Thursday, May 30, 2013

ဆေးလိပ်ဖြတ်ရန်နည်းလမ်း

ဆေးလိပ်ဖြတ်ရန်နည်းလမ်း
================

(၁) ရေအေးလေး တစ်ကျိုက်စီငုံ

သေးသေးဖွဲဖွဲလေးတွေ စား ဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိ ချက်အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်းစိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့အလွမ်းကို လျော့စေတယ်။ အစားတော့ ရွေး နော်။ တော်ကြာနေ ဝလာဦးမယ်။

(၂) ကောင်းကျိုးစဉ်းစား

စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို စဉ်းစားပါ။ ကိုယ့်စိတ်ကိုယ် နိုင်ခြင်း၊ ငွေကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်း။

(၃) သွားခဏခဏတိုက်

ခံတွင်းနံ့လေး ကောင်းလာတတ် တဲ့ ကောင်းကျိုးရရှိဖို့ ဖြစ်တယ်။ ခံတွင်းရနံ့လေးကို ချစ်ပါ။

(၄) အယ်လ်ကိုဟော ရှောင်

အယ်လ်ကိုဟောသည် ဆေးလိပ်၊ စီးကရက် သောက်လိုစိတ်ကို အားပေးတယ်။ အကြောင်းပြ ချက်များစွာရှိနေ ပါတယ်။ အယ်လ်ကိုဟောသည် လုပ်ချင်ရာ လုပ်မိအောင် အားပေးတတ် တာကလည်း တစ်ကြောင်းပေါ့။

(၅) မိမိကိုယ်မိမိ ဆေးလိပ်၊ စီးကရက် ကန့်သတ်နယ်မြေသတ်မှတ်

လူရှေ့သူရှေ့ မသောက်တာ၊ အလုပ်ထဲမှာ မသောက်တာ၊ လူကြီး သူမတွေရှိရင် မသောက်တာမျိုး။

(၆) အကြောင်းပြချက် သတိရ

ကိုယ်ဘာကြောင့် ဒါတွေ ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းပြချက် ကိုယ်စီရှိကြမှာပါ။ အဲဒါလေးကို မပြတ်သတိရ။

(၇) နေ့စဉ် တက်ကြွလန်းဆန်း

နေ့စဉ် လှုပ်ရှားတက်ကြွလန်းဆန်း လတ်ဆတ်ခြင်းကလည်း ဟိုဟာမလုပ်ရ မနေနိုင်၊ ဒီဟာမလုပ်ရ မနေနိုင် ဆိုတာတွေကို ဟန့်တားနိုင်တယ်။

(၈) ပြက္ခဒိန်မှာ မှတ်

ဒီနေ့တစ်လိပ်မှ မသောက်ဖြစ်ရင် အဲဒီရက်ကလေးကို ပြက္ခဒိန်မှာ မှတ်လိုက်။ ရက်တွေ တိုးပွားလာစိတ် ဖြစ်လာလိမ့်မယ်။

(၉) ပါးစပ်ထဲ တစ်ခုခုထည့်ထား

ပီကေ၊ မြေပဲ၊ နေကြစေ့ စသည်

(၁၀) အပေါင်းအသင်းလိုတယ်

ယခင်က ဆေးလိပ်၊ စီးကရက် သောက်ခဲ့ပြီး ယခုအောင်မြင်စွာ ဖြတ်ထားနိုင်ပြီးသော အပေါင်းအသင်း တစ်ယောက်ရှာပါ။

(၁၁) ကဖိန်းကန့်သတ်

ကော်ဖီ၊ လက်ဖက်ရည်ကို ဆိုလိုတယ်။ ကော်ဖီ၊ လက်ဖက်ရည်သည် နံနက်ပိုင်းမှာ လန်းဆန်းစေတာ မှန်ပါတယ်။သို့သော် စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေတယ်။ ဒီအတွက် ကန့်သတ်လျှော့ချ ရလိမ့်မယ်။ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ဖြစ်မယ်။

(၁၂) မကောင်းတဲ့ အနောက်တွေကိုသတိပြု

စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ရှုမှတ်ပါ။ အဲဒီ မကောင်းစိတ်တွေက ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေတယ်။

(၁၃) မကောင်းကျင့် အပေါင်းအသင်း ကိုရှောင်

ဘယ်သူတွေနဲ့ဆုံရင် ပြန်သောက် မိသလဲ။ အဲဒီလူတွေကို ရှောင်ပါ။

(၁၄) စိတ်ရှည်ပါ...ပြေးလမ်းပေါ်မှာ

၁၄ ရက်ကြာ ပြတ်နိုင်ရင် ဒါ ပြေးလမ်းပေါ်ရောက်ပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို.လိုတယ်။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းသည် ကြားမှာ ပါးလွှာ လွန်းလှတယ်။ “တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ပါ။
 အောင်နိုင်မည်...မုချ။
ကိုးကား
ကျန်းမာရေး ဂျာနယ်
(၁) ရေအေးလေး တစ်ကျိုက်စီငုံ

သေးသေးဖွဲဖွဲလေးတွေ စားဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိချက် အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်း

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ၇ ချက်

Photo: အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ၇ ချက်
Thursday, May 30, 2013

၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။

၂-နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

၃-နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

၎-နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

၅-တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

၆-လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

၇-နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူညီသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိုနှိုင်းဆောင်ရွက်သွားရန် သဘောတူညီသည်။

ဧရာဝတီ
၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူ သည်။

ကေအိုင်အိုနှင့် အစိုးရ အချက် ၇ ချက်သ ဘောတူ

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရအြကား နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်ရေး အပါအ၀င် အချက် ၇ ချက်ကို မေ ၃၀ရက်ညေနပိုင်းမှာ သေဘာတူလက်မှတ်ထိုး လိုက်နိုင်ပြီလို့ မြစ်ကြီးနားမြို့မှာ အဲဒီဆွေးနွေးပွဲကိုတက်နေတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှေမာင်ရွှေက ဒီဗွီဘီကို လက်မှတ်ထိုးနေချိန် မေးမြန်းရာမှာ ဖြေဆိုပါတယ်။

(KIO)နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်(၇) ချက် လက်မှတ်ရေးထိုးရန် သဘောတူညီမှူ့ရရှိ

Photo: (KIO)နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်(၇) ချက် 
လက်မှတ်ရေးထိုးရန် သဘောတူညီမှူ့ရရှိ

မေ-၃၀

ယနေ့ကျင်းပတဲ့မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲ တတိယရက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး
 ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)အကြား ငြိမ်းချမ်းရေးသဘောတူညီချက်(၇) ချက်ကို လက်မှတ်ရေးထိုးရန်သဘောတူညီမှူ့ရရှိကြောင်း U Ye Htut
ဖေ့ဘွတ်တွင်ဖော်ပြထားသည်။
ယနေ့ကျင်းပတဲ့မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲ တတိယရက်မှာ ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) အကြား ငြိမ်းချမ်းရေး သဘောတူညီချက်(၇) ချက်ကို လက်မှတ်ရေးထိုးရန်သဘောတူညီမှူ့ရရှိကြောင်း U Ye Htutဖေ့ဘွတ် တွင်ဖော်ပြထားသည်။

မေလ ၃၀ ရက်၊ လားရှိုးမြို့ အခြေအနေ


Photo: မေလ ၃၀ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။ လားရှိုးမြို့မဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီပိတ်ထားခဲ့သည်။

သို့ရာတွင် နံနက် ၈ နာရီ အချိန်ခန့်တွင် နယ်မြေ ၁၇၊ ရပ်ကွက်(၇)၌ ၂၀ ဦးခန့်ရှိသော လူတစ်စုက မွတ်ဆလင်တစ်ဦး ပိုင်ဆိုင်သော အိမ်တစ်လုံးကို ဖျက်စီးမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သော လူ ၁၅ ဦးခန့်ကို သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
မေလ ၃၀ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး လုံခြုံရေးကို ပိုမို တင်းကြပ် စွာ ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။ လားရှိုးမြို့မဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီ ပိတ် ထားခဲ့သည်။

အ၀ါရောင်အဆင့်ရှိ မုန်တိုင်းငယ်ဖြစ်ပေါ်

မေလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော် မြောက် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကီပူပါရာမြို့၏ အနောက်တောင်ဘက် မိုင် ၅ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၏ အရှေ့တောင်ဘက် မိုင် ၉ဝ ခန့်၊ မြန်မာနိုင်ငံ မောင်တော

တပ်မတော်နှင့် ကေအိုင်အေ တပ်နေရာချထားရေး ညှိနှိုင်းမှု အောင်မြင်

တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ နှစ်ပြည့်တော့မည် ဖြစ်သော တပ်မတော်နှင့် ကေအိုင်အေ တို့ မြစ်ကြီးနား မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးကိစ္စများ ညှိနှိုင်းမှု အဆင်ပြေ

ဘင်္ဂါလီသားဖွားနှုန်း ထိန်းချုပ်မှုသည် လုံခြုံရေးအတွက်ဖြစ်

လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည့် ရခိုင်ပြည် နယ် မောင်တော ခရိုင်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ ယူခွင့်ရှိသည် ဟူသည့် ဒေသန္တရ အမိန့်မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း မဟုတ်ဘဲ လုံခြုံရေးအတွက် လုပ်ဆောင် ရခြင်း

တပ်မတော်နှင့် ကေအိုင်အေ တပ်နေရာချထားရေး ညှိနှိုင်းမှုအောင်မြင်


တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ နှစ် ပြည့်တော့မည်ဖြစ်သော တပ်မတော်နှင့် ကေအိုင်အေတို့ မြစ်ကြီးနား မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်နေရာချထားရေးကိစ္စများ ညှိနှိုင်းမှု အဆင် ပြေသွားပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မှီ ရခိုင် အမျိုးသား ပါတီကြီး တစ်ရပ်ပေါ်ပေါက်ရေး RNDP မျှော်မှန်း

Photo: ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မှီ ရခိုင် အမျိုးသား ပါတီကြီး တစ်ရပ်ပေါ်ပေါက်ရေး RNDP မျှော်မှန်း
Thursday, May 30, 2013

၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မီ ညီညွှတ်တဲ့ ရခိုင်အမျိုးသား ပါတီကြီး တစ်ခု ပေါ်ပေါက်ရေး အတွက် ပါတီနဲ့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောဆိုလိုက်ပါတယ်။

မေလ ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ (၃) ရက်ကြာ အမ်းမြို့မှာ  ပြုလုပ်ခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေး အပြီးမှာ ရခိုင်ပြည်သူတွေ အထူး လိုလားနေတဲ့ ALD နဲ့ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး သဘောထားကို နိရဉ္စရာက မေးမြန်းစဉ် ဒေါက်တာအေးမောင်က ခုလို ဖွင့်ဟ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ရဲ့ မေ ၂၇၊ ၂၈၊ ၂၉ ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဒီဗဟိုကော်မီတီ အစည်းအဝေး မှာလည်း အဓိကတော့ လာမယ့် ၂၀၁၅ မှာ ဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ရခိုင်ပြည်သူလူထု ယုံကြည် အားကိုးလောက်တဲ့ အမျိုးသား ပါကြီး တစ်ရပ် ဖြစ်ဖို့အရေးဟာ အရေးကြီးကြောင်းကို အားလုံး သဘောတူကြပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ရဲ့ အမျိုးသား ညီညွှတ်ရေး ဦးတည်ချက် အရဆိုရင် မိမိရဲ့ ကိုယ်ကျိုး၊ မိမိရဲ့ ပါတီ အကျိုးထက် မိမိတို့ရဲ့ တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ အကျိုးက အင်မတန်  အရေးကြီးတယ်လို့ ခံယူထားပါတယ်။”

ဒီလို ခံယူချက်တွေကြောင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နဲ့  ပေါင်းစည်းရေးကို ဆောင်ရွက်နိုင်ရေး အတွက် ဦးဦးသာထွန်း ဦးဆောင်သော (၅) ဦးပါ ကော်မီတီ တစ်ရပ်ကို ဒီအစည်းအဝေးကနေ ဖွဲ့စည်းခဲ့တယ်လို့ ဒေါက်တာာအေးမောင်က ပြောပါတယ်။

“ ကျွန်တော်တို့ဘက်ကနော်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စောင့်ဆိုင်းနေတဲ့ ကာလ အပေါ်မှာ ပိုပြီး အဆင်ပြေသွားအောင် လာမယ့် ဇွန်လ ၁၅ ရက်နေ့ မှာ ကျွန်တော်တို့ဘက်က ဘယ်နေရာ၊ ဘယ်အချိန်ပေါ့နော်၊ ဘယ်လို ဆွေးနွေးကြမယ်။ တတိယ ပါတီ အင်အားစု တစ်ခုရဲ့ ရှေ့မှောက်မှာ ပေါ့နော်၊ တတိယ (Third) ပါတီ ဆိုတာကတော့ သံဃာတော်တွေ ဖြစ်ချင် ဖြစ်မယ်။ အများ ယုံကြည်တဲ့ ရခိုင်စာပေနဲ့ ယဉ်ကျေမူ ကော်မီတီတွေ ဖြစ်ချင် ဖြစ်မယ်။ ရခိုင်သဟာယ အသင်း ဖြစ်ချင် ဖြစ်မယ်။ အဲဒါမျိုးတွေရဲ့  ရှေ့မှောက်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  ရခိုင်လူထုရဲ့ လိုလားချက်အရ စဖိတ်ခေါ်တဲ့ ကျေညာချက် တစ်ခုကို ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်မှာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲ စတင်နိုင်ရေး အတွက် ကြားကာလ ပြင်ဆင်ရေး စတဲ့ ကော်မီတီလေးတွေကိုလည်း ဖွဲ့စည်းထားပြီး အဲဒီကော်မီက ALD ကို စာပေးတာတို့၊ တွေ့ဆုံ ညှိနိုင်းတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

RNDP ဗဟိုကော်မီ နှစ်ပတ်လည် အစည်းအဝေး အတွင်းမှာ အမျိုးသား ညီညွှတ်ရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ အပြင်  ရွှေးကောက်ပွဲ RP စနစ်နဲ့ ပတ်သက်ပြီး ပါတီ သဘောထား၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ လက်ရှိ အနေအထား အပေါ်မှာ သဘောထား၊ မဒေးကျွန်းပေါ်မှာရှိတဲ့ ရခိုင်အမျိုးသားတွေနဲ့ ပတ်သက်တဲ့ သဘောထား၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ သဘောထား၊ ဧည့်နိုင်ငံသား ကဒ် ကိုင်ဆောင်ထားတဲ့ နိုင်ငံသား မဟုတ်တဲ့ သူတွေ လွှတ်တော် အဆင့်ဆင့်မှာ ပါဝင်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ချမှတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

narinjara
၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မီ ညီညွှတ်တဲ့ ရခိုင်အမျိုးသား ပါတီကြီး တစ်ခု ပေါ်ပေါက်ရေး အတွက် ပါတီနဲ့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောဆိုလိုက်ပါတယ်။

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း
=======================
အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။
ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။

လေ့ကျင့်ခန်း (၁)

ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

(A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။

(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင် အနေအထားသို့ ရောက်အောင် ဆွဲယူပါ။

တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Read More===> http://myawady.com.mm/health/preventing/item/15315-2013-05-30-09-51-23

Ref: Myawady health
အားကစားအတွက် အချိန်မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။

တည်ငြိမ် အေးချမ်းမှု ရရန် မလွယ်ကူ နိုင်တော့သော အီရတ်နိုင်ငံ

Photo: တည်ငြိမ် အေးချမ်းမှု ရရန် မလွယ်ကူ နိုင်တော့သော အီရတ်နိုင်ငံ
Thursday, May 30, 2013

အီရတ် နိုင်ငံတွင် ဆဒမ်ဟူစိန် အုပ်ချုပ် ခဲ့စဉ်က လူနည်းစု ဆွန်နီ မွတ်စလင် တို့က အုပ်ချုပ်သူများ ဖြစ်၍ လူများစု ရှီးယိုက်တို့က အုပ်ချုပ်ခံ လူတန်းစား ဖြစ်ခဲ့သည်။

အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့များက ဆဒမ်ဟူစိန်သည် လူအစုလိုက် အပြုံလိုက် သေစေနိုင်သော WMD လက်နက်များ ပိုင်ဆိုင်ထားသည် ဟူသော အကြောင်း ပြချက်ဖြင့် အီရတ်ကို Air Land Battle Doctrine ကျင့်သုံး၍ ၀င်ရောက် တိုက်ခိုက်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချကာ အစိုးရသစ် တစ်ရပ်ကို တင်ပေးခဲ့သည်။

ထိုအချိန်တွင် ဆဒမ်ဟူစိန် လက်ထက်က အုပ်ချုပ်ခံ ဖြစ်သော ရှီးယိုက်တို့သည် အုပ်ချုပ် သူများ ဖြစ်လာကြပြီး ဆွန်နီတို့က အုပ်ချုပ်ခံများ ဘ၀သို့ ရောက်ရှိ သွားခဲ့သည်။ အီရတ် အစိုးရ အဖွဲ့ကို ရှီးယိုက် ဘာသာဝင် နူရီအယ်လ်- မာလိကီက ၀န်ကြီးချုပ် အဖြစ် ခေါင်းဆောင်၍ ဖွဲ့စည်း နိုင်ခဲ့သည်။ ဆွန်နီ မျိုးနွယ်ဝင် တစ်ဦးဖြစ်သော တရစ်အယ်လ်-ဟာရှာမီက ဒုတိယ သမ္မတ နေရာယူ၍ အခြား ရှီးယိုက် မျိုးနွယ်ဝင် ကဒ်လူမျိုးက သမ္မတ ဖြစ်လာခဲ့ပြီး ဆွန်နီ မွတ်စလင် တစ်ဦးက လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသည်။

ယင်းလူ့အဖွဲ့ အစည်း တစ်ခုအတွက် အထက်နှင့် အောက်က ပြောင်းပြန် ဖြစ်သွားသော အခါ လုပ်ပိုင်ခွင့် အာဏာ မရှိတော့သော ဆွန်နီတို့က ရှီးယိုက်တို့ အပေါ် ကျေနပ်မှု မရှိတော့ချေ။ ရှီးယိုက်တို့ နေထိုင်ရာ ရပ်ကွက်များနှင့် အစိုးရ ဌာနများ အနီးတွင် ဗုံးပေါက်ကွဲ မှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး လူအသေ အပျောက်များလာသည်။ ထိုအခါ ရှီးယိုက်တို့က ဆွန်နီတို့ လက်ချက်ဟု စွပ်စွဲလာသည်။ နောက်ဆုံး ရှီးယိုက် ၀န်ကြီးချုပ်က ဆွန်နီ ဒုတိယ သမ္မတကို ဗုံး ပေါက်ကွဲမှုများ အတွက် ဖမ်းဝရမ်း ထုတ်သဖြင့် ဆွန်နီ အများစုက တူရကီ နိုင်ငံသို့ ထွက်ပြေးရသည် အထိ ဖြစ်သွားခဲ့သည်။ ထိုအခါမှ စ၍ ရှီးယိုက်နှင့် ဆွန်နီတို့ အကြား မပြေမလည် အပြန်အလှန် လုပ်ကြံ သတ်ဖြတ် မှုများ ဖြစ်လာတော့သည်။ အစိုးရ အဖွဲ့ အနေဖြင့် ဂိုဏ်းဂဏ ပြဿနာကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစား လာခဲ့ရသည်။

ဆွန်နီ ဘာသာဝင် အများစု နေထိုင်သည့် ပြည်နယ်များတွင် အစိုးရ အပေါ် ဆန့်ကျင် ဆန္ဒပြမှု များသည် ပြီးခဲ့သော ငါးလ၊ ခြောက်လခန့်တွင် ပိုမိုများပြား လာခဲ့ကြောင်း တွေ့ရသည်။ ဤဖြစ်စဉ် များသည် အမေရိကန်တို့ ဆယ်စုနှစ်နှင့် ချီ၍ အီရတ် နိုင်ငံကို သိမ်းပိုက် ထားခြင်း၏ မှားယွင်းမှု အကျိုးဆက်ဟု ပြောရမည် ဖြစ်သည်။

တစ်ဖန် အုပ်ချုပ်သော အစိုးရက ဆန္ဒပြ လှုပ်ရှားမှု များကို ဆဒမ်ဟူစိန်လက် ထက်က ယခင် ဘာ့သ်ပါတီ ဟောင်းတို့၏ လက်ချက်နှင့် အယ်လ်ကိုင်ဒါတို့ လက်ချက်ဟူ၍ စာတမ်းထိုး ခေါင်းစဉ် တပ်ပေးသည်။ အမေရိကန် တပ်များရှိစဉ် ကတည်းက အသုံး ချခဲ့သည့် လျှို့ဝှက် သတင်းပေး ဆိုသူများကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ဘာ့သ် ပါတီဝင် ဟောင်းများအား လူထု လှုပ်ရှားမှု များတွင် မပါဝင် နိုင်စေရန် စီမံထားသည်။

ဧပြီ ၂၃ ရက်က ဟာဝီဂျာတွင် သပိတ်စခန်း ဖွင့်၍ ငြိမ်းချမ်းစွာ ဆန္ဒ ပြနေသော ဆွန်နီ မွတ်စလင် တို့ကို အစိုးရ၏ လုံခြုံရေး တပ်ဖွဲ့တို့က ၀င်ရောက် ချေမှုန်းခဲ့ရာ လူပေါင်း ၂၅၀ ခန့် သေဆုံးသွားခဲ့ ရသည်ဟု ဆိုသည်။

ဆွန်နီ မွတ်စလင် တို့၏ အချက်အချာ ဖြစ်သည့် အန်ဘာ ပြည်နယ်တွင် တိုင်းရင်းသား တပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည် အထိ ဖြစ်ခဲ့ရာ အီရတ်နိုင်ငံ အတွင်းရှိ အယ်လ်ကိုင်ဒါ ကဲ့သို့ ဂျီဟတ် ၀ါဒီများ အများအပြား ပါဝင် ခဲ့သည်ဟု ကြားရ၍ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ရှိကြောင်းကို ပြသလိုက်ခြင်း ဖြစ်သည်။

ရာမာဒီ၌လည်း ဆန္ဒပြ ခေါင်းဆောင်များ၏ နေအိမ်များကို အစိုးရ တပ်များက ၀င်ရောက် စီးနင်းခြင်းများ၊ ရှာဖွေ ဖမ်းဆီးခြင်းများ ပြုလုပ် ခဲ့ကြသည်။

ဟာဝီဂျာ ကိစ္စမှာ အလွန် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်သောကြောင့် ပါလီမန်မှ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့၍ အဖြစ်အမှန်ကို ဖော်ထုတ် သွားမည်ဟု သိရသည်။ သေဆုံးသူ အချို့မှာ လက်တွင် ကြိုးတုပ်ထားလျက် သေဆုံးနေပြီး၊ အချို့မှာ နောက်ကျောဘက်မှ သေနတ်ဖြင့် ပစ်သတ်ထား ခံရကြောင်း တွေ့ရသည်။ ဆိုလို သည်မှာ ၎င်းတို့အား ဖမ်းဆီး စစ်ဆေးပြီးနောက် ကွပ်မျက်ပစ်သည့် ပုံစံမျိုး ဖြစ်နေကြောင်း တွေ့ရသည်။ ဤဖြစ်ရပ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အမေရိကန် တပ်များ ပြန်လည် ရုပ်သိမ်းသွားသည့် နောက်ပိုင်း အီရတ် နိုင်ငံ၏ တည်ငြိမ်မှုကို အဆိုးရွားဆုံး ခြိမ်းခြောက်ခဲ့သော ဖြစ်စဉ်ဖြစ်သည်။

အဆိုပါ ဟာဝီဂျာ သပိတ်စခန်း အနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ မှုကြောင့် သပိတ်စခန်း အတွင်း လက်နက်များ ရှိ၊ မရှိ ၀င်ရောက် စစ်ဆေးရန်နှင့် ရွက်ဖျင် တဲများကို ဖျက်ပစ်ရန် အတွက်သာ ရည်ရွယ်သော်လည်း လုံခြုံရေး တပ်ဖွဲ့ကို သပိတ် စခန်းမှ စတင်ပစ်ခတ် မှုကြောင့် ယခုကဲ့သို့ အခြေအနေ ဖြစ်သွားရကြောင်း အစိုးရက ပြောကြား ခဲ့သည်။

အစိုးရ အဆိုအရ သပိတ် စခန်းတွင် သောင်းကျန်းသူ များနှင့် အစွန်းရောက် သမားများသာ ကျန်ရှိသဖြင့် သေဆုံး သူ ၂၃ ဦးတွင် အယ်လ်ကိုင်ဒါ အဖွဲ့ဝင် များနှင့် ဘာ့သ်ပါတီဝင် ဟောင်းများ ပါဝင်သည်ကို တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤအချက်ကို ထောက်ရှု၍ အီရတ် နိုင်ငံသည် တည်ငြိမ် အေးချမ်းမှုကို ရရှိရန် မလွယ်ကူ ကြောင်းနှင့် ရှီးယိုက်-ဆွန်နီ အကြား အပြန်အလှန် တိုက်ခိုက်ကြသော ပြည်တွင်းစစ်သို့ ဦးတည် နေသည်ဟု ဆိုရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။

မြ၀တီ
အီရတ် နိုင်ငံတွင် ဆဒမ်ဟူစိန် အုပ်ချုပ်ခဲ့စဉ်က လူနည်းစု ဆွန်နီမွတ်စလင်တို့က အုပ်ချုပ်သူများ ဖြစ်၍ လူများစု ရှီးယိုက်တို့က အုပ်ချုပ်ခံ လူတန်းစား ဖြစ်ခဲ့သည်။

“နယူးယော့ခ်မြို့မှ ထာဝရမီးတောက်တည်ရှိမှု ပဟေဋ္ဌိဖြစ်နေဆဲ”

Photo: “နယူးယော့ခ်မြို့မှ ထာဝရမီးတောက်တည်ရှိမှု ပဟေဋ္ဌိဖြစ်နေဆဲ”

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် တည်ရှိနေသည့် လူသိများသော ထာဝရမီးတောက်နှင့် ပတ်သက်သည့် ဖြစ်တည်မှုကို သုတေသီများ အဖြေမထုတ်နိုင်ဘဲ ခေါင်းစားနေကြောင်း သိရှိရသည်။ ရေတံခွန်ငယ် တစ်ခုအောက်တွင် တောက်လောင်နေပြီး ငြိမ်းသွားခြင်း မရှိသော မီးတောက်ငယ်သည် နယူးယော့ခ်တွင် အမှတ်တရ နေရာလေး တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံထားရသည်။ 

ကမ္ဘာပေါ်တွင် မီးမငြိမ်းဘဲ တောက်လောင်နေသည့် မီးတောက်အများအပြား ရှိနေသော်လည်း ယင်းတို့အနက် အများစုကို လူများက ဖန်တီးကာ မီးမငြိမ်းအောင် လောင်စာ ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။ အဓိကအားဖြင့် လူပုဂ္ဂိုလ် တစ်ဦးဦးကို ဂုဏ်ပြုသည့် အခြေအနေမျိုးတွင် မသေသော မီးတောက်များကို ဖန်တီးလေ့ ရှိသည်။ သို့သော်လည်း ချက်စတန့်ရစ်ဂ်ျကောင်တီ ဥယျာဉ်အတွင်းမှ မီးတောက်လေးမှာ ထူးခြားလျှက် ရှိသည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21647
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် တည်ရှိနေသည့် လူသိများသော ထာဝရမီးတောက်နှင့် ပတ်သက် သည့် ဖြစ်တည်မှုကို သုတေသီများ အဖြေမထုတ်နိုင်ဘဲ ခေါင်းစားနေကြောင်း သိရှိရသည်။ ရေတံခွန်ငယ်

အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

Photo: အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

International က မုန်တိုင်း အဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်းဝင်တော့မယ် ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ မိုးလေဝသဌာနက ထုတ်ပြန်တာပဲ ကျနော်တို့ မှတ်တမ်း တင်ဖို့ ရပါတယ်ဗျာ။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအား လေဖိအားနည်းရပ်ဝန်း (94B) ဖြတ်ကျော်ဝင်ရောက်မည့် သတိပေးချက် ထုတ်ပြန်ခြင်း

လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး အိန္ဒိယနိုင်ငံ စံတော်ချိန် ည ၇ နာရီမှ ၈ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီမှ ၉ နာရီ) တွင် ကမ်းခြေကို စတင်၍ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း၊

 လေဖိအားနည်းရပ်ဝန်း၏ ဗဟိုသည် 2030 IST (မြန်မာစံတော်ချိန် ည ၉ နာရီခွဲ)တွင် Canning မြို့ အနီးမှ ဖြတ်ကျော်မည်ဖြစ်ကြောင်း၊ အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊

 နောက် ၃၆ နာရီအထိ အနောက်ဘင်္ဂလားပြည်နယ်တွင် မိုးသည်းထန်ရာမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်မည်ဖြစ်ပြီး၊ အဆိုပါဒေသများတွင် ကီလိုမီတာ ၆ဝ နှုန်းအထိ လေပြင်းတိုက်ခတ်ခြင်းရှိမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ချက်အမှတ် Bulletin No.: BOB 02/2013/05 ဖြင့် ထုတ်ပြန်ထားပါသည်။

ဒီနေ့ည ပါ - Bulletin မူရင်း PDF လင့်ပါ http://www.imd.gov.in/section/nhac/dynamic/cwind.pdf

Posted From mmweather Page
International က မုန်တိုင်းအဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်း ဝင်တော့မယ်ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ မိုးလေဝသဌာနက ထုတ်ပြန်တာပဲ ကျနော်တို့ မှတ်တမ်း တင်ဖို့ ရပါတယ်ဗျာ။

တပ်မတော် အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား

Photo: တပ်မတော် အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား
Thursday, May 30, 2013

ခေတ်စနစ် ပြောင်းသွားသည်နှင့်အညီ တပ်မတော်အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက မေ ၂၉ ရက်တွင် ပြောကြားလိုက်ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIO နှင့် ဆွေးနွေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထူးအာဏာကုန် လွှဲအပ်ပေးထားသူဖြစ်ပြီး မေ ၂၉ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၌ ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်ပြောချင်တာက လူထုရဲ့အသံ၊ ဒီကနေ့ ခေတ်ပြောင်းသွားတယ်။ စနစ် ပြောင်းသွားတယ်။ လူထုအသံ အရေးကြီးတယ်။ အခြေအနေတွေ ပြောင်းသွားတယ်။ ကျွန်တော်တို့လည်း တပ်ဆိုပြီးတော့  ကျွန်တော်တို့လည်း လုပ်ချင်ရာ လုပ်လို့မရပါဘူး။ အနေအထားတွေက အများကြီး ပြောင်းသွားပြီ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ထို့အပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို ရှင်းလင်းပြောကြားရာ၌ ဒီမိုကရေစီ လမ်းကြောင်းလျှောက်လှမ်းရာ၌ အများဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ထပ်မံပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့က ကျွန်တော်တို့ ပြောတာပဲ လုပ်ရမယ် ဆိုတာမျိုး ဒီကနေ့ခေတ်မှာ မရှိတော့ပါဘူး။ ဒီနေ့ ဒီမိုကရေစီ လမ်းကြောင်းမှာ အများဆန္ဒ၊ အများရဲ့ ဆန္ဒကို လိုက်ပါပြီး လုပ်တဲ့အခါ တပ်မတော်လည်း ဒီအတိုင်းပါပဲ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရန် တပ်မတော်က လိုလားပြီး ငြိမ်းချမ်းရေး ရရှိရန် အစွမ်းကုန် ကြိုးစားနေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။

"ကျွန်တော်တို့လည်း ငြိမ်းချမ်းချင်ပြီ။ ကချင်ပြည်နယ်ကြီးကို ငြိမ်းချမ်းချင်ပြီဗျာ။ ဒီလိုငြိမ်းချမ်းဖို့ အေးချမ်းဖို့ဆိုရင် ကျွန်တော်တို့ တပ်ချည်းပဲ တာဝန်ရှိသလား။ ဘယ်သူတွေကရော တာဝန်ရှိသလဲ။ တာဝန်ရှိတဲ့ လူမှန်သမျှ ၀ိုင်းကူရမယ်။ လိုပါတယ်။ အင်အားတွေ လိုပါတယ်။ ကျွန်တော်တို့ လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

မေ ၂၈ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တိုးတက်မှု ရှိကြောင်း၊ မြစ်ကြီးနားတွင် ဆွေးနွေးနိုင်သည့် အခြေအနေကို ရောက်ရှိလာပြီ ဖြစ်သဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ဆက်လက်ဆိုးဝါးနိုင်ဖွယ် မရှိတော့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

"ကျွန်တော် ထင်ပါတယ်။ အခုထက် ဆိုးဆိုးဝါးဝါး ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။
ကချင်ဘာသာရေး ခေါင်းဆောင်များဘက်မှ ပြန်လည်ဆွေးနွေးမှုတွင် ဒေသခံများ အနေဖြင့် တပ်ဆိုသည့် အသံကြားရုံမျှပင် ကြောက်ရွံ့နေပြီး ထိုသို့ ကြောက်ရွံ့နေခြင်း စိတ်ဒဏ်ရာကို ဦးစွာကုစားရန် လိုအပ်နေကြောင်း အကြံပြုခဲ့သည်။  

EMG
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြစ်ကြီးနားမြို့တွင် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြစ်ကြီးနားမြို့တွင် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ခေတ်စနစ် ပြောင်းသွားသည်နှင့်အညီ တပ်မတော်အနေဖြင့် လုပ်ချင်ရာ လုပ်မည် မဟုတ်ဘဲ ပြည်သူ လူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က မေ ၂၉ ရက်တွင် ပြောကြားလိုက်ပါသည်။

ပဋိပက္ခ ဖြစ်ပွားမှုများ ကူးစက်မလာစေရန် မန္တလေးတွင် လုံခြုံရေးအင်အား တိုးမြှင့်

Photo: ပဋိပက္ခ ဖြစ်ပွားမှုများ ကူးစက်မလာစေရန် မန္တလေးတွင် လုံခြုံရေးအင်အား တိုးမြှင့်
Thursday, May 30, 2013

ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေးတိုင်း ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"မီတ္ထီလာ ပဋိပက္ခဖြစ်စဉ်ကို သင်ခန်းစာယူပြီး အခုလို ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားတာပါ။ အခြေအနေ အရမ်းကြီး ဆိုးရွားမှ ဆိုရင်တော့ ထိန်းသိမ်းရ ခက်ခဲပြီး စစ်တပ်အကူညီ တောင်းရတဲ့အထိ မဖြစ်အောင် လုံခြုံရေးအင်အား အသင့်ပြင်ထားပါတယ်။ လားရှိုးပဋိပက္ခ ဖြစ်ပွားပြီး ည ၁၁ နာရီကတည်းက အဓိကရုဏ်း နှိမ်နင်းတဲ့ကားတွေ အဆင်သင့်ပြင်ထားတာ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။

ပုံမှန်လုံခြုံရေး အင်အားအပြင် မိတ္ထီလာ ပဋိပက္ခအပြီး ဖွဲ့စည်းထားသည့် မြို့နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီမှလည်း မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းထားရှိကာ ကောလဟာလများ ဖြစ်ပွားခဲ့ပါက ပြန့်ပွားမှု မရှိစေရန် အဆိုပါ ကော်မတီ အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခြေအနေတွင် တိုင်းရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နှင်းရေးကားများ အဆင်သင့်ထားရှိကာ လုံခြုံရေးအင်အား အသင့်ပြင်ဆင်ထားသည်။

"၂၈ ရက်နေ့ကလည်း ရမည်းသင်းမှာ လူ ၂၀ လောက် စုဝေးမှု ဖြစ်ပွားခဲ့တဲ့ ကောလာဟလတစ်ခု ဖြစ်ခဲ့သေးတယ်။ ဒါကြောင့်မို့ မန္တလေးမှာ အဲဒီလိုမျိုးတွေ ဖြစ်မလာအောင် အထူးဂရုစိုက်ပြီး ဆောင်ရွက်နေတာပါ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။

EMG
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်
ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေးတိုင်း ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး

Photo: အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး
Thursday, May 30, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက်ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲမှာ နှစ်ဖက်စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဖက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဖက်က ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ မြစ်ကြီးနားမြို့ မနောကွင်းမှာရှိတဲ့ မဂျွယ်ခန်းမနားက သီးသန့်ဆောင်မှာ ဆွေးနွေးခဲ့ကြတာပါ။

နှစ်ဖက်တပ် နေရာချထားရေးအပါအဝင် စစ်တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းရာမှာ ရလာဒ်ကောင်းတွေရရှိခဲ့ကြောင်း၊ မေလ ၃၀ ရက် မနက်ဖြန်မှာလုပ်မယ့် အပြီးသတ်ဆွေးနွေးပွဲပြီးရင် ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။

"တပ်ပိုင်းဆိုင်ရာ ဆွေးနွေးတဲ့အပိုင်းကတော့ ဒီနေ့မှာပြီးသွားပါပြီ၊ နှစ်ဦးနှစ်ဖက် တပ်နေရာချထားမှုက စပြီးတော့ပေါ့၊ အားလုံးညှိနှိုင်းပြီးဖြစ်ပါတယ်၊ နက်ဖြန်ခါ အပြီးသတ်ဆွေးနွေးပွဲပြီးတော့ ထုတ်ပြန်ကြေညာချက်တွေနဲ့ ထုတ်ပြန်သွားမှာပါ၊ အခုထိကတော့ အားလုံးအဆင်ပြေပါတယ်၊ တိုးတက်တဲ့လက္ခဏာတွေပဲတွေ့ရတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်၊ အခုကျနော်တို့ နှစ်ဦးနှစ်ဖက်တပ်တွေ ဆွေးနွေးကြမှာက ရှမ်းမြောက်ကိစ္စတွေ၊ ကချင်ပြည်နယ်ကိစ္စတွေရော အားလုံးကျနော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်၊ နက်ဖြန်ခါတော့ ကျနော်တို့ အသေးစိတ်ကလေး ထုတ်ပြန်ပါ့မယ်"

ကေအိုင်အိုဖက်ကလည်း လောလောဆယ်အထိ နှစ်ဖက်ဆွေးနွေးမှုကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဆွေးနွေးပွဲအပြီးမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေဟာ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်ခေါင်းဆောင်တဲ့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

လေ့လာသူအဖြစ်ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတော့ မြစ်ကြီးနားမြို့နဲ့ ၂၇ မိုင်ကွာဝေးတဲ့ မေခ၊ မလိခမြစ်ဆုံကို လေ့လာရေးခရီး သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနဲ့ ကေအိုင်အေ ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ဟာ မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသား ရပ်မိရပ်ဖများနဲ့ သီးခြားစီတွေ့ဆုံခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။

RFA Burmese
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက်ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲ မှာ နှစ်ဖက် စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မဖြစ်မည်ဟောကိန်းနှင့် ဥပဒေအမြင်

Photo: ဒေါ်အောင်ဆန်းစုကြည်သမ္မဖြစ်မည်ဟောကိန်းနှင့်ဥပဒေအမြင်

နာမည်ကျော်မြန်မာဗေဒင်ပညာရှင်  တစ်ဦးက “၂၀၁၅ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်လာလိမ့်မည်” ဆို သော သူ၏ဟောကိန်း ကိုမပြင်နိုင်ကြောင်း  ထပ်မံအတည်ပြုပြောသောအခါရလဒ်၊ ဟောကိန်းမှာဟောကိန်းပင်ဖြစ်သည်ဟု မိမိကိုယ်မိမိယုံကြည်စိတ် ချစွာခံယူထား သော ပညာရှင်ကိုလေးစားပါသည်။ 

သူက  ဂြိုဟ်နက္ခတ်ကို တွက်ပြီးဟောတာ၊ ဥပဒေ သိစရာမလိုဟု အကြောင်းပြပါသည်။

ကျွန်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မှီငြမ်း၍ “ဟော” ပါမည်။ ကျွန်တော်သည်ဗေဒင်ပညာဂြိုဟ်နက္ခတ်  အပူးအခွာများကို ဘာမျှနားလည်သူမဟုတ် သဖြင့်၊ သူ့ဟောကိန်းကိုဝေဖန်နိုင်စွမ်းမရှိ ပါ။ 

သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည်အခြေခံဥပဒေအခန်း (၃) ပုဒ်မ ၅၉ က လုံးဝလွှမ်းမိုးထားသဖြင့်  ဥပဒေဂြိုဟ်စီးဂြိုဟ် နင်းများမည်သို့ရှိသည်  ကိုလေ့လာတင်ပြပါမည်။


အခြေခံဥပဒေမှာသတ်မှတ်ထားသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ တွင် ရှိရမည့်အဓိကအရည်အချင်းများ သည်ဒေါ်အောင်ဆန်းစုကြည်နှင့် မည်မျှ ကိုက်ညီသည် ကိုအောက်ပါအတိုင်းစိစစ် ကြည့်ပါမည်။


ပုဒ်မ ၅၉၊ ပုဒ်မခွဲ (က) နိုင်ငံတော်သမ္မတ သည်နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်   သစ္စာရှိသူဖြစ်ရမည်။ ဤပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍ဘာမျှအငြင်းပွားဖွယ်မရှိပါ။

 ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံတော် နှင့် နိုင်ငံသားတို့အပေါ် သစ္စာမရှိသော အရိပ်အယောင်များတွေ့ခဲ့ရပါက ဟို အာဏာပါဝါရှင်တွေ လက်ထက်ကပင်နိုင်ငံ တော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးနှင့် စွဲပြီးလွတ်ရက်မရှိထောင်သွင်းအကျဉ်းချ မှာသေချာပါသည်။

ပုဒ်မခွဲ(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး  နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသောတိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။ ဒေါ်အောင် ဆန်းစုကြည်ကို ဗဟန်းမြို့နယ်၊ နတ်မောက် လမ်းကအခုဗိုလ်ချုပ်ပြတိုက်အမည်ပေး ထားသည့်အိမ်မှာ မွေးခဲ့သည်။ 

ဖခင် ဦးအောင်ဆန်းက နတ်မောက်ဇာတိသား  သူ့မိခင်နှင့် ဖခင်တို့အကြောင်းကို သူငယ်တန်းကလေးများပင်သိကြသည်။ မိခင်ဒေါ်ခင်ကြည်ကမြောင်းမြသူနှစ်ဖက်  အဖွားနာမည်တိုက်ဆိုင်လိုက်ပုံများ ဦးအောင်ဆန်းအမေက ဒေါ်စု၊ ဒေါ်ခင် ကြည်အမေကဒေါ်ဖွားစုတဲ့။

ပုဒ်မခွဲ (ဂ) အနည်းဆုံးအသက် ၄၅ နှစ် ပြည့်ပြီးဖြစ်ရမည်။ အသက်က ၆၀ တောင်ကျော်လို့တစ်နိုင်ငံလုံးက “အမေစု” လို့ချစ်စနိုးခေါ်နေကြပြီ။
ပုဒ်မခွဲ (ဃ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့်အမြင်များရှိရ မည်။ ဒီအချက်မှာ နည်းနည်း “စကား ပြော” လာပြီ။

 ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင် တွေ ဘယ်လောက်ရှိတယ်ဆိုတာ သူ့ပထမဆုံးရွှေတိဂုံအနောက်မုခ်မိန့်ခွန်း နှင့် ပင်လုံလောက်ပါပြီ။ နိုင်ငံတကာကရ ထားတဲ့ပညာရေးဘွဲ့တွေကို တန်းစီရေး ပြဖို့တောင်မလိုတော့ပါ။ အဲဒီမှာ “စစ်ရေး အမြင်” ရှိရမယ်ဆိုတာဘာကိုဆိုလိုပါသလဲ။ 

အရပ်စကားနဲ့ ပြောရရင် အိတ်စ်အာမီ (ex-army) ဖြစ်မှ သမ္မတဖြစ်မှာလား။ ဒီလိုတော့လည်းမဟုတ်တန်ရာပါ။ လက်ရှိ ဒုတိယသမ္မ တဒေါက် တာစိုင်းမောက်ခမ်း  ဟာတပ်ထွက်မဟုတ် ဘူးလို့သိကြပါတယ်။ တပ်ထဲဝင်ဘူးမှ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်နိုင်မယ်ဆိုတဲ့ တစ်ချက်လွှတ်ပြဋ္ဌာန်း ချက်မျိုးတော့ရှိဖို့မသင့်ပါ။


ပုဒ်မခွဲ (င) အနည်းဆုံးအနှစ် ၂၀ နိုင်ငံ တော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ သူ့ကိုအကျယ်ချုပ်ချခဲ့တဲ့အမိန့်စာတွေ ဆက်ဆက်တို့မြှင့်တဲ့နောက်ဆက်တွဲ အမိန့်တွေရဲ့နေ့စွဲအဖွင့်အပိတ်တွေကို ပေါင်းကြည့်ရင်တောင်၊

 ဒေါ်အောင်ဆန်း စုကြည်တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ၀င်းမှာနေခဲ့တာအနှစ် ၂၀ ကျော်ပါပြီ။

ပုဒ်မခွဲ (စ) မိမိကိုယ်တိုင်၊ မိဘ၊ ဇနီးသို့ မဟုတ်ခင်ပွန်း၊ သားသမီး၊ သမက်နှင့် ချွေးမတို့သည် နိုင်ငံခြားသားများမဖြစ်ရ ဒေါ်အောင်ဆန်းစုကြည် သည်နိုင်ငံခြား တွင် နေထိုင်ခဲ့သော်လည်း နိုင်ငံသားအဖြစ် မှ ရပ်စဲစေသော ပြစ်မှုများကို ကျူးလွန် ခဲ့သူမဟုတ်သဖြင့် နိုင်ငံသားဟုတ်မဟုတ် အငြင်းမပွားရုံမက ကြားဖြတ်ရွေးကောက်  ပွဲတွင်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရပြီးသူဖြစ်သည်။

သို့သော်  ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ အဖြစ်အရွေးခံခွင့်ရနိုင်ရေးမှာ ဤပြဋ္ဌာန်း ချက်က လုံးဝလွှမ်းမိုးကန့်သတ်ထားပါ  သည်။ 

အဘယ်ကြောင့်ဆိုသော်သူကိုယ် တိုင်ကနိုင်ငံသားဖြစ်သော်လည်း သူ၏ ကွယ်လွန်သူခင်ပွန်းနှင့် တရားဝင်သားနှစ် ဦးမှာ အင်္ဂလန်နိုင်ငံ ဇာတိသားများဖြစ် နေသောကြောင့်တည်း။

ဤနေရာမှစ၍ ကျွန်တော်၏ဥပဒေ အမြင်ဆွေးနွေးပွဲစပါမည်။ လက်ရှိအခြေခံ ဥပဒေပုဒ်မ ၅၉၊ ပုဒ်မစွဲ (စ) ပြဋ္ဌာန်းချက်  အပြည့်အစုံမှာ “မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်း  ကောင်း၊ မိမိ၏ ဇနီးသို့မဟုတ်ခင်ပွန်းသော်  လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး  တစ်ဦးဦးသော်လည်းကောင်း၊

ထိုတရား  ၀င်သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ်  ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ  ၏ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်  ရိုသေသူသို့မဟုတ်နိုင်ငံခြားအစိုးရ၏လက် အောက်ခံဖြစ်သူသို့ မဟုတ်တိုင်းတစ်ပါး ၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ။ 

ထိုသူများသည်နိုင်ငံခြားအစိုးရ၏လက် အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်း ကောင်း၊ ခံစားရသောအခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ” အတော့်ကိုအကွက်မိ စွာပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။

နိုင်ငံခြားသားခင်ပွန်းမှာ ကွယ်လွန် ပြီးဖြစ်သော်လည်း၊ ဥပဒေတွင် ကွယ်လွန် သူ၊ သက်ရှိဖြစ်သူဟုခွဲခြားပြဋ္ဌာန်းမထား သည့်အပြင်ခင်ပွန်း ကွယ်လွန်သော်လည်း ခင်ပွန်း၏အမွေကိုဆက်ခံနိုင်ခွင့်ရှိသူဖြစ် နေသဖြင့် ဤပြဋ္ဌာန်းချက်နှင့် ငြိနိုင်ပါ သည်။

 ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်  သမ္မတအဖြစ်အရွေးခံနိုင်ရန် ဤကန့်သတ် ချက်များကို ပြင်ဆင်မှဖြစ်ပါမည်။ မည်သို့  ပြင်ဆင်မည်နည်း။

ဤပြင်ဆင်ရေးကိစ္စသည်ဒေါ်အောင် ဆန်းစုကြည်အားသမ္မတအဖြစ်အရွေးခံ ခွင့်ရနိုင်ရေးအတွက် အဓိကဖြစ်ရာပြင်ဆင်  လိုသော (တစ်နည်းအားဖြင့် ပယ်ဖျက် လိုသော) ကန့်သတ်ချက်စကားရပ်များ ကို ကွက်ပြီးပယ်ဖျက် လိုက်လျှင် လုံလောက်  ပါမည်။

 ထိုသို့ပယ်ဖျက်ရန်အတွက် အခြေခံဥပဒေအခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာပြဋ္ဌာန်း ချက်များနှင့် အညီအောက်ပါ အတိုင်းတစ်   ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ကြရပါမည်။

ပထမဆင့် 
လက်ရှိပြည်ထောင်စုလွှတ်တော် ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း က ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတစ်ရပ် ကို စတင်တင်သွင်းရမည်။ ထိုမူကြမ်းတွင် အောက်ပါအရေးအသားအတိုင်းပါရှိရ မည်။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ)တွင် ပါရှိသော “မိမိ၏ဇနီး သို့မဟုတ်ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ဇနီးသို့မဟုတ်ခင်ပွန်းသော် လည်းကောင်းဆိုသည့်စကားရပ်ကိုပယ် ဖျက်ရမည်။

ဒုတိယဆင့် 
ဤပြင်ဆင်ချက်အဆို (ဥပဒေကြမ်း) ကို ပြည်ထောင်စုလွှတ်တော်ကလက်ခံ ဆွေးနွေးပြီးနောက်၊ ကိုယ်စားလှယ်အား လုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်  ရန်သဘောတူပါက အခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) အရအေက်ပါအတိုင်း  ဆက်လက်ဆောင်ရွက်ကြရပါမည်။

တတိယဆင့် 
ယခုပြင်ဆင်မည့်ပုဒ်မသည်အခြေခံ ဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မ ခွဲ (က) ၀င် ပုဒ်မဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော် က ပြင်ဆင်ရန်သဘောတူရုံဖြင့်မလုံလောက် ဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည် ပြုချက်ထပ်မံရယူရန်လိုအပ်သဖြင့် ဆန္ဒ ခံယူပွဲကျင်းပနိုင်ရန်လို အပ်သော အခြေခံ ဥပဒေပြင်ဆင်ရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးဥပဒေကိုပြဋ္ဌာန်းကာ၊ ဆန္ဒခံ ယူပွဲကျင်းပရေးကော် မရှင်အဆင့်ဆင့်ကို တစ်ပါတည်းဖွဲ့စည်းရမည်။

စတုတ္ထဆင့်
ဤပြင်ဆင်ရေးကိစ္စရပ်၏အရေးပါ ပုံကို ပြည်သူ့အတွင်းသို့ချပြပြီး သတ်မှတ် သည့်နေ့တွင် နိုင်ငံတစ်ဝှမ်း၌ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ပြည်သူတို့၏ သဘောတူညီချက်ကိုရယူရမည်။

ပဉ္စမဆင့်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထောက်ခံမဲ မှာ ထက်ဝက်မကျော်ပါက ဥပဒေပြင်ဆင် သည် အတည်မဖြစ်ဘဲ ထက်ဝက်ကျော် မဲရမှသာအတည်ဖြစ်မည်။

ဆဋ္ဌမဆင့်
ပြည်ထောင်စုလွှတ်တော်သည်ဆန္ဒခံ ယူပွဲ၏ရလဒ်ကိုအခြေခံ၍ အဆိုအတည် မဖြစ်ပါကအတည်မဖြစ်ကြောင်းကြေညာ ခြင်းဖြင့်လည်းကောင်း၊ အတည်ဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းခြင်းဖြင့်လည်းကောင်းလုပ်ငန်း ပြီးပြတ်သည်။

အထက်ပါအဆင့်များမှာ ယေဘုယျ  မှန်းဆပြီးရေးထားခြင်းဖြစ်သည်။ ဥပဒေ  ပြင်ဆင်ရေးတကယ်လုပ်ကြသောအခါ ပထမဆုံးအဆိုတင် ရမည့်ပြည်ထောင်စု  လွှတ်တော်ကိုယ်စားလှယ်များထဲမှ ၂၀ ရာခိုင်နှုန်းအင်အားစုရဦးမည်။

 ပြည်ထောင် စုလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စား လှယ် ၄၉၈ ဦးနှင့် တပ်မတော်သားကိုယ် စားလှယ် ၁၆၆ ပေါင်း ၆၆၄ ဦးရှိရာ ၂၀ ရာခိုင်နှုန်းဆိုပါက အနည်းဆုံး ၁၃၃ ဦး ကနဦးစုစည်းရဦးမည်။ 

လက်ရှိတွင် အင်အယ်လ်ဒီပါတီဝင်အင်အား ၁၀၀  ပင် မပြည့်သေးပေ။ အခြားပါတီဝင်များအပါ အ၀င်အင်အားဖြင့် ၁၃၃ ဦးရသည်ထား ဦး ၇၅ ရာခိုင်နှုန်းရရှိအောင်ဆက်လက် စည်းရုံးရဦးမည်။ 

ကိုယ်စားလှယ်ဦးရေ အားဖြင့် ၄၉၈ ဦးဖြစ်သည်။ ယင်းအရေ  အတွက်မှာ ရွေးချယ်တင်မြှောက်ခံကိုယ်စား  လှယ်အားလုံး၏အရေအတွက်ပင်ဖြစ်သည်။ ကနဦးအဆိုတင်သည့် ၁၃၃ ဦးကသဘော  တူခဲ့ပြီးဖြစ်သဖြင့် နောက်ထပ် ၃၆၅ ဦး ကိုစည်းရုံးရမည်။

ဤထောက်ခံချက်အင်အားကိန်း ဂဏန်းများအတိုင်းအမှန်ရနိုင်၊ မရနိုင် ကျွန်တော်ဥပဒေသမားက ကြိုတင်မခန့် မှန်းနိုင်တော့ပါ။ တပ်မတော်သားကိုယ် စားလှယ် ၁၆၆ ဦးပါဝင်သော ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ ဦး၏ အဆုံးအဖြတ် ပင်ဖြစ်တော့သည်။ 

ဤအဆင့်ကိုအောင်မြင်စွာဖြတ်သန်းပြီး မှသာ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပရန်  ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလအတွင်းတွင် ထောက်ခံဆန္ဒမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း  ဖြင့် အတည်ပြုခဲ့သော ပုဒ်မပေါင်း ၄၅၇ ခုပါဝင်သည့်လက်ရှိဖွဲ့စည်း ပုံအခြေခံဥပဒေ  စာအုပ်ထဲတွင် ပုံနှိပ်ပါရှိနေသည့်စာလုံး ရေ ၄၉ လုံးကို ၀ယ်ဖျက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင်းတွင် အခြေ အတင်ဆွေးနွေးခြင်း၊ 

မဲခွဲဆုံးဖြတ်ခြင်း အောင်မြင်ပါက ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကြီးကျင်းပရဦးမည်ဖြစ်ရာ လုပ်ငန်းမည် မျှကျယ်ပြန့်၍ အချိန်နှင့် ကုန်ကျစရိတ် များမည်မျှရှိနိုင်မည်ကိုခန့်မှန်းနိုင်ကြပါ သည်။ 

လက်ရှိလွှတ်တော်အသီးသီး၏ သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံးကို ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲမကျင်း ပမီအပြီးဆောင်ရွက်  ရန်လိုပါမည်။

ဗေဒင်အလိုအရဂြိုဟ်အနေအထား မည်သို့ရှိမည်မသိသော်လည်း အထက်ပါ  အစီအစဉ်အတိုင်းအခြေခံဥပဒေတွင်ပြင်ဆင် နိုင်ပါမှ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ရွေးချယ်ခံခွင့်လမ်းပွင့်ပါမည်။ 

သက်ထွန်းရည်
The Hot News Journal
နာမည်ကျော်မြန်မာဗေဒင်ပညာရှင် တစ်ဦးက “၂၀၁၅ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်လာ လိမ့်မည်” ဆို သော သူ၏ဟောကိန်း ကိုမပြင်နိုင်ကြောင်း ထပ်မံအတည်ပြုပြောသောအခါ ရလဒ်၊ ဟောကိန်းမှာဟောကိန်းပင်ဖြစ်သည်ဟု မိမိကိုယ်မိမိယုံကြည်စိတ် ချစွာခံယူထား သော ပညာရှင် ကိုလေးစား ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော လားရှိုးဖြစ်စဉ်အသေးစိတ်

၂၈-၅-၂၀၁၃ ရက်နေ့ ၁၆၄၅ ချိန် တရားလို ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေး၊ ၅၃နှစ်၊ လားရှိုးမြို့နေသူမှ ၄င်း၏သမီးဖြစ်သူ မအေးအေးဝင်းအား နေ၀င်း၊ ၄၈နှစ်(ဖ)ဦးတင်ရွှေ၊ ကျပန်း၊ ရှမ်း-မွတ်ဆလင်/အစ္စလာမ်၊ ကျိုင်းငင်းရပ်(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့၍ အရေးယူပေးရန်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၂၅၇/ ၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/ ၃၂၆ (လူသတ်မှုကျူးလွန်ရန်အားထုတ်မှု/ မီးရှို့/ ပြင်းထန်နာကျင်စေမှု) အမှုဖြင့် အရေးယူဆောင်ရွက် ခဲ့ပါသည်။

လားရှိုး ပဋိပက္ခ လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

Photo: လားရှိုး ပဋိပက္ခ လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

လားရှိုးမြို့က ပဋိပက္ခအတွင်း လူ ၁ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရတယ်လို့ နောက်ဆုံး ဝင်ရောက်တဲ့သတင်းတွေအရသိရပါတယ်။ အဂင်၎င်းနေ့က စတင်ခဲ့တဲ့ ပဋိပက္ခဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ အခြေအနေက အထိုက် အလျောက် တည်ငြိမ်နေပြီး စစ်တပ်နဲ့ ရဲက လုံခြုံရေး ယူထားတယ် ဆိုပေမယ့် နေ့လည်ပိုင်းမှာတော့ တိုက်ခိုက်မှု တခိျု့ ရှိခဲ့ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆိုင်ကယ်တွေနဲ့ လူစုဝေးတွေဟာ တုတ်ဓါး လက်နက်တွေကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်ကာ မွတ်ဆလင်တွေကို ရှာဖွေခဲ့ကြပါတယ်။ လူအများစုကတော့ နေအိမ်အပြင် မထွက်ရဲဘဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များလားရှိုး ပဋိပက္ခဓာတ်ပုံများလားရှိုးမှာ ဘာသာရေး အကြမ်းဖက်မှု ဖြစ်ပြန်
ဗုဒ္ဓဟူးနေ့မှာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းနဲ့ ဈေးဆိုင်တဆိုင်လည်း ထပ်မီးရှို့ ဖျက်ဆီး ခံရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။ ဒါကြောင့် နှစ်ရက်အတွင်းဗလီနဲ့ အစ္စလမ် စာသင်ကျောင်း ၆လုံးနဲ့ ဈေးဆိုင် ၁၇ဖျက်ဆီးတိုက်ခိုက်ခံရတယ်လို့ ရဲမှူးကြီးကပြောပါတယ်။

ဒီပဋိပက္ခဟာ အဂင်၎င်နေ့က မွတ်ဆလင် တယောက်က အမျိုးသမီးတစ်ဦးကို ဓါတ်ဆီနဲ့ပက် မီးရှို့မှု ဖြစ်ပြီးနောက် စတင်ခဲ့တာ ဖြစ်ပါတယ်။ ညပိုင်းမှာ လူတွေက မကြေမနပ် ဖြစ်ပြီး ဗလီနဲ့ မွတ်စလင် မိဘမဲ့ ကျောင်းတစ်ခုကို မီးရှို့ခဲ့ကြပါတယ်။

အမျိုးသမီးကို မီးရှို့တဲ့သူဟာ တာချီလိတ်ကနေ လားရှိုးမှာ လာနေတဲ့ နေဝင်း(၄၈ နှစ်)ဆိုသူ ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ခံရသူ မအေးအေးဝင်းဆိုသူ အမျိုးသမီးကတော့ ဆေးကုသမှု ခံယူနေပါတယ်။

ဒီပဋိပက္ခကိုသတင်းယူနေတဲ့ ဒေသတွင်းသတင်းထောက် ၂ယောက်ကိုလည်း ဆူပူသူတွေက ရိုက်နှက်ခဲ့တယ်လို့ အလွတ် သတင်းထောက်ခွန်ဇော်ဦးက ဘီဘီစီကိုပြောပါတယ်။

BBC News
လားရှိုးမြို့က ပဋိပက္ခအတွင်း လူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ နောက်ဆုံး ဝင်ရောက်တဲ့ သတင်းတွေအရသိရပါတယ်။ အရင်၎င်းနေ့က စတင်ခဲ့တဲ့ ပဋိပက္ခဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ အခြေအနေက အထိုက်အလျောက် တည်ငြိမ်နေပြီး စစ်တပ်နဲ့ ရဲက လုံခြုံရေးယူထားတယ် ဆိုပေမယ့် နေ့လည်ပိုင်းမှာတော့ တိုက်ခိုက်မှု တခိျု့ ရှိခဲ့ပါတယ်။

လားရှိုး ယနေ့ အခြေအနေ

ဒီနေ့ ၂၉-၅-၂၀၁၃၊ မွန်းလွဲ ၁း၃ဝ နာရီမှာ အမှတ်(၇)ရပ်ကွက်မှ မူဆလင်လူဦးရေ (၄ဝ)ခန့်ဟာ ရင်ဘတ်တွေဖွင့်ပြီး ဓားနှစ်လက်စီ ယှက်တင်ကာ ကုလားလိုကြွေးကြော်ပြီး ချီတက်လာပါတယ်။

Wednesday, May 29, 2013

ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့ဝင်ကတ်ပြားများတွေ့ရှိ

Photo: ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့ဝင်ကတ်ပြားများတွေ့ရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်  ဘားအံ-မြ၀တီလမ်းတံတားကျိုးစစ်  ဆေးရေးဂိတ်၌ ဗိုလ်ကြီးသိန်းဇော်  ၀င်းဦးစီးသောအဖွဲ့၊ ဒုရဲမှူးအောင် ကြီးဦးဆောင်သောအဖွဲ့နှင့် ဂိတ်စစ်   ဆေးရေးပူးပေါင်းအဖွဲ့တို့မှ တာဝန်  ယူဆောင်ရွက်နေစဉ် 

၂၀၁၃ ခုနှစ်  မေလ ၂၃ ရက် ညနေ ၄ နာရီခန့်  အချိန်တွင် မြ၀တီမှ ဘားအံသို့ ယာဉ်မောင်းသန်းစိုးဦး (ခ) ဂျမာလူဒင်၊ လှာကမြင်လမ်း၊ အမှတ် (၁) ရပ်ကွက်၊ ဘားအံမြို့ နေသူမောင်းနှင်လာသော စူပါကာ  စတန်ယာဉ်အားတာဝန်အရစစ်ဆေး  ရာ ထော့ပဲပါစစ်ဗျူဟာ (၃) KNU/KNLA (PC) မှ ဒုအရာခံ ဗိုလ်အဆင့်ရှိစောဖိုးခွားလေး (ဘ) ဦးလူလေး၊ 

လှာကမြင်လမ်း၊ အမှတ် (၁) ရပ်ကွက်၊ ဘာအံမြို့ နေသူမှ ဦးဆောင်သည့်ဘင်္ဂါလီ၊ ပသီသွေးနှော ၁၆ ဦးတို့လိုက်ပါ လာသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း သတင်းရရှိသည်။

စစ်ဆေးရေးဂိတ်တာဝန်ရှိ ပူးပေါင်းအဖွဲ့မှလိုအပ်သည်များ စိစစ်မေးမြန်းရာ  KNU/KNLA (PC) ထော့မဲပါစစ်ဗျူဟာ (၃) ဗိုလ်မှူးကြီးအဆင့်ရှိစောကျော်ကျော် မှ ခေါ်ယူတွေ့ဆုံသဖြင့် ဗိုလ်ကြီး  အဆင့်ရှိစောထွန်းဦး၏ဦးဆောင် မှုဖြင့် ဘားအံမှ မြ၀တီသို့လာ ရောက်တွေ့ဆုံကြခြင်းဖြစ်ကြောင်း တွေ့ဆုံပြီး မေလ (၂၃) ရက်နေ့ တွင် မြ၀တီမှ ဘားအံသို့အပြန် တံတားကျိုးစစ်ဆေးရေးဂိတ်၌ စစ်ဆေးခံရခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါဘင်္ဂါလီ၊ ပသီသွေး နှော၊ ၁၆ ဦးတို့ထံမှ  KNU/KNLA (PC) အဖွဲ့ဝင်ကတ်ပြား  (၉) ခုတွေ့ရှိပြီး ထော့မဲပါစစ်ဗျူ ဟာ (၃) ရုံးထိုင်မှူးက လက်မှတ် ရေးထိုးထားခြင်းပါရှိသည့်အတွက်  စစ်ဆေးရေးဂိတ်ပူးပေါင်းအဖွဲ့စဗခ (သင်္ဃန်းညီနောင်) ဗျူဟာရုံးသို့ ပို့ဆောင်ကာ 

 KNU/KNLA (PC) ဆက်ဆံရေးတာဝန်ခံဗိုလ်ကြီး  အဆင့်ရှိကိုထွန်းအားလိုအပ်သည်  များကို ထပ်မံစိစစ်ခဲ့ကြကြောင်း ထိုသို့စိစစ်တွေ့ရှိချက်အရစာရွက် စာတမ်း၊ အထောက်အထားများ  ပြည့်စုံမှုမရှိကြောင်းတွေ့ရှိရာ ၎င်း (၁၆) ဦးတို့ကို ဆက်ဆံရေးတာဝန်  ခံကိုထွန်းနှင့် အတူမြ၀တီဆက်ဆံ ရေးရုံးသို့မေလ (၂၃) ရက်နေ့မှာ ပင် စဗခ (ညီနောင်) ဗျူဟာရုံး၏ ညွှန်ကြားချက်ဖြင့် ပြန်လည်စေ လွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၃ မေလ (၂၄) ရက်နေ့ တွင် ရတတ မခ (၂၂) တပ်မမှူး   မှ အဆိုပါ ၁၆ ဦးတို့အား ဆက်လက်စုံစမ်းစစ်ဆေးရန် ညွှန်ကြားချက်အရ မြ၀တီခရိုင် ရဲမှူး၊ မြို့မနယ်ထိန်းအဖွဲ့က မြ၀တီ  ဆက်ဆံရေးရုံးမှ ဗိုလ်ကြီးအဆင့်ရှိ စောထွန်းဦးအားစိစစ်ရေန် မြ၀တီ  မြို့မရဲစခန်းသို့ခေါ်ဆောင်ခဲ့သည် ဟု သိရသည်။

ယင်းသို့ခေါ်ဆောင်လာစဉ် ဗိုလ်ကြီးအဆင့်ရှိစောထွန်းဦးမှ ရဲစခန်းဝင်ပေါက်အနီးတယ်လီဖုန်း  ဆက်သွယ်နေရာမှတာဝန်ရှိဒုရဲမှူး က အတွင်းဘက်သို့လာရောက် ဆက်သွယ်ပြောကြားရန် ခါးကို ဖက်၍ အထဲသို့ခေါ်ယူစဉ်စောထွန်း ဦး၏ ခါးကြားမှ သေနတ်ကို တွေ့ရှိသဖြင့် စခန်းမှူးက ဆွဲယူစဉ် စောထွန်းဦးကပြန်လည်လုယူပြီး သေနတ်တစ်ချက်ပစ်ဖောက်ထွက် ပြေးသွားခဲ့ကြောင်း သတင်းရရှိ သည်။

၎င်းစောထွန်းဦးထွက်ပြေးစဉ် (9 mm) ကျည်အိတ်နှင့် အတူ ကျည် (၇) တောင့် NOKIA လက်ကိုက်ဖုန်း (၁) လုံးပြုတ်ကျ ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး ၂၄.၅.၂၀၁၃ ရက်နေ့လယ် ၁၂း၃၀ နာရီအချိန်မြ၀တီမြို့မ ရဲစခန်းသို့ဖုန်းဖြင့်ဆက်သွယ်မေး မြန်းကြည့်ရာ “စောထွန်းဦးထွက် ပြေးလွတ်မြောက်သွားသောဖြစ်စဉ် မှန်ကန်ပါကြောင်း လက်ရှိစစ်ဆေး  မေးမြန်းနေဆဲကာလဖြစ်၍ တစ်ခြားတစ်စုံတစ်ရာအတည်ပြု  ပြောကြားနိုင်ခြင်းမရှိသေးကြောင်း   ပြန်လည်ဖြေကြားသည်။

အထက်ပါကိစ္စရပ်တွင် ပါဝင်  သူ ၁၆ ဦးအဖွဲ့၌ ဘင်္ဂါလီ (၅) ဦး၊ ဘင်္ဂါလီသွေးနှော (၅) ဦး၊ အခြား သွေးနှော (၆) ဦးတို့ဖြစ်ပြီး မှတ်ပုံ တင်မရှိသူ (၁၂) ဦးပါဝင်ကြောင်း သိရသည်။ ၎င်းတို့၏နေရပ်ဖော်  ပြချက်များအရ၊ ဘားအံမြို့၊ အမှတ်  (၁) ရပ်ကွက်၊ လှာကမြင်လမ်းနေ ထိုင်သူများဟု သိရှိရပြီး အမှတ် (၃) ရပ်ကွက်၊ စွယ်တော်လမ်းမှ (၂) ဦးနှင့် အမှတ် (၂) ရပ်ကွက်၊ ဘားအံမြို့မှ (၁) ဦးပါဝင်ကြောင်း  စုံစမ်းသိရှိရသည်။
ဘင်္ဂါလီနှင့် ပသီသွေးနှော ၁၆ ဦးတို့ထံမှ  KNU/KNLA (PC) အဖွဲ့ဝင်ကတ်များတွေ့ရှိထားသည့်  ကိစ္စနှင့် ပတ်သက်ပြီးလိုအပ်သည်  များ ဆက်လက်ဆောင်ရွက်နိုင်ရန်   သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်  ရှိကြောင်း စုံစမ်းသိရှိရသည်။


ထင်အောင်လင်း
The Hot News Journal
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဘားအံ-မြ၀တီလမ်းတံတားကျိုးစစ် ဆေးရေးဂိတ်၌ ဗိုလ်ကြီးသိန်းဇော် ၀င်းဦးစီးသောအဖွဲ့၊ ဒုရဲမှူးအောင် ကြီးဦးဆောင်သောအဖွဲ့နှင့် ဂိတ်စစ် ဆေးရေးပူးပေါင်းအဖွဲ့တို့မှ

လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား

Photo: လားရှိုးမြို့တွင် ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွား
Wednesday, 29 May, 2013 

လားရှိုးအာဏာပိုင်တွေက ပုဒ်မ ၁၄၄ အရေးပေါ်အခြေအနေတွေ   ကြေညာထားပေမယ့်လည်း ဒီနေ့ မွန်းလွဲပိုင်းကစပြီး လူအုပ်စုတစုက ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတဦး ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရပြီးတဲ့ နောက်ပိုင်း အဆောက်အဦ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားတဲ့အတွက်  သက်ဆိုင်ရာ အာဏာပိုင်တွေက ညတွင်းချင်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် ဒီနေ့ ထပ်မံ ဖြစ်ပွားတာပါ။

မျက်မြင်ဒေသခံတဦးက “လူအုပ်ကြီး ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ ရွေ့လျားသွားနေတော့ ဟိုဘက်လုံခြုံရေးချ ဒီဘက်သွား၊ ဒီဘက်ချ ဟိုသွားနဲ့ ဟိုရွေ့ဒီရွေ့ဖြစ်နေတယ်။ ရုပ်ရှင်ရုံကို ခဲနဲ့ထုတယ်၊ ကျက်တန်းတခုက စားသောက်ဆိုင်တွေကို ဖျက်တယ်၊ သာရေးနာရေးကားတွေကို မီးရှို့လိုက်တယ်” လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေကို သတင်းရယူနေတဲ့ အိုင်စီဂျေ သတင်းထောက် ၂ ဦး လည်း ၇ ရပ်ကွက်ထဲမှာ လူအုပ်စုတစုရဲ့ ရိုက်နှက်တာ ခံခဲ့ရပါတယ်။
အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။”

ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ  လားရှိုးမြို့ခံ ဦးစိုင်းမြင့်မောင်ကလည်း ဒီနေ့မွန်းလွဲပိုင်းက စပြီး ဆူပူမှုတွေ ထပ်ဖြစ်ကြောင်း၊ ၂ ရပ်ကွက်ထဲက သီတာအေး ရုပ်ရှင်ရုံအတွင်းပိုင်း မီးလောင်ပြီး အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ ၇ ရပ်ကွက်ထဲမှာ ဈေးဆိုင်ဖျက်ဆီးမှုတွေရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်စ ထပ်ဖြစ်တယ်။ သီတာအေးရုပ်ရှင်ရုံ ၁ ရုံကို မီးရှို့တယ်။ အတွင်းဘက် လောင်တယ် ပြောတယ်။ အပြင်ဘက် ဆိုင်တန်းတွေ ရှို့တယ်။ ပိုင်ရှင်က ပန်းသေးဗျ။ နောက် ရပ်ကွက် ၇ ထဲက ဗလီတခုဆီ သွားတယ်ပြောတယ်။ ဖျက်သလား၊ မဖျက်သလား မသိဘူး။ ကျနော်သိသလောက်ဆို ရပ်ကွက်ကလူတွေ ဦးဆောင်တာ မဟုတ်ဘူး။ ဦးဆောင်သူတွေက ဒီမြို့မှာ မျက်မှန်းတန်းမိနေသူတွေ မဟုတ်ဘူးလို့လည်း ပြောတယ်။”

မေ ၂၈ ရက်နေ့ ညနေပိုင်းက ၈ ရပ်ကွက်ထဲမှာ  ဦးနေ၀င်းဆိုသူက ဓာတ်ဆီရောင်းသူ ဒေါ်အေးအေးဝင်းကို ဓာတ်ဆီနဲ့ ပက်ပြီး မီးရှို့ခဲ့ရာက လူအုပ်စုကြား မကျေနပ်မှုတွေ ဖြစ်ပွားပြီး  ၂၊ ၃၊ ၇ နဲ့ ၉ ရပ်ကွက်တွေက  ဗလီတခု၊ မိဘမဲ့ကျောင်းတကျောင်း၊ ဗလီဆရာသင်တန်းကျောင်းတကျောင်း  မီးရှို့ခံရပြီး ဈေးဆိုင်ပေါင်း အနည်းဆုံး ၁၀ ဆိုင်နဲ့ နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရပါတယ်။
မီးရှို့ခံရသူ ဒေါ်အေးအေးဝင်းကို မြို့ခံတွေက လားရှိုးဆေးရုံမှာ ပို့ဆောင်ကုသထားပြီး ဦးနေ၀င်းကိုတော့ အမှတ် ၁ မြို့မရဲစခန်းက  အရေးယူထားပြီး လုံခြုံရေးတွေလည်း တိုးမြှင့်ချထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်ကတော့ ပဋိပက္ခဖြစ်ပျက်မှုတွေက ဘူးသီးတောင်၊ မောင်တောတွေလိုပဲ တပုံစံတည်းလို ဖြစ်နေတာ မကောင်းကြောင်းနဲ့ လူ ၂ ဦးချင်း ဖြစ်တဲ့ပြဿနာကို တရားဥပဒေနဲ့သာ ဖြေရှင်းသင့်ပြီး အများပြည်သူပိုင်ပစ္စည်းတွေ မဖျက်ဆီးသင့်ဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဗုဒ္ဓဘာသာသံဃာတော်တွေ၊ အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီနေ့ မွန်းလွဲပိုင်းက လားရှိုးမြို့တော်ခန်းမမှာ တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခဖြစ်ပွားမှုဟာ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့အကြောင်းတွေ ရှင်းလင်းပြောကြားခဲ့ပါတယ်။

DVB News
လားရှိုးအာဏာပိုင်တွေက ပုဒ်မ ၁၄၄ အရေးပေါ်အခြေအနေတွေ ကြေညာထားပေမယ့်လည်း ဒီနေ့ မွန်း လွဲပိုင်းကစပြီး လူအုပ်စုတစုက ရုပ်ရှင်ရုံနဲ့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ဒေါ် လာကြောင့် ကုန် စည်ဈေး တက်

Photo: ဒေါ်လာကြောင့် ကုန်စည်ဈေးတက်
Wednesday, May 29, 2013

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး အတက်ကြမ်းခဲ့တဲ့ အကျိုးဆက်ကြောင့် ကုန်စည်ထုတ်လုပ်မှုတန်ဖိုး မြင့်တက်လာခြင်းဟာ စားသုံးသူနှင့်လုပ်ငန်းရှင်တို့အပေါ် ဈေးနှုန်းကြီးမြင့်တဲ့ အကျိုးကို ခံစားနေရပါတယ်။

“အမေရိကန်ဒေါ်လာတန်ဖိုး အခုလို အတက်ကြမ်းခဲ့တာက  import လုပ်တဲ့ သွင်းကုန်ပစ္စည်းမှန်သမျှ ဈေးတက်ခဲ့တာကြောင့်ပါ။ အဓိကက နိုင်ငံခြားကနေ ဒေါ်လာနဲ့တင်သွင်းရတဲ့ ဒီဇယ်၊ဓါတ်ဆီ စက်သုံးဆီတွေရဲ့ ဈေးနှုန်းကလဲ တက်သွားလို့ သယ်ယူပို့ဆောင်တဲ့ကုန်ကျစရိတ်အပါအ၀င် ထုတ်လုပ်တဲ့စရိတ်တွေပါ မြင့်သွားရတယ်။ ဒီအကျိုးသက်ရောက်မှုက စားသုံးသူနဲ့လုပ်ငန်းရှင်အပေါ်မှာ ထိခိုက်မှုရှိစေပါတယ်” လို့ ကုန်သည်အသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းနိုင်ငံခြားသုံးငွေရောင်းဝယ်ရေးဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာတန်ဖိုးက ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ ၁ ဒေါ်လာကို ၈၇၅ ကျပ်ရှိခဲ့သော်လည်း မေလဆန်းကစပြီး နေ့စဉ်နီးပါး တန်ဖိုးမြင့်တက်လာခဲ့ရာ မေလ၂၉ ရက် နေ့မှာ ကျပ် ၉၄၆ ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာ ဒေါ်လာနဲ့တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေအားလုံး ဈေးတက်ခဲ့သလို ပြည်တွင်းမှာ ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းလည်း မြင့်တက်မှုရှိပါတယ်။

“ဒေါ်လာဈေးနှုန်းက အခုလို အတက်ကြမ်းခဲ့တာကြောင့် လူတွေအနေနဲ့ ဒီ shock ကို မခံနိုင်ကြဘူး။ပြီးတော့ ဒီအကျိုးသက်ရောက်မှုက သွင်းကုန်အပေါ် တခုတည်းကိုပဲ သက်ရောက်တာမဟုတ်တော့ဘူး။ ပြည်တွင်းမှာ ရှိတဲ့ industry တခုအပေါ်လုံးမှာ သက်ရောက်မှုရှိတာပါ။ ဘာလို့လဲဆိုတော့ အခုက အကုန်လုံး တခုနဲ့ တခု အပြန်အလှန် ချိတ်ဆက်မှုရှိနေတာဖြစ်လို့ တခုဖြစ်တာနဲ့အကုန်လုံး ထိတာ။ စီးပွားရေးလုပ်တဲ့နေရာမှာ အရောင်းအ၀ယ်ကို ကြိုတင်ဟောကိန်းတော့ ထုတ်လို့မရပေမယ့် ဒီပစ္စည်းကို ဘယ်လောက်ထုတ်မယ်၊ ဘယ်လောက်နဲ့ရောင်းမယ်ဆိုပြီးတော့ လုပ်ကြတာရှိပါတယ်။ ဒါပေမယ့် အခုတော့ ဒါတွေအားလုံး ကမောက်ကမတွေ ဖြစ်ကုန်တယ်” လို့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

ဒါကြောင့် မမျှော်လင့်ဘဲ အခုလိုဖြစ်တာဟာ တော်တော်လေး ထိန်းရသိမ်းရ ခက်တဲ့အခြေအနေမှာ ဖြစ်နေတယ်လို့ သိရပါတယ်။

“ကုန်သည်အနေနဲ့ ယခင်က ၁ ဒေါ်လာကို ကျပ် ၈၀၀ ကျော်နဲ့ ၀ယ်နိုင်ပေမယ့် အခု အဲဈေးနှုန်းနဲ့ မ၀ယ်နိုင်တော့လို့ ပစ္စည်းမသွင်းနိုင်တဲ့အပြင် နိုင်ငံခြားငွေကိုလည်း ကျုံ့သွားစေပါတယ်။ ဒီ့အတွက် အကျိုးသက်ရောက်မှုက ကုန်ပစ္စည်းဈေးနှုန်းတွေ တက်လာတာပဲ ဖြစ်ပါတယ်” လို့ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက အမေရိကန်ဒေါ်လာတန်ဖိုး အခုလို အတက်ကြမ်းလာတာကြောင့် မြန်မာ့စီးပွားရေးအပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

“ကျနော်မြင်တာကတော့ ဒီမှာဒေါ်လာ inflation ဖြစ်ဖို့ ဦးတည်နေတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ ဒေါ်လာနဲ့ ချိတ်ဆက်ပြီး လုပ်ရတာက များတယ်လေ။ ကုန်သွယ်မှုကလဲ တက်လာတယ်။ အခုက မြန်မာကျပ်ငွေတန်ဖိုးက deflection ဖြစ်ဖို့ များလာလို့ မြန်မာပြည်သူတွေအတွက် မကောင်းဘူး။ အိတ်စပို့အတွက်ကောင်းတယ်လို့ ပြောကြပေမယ့် သူ့အတွက်လဲ မကောင်းဘူး။ ဘာလို့လဲဆိုတော့ သူက ကျပ်ငွေတန်ဖိုးကျရင် အိတ်စပို့ကို မြှင့်တင်နိုင်မယ်လို့ထင်တာကို။ ဒါပေမယ့် ကိုယ့်ရဲ့အိတ်စပို့စ်က ၀ယ်လိုအားရှိတဲ့ အိတ်စပို့စ်မဟုတ်ရင် နည်းနည်းစဉ်းစားဖို့တော့ လိုပါတယ်။ ဒါကြောင့် လက်ရှိ မြန်မာ့စီးပွားရေးအပေါ် ဒေါ်လာရဲ့အကျိုးသက်ရောက်မှုက အနုတ်လက္ခဏကို ပြနေတယ်။”

ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး အခုလို အတက်အကြမ်းလာတာကို ဗဟိုဘဏ်အနေနဲ့ ၀င်ရောက် ဖြေရှင်းမှသာ ယင်းပြဿနာမှာ ပြေလည်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာမောင်မောင်စိုးက “ဒီကိစ္စက မဖြေရှင်းရင် ပြီးမှာမဟုတ်ဘူး။ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေက အများကြီး ရှိပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်အနေနဲ့ သူဝင်ပါမှာမဟုတ်တဲ့အကြောင်းနဲ့ ဈေးကွက်သဘောအရ သူသဘာဝ သဘောအတိုင်း ဖြစ်တာလို့ ပြောတယ်။ ဒါကြောင့် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ဘယ်လိုဘဲပြောပြော သူကိုယ်တိုင်က မဖြေရှင်းရင် ဘာမှလုပ်လို့မရဘူး။ အမှန်တော့ သူ့အနေနဲ့ ဒါကို care လုပ်ရမှာပါ။ ပြီးတော့ ဒေါ်လာဈေးနှုန်း အတက်အကျက ရိပ်ခနဲရိပ်ခနဲ ဖြစ်တာလဲမကောင်းတဲ့လက္ခဏာပါ” လို့ ပြောပါတယ်။

DVB News
ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး အတက်ကြမ်းခဲ့တဲ့ အကျိုးဆက်ကြောင့် ကုန်စည်ထုတ်လုပ်မှု တန်ဖိုး မြင့်တက်လာခြင်းဟာ စားသုံးသူနှင့်လုပ်ငန်းရှင်တို့အပေါ် ဈေးနှုန်းကြီးမြင့်တဲ့ အကျိုးကို ခံစားနေရပါ တယ်။“အမေရိကန်ဒေါ်လာတန်ဖိုး အခုလို အတက်ကြမ်းခဲ့တာက import လုပ်တဲ့ သွင်းကုန်ပစ္စည်းမှန် သမျှ ဈေးတက်ခဲ့တာကြောင့်ပါ။ 

ကေအိုင်အိုနှင့် အပစ်ရပ် သဘောတူညီမှုရလျှင် တိုင်းရင်းသားအားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ ဇွန်လကုန်တွင်ကျင်းပမည်

မြစ်ကြီးနားမြို့တွင် မေ ၂၈ ရက်က ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးပွဲခန်းမအနီးတွင် KIA ဗိုလ်ချုပ်ဂွမ်မော်နှင့် မြန်မာ့တပ်မတော်မှ အရာရှိကြီးများ ရင်းရင်းနှီးနှီးတွေ့ရစဉ်

 ကေအိုင်အိုနှင့်အပစ်ရပ် သဘောတူညီမှု ပြုလုပ်နိုင်ပါက တိုင်းရင်းသားအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲကို ဇွန်လကုန်တွင် ပြုလုပ်မည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောကြားလိုက်

လားရှိုးမြို့ နောက်ဆုံးရသတင်း

လားရှိုးမြို့တွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ ပြည်သူများအတွက် လုံခြုံရေးကောင်းကောင်းပေး ထားသည့် အတွက် ကျေနပ်နေကြကြောင်း ယနေ့ နံနက် 10 နာရီအချိန်တွင် ဆက်သွယ်မေးမြန်း ချက်အရသိရသည်။

ဦးရဲထွဋ် ပြောတဲ့ လားရှိုး အကြမ်းဖက်မှု အကျဉ်းချုပ်

Photo: ဦးရဲထွဋ် ပြောတဲ့ လားရှိုး အကြမ်းဖက်မှု အကျဉ်းချုပ်
Wednesday, May 29, 2013

လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ဖြစ်စဉ် အကျဉ်းချုပ်ကို အခုလို သူ့ဖေ့စ်ဘုတ်မှာ ရေးသား အသိပေးထားပါတယ်။

လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်အကျဉ်းချုပ် 

 မေ ၂၈ ရက်နေ့ ညနေ ၁၆၁၅ နာရီမှာ မအေးအေးဝင်း ( ၂၄) နှစ်ကို ကျိုင်းတုံကနေ ရောက်ရှိ နေထိုင်
နေတဲ့ နေ၀င်း (၄၈) နှစ်က ဓာတ်ဆီနဲ့ ပတ်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။ 

နေ၀င်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့အခါ အကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ ဆေး
ပြား နှစ် ပြားပါတွေ့ရှိတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့ ပါ အမှုဖွင့်အရေးယူခဲ့ပါတယ်။ 

ညနေ ၁၇၄၅ နာရီမှာ သံဃာ ၅၀ ပါးခန့်နဲ့ လူ ၈၀ ခန့် အမှတ် ၁ ရဲစခန်းရှေ့ကိုရောက် လာတဲ့ အတွက် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖျောင်းဖျလူစုခွဲခဲ့ပါတယ်။ 

ည ၁၉၂၀ နာရီမှာ ပြည်နယ် ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားက ဆိုင်တစ်ဆိုင်ရဲ့ရှေ့က ခုံအချို့ ကို လူအုပ်စုနဲ့ ရိုက်ချိုးဖျက်ဆီးမှုစဖြစ်ပါတယ်။ 

၁၉၂၅ မှာ ရပ်ကွက် ၃ က ဘာသာရေး အဆောက် အဦကို စတင်ဖျက်ဆီးမီးရှို့ပါတယ်။ 

၁၉၄၀ နာရီမှာ ရဲတပ်ဖွဲ့များရောက်ရှိပြီး လူစုခွဲခြင်း၊ မီးသတ် နဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခြင်း များပြုလုပ် ပါတယ်။ 

ည ၈ နာရီမှာ အမှတ် ၃ ရပ်ကွက်၊ လမ်းမတော်လမ်းနဲ့ ကြာနီကန်လမ်းထောင့်ရှိ မိဘမဲ့ ကလေး ကျောင်းအောက်ရှိ ဈေးဆိုင်ခန်းများ၊ ပြန်ဆက်ရုံးနဲ့ ဈေးလမ်းကြားရှိ ဆိုင်ခန်းများ ကို တိုက်ခိုက်ဖျက်ဆီးမှုဖြစ်ပါတယ်။ 

၂၀၃၅ နာရီမှာ လုံခြုံရေးတပ်ဖွဲ့များက အဲဒီအဖွဲ့များကို တားဆီးလူစုခွဲခဲ့ပါတယ်။ 

ည ၂၃၃၀ မှာ မီးအားလုံးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ 

ယခုအချိန်ထိ လူထိခိုက်သေဆုံးတဲ့သတင်းမရရှိသေးပါဘူး။ လားရှိုးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပြီးတပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက် လျှက်ရှိပါတယ်။ 

အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများက နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုများမဖြစ်အောင် ပူးပေါင်းဆောင်ရွက် နေပါတယ်။ 

ဧရာဝတီblog
လားရှိုးမြို့ ဆူပူအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ဖြစ်စဉ် အကျဉ်းချုပ်ကို အခုလို သူ့ဖေ့စ်ဘုတ်မှာ ရေးသား အသိပေးထားပါတယ်။

ရဲတိုက်ဆန္ဒထုတ်ဖော်ခြင်းနှင့်St.Mary Cathedralသတင်းထုတ်ပြန်ချက်.

ရဲတိုက်ဆန္ဒထုတ်ဖော်ခြင်းနှင့်St.Mary Cathedralသတင်းထုတ်ပြန်ချက်.
======================================

စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏အထွဋ်အမြတ်ထားရာဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။ နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာ သူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။

မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆို လူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်း လာရောက်လေ့လာလေ့ရှိပါသည်။ မည်သည့်ဘာသာရေး အဆောက်အဦး မဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များ ထားရှိရာ သန့် ရှင်းသောနေရာများ ရှိတတ်ကြပါသည်။

ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကို အထူးကြပ်မတ် စောင့်ရှောက် ထားပါသည်။ ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြ သည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက်ပတ်သည့် ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။ ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်းသည့်နေရာ ၊အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ်သော အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး ပြုလုပ်ခြင်း၊ ကိုတွေ့ရှိရလေရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွားပုံရသည်။

ထိုမှတစ်ဖန်၊ တတိယ အကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media အဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း ၀င်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့ အစည်း၏ခွင့်ပြုချက်မျှ ရယူခြင်းမရှိဘဲ တစ်ကိုယ် တော်ဆန္ဒပြခဲ့ပါသည်။

သာသနာ့အကျိုးဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေ သည့်ကြားမှပင် ကာယကံရှင်မှကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။

ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါတိုင်တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာထင်ရှားပါသည်။ အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။ ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊ မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ နှင့်ဖီလာဆန့်ကျင်နေပါသည်။

ယခုသတင်းMedia များတွင်ပါသောအကြောင်းအချက်များ သည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ ဖော်ပြထားခြင်းဖြစ်ရာ မလိုလားအပ်သော အကျိုးဆက် များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ် ရသည်ဖြစ်၍၊ ပြည်သူ လူထုအနေနှင့် ဖြစ်ရပ်မှန်ကိုသိရှိရန်တင်ပြအပ်ပါသည်။

သာသနာ့အကျိုးဆောင်အဖွဲ့ စိန်မေရီကာသီဒြယ်သာသနာ၊ ရန်ကုန်မြို့ (သတင်းထုတ်ပြန်ချက်+ဓာတ်ပုံ St.Mary Cathedral)


Popular Journal
သာသနာ့အကျိုးဆောင်အဖွဲ့ စိန်မေရီကာသီဒြယ်သာသနာ၊ ရန်ကုန်မြို့ (သတင်းထုတ်ပြန်ချက်+ဓာတ်ပုံ St.Mary Cathedral)
စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏၏အထွဋ်

94B အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကမ်းခြေပေါ်သို့ရောက်ရှိ

94B အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ကမ်းခြေပေါ်သို့ရောက်ရှိ
By mmweather.ygn, on May 29th, 2013
http://blog.mmweather.com/2013/05/29/invest-94b-bay-of-bengal-9/

မေလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ INVEST 94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တဖန်ပြန်လည်၍ လမ်းကြောင်းပြောင်းပြီး တစ်နာရီ မိုင်နှုန်း ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။

94B သည် နောက်ဆုံးရရှိသည့် အချက်အလက်များအရ အင်အားပိုမိုကောင်းလာခြင်း လျော့သွားခြင်း မရှိပဲ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ အရှေ့တောင်ဘက် ၈၅ မိုင်ခန့်ရှိ ဘင်္ဂလားဒေ့ရှ်ကမ်းခြေပေါ်သို့ ရောက်ရှိနေပြီး ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေကို စောင့်ကြည့်လျှက်ရှိပါသည်။ လက်ရှိတည်နေရာမှာ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်မြောက်ဘက် ၂၅၅ မိုင်ခန့်ကွာဝေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတမ်းပေါ်တွင် ဖြစ်ပါသည်။

လေဖိအားနည်းဆဲလ် 94B
29 May 2013 0000Z
Location: 21.7 89.3
Winds: 25 knots
Central Pressure: 1004 hPa

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြးမှုဦးစီးဌာနမှ ယနေ့ နံနက် ဝ၇းဝဝ နာရီအချိန်တွင် အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။

နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ မေလ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်းရှိ/မရှိကို စောင့်ကြည့်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။

MMweather Page
မေလ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ INVEST 94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း အရှေ့မြောက်ဘက်သို့ တဖန်ပြန်လည်၍ လမ်းကြောင်းပြောင်း ပြီး တစ်နာရီ မိုင်နှုန်း ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။

အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့၌ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာ

Photo: အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့၌ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာ Wednesday, May 29, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူပိုင်းဆိုင်ရာများကိုပင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

"ဒီနေ့ အဓိက ဆွေးနွေးတဲ့ အကြောင်းအရာကတော့ နိုင်ငံတော် အစိုးရဘက်ကနေ ဆွေးနွေးတဲ့ ခေါင်းစဉ်ကတော့ တိုက်ပွဲတွေ ကိစ္စကို အပစ်အခတ် ရပ်စဲရေးလုပ်မလား ဆိုတဲ့အပိုင်း။ ကျွန်တော်တို့ ဘက်ကလည်း အပစ်အခတ် ရပ်စဲရေးကို အရင်မလုပ်ဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ဘယ်လိုသွားမလဲဆိုတဲ့ အပိုင်း၊ အဓိကမူပိုင်းပဲ ဆွေးနွေးတာပါ။ လက်တွေ့ပိုင်းတွေ မပါသေးပါဘူး" ဟု KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

နှစ်ဖက်စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိန်းသိမ်းနိုင်ရန်အတွက် ညှိနှိုင်းကွပ်ကဲရေးရုံးများ ထားရှိရေးကို ဆွေးနွေးရန် တင်သွင်းထားသော်လည်း ယနေ့တွင် မဆွေးနွေးဖြစ်ဘဲ နောက်နေ့ဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးမည်ဟု ဗိုလ်ချုပ်ဂွမ်မော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ အစဉ်တစိုက် ဆွေးနွေးလေ့ရှိပြီး KIOဘက်ကလည်း အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုလေ့ ရှိခဲ့သည်။

ယခုဆွေးနွေးပွဲ၌ ပြဿနာများကို မဆွေးနွေးဘဲ အဖြေကို ဆွေးနွေးကြရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲ အစပိုင်းတွင် ပြောကြားသည်။
"အဓိက အချက်က ပြဿနာကို ဆွေးနွေးမလား။ အဖြေကို ဆွေးနွေးမလား။ ပြဿနာကို ဆွေးနွေးရင် အခြေအနေတွေ အများကြီးရှိတယ်။ အမှား၊ အမှန်။ တစ်ဖက်နဲ့တစ်ဖက် ပြောစရာ ၀ိရောဓိတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ အဖြေကိုရှာဖို့ အရမ်းအရေးကြီးတယ်။ အဖြေကိုရှာရင် အဖြေက ရှိပြီးသားပါ။ အဖြေက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေး အားလုံးအသိဆုံး ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန်အတွက် အပစ်အခတ် ရပ်စဲရန် လိုအပ်ပြီး အပစ်အခတ် ရပ်စဲရန်အတွက် ခိုင်မာသော ကတိက၀တ်များ လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆက်လက်ပြောကြားသည်။
မတ်လ ရွှေလီဆွေးနွေးပွဲ၏ ရလဒ်များကို အခြေခံပြီး ဆွေးနွေးခဲ့သော မြစ်ကြီးနားဆွေးနွေးပွဲ ပထမနေ့ ဆွေးနွေးမှုများကို ကျေနပ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

နှစ်နှစ်တာ ကာလအတွင်း ၁၅ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ဦးအောင်မင်းနှင့် ရှစ်ကြိမ်မြောက်တွေ့ဆုံသော ယခုဆွေးနွေးပွဲကို မြစ်ကြီးနား၌ ပထမဆုံး ကျင်းပနိုင်ခဲ့ခြင်းမှာ ဆွေးနွေးပွဲ ကာလတစ်လျှောက် ရလဒ်ကောင်းတစ်ခု ဖြစ်ခဲ့သည်ဟု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က ရှုမြင်ခဲ့သည်။

သို့သော် မြစ်ကြီးနားသို့ လာရောက်ဆွေးနွေးခြင်းသည် ကချင်ပြည်နယ် တစ်ခုလုံး ငြိမ်းချမ်းနေခြင်းကြောင့် လာရောက်သည်ဟု မဆိုနိုင်ကြောင်း၊ ပြီးခဲ့သော ဆွေးနွေးပွဲများတွင် မြစ်ကြီးနား၌ တွေ့ဆုံရန် ပြောဆိုမှုများ ရှိခဲ့သည့်အတွက် ထိုကတိက၀တ်ကို အကောင်အထည် ဖော်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

"ဒီနေ့ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးကို အဓိက ဆွေးနွေးတယ်။ စောင့်ကြည့်ရေးရုံး ကိစ္စကို ပြောကြတယ်။ အပစ်အခတ် ရပ်စဲဖို့ ကိစ္စမှာ KIO အဖွဲ့က ဗဟိုကော်မတီနဲ့ ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။ နှစ်ဖက်စစ်တပ် အချင်းချင်းလည်း တံခါးပိတ် ဆွေးနွေးရဦးမယ်။ မြေပုံကြည့်ပြီး ဆုံးဖြတ်ကြဦးမယ်။ ပြီးရင် ဒုက္ခသည်တွေကိစ္စ လာမယ်" ဟု ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်သော ဖာသာယုံဝါက The Daily Eleven သို့ ပြောကြားသည်။

ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားက ဆွေးနွေးပွဲနှင့် ပတ်သက်၍ သီးခြားမှတ်ချက် မပေးခဲ့သော်လည်း ဆွေးနွေးမှုများကို ကျေနပ်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် မေ ၂၈ နံနက် ၉ နာရီက စတင်ဆွေးနွေးခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ဆွေးနွေးမှုကို ရပ်နားခဲ့သည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့လည်း တက်ရောက်ခဲ့သည်။ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး စစ်ဘက်ရေးရာ ကိုယ်စားလှယ်အနေဖြင့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လနှင့် ဗိုလ်မှူးကြီး ဇော်တောင်တို့ ပါဝင်ခဲ့ကြသည်။
မေ ၂၉ ရက်တွင် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ဒေသခံများ တွေ့ဆုံပြီး ငြိမ်းချမ်းရေးအတွက် သဘောထား တောင်းခံမှုများ ပြုလုပ်မည် ဖြစ်ပါသည်။ ဒေသခံများ၏ သဘောထားကို အခြေခံပြီး အစိုးရနှင့် KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။ 

မြစ်ကြီးနား ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်မထိုးနိုင်သည့် တိုင်အောင် ဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်ပြီး ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုများ လုပ်ဆောင်ပေးရန် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြားသည်။

Eleven

ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော မစ္စတာ ဗီဂျေနမ်ဘီးယားအား ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော မစ္စတာ ဗီဂျေနမ်ဘီးယားအား ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်