Thursday, November 27, 2014

အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်

Photo: အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်
Thursday, November 27, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင် ရန်ကုန်-မန္တလေးလမ်းသည် ကွန် ကရစ်နှင့် ခင်းကျင်းထားသည့် လမ်းဖြစ်ပြီး လမ်း ချော်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် လမ်းလည်းဖြစ်သည်။

''ရန်ကုန်-မန္တလေး အမြန်လမ်းကို ကတ္တရာ ခင်းသွားမှာပါ။ အရင်တုန်းကတော့ ကွန်က ရစ်ခင်းထားတဲ့ လမ်းပေါ့။ ဒါပေမဲ့ သတိပြုရ မယ့်အပိုင်းနဲ့ လမ်းကို ပိုင်းခြားထားတဲ့ တံတား တွေကိုတော့ ကွန်ကရစ် ခင်းပေးထားပါတယ်'' ဟု ယင်းက ဆက်ပြောသည်။

ယင်းကတ္တရာခင်းခြင်းအား ရရှိသည့် ဘတ်ဂျက်အပေါ်မူတည်၍ နှစ်အပိုင်း အခြား အလိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထပ်မံ သိရသည်။
''ကတ္တရာခင်းတာကိုတော့ နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီး နှစ်အ ပိုင်းအခြားအလိုက် ပြုလုပ်သွားမှာပါ။ ရန်ကုန်- မန္တလေး အမြန်လမ်းတစ်ခုလုံးကို ကတ္တရာ ခင်းသွားမှာပါ''ဟု ထပ်ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲရန်မှာလည်း ကားသမားများ မျှော်လင့်နေ သည့် ရည်ရွယ်ချက်ဖြစ်ကြောင်းလည်း ကား သမားများက ပြောသည်။
''အမြန်လမ်းကို ကတ္တရာခင်းလိုက်ရင် ပိုကောင်းတာပေါ့။ လမ်းချော်မှု တော်တော် များများက ကတ္တရာလမ်းမှာဖြစ်ခဲတယ်။ ကွန် ကရစ်လမ်းတွေမှာပဲ အဖြစ်များတာ။ ဘာပဲ ဖြစ်ဖြစ် အမြန်လမ်းကြီးကို ကတ္တရာလမ်းအ ဖြစ် ပြောင်းလဲမယ်ဆိုရင်တော့ အကောင်း ဆုံးပါပဲ''ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးစံ ကောင်းက ပြောသည်။ 

ယင်းရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အား ရှစ်လမ်းသွား အမြန်လမ်း ဖြစ်စေရန်အ တွက်လည်း စီစဉ်ထားကြောင်းကိုလည်း ထပ် မံပြောကြား သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ကုန်ကျခဲ့သည့် အမြန်လမ်းမကြီးဖြစ်ပြီး မြေ သား တာပေါင်အကျယ်ပေ ၂ဝဝ၊ လမ်းလယ် ကျွန်းဧရိယာ ပေ ၃ဝ နှင့် လမ်းမကြီးတစ်ဖက် စီတွင်၂၅ ပေကျယ်သည့် နှစ်လမ်းသွား (သွား/ ပြန်)စနစ်နှင့် တည်ဆောက်ထားကြောင်း သိ ရသည်။

Yangon Media Group
ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင် ရန်ကုန်-မန္တလေးလမ်းသည် ကွန် ကရစ်နှင့် ခင်းကျင်းထားသည့် လမ်းဖြစ်ပြီး လမ်းချော်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည့် လမ်းလည်းဖြစ် သည်။

အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်

Photo: အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်
Thursday, November 27, 2014

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ၂၆။ အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေ အများ အပြား သိမ်းပိုက် ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံ များကို မျက်စောင်း ထိုးလာ သည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော် အကျယ်အ၀န်း ရည်မှန်း ချက်မှာ မြောက်အာ ဖရိကမှ အရှေ့တောင် အာရှ အထိ ကျယ်ဝန်း သည်။

အထူးသဖြင့် စိမ့်ဝင် ထိုးဖောက်ရန် လွယ်ကူသည့် နိုင်ငံ တစ်ခုမှာ ပါကစ္စတန် နိုင်ငံဖြစ်သည်။ အိုင်အက်စ်တွင် ပျောက်ကြား စစ်ဆင်ရေး လက်နက်များ အပြင်   ခေတ်မီ လေယာဉ်ပစ် လက်နက်များ၊ တင့်ကားများ အပြင် ဂျက်တိုက် လေယာဉ် များပင် ရှိသည်ဟု ယူဆ ရသည်။

“သူတို့ဘာမှ လုပ်နိုင်မယ် မထင်ပါဘူး။ ပါကစ္စတန်ဟာ သူ့ရဲ့ပြည်သူတွေ၊ သူ့ရဲ့ စစ်တပ်၊ တခြားအ ချက်တွေကြောင့် အလွန် အင်အား တောင့်တင်း ပါတယ်။ ဒါ့ကြောင့် သူတို့ ပါကစ္စတန်ကို ဘာမှ လုပ်နိုင်မယ် မထင် ပါဘူး"ဟု ထောက်လှမ်းရေး အရာ ရှိဟောင်း တစ်ဦးဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် ရှေဇက်ဂျမ်ရှက်အေ ယက်ဇ်က ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းကဲ့သို့ ယုံကြည်မှု လွန်ကဲခြင်းက ရလဒ်ပြောင်းပြန် ဖြစ်စေ နိုင်ကြောင်း အခြား သူများက ထောက်ပြ ကြသည်။ပါကစ္စတန် သည်နိုင်ငံတွင်း သို့ တာလီဘန်တို့ စီးဝင်မှုနှင့် ပတ်သက် ၍လည်း အလားတူ ကြေညာ ချက်များ ထုတ်ပြန် ဖူးသည်။

ထို့နောက် စစ်သွေးကြွ များသည် နိုင်ငံတွင်း ၀င်ကာ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ကြသည်။ သို့သော်လည်း ပါကစ္စတန် သည် အကြမ်းဖက် လှုပ်ရှား မှုများ အမြစ် တွယ်ရန် ဖြစ်နိုင်ကြောင်း လုံခြုံရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် လေတပ် အငြိမ်းစားဒု - မာရှယ် ရှေဇက်ချောက် ဒရီက ပြောကြားခဲ့သည်။

အိုင်အက်စ် အဖွဲ့သည် ပါကစ္စတန် ဒေသတွင်းရှိ အစွန်းရောက် အဖွဲ့အစည်း များနှင့် အဆက် အသွယ် ရနေပြီ ဖြစ်ကြောင်း ပါကစ္စတန်တွင် ပြုလုပ်သည့် အိုင်အက်စ် တပ်မှူး များ၏ အစည်း အဝေးမှ စီအင်အေက သတင်း ရရှိ ခဲ့သည်။ ၎င်းအဖွဲ့ များတွင် ပါကစ္စတန်၏ အကြီး မားဆုံး ဘာသာရေး၊ နိုင်ငံရေး ပါတီ တစ်ခုလည်း ပါဝင် သည်ဟု ဆိုသည်။

Ref: CNA
Mizzima - News in Burmese  

အကြမ်းဖက် သမားများကို ရှာဖွေနေသည့် ပါကစ္စတန် စစ်သားများ
အကြမ်းဖက် သမားများကို ရှာဖွေနေသည့် ပါကစ္စတန် စစ်သားများ

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ၂၆။ အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေအများအပြား သိမ်းပိုက်ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံများကို မျက်စောင်း ထိုးလာသည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော်အကျယ်အ၀န်း ရည်မှန်းချက်မှာ မြောက်အာဖရိကမှ အရှေ့တောင်အာရှအထိ ကျယ်ဝန်းသည်။

ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်


Photo: ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်
Thursday, November 27, 2014

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ချမှတ်လိုက်သည့် ယင်းမူဘောင်(Political Frame Work)တွင် ပါဝင်ဆွေးနွေးမည့် အစုအဖွဲ့၎ ဖွဲ့ ၊ ဆွေးနွေးမည့် အချက် ၁၉ ချက်နှင့် စုစုပေါင်း အခန်း ၈ ခန်း ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် မူဘောင်ကို အများပြည်သူ လေ့လာအကြံပြုနိုင်စေရန် ပါတီ ၅၆ ခု၏ အင်တာနက် စာမျက်နှာများတွင် ဖြန့်ဝေ တင်ပြသွားမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး ပါတီ ၅၆ ခု ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၁၅ ဦးက ဦးဆောင် ဆွေးနွေးထားသော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေး ဆွဲရေး ကော်မတီ (PPIC)က ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီ ၅၆ ခုကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တရပ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒါကို လုပ်တာဟာ ငြိမ်းချမ်းရေးကို တစုံတရာ အထောက်အကူ ပြုနိုင်မယ် ထင်လို့ လုပ်ရတာပါ”ဟု ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် ဦးဦးလှစောက ဧရာဝတီသို့ ပြောသည်။

ယခု ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၅၆ ပါတီမှ ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်တို့ကို မျှော်မှန်းထားကြသည်ဟု သိရ သည်။

လက်ရှိ အချိန်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ(UPWC) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့က ရေးဆွဲနေသည့် မူဘောင်များလည်း ရှိထားပြီး ဖြစ်သည်။

ထိုကဲ့သို့ ရေးဆွဲထားပြီး ဖြစ်သည့် မူဘောင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေး ပါတီများနှင့် လည်း ဘုံသဘော တူညီမှုရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များက ပြောသည်။

“ကျနော်တို့ရဲ့ မူဘောင်ကို အတင်းအကျပ် ကိုင်ထားမှာ မဟုတ်ပါဘူး။ ညှိနှိုင်းမယ်၊ လျှော့သင့်တာ လျှော့မယ်၊ ယူသင့်တာ ယူမယ်။ ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ ကြည့်မှာပါ”ဟု ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။

PPIC တွင် တိုင်းရင်းသား ပါတီ ၂၂ ခု စုစည်းထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)မှ ကိုယ်စားလှယ် ၄ ဦး၊ ပါတီ ၁၁ ခု စုစည်းထားသော ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) မှ ကိုယ်စားလှယ် ၃ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပါတီ မှ ၁ ဦး ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် တခြားပါတီများမှ ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

PPIC ကို ပါတီ ၅၆ ခု၏ သဘောတူညီမှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ

နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)

နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပြည်သူ့ အပေါ် အကျိုးပြုသည့် နည်းဥပဒေများ ထွက်ရှိရေး ဒေါ်အောင်ဆန်းစုကြည် အရေးကြီး အဆိုတင်

လွှတ်တော်မှ ပြဋ္ဌာန်း လိုက်သော ဥပဒေ များသည် ပြည်သူလူထု၏ ဘ၀ကို အကျိုးပြုစေရန် လိုအပ်နေသော နည်း ဥပဒေများ ဆောလျင်စွာ ပြဋ္ဌာန်း ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကော့မှူး မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယမန် နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။

ဝန်ထမ်းလစာ တိုးမြှင့်ရေး အသေးစိတ် စိစစ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား

တပ်မတော်သား၊ ရဲနှင့် အစိုးရဝန်ထမ်းများ ဂုဏ်နှင့် သိက္ခာအညီ သင့်တင့်မျှတသော လစာရရှိစေရန် အသေးစိတ်ရရှိရေး အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ အသေးစိတ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အစတွင် သင့်တင့်မျှတသော လစာတိုးမြှင့်ရေးအတွက် နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက်ကြောင့် ယင်းကိစ္စ အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်၏ စီမံကိန်းများ မှန်ကန်စွာ လုပ်ဆောင်ရေးနှင့် အခက်အခဲများ ရှိပါက အစိုးရအဖွဲ့ အနေနှင့် လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အဆိုကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် သာပေါင်း မဲဆန္ဒနယ်မှ ဦးဝင်းသန်းက အရေးကြီးအဆို တင်သွင်းရာ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်၌ ယနေ့တွေ့ဆုံရန် NLD ပါတီကဖိတ်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များ နေပြည်တော်၌ နိုဝင်ဘာ ၂၇ ရက် (ယနေ့) တွေ့ဆုံရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖိတ်ကြား ထားကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များအား နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဖိတ်စာများပေးပြီး ဖိတ်ကြားခဲ့ကြောင်း၊ အလွတ် သဘော တွေ့ဆုံရန်ဖြစ်ကြောင်း သိရသည်။ 

ပဲခူးတိုင်းနေသူ ကြေးမုံသတင်းစာ အလွတ်တန်းသတင်းထောက်က ၎င်းကိုရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက ဝိုင်းဝန်းရိုက်နှက် ခဲ့ခြင်းကြောင့် ဆေးရုံ ၁၁ ရက် တက်ရသည်ဟုဆိုကာ ရှင်းလင်း

ပဲခူးတိုင်းဒေသကြီး ဥဿာမြို့သစ်၊ အ မှတ် ၂ ရပ်ကွက်နေ ကြေးမုံ သတင်းစာ အလွတ် တန်းသတင်းထောက်ဖြစ်သူ ကိုမိုးဝင်းသူမှ ၎င်းကို အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် ခဲ့ခြင်းကြောင့် ဆေးရုံသို့ ၁၁ ရက်ကြာတက်ခဲ့ ရကြောင်း သတင်းစာ ရှင်းလင်း ပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ် လစ်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲကို ဖြစ်စဉ် တွင်ရှိနေသည့် ဇနီးဖြစ်သူနဲ့ အတူပြုလုပ်ခဲ့ပြီး ဖြစ်ပွားပုံမှာ နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီ တွင် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ မှတ်ပုံတင်လုပ်ပေးနေသည်ကို သွားရောက် ပြုလုပ်ရာမှ ယင်းကဲ့သို့ရိုက်နှက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ဦးမှုရယူ ထိုးစစ်ဆင်ခြင်းများ နှစ်ဖက်စလုံးရှောင်ရန် လက်နက်ကိုင်သုံးဖွဲ့တိုက်တွန်း

လက်ဦးမှုရယူ၍ ထိုးစစ် ဆင်တိုက်ခိုက်ခြင်းများကို နှစ်ဖက် စလုံးမပြုလုပ်ကြရန် ‘၀’၊ မိုင်းလား နှင့် ရှမ်းပြည်တပ်မတော်(မြောက်) တို့ကပူးတွဲသဘောထား ထုတ်ပြန် သည်။

ထို့အပြင် ကေအိုင်အေဗိုလ် လောင်းသင်တန်းကျောင်းသို့ လက်နက်ကြီးကျရောက်ပေါက် ကွဲမှုအပေါ် ကန့်ကွက်ကြောင်း လည်းပါရှိသည်။

မြန်မာဘက်သို့ ကျူးကျော်ထားသည့် အဆောက်အအုံများ အိန္ဒိယ ဖယ်ရှားပေးမည်

မြန်မာနှင့်အိန္ဒိယ နိုင်ငံနယ်နိမိတ်တွင် အိန္ဒိယနိုင်ငံဘက် က ကျူးကျော်ထားသောနယ်များကို ပြန်လည်စိစစ်ဖယ်ရှားပေးမည် ဟု အိန္ဒိယအစိုးရက အကြောင်းပြန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘မြန်မာဘက်က နယ်နိမိတ် မှာ သူတို့စစ်တပ်အဆောက်အအုံ တွေ၊ လူနေအဆောက်အအုံတွေ ရှိတယ်။ ဖယ်ရှားဖို့ပြောတဲ့အခါ စစ်တပ်အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ချက်ချင်းဖယ်ရှားလို့ ရပေမယ့် အရပ်ဘက်တွေကျူး ကျော်ထားတဲ့နယ်တွေကို ချက် ချင်းဖယ်ရှားလို့ အဆင်မပြေဖြစ် နေတယ်။ ဗဟိုအစိုးရက ပြည် နယ်အစိုးရကို သေချာဆွေးနွေး ညှိနှိုင်းရဦးမယ်လို့ပြောပါတယ်’’ ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲသတင်းများကို စိုးရိမ်ကြောင်း ကန်အစိုးရပြော

ကချင်ပြည်နယ်တွင် စစ် ပွဲများပြန်လည်ဖြစ်ပွားနေသည့် သတင်းများအပေါ် အလေးအ နက်စိုးရိမ်ကြောင်း အမေရိကန်သံ ရုံးက ထုတ်ပြန်ကြေညာသည်။

အထူးသဖြင့် ကချင်ပြည် နယ်အတွင်းရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများအနီးတွင် မ ကြာသေးမီက တိုက်ပွဲများဖြစ်ပွား နေသော သတင်းများအပေါ်စိုးရိမ် လျက်ရှိပြီး တိုက်ပွဲများသည် အား နွဲသောဒေသခံများကို အန္တရာယ် ဖြစ်စေလျက်ရှိကြောင်း ဖော်ပြ ထားသည်။

Wednesday, November 26, 2014

လူပျိုကြီးအတွက် ကြင်ဖော်ရှာကြော်ငြာ သတင်းစာတွင်ပါပြီး တစ်ရက်အတွင်း အမျိုးသမီး ၃ဝ ကျော်ကလက်ထပ်လိုကြောင်း ကမ်းလှမ်း

Photo: လူပျိုကြီးအတွက် ကြင်ဖော်ရှာကြော်ငြာ သတင်းစာတွင်ပါပြီး တစ်ရက်အတွင်း အမျိုးသမီး ၃ဝ ကျော်ကလက်ထပ်လိုကြောင်း ကမ်းလှမ်း
Wednesesday, November 26, 2014

သားလူပျိုကြီးအတွက် ရှာပေး သည့် ကြင်ဖော်ရှာကြေညာစာကို နေ့ စဉ်ထုတ်ပုဂ္ဂလိက သတင်းစာတွင် ဖော် ပြအပြီး တစ်ရက်တည်းနှင့် အမျိုးသမီး ငယ်၃ဝကျော်ေ လျှာက်ထားလာကြောင်းဖခင်ဖြစ်သူဦးစိန်မြင့်ကပြောသည်။

တရုတ်နိုင်ငံတွင် ရှေးယခင်က တည်းက အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီးများသည် ၄င်းတို့၏ ကြင်ဖော် ကြင်ဖက်များကို အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသလို မြန်မာ ပြည်ရှိ တရုတ်နွယ်ဖွားတို့သည်လည်း ထိုအတိုင်းပင်ကျင့်သုံးတတ်ကြရာ ထို နည်းလမ်းအတိုင်း ယခုမြန်မာနိုင်ငံတွင် သားဖြစ်သူအတွက် ကြင်ဖော် ရှာကြော် ငြာကို သတင်းစာတွင် နိုဝင်ဘာလ ၂၅ ရက်တွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံနှင့် နီးစပ်စွာရှိနေ သည့် မြန်မာနယ်စပ်မြို့အချို့တွင် အိမ် ထောင်ဖက်ရှာကြေညာစာတို့က မထူး ဆန်းသော်လည်း ထူးခြားသည်ကရန် ကုန်တွင်ဖြစ်နေသည် ကတစ်ကြောင်း၊ ထို့အပြင် ပွဲစားနှင့်မဟုတ်ဘဲ ဖခင်ဖြစ် သူက ကိုယ်တိုင်ဝင်ကာ ကြေညာစာ ထည့်လိုက်ခြင်းပင်ဖြစ်သည်။

ဗမာစကားပြောတတ်သော တရုတ် လူမျိုးဖြစ်သည့် ၄င်းသည် သူ၏သားသမီး လေးဦးထဲမှ သားတစ်ဦးကို အိမ်ထောင် ချပေးရန် ယခင်က ပွဲစားတို့နှင့် စပ်ဆက် ခဲ့သော် လည်း အဆင်မပြေ၊ စိတ်တိုင်း မကျသည့်အတွက် ကိုယ်တိုင်ကြေညာ စာကို ကြေညာခဲ့ရသည်ဟုပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိပြီး အရပ်မြင့် ရုပ်ရည်အသင့်အတင့်ရှိ ကုန်သည် အလုပ်လုပ်သူ ၄င်း၏သား သည် အေးဆေး စွာနေတတ်ပြီး၊ အိမ် ထောင် ဘက်ကို မိဘကျေ နပ်သူနှင့်သာ လက်ထပ်ပေါင်းသင်းမည်ဟု ဆိုထားရာ သူ့တွင်တာဝန်အပြည့်ရှိနေကြောင်း ထို့အ တွက် ကိုယ်တိုင်ထွက်ရှာပေး လိုက်မိရာ မြန်မာနိုင်ငံတွင် ထိုကဲ့သို့   ကြေညာစာ ထည့်သူက သူပင်ပထမဦး ဆုံးဖြစ်မည် ဟုထင်ကြောင်း ၄င်းကပြောသည်။

သူ၏သားနှင့် လက်ထပ်ရမည့် အမျိုးသမီးမှာ တရုတ်သို့မဟုတ် ကပြား ဖြစ်ရမည်ဟု တင်းကျပ်သော စည်းကမ်း ထားရှိထားပြီး ထိုအမျိုးသမီးက အသက် ၂၈ နှစ်မှ အသက် ၃ဝ ကြားရှိရမည်ဟု ကြေညာစာတွင်သတ်မှတ်ထားသည်။

သူ၏သားနှင့် လက်ထပ်မည့်သူကို အလုံမြို့နယ်တွင်းမှ ကွန်ဒိုနှစ်ခန်းလက် ဖွဲ့မည့်အပြင်၊ အခြားသော ခံစားခွင့်တို့ လည်း မနစ်နာစေရအောင်နှင့် မင်္ဂလာပွဲ ကိုအလယ် တန်းအဆင့်ခမ်းနားစွာ ဆောင် ရွက်ပေးမည်ဟု ၄င်းက ပြောသည်။

”နှုတ်နဲ့ ပြောရင်မယုံမှာစိုးလို့ စာနဲ့ တောင်သတင်းစာမှာ ကြေညာထားတာပဲ။ မနစ်နာစေရပါဘူး”ဟု ဖခင်ဖြစ်သူ ဦးစိန်မြင့်က ပြောသည်။

မနက်ပိုင်းသတင်းစာ ကြေညာစာ ဖတ်ပြီး မိန်းကလေးရှင်များဘက်က ၄င်းတို့၏ ဓာတ်ပုံတို့ကို Viber  နှင့်ပို့ကြ ကြောင်း၊ ထိုထဲမှ မိသားစုနှင့် သူ၏သား သဘောကျသူကို အပြင်တွင်တွေ့ဆုံပေး ဖို့ရှိသည်ဟု ၄င်းထံမှသိရသည်။

ယခင်က ပွဲစားနှင့် ဆိုပါလျှင် ရွေး ချယ်ရခက်ခဲသော်လည်း လက်ရှိတွင် သူရွေးချယ်စရာတွေ များနေ၍ အလုပ် ရှုပ်နေကြောင်း ဦးစိန်မြင့်ကပြောသည်။

”အားလုံးနဲ့တော့ မတွေ့ပေးဘူး။ မိန်းကလေးဘက်ကိုငဲ့ရမယ့် အပိုင်းရှိ သေးတယ်”ဟု ဦးစိန်မြင့်ကပြောသည်။

သူ၏သားမင်္ဂလာပွဲအတွက် အသင့် တော်ဆုံးအိမ်ထောင်ဖက်ကို ၁ဝ ရက်မှ ၁၅ ရက်အတွင်း အပြီးရွေးချယ် မည်ဟု ၄င်းက ပြောသည်။

ကာယကံရှင် လူပျိုကြီးကိုမူ သူ၏အိမ်ထောင်ဖက်တို့နှင့်သာ တွေ့ပေးမည် ဟု ဖခင်ဖြစ်သူကဆိုသည်။

သူ၏သားမှာ အလယ်အလတ် တန်းစားအလုပ်အကိုင်ရှိသူဖြစ်ပြီး ဖခင် ဖြစ်သူကမင်္ဂလာပွဲအား အလယ်အလတ် တန်းစား ဆောင်ပေးမည်ဟု ကြော်ငြာ စာတွင် ပါ ထားသော်လည်း တန်ဖိုးကြီး မားသည့် ကွန်ဒိုတိုက်ခန်း နှစ်ခန်းကို လက်ဖွဲ့မည်ဆိုခြင်းက ရှေ့နောက် မညီ ညွတ်ဟုဆိုကာ အွန်လိုင်းစာမျက်နှာ ပေါ်တွင် ဝေဖန် မှုများ ရှိနေကြသည်။

popular
သားလူပျိုကြီးအတွက် ရှာပေး သည့် ကြင်ဖော်ရှာကြေညာစာကို နေ့ စဉ်ထုတ်ပုဂ္ဂလိက သတင်းစာတွင် ဖော် ပြအပြီး တစ်ရက်တည်းနှင့် အမျိုးသမီး ငယ်၃ဝကျော်ေ လျှာက်ထား လာကြောင်း ဖခင်ဖြစ်သူ ဦးစိန်မြင့်ကပြောသည်။

တရုတ်နိုင်ငံတွင် ရှေးယခင်က တည်းက အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီးများသည် ၄င်းတို့၏ ကြင်ဖော် ကြင်ဖက်များကို အောင်သွယ်များမှ တစ်ဆင့် ရှာဖွေလေ့ ရှိကြသလို မြန်မာ ပြည်ရှိ တရုတ်နွယ်ဖွားတို့သည်လည်း ထိုအတိုင်းပင်ကျင့်သုံးတတ်ကြရာ ထို နည်းလမ်းအတိုင်း ယခုမြန်မာနိုင်ငံတွင် သားဖြစ်သူအတွက် ကြင်ဖော် ရှာကြော် ငြာကို သတင်းစာတွင် နိုဝင်ဘာလ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်စနစ်နှင့်လျော်ညီစွာ ပြင်ဆင်နိုင်ရေး နိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌအပါအဝင် တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးတို့ ပါဝင်သည့် ခြောက်ပွင့် ဆိုင်တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ကချင်အရေးကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ ရက်ရွှေ့မည်

ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဗိုလ်သင်တန်းကျောင်းအပေါ် ပစ်ခတ်မှုအပြီး ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် ၇ ကြိမ်မြောက် အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံမည့် ရက်ကို နောက်သို့ ထပ်မံရွှေ့ဆိုင်း သွားမည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

မြန်မာသံတော်ဆင့်ဂျာနယ် ၁၁ ဦးအမှု အယူခံရရှိ

နိုင်ငံတော်သမ္မတ ဂုဏ်သိက္ခာကို ထိခိုက်စေမှုနဲ့ တရားစွဲခံထားရတဲ့ မြန်မာသံတော်ဆင့်သတင်းဂျာနယ်က ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်အပါအဝင် ၁၁ ဦးဟာ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ တစ်ဦးကို အာမခံကြေး ကျပ် ၁ဝ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် သိန်း ၁၁ဝ တင်သွင်းခဲ့ပြီး ဒီနေ့ အာမခံရရှိခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားလိုလုပ်ပြီး ပုဒ်မ ၂၅(ခ) ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရေးသားမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

တရားရုံးချိန်းမှာ တရားစွဲခံရသူ ၁၁ ဦးကို အပြစ်ရှိ မရှိ မေးမြန်းစစ်ဆေးပြီးနောက် အာမခံရရှိခဲ့တယ်လို့ မြန်မာသံတော်ဆင့်သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ခိုတောင်ကျွန်းကိစ္စမှ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား အချုပ်လွှတ် ထုချေခွင့်ပေးရန် ပြောကြား

ခိုတောင်ကျွန်းလူသတ်မှုကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသား နှစ်ဦးအား အချုပ်လွှတ်ထုချေခွင့်ပေးရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ဦးခင်အောင်မြင့်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နိုဝင်ဘာ ၂၄ ရက်ကတွေ့ဆုံစဉ် ပြောကြားမှုကို မြန်မာ့ရုပ်မြင်သံကြားက နိုဝင်ဘာ ၂၅ ရက် ညပိုင်းသတင်း ထုတ်လွှင့်မှုတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

သုံးနှစ်အတွင်း အီးယူက မြန်မာအား တစ်နှစ်လျှင် ယူရိုသန်း ၂၅၀ စီ ထောက်ပံ့မည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျန်း မာရေး၊ ပညာရေးအပါအ၀င်ကဏ္ဍ ခြောက်ခုအတွက် ၂၀၁၄ မှ ၂၀၁၆ အထိ တစ်နှစ်လျှင် ယူရိုသန်း၂၅၀ စီ သုံးနှစ်တာ ထောက်ပံ့ကူ ညီမည်ဖြစ်ကြောင်း မြန်မာအစိုးရ က တရားဝင်သတင်းထုတ်ပြန် သည်။

အီးယူ၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူ ဟာ (၂၀၁၄-၂၀၁၆)ကို နိုဝင်ဘာ၂၄ ရက်က ထုတ်ပြန်ကြေညာခဲ့ ပြီး ယင်းဗျူဟာအရ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေးအပါအ၀င် ကဏ္ဍအားလုံး တွင် သုံးနှစ်တာအတွင်း စုစုပေါင်း ယူရိုသန်း ၇၅၀ အကူအညီပေး အပ်မည် ဖြစ်သည်။

IS အစွန်းရောက် ဆွဲဆောင်မှုဟန့်တားဖို့ အင်ဒိုနီးရှားရုန်းကန်


IS အစ္စလာမ်အစွန်းရောက် စစ်သွေးကြွအဖွဲ့နဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ သွားရောက် ပူးပေါင်းတာတွေကို ဟန့်တားတဲ့ ကြိုးပမ်းမှုကို အင်ဒိုနီးရှားအစိုးရက ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

BNPT ခေါ် အကြမ်းဖက်မှု ထိန်းချုပ်ရေး အမျိုးသားဌာန တာဝန်ခံ Wawan Purrwanto က အင်ဒိုနီးရှားနိုင်ငံသားပေါင်း ၃၀၀ လောက်ဟာ အဲဒီအစွန်းရောက်အဖွဲ့ကို သွားရောက် ပူးပေါင်းခဲ့ပြီး သေဆုံးသူ ၆၀ ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေ ရုပ်လုံးမပေါ်သေးချိန်တွင် မကျေနပ်မှုများ ဖြေရှင်းရန် ခက်ခဲမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Photo: အမျိုးသားပညာရေးဥပဒေ ရုပ်လုံးမပေါ်သေးချိန်တွင် မကျေနပ်မှုများ ဖြေရှင်းရန် ခက်ခဲမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Wednesday, November 26, 2014

အမျိုးသားပညာရေး ဥပဒေရုပ်လုံးမပေါ်သေးချိန်တွင် မကျေနပ်မှုများကို ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ကြောင်း သပိတ် မှောက်တက္ကသိုလ်ကျောင်းသား များနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ဗီအိုအေမြန်မာပိုင်းနှင့် တွေ့ဆုံမေး မြန်းမှုတွင်ဒေါ်အောင်ဆန်းစု ကြည်က အမျိုးသားပညာရေး ဥပဒေထွက်ပေါ်လာသော်လည်း နည်းဥပဒေနှင့် ဆက်စပ်ဥပဒေ များ ထွက်ပေါ်လာမှုမရှိသေးချိန် ၌ မကျေနပ်မှုများ ဖြေရှင်းရန် လွယ်ကူမည်မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‘‘ဒီနည်းဥပဒေတွေကလည်း ထွက်ပြီ။ အဆင့်မြင့်ပညာရေး ဥပဒေတွေကလည်း ထွက်ပြီဆို ရင် ကျောင်းသားတွေအနေနဲ့ ပိုပြီးတော့ သူတို့ရှင်းရှင်းလင်းလင်း ဆုံးဖြတ်လို့ရမယ်။ သူတို့ဆန္ဒတွေ နဲ့ ကိုက်ညီလား၊ မကိုက်ညီဘူး လား။ ဘယ်ဟာတွေကို သူတို့ တကယ် ကန့်ကွက်ချင်တာလဲ၊ ဘယ်ဟာတွေဆိုရင် သူတို့လက်ခံ နိုင်သလဲဆိုတာကို ပြောရမယ်ဆို ရင်ပုံတစ်ခုလုံးပေါ်တာပေါ့။ ပုံ တစ်ခုလုံးမပေါ်သေးတဲ့ အခါကျ တော့ မကျေနပ်မှုတွေကလည်း ရှိမှာပဲ။ ဖြေရှင်းရတာလည်း ခက် တာပေါ့။ ပုံတစ်ပိုင်းပေါ်မှာ အခြေခံပြီးတော့ ဖြေရှင်းဖို့ဆိုတာ မလွယ်ပါဘူး’’ဟု ကျောင်းသား သပိတ်နှင့် ပတ်သက်၍ ဗီအိုအေ ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားသည်။

အမျိုးသားပညာရေးဥပဒေ အပေါ် တက္ကသိုလ်ကျောင်းသား များက သပိတ်မှောက်ဆန္ဒပြမှု လေးရက်ကြာပြုလုပ်ခဲ့ပြီး တာဝန် ရှိသူများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ၎င်းတို့၏ တောင်းဆိုချက် များကို လိုက်လျောရန် တောင်းဆို ထားသည်။

‘‘အခုကျောင်းသားတွေက နေပြီး ကန့်ကွက်တဲ့ အချို့အချက် တွေဆိုလို့ရှိရင်လည်း ကျွန်မတို့ အဖွဲ့ချုပ်က မကြိုက်တဲ့အချက် တွေလည်း ပါပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့က လူနည်းစုပဲ။ ကျွန်မတို့ ပြုပြင်ပေးတဲ့အချက် တွေ၊ ဒီလွှတ်တော်အတွင်းမှာ အားလုံး ညှိညှိနှိုင်းနှိုင်းတိုင်တိုင် ပင်ပင်လုပ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုတယ်။ နောက်ပြီး တော့ ဥပဒေကို ဆွဲတဲ့ ကော်မတီ ကလည်း တော်တော်ကို မျှမျှတတလုပ်ပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောသည်။

လက်ရှိအတည်ပြုပြဋ္ဌာန်း ထားသော အမျိုးသားပညာရေး ဥပဒေသည် ပညာရေးစနစ်ဟောင်းများကို အစားထိုးပြင်ဆင်နိုင်မှုမရှိခြင်း၊ လွတ်လပ်စွာ ပညာ သင်ကြားခွင့်ကို တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ချည်နှောင် ထားခြင်း၊ မူဝါဒများသည် စ၊ လယ်၊ ဆုံးဒီမိုကရေစီမဆန်ခြင်း၊ ပညာရေးစနစ်ကို စီမံခန့်ခွဲရာတွင် အစိုးရအုပ်ချုပ်ရေးပိုင်းအား ပါ ၀င် ထိန်းချုပ်ခွင့်ပေးထားခြင်း၊ ကျောင်းသားသမဂ္ဂများ တည် ထောင်ဖွဲ့စည်းခွင့်ကို ထည့်သွင်း ပြဋ္ဌာန်းထားမှုမရှိခြင်းနှင့်ကျောင်း သား၊ ပြည်သူကို အခြေခံသော ဒီမိုကရေစီပညာရေးအနှစ်သာရ နှင့် ကိုက်ညီသော အမျိုးသား ပညာရေးဥပဒေ ပေါ်ထွက်လာရေးတို့အတွက် သပိတ်မှောက် ကျောင်းသားများက ဆန္ဒထုတ်ဖော်ထားခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာခင် စန်းရီကလည်း အမျိုးသားပညာ ရေးဥပဒေကို မကျင့်သုံးမီပြန် လည်ပြင်ဆင်ရန် တောင်းဆိုနေ ကြခြင်းသည် အဆင့်ကျော်နေသ လိုဖြစ်နေကြောင်း သပိတ်မှောက် ကျောင်းသားများအား ပြောထား သည်။

သပိတ်မှောက်တက္ကသိုလ် ကျောင်းသားများသည် သတ်မှတ် ကာလအတွင်း ၎င်းတို့၏ တောင်း ဆိုချက်များအပေါ် တုံ့ပြန်မှုမရှိ ပါက ကန့်ကွက်ဆန္ဒပြမှုများကို ရန်ကုန်မြို့သာမက အခြားမြို့ကြီး များတွင်လည်း အရှိန်မြှင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကြေ ညာထားသည်။

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်နေကြသူများ (ဓာတ်ပုံ- နစ်ကီ)
7Day Daily
အမျိုးသားပညာရေး ဥပဒေရုပ်လုံးမပေါ်သေးချိန်တွင် မကျေနပ်မှုများကို ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ကြောင်း သပိတ် မှောက်တက္ကသိုလ်ကျောင်းသား များနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ဗီအိုအေမြန်မာပိုင်းနှင့် တွေ့ဆုံမေး မြန်းမှုတွင်ဒေါ်အောင်ဆန်းစု ကြည်က အမျိုးသားပညာရေး ဥပဒေ ထွက်ပေါ်လာသော်လည်း နည်းဥပဒေနှင့် ဆက်စပ်ဥပဒေ များ ထွက်ပေါ်လာမှုမရှိသေးချိန် ၌ မကျေနပ်မှုများ ဖြေရှင်းရန် လွယ်ကူမည်မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မနောပွဲ ကျင်းပမည့်အစီအစဉ် ဒေသခံ ဦးရေတစ်သောင်းခန့် လက်မှတ်ထိုးကန့်ကွက်

Photo: မနောပွဲ ကျင်းပမည့်အစီအစဉ် ဒေသခံ ဦးရေတစ်သောင်းခန့် လက်မှတ်ထိုးကန့်ကွက်
Wednesday, November 26, 2014

မနောပွဲတော်ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းအပေါ်ကန့်ကွက်ကြောင်း ပေးပို့စာတစ်စောင်ကို ကချင်တိုင်းရင်းသားလူငယ် တစ်သောင်းခန့်က လက်မှတ်ရေးထိုး၍ ကချင်ပြည်နယ်ဝန်ကြီး ချုပ်ထံသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီတွင် ကျရောက်မည့် (၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့တွင် တိုက်ပွဲများကြောင့် သုံးနှစ်ကြာရပ်နားထားသော မနောပွဲတော်ကို ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ်နေ့ကို ကြို ဆိုသော်လည်း ဒေသတွင်းတိုက်ပွဲ များဖြစ်ပွားနေခြင်း၊ စစ်ပြေးဒုက္ခ သည်များ နေရပ်မပြန်နိုင်သေး ခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိကျသည့် အဖြေမရရှိသေးဘဲ လူ့အခွင့်အရေးဆုံးရှုံးမှုများဖြစ်ပွားနေခြင်းတို့ကြောင့် မနောပွဲ တော်ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းကို ကန့်ကွက်ရခြင်း ဖြစ် ကြောင်း အဖွဲ့အစည်းများ ဒေသ ခံများက ပြောသည်။

‘‘ကချင်လူမျိုးတွေ အလေး ထား၊ တန်ဖိုးထားတဲ့ မနောပွဲကို ဒီလိုအချိန်မျိုးမှာ မလုပ်သင့်ပါဘူး’’ဟု လက်မှတ်ရေးထိုးကန့် ကွက်သူတစ်ဦးက ပြောသည်။

ပေးပို့စာကို ကချင်ပြည်နယ်၊ ရန်ကုန်၊ မန္တလေးမြို့တို့ရှိ လူငယ် များလက်မှတ်ဖြင့် နိုဝင်ဘာ ၂၈ရက်တွင် ပေးပို့သွားမည်ဖြစ် သည်။ လက်ရှိအချိန်အထိ အ မည်၊ မှတ်ပုံတင်နံပါတ်နှင့် တကွ လက်မှတ်ပေါင်း ကိုးထောင်ကျော်ရရှိထားကြောင်း သတင်းရရှိ သည်။

မနောပွဲကျင်းပခဲ့စဉ်က ရိုးရာအကနှင့် ကပြဖျော်ဖြေနေသည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ (ဓာတ်ပုံ - aseantourism.com)
7Day Daily
မနောပွဲတော်ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းအပေါ်ကန့်ကွက်ကြောင်း ပေးပို့စာတစ်စောင်ကို ကချင်တိုင်းရင်းသားလူငယ် တစ်သောင်းခန့်က လက်မှတ်ရေးထိုး၍ ကချင်ပြည်နယ်ဝန်ကြီး ချုပ်ထံသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီတွင် ကျရောက်မည့် (၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့တွင် တိုက်ပွဲများကြောင့် သုံးနှစ်ကြာ ရပ်နားထားသော မနောပွဲတော်ကို ပြန်လည် ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

အစိုးရတပ်နှင့် ကေအိုင်အေကြား တင်းမာနေခြင်းကိုစိုးရိမ်၊ ဒေသခံများအား အကာအကွယ်ပေးရန် ကုလတောင်းဆို

အစိုးရတပ်နှင့် ကေအိုင် အေတို့ကြား လက်နက်ကိုင်ပဋိ ပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ရေး အခြေအနေတင်းမာလာ ခြင်းအပေါ် စိုးရိမ်မိကြောင်းနှင့် ဒေသခံပြည်သူများအား လိုအပ် သည့် ကာကွယ်မှုများပြုလုပ်ပေး ရန် ကုလသမဂ္ဂက တောင်းဆို လိုက်သည်။

ကေအိုင်အေဗိုလ်လောင်း သင်တန်းကျောင်းလက်နက်ကြီး ဖြင့်ပစ်ခတ်ခံရပြီးနောက် စစ်ရေး တင်းမာမှုများ ဖြစ်ပွားလာခြင်း ကြောင့် အရပ်သားများအား ကာကွယ်ပေးရန် ကုလသမဂ္ဂက တောင်းဆိုကြောင်း Press TV သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြသည်။

ဝန်ဆောင်မှု အားမရသေးဟုတယ်လီနောပြော

တယ်လီနောမြန်က ရန်ကုန်မြို့တွင် လက်ရှိပေးလျက် ရှိသည့် ၎င်းတို့၏ ဆက်သွယ်ရေး ၀န်ဆောင်မှုနှင့် ပတ်သက်၍ ကျေ နပ်အားရမှုမရှိသေးကြောင်း အဆိုပါကုမ္ပဏီ၏ စီအီးအိုMr. Petter Furberg က အတည်ပြုပြောသည်။

တယ်လီနောမြန်မာ၏ စီအီး အို Mr. Petter Furberg အနေဖြင့်နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ စိမ်းလန်းစိုပြည်၌ ပြုလုပ်သည့်Net Monday အစီအစဉ်တွင် ရန်ကုန်မြို့၏ ၎င်းတို့ဆက်သွယ်ရေးကွန်ရက် အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

Tuesday, November 25, 2014

ကချင်စစ်ပွဲအတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလတောင်းဆို

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ အရှိန်တိုးမြှင့်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ အရပ်သားတွေ မထိခိုက်အောင် အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက  သတိပေး ပြောကြား လိုက်ပါတယ်။ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှု အပါအ၀င် နှစ်ဘက်တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အပေါ် ကုလသမဂ္ဂ က နိုဝင်ဘာလ ၂၄ ရက်နေ့က သဘောထား ထုတ်ပြန်ပြော ဆို လိုက်တာပါ။

ကလေးစစ်သား ၈ဝ ကို ထပ်မံနုတ်ထွက်ခွင့်ပြု


Photo: ကလေးစစ်သား ၈ဝ ကို ထပ်မံနုတ်ထွက်ခွင့်ပြု
Tuesday, November 25, 2014

တပ်မတော် အတွင်းရှိ အရွယ်မရောက်သေးသူ ကလေးသူငယ် ၈ဝကို ထပ်မံနုတ် ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံပြန် လည်လွှဲပြောင်းပေးခဲ့ကာ ကျောင်း ပြန်တက်ရန် ဆန္ဒရှိသည့် ကလေး သူငယ်များနှင့် ကျောင်းပြင်ပပညာ သင်ကြားချင်သူများ အတွက် လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ယူနီဆက်ကဲ့ သို့သောအဖွဲ့အစည်းများ ပူးပေါင်း ၍ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါနုတ်ထွက်ခွင့်ပြုခြင်းကို နိုဝင်ဘာလ၂၄ရက်တွင် ရန်ကုန်မြို့ အမှတ်(၁)စစ်ကြောရေးနှင့် တည်း ခိုရေးစခန်းတွင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး တပ်မတော်မှ နုတ်ထွက်ခွင့်ပြု သည့်လက်မှတ်နှင့် ၁ဝနှစ်မှ ၁၈နှစ် ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား များကို တာဝန်ရှိသူတို့မှ ကလေးများ ၏ မိဘများထံ တပါတည်းလွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ သိရသည်။

ယူနီဆက်မြန်မာမှ ဦးရဲလွင်ဦး က ''ကလေးဦးရေ ၈ဝပြန်လွှတ်ပါ တယ်။ ကလေးတွေကျောင်းပြန် တက်နိုင်ရေးကို အဖွဲ့အစည်းအား လုံးနဲ့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ပူး ပေါင်းပြီးကူညီဆောင်ရွက်ပေးသွား မှာပါ''ဟု ဒီမိုကရေစီသို့ပြောသည်။

နုတ်ထွက်ခွင့်ပြုခဲ့သည့် ကလေး များနှင့် ၄င်းတို့၏မိဘများကို မြန်မာ နိုင်ငံစောင့်ကြည့်ရေးနှင့် အစီရင်ခံ စာ တင်ပြရေးလုပ်ငန်းအဖွဲ့၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလပြုစုစောင့် ရှောက်ရေးစခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ စခန်းတွင် မိဘများနှင့် အဆက်အ သွယ် မရရှိသေးသူများကို ဆက်သွယ် ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသ ရန် လိုအပ်မှု ရှိ၊မရှိ စစ်ဆေး၍ လို အပ်ပါက ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြင်ပပညာ သင်ကြားရန်ဖြစ် နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်း အသုံးပြုရန်အတွက် အခြေခံပစ္စည်း များ ဝေငှပေးခြင်း၊ အိမ်အပြန် ခရီး စရိတ်၊ စားစရိတ်များ စီစဉ်ဆောင် ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးကြောင်း သိရသည်။

နုတ်ထွက်ခွင့်ပြုသည့် ကလေး များ ကျောင်းပြန်လည်တက်နိုင်ရေး နှင့်ပတ်သက်၍ ရန်ကုန်တိုင်းလူမှုဝန် ထမ်းဦးစီးဌာန တိုင်းဦးစီးအရာရှိ ဦးတင်ဇော်မိုးကို မေးမြန်းရာ ၄င်း အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက် ၍ ပြောရေးဆိုခွင့်မရှိကြောင်း၊ ညွှန် ကြားရေးမှူးသို့ မေးမြန်းပါရန် နိုဝင် ဘာလ ၂၄ရက် မွန်းလွဲ ၁နာရီခွဲတွင် ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးကို ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ် ထား၍ ဆက်သွယ်မေးမြန်းခွင့် မရ ရှိခဲ့ပါ။

၂ဝ၁၄ခုနှစ်အတွင်း ပဉ္စမ အကြိမ်အဖြစ် ဇန်နဝါရီ ၁၈ရက်တွင် ၉၆ဦး၊ ဆဋ္ဌမအကြိမ်အဖြစ် သြဂုတ် ၁ရက်တွင် ၉၁ဦး၊ ရန်ကုန်မြို့ မြဝတီ စာပေတိုက် ခန်းမတွင် စက်တင်ဘာ ၂၅ရက်တွင် ၁ဝ၉ဦးတို့ကို သတ္တမ အကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ ပြီးဖြစ်ကာ ယခုလွှဲပြောင်းပေးအပ် ခြင်းသည် အဋ္ဌမအကြိမ်ဖြစ်ကြောင်း သိရသည်။

ZCH
Yangon Media Group
တပ်မတော် အတွင်းရှိ အရွယ်မရောက်သေးသူ ကလေးသူငယ် ၈ဝကို ထပ်မံနုတ် ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံပြန် လည်လွှဲပြောင်းပေးခဲ့ကာ ကျောင်း ပြန်တက်ရန် ဆန္ဒရှိသည့် ကလေး သူငယ်များနှင့် ကျောင်းပြင်ပပညာ သင်ကြားချင်သူများ အတွက် လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ယူနီဆက်ကဲ့ သို့သော အဖွဲ့အစည်းများ ပူးပေါင်း ၍ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။

သက်ငယ်မုဒိမ်း ကျူးလွန်သူများတွင် စစ်သား၊ ရဲနှင့် သင်္ကန်းဝတ် အချို့ ပါဝင်နေ


 မြန်မာနိုင်ငံတွင် ဖြစ်ပွားသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများထဲ၌ တပ်မတော် သား၊ ရဲတပ်ဖွဲ့ဝင်များနှင့် သင်္ကန်း ဝတ်အချို့ ပါဝင်ကြောင်း သတင်း ရရှိသည်။၂၀၁၂ ခုနှစ်တွင် တပ် မတော်သားသုံးဦး၊ သင်္ကန်းဝတ်သုံးဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ၂၀၁၃ တွင် တပ်မတော်သားငါးဦး၊သင်္ကန်းဝတ် ငါးဦး၊ ၂၀၁၄ ခုနှစ်တွင် တပ်မတော်သားသုံးဦး၊ သင်္ကန်းဝတ်နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်ကျူးလွန်ခဲ့ကြောင်း ရဲတပ်ဖွဲ့၊ လူကုန်ကူးတားဆီးနှိမ်နင်းရေး အဖွဲ့စာရင်းများအရ သိရသည်။

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ပေးရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လမ်းလျှောက်ဆန္ဒပြ

လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးပြုလုပ်ပေးရန် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်လေးခုတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၅၀ ၀န်းကျင်မှ နှစ်ရက်ကြာ လမ်းလျှောက်ဆန္ဒပြမှုကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ကွမ်းခြံကုန်းမြို့မှ စတင် ခဲ့ကြောင်း သိရ သည်။

ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား သီးခြားစီ တွေ့ဆုံ

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး  Udomdej Sitabutrအား နို ဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သံတမန် ဆောင် ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆန်ဈေးအပြောင်းအလဲများပြီး အာရှတွင် မြန်မာလယ်သမားများ အကျိုးအမြတ်အနည်းဆုံးဖြစ်


 ပြည်ပသို့ ဆန်တင်ပို့ ရောင်းချသော အာရှနိုင်ငံများ အနက် မြန်မာနိုင်ငံသည် ဈေးနှုန်း အပြောင်းအလဲအများဆုံးဖြစ်ပြီး လယ်သမားများအတွက် အကျိုး အမြတ်မှာ အနည်းဆုံးဖြစ်နေ ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ နိုင်ငံဆန်ဈေးနှုန်း အတက်အကျ မြန်ဆန်နေမှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး အစီရင်ခံစာတွင် ဖော်ပြသည်။

ယာဉ်ထိန်းရဲများ ငွေတောင်းပါက တိုင်ကြားနိုင်ရန် Hot Line ဖုန်းနံပါတ်များထားရှိမည်

Photo: ယာဉ်ထိန်းရဲများ ငွေတောင်းပါက တိုင်ကြားနိုင်ရန် Hot Line ဖုန်းနံပါတ်များထားရှိမည်
Tuesday, November 25, 2014

 မန္တလေးမြို့ရှိ ယာဉ် ထိန်းရဲများလာဘ်ပေးလာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်မည့် HotLine ဖုန်းနံပါတ်များ သီးသန့်ထား ရှိသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီအစည်း အဝေးခန်းမ၌ ပြုလုပ်သည့် မြို့ တွင်းယာဉ်ကြောရှုပ်ထွေးမှု ဖြေ ရှင်းရေးဌာနပေါင်းစုံ အစည်းအ ဝေးတွင် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး သိန်းကိုကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ‘‘ကျွန်တော့်အနေနဲ့ ဟော့ လိုင်းသက်သက်ဖွင့်ပေးမှာပါ။ ကျွန်တော့်ဆီက ယာဉ်ထိန်းတပ် ဖွဲ့ဝင်တွေ ပိုက်ဆံတောင်းရင်တိုင် ပါ။ ဖုန်းနံပါတ်တွေ သီးခြားထုတ် ဖော်ကြေညာပေးမှာပါ။ အဲဒီနည်း နဲ့ ကျွန်တော့်ယာဉ်ထိန်းတပ်ဖွဲ့ဝင် တွေကို တစ်နည်းအားဖြင့် ပြန်ထိန်းမှာပါ’’ဟု ရဲမှူးသိန်းကိုကိုက ပြောကြားသည်။

ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့  အပေါ်  မုန်းတီးမှုများ  ဆိုရှယ် မီဒီယာများပေါ်တွင် ရေးသားနေ သည်ကို တွေ့မြင်နေရကြောင်း၊ ပိုက်ဆံတောင်းသည့် စည်းကမ်း ဖောက် ယာဉ်ထိန်းရဲအချို့လည်း ရှိကောင်းရှိနိုင်ကြောင်း၊ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မီဒီ ယာများကို ဒီဇင်ဘာလအတွင်း ဖိတ်ကြားကာ ရှင်းလင်းသွားမည် ဖြစ်ကြောင်း  ရဲမှူးသိန်းကိုကိုက ပြောကြားသည်။ ဟော့လိုင်းဖုန်း နံပါတ်များကို  မြို့နယ်အလိုက် ထားရှိပေးသွားမည်ဖြစ်ပြီး  ၂၄ နာရီ ပတ်လုံးတိုင်ကြားနိုင်မည်ဖြစ် ကြောင်း အခြားယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း ရဲမှူးက ပြောကြားသည်။

မန္တလေးမြို့ မဟာအောင် မြေမြို့နယ်နေ ကိုစည်သူအောင် က ‘‘တိုင်လို့ရတော့ ကောင်းတာ ပေါ့ဗျာ။   ဒါပေမဲ့  ဖမ်းတာက ယာဉ်ထိန်းတစ်ခုတည်း မဟုတ်ဘူးလေ။ တခြားဌာနတွေရောပါတာ ဆိုတော့ သူတို့ပိုက်ဆံတောင်းရင် ကော တိုင်လို့ရနိုင်မလား။ နယ်မှာ ဆိုရင် ယာဉ်ထိန်းအင်အားနည်း တော့ ရဲတို့၊ မီးသတ်တို့ အရပ်ဝတ် တွေကပါ ဖမ်းပေးရတာဆိုတော့ လေ’’ဟု ၎င်း၏ အမြင်ကို ပြော ကြားသည်။

မန္တလေးမြို့တွင် ယာဉ်ထိန်း ရဲအင်အားမှာ ယာဉ်အစီးရေနှင့် မမျှအောင်နည်းပါးနေပြီး   လမ်းဆုံးလမ်းခွ မီးပွိုင့်များတွင် တာဝန် ယူရခြင်း၊ ပူးပေါင်းစစ်ဆေးအရေး ယူသည့်အဖွဲ့များတွင်    ပါဝင်ရ ခြင်း၊ လုံခြုံရေးနှင့် အခြားတာဝန် များဆောင်ရွက်ရခြင်း၊ အခြေခံ ပညာကျောင်းများတွင် ယာဉ် ကြောရှင်းလင်းရေး ဆောင်ရွက်ပေးရခြင်းများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

7Day DAILY 

မန္တလေးမြို့တွင် ရှိသည့်ယာဉ်စီးရေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှာ မမျှမတဖြစ်နေသည် (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့ရှိ ယာဉ် ထိန်းရဲများလာဘ်ပေးလာဘ်ယူ ပြုလုပ်ပါက တိုင်ကြားနိုင်မည့် HotLine ဖုန်းနံပါတ်များ သီးသန့်ထား ရှိသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီအစည်း အဝေးခန်းမ၌ ပြုလုပ်သည့် မြို့ တွင်းယာဉ်ကြောရှုပ်ထွေးမှု ဖြေ ရှင်းရေးဌာနပေါင်းစုံ အစည်းအ ဝေးတွင် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး သိန်းကိုကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ‘‘ကျွန်တော့်အနေနဲ့ ဟော့ လိုင်းသက်သက်ဖွင့်ပေးမှာပါ။ ကျွန်တော့်ဆီက ယာဉ်ထိန်းတပ် ဖွဲ့ဝင်တွေ ပိုက်ဆံတောင်းရင်တိုင် ပါ။ ဖုန်းနံပါတ်တွေ သီးခြားထုတ် ဖော်ကြေညာပေးမှာပါ။ အဲဒီနည်း နဲ့ ကျွန်တော့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် တွေကို တစ်နည်းအားဖြင့် ပြန်ထိန်းမှာပါ’’ဟု ရဲမှူးသိန်းကိုကိုက ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီမှအမတ်များ တွေ့ဆုံ

တပ်မတော်က ပြင် ဆင်ရန် ကန့်ကွက်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ရန် ဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီများမှ အမတ်များသည် နိုဝင်ဘာ ၂၄ ရက်တွင် စည်ပင်ဧည့်ရိပ်သာ၌ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

‘‘ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ အတွက် ပူးပေါင်းပြီး ဆောင်ရွက် ကြမယ်။ မပြင်ဆင်လိုတဲ့ ပုဂ္ဂိုလ် တွေလည်း ဘယ်လိုစိုးရိမ်စိတ် တွေရှိနေလဲ။ အဲဒါလေးတွေ ဘယ်လို ချဉ်းကပ်ကြမယ်၊ ရှာဖွေကြ မယ်’’ ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့်ကပြော သည်။

ဒေသအားလုံးတွင် နိုဝင်ဘာ နှောင်းပိုင်း၌ အအေးပိုလာနိုင်


နိုဝင်ဘာလနှောင်းပိုင်း တွင် မြန်မာနိုင်ငံအထက်ပိုင်းမှ အောက်ပိုင်းဒေသများအားလုံး ညအပူချိန်များ လျော့၍ အအေးပို လာနိုင်ကြောင်းဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။

‘‘အခုလောလောဆယ်မှာ အထက်ပိုင်း ဒေသတွေနဲ့အောက်ပိုင်းဒေသတချို့မှာ အေးစပြုလာပြီ။ နောက်ပိုင်းရက်တွေမှာ လက်ရှိကာလထက် အအေးပိုလာစရာအကြောင်းရှိတယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။