Monday, May 11, 2015
အလိုတော်ရိနိုင်ငံရေးကျဆုံးပါစေ
အလိုတော်ရိနိုင်ငံရေး သည် ရှေးမြန်မာမင်းများ လက်ထက်က တည်းက အရေးပါခဲ့သည်။ အလို တော်ရိများသည် နိုင်ငံရေးခေတ် သမိုင်းအဆက်ဆက် တိုင်းပြည် နှင့် တိုင်းရင်းသား ပြည်သူလူထု ကို ဒုက္ခပေးလျက် အသားထဲက လောက်ထွက်ခဲ့ကြသည်။ အကျိုး စီးပွား၊ ထင်ပေါ်ကျော်ကြားမှု၊လုပ် ပိုင်ခွင့်တို့ကို ငါးစာသဖွယ်ချိတ်ဆွဲ ထားသည့် ငါးမျှားတံတွင် သိသိ ချည်းနှင့် မိနေသော အလိုတော်ရိ ပညာရှင်ကြီးများသည် ခေတ် သမိုင်း၏ သိုးမည်းများပင်ဖြစ် သည်။
Sunday, May 10, 2015
ဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားကို ဒေါ်အောင်ဆန်းစုကြည်ချီးကျူး
မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်လာနိုင်သူတစ်ဦးအဖြစ် သတ် မှတ်ခံထားရသော သြဇာအာဏာ ကြီးမားသည့် ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက အတိုက်အခံ ခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထား သည်ဟု ပြောကြားလိုက်ပြီး နောက် နိုင်ငံရေးပြိုင်ဘက်သူရ ဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားကို မြန်မာလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က မေလ ၇ ရက်တွင်ချီး ကျူးလိုက်သည်။
ဆေး(၁) တွင် ဖွင့်လှစ်မည့် အင်္ဂလိပ်စာသင်တန်း လျှောက်ထားခွင့်ရရန် ညလုံးပေါက် လာရောက်စောင့်ဆိုင်းမှုများ ဖြစ်ပေါ်
ရန်ကုန်ဆေးတက္ကသိုလ် (၁)တွင် SEAMEO ကဖွင့်လှစ်မည့် Communication in English Course ဒီပလိုမာသင်တန်းတက် ရောက်ခွင့်ရရန် မေလ ၈ ရက် ညနေက လူဦးရေ ၅၀၀ ကျော်ညလုံးပေါက်လာရောက် စောင့် ဆိုင်းခဲ့ကြသော်လည်း သင်တန်း တက်ရောက်မည့်သူများပြားလွန်းသည့်အတွက် သင်တန်းရက်ကိုရွှေ့ဆိုင်းခဲ့သည်။
SEAMEO Regional Centrefor History and Tradition (SEAMEO CHAT) သည် ယခင် ရန်ကုန်တက္ကသိုလ် သီရိဆောင် တွင် သင်ကြားပေးရာမှ ၂၀၁၄ ၌ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) ၀င်းအတွင်းရှိ ငါးထပ်အ ဆောက်အအုံသို့ ပထမဆုံးပြောင်းရွှေ့သင်ကြားခဲ့ခြင်းဖြစ်သည်။
လာရောက်လျှောက်ထားသူ မှာ ထင်ထားသည်ထက်ပိုမိုများ ပြားခဲ့ကာ ကျောင်းသားမိဘများနှင့် ကျောင်းသားအချို့မှာ နံနက် ၃ နာရီကျော်သည်အထိ စောင့်ဆိုင်းခဲ့ကြသည်။

အစိုးရတပ်နှင့် ကေအိုင်အေ မန်စီမြို့နယ်တွင် လေးရက်ဆက်၍ တိုက်ပွဲဖြစ်
အစိုးရတပ်နှင့် ကေအိုင် အေတို့ ဗန်းမော်ခရိုင် မန်စီမြို့နယ် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေအတွင်း တိုက်ပွဲများ လေးရက် ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဘက်မှ လေကြောင်းကပါ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိ သည်။
ကေအိုင်အေတပ်မဟာ(၃) နယ်မြေတပ်ရင်း (၁၂)ဒေသဖြစ် သည့် နမ့်လင်းပါ ဒေသများနှင့် တပ်ရင်း (၂၇) မဂရန်ဒေသများ တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ကေအိုင်အေ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။
‘‘ဒီနေ့လည်း မနက် ၆ နာရီ ကနေဖြစ်တယ်။ ပြီးတော့ ညနေ ပိုင်းမှာလည်း ဖြစ်တယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ကိုပါကြီးအမှုတွင် ဒုတပ်ကြပ် နှင့် တပ်သားကို အပြစ်မရှိ၍ တရားသေလွှတ်မိန့်ချ
အလွတ်တန်း သတင်းထောက်ကိုပါကြီး သတ်ခံရမှုတွင် ပါဝင် ပတ်သက်သည့် အစောင့်စစ်သည် ဒုတပ်ကြပ်နှင့် တပ်သားတစ်ယောက်ကို စစ်ဘက်တရားရုံးက တရားသေ လွှတ်ပေးလိုက်ကြောင်း အမိန့်ချသည်ဟု စစ်တပ်က မြန်မာနိုင်ငံလူအခွင့်အရေး ကော်မရှင်သို့ မေ ၉ရက်က စာပို့လိုက်ကြောင်း ကိုပါကြီးအမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ့ ဦးရောဘတ်စန်းအောင်က မဇ္ဈိမကို ပြောသည်။
"သေမှုသေခင်းကို အဲ့လိုလွှတ်လိုက်တော့ ဘာကိုနားလည်ရမှန်းတောင်မသိဘူး။ ဆက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို တင်မယ်။ ကန့်ကွက်တယ်။ ခုလို့လုပ်တာ တပ်မတော်အပေါ် ပြည်သူရဲ့ယုံကြည်မှုကို လျှော့စေတယ်"ဟု ၎င်းကပြောသည်။
"သေမှုသေခင်းကို အဲ့လိုလွှတ်လိုက်တော့ ဘာကိုနားလည်ရမှန်းတောင်မသိဘူး။ ဆက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို တင်မယ်။ ကန့်ကွက်တယ်။ ခုလို့လုပ်တာ တပ်မတော်အပေါ် ပြည်သူရဲ့ယုံကြည်မှုကို လျှော့စေတယ်"ဟု ၎င်းကပြောသည်။
သောက်ရေခပ်ဆည်စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများက ဆန္ဒပြ
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အရှေ့ဘက်ရှိ သောက်ရေခပ်ရေအားလျှပ်စစ်စီမံကိန်း (၂)တည်ဆောက်မှုကြောင့် ပြောင်းရွှေ့ပေးခဲ့ရသည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း၂၀ နီးပါးမှ ဒေသခံ ၁၀၀ ခန့်က ၂၀၁၅ခုနှစ် မေလ ၁၀ ရက် နံနက် ၈ နာရီခွဲခန့် က သောက်ရေခပ်ချောင်းဖျားရှိ ဇတ်ဆိပ်နေရာတွင် စုဝေးပြီး ဆန္ဒပြခဲ့သည်။
ဒေသခံများက သောက်ရေခပ်ဆည် စီမံကိန်း (၁)ဆက်လက်မလုပ်ဆောင်ရန်နှင့် သောက်ရေခပ်(၂) ဆည် တည်ဆောက်စဉ်က ရေအောက်နစ်မြုပ်ခဲ့သည့် သောက်ရေခပ်ချောင်းဖျားရှိ ပလက်ဝတံတား အမြန်ဆုံးပြန်လည်တည်ဆောက်ပေးရန်၊ လယ်ယာမြေနစ်နာမှုများ အမြန်ဆောင်ရွက်ပေးရန်၊ ဇတ်ဆိပ်အနီးရှိ လမ်းများ ပြုပြင်ပေးရန် စသည့် တောင်းဆိုချက်လေးချက်ကို တောင်းဆိုကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

သံတောင်ဆည် သိမ်းယူမြေတွေ အတွက် ဒေသခံတွေဆန္ဒပြ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်က အမှတ်(၂) သောက်ရေခပ်ဆည် စီမံကိန်းအတွက် သိမ်းယူခဲ့တဲ့ လယ်မြေတွေအတွက် လျော်ကြေးငွေပေး ဖို့ ဒေသခံကျေးရွာသားတွေနဲ့ လူမှုအဖွဲ့အစည်းတွေက သံတောင်ကြီး မြို့နယ် ပလက်ဝကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ မြေယာလျော်ကြေးနဲ့ ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖေါ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့က ကိုစောသာဘိုး က ပြောပါတယ်။
"ဒေသခံတွေ တောင်းဆိုတာ အချက် ၄ ချက်ရှိတယ်ပေါ့၊ သူတို့တွေက သောက်ရေခပ် ဆည်က စီမံကိန်း ၁ ကို ထပ်မဆောက်ဖို့တွက် သူတို့တွေက တောင်းဆိုပါတယ်၊ အဲ့မှာ ပလက်ဝ ဆိုတဲ့နေရာက ဇတ်နဲ့ကူးရတဲ့အတွက် အမြန်ဆုံးတံတားဆောက်ပေးဖို့ တောင်းဆိုပါတယ်၊ လမ်းကမကောင်းလို့ အမြန်ဆုံးပြုပြင်ပေးဖို့လည်းတောင်း ဆိုပါတယ်၊ ဆုံးရှုံးထားတဲ့မြေယာတွေပေါ်မှာ လျော်ကြေးပြန်ရဖို့ သူတို့တွေတောင်းဆိုပါတယ်"
MNDAA ၊ AA ၊TNLA နှင့် ဖြစ်နေသည့် စစ်ပွဲများရပ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု ဦးအောင်မင်း ဆို
![]() |
| မေ ၉ရက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် အစိုးရတို့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးစဉ်။ |
ကိုးကန့် (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA)၊ တအာင်းပလောင်(TNLA) နှင့် ဖြစ်ပွားနေသည့် စစ်ပွဲများကို ရပ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ
ဦးအောင်မင်းက မေလ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို ၂၀၁၆ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် စီစဉ်ထား
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနည်းပြချုပ် ဆားဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ် ကို ၂၀၁၆ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ထားသည်။
ပင်လယ်ကွေ့ဒေသ ရေကြောင်းလုံခြုံရေး မြန်မာ့ရေတပ် ပါဝင်ဆောင်ရွက် တော့မှာလား
အိန္ဒိယ သမုဒ္ဒရာ ပင်လယ်ကွေ့ဒေသ ရေကြောင်းလုံခြုံရေးအတွက် နိုင်ငံစုံပူးပေါင်းဆောင်ရွက်နေရာ၌ မြန်မာရေတပ် အနေဖြင့် ပါဝင်ဆောင်ရွက်ရန် ပါကစ္စတန် ရေတပ်ဦးစီးချုပ်က Admiral Muhammad Zakaullah က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံခြင်း
ယခုတစ်လောတွင်တော့ ပြည်နယ်တောင်းသည့်ကိစ္စ ခေတ်စားနေပြန်သည်။
‘ဝ’ ဆိုသည့် လူမျိုးတွေက သူတို့ကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆိုလိုက်သည်။ ‘ဝ’ တွေ ဦးစီးကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတွင် တောင်းဆိုခြင်းဖြစ်ပြီး တက်ရောက်သည့် အဖွဲ့အစည်း တွေကလည်း လက်ခံကြသည်ဟု ဆိုသည်။
ထိုသတင်းကို ရွာက လူတွေကို ပြောပြတော့....
“ကောင်းတာပေါ့...။ သူတို့တောင် ပြည်နယ်တောင်းတာ ငါတို့လည်း ပြည်နယ်တောင်းရမယ်” တဲ့။
ပြည်နယ်နာမည်ကိုတောင် သူတို့က စဉ်းစားပြီးလေပြီ။ ဘာတဲ့... “ကညင်ကွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်” ဆိုလား။

အပစ်ရပ်စာချုပ်မှာ “၀” နဲ့ မိုင်းလား လက်မှတ်မထိုးချင်တာ ဘာ့ကြောင့်လဲ?
ပန်ဆန်းညီလာခံအပြီးမှာတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကိစ္စ အသံပြန်ထွက်လာပါ တယ်။ “၀” ဒေသ၊ ပန်ဆန်းမြို့မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် တိုင်းရင်းသားညီလာခံကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တွေမှာလည်း အပစ်ရပ်လက်မှတ်ထိုးဖို့ကိစ္စကို ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်း သားလက်နက်ကိုင်အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းထားတာကလည်း အကောင်းဘက်ကို ဦးတည်နေတာလို့ ပဲ ပြောချင်ပါတယ်။
မြန်မာ ၂၈ ဦး တောထဲတွင် ပစ်ထားခံရ၊ အမျိုးသမီးလေးဦးကို ထိုင်းပွဲစားများ အဓမ္မပြုကျင့်
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာ ၂၈ ဦးကို ပွဲစားများက တောထဲတွင် ပစ်ထားခဲ့ပြီး ယင်းတို့အနက် မြန်မာအမျိုးသမီးလေးဦးမှာ ထိုင်းပွဲစားများ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရကြောင်း မန်နေဂျာ အွန်လိုင်းသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာအလုပ်သမားများသည် အစာရေစာ ငတ်ပြတ်သဖြင့် အနီးအနား ကျေးရွာများကို သွားရောက်ကာ အစားအသောက် တောင်းစားရာမှ ရွာလူကြီးက ထိုင်းတပ်မတော်ကို သတင်းပို့ခဲ့သဖြင့် ထိုင်းအစိုးရ အာဏာပိုင်များက မေလ ၈ ရက်နေ့တွင် လာရောက်စစ်ဆေးကာ ခေါ်ဆောင်သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် လေဘာပါတီခေါင်းဆောင် မီလီဘန်း ရာထူးမှ နုတ်ထွက်
ဗြိတိန်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် ရှုံးနိမ့်ပြီးနောက် လေဘာပါတီ ခေါင်းဆောင် အတ်မီလီဘန်း ရာထူးမှ နုတ်ထွက်သွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
မီလီဘန်းတွင် လူအများစုကို ဆွဲဆောင်နိုင်သည့် စွမ်းရည်ကင်းမဲ့နေသော်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလများအတွင်း ခပ်ခပ်မာမာဖြင့် မဲဆွယ်စည်းရုံးခဲ့ခြင်းကြောင့် မဲအများစု ရနိုင်ခြေ ရှိသည်ဟု လေ့လာသုံးသပ်သူ အများစုက ခန့်မှန်းခဲ့ကြသည်။
မိုးသက်လေပြင်း တိုက်ခတ်၍ မန္တလေးမြို့တွင်း၌ သစ်ပင်များ ပြိုလဲ
မန္တလေးမြို့တွင် မေလ ၈ ရက်နေ့ညက မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့သောကြောင့် မြို့နယ်အသီးသီးရှိ နေရာအတော်များများတွင် သက်တမ်းရင့် သစ်ပင်များနှင့် အခြားအပင်များ ပြိုလဲခဲ့သော်လည်း ဒေသခံများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောကြားသည်။
အရေးပေါ်ဖြေရှင်းရမည့် အနည်းဆုံး လုပ်ခလစာ
“ကျမ အတွက် တခါလာလည်း ဘဲဥဟင်း၊ နောက်တခါလည်း ဘဲဥဟင်း ဆိုတော့ အခြေခံလစာတိုးခဲ့ရင် ဟင်းတမျိုးတော့ ပြောင်းပြီး စားနိုင်မှာပါ”ဟု မခင်ခင်သီ က ပြောပြသည်။
မခင်ခင်သီသည် ဧရာဝတီတိုင်းဒေသကြီး၊ ကျေးရွာငယ် တခုမှ ဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်နယ်မြေရှိ အထည်ချုပ် စက်ရုံတရုံတွင် စက်ချုပ်ဝန်ထမ်းတဦးအဖြစ် လာရောက်အလုပ် လုပ်ကိုင်နေသူဖြစ်သည်။
ပန်ဆန်းညီလာခံ ဘာလဲ၊ ပန်ဆန်း ညီလာခံ ဘယ်လဲ
မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၆ ရက်ကြာ ပန်းဆန်းညီလာခံတော့ ပြီးဆုံးသွားခဲ့ပါပြီ။
ဒီ ညီလာခံကြီးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ သဘောတူထားတဲ့ တပြည်လုံး အပစ်ရပ်ရေး သဘောတူစာချုပ် (NCA) မူကြမ်းကို ပြန်လည်သုံးသပ် ညှိနှိုင်းရင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးရဲ့ သဘောထားနဲ့ အကြံပြုချက် အသီးသီးကို တင်ပြ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
Saturday, May 9, 2015
သမ္မတဦးသိန်းစိန်နှင့် ‘ဝ’၊ မိုင်းလား၊ RCSS အဖွဲ့များ သုံးနာရီခန့်ကြာ သီးသန့်စီတွေ့ဆုံ
သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် UWSP မှ တာဝန်ရှိသူများ ဆွေးနွေးပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ − MOI)
သမ္မတဦးသိန်းစိန်သည် ‘ဝ’၊ မိုင်းလားနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့မှ ခေါင်းဆောင်များနှင့် မေလ ၈ ရက် က သုံးနာရီခန့်ကြာ သီးသန့်စီတွေ့ ဆုံခဲ့ပြီး RCSS နှင့် တွေ့ဆုံစဉ် ဦးသိန်းစိန်က ပန်ဆန်းညီလာခံမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)လက် မှတ်ရေးထိုးနိုင်ရေး ကြန့်ကြာ သွားမည်ကို စိုးရိမ်သည့်သဘော ဆွေးနွေးခဲ့ကြောင်း RCSS ပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းဆိုင်မိန်းက ပြောကြားသည်။
‘‘ကျွန်တော်တို့အဖွဲ့အနေနဲ့ အဓိကဆွေးနွေးတာကတော့ NCA ဖြစ်မြောက်ရေးပါ။ ကျွန် တော်တို့က ဖေဖော်ဝါရီမှာလည်း ငြိမ်းချမ်းရေး commit- ment ကို ပထမဆုံးပါဝင် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ဆိုတော့ NCA ဖြစ်ရေးအတွက် တခြား အဖွဲ့တွေကို တိုက်တွန်းပေးဖို့ အင်တိုက်အားတိုက်ဆန္ဒရှိတယ် လို့ ဆွေးနွေးတာပါ။ ပန်ဆန်း ညီလာခံနဲ့ပတ်သက်ရင်တော့ သမ္မတကြီးက NCA ကိုထိခိုက်မှာ စိုးရိမ်တဲ့သဘောရှိတယ်။ အဲဒီ ဆွေးနွေးပွဲကနေ တစ်စုံတစ်ရာ အတွေးအမြင်ပြောင်းလဲသွား မလား။ ပြီးတော့ NCCT နောက် တစ်ကြိမ်ဆွေးနွေးပွဲကြန့်ကြာ သွားမလားပေါ့။ NCCT ကလည်း အခုမူကြမ်းဆွေးနွေးပြီးတဲ့အ ဆင့် ဆိုတော့လေ’’ဟုဦးစိုင်းဆိုင်မိန်း ကပြောကြားသည်။
၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာနှင့် ထိုင်း တို့တွေ့ဆုံ
ဗီယက်နမ် နိုင်ငံ ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်း အသင်းတို့ ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များတွင် မြန်မာအသင်းက သြစတြေးလျ ယူ-၂၀ အသင်းကို (၁-၀) ဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ထိုင်းအသင်းက အိမ်ရှင် ဗီယက်နမ်အသင်းကို အချိန်ပိုကစားကာ (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ထိုင်းနှင့် မြန်မာတို့ ဗိုလ်လုပွဲသို့ ရောက်ရှိသွား ခဲ့ခြင်းဖြစ်သည်။
အင်းတကော် နှစ်လောင်းပြိုင် လူသတ်မှု ပေါ်ပေါက်၊ ငွေလိမ်လည်မှုကြောင့် သတ်ဖြတ်ဟုဆို
ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရမည်ဟုဆိုကာ တစ်ဦးလျှင် ကျပ်သိန်း ၁၁၀ ယူထားပြီး ပို့ဆောင်ပေးခြင်း မရှိသောကြောင့် ငွေလိမ်ခံရသူများက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ညီအစ်ကိုနှစ်ဦးတို့ကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်၍ ပဲခူးမြို့နယ် အင်းတကော်ရှိ ရွှေပြည် (၃) ရေလှောင်တမံသွားရာ လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဦးက ပြောကြားသည်။
“ဂျပန်ပို့ပေးမယ် ဆိုပြီး ငွေလိမ်ခံရလို့ စမ်းချောင်းတရားရုံးမှာ တရားစွဲဆိုထားသူက စိတ်မထိန်းနိုင်တော့ဘဲ လူသတ်မှုအထိ ကျူးလွန်ခဲ့တယ်လို့ ဖမ်းမိထားသူ လူငယ်တစ်ဦးက ထွက်ဆိုတယ်။ ကျန်တဲ့သူတွေပါ ဖမ်းမိဖို့ စုံစမ်းနေပါတယ်” ဟု ပဲခူးမြို့နယ် အင်းတကော် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
ရန်ကုန်မြို့တော်သို့ ဖောက်ခွဲရေးသမား ဝင်မည့်သတင်းကြောင့် ယာဉ်များ ပိတ်ဆို့စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ ထိစပ်နယ်မြေ ဖြစ်သော ထန်းတပင်မြို့နယ် တူးချောင်းဂိတ်တွင် မေလ ၅ ရက်နေ့မှ စတင်ကာ ဖောက်ခွဲရေးသမားများ ရန်ကုန်မြို့အတွင်း ဝင်ရောက်လာနိုင်ကြောင်း သတင်းရရှိမှုကြောင့် မော်တော်ယာဉ်များကို တားဆီး ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“အဓိကကတော့ ဖောက်ခွဲရေးသမားတွေ ဝင်လာမယ်ဆိုတဲ့ သတင်းပေါ့။ ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကတ် မရှိသူ၊ ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်လာမယ့်သူနဲ့ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကူးသူတွေကိုပါ ဒီလမ်းကြောင်းကနေ လှုပ်ရှားသွားလာနေတယ် သတင်းရလို့ ကားတွေ ပိတ်ဆို့ရှာဖွေနေတာပါ” ဟု အဆိုပါ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။
အပိုဆောင်း ဘောနပ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မေလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း ဖုန်းခေါ်ဆိုခကို ၃၀ ရာခိုင်နှုန်း အပိုဆောင်း သုံးစွဲခွင့်ပေးမယ်လို့သိရပါတယ်။
ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းနိုင်ငံ၌ တက္ကစီ စီးခြင်း
(တစ်)
စင်ကာပူလို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံသားလူငယ်လူရွယ် အများအပြားတို့ သွားရည်တများ များကျကာသွားပြီး အလုပ်လုပ်ဖို့၊ သွားပြီး ပညာသင်ဖို့၊ သွားပြီး အခြေချဖို့၊ သွားပြီး ဆေးကုဖို့ အာရုံကျရာ နိုင်ငံတစ်နိုင်ငံဆိုတာ အထင်ကရဖြစ်ပြီးသားပါ။ ခြင်္သေ့ ခေါင်းနဲ့ ငါးကိုယ်ကို ဆက်ထားတဲ့ အရုပ်ကို နိုင်ငံ့အမှတ်တံဆိပ်အ ဖြစ် အများက သိရှိထားပြီး ဖြစ်တဲ့ သည်နိုင်ငံပေါက်စကလေးဟာ မူလက တံငါရွာကလေးတစ်ရွာမျှ သာပါတဲ့။ တီးမားဆက် (Tema-sek) ဆိုတဲ့ ရွာကလေးပေါ့။ တီး မားဆက်ဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်ဘာသာနဲ့ Sea Town လို့အဓိပ္ပာယ်ရတာကြောင့် ပင်လယ် မြို့တော်လို့ပဲ လွယ်လွယ်ဆိုလိုက် ကြပါစို့ရဲ့။

Friday, May 8, 2015
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် တပ်မတော ခေါင်းဆောင်ဟောင်း လေးဦး၏ နေအိမ်အနီးတွင် တာဝါတိုင် ဆောက်လုပ်မှု ကန့်ကွက်ခံရ
မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက် နဝဒေးလမ်းရှိ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အပါအဝင် တပ်မတော် ခေါင်းဆောင်ဟောင်းလေးဦး နေထိုင်သော နေအိမ်အနီးတွင် ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်မှုနှင့် ပတ်သက်၍ ယင်းအနီး နေထိုင်သူများက မေလ ပထမပတ်မှ စတင်ကာ ကန့်ကွက်လျက်ရှိကြောင်း ကန့်ကွက်သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါအိမ်များ အနီးရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရော်ဘာပစ္စည်း ထုတ်လုပ်မှု သုတေသန နည်းပညာနှင့် သင်တန်းပို့ချရေး ဌာနဝင်းတွင် ပေ ၁၅၀ မြင့်သော ဆက်သွယ်ရေး တာဝါတိုင်ကို Digicel Myanmar Tower Company (MTC) က မတ်လ နောက်ဆုံးပတ်က ရပ်ကွက်နေသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို အသိမပေးဘဲ လူနေအိမ်များနှင့် ၁၅ ပေ အကွာတွင် စတင်တည်ဆောက်ခဲ့မှုကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ခြင်း၊ တာဝါတိုင် ပြိုကျပါက အသက်အန္တရာယ် ထိခိုက်စေနိုင်သဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကန့်ကွက်သူတစ်ဦး ဖြစ်သူ ဦးနေဝင်းကျော်ဇင်က ပြောကြားသည်။

ပက်ကွီအိုသည် သူရဲဘောကြောင်သည့် အရှုံးသမားဟု မေဝယ်သာ ဝေဖန်တိုက်ခိုက်
မန်နီပက်ကွီအိုသည် သူရဲဘောကြောင်သူ အရှုံးသမား တစ်ဦးဖြစ်ကြောင်း ဖလွိုက်ဒ် မေဝယ်သာက တိုက်ခိုက် ပြောကြားလိုက်ပြီး ဖိလစ်ပိုင်သားနှင့် စိတ်မကျေပွဲ ပြန်လည် ထိုးသတ်ရန် ခန့်မှန်းချက်များကို ငြင်းဆိုသွားသည်။
အပူကြောင့် ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာများ
နိဒါန်း
လူများစွာတို့အတွက် နွေရာသီကာလဆိုတာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ ခရီးသွားရက်၊ အပန်းဖြေရက် ဖြစ်ပါတယ်။ တနည်းပြောရပါက လေအေးပေးစက်များ တပ်ဆင်ထားတဲ့ ရုံးခန်း၊ အိမ်ဧည့်ခန်းတွေထဲက အပြင် နေပူထဲအထွက်များတဲ့ကာလ ဖြစ်ပါတယ်။ အဲဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများတဲ့ကာလ၊ အအေးဓာတ်သင့်တင့်အောင် မရှိတဲ့ ပတ်ဝန်းကျင်မှာ အနေများတဲ့ကာလ ဖြစ်ပါတယ်။ အဲဒီမှာ ပူပြင်းလွန်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့အခါ လူအတော်များများမှာ နေရောင်ခြည်နဲ့ ဆက်စပ်တဲ့ဖျားနာမှုတွေကို ခံစားကြ ရပါတော့တယ်။
နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေး တပ်မတော်နှင့် KNPP ထပ်မံဆွေးနွေး
တပ်မတော်နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေးအတွက် တပ်မတော်နှင့် KNPP တို့ ထပ်မံဆွေးနွေးကြောင်း KNPP လွိုင်ကော် ဆက်ဆံရေး ရုံးတာဝန်ခံ ဦးပလူးရယ်က ပြောကြားသည်။
မေလ ပထမပတ်အတွင်း ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း KNPP တပ်များက လက်နက်ကိုင်လှုပ်ရှားများ ပြုလုပ်လာသောကြောင့် တပ်မတော် စစ်ကြောင်းများက ရှေ့တိုးလာကြောင်း၊ တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် မေလ ၇ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ဗိုလ်တထောင်ဆိပ်ကမ်းရှိ လက်ဖက်ရည်ဆိုင် ဘူဒိုဇာဖြင့် ရှင်းလင်းရာမှ ပဋိပက္ခဖြစ်
ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း ဗိုလ်တထောင်ဈေးမှတ်တိုင် အနီးရှိ ဦးစိန်သောင်း လက်ဖက်ရည်ဆိုင်ကို မေလ ၇ ရက် နံနက် ၅ နာရီက သက်ဆိုင်ရာက အင်အားသုံးကာ မြေတူးစက် (ဘူဒိုဇာ) ဖြင့် ရှင်းလင်းခဲ့ရာမှ လက်ဖက်ရည်ဆိုင်မှ မိသားစုနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အသက် ၃၁ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ယာယီထိန်းသိမ်းထားကြောင်း ဗိုလ်တထောင်မြို့နယ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"ဝ" ပြည်နယ်တောင်းခံမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)က တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်ကို ၂၀၁၅ခုနှစ် မေလ ၁ရက်မှ ၆ရက်အထိ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ဖွဲ့တွင် အများစုက ထောက်ခံကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည်။
"ဝ" ပြည်နယ် တောင်းခံမှုကို UWSA၏ စစ်သေနာပတိချုပ် ပေါက်ယိုချမ်းက အစည်းအဝေး ပထမနေ့ မေ ၁ရက်က တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ် အတွင်းရှိ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ် နှင့် ပန်ဝိုင်မြို့နယ် ခြောက်မြို့နယ်အား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
"ဝ" အဖွဲ့က ယခုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တောင်းခံမှုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ နှင့် နိုင်ငံရေး လေ့လာသူ အချို့၏ အမြင်များကို မဇ္ဈိမက စုစည်း တင်ပြလိုက်သည်။

မိုးနောက်ကျ၍ ဒလမြို့နယ်တွင် နွေရာသီ ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာ
နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံတွေ့နေရသည့် ဒလမြို့နယ်၏ ရေပြတ်လပ်မှု ပြဿနာမှာ ယခုနှစ်တွင်လည်း မပြေလည်သေးဘဲ မိုးဦးကျ နောက်ကျနေသည့်အတွက် ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာသည်ဟု ဒလမြို့နေ ဒေသခံများ ထံမှ သိရသည်။
ဒလဒေသခံ တစ်ဦးဖြစ်သည့် ကိုအေးကျော်က “ ဒီနှစ်ကတော့ ပိုဆိုးတယ်လို့ဆိုရမယ်။ မိုးရေလှောင် ကန်တွေ ထဲမှာ ရေကျန်မရှိတော့သလောက်ပဲ။ ကန်တွေထဲမှာ ရေက တစ်ထွာလောက်ပဲ ကျန်တော့တယ်။ အနည်တွေနဲ့ ဘယ်လိုမှ သုံးမရတာမျိုး ဖြစ်လာပြီ။ ရေလာလှူတာကိုပဲ သုံးနေကြရတယ်။ ပေရှစ်ရာကျော် အထိရေကန် တူးဖူးတယ်၊ ရေချိုမထွက်ဘူး”ဟုဆိုသည်။

Subscribe to:
Posts (Atom)