Tuesday, November 25, 2014
ကချင်စစ်ပွဲအတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို
ကလေးစစ်သား ၈ဝ ကို ထပ်မံနုတ်ထွက်ခွင့်ပြု

တပ်မတော် အတွင်းရှိ အရွယ်မရောက်သေးသူ ကလေးသူငယ် ၈ဝကို ထပ်မံနုတ် ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံပြန် လည်လွှဲပြောင်းပေးခဲ့ကာ ကျောင်း ပြန်တက်ရန် ဆန္ဒရှိသည့် ကလေး သူငယ်များနှင့် ကျောင်းပြင်ပပညာ သင်ကြားချင်သူများ အတွက် လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ယူနီဆက်ကဲ့ သို့သော အဖွဲ့အစည်းများ ပူးပေါင်း ၍ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။
သက်ငယ်မုဒိမ်း ကျူးလွန်သူများတွင် စစ်သား၊ ရဲနှင့် သင်္ကန်းဝတ် အချို့ ပါဝင်နေ
မြန်မာနိုင်ငံတွင် ဖြစ်ပွားသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများထဲ၌ တပ်မတော် သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် သင်္ကန်း ဝတ်အချို့ ပါဝင်ကြောင်း သတင်း ရရှိသည်။၂၀၁၂ ခုနှစ်တွင် တပ် မတော်သားသုံးဦး၊ သင်္ကန်းဝတ်သုံးဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ၂၀၁၃ တွင် တပ်မတော်သားငါးဦး၊သင်္ကန်းဝတ် ငါးဦး၊ ၂၀၁၄ ခုနှစ်တွင် တပ်မတော်သားသုံးဦး၊ သင်္ကန်းဝတ်နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့၊ လူကုန်ကူးတားဆီးနှိမ်နင်းရေး အဖွဲ့စာရင်းများအရ သိရသည်။
လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ပေးရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လမ်းလျှောက်ဆန္ဒပြ
ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား သီးခြားစီ တွေ့ဆုံ
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Udomdej Sitabutrအား နို ဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆန်ဈေးအပြောင်းအလဲများပြီး အာရှတွင် မြန်မာလယ်သမားများ အကျိုးအမြတ်အနည်းဆုံးဖြစ်

ပြည်ပသို့ ဆန်တင်ပို့ ရောင်းချသော အာရှနိုင်ငံများ အနက် မြန်မာနိုင်ငံသည် ဈေးနှုန်း အပြောင်းအလဲအများဆုံးဖြစ်ပြီး လယ်သမားများအတွက် အကျိုး အမြတ်မှာ အနည်းဆုံးဖြစ်နေ ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံဆန်ဈေးနှုန်း အတက်အကျ မြန်ဆန်နေမှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး အစီရင်ခံစာတွင် ဖော်ပြသည်။
ယာဉ်ထိန်းရဲများ ငွေတောင်းပါက တိုင်ကြားနိုင်ရန် Hot Line ဖုန်းနံပါတ်များထားရှိမည်

မန္တလေးမြို့ရှိ ယာဉ် ထိန်းရဲများလာဘ်ပေးလာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်မည့် HotLine ဖုန်းနံပါတ်များ သီးသန့်ထား ရှိသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီအစည်း အဝေးခန်းမ၌ ပြုလုပ်သည့် မြို့ တွင်းယာဉ်ကြောရှုပ်ထွေးမှု ဖြေ ရှင်းရေးဌာနပေါင်းစုံ အစည်းအ ဝေးတွင် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး သိန်းကိုကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ‘‘ကျွန်တော့်အနေနဲ့ ဟော့ လိုင်းသက်သက်ဖွင့်ပေးမှာပါ။ ကျွန်တော့်ဆီက ယာဉ်ထိန်းတပ် ဖွဲ့ဝင်တွေ ပိုက်ဆံတောင်းရင်တိုင် ပါ။ ဖုန်းနံပါတ်တွေ သီးခြားထုတ် ဖော်ကြေညာပေးမှာပါ။ အဲဒီနည်း နဲ့ ကျွန်တော့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် တွေကို တစ်နည်းအားဖြင့် ပြန်ထိန်းမှာပါ’’ဟု ရဲမှူးသိန်းကိုကိုက ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှအမတ်များ တွေ့ဆုံ
တပ်မတော်က ပြင် ဆင်ရန် ကန့်ကွက်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ရန် ဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီများမှ အမတ်များသည် နိုဝင်ဘာ ၂၄ ရက်တွင် စည်ပင်ဧည့်ရိပ်သာ၌ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
‘‘ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ အတွက် ပူးပေါင်းပြီး ဆောင်ရွက် ကြမယ်။ မပြင်ဆင်လိုတဲ့ ပုဂ္ဂိုလ် တွေလည်း ဘယ်လိုစိုးရိမ်စိတ် တွေရှိနေလဲ။ အဲဒါလေးတွေ ဘယ်လို ချဉ်းကပ်ကြမယ်၊ ရှာဖွေကြ မယ်’’ ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့်ကပြော သည်။
ဒေသအားလုံးတွင် နိုဝင်ဘာ နှောင်းပိုင်း၌ အအေးပိုလာနိုင်
နိုဝင်ဘာလနှောင်းပိုင်း တွင် မြန်မာနိုင်ငံအထက်ပိုင်းမှ အောက်ပိုင်းဒေသများအားလုံး ညအပူချိန်များ လျော့၍ အအေးပို လာနိုင်ကြောင်းဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။
‘‘အခုလောလောဆယ်မှာ အထက်ပိုင်း ဒေသတွေနဲ့အောက်ပိုင်းဒေသတချို့မှာ အေးစပြုလာပြီ။ နောက်ပိုင်းရက်တွေမှာ လက်ရှိကာလထက် အအေးပိုလာစရာအကြောင်းရှိတယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။
ဖမ်းမိထားသည့် အကြမ်းဖက်သမား လေးဦးကို စစ်ဆေးနေဆဲ
ဖမ်းဆီးရမိထား သော အကြမ်းဖက်သမားလေးဦး နှင့် ပတ်သက်သည့် သက်သေအ ထောက်အထားများ ရရှိထား၍ တိကျခိုင်မာစေရန် စစ်ဆေးနေ ကြောင်း နေပြည်တော် မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
‘‘သူတို့ ဟိုဘက်နိုင်ငံမှာ သင်တန်းတက်ခဲ့တဲ့ အထောက် အထားတွေတော့ ရှိနေပြီ။ လက် ရှိက စစ်ဆေးနေဆဲ အနေအထား ပဲ ရှိပါသေးတယ်’’ ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ်၊ ရဲ မှူးချုပ် ၀င်းခေါင်က ပြောသည်။
Miss Intercontinental ပြိုင်ပွဲဝင်မည့် ကချင်အလှမယ် ဂျာမနီသို့ ထွက်ခွာ

မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်သွားရောက်ယှဉ်ပြိုင်ခွင့်ရ သည့် Miss Intercontinental 2014ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကချင်တိုင်းရင်းသူ Angel Lamungသည် နိုဝင်ဘာ ၂၄ရက် နံနက် ၆နာရီက ပြိုင်ပွဲ ကျင်းပမည့် ဂျာမနီနိုင်ငံဘာလင် မြို့သို့ ထွက်ခွာသွားကြောင်းသ တင်းရရှိသည်။
ဦးထင်လင်းဦး၊ စာပေဟောပြောပွဲစီစဉ်သူနှင့် ချောင်းဦးမြို့နယ် NLD တို့ကို အရေးယူပေးရန် မန္တလေးအခြေစိုက်နိုင်ငံရေးပါတီကိုးခု ကြေညာချက်ထုတ်
ဗုဒ္ဓဘာသာ သာသနာ ကို စော်ကားပြောဆိုခဲ့သည့် ထင်လင်းဦး (Wisdom Villa)၊ စာပေဟောပြောပွဲ စီစဉ်သူနှင့် ချောင်းဦးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တို့အား ရှုတ်ချ ကြောင်းနှင့် ပြင်းထန်စွာ အရေးယူ ပေးရန် မန္တလေးတိုင်းအခြေစိုက် နိုင်ငံရေးပါတီကိုးခုနှင့် အမျိုးသား ရေးအင်အားစု အဖွဲ့အစည်း များ က ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။
ယာဉ်ထိန်းရဲများ ငွေတောင်းပါက တိုင်ကြားနိုင်ရန် Hot Line ဖုန်းနံပါတ်များထားရှိမည်

မန္တလေးမြို့တွင် ရှိသည့်ယာဉ်စီးရေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှာ မမျှမတဖြစ်နေသည် (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့ရှိ ယာဉ် ထိန်းရဲများလာဘ်ပေးလာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်မည့် HotLine ဖုန်းနံပါတ်များ သီးသန့်ထား ရှိသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှအမတ်များ တွေ့ဆုံ
ဒေသအားလုံးတွင် နိုဝင်ဘာ နှောင်းပိုင်း၌ အအေးပိုလာနိုင်
ဖမ်းမိထားသည့် အကြမ်းဖက်သမား လေးဦးကို စစ်ဆေးနေဆဲ
Miss Intercontinental ပြိုင်ပွဲဝင်မည့် ကချင်အလှမယ် ဂျာမနီသို့ ထွက်ခွာ

မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်သွားရောက်ယှဉ်ပြိုင်ခွင့်ရ သည့် Miss Intercontinental 2014ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကချင်တိုင်းရင်းသူ Angel Lamungသည် နိုဝင်ဘာ ၂၄ရက် နံနက် ၆နာရီက ပြိုင်ပွဲ ကျင်းပမည့် ဂျာမနီနိုင်ငံဘာလင် မြို့သို့ ထွက်ခွာသွားကြောင်းသ တင်းရရှိသည်။
ဦးထင်လင်းဦး၊ စာပေဟောပြောပွဲစီစဉ်သူနှင့် ချောင်းဦးမြို့နယ် NLD တို့ကို အရေးယူပေးရန် မန္တလေးအခြေစိုက်နိုင်ငံရေးပါတီကိုးခု ကြေညာချက်ထုတ်
Monday, November 24, 2014
လိပ်ကျွန်းလူသတ်သံသယ လူငယ် ၂ ဦး သန်ဘက်ခါ အာမခံလျောက်မည်
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု သံသယနဲ့ ဖမ်းဆီး ချုပ်နှောင်ခံ နေရသူ မြန်မာနိုင်ငံသား လူငယ် ၂ ဦး လွတ်မြောက်ရေး အတွက် လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့မှာ အာမခံ လျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။
အစိုးရ အကြီးအကဲများ တည်းသည့် ကန့်ဘလူရှိ ဧည့်ရိပ်သာ မီးလောင်
အေးမြစိုး ဖောင်ဒေးရှင်းမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဟောင်းနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီးဖြစ်သူ တည်ထောင်ထားသည့် ဖောင်ဒေးရှင်း ဖြစ်သည်။
ထန်းတပင်တွင် ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး၍ သတ်သေ
“အဲဒီလူ ဒီလိုလုပ်တာ အခုနဲ့ဆိုရင် သုံးကြိမ်ရှိပြီ။ စီးပွားရေး ပြေလည်ပေမယ့် ကျန်းမာရေးတော့ သိပ်မကောင်းဘူး။ ရန်ကုန်က သူ့သမီး ဒီနေ့ပဲ (နိုဝင်ဘာလ ၂၃ ရက်နေ့) ဒီကို ရောက်တဲ့အချိန်မှာ ဖြစ်သွားတာ” ဟု ထန်းတပင်မြို့ ကမ်းနားလမ်းတွင် နေထိုင်သည့် ဦးမင်းသူက ပြောကြားသည်။
တရားမဝင်လုပ်သားများကို ဒီဇင်ဘာ ၃၁ ရက်အလွန် ဖမ်းမိလျှင်ထောင်သုံးလနှင့် ကြိမ်ဒဏ်တစ်ချက်ချမည်ဟုဆို
မလေးရှားနိုင်ငံ လူဝင်မှုကြီး ကြပ်ရေးဌာန၏ အသစ်ရောက်ရှိ လာသော ညွှန်ကြားရေးမှူးက နိုင်ငံအတွင်း တရားမဝင်နေထိုင် သော နိုင်ငံခြားသား များပြားနေ ခြင်း၊ ၎င်းတို့က ပြစ်မှုဆိုင်ရာ မှုခင်း များ များပြားနေခြင်းတို့ကြောင့် (3+1)စီမံချက်အရ ရှင်းလင်း ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာထားသည်။
ဦးစိုင်းလင်းကိုယ်ကျိုး လောင်းကစားရုံများ မိုင်းလားဒေသမှာ ပျောက်ကွယ်စေချင်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားနယ်မြေထဲက မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းပိုင်ဆိုင်သော ကာစီနို လောင်းကစားရုံများကို နိုဝင်ဘာ ၂၅ ရက်နေ့အပြီး ပိတ်သိမ်းရန် တရုတ်နိုင်ငံအာဏာပိုင်များက ရာဇသံပေး လိုက်ပြီဟု သိရပါသည်။ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား)အဖွဲ့အတွက် စီးပွားရှာရန် ခေါင်းစဉ်တပ်ခဲ့ပေမယ့် လက်တွေ့ကြီးပွားချမ်းသာနေသူက ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းလင်းဖြစ်နေပါသည်။ ကာစီနို လောင်းကစားကို အဆောက်အအုံကြီးများ တခမ်းတနားဆောက်ပြီး ဖွင့်လှစ်ခွင့်ရသောနေရာသည် မိုင်းလားနယ်မြေ တစ်ခုတည်းသာရှိသည်ဟု ဆိုနိုင်ပါသည်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေထုမငြိမ်မသက် မှုများမှ မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်ဟု ဒေါက်တာ ထွန်းလွင်ပြော
အဆိုပါမုန်တိုင်းမှာ မြန်မာနိုင် ငံအတွင်းသို့ တိုက်ရိုက်ထိခိုက်ကျ ရောက်ဖို့အလားအလာ နည်းပါးသော် လည်း အခါလွန်မိုးများရွာနိုင်ကြောင်း၊ ယခုနှစ်တွင် အခါလွန်မိုးရွာသွန်းမှု ကြောင့် စိုက်ပျိုးသီးနှံပျက်စီးမှုများ ကို မြစ်ဝကျွန်းပေါ်ဒေသများတွင် များစွာကြုံတွေ့နေရခြင်းကြောင့် ကြို တင်ပြင်ဆင်ထားသင့်ကြောင်း ယင်း က သတိပေးပြောကြားလိုက်သည်။
စစ်တွေအပါအဝင် ရခိုင်မြို့ ငါးမြို့တွင် ဘန်ကီမွန်းကို ကန့်ကွက်ဆန္ဒပြ
ရခိုင်ပြည် နယ်ရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု အာဆီယံ ထိပ်သီးအစည်းအဝေး ကာလအတွင်း ပြောဆိုသုံးနှုန်းခဲ့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချု ပ် ဘန်ကီမွန်းအား နိုဝင်ဘာ ၂၃ ရက်က စစ်တွေအပါအဝင် ရခိုင်မြို့ ငါးမြို့ရှိ သံဃာတော်များနှင့်လူထုများ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရ သည်။
ယခုဆန္ဒပြပွဲကို စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော နှင့် မောင်တောမြို့များတွင် သက် ဆိုင်ရာ၏ခွင့်ပြုချက်ဖြင့် တရားဝင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ဒေါ်စု အပါအ၀င် ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်များ ကမ္ဘာ့လုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံတွင် ဆွေးနွေးမည်

၂၀၁၅ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ အထိ လန်ဒန်မှာ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံ GLS မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပညာရပ်နယ်ပယ်အသီးသီးက ကမ္ဘာ့ထိပ်သီး နာမည်ကျော်ပုဂ္ဂိုလ်တွေ ဆွေးနွေးဖို့ ရှိတယ်လို့ ကမ္ဘာ့လုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံအဖွဲ့က ကြေညာထားပါတယ်။
ဒီအခမ်းအနားဟာ နိုင်ငံတကာဆိုင်ရာ ပြဿ နာတွေဖြေရှင်းရာမှာ ယူကေရဲ့ ဥပဒေစိုးမိုးမှု ကို ပြသမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာ ဥပဒေပညာရှင် တွေကို ပိုပြီးကူညီနိုင်ဖို့လည်း ရည်ရွယ်ထား ပါတယ်။
သံဖြူဇရပ်ရှိ ရော်ဘာခြံပိုင်ရှင်းများ ခြိမ်းခြောက်ဆက်ကြေးတောင်းခံရ
သတင်းတို လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာ ၂ဦး ဗြိတိန် တာဝန်ရှိသူများကို စာရေး အကူအညီတောင်း
ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့်ပေးရန် အီးယူက ကုလသို့တင်သွင်း၊ မြန်မာအစိုးရ ပယ်ချ
ဥရောပသမဂ္ဂက ကုလ သမဂ္ဂသို့ တင်သွင်းသော မြန်မာ နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ
ဆုံး ဖြတ်ချက်တွင် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် တိုက်
တွန်းမှုအပေါ် မြန်မာအစိုးရက ပယ်ချလိုက်ပြီး ရိုဟင်ဂျာဟု သုံးစွဲ မှုကို
အပြင်းအထန် ကန့်ကွက်ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်က အီးယူ ၏ လူ့အခွင့်အရေးဆိုင်ရာ ဆုံး ဖြတ်ချက်ကို ကုလသမဂ္ဂ၏ တတိယ ကော်မတီသို့ ဥရောပသမဂ္ဂက နှစ်စဉ်တင်သွင်းနေမှုကို ရပ်ဆိုင်းရန် ပြောကြားထားပြီး တစ်လအကြာတွင် ယခုဆုံးဖြတ်ချက်ကို တင်သွင်းလိုက်ခြင်း ဖြစ်သည်။ ကော်မတီကလည်း မြန်မာသံအမတ်ကြီး ကန့်ကွက်နေသည့်ကြားမှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၅ တွင် NLD အနိုင်ရရှိပါကလည်း လက်တွဲသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီ ဖြစ်သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိပြီး အစိုးရ
ဖွဲ့စည်းနိုင်ခဲ့ပါကလည်း တပ်မတော်အနေနှင့်
ဥပဒေနှင့်အညီ လက်တွဲသွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များထံမှ သိရသည်။
Subscribe to:
Posts (Atom)