Sunday, August 17, 2014

အူရီးဒူးဖုန်းလိုင်း ရန်ကုန်မှာပင် အဆင်မပြေသေး

အူရီးဒူးဆင်းမ်ကတ်များ ကို ဩဂုတ် ၁၅ ရက်မှစ၍ ကောင်း မွန်စွာ အသုံးပြုနိုင်မည်ဟု ပြောကြားထားသော်လည်း လက်ရှိ ရန်ကုန်မြို့၌ပင် ဖုန်းခေါ်ဆိုမှုခက်ခဲခြင်းနှင့် အချို့နေရာများတွင် လိုင်းမမိသည့် ပြဿနာများကြုံတွေ့နေရသေးကြောင်း မိုဘိုင်း ဖုန်းအသုံးပြုသူများထံမှ သတင်းရရှိသည်။
‘‘အူရီးဒူးဖုန်းလိုင်းကောင်း၊ မကောင်းတော့ မသိဘူး။ အခု အချိန်ထိ လိုင်းက သိပ်မကောင်း လို့ ဖုန်းကိုကောင်းကောင်းမပြော ရသေးဘူး’’ဟု ရန်ကုန်မြို့နေ အူရီးဒူးဆင်းမ်ကတ်အသုံးပြုသူ တစ်ဦးက ပြောသည်။
အူရီးဒူးဆင်းမ်ကတ်များဖြင့် ဖုန်းခေါ်ဆိုရသည်မှာယခင်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်အဆင်ပြေလာသော်လည်း လက်ရှိအချိန်ထိ အချို့ဧရိယာများတွင် လိုင်းပျောက်သွားသည့် ပြဿနာကိုကြုံတွေ့နေရသေးကြောင်း လူကြီးမင်းစီးပွားရေးလုပ်ငန်းစု မန်နေဂျင်းဒါရိုက်တာ ဦးပြည်စိုးထွန်းက ပြောသည်။

တရုတ် ဂက်စ်ပိုက်လိုင်း နိုင်ငံရေးကြောင့်သာ ဖောက်လုပ်ခဲ့ပုံရ

မျှော်မှန်းထားသလောက် အလုပ်မဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ဆက် သွယ်ထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းကို တရုတ်အစိုးရပိုင် China National Petroleum Coroporation(CNPC) က ဖောက်လုပ်ခဲ့ခြင်းမှာ လက်တွေ့ကျသော အကြောင်းပြချက်များထက် ဘေဂျင်းမြို့တော်မှ နိုင်ငံရေးခေါင်းဆောင်ပိုင်းကို စိတ်ကျေနပ် မှုရစေရန် ဖြစ်ကြောင်း စွမ်းအင်ကဏ္ဍဆိုင်ရာ သတင်းတခုက ဆိုသည်။အဆိုပါပိုက်လိုင်းကို တရုတ်နိုင်ငံ စွမ်းအင်အရင်း အမြစ်ရရှိရန် ဆောင်ရွက်နေသော ဗျူဟာမြောက် စင်္ကြံ အမြောက်အမြားထဲမှ တခုအနေဖြင့် ဆက်သွယ်ရန် တရုတ်စွမ်းအင် ဗျူဟာပညာရှင်များ၏ ကန့်ကွက်မှုများကို ဆန့်ကျင်၍ CNPC ၏ ဥက္ကဋ္ဌဟောင်း Jiang Jieminက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“တရုတ် စက်မှုလုပ်ငန်း ပညာရှင်တွေက ကန့်ကွက်ခဲ့ပေမယ့် Jiang Jiemin က အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျမည့် မြန်မာဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ၂၀၁၀ မှာ စတင်လုပ်ဆောင်ခဲ့ ပြီးတော့ ၂၀၁၃ ခုနှစ် ဇွန်လမှာ ပြီးစီးခဲ့ပါတယ်။ လေ့လာအကဲခတ်သူတွေ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်း ပါပဲ။
Photo: တရုတ် ဂက်စ်ပိုက်လိုင်း နိုင်ငံရေးကြောင့်သာ ဖောက်လုပ်ခဲ့ပုံရ
Sunday, August 17, 2014

မျှော်မှန်းထားသလောက် အလုပ်မဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ဆက် သွယ်ထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းကို တရုတ်အစိုးရပိုင် China National Petroleum Coroporation(CNPC) က ဖောက်လုပ်ခဲ့ခြင်းမှာ လက်တွေ့ကျသော အကြောင်းပြချက်များထက် ဘေဂျင်းမြို့တော်မှ နိုင်ငံရေးခေါင်းဆောင်ပိုင်းကို စိတ်ကျေနပ် မှုရစေရန် ဖြစ်ကြောင်း စွမ်းအင်ကဏ္ဍဆိုင်ရာ သတင်းတခုက ဆိုသည်။

အဆိုပါပိုက်လိုင်းကို တရုတ်နိုင်ငံ စွမ်းအင်အရင်း အမြစ်ရရှိရန် ဆောင်ရွက်နေသော ဗျူဟာမြောက် စင်္ကြံ အမြောက်အမြားထဲမှ တခုအနေဖြင့် ဆက်သွယ်ရန် တရုတ်စွမ်းအင် ဗျူဟာပညာရှင်များ၏ ကန့်ကွက်မှုများကို ဆန့်ကျင်၍ CNPC ၏ ဥက္ကဋ္ဌဟောင်း Jiang Jieminက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“တရုတ် စက်မှုလုပ်ငန်း ပညာရှင်တွေက ကန့်ကွက်ခဲ့ပေမယ့် Jiang Jiemin က အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျမည့် မြန်မာဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ၂၀၁၀ မှာ စတင်လုပ်ဆောင်ခဲ့ ပြီးတော့ ၂၀၁၃ ခုနှစ် ဇွန်လမှာ ပြီးစီးခဲ့ပါတယ်။ လေ့လာအကဲခတ်သူတွေ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်း ပါပဲ။ ပိုက်လိုင်းဟာ သူသယ်ပို့နိုင်စွမ်းရဲ့ တစိတ် တပိုင်းကိုပဲ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ မြန်မာကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းတွေက ဓာတ်ငွေ့လုံလောက်အောင် ထောက်ပံ့မပေး နိုင်လို့ပါ” ဟု  Reuters သတင်းဌာန၏ အထူး သတင်းတပုဒ်တွင် ဖော်ပြထားသည်။

CNPC ၏ လုပ်ငန်းတနှစ်ပြည့်မြောက်သည့် အချိန်တွင် ပိုက်လိုင်းက မူလရည်မှန်းထားသော နှစ်စဉ် ပို့ဆောင် ပေးနိုင်မည့် ပမာဏ၏ ၁၅ ရာခိုင် နှုန်းသာ ပို့ဆောင်ပေးနိုင်ခဲ့သည်ဟုလည်း အဆိုပါ သတင်းက ထုတ်ဖော်ရေး သားထားသည်။ ပိုက်လိုင်းကို မြန်မာနိုင်ငံ ကမ်းရိုးတန်းရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည် နယ်၏ မြို့တော် ကူမင်းကို ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ် သည်။

ပိုက်လိုင်းကို တနှစ်လျှင် ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ သယ်ပို့နိုင်ရန် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု CNPC က ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လကုန်အထိ ဓာတ်ငွေ့ ကုဗမီတာ ၁ ဒသမ ၈၇ ဘီလီယံသာ ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု သိရသည်။

တင်ပို့နိုင်မှု နည်းပါးရခြင်းနှင့် ပတ်သက်၍ CNPC က အကြောင်းပြချက် မပေးခဲ့ပါ။ ပိုက်လိုင်း ကို တောင်ကိုရီး ယားနိုင်ငံမှ Daewoo International ကဦးဆောင်ပြီး အိန္ဒိယအစိုးရပိုင် ရေနံ ကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်းလုပ်ကိုင် နေသည့် ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့တွင်းနှင့် ချိတ်ဆက်ထားခြင်းဖြစ်ပါသည်။

အစောပိုင်း ရရှိသည့် သတင်းများအရ ရွှေ သဘာဝ ဓာတ်ငွေ့တွင်းတွင် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် ကြုံတွေ့နေရသည့်အတွက် ရည် မှန်းချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိဟု သိရသည်။

Jiang Jiemin ကို နိုင်ငံရေးသမား စီးပွားရေး သမားအဖြစ်   ပုံဖော်ပြရင်း   Reuters သတင်းက “ပြည်တွင်း ဝေဖန်သူတွေက ဒီ ရင်းနှီးမြှုပ်နှံမှုကို Jiang Jiemin က ဦးဆောင်ခဲ့တယ်။ သူ့ရဲ့ နိုင်ငံရေး ဆရာသမားတွေ စိတ်ကျေနပ်မှုရဖို့အတွက် တခါတရံမှာ ကုန်ကျစရိတ်နဲ့ စွန့်စားရမှုတွေကိုတောင် အလေးမထားဘဲ ပြုလုပ်ခဲ့ တယ်လို့ ပြောကြ ပါတယ်။ ဒီစွမ်းအင်ဗျူဟာ ရည်မှန်းချက်တွေနဲ့ ပါတီ ခေါင်းဆောင်ပိုင်းကိုပဲ ဦးစားပေး လုပ်ပြပြီး သူဘယ် လောက်အထိ ရွေးချယ်ခွင့်တွေ ရခဲ့တယ်ဆိုတာ မရှင်းလင်းပါဘူး” ဟု ထပ်မံရေးသားခဲ့ သည်။

သို့သော်လည်း Jiang Jiemin သည် ယခု အခါတွင် နိုင်ငံပိုင် စွမ်းအင်စီးပွားရေး လုပ်ငန်းနှင့် ပတ်သက်သည့် အခြားသော အဆင့်မြင့် အရာရှိကြီး များနှင့် အတူ အကျင့်ပျက်ခြစားမှုရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စုံစမ်း စစ်ဆေးမှု ခံနေရပြီ ဖြစ်သည်။

Jiang Jiemin ကို မည်သို့ စွဲချက်တင်ခဲ့ကြောင်း အများပြည်သူသိရှိရန် ထုတ်ပြန်ခြင်းမရှိပါ။ တရုတ် အစိုးရ   သတင်းဌာနက Jaing Jiemin သည် “စည်းကမ်းချိုးဖောက်မှုရှိခဲ့သည်” ဟု သံသယရှိခြင်းကြောင့်  စစ်ဆေးခံ နေရသည်ဟုသာ  ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအသုံးအနှုန်းသည် တရုတ် ကွန်မြူနစ်ပါတီတွင် အကျင့် ပျက်ခြစားမှုကို ရည်ညွှန်း လေ့ရှိသည့် ဗန်းစကား ဖြစ်ပါသည်။

ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက် ၂ခု မှ ထွက်ရှိမည့် အရန်သဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၂၀ဝ နီးပါးကို CNPC က တဦးတည်း ဝယ်ယူခွင့်ကို ယခင်မြန်မာစစ်အစိုးရနှင့် လျှို့ဝှက်စွာ သဘောတူညီမှုရ ရှိခဲ့သည်။ နိုင်ငံအရင်းအမြစ်များ ရောင်းချခြင်းများမှ ရရှိသည့်အမြတ်အစွန်းများသည် နိုင်ငံခြားဘဏ်စာရင်းများ သို့ ရောက်ရှိသွားသည်ဟု ယခင်စစ် အစိုးရအပေါ် အစိုးရမဟုတ်သည့် အဖွဲ့အစည်း အမြောက်အမြားက စွပ်စွဲမှုများလည်း ရှိနေ သည်။

သဘောတူညီချက်အရ စွမ်းအင်အလွန်အမင်း လိုအပ်နေသော မြန်မာနိုင်ငံက ရွှေသဘာဝဓာတ်ငွေ့တွင်းမှ ထွက်ရှိမှု၏ ရာခိုင်နှုန်းအနည်းငယ်မျှကိုသာ ရရှိနိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအထိ မြန်မာနိုင်ငံက ဓာတ်ငွေ့ ကုဗမီတာ သန်း ၆၀ သာ ရရှိခဲ့သည်ဟု CNPC ၏ ဝက်ဆိုက်တွင် ဖော်ပြထားသည့် အကျဉ်းချုပ် ကြေညာချက်တွင် တွေ့ရှိရသည်။

ရွှေသဘာဝဓာတ်ငွေ့ သဘောတူညီချက်သည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ဆန့်ကျင် နေသည့် အတွက် NGO များက ဝေဖန်ခဲ့ကြသည်။ မြန်မာအစိုးရ တပ်ဖွဲ့များ ပါဝင်ပတ်သက်ခဲ့သည့် ပိုက်လိုင်းသွယ်တန်း ရေး လုပ်ငန်းတွင်လည်း မြေ သိမ်းယူခြင်းနှင့် အိုးအိမ်များ ဆုံးရှုံးရခြင်းများ အပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုများ ရှိခဲ့သည်ဟု လည်း စွပ်စွဲမှုအမြောက်အမြား ပေါ်ထွက်ခဲ့ရသည်။

ဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင်တည်ဆောက်နေ သည့် ရေနံစိမ်းပိုက်လိုင်းသည်လည်း ပြီးစီးလုနီးပြီ ဖြစ်သည်။

CNPC နည်းတူ Daewoo International ကလည်း အများသိစေရန် ထုတ်ပြန်မှု အနည်းငယ် သာ ပြုလုပ်ခဲ့ပြီး ရွှေ ဓာတ်ငွေ့တွင်းမှ ထုတ်လုပ်မှု နည်းပါး နေရခြင်းနှင့် ပတ်သက်၍ တရားဝင် အကြောင်းပြချက်ပေးခြင်း မပြုခဲ့ပါ။

စွမ်းအင်ကဏ္ဍဆိုင်ရာ သတင်းဌာန ၂ ခုဖြစ် သည့် Platts နှင့် Interfax Natural Gas Daily တို့က အမည် မဖော်လိုသူ အတွင်းလူတို့ နည်းပညာ ပိုင်းဆိုင်ရာ နှောင့်နှေးမှုများနှင့် ပတ်သက်၍ ဝေဖန်ပြစ်တင်ခဲ့ကြသည်ကို ဖော်ပြခဲ့သည်။ ရွှေသဘာဝ ဓာတ်ငွေ့တွင်းမှ ထုတ်လုပ်မှု နည်းပါးနေခြင်းတွင် ရာသီဥတု ဆိုးရွားခြင်းကလည်း တစိတ်တပိုင်း ပါဝင်သည်ဟု သိရသည်။

“လုပ်ငန်းဆိုင်ရာ အရင်းအမြစ်တွေကလည်း ကမ်းလွန်ထုတ်လုပ်ရေးမှာ နှောင့်နှေးနေတာကို အသိအမှတ်ပြုပါ တယ်။  Daewoo International  က တူးဖော်ရေးပိုင်းမှာ အချိန်မီ မပြီးစီးခဲ့ဘူးလို့ သတင်းရင်းမြစ်တခုက ကျနော်တို့ကို ပြောခဲ့ပါတယ်”  ဟု  Interfax Natural Gas Daily က ယခုနှစ် အစောပိုင်းတွင် ရေးသားခဲ့သည်။

“တိုးမြှင့် ထုတ်လုပ်နိုင်မယ့် အချိန်ကလည်း မျှော်လင့်ထားသလိုမဟုတ်ဘဲ အပြောင်းအလဲ ဖြစ် သွားတယ်။ ဒါပေမယ့် ဒီကိစ္စကြောင့်ပဲ ပို့ပေးရမယ့် ဓာတ်ငွေ့ပမာဏက မျှော်လင့်ထားတာထက် နည်း သွားပါတယ်” ဟု ၎င်းတို့က ဆိုသည်။

CNPC ၏ ရွှေသဘာဝဓာတ်ငွေ့ဝယ်ယူမှု သဘောတူညီချက်မှ သိနိုင်သမျှ အသေးစိတ် အချက်များကို အခြေခံ၍ ရွှေဓာတ်ငွေ့ လုပ်ကွက် တခုတည်း၏ ထုတ်လုပ်နိုင်မှုက ပိုက်လိုင်းပြည့်ရန် မလွယ်ကူနိုင်ဟု လေ့လာဆန်းစစ်သူ အချို့ကပြော ကြသည်။

“CNPC ရဲ့ဝယ်ယူမှုက တနှစ်ကို ဓာတ်ငွေ့ ကုဗမီတာ ၄ ဘီလီယံပဲ ရှိမယ့်အချိန်မှာ ပိုက်လိုင်းက တနှစ်ကို ဓာတ်ငွေ့ ကုဗ မီတာ ၁၂ ဘီလီယံ ပို့ပေး နိုင်အောင် ပုံစံထုတ်ပြီး တည်ဆောက်ထားတာဖြစ်တဲ့ အတွက် ပိုက်လိုင်းပြည့်အောင် တခြား ဘယ်က ထပ်ပြီး ရနိုင်မှာလဲလို့ လေ့လာစောင့်ကြည့်သူတွေက မေးခွန်းထုတ် ခဲ့ကြပါတယ်” ဟု Interfax Natural Gas Daily ကပြောသည်။

ထိုမေးခွန်း၏ အဖြေက ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်၏ ပတ်ဝန်းကျင် ဧရိယာအတွင်းတွင် ရေနက်ကမ်းလွန် လုပ်ကွက် ၃ခု တူးဖော်ရန် CNPC က ၂၀ဝ၇ ခုနှစ်ကတည်းက ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သည့်အပေါ်တွင် မူတည်နေနိုင်ပါသည်။

အဆိုပါ လုပ်ကွက်များကို မြေပုံပေါ်တွင် လုပ်ကွက် ဗီ-၁၊ ဗီ-၆ နှင့် ဗီ-၈ စသည့်အမည်များနှင့် ဖော်ပြထားသည်။ သို့သော်လည်း CNPC က တရုတ်နိုင်ငံ ပြင်ပတွင် ပထမဆုံးတူးဖော်မှုအဖြစ် မြန်မာ့ကမ်းလွန်လုပ်ကွက် ၂ ခုတွင် တွင်း ၂ တွင်း တူးဖော်ကာ ရေနက်ပိုင်းရှာဖွေရေး ဆောင်ရွက်မည့် စီမံကိန်းသည် လာမည့်နှစ် အစောပိုင်းတွင် ဖြစ်ပေါ် လာရန် အလားအလာ နည်းပါးနေသည်ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ သတင်းစာ တစောင် ဖြစ်သည့် Upstream က ဇူလိုင်လ ၂၅ ရက် နေ့ တွင် ရေးသားခဲ့သည်။

အဆိုပါ လုပ်ကွက်များသည် စစ်တွေ နှင့် ကျောက်ဖြူကြား ကီလိုမီတာ ၂၀ဝ ခန့်ဝေးသည့် ကမ်းလွန်ပင်လယ် ပြင်တွင်ရှိပြီး လုပ်ကွက်ဧရိယာ စတုရန်း ကီလိုမီတာ ၁၀ဝ၀ဝ ခန့်ရှိသည်ဟု Upstream သတင်းစာကပြော သည်။

CNPC နှင့် မြန်မာနိုင်ငံမှ အခြားသော ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ကိုင် သူများအတွက် အခက်အခဲ မှာ စွမ်းအင်ဝန်ကြီးဌာန က မြန်မာနိုင်ငံတွင် အသစ်ရှာဖွေတွေ့ရှိလာသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်း အတွက် လုံလောက်မှုရှိမှသာ နိုင်ငံခြားသို့ တင်ပို့ရောင်း ချခွင့်ပြုမည်ဟု တရားဝင် ပြောကြားထားခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း လောင်စာလိုအပ်မှု ကလည်း တိုးလာနေသည်။

ထိုအချိန်တွင် ကမ်း လွန်လုပ်ကွက် ၂၀ ကျော် တွင် ရှာဖွေတူးဖော်ခွင့်လိုင်စင် စည်းကမ်းချက်များနှင့် ပတ်သက်၍ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီး အချို့တို့၏ ဆွေးနွေးမှုများကလည်း ခရီး မရောက်နိုင်ဘဲ ဖြစ်နေသည်။
ဧရာဝတီ

ကျောက်မျက်အတုအစစ်ခွဲခြားသည့် ဓာတ်ခွဲခန်းရလာဒ်များ မတိကျမှုကြောင့် ကျောက်သမားများ အခက်ကြုံနေရဟုဆို

ကျောက်မျက် အတုအစစ် ခွဲခြားသည့် ဓာတ်ခွဲခန်း ရလာဒ်များ မတိကျမှုကြောင့် မန္တလေးမြို့ အခြေစိုက် ကျောက်သမားများ အနေဖြင့် ကျောက်မျက် ရောင်းဝယ်ရာတွင် အခက်အခဲ ကြုံတွေ့ရလျက်ရှိသည်ဟု တညီတညွှတ်တည်း ပြောသည်။
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)အတွင်းရေးမှုး ဦးသိုက်ထွန်းက ဓာတ်ခွဲခန်း ရလာဒ်များ မတူညီမှုကြောင့် ရောင်းဝယ်သူများ အနေဖြင့် သံသယဖြစ်ဖွယ်ကိစ္စများ ကြုံတွေ့ရသည်မှာ မဖြစ်သင့်ပဲ ဓာတ်ခွဲခန်းများ အနေဖြင့် ရလာဒ်တူညီရန်လိုအပ်ကြောင်း၊ စမ်းသပ်စစ်ဆေးပေးသည့် ဓာတ်ခွဲခန်းများသည်လည်း အဖြေကိုတိတိကျကျထုတ်ပေးနိုင်ရန်လိုအပ်သည်ဟု အကြံပြုပြောဆိုသည်။“ဒီကဓာတ်ခွဲခန်းမှာ ကျောက်ကို သွားစစ်လိုက်တော့ ကျောက်စိမ်းအစစ်ဆိုပြီးအဖြေထွက်လာတယ်။ဒါနဲ့ ၁၈သိန်းနဲ့ ဝယ်လိုက်တယ်။ပြီးတော့ တရုတ်ပြည်ပို့လိုက်တော့ ဟိုက စက်တွေနဲ့ စစ်လိုက်တဲ့အခါ အတုဆိုပြီး ပြန်ပို့လိုက်တယ်.စရိတ်ရှုံးတာပေါ့”ဟု ၎င်းကဆိုသည်။

ကိုးလ်ဂိတ် သွားတိုက်ဆေးတွင် ထရိုင်ကလိုစန်ဓာတုပစ္စည်းပါဝင်၍ သုံးစွဲရန်မသင့်နှင့်ပတ်သက်၍ ရှင်းလင်း

Photo: ကိုးလ်ဂိတ် သွားတိုက်ဆေးတွင် ထရိုင်ကလိုစန်ဓာတုပစ္စည်းပါဝင်၍ သုံးစွဲရန်မသင့်နှင့်ပတ်သက်၍ ရှင်းလင်း
Sunday, August 17, 2014

ကိုးလ်ဂိတ်သွားတိုက် ဆေးနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများ မှန်ကန်တိကျ မှုမရှိကြောင်းနှင့် ပါဝင်သည့် ဓာ တုပစ္စည်းသည်လည်း လူ၌ ကင်ဆာဖြစ်နိုင်ဖွယ်မရှိဟု Colgate- Palmolive ကုမ္ပဏီ  မြန်မာနိုင်ငံ   အခြေစိုက်ရုံးခွဲ မန်နေဂျာ မစ္စတာ Durgesh Chugh က တုံ့ပြန် ပြောဆိုသည်။

‘‘ထွက်ပေါ်နေတဲ့ သတင်း တွေနဲ့ ပတ်သက်ပြီး ကုန်ပစ္စည်း တွေကို ယုံယုံကြည်ကြည်နဲ့ သုံး လို့ရပါတယ်။ ကင်ဆာဖြစ်စေတဲ့ ထရိုင်ကလိုစန်ဓာတ်ဆိုတာကလည်း တိရစ္ဆာန်တွေမှာပဲ တွေ့ နိုင်တာပါ။ လူတွေမှာ မဖြစ်စေပါ ဘူး’’ဟု ၎င်းက 7Day  Daily အား ပြောကြားသည်။

သြဂုတ် ၁၁ ရက်မှစ၍ ကိုးလ်ဂိတ်တိုတယ်(Colgate Total) သွားတိုက်ဆေးတွင် ထရိုင်ကလို စန်(Triclosan) ဓာတုပစ္စည်းပါဝင်နေကြောင်း နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်ကိုမှန်ကန်မှုမရှိကြောင်း ယခုကဲ့သို့ တုံ့ပြန်   ပြောဆိုလိုက်ခြင်းဖြစ် သည်။

အမေရိကန်နိုင်ငံ မင်နီဆိုး တားပြည်နယ်တွင်  ထရိုင်ကလိုစန်ပါသော ထုတ်ကုန်အများစု ရောင်းချခွင့်ပိတ်ပင်ခဲ့ပြီးနောက် Bloom berg သတင်းဌာနမှ ရေးသားဖော်ပြခဲ့သည်။ South China Morning Post သတင်းစာ၌လည်း ဟောင်ကောင်စားသုံးသူများကောင်စီက ၎င်းကိုးဂိတ်တိုတယ်သွားတိုက်ဆေးထဲ၌ ဓာတုပစ္စည်း(ထရိုင် ကလိုစန်)သည် ပါဝင်ရမည့် ပမာဏထက်ပိုနေခြင်းကြောင့် ကင်ဆာဖြစ်ပွားနိုင်သည်ကို ရှာဖွေ တွေ့ရှိထားကြောင်း ရေးသားဖော်ပြခဲ့သည်။

သို့သော် ၂၀၁၀ပြည့်နှစ်က ကယ်လီဖိုးနီးယား တက္ကသိုလ်တစ်ခုမှ သုတေသနပြုချက်တွင်မူ ငါးနှင့် ကြွက်တိရစ္ဆာန် နှစ်မျိုးအား အဆိုပါဓာတုပစ္စည်းနှင့် မိနစ် ၂၀ ခန့် ထိတွေ့စေရာ၌ နှလုံးကြွက်သားစွမ်းဆောင်ချက်မှာ လေးပုံတစ်ပုံခန့် ကျဆင်းသွားသည်ကို တွေ့ရသည်ဟုဆိုသည်။

‘‘လက်ရှိအနေအထားအရ တော့ တိရစ္ဆာန်တွေမှာပဲ စစ်ဆေး ဖူးသေးတယ်လို့ ဖော်ပြထားတော့ လူတွေမှာ အန္တရာယ်ရှိ၊မရှိတော့ မပြောနိုင်သေးဘူး။ ထပ်ပြီး စမ်းသပ်ဖို့တော့ လိုသေးတာပေါ့။ စိတ်မချရရင်တော့ မသုံးတာ အ ကောင်းဆုံးပါပဲ။ အဲဒါကြောင့်ရ မယ့် ရောဂါတွေကလည်း ချက်ချင်းမဖြစ်ပွားဘဲ အချိန်ကြာမှ ဖြစ်တာဆိုတော့ သုတေသနတော့ ပီပီပြင်ပြင်လုပ်ဖို့လိုတယ်’’ဟု ဒေါက်တာ မြင့်ဦး(ဂျီပီ)က သုံးသပ်ပြောဆိုသည်။

အဆိုပါထရိုင်ကလိုစန်ဓာ တုပစ္စည်းကို  ၁၉၇၂ ခုနှစ်က တည်းမှ စတင်၍ လူ့အသုံးအ ဆောင်ပစ္စည်းများဖြစ်သည့် ဆပ် ပြာ၊ သွားတိုက်ဆေး၊ ချွေးနံ့ ပျောက်ဆေး၊ လက်သန့်ဆေးများ နှင့် ဆေးရုံဆေးခန်းများတွင် အသုံး ပြုသည့် လက်ဆေးရည်များ၌ ထည့်သွင်းအသုံးပြုခဲ့ကြပြီး ယင်း ဓာတုပစ္စည်းမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနှင့် မှိုများကို သေစေ နိုင်ကြောင်း ဒေါက်တာမြင့်ဦးက ပြောသည်။

လက်ရှိ   မြန်မာနိုင်ငံဈေး ကွက်အတွင်း၌လည်း ယင်းသွား တိုက်ဆေးများကို ရောင်းချလျက် ရှိပြီး အဆိုပါသတင်းများထွက် ပေါ်နေခြင်းကို မသိရှိသေး ကြောင်းနှင့် ကိုးလ်ဂိတ်တိုတယ်သွားတိုက်ဆေးများမှာ ထိုင်းနိုင်ငံ ထုတ်ဟုပါရှိပြီး ဈေးနှုန်းမှာ ဘူး ကြီးတစ်ဘူးလျှင် ငွေကျပ် ၁၂၅၀ မှ ၁၅၀၀ ကြားဈေးနှုန်းရှိကြောင်း ဈေးဝယ်စင်တာအချို့မှ စုံစမ်း သိရှိရသည်။

‘‘Total သုံးနေကျလူတွေက Total ပဲ သုံးချင်တယ်။ အမြဲလာ မေးတဲ့ဈေးဝယ်သူတွေရှိတယ်။ သူက သွားတကယ်ဖြူပြီး သွားကျဉ်တာတွေလည်း ပျောက်တယ်။ ခဏခဏပစ္စည်းပြတ် တတ်တယ်’’ဟု Ocen စူပါမား ကက်မှ အရောင်းဝန်ထမ်းတစ်ဦး ကပြောသည်။

ထိုကဲ့သို့ နိုင်ငံတကာ သတင်းဌာနများမှ အဆိုပါသွား တိုက်ဆေးနှင့် ပတ်သက်၍ ကင် ဆာဖြစ်စေနိုင်ကြောင်း ရေးသား ဖော်ပြထားသော်လည်း အစား အသောက်နှင့်  ပတ်သက်၍ လုံခြုံစိတ်ချရကြောင်း ထောက်ခံချက်ရေးသားဖော်ပြထားသည်။ မြန်မာနိုင်ငံ  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကမူ  ယင်းကိစ္စများနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်သွားရန် မရှိသေးကြောင်း သြဂုတ် ၁၆ ရက်ထုတ် The Voice Weekly တွင် ဖော်ပြပါရှိသည်။

ကိုးလ်ဂိတ်သွားတိုက်ဆေးကို အမေရိကန်နိုင်ငံ   အခြေစိုက် Colgate-Palmolive ကုမ္ပဏီမှ ထုတ်လုပ်ခြင်းဖြစ်ပြီး သွားတိုက် ဆေး၊ သွားပွတ်တံများစသည့် လူ့အသုံးအဆောင်ပစ္စည်းအမျိုး ပေါင်း ငါးထောင်ကျော်ကို နိုင်ငံ ပေါင်း ၁၃၅ နိုင်ငံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
7daydaily ကိုးလ်ဂိတ်သွားတိုက် ဆေးနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများ မှန်ကန်တိကျ မှုမရှိကြောင်းနှင့် ပါဝင်သည့် ဓာ တုပစ္စည်းသည်လည်း လူ၌ ကင်ဆာဖြစ်နိုင်ဖွယ်မရှိဟု Colgate- Palmolive ကုမ္ပဏီ မြန်မာနိုင်ငံ အခြေစိုက်ရုံးခွဲ မန်နေဂျာ မစ္စတာ Durgesh Chugh က တုံ့ပြန် ပြောဆိုသည်။‘‘ထွက်ပေါ်နေတဲ့ သတင်း တွေနဲ့ ပတ်သက်ပြီး ကုန်ပစ္စည်း တွေကို ယုံယုံကြည်ကြည်နဲ့ သုံး လို့ရပါတယ်။ ကင်ဆာဖြစ်စေတဲ့ ထရိုင်ကလိုစန်ဓာတ်ဆိုတာကလည်း တိရစ္ဆာန်တွေမှာပဲ တွေ့ နိုင်တာပါ။ လူတွေမှာ မဖြစ်စေပါ ဘူး’’ဟု ၎င်းက 7Day Daily အား ပြောကြားသည်။

ခြောက်ထပ်တိုက်အပေါ်ဆုံးထပ်မှ ဆန်းရှိတ်ပြိုကျပြီး တိုက်အနည်းငယ်ယိုင်သွား၍ နေထိုင်သူများကို ရွှေ့ပြောင်း

ရန်ကုန်- တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ခြောက်ထပ်တိုက်တစ်လုံး အပေါ်ဆုံးထပ် ဆန်းရှိတ် (နေကာအမိုး) ပြိုကျကာ တိုက်မှာနောက်သို့အနည်းငယ် ယိုင်သွားသောကြောင့် နေထိုင်သူများ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်။
သမာဓိလမ်းရှိ အိမ်အမှတ် ၈၃၆၊ ခြောက်ထပ်တိုက်၏ အပေါ်ဆုံးထပ် ညာဘက်အခြမ်းရှိ ဆန်းရှိတ်မှာ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ် ၀န်းကျင်တွင် ပြိုကျခဲ့သည်။ဆန်းရှိတ်ပြိုကျခဲ့သော အရှိန်ကြောင့် တိုက်သည် အနောက်သို့အနည်းငယ် တိမ်းစောင်းခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိသူ မရှိပေ။ အဆိုပါတိုက်သည် သက်တမ်း ၁၅ နှစ်ခန့်သာရှိသေးကြောင်း ကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သော မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင်ကို တရားရုံးက အာမခံကြေး ကျပ်သိန်း ၉ဝဝ တောင်း

Photo: မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင်ကို တရားရုံးက 
အာမခံကြေး ကျပ်သိန်း ၉ဝဝ တောင်း
Sunday, August 17, 2014

ပုဒ်မ-၁၈ အပါ အဝင် စည်ပင်ဥပဒေတို့ဖြင့် မြို့နယ်တရား ရုံးလေးရုံးတွင် တရားစွဲဆိုခံထားရသော မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို တရားရုံးနှစ်ရုံးက စုစုပေါင်း အာမခံကြေး ကျပ်သိန်း ၉ဝဝ တောင်းဆို လိုက်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်း ကန်မြေများ သိမ်းဆည်းခံရမှု ပြန်လည်ရ ရှိရေးအတွက် မိကျောင်းကန်ပြည်သူများ က သပိတ်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆန္ဒပြ ခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် သက်ဆိုင်ရာ မြို့နယ်တရားရုံးလေးရုံးတွင် ဦးဆောင်သူ ဦးစိန်သန်းကို တရားစွဲဆိုထားပြီး ဗဟန်း တရားရုံးမှ အာမခံကြေး နှစ်ဦးပေါင်းကျပ် သိန်း ၆ဝဝ နှင့် ကျောက်တံတားတရားရုံးက ကျပ်သိန်း ၃ဝဝ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိန်သန်းက ''ကျွန်တော့်ကို ကျောက်တံတားတရားရုံးက ကျပ်သိန်း ၃ဝဝ နဲ့ အာမခံကြေးတောင်းပါတယ်။ ပုဒ်မ-၁၈ နဲ့ ပန်းဘဲတန်းတရားရုံးမှာ လုံးဝအာမခံမ ပေးပါဘူး။ ဗဟန်းတရားရုံးက တစ်ဦးကို ကျပ်သိန်း ၃ဝဝ နဲ့ နှစ်ဦးတောင်းပါတယ်။ ဒါဟာ လုံးဝတရားမျှတမှု မရှိပါဘူး။ ကျွန် တော်တို့ ပြည်သူတွေဟာ တပ်ကသိမ်းထား တဲ့ မြေယာမဲ့ပြည်သူတွေပါ၊ ဒါကိုငွေကြေး တွေနဲ့ တောင်းဆိုတယ်။ စနစ်တကျ လုပ် ပြီး အင်းစိန်ထောင်ကို အပို့ခံရတယ်။ လူ့ အခွင့်အရေး နစ်နာဆုံးရှုံးမှုတွေ ရှိနေပါ တယ်'' ဟု သြဂုတ် ၁၄ ရက်က ကျောက်တံ တားမြို့နယ်တရားရုံးရှေ့တွင်ပြောသည်။

ဦးစိန်သန်းမှာ ပုဒ်မ-၁၈ ဖြင့် ဗဟန်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လ သာမြို့နယ်တို့တွင် တရားစွဲခံထားရပြီး စည် ပင်ဥပဒေ ၆၈ ဖြင့် လသာမြို့နယ် စည်ပင် တရားရုံးတွင်လည်း ထပ်မံတရားစွဲခံထား ရကြောင်း ဦးစိန်သန်း၏သမီး မနေနွယ်သန်း ကပြောသည်။

''ပြည်သူတွေအနေနဲ့ အာမခံ ကြေး သိန်း ၃ဝဝ ဆိုတာ ဘယ်လိုမှ မတတ် နိုင်ဘူး။ ပထမအကြိမ် ဗဟန်းတရားရုံးမှာ လဲ ကျပ်သိန်း ၆ဝဝ တောင်းတယ်။ ပေါင်း ကျပ်သိန်း ၉ဝဝ ပေါ့။ ဒီကျပ်သိန်း ၉ဝဝ ဆို တဲ့အနေအထားကို ပြည်သူတွေအနေနဲ့ ဘယ်လိုမှ မတတ်နိုင်လို့ ကျွန်မတို့အာမခံ မယူခဲ့ဘူး''ဟု ယင်းက ပြောသည်။

ဦးစိန်သန်း၏ အာမခံအတွက် သြဂုတ် ၁၂ ရက်တွင် ဗဟန်းတရားရုံးက အာမခံသိန်း ၆ဝဝ၊ သြဂုတ် ၁၄ ရက်တွင် ကျောက်တံတားတရားရုံးက သိန်း ၃ဝဝ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပန်းဘဲတန်းတရား ရုံးက အာမခံပေးခဲ့ခြင်း မရှိကြောင်း သိရ သည်။

ဦးစိန်သန်းမှာ ဇူလိုင် ၂၆ ရက် က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အ ခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန် ဟီလီနှင့် တွေ့ဆုံခွင့်ရခဲ့ပြီးနောက် ထပ်မံ ၍ ဇူလိုင် ၃၁ ရက်တွင် မိကျောင်းကန်ပြည် သူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု ကို ဓာတ်ပုံနှင့် စာရွက်စာတမ်း သက်သေ အထောက်အထားများ သွားရောက်ပြသ ရန် UN ရုံးသို့အသွား ကန်တော်ကြီးမျှော် စင်ကျွန်းအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် ကြောင်း သိရသည်။

''အကြမ်းဖက်ခံရပြီး ဒဏ်ရာရ တဲ့ ဓာတ်ပုံအထောက်အထားတွေ၊ နောက် သမ္မတဆီကိုပို့မယ့် စာရွက်စာတမ်းတွေ၊ လွှတ်တော်နာယကဆီကိုပို့မယ့် စာရွက်စာ တမ်းတွေကို လူ ၁ဝ ဦးလောက်ကနေပြီး တော့အတင်းအဓမ္မ လက်ထိတ်ခတ်၊ လူ ကိုလုံးထွေးပြီး ပစ္စည်းတွေလုယူတယ်။ ပြန်မပေးပါဘူး။ တရားရုံးနဲ့လဲ မဆိုင်ပါဘူး။ ထောက်လှမ်းရေးနဲ့ မဆိုင်ပါဘူးလို့ ပြောပါ တယ်။ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ဖောက်ဖျက် ခံနေရတာတွေကို နိုင်ငံတော်အစိုးရ က ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်'' ဟုပြောသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက် မှစတင်ကာ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်း ကန် အပိုင်း(၁၊ ၂၊ ၃)ရှိ သိမ်းဆည်းခံ မြေ များ ပြန်လည်ရရှိရေးအတွက် ယနေ့အထိ ဆန္ဒထုတ်ဖော်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်း ဖွင့်လှစ်မှု သုံးကြိမ်ရှိပြီဖြစ်ကြောင်း မိကျောင်း ကန်ပြည်သူများထံမှ သိရသည်။
Flower News Journal 
(ဓါတ်ပုံ - မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင်ဦးစိန်သန်းကို သြဂုတ် ၁၄ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ်။ )
(ဓါတ်ပုံ - မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင်ဦးစိန်သန်းကို သြဂုတ် ၁၄ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ်။ )
ပုဒ်မ-၁၈ အပါ အဝင် စည်ပင်ဥပဒေတို့ဖြင့် မြို့နယ်တရား ရုံးလေးရုံးတွင် တရားစွဲဆိုခံထားရသော မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို တရားရုံးနှစ်ရုံးက စုစုပေါင်း အာမခံကြေး ကျပ်သိန်း ၉ဝဝ တောင်းဆို လိုက်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်း ကန်မြေများ သိမ်းဆည်းခံရမှု ပြန်လည်ရ ရှိရေးအတွက် မိကျောင်းကန်ပြည်သူများ က သပိတ်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆန္ဒပြ ခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် သက်ဆိုင်ရာ မြို့နယ်တရားရုံးလေးရုံးတွင် ဦးဆောင်သူ ဦးစိန်သန်းကို တရားစွဲဆိုထားပြီး ဗဟန်း တရားရုံးမှ အာမခံကြေး နှစ်ဦးပေါင်းကျပ် သိန်း ၆ဝဝ နှင့် ကျောက်တံတားတရားရုံးက ကျပ်သိန်း ၃ဝဝ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယူကရိန်းနယ်မြေတွင်း ဝင်ရောက်လာသော ရုရှားသံချပ်ကာ ယာဉ်များကို ယူကရိန်း ပစ်ခတ်

Photo: ယူကရိန်းနယ်မြေတွင်း ဝင်ရောက်လာသော ရုရှားသံချပ်ကာ ယာဉ်များကို ယူကရိန်း ပစ်ခတ်
Sunday, August 17, 2014

ယူကရိန်းနယ်မြေတွင်းသို့ ဝင်ရောက်လာသော ရုရှားသံချပ်ကာ ယာဉ်တန်းကို ယူကရိန်းစစ်တပ်က အမြောက်များဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
သံချပ်ကာ ယာဉ်တန်းမှာ ရုရှားအမြဲတမ်း တပ်ဖွဲ့ဝင်များ ဟုတ်မဟုတ်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ဖမ်းဆီး သို့မဟုတ် ဖျက်ဆီးခံရသော စစ်သုံးယာဉ်များမှာ ရုရှားစစ်ဘက်ဆိုင်ရာ ယာဉ်များ ဖြစ်သည်ကို ဖော်ပြနေသည့် အထောက်အထားများ တွေ့ရှိရသည်။
ညအမှောင်ထုကို အကာအကွယ်ယူပြီး နယ်ခြားဒေသကို ရုရှားစစ်ယာဉ်တန်း ဖြတ်ကျော် ဝင်ရောက်လာသည်ကို ယူကရိန်းတပ်ဖွဲ့ဝင်များ ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ယူကရိန်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ လူရှန်ကိုက ပြောကြားသည်။
“လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပြီး အခုတော့ အဲဒီစစ်ယာဉ်တန်း မရှိတော့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ဇုန်အတွင်း အခြေအနေမှာ ရှုပ်ထွေးလာပြီး ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များကို တိုက်ထုတ်နေသည့် ယူကရိန်း တပ်ဖွဲ့ဝင်များကို ရုရှားနယ်မြေတွင်းမှ နေ၍ အမြောက်များဖြင့် တိုက်ခိုက်မှုများလည်း ပေါ်ပေါက်လာကြောင်း ယူကရိန်းတပ်မတော်က ပြောကြားသည်။
ယူကရိန်း တပ်မတော်က ယင်းကဲ့သို့ ပြောကြားနေသော်လည်း ယူကရိန်း နယ်မြေတွင်းသို့ ရုရှားတပ်ဖွဲ့ဝင်များ ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။
ထို့အပြင် အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များ ရုရှားနယ်ခြား ဒေသတွင် လှုပ်ရှားလာခြင်းကြောင့် စိုးရိမ်မိကြောင်း ရုရှားအစိုးရက ထုတ်ဖော် ပြောကြားသွားသည်။
စစ်အေးခေတ်ကာလ ရန်လိုမှုများကို ရုရှားက ပြန်လည် အသက်သွင်းလျက် ရှိပြီး ယူကရိန်းအရေးတွင် ဝင်ရောက်စွက်ဖက်လျက် ရှိသည်ဟု ဥရောပနိုင်ငံများက စွပ်စွဲထားသော်လည်း ရုရှားက ငြင်းဆိုထားသည်။
ယူကရိန်းနယ်မြေတွင်းသို့ ရုရှားသံချပ်ကာ ယာဉ်တန်း ဝင်ရောက်ခဲ့မှု သတင်းကို အတည်ပြုနိုင်ခြင်း မရှိဟု အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောကြားလိုက်သော်လည်း ယူကရိန်းအရေးတွင် မော်စကို ဝင်ရောက်စွက်ဖက်မှုကို လက်ခံမည် မဟုတ်ဟု သတိပေးလိုက်သည်။
ရုရှားလိုလားသော ယူကရိန်း ခွဲထွက်ရေး ဝါဒီများကို ရုရှားက လက်နက်တပ်ဆင်ပေးပြီး စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များကိုလည်း ယူကရိန်းနယ်မြေတွင်း လျှို့ဝှက်စေလွှတ်လျက် ရှိသည်ဟု ရုရှားအပေါ် စွပ်စွဲထားသော်လည်း ရုရှားက ငြင်းဆိုထားသည်။
The Voice Weekly
ယူကရိန်းနယ်မြေတွင်းသို့ ဝင်ရောက်လာသော ရုရှားသံချပ်ကာ ယာဉ်တန်းကို ယူကရိန်းစစ်တပ်က အမြောက်များဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
သံချပ်ကာ ယာဉ်တန်းမှာ ရုရှားအမြဲတမ်း တပ်ဖွဲ့ဝင်များ ဟုတ်မဟုတ်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ဖမ်းဆီး သို့မဟုတ် ဖျက်ဆီးခံရသော စစ်သုံးယာဉ်များမှာ ရုရှားစစ်ဘက်ဆိုင်ရာ ယာဉ်များ ဖြစ်သည်ကို ဖော်ပြနေသည့် အထောက်အထားများ တွေ့ရှိရသည်။
ညအမှောင်ထုကို အကာအကွယ်ယူပြီး နယ်ခြားဒေသကို ရုရှားစစ်ယာဉ်တန်း ဖြတ်ကျော် ဝင်ရောက်လာသည်ကို ယူကရိန်းတပ်ဖွဲ့ဝင်များ ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ယူကရိန်းတပ်မတော် ပြောရေးဆိုခွင့်ရှိသူ လူရှန်ကိုက ပြောကြားသည်။
“လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပြီး အခုတော့ အဲဒီစစ်ယာဉ်တန်း မရှိတော့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ဇုန်အတွင်း အခြေအနေမှာ ရှုပ်ထွေးလာပြီး ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များကို တိုက်ထုတ်နေသည့် ယူကရိန်း တပ်ဖွဲ့ဝင်များကို ရုရှားနယ်မြေတွင်းမှ နေ၍ အမြောက်များဖြင့် တိုက်ခိုက်မှုများလည်း ပေါ်ပေါက်လာကြောင်း ယူကရိန်းတပ်မတော်က ပြောကြားသည်။

ပင်လယ်သေမှာ ရေနစ်မသေဘူး

Dead Sea ဆိုတာ နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးပြီး ထူးခြားတာက ဒီပင်လယ် ထဲက ရေရဲ့ ထူးခြားချက်ကြောင့် လူတွေဟာ ရေနစ်လို့ မသေနိုင်ပါဘူး။ ပင်လယ်ရဲ့ နာမည်ဟာ အာရပ်ဘာသာစကားအရ The Sea of Death လို့ ဆိုပေမယ့် ဆားဓာတ်ပါဝင်မှု အလွန်များတဲ့ ပင်လယ် ကြီး ဖြစ်ပါတယ်။ အရှေ့ဘက်မှာ ဂျော်ဒန်နိုင်ငံ တည်ရှိပြီး အနောက်ဘက်မှာ အစ္စရေးနဲ့ ပါလစ္စတိုင်းတို့ ရှိပါတယ်။ Dead Sea ရဲ့ ရေမျက်နှာပြင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၁၄ဝဝ လောက်နိမ့်ပါတယ်။ ပြောရရင် ကမ္ဘာ့ အနိမ့်ဆုံးနေရာတခုပါဘဲ။ Dead Sea ရဲ့ ရေအနက်ဟာ ပေ ၁ဝဝဝ ကျော် ရှိပြီး ပင်လယ်လို့နာမည်ခေါ်ပေမယ့် ကန် အမျိုးအစား သာ ဖြစ်ပါတယ်။ ထူးခြားတာက ဆားပါဝင်မှုက အလွန်များပြီး ရေတလီတာမှာ ဆားက ၁.၂၅ ကီလိုဂရမ်လောက် ပါဝင်တာ မို့ ဒီ သတ္တိကြောင့် လူတွေ၊ တိရိစ္ဆာန်တွေဟာ ရေထဲမှာ ပေါလောပေါ်စေပါတယ်။ Dead Sea မှာ ဆား ဓာတ် ပါဝင်မှုက ပုံမှန် ပင်လယ်ထဲက ဆား ဓာတ်ပါဝင်မှုထက် ၉ ဆနီးပါး ပိုပါတယ်။

ဖုန်းနှင့် လက်ပ်တော့များ ကိုင်ထားပြီး လမ်းပျောက်နေသူများကို သတိထား

Photo: ဖုန်းနှင့် လက်ပ်တော့များ ကိုင်ထားပြီး လမ်းပျောက်နေသူများကို သတိထား
Sunday, August 17, 2014

လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ ကိုင်ထားသည့် အသားဖြူဖြူနှင့် လူများက လမ်းပျောက်နေသည်ဟုဆိုကာ သင့်ထံရောက်လာပါက သင်သည် လိမ်လည်လှည့်ဖြားသူများ၏ သားကောင်ဖြစ်ရန် ရွေးချယ်ခံလိုက်ရသည်ဆိုသည်မှာ သေချာသလောက်ရှိပြီဟု တွေးထားသင့်သည်။
အမှန်တကယ် လမ်းပျောက်သူလား၊ လူလိမ်များလားဆိုသည်ကို ဖော်ပြပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်စေလိုပါသည်။
ထိုသူများက ပထမအဆင့်အနေဖြင့် မြန်မာစကားတစ်လုံးတလေမှ မပြောတတ်သည့်ဟန်ပန်ဖြင့် သင်နှင့် အနီးအနားပတ်ဝန်းကျင်မှ နေရာတစ်ခုကို မေးမြန်းပြီး ထိုနေရာတွင် သူ၏မိတ်ဆွေနှင့် အချိန်းအချက်ပြုထားကြောင်း ခြေဟန်လက်ဟန်ဖြင့် ရှင်းပြလိမ့်မည်။ သူစောင့်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏မိတ်ဆွေ ရောက်မလာသေးကြောင်းလည်း ရှင်းပြလိမ့်မည်။
ဒုတိယအဆင့်အနေဖြင့် သူ့ထံတွင် ပိုက်ဆံပြတ်လပ်နေပြီး လွန်စွာအခက်အခဲရှိကြောင်း ကူညီသည့်အနေဖြင့် သူ့တွင်ပါလာသည့် နာမည်ကျော် ဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့များကို ပေးနိုင်သည့်ဈေးဖြင့် ၀ယ်ယူရန် ကမ်းလှမ်းလိမ့်မည်။
သင့်ထံရောက်လာသည့် လမ်းပျောက်သူများက အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဆိုပါက ယခင်လိမ်လည်ခံရသူများနည်းတူ သင်လည်း လိမ်ခံရတော့မည် ဖြစ်သည်။
ပြီးခဲ့သည့်နှစ်များက ရန်ကုန်မြို့၏ လမ်းမများထက်၌ လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မကြာခဏ လမ်းပျောက်ခဲ့ကြသည်။
တရုတ်နိုင်ငံသားများအဖြစ် ၎င်းတို့ကိုယ်၎င်းတို့ မိတ်ဆက်ကြပြီး သန့်သန့်ပြန့်ပြန့် ၀တ်စားထားကြသည့် လိမ်လည်သူများ၏ ပစ်မှတ်သည် ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ဖြစ်ခဲ့ရသည်။
ပြီးခဲ့သည့် ၂ နှစ်ခန့်အတွင်းက ရန်ကုန်မြို့တွင် လိမ်လည်ခံခဲ့ရသူ သုံးဦးခန့်ကို 7Day မှ တွေ့ဆုံမေးမြန်းခဲ့ရာ လာရောက်လိမ်လည်သူများ၏ ပုံစံသည် တစ်ပုံစံတည်းနီးပါးဖြစ်ကြောင်း ဖြေကြားခဲ့သည်။
‘‘သူတို့က ဗမာစကားတစ်လုံးမှ မတတ်တဲ့ပုံစံနဲ့။ အင်္ဂလိပ်လို တစ်လုံးစ၊ နှစ်လုံးစ ပြောတယ်။ ကျွန်တော့်ကိုကျတော့ No Money Hungry (ပိုက်ဆံမရှိဘူး၊ ဗိုက်ဆာတယ်)ဆိုပြီး အင်္ဂလိပ်လိုပြောတယ်’’ဟု လွန်ခဲ့သည့်တစ်နှစ်ခန့်က Samsung အမှတ်တံဆိပ်ဖုန်း လိမ်လည်ရောင်းချခံခဲ့ရသည့် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှ ဦးစည်သူကပြောသည်။
၎င်းတို့သည် လွန်ခဲ့သည့်သုံးနှစ်ခန့်မှစတင်ပြီး ရန်ကုန်မြို့တွင် လှုပ်ရှားခဲ့ကြပြီး ပြီးခဲ့သည့်နှစ်မှစတင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ မြို့များသို့ပါ ရောက်ရှိခဲ့သည်။
လမ်းပျောက်သူများက သူတို့၏ဖုန်းနှင့် လက်ပ်တော့ကွန်ပျူတာများကို ပြင်ပပေါက်ဈေးထက် အဆမတန်လျော့နည်းသည့်ဈေးနှုန်းဖြင့် ၀ယ်ယူသူများအား ဆွဲဆောင်ကြသည်။
၎င်းတို့ပြန်သွားပြီး ရက်ပိုင်းအတွင်း ပျက်စီးသွားခြင်းနှင့် အဆိုပါပစ္စည်းများသည် အတုများဖြစ်နေခြင်းတို့ကို သတိထားမိချိန်တွင် လမ်းပျောက်သူများက နောက်တစ်ဦးကို ထပ်မံလိမ်လည်ရန် အခြားတစ်မြို့သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည် ။
‘‘အဲဒီလိုပစ္စည်းတွေက တော်တော်သတိထားရတယ်။ ကိုယ်က သူ့ကိုကူညီတယ်ဆိုပေမယ့် ခိုးရာပါပစ္စည်းလိုမျိုးဖြစ်နေရင် လူလိမ်ခံရရုံတင်မကဘူး ထောင်ပါကျနိုင်တယ်။ ခိုးရာပါပစ္စည်း လက်ခံမှုက ထောင်သုံးနှစ်အထိ ချလို့ရတယ်’’ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
လိမ်လည်ခံရသူအများစုကလည်း ရဲစခန်းသို့ တိုင်ကြားခြင်းမပြုဘဲ လူသိမခံခြင်း၊ မိမိကိုယ်တိုင် ဖြေရှင်းခြင်းတို့ကြောင့် လိမ်လည်သူများ ပိုမိုအတင့်ရဲလာခြင်းဖြစ်ကြောင်း အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။
‘‘လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက အဲဒီလိုလာလိမ်တဲ့ တရုတ်တော်တော်များများကို နယ်စပ်ကနေ တရုတ်ပြည်ထဲ ပြန်ပို့ခဲ့ရဖူးတယ်။ မန္တလေးမှာရော၊ နယ်စပ်တစ်လျှောက်မှာရော အဲဒီလိုလိမ်လာတာ ကြာပြီလို့သိရတယ်’’ဟု လိမ်လည်သူများအား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။
ယခုရက်ပိုင်းအတွင်း တန်ဖိုးနည်းဖုန်းများ အကန့်အသတ်မရှိ ရောင်းချနေကြောင့် လိမ်လည်သူများ၏ ပစ်မှတ်များသည်လည်း တစ်စတစ်စကြီးထွားလာနေသည်။
မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung, Huawei စသည့် မိုဘိုင်းဟန်းဆက်ကုမ္ပဏီများကလည်း ၎င်းတို့၏ ပစ္စည်းများကို တုပရောင်းချခြင်းများမှ ကာကွယ်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
‘‘ဈေးကွက်ထဲမှာ ကျွန်တော်တို့ရဲ့ ဟန်းဆက်တွေကို အတုတွေတွေ့ရတဲ့အတွက် အတုအစစ်ခွဲခြားနည်းကို ဂျာနယ်တွေထဲမှာလည်း ကြေညာသလို ဟန်းဆက်အတုတွေ့ရင် သတင်းပေးတဲ့သူတွေကို ဆုငွေပေးသွားမယ်ဆိုပြီးတော့ လုပ်ထားတာတွေရှိပါတယ်’’ဟု Huawei မြန်မာကုမ္ပဏီမှ ဖြန့်ချိရေးတာဝန်ခံတစ်ဦးကပြောသည်။
Huawei ဖုန်းများကို အတုနှင့်အစစ် ခွဲခြားနိုင်ရန်နှင့် ဈေးကွက်အတွင်း၌ အတုများကို တွေ့သောကြောင့် သတင်းပေးလိုပါက Huawei ၏ Customer ServiceCenter သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ၎င်းကပြောသည်။
အလားတူပင် မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung အမှတ်တံဆိပ် ဟန်းဆက်များ တုပရောင်းချခြင်းများမှ ကာကွယ်ရန် အသေးစိတ်အစီအစဉ်များ လုပ်ဆောင်နေကြောင်း Samsung မြန်မာရုံးခွဲ၏ Head of Channel Management Mobile ဦးဇာနည်ဝင်းထွဋ်ကပြောသည်။
‘‘ဈေးကွက်ထဲမှာ အတုတွေကတော့ မကြာခဏတွေ့နေရတယ်။ Samsung ဟန်းဆက်အတုဆိုတဲ့နေရာမှာ တချို့ကလည်း ပုံစံတုလိုက်လုပ်ပြီးတော့ ရောင်းကြတယ်။ တချို့ကလည်း Offical တရားဝင်မဟုတ်ဘဲနဲ့ တင်သွင်းလာတဲ့အခါမှာ ဒီနိုင်ငံရဲ့ကွန်ရက်နဲ့ မကိုက်ညီတာမျိုးတွေ ဖြစ်တတ်ပါတယ်’’ဟု ဦးဇာနည်ဝင်းထွဋ်က ပြောသည်။
လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မြန်မာနိုင်ငံတွင် မကြာခဏ လမ်းပျောက်လျက်ရှိသည်။ လမ်းပျောက်သူများကို ကူညီရင်း ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ကိုယ်တိုင်လည်း မကြာခဏ လမ်းပျောက်သွားခဲ့ရသည်။

7Day News Journal
လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ ကိုင်ထားသည့် အသားဖြူဖြူနှင့် လူများက လမ်းပျောက်နေသည်ဟုဆိုကာ သင့်ထံရောက်လာပါက သင်သည် လိမ်လည်လှည့်ဖြားသူများ၏ သားကောင်ဖြစ်ရန် ရွေးချယ်ခံလိုက်ရသည်ဆိုသည်မှာ သေချာသလောက်ရှိပြီဟု တွေးထားသင့်သည်။
အမှန်တကယ် လမ်းပျောက်သူလား၊ လူလိမ်များလားဆိုသည်ကို ဖော်ပြပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်စေလိုပါသည်။
ထိုသူများက ပထမအဆင့်အနေဖြင့် မြန်မာစကားတစ်လုံးတလေမှ မပြောတတ်သည့်ဟန်ပန်ဖြင့် သင်နှင့် အနီးအနားပတ်ဝန်းကျင်မှ နေရာတစ်ခုကို မေးမြန်းပြီး ထိုနေရာတွင် သူ၏မိတ်ဆွေနှင့် အချိန်းအချက်ပြုထားကြောင်း ခြေဟန်လက်ဟန်ဖြင့် ရှင်းပြလိမ့်မည်။ သူစောင့်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏မိတ်ဆွေ ရောက်မလာသေးကြောင်းလည်း ရှင်းပြလိမ့်မည်။
ဒုတိယအဆင့်အနေဖြင့် သူ့ထံတွင် ပိုက်ဆံပြတ်လပ်နေပြီး လွန်စွာအခက်အခဲရှိကြောင်း ကူညီသည့်အနေဖြင့် သူ့တွင်ပါလာသည့် နာမည်ကျော် ဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့များကို ပေးနိုင်သည့်ဈေးဖြင့် ၀ယ်ယူရန် ကမ်းလှမ်းလိမ့်မည်။
သင့်ထံရောက်လာသည့် လမ်းပျောက်သူများက အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဆိုပါက ယခင်လိမ်လည်ခံရသူများနည်းတူ သင်လည်း လိမ်ခံရတော့မည် ဖြစ်သည်။

လှိုင်သာယာစက်မှုဇုန် စွန့်ပစ်ရေဆိုးတွင် ဇီဝမျိုးစုံ ပျက်စီးနိုင်သော BOD အမြင့်ဆုံး ပါဝင်

စက်မှုဇုန်များ အကောင်အထည်ဖော်ရာတွင် စနစ်တကျ မရှိ၍ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ထုတ်သော ရေဆိုးရေညစ်များကြောင့် ရေညစ်ညမ်းမှု များလာကာ အနီးတစ်ဝိုက်တွင် နေထိုင်သူများ၏ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ရာ လှိုင်သာယာ စက်မှုဇုန်တွင်းရှိ ရေဆိုးထဲတွင် ဇီဝမျိုးစုံ ပျက်စီးနိုင်သော ဇီဝအောက်ဆီဂျင် လိုအပ်ချက် (BOD- Biochemical Oxygen Demand) အမြင့်ဆုံး ဖြစ်နေကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဓာတ်ခွဲခန်းပညာရှင် ဒေါက်တာဦးကျော်ငြိမ်းက ပြောကြားသည်။
ယင်းစက်မှုဇုန် တစ်ဝိုက်တွင် စစ်တမ်း ကောက်ယူမည့်နေရာ ၁၃ ခု သတ်မှတ်ကာ ရေဆိုးစနစ်များကို ကောက်ယူခဲ့ရာ ဇီဝအောက်ဆီဂျင် လိုအပ်ချက် (BOD) တိုင်းတာရာတွင် ယင်းနေရာ အားလုံးသည် 400 mg/Lအထက် ကျော်နေပြီး ဆောင်းရာသီနှင့် နွေရာသီတို့တွင် ရေပုပ်သိုးမှု ပမာဏ များပြားကာ ကလိုရိုက် ပါဝင်မှုလည်း အလွန်မြင့်မားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံလူဦးရေ သန်း ၅ဝ ကျော်သာရှိ ယခုလအတွင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးမည်ဟုဆို

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆ဝ ကျော်ရှိသည်ဟု ခန့်မှန်း နေသော်လည်း လက်ရှိ ကောက်ခံရရှိနေ သည့် သန်းခေါင်စာရင်းများအရ သန်း ၅ဝ ကျော်သာရှိပြီး လူဦးရေစာရင်း အတိအကျ အား ယခုလ စတုတ္ထအပတ်တွင် ပွင့်လင်း မြင်သာစွာဖြင့် အတိအကျ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့လုပ်ငန်းတာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ကြိုင်က ဖလားဝါးနယူးစ်ဂျာ နယ်သို့ ပြောသည်။
ယင်းကဲ့သို့ ထုတ်ပြန်ပေးရာတွင် ကောက်ခံခဲ့သည့် နေရာ၊ မြို့နယ်၊ တိုင်းဒေ သကြီးများအလိုက် ကောက်ခံရရှိမှုနှင့် မ ကောက်ခံခဲ့ရသည့် နေရာများကိုပါ အတိ အကျ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ကောက် ခံရရှိခဲ့သည့် စာရင်းများအရ မြန်မာနိုင်ငံ တွင် အိမ်ထောင်စုပေါင်း ၁၂ သန်းကျော် ရှိကြောင်း သိရသည်။

ကျပ်သန်း ၁ဝဝဝ ကွာဟနေမှုကို ပြည်နယ်လွှတ်တော် အစည်းအဝေး၌ တရားဝင်ဖြေရှင်းပေးစေလို

ပြည်ထောင်စု ဘတ်ဂျက်ဥပဒေအရ မွန်ပြည်နယ်အစိုးရ အဖွဲ့သို့ ထောက်ပံ့ငွေပမာဏနှင့် မွန်ပြည် နယ်ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေအကြား ကျပ်သန်း ၁ဝဝဝ ကွာဟနေမှုကို မွန်ပြည် နယ်အစိုးရမှ ပြန်လည်ရှင်းလင်းခဲ့သော်လည်း လွှတ်တော်နှင့် အစိုးရအကြား လူထု၏ဘဏ္ဍာ ရန်ပုံငွေကို သုံးစွဲနေသည့် အုပ်ချုပ်ရေးအဖွဲ့ ၏တာဝန်ခံမှုကို ပိုမိုပီပြင်ရန် လာမည့်ပြည် နယ်လွှတ်တော် အစည်းအဝေးသို့ တရား ဝင် စာပို့စေလိုသည်ဟု မွန်ပြည်နယ်လွှတ် တော်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးက ဆိုသည်။
''ကျွန်တော်တို့ကော်မတီက တ ရားဝင် စာပို့ထားတဲ့အတွက် ဝန်ကြီးတို့က လာမယ့်လွှတ်တော်အစည်အဝေးမှာ ဒီလို ဖြစ်တာကို တင်ပြမယ်ဆိုတဲ့တရားဝင်ပြန် စာ(Offcially Reply)ကို ပို့ပေးစေချင်တယ်။ ဒါမှသာလျှင် လွှတ်တော်နဲ့ အစိုးရအကြား လူထုရဲ့ ဘဏ္ဍာရန်ပုံငွေကိုသုံးစွဲနေတဲ့ အုပ် ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ခံမှုကို ပိုပြီးပီပြင် တယ်လို့ အကြံပြုထားတယ်။ အစိုးရအဖွဲ့ ကလဲ တရားဝင်စာပို့ပေးပါမယ်လို့ ကတိပေး ထားတယ်''ဟု ဦးအောင်နိုင်ဦးကပြောသည်။

မော်တော်ယာဉ် တင်သွင်းခွင့် မော်ဒယ်လ်နှစ် သတ်မှတ်ချက် ပြင်ဆင်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် မော်ဒယ်လ်နှစ် သတ်မှတ်ချက်အချို့ကို ပြင်ဆင် သတ်မှတ်လိုက်ကြောင်း အဆိုပါဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။
ယင်းသို့ ပြင်ဆင်သတ်မှတ်ရာတွင် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်ဖြင့် အစားထိုး တင်သွင်းသည့် ယာဉ်များကို ယမန်နှစ် သတ်မှတ် မော်ဒယ်လ်ထက် မော်ဒယ်လ်တစ်နှစ် လျှော့ချ (၂၀၀၁ မော်ဒယ်လ်မှ ၂၀၀၉ မော်ဒယ်လ်အထိ) တင်သွင်းရမည် ဖြစ်ပြီး မော်တော်ယာဉ် အသစ်များ (Brand New) တင်သွင်းမည် ဆိုပါက ရောက်ရှိ နှစ်ထက် တစ်နှစ်တိုး၍ (၂၀၁၅ မော်ဒယ်လ်) တင်သွင်းရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းက ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် အသင်းသား စုံညီအစည်းအဝေးနှင့် မော်တော်ယာဉ်လုပ်ငန်း ဖွံ့ဖြိုးမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မင်္ဂလာတောင်ညွှန့် စီးပွားရေးအဆောက်အအုံတင်ဒါ ဂမုန်းပွင့်ရရှိသွားခြင်းကို စည်ပင်ရှင်း

မင်္ဂလာတောင်ညွန့်မြို့ နယ်တွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီက စီးပွားရေး အဆောက်အအုံများတည်ဆောက်ရန် တင်ဒါခေါ်ယူရာ အားနည်းချက်များရှိနေသော ကြောင့် Sun Mon Star ကုမ္ပဏီ ကို ရွေးချယ်ခြင်းမရှိဘဲ ဂမုန်းပွင့် ကုမ္ပဏီကိုသာ ရွေးချယ်ရခြင်းဖြစ် ကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်နှင့် မြန်မာ့ဂုဏ် ရည်လမ်းထောင့်တွင် မြေ ရှစ်ဧကကျော်ကို စီးပွားရေးအဆောက် အအုံများ တည်ဆောက်ရန် တင် ဒါခေါ်ယူခဲ့ရာ တင်ဒါရွေးချယ် မှုအပိုင်းတွင် မျှတမှုမရှိကြောင်း ရွေးချယ်ခြင်း မခံခဲ့ရသည့် Sun Mon Star ကုမ္ပဏီမှတာ ၀န်ရှိသူများက ပြောဆိုထားခြင်း ကို အထက်ပါအရာရှိက ပြန် လည်ဖြေရှင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
‘‘သူတို့ရဲ့ တင်ပြချက်က ကောင်းပါတယ်။ ဒါပေမဲ့ တင်ဒါမူ   ၀ါဒပိုင်းရဲ့စည်းကမ်းပိုင်းအချို့မှာငြိနေတာတွေရှိတယ်။ လုပ်ကိုင် ခွင့်ရှိမယ့် ကုမ္ပဏီကို ရွေးချယ်ပြီး တဲ့ အချိန်ပြီးမှ သူတို့က ရင်းနှီး မြှုပ်နှံမယ့် ငွေပမာဏကို တိုးပေး တယ်။ ဒါကြောင့် သူတို့ကို မရွေး ချယ်ရတာပါ’’ ဟု အထက်ပါ အရာရှိကဆိုသည်။

အမေရိကန်နိုင်ငံ Ferguson မြို့ ကာဖျူးထုတ်

Photo: အမေရိကန်နိုင်ငံ Ferguson မြို့ ကာဖျူးထုတ်
Saturday, August 16, 2014

အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Nixon က St. Louis မြို့နယ် စီရင်စုထဲက Ferguson မြို့မှာအရေးပေါ် အခြေအနေ ကြေညာ လိုက်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် African American ဆယ်ကျော်သက်တယောက် August လ ၉ ရက်နေ့ကသေဆုံးခဲ့ပြီးနောက် ဆန္ဒပြ ဆူပူ လုယက်မှုတွေ သောကြာနေ့ ညအထိ ဆက်လက်ဖြစ်နေတဲ့အတွက် ခုလို အရေးပေါ်အခြေအနေ ထုတ်ပြန် ခဲ့တာပါ။

ခုလိုအရေးပေါ် အခြေအနေထုတ်ပြန်ရတာဟာ ဆန္ဒပြသူတွေရဲ့ အသံတိတ် သွားအောင်လုပ်တာမဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိတဲ့ လက်တ ဆုတ်စာ လုယက်သူတွေ ကို ထိန်း သိမ်းနိုင်ဖို့ဖြစ်တယ် လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Nixon က စနေနေ့က ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုပေါ်ပေါက်ရေးအတွက် အသေအချာလုပ်သွားဖို့လည်း သူက အာမခံခဲ့ပါတယ်။ သောကြာနေ့တုန်းက ဆိုင်တွေကို ဖျက်ဆီးလုယက်ကြတဲ့ သူတွေကို တားနိုင်ဖို့ကြိုးစားခဲ့တဲ့ ပြည်သူတွေကိုလညါး အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်ခဲ့ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အရွယ် Michael Brown မသေဆုံးခင် သူဟာ ကုန်စုံဆိုင်လေးတခုမှာ လုယက်ပြီး ဆိုင်ဝန်ထမ်းကို ခြိမ်းခြောက်နေပုံရတဲ့ Video အပါအဝင် သေဆုံးမှုအစီရင်ခံစာကို Ferguson ရဲတပ်ဖွဲ့က သောကြာနေ့က ထုတ်ပြန်ခဲ့ပြီးနောက်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ခဲ့တဲ့ကုန်စံဆိုင်နားမှာ သောကြာနေ့က လူတွေ စုဝေးခဲ့ပြီး အဲဒီထဲက တချို့က ဆိုင်တော်တော်များများကို ဖျက်ဆီးလုယက်ခဲ့ကြပါတယ်။ ဒါကို ဆန္ဒပြနေသူတွေက တားဆီးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ပြဿနာဖြစ်တဲ့နေရာကို ရောက်လာတဲ့ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတွေကို ဆန္ဒပြသူတချို့က ပုလင်းတွေ တခြားအရာတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

မဇ္ဇူရီ ပြည်နယ်၊ Ferguson မြို့မှာ ဆန္ဒပြသူတွေကို အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့က ရှင်းလင်းနေစဉ်။ (သြဂုတ် ၁၃၊ ၂၀၁၄)
မဇ္ဇူရီ ပြည်နယ်၊ Ferguson မြို့မှာ ဆန္ဒပြသူတွေကို အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က ရှင်းလင်းနေစဉ်။ (သြဂုတ် ၁၃၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Nixon က St. Louis မြို့နယ် စီရင်စုထဲက Ferguson မြို့မှာအရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

Saturday, August 16, 2014

ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ရှာဖွေတွေ့ရှိ

Photo: ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ရှာဖွေတွေ့ရှိ
Saturday, August 16, 2014

ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ဘောလ်တစ် ပင်လယ်အောက်ခြေက ပြန်လည်ဆယ်ယူလာတဲ့ သဘောင်္ပျက်ကြီးထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရတော့ ပုလင်းကြီးထဲက အရက်တွေက ယခုအချိန်ထိ ဘေးကင်းစွာ သောက်သုံးနိုင်သေးတယ်လို့ သိရပါတယ်။

ဇွန်လက ပေါလစ်ကမ်းခြေ အနီးမှာရှိတဲ့ Gdan’sk ပင်လယ်အော် အတွင်းက F-53-31 သဘောင်္ပျက်ကြီးကို ဆယ်ယူစဉ်မှာပဲ သုတေသနပညာရှင်တွေ ဟာ သက်တမ်း အနှစ်၂၀၀ လောက်ရှိနေပြီဖြစ်တဲ့ ယင်း ယမကာစဥ့်ထည်ပုလင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ အကောင်းဆုံးတွင်းထွက်ရေတစ်မျိုးဖြစ်တဲ့ မူလ “ဆယ်လ်တာ” ရေ များပါဝင်နေပြီး အသေးစိတ်ထိ ထပ်မံ ခွဲခြားစိတ်ဖြာကြည့်လိုက်တဲ့အခါမှာတော့ ဗော့ဒ်ကာ (သို့မဟုတ်) ဂျင် အမျိုးအစား ယမကာတွေကို ၁၄ ရာခိုင်နှုန်းလောက်ထိ ရောနှောပါဝင်နေတာတွေ့ရပါတယ်။

“ဆယ်လ်တာ” အမျိုးအစားတွင်း ထွက်ရေဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ခန့်က ဂျာမနီ နိုင်ငံ မှာရှိတဲ့ တောနတ်စ်တောင်တန်းဒေသ မှာပထမဆုံး တွေ့ရှိခဲ့တဲ့ အရည်အသွေးမြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်တဲ့ ရေတစ်မျိုးဖြစ်ပြီး ခွန်အားနဲ့ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

Ref:dailymail.co.uk
Trend Myanmar
ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ဘောလ်တစ် ပင်လယ်အောက်ခြေက ပြန်လည်ဆယ်ယူလာတဲ့ သဘောင်္ပျက်ကြီး ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရတော့ ပုလင်းကြီးထဲက အရက်တွေက ယခုအချိန်ထိ ဘေးကင်းစွာ သောက် သုံးနိုင်သေး တယ်လို့ သိရပါတယ်။

Ebola ကြောင့် သေဆုံးသူ ၁၁၀၀ ကျော်ပြီ

အနောက် အာဖရိကတိုက်မှာ အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၁၄၅ ယောက်အထိ ရှိသွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နေတယ်လို့ မသင်္ကာသူနဲ့ အတည်ပြုနိုင်တဲ့ ဝေဒနာရှင် စုစုပေါင်း ၁၅၂ ဦး လက်ခံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လင် ကို ကြိုးနဲ့တုတ်ပြီး မယားကို အဓမ္မ ပြုကျင့်

ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးပတ်အတွင်း တညနေမှာ ဒေသခံလူငယ် နှစ်ဦးက  မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ Chawl hmun ရပ်ကွက်မြို့ပြင်ေ န အသက် ၃၇ အရွယ် အိမ်ထောင်ရှင် ချင်းအမျိုးသမီး Pi Kap Hlei Zing အား ၄င်း၏ ယော င်္ကျား (၆၄) ရှေ့မှောက်မှာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း သိရပါတယ်၊

ထိုင်းရှိ မြန်မာအလုပ်သမား ခရီးသွားလာခွင့် လက်မှတ် ထုတ်ပေးမည်

Photo: ထိုင်းရှိ မြန်မာအလုပ်သမား ခရီးသွားလာခွင့် လက်မှတ် ထုတ်ပေးမည်
Saturday, August 16, 2014

  ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ရင်း အလုပ် လုပ်နေကြတဲ့ မြန်မာပြည် က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် လိုအပ်လာရင် နေရပ်ရင်း ပြန်နိုင်အောင် ခရီးသွားလာခွင့် အထောက်အထားတွေကို ထိုင်းနိုင်ငံမှာ ရှိတဲ့မြန်မာသံရုံးက ထုတ်ပေးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေ အဖမ်းမခံရဖို့ အတွက် ထိုင်းမြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ကနေ အခုလို အခြေအနေရောက် လာတာဖြစ်တဲ့အကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံး အလုပ်သမားရေး တာဝန်ခံ တစ်ဦးက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း အစီအစဉ်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေ  ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေ တဲ့ အဖွဲ့ တချို့ကိုခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်  ယာယီနိုင်ငံကူး လက်မှတ် မရှိဘဲ  နေရပ်ရင်း ကို ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် သူတို့ဆီမှာ တင်ပြတောင်းခံ လာမယ်ဆိုရင် ခရီးသွား လက်မှတ် ကိုထုတ်ပေး မှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ ထိုင်းနိုင်ငံဘန်ကောက်မြို့က အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကတော့  ခရီးသွားလာတဲ့အခါမှာ မြန်မာသံရုံးက အထောက်အထား လက်မှတ်ထုတ်ပေးမယ့် ကိစ္စကို ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့သဘောတူညီမူ ရယူထားတယ်လို့ဆိုပါတယ်။

"ဘတ်ဘတ်ကဆိုတာပါမယ် မြန်မာသံရုံးက ခရီးသွားထောက်ခံချက် ပါမယ်ဆိုလို့ရင် လမ်းမှာ အဖမ်းအဆီးမရှိဘူး။ နောက်တစ်ခါ ခါတိုင်းလုပ်တဲ့ အခါမှာ အရင်တုန်းကဆိုပေးရတယ်။ တစ်ထောင်လား တစ်ထောင့်နှစ်ရာလား ပေးရတယ်။ အခုမြန်မာပြည်ပြန်မှာဖြစ်တဲ့အတွက်ကြောင့် ပေးစရာမလိုဘူး ဆိုတာ ထိုင်းဖက်ကလည်း အဲဒါလေးတွေကို ဆွေးနွေးထားတာဖြစ်တဲ့အတွက်ကြောင့်  အဲဒီဟာလေးတွေကို အောက်ခြေအထိအောင် ကျနော် ရှင်းပြလိုက်ခြင်းဖြစ်ပါတယ်"

ထိုင်းနိုင်ငံမှာ ရှိတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပါတ်သက်လို့ အလုပ်လုပ်ခွင့် လက်မှတ်တွေကို ထိုင်းအစိုးရက ဇွန်လကစတင်ပြီး ထုတ်ပေးနေပြီ ဖြစ်ပေမဲ့ တချို့ အလုပ်သမားတွေ အနေနဲ့ နိုင်ငံကူး လက်မှတ်လုပ်ဖို့ အတွက်က မြန်မာနိုင်ငံသားမှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းမရှိကြတာကြောင့် အခက်အခဲတွေလည်း တွေ့ကြုံနေကြရတာပါ။

ဒီအတွက် မြန်မာသံရုံးက နေရပ်ရင်းပြန်ဖို့ အတွက် ခရီးသွားလက်မှတ်တွေ လုပ်ပေးမယ် ဆိုရင်တော့ အလုပ်သမားတွေအတွက် အဖမ်းဆီး ခံရပြီး ငွေကုန်ကြေးကျ များနိုင်မယ့် ကိစ္စတွေအတွက် အဆင်ပြေမူတွေ ရှိသွားနိုင်တယ် ဆိုပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ မဟာချိုင်ဒေသတာဝန်ခံ ကိုခိုင်ကြီးက အခုလိုပြောပြပါတယ်။

"ကျနော်တို့က ကိုယ့်နိုင်ငံကို ပြန်တဲ့အခါကြရင် ရှိတဲ့ဒေသကနေ ရဲစခန်းကို သတင်းပို့ရတယ်။ ကြား အကျိုးဆောင်တစ်ယောက်နဲ့။ သတင်းပို့တဲ့အခါကျရင် ကျနော်ပြန်ပါ့မယ်လို့ဆိုပြီး ရဲကို ပြောပြီး သွားအဖမ်းခံရတယ်။ အဲ့ဒီကျ ရဲက အလကား မဖမ်းဘူး။ သူ့ရဲ့  ပိုက်ဆံသတ်မှတ်ထားတဲ့ ဈေးနှုန်း နှစ်ထောင်လေးရာ ယူလိုက်တယ်။ အဲဒါ ကျနော်တို့က သူ့ရဲ့ မှတ်ပုံတင် နဲ့ ဓါတ်ပုံရိုက်တဲ့ဈေးနှုန်း နှစ်ထောင်လေးရာ ယူလိုက်တယ်။ ပြီးသွားရင် ရဲက ကားပေါ်တင်ပေးလိုက်တယ်။ မြဝတီဂိတ်ရောက်ရင် အဲဒီမြဝတီမှာ လက်မှတ်သွားထိုးတဲ့ အခါကျရင် မြဝတီက ကိုးသုံးလုံးဂိတ်ကို သွားပို့တယ်။ အဲဒီဂိတ်မှာ နောက်ထပ်ပိုက်ဆံ ခြောက်ရာ ထပ်တောင်းတယ်။  ခြောက်ရာ မပေးတဲ့လူဆိုရင် လုံးဝ ဗမာပြည်ဖက်ကို ပြန်လို့မရဘူး။ မြဝတီ အချုပ်ထဲမှာ ထည့်ထားတယ်။ သောမောရုံး လဝကမှာ အနဲဆုံး ၂၄ နာရီ တရက် နှစ်ရက်လောက်အထိထားတယ်ပေါ့ဗျာ။ ဗမာပြည်သားတွေက ပိုက်ဆံ ခြောက်ရာမပေးဘူးဆိုပြီး အကုန်နေပစ်လိုက်တဲ့အခါကျတော့ နောက်ပိုင်းမှာ ရက်တွေတိုးတိုးပြီးတော့ခါ အလုပ်သမားတွေ စိတ်ညစ်ပြီးတော့ ပိုက်ဆံ ခြောက်ရာပေးရတယ်။ အဲဒါ ကိုးသုံးလုံးဂိတ်မှာ ပေးရတယ်။ အဲဒီတော့ ဟိုက ၆၀၀ ရယ် ဒီက ၂၄၀၀ ရယ် သုံးထောင် ကုန်တယ်။ အဲဒီ သုံးထောင်ကို အလုပ်သမားအရာရှိ ဦးသိန်းနိုင်ကပြောတဲ့ အတိုင်း သူတို့ပရိုဂရမ် အတိုင်း မှန်ကန်သွားပြီဆိုရင် ဒီနေ့ကစပြီးပြောတာပေါ့နော်။ ကျနော်တို့အလုပ်သမားတွေ အတွက် အရမ်းကို အကုန်အကျ သက်သာသွားမယ်။ ကားခပဲကုန်မယ်"

ထိုင်းအစိုးရ က အလုပ်သမားတွေလက်မှတ်လုပ်ဖို့အတွက် ၀မ်းစတော့ ဆားဗစ်စင်တာ (One Stop Service Center ) လို့ခေါ်တဲ့ စခန်းတွေကို ၂၀၁၄ ခုနှစ်အောက်တိုဘာလ (၃၀) ရက်နေ့ထိ ဆက်လက်ဖွင့်လှစ်သွားဖို့ ကြေညာထားပြီး ယာယီအလုပ်လုပ်ခွင့်ကို ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ သက်တမ်းပေးသွားဖို့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်ချထားပါတယ်။

ဇွန်လ(၃၀) ရက်နေ့ကစပြီး စတင်ပြုလုပ်ခဲ့တဲ့ မှတ်ပုံတင်တဲ့အစီစဉ်မှာတော့  မြန်မာ ကမ္ဘောဒီယား လာအို ရွှေပြောင်း အလုပ်သမားပေါင်း လေးသိန်းသုံးထောင် (၄၀၃၀၀၀) ကျော်လာရောက် မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သိန်းနဲ့ချီရှိတဲ့ တာ့(ခ်) ခရိုင်ထဲမှာတော့ ထိုင်းအစိုးရ ရွှေ့ပြောင်းလုပ်သား တသိန်းလေးသောင်းကျော် မှတ်ပုံတင်ကြမယ်လို့  ခန့်မှန်းထားတာပါ။  ဒါပေမဲ့ သြဂုတ်လ ၄ ရက်နေ့ ၁၄ရက်နေ့ထိ ၁၀ရက်အတွင်းမှာ မြန်မာနိုင်ငံသား တထောင်ကျော်သာ လာရောက်မှတ်ပုံတင်ခဲ့ကြပါတယ်။

ရွှေ့ပြောင်း အလုပ်သမားအတော်များများဟာ အလုပ်လုပ်ခွင့် လက်မှတ်ဖိုး အပြင် နောက်ဆက်တွဲ လုပ်ရမယ့် နိုင်ငံကူးလက်မှတ်ရဲ့ကုန်ကျစားရိတ်တွေကို တတ်နိုင်မူ မရှိသေးတာကြောင့် ရော နေရပ်ရင်းပြန်ဖို့အခက်အခဲတွေကြောင့် ထိုင်းအစိုးရခန့်မှန်းသလောက် ထိုင်းနိုင်ငံတွင်းမှာ   မှတ်ပုံတင်ကြတာမျိုးတွေ မရှိသေးပါဘူး။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားများ
ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ရင်း အလုပ် လုပ်နေကြတဲ့ မြန်မာပြည် က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် လိုအပ် လာရင် နေရပ်ရင်း ပြန်နိုင်အောင် ခရီးသွားလာခွင့် အထောက်အထားတွေကို ထိုင်းနိုင်ငံမှာ ရှိတဲ့မြန်မာသံရုံးက ထုတ်ပေးဖို့ စီစဉ်နေပြီ ဖြစ် ပါတယ်။ မြန်မာအလုပ်သမားတွေ အဖမ်းမခံရဖို့ အတွက် ထိုင်းမြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ကနေ အခုလို အခြေအနေရောက် လာတာဖြစ်တဲ့ အကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံး အလုပ်သမားရေး တာဝန်ခံ တစ်ဦးက အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း အစီအစဉ်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဓမ္မစေတီခေါင်းလောင်း ဆက်လက်ရှာဖွေ လာရောက်ကြည့်ရှုသူများ စည်ကားလျက်ရှိ

Photo: ဓမ္မစေတီခေါင်းလောင်း ဆက်လက်ရှာဖွေ လာရောက်ကြည့်ရှုသူများ စည်ကားလျက်ရှိ
Saturday, August 16, 2014

  ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် လုပ်ငန်း စတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်ပတ်ပြည့်ပြီ ဖြစ်သည်။ လာရောက်ကြည့်ရှုလေ့လာသည့် ပြည်သူများမှာလည်း တဖွဲဖွဲပင်ဖြစ်သည်။ ယနေ့ နံနက် ၆ နာရီ ရေပြည့်ချိန် မီးစိမ်းပြတိုင်အနီးရှိ ဘောလုံးအစိမ်းအနက် ပြထားသောအမှတ်အသား နေရာတွင် နံနက် ၈ နာရီအထိ ရေအောက်ရှာဖွေမှုကို လုပ်ဆောင်ကာ နောက်ထပ်ဘောလုံး အစိမ်း အနက် တစ်လုံးကို ထပ်မံချထားပြီး နံနက်ပိုင်းတွင် ခေတ္တနားခဲ့သည်။

နံနက် ၁ဝ နာရီတွင် ရပ်နီးရပ်ဝေးမှ လာရောက်ကြည့်ရှုသူများ၊ သတင်းမီဒီယာသမားများ၊ ပြည်ပသတင်းဌာနမှ မှတ်တမ်းယူသူတို့ဖြင့် စည်ကားစပြုလာပါသည်။ မြစ်ပြင်မြစ်ဆုံနေရာသို့ သွားရောက်လေ့လာသော မိဘပြည်သူများအသက် အန္တရာယ်မဖြစ်စေရန် ဒေါပုံမြို့နယ် ရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများက အသက်ကယ်အင်္ကျီဝတ်ကြရန်၊ စိတ်ချရသောစက်သမ္ဗန်ကို စီးရန် နှိုးဆော်ကြပ်မတ်ပေးလျက်ရှိသည်။ မြစ်ရေအကျတွင် ပင်လယ်ဝမှ လေတိုက်နေသည့်အတွက်ကမ်းစပ်တွင် မသိသာသော်လည်း မြစ်လယ်တွင် လှိုင်းထန်လျက်ရှိရာ စက်လှေအသေးဖြင့် စီးနင်း၍ ကြည့်ရှုခဲ့သောသူများမှာ လှိုင်းပုတ်ဒဏ်ကြောင့် အဝတ်အစားများ ရေစိုခြင်းကို ခံကြရသည်။

ပူဇော်ထား

မွန်းလွဲ ၁ နာရီတွင် ဧည့်ပရိ သတ်ပို၍စည်ကားလာပြီး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။ ဆရာတော်များ ပရိတ်ရွတ်ဖတ်ပူဇော်သော ဗညားလတ် သုံးထပ်သင်္ဘောပေါ်တွင် သာသနာပွဲများကို အစီအရီပူဇော်ထားပြီး အကြံအစည်အောင်မြင်မှုနှင့် သာသနာတော်ကို ဆည်းကပ်ကိုးကွယ်ရာအဖြစ် ကြံပင်နှင့် ငှက်ပျောပင်တို့ မညှိုးနွမ်းစေရန်စိုက်ထူပူဇော်ထားကြောင်း၊ သင်္ဘောပေါ်ရှိ သက်သတ်လွတ် စားသုံးနေသော လူဦးရေ ၈ဝ အတွက် အစားအသောက်များလှူဒါန်းပြီး ပြန်လာသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရှာဖွေလျက်

ညနေ ၃ နာရီ ၃ မိနစ်တွင် သုံးထပ်သင်္ဘောမှ မီးစိမ်းတိုင်အနီးရှိ ရေပေါ်အမှတ်အသား ပြုလုပ်ထားသည့် ဘောလုံးအစိမ်းအမည်းနေရာတွင် ရေငုပ်သမားများ စတင်ငုပ်ကြရာ မြစ်ကမ်းပေါ်မှ ကြည့်ရှုနေသူများ၊ စက်လှေဖြင့် တစ်ဖုံ၊ မှန်ပြောင်းဖြင့် တစ်သွယ် ကြည့်ရှုသူများ လှုပ်လှုပ်ရှားရှား ဖြစ်ကြသည်။ ထိုအချိန်တွင် မြစ်ဆုံနေရာသည် မိုးဖွဲဖွဲတစ်ကြိမ်သာ ရွာသွန်းခဲ့သည်။ ဆလုံ ရေငုပ်အဖွဲ့က လည်ပင်းတွင် ကြိုးချည်ထားသော သံတုံးကိုစွပ်၍ အသက်ရှူပိုက်နှင့် အချက်ပြကြိုး တစ်ချောင်းကိုကိုင်ကာ အလှည့်ကျဆင်း၍ ရှာဖွေလျက်ရှိပြီး ညနေ ၃ နာရီ ၁၅ မိနစ်တွင် တွန်းသင်္ဘော NAWATU ရောက်ရှိလာကာ တွန်းသင်္ဘောဦးပိုင်းတွင် ပါလာသောဆရာတော်ကြီးက ပရိတ်ရေများကို ငွေဖလားအတွင်းမှ မြစ်အတွင်းသို့ ပက်ဖျန်းကာ ဗညားလတ်သင်္ဘော ကြီးပေါ်သို့ ပြန်လည်ကြွရောက်၍ သင်္ဘောဦးခန်း လက်တန်းမှ မေတ္တာဘာဝနာ ပွားများလျက်ရှိသည်။

ဗညားလတ် သင်္ဘောပေါ်မှ လက်ကိုင်စပီကာဖြင့် ရေငုပ်ရှာဖွေနေသော လုပ်ငန်းခွင်အတွင်းသို့မဝင်ရောက်ရန်နှင့် ကိုက် ၅ဝ မှ ကြည့်ရှုလေ့လာကြရန် မေတ္တာရပ်ခံ အသိပေးလျက်ရှိသည်။ မီးစိမ်းတိုင်၏ ကိုက် ၃ဝဝ အကွာတွင် ထပ်မံငုပ် ကြပြီး ညနေ ၃ နာရီခွဲတွင် မီးစိမ်းတိုင်မှ ကိုက် ၅ဝဝ ခန့်ရှိသောနေရာတွင် ကျောက်ဆူးချ၍ ဆက်ငုပ်ကြသည်။ ပင်လယ်ဝမှ ရေတက်လာပြီဖြစ်၍ ပဲခူးမြစ်ရေအကျနှင့် မြစ်ဆုံတွင် ဆုံနေရာ လှိုင်းထလေတိုက်လျက်ရှိနေသည်။ လှိုင်းထန်လာသည့်အတွက် မြစ်ပြင်တွင် ကြည့်ရှုလေ့လာသော စက်လှေများကမ်းသို့ပြန်လှည့်သွား၍ ရှင်းလင်းလျက်ရှိပြီး ရေငုပ်သမားနှစ်ဦး ရေအောက်သို့ ထပ်မံဆင်းသွားသည်။

ညနေ ၄ နာရီအထိ ဓမ္မစေတီ ခေါင်းလောင်းရှာဖွေသော ရေငုပ်အဖွဲ့သည် မြစ်ဆုံတွင် ဆက်လက်ရှာဖွေလျက်ရှိသည်။

အဆိုပါ နေရာတွင် ခေါင်းလောင်းကြီးရှိလျှင် မြစ်ကမ်းပေါ်မှ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်တို့၏ ပို့သသောမေတ္တာနှင့် ရေလယ်မှဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်သည့် ပရိတ်တရားတော်တို့ ပေါင်းစည်းမိကာ ရေအောက်တွင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီးရရှိမည်ဟု ပြည်သူအချို့က ပြောဆိုသုံးသပ်လျက်ရှိသည်။

Myanmaalinn
ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် လုပ်ငန်း စတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်ပတ်ပြည့်ပြီ ဖြစ်သည်။ လာရောက်ကြည့်ရှုလေ့ လာသည့် ပြည်သူများမှာလည်း တဖွဲဖွဲပင်ဖြစ်သည်။ ယနေ့ နံနက် ၆ နာရီ ရေပြည့်ချိန် မီးစိမ်းပြတိုင်အနီးရှိ ဘောလုံး အစိမ်းအနက် ပြ ထားသောအမှတ်အသား နေရာတွင် နံနက် ၈ နာရီအထိ ရေအောက်ရှာဖွေမှုကို လုပ်ဆောင်ကာ နောက်ထပ်ဘောလုံး အစိမ်း အနက် တစ်လုံး ကို ထပ်မံချထားပြီး နံနက်ပိုင်းတွင် ခေတ္တနားခဲ့သည်။

ဆရာကြီး ဒဂုန်တာရာ အရိုးများကို ဂူဗိမာန်အတွင်း ထည့်သွင်းမည်

သြဂုတ် ၁၉ ရက်တွင် ကျင်းပမည့် ဆရာကြီး ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်မြောက်အခမ်းအနားတွင် ဆရာကြီး ဒဂုန်တာရာ၏ အရိုးများ ကို ဆောက် လုပ်ဆဲဂူဗိမာန်အတွင်းသို့ ထည့်သွင်းသွားမည်ဟု ဆရာ ဒဂုန် တာရာ ဂူဗိမာန်စောင့်ရှောက်ရေးအတွင်းရေးမှူး ဦးထွန်းဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။

ပါကစ္စတန်အစိုးရကို ဆန့်ကျင်သူများ မြို့တော်အစ္စလမ္မာဘတ်သို့ ရောက်ရှိ

Photo: ပါကစ္စတန်အစိုးရကို ဆန့်ကျင်သူများ မြို့တော်အစ္စလမ္မာဘတ်သို့ ရောက်ရှိ
Saturday, August 16, 2014

ပါကစ္စတန်အတိုက်အခံခေါင်းဆောင် အီမာရန်ခန်း ဦးဆောင်သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများသည် သြဂုတ် ၁၆ ရက်က မြို့တော် အစ္စလမ္မာဘတ် သို့ ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်၏ အစိုးရသည် ၂၀၁၃ ခုနှစ် မေလရွေးကောက်ပွဲတွင် မဲလိမ်လည်ပြီး အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သောကြောင့် ၎င်းတို့ အစိုးရအနေဖြင့် နုတ်ထွက်ပြီး ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

“ပါကစ္စတန်နိုင်ငံအနေနဲ့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်လာပါပြီ။ ၀န်ကြီးချုပ် နာဝပ်ရှာရစ်ဖ် နုတ်ထွက်သည်အထိ ကျွန်တော် ဒီမှာဆက်ပြီး ဆန္ဒပြသွားပါမယ်။ သူဟာ ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ လုပ်ပြီး အနိုင်ရလာတာဖြစ်ပါတယ်” ဟု ခန်းက ပြောကြားသည်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်နဲ့ တရားရုံးချုပ်တို့ကို တောင်းဆိုပါတယ်။ တရားမျှတမှုကို မရဘူးဆိုရင်တော့ လမ်းပေါ် ကနေ ဆက်ပြီးတောင်းဆိုဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး” ဟု ခန်းက ပြောကြားသည်။

ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ တာဟာကာဒရီကလည်း ထောင်ပေါင်းများစွာသော ဆန္ဒပြသူ များကို ဦးဆောင်ကာ ခန်း၏အဖွဲ့ကဲ့သို့ပင် မြို့တော်အတွင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

ခရစ်ကတ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ခန်းဦးဆောင်သော ဆန္ဒပြသူများသည် နိုင်ငံအရှေ့ပိုင်း ကီလိုမီတာ ၃၀၀ ဝေးသော လာဟိုးမြို့မှ သြဂုတ် ၁၄ ရက်တွင်စတင်ကာ မော်တော်ယာဉ်များဖြင့် မြို့တော်သို့ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်။ လမ်းတစ်လျှောက်တွင် ကြိုဆိုထောက်ခံသူများအား နှုတ် ဆက်ခဲ့ရသာကြောင့် ယခုခရီးစဉ်သည် ၃၆ နာရီ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ခန်း၏ Pakistan Tehreek-e-Insaaf (PTI) ပါတီအား ထောက်ခံသူများနှင့် ၀န်ကြီးချုပ် ရှာရစ်ဖ်၏ Pakistan Muslim League-N (PML-N) ပါတီ အား ထောက်ခံသူများအကြား သြဂုတ် ၁၅ ရက် နံနက်ပိုင်းက မြို့တော်အစ္စလမ္မာဘတ် အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာခန့်ရှိ ဂူဂျာရန် ၀ါလာ မြို့တွင် တိုက်ခိုက်မှုများ ဖြစ်ခဲ့ကြကြောင်း ရဲများနှင့် မျက်မြင်သက်သေများက ပြောကြားသည်။

ခန်း၏ ဆန္ဒပြအဖွဲ့နောက်မှ လူငယ် ၄၀ ခန့်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လိုက်လာပြီး ကြွေးကြော် သံများ အော်ဟစ်ပြီးနောက် တစ်ဘက်နှင့်တစ်ဘက် ခဲများနှင့် ပစ်ပေါက်ခဲ့ကြရာ ရဲများက လူစုခွဲပေးခဲ့ ရသည်။

ဂူဂျာရန်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုပြုလုပ် ရန်နှင့် ဆူပူမှုမလုပ် ဆောင်ကြရန် ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်က သတိပေးခဲ့သည်။

Ref:AFP
Mizzima - News in Burmese
ပါကစ္စတန်အတိုက်အခံခေါင်းဆောင် အီမာရန်ခန်း ဦးဆောင်သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများသည် သြဂုတ် ၁၆ ရက်က မြို့တော် အစ္စလမ္မာဘတ် သို့ ရောက်ရှိလာကြောင်း သိရသည်။

မုံရွာတွင်ဖမ်း မိသည့် မူးယစ်အမှုများတွင် အစိုးရကျောင်းဆရာ တစ်ဦးပါဝင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် သြဂုတ်လအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး အမှုများထဲတွင် အစိုးရ ခန့် ကျောင်းဆရာတစ်ဦး ပါဝင်နေ သည်ဟု အမှတ်(၈)မူးယစ် တပ်ဖွဲ့စုမှူးဖြစ်သူ ဒု-ရဲမှူးစံတိုးက မဇ္ဈိမကို ပြောသည်။

ရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနများအတွက် လုံခြုံရေးကိရိယာများ တိုးမြှင့်အသုံးပြုခွင့်ပေးမည်

Photo: ရဲတပ်ဖွဲ့နှင့် ဆက်စပ်ဌာနများအတွက် လုံခြုံရေးကိရိယာများ တိုးမြှင့် အသုံးပြုခွင့်ပေးမည်
Saturday, August 16, 2014

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားဆက်စပ် ဌာနများအတွက်လုံခြုံရေးစစ်ဆေးသည့်ကိရိယာများနှင့်ဆက်သွယ်ရေး ကိရိယာ များ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

‘‘ပုံမှန်အသုံးပြုဖို့နဲ့ အခမ်းအနားတွေမှာ လုံခြုံရေးနဲ့ပတ် သက်ပြီး စစ်ဆေးနိုင်ဖို့ အတွက် ကိရိယာတွေကိုတိုးချဲ့တပ်ဆင် သွားမှာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီးဦးဌေးအောင်ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအတွက် စစ်ဆေး နိုင်မည့်  X-ray စက်များ၊ မိုင်းရှာဖွေရေးကိရိယာများနှင့် ရဲတပ်ဖွဲ့ ဝင်များကြား အပြန်အလှန်ဆက် သွယ်နိုင်မည့်ကိရိယာများကို နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဌာနများထံသို့ တိုးချဲ့ချထားပေးမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါပစ္စည်းများဝယ်ယူနိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုံခြုံရေးနဲ့ဆက်သွယ်ရေးကိရိယာ တွေကို ဒီနှစ်အတွက်ရတဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး ရဲတပ်ဖွဲ့ဌာန အားလုံးမှာ တိုးချဲ့ပေးသွားပါမယ်။ နှစ်အလိုက်ရတဲ့ဘတ်ဂျက် ပေါ်မူတည်ပြီးတော့ တိုးချဲ့မှုတွေကိုလည်း လုပ်သွားပါမယ်’’ဟု ရဲမှူးကြီးဦးဌေးအောင်ကပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးနှင့်ဆက်သွယ် ရေးကိရိယာများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့တွင် တိုးချဲ့အသုံးပြုသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

7Day DAILY 

ဓာတ်ပုံ - ကျော်ဇင်သန်း
ဓာတ်ပုံ - ကျော်ဇင်သန်း
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားဆက်စပ်ဌာနများအတွက်လုံခြုံရေးစစ်ဆေးသည့် ကိရိယာများနှင့် ဆက် သွယ်ရေး ကိရိယာများတိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသတင်းရရှိသည်။

သမ္မတလောင်း သေဆုံးသည့် ဘရာဇီး လေယာဉ်ပျက်ကျမှုကို Black Boxက မှတ်တမ်းတင်ထားခြင်း မရှိ

Photo: သမ္မတလောင်း သေဆုံးသည့် ဘရာဇီး လေယာဉ်ပျက်ကျမှုကို Black Boxက မှတ်တမ်းတင်ထားခြင်း မရှိ
Saturday, August 16, 2014

ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းတစ်ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ်၏ Black Boxက ခရီးစဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်တမ်းတင်မထားသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။

လေယာဉ်များတွင် ပါရှိသည့် Black Boxများသည် လေယာဉ်မှူး အခန်းထဲတွင် ပြောဆိုနေသည့် စကားများနှင့် လေယာဉ်၏ ပျံသန်းမှုဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည့် ကိရိယာများ ဖြစ်ကြသည်။ ဘရာဇီး သမ္မတလောင်း အီဒွာဒို ကမ်ပို့စ်သည် စင်းလုံးငှားလေယာဉ် ပျက်ကျမှုတွင် အခြားလူ(၆)ဦးနှင့်အတူ သေဆုံးခဲ့သည်။ အဆိုပါ လေယာဉ်ပျက်၏ Black Boxများကို စစ်ဆေးကြည့်သည့်အခါ ပျံသန်းမှု ခရီးစဉ်နှင့် ပတ်သက်ပြီး မှတ်တမ်း တင်မထားကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဘရာဇီး လေတပ်က Black Box အတွင်းရှိ လေယာဉ်မှူး ပြောစကားများကို စိစစ်ကြည့်သည့်အခါ အဆိုပါ လေယာဉ်ခရီးစဉ်နှင့် လုံးဝ မပတ်သက်ကြောင်း အတည်ပြုခဲ့သည်။ ဆော်ပေါ်လိုရှိ ဆန်းတို့စ် မြို့အနီးတွင် ရာသီဥတု ဆိုးရွားနေစဉ် အတောအတွင်း လေယာဉ်ပျက်ကျပြီး ကမ်းပို့စ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ သေဆုံးခဲ့ခြင်း ဖြစ်သည်။ မြို့တော် ဘရာစီလီယာရှိ လေကြောင်း မတော်တဆမှုများ စုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးရေး ဌာနမှ ကျွမ်းကျင်သူများသည် Black Boxအတွင်းရှိ အသံဖိုင်များကို ပြန်လည်စုစည်း တည်ဆောက်ပြီး စစ်ဆေးခဲ့ရာ အံ့ဩဖွယ်ရာ အခြေအနေအဖြစ် ယခုခရီးစဉ်နှင့် လုံးဝ ဆက်စပ်မှု ရှိမနေသည်ကို တွေ့ရှိခဲ့ရသည်။

“စုစုပေါင်း (၂)နာရီစာ အသံတွေကို ပြန်ပြီး စစ်ဆေး နားထောင်ကြည့်တဲ့အခါ ဩဂုတ်(၁၃)ရက်က ပျက်ကျတဲ့ လေယာဉ် ခရီးစဉ်နဲ့ မသက်ဆိုင်တာကို တွေ့ရှိခဲ့ရပါတယ်”ဟု လေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပက်ဒရိုလူးဝစ် ဖာဆစ်က ပြောကြားခဲ့သည်။ “Black Box လေယာဉ်မှူး ပြောဆိုထားတဲ့ စကားတွေဟာ ဘယ်နေ့တုန်းကလဲ ဆိုတာကို မသိနိုင်သေးပါဘူး။ တပ်ဆင်ထားတဲ့ ကိရိယာက အသံဖိုင်တွေရဲ့ နေ့ရက်ကို ဖော်ထုတ်ပြနိုင်ခြင်း မရှိလို့ပါ”ဟုလည်း ဖာဆစ်က ဆိုသည်။

ကမ်းပို့စ်သည် ဘရာဇီး ဆိုရှယ်လစ် ပါတီကို ကိုယ်စားပြုပြီး သမ္မတ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူဖြစ်ပြီး တတိယ ရေပန်းအစားဆုံး သမ္မတလောင်းအဖြစ် ရပ်တည်နေသည်။ ၎င်းသေဆုံးသည့်နောက် မည်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဘရာဇီး၏ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတလောင်း မတော်တဆ ကွယ်လွန်ပါက သက်ဆိုင်ရာ ပါတီသည် (၁၀)ရက်အတွင်း လူသစ် အစားထိုး ယှဉ်ပြိုင်ခွင့်ရှိကြောင်း သတင်းရရှိသည်။

BBC
ရွေးကောက်ပွဲဝင်မည့် သမ္မတလောင်းတစ်ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ်၏ Black Boxက ခရီးစဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်တမ်းတင်မထားသည်ကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရသည်။

ပါကစ္စတန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ရွေးကောက်ပွဲအသစ် ကျင်းပရန် တောင်းဆို

Photo: ပါကစ္စတန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားများ ရွေးကောက်ပွဲအသစ် ကျင်းပရန် တောင်းဆို
Saturday, August 16, 2014

ပါကစ္စတန်နိုင်ငံ မြို့တော်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ စုရုံးနေပြီး အတိုက်အခံ နိုင်ငံရေးသမား အင်ရန်ခမ်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှာအစ် နုတ်ထွက်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပတဲ့ အထိ ဆန္ဒပြသွားမယ်လို့ သူ့ကို ထောက်ခံသူတွေကို ပြောလိုက်ပါတယ်။

Pakistanခရစ်ကက် အကျော်အမော်ဘ၀ကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ အင်ရန်ခမ်းဟာ သြဂုတ်လ ၁၅ ရက်နေ့ညပိုင်းမှာ စတင်တဲ့ ဆန္ဒပြပွဲ ၂ ခုထဲက တခုကို ခေါင်းဆောင်နေပြီး ဘာသာရေး ခေါင်းဆောင်တာဟာ ကာဒရီက နောက်ဆန္ဒပြပွဲတခုကို ခေါင်းဆောင်ပါတယ်။

ဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ဒီဆန္ဒပြပွဲနှစ်ခုဟာ ၁၅ လသာ သက်တမ်းရှိသေးတဲ့ အရပ်သားအစိုးရအတွက် အကြီးဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။

အင်ရန်ခမ်းက လက်ရှိဝန်ကြီးချုပ်ဟာ မဲမသာမှုတွေရှိတဲ့ ရွေးကောက်ပွဲတွေကနေ တက်လာတဲ့ ၀န်ကြီးချုပ်ဖြစ်လို့ နုတ်ထွက်သွားတဲ့အတွက် ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။ သူ့ကို ထောက်ခံသူတော်တော်များများကိုလည်း သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ အစ္စလာမ္မာဘက်မြို့မှာ သပိတ်စခန်းချထားတာကို တွေ့ရပါတယ်။

အစိုးရအဖွဲ့ထဲက တချို့က လက်ရှိ ဆန္ဒပြပွဲတွေရဲ့ နောက်မှာ စစ်တပ်ထဲက အမာခံတချို့ ကျောထောက်နောက်ခံပေးနေတယ်လို့ ယုံကြည်နေကြပါတယ်။ ဆန္ဒပြပွဲတွေက အစိုးရကို ဘယ်လောက်အထိ ကိုင်လှုပ်နိုင်မလဲဆိုတာက စစ်တပ်ရဲ့ ရပ်တည်ချက်အပေါ်မှာ မူတည်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ပါကစ္စတန်မှာ အာဏာသိမ်းတဲ့ အစဉ်အလာရှိတဲ့ စစ်တပ်ဟာ ဒီတကြိမ်မှာ အာဏာသိမ်းမှာကို စိုးရိမ်သူတွေ မများလှပေမယ့် မတည်ငြိမ်မှုတွေကြောင့် စစ်တပ်အာဏာ ကြီးထွားလာမှာကိုတော့ အစိုးရအရာရှိတွေက တွက်ဆထားကြပါတယ်။

ဒီဗွီဘီ
ပါကစ္စတန်နိုင်ငံ မြို့တော်မှာ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေ သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းအထိ စုရုံးနေပြီး အတိုက် အခံ နိုင်ငံရေး သမား အင်ရန်ခမ်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှာအစ် နုတ်ထွက်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပတဲ့အထိ ဆန္ဒပြသွားမယ်လို့ သူ့ကို ထောက် ခံ သူတွေကို ပြောလိုက်ပါတယ်။

လက်မှတ်ငါးသန်းကိုစဉ်းစားရန် ပြည်ထောင်စုလွှတ်တော်နာယကနှင့် လွှတ်တော်တွင် သာတာဝန်ရှိ

 Photo: လက်မှတ်ငါးသန်းကိုစဉ်းစားရန် ပြည်ထောင်စုလွှတ်တော်နာယကနှင့် လွှတ်တော်တွင် သာတာဝန်ရှိ
Saturday, August 16, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်းသည် ပြည်ထောင်စုလွှတ် တော်၏ အခြေခံဥပဒေပြင်ဆင် နိုင်ရေးအကောင်အထည်ဖော်မှု ကော်မတီအပေါ် သက်ရောက်မှု မရှိကြောင်း လွှတ်တော်နာယက ပြောကြားသကဲ့သို့ပင် ကော်မတီ ကထပ်တူပြောကြားလိုက်သည်။

  ‘‘လက်မှတ်ငါးသန်းကို ထည့်သွင်းစဉ်းစားဖို့ကော်မတီမှာ တာဝန်မရှိပါဘူး။ စဉ်းစားရမှာက လွှတ်တော်နာယကနဲ့ဥက္ကဋ္ဌပြည် ထောင်စုလွှတ်တော်ကစဉ်းစားရ မှာပါ’’ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည် ဖော်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအေးမောင်ကပြောသည်။

 ဇူလိုင်လအတွင်းကလည်း ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူများ ၏ ဆန္ဒပြုလက်မှတ်များသည် လွှတ်တော်ကော်မတီအပေါ် သက်ရောက်မှုမရှိနိုင်ဟု ပြော ကြားခဲ့ခြင်းဖြစ်သည်။

 လက်မှတ်ကောက်ယူရေး လှုပ်ရှားမှုကို စတင်ခဲ့သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် သည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဝင်းထိန်ကလည်း ထို လက်မှတ်များသည် ကော်မတီ အပေါ် သက်ရောက်မှုမရှိနိုင်ဆို သည်မှာ မှန်ကန်သည်ဟုပြော ကြားခဲ့သည်။

  သို့သော် လွှတ်တော်နှင့် သက်ဆိုင်သောကိစ္စဖြစ်သော ကြောင့် ပြည်သူများ၏အသံကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စား လှယ်များက စဉ်းစားဆောင်ရွက် နိုင်သဖြင့် ထိုက်သင့်သောအကျိုး သက်ရောက်မှုရှိနိုင်ပါသည်ဟု သြဂုတ်လ ၁၁ ရက်တွင် ပြည် ထောင်စုလွှတ်တော် နာယကကပြန်ပြောင်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေးအကောင်အထည် ဖော်ရေးကော်မတီသည် အခြေခံ ဥပဒေပါပုဒ်မအားလုံးကို ဆွေး နွေးပြီးစီးပြီးဖြစ်၍ ဇယား ၁ မှ ဇယား ၅ အထိသာဆွေးနွေးရန် ကျန်ရှိတော့ကြောင်းသတင်းရရှိ သည်။

 ဇယား ၁၊၂၊၃ နှင့် ၅သည် အရေးကြီးသဖြင့် ဆွေးနွေးရန် အချိန်ယူရမည်ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် ဒေါက်တာအေးမောင်ကပြောသည်။

ကော်မတီ၏ဆွေးနွေးမှုများ ပြီးစီးပါက ဥပဒေကြမ်းကို ယခု လာမည့် (၁၁)ကြိမ်မြောက်လွှတ် တော်တွင် တင်သွင်းနိုင်ရန်စီစဉ် နေပြီဖြစ်ကြောင်းလည်း လွှတ် တော်နာယက ကပြောကြားထား သည်။ အဖွဲ့ဝင် ၃၁ ဦးပါဝင်သော ကော်မတီသည် အစီရင်ခံစာနှင့် အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ခြင်းဥပဒေကြမ်းနှင့် ပြင်ဆင် ရန်အဆိုကိုပါ ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းရမည်ဖြစ် ပြီး ရွေးကောက်ပွဲမတိုင်မီ ၆ လ အလိုတွင် တင်သွင်းရမည်ဟု ကော်မတီ၏တာဝန်များတွင် ပြဋ္ဌာန်းထားသည်။

7Day DAILY 

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ် ငါးသန်းသည် ပြည်ထောင်စုလွှတ် တော်၏ အခြေခံဥပဒေပြင်ဆင် နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီအပေါ် သက်ရောက်မှု မရှိကြောင်း လွှတ်တော်နာယက ပြောကြားသကဲ့သို့ပင် ကော်မတီ ကထပ်တူပြောကြား လိုက်သည်။

လှည်းကူး ရေဘေးသင့်ရွာ သုံးရွာသို့ ကူညီရေးအဖွဲ့များ မရောက်နိုင်၍ လူတစ်ထောင်ကျော် အခက်အခဲတွေ့နေ

Photo: လှည်းကူး ရေဘေးသင့်ရွာ သုံးရွာသို့ ကူညီရေးအဖွဲ့များ မရောက်နိုင်၍ လူတစ်ထောင်ကျော် အခက်အခဲတွေ့နေ
Saturday, August 16, 2014

ရေကြီးရေလျှံမှုများနှင့် တစ်လကျော်ကြာ ရင်ဆိုင်နေရ သော လှည်းကူးမြို့ နယ်ရှိ ကျေး ရွာသုံးရွာသို့ ရေဘေးကူညီရေး အဖွဲ့များ သွားရောက်ရန် အခက်အခဲရှိနေ၍ ဒေသခံလူဦးရေ တစ်aထာင်ကျော် အခက်အခဲဖြစ်နေ ကြောင်း သတင်းရရှိသည်။

မြို့နယ်အတွင်း အစားအ သောက်နှင့် အ၀တ်အထည် အ ကူအညီပေးရေး အဖွဲ့များ လာ ရောက်ကူညီမှုများ ရှိနေသော် လည်း ဖခမဲကျေးရွာ၊ ဖရုံစုကျေး ရွာနှင့် ကျုံကာကျေးရွာများသို့ စက်လှေဖြင့် တစ်နာရီကျော်ကြာ သွားရသဖြင့် အကူအညီပေးရေးအဖွဲ့များ မရောက်နိုင် ဖြစ်နေသည်။

‘‘ရေတက်တာ တစ်လကျော် ရှိသွားပြီ။ စားရေးသောက်ရေး အတွက် အကြွေးယူပြီး စားနေရ တာပါ။ ရပ်ကျေးအုပ်ချုပ်ရေးမှူး က တစ်အိမ်ကို ဆန်တစ်ပြည်နှုန်း နဲ့ တစ်ကြိမ် လိုက်ဝေဖူးတယ်။ ဒီ နောက်ပိုင်း ဘယ်သူမှ လာပေး ကမ်းကြတာ မရှိတဲ့အတွက် အ ကူအညီလိုတာပေါ့။ အကူအညီပေးနေတဲ့ သူတွေက ဒီနေရာရောက်တဲ့အထိလာရင် ကောင်းမှာပဲ’’ ဟု ဖခမဲကျေးရွာခံ ဦးစံအောင်က ပြောသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း ကပင် ရေနစ်မြုပ်စာရင်း လိုက် လံကောက်ခံခဲ့ပြီး မိသားစုတစ် စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် သြ ဂုတ် ၁၃ ရက်တွင် ကျေးရွာအုပ် ချုပ်ရေးမှူးက ပေးဝေခဲ့သည်။

လှည်းကူးမြို့နယ်တွင် ရေ ကြီးရေလျှံမှုများကြောင့် အခြေခံ ပညာကျောင်း ၁၀ ကျောင်း ပိတ် ထားရကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

‘‘ကျောင်းကို သွားတဲ့ လမ်း တွေမှာ ရေကြီးပြီး သွားလို့မရ အောင် ဖြစ်နေလို့ ကျောင်းပိတ် ထားတာ။ တချို့ကျောင်းတွေကို ပိတ်ထားရတာ နှစ်ပတ်ကျော် လောက်ရှိနေပြီ။ တချို့ကျောင်း တွေကတော့ ပိတ်ထားတာ တစ် ရက်၊ နှစ်ရက်လောက်ပဲ ရှိသေး တယ်’’ ဟု လှည်းကူးမြို့နယ် ဒု ပညာရေးမှူးက ပြောသည်။

သြဂုတ် ၅ ရက်မှစ၍ လှည်း ကူး မြို့နယ်ရှိ ရေနစ်မြုပ်သော နေရာသို့ လာရောက်ကူညီမှုများ ရှိနေပြီး ကျေးရွာအချို့သို့ သွား ရောက်ရန် အခက်အခဲများ ရှိနေ သောကြောင့် ကူညီရေးအဖွဲ့မ ရောက်နိုင်သော ဒေသများတွင် အရေးပေါ် အစားအသောက်များ လိုအပ်နေသည်။

‘‘ဒီရွာသုံးရွာကို အတတ်နိုင် ဆုံး အရေးပေါ်ကူညီဖို့ လုပ်နေပါ ပြီ။ တကယ်လည်း အကူအညီ လိုအပ်နေတဲ့ နေရာတွေပါ။ ကုန်း မြေပေါ်နေတဲ့ နေရာကနေ စက် လှေနဲ့သွားတာ တစ်နာရီခွဲကြာမှ ရောက်တာ။ ဒီရွာတွေကို တော်ရုံ တန်ရုံ ဘယ်သူမှ မသိကြပါဘူး’’ ဟု လှည်းကူးမြို့နယ်အသင်းမှ တာဝန်ရှိသူ ဦးစည်သူက ပြောသည်။

လက်ရှိ အကူအညီလိုအပ် နေသော ကျေးရွာသုံးရွာမှာ ဖခမဲ ကျေးရွာတွင် အိမ်ခြေ ၄၀၊ ဖရုံစု ကျေးရွာတွင် အိမ်ခြေ ၂၈၀ နှင့် ကျုံတာကျေးရွာရှိ အိမ်ခြေ ၅၀ တို့မှာ ရေကြီးရေလျှံမှုများနှင့် ရင် ဆိုင်နေရခြင်းဖြစ်သည်။

လှည်းကူးမြို့နယ်တွင် ရေ ကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ဂျုံးဂျုံးကျ၊ ကင်းမွန်ခြံသိမ်ကုန်း၊ ဘိုရင်လေး စသည့် ကျေးရွာများ သို့ နာရေးကူညီမှုအသင်း (ရန် ကုန်)၊ ZTE မိုဘိုင်း ထရေးဒင်း ကုမ္ပဏီ၊ ဒေ၀ူးသင်္ဘောကျင်းလူ ငယ်များအဖွဲ့၊ လှည်းကူးမြို့နယ် အသင်းနှင့် လှည်းကူးမြို့နယ် (NLD) တို့မှ အစားအသောက်၊ အ၀တ်အထည်နှင့် ဆေးဝါးများ ကူညီပေးလျက်ရှိသည်။

7Day DAILY 

ရေဘေးသင့် ကျေးရွာတစ်ရွာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ရေဘေးသင့် ကျေးရွာတစ်ရွာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
 ရေကြီးရေလျှံမှုများနှင့် တစ်လကျော်ကြာ ရင်ဆိုင်နေရ သော လှည်းကူးမြို့နယ်ရှိ ကျေး ရွာသုံးရွာသို့ ရေဘေးကူညီရေး အဖွဲ့များ သွားရောက်ရန် အခက်အခဲရှိနေ၍ ဒေသခံလူဦးရေ တစ်aထာင်ကျော် အခက်အခဲဖြစ်နေ ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ထိုင်းထုတ်ကုန်တင်ပို့မှု ယခင်ထက် (၁၁)ရာခိုင်နှုန်းကျော် မြင့်တက်

ထိုင်းနိုင်ငံရဲ့အသေးစားနဲ့ အလတ်စားကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ခင်းကျင်းပြသခဲ့တဲ့ ထိုင်းထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်း စိန်ဂေဟာမှာ သြဂုတ်လ (၁၉) ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရင်သားထဲ ကိုကင်းထည့်သယ်လာသူကို စပိန်လေဆိပ်မှာ ဖမ်းမိ


ရင်သား အစားထိုး ပစ္စည်းထဲ ထည့်လာတဲ့ ကိုကင်း မူးရစ်ဆေးများ၊ ဓာတ်ပုံ- The Mirror
ဗင်နီဇွဲလား ခရီးသွားအမျိုးသမီးတဦးကို စပိန်နိုင်ငံ မက်ဒရစ်လေဆိပ်မှာ သူ့ရင်သားပုံသဏ္ဍန်တွေက မတူကွဲပြား ထူးခြား နေတာကြောင့် အကောက်ခွန်အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။