Wednesday, March 4, 2015
အီရန်အနေဖြင့် နျူကလီးယားလှုပ်ရှားမှုကို အနည်းဆုံး ၁ဝ နှစ် ရပ်နားသင့်ကြောင်း အိုဘားမားပြော
နိုင်ငံရေးဆိုင်ရာသဘောထားတင်းမာမှုများကို လျှော့ချနိုင်ရန်အတွက် အီရန်အနေဖြင့် နျူကလီးယားစွမ်းအင်ရရှိရေးဆိုင်ရာလှုပ်ရှားမှုများကို အနည်းဆုံး ၁ဝ နှစ်ခန့် ရပ်နား ထားသင့်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ရိုက်တာသတင်းဌာနနှင့် ယမန်နေ့ အင်တာဗျူးတွင် ပြောကြားသည်။ လက်ရှိအချိန်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန်သို့ရောက်ရှိ နေပြီး အမေရိကန်ကွန်ဂရက်တွင် အိုဘားမား၏မူဝါဒကို ဆန့်ကျင်သည့်မိန့်ခွန်း ပြော ကြားမည်ဖြစ်သည်။
တောင်ကိုရီးယားနှင့် အမေရိကန်စစ်ရေးပြပွဲကို မကျေနပ်၍ မြောက်ကို ရီးယားဒုံးပျံများပစ်ခတ်
တောင်ကိုရီးယားနှင့် အမေရိ ကန်တို့၏ ပူးတွဲစစ်ရေးပြပွဲကို တနင်္လာ နေ့တွင် စတင်ခဲ့ရာ မြောက်ကိုရီးယားက စိတ်ဆိုးကာ ဒုံးပျံနှစ်စင်းအား ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက မဆင်မခြင် ထိပ်တိုက်ရင်ဆိုင်ခြင်း အဖြစ်လည်း ရှုတ်ချလိုက်ကြောင်း AFP သတင်း က ဖော်ပြခဲ့သည်။
နှစ်စဉ် စစ်ရေးလေ့ကျင့်မှုမှာ အမြဲတမ်းစစ်ရေးတင်းမာမှုကို ဖြစ် စေပြီး ကိုရီးယား ကျွန်းဆွယ်၌ စစ် လိုလားသော ပြောကြားမှုကို အမြဲ ကြားနေရ သည်ဟုဆိုသည်။
သပိတ်မှောက်ကျောင်းသားကျောင်းသူ ညီငယ်ညီမငယ်များသိစေရန်
အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေတောင်းဆိုတဲ့ အချက် ဆယ့်တစ်ချက်ထဲမှာ ကျန်တဲ့အချက်တွေနဲ့ပက်သက်ပြီး မပြောချင်ပေမဲ့ အချက်နံပတ်(၇) မိခင်ဘာသာအခြေပြုသင်ကြားရေးဆိုတာနဲ့ပက်သက်ပြီး ပြောပြပါရစေ။
၂၀၁၅ ခုနှစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်စ် ရပ်တည်
၂၀၁၅ ခုနှစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ရာ အမေရိကန် နည်းပညာ လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။
Microsoft ကော်ပိုရေးရှင်းကို အဓိက တည်ထောင်ခဲ့သူဖြစ်သည့် ဂိတ်စ်သည် မက္ကစီကို စီးပွားရေး လုပ်ငန်းရှင် ကားလို့စ်ဆလင်းမ်ကို အနိုင်ယူကာ အချမ်းသာဆုံး စာရင်း၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းလာခြင်း ဖြစ်သည်။
James Bond ရုပ်ရှင်၌ အသုံးပြုမည့် မော်တော်ကားအတွက် Aston Martinကို စိန်ခေါ်ရန် Bentley ခြေလှမ်းပြင်
နာမည်ကျော် သူလျှိုစွန့်စားခန်း ဇာတ်လမ်းဖြစ်သည့် James Bond ရုပ်ရှင်များတွင် ပါဝင်ခွင့်ရရန် မျှော်လင့်ချက်ဖြင့် ဇိမ်ခံပြိုင်ကား မော်ဒယ်လ်သစ် တစ်မျိုးကို Bentleyက မိတ်ဆက်ပြသခဲ့သည်။
မတ်လ၂ ရက် ညက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မော်တော်ယာဉ် ပြပွဲတွင် Bentleyက မွမ်းမံ အဆင့်မြှင့်တင်ဆဲဖြစ်သည့် Exp 10 Speed 6 အမျိုးအစား နှစ်ယောက်စီး ပြိုင်ကားကို ပြသလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မော်တော်ကားသည် တစ်နာရီလျှင် မိုင်(၂၀၀)နှုန်းမျှထိ မြန်နှုန်းမြင့် မောင်းနှင်နိုင်မည်ဖြစ်ပြီး လာမည့်(၃)နှစ်အတွင်း ဈေးကွက်ထဲတွင် ရောင်းချသွားနိုင်ရန် Bentleyက ရည်ရွယ်ထားသည်။
ကော်ဖီပုံမှန် သောက်ခြင်းက နှလုံးသွေးကြော ပိတ်ဆို့မှုကို လျှော့ချပေးနိုင်ဟု သုတေသန ရလဒ်တစ်ခုဖော်ပြ
နေ့စဉ် ကော်ဖီအနည်းငယ် ပုံမှန်သောက်ခြင်းက သွေးကြောများ ပိတ်ဆို့မှုကို အကာအကွယ် ပေးနိုင်ကြောင်း တောင်ကိုရီးယား သုတေသီများက ထောက်ခံ ပြောကြားလိုက်သည်။
တောင်ကိုရီးယားတွင် အလုပ်ခွင်၌ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူရသူ အမျိုးသား၊ အမျိုးသမီး (၂၅၀၀၀)ကျော်၏ ကျန်းမာရေး မှတ်တမ်းများကို စိစစ်လေ့လာကာ ယခုတွေ့ရှိချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ တစ်နေ့လျှင် ကော်ဖီ သုံးခွက်မှ ငါးခွက်ထိ ပုံမှန် သောက်သုံးခြင်းက နှလုံးအတွက် ကောင်းကျိုးဖြစ်စေပြီး သွေးကြောများအတွင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။
တောင်ကိုရီးယားတွင် အလုပ်ခွင်၌ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူရသူ အမျိုးသား၊ အမျိုးသမီး (၂၅၀၀၀)ကျော်၏ ကျန်းမာရေး မှတ်တမ်းများကို စိစစ်လေ့လာကာ ယခုတွေ့ရှိချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ တစ်နေ့လျှင် ကော်ဖီ သုံးခွက်မှ ငါးခွက်ထိ ပုံမှန် သောက်သုံးခြင်းက နှလုံးအတွက် ကောင်းကျိုးဖြစ်စေပြီး သွေးကြောများအတွင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။
သြစတြေးလျမူးယစ်တရားခံနှစ်ဦးကို သေဒဏ်စီရင်ရန် နေရာပြောင်းရွှေ့
သေဒဏ်ချမှတ်ထားခံရသူ သြစတြေးလျနိုင်ငံသား မြူရန်ဆူကူမာရန်အား ရဲတပ်ဖွဲ့ကွန်မန်ဒိုများ စောင့်ကြပ်လာစဉ် (AFP)
အင်ဒိုနီးရှားနိုင်ငံ တွင် သေဒဏ်စီရင်ရန် စီစဉ်နေ သော ဩစတေးလျနိုင်ငံသား မူး ယစ်ဆေးတရားခံနှစ်ဦးသည် ဗုဒ္ဓ ဟူးနေ့တွင် ကွပ်မျက်ရန် စီစဉ် ထားသည့် ကျွန်းသို့ နေရာရွှေ့ ပြောင်းခံခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံ တွင် သေဒဏ်စီရင်ရန် စီစဉ်နေ သော ဩစတေးလျနိုင်ငံသား မူး ယစ်ဆေးတရားခံနှစ်ဦးသည် ဗုဒ္ဓ ဟူးနေ့တွင် ကွပ်မျက်ရန် စီစဉ် ထားသည့် ကျွန်းသို့ နေရာရွှေ့ ပြောင်းခံခဲ့ရသည်။
ရန်ကုန်တိုင်းတွင် နှစ်လအတွင်း လူသတ်မှုထက် မုဒိမ်းမှု ပိုများနေ
ရန်ကုန်တိုင်းတွင် ယခုနှစ်လအတွင်း လူသတ်မှု ထက် မုဒိမ်းမှု ပိုများကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းအတွင်း နှစ်စဉ် လူသတ်မှုနှင့် မုဒိမ်းမှုများ မြင့် တက်လျက်ရှိပြီး လူသတ်မှုအချို့ မှာလည်း ယခုအချိန်ထိ တရားခံ မပေါ်သေးသော အမှုများစွာ ကျန်ရှိနေသေးကြောင်း သိရ သည်။
‘‘ဒီနှစ်အတွင်းမှာပဲ လူသတ် မှုက ၂၉ မှုဖြစ်တယ်။ မုဒိမ်းမှုက တော့ ၃၁ မှုဖြစ်ပွားခဲ့တယ်။ ဒီနှစ် လထဲမှာဆိုရင်တော့ ဖေဖော်ဝါရီ ထဲမှာ မုဒိမ်းမှုက အမှု ၂၀ တက် လာတယ်။ လူသတ်မှုမှာတော့ ဇန်န၀ါရီလထက် ကိုးမှု လျော့ပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရုံးမှ အရာရှိတစ်ဦးက ပြော သည်။
၂၀၁၅ နှစ်လအတွင်း မှုခင်း ဖြစ်ပွားမှုနှုန်းတွင် ဇန်န၀ါရီအ တွင်း ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက်ထက် ဖေဖော်ဝါရီ တွင် ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် နည်းပါးကြောင်းသိရသည်။
ရန်ကုန်တိုင်းအတွင်း နှစ်စဉ် လူသတ်မှုနှင့် မုဒိမ်းမှုများ မြင့် တက်လျက်ရှိပြီး လူသတ်မှုအချို့ မှာလည်း ယခုအချိန်ထိ တရားခံ မပေါ်သေးသော အမှုများစွာ ကျန်ရှိနေသေးကြောင်း သိရ သည်။
‘‘ဒီနှစ်အတွင်းမှာပဲ လူသတ် မှုက ၂၉ မှုဖြစ်တယ်။ မုဒိမ်းမှုက တော့ ၃၁ မှုဖြစ်ပွားခဲ့တယ်။ ဒီနှစ် လထဲမှာဆိုရင်တော့ ဖေဖော်ဝါရီ ထဲမှာ မုဒိမ်းမှုက အမှု ၂၀ တက် လာတယ်။ လူသတ်မှုမှာတော့ ဇန်န၀ါရီလထက် ကိုးမှု လျော့ပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရုံးမှ အရာရှိတစ်ဦးက ပြော သည်။
၂၀၁၅ နှစ်လအတွင်း မှုခင်း ဖြစ်ပွားမှုနှုန်းတွင် ဇန်န၀ါရီအ တွင်း ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက်ထက် ဖေဖော်ဝါရီ တွင် ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် နည်းပါးကြောင်းသိရသည်။
Tuesday, March 3, 2015
ချောင်းသာကမ်းခြေတွင် ကားတစီးရေနစ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းက ချောင်းသာကမ်းခြေမှာ ဇိမ်ခံကားတစီး ပင်လယ်ထဲကျပြီး ရေနစ်သွားတဲ့ဖြစ်ရပ် မနေ့က ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ ထိုင်ဝမ်နိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ဒရိုင်ဘာ ၁ ဦးတို့ဟာ သူတို့ စီးနင်းလာခဲ့တဲ့ကား (၆ယ/ ၃၉၂၃) ကို မနေ့က မနက်အစောပိုင်းမှာ ချောင်းသာကမ်းခြေတလျှောက် လှည့်ပတ်မှောင်းနှင်ရင်း ကားဘီးက သဲထဲကျွံကျပြီး နစ်သွားတာပါ။
သဲနစ်ပြီးတဲ့နောက်ပိုင်း ကားဆက်မောင်းလို့မရတော့တဲ့အချိန်မှာ ပင်လယ်ဒီရေ တက်လာခဲ့တော့ ကားသမားနဲ့ ထိုင်ဝမ်နိုင်ငံသား ၃ ဦးတို့ဟာ သူတို့အထုပ်အပိုးတွေကို ကားပေါ်က ဆွဲယူပြီး သောင်ပြင်ပေါ်မှာထိုင်ကာ သူတို့ကား ရေနစ်သွားတာကို ထိုင်ကြည့်ခဲ့ရတယ်လို့ ချောင်းသာ ကမ်းခြေက ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။
သံဃာနှင့် ကျောင်းသားများ အစာငတ်ခံဆန္ဒပြမည်
လက်ပံတန်းမှ ရန်ကုန်သို့ချီတက်ရန် ကြိုးစားသည့် ကျောင်းသားများကို ရဲများက လမ်းပိတ်ကာ တားဆီးသည့်အတွက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီေးနာက် သံဃာနှင့် ကျောင်းသား အစာငတ်ခံ
ကျောင်းသားသပိတ် နောက်ဆုံးရသတင်း
အထက်မြန်မာပြည် ရွေဝါရောင် သံဃာတော်များ ကွန်ရက် နင့် ချောက် ရဟန်းပျိုများက ကျောင်းသား သပိတ် စစ်ကြောင်းကို လမ်းမဖွင့်ပေးပါက အစာငတ်ခံ ဆန္ဒပြမည်ဟု မိန့်ကြားလိုက်ပြီး ရဲတပ်ဖွဲ့က ၆ နာရီ အတွင်းလူစုခွဲရန် သတိပေးချက် ကြေညာလိုက်ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။
သတိလစ်စေရန် ပြုလုပ်နှိင်သည့် ဆေးဝါးများ

အခု ပြောချင်တဲ့ ဆေးတွေကတော့ မြန်မာ အခေါ်အဝေါ်နဲ့ ဆိုရင် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ စာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။
အခုပြောမယ့် ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှု တွေကို အထောက်အကူ ပြုဖို့ အသုံးပြု ကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ် ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒ မပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကို ဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှ အစ (အရွယ် ရောက်သူတိုင်း သိကြပြီး ဖြစ်မည့် အမြင်ရိုင်းသော ရှင်းလင်းချက် စာသားများကို ဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်...........ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ် ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ် နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။
ယင်းဆေးဝါး များသည် ယေဘုယျ အားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည် အတွင်းသို့ ထည့်ခတ် နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
လောက်ကိုင် မြို့တွင်းမှ မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ

လောက်ကိုင်မြို့တွင်း တပ်မတော် စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်း တွင် နားလီလမ်းဆုံနှင့် နတ်စင်ကုန်း အနီးရှိ မသင်္ကာဖွယ် အဆောက်အအုံ တစ်လုံးအား ဝင်ရောက်ရှင်းလင်းခဲ့ရာ အဆောက်အအုံ အတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ ပြားပါ ၄ဝ ထုပ်၊ ၂ဝဝဝ ပြားပါ ၂၉ ထုပ်၊ ၄ဝဝဝ ပြားပါ ၁၅ ထုပ်၊ ၆ဝဝဝ ပြားပါ ၁ဝ ထုပ် စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား ၁၈၆ဝဝဝ ပြား၊ ကာလတန်ဖိုးကျပ် ၂၇၉ဝ သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။
ပြည်မြို့ဗိုလ်ချုပ်နှစ်တစ်ရာပွဲတွင် NLD လူငယ်များက တပ်မတော်အား စော်ကားသည့် အပြုအမူများပြုလုပ်ခဲ့ခြင်းကို လုံးဝ မကြိုက်ပါဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ပဲခူးတိုင်း ပြည်မြို့မှာ မတ်လ ၁ ရက်နေ့က ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်၁၀၀ပြည့်မွေးနေ့ ဂုဏ်ပြုပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေစဉ်။
လက်ရှိနိုင်ငံရေးအခြေအနေဟာ အမျိုးသားရင် ကြားစေ့ရေးကို တည်ဆောက်နေတဲ့ အချိန်ဖြစ်တဲ့အတွက် အတိတ်က အဖြစ်ဆိုးတွေကို ပြန်လှန် ပြောဆိုနေ တာဟာ စိတ်ဝမ်းကွဲအောင်လုပ်နေသလိုဖြစ်ကြောင်း ၊ အာဃာတ နဲ့ဆက်ပြီးနိုင်ငံရဲ့ အနာဂတ်ကို သွားလို့ မရနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သတိပေးပြောကြား လိုက်ပါတယ်။
ပဲခူးတိုင်း ပြည်မြို့မှာ ဒီနေ့ ကျင်းပတဲ့ ဗိုလ်ချုပ်အောင် ဆန်း နှစ်၁၀၀ ပြည့်မွေးနေ့ဂုဏ်ပြုပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က အဲ့ဒီလိုပြောကြားခဲ့ တာဖြစ်ပါတယ်။
သပိတ်စစ်ကြောင်းရန်ကုန်ဝင်မည့် ပုံစံနှင့်ပတ်သက်၍ အချက်ရှစ်ချက် အစိုးရထံတောင်းဆို
ပင်မသပိတ်စစ်ကြောင်း သည် ရန်ကုန်မြို့သို့ဝင်ရောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ အချက် ရှစ်ချက်ကိုအစိုးရထံတောင်းဆို လိုက်ပြီး လိုက်လျော ပါက ရန် ကုန်သို့ ၀င်ရောက်ရာတွင် အော် ဟစ်ဆူညံခြင်းများပြုလုပ်သွား မည်မဟုတ်ဘဲ ဖော်ပြထားသော အစီအစဉ်အတိုင်း ကားဖြင့်သာ ၀င်ရောက်မည်ဟု ပင်မကျောင်း သားသပိတ်ခေါင်းဆောင်များက ပြောကြား လိုက်သည်။
မတ်လ ၂ ရက်တွင် ရဲတပ် ဖွဲ့၏ ၀ိုင်းထားခြင်းခံရသော ပင်မသပိတ် ကျောင်း သားများ သည် ယနေ့ (မတ်လ ၃ ရက်) နံနက် ၉ နာရီတွင် လက်ပံတန်းမြို့ မှ သာယာဝတီမြို့သို့ ချီတက်သွား မည်ဖြစ်ကြောင်း ပင်မသပိတ် ကျောင်း သားခေါင်းဆောင်များ ကပြောသည်။
ကျောင်းသားများက ၀င် ရောက်မည့်အစီအစဉ်ကို ဖျက် သိမ်းသွားမည်မဟုတ် ဘဲ ရန်ကုန်သို့ဝင်ရောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ တောင်းဆိုချက် ရှစ်ချက်ကို ပဲခူးတိုင်းနယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းနှင့် ရန်ကုန်တိုင်းနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့ ထံပေးပို့ခဲ့သည်။
ကမ္ဘာ့ဈေးအကြီးဆုံးလေကြောင်းခရီးစဉ် တစ်ခု

ကမ္ဘာ့ဈေးအကြီးဆုံး လေကြောင်း ခရီးစဉ်ထဲမှာ ယနေ့ နံပါတ် သုံး ဝင်နေတဲ့ ခရီးစဉ်ကနေ နယူးယောက်ကနေ စင်္ကာပူကို ပြန်သန်းတဲ့ Virgin Atlantic ရဲ့ ခရီးစဉ် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁,၀၀၀ ကုန်ကျ ပါတယ်။ မြန်မာကျပ်ငွေ နဲ့ ဆိုရင် သိန်း ၂၀၀ ကျော်မှာ ဖြစ်ပါတယ်။ ကားကောင်းတစ်စီး ဝယ်လို့ရတဲ့ တန်ဖိုးနဲ့ သူ့ခရီးစရိတ်နဲ့က တူနေပါတယ်။
ဆန္ဒပြကျောင်းသားများ စတင်တာထွက် ရဲများနှင့် ထိပ်တိုက်တွေ့နေ

အမျိုးသားပညာရေးကို ပြင်ဆင်ပေးရန် ရန်ကုန်သို့ ချီတက်ဆန္ဒပြရန် ကျောင်းသားတို့က မတ်လ ၃ ရက် နံနက်ပိုင်းတွင် လက်ပန်တန်းမြို့ အောင်မြေဗိမာန်ကျောင်းမှ စတင်ထွက်ခွာရာ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်တို့ကလည်း ဆန္ဒပြမှု ရပ်ဆိုင်းရန် လက်ကိုင်မိုက်များဖြင့် အသိပေးနေပြီး ကျောင်းသားများကလည်း ရှေ့ဆက်သွားမည့်အခြေအနေတွင်ရှိနေသည်ဟု မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။
စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်းကို တပ်မတော် သိမ်းပိုက်နိုင်ဟု သတင်းထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်းတစ်ခုကို ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
လောက်ကိုင်ဒေသ တရုတ်-မြန်မာ နယ်နိမိတ် မှတ်တိုင်အမှတ် ၁၁၈ အနီးရှိ ပွိုင့် ၁၇၈၉ တောင်ကုန်းဖြစ်ပြီး တပ်မတော်စစ်ကြောင်းများက နံနက်ပိုင်းက စတင်ကာ ခြေလျင်အကူပစ် လက်နက်ကြီးများကို စနစ်တကျ အသုံးပြုကာ ထိုးစစ်ဆင်ခဲ့ပြီး ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တောင်ကုန်းတစ်ဝိုက်သည် တောတောင်ထူထပ်၍ ခံစစ်ဆင်သူအတွက် မြေအနေအထားအရ အရေးပါသည့် တောင်ကုန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နယ်မြေခံတပ်ရင်းများအား ချဉ်းကပ်လာသော ကိုးကန့်သောင်းကျန်းသူ အဖွဲ့ဝင်တစ်ဦးနှင့် တိရစ္ဆာန်များ မိုင်းနင်းမိ၍ သေဆုံး

ဖုန်ကြားရှင် ခေါင်းဆောင်သော ကိုးကန့်သောင်းကျန်းသူအဖွဲ့သည် ၎င်းတို့စနစ်တကျမွေးမြူထားသော တိရစ္ဆာန်များအား နယ်မြေခံတပ်ရင်းများသို့ သွားရောက်တိုက်ခိုက်ရာ တွင် ရှေ့မှသွားရန် ခိုင်းစေမှုများကြောင့် တိရစ္ဆာန်များမှာ မိုင်းများနင်းမိပြီး သေဆုံးခဲ့ ရသောဖြစ်စဉ်များ မတ်လ ၂ရက်နေ့၊ မနက် ၇ နာရီခွဲအချိန်ခန့်တွင် နယ်မြေခံတပ်ရင်း တစ်ရင်းအနီးတွင် ဖြစ်ပေါ်ခဲ့သည်ဟု သတင်းရရှိသည်။
မတ်လ ၂ ရက်နေ့၊ မနက် ၇ နာရီခွဲအချိန်ခန့်တွင် နယ်မြေခံတပ်ရင်း တစ်ခုအနီးတွင် မိုင်းများပေါက်ကွဲခဲ့သော ကြောင့် တာဝန်ရှိသူများမှ သွားရောက်ကြည့် ရှု့ခဲ့ရာ ကိုးကန့်သောင်းကျန်းသူ တစ်ဦးနှင့် ဒိုဘာမင် အမျိုးအစားခွေးကြီး (၆) ကောင် နှင့် စခန်းနှင့် ကိုက် ၁၀၀ ကျော်အကွာ အဝေးခန့်တွင် ကျွဲများ သေဆုံးနေ သည်ကို တွေ့ရှိရကြောင်း နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူ အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။
ရဟန်းသံဃာတော်များ၊ အမျိုးသားရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများစုဝေး၍ ကျောင်းသားသပိတ်စစ်ကြောင်း အဆုံးသတ်ပေးရန် ယနေ့တွင် သွားရောက် မေတ္တာရပ်ခံကြမည်
ရဟန်းသံဃာ တော်များ၊ အမျိုးသားရေးအသင်းအ ဖွဲ့များနှင့် ကျောင်းသား မိဘများ စု ဝေး၍ ကျောင်းသားသပိတ်စစ် ကြောင်းအား အဆုံးသတ်ပေးရန် မတ် ၃ရက်တွင်သွားရောက် မေတ္တာ ရပ်ခံကြ မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားသပိတ် ရန်ကုန် သို့ ချီတက်လာလျှင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲရက်အတွင်း မလိုလားအပ်သော အဓိကရုဏ်းများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ မတ်၂ ရက်၌ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်တွင် ရဟန်း သံဃာတော်များ၊ အမျိုး သားရေးအသင်းအဖွဲ့များနှင့် ကျောင်း သားမိဘများက စုဝေးတိုင်ပင်၍ ယင်း ကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
Monday, March 2, 2015
KNLA နှင့် BGF အပြန်အလှန် ပစ်ခတ်မှုကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ဒေါ်လာတစ်သိန်းခွဲ တန်ဖိုးရှိ အကယ်ဒမီ ပွဲတက်ဝတ်စုံ အခိုးခံလိုက်ရတဲ့ မင်းသမီး LupitaNyong

အမေရိကန်ပြည်ထောင်စုရဲ့ ကျွန်စနစ်ကိုရိုက်ကူးထားတဲ့ 12 years A Slave ဇာတ်လမ်းထဲက မင်းသမီး ဖြစ်တဲ့ LupitaNyongဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အကယ်ဒမီပွဲမှာ ပုလဲတွေနဲ့ ချုပ်လုပ်ထားတဲ့ Calvin Klein ရဲ့ တန်ဖိုးကြီး ၀တ်စုံနဲ့ ပွဲတက်ခဲ့ခြင်းဟာ သူ့အတွက် မှားယွင်းတဲ့ဆွဲဆောင်မှုတွေကို ပြုလုပ်ခဲ့သလို ဖြစ်ခဲ့ရပါတယ်။
Saturday, February 28, 2015
မအူပင်မြို့နယ်မှ ဆရာ၊ ဆရာမ လစာငွေများတွင် ကျပ်သိန်းငါးဆယ်မှာ စက္ကူအဖြူများဖြစ်နေဟုဆို
ဖေဖော်ဝါရီ ၂၇ရက်က မအူ ပင်မြို့နယ်အတွင်းရှိ ဆရာ၊ဆရာ မ၀န်ထမ်း ၁,၅၁၄ ဦးကို လစာ ထုတ်ပေးရန် မအူပင်မြို့နယ်ဒုပ ညာရေးမှူးဦးမြင့်စိုးနှင့် ဆရာ၊ဆ ရာမ ငါးဦးသည် မြန်မာ့စီးပွားရေး ဘဏ်(မအူပင်)မှ ငွေကျပ်သိန်း နှစ်ထောင်ခန့် ထုတ်ယူခဲ့သည်။
ပင်မသပိတ်စစ်ကြောင်း မတ်လ ၁ ရက် ရန်ကုန်သို့ ချီတက်လာမည်

လက်ပံတန်းမြို့တွင် ရပ်နားထားသော ပင်မသပိတ်စစ်ကြောင်းသည် သတ်မှတ်တောင်းဆိုထားသည့်ရက် အတွင်း အမျိုးသားပညာရေးဥပဒေကို အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် တစ်စုံတစ်ရာမရရှိသော ကြောင့် မတ်လ ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ချီတက်မည်ဟု ပင်မသပိတ် ကျောင်းသား ခေါင်းဆောင်များကပြောသည်။
မန္တလေးမှ ရန်ကုန်သို့ ခရီး ရှည်ချီတက်လာသော ပင်မသပိတ်စစ်ကြောင်းသည် အခြေခံပ ညာကျောင်းများ စာမေးပွဲဖြေဆို ချိန်အတွင်း သပိတ်စစ်ကြောင်း ရောက်ရှိသည့် လက်ပံတန်းမြို့ တွင် ဖေဖော်ဝါရီ ၁၈ရက်မှစတင် ကာ ၁၉ရက် ရပ်နားခဲ့သည်။ ထိုသို့ ရပ်နားချိန်အတွင်း အမျိုးသားပ ညာရေးဥပဒေကို အတည်ပြုပေးရန် တောင်းဆိုထားပြီး အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် ရလဒ်တစ်စုံတစ်ရာရရှိရန် တောင်းဆိုခဲ့သည်။
ကရင်ပြည်နယ်တွင် အစိုးရတပ်နှင့် စောဆန်းအောင်အဖွဲ့ တိုက်ပွဲပြင်းထန်
အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့တို့နှင့် ဒီကေဘီအေက ထုတ်ပယ်လိုက်သည့် စောဆန်း အောင်၏ လက်နက်ကိုင်အဖွဲ့ တို့အကြား ကရင်ပြည်နယ်၊ ကြာ အင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးမှုများရှိကြောင်း သတင်း ရရှိသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံကျေးရွာအုပ်စုတွင် ဖေ ဖော်ဝါရီ ၂၇ ရက် နံနက်မှစတင် ကာ ယင်းနေ့တစ်နေ့လုံး တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ဖေဖော်ဝါရီ ၂၇ရက်ညနေ အထိ တပ်မတော်မှတစ်ဦးနှင့် နယ်ခြားစောင့်တပ်မှ နှစ်ဦးကျဆုံး ခဲ့ပြီး စောဆန်းအောင်၏အဖွဲ့မှ ကျဆုံးစာရင်းမသိရသေးသော် လည်း လက်နက်နှင့်အတူအစိုးရ တပ်က လူတစ်ဦး ဖမ်းဆီးထား နိုင်ကြောင်းသတင်းရရှိသည်။
ဓားဖြင့် ခုတ် လုယက်ခံရသော စပိန်နိုင်ငံသားကို ပြန်တွေ့
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရင်း ပျောက်ဆုံး သွားသော စပိန်နိုင်ငံသားသည် ဆာကူရာဆေးရုံ၌ ဆေးကုသ နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ပြန်တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်ကပြောကြားသည်။
ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီးတွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဒဏ်ရာ အ ပြင်းထန်စွာ ရရှိထားသော စပိန်နိုင်ငံသားသည် ဖေဖော်ဝါရီ ၂၅ရက်၌ ရန်ကုန်ဆေးရုံကြီးမှထွက် ပြေးသွားပြီး ပျောက်ဆုံးနေခြင်း ဖြစ်ပြီး ဆာကူရာဆေးရုံတွင် ပြန် လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပညာရေးဝန်ထမ်းများအတွက် မအူပင် မြန်မာ့စီးပွားရေးဘဏ်မှ လစာငွေထုတ်ယူရာတွင် ကျပ်ငါးထောင်တန် ငွေစက္ကူအုပ်များအတွင်း စက္ကူဖြူများ ပါဝင်နေဟုဆို
မအူပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအတွက် လစာငွေများကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခန့်တွင် မအူပင်မြို့နယ် ဒုမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ထုတ်ယူရာ ယူဆောင်လာသည့် လစာငွေကျပ် သိန်းနှစ်ထောင်ကျော်အနက် ငါးထောင်ကျပ်တန် ငွေစက္ကူဆယ်ထုတ်တွင် စက္ကူအဖြူများပါ ရောနှောပါဝင်နေသည်ဟု မအူပင်မြို့နယ်ပညာရေးဌာနမှ သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါနေ့တွင် မအူပင်မြို့နယ် ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများကို လစာငွေများ ထုတ်ပေးရန်အတွက်ဆိုကာ ဒုမြို့နယ်ပညာရေးမှူးနှင့် တာဝန်ကျဆရာ၊ ဆရာမ ငါးဦးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၁၅၁၄ ဦးအတွက် လစာငွေ စုစုပေါင်း ကျပ် ၂ဝ၁ဝ သိန်းကျော်ကို ထုတ်ယူခဲ့ကြောင်း၊ ယင်းသို့ ထုတ်ယူရာတွင် လစာငွေများကို တစ်အုပ်ခြင်း စိစစ်ခြင်းမပြုခဲ့ဘဲ ပိုက်ဆံအုပ်အရေအတွက်ကိုသာ စိစစ်ခဲ့ကြောင်း၊ ယင်းငွေများကို ဒုမြို့နယ်ပညာရေးမှူး ဦးမြင့်စိုးမှ သက်ဆိုင်ရာ နယ်မြေတာဝန်ခံများထံ ခွဲဝေပေးခဲ့ကြောင်း၊ နယ်မြေတာဝန်ခံများထံသို့ လစာငွေများ
ပညာရေးဝန်ထမ်းများအတွက် မအူပင် မြန်မာ့စီးပွားရေးဘဏ်မှ လစာငွေထုတ်ယူရာတွင် ကျပ်ငါးထောင်တန် ငွေစက္ကူအုပ်များအတွင်း စက္ကူဖြူများ ပါဝင်နေဟုဆို
အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား နေပြည်တော်စည်ပင်တရားရုံးမှ ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ် အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထား

နေပြည်တော်ကောင်စီနယ်မြေ သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေတွင် အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား စည်ပင်ပုဒ် မ ၂၆ ဖြင့် နေပြည်တော်စည်ပင်တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။ လယ်ဝေးမြို့နယ်၊ နယ်မြေ ၁၆၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်အား နေပြည်တော်စည်ပင်မှ ကျူးကျော်အဖြစ်သတ်မှတ်ကာ ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ရှမ်းစုကျေးရွာအုပ်စု၊ ဆင်အုံကြို့ပင်ရွာ ကွင်းအမှတ် ၁၈၄၄ တွင်နေထိုင်သည့် အသက် ၈၂ အရွယ်ရှိ ဒေါ်ညိုအား ၂ဝ၁၄ ခုနှစ်တွင် စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ကျခံခဲ့ရပြီး နေထိုင်သည့်
Subscribe to:
Posts (Atom)







