Saturday, September 27, 2014

ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်

ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီးထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။
Photo: ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ  လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီး ထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာရှိတဲ့ ပြင်သစ်သံရုံးတွေကိုလည်း လုံခြုံရေးတိုးမြှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံထဲက အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။

ပါရီမြို့တော်နဲ့ အမေရိကန်မြို့ကြီးတွေရဲ့ မြေအောက်ရထားလိုင်းတွေကို အိုင်အက်စ် အကြမ်းဖက်တွေ တိုက်ခိုက်မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရခဲ့တယ်လို့လည်း အီရတ်ဝန်ကြီးချုပ်က  စက်တင်ဘာလ ၂၅ ရက်နေ့က ပြောဆိုပါတယ်။

ပြင်သစ်မွတ်စလင်အဖွဲ့ချုပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အိုင်အက်စ်အကြမ်းဖက်တွေကို ဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။
DVB 

အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်


Photo: အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။

အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

‘‘တိုင်ကြားသူရှိလို့ တစ်လိုင်းလုံးရပ်ဆိုင်းခံရတာပါ။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က အရေးယူ တာပါ’’ဟု အဆိုပါယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအေးသောင်းကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အရေးယူအကြောင်းကြားစာတွင် (ဂ) စင်းလုံးငှား(တက္ကစီ)လိုင်စင် ယူပြီး၊ (ခ)ခရီးသည်တင်ယာဉ်ကဲ့ သို့ လုပ်ငန်းမျိုးပြေးဆွဲနေခြင်း ကြောင့် အရေးယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်လိုင်းမှာ ကား မှတ်တိုင်များတွင် ခရီးသည်များ ခေါ်ယူတင်ဆောင်သည့်အတွက်  ခရီးသည်တင် ဘတ်စ်ကားလိုင်း အချို့က တိုင်ကြား၍ တိုင်းဒေသကြီးအစိုးရက အရေးယူခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

အဆိုပါယာဉ်လိုင်းအသစ် သည် ကားအစီးရေ ၃၀ ကျော် ရှိပြီး အောင်မြင်မှုရနေသဖြင့် နောက်ပိုင်းတွင် ယာဉ်အစီးရေ ၆၀ ကျော်အထိ တိုးမြှင့်ရန် စီစဉ်ထားစဉ် အရေးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်မဟာ အဆင့်မြင့် ယာဉ်လိုင်းက တစ်ဦးလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် အဲကွန်းဖွင့် ကာ အင်းစိန်မှ ဆူးလေ၊ အောင် မင်္ဂလာ အဝေးပြေးမှ ဒဂုံ-ဧရာ အဝေးပြေး စသည့်ခရီးစဉ်များ အဖြစ် ပြေးဆွဲလျက်ရှိသည်။

နယ်မှလာသော ခရီးသည် များအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့တွင်းသို့ အငှားယာဉ်ငှားရာတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ စောင့်ဆိုင်းရချိန် ကြာမြင့်ခြင်း၊ စုပေါင်းစပ်ပေါင်း ငှားရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းတို့ကို ဖြေရှင်းနိုင်ရန် စီစဉ်ပြေးဆွဲစေခြင်းဖြစ်သည်။
7daydaily.com

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

 Photo: ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍  စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။

အလှူငွေထည့်ဝင်ရန် သူမစိန်ခေါ်ခဲ့သူများမှာ မြန်မာနိုင်ငံမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ ဟိုတ ယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း၏သားဖြစ်သူ ဦးတိုးနိုင်မန်း၊ မြန်မာ့ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ၊ မန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်နှင့် Star model Int’l မှ ဂျွန်လွင်တို့ဖြစ်သည်။

‘‘Ice Bucket Challenge’’ ခေါ် ကိုယ့်ကိုကိုယ် ရေခဲရေလောင်းပြီး စိန်ခေါ်မှုမှာ ကမ္ဘာ့နိုင်ငံများတွင် ခေတ်စားနေ ပြီး ALS အာရုံကြောရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေလှုပ်ရှားမှုက အစပြုခဲခြင်းဖြစ်သည်။ ထိုစိန်ခေါ်မှု၏ သဘောမှာ စိန်ခေါ်ခံရသူအနေဖြင့် ရေခဲရေမလောင်းနိုင်ပါက အလှူငွေထည့်ရမည်ဖြစ်ပြီး ရေခဲရေလောင်းပြီး တစ်ခြားသူများကို ထပ်မံစိန်ခေါ်ခွင့်ရှိသည်။

အဆိုပါလှုပ်ရှားမှုကို ကမ္ဘာကျော်များဖြစ်သည့် ချယ်လ်ဆီးနည်းပြမော်ရင်ဟို၊ ဘောလုံး အားကစားသမား နေမာ၊ မက်ဆီ၊ ဂျွန်တယ်ရီ၊ ဒေးဗစ်ဘက်ခမ်းတို့ အပါအဝင် အားကစားလောက၊ အနုပညာလောက ကျော်ကြားသူတို့ လက်ခံဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံရေးလောက ကျော်ကြားသူများဖြစ်သည့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းဝင် ဘီလ်ဂိတ်၊ လူမှုကွန်ရက် Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်တို့လည်း ပါဝင်ဆင်နွှဲထားကြသည်။

စိန်ခေါ်ခဲ့သည့် အီတလီအမျိုးသမီးမှာ ထိုလှုပ်ရှားမှုအပြင် ယခုနှစ် ဒီဇင်ဘာလအတွင်း  အီတလီနိုင်ငံမှ တေးဂီတပညာရှင်များ ဖိတ်ခေါ်၍ ချက်ထရီယန် ဟိုတယ်တွင် ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ကာ ပါရမီ မိဘမဲ့ ဂေဟာအတွက် ရန်ပုံငွေ ရှာဖွေသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ ပါရမီဂေဟာတွင် မိဘနှစ်ပါးလုံးမရှိသူနှင့် မိခင်မရှိသူများကို ဦးစားပေးလက်ခံထားရှိပြီး  အသက် ၄ နှစ်မှ ၂၂ နှစ်အထိ ကလေးငယ် ၂၂ ယောက်ကိုစောင့်ရှောက်ပေးနေပြီး အရွယ်ရောက် အမျိုးသမီးများအတွက် လုံခြုံသည့် အဆောက်အဦး ဆောက်လုပ်ရန် လိုအပ်နေသည်။
အီတလီနိုင်ငံမှ အလွတ်တန်းသတင်းထောက်နှင့် ခရီးသွား အကြံပေးဖြစ်သူ Ms. Pamela Mccourt သည် ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာမှ ကလေးငယ်များအတွက် အလှူငွေရရှိရန် လှုံ့ဆော်သည့်အနေဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရေခဲရေလောင်း စိန်ခေါ်မှုကို ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ - ယုဝေ၊ မဇ္ဈိမ)
ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍  စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။

ပုဇွန်တောင် အမတ်လွှတ်တော် သုံးနှစ်ကျော် ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်သည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှု လုံးဝမရှိဟု ပုဇွန်တောင်မြို့နယ်နေ တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

Friday, September 26, 2014

အာရှယူ- ၁၉ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် လက်မှတ်များကို ၅သောင်းကျပ်ဖြင့် ရောင်းချသွားမည်

၂၀၁၄ခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှ ၂၃ရက်နေ့အထိ နေပြည်တော် ဇေယျာသီရိ အားကစားကွင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း များတွင် ကျင်းပပြုလုပ်မည့် အာရှယူ- ၁၉ပြိုင်ပွဲအတွက် လက်မှတ် များကို အောက်တိုဘာလ ၈ရက်နေ့မှ စတင်၍ ရိုးရိုးတန်း ၂၀၀၀ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ်ဖြင့် အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံရှိ လက်မှတ် အရောင်း ကောင်တာများတွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အာရှယူ-၁၉ ပြိုင်ပွဲမှ အုပ်စု(က)နှင့် အုပ်(ခ) ပွဲစဉ်များကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး အုပ်စု(ဂ)နှင့် အုပ်စု(ဃ) ပွဲစဉ်များကို နေပြည်တော်၊ ဇေယျာသီရိ ကွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။အာရှယူ-၁၉ ပြိုင်ပွဲအတွက် ကြိုတင် လက်မှတ်များ ရောင်းချမှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်

မှုခင်းကြီးများပေါ်ပေါက်ရေး ကူညီခဲ့သော အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ်ပြုမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သမိုင်းတစ်လျှောက်တွင် မှုခင်း ကြီးများ၌ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖြေရှင်းပေးခဲ့သည့် အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ် ပြုသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နေပြည်တော်တွင် အောက် တိုဘာ ၁ ရက်၌ ပြုလုပ်မည့် မြန် မာနိုင်ငံရဲတပ်ဖွဲ့ နှစ်(၅၀)မြောက် ရွှေရတုအခမ်းအနားတွင် ဒေသ အနှံ့မှ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး လေးဦးကို

ဂုဏ်ပြုပွဲပြုလုပ်ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နယ်စပ်ဖြတ်ကျော်မှု ခင်းဌာနကြီးမှ ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။

ဦးရဲထွဋ် ပြောဆိုမှုအချက်အလက်စု၍ တုံ့ပြန်ရန် ဦးခင်အောင်မြင့်စီစဉ်

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်း အဆောက်အအုံများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်းမမီသည့် အချက်အလက်များစုဆောင်းပြီး အမျိုးသားလွှတ်တော်မှ သမ္မတထံသို့ တိုက်ရိုက်တင်ပို့ သွားမည်ဖြစ်သည့်အတွက် သီတင်းကျွတ်ကာလ အပြီး လွှတ်တော်ညွှန် ကြားရေးမှူးချုပ်ထံ ပေးပို့ရန် ပန်ကြားလွှာထုတ်ခဲ့သည်။

“အထောက်အထားရှိတယ်၊ ခုပေးလို့ ရတယ်။ တော်တော်ကို ဖြစ်ကတတ်ဆန်း ဆောက်သွားတာ။ အထောက်အထားတွေ အများကြီးရှိတယ်”ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။

ပြည်တွင်းသတင်း

Photo

U.A.E ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲ နဲ့ IS စစ်သွေးကြွချေမှုန်းရေး

Photo: U.A.E ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲ နဲ့ IS စစ်သွေးကြွချေမှုန်းရေး
Friday, September 26, 2014

ဆီးရီးယားနိုင်ငံထဲမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွတွေကို ပင်လယ်ကွေ့ နိုင်ငံရဲ့ အခု တပတ် ဗုံးကြဲတိုက် ခိုက်မှုကို ဦးဆောင်သူအဖြစ် U.A.E နိုင်ငံက သမိုင်းမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ် မောင်း ဗိုလ်မှူး Mariam al-Mansouri ဖြစ်ပါတယ်။

နိုင်ငံပိုင် သတင်းမီဒီယာက သူ့ဓာတ်ပုံထုတ်ပြန်လိုက်တဲ့အခါ တမုဟုတ်ချင်း အမျိုးသမီး လေသူရဲ ရဲ့ သတင်း ဟာ ကမ္ဘာတလွှား လူမှု ကွန်ယက်တွေမှာ လူအများဆုံး ပြန်လည်မျှဝေတဲ့ ဓာတ်ပုံ ဖြစ်လာပါတော့တယ်။ အသက် ၃၅ နှစ်ရှိ အမျိုးသမီး ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီဟာ ဆီးရီးယားနိုင်ငံ Idlib၊ Aleppo နဲ့ Raqqa ဒေသတွေ မှာ ရှိတဲ့ IS စစ်သွေးကြွတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုလုပ်တဲ့ လေယာဉ် အုပ်စုငယ်တခုကို ဦးဆောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့အတူ အာရပ်နိုင်ငံ ၄ နိုင်ငံဖြစ်တဲ့ ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ ဘာရိမ်း၊ ကာတာနိုင်ငံ တို့နဲ့အတူ IS စစ်သွေးကြွတွေကို စစ်ဆင်ရေး ဆင်နွှဲနေတာမှာ U.A.E အာရပ်စော်ဘွားများနိုင်ငံ ကိုယ်စားပြု စစ်ဆင်ရေးကို ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီလည်း အားဖြည့် ကူညီနေတာ ဖြစ်ပါတယ်။

U.A.E နိုင်ငံက ထုတ်ပြန်တဲ့ သူ့ကိုယ်ရေးအချက်တွေမှာ ဖော်ပြထားတာကတော့ Abu Dhabi မှာ မွေးဖွား ခဲ့ သူ မစ္စ မာရီ ယန် အယ်လ်မန်ဆူရီဟာ ဆယ် ကျော်
သက် မိန်းကလေးဘဝကတည်းက လေတပ်ထဲ ဝင်ချင်ခဲ့တာဖြစ်ပေမယ့် အမျိုးသမီး တွေ လေတပ်ထဲ အမှုထမ်းဖို့ လျှောက်ထားလို့ ရတဲ့အချိန်ထိ စောင့်ခဲ့ရ သူပါ။

သူဟာ Khalifa bin Zayed Air College က နေ ဘွဲ့ရခဲ့ပြီး အခုဆို F-16 စစ်ပြန် တိုက်လေယာဉ်မှူးဖြစ်နေ ပါပြီ။

"Everyone is required to have the same high level of combat competence," လို့ သူက U.A.E မဂ္ဂဇင်း တခုဖြစ် တဲ့ Deraa Al Watan ကို ပြောထားပါတယ်။

Wall Street မဂ္ဂဇင်း သတင်းသုံးသပ်သူတဦးက ရေးတာကတော့ IS စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ မစ္စ မာရီယန်ရဲ့ အခန်းကဏ္ဍဟာ ရှင်းရှင်းလင်းလင်း မရှိဘဲ ဒါဟာ သင်္ကေတ သဘောလောက်ပဲလို့ သုံးသပ်ရေး ထားတာ လည်း တွေ့ရပါတယ်။

ဧရာဝတီ
ဆီးရီးယားနိုင်ငံထဲမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွတွေကို ပင်လယ်ကွေ့ နိုင်ငံရဲ့ အခု တပတ် ဗုံးကြဲတိုက် ခိုက်မှုကို ဦးဆောင်သူအဖြစ် U.A.E နိုင်ငံက သမိုင်းမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ် မောင်း ဗိုလ်မှူး Mariam al-Mansouri ဖြစ်ပါတယ်။

နိုင်ငံပိုင် သတင်းမီဒီယာက သူ့ဓာတ်ပုံထုတ်ပြန်လိုက်တဲ့အခါ တမုဟုတ်ချင်း အမျိုးသမီး လေသူရဲ ရဲ့ သတင်း ဟာ ကမ္ဘာတလွှား လူမှု ကွန်ယက်တွေမှာ လူအများဆုံး ပြန်လည်မျှဝေတဲ့ ဓာတ်ပုံ ဖြစ်လာပါတော့တယ်။ အသက် ၃၅ နှစ်ရှိ အမျိုးသမီး ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီဟာ ဆီးရီးယားနိုင်ငံ Idlib၊ Aleppo နဲ့ Raqqa ဒေသတွေ မှာ ရှိတဲ့ IS စစ်သွေးကြွတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုလုပ်တဲ့ လေယာဉ် အုပ်စုငယ်တခုကို ဦးဆောင်ခဲ့ပါတယ်။

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းထွက်ပြေးသည့်ဖြစ်စဉ် ၆၀၀ ကျော် ရှိသည့်အနက် ၂၈၀ မှုမှ ကျူးလွန်သူများကို ပြန်လည်ဖမ်းမိ

ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းထွက်ပြေးခဲ့သည့် ဖြစ်စဉ် ၆၀၀ ကျော်ရှိသည့် အနက် ၂၈၀ မှုမှ ကျူးလွန်သူများကို ပြန်လည်ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်မှုစစ်ဌာနမှ စက်တင်ဘာ ၂၄ ရက်တွင် စုံစမ်းသိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ တိုက်ပြေးမှုပေါင်း ၆၆၆ မှုဖြစ်ပွားခဲ့ပြီး ယင်းအနက်မှ ၂၈၀ မှုမှ ကျူးလွန်သူယာဉ်မောင်းများကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရန်ကျန်နေသည့် အမှုပေါင်း ၃၈၆ မှုရှိနေပြီး သိပြေး ၁၆၉ မှုနှင့် မသိပြေး ၂၁၇ မှုတို့ရှိကြောင်း စုံစမ်းသိရှိရသည်။

တရားဝင်ညွှန်ကြားချက်မထုတ်ပြန်သော်လည်း ပုဂ္ဂလိကကျောင်းများ၏ စာမေးပွဲများ အစိုးရကျောင်းများကဲ့သို့ကျင်းပရမည်ဟုဆို



အခြေခံ ပညာဦးစီးဌာနက တရားဝင်ညွှန်ကြား ချက်မထုတ်ပြန်သော်လည်း ပုဂ္ဂလိက ကျောင်းများ၏ စာမေးပွဲများကို အစိုး ရကျောင်းကဲ့သို့ ကျင်းပရမည်ဖြစ် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှ သိရသည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း တို့၏ နှစ်ဆုံးစာမေးပွဲများကိုမြို့နယ် စစ်၊ ခရိုင်စစ်တို့ဖြင့်စစ်ဆေးမည်နှင့် ပတ်သက်ပြီး ဝန်ကြီးဌာနမှတရားဝင် ညွှန်ကြားထားခြင်းမျိုး မရှိသေး၍ သက်ဆိုင်ရာဦးစီးဌာနများအလိုက် အဆိုပါအတန်းများ၏ ပထမနှစ်ဝက် စာမေးပွဲကိုမြို့နယ်စစ်၊ ခရိုင်စစ်ပုံစံ ဖြင့် အကြိုကျင်းပသွားရန် စီစဉ်လျက် ရှိရာ ကိုယ်ပိုင်ကျောင်းများလည်း အကျုံးဝင်ကြောင်း သိရသည်။

တယ်လီနောဆင်းမ်ကတ်၌ facebook စာသားများနှင့် Wikipedia အခမဲ့ အသုံးပြုနိုင်မည်

တယ်လီနော၏ မိုဘိုင်းအင်တာနက်လိုင်း၌ Facebook ၏ စာသားများနှင့် Wikipedia ကို အခမဲ့အသုံးပြုနိုင်မည်ဟု သိရသည်။

Facebook ၌ တင်ဆက်ကြသည့် ဓာတ်ပုံများ ၊ ဗီဒီယိုများနှင့် Link များကို ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်သော်လည်း Comment နှင့် Status စာသားများကို တင်နိုင်မည်ဟု သိရသည်။ Facebook ကို အခမဲ့ အသုံးပြုရာ၌ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရှုမည်ဆိုပါက တယ်လီနောမှ သတ်မှတ်ထားသည့်အတိုင်း 1 MB လျှင် ၆ ကျပ်နှုန်း ဖြတ်တောက်သွားမည်ဟု သိရသည်။

တယ်လီနော ဆင်းမ်ကတ်များ စက်တင်ဘာ ၂၇ ရက်တွင် စတင်ရောင်းမည်


ပြည်ပဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် တယ်လီနောမြန်မာ၏ ဆင်းမ်ကတ် များကို စက်တင်ဘာ ၂၇ ရက်မှ စ၍ မန္တလေးမြို့တွင် ပထမဆုံး စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်းမ်ကတ်များကို မန္တလေး မြို့တွင် ရောင်းချပြီး တစ်ပတ်အ ကြာမှ နေပြည်တော်တွင် ဆက် လက်ရောင်းချမည်ဖြစ်ပြီး နေပြည်တော်တွင်ရောင်းပြီး တစ်ပတ်အ ကြာမှ ရန်ကုန်တွင် ဆက်လက်ရောင်းပေးသွားမည်ဖြစ်သည်။

တယ်လီနောက ဆင်းမ်ကတ်နှင့် ဟန်းဆက်ကို ၁၉,၉၀၀ ကျပ်ဖြင့် ရောင်းချမည်

တယ်လီနောသည် 2G ကွန်ရက်သုံး keypad ဟန်းဆက်နှင့် မိုဘိုင်းဆင်းမ်ကတ်ကို ငွေကျပ် ၁၉,၉၀၀ ကျပ်ဖြင့် တွဲဖက်ရောင်းချမည်ဟု ကြေညာသည်။ အလားတူ 3G ကွန်ရက်သုံး Touch Screen စမတ်မိုဘိုင်းဖုန်းနှင့် မိုဘိုင်းဆင်းမ်ကတ်ကိုလည်း ငွေကျပ် ၄၉,၉၀၀ ဖြင့် တွဲဖက်ရောင်းချမည်ဟု သိရသည်။

အဆိုပါ ဟန်းဆက်များသည် ထိုင်ဝမ်နိုင်ငံထုတ် maximus တံဆိပ် ဟန်းဆက်များဖြစ်ပြီး တယ်လီနော၏ အမှတ်တံဆိပ်လည်း တွဲဖက်ပါဝင်မည်ဖြစ်သည်။ ဟန်းဆက်များကို အရေအတွက် မည်မျှရောင်းချပေးမည်ဟု တယ်လီနောက ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိသော်လည်း အသုံးပြုသူ လိုအပ်ချက်ရှိသလောက် ထပ်မံရောင်းချပေးနိုင်ရန် စီစဉ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဆူရှီကြိုက်လွန်း၍ တုပ်ပြားကောင်များ ခန္ဓာကိုယ်အနှံ့ အတွယ်ခံရသူ

Sashimi

ဆူရှီဆိုသည်မှာ ကမ္ဘာကျော် ဂျပန်ရိုးရာ အစားအစာ တစ်မျိုးဖြစ်ပြီး အသားစိမ်း၊ ငါးစိမ်းများဖြင့် ပြုလုပ်ထားသည့် ယင်း အစားအစာကို ကမ္ဘာတစ်ဝှမ်း ကြိုက်နှစ် သက်သူ များပြားလှသည်။ အမေရိကန် သမ္မတ အိုဘားမားပင် ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်စဉ်က တခုတ်တရ သွားရောက် စားသုံးခဲ့ရသည့် အစားအစာ တစ်မျိုး ဖြစ်သည်။

ဒေါ်စုကို အသေရေဖျက်မှုဖြင့် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးအား စွဲဆိုသည့်အမှု ပလပ်ခံရ

DASSK-2
၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးရန် ၂၀၁၄ ခုနှစ် မေလ ၂၇ ရက်က နေပြည်တော်၌ စည်းရုံးဟောပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ရန်ကုန်(မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပါက ဘာသာခြားနိုင်ငံ ဖြစ်သွားမည်ဟူသော စာဖြန့်ဝေမှုဖြင့် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးအား တရားစွဲဆိုထားခြင်းကို ကာယကံရှင် (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင် လျှောက်ထားခြင်း မဟုတ်၍ဟုဆိုကာ မြို့နယ်တရားရုံးက စက်တင်ဘာ ၂၅ ရက်က ပလပ်လိုက်သည်ဟု ပေါက်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲထွန်းဝင်းက ပြောသည်။

ဘောလုံးသတင်းတိုများ (စက်တင်ဘာလ ၂၆ရက်)

မာလာဂါနောက်ခံလူ ၀ယ်လင်တန်က ၎င်းကို စော်ကားသည့် အသုံးအနှုန်း သုံးစွဲခဲ့ခြင်းကြောင့် မက်ဆီကို တွန်းထိုးခဲ့ခြင်းဟု ရှင်းလင်းသွားခဲ့သည်။
မန်စီးတီးနှင့် ချဲလ်ဆီးတို့ တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ချဲလ်ဆီးဘက်သို့ လမ်းပတ် ချေပဂိုး သွင်းယူခဲ့ပြီးနောက် ယူဂန်ဒါနိုင်ငံသား ချဲလ်ဆီး ပရိသတ်တစ်ဦး နှလုံးရောဂါဖောက်၍ သေဆုံးသွားခဲ့သည်။
ဘဏ္ဍာရေး သင့်တင့်မျှတမှု စည်းမျဉ်းချိုးဖောက်ခဲ့ခြင်းကြောင့် ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးမည့် အသင်း(၇)သင်းစာရင်းတွင် လီဗာပူး၊ အင်တာမီလန်၊ မိုနာကို၊ ရိုးမားတို့ ပါဝင်နေသည်။
ဂျူ ဗင်တပ် ဂိုးသမား ဘူဖွန်က စကူဒတ်တို ချန်ပီယံဆုအတွက် ရိုးမားအသင်းနှင့် ရာသီကုန်အထိ ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

ကလေးစစ်သား တစ်ရာကျော် ထပ်မံနုတ်ထွက်ခွင့်ပြု

မြန်မာ့တပ်မတော်တွင် စစ်မှုထမ်းဆောင်နေသည့် အရွယ် မရောက်သေးသော စစ်သည် ၁၀၉ ဦးကို စက်တင်ဘာ ၂၅ ရက်က ထပ်မံနုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းကလေးသူငယ်များအား မိဘထံပြန်လည်အပ်နှံသည့် အခမ်းအနားကို တပ်မတော်မှတ်တမ်းရုံးတွင် ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တက်ရောက်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လကလည်း စစ်မှုထမ်းနေသည့် ကလေးသူငယ် ၉၁ ဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပြီး ယခုတစ်ကြိမ်တွင် အရေအတွက် အများဆုံးနုတ်ထွက်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့

Photo: ဦးစံလင်း ပြည်သူသန်း ၅၀ ကို လိမ်ခဲ့ကြောင်း အလှူရှင်တစ်ဦး ဖွင့်ချ
ဓမ္မစေတီခေါင်းလောင်းရှာဖွေရန် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီခုနစ်ခုက ကျပ်သိန်း ၁,၅၀၀ လှူဒါန်းပံ့ပိုးခဲ့
Friday, September 26, 2014

 ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်နှင့် မြန်မာ့ စက်မှုဆိပ်ကမ်းကုမ္ပဏီ (Myan-mar Industrial Port) က ငွေကျပ်သိန်းငါးရာစီ လှူဒါန်းခဲ့ပြီး အထည်ချုပ်လုပ်ငန်း တည်ထောင်ထားသည့် ၀မင်းကုမ္ပဏီ၊ Strong Source ဆောက်လုပ်ရေးကုမ္ပဏီ၊ မင်းတုန်းပွဲရုံ၊ Long Life သတ္တုတွင်းကုမ္ပဏီနှင့် အခြားကုမ္ပဏီငယ်တစ်ခုတို့ စုပေါင်းပြီး ကျပ်သိန်းငါးရာ လှူဒါန်းထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ အလှူရှင် ခုနစ်ဦးသည် စုစုပေါင်းငွေကျပ်သိန်း ၁,၅၀၀  လှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

ခေါင်းလောင်းကြီး ရှာဖွေရန် ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုပြီးနောက် ဆယ်ယူကုန်ကျစရိတ်အတွက် အလှူငွေ လှူဒါန်းပွဲကို ပဲခူးမြို့ ရွှေမော်ဓောဘုရားတွင် ဇူလိုင် ၃၀ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ပြီး အလှူရှင်များ စာရင်းကို ယင်းရှင်းလင်းပွဲသို့  တက်ရောက်ခဲ့သော ဒေသခံ သတင်းထောက်တစ်ဦးက ပြောသည်။

ခေါင်းလောင်း မတွေ့ဘဲ တွေ့သည်ဟု ကြေညာခဲ့ခြင်းနှင့် ပတ်သက်၍ ‘‘သူ ဒီလက်ရှိ သန်း၅၀ ကို လိမ်တယ်။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်လို့ပြောတယ်’’ဟု ခေါင်းလောင်းဆယ်ယူရန် ကျပ် ၅၂ သိန်းကျော် လှူဒါန်းခဲ့သည့် ရွှေအုန်းပင် စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

                ဦးစံလင်းဦးဆောင်သည့်ခေါင်း လောင်းဆယ်ယူရေးမှာ ပဲခူးမြို့ရွှေအုန်းပင် စားသောက်ဆိုင်မှ စတင်ခဲ့သည့်အတွက် ထိုနေရာမှာပင် အဆုံးသတ်လို၍ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး အဖွဲ့တွင်ငွေစာရင်းကိုပါ တာဝန်ယူကိုင်တွယ်ခဲ့သောဦးဝင်းမြင့်က ပြောသည်။  ဓမ္မစေတီ  ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ခေါင်းဆောင် ဦးစံလင်းက သြဂုတ်၂၆ ရက်တွင် ခေါင်းလောင်းတွေ့ရှိပြီဟု ကြေ ညာခဲ့ပြီး အမှန်တကယ်တွေ့ရှိခဲ့ သော အရာမှာ သင်္ဘောပျက်ဟု ယူဆရသည့် သံထည်သာဖြစ်နေသည်။

‘‘ကျွန်တော်တို့ ဖုန်းတွေကို ပိတ်ခိုင်းထားတယ်။ သင်္ဘောက နေ အပြင်ထွက်လို့ မရဘူး။ ကျွန်တော် အဓိဋ္ဌာန် ၂၀ ရက်မြောက်နေ့မှ သူကထုတ်ပြန်သွားတာ။ အဓိဋ္ဌာန်က ၂၅ ရက်ဆိုတော့ ပြောလို့ မရခဲ့ဘူး။ အဓိဋ္ဌာန်က ထွက် ကုန်းပေါ်မှာ ရက် နှစ်ဆယ်နေခဲ့ပေမယ့် ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မပြောခဲ့ဘူး’’ ဟု ဦးဝင်းမြင့်က ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ ဦးဝင်းမြင့်က ခေါင်းလောင်း တွေ့ရှိသည်ဟု ကြေညာသည် မှာ ဦးစံလင်းဖြစ်ပြီး ၎င်းတို့ကို မတိုင်ပင်ဘဲ လိမ်လည်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွား သည်။

‘‘အဲဒီမှာ အရမ်းတုန်လှုပ် သွားတယ်။ မနက်ဖြန်ပဲ ကိုယ်တို့ အဖမ်းခံရတော့မလား စိုးရိမ်တယ်ပေါ့။ ခေါင်းလောင်းမတွေ့ဘဲနဲ့ တွေ့တယ်ပြောမယ်ဆို အများ ကြီးချောက်ချားကုန်တယ်။ သင်္ဘောသား တစ်ဖွဲ့လုံး။ ကိုယ်ဒါ ပြီးရင် ဒါနိုင်ငံတော်သမ္မတကြီးဆီ တင်ပြမယ်။ ဒီဖြစ်စဉ်အားလုံးကို တင်ပြမယ်’’ ဟု ဦးစံလင်း လိမ် လည်ခဲ့သည်များကို သမ္မတထံသို့ ပါတင်ပြမည်ဟု ၎င်းကဆိုသည်။

 သတင်းမထုတ်ပြန်မီ သြဂုတ် ၂၅ ရက်ညတွင် ဦးစံလင်း က ၎င်းကို အိပ်ရာမှ နှိုးပြီး မြစ် သုံးစင်းဆုံရာသို့  ကြည့်ရှုစေ၍ ရွှေရောင် နဂါးဆီမီးပူဇော်သည်ကို တွေ့လားဟု မေးမြန်းခဲ့ကြောင်း၊ ၎င်းက မတွေ့ရှိဟု ပြန်လည်ဖြေ ကြားရာတွင် သီလသမာဓိမရှိ၍ မတွေ့ရှိခြင်းဖြစ်သည်ဟု မူမမှန် စွာပြောခဲ့ကြောင်း ဦးဝင်မြင့်က ဆိုသည်။

ခေါင်းလောင်းတွေ့ရှိခြင်း မရှိဘဲ တွေ့ရှိသည်ဟု လိမ်လည်ခဲ့ သော အဖွဲ့နှင့်ပတ်သက်၍ အလှူ ရှင်တစ်ယောက်အနေဖြင့် မည်သို့ခံစားရကြောင်း မေးမြန်းရာ ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်မိုးက ‘‘လှူတာပဲ လုပ်လိုက်တာပါ။ ကျန်တာဘာမှ မရှိဘူး။ ဘာပြောစရာမှ မရှိပါဘူး’’ဟု စက်တင်ဘာ ၂၅ ရက်တွင်ပြောသည်။

‘‘ဘာညာအဆက်အသွယ် တွေ မရှိပါဘူး။ ဒီအတိုင်း လှူလိုက်တာပါ။ လှူတာက ကျွန်တော့်အစ်ကိုပါ။ ဘာမှပြောစရာမရှိပါဘူး’’ဟု ၀မင်းကုမ္ပဏီအုပ်စု ဒါရိုက်တာ နောင်ခွန်မြင့်ဝေက ပြောကြားသည်။

ကုမ္ပဏီများ လှူဒါန်းသော ငွေကျပ် သိန်းတစ်ထောင့်ငါးရာသည် ယတိပြတ်လှူဒါန်းခြင်း ဖြစ်သောကြောင့် ပြန်အမ်းမည် မဟုတ်သော်လည်း အလှူရှင်များ လှူဒါန်းသော ငွေကြေးများကို ပြန်လည်ပေးအပ်သွားမည်ဟု ဓမ္မ စေတီခေါင်းလောင်း ဆယ်ယူရေး အဖွဲ့က သတင်းထုတ်ပြန်ထား သည်။

‘‘ငွေကြေးအများဆုံး လှူခဲ့ တဲ့ အလှူရှင်တွေက အသုံးစရိတ် တွေ ဘာတွေလာမပြနဲ့ မီးရှို့ လိုက်တောင် ရတယ်လို့ ပြော တယ်။ သူတို့ကိုလည်း ပြန်မပေး နဲ့ ယတိပြတ်လှူတာလို့ ပြော တယ်။ ကျန်တဲ့ပိုက်ဆံကို ဦးစံ လင်း၊ ဦးကြည်လင်းတို့ကို ပြန် ပေးခဲ့ပါတယ်။ ဦးစံလင်းက ပါမစ် ကိုင်ထားတဲ့သူဆိုတော့ တူးဖော် ခွင့်ရနေသေးပါတယ်။ ဒီငွေတွေ ကို ဆယ်ယူရေးမှာ သုံးချင်သုံး မှာပါ’’ဟု ဦးဝင်းမြင့်ကပြောသည်။

ထို့အပြင် ခေါင်းလောင်း ဆယ်ယူရေးအတွက် အများပြည် သူများမှ လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ သိန်းကျော်ရှိသည်။ အဆိုပါအလှူငွေများကို ပြန်ပေးမည်ဟုဆိုသည်။ လုပ်ငန်းရှင် ခုနစ်ဦးနှင့်ဦးဝင်းမြင့်အပါအ၀င် အခြားလုပ်ငန်းရှင်အချို့က လှူခဲ့သော စုစုပေါင်း ငွေကျပ် ၁၅၈၃ သိန်းကျော်မှ တစ်ထောင်ကျော်ကို ခေါင်းလောင်း ဆယ်ယူရေးအတွက် အသုံးပြုခဲ့ပြီး ပိုသောငွေကျပ်သိန်းငါးရာကျော်ကို ကမ္ဘောဇ ဘဏ်တွင် အပ်နှံထားကြောင်း သတင်းရရှိသည်။

အလှူငွေများကို ၎င်းတို့က အလှူခံခဲ့ခြင်း မဟုတ်ဘဲ ဦးစံလင်းနှင့် အဖွဲ့ဆယ်ယူမည်ဟု သတင်းထုတ်ပြန်ပြီးနောက် အလှူရှင်များက ဆက်သွယ်ကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်း မြင့်က ဆိုသည်။

‘‘ရန်ကုန်  အစိုးရအဖွဲ့ကို ပါမစ်ကြေး ဘာမှမပေးရပါဘူး။ ဒီပါမစ်ခွင့်တောင်းတဲ့ စာရွက်ကို ဖတ်ပြီးပေးလိုက်တာပါ။ သောင် တူးစက်ငှားရင် ပုံမှန်ဆိုရင် တစ် ရက် ၄၁ သိန်းလောက်ပေးရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ငါးသိန်းပဲ ပေးရပါတယ်။ စက် သုံးဆီဝယ်တာ၊ သင်္ဘောငှားတာ တွေက ကုန်ကျစရိတ်များခဲ့ပါ တယ်’’ ဦးဝင်းမြင့်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ရှာ ဖွေရေးအဖွဲ့ဝင်များက ကျပ် သိန်း ၁၅၀၀ လှူ ဒါန်းခဲ့သူများ၏ စာရင်းကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိဘဲ လှူဒါန်းသူများ၏ သဘောဆန္ဒအရ ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

‘‘ပိုက်ဆံတွေ  အားလုံးကို ရွှေအုန်းပင်က ဦးဝင်းမြင့်က ငွေ ကိုင်တယ်။ အားလုံးသူကိုင်တယ်။ ပိုက်ဆံက သူ့ဆီက ပြန်တောင်းရတာ။ အခု ရှင်းလင်းပွဲလုပ်တာ ဘာမှ မပြောချင်ဘူး။ ဦးလည်း ရှင်းလင်းသွားဖို့ ရှိပါတယ်။ ပွဲစီ စဉ်ဖို့ နေရာအတိအကျသိရရင် ကြေညာပေးမယ်’’ ဟု ဦစံလင်းက ပြောခဲ့သည်။

သို့သော် ဦးဝင်းမြင့် ကိုယ်တိုင်ဦးဆောင်၍ ကျပ်သိန်းတစ်ထောင်မတည်ကာ ခေါင်းလောင်းကို ဆက်လက်ရှာဖွေမည်ဟုဆိုသည်။

7Day Daily
ခေါင်းလောင်းတွေ့ရှိပြီဟု ဆိုကာ လူထုကို လိမ်လည်ခဲ့သော ဦးစံလင်းအဖွဲ့၏ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ငွေကြေး ကျပ်သိန်းတစ်ထောင့်ငါးရာ လှူဒါန်းခဲ့သည့် အလှူရှင်ခုနစ်ဦး စာရင်းတွင် ကမ္ဘောဇဘဏ် အပါအ၀င် ကုမ္ပဏီကြီးများ ပါဝင်နေကြောင်း သတင်းရရှိသည်။

ကမ္ဘောဇဘဏ်နှင့် မြန်မာ့ စက်မှုဆိပ်ကမ်းကုမ္ပဏီ (Myan-mar Industrial Port) က ငွေကျပ်သိန်းငါးရာစီ လှူဒါန်းခဲ့ပြီး အထည်ချုပ်လုပ်ငန်း တည်ထောင်ထားသည့် ၀မင်းကုမ္ပဏီ၊ Strong Source ဆောက်လုပ်ရေးကုမ္ပဏီ၊ မင်းတုန်းပွဲရုံ၊ Long Life သတ္တုတွင်းကုမ္ပဏီနှင့် အခြားကုမ္ပဏီငယ်တစ်ခုတို့ စုပေါင်းပြီး ကျပ်သိန်းငါးရာ လှူဒါန်းထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ အလှူရှင် ခုနစ်ဦးသည် စုစုပေါင်းငွေကျပ်သိန်း ၁,၅၀၀ လှူ ဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

ချောက်ကမ်းပါးပေါ်မှ ရေထဲ ဒိုင်ဗင်ထိုးချလို့ နားစည်ကွဲသွားတဲ့ ဂျပ်စတင်ဘီဘာ

ကနေဒါအ ဆိုတော် ဂျပ်စတင်ဘီဘာက ၎င်း သည် ချောက်ကမ်းပါးပေါ်မှ ရေ ထဲသို့ ဒိုင်ဗင်ထိုးချစဉ် နားစည်ကွဲ ၍ ခွဲစိတ်ကုသမှုခံယူရဖွယ် ရှိ သည်ဟု စက်တင်ဘာ ၂၄ ရက် တွင် ၎င်း၏ တွစ်တာစာမျက်နှာ၌ ပြောကြားခဲ့သည်။

‘‘ချောက်ကမ်းပါးကနေ ရေ ထဲကို ဒိုင်ဗင်ထိုးခဲ့တဲ့အချိန်မှာ နားစည်ကွဲသွားခဲ့တယ်။ ခွဲစိတ် ကုသမှု ခံရနိုင်တယ်လို့ ဆရာဝန် တွေက ပြောတာပဲ။ ကျွန်တော့် နားစည်က သိပ်အဆင်မပြေပေ မယ့် ပရိသတ်ကြီးအတွက်တော့ တေးသီချင်းသစ် ဖန်တီးနေဆဲပါ’’ ဟု ဂျပ်စတင်ဘီဘာက ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားခဲ့ သည်။

Thursday, September 25, 2014

FHM မဂ္ဂဇင်းက ရွေးလိုက်တဲ့ သုံးနှစ်အတွင်း sexy အဖြစ်ဆုံး ထိုင်းသရုပ်ဆောင် မော်ဒယ် ၁၀ ဦး

1 Praiya Soandokmai (Age: 25)

ရိုက်တာသတင်းဌာနက ဒီချုပ်ပါတီသတင်းကို ပြုပြင်မွမ်းမံပြီးပြန်တင်

ရန်ကုန်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် သူရဦးရွှေမန်းကို သမ္မတလောင်းအဖြစ်ထောက်ခံမည် ဆိုသည့် စကားကို မည်သူပြောကြားခဲ့သည်ဆိုသော မရေရာမှုများမရှိစေရန် ရိုက်တာသတင်းဌာနက သတင်းဆောင်းပါးကို ပြုပြင်မွမ်းမံလိုက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၏ ပြောစကားများ အားလုံးကိုမူ တိကျမှန်ကန်ကြောင်း အာမခံနိုင်သည်ဟု ရိုက်တာသတင်းဌာန၏ အာရှဆိုင်ရာပြောရေး ဆိုခွင့်ရှိသူက 7Day သို့ ပြောကြားသည်။

သံတွဲမြို့နယ်၊ သဗြုချိုင် ကျေးရွာမှ မီးရှို့လူသတ်မှု အတွက် တစ်သက်တစ်ကျွန်း အပါအ၀င် ထောင်ဒဏ် အသီးသီးချမှတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဗြူချိုင် ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သော မီးရှို့လူသတ်မှု ပြစ်မှု ကျူးလွန်သူများအား စက်တင်ဘာလ (၂၄) ရက် နေ့တွင် သံတွဲခရိုင် တရားရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပါအ၀င် အပြီးသတ် အမိန့်များ ချမှတ်ခဲ့ကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ သတင်း ရရှိ သည်။

၂၀၁၃ ခုနှစ်အတွင်း သံတွဲမြို့နယ်၊ သဗြု ချိုင် ကျေးရွာအတွင်း အဆိုပါ ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပြီး ပြစ်မှုတွင် ပါဝင်သူ (၂၃) ဦး အနက် ဇွန်လ (၆) ရက်နေ့က (၁၃) ဦးအား ပုဒ်မ-၂၅၃(၁) အရ တရားရှင် ပြန်လွှတ်ပေးခဲ့ပြီး ကျန် (၁၀) ဦးမှ ကိုးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်စီနှင့် တစ်ဦး ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံစေရန် ယမန်နေ့က ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တာမွေပလာဇာရှေ့တွင် ပိုင်ရှင်မဲ့ အလောင်းတစ်လောင်းတွေ့

တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းမပေါ်ရှိ တာမွေပလာဇာရှေ့တွင် ယနေ့နံနက်ပိုင်းက အသက် ၅၀ ကျော်အရွယ် ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

ယနေ့နံနက်ပိုင်းကတွေ့ရှိခဲ့သော ပိုင်ရှင်မဲ့အလောင်းမှာ တာမွေပလာဇာ၏ အ၀င်လှေခါးပေါ်တွင် ထိုင်လျက်သေဆုံးနေခြင်းဖြစ်ပြီး ယခင်က တာမွေပလာဇာအနီးတစ်ဝိုက် တွေ့ရှိခဲ့ခြင်းမရှိသူဖြစ်ကာ သာမန်ရိုးကျ သွေးရိုးသားရိုး သေဆုံးခြင်းဟုတ်မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိသည်။ ပိတ်သိမ်းထားသည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်သော တာမွေပလာဇာ၏ ရှေ့မျက်နှာစာ တွင် ရူးသွမ်းသူများနှင့် နေထိုင်စရာမရှိသော လူအချို့လာရောက်နေထိုင်ခဲ့ကြသည်မှာကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုကဲ့သို့ တာမွေပလာဇာ ရှေ့တွင် လာရောက်နေထိုင်ရင်း သေဆုံးခဲ့ခြင်းမျိုးလည်း ယခင်အချိန်များက ဖြစ်ပွားခဲ့ဖူးသည်။

မယုံကြည်ဟုဆိုကာ နိုင်ငံသားအဖြစ် မလျှောက်ခဲ့သည့် ဘင်္ဂါလီအိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦး ပြန်လာလျှောက်ထား

မယုံကြည်ဟုဆိုကာ လာမလျှောက် ဘဲ နေခဲ့သည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီ အိမ်ထောင်စု လေးစုမှ လူဦးရေ ၁ဝ၃ ဦးသည် နိုင်ငံသားအဖြစ် ပြန်လာလျှောက် မှုကို ယခု အပတ်အတွင်းပြုလုပ်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။

ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စတင်ခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေ ဖြင့် ဘင်္ဂါလီများအားစစ်ဆေးခြင်းဆိုင်ရာလုပ်ငန်း၌ အစပထမပိုင်း တွင် မပါ ဝင်ခဲ့သည့် အိမ်ထောင်စုတို့ ဖြစ် သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ”အခုတော့လည်း သူတို့ တွေပူးပေါင်းဆောင်ရွက်မှု ရှိလာ တယ်လို့ ဆိုရမှာပေါ့” ဟုပြောသည်။

ပြည်နယ်အတွင်းရှိ ရခိုင်တိုင်း ရင်းသားတို့က ရခိုင်ညီလာခံမှတစ်ဆင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြည် နယ်တွင်း၌ ဖော်ဆောင်ပေးပါရန် တောင်း ဆိုမှုမှတစ် ဆင့် ပေါ်ပေါက်လာခဲ့သောရခိုင်ပြည်နယ်အတွင်း စစ်ဆေးမှုတွင် လာရောက်လျှောက်ထားသည့်စောင် ရေ ၁ဝ၉၄ စောင်အထိရှိနေပြီဟု ဝန် ကြီးကပြောသည်။

အမျိုးသမီးတစ်ဦး လျှို့ဝှက်စွာရိုက်ကူးခဲ့သော ဗီဒီယိုတစ်ခုအရ IS များ ထိန်းချုပ်ထားရာ နယ်မြေတွင် အမျိုးသမီးများပါ လက်နက်ကိုင်ဆောင်ကာ သွားလာလျက်ရှိ

IS ထိန်းချုပ်ထားရာနယ်မြေမှ အမျိုးသမီးများ၏ဘ၀ကို ကမ္ဘာသို့သိစေလိုသော ဆီးရီးယား အမျိုးသမီး တစ်ဦးက IS များထိန်းချုပ်ထားပြီး လွန်ခဲ့သည့် မေလ မှစတင်ကာ အစ္စလာမ်မစ် ဥပဒေပြဌာန်းထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ရပ်ကာ မြို့အတွင်းမှ အခြေအနေများကို လျှု့ဝှက်ရိုက်ကူးထားသော ဗီဒီယိုတစ်ခုထွက်ပေါ်လာရာ ၎င်းဒေသရှိ အမျိုးသမီးများမှာ လူ့အခွင့်အရေးများဆုံးရှုံးလျက်ရှိပြီး မိမိတို့၏အသက်အန္တရာယ်နှင့်အခြားအန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုယ်စီဖြင့် လမ်းလျှောက်ထွက်နေရကြောင်း တွေ့ရသည်။

အပစ်ရပ်မူကြမ်းဆွေးနွေးပွဲ သုံးရက်မြောက်နေ့တိုင် တိကျသော သဘောတူညီချက်မရသေး

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးပွဲ သုံးရက် ပြီးသည့်တိုင် တိကျသော သဘောတူညီချက်များ မရရှိသေးကြောင်း သတင်းရရှိသည်။

ကလေးငယ်တစ်ဦးမှ မိမိ ပြန်ပေးဆွဲခံနေရသည်ဟုဆိုကာ လုပ်ကြံဇာတ်လမ်းတစ်ခု ဖန်တီးမှုကြောင့် ရဲဝန်ထမ်းများအလုပ်ရှုပ်သွား

ရန်ကုန်၊ မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်း မှု မကြာခဏခံစားရသည့်အတွက် စိတ် ဖိစီးမှုများ ခံစားရလာသည်ဟုဆိုကာ ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးမှ မိမိ ပြန်ပေးဆွဲခံနေရသည်ဟုဆိုကာ လုပ်ကြံ ဇာတ်လမ်းတစ်ခုကို ဖန်တီးမှုကြောင့် ရဲ ဝန်ထမ်းများ အလုပ်ရှုပ်သွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂ဝ ရက် ညနေ ၅ နာရီအချိန်က စမ်းချောင်းမြို့နယ် ကျွန်း တောတောင်ရပ်ကွက် ဗားကရာလမ်းပေါ် ရှိ Sprit Market ၌ ပန်းဘဲတန်းမြို့နယ် နေ ဦး----- နှင့်မိသားစုသည် ကိုယ်ပိုင် ကားဖြင့်ဈေးဝယ်လာရာ ကားပေါ်၌ သမီးဖြစ်သူ မ----- အား ထားရှိခဲ့ပြီး ဈေး ဝယ်ပြီးနောက် ကားသို့ပြန်လာရာ သမီး ဖြစ်သူ ပျောက်ဆုံးနေသည်ကို သိရပြီး စမ်းချောင်းမြို့မရဲစခန်းသို့ လူပျောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

သွေးသားရောင်းရန် ရှိသည် (အပိုင်း - ၁ )

နီနီရဲရဲ နှုတ်ခမ်းဆိုးဆေးများ၊ သနပ်ခါးအဖွေးသား နဲ့ အမျိုးသမီးတချို့၊ စကပ်တိုတို၊ ရွှေအိုရောင် ဆံစနဲ့ မိန်းမငယ်လေးတချို့၊ တချို့က နေလောင်အသားနဲ့။ သူတို့အားလုံးဟာ ရန်ကုန်မြို့ရဲ့နေရာ တော် တော် များများမှာ ကျင်လည်ကျက်စားကြပါတယ်။ နေ့ရော၊ ညပါ သူတို့ကို အဖော်ပြုမယ့်သူများအား မျှော်လင့် တကြီး ရှိကြပါတယ်။

ဆင်းရဲမှုကိုအကြောင်းပြု မိသားစုစားဝတ်နေရေးအ တွက် သူတို့ရဲ့ဘဝတွေကို ရင်းခဲ့ရသူများက အများစုဖြစ်တယ် လို့ ၁ဝနှစ်ကျော် ပြည့်တန်ဆာလောကကို ဖြတ်သန်းလာခဲ့ သူ မခရေ(အမည်လွှဲ)က ပြော ပါတယ်။ ပညာမတတ်တဲ့ သူတို့ရဲ့ဘဝတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း မည် မည်ရရမရှိတော့ ငွေရလွယ်တဲ့ ပြည့်တန်ဆာလောကကို သူမကိုယ်တိုင် ခြေချမိခဲ့တယ်လို့ဆိုပါတယ်။

မုတ္တမ အောင်သိဒ္ဓိဆရာတော်ရုပ်ကလာပ်မှ ဆံတော်များကို နှစ်စဉ်ရိတ်ပေးနေရဟုဆို

Photo: မုတ္တမ အောင်သိဒ္ဓိဆရာတော်ရုပ်ကလာပ်မှ ဆံတော်များကို နှစ်စဉ်ရိတ်ပေးနေရဟုဆို
=================================================

- ကိုငယ်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ(၁၀)၊ အမှတ် (၃၇)။

မုတ္တမ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမမြို့ရှိ အောင်သိဒ္ဓိဆရာတော်ကြီး၏ မပုပ်မသိုးရှိနေသော ရုပ်ကလာပ်တော်မှဆံတော်များကို နှစ်စဉ်ရိတ်ပေးနေ ရကြောင်း မုတ္တမမြို့ခံတစ်ဦးက ပြောသည်။ ဆရာတော်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက ပျံလွန်တော်မူသွားပြီး ကြွင်းကျန်သောရုပ်ကလာပ် တော်အား အများပြည်သူများဖူးမြော်ခွင့်ရနိုင်စေရန် မှန်စီရွှေချအခါင်းဖြင့် ထည့်ကာ အပူဇော်ခံထားခြင်းဖြစ်သည်။

မုတ္တမမြို့ ဝါရီရူးရပ်ကွက်တွင်နေထိုင်သည့် ကိုခင်မောင်က ''ဆရာတော် ကြီးရဲ့ရုပ်ကလာပ်ကို အများပြည်သူတွေကြည်ညိုလို့ရအောင် မှန်ခေါင်းထဲ ထည့်ပြီး အပူဇော်ခံထားတာ ၁ဝနှစ်လောက်ရှိနေပြီ။ ထူးခြားတာက ဆရာ တော်ရဲ့ရုပ်ကလာပ်တော်ဟာ ပျက်စီးခြင်းမရှိဘဲ အခုလို မပုပ်မသိုး အကောင်း ပကတိအတိုင်း ရှိနေတာပဲ။ ပြီးတော့ ဦးခေါင်းတော်ကနေ ဆံတော်တွေလဲ ထွက်ပေါ်နေလို့ နှစ်စဉ်နှစ်တိုင်း ဆံတော်တွေကို ပြန်ရိတ်ပေးနေရတယ်။ ပြီးတော့ လက်သည်းတော်၊ ခြေသည်းတော်တွေလဲ ရှည်ပြီးထွက်လာနေတယ်။ လက်သည်းတော်ကဆိုရင် ပိုရှည်ထွက်လာတယ်''ဟု ဆိုသည်။

အောင်သိဒ္ဓိဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၇ဝရှိ ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီးသည် မုတ္တမတောင်ရိုးတစ်လျှောက် တွင် စေတီပုထိုးများစွာတည်ထားခဲ့သည့် သာသနာပြုဆရာတော်ကြီးတစ် ပါးဖြစ်သည်။ မုတ္တမတစ်ဖက်ကမ်း မောင်လမြိုင်မြို့၌နေထိုင်သည့် အငြိမ်း စား အလယ်တန်းပြကျောင်းဆရာမကြီးတစ်ယောက်ကလည်း ''ဆရာတော် ဘုရားကြီးရှိတုန်းက မုတ္တမ-မော်လမြိုင်တံတားမရှိသေးတော့ ဆရာမကြီးတို့ က သင်္ဘောစီးပြီး တကူးတက သွားဖူးကြရတယ်။ ဆရာတော်ကြီးက ကျောင်း မှာ အေးအေးချမ်းချမ်း သီတင်းသုံးတယ်။ တရားထိုင်တယ်။ လာဖူးတဲ့တပည့် တွေကလဲ ဆရာတော်ကြီးကိုမြင်ရတာနဲ့ စိတ်နှလုံးအေးချမ်းတာကို ခံစားရ တယ်။ အခုလဲ မပုပ်မသိုးရှိနေတဲ့ရုပ်ကလာပ်ကိုဖူးမြင်ရတော့ အရင်ဆရာတော် သက်ရှိထင်ရှားရှိစဉ်အခါတုန်းကလိုပဲ ခံစားရတယ်''ဟု ပြောသည်။

အောင်သိဒ္ဓိဆရာတော်ဘုရားကြီးပျံလွန်တော်မူခြင်း ၁ဝ နှစ်ပြည့်ရုပ်က လာပ်တော်ပူဇော်ပွဲသဘင်ကို လာမည့်ရက်(၅.၁ဝ.၂ဝ၁၄)တွင် ဆရာတော် ကြီး၏ ဂူဗိမာန်တည်ထားကိုးကွယ်ရာ ကျောင်းတိုက်ကြီးအတွင်း စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း လက်ရှိကျောင်းထိုင်ဆရာတော် ဦးနန္ဒိယက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ မိန့်ကြားခဲ့သည်။

#TheYangonTimes
မုတ္တမ၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမမြို့ရှိ အောင်သိဒ္ဓိဆရာတော်ကြီး၏ မပုပ်မသိုးရှိနေသော ရုပ်ကလာပ်တော်မှဆံတော်များကို နှစ်စဉ်ရိတ်ပေးနေ ရကြောင်း မုတ္တမမြို့ခံတစ်ဦးက ပြောသည်။ ဆရာတော်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက ပျံလွန်တော်မူသွားပြီး ကြွင်းကျန်သောရုပ် ကလာပ် တော်အား အများပြည်သူများဖူးမြော်ခွင့်ရနိုင်စေရန် မှန်စီရွှေချအခါင်းဖြင့် ထည့်ကာ အပူဇော်ခံထားခြင်းဖြစ်သည်။