Sunday, May 24, 2015

လှေစီးဒုက္ခသည်များကို လက်ခံရန် ဖိအားပေးမှုများကို ရန်ကုန်တွင်ဆန္ဒပြမည်

 ပင်လယ်ပြင်မှ လှေစီး ဒုက္ခသည်များကို လက်ခံပေးရန် အမေရိကန်အပါအ၀င် ဒေသတွင်း နိုင်ငံများက မြန်မာနိုင်ငံအား ဖိအားပေးပြောကြားမှုများကို ကန့် ကွက်ရန်နှင့် အဆိုပါဒုက္ခသည် များသည် မြန်မာနိုင်ငံမှ မဟုတ် ကြောင်း ထုတ်ဖော်ရန် သံဃာ တော်များနှင့် အမျိုးသားအရေး လှုပ်ရှားသူများက မေလ ၂၇ ရက် တွင် ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။‘‘ကျွန်တော်တို့ နိုင်ငံတွင်းမှာ ကိုက ဆင်းရဲဒုက္ခရောက်နေတဲ့ သူတွေ အများကြီးဗျာ။ ဒီပင်လယ် ပြင်မှာ ဒုက္ခရောက်နေတဲ့ သူတွေကို လက်ခံပေးပါလို့ အတင်းထိုးထည့်နေတာတော့ မဟုတ်သေး ဘူး။ ကျွန်တော်တို့ နိုင်ငံထက် ချမ်းသာတဲ့ နိုင်ငံတွေအများကြီး ပါ။ နောက်ပြီး ဒီလူတွေကလည်း ကိုယ့်နိုင်ငံက လာတဲ့သူတွေ မဟုတ်ဘူးလေ။ ဒါကို လက်ခံပေး ပါလို့ အတင်းထည့်ပေးနေတာ။ အဲဒါကို ကန့်ကွက်မှာပါ’’ဟု ဆန္ဒ ပြကန့်ကွက်ပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုမင်းမင်းက ပြော သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံပေါင်း၍ သစ်ခိုးထုတ်မှု တားဆီးမည်ဟုဆို

တရုတ်နိုင်ငံသို့ ခိုးပို့မည့် သစ်လုံးနှင့်သစ်မြစ်များကို တွေ့ရစဉ်
 မြန်မာနိုင်ငံမှ တရားမဝင်သစ်အများဆုံးတင်ပို့ နေသော တရုတ်နိုင်ငံနှင့်ပူးပေါင်း ၍ နှစ်နိုင်ငံကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဖွဲ့စည်းကာ သစ် ခိုးထုတ်မှုများတားဆီးမည်ဖြစ် ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

ကာချုပ်ပါဝင်လှူဒါန်းသည့် ကြေးခေါင်းလောင်းသွန်းလောင်းပြီးစီး၍ ထားဝယ်မြို့သို့ သယ်ယူပူဇော်မည်

သွန်းလုပ်ထားသော ခေါင်းလောင်းတော်ကြီး (ဓာတ်ပုံ−မောင်တာ)
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြေးပိဿာချိန် သုံးထောင် ပါဝင်လှူဒါန်းထားပြီး စုစုပေါင်း ကြေးပိဿာချိန် တစ် သောင်းကျော်ရှိသည့်    ခေါင်း လောင်းကြီးသွန်းလောင်းပြီးစီးပြီ ဖြစ်၍ မေလ ၂၆ ရက်တွင်  ထားဝယ်မြို့သို့    သယ်ယူပူဇော်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ပြည်သူပါမှ ငြိမ်းချမ်းရေးရနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား အစိုးရတစ်ဖွဲ့တည်းက အားလုံးလုပ်ပေးနိုင်သည်ဟုပြောသော အစိုးရကို မဲမပေးရန်လည်းပြော


ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူလူထုပါမှ ရရှိနိုင်မည်ဖြစ် ပြီး အစိုးရတစ်ဖွဲ့တည်းမှပင် အား လုံးလုပ်ပေးနိုင်ကြောင်း ပြောကြား သည့်အဖွဲ့ကို ဘယ်တော့မှ မဲမ ထည့်ရန် ကချင်ပြည်နယ်ရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပူတာအိုမြို့လူထုနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

လှေစီးရွှေ့ပြောင်းသူတွေကို ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့နိုင်ရေး စီစဉ်နေ


မြန်မာ့ ရေပိုင်နက် ထဲ တွေ့ခဲ့ရ တဲ့ လူမှောင်ခို လှေ ၂ စင်း ပေါ် က ရွှေ့ပြောင်းသူ အယောက် ၂၀၀ ကျော် ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား တွေ ဖြစ် ကြောင်း စိစစ် တွေ့ထား ရပြီး သူတို့ရဲ့ မူ လ နိုင်ငံ ကို ပြန်လည် ပို့ဆောင် ပေး နိုင် ဖို့ ဘင်္ဂလား ဒေ့ရှ် သံရုံး နဲ့ ဆက်သွယ် ဆောင် ရွက် နေတယ် လို့ မြန်မာ နိုင်ငံခြားရေး ဌာ န က ပြောပါတယ်။

မြန်မာအသင်းကို နယူးဇီလန်ရောက် မြန်မာများ လေဆိပ်တွင် ကြိုဆိုမည်


အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နယူးဇီလန်နိုင်ငံသို့ မေလ ၂၄ ရက်နေ့တွင် ရောက်ရှိမည့် မြန်မာဘောလုံးအသင်းကို လေဆိပ်တွင် သွားရောက်ကြိုဆိုမည် ဖြစ်ကြောင်း မြန်မာ့ဂုဏ်ရည်အသင်း (နယူးဇီလန်) ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောကြားသည်။
မြန်မာဘောလုံးအသင်းသည် ယင်းနေ့ ညနေပိုင်းတွင် အော့ကလန်လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် အုပ်စုပထမဆုံးပွဲ ကစားမည့် ဖန်ဂလေမြို့သို့ ကားဖြင့် သွားရောက်မည် ဖြစ်သည်။ အော့ကလန်မှ ဖန်ဂလေမြို့သို့ ကားမောင်းချိန် နှစ်နာရီခွဲခန့် ကြာမြင့်သည်။

သဘာဝကပ်ဘေးကြုံ နိုင်ငံများကို ဂျပန်က ဒေါ်လာ ၄၅၂ သန်း လှူဒါန်းမည်

သဘာဝကပ်ဘေးနဲ့ ကြုံနေရတဲ့ နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၄၅၂ သန်း လှူဒါန်းသွားမယ်လို့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇို အာဘေးက မေ ၂၃ ရက်နေ့မှာ ကြေညာပါတယ်။
သတ္တမကြိမ်မြောက် ပစိဖိတ်ကျွန်း နိုင်ငံများ ထိပ်သီး အစည်းအဝေးမှာ ဂျပန် ၀န်ကြီးချုပ်က ကြေညာလိုက်တာပါ။
ဂျပန် မီဒီယာတွေမှာတော့ ဒါဟာ ဒေသတွင်းမှာ တရုတ်သြဇာ ကျယ်ပြန့်လာတာကို ပြန်လည်ထိန်းညှိဖို့ ကြိုးပမ်းမှုအဖြစ် ဖော်ပြပါတယ်။
ဒါပေမယ့် ဂျပန်ဝန်ကြီးချုပ်က “ကျနော်တို့ရဲ့ ဆက်ဆံရေးဟာ အင်အားပြဖို့ မဟုတ်သလို၊ ခြိမ်းခြောက်ဖို့လည်း မဟုတ်ပါဘူး။ ပစိဖိတ် သမုဒ္ဒရာသားတွေ အချင်းချင်းကြားမှာ ခိုင်မာတဲ့ စည်းလုံးမှု သဘောဖြစ်ပါတယ်” လို့ ပြောပါတယ်။

အပစ်အခတ် လျှော့ချရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် အစိုးရကို ထပ်မံမတောင်းဆိုတော့ဟု TNLA ဆို

ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရနှင့် အပစ်အခတ်လျှော့ချမှု ဆွေးနွေးရန် ထပ်မံတောင်းဆိုတော့မည် မဟုတ်ကြောင်း တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) ထံမှ သိရသည်။
“၂၀၁၄ ခုနှစ်အတွင်းမှာ နှစ်ကြိမ်တိတိ တောင်းဆိုထားပါတယ်။ အစိုးရဘက်က တအာင်းလက်နက်ကိုင်အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖက်လို့ သဘောမထားဘဲ စစ်ရေးအရ ဖြေရှင်းချင်တဲ့သဘော သက်ရောက်တဲ့အတွက် တိုက်ပွဲတွေလျှော့ချဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ တောင်းဆိုစရာ အကြောင်းမရှိတော့ဘူး။ တိုက်ပွဲကတော့ ၂၁ ရက်နေ့ကအထိ ဖြစ်နေတုန်းပဲ” ဟု တအာင်းလွတ်မြောက်ရေး တပ်မတော်မှ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

Thursday, May 21, 2015

ရေမရှိ ဖြေမချိ နွေ၏ဝေဒနာ


ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှာ ညောင်ပင်ကြီးစုဆိုတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မုတ္တမပင်လယ်ကွေ့နဲ့ ဆက်စပ်နေတဲ့ ပင်လယ်ကမ်းခြေက ရွာလေးဖြစ်ပါတယ်။ အိမ်ခြေ ၆၀၀ ခန့်ရှိပြီး မူလတန်းကျောင်းတစ်ကျောင်းလည်းရှိပါတယ်။ ရွာထဲမှာ ပေ ၅၀၀ ကျော်တူးထားတဲ့ အဝီစိတွင်းတွေရှိပေမယ့် ရေတွေကပေါ့ပြီး သောက်လို့မရတဲ့အပြင် ထမင်းချက်ရင် ဝါသွားတယ်လို့ သိရပါတယ်။ အဲဒီရေနဲ့ ထမင်းချက်ပြီးရင် ကျက်တာနဲ့ ချက်ချင်းစားကြရပါတယ်။ ခဏကြာရင် ထမင်းတွေက ဝါသွားမှာမို့ အမြန်စားကြရတာပါ။ သောက်ရေအတွက် ရေကန်တူးထားပေမယ့် ရေတွေက နောက်နေပြန်ပါတယ်။ ဒီတော့ နှစ်စဉ်နှစ်တိုင်း မိုးရာသီလွန်ရင် သောက်ရေကို တစ်မိုင်ကျော်ဝေးတဲ့ ရွာတွေမှာ သွားခပ်ကြရပါတယ်။ နွေရာသီရောက်ရင်တော့ မြို့က ရေအလှူရှင်တွေကို အားထားနေရတာဖြစ်ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ်ဘယ်လိုပေးနေလဲ

အမှောင်ကမ္ဘာတွင် ကာလရှည်နေထိုင်ခဲ့ရသော မြန်မာနိုင်ငံ၌ လက်ရှိအစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြင့်လာနေသည်။
လက်ရှိနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်းသာရှိပြီး နှစ်စဉ်သုံးစွဲမှုက ၁၅ ရာခိုင်နှုန်းတိုးလာသည်ဟု လျှပ်စစ်ဝန်ကြီးဦးခင်မောင်စိုးက ပြောကြားထားသည်။

ဘင်္ဂါလီ ဒုက္ခသည်လှေများကို ရှာဖွေကယ်ဆယ်ရန် မလေးရှား ဝန်ကြီးချုပ် အမိန့်ထုတ်


ပင်လယ်ပြင်တွင် မျောပါနေသည့် ဘင်္ဂါလီ ဒုက္ခသည် လှေများကို ရှာဖွေကယ်ဆယ်ရန် မလေးရှား ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများအား အမိန့်ပေးလိုက်သည်။
မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လှေများဖြင့် ထွက်ခွာလာပြီး အရှေ့တောင်အာရှ နိုင်ငံအချို့တွင် အခြေချ နေထိုင်ရန် ကြိုးပမ်းခဲ့သည့် ဘင်္ဂါလီ ဒုက္ခသည်များကို လက်ခံမည်မဟုတ်ဟု အင်ဒိုနီးရှားနှင့် မလေးရှား အစိုးရများက အစောပိုင်းတွင် အခိုင်အမာ ပြောကြားခဲ့ကြသည်။

" ဒီမိုကရေစီ လော်စပီကာ "


မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများ ကို ၁ နှစ်သက်တမ်း တိုးမြှင့်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။အမေရိကန်လွှတ်တော်ထံ အကြောင်းကြားပြီး ကြေညာလိုက် တာပါ။ ဒါ့အပြင် ထိုကာလအတွင်း အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံမှုကို လည်း အရေးပေါ်အဆင့်မှာပဲ ထားမယ်လို့ အမေရိကန်အိမ်ဖြူတော်က ကြေညာ လိုက်ပါတယ်။ ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့်လို့ အမေရိကန်က အကြောင်းပြချက် ပေးထားပါတယ်။ ယခုလိုမျိုး ပိတ်ဆို့မှုတွေ ကြောင့် ဘာတွေဖြစ်လာမလဲဆိုတာကို ကျွမ်းကျင်သူတွေထံ ဆက်သွယ် မေးမြန်း ထားပါတယ်။

ငွေကြေးစစ်ပွဲစတင်တော့မှာလား


စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးစနိုင်ငံအများအပြား၌ ပြည်တွင်းဝယ်လိုအားကျဆင်းနေချိန်တွင် ပြည်ပပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခြင်းဖြင့် စီးပွားရေးတိုးတက်စေရန် မူဝါဒချမှတ်သူများ သွေးဆောင်ခံနေရသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ငွေကြေးအားနည်းနေရန် လိုအပ်ပြီး ငွေကြေးတန်ဖိုးကျဆင်းစေရန် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ငွေကြေးမူဝါဒများ ချမှတ်ရန် လိုအပ်ပါသည်။

ဘုရားရှင်သာ ကြည်ညိုပျက်ရော့မည်


‘‘ပူတယ်လေ ဆယ်နေကဲ’’ဆိုသလိုပဲ။ ပူလိုက်သမှ ချစ်ချစ်တောက်ပဲ။ ငရဲပြည်တောင် ဒီလောက်ပူမယ်မထင်ဘူး။ ‘‘ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်’’ဆိုတဲ့ စကားမှန်များနေရော့သလား။ ကျွန်တော်တို့ ချောက်မြို့ကတော့ အပူမှာတော့ ‘‘ဂင်းနစ်စံချိန်’’ဝင်လောက်တယ်။ မိုးလေဝသသတင်းတွေကို ကြည့်လိုက်ရင် ထိပ်ဆုံးကမြို့ဟာ ချောက်ဖြစ်နေတယ်။ ဘယ်တော့ကြည့်ကြည့် စံချိန်ချိုးလျက်ပဲ။ အဲဒါကြောင့်လည်း ‘‘ချောက်’’ဆိုရင် ‘‘အပူချိန်’’နဲ့တွဲပြီး မြင်တတ်ကြတယ်။

သူတို့နှစ်ဦးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ


နိုင်ငံတစ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းဖို့အရေးသည် ထိုနိုင်ငံခေါင်းဆောင်၏ တိုင်းသူပြည်သားအပေါ် မေတ္တာအရင်းခံသည့် ချစ်ကြင်နာစိတ်နှင့် ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်ပေါ်တွင် ဦးစွာအခြေတည်ပြီးနောက် ထိုခေါင်းဆောင်နှင့်အတူ တစ်စိတ်တစ်ဝမ်းတည်းရှိကြသော ဥပဒေပညာရှင်များ၏ ကြိုးပမ်းစွမ်းဆောင်မှုပေါ်တွင် မူတည်လျက်ရှိကြောင်း သမိုင်းအထောက်အထားအရ လေ့လာတွေ့ရှိရပါသည်။

မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ် အခွန်ကင်းလွတ်ရေး လွှတ်တော်၌ ဆွေးနွေးမည်


လာမည့် ဇွန်လ ၁ ရက်နေ့မှစ၍ မိုဘိုင်းလ်ငွေဖြည့်ကတ်များမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည့် အစီ အစဉ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ကင်းလွတ်ခွင့်ပြုနိုင်ရန် အရေးကြီးအဆိုအား ပြည်ထောင်စု လွှတ်တော် က လက်ခံဆွေးနွေးရန် အတည်ပြုလိုက်ကြောင်း သိရသည်။

အဓိကနဲ့ သာမည


ရွေးကောက်ပွဲကြီး နီးလာတော့ အသံတွေမျိုးစုံအောင် ကြားလာရသဗျ။ ၄၃၆ နဲ့ ၅၉(စ) ပြင်ဖို့ကိုချည်းပဲ ဖိ တွန်းနေသူတွေ ရှိသလို၊ အဲဒါတွေ မပြင်ရင်ဘဲ ဝင်အရွေးမခံတော့ဘူး လိုလို၊ သပိတ်ပဲ မှောက်မလိုလို ပြောနေကြတာတွေလည်း ရှိသဗျ။ ပြီးတော့ကာ လက်ရှိအစိုးရ လက် ထက်မှာတော့ အဲဒီ ၄၃၆ နဲ့ ၅၉ (စ)ကို မပြင်နိုင်ပါဘူးလို့ ဆိုတဲ့ သူကလည်း ရှိပြန်သဗျ။ ဗိုလ်ချုပ်ကြီး တွေ တစ်ဖြစ်လဲအရပ်သားအစိုးရ ဘာလုပ်လုပ်ယုံကိုမယုံနိုင်ပါဘူးဆိုသံတွေလည်း ကြားရပြန်သဗျ။ ဘယ်သူတွေဘာပဲပြောပြော မျက်စိ မှိတ်ပြီးယုံကြတာတွေလည်းရှိသဗျ။

လက်နက်ကြီးကျည်ကျရောက်မှု စုံစမ်းပေးရန် မြန်မာအစိုးရကို တရုတ်တောင်းဆို


လက်နက်ကြီးကျည်ကျရောက်ပြီးနောက် တရုတ်နယ်စပ်တွင် လုံခြုံရေးနှင့်သူနာပြုလုပ်ငန်းများ ဆောင်ရွက်နေစဉ်
မြန်မာနိုင်ငံဘက်မှ ပစ် ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက် ကွဲမှုအတွက် တိတိကျကျ အဖြေ ထွက်ပေါ်စေရေး စုံစမ်းစစ်ဆေး ပေးရန် တရုတ်အစိုးရက မေလ ၂၀ ရက်တွင် တောင်းဆိုလိုက် သည်။

ကျောင်းသားသပိတ်ကြောင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး ဗ.က.သ ကျောင်းသားများ ဆက်တိုက်ဆန္ဒပြမည်

အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်သူများထဲမှ ကျောင်းသားနှင့် ဝန်းရံပြည်သူအချို့ ဖမ်းဆီးတရားစွဲဆိုခံထားရမှုများ ရှိနေရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အနေနှင့် အဆိုပါ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲများ ဆက်တိုက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ်ထံမှ သိရသည်။
လက်ပံတန်းဖြစ်စဉ်အပြီး မန္တလေးမြို့တော်တွင် ဆိုင်ကယ်များဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို မတ်လ နောက်ဆုံးပတ်တွင် ပထမအကြိမ် ပြုလုပ်ခဲ့ကြောင်း ယင်းသို့ ဆန္ဒထုတ်ဖော်ခဲ့သည့် ဗ.က.သ ကျောင်းသားများထံမှ သိရသည်။

Boat People ပြဿနာတွေရဲ့ “အဖြေ” က ဘာလဲ၊ အီးယူရေတပ်ရဲ့ “လှေဖျက်စစ်ဆင်ရေး”

၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး လူပေါင်း ၁၈၀၀ သေဆုံးမှုတွေ တွေ့ကြုံခဲ့ရတဲ့ မက်ဒီတာရန်း ပင်လယ်ပြင်က လူမှောင်ခိုကူးသူတွေကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အီးယူက မေလ ၁၈ ရက်နေ့ မှာ သဘောတူခဲ့ကြပါတယ်။ အာဖရိကမြောက်ပိုင်းကနေ ဥရောပကမ်းခြေကို ထွက်ခွါလာတဲ့ ပင်လယ် ပြင်က လှေတွေကို အသက်အန္တရာယ် ကြီးကြီးမားမား မရှိသေးချိန် လစ်ဗျားပင်လယ်ပြင်မှာ စစ်သင်္ဘော တွေနဲ့ တိုက်ခိုက်ချေမှုန်းဖို့ သဘောတူညီခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ သဘောတူညီချက် ရယူဖို့တော့ လိုအပ်နေပါသေးတယ်။ ဒီတာဝန်ကို ဆောင်ရွက်နိုင်ဖို့ အတွက် လစ်ဗျားနိုင်ငံအနေနဲ့ ပိုင်နက်ရေပြင်မှာ ဥရောပစစ်သင်္ဘောတွေ ၀င်ရောက်လှုပ်ရှားနိုင်ဖို့ ခွင့်ပြု ပေးရမှာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား မလေးရှားသို့ လှေဖြင့် ခေါ်ဆောင်လာရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိ လာသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရ

ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိပ်ကမ်းများမှတစ်ဆင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများသည် မလေး ရှားနိုင်ငံသို့ လှေစီးပြီးထွက်ခွာရာမှ မြန်မာနိုင်ငံသို့ရောက်ရှိလာသဖြင့် သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများသည် မလေးရှားသို့ သွား ရောက်ရန် ထွက်ခွာလာရာမှ လူပွဲ စားများအနေဖြင့် မလေးရှားသို့ပို့ရန် အဆင်မပြေတော့ ဟုဆိုကာ မြန်မာ နိုင်ငံဘက်အခြမ်းသို့ လာရောက်စွန့် ပစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတို့က ထွက်ဆိုခဲ့ပြီး အဆိုပါအဖွဲ့တွင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား ၁၁ဦး ပါဝင် ကြောင်း သိရသည်။

ထိုင်းတွင် ပြုလုပ်မည့် လှေစီးသူများအရေး အစည်းအဝေး မြန်မာတက်မည်

အရှေ့တောင်အာရှနိုင်ငံများက ဝင်ခွင့်မပြုသဖြင့် ပင်လယ်ထဲတွင် ပိတ်မိနေသည့် လှေစီးသွားလာသူများ အရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၌ မေလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးကို မြန်မာနိုင်ငံက တက်ရောက်ရန် လက်ခံလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
အိန္ဒိယသမုဒ္ဒရာတွင် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါ အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ မေလ ၂၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းသုံးခု တက်ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောဆိုကြောင်း The Nation သတင်းတွင် ဖော်ပြသည်။

''ပုဒ်မ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည်အား ဦးတည်ရေးဆွဲထားခြင်း မဟုတ်ပါ'' အဆိုပါပုဒ်မ ငြိစွန်းမှုကြောင့် ဒုသမ္မတနေရာလျာ ထားခြင်းခံခဲ့ရသော ဦးမြင့်ဆွေကိုယ်တိုင်ပင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာသာရရှိခဲ့ဟု ဦးရဲထွဋ်ပြော

ပုဒ်မ၅၉(စ)သည် ဒေါ်အောင် ဆန်းစုကြည် သမ္မတမဖြစ်ရေးကို ဦး တည်ရေးဆွဲထားခြင်း မဟုတ်သော် လည်း အဆိုပါပုဒ်မ ငြိစွန်းမှုကြောင့် ဒုသမ္မတနေရာ လျာထားခံခဲ့ရသော ဦးမြင့်ဆွေကိုယ်တိုင်ပင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နေရာသာရရှိ ခဲ့ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန် ကြားရေးဝန်ကြီးဦးရဲထွဋ်က မေ ၁၈ ရက် နိုင်ငံရေးပါတီများနှင့် နိုင်ငံတော် သမ္မတတွေ့ဆုံပွဲ၌ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကြိုးစားခဲ့တဲ့သမိုင်းကို ရိုက်ဖြုတ်လိုက်တာနဲ့အတူတူပဲ

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ရန်အတွက် မန်္တလေးမှရန်ကုန်သို့ခရီးရှည်ချီတက်သပိတ်မှောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ယခုအချိန်တွင် သာယာဝတီတရားရုံး၌ တရားရင်ဆိုင်နေရသည်။ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်နိုင်ရေးအတွက် ကျောင်းသားခေါင်းဆောင်တချို့၏အမြင်များကိုမေးမြန်းတင်ပြလိုက်ပါသည်။

ပြည်သူတွေအနေနဲ့ အောင်ဆန်း နဲ့ စုကြည် လို့ခွဲသိဖို့လိုမယ် အဲဒါကြောင့်သမ္မတလည်းမလုပ်ပါနဲ့ဗျာ

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးနီးလာသည်နှင့်အမျှ ပြည်တွင်းရှိနိုင်ငံအရေးအခြေအနေများ၊ နိုင်ငံရေးအင်အားစုများ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ပြည်တွင်းရှိအင်အားကြီးနိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်သော USDP နှင့်NLD ပါတီတို့၏ အားပြိုင်လှုပ်ရှားမှုများအပြင် မကြာသေးခင်ကမှပြုလုပ်သွားခဲ့သော ၆ပွင့်ဆိုင်ဆွေးနွေးမှု၏ရလဒ်မှ လာမည့်၂၀၁၅အထွေထွေရွေးကောက်ပွဲကြီးအား ထင်ဟပ်မှုရှိစေနိုင်မည့် ရလဒ်များ အပေါ် သဘောထားသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူနှင့် ပြည်တွင်းနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးလှဆွေအား တွေ့ဆုံဆွေးနွေးမေးမြန်းဖြစ်ခဲ့ပါသည်။

လှေစီးဒုက္ခသည် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် လက်ခံသင့်ကြောင်း ဦးဉာဏ်ဝင်းပြော

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ထွက်ခွာလာသည်ဆိုသည့် ဘင်္ဂလားပင်လယ်တွင်းမှ လှေစီးဘင်္ဂါလီ ဒုက္ခသည်များကို အစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။
အင်္ဂလန်အခြေစိုက် The Independent သတင်းဌာနနှင့် ဦးဉာဏ်ဝင်းတို့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး “ဘင်္ဂလားပင်လယ်တွင်းမှာ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ ဗမာ့အတိုက်အခံပါတီ အစိုးရကို တောင်းဆို” ဟူသည့် ခေါင်းစဉ်ဖြင့် အဆိုပါ သတင်းဌာနက မေလ ၂၀ ရက်နေ့တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုပြီး ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်မည်

၂ဝ၁၅ ရွေးကောက်ပွဲကာလ မတိုင်မီ မဲဆွယ်စည်းရုံးမှုများတွင် ပြည်ခိုင်ဖြိုးပါတီမှ ဗိုလ်ချုပ်အောင်ဆန်း ပိုစတာများဖြင့် မဲဆွယ်မှုပြုလုပ်သွား မည်ဟု ပြည်ခိုင်ဖြိုးပါတီ တောင်ဥက္က လာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေ ၁၈ရက် တွင် ရန်ကုန်တိုင်းမ်သို့ပြောသည်။
ဦးအောင်သိန်းလင်းက ''ကျွန် တော်တို့မှာ နိုင်ငံတော်အထိမ်းအမှတ် များ စီရင်ပြသခြင်းဆိုင်ရာ ဥပဒေရှိ တယ်။ ဗိုလ်ချုပ်က ကျွန်တော်တို့ရဲ့ အတုယူရမယ့် လေးစားရမယ့် အမျိုး သားခေါင်းဆောင်ကြီး ဖြစ်တဲ့အတွက် ပါ။ သို့သော်လဲပဲ ဗိုလ်ချုပ်အောင်ဆန်း ပုံတွေကို လမ်းဘေးမှာထောင်တား တာတွေက လုံးဝမသင့်လျော်တဲ့ လုပ် ရပ်တစ်ခုဖြစ်တယ်''ဟု ပြောသည်။

ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်သို့ခိုးထုတ်သည့် သစ်များမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မဘိမ်းဒေသများမှဖြစ်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ သစ်ကိစ္စ အပါအ၀င် အခြားအကြောင်းများကြောင့် ပစ်ခတ်မှုများ ဖြစ်ပေါ်နေ


ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရုတ်သို့ ခိုးထုတ်သည့် သစ်များမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်း ကသာခရိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်၊ မဘိမ်းဒေသများမှဖြစ်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့ ကချင်ပြည်နယ်အတွင်း သစ်ကိစ္စ အပါအ၀င် အခြားအကြောင်းများကြောင့် ပစ်ခတ်မှုများ မေ ၁၈ ရက်အထိ ဖြစ်ပေါ်နေပြီး သစ်ခိုးထုတ်မှုများမှာလည်း နေရာပြောင်း ဖြစ်ပေါ်နေကြောင်း တပ်မတော်၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံ အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

ပန်ဆန်းညီလာခံရလဒ်နှင့်UWSA ၏ သရုပ်မှန်

“၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့ ၌ မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် စတုတ်္ထအကြိမ်မြောက်တိုင်းရင်းသား ညီလာခံပြီးဆုံးသွားခဲ့ပြီး ထုတ်ပြန်ကြေညာချက်တစ် ရပ်လည်းထွက်ပေါ်လာခဲ့ပါသည်။ ငြိမ်းချမ်းရေးကိစ္စ နှင့် ပတ်သက်၍ ညီလာခံအပေါ် မိမိတို့နိုင်ငံသူနိုင်ငံ သားတို့ကမျှော်လင့်ချက်ကြီးဖြစ်ခဲ့ကြသော်လည်း တကယ်အမှန်တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့၏ငြိမ်းချမ်းရေးအဖြေရှာမှုများသည် တိကျမှန် ကန်သောအဖြေမရရှိခဲ့ဘဲ “၀”အဖွဲ့၏ ကိုယ်ပိုင်ပြည် နယ်တောင်းဆိုရေးကသာအဓိကနေရာယူသွားခဲ့သည့် သဘောကိုမြင်တွေ့နေရပါသည်။

ကျားသေကိုအသက်သွင်းတဲ့ ဖုန်ကြားရှင်ရဲ့ ဘ၀နေ၀င်ချိန်

ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ပေါ်ခဲ့သမျှသော လက်နက်ကိုင်ဆန့်ကျင်မှုတွေဟာ လွတ်လပ်ရေးနဲ့ အတူ ပေါ်ပေါက်လာခဲ့တာ အားလုံးအသိပဲဖြစ်ပါ တယ်။ ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်ဆန့်ကျင်မှု တွေကိုဆန်းစစ်ကြည့်ပါကနိုင်ငံရေးအယူဝါဒကြောင့် သော်လည်းကောင်း၊ လူမျိုးရေးအမြင်အရသော် လည်းကောင်း ပေါ်ပေါက်ခဲ့ရတာဆိုတာ ထင်ရှားလှ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအရှေ့မြောက်ဒေသမှာ မြန်မာ့တပ်မတော်နဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုး ကန့်သောင်းကျန်းသူအဖွဲ့များလက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကတော့ နိုင်ငံရေးအယူဝါဒကြောင့်လည်း မဟုတ်၊ လူမျိုးရေးအမြင်ကြောင့်လည်းမဟုတ်ဘဲ မူး ယစ်ရာဇာတစ်ယောက်ရဲ့ နယ်မြေလုရာမှ ပေါ် ပေါက်လာခဲ့တဲ့တိုက်ပွဲတွေပဲဖြစ်ပါတယ်။