဲ့က မန္တလေးမြနန်းစံကျော် ရွှေနန်းတော်အား ဘဏ္ဍာငွေစီမံခန့်ခွဲခွင့်မရ၍ ပြည်ထောင်စုအစိုးရထံပြန်အပ်မည့် ကိစ္စ ကို နှစ် ဖက် ထပ်မံညှိနှိုင်းရဦးမည်ဖြစ် ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး  ဦးသန်းဆွေကပြောသည်။

အကြမ်းဖက်နှင့်ဆက်နွှယ်၍ ဖမ်းမိထားသူများက ဖောက်ခွဲရန် အကြံအစည်ရှိကြောင်း ၀န်ခံဟုဆို

ပြည်ပအကြမ်းဖက်အဖွဲ့အစည်း နှင့်ဆက်သွယ်မှုဖြင့် တောင်ကြီးမြို့တွင် ဖမ်းဆီးခံထားရသူများက မြန်မာနိုင်ငံ အတွင်း လက်နက်ကိုင်အဖွဲ့ အစည်း ဖွဲ့ စည်းပြီး စစ်ပညာသင်ကြားလေ့ကျင့်ရန် နှင့် အကြမ်းဖက်ဖောက်ခွဲရန် အကြံ အစည်များရှိခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်း ရရှိသည်။

နိုင်ငံသားစိစစ်ခံရန် ဘင်္ဂါလီတစ်ရာကျော် ထပ်လျှောက်

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ရန် ထပ်မံလျှောက် ထား သူ တစ်ရာကျော်ရှိကြောင်း သတင်း ရရှိသည်။

Saturday, October 4, 2014

ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း


Photo: ဖွတ်ကျားဟု ခေါ်ရသည့် အကြောင်းအရင်း
Saturday, October 4, 2014

ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။
မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး ဖမ်းလို့ မလွယ်ပါဘူး။ ဒါပေမယ့် မိပါတယ်။ အကြောင်းကတော့ ယင်းဖွတ်ဟာ ပြေးနေရင်းနဲ့ သူ ဘာကြောင့် ပြေးတယ်ဆိုတာကို မေ့သွားတတ် လို့ ဖြစ်ပါတယ်။ များသော အားဖြင့် ကိုယ်ခန္ဓာမှာ အဆင်းကျား ပါတဲ့ ဖွတ်များ ဖြစ်ပါတယ်။
ယင်း ဖွတ်ကျားများဟာ လူတို့ လိုက်ဖမ်းတဲ့ အခါမှာ လျင်မြန်စွာ ပြေးပါတယ်။ ဒါပေမယ့် ပြေးလွှားနေရင်းနဲ့ သူတို့ဟာ ဘာကြောင့် ပြေးနေတယ် ဆိုတာကို မေ့သွားပါတယ်။ နောက်တော့ ပြန်သတိရလာပြီး ပြန်လိုက်လာပြီ ဆိုမှ ပြန်ပြေးပါတယ်။ ဒီတော့ ရပ်လိုက် ပြေးလိုက်နဲ့ လူတွေလက်ထဲကို အလွယ်တကူ ရောက်ပါတယ်။
ဒါကြောင့်မို့ မှတ်ဥာဏ် နည်းသူ၊ အမှတ်မရှိပဲ အမှား အကြိမ်ကြိမ်လုပ်သူ၊ ထုံသူ၊ အသူ တို့ကို ဖွတ်ကျားနဲ့ နှိုင်းပြီး စနောက် ပြောဆိုခြင်း ဖြစ်ကြောင်း ဆိုကြ ပါတယ်။
.
တစ်ဆင့်စကား တစ်ဆင့်ကြား၍ မျှဝေသည်...
အောင်ခမ်း (ရိုးရာလေး)

ကျွန်တော်တို့ မြန်မာအချင်းအချင်း တစ်ယောက်ကို တစ်ယောက် စနောက်တဲ့အခါ ဖွတ်ကျားနဲ့ နှိုင်းလေ့ ရှိတာကို သိကြမှာပါ။ ဖွတ်နဲ့ နှိုင်းရခြင်း အကြောင်း ကလည်း ညံ့ဖျင်းမှု၊ ထုံအမှု တို့ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ ဒီတော့ ဖွတ်ကျားလို့ ခေါ်ဖြစ်ပုံလေးကတော့ ဒီလိုပါတဲ့။
မြန်မာတို့ဟာ ရှေးအခါတွေကတည်းက တောရွာတွေမှာ ဖွတ်တွေကို အမဲလိုက် ဖမ်းယူလေ့ရှိပါတယ်။ အမှန်တော့ ဖွတ်တွေဟာ အတော်လေး မြန်ပါတယ်။ သာမန်လူ တစ်ယောက် လိုက်ပြေးပြီး

ပြည်သူတို့ကိုယ်တိုင် ဖောက်သည့်လမ်းကို အသုံးပြုခပေးနေရ


Photo: ပြည်သူတို့ကိုယ်တိုင် ဖောက်သည့်လမ်းကို အသုံးပြုခပေးနေရ
Saturday, October 4, 2014

ပုသိမ် (မဇ္ဈိမ)။ ။ ဒေသခံတို့ ကိုယ်တိုင်ဖောက်လုပ်ထားသော ငပုတောမြို့၊ ငရုပ်ကောင်း မြို့နယ်ခွဲ၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုနှင့် သစ်ရောင်းကျေးရွာအုပ်စု ကျေးရွာ ချင်းဆက်လမ်းပေါ်တွင် ဆိုင်ကယ်တစ် စီးလျှင် အသွားအပြန် ကျပ် ၅၀၀ နှုန်း ကောက်ခံနေမှုသည် တရားမျှတမှုမရှိဟု ဒေသခံတို့က ပြောသည်။သစ်ရောင်းကျေးရွာအုပ်စု အ၀င်တွင် ၂၀၁၄ ခုနှစ် ဇွန်လမှ စကာ ဝါးလုံးဖြင့်တား၍ လမ်းအသုံးပြုခ ကောက်ခံနေသည်ဟု ၎င်းတို့က ဆိုသည်။

“ကျန်တဲ့ နေရာတွေမှာတော့ မပေးရဘူး။ လမ်းကိုလည်း အရင်စစ်အစိုးရ ခေတ်က ပြည်သူတွေလုပ်အားပေးနဲ့ ဖောက်ထားတာ။ အခုလမ်းကို ဘယ်သူမှ ပြုပြင်တာလည်း မဟုတ်ဘူး” ဟု သစ်ရာ ကျောင်းကျေးရွာနေ ဦးမောင်ကံက ပြောသည်။

ယင်းသို့ ငွေကြေးကောက်ခံနေသော်လည်း လုံလောက်သည့် လမ်းပြု ပြင်မှုမရှိဟု ဒေသခံ ဦးသန်းညွန့်က ဆိုသည်။“လမ်းကောင်းအောင်ပြုပြင်ပေးတာ၊ ကြပ်မတ်ဆောင်ရွက်တာမျိုး လည်းမရှိဘူး” ဟု ၎င်းက ပြော သည်။

“ပြည်သူတွေ သူတို့ဖောက်ထားတယ်။ လမ်းကို အခွန်ပေးမှာ ဖြတ်သန်းနေရသလိုလည်း ဖြစ်နေတယ်။ အခုလိုကောက်ခံခွင့်လည်း မရှိဘူး၊ အခုလိုလုပ်တာကို သက်ဆိုင်ရာကို မေးမြန်းပြီး ပြည်သူအတွက် ဆောင်ရွက်သွားမှာပါ” ဟု ငပုတောမြို့နယ် တိုင်းကိုယ်စားလှယ် ဦးအေးကြည်က ဆိုသည်။

ငရုပ်ကောင်းမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးမျိုးလင်းအောင်ကမူ လမ်းပြုပြင်နိုင်ရန် ငွေကြေးကောက်ခံမှု ခွင့်ပြု ထားသည်ဟု ပြောသည်။ “ကျေးရွာပြည်သူတွေအတွက် ကောင်းအောင် လုပ်ပေးတာပါ။ ကျေးရွာအုပ်ချုပ် ရေးပိုင်းက လမ်းကောင်းအောင်ပြုလုပ်မယ်ဆိုလို့ ခွင့်ပြုပေးထားတာပါ” ဟု ဆိုသည်။

သစ်ရောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ငရုပ်ကောင်း မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် လမ်းလေလံခကျပ် ၁၃ သိန်း ကောက်ခံသည်ဟု ပြောသည်။

Mizzima

ပုသိမ် (မဇ္ဈိမ)။ ။ ဒေသခံတို့ ကိုယ်တိုင်ဖောက်လုပ်ထားသော ငပုတောမြို့၊ ငရုပ်ကောင်း မြို့နယ်ခွဲ၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုနှင့် သစ်ရောင်းကျေးရွာအုပ်စု ကျေးရွာ ချင်းဆက်လမ်းပေါ်တွင် ဆိုင်ကယ်တစ် စီးလျှင် အသွားအပြန် ကျပ် ၅၀၀ နှုန်း ကောက်ခံနေမှုသည် တရားမျှတမှုမရှိဟု ဒေသခံတို့က ပြောသည်။သစ်ရောင်းကျေးရွာအုပ်စု အ၀င်တွင် ၂၀၁၄ ခုနှစ် ဇွန်လမှ စကာ ဝါးလုံးဖြင့်တား၍ လမ်းအသုံးပြုခ ကောက်ခံနေသည်ဟု ၎င်းတို့က ဆိုသည်။
Rakhine-Bengali 
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေး အစိုးရ၏ဆောင်ရွက်မှု အစီအစဉ်ကို ပယ်ဖျက်ရန် ကုလသမဂ္ဂနှင့် အခြားသြဇာရှိသည့် အလှူရှင်အဖွဲ့များက ဖိအားပေးရန် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အောက် တိုဘာ ၃ ရက် တိုက်တွန်းထုတ်ပြန်လိုက်သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတွင် ဖွင့်လှစ်ထားသည့် ဒါးပိန်ဒုက္ခသည်စခန်းကို ၂၀၁၄ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက် ရုံးချိန်းတွင် အစိုးရကို အကြည်ညိုပျက်စေမှုအတွက် ဦးဆန်းဆင့်ဘက်မှ ဆရာတော်သုံးပါး သက်သေခံထွက်ဆို

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက်ရုံးချိန်းတွင် ပြစ်မှုပုဒ်မ ၁၂၄(က)အစိုးရအား အကြည်ညိုပျက်စေမှုအတွက် တရားခံပြ သက်သေအဖြစ် သံဃာတော်သုံးပါးအား အောက်တိုဘာ ၃ ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပုဒ်မ ၁၂၄ (က)မှာ ဦးပညာဇောတ၊ ဦးဝိဇာသနဲ့ ဦးအာဇိန္ဒ ဆရာတော်သုံးပါးပဲ စစ်တယ်။ အားလုံး ရေကြည်က ကိုယ်တော်တွေပဲဖြစ်တယ်။ ပုဒ်မ ၄၀၉ က စာရင်းစစ်ချုပ်က မလာဘူး။ အဲ့ဒါကြောင့် မစစ်ဖြစ်ပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။

မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း


Photo: မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း
Saturday, October 4, 2014

လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့်ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင်မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီးရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို ခင်မင်တာလောက်ပဲဖြစ်တယ်´ ဟု သရုပ်ဆောင်မိုးယုစံက ပြောကြားသည်။
လူနှစ်ယောက် တွေ့ဆုံမှုပေါင်းဖက်မှုသည် ကံပေါ်မူတည်ပြီး ကံကိုလွန်ဆန်သည့်မရသည့်အတွက် အချစ်ရေးနှင့်ပတ်သက်လာလျှင် အနုပညာရှင်မှ အပြင်လူမှ ချစ်သူရွေးထားမည်ဟု ခွဲခြားသတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“မိုးယုနဲ့က အဲဒီနေ့က ကြော်ငြာရိုက်ပြီးလို့ ညဘက်မုန့်ထွက်စားတာ၊ အနုပညာမောင်နှမတွေဆိုတော့ ရင်းရင်းနှီးနှီး မုန့်ထွက်စာတာပါပဲ´ ဟု သရုပ်ဆောင် ကောင်းပြည့်က ပြောကြားသည်။

ဒို့တောင်သူသတင်းဂျာနယ်
People power

လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့် ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင် မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီး ရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်း များသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို

NLD ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်မည်ဖြစ်ရာ လူငယ်ရေးရာ တာဝန်ခံဖြစ်သည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအား ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ် ၁၅ဝ ဦး တက်ရောက်ခဲ့ကာ အဆိုပါညီလာခံမှ အဖွဲ့ဝင် ၅၇ ဦးပါဝင်သည့် ဗဟိုလူငယ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။