Thursday, December 31, 2015

မီးပွိုင့်များနီးကပ်စွာတပ်ဆင်ခြင်းကြောင့် မန္တလေးမြို့လမ်းပိတ်ဆို့မှုပိုဖြစ်ဟု ဒုတိယယာဉ်ထိန်းရဲမှူးကြီးဆို

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မြို့တွင်း၌မီးပွိုင့်များတိုးချဲ့တပ်ဆင်လျက်ရှိရာ မီးပွိုင့်များတစ်ခုနှင့်တစ်ခုနီးကပ်စွာတပ်ဆင်ပါက ယာဉ်ကြောပိတ်ဆို့မှုများ ယခုထက်ပိုမိုဖြစ်ပွားလာနိုင်ကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး) ဒုတိယရဲမှူးကြီးကံသိန်းက ဒီဇင်ဘာလ ၃၀ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
“တချို့နေရာတွေမှာ တကယ်လုပ်သင့်တဲ့နေရာတွေရှိသလို တချို့နေရာတွေကမလိုအပ်ဘဲတပ်လိုက်မယ်ဆိုရင် ပိုမိုရှုပ်ထွေးသွားနိုင်တယ်။ မီးပွိုင့်ဆိုတာ အလှဆင်တာမဟုတ်ဘူး။ မီးပွိုင့်စနစ်အတိုင်းသွားမယ်ဆိုရင်တော့ ပိတ်မှာမဟုတ်ဘူး။ ဒီမီးပွိုင့်ကတစ်မျိုး ဟိုမီးပွိုင့်ကတစ်မျိုးဆိုရင်တော့ ပိတ်သွားမယ့်အနေအထားရှိတယ်”ဟု ၎င်းကထပ်မံဆိုသည်။

လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်ရေးကြိုးပမ်း

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂ ဦး ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ တရားစီရင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ဆက်တိုက် ဖြစ်လာနေချိန်မှာ အခြေအနေကို အေးအေးဆေးဆေး ထိန်းသိမ်းကြဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။ဒီအမှုကို အခြေခံပြီး အရှိန်မြင့်လာတဲ့ ထိုင်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို မထိခိုက်စေချင်ဘူးလို့လည်း နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ခြိမ်းခြောက်ငွေ တောင်းယူသွားသော စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည်

ခြိမ်းခြောက် တောင်းယူသွားသော ငွေသိန်းငါးဆယ်အား လူမှုရေး အရ ပြန်လည် ပေးအပ်မှုများ ရှိနေသော်လည်း လက်ခံမည် မဟုတ်ဘဲ စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည် ဖြစ်ကြောင်း အဓမ္မ ငွေတောင်းယူခြင်း ခံခဲ့ရသော မိသားစုထံမှ သိရသည်။
မိုးကုတ်မြို့နယ် ပိန်းပျစ် ကျေးရွာအုပ်စုတွင် နေထိုင်သည့် မနီနီဝင်း နှင့် မဖြူဖြူဝင်း ညီအစ်မနှစ်ဦး နေအိမ်သို့ နိုဝင်ဘာလ (၁၈) ရက်နေ့ ည (၈) နာရီခန့်တွင် ပိန်းပျစ် ကျေးရွာ စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် လေးဦးက နေအိမ်အတွင်း ၀င်ရောက်ကာ ခြိမ်းခြောက်ငွေ တောင်းယူမှု တစ်ခု ဖြစ်ပွားခဲ့သည်။

Wednesday, December 30, 2015

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသ ဆန္ဒထုတ်ဖော်စဉ် ဆန့်ကျင်ပြောသည့် အမျိုးသားတစ်ဦးကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား

သေဒဏ်ကျခံရသည့် မြန်မာနှစ်ဦး လွတ်မြောက်ရန် မဘသဆရာတော်များ ဦးဆောင်၍ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်နေစဉ် ဟောပြောချက်များအပေါ် အမျိုးသား တစ်ဦးကဆန့်ကျင်ဘက်များ ပြောဆိုသဖြင့် ပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ဆန့်ကျင်ဘက်များ ပြောဆို နေသည့် အမျိုးသားအား လာ ရောက်နားထောင်နေသော အမျိုး သားများက ၀င်တား၊ ၀င်ဆွဲပြု လုပ်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့ပြီး ရပ်ကွက် တာဝန်ရှိသူ များနှင့် လုံခြုံရေးတာဝန်ယူထား သော ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ သည်။

နှစ်သစ်ကူးတွင် အကြမ်းဖက်တိုက်ခိုက်နိုင်ကြောင်း ယုံကြည်ရသူနှစ်ဦးကို ဘယ်လ်ဂျီယံ ဖမ်းဆီး

နှစ်သစ်ကူးကာလတွင် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေကြောင်း စွပ်စွဲချက်ဖြင့် အမျိုးသားနှစ်ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ဘရပ်ဆဲလ် မြို့တော်တွင် နှစ်သစ်ကူးအကြိုည၌ အကြမ်းဖက်တိုက်ခိုက်ရန် ၎င်းတို့၌ အစီအစဉ်ရှိနေသည်ဟု ယုံကြည်ရကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ထိုသူနှစ်ဦးကို ဖမ်းဆီးရမိချိန်တွင် စစ်ဝတ်စုံများ၊ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့၏ ဝါဒဖြန့်ပစ္စည်းများကိုပါ သိမ်းဆည်းနိုင်ခဲ့သော်လည်း စစ်လက်နက်နှင့် ဖောက်ခွဲရေးကိရိယာများ တွေ့ရှိခဲ့ခြင်းမူ မရှိချေ။

ယခုနှစ်တွင် ဥရောပသို့ ဝင်ရောက်ခိုလှုံသည့် ဒုက္ခသည်ဦးရေ တစ်သန်းကျော်ရှိခဲ့

ယခုနှစ်အတွင်း ဥရောပသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက်သည် သန်းဂဏန်းကို ကျော်လွန်ခဲ့ကြောင်း သိရှိရသည်။ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်၌ ဥရောပသို့ ရောက်ရှိလာသည့် ဒုက္ခသည် ၁၀၀၀၅၇၃ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၈၀ ရာခိုင်နှုန်းသည် ဂရိကမ်းခြေမှတစ်ဆင့် ဝင်ရောက်လာခြင်းဟု ဖော်ပြထားသည်။ ဂရိရှိ လက်စ်ဘော့စ်ကျွန်းသည် ဒုက္ခသည် အများစု ခိုဝင်ရာ ပင်မလမ်းကြောင်းလည်း ဖြစ်လာသည်။

ကမ္ဘာစစ်ကာလ လိင်ကျွန်အရေး တောင်ကိုရီးယားအပြင် အခြားနိုင်ငံများကိုပါ ဂျပန်တောင်းပန်ရန် ထိုင်ဝမ်တောင်းဆို

လိင်ကျွန်အရေး သဘောတူညီမှု မရရှိမီက ဂျပန်သံရုံးရှေ့တွင် ဆန္ဒပြနေသည့် တောင်ကိုရီးယား အမျိုးသမီးများ။
တောင်ကိုရီးယားအပြင် အခြားသောနိုင်ငံများမှ လိင်ကျွန်ဘဝရောက်ခဲ့သည့် အမျိုးသမီးများကိုပါ ဂျပန်အနေဖြင့် တောင်းပန်သင့်ကြောင်း ထိုင်ဝမ်အစိုးရက တောင်းဆိုလိုက်သည်။
ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ဖက်ဆစ်စစ်သားများကို ဖျော်ဖြေအလုပ်အကျွေးပြုရန် လိင်ကျွန်အဖြစ် သိမ်းသွင်းခံရသည့် တောင်ကိုရီးယားအမျိုးသမီးများကို တောင်းပန်ရန်နှင့် အဆိုပါကိစ္စအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ဂျပန်က တောင်ကိုရီးယား အစိုးရနှင့် ညှိနှိုင်းသဘောတူခဲ့သည်။

ယာဉ်မတော်တဆမှုအတွင်း မြောက်ကိုရီးယားအစိုးရ ထိပ်တန်းအရာရှိကြီးတစ်ဦး သေဆုံး

မြောက်ကိုရီးယားအစိုးရ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးသည် ယာဉ်မတော်တဆမှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အစိုးရပိုင်သတင်းဌာနက ဖော်ပြသွားသည်။အသက် ၇၃ နှစ်ရှိ ကင်မ်ယန်ဂွန်သည် အာဏာရအလုပ်သမားပါတီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး တောင်ကိုရီးယားနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲသည့် အရာရှိလည်း ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ အဓိက မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။

မဲဆွယ် အသုံးစရိတ် တစ်ပတ်လျှင် ဒေါ်လာ ၂ သန်းမျှ အသုံးပြုမည်ဟု ထရမ့်ပ်ပြောကြား

ရွေးကောက်ပွဲကြို မဲဆွယ်မှုများအတွက် တစ်ပတ်လျှင် အနည်းဆုံး ဒေါ်လာ ၂ သန်းမျှထိ အကုန်အကျခံ သုံးစွဲသွားမည်ဟု ဒေါ်နယ်လ် ထရမ့်ပ်က ပြောကြားလိုက်သည်။လာမည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းနေရာအတွက် အထူးရေပန်းစားနေသည့် မီဒီယာလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီးက မဲဆွယ်အသုံးစရိတ်ကို ရက်ရက်ရောရော အသုံးပြုသွားမည်ဟု ဆိုသည်။ဖေဖော်ဝါရီလတွင် စတင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲကြို ပါတီသမ္မတလောင်း ရွေးကောက်ပွဲများ မတိုင်မီထိ တစ်ပတ်လျှင် ဒေါ်လာ ၂ သန်းစီထိ အသုံးပြုပြီး အိုင်အိုဝါ၊ နယူးဟမ့်ရှိုင်းယားနှင့် တောင်ပိုင်း ကာရိုလိုင်းနားတို့တွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်သွားရန် ထရမ့်ပ်က စီစဉ်ထားသည်။

"အဆိုးဆုံး ရေဘေးကြုံခဲ့သောနှစ် "

မြန်မာနိုင်ငံသမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် မြေပြိုမှုဘေးများ ၂၀၁၅တွင် ကြုံတွေ့ခဲ့ရခြင်းက သမ္မတဦးသိန်းစိန်အစိုးရကို ခေါင်းမီးတောက်စေခဲ့သလို ပြည်သူလူထုမှာလည်း ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည်။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မိုးလယ်ကာလမှ စတင်ခဲ့သည့် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း၏ အကျိုးဆက်မှာ ကျန်ဒေသများတွင်လည်း ဆက်တိုက်ဆိုသလို သဘာဝဘေးရင်ဆိုင်ခဲ့ရပြီး လူပေါင်းရာချီ သေဆုံးခဲ့ကာ ကျပ်သန်းပေါင်း ၃၀၀ ဘီလီယံခန့်အထိ ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် အစိုးရစစ်တမ်းများက ဖော်ပြသည်။

Tuesday, December 29, 2015

မြန်မာနှင့်စင်ကာပူတို့ မတ်လ ၂၃ရက်တွင် စင်ကာပူ၌ခြေစမ်းပွဲကစားမည်

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ၂၀၁၆ မတ်လ ၂၃ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် စင်ကာပူနိုင်ငံတွင် ခြေစမ်းကစားရန် စီစဉ်ထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

“ ကျွန်တော်တို့ လက်ရွေးစင်အသင်းအတွက် အရင်စီစဉ်ထားတဲ့ Merlion Cup ပြိုင်ပွဲက ကွင်းအဆင်မပြေလို့ ပျက်သွားပါပြီ။ အခု စင်ကာပူလက်ရွေးစင်အသင်းနဲ့ ခြေစမ်းဖို့ စီစဉ်ထားပါတယ်။ ဟိုဘက် ကလည်း ကစားဖို့ ပြန်အကြောင်းပြန်ပြီးပါပြီ။ ပထမတော့ မြန်မာနိုင်ငံမှာ ကစားဖို့ ဖိတ်တာပါ။ သူတို့ဘက်က ဟိုမှာပဲ ကစားပါရစေဆိုလို့ စင်ကာပူမှာပဲ သွားကစားမှာပါ။ မတ်လ ၂၃ ရက်မှာ စင်ကာပူ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ကစားပါမယ်။ အနီးစပ်ဆုံး သဘောတူထားတာကတော့ ဒီတစ်ပွဲပဲ ရှိပါသေးတယ် ” ဟု ဦးကိုကိုသိန်းက ပြောသည်။

စင်ကာပူလက်ရွေးစင်အသင်းမှာ ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အုပ်စု(င)တွင် ဂျပန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယားအသင်းများနှင့်တစ်အုပ်စုတည်းကျရောက်နေပြီး ၇ပွဲ ကစားပြီးချိန်တွင် ၃ပွဲနိုင်၊ ၁ပွဲသရေ၊ ၃ပွဲရှုံးရလဒ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် နောက်ဆုံးတွေ့ဆုံမှုအဖြစ် ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့်၌ ၄-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်

လိပ်ကျွန်းဆန္ဒပြမှု သွေးထိုးသူများကို ရှာဖွေဖော်ထုတ်ရန် ရဲချုပ် အမိန့်ထုတ်

ထိုင်းအမျိုးသားရဲဌာနအကြီးအကဲ ချက်သစ်ချာအီဂျင်ဒါက လိပ်ကျွန်းလူသတ်မှု စီရင်ချက်နှင့် ပတ်သက်ပြီး ဆန္ဒပြမှုများဖြစ်ပွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်သူများကို ရှာဖွေဖော်ထုတ်သွားရန် တစ်နိုင်ငံလုံးက ရဲဌာနများသို့ ဒီဇင်ဘာ ၂၈ ရက်က အမိန့်ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြမှုများ နောက်ကွယ်၌ မည်သည့်အုပ်စုမျှ မရှိကြောင်း၊ စွပ်စွဲသကဲ့သို့ ဆန္ဒပြမှုများတွင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများရှိသည်ဆိုခြင်းက မည်သည့် အထောက်အထားမှ မရှိကြောင်း ပြောခဲ့သည်။ သို့သော်လည်း ထိုင်းရဲဌာနက ဆန္ဒပြမှုများသည် နိုင်ငံရေးအမြတ်ထုတ်လို၍ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများကြောင့် ပေါ်ပေါက်ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုဆဲဖြစ်သည်။

ရခိုင်အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု နည်းနေသေးဟု ရခိုင်အမျိုးသမီးများအစည်းအရုံးပြော

ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)မှ ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးတွင် ရခိုင်အမျိုးသမီးများ ပါလီမန်ထဲ၌ ပါဝင်နိုင်ရေးနှင့် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း အဆင့်ဆင့်၌ ဆုံးဖြတ်ချက်ချသည့် အဆင့်များတွင် ပါဝင်နိုင်ရေးများကို ကြိုးစားသွားမည်ဟု ဒုဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ပြောကြားသည်။

Monday, December 28, 2015

ရာမာဒီမြို့ကို အိုင်အက်စ်တို့လက်မှ အီရတ်စစ်တပ် ပြန်လည် သိမ်းယူနိုင်ရန် အလားအလာကောင်းလာ

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ သိမ်းပိုက်ထားရာ ရာမာဒီမြို့၏ မဟာဗျူဟာ အချက်အခြာ နေရာတစ်ခုကို အီရတ် စစ်တပ်က အောင်မြင်စွာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ရာမာဒီမြို့တွင် ယခင်က အစိုးရ ရုံးခွဲ ထားရှိရာ နေရာကို အပြည့်အဝ ပြန်လည် သိမ်းယူထားလိုက်ပြီဟု စစ်တပ်က ကြေညာသည်။ ယင်းနေရာနှင့် အနီးပတ်ဝန်းကျင်ကို အလုံးစုံ ထိန်းချုပ်ထားလိုက်ကြောင်း၊ ခုခံမည့် စစ်သွေးကြွများ အရိပ်အယောင် လုံးဝ မတွေ့ရကြောင်းလည်း စစ်တပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်ရှိ ပြိုကျမိုင်းတွင်းပိုင်ရှင် မိမိကိုယ်ကို အဆုံးစီရင်

တရုတ်နိုင်ငံတွင် မတော်တဆ ပြိုကျမှု ဖြစ်ပွားရာ မိုင်းတွင်းတစ်ခု၏ ပိုင်ရှင်သည် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၅ ရက်က တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းဒေသတွင် ဂျစ်ပဆမ် ဓာတ်သတ္တုမိုင်းတစ်ခု ပြိုကျခဲ့ရာ လူတစ်ဦး သေဆုံးပြီး မိုင်းတွင်းလုပ်သား လေးဦးမှာမူ အသက်ရှင်လျက် လွတ်မြောက်ခဲ့သည်။ မိုင်းတွင်းအောက်ထဲတွင် အလုပ်သမား ၁၇ ဦး ပိတ်မိနေရာ ၎င်းတို့ကို ကယ်ထုတ်နိုင်ရန် အပြင်းအထန် ကြိုးစားနေရဆဲ ဖြစ်သည်။

ထိုင်းတွင် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများအား ပြည်ဝင်ခွင့်ပိတ်ပင်သည့် သတ်မှတ်နှစ်များထုတ်ပြန်

ဗီဇာသက်တမ်းကျော် နေထိုင်သည့် ထိုင်းရောက် နိုင်ငံ ခြားသားများအနေဖြင့် ထိုင်းနိုင်ငံ အတွင်း ပြန်လည်ဝင်ရောက်ခွင့် အတွက် သက်တမ်းကျော်နေထိုင် မှုအပေါ်မူတည်၍ ပိတ်ပင်သည့် ကာလကို တစ်နှစ်မှ ၁၀ နှစ်အထိ ထိုင်းအစိုးရက သတ်မှတ်လိုက် ကြောင်း သတင်းရရှိသည်။ထိုင်းအစိုးရအနေဖြင့် ရွှေ့ ပြောင်းလုပ်သားနိုင်ငံခြားသား များ၏ ဗီဇာဖြင့် ၀င်ရောက်လုပ် ကိုင်မှုအပေါ် လုံခြုံရေးအကြောင်းပြချက်ဖြင့် အထက်ပါ သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖားကန့်မြေစာပုံပြိုသည့်ကိစ္စ နည်လမ်း(၃)ခုဖြင့် ဖြေရှင်းရန် အစိုးရ စီစဉ်နေ

ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုများကြောင့် ပြည်သူများ မကြာခန သေဆုံးခဲ့ကြရခြင်းနှင့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းတို့အပေါ် ပြည်သူလူထု၏ စိုးရိမ်ပူပန်နေမှုများအား နည်းလမ်း(၃)ခုဖြင့် ဖြေရှင်းမည်ဟု သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးက ပြောဆိုလိုက်သည်။
ဖြေရှင်းရန် စီစဉ်ထားသည့် နည်းလမ်း(၃)ခုမှာ နည်းလမ်း(၁)အနေဖြင့် လုံခင်း၊ ဖားကန့် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ခြင်း လုပ်ငန်းများကို လုံးဝ ပိတ်သိမ်းခြင်း သို့မဟုတ် နည်းလမ်း(၂) အနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းခြင်း သို့မဟုတ် နည်းလမ်း(၃) အနေဖြင့် အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းတို့ဖြစ်သည်ဟု ဒုဝန်ကြီး ဦးသန်းထွန်းအောင်က ပြောသည်။

“သူရဦးရွှေမန်း၊ ငါ မသေဘူး ရေကူးတတ်တယ်”

၂၀၁၅ ခုနှစ်ထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး လူတစ်ယောက်ကို ပြပါဆိုရင် ပြည်ထောင်စု လွှတ်တော် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ပြရမှာပဲ ဖြစ်ပါတယ်။ အခြားသူတွေနဲ့စာရင် သူ့ဘဝဟာ အတက်အကျ အလှုပ်အရမ်း အလွန်များခဲ့လို့ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလတုန်းကလည်း သူ ၀င်ရောက် အရွေးခံတဲ့ ဖြူးမြို့နယ်ဆီကို နိုင်ငံတကာ သတင်းမီဒီယာသမား အတော်များများ သွားရောက် သတင်းယူတာ တွေ့ကြရပါတယ်။ ရွေးကောက်ပွဲမှာ သူနိုင်ရင် ဘာဖြစ်မှာလဲ၊ သူရှုံးရင် ဘာဖြစ်မှာလဲ စသဖြင့် ဝေဖန်ဆွေးနွေးကြတာလဲ အလွန်များပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သူရဦးရွှေမန်းအကြောင်း ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်ပါ။

ဆန္ဒပြမှုများကြောင့် ရန်ကုန်ရှိ ထိုင်းသံရုံးက Consular Section ကို သုံးရက်ပိတ်

ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သော သတင်းအား မြင်တွေ့ရစဉ်
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် သေဒဏ် ချမှတ်ခြင်း ခံရသော မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်ခဲ့သည့်အပေါ် ဆန္ဒပြမှုများ သံရုံးပြင်ပတွင် ဆက်လက် ဖြစ်ပွားနေသဖြင့် ရန်ကုန်ရှိ ထိုင်းသံရုံးက ၎င်းတို့၏ Consular Section ကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပိတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။
လွန်ခဲ့သည့်နှစ်က ခိုထောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု၌ အပြစ်ရှိသည်ဟုဆိုကာ ထိုင်းတရားရုံးက သေဒဏ် ချမှတ်ခဲ့ခြင်းအပေါ် ဆန္ဒပြမှုများ ထိုင်းသံရုံး ပြင်ပတွင် ဖြစ်ပွားလျက် ရှိနေခြင်းနှင့် မမျှော်မှန်းနိုင်သော အကြောင်းများကြောင့် Consular Section ကိုပိတ်လိုက်ရကြောင်း ဖော်ပြခဲ့သည်။

Space X ကုမ္ပဏီ၏ ဒုံးပျံ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့

ဒီဇင်ဘာ ၂၁ ရက်က ကိတ်ကင်နာဗာရယ် စခန်းသို့ တည့်တည့်မတ်မတ် ပြန်လည် ဆင်းသက်လာနိုင်သည့် Falcon 9 ဒုံးပျံကို တွေ့ရစဉ်
ဒီဇင်ဘာ ၂၂ ရက်တွင် Space X ကုမ္ပဏီ၏ အားကောင်းလှသော Falcon 9 ဒုံးပျံသည် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ခြင်းသည် ဒုံးပျံများကို လေယာဉ်ပျံများကဲ့သို့ ပြန်လည် အသုံးပြုနိုင်သောကြောင့် ကုန်ကျစရိတ် သက်သာစေသည့်အတွက် အာကာသ ခရီးစဉ်တွင် အဓိက သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်လာသည်။
မည်းမှောင်သော ကောင်းကင်ကို နောက်ခံထားလျက် လိမ္မော်ရောင် တောက်ပသော လောင်ကျွမ်းမှုနှင့်အတူ Falcon 9 ဒုံးပျံသည် အာကာသသို့ ထွက်ခွာသွားပြီးနောက် ဖလော်ရီဒါပြည်နယ် ကိတ်ကင်နာဗာရယ် စခန်းသို့ တည့်တည့်မတ်မတ် ပြန်၍ကျလာသည်။ ယင်းသည် ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဂြိုဟ်တုများကို သယ်ဆောင်သွားပြီးနောက် မိနစ်ပိုင်း အကြာတွင် ပြန်လည် ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။

Sunday, December 27, 2015

MS Volendam သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်

ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမှ ထွက်ခွာလာသော ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘော MS Volendam သည် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာသီလဝါ ဆိပ်ကမ်းသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိလာရာ ကပ္ပတိန် နှင့် ခရီးသွားဧည့်သည်များအား ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည့် ငွေတောင်ပြည်

ကန္ဒာရဝတီတိုင်း သို့မဟုတ် ကယားပြည်နယ်သည် မြန်မာနိုင်ငံအရှေ့ဘက်တွင်တည်ရှိနေသော အဓိကပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏အလင်းရောင်ခြည်၊ လျှပ်စစ်ဓာတ်အားကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးနေသည့် ပြည်နယ် တစ်ခုလည်းဖြစ်ပါသည်။ တစ်ပြည်နယ်လုံး၏လူဦးရေသည် သုံးသိန်းနီးပါးခန့်သာရှိပြီး ကယားလူမျိုး ကိုးမျိုးနှင့် ရှမ်း၊ ဗမာစသည့် တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ကယားတိုင်းရင်းသားများသည် တောင်ယာစိုက်ပျိုးမှု လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး အေးချမ်းစွာနေထိုင်ကြသည့် လူမျိုးများဖြစ်ကြသည်။

ဘူဆန် အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်းခြင်း

ယခု ၂၀၁၅ ခုနှစ်သည် ကိုရီးယား- မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ ယခုနှစ်ပိုင်းအတွင်း အနုပညာနှင့် ပတ်သက်သည့် ကိုရီးယား- မြန်မာ ချစ်ကြည်ရေးပန်းချီပြပွဲများ ကျင်းပနိုင်ခဲ့ပြီး ပြီးခဲ့သည့်ဒီဇင်ဘာ ၇ ရက်တွင် ကိုရီးယား- မြန်မာ နှစ်နိုင်ငံ ပန်းချီအနုပညာ လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပန်းချီမင်းဝေအောင်၏ New Treasure Gallery နှင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ အနုပညာ ယဉ်ကျေးမှုအဖွဲ့ချုပ်တို့ MoU ရေးထိုးခဲ့ကြသည်။ သဘောတူ စာချုပ်လက်မှတ် ရေးထိုးခြင်းနှင့် ပတ်သက်၍ ဆက်လက်ပြုလုပ်သွားမည့် အနုပညာ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ဘူဆန် အနုပညာယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr.Song Young – Myung နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

IS ခေါင်းဆောင်က ဆော်ဒီတွင် လူထုအုံကြွမှု ပြုလုပ်ရန် တိုက်တွန်းပြီး အစ္စရေးကို တိုက်ခိုက်မည်ဟု ကတိပြု

အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (IS) ၏ သိုဝှက်စွာ နေထိုင်လေ့ရှိသော အဖွဲ့ခေါင်းဆောင် အဘူဘာကာအယ်ဘဂ္ဂဒက်ဒီသည် ဒီဇင်ဘာ ၂၆ ရက်က ထွက်လာသော အသံမိန့်ခွန်းထဲတွင် ဆော်ဒီအာရေဗျ နိုင်ငံထဲ၌ လူထုအုံကြွမှုတစ်ခု ပြုလုပ်ရန် ဆော်သြခဲ့ပြီး အစ္စရေးကို တိုက်ခိုက်မည်ဟု ကတိပြုခဲ့သည်။
၂၄ မိနစ် ကြာမြင့်သည့် ထိုအသံမိန့်ခွန်းသည် ခုနစ်လအတွင်း ဘဂ္ဂဒက်ဒီ၏ ပထမဆုံး အသံမိန့်ခွန်း ဖြစ်သည်။ ထိုခုနစ်လတာ ကာလအတွင်း IS တို့သည် အီရတ်နှင့် ဆီးရီးယားတို့တွင် ထိုးနှက်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအသံ မိန့်ခွန်းထဲတွင် ပြောကြားသူမှာ ဘဂ္ဂဒက်ဒီ ဟုတ်မဟုတ် အတည်ပြုနိုင်သည့် နည်းလမ်း မရှိသော်လည်း မိန့်ခွန်းပြောခဲ့သော အသံသည် ဘဂ္ဂဒက်ဒီ၏ ယခင်မိန့်ခွန်းများထဲမှ အသံနှင့် ဆင်တူနေသည်။ အဆိုပါ အသံမိန့်ခွန်းကို မည်သည့်အချိန်က ပြောကြားခဲ့ကြောင်း မသိရသော်လည်း မိန့်ခွန်းထဲတွင် ဒီဇင်ဘာ ၁၅ ရက်က ဆော်ဒီ ဦးဆောင်ဖွဲ့စည်းခဲ့သော နိုင်ငံပေါင်း ၃၄ နိုင်ငံ ပါဝင်သည့် IS ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့ အကြောင်းကို ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ့ အားကစားလောကထဲက ပန်းပွင့်လေးများ

မြန်မာ့အားကစားလောကမှာ ထင်ရှားကျော်ကြားတဲ့ အမျိုးသမီး အားကစားသမားတွေဟာ ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြပါတယ်။ မိမိတို့ဝါသနာပါတဲ့အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ကြ သလို ကြိုးပမ်းနေကြဆဲဖြစ်တဲ့ မြန်မာအမျိုးသမီးငယ်တွေအတွက် မြန်မာ့လူမှုအသိုင်းအ၀န်းကတော့ ဂုဏ်ယူချီး မြောက်အားပေးမှုထက် အပြစ်တင်ဝေဖန်ကြတာပိုများပါတယ်။
အမျိုးသမီးအားကစားသမားတွေအတွက်တော့ ပရိသတ်အားပေးမှုရဖို့ဆိုတာထက် ကိုယ့်မိသားစုရဲ့အားပေးမှု ကိုရဖို့တောင် မလွယ်ကူလှပါဘူး။ တစ်ချို့အားကစားမယ်တွေဆိုရင် သူတို့ဘ၀တစ်ခုလုံးကို အားကစားထဲမှာပဲ နှစ်မြှုပ်ထားပြီး အနားယူချိန်မှာ ဘ၀ရပ်တည်မှုအတွက် အခက်အခဲတွေနဲ့တောင် ရင်ဆိုင်နေရတာပါ။

မြန်မာ-ထိုင်း နယ်စပ်မြို့များ လုံခြုံရေးတိုးမြှင့်

မြန်မာလုပ်သားနှစ်ဦး အား ထိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်ခြင်းကြောင့် ဆန္ဒဖော် ထုတ်မှုများ အရှိန်မြင့်နေချိန်တွင် မြန်မာ-ထိုင်း နယ်စပ်မြို့များ၌ လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
လိပ်ကျွန်းလူသတ်မှုအ တွက် မြန်မာနိုင်ငံသား ဇော်လင်း နှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးက သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်ထားခြင်းသည် တရားမျှတမှုမရှိဟု မြန်မာနိုင်ငံသားများက ယုံကြည်နေပြီး မြန်မာ-ထိုင်း နယ်စပ်မြို့များအပြင် မြို့ကြီးများ၌ ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်နေသည်။

ရိုးရာမပျက်တဲ့ ပုသိမ်ထီး

မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ ခရီးတစ်ခု ထွက်အပြီး နေရပ်အပြန်တွင် အိမ်ပြန်လက်ဆောင်ဆိုသည့် လက်ဆောင် ပစ္စည်းများကို ၀ယ်ယူသွားလေ့ရှိသည်မှာ ဓလေ့တစ်ခု ဖြစ်သည်။ မြန်မာပြည်၏ နေရပ်ဒေသ အသီးသီးတွင် ဒေသထွက် ရိုးရာအစားအစာများ လက်ဆောင် ပစ္စည်းများက နေရာတစ်ခုနှင့်တစ်ခု မတူကွဲပြားစွာ ရှိတတ်ကြသည်။
ဧရာဝတီတိုင်း ဒေသကြီး၏ ပုသိမ်မြို့ကို လာရောက် လည်ပတ်သည့် ခရီးသွားတိုင်း အမှတ်တရ အိမ်ပြန်လက်ဆောင်ဟုဆိုသည်နှင့် မလွှဲမသေ မြင်ယောင်ကြသည်မှာ ပုသိမ်ဟာလ၀ါနှင့် ပုသိမ်ထီးသာ ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် NCA လက်မှတ်မထိုးသော ၁၀ ဖွဲ့ပါ ဖိတ်ကြားမည်

NCA ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို နိုင်ငံတော်သမ္မတအား ပေးအပ်သည့်အခမ်းအနားတွင် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ပါတီများမှ တာဝန်ရှိသူများကို လိုက်လံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - MPC)
မကြာမီ စတင်ကျင်းပ ရန် အစိုးရက ပြင်ဆင်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် လေ့ လာသူ အထူးဧည့်သည်များအ ဖြစ် တက်ရောက်ရန် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကိုလည်းဖိတ်ကြားသွားမည်ဖြစ်ကြောင်း MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

ကန်ဒေါ်လာနှစ်သန်းကျော် ကုန်ကျမည့် ရန်ကုန်ဘောလုံးအကယ်ဒမီ ဒီဇင်ဘာနောက်ဆုံးပတ်၌ တည်ဆောက်မည်

လူငယ်မျိုးဆက်သစ် ဘောလုံးသမားများမွေးထုတ်ပေး ရန် ရည်ရွယ်သည့် မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) နှစ်ထပ်အဆောက်အအုံကို ဒီဇင်ဘာနောက်ဆုံးပတ်တွင် စတင်တည်ဆောက် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မြက်ခင်းတု လေ့ကျင့်ရေး ကွင်းများ အပါအ၀င် စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ကုန်ကျမည့် ရန်ကုန်ဘောလုံးအကယ်ဒမီအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ)မှ Gola Project-5 အစီအစဉ်ဖြင့် ကန်ဒေါ်လာငါးသိန်းပံ့ပိုးထားပြီး ကျန်ကုန်ကျစရိတ် ကန်ဒေါ်လာ နှစ်သန်းခန့်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တည် ထောင်ထားသည့် ဧရာဝတီဖောင် ဒေးရှင်းက ပံ့ပိုးလှူဒါန်းငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။

နှစ်သစ်ကူးကာလတွင် ဥရောပမြို့ကြီးများ တိုက်ခိုက်ခံရနိုင်ဖွယ်ရှိဟု သြစတြီးယားရဲတပ်ဖွဲ့ ပြောကြား

နှစ်သစ်ကူးမတိုင်မီတွင် ဥရောပမြို့ကြီးများ၌ ပစ်ခတ်မှုနှင့် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်နိုင်ခြေရှိသည်ဟု ထောက်လှမ်းရေးဌာနတစ်ခုက သတိပေးထားကြောင်း သြစတြီးယား ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၆ရက်နေ့က ပြောကြားခဲ့သောကြောင့် ဥရောပတစ်လွှားရှိ ရဲတပ်ဖွဲ့များက လုံခြုံရေးကို တိုးမြှင့်ထားခဲ့ကြသည်။
ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်သူတွေရဲ့ အမည်စာရင်းကို ဖော်ထုတ်ပြီး စစ်ဆေးနေပါတယ်။ ဒီစစ်ဆေးချက်တွေအပေါ် အခြေခံပြီး စုံစမ်းနေပေမယ့်လည်း အခုအချိန်အထိတော့ ခိုင်လုံတဲ့ ရလဒ်တွေ ထွက်မလာသေးပါဘူးဟု ဗီယင်နာ ရဲတပ်ဖွဲ့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ယခုကြေညာချက်မှာ အနည်းဆုံး လူပေါင်း ၁၃၀သေဆုံးခဲ့ရသည့် ပါရီတိုက်ခိုက်မှုများအပြီး ရက်သတ္တ၆ပတ်အကြာတွင် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။