Sunday, June 28, 2015

အေအိုင်ဒီအက်စ်ကူးစက်ခံ မိဘမဲ့မြန်မာကလေးများဂေဟာ ဖွင့်လှစ်

အေအိုင်ဒီအက်စ်ကူးစက်ခံရတဲ့ မိဘမဲ့မြန်မာကလေးတွေအတွက် စောင့်ရှောက်ကူညီရေးဂေဟာတခုကို ဂျပန်နိုင်ငံ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုအကူအညီနဲ့ မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ဂျပန်အခြေစိုက် အန်အိပ်ခ်ျကေသတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စုက ဦးဆောင်ပြီး လှူဒါန်းငွေတွေနဲ့ အဲဒီအဆောက်အုံတည်ဆောက်ဖို့ ရန်ပုံငွေမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။

ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့် အမြန်ဆုံး တိုးချဲ့သတ်မှတ်ပေးဖို့ ဒေသခံတွေစုပေါင်းပြီး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်တိုးချဲ့သတ်မှတ်ဖို့ နိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က အမိန့်ကြေညာစာထုတ်ပြန်ထားတာပါ။
ဒါပေမယ့် ၃ လနီးပါးကြာလာတဲ့အထိ အစိုးရက တရားဝင် ခရိုင်အဖြစ် ဖွင့်ပွဲကျင်းပတာတွေ မရှိသေးတာကြောင့် ဇွန်လ ၂၇ ရက်နေ့က ဒေသခံတွေ စုပေါင်းပြီး ခရိုင်အဆင့်အဖြစ် အမြန်ဆုံးဖွင့်လှစ်သွားနိုင်ဖို့ ကန့်ဘလူးမြို့မှာ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နီပေါငလျင်ဘေး ၂ လပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

နီပေါနိုင်ငံမှာ လူ ၈၈၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဘေး ၂ လ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတခုကို ကက်သမန်ဒူမြို့က ရင်ပြင်တခုမှာ ဇွန် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ငလျင်ကြောင့် အိမ်ပေါင်း သန်းတ၀က်လောက်လည်း ပျက်စီးခဲ့ပါတယ်။ ကွယ်လွန်သွားသူတွေရဲ့ ၀ိညာဉ်တွေ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်တာလို့ ဦးဆောင်သူ အန်နာပါနာ ပုံနှိပ်တိုက်ရဲ့ ကိုယ်စားလှယ် ရှီလူ အာဟီကရေးက ရှင်းပြပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၅ ဦးရှိပြီ

အခုနှစ်နှစ်ဆန်းပိုင်းကစပြီး ဇွန်လ ၂၆ ရက်အထိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားသူ ၁၀၀၀၀ ကျော်ရှိပြီး ၄၅ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဧရာဝတီိုင်းမှာ ရောဂါဖြစ်ပွားသူ ၂၀၀၀ ကျော်ရှိပြီး ပြည်နယ်တိုင်းအလိုက် ရောဂါဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ပါတယ်။

ထိုင်ဝမ် ရေကစားဥယျာဉ် ပေါက်ကွဲမှု ၅၀၀ ကျော် ဒဏ်ရာရ

ထိုင်ဝမ် တိုင်ပေမြို့တော် အပြင်ဘက်က အပန်းဖြေရေကစားဥယျာဉ်တခုမှာ ဇွန် ၂၇ ရက် ညဦးပိုင်းက မတော်တဆ ပေါက်ကွဲမှုကြောင့် လူ ၅၁၉ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဖော်မိုစာ ရေကစားဥယျာဉ်ရဲ့ စတိတ်စင်ကြီးမှာ ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ဒဏ်ရာရ သူတွေထဲက ၁၈၂ ဦးကိုတော့ အထူး ကြပ်မတ်ဆောင်မှာ ကုသပေးနေတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။

လူကြမ်းတွေ လဲရင် ကြိုက်လား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ တချို့ကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ် ဦးသိန်းဇော်က ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်းပြီး နောက် လွှတ်တော်အမတ်နှင့် စစ်တပ်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။ ဆွေးနွေးပြီးနောက် ဇွန် ၂၅၊ ၂၀၁၅ က မဲခွဲကြရာ စစ်တပ်ကိုယ်စားလှယ်များက မထောက်ခံသောကြောင့် ပုဒ်မ တစ်ခု၏ စကားတစ်လုံးသာ ပြင်နိုင်ပြီး ကျန်ပုဒ်မများကို မပြင်နိုင်ခဲ့ပါ။
လွှတ်တော်သတင်းများကို စောင့်ကြည့်လေ့လာသူများ သို့မဟုတ် ဖေ့စ်ဘွတ်မှ သတင်းများကို ပုံမှန်ဖတ်ရှုသူများ သိပြီးဖြစ်ပါလိမ့်မည်။ ပြဿနာမှာ ဇာတ်သိမ်းသိပြီးသား ရုပ်ရှင်တစ်ကားကို တကယ်ကြည့်ရှုရချိန်တွင် ငိုလိုက်ရသည့် ရုပ်ရှင်ကြည့် ပရိသတ်များနှယ် ဖြစ်ပါသည်။ ဇာတ်ဆောင် များက သရုပ်ဆောင် ကောင်းကြသည်လား၊ သို့တည်းမဟုတ် ဇာတ်ပို့ တီးလုံးက ကောင်းသည်လား၊ သို့တည်းမဟုတ် ကာလရာသီက ငိုစရာ ကောင်းနေသည်လား၊ ပြည်သူ တချို့ကား ရုပ်ရှင်ကြည့် ပရိသတ်များကဲ့သို့ပင် ဝမ်းနည်းခဲ့ကြသည်။

ပဲခူးတိုင်း ဖြူးတွင် လယ်သမား ၁၅၀ ခန့် ထွန်တုံးတိုက်ပွဲ ပြုလုပ်

 ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်ကျေးရွာရှိ စိမ်ကြီးကွင်းတွင် မြတ်အိနြေ္ဒ ကုမ္ပဏီက သိမ်းဆည်းထားသည့် လယ်ဧကများကို ပြန်ပေးရာတွင် မပါဝင်သည့် လယ်သမားများက ဇွန် ၂၇ ရက်၌ ယင်းမြေများပေါ်တွင် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြသည်ဟု အလုပ်သမားသမဂ္ဂ လွတ်လပ်ရေး အဖွဲ့မှ အထွေထွေ တာဝန်ခံ ဦးမြင့်စိုးက မဇ္ဈိမကို ပြောသည်။

ခန္တီးလေဆိပ်တွင် တရားဝင် သယ်ဆောင်နိုင်သည့် ပစ္စည်းကို ငွေကြေးကောက်ခံသည့် ရဲများကို စုံစမ်း စစ်ဆေးနေ

 စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးလေဆိပ်တွင် နိုင်ငံတော်မှ တရားဝင် သယ်ဆောင်ခွင့် ပေးသည့် ပစ္စည်းများအား ရဲတပ်ဖွဲ့ဝင်များက ငွေကြေးကောက်ခံနေမှုကို စုံစမ်းစစ်ဆေးရေးခုံဖွဲ့၍ စစ်ဆေးနေကြောင်း ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးက မဇ္ဈိမကို ပြောသည်။

မေလ (၈) ရက်နေ့ နေ့လည် (၂) နာရီခန့်က ပိုက်ဆံသိန်း (၂၀၀) ကို လေယာဉ်ဖြင့် သယ်ဆောင်ခွင့်ရရန်အတွက် ရဲတပ်သားများက ငွေသုံးသောင်းတောင်းခဲ့ပြီး ယခုလို ငွေတောင်း ခံမှုများမှာ ယခင်ကတည်းက ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်မှုမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရ၍ တရားမျှတမည်ဟု ဆို

 မြန်မာနိုင်ငံ၏ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကော်မရှင်၏ ဆောင်ရွက်မှုများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ တရားမျှတမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ဇွန်၂၇ ရက်တွင် ဆိုသည်။

အမျိုးသမီးများ၏ အခက်အခဲကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ်စီး လှုပ်ရှားမှု ပြုလုပ်

 အမျိုးသမီးများ၏ အခက်အခဲနှင့် နာကျင်မှုများကို မျှဝေခံစားမှုရှိကြောင်း ဖော်ပြသည့် အနေဖြင့် အမျိုးသားများက ဒေါက်ဖိနပ်စီး ဝတ်ဆင်သွားလာသည့် လှုပ်ရှားမှု တစ်ခုကို ဇွန် ၂၇ ရက်က ရန်ကုန်မြို့၊ မြေနီကုန်း ဒဂုံစင်တာ -၂ ၊ ဒုတိယထပ်ရှိ ပရိုမိုးရှင်း ဧရိယာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်၏ Research Working Group အဖွဲ့ဝင်များမှ ပူးပေါင်းကျင်းပသည့် “ရုန်းမထွက်သာ အစဉ်အလာ” Public Campaign ကျင်းပသည့် အစီအစဉ်တွင် ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

ငပုတောမြို့နယ် မြစ်တရာချောင်းရေလျံကာ အိမ်ခြေ ၁၂၈လုံရေနစ်မြုပ်၊ ဒေသခံ ၆၀၃ဦးကို အရေးပေါ် ကယ်ဆယ်

 ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ သင်းကျောင်းကျေးရွာအုပ်စုနှင့် ၀က်ကော်ရွာရှိ အိမ်ခြေ ၁၂၈လုံး မြစ်တစ်ရာချောင်း ရေလျံကာ နစ်မြုပ်ခဲ့သဖြင့် ဒေသခံ ၆၀၃ဦးကို အရေးပေါ်ကယ်ဆယ်ခဲ့ရသည်ဟု တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူး ဦးအေးကျော်က ဇွန်လ ၂၈ရက်တွင် မဇ္ဈိမကိုပြောသည်။

"လူအသေအပျောက်မရှိပါဘူး။ ဒီရေကလည်း တက်တယ်၊ တောင်ကျရေရယ်ပေါင်းပြီး ရေကြီးတာ၊ အားလုံးကို ရွှေ့ပြောင်းကယ်ဆယ်ပြီး၊ မရမ်းကုန်းရွာက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ထားထားပါတယ်။ ကားလမ်းပေါ်ကို ၃ပေလောက်တက်တာ အခုတော့ ၁ပေလောက်ပြန်ကျနေပြီ" ဟု ၎င်းကဆိုသည်။

ပဲတီစိမ်းစိုက်ပျိုးသူများအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်မည်

ပဲတီစိမ်းများ ထုတ် လုပ်မှုအရည်အသွေး မကျဆင်း စေရန် တောင်သူပညာပေးလုပ် ငန်းများကို စက်တင်ဘာအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(ကုန်စည်ဒိုင်)မှ သတင်းရရှိသည်။
ပဲပင်ပေါက်ပြုလုပ်ရန် မြန်မာနိုင်ငံမှ ပဲတီစိမ်းများကို အင်္ဂလန်၊ ဂျာမနီ၊ ဟော်လန်၊ ပြင်သစ် နိုင်ငံများက ၂၀၁၂ မှစ၍ လက်ရှိ အချိန်ထိ ဝယ်ယူနေကြောင်း အဆိုပါအသင်းမှ သိရသည်။
‘‘ပညာပေး  လုပ်ငန်းကို ဥရောပနိုင်ငံ တချို့က ပညာရှင် တွေကိုယ်တိုင် ပဲတီစိမ်းစိုက်မယ့် ဒေသတွေကို သွားပြီး တောင်သူ တွေကို ပညာပေးလုပ်ငန်းတွေ လုပ်သွားမယ်။ ဘာတွေကို ပညာ ပေးလုပ်သွားမှာလဲဆိုတော့ ဥရောပနိုင်ငံတွေက သတ်မှတ်ထားတဲ့ စားသုံးသူ အန္တရာယ်ကင်းရှင်းဖို့ စံချိန်စံညွှန်းတွေကို ရှင်းပြသွား မှာဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးအုန်းဆိုင်က ပြောသည်။

အပူလှိုင်းကြောင့် ပါကစ္စတန်တွင် သေဆုံးသူ ၁၁၀၀ ကျော်ပြီ

ပါကစ္စတန်မှာ အပူလှိုင်းကြောင့် သေဆုံးသူ ၁၁၀၀ ကျော်သွားပြီး အပူဆုံး ရက်တွေမှာ ကြုံရတဲ့ ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်ဟာ ၁၉၈၁ နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။
အပူဒဏ်အဆိုးဆုံးခံနေရတဲ့ ကရာချီမြို့မှာ ဇွန် ၂၆ ရက်နေ့ကစလို့ ပင်လယ်ဘက်ကနေ လေပြေလေညင်းတွေ စတင်ဝင်ရောက်နေတာကြောင့် အရင်နေ့တွေကထက် အပူဒဏ်သက်သာလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သံတွဲလေဆိပ်ဟိုတယ် ဒီဇင်ဘာတွင် ဖွင့်လှစ်မည်

သံတွဲမြို့တွင် ဆောက် လုပ်လျက်ရှိသည့် လေဆိပ်ဟို တယ်ကို ယခုနှစ်ဒီဇင်ဘာ၌ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ ထင်ရှားသော ငပလီကမ်းခြေ၌ ခရီးသွားဦးရေ များပြားချိန်တွင် ဟိုတယ်အခန်းမလုံလောက်မှုများရှိသဖြင့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေရန် လေဆိပ်ဟိုတယ်လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေဆိပ်ဟိုတယ် အတွက် ဂိုးလ်ဒင်း ဟံသာဝတီ ကုမ္ပဏီအား မြေနေရာငှားရမ်း၍ လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ကြယ်သုံးပွင့်အဆင့် ဆောက်လုပ်မည်ဖြစ်သည်။ လက်ရှိတွင် တည် ဆောက်နေဆဲဖြစ်ပြီး လေဆိပ် ဟိုတယ်လုပ်ငန်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်၏ ခွင့်ပြုချက်ရထားကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ရေလွှမ်းမိုးပြီး အိမ်ခြေထောင်ချီ နစ်မြုပ်

ရေလွှမ်းမိုးမှုအန္တရာယ် ရင်ဆိုင်နေရသော ဒေသများအ နက် ရခိုင်ပြည်နယ်သည် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ရေနစ်မြုပ်သော အိမ်ခြေထောင်ချီရှိနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် အမ်း၊ သံတွဲ၊ ကျောက်တော်၊ တောင် ကုတ်နှင့် ဘူးသီးတောင်မြို့တို့ ၌  ရေလွှမ်းမိုးမှု ရင်ဆိုင်ခဲ့ရပြီး ဇွန်လ ၂၇ ရက် ညနေတွင် ရေ အနည်းငယ် ပြန်ကျနေသော် လည်း ဘေးလွတ်ရာ၌ နေထိုင်ကြရန် အသံချဲ့စက်များဖြင့် သတိပေးထားသည်ဟု ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

အကျဉ်းသားကျန်းမာရေး

အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ဆရာဝန်တွေနဲ့ အကျဉ်းထာင် တာဝန်ရှိသူတွေ ကြားမှာ အပြန်အလှန် လွန်ဆွဲနေရမှုဆိုတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အဆုံးမသတ်နိုင်တဲ့ အငြင်းပွားမှု တခုလည်း ဖြစ်တယ်။ ဒါ့ပြင် တရားစီရင်ရေးနဲ့ သမားကျင့်ဝတ်ကြားမှာ ဝိရောဓိ ဖြစ်နေတယ်။
ဆရာဝန်တွေဟာ ပညာပိုင်းဆိုင်ရာကျင့်ဝတ်ကို လိုက်နာကြရတယ်။ ဆုံးဖြတ်ချက်ချရာမှာ လူနာစောင့်တွေ ဖိအားနဲ့ ဆွဲအားတွေကို ပမာမထားပဲ ချမှတ်မှသာ မှန်ကန်တယ်။ စာနာစိတ်နဲ့ သနားစိတ်ကို မျှမျှတတ ထားကြရတယ်။ ရောဂါအမည်တပ်ဖို့ရာ စမ်းသပ်မှုနဲ့ စစ်ဆေးမှုတွေ လိုတယ်။
ထောင်ကို သွားကြည့်ရတဲ့ဆရာတွေမှာ စစ်ဆေးမှုတွေလုပ်ဖို့ မဖြစ်နိုင်ကြဘူး။ ဆရာဝန်တွေအပေါ်မှာ အကျဉ်းထောင် အရာရှိတွေက တတ်စွမ်းသလောက် ဖိအားပေးကြတယ်။ လူနာနဲ့ ဆရာဝန်ဆက်ဆံရေးအပြင် အကျဉ်းထောင်နဲ့ ဆရာဝန်ဆက်ဆံရေးဆိုတာပါ ရှိလာတယ်။

Friday, June 26, 2015

မန္တလေးမြို့ အဆောင်တွင် အမျိုးသမီးတစ်ဦး အကူအညီမပါဘဲကလေးမွေးရာမှ သွေးလွန်သေဆုံး

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ အမျိုးသမီး အဆောင်တစ်ခုတွင် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ် ဦးတည်း ကလေးမီးဖွားရာမှ သွေး လွန်၍ သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
မဟာအောင်မြေမြို့နယ်ရှိ အမျိုးသမီးအဆောင်တစ်ခုတွင် ဇွန်လ ၂၄ ရက် ညနေက အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ၎င်း၏အခန်းအတွင်း က လေးမီးဖွားနေသည်ကို အဆောင် မှူးနှင့် အဆောင်သူများက တွေ့ ရှိသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သွေးလွန်သေဆုံးသွားခြင်းဖြစ်ပြီး ကလေးမှာအသက်ရှင် ကျန်းမာ လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။

ခြောက်ပွင့်ဆိုင်ကို မစဉ်းစားတော့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးမှုကို စဉ်းစားတော့မည်မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
‘‘ပွင့်ပွင့်လင်းလင်းပြောရရင် အန်တီက သိပ်ပြီးတော့ မစဉ်းစား ဘူး။ ခြောက်ပွင့်ဆိုင်အကြောင်း၊ မစဉ်းစားတော့ဘူး။စဉ်းစားနေရင် လည်း နည်းနည်းအချိန်ပိုကုန်တာ ပဲရှိတယ်။ ကိုယ်လုပ်စရာရှိတာပဲ ဆက်ပြီးလုပ်သွားတော့မယ်’’ဟု ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ် အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူတွေစိတ်ဓာတ်ကျစရာမလိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုရလဒ်သည် သိပ်ပြီး ထူးထူးဆန်းဆန် မဟုတ်အံ့သြစရာ မဟုတ်ဟုဆိုပြီး ပြည်သူတွေအနေနှင့် စိတ်ဓာတ်ကျစရာမလိုဘဲရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသွားသည်ဟု ဒေါ်အောင်ဆန်းစုကြည် မဲခွဲဆုံးဖြတ်မှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"အခြေခံဥပဒေ အရေးကြီးပုဒ်မများ ပြင်ဆင်ရန်မဲခွဲမှု ရှုံးနိမ့်"

သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (ဃ) ကိုသာ ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် မဲအသာရခဲ့သော်လည်း အဓိကပုဒ်မများဖြစ်သော ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမဲများ ရှုံးနိမ့်သွားပြီဖြစ်သည်။
ထောက်ခံမဲရရှိခဲ့သည့် ပုဒ်မ ၅၉ (ဃ)သည်နိုင်ငံတော်အရေးရာများဖြစ်သော နိုင်ငံရေး၊စီးပွားရေး၊စစ်ရေး၊စသည့်အမြင်များရှိရမည်အစားနိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ကာကွယ်ရေးစသည့် အမြင်များရှိရမည် ဟုပြင်ဆင်ရန် ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။

ဖားကန့်ရဲစခန်းအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်သွင်းတိုက်ခိုက်

ဖားကန့်မြို့နယ်ရဲစခန်း ၀င်းအတွင်းသို့ လက်လုပ်မိုင်းနှစ် လုံးပစ်သွင်းတိုက်ခိုက်မှုကြောင့် ရဲရိပ်သာအဆောက်အအုံအနည်း ငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်က ဒေသလုပ် လက်လုပ် မိုင်းနှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခံရခြင်းဖြစ်ပြီး မိုးညှင်းခရိုင် ဒုရဲတပ်ဖွဲ့မှူး ဖားကန့်မြို့နယ်ရဲစခန်း သို့ လာရောက်နေချိန်နှင့် တိုက် ဆိုင်နေကြောင်း ဒေသခံအရပ် ဘက်အဖွဲ့အစည်းအချို့က ပြော သည်။

Thursday, June 25, 2015

ဆိုက်ဘာရာဇဝတ်မှုများ ထိန်းချုပ်ရေး တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန် လိုလား

ဆိုက်ဘာရာဇဝတ်မှုများကို တားဆီးထိန်းချုပ်ရန် တရုတ်အစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း အမေရိကန် အစိုးရက ပြောကြားလိုက်သည်။
ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားတွင် အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့ပြီး ယခုလ အစောပိုင်းကလည်း အမေရိကန် အစိုးရဝန်ထမ်း ၄ သန်းကျော်၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှုအတွက် တရုတ် အခြေစိုက် ဟက်ကာများ လက်ချက်ဟု အမေရိကန်ဘက်က စွပ်စွဲခဲ့သည်။

၅၉ (စ)မပြင်ရန် တပ်ကိုယ်စားလှယ်ဆွေးနွေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်  နိုင်ငံတော်အချုပ်အခြာအာဏာအတွက်အရေးကြီးသည့်သည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လွှတ်တော်တွင် ဆွေးနွေးရာ ယင်းပုဒ်မကို ပြင်ဆင်ခြင်းမပြုဘဲ မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ထားရှိရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က တင်ပြဆွေးနွေးလိုက်ကြောင်း သတင်း ရရှိသည်။
ဇွန်လ ၂၄ ရက်တွင် နေပြည် တော်ရှိ ပြည်ထောင်စုလွှတ်တော် ၌  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒုတိယနေ့ဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက်ဖြစ်သည့် ပုဒ်မ ၅၉ (ဃ)နှင့် ပုဒ်မ ၅၉ (စ)တို့ကို တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ် တင်စိုးက ဆွေးနွေးခဲ့ရာတွင် ပုဒ်မ ၅၉ (စ)ကို မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက် ထားရှိရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

စင်ကာပူရောက် မြန်မာတစ်ဦးကို သတ်ဖြတ်ရန် ကြံစည်မှုတွင် ပီအာရ်ရရှိထားသည့် မြန်မာပါဝင်


စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ရန်ကြံစည်သည့် မြန်မာနိုင်ငံသားလေးဦးအနက် စင်ကာပူနိုင်ငံ ၌ အမြဲတမ်းနေထိုင်ခွင့် ရထား သူတစ်ဦးပါဝင်နေပြီး ထွက်ပြေး လွတ်မြောက်နေသည့် ကျန်တစ် ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်း ရရှိသည်။
လူသတ်ရန် ကြံစည်မှုတွင် ပါဝင်သူများအနက် အသက်(၃၇) နှစ်အရွယ် ကိုဇော်မင်းလှိုင်သည် စင်ကာပူနိုင်ငံ၌ အမြဲတမ်း နေ ထိုင်ခွင့် ရရှိထားသူဖြစ်ကြောင်း သတင်းရရှိသည်။

တေးနုယဉ်သေဆုံးသည့်ညက ဖြစ်စဉ်များကိုမင်းအုပ်စိုးအသေးစိတ်ထွက်ဆို၊ ထိုးကြိတ် ကန်ကျောက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆို

လူသတ်မှုဖြင့် စွဲချက်တင်ထား သည့် မင်းအုပ်စိုးက သေဆုံးသူ တေးနုယဉ်ကို ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ခြင်းမဟုတ်ဘဲ ထိုးကြိတ် ကန်ကျောက်ခဲ့ခြင်း မရှိကြောင်း ဇွန်လ ၂၄ ရက် ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။အဆိုပါရုံးချိန်းတွင် မင်းအုပ် စိုးက တေးနုယဉ်နှင့်စတင်ဆုံတွေ့ ခဲ့သည့် လွန်ခဲ့သည့်ခုနစ်နှစ် အချိန်မှ အခင်းဖြစ်ပွားခဲ့သည့် ၂၀၁၄ဒီဇင်ဘာ ၂၅ ရက် နံနက်အထိ ဖြစ်စဉ်များကို အသေးစိတ် ထွက်ဆိုခဲ့ သည်။

ဦးသန်းရွှေ၏ နှုတ်ထွက်စကားဖြင့် အခြေခံဥပဒေပြင်ရန် ကိုယ်စားလှယ်တစ်ဦး တင်ပြ

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် တပ်မတော်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ နှုတ်ထွက်စကားကို ခံယူပြီး ပြင် ဆင်မည်ဆိုပါက အောင်မြင်မည် ကို ယုံကြည်ကြောင်း ချင်းတိုး တက်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်း က ဇွန်လ ၂၄ ရက်၌ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။

နေပြည်တော် ကျောက်မျက်ရတနာပြပွဲ ပြည်ပကုန်သည်လာရောက်မှု ထက်ဝက်လျော့ကျ

ကျင်းပနေဆဲဖြစ်သည့် (၅၂) ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာ ပြပွဲတွင် ပြည်ပ ကျောက်မျက်ကုန်သည်များ လာ ရောက်မှုထက်ဝက်လျော့ကျသွား ကြောင်း ပြပွဲကျင်းပရေး ကော်မ တီမှ သတင်းရရှိသည်။ဇွန်လ ၂၄ မှ ဇူလိုင် ၆ ရက် အထိ ၁၃ ရက်ကျင်းပမည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပြည်ပကုန်သည်များ မျှော်မှန်း သည်ထက် ထက်ဝက်လျော့ကျ သွားခဲ့သည်ဟု အထက်ပါကော်မ တီ ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြော သည်။  ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့ သည့် (၅၁)ကြိမ်မြောက် ကျောက် မျက်ရတနာပြပွဲတွင် ပြည်ပရတ နာကုန်သည် လေးထောင်ကျော် ၀င်ရောက်ခဲ့ပြီး ယခုနှစ်၌ နှစ် ထောင်ကျော်သာ ၀င်ရောက် ကြောင်း ပြပွဲကျင်းပရေးကော်မတီ ၏ စာရင်းဇယားများမှသိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အာမခံအမျိုးအစားသုံးခု လုပ်ကိုင်ခွင့် ဂျပန်ကုမ္ပဏီသုံးခုရရှိ

 မကြာမီစတင်လည် ပတ်တော့မည့် သီလ၀ါအထူးစီး ပွားရေးဇုန်အတွက် ပြည်တွင်း၌ လုပ်သက် နှစ် ၂၀ ရှိ ဂျပန်အာမခံကုမ္ပဏီသုံးခုအား ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။
ယင်းကုမ္ပဏီများသည် မီး အာမခံ၊ ယာဉ်အာမခံနှင့် ရေ ကြောင်းကုန်စည်အာမခံ စသည့် သုံးမျိုးကို လုပ်ကိုင်ခွင့်ရမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင် မောင်သိမ်းကပြောသည်။
‘‘အခုအာမခံဒီသုံးခုပဲရှိသေး တယ်။ အနှစ်နှစ်ဆယ်လောက် ဒီ မှာစောင့်နေတယ်။ ဒါကလည်း ဂျ ပန်ဖြစ်လို့ ခွင့်ပြုတာမဟုတ်ဘူး။ တခြားနိုင်ငံတွေကိုလည်း ခွင့်ပြု ပါတယ်’’ ဟု ဒေါက်တာမောင် မောင်သိမ်းကပြောသည်။

ကိုလံဘီယာတိုက်စစ်မှူး မာတီနက်ဇ်ကို အက်သလက်တီကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူ


အက်သလက်တီ  ကိုမက်ဒရစ်အသင်းသည် ပေါ်တို မှ ကိုပါအမေရိကပြိုင်ပွဲဝင် ကိုလံ ဘီယာတိုက်စစ်မှူး ဂျက်ဆင်မာ တီနက်ဇ်ကို ယူရို ၃၅ သန်းဝန်း ကျင်ဖြင့် ခေါ်ယူတော့မည် ဖြစ် သည်။
မာတီနက်ဇ်သည် မူလက  အေစီမီလန်နှင့်ချိတ်ဆက်မှုများရှိ ခဲ့သော်လည်း အက်သလက်တီကို ကပေါ်တိုမှတောင်းသည့် ဈေးကို ပေးနိုင်ခဲ့၍ မက်ဒရစ် အသင်းသို့ ရောက်ခဲ့ခြင်းဖြစ်သည်။ ‘‘အ ပြောင်းအရွှေ့ကိစ္စဒီနေ့ပဲ အပြီး သတ်ခဲ့ပါပြီ။ နောက်ဆုံးအချိန်အ ထိ စိတ်ဝင်စားမှုပြခဲ့တဲ့ မီလန်ကို လည်းကျွန်တော်တို့ ကျေးဇူးတင် ချင်ပါတယ်။ သူတို့စိတ်ဝင်စား တာ ကျွန်တော်တို့ကိုဂုဏ်ပြုသလို ခံစားရပါတယ်’’ ဟု ၎င်း၏အေး ဂျင့်ဖြစ်သူ လူးကစပိန်အေအက်စ် အာကစား သတင်းအား ပြော သည်။

မက်ဆီတစ်ဦးတည်း သတိမထားရန် ကိုလံဘီယာနောက်ခံလူ မာရီလို သတိပေး

စနေနေ့တွင် အာ ဂျင်တီးနားနှင့် ကိုပါအမေရိကဖ လား ကွာတားဖိုင်နယ် ကစားမည့် ကိုလံဘီယာနောက်ခံလူဂျိုင်ဆန် မာရီလိုက မက်ဆီတစ်ဦးတည်း သာခြိမ်းခြောက်မှုမဟုတ်ဘဲ တစ် သင်းလုံးကို  သတိထားရမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြား သည်။
အင်တာနောက်ခံလူ မာရီ လိုသည် ကိုပါဖလားသမိုင်းတွင်  ၎င်းတို့အသင်းအတွက် ဒုတိယ မြောက်ဖလားကို လိုချင်နေပြီး အာဂျင်တီးနားကလည်း ၂၂ နှစ် ကြာ နိုင်ငံတကာအဆင့် ဖလား တစ်ခုမရရှိဘဲဖြစ်နေမှုကို အဆုံး သတ်လိုနေသည်။