Tuesday, October 28, 2014
ကာကွယ်ရေးအသုံးစရိတ်များ၏ ၃၂ ရာခိုင်နှုန်းကျော်ကိုသာ စစ်ဆင်ရေးနှင့် တိုက်ခိုက်ရေးများတွင် အသုံးပြုသဖြင့် ကာကွယ်ရေးအသုံးစရိတ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိခိုက်မည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား
မြန်မာသို့ နည်းပညာအကူအညီများပေးရန် သမ္မတရုံးဝန်ကြီး နိုင်ငံ တကာ သို့ မေတ္တာရပ်ခံ
နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှောင့် နှေးနသည့် မြန်မာနိုင်ငံသို့ နည်းပညာထိပ်တန်းရောက်နေသော နိုင်ငံများမှ ပံ့ပိုးကူညီစေ လိုကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက မေတ္တာရပ်ခံလိုက်သည်။
တောင်သူများအတွက် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်းများကို ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

မန္တလေးတိုင်းအတွင်းရှိ စိုက်ခင်းအချို့-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အစိုးရက တောင်သူ လယ်သမားများအတွက် လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်းအ များစုသည် ရေတိုသက်သာစေ သည့် စီမံကိန်း များဖြစ်ပြီး ရေရှည် တွင် ကျေးရွာနေပြည်သူလူထု၏ ဘ၀ကိုမြှင့်တင်ပေးနိုင်မည့်ပုံမျိုး ရှိမနေကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဝေဖန် လိုက်သည်။
Monday, October 27, 2014
ယူကရိန်း Donetsk အနီးတ၀ိုက် လက်နက်ကြီးများပစ်ခတ်

ယူကရိန်းနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပပြီး နောက်တနေ့ဖြစ်တဲ့ တနလာင်္နေ့မှာတော့ ရုရှားလိုလားသူ ယူကရိန်းသူပုန်တွေ အားကောင်း ရာ ယူကရိန်းအရှေ့ပိုင်း Donetsk မြို့ ဆင်ခြေဖုံးအရပ်မှာ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။ စက်သေ နတ် သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပြီး တိုက်ခိုက်မှု ပြင်းထန်တယ်လို့ Donetsk မြို့တော်ဝန်ရုံးက ပြောပါတယ်။
အဖမ်းခံရသူနှစ်ဦး အယူခံရရေး ထိုင်းလုပ်ငန်းရှင် ကူညီမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရရေးအတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ကူညီပေးမယ်လို့ သိရပါတယ်။
ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ် က အနိုင်ရရှိခဲ့သည်ဟု သိရသည်။
ဒေသခံ လူထုရဲ့ အသံနားထောင်ဖို့ အရေးကြီး

မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကို သိရှိအောင် လာေ ရာက် နားထောင်တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။
“နိုင်ငံရေးအသုံးချခံဖြစ်သွားလေပြီလားကိုပါကြီး”
ယနေ့အွန်လိုင်းမီဒီယာပေါ်မှာ လူပြောအများဆုံးအကြောင်းပြောပါဆိုလျှင် သတင်းထောက် ကိုပါကြီး(ခေါ်) ကိုအောင်နိုင် ကျော် ကိစ္စလို့ပဲပြော ရမည်ဖြစ် ပါသည်။ ကိုပါကြီးသေဆုံးရခြင်း အကြောင်းနှင့်ပတ်သက်၍ လွတ်လပ်ပြီး ကျွမ်းကျင်သော ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်ပေးဖို့ ဒီမိုကရက်တစ်အဖွဲ့ အစည်းပေါင်း (၄၆)ဖွဲ့က အောက်တို ဘာ လ(၂၆)ရက်နေ့ ရက် စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့ကြသည့်အပြင် ကိုကိုကြီး၊ မင်းကိုနိုင်၊ နေမျိုးဇင်တို့ကိုယ်တိုင် ဦးဆောင်၍ မြို့တော်ခန်းမရှေ့တွင် စုဝေးကာတောင်းဆိုခဲ့ ကြပါသည်။
The Monk မှတ်တမ်း ရုပ်ရှင် ၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံ၌ ပြသမည်

The Monk မှတ်တမ်း ရုပ်ရှင်မှ ဇာတ်ဝင်ခန်း တစ်ခန်း
ရန်ကုန်၊ အောက်တိုဘာ၂၇။ ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူး ထားသည့်The Monk မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှ ၁၂ ရက်အထိအမေရိကန် နိုင်ငံတွင်၂၆ကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်မည့် Palm Springs International Film Festival နိုင်ငံ တကာ ရုပ်ရှင် ပွဲတော်၌ ပြသမည် ဖြစ်သည်။ ယင်းရုပ်ရှင် ပွဲတော်သည် မြောက် အမေရိကတွင် အရေးကြီး ထင်ရှားသည့် ရုပ်ရှင် ပွဲတော် ဖြစ်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ် မြို့ရှိ Palm Springs luxury resorts တွင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီး ခြောက်ရက်ကြာ အမှောင်ကျ သွားမည်ဆိုခြင်း နာဆာငြင်း

နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ်တစ်ရပ်ကြောင့် လာမည့်ဒီဇင်ဘာလအတွင်း ကမ္ဘာကြီးမှာ ခြောက်ရက်ကြာ အမှောင်ဖုံးလွှမ်းသွားလိမ့်မည် ဆိုသည့် အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့လျက်ရှိသည့် သတင်းတစ်ရပ်နှင့် ပတ်သက်ပြီး နာဆာက ငြင်းပယ် လိုက်သည်။
ပြူတင်းပေါက် မပါသည့် လေယာဉ်တစ်မျိုး တည်ဆောက်ရန် ကြံရွယ်နေ

ပြူတင်းပေါက် မပါပဲ ဘေးပတ်ဝန်းကျင် မြင်ကွင်းများကို လွတ်လွတ်လပ်လပ် ကြည့်ရှုခံစား နိုင်မည့် ခရီးသည်တင် လေယာဉ် တီထွင်ရေး စိတ်ကူး စိတ်သန်း သည် ဆယ်စုနှစ်အတွင်းအကောင်အထည်ပေါ် ကာ မျက်ဝါး ထင်ထင် မြင်တွေ့ ရ တော့ မည် ဖြစ်သည်။
ထောင် ၁၅နှစ် ကျပလေ့စေ ဆိုကာ သားမယားပြုကျင့်သူ

ဗြိတိန် နိုင်ငံက လူငယ် တစ်ဦးသည် ၁၆ နှစ်ရွယ် မိန်းမပျိုလေး တစ်ဦးကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ရာ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်းကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ အဆိုပါ လူငယ်သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင်ကျပစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေးကို အကြမ်းပတမ်း ကျူးလွန်ခဲ့သေးသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ တယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တနင်္သာရီ တိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။
သဘောတူညီချက် မရသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စများ ညှိနှိုင်းရန် အစိုးရကို SSPP/SSA စာပို့တောင်းဆို
ယခုလ ပထမပတ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် မရသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ထပ်မံဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဗဟိုကော်မတီက အစိုးရနှင့် ထပ်မံ ဆွေးနွေးရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) ထံသို့ စာပေးပို့ တောင်းဆိုထားကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးစဝ်ခွန်စိုင်းက ပြောကြားသည်။
တရုတ်နိုင်ငံတွင်ပြစ်မှု ၉ ခုကို သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုစာရင်းမှ ပယ်ဖျက်ရန် စဉ်းစားနေ

ပုံ-၀ူဟန် အမှတ် ၁ အကျဉ်းစခန်း၌ သေဒဏ်ချမှတ်ခံအမျိုးသမီးတဦးအား ကွပ်မျက် ရန် ထောင်စောင့်များက ခေါ်ဆောင်သွားနေပုံ
တရုတ်နိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သော ပြစ်မှုများစာရင်းမှ ပြစ်မှု ၉ ခုကို ပယ်ဖျက်ပေးရန်အတွက် အာဏာရကွန်မြူနစ်ပါတီက စဉ်း စားနေကြောင်း နိုင်ငံပိုင်မီဒီယာ က ပြောသည်။
ဈေးဝယ်လာသည့်သားအမိကို နှောင့်ယှက်သူများအား ခံဝန်ကတိဖြင့် သတိပေးခဲ့
Junction Square တွင် ဈေးဝယ်လာသော ကလေးမိခင် တစ်ဦးနောက်သို့ လိုက်၍
ကလေး ကို ဓာတ်ပုံရိုက်လိုသည်ဟု ဆိုကာလိုက်လံနှောင့်ယှက်သူကို ခံဝန်
ကတိထိုးစေပြီး သတိပေးခဲ့ ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၅ ရက်ကအမျိုးသမီးတစ်ဦး၎င်း၏ ကလေးနှင့်အတူ ကားပါကင်မှ city baby ကိုသွား၍ ပြန်အထွက် Game City ရှေ့လှေကားမှ လူတစ်ဦးကကလေးက ချစ်စရာလေးဟုဆိုကာ လာကိုင်ကြောင်း၊ ဆက်လက်လျှောက်လာစဉ် တောက်လျှောက်အတင်းလိုက်ဆွဲသဖြင့်  ဆိုင်တစ်ခုအတွင်းဝင်လိုက်ရကြောင်း ကလေးမိခင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။
အောက်တိုဘာ ၂၅ ရက်ကအမျိုးသမီးတစ်ဦး၎င်း၏ ကလေးနှင့်အတူ ကားပါကင်မှ city baby ကိုသွား၍ ပြန်အထွက် Game City ရှေ့လှေကားမှ လူတစ်ဦးကကလေးက ချစ်စရာလေးဟုဆိုကာ လာကိုင်ကြောင်း၊ ဆက်လက်လျှောက်လာစဉ် တောက်လျှောက်အတင်းလိုက်ဆွဲသဖြင်
၂၄ နာရီဖွင့်သော ဈေးဆိုင်ကို အမျိုးသားသုံးဦး ဓားထောက်လုယက်
အင်းစိန်မြို့နယ်အတွင်း ၂၄ နာရီဖွင့်လှစ်သော အိမ်ဆိုင် အတွင်းသို့
အမျိုးသားသုံးဦး ၀င်ရောက်ကာ ပိုင်ရှင်ကိုဓားထောက်ပြီး ခြိမ်းခြောက်လုယက်မှု
အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ
သတင်းရရှိသည်။
ကိုပါကြီး သေဆုံးမှု သေမှုသေခင်း ပုဒ်မဖြင့် ကျိုက်မရော ရဲစခန်းတွင် ဇနီးဖြစ်သူအမှုဖွင့်
တပ်မတော်က ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ထားသောကို
အောင်ကျော်နိုင် (ခ) ပါကြီး သေဆုံးမှုကို အောက်တိုဘာလ ၂၆ ရက်နေ့က
ကျိုက်မရောမြို့နယ် ရဲစခန်းတွင် (ပ) ၁၁/၂၀၁၄ သေမှုသေခင်း ဥပဒေပုဒ်မဖြင့်
သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်သန္တာက အမှုဖွင့်ခဲ့ကြောင်း ဒေါ်သန္တာက ပြောကြားသည်။
အခြေခံဥပဒေမပြင်လိုသော တပ်မတော်အပေါ် ပြည်သူ့အသံ

တပ်မတော်ဘက်မှ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ သတင်းစကားသံကို သည် ရက်ပိုင်းအတွင်းပိုပြီး တိတိကျကျကြားသိလာရသည်။ ထိုသတင်းစကားက မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကာလအတွက် မင်္ဂလာသတင်းမဟုတ်သလို အခြေခံဥပဒေပြင်ဆင်ရေး ပြင်းပြင်းပြပြ တောင်းဆိုနေကြသော ပြည်သူများအတွက် ၀မ်းသာစရာမဟုတ်ခဲ့ပါ။
ဂယက်ထနေတဲ့ ထိုင်းဇာတ်ကားပုံတူကူးချတဲ့ကိစ္စနဲ့ နေထူးနိုင်

ဖေ့စ်ဘွတ်ခ် လူမှုကွန် ရက်တွင် ပျံ့နှံ့နေသည့် ထိုင်းဗီဒီ ယိုဇာတ်ကားကို
ပိုစတာမှအစ ပုံစံတူ ကူးချ ထားသည့်အတွက် ထိုင်းရုပ်ရှင်ထုတ်လုပ်ရေးက
အာရှရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြား ထားပြီး ဘတ်ငွေသန်း ၃၀ လျော်ကြေးတောင်းထားသည့် အကြောင်းကို မသိရှိကြောင်း သရုပ်ဆောင် နေထူးနိုင်ကပြောသည်။
Sunday, October 26, 2014
အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ မီဒီယာဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံ
အစိုးရက နိုင်ငံပိုင်မီဒီယာများကို အသွင်ပြောင်းရန် စီစဉ်နေသည့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံသည့် တွေ့ဆုံပွဲတစ်ရပ်ကို အောက်တိုဘာ ၂၅ ရက်က NLD Capacity Building Center ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်း၊ ဥပဒေပညာရှင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့်  မီဒီယာသမားများ တက်ရောက်ခဲ့သည်။
အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပြဋ္ဌာန်းပေးရန် ရန်ကုန်တိုင်းဒေသကြီး မဘသအဖွဲ့မှ ဦးဆောင်၍ ရဟန်းရှင်လူ ၃၀၀၀ ကျော် ရွှေတိဂုံစေတီတော် အနီးတွင် ဆန္ဒပြ

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေးအတွက် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်၌ သံဃာတော်များ အပါအဝင် လူ ၃ဝဝဝ ထက် မနည်း လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ထိုဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်း အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေးမှ ဦးစီးပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ မ.ဘ.သ အဖွဲ့ဝင်များသာမက အခြားတိုင်းဒေသကြီးမှ မ.ဘ.သ အဖွဲ့ဝင်များ သံဃာတော်များ၊ သီလရှင်များမှ အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးရေး တောင်းဆို
မူဆယ်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ သုံးစွဲဖြန့်ဝေခဲ့သည့် တရုတ်လူမျိုးတစ်ဦးကို ယင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့ရပြီး ပြည်မကြီးမှ ရရှိခဲ့သည်ဟု ထွက်ဆိုထားမှုကြောင့် နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက်ဖမ်းဆီးသွားရန် စီစဉ်
ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်း ရှစ်ဆယ်ဖိုး ဖမ်းဆီးရမိမှုအား စစ်ဆေးရာတွင် ယင်းငွေအတုများကို တရုတ်နိုင်ငံဘက်မှ ရရှိလာသည်ဟု ထွက်ဆိုထားသဖြင့် ကွင်းဆက်ကျူးလွန်သူအား ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားချက်အရ သိရသည်။
နှစ်စဉ် ကျပ်သိန်း ၂၂၀၀ နီးပါး ၀င်ငွေရနေသည့် ကန်တော်ကြီး အပါအ၀င် ပန်းခြံ ၅၀ ကျော်၏ ၀င်ကြေးများကို ၂၀၁၅ ခုနှစ် ဧပြီမှစတင်ကာ အခမဲ့ပြုလုပ်မည်ဟုဆို

နှစ်စဉ် ကျပ်သိန်း ၂၂ဝဝ နီးပါး ဝင်ငွေရနေသည့် ကန်တော်ကြီး အပါအဝင် ပန်းခြံ ၅ဝ ကျော်၏ ဝင်ကြေးများကို ၂ဝ၁၅ ခုနှစ် ဧပြီမှ စတင်ကာ အခမဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပန်းခြံ ၆၃ ခုရှိသည့်အနက် လက်ရှိအခမဲ့ ဝင်ခွင့်ပြုထားသည့် ပန်းခြံအချို့
အစွမ်းထက်မြက် ဒန့်သလွန်ရွက်
နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။
ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။
အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၁၀၀၀၀ ကျော်ဖြစ်ပြီး သေဆုံးမှု ၅၀ ရာခိုင်နှုန်းရှိ
အီဘိုလာဗိုင်းရပ်စ် ဖြစ်ပွားသော နိုင်ငံ ရှစ်နိုင်ငံတွင် ကူးစက်ခံရသူ ၁၀၁၄၁ ဦးရှိ သည့်အနက် ၄၉၂၂ ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောကြား ခဲ့သည်။ အနောက်အာဖရိကတွင် ဗိုင်းရပ်စ် ကူးစက်မှုအဖြစ်ပွားဆုံးနိုင်ငံသုံးနိုင်ငံမှာ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန်နိုင်ငံတို့ ဖြစ်ကြသည်။
မူဆယ်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ သုံးစွဲဖြန့်ဝေခဲ့သည့် တရုတ်လူမျိုးတစ်ဦးကို ယင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့ရပြီး ပြည်မကြီးမှ ရရှိခဲ့သည်ဟု ထွက်ဆိုထားမှုကြောင့် နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက်ဖမ်းဆီးသွားရန် စီစဉ်
ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်း ရှစ်ဆယ်ဖိုး ဖမ်းဆီးရမိမှုအား စစ်ဆေးရာတွင် ယင်းငွေအတုများကို တရုတ်နိုင်ငံဘက်မှ ရရှိလာသည်ဟု ထွက်ဆိုထားသဖြင့် ကွင်းဆက်ကျူးလွန်သူအား ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားချက်အရ သိရသည်။
အိမ်ဖော်အလုပ်ရမည်ဟု လိမ်လည်၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူ နှစ်ဦးအား အမှုဖွင့် အရေးယူ ဆောင်ရွက်
မုံရွာမြို့ နန္ဒဝန်ရပ် နယ်မြေ(၆)နေ အသက်(၁၆)နှစ် အရွယ် အမျိုးသမီး ငယ်တစ်ဦးကို အိမ်ဖော် အလုပ် ရမည်ဟု သွေးဆောင် စည်းရုံးကာ ပြည့်တန်ဆာ လုပ်ငန်းကို စေခိုင်းခဲ့သူ အမျိုးသမီး နှစ်ဦးအား မုံရွာ မြို့နယ် ရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
ကျောင်းသားများအား ပညာသင်ပေးရုံသာမက အလုပ်အကိုင် ဖန်တီးပေးနိုင်ရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ဟိုတယ်သင်တန်းကျောင်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်မတက်ေ ရာက်ကျောင်းသားများအား ပညာသင်ပေးနိုင်ရုံ သာမက အ လုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရ န် ပါ အရေးကြီးပြီး နိုင်ငံတွင် အရေး တကြီးလိုအပ်နေသည်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။
မြန်မာလုပ်သားနှစ်ဦး အာမခံရရန် ထိုင်းသူဌေးလေးဦး ကူညီမည်
ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦး အာမခံရရှိရန် ထိုင်းဘတ်ငွေသိန်း ၂၀ တန် အာမ ခံနှင့် ထိုင်း သူဌေး လေးဦး ကူညီ မည်ဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ထံမှ သတင်းရရှိသည်။
ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး အာမခံရရှိရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ဆယ်သိန်းတန် အာမခံ ပေးရမည်ဖြစ်ပြီး ထိုင်း နိုင်ငံသား သူဌေးလေးဦးက အာမ ခံထားပေးရမည်ဖြစ်သည်။ ထိုင်း နိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား များ ပြစ်မှုကျူးလွန်ပါက ထိုင်း အစိုးရက အာမခံပေးလေ့ပေးထ မရှိကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)