နိုင်ငံတကာမှာ နှစ်စဉ်အောက်တိုဘာလ တတိယပတ် စနေနေ့တိုင်း ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့ကိုမြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ(၁၈)ရက်က ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲကို ရန်ကုန် မြို့မှာသာမက မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှိတဲ့ နေရာအချို့မှာ တပြိုင်တည်းပြုလုပ် ခဲ့တယ်လို့ လည်း သိရပါတယ်။အမေရိကန်နိုင်ငံရှိ ရှေးဟောင်းသုတေသနပညာနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက နှစ်စဉ် အောက်တိုဘာလအတွင်းမှာ ရှေးဟောင်းသုတေသနပညာနေ့ လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ရာက (၂၀၁၁) ခုနှစ်မှာ စတင်ကာ အောက်တိုဘာလ တတိယပတ်အတွင်း ကျရောက်တဲ့ စနေနေ့ကို အပြည်ပြည်ဆိုင်ရာ ရှေးဟောင်းသုတေသန ပညာနေ့အဖြစ် သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
MRTV
Tuesday, October 21, 2014
အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိရန် မြ၀တီကုန်သည်ကြီးများ အသင်းစီစဉ်
ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရာမှာ လွယ်ကူဖို့အတွက် မြ၀တီကုန်သည်ကြီးများအသင်းနဲ့ ပြည်တွင်းမှ ကုန်သေတ္တာလုပ်ငန်းရှင်များအသင်းအပြင် high
way association အသင်းတို့ ပူးပေါင်းပြီး အဝေးပြေးသယ်ယူပို့ဆောင်ရေးအဖွဲ့တစ်ခုထားရှိသွားရန် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Trade Fair ကျင်းပခဲ့ရာ O Top စင်တာမှာ ကျင်းပခဲ့ပါတယ်။
မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းနေနဲ့ ဒေသတာဝန်ရှိသူတွေကို တင်ပြကာဦးစွာ အဝေးပြေး ယာယီအဖွဲ့ကို ထားရှိပြီး ထိုအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံအဝေးပြေးသယ်ယူ ပို့ဆောင်ရေး အသင်းကို ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြ၀တီနဲ့ မဲဆောက်ကုန်သွယ်ရာမှာ ပို့ကုန်သွင်းကုန်မှန်သမျှကို ထိုင်းနိုင်ငံဘက်မှ ကုန်တင်ယာဉ်တွေနဲ့သာ ပို့ဆောင်သယ်ယူနေတယ်လို့ သိရပါတယ်။

စိုက်စရိတ်ဘဏ်ချေးငွေ ပြန်ဆပ်ရက် မရွှေ့ဆိုင်းနိုင်ဟု ဒုတိယဝန်ကြီးပြော
“တောင်သူများကို ငွေချေးပေးရာမှာ အချိန်စေ့ ပေးဆပ်ရန် ငွေကျေပြီးသူ ဖြစ်ရမည် ဟူသော စည်းကမ်းချက် ရှိပါသဖြင့် တောင်သူများ ချေးငွေပြန်ဆပ်ရက်ကို ဖြေလျှော့ပေးရန် မဆောင်ရွက်နိုင်ပါ” ဟု စစ်ကိုင်းတိုင်း ရွှေဘိုမြို့ နယ်အမတ် ဒေါက်တာ အောင်သန်း၏ အမေးကို တုန့်ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။
နွေစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူတို့အား အောက်တိုဘာမှ ဇန်န၀ါရီအတွင်း ဘဏ်က ထုတ်ချေးပြီး တောင်သူက ဇန်န၀ါရီလအကုန်တွင် အကျေပြန်ဆပ်ရသည်။ ထိုသို့ချေးငွေ အကျေပြန်ဆပ်သည့် တောင်သူကိုသာ ဘဏ်က မိုးစပါးအတွက် စိုက်စရီတ်ချေးငွေ ထုတ်ချေးပေးသည့် စနစ်အား ဖြေလျှော့ပေးရန် ရှိပါသလားဟု ဒေါက်တာ အောင်သန်းက မေးခဲ့ခြင်းဖြစ်သည်။

ဒေါ်လာသန်းရာချီ ယူဆောင်ထွက်ပြေးသူ တရုတ်အရာရှိများ ဖမ်းမိရေး အကူညီတောင်း
တရုတ်အစိုးရက ဥပဒေအရ ခွင့်မပြုတဲ့ ရန်ပုံငွေ ဒေါ်လာသန်း ရာချီတဲ့ ငွေတွေနဲ့ အတူ ထွက်ပြေးခဲ့တဲ့ တရုတ်အရာရှိ တွေကို လိုက်ဖမ်းရာမှာ တခြားနိုင်ငံတွေရဲ့ အကူအညီ တွေကို တောင်းခံ နေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနပြော ခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပီကင်းက ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ဆစ်ဒနီ မောနင်း ဟာရဲဒ်သတင်း စာရဲ့မေးခွန်း အပေါ် ခုလို မှတ် ချက်ပြု ပြော ဆိုလိုက်တာပါ။
နိုင်ငံခြားရေး ဝန်ကြီးဌာနပြော ခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပီကင်းက ပုံမှန် သတင်းစာရှင်း လင်းပွဲအတွင်း ဆစ်ဒနီ မောနင်း ဟာရဲဒ်သတင်း စာရဲ့မေးခွန်း အပေါ် ခုလို မှတ် ချက်ပြု ပြော ဆိုလိုက်တာပါ။
DKBA ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး တာဝန်ကရပ်စဲ
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို ထုတ်ပယ်လိုက်ကြောင်း DKBA က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့ အစိုးရတပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူးကြီးစောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင် ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ်များရေချပွဲကျင်းပ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ် နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ် တစ်စင်းတို့အား ရေချပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး အနီး ဆိပ်ခံတံတား၌ ကျင်းပရာ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရေယာဉ် လုပ်သားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်စဉ်နှင့် ဘေးအန္တရာယ် ကျရောက်မှုတွင် ရှာဖွေ ကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်း လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ရေယာဉ်များကို ဝယ်ယူခြင်း ဖြစ်ကြောင်း၊
ကိုယ်အလေးချိန်တိုးလာပြီးနောက်ပိုင်းမှာ ဒါတွေ မလုပ်သင့်ပါ
သင်အရင်ထက် ၀ိတ်တက်လာတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပြုမူသင့်သလဲဆိုတာ အရေးပါလာပါပြီ။ ထပ်ပြီးဝိတ်မတက်ဖို့ ထိန်းထားရမယ့်အပိုင်းကလည်း အရေးကြီးတာမို့ လုပ်နေကျအပြုအမူတွေထဲက တစ်ချို့ကို သတိထားပြီး မပြုလုပ်မိအောင် ရှောင်ပါ။
၁။နေ့လည်စာ၊ မနက်စာ မစားဘဲ နေတာမျိုးတွေ မလုပ်ပါနဲ့။
မနက်စာ မစားပဲနေလိုက်တာ၊ နေ့လည်စာ မစားပဲ ကျော်လိုက်တာမျိုးတွေဟာ သင့်ကို ရေရှည်အတွက် အဆင်ပြေစေမှာ မဟုတ်ပါဘူး။ တစ်ရက်နှစ်အတွက် ၀ိတ်ကျသွားရင်တောင် ခဏပါပဲ။ ဒါ့အပြင် သင်သတိထားရမယ့်အရာက ဆက်တိုက်စားနေတာမျိုးကိုလည်း မလုပ်ဖြစ်အောင် ရှောင်ပါ။ တစ်ခါစားပြီဆိုရင် ဘာစားသင့်သလဲ၊ ငါ ဒါကိုစားလိုက်ရင် နောက်ထပ်တစ်နာရီလောက်ဆို တစ်ခုခုထပ်စားချင်မှာလား ဆိုတာ တွေးပါ။
၂။ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခပေးတာမျိုးတွေ မဖြစ်ပါစေနဲ့။

အပြေးချန်ပီယံ Pistorius ထောင်ဒဏ်ငါးနှစ်ကျ

တောင်အာဖရိက အပြေးချန်ပီယံ Oscar Pistorius ဟာ သူ့ရဲ့ချစ်သူ Reeva Steenkamp ကို သေနတ်နဲ့ ပစ်သတ်မှုနဲ့ တောင်အာဖရိက တရားသူကြီး တဦးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချ လိုက်ပါတယ်။
အမှုစစစ်ချိန် ကတည်းကနေဆိုရင် ခုနစ်လနီးပါး ကြာပြီးတဲ့နောက် တရားသူကြီး Thokozile Masipa က ပရီတိုးရီးယားမြို့ တရားရုံးမှာ ဒီကနေ့ ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
၂၀၁၅ တွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မပြုဟု ဦးတင်အေးပြော
၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူများကို နိုင်ငံရေးပါတီထူထောင်ခွင်၊့ ပါတီဝင်ဖြစ်ခွင့် နှင့်မဲပေးခွင့်ပြုခဲ့သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ နိုင်ငံရေးပါတီထူထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်မပြုသည့်အပြင် မဲပေးခွင့်လည်း မပြုတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယနေ့ ရန်ကုန်မြို့ ၊ ပန်ဒါဟိုတယ်တွင် ကျင်းပသော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ ပွဲတွင် ပြောဆိုလိုက်သည်။
သမ္မတဦးသိန်းစိန်က ယခင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများမှ အချက်အလက် တချို့ကို ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်ပြီး ယင်းပြင်တင်ချက်အရ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင် ထားသူများကို ယခင် ခွင့်ပြုထားသည့် အခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ြေ ကာင်း သိရှိရသည်။
“နိုင်ငံသား စိစစ်ရေး ကတ်ပြား ရှိသူသာလျှင် ပါတီထောင်ခွင့် ရှိတယ်။ နိုင်ငံသားမဟုတ်ဘဲ ပါတီထောင်ထားရင်လည်း အဲဒီလူနေရာလဲနိုင်ဖို့အတွက် အချိန်ပေးရမယ်လို့ ဥပဒေအရ ပြဌာန်းထားပါတယ်။ ဒါကြောင့် အချိန် နှစ်လ ပေးထား ပါတယ်။ နိုင်ငံသား ဖြစ်တယ် ဆိုရင် ပါတီဝင်လို့ ရတယ်။ ပါတီထောင်လို့ ရတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။
သမ္မတဦးသိန်းစိန်က ယခင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများမှ အချက်အလက် တချို့ကို ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်ပြီး
“နိုင်ငံသား စိစစ်ရေး ကတ်ပြား ရှိသူသာလျှင် ပါတီထောင်ခွင့် ရှိတယ်။ နိုင်ငံသားမဟုတ်ဘဲ ပါတီထောင်ထားရင်လည်း အဲဒီလူနေရာလဲနိုင်ဖို့အတွက် အချိန်ပေးရမယ်လို့ ဥပဒေအရ ပြဌာန်းထားပါတယ်။ ဒါကြောင့် အချိန် နှစ်လ ပေးထား ပါတယ်။ နိုင်ငံသား ဖြစ်တယ် ဆိုရင် ပါတီဝင်လို့ ရတယ်။ ပါတီထောင်လို့ ရတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။
လူသတ်မှု၊ လုယက်မှုမှ ထွက်ပြေးတိမ်းရှောင်နေသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
၃.၈.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရဲဘော်ဟောင်းလမ်း၊ ဂျိုးဖြူပိုက်လုံးဘေးရှိ စိုက်ခင်းတဲ အတွင်း အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အဆိုပါတဲတွင်နေထိုင်သော ဦးမောင်မောင်၊ (၆၈)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ထောက်ကြန့် နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၈/၂၀၁၄)ဖြင့် ရေးဖွင့်၍ စုံစမ်းစစ်ဆေးခဲ့ပြီး ဆေးစစ်ချက်အရ လည်ဂုတ်တွင် ရရှိသော ထိခိုက်ဒဏ်ရာကြောင့် အမှတ် (၅)လည်ပင်းရိုးကျိုးပြီး သေဆုံးရခြင်း ဖြစ်ကြောင်း၊ ၃.၈.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်ခန့်တွင် ခြံအလုပ် သမားဖြစ်သူ စိုးမင်းဦးမှာ သေဆုံးသူ၏တဲသို့ ရောက်ရှိခဲ့ပြီး သေဆုံးသူပိုင်ဆိုင်သော ဖီလင်း-အမျိုး အစားဆိုင်ကယ်အားစီး၍ယူဆောင်သွားပြီး တိမ်းရှောင်နေကြောင်း မသင်္ကာဖွယ်စုံစမ်း သိရှိခဲ့ရပါသည်။
အကြမ်းဖက် တိုက်ဖျက်ရေးဗဟို အပြီးသတ် မဖွဲ့နိုင်သေး
ဥပဒေပြဋ္ဌာန်းပြီး ငါးလကျော်ချိန်အထိ ပြည်ထဲရေးဝန်ကြီး ဦးဆောင်ရမည့် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုဖွဲ့စည်းမှု လုပ်ငန်း အဆုံးမသတ်နိုင်သေးဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်၏ ဖြေကြားချက်က ဆိုသည်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ဇွန်လ ၄ရက်တွင် အတည်ပြုပြီးဖြစ်၍ ဗဟိုအဆင့် အဖွဲ့ ဖွဲ့ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတာဝန်ယူ ပြင်ဆင်နေခြင်းဖြစ်သည်။
"ဗဟိုအဖွဲ့ဖွဲ့ဖို့ အစီရင်ခံစာကို ၀န်ကြီးဌာနကို တင်ထားပြီးပါပြီ။ အပြီးသတ်ဖွဲ့ဖို့က မကြာတော့ပါဘူး။ အဲဒီအချိန်ကျမှ ဆက်စပ် ကော်မတီတွေကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထပ်ဖွဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ဆက်လုပ်မှာပါ"ဟု ရဲမှုးချုပ် စိုးမြိုင်က ပြောသည်။

ဘူးသီးတောင်၊ မောင်တောတွင် တိုင်းရင်းသား ကျေးရွာသစ်များ တိုးချဲ့တည်ထောင်တော့မည်

ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နယ်စပ်တိုင်းရင်းသား ကျေးရွာများ
ထပ်မံဖော်ထုတ်ခြင်းနှင့် လမ်းဖောက်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလ မှ စတင်လုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် နယ်စပ်တိုင်းရင်းသား ဖွံ့ဖြိုးရေးတာဝန်ခံ ဗိုလ်ကြီး သန့်ဇင်က မဇ္ဈိမကို ပြောသည်။
ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်း အုပ်စု ပထမနေရာ ရရှိ
လာအိုနိုင်ငံတွင် ကျင်းပ ပြီးစီးသွားခဲ့ သည့် ၂၀၁၄ ဆူဇူကီးဖလား
ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် အုပ်စု ပထမနေရာ ရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ (၂၀)ရက်က ယှဉ်ပြိုင် ကစားခဲ့သော ခြေစစ်ပွဲ နောက်ဆုံး
ပွဲစဉ်တွင် မြန်မာအသင်းက လာအိုအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ယူပြီး
အုပ်စုပထမ နေရာရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာနှင့်
လာအိုတို့သည် ပွဲမကစားမီ ကတည်းက ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ
ဖြစ်သော်လည်း အုပ်စုပထမ နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြသည်။
မြန်မာအသင်း အတွက် အဖွင့်ဂိုးကို ပွဲချိန်(၄၃) မိနစ်တွင် နန္ဒလင်းကျော်ချစ်က
သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လာအိုအသင်း အနေဖြင့် ပင်နယ်တီ
ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးဝင်အောင် စွမ်းဆောင်နိုင် ခဲ့ခြင်းမရှိပေ။
ထိုင်းနှင့် မလေးရှားတွင်လည်း မြန်မာများ မဲပေးနိုင်တော့မည်
ထိုင်း နှင့် မလေးရှားနိုင်ငံများတွင် တရား ဝင်ရောက်ရှိနေသူအရေအတွက်
များပါက ထိုသူများ မဲပေးနိုင်ရန် ယင်းနိုင်ငံများတွင် မဲရုံများ သွား ရောက်
ဖွင့်လှစ်ပေးမည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက
ပြောသည်။
နာမည်ကြီး ကြော်ငြာဒါရိုက်တာကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံခဲ့ရဖူးတယ်ဆိုတဲ့ ခင်ဝင့်ဝါ

နာမည်ကြီး ကြော်ငြာဒါရိုက်တာတစ်ဦးကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံရဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါက
အဲဒီ ဖြစ်ရပ်အပေါ် Sunday ကို အခုလိုရှင်းပြပါတယ်။ -- ပြောရရင်
အဲဒီလိုမျိုး မကပြဖြစ်ခဲ့လို့ နောင်တရတာမျိုး မရှိခဲ့ဘူး။ ခင်ဝင့်ဝါ က
ကံကို ယုံကြည်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကလည်း
စေတနာကောင်းစရင် ကံကောင်းမယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ
မရွေ့ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်က
မကောင်းမှန်းသိသိကြီးနဲ့တော့ မလုပ်နိုင်ဘူး။ ကိုယ့်ကို အဲဒီတုန်းက မရွေးဘူး
ဘဲခြံပိုင်ရှင် လင်မယား သတ်ဖြတ်ခံရမှု မြန်မာသုံးဦးကို ထိုင်းရဲ သံသယရှိဟုဆို
၂၀၁၅ ရွေးကောက်ပွဲ အချိန်မီပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
စစ်ကျွန်ပညာရေးစနစ်ဟု ဆိုကာ မျက်နှာဖုံးစွပ် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ စတင်စုံစမ်း
မလေးရှားနှင့် ထိုင်းနိုင်ငံရောက် မြန်မာများ ၂၀၁၅ တွင် မဲပေးနိုင်ရန် ၀န်ကြီး (၃)ဦးကို တာဝန်ပေးထား
မလေးရှားနှင့် ထိုင်းနိုင်ငံ တို့တွင် ရောက်ရှိ နေကြသော မြန်မာ နိုင်ငံသားများ အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက် ပြည်ထောင်စု ၀န်ကြီး သုံးဦးကို တာဝန် ပေးအပ် ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
ယမန်နေ့က ရန်ကုန်မြို့ရှိ မီဆာကို ဟိုတယ်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်း အကြား ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အငြင်းပွားမြေပေါ်တွင် အဆောက်အအုံ ဆောက်နေသော လယ်သမား (၅)ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး
လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) ရှိ အငြင်းပွား လယ်ယာမြေပေါ် အဆောက်အအုံ ဆောက်နေသော လယ်သမား ငါးဦးကို သောင်ကြီးရဲစခန်းမှ ခေါ်ယူစစ်ဆေးနေကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားသူ ဦးကျော်ကျော်နိုင်က ပြောသည်။
ထိုကဲ့သို့ အဆောက်အအုံ ဆောက်နေသော လယ်သမားများကို ယမန်နေ့ နံနက်က ရဲတပ်ဖွဲ့မှ လာရောက် တားမြစ်ခဲ့ သော်လည်း လယ်သမားများက ဆက်လက် လုပ်ကိုင်နေ သောကြောင့် နေ့ခင်း (၂) နာရီဝန်းကျင်တွင် ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးနေကြောင်း သိရသည်။
““ရဲစခန်းထဲမှာတော့ ခေါ်ထားတယ်။ ဖမ်းတာလား မဖမ်းတာလားလည်း ဘာမှမသိရဘူး””ဟု ၎င်းက ပြောသည်။
ဂုဏ်ယူပါတယ် မြန်မာ ယူ-၁၉၊ ‘‘ဒီလောက်စွမ်းဆောင်ရည်ကို တွေ့ပြီးတဲ့နောက်မှာတော့ မြန်မာအသင်းရဲ့ နည်းပြဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောရဲသွားပါပြီ’’ —မြန်မာအသင်းနည်းပြချုပ်
မြန်မာ
ယူ− ၁၉ ဘောလုံးအသင်းသားများ အာရှ ယူ−၁၉ အကြိုဗိုလ်လုပွဲတွင်
ရေကုန်ရေခန်း ကစားပြီးနောက် ကာတာအသင်း၏ အချိန်ပိုသွင်းဂိုး ၃−၂
ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ပြီးနောက် ပရိသတ်များကို နှုတ်ဆက်နေစဉ် ဓာတ်ပုံ −
ဂျေမောင်မောင်(အမရပူရ)
မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ဝဝဝကျော်ထံမှ ငွေကျပ်သိန်းပေါင်း ၆ဝဝဝကျော်ကို ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုက လိမ်လည်
မှ သိရသည်။
မန္တလေး ပဋိပက္ခအတွင်း အစ္စလာမ်ဘာသာဝင်တို့၏သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရသူ ၁၅ ဦးကို အမှုကျေအေးပေးမည်

ဇူလိုင်လဆန်းက မန္တ လေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာ သာရေး၊ လူမျိုးရေး ပဋိပက္ခအ သွင် အုပ်စုဖွဲ့ အကြမ်းဖက်မှုများ အတွင်း အစ္စလာမ်ဘာသာဝင်တို့ ၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် တရား ရင်ဆိုင်နေရ သူများကို အစ္စလာမ် သင်္ချိုင်းအုပ်ချုပ်မှု ကော်မတီက အ မှုကျေအေးပေးမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
မွန်ပြည်နယ် တိုက်ပွဲတွေအတွင်း အလွတ်သတင်းထောက် တစ်ဦး ပျောက်ဆုံးနေ

လွန်ခဲ့တဲ့လက မွန်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီး ခေါ်ကိုအောင်ကျော်နိုင်ကို အစိုးရစစ်တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ကိုပါကြီးရဲ့ ဇနီးမသန္တာက RFA ကို ပြောပါတယ်။
ကိုပါကြီးဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျိုက်မရော မြို့နယ်အတွင်း ပျောက်ဆုံးသွားခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ မွန်အမျိုးသားပါတီက တာဝန်ရှိသူ
နိုင်ဂျီးရီးယားကို အီဘိုလာရောဂါ ကင်းစင်နိုင်ငံအဖြစ် ကြေညာ

နိုင်ဂျီးရီးယားနိုင်ငံမှာ ၄၂ ရက်ကြာ ကာလအတွင်း နောက်ထပ် အီဘိုလာ ကူးစက်သူ မရှိတော့တာကြောင့် အီဘိုလာရောဂါ ကင်းစင် သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ နိုင်ဂျီးရီးယားနိုင်ငံကိုယ်စားလှယ်က လောလောဆယ် နိုင်ဂျီးရီးယားနိုင်ငံမှာ နောက်ထပ် အီဘိုလာရောဂါ ကူးစက်ခံရတာ
၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာ ပထမပတ် နောက်ဆုံးထား ပြုလုပ်မည်ဟု ဦးတင်အေး ပြောကြား
အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မီကာဆာဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ဆံပင်နှင့် လက်သည်းကို ကောင်းမွန်စွာရှင်သန်ဖို့ အထောက်အကူပြုသည့် အစားအစာ ၆ မျိုး

လူတစ်ဦးရဲ့အလှကို တန်ဖိုးဖြတ်ရာတွင် ဆံပင်နှင့် လက်သည်းတို့ရဲ့ အလှတရားဟာလည်း အခန်းကဏ္ဍတစ်ခုမှပါဝင်လျက်ရှိပါတယ်။ သို့သော် မျိုးရိုးဗီဇအရသော်လည်းကောင်း၊ ထိန်းသိမ်းနည်း လွဲမှား၍သော်လည်းကောင်း ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီးအများ စုဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် လက်သည်းအလှအပ ထိန်းသိမ်းသင့် သည့်အမျိုးသမီးများတွင် လက်သည်းဖွံ့ဖြိုးမှု နှေးကွေးခြင်းနှင့် ခိုင်ခံ့မှုမရှိခြင်းစတဲ့ အလှပပြသနာ များကို ရှင်ဆိုင် ရလျက်ရှိပါတယ်။
ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုထိန်းသိန်းရန် ကျပ် ၂၄၁.၉၄ သန်းသုံးစွဲမည်

ဧရာဝတီမြစ်ကူး ဖြတ်ကူးဖို့ ပခုက္ကူတံတား တည်ဆောက်ပြီးနောက် ရေအ၀င် လမ်းကြောင်း ပြောင်းလဲလာတာကြောင့် မြစ်အရှေ့ဘက် ကမ်းမှ သောင်ပိုကြီးလာပြီး ရေစီးကြောင်းဟာ တံတားအောက်ဘက် ကမ်းက ကျေးရွာတွေရဲ့ အောက်ခြေကနေ ကပ်စီးဆင်းလာလို့ ကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ ကမ်းပါးပြိုကျတာတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာမြေတွေ၊ စိုက်ပျိုး မြေတွေ နဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားများ အချိန်မီ မှတ်ပုံတင်ကြရန် ထိုင်းသတိပေး

ထိုင်းနိုင်ငံရောက် မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပေးနေရာမှာ သတ်မှတ်ချိန်ကုန်ဆုံးဖို့ ၁၀ ရက်သာ လိုတော့တဲ့အတွက် အချိန်မီ သွားရောက်မှတ်ပုံတင်ကြဖို့ ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး ဦးင်္စီးဌာနက သတိပေးလိုက်ကြောင်း ထိုင်းမန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ထိုင်းအလုပ် ရှင်တွေအနေနဲ့ မိမိလက်ခံ ထားတဲ့ နိုင် ငံခြားရွှေ့ပြောင်း အလုပ် သမားတွေ ကို နိုင်ငံသား စိစစ်ရေး ဆောင် ရွက်ရေးအတွက် မှတ်ပုံလာ တင်ပေးကြဖို့ ထိုင်းအလုပ် သမား ရှာဖွေခန့် ထားရေး ဦးင်္စီးဌာန ဒုညွှန်မှူး နိုင်းဆင်တေချ ချူ့အမ်းနတ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။
Subscribe to:
Posts (Atom)