Wednesday, December 18, 2013

မြန်မာအမျိုးသမီးဟော်ကီအသင်းအင်ဒိုနီးရှားကိုအနိုင်ရ

Photo: မြန်မာအမျိုးသမီးဟော်ကီအသင်းအင်ဒိုနီးရှားကိုအနိုင်ရ
Wednesday, December 18, 2013

(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးဟော်ကီအုပ်စုပတ် လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်ကို ရန်ကုန်မြို့ သိမ်ဖြူဟော်ကီကွင်း တွင် ယနေ့နံနက် ၁၁ နာရီက စတင်ယှဉ်ပြိုင်သည်။ စတုတ္ထနေ့ ပထမပွဲစဉ်အဖြစ် ကမ္ဘောဒီးယား နှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ စင်ကာပူအသင်းက ကမ္ဘောဒီးယားအသင်းကို ၁၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

စတုတ္ထနေ့ နောက်ဆုံးပွဲစဉ် အဖြစ် ထိုင်းနှင့်မလေးရှားအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ မလေး ရှားအသင်းက ထိုင်းအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။

အမျိုးသမီးဟော်ကီအုပ်စုပတ် လည်ပြိုင်ပွဲ စတုတ္ထနေ့ယှဉ်ပြိုင်ခဲ့ သော ပွဲစဉ်များအပြီးတွင် မလေး ရှားအသင်းက ၁၂ မှတ်၊ စင်ကာပူ အသင်းက ၉ မှတ်၊ ထိုင်းအသင်း က ၇ မှတ်၊ မြန်မာအသင်းက ၄မှတ်၊ အင်ဒိုနီးရှားအသင်းက ၃မှတ်ရရှိပြီးကမ္ဘောဒီးယားအသင်း က အမှတ်မရရှိသေးကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် အမျိုးသားဟော်ကီ အုပ်စုပတ်လည် စတုတ္ထနေ့ပွဲစဉ် ကို ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်နှင့် ထိုင်း၊ စင်ကာပူနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

Ref: The Union Daily
(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ခြင်း ဖြစ်သည်။

နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ

Photo: နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ
Wednesday, December 18, 2013

ကမ္ဘာ့အကြမ်းအခံဆုံး မိုဘိုင်းဖုန်း စာရင်းထဲမှာ နိုကီယာပါဝင်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းက Nokia X2 ပါ။ ၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစားခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။

ဆီရီးယားမှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့ ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့ အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။

အသက်စွန့်ပြီး ရိုက်ကူးနေစဉ် မမျော်လင့်ပဲ ရဲက ပစ်လိုက်တဲ့ ကျည်ဆန်က သူ့ဆီကို တည့်တည့်တိုးလာပါတယ်။ ကံကောင်းပါတယ်။ ကျည်ဆံက ကိုင်ထားတဲ့ ဖုန်းကို ထိသွားပြီး နိုကီယာမှာပဲ တစ်သွားပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ ကျည်ဆည်ပေါက်သွားတဲ့နေရာကို မြင်တွေ့ ရမှာပါ။

Nokia ဖုန်း Hardware အကြမ်းခံမှုက အံ့သြဖွယ် ကောင်းလှပါတယ်။ Nokia က အသက်ငယ်သူပါ။ Nokia X2 တင်မက အရင်က ထုတ်တဲ့ မိုဘိုင်းဖုန်းနဲ့ ယနေ့ထွက်တဲ့ စမတ်ဖုန်းတွေလည်း အကြမ်းခံတယ်လို့ Nokia မှ ပြောဆို ထားကြောင်း သိရပါတယ်။

Ref: phonearena
အောင်ခမ်း ( ရိုးရာလေး )
ကမ္ဘာ့အကြမ်းအခံဆုံး မိုဘိုင်းဖုန်း စာရင်းထဲမှာ နိုကီယာပါဝင်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းက Nokia X2 ပါ။ ၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစားခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်
ဆီရီးယားမှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့ ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့ အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။

ဘင်္ဂါလီ ခုနစ်ဦးကို ခေါ်ယူလာသည့် ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီ ခုနစ်ဦးကို ပါဂျဲရိုးယာဉ်ဖြင့် ရန်ကုန်မြို့တော်သို့ ခေါ်ဆောင် လာသော ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က အမှုဖွင့် စစ်ဆေး လျက် ရှိကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒလမြို့ နှစ်လုံးထီဒိုင် အမျိုးသမီးကို ထောင်ဒဏ်သုံးနှစ်၊ခြောက်လ ချမှတ်

နှစ်လုံးထီးဒိုင်ကိုင်နေသော အမျိုးသမီးတစ်ဦးကို ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဒလမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ခြောက်လကျခံစေရန် ဒီဇင်ဘာ ၁၁ ရက်က အမိန့်ချမှတ်လိုက် သည်။

ပြိုင်ကားမောင်းသူတစ်ဦးက ရပ်ထားသည့် ကားကို ဖျက်ဆီးဟုဆိုကာ အမှုဖွင့်

ပြိုင်ကားမောင်းနှင်သူတစ်ဦးက နေအိမ်ရှေ့တွင် ညအိပ်ရပ်နားထားသည့် ကားတစ်စီးအား ဖျက်ဆီးခဲ့မှု တစ်ခု ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင် ဒီဇင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည့်အတွက် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

သူရိယနေ၀န်းဂျာနယ်နှင့် ပတ်သက်သည့် ပြန်ကြားရေးတောင်းဆိုမှု စာနယ်ဇင်းကောင်စီ လိုက်လျောမည်မဟုတ်

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်ဘဲ အစိုးရကို ထိခိုက် စေသည်ဟုဆိုကာ ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)သို့ အကြောင်းကြားခဲ့သော်လည်း စာနယ်ဇင်းကောင်စီဘက်မှ ၀င်ရောက်ညှိနှိုင်းပေးမည်မဟုတ်ဟု စာနယ် ဇင်းကောင်စီ အတွင်းရေးမှူးဦးကျော်မင်းဆွေက ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြစ်ဒဏ်ကျ ထောက်လှမ်းရေး ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် လက်မခံဟုဆို

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထိန်းသိမ်း အရေးယူ ခံရစဉ်တွင် တစ်ပါတည်း ဖမ်းဆီး အကျဉ်းကျခံရပြီး မလွတ်မြောက်သေးသည့် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဆိုပါက လုံးဝလက်မခံမည် မဟုတ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့က ထုတ်ပြန် ပြောကြားသည်။

KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကချင်အမျိုးသားများ၏ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ

ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ် ရှင်းလင်းရန်နှင့် ဆွေးနွေးတိုင်ပင် ရန် အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တွင် ကချင်ခေါင်းဆောင်များ လိုင်ဇာမြို့တွင် ဒီဇင် ဘာလ ၁၇ ရက်တွင် စတင် ကျင်းပလျက်ရှိသည်။

ဖတ်ကြည့်လိုက်ပါ သင်မသိသေးတာတွေကို တအံ့တသြ သိစေရမယ်

ဖတ်ကြည့်လိုက်ပါ သင်မသိသေးတာတွေကို တအံ့တသြ သိစေရမယ်
Wednesday, December 18, 2013

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက်ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့အသံကို မကြားနိုင်ဖြစ်နေပါသလား.... ရုတ်ချည်းပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်းဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ်သွားချင်နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ်လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေးနိုင်ပါတယ်....
၎)ဆရာဝန်ကသင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ...
ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူလမ်းကြောင်းပိတ်နေတဲ့အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ချောင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထားအတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကိုလှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်းအသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့်အင့်ကာအိပ်ချင်လာပြီဆိုရင်ဘယ်ဘက်ကိုစောင်းပြီးလှဲလျောင်းပါ...ဒီပုံစံဟာသင့်အစာအိမ်ကို
အစာပြွန်ထက်ပိုနိမ့်တဲ့အနေအထားမှာရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေသင့်လည်ချောင်းထဲကမထွက်လာအောင်ထိန်းပေးထားနိုင်ပါတယ်...

၇)သင်သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့လက်မနဲ့လက်ညိုးကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှုဝေဒနာကိုသိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင်ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့်လဲဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်းမှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင်ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက်သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေးဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွားစေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှားထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vagus လို့အမည်ရတဲ့ အာရုံကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင်တည်ငြိမ်မှုရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက်တဝကြီးရှူတာ ပုံမှန်ထက်မြန်မြန်ပြင်းပြင်းရှူတာမျိုးလုပ်မယ့်အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တိုအတွင်းများများလုပ်ဆောင်လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင်ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင်ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့အခါမှာ ပါးစပ်အပေါ်နံရံကနေပြီး ခေါင်းထဲထိထိုးကိုက်တာမျိုးဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံအတိုင်း အပြားလိုက်ဖိကပ်ထားပါ... လျှာနဲ့နေရာများများထိနိုင်သမျှ ထိအောင်ကပ်ထားပေးရပါမယ်... brain freezeဟာခံတွင်းနံရံမှာရှိတဲ့အာရုံကြောကိုအလွန်အမင်းအေးစေတဲ့အခါဦးနှောက်ကခန္ဓာကိုယ်
တစ်ခုလုံးအေးနေတယ်လို့ ယူဆသွားတဲ့အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကိုနာကျင်ကိုက်ခဲတဲ့အထိ အပူပေးတဲ့လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်းအပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေပါတယ်....

၁၃)သင့်ရဲ့လက်တွေအိပ်ပျော်တဲ့အခါမှာလက်တွေဟာ ဘေးတစ်ဘက်တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေကပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက်လာပါတယ်... လက်တွေဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပြီး လည်ပင်းကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေအိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ်အောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Myanmaalinn
၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေ ကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက် ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ အလည်အပတ် လာရောက်ရန် တရားဝင် ဖိတ်ခေါ်ပြောကြားမှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောကြား

တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော လေ့လာရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ဖိတ်ခေါ်ခြင်းမျိုး တရုတ်နိုင်ငံ ဘက်က ပြော ကြားမှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ

ရွှေရနိုင်တဲ့ အနေအထားမျိုး ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ
Tuesday, December 17, 2013

ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့်  ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။

သို့သော် ယမန်နေ့ ညပိုင်းကမူ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို ၁ ဂိုး ဂိုးမရှိနှင့် ရှုံးကာ အုပ်စုအဆင့်မှ လှည့်ထွက်ခဲ့ရသည့်အတွက်  မြန်မာ ဘောလုံးပရိသတ်များ ပေါက်ကွဲကာ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ပင် ဖြစ်ခဲ့ရသည်။ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသည့် ရှုံးနိမ့်မှု၊ ဆူပူမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။     ။ နည်းပြ ပတ်ဆောင်ဟွာက အခုပြိုင်ပွဲစနစ် Head to Head ကို မသိဘူးလို့ သတင်းစာရှင်းလင်းပွဲများမှာ ပြောသွားတယ်၊  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြအကြားမှာ ဒီစနစ်နဲ့ ပတ်သက်ပြီး ဆက်သွယ် ရှင်းလင်းပြောကြားတာမျိုး မရှိဘူးလား။

ဖြေ ။     ။ အဲဒါတော့ မဟုတ်ပါဘူး၊ ဒီ Head to Head စနစ်နဲ့ ပတ်သက်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ရော၊ ကျနော်တို့ရော ရှိရှိသမျှ အသင်းမှာရှိတဲ့ မြန်မာတာဝန်ခံရော၊ စကားပြန်ရော အကုန်ပြောပြီးပါပြီ။ ပရိသတ် ၃ သောင်းတောင် သိတာ၊ သူမသိဘူး ဆိုတာတော့ ဘယ်လိုဖြစ်နိုင်မလဲ။

မေး။     ။ လူထုတ်ပုံနည်းစနစ်နဲ့ ပတ်သက်ပြီး နည်းပြအဖွဲ့မှာရှိတဲ့ မြန်မာ တာဝန်ခံတွေကရော ထောက်ပြတာမျိုး မရှိဘူးလား။

ဖြေ ။     ။ နည်းပြသဘောထားက သူပဲလုပ်မယ် ဘေးလူ ဘာမှလာမပြောနဲ့၊ ၀င်ရောက်စွက် ဖက်တာကို လုံးဝ လက်မခံတဲ့ လူစားမျိုး၊ ပြောလေ ကန့်လန့်တိုက်လေ လူမျိုး။ ကျနော်တို့ အဖွဲ့ချုပ်ကလည်း စာချုပ်သက်တမ်း ၂ နှစ်နဲ့ ငှားပြီးနေတော့ အားလုံးက သည်းခံပြီး စာချုပ်ကုန်တဲ့အထိ ထားမယ်လို့  ဆုံးဖြတ်လိုက်တာပါ။ လူထုတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့အတွက်လည်း ကျန်တဲ့ မြန်မာနည်းပြတွေနဲ့ စကားများရတာလည်း အကြိမ်ကြိမ်ပါ။

အခု အင်ဒိုနီးရှားနဲ့ ပွဲမတိုင်ခင်မှာ ကျနော်ကိုယ်တိုင် သူ့ကို ပြောပါတယ်၊ အခုပွဲကို ဗိုလ်လုပွဲလို ကစားဖို့၊ ဘောလုံးဆိုတာ ဘာမဆို ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့ ပြောတယ်၊ စကားပြန်ကတဆင့် “စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး ” လို့ သူက ဖြေတယ်။

ကန်မယ့်နေ့ မနက်မှာလည်း သူတိုနဲ့ တွေ့တော့ “တဖက်အသင်းက ဖောင်ဖျက်တိုက်မှာ၊ မထင်မှတ်တာတွေ ဖြစ်တတ်တယ်၊ ပထမပိုင်း သေချာဖိကစား၊ နှစ်ဂိုးလောက်ရလို့ သေချာပြီဆိုမှ မင်းကြိုက်တာလုပ် ” ဆိုတော့ စိတ်ချပါလို့ ထပ်ကတိပေးတယ်။

ပွဲမစခင်မှာတင် တိုက်စစ်မှူး “ကျော်ကိုကို” ကို မထည့်ဘူး လုပ်ပြန်တယ်၊ ဒါကြောင့် ကျော်ကိုကို ကို ကျနော်ကိုယ်တိုင်ခေါ်ပြီး၊ နည်းပြ ပတ်ဆောင်ဟွာကို ကျေအေးအောင် ကန်တော့ခိုင်းပြီး Line up ထဲထည့်ဖို့ ပြောရတယ်၊ ဒါတောင် ဒုတိယပိုင်းမှ ထည့်တယ်။

ဖိအားတွေနဲ့ ကစားရတော့ ကစားသမားလေးတွေလည်း ဘယ်လိုလုပ်ရတော့မလဲ၊ အခြေအနေကို ကြည့်ပြီးတော့ လူစားထိုးသင့်တာ ထိုးရမယ်လေ။

မေး။     ။ အခုနည်းပြ ပတ်ဆောင်ဟွာကို ထုတ်လိုက်ပြီလား၊ မြန်မာ့ဘောလုံးအသင်းအတွက် ရှေ့ကို ဘာဆက်လုပ်မလဲ။

ဖြေ။     ။ ထုတ်လိုက်ပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ ဘောလုံးက အများကြီး လုပ်ရမယ်၊ အခြေခံ အဆောက်အအုံတွေ၊နည်းပညာတွေ၊ နိုင်ငံတကာ ပြိုင်ပွဲတွေ အများကြီးလုပ်ရမယ်။ လက်ရွေးစင်အသင်းတခုထဲ ပြုပြင်ဖို့မဖြစ်နိုင်ဘူး၊ ကလပ်အသင်းတွေလည်း ပြုပြင်နိုင်မှဖြစ်မှာ။

ကန်တော့မှ နိုင်ချင်ရုံနဲ့တော့ မရဘူး။ အခုဆိုရင်  U -၁၉၊ U- 22  လည်း အာရှခြေစစ်ပွဲအောင်ပြီးပြီ။ အခုဟာက ရွှေရနိုင်တဲ့ အနေအထားမျိုးရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ၊ ဒီပွဲက မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ၊  ပြည်သူလူထုကလည်း အရမ်းကို မျှော်လင့်နေတဲ့ အချိန်မှာ ဖြစ်သွားတာ၊ ပရိသတ်တွေကို နားလည်ပါတယ်။

မေး။     ။ ဒါဆို တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့  ဒီပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ဖြေ။     ။ ဒီပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အလုပ်ပျက် အကိုင်ပျက်ခံပြီး လက်မှတ်တန်းစီပြီး ၀ယ်ယူအားပေးတဲ့ မြန်မာ ပရိသတ်ကြီးကို တာဝန်ရှိသူတယောက်အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။     ။

AFF Association of the Year ဆုနှင့်အတူတွေ့ရသည့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် (ဓာတ်ပုံ – themff.org)

ဧရာဝတီ
ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက် လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံးအားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်း အထန် ပြင်ဆင် ကြိုးစားခဲ့သည်။

မြန်မာစစ်အရာရှိ ၁ ဦးနဲ့ စီးပွားရေးကုမ္ပဏီ ၃ ခုအပေါ် အမေရိကန် ပိတ်ဆို့မှုချမှတ်


မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိ တစ်ယောက်ကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက် အရောင်းအဝယ် လုပ်တဲ့အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့လိုက်တယ်လို့ အင်္ဂါနေ့ မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနှင့်ပွဲ မတိုင်မီ အစည်းအဝေး၌ ပတ်ဆောင်ဟွာက အင်ဒိုနီးရှားကို ရှုံးနိမ့်၍ မရဟု ပြောကြားခဲ့ကြောင်း မြန်မာအသင်းအုပ်ချုပ်သူ ဦးစိုးမိုး ပြောကြား

မြန်မာယူ-၂၃ အသင်း၏ အုပ်ချုပ်သူ ဦးစိုးမိုးက တောင်ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာ အနေဖြင့် အုပ်စုအဆင့်၌ Head to Head စည်းမျဉ်းဖြင့် ဆုံးဖြတ်မည်ကို မသိရှိခဲ့ဟု ပြောကြားခြင်းမှာ မှန်ကန်မှုမရှိဘဲ ယင်းပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ၎င်းကိုယ်တိုင်က အင်ဒိုနီးရှားကို ရှုံးနိမ့်၍မရကြောင်း သတိပေးခဲ့သည်ဟု ပြောကြားသည်။

တပ်သားသစ် ကောက်ယူမှုအား ရှုပ်ချ ဆန္ဒပြရန် သျှမ်းအသိုင်းအဝိုင်း စီစဉ်

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း သျှမ်းရွာသားများ တပ်သားသစ် စုဆောင်းခြင်း ခံရမှုအား ရှုပ်ချသည့် အနေဖြင့် ဆန္ဒပြရန် သျှမ်းလူမှုအသိုင်းအဝိုင်းက စီစဉ်နေကြောင်း တိုင်းလိုင် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီက ပြောပါသည်။

သျှမ်းပါတီ ပူးပေါင်းရေး ကမ်းလှမ်းမှု တလပြည့်သော်လည်း တိုးတက်မှု မရှိသေး

ပူးပေါင်းရေးအတွက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ SNDP ထံ ကမ်းလှမ်းထားမှု တလပြည့်ပြီဖြစ်သော်လည်း တိုးတက်မှု မရှိသေး ကြောင်း နှစ် ပါတီလုံးက ပြောပါသည်။

Tuesday, December 17, 2013

မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီဒေသများတွင် KIA မှ ဆက်ကြေးကောက်ခံမှုများရှိနေ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီချောင်း အရှေ့ခြမ်းရှိ တောင်သူလယ်သမားထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀၀ ဆက်ကြေး ပေးဆောင်ရန် KIA မှ တောင်းဆိုစာများပို့ခဲ့ပြီး ဆက်ကြေးကောက်ခံမှုများ ရှိနေတယ်လို့ ဆားမှော်ဒေသခံများမှတဆင့် သိရှိရသည်။

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

Photo: အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ
Tuesday, December 17, 2013

မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်
ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း
ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

အသားကင်
အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။

မြ၀တီ
မုန်လာဥနီ
မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား

Photo: ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား 
Tuesday, December 17, 2013

ကွမ်းလုံမြို့တွင် ဒီဇင်ဘာလ (၁၇) ရက်နေ့ မွန်းလွဲ (၁၄း၄၅)နာရီ အချိန်က လားရှိုး- ကွမ်းလုံလမ်းမပေါ် ခရိုင် သာသာနာရေး ဦးစီးဌာနရုံးနှင့် ဆက်သွယ်ရေး ရုံးကြားတွင် လေးလုံးထိုး ထော်လာဂျီ
ယာဉ်မှ ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။

ပေါက်ကွဲမှုကြောင့် ဒုတပ်ကြပ် ဇော်မင်းသိန်း (အမှတ်(၂) အခြေချ စစ်ဗျူဟာ အဖွဲ့) ကွမ်းလုံမြို့၊ တင်မင်းဇော်၊ အသက်(၂၅)နှစ် Asia World ကုမ္ပဏီ စက်မောင်း၊ သူရကျော်၊ အသက်(၂၅)နှစ် Asia World စက်မောင်းတို့ (၃)ဦး သေဆုံးပြီး ဇော်မျိုးအောင် (၂၆)နှစ်၊ (နည်းပြ၊ နတလ သင်တန်းကျောင်း၊ ကွမ်းလုံ)သည် ၀ဲခြေသလုံး ရိုးကျိုးနှင့် သက်ဇေယျာထွန်း (Asia World) လုပ်သားသည် ယာလက်မောင်း ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ပါသည်။

ပေါက်ကွဲမှု ဖြစ်စဉ်မှာ ချင်းရွှေဟော် မြို့နယ်ဘက်မှ ကွမ်းလုံဘက်သို့ မောင်းနှင်းလာသော(၄)လုံးထိုး ထော်လာဂျီယာဉ်သည် ဖြစ်စဉ်နေရာသို့ အရောက်တွင် ပြင်းထန်စွာ ပေါက်ကွဲ သွားခဲ့ပြီး ခန့်မှန်း ပေ(၂၀) အနီးတွင် ရပ်နားထားသော (Asia World) ကုမ္ပဏီပိုင် (Paver Machine XRMC )အမျိုးစား လမ်းခင်းစက်ပေါ်တွင် ရှိနေသော

စက်မောင်း (၂)ဦးနှင့် ဆိုင်ကယ် စီးနင်းနေသော တပ်မတော်သား (၁)ဦးတို့ သေဆုံးခဲ့ပြီး အခြား(၂)ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ပေါက်ကွဲမှုကြောင့် ထော်လာဂျီယာဉ်မှာ တစ်စစီ လွှင့်စင် ပျက်စီးသွားပြီး ယာဉ်ပေါ် ပါလာသူ ယာဉ်မောင်း ကျား(၁)ဦး (စိစစ်ဆဲ)နှင့် အမျိုးသမီး (၁)ဦး၏ အလောင်းအား ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း ကနဦးသတင်းအရ သိရှိရပါသည်။

MOI Webportal Myanmar
ကွမ်းလုံမြို့တွင် ဒီဇင်ဘာလ (၁၇) ရက်နေ့ မွန်းလွဲ (၁၄း၄၅)နာရီ အချိန်က လားရှိုး- ကွမ်းလုံလမ်းမပေါ် ခရိုင် သာသာနာရေး ဦးစီးဌာနရုံးနှင့် ဆက်သွယ်ရေး ရုံးကြားတွင် လေးလုံးထိုး ထော်လာဂျီယာဉ်မှ ပြင်း ထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။

မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှ ထိန်းသိမ်းထားသည့် လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး

Photo: မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှ ထိန်းသိမ်းထားသည့် လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး 
Tuesday, December 17, 2013

၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့ အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင်သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း ထားရှိခဲ့ပါသည်။

အဆိုပါလူငယ်များအနေဖြင့် မိမိတို့၏မြန်မာနိုင်ငံဘောလုံးအသင်းအား အနိုင်ရရှိစေလိုသည့်စိတ်ဖြင့် အားပေးရာမှ အားမလိုအားမရဖြစ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိသဖြင့် ၁၇.၁၂.၂၀၁၃ရက်နေ့ ( ၁၈၀၀ )အချိန် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဓမ္မာရုံတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်၊ ရန်ကုန်တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းဝင်းအေး၊အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေး၊ ရဲမှူး မြင့်ထွေး(ဦးစီး-၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်ထွန်းတို့မှ ၎င်းလူငယ်(၉)ဦးဖြစ်သည့် ညီညီ(ခ) ညီညီအောင်၊ ကျော်ကျော်ထွန်း၊ ငြိမ်းငြိမ်းကျော်၊ သက်ပိုင်ထွေး၊ အောင်ခန့်၊ သန်ဇင်၊ နိုင်ပန်းလှ၊ လင်းထွဋ်ဦးနှင့် ကျော်မိုးလွင်တို့နှင့် အုပ်ထိန်းသူမိဘ(၁၅)ဦးတို့အား ခေါ်ယူတွေ့ဆုံ၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ရဲတပ်ဖွဲ့သည်လည်းပြည်သူကြားကပေါက်ဖွားလာသော တပ်ဖွဲ့ဝင်များဖြစ်ပြီး ပြည်သူအကျိုးစီးပွားကို စောင့်ရှောက်နေသူများ ဖြစ်ကြောင်း၊ အဆိုပါလူငယ်များအနေဖြင့် စိတ်ခံစားမှုကိုရှေ့တန်းတင်ပြီး
ဒေါသအလျောက် နောက်နောင်တွင်ယခုကဲ့သို့ ဥပဒေမဲ့ရမ်းကားမှုများ မပြုလုပ်ရန်နှင့် နိုင်ငံကြီးသား ပီသစွာပြုမူကျင့်ကြံနေထိုင်သွားကြရန် ပြောဆိုဆုံးမပြီး ခံဝန်သတိပေးလက်မှတ်ရေးထိုး အရေးယူကာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး တို့ကိုယ်တိုင် မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police 
၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့ အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင် သည့် လူငယ်(၉)ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း ထားရှိခဲ့ ပါသည်။

မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို ဘောလုံးအဖွဲ့ချုပ် အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်

Photo: မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို
ဘောလုံးအဖွဲ့ချုပ် အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်
Tuesday, December 17, 2013

မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံး ကိုလည်း ဦးဇော်ဇော် တာဝန်ယူထားသည့် ဘောလုံး အဖွဲ့ချုပ်က အကုန် အကျခံ ပြန်လည်ပြုပြင်ပေးမည်ဟု တာဝန်ရှိသူတို့ထံ ကတိပြု ထားကြောင်းလည်း အဖွဲ့ချုပ်ထံမှ သိရသည်။

ထို့အပြင် မြန်မာအသင်း ရှုံးနိမ့်မှုကြောင့် ဒေါသ ပေါက်ကွဲကာ ဖြစ်ပျက်ခဲ့မှုကို
ရဲ၏ ထိန်းသိမ်းခြင်း ခံရသူတို့အပြင် ဘေးမှ ရပ်ကြည့်နေသော ထိန်းသိမ်းခံလိုက်ရသူအားလုံးကို သင်္ဃန်းကျွန်း ရဲစခန်းက ယနေ့ ညနေပိုင်းတွင် ဦးဇော်ဇော်၏ မေတ္တာရပ်ခံမှုကြောင့် ခံဝန်ဖြင့် ပြန်လွှတ် ပေးလိုက်သည်ဟု သိရသည်။ 051

Popular Myanmar News Journal
မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကိုလည်း ဦးဇော်ဇော် တာဝန်ယူ ထား သည့် ဘောလုံးအဖွဲ့ချုပ်က အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်ဟု တာဝန်ရှိသူတို့ထံ ကတိပြု ထားကြောင်း လည်း အဖွဲ့ချုပ်ထံမှ သိရသည်။

ရှမ်းနီတိုင်းရင်းသား တစ်ရာကျော်ကို ပြန်လွှတ်ပေးရန် KIA ကို ဆန္ဒပြမည်

KIA က တပ်သားစုဆောင်းရန် အတွက် မန်စီမြို့နယ် အတွင်းမှ ဖမ်းဆီး ခေါ်ဆောင်သွားသည် ဆိုသော ရှမ်းနီ တိုင်းရင်းသား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးရန် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIO/KIA အဖွဲ့အား ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုများ အရေး လှုပ်ရှားသူ ဦးစိုင်းထိန်လင်းက ပြောကြားသည်။

ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်

Photo: ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည် 
Tuesday, December 17, 2013

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။

နောက်ကွယ်က စေခိုင်းသည်ဟု ဆိုသူ စောတဝါးကို အမှန်တကယ် ဟုတ်မှန်ခြင်းရှိ မရှိ စောထွန်းထွန်းကို မေးမြန်းစစ် ဆေးပြီး အမှန်တကယ် နောက်ကွယ်က စေခိုင်းခြင်းမှန်လျှင် စောတဝါးကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဖော်ထုတ် ဖမ်းဆီးသွားမည် ဖြစ်ကာ လက်ရှိတွင် စောတဝါးကို ဖမ်းဆီးထားခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တောင်ငူခရိုင် တပ်မဟာ (၃) အကူအညီဖြင့် ဖမ်းဆီး ရရှိထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် လယ်ဝေးမြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၉ နှစ်အရွယ် မီးရထား ရဲတပ်သားတစ်ဦးနှင့် ညောင်လေးပင်မြို့မှ လာရောက်တည်းခို နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးပေါ်ပေါက်ချက် များအရ စုံစမ်းသိရှိရသည်။

တောင်ငူမြို့ ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ စောထွန်းထွန်းကို ငွေကျပ် ၂၀,၀၀၀ ပေးပြီး ခိုင်းစေသူကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟိုမှ ဥက္ကဋ္ဌ ဖဒိုစောရော်ဂျာခင်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောဖောဒိုနှင့် အဖွဲ့ဝင် ဖဒိုစောအယ်ကလူဆေးတို့ ပါဝင်သော ပူးပေါင်းစုံစမ်း ဖော်ထုတ်ရေး ကော်မတီကို နိုဝင်ဘာလ အတွင်း ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

"စောတဝါးကို လက်ရှိမှာ ဖမ်းဆီးထားခြင်း မရှိသေးပါဘူး။ အကြမ်းဖက် ဖောက်ခွဲမှုတွေကို ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ လက်သင့်မခံပါဘူး။ သူက ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေ ထဲမှာတော့ ရှိနေတယ်ဆိုတာ ဝန်ခံပါတယ်" ဟု အဆိုပါအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက ဆိုသည်။

မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ခုနစ်ရက်တာကာလ အတွင်း ဗုံးတွေ့ရှိမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်၊ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ရာတွင် လူသုံးဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဗုံးပေါက် ကွဲမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ စောထွန်းထွန်းနှင့် နောက်ကွယ်မှ စေခိုင်းသူ စောတဝါး တို့ကို ဖမ်းဆီးနိုင်ရေး အတွက် ကရင်အမျိုးသား အစည်းအရုံး ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းကာ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် KNU အမျိုးသား အစည်းအရုံး ဗဟိုမှ ဖဒိုစောရော်ဂျာခင်က ပြောကြားသည်။

နယ်စပ်အရေး ဆွေးနွေးရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ


မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေသော နယ်စပ် သောင်း ကျန်း သူများ အရေး ဆွေးနွေးရန် အတွက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ အင်ဖာမြို့သို့ ရောက် ရှိနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အအေးပိုမည်

Photo: မြန်မာနိုင်ငံတွင် အအေးပိုမည် 
Tuesday, December 17, 2013

တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအားရပ်ဝန်းဟာ ဆက်အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံကို အရှေ့မြောက်က လေအေးတွေ ထိုးဆင်းပြီး အအေးပိုလာဖို့ ရှိနေပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ပြီး နောက် ၅ ရက်အတွင်း မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ မွန် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတွေမှာ ညအပူချိန် သိသိသာသာ လျော့နည်းလာနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

ဒီနှစ်ဆောင်းရာသီဖြစ်တဲ့ နိုဝင်ဘာ ၁၅ ကနေ ဒီဇင်ဘာ ၁၅ အထိ မအေးသလို မိုးရွာသွန်းမှုတွေ ရှိခဲ့ပြီး မိုးရပ်နားပါက အေးလာမယ်လို့ မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“အခု လေးအေးတွေ ကျမယ့်အထဲမှာတော့ ရန်ကုန်တို့ဘာတို့က သက်သာပါတယ်။ ရှမ်းဘက်က ပိုကျမှာပေါ့။ သူက တရုတ်ပြည်နဲ့လည်း ပိုနီးတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်ကနေ မြန်မာနိုင်ငံကို အရှေ့မြောက်ဘက်ကနေ တိုးဝင်လာမယ့် လေအေးတွေ ဖြစ်တယ်။”

ဒီဇင်ဘာလ ပျမ်းမျှအပူချိန်အောက်ထက် ၃ ဒီဂရီ စင်တီဂရိတ်ကနေ ၅ ဒီဂရီ စင်တီဂရိတ် အထိ လျော့နည်းသွားသလို ပျမ်းမျှ အပူချိန်တွေဟာလည်း ပြည်နယ်တိုင်းတွေပေါ် မူတည်ပြီး ကွဲပြားတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာတော့ အခုရက်ပိုင်းအတွင်း သိသိသာသာ အအေးပိုလာတယ်လို့ တောင်ကြီးမြို့ခံ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“တော်တော်ကြီးအေးတယ်။ အခါတိုင်းနေ့ထက်လည်း အေးပါတယ်။ ခါတိုင်း နှစ်ထက်လည်း အေးပါတယ်။”

မိုးဇလဌာန ခန့်မှန်းချက်အရတော့ ဒီဇင်ဘာလ ရှမ်းပြည်နယ်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်ဟာ ၁၀ ဒီဂရီ စင်တီဂရိတ်၊ ချင်းပြည်နယ် ၈ ဒီဂရီ စင်တီဂရိတ်နဲ့ ရန်ကုန်တိုင်းက ၁၆-၁၇ ဒီဂရီ စင်တီဂရိတ် ရှိပါတယ်။

By ဒီဗွီဘီ
တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအားရပ်ဝန်းဟာ ဆက်အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံကို အရှေ့မြောက် က လေအေးတွေ ထိုးဆင်းပြီး အအေးပိုလာဖို့ ရှိနေပါတယ်။

မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုကြောင့် (၁)ဦးသေ (၅)ဦးဒဏ်ရာရ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ၊ မိုင်တိုင်အမှတ်(၉၅/၆)နှင့် (၉၇/၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျိုက်ထို ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ 

တရုတ်ရှင်ကျန်ဒေသ အဓိကရုဏ်းကြောင့် ၁၆ ဦး သေဆုံး

Photo: တရုတ်ရှင်ကျန်ဒေသ အဓိကရုဏ်းကြောင့် ၁၆ ဦး သေဆုံး
Tuesday, December 17, 2013

တရုတ်နိုင်ငံမှ မွတ်ဆလင် အူဂါ တိုင်းရင်းသားများ၏ နေရပ်ဖြစ်သော ရှင်ကျန်ဒေသတွင် အဓိကရုဏ်း ရန်ပွဲ ဖြစ်ပွားမှုကြောင့် လူ ၁၆ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ရာဇဝတ်မှု ကျူးလွန်သူဟု ယူဆရသူ တစ်ဦးကို ရဲက ပိုးလမ်းမမြို့ကြီး ကက်ရှ်ဂါ အနီး ရှုဖူး စီရင်စုနယ်တွင် ဖမ်းဆီးရန် ကြိုးစားရာမှ များစွာသော လူများက ပေါက်ကွဲစေနိုင်သော ပစ္စည်းများ၊ ဓားများ ကိုင်၍ တိုက်ခိုက်ကြရာမှ ယင်းသို့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ၁၆ ဦး သေဆုံးသွားရခြင်း ဖြစ်ကြောင်း ဒေသတွင်းမီဒီယာ များက ရေးသားထားသည်။

သေဆုံးသူများမှာ ရဲနှစ်ဦးနှင့် ဆူပူတိုက်ခိုက်သူများ ဖြစ်ကြသည်ဟု သတင်း ထုတ်ပြန်ထားပြီး ရာဇဝတ်မှု ကျူးလွန်သူဟု ယူဆရသည့် မသင်္ကာသူ နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားသေးသည်။

ပြီးခဲ့သည့် နှစ်လအတွင်းက တီအန်မင်ရင်ပြင်ကို ရှင်ကျန်နယ်သား အူဂါသုံးဦးက တိုက်ခိုက်ခဲ့ပြီး လူအုပ်ကြီးကို ကားဖြင့် အတင်းဝင်တိုက်ခဲ့ရာမှ နှစ်ဦး သေဆုံးပြီး လေးဆယ် ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်သူ သုံးဦးလည်း သေဆုံး သွားခဲ့ကြောင်း အာဏာပိုင်များက သတင်း ထုတ်ပြန်ထားသည်။

တရုတ်အစိုးရက ယင်းတိုက်ခိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုဟု တပ်အပ် ပြောဆိုခဲ့ပြီး အရှေ့ တာကစ္စတန် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့က ကျောထောက်နောက်ခံပြု လှုပ်ရှားနေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

ပြည်ပပညာရှင်များက တိုက်ခိုက်မှု၏ ပုံစံသည် ရိုးရှင်းလွန်းနေခြင်းနှင့် အစ္စလာမ် စစ်သွေးကြွများ တရုတ်မြေတွင် ခြေချမှု မရှိခဲ့ဖူးခြင်း အပေါ် ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ရှင်ကျန်ဒေသသည် အာရှအလယ်ပိုင်း၊ ပါကစ္စတန်တို့နှင့် နယ်နိမိတ်ချင်း ကျယ်ပြန့်စွာ တည်ရှိနေပြီး တရုတ် မဟာတံတိုင်းနှင့် ဝေးကွာသော နေရာတွင် ရှိနေကာ ရာစုနှစ်ပေါင်းများစွာ အစ္စလာမ် ဘာသာဝင်များ နေထိုင်ခဲ့သည့်နေရာ ဖြစ်သည်။

တရုတ်အာဏာပိုင် တို့က ဒေသတွင်း ယဉ်ကျေးမှုကို ဖိနှိပ်ခြင်း၊ တင်းကျပ်သော လုံခြုံရေး နည်းစနစ်များ အသုံးပြုခြင်း အစရှိသည် တို့ကို မကျေမနပ် ပြောဆိုကြပြီး တရုတ်အစိုးရက ယင်းသို့ပြောဆို နေသူများသည် အစွန်းရောက်များ၊ အကြမ်းဖက်ဝါဒီများ၊ ခွဲထွက်ရေးသမားများ ဟု ပြောဆိုထားသည်။

ဇွန်လအတွင်းကလည်း ယင်းသို့ အဓိကရုဏ်းတစ်ခု အပြင်းအထန် ဖြစ်ပွားခဲ့သဖြင့် ၃၅ ဦး သေဆုံးကာ ၁၃၉ ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။

The Voice Weekly
တရုတ်နိုင်ငံမှ မွတ်ဆလင် အူဂါ တိုင်းရင်းသားများ၏ နေရပ်ဖြစ်သော ရှင်ကျန်ဒေသတွင် အဓိကရုဏ်း ရန်ပွဲ ဖြစ်ပွားမှုကြောင့် လူ ၁၆ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကျန်းကျိယီ ဆွတ်ခူး

Photo: အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကျန်းကျိယီ ဆွတ်ခူး
Tuesday, December 17, 2013

တရုတ်နိုင်ငံ မကာအိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် နာမည်ကြီး သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ကျန်းကျိယီ က The Grandmaster ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ကျန်းသည် အက်ရှင် ဇာတ်ကြမ်းများဖြင့် ပရိသတ်အား ဖမ်းစားထားနိုင်သူ ဖြစ်သည်။

သူမသည် နိုဝင်ဘာလ အတွင်းကလည်း အဆိုပါ ရုပ်ရှင်ဇာတ်ကားနှင့် Stray Dogs အမည်ရှိ ဇာတ်ကားများတွင် အကောင်းဆုံး ပါဝင် သရုပ်ဆောင် နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ အော်စကာဟု တင်စားထားသည့် Golden Horse ဆုကို လက်ခံရရှိထားသူ တစ်ဦး ဖြစ်သည်။

အလားတူ အကောင်းဆုံး ဒါရိုက်တာဆုနှင့် ရုပ်ရှင်ဆုကို ဂျပန်ရုပ်ရှင် ဇာတ်ကားကြီး တစ်ကား ဖြစ်သည့် Like Father,Like Son ဇာတ်ကားက ဆွတ်ခူး သွားကြောင်း သိရသည်။

မြ၀တီ
တရုတ်နိုင်ငံ မကာအိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် နာမည်ကြီး သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ကျန်းကျိယီ က The Grandmaster ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အစည်းအဝေး ဇန်န၀ါရီ ၇ ကျင်းပမည်

Photo: ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အစည်းအဝေး ဇန်န၀ါရီ ၇ ကျင်းပမည်
Tuesday, December 17, 2013

လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတရပ်ကို လာမယ့် ဇန်န၀ါရီ ၇ ရက်မှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီစည်းဝေးပွဲမှာ ကော်မတီထံ ပေးပို့လာတဲ့ အကြံပြုစာတွေနဲ့ ပတ်သက်ပြီး အမျိုးအစားခွဲခြား သုံးသပ်ဆွေးနွေးကြမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

လွှတ်တော်ဖွဲ့စည်းပုံ ပူးပေါင်းကော်မတီထံ အသင်းအဖွဲ့အသီးသီးနဲ့ ပါတီတွေထံက အကြံပြုစာပေါင်း ၂၀၀၀ ကျော် ရောက်ရှိနေပြီး ဒီထဲ ဖွဲ့စည်းပုံအခန်း ၁ နိုင်ငံတော်အခြေခံမူများ အခန်းကို ပြင်ဆင်ဖို့ အကြံပြုစာပေါင်းက ၆၀၀ လောက်နဲ့ အများဆုံးပဲလို့ ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

ကော်မတီထံ အကြံပြုစာပေးပို့ရမယ့် နောက်ဆုံးရက်ဟာ ဒီဇင်ဘာ ၃၁ ရက်ဖြစ်ပြီး အရေးပါတဲ့ အာဏာရပါတီ၊ အတိုက်အခံပါတီနဲ့ တပ်မတော်တို့ထံက အကြံပြုစာတွေ ရောက်မလာသေးဘူးလို့ သိရပါတယ်။

လာမယ့် န၀မ အကြိမ်မြောက် လွှတ်တော်ကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ဒုတိယပတ်အတွင်း ပြန်လည်ကျင်းပဖို့ ရှိပါတယ်။ ဒီတကြိမ်လွှတ်တော်မှာ ကော်မတီက ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းခြင်း၊ လွှတ်တော်က ဆွေးနွေးခြင်းတို့ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

DVB
လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတရပ်ကို လာမယ့် ဇန်န၀ါရီ ၇ ရက်မှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီစည်းဝေးပွဲမှာ ကော်မတီထံ ပေးပို့လာတဲ့ အကြံပြုစာတွေနဲ့ ပတ်သက်ပြီး အမျိုးအစားခွဲခြား သုံးသပ်ဆွေးနွေးကြမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။

လူသတ်မှု ဖြစ်ပွား၍ ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်နှစ်ဦး ကောလင်း ရဲစခန်းသို့ လာရောက်အဖမ်းခံ

လူသတ်မှု ဖြစ်ပွား၍ ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်နှစ်ဦး ကောလင်း ရဲစခန်းသို့ လာရောက်အဖမ်းခံ


စစ်ကိုင်းတိုင်းဒေသကြီး၊  ကောလင်းမြို့နယ်၊ ကျောက်တန်း အုပ်စု၊ ပေကုန်းရွာတွင် ၂၀၁၃ ဒီဇင်ဘာ(၅)ရက်နေ့ ည(၈)နာရီ အချိန်ခန့်က ဦးဝင်းလှိုင် (၃၇) နှစ် သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အိမ်မြောက်ဘက်(၂)ဖာလုံခန့် အကွာမှ အော်သံများကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ဦး အောင်ငြိမ်းဆိုသူ၏ နေအိမ်ရှေ့ လမ်းမပေါ်တွင် အစ်ကိုဖြစ်သူ မောင်စန်းသည် သွေးများစိုရွဲနေပြီး ဓားဒဏ်ရာ(၂)ချက်ဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသောကြောင့် ဦးအောင်ငြိမ်းအားမေးမြန်းရာတွင် တစ်ရွာတည်းနေ ဇော်လင်း(၂၀) နှစ်၊ ဖိုးတုတ်(ခ)မင်းမင်းထိုက်၊(၂၀) နှစ်တို့နှင့်လမ်းပေါ်တွင်မောင်းစန်း တို့စကားများရန်ဖြစ်ကြပြီး မောင်စန်းကို ဓားချွန်ဖြင့် ထိုး သတ်၍ထွက်ပြေးသွားကြောင်း ပြောပြသိရှိရသောကြောင့် ကောလင်းရဲစခန်းသို့တိုင်ကြား       ရာကောလင်းရဲစခန်းက(ပ) ၄၀၇/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီးတရားခံ များ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

အဆိုပါ ဇော်လင်းနှင့် ဖို တုတ်(ခ)မင်းမင်းထိုက်တို့သည် ၎င်းတို့ကျေးရွာမှ ကန့်ဘလူမြို့ နယ်ရှိတောင်ဇော်တောတိုက်သို့ ရောက်ရှိကာ ထိုမှတစ်ဆင့် ဇော် ဆိပ်ကမ်းမှ စက်လှေဖြင့် ထီးချိုင့် မြို့နယ်၊ မြတောင်ကျေးရွာသို့ ဒီဇင်ဘာ(၇)ရက်နေ့တွင် ရောက် ရှိခဲ့ပြီး ထိုမှတစ်ဆင့် ငအိုးကျေး ရွာသဆက်လက်ထွက်ခွာကာငအိုး ကျေးရွာအရောက်တွင် မိမိတို့ အမှားကို သိရှိပြီး ကျန်ရစ်ခဲ့သော မိဘများကို သနားသဖြင့်ငအိုး ကျေးရွာလမ်းဆုံမှ မော်တော်ယာဉ် ဖြင့် စီးနင်းလိုက်ပါခဲ့ပြီး ဒီဇင်ဘာ  (၁၀)ရက်နေ့ နံနက်(၃)နာရီခန့် အချိန် ကောလင်းမြို့နယ်၊ ပေ ကုန်းကျေးရွာသို့ပြန်လည်ရောက် ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိဘများထံအသိပေးအကြောင်း ကြားကာ နံနက်(၁၀)နာရီ အချိန် ခန့်တွင် ကောလင်းရဲစခန်းသို့သွား ရောက် သတင်းပို့ဖမ်းဆီးခံခဲ့သည့် အတွက် အမှုစစ်ဒုတိယရဲမှူး အောင်မြင့်က ၎င်းတို့နှစ်ဦးကို စစ်ဆေးဆောင်ရွက်ပြီး အမှုကိုခိုင် မာအောင်တည်ဆောက်၍ မြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင် ရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Hot News Journal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျောက်တန်း အုပ်စု၊ ပေကုန်းရွာတွင် ၂၀၁၃ ဒီဇင်ဘာ(၅) ရက်နေ့ ည(၈)နာရီ အချိန်ခန့်က ဦးဝင်းလှိုင် (၃၇) နှစ် သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အိမ်မြောက် ဘက် (၂)ဖာလုံခန့် အကွာမှ အော်သံများကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ဦး အောင်ငြိမ်းဆိုသူ၏ နေအိမ်ရှေ့ လမ်းမပေါ်တွင် အစ်ကိုဖြစ်သူ မောင်စန်းသည် သွေးများစိုရွဲနေပြီး ဓားဒဏ်ရာ(၂) ချက်ဖြင့် သေ ဆုံး နေသည်ကို တွေ့ရှိရသောကြောင့် ဦးအောင်ငြိမ်းအားမေးမြန်းရာတွင် တစ်ရွာ တည်းနေ ဇော်လင်း (၂၀) နှစ်၊ ဖိုးတုတ်(ခ)မင်းမင်းထိုက်၊(၂၀) နှစ်တို့နှင့်လမ်းပေါ်တွင်မောင်းစန်း တို့စကားများ

တောင်တွင်းကြီးမြို့နယ်တွင် သားဖြစ်သူက ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်

တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်း၏ အနောက် တောင်ဘက်ခြောက်မိုင်ခန့်အကွာတွင် ယမန်နေ့ ညနေ ၄ နာရီချိန်က မတင်တင်မြင့် အသက် (၁၈)နှစ် ကြို့ချောင်းအလယ်ရွာအုပ်စုနေသူ သည် တစ်အိမ်တည်းနေ ဖခင်ဖြစ်သူဦးအောင်သာနှင့်အတူ မီးလှုံနေ စဉ် တစ်ဝိုင်းတည်း အိမ်တောင် ဘက်ကပ်လျက် အိမ်တွင် တစ်ဦးတည်း နေထိုင်သည့် အစ်ကိုဖြစ်သူကိုမြင့်ဇော်က ဖခင်၏ဆိုဆုံးမမှုကို မကျေ နပ်သဖြင့် နေအိမ်ပေါ်မှဝါးရိုးတပ်အရိုးအသွား ၂၂လက်မ၊ဗျက်ခြောက် လက်မခန့်ရှိ တောင်သူ ဓားမကိုင်၍ ဖခင်ဖြစ်သူအားခုတ်ရာ ဖခင်ဖြစ် သူသေဆုံးသွားခဲ့ကြောင်းသိရသည်။