Tuesday, December 2, 2014

သံဃာများ ပါတီထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော် သမ္မတထံ တောင်းဆိုထားသည်ဟု ဆိုခြင်းကို မ.ဘ.သ ငြင်းဆို

၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲတွင် သံဃာများပါတီ ထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော်သမ္မတထံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုထားသည်မှာ မဟုတ်မှန် ကြောင်း မဘသ (ဗဟို)ဥက္ကဋ္ဌ ဆရာတော်က ငြင်းဆိုလိုက်သည်။

လွှတ်တော်တွင်း သံဃာအ မတ် ၂ဝ ရာခိုင်နှုန်းပေးရမည်အစ ရှိသည့် တောင်းဆိုချက်များ ရေး သားထားသည့် ထုတ်ပြန်ချက်တွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး (ဗဟို)၏ ထုတ်ပြန် ချက်ဟု ဖော်ပြထားပြီး၊ မဘသ (ဗဟို) ဥက္ကဋ္ဌဆရာတော်၏ လက် မှတ်နှင့် နာမည်ကို ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်အတွက် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ဘာဒွမ်ပေါက်ကွဲမှုနှင့်ပတ်သက်သည့် မြန်မာ ၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး

ဓာတ်ပုံ - Dhaka Metropolitan Police (dmpnews.org)
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘာဒွမ်ပေါက်ကွဲမှုနဲ့ ဆက်စပ်နေတဲ့ မြန်မာ ၃ ယောက်ကို ဖမ်းဆီးရမိထားပြီလို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အဲဒီ ၃ ယောက်ဟာ ရိုဟင်ဂျာ စည်းလုံး ညီညွတ်ရေးအဖွဲ့ RSO နဲ့မြန်မာအခြေစိုက် တခြားအဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒါက္ကာရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ခရစ်ရှနာ ပါဒါ ရွိုင်က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြောပါတယ်။

သံဃာများ ပါတီထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော် သမ္မတထံ တောင်းဆိုထားသည်ဟု ဆိုခြင်းကို မ.ဘ.သ ငြင်းဆို

၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲတွင် သံဃာများပါတီ ထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော်သမ္မတထံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုထားသည်မှာ မဟုတ်မှန် ကြောင်း မဘသ (ဗဟို)ဥက္ကဋ္ဌ ဆရာတော်က ငြင်းဆိုလိုက်သည်။

လွှတ်တော်တွင်း သံဃာအ မတ် ၂ဝ ရာခိုင်နှုန်းပေးရမည်အစ ရှိသည့် တောင်းဆိုချက်များ ရေး သားထားသည့် ထုတ်ပြန်ချက်တွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး (ဗဟို)၏ ထုတ်ပြန် ချက်ဟု ဖော်ပြထားပြီး၊ မဘသ (ဗဟို) ဥက္ကဋ္ဌဆရာတော်၏ လက် မှတ်နှင့် နာမည်ကို ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်အတွက် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

၉ နှစ်အရွယ် သြစီသူကို မိဘတွေ အိမ်ထောင်ပြုပေး

aus child bride
ဆစ်ဒနီမြို့က ​အသက် ​၉ ​နှစ်အရွယ် ​ကလေးမလေးကို ​မိဘတွေက ​အိမ်ထောင်ပြုဖို့အတွက် ​အရှေ့ အလယ်ပိုင်း ​နိုင်ငံတစ်ခုကို ​ပို့ဆောင်ထားတဲ့အကြောင်း ​အမျိုးသမီးအဖွဲ့အစည်း တစ်ခုက ​အေဘီစီ ကို ​ပြောပြခဲ့ပါတယ်။

အသက် ​၉ ​နှစ်အရွယ် ​မိန်းကလေးတစ်ဦးကို ​လက်ထပ်ပေးဖို့ ​မိဘတွေက ​အရှေ့အလယ်ပိုင်းကို ​ပို့ဆောင်တဲ့အကြောင်းကို ​မနေ့က ​သိရှိရတာဖြစ်တယ်လို့ ​ရွှေ့ပြောင်းနေထိုင်လာသူ ​အမျိုးသမီးတွေရဲ့ ​ကျန်းမာရေးဝန်ဆောင်မှု ​အဖွဲ့က ​Dr ​Eman ​Sharobeem ​က ​ပြောပါတယ်။ 

ရန်ကုန်နှင့် ဒေသအချို့တွင် အအေးပိုမည်

ကမ္ဘာ့လေစီးကြောင်းများ ရွေ့လျားမှု၏ သက်ရောက်သည့် အရှိန်ကြောင့် မြန်မာနိုင်ငံ ဘက်ခြမ်းသို့ လေအေးစီးကြောင်းများ ဝင်ရောက်လာရာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ၅ ရက်မှ ၇ အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အနောက်မြောက် လေအေးများကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ကုန်းမြင့် တောင်တန်းဒေသ များ ဖြစ်သည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စသည့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတို့တွင် အအေးဓာတ် ပိုနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ဆေးရုံတွင် လိမ်လည်ကုသစဉ် သွေးဆိပ်တက်၍ သေဆုံး

ရထားလမ်းကို ဖြတ်ကူးစဉ် ရထားဖြင့်တိုက်မိပြီး ဒဏ်ရာရရှိခဲ့သည်ကို ဆေးရုံတွင် ပြုတ်ကျသည့် ဒဏ်ရာဟုပြောဆို၍ လိမ်လည် ကုသစဉ် နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၁ နာရီဝန်းကျင်က သွေးဆိပ်တက် ရောဂါဖြင့် သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု လှိုင်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်ထားသည်။

သေဆုံးသူသည် ရထားဖြင့်တိုက်၍ ဒဏ်ရာရရှိခဲ့သည်မှာ နိုဝင်ဘာလ ၂၃ ရက်ကဖြစ်ပြီး ရထားတိုက်မိစဉ်ကလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူရန် သွားမည်ဟု အကြောင်းပြကာ ရှောင်တိမ်း ထွက်သွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီက ရန်ကုန်ဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာသည့် မြို့ပတ်ရထားသည် လှည်းတန်းဘူတာနှင့် ကမာရွတ်ဘူတာကြားရှိ ရထားလမ်းကူးနေရာ အရောက်တွင် ဖြတ်ကူးသည့် ဆိုက္ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ဘရာဇီးတွင် ဝင်ငွေနည်းပါးသော စုံတွဲ ၂၀၀၀ နီးပါး အစုလိုက် လက်ထပ်ပွဲ ကျင်းပ

Photo: ဘရာဇီးတွင် ဝင်ငွေနည်းပါးသော စုံတွဲ ၂၀၀၀ နီးပါး အစုလိုက် လက်ထပ်ပွဲ ကျင်းပ
Tuesday, December 2, 2014

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနဲရိုးမြို့ ရှိ မိုးလုံလေလုံ အားကစားရုံကြီး တစ်ခုတွင် ဘရာဇီး စုံတွဲ ၂,၀၀၀ နီးပါးခန့် အစုအဝေးလိုက် လက်ထပ်မင်္ဂလာ ကျင်းပခဲ့ကြရာ၊ ထိုမြို့၏ သမိုင်းကြောင်း တစ်လျှောက်တွင် အကြီးမားဆုံးသော မင်္ဂလာပွဲ ဖြစ်ခဲ့သည်။ နှစ်စဉ် ပြုလုပ်လေ့ ရှိသော အစုအဝေးလိုက် မင်္ဂလာဆောင်ခြင်းအား ဒေသဆိုင်ရာ အာဏာပိုင်များက ကူညီအားပေး ခဲ့ကာ၊ ထိုပွဲမှာ ဝင်ငွေ နည်းပါး၍ သီးသန့် မင်္ဂလာပွဲ ကျင်းပရန် မတတ်နိုင်ကြသော သူများအား ကူညီရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဝင်ငွေနည်းပါးသည့် စုံတွဲများအတွက် တူနှစ်ကိုယ် ဘ၀တစ်ခု ထူထောင်နိုင်ရန် ဆောင်ရွက်ပေးသည့် ထိုနေ့ကို "The Day of I Do" ဟု အမည် ပေးထားသည်။

စုံတွဲများ နှင့် ၄င်းတို့၏ ဧည့်သည်များအတွက် အသွားအပြန် အထူးရထားများကို ရီယို မြို့ရှိ အာဏာပိုင်များက စီစဉ်ပေးခဲ့သည်။ မင်္ဂလာပွဲကို မာရာကာနာဇင်ဟိုဟု အမည်ရသည့် မိုးလုံလေလုံ အားကစားရုံကြီးတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၁၂၀၀၀ ခန့် တက်ရောက် ခဲ့ကြသည်။ လစဉ် မိသားစု ဝင်ငွေ ဒေါ်လာ ၁,၀၀၀ (ပေါင်စတာလင် ၆၄၀) အထိသာ ရရှိ ကြသော စုံတွဲများ အနေဖြင့် ထို အစုအဝေးလိုက် မင်္ဂလာပွဲတွင် ပါဝင် မင်္ဂလာဆောင်ခွင့် ရှိသည်။

စုံတွဲများအား ရိုမန်ကက်သလစ် ဘုန်းတော်ကြီး တစ်ဦး နှင့် သင်းအုပ်ဆရာ တစ်ဦးက တို့က ကောင်းချီးမင်္ဂလာ ပေးခဲ့ကြသည်။ ထိုစုံတွဲများ ထဲမှ စုံတွဲ အများစုမှာ နှစ်ပေါင်းများစွာ အတူနေခဲ့ ကြပြီးမှ လက်ထပ် ခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မနက် ခြောက်နာရီလောက်မှာ အိပ်ရာထခဲ့ကြပါတယ်။ လူတွေ အများကြီး တွေ့ရပြီးတော့ ကျွန်တော်တို့ ဒီမှာ ခဏပဲ ကြာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းပျော် ပါတယ်” ဟု အသက် ၃၄ နှစ် အရွယ် အီမာဆန်မိုရေး(စ်) က O Globo သတင်းစာကို ပြောကြားခဲ့သည်။

Ref: BBC
Mizzima
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနဲရိုးမြို့ ရှိ မိုးလုံလေလုံ အားကစားရုံကြီး တစ်ခုတွင် ဘရာဇီး စုံတွဲ ၂,၀၀၀ နီးပါးခန့် အစုအဝေးလိုက် လက်ထပ်မင်္ဂလာ ကျင်းပခဲ့ကြရာ၊ ထိုမြို့၏ သမိုင်းကြောင်း တစ်လျှောက်တွင် အကြီးမားဆုံးသော မင်္ဂလာပွဲ ဖြစ်ခဲ့သည်။ နှစ်စဉ် ပြုလုပ်လေ့ ရှိသော အစုအဝေးလိုက် မင်္ဂလာဆောင်ခြင်းအား ဒေသဆိုင်ရာ အာဏာပိုင်များက ကူညီအားပေး ခဲ့ကာ၊ ထိုပွဲမှာ ဝင်ငွေ နည်းပါး၍ သီးသန့် မင်္ဂလာပွဲ ကျင်းပရန် မတတ်နိုင်ကြသော သူများအား ကူညီရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ကြာနုအောက်ဖောင်းရစ်အထိ ရွှေစင်ရွှေပြားများ ကပ်လှူရေးတွင် ပြည်သူများ ကုသိုလ်ယူလှူဒါန်းနိုင်

နေ ပြည်တော်တွင် တည်ထားကိုးကွယ် လျက်ရှိသော ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ကြာနုအောက်ဖောင်း ရစ်သုံးရစ်အထိ ရွှေစင်ရွှေပြားများ ကပ်လှူရန်စီစဉ်လျက်ရှိပြီး အများ ပြည်သူများအနေဖြင့်လည်း ကုသိုလ် ယူပါဝင်လှူဒါန်းနိုင်ကြောင်း သိရ သည်။

နေပြည်တော်ဥပ္ပါတသန္တိစေ တီတော်မြတ်ကြီးအား နိုင်ငံတော် အစိုးရနှင့် အများပြည်သူတို့၏ စုပေါင်း လှူဒါန်းငွေများဖြင့် တည်ထားခဲ့ရာ ၂ဝဝ၉ခုနှစ် မတ် ၉ရက်တွင် တည် ဆောက်ပြီးစီး၍ ရွှေထီးတော်တင် လှူကာ ရွှေစင်ရွှေပြားများကို စေတီ တော်ကြီး၏ ကြာနုအောက်ခြေအထိ ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု အခါ နေပြည်တော်ကောင်စီ၏ ကြီး ကြပ်မှုဖြင့် ယင်းကြာနုအောက်ခြေမှ ဖောင်းရစ်သုံးရစ်အထိ ရွှေစင်ရွှေပြား များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ် သည်။

မြန်မာလုပ်သား နှစ်ဆယ်ကျော်သေဆုံးမှု သံသယရှိသူများကို မလေးရှားရဲတပ်ဖွဲ့ ပထမဆုံးအကြိမ်ဖမ်းဆီး

မလေးရှားနိုင်ငံ ပီနန်မြို့ တွင် ယခုနှစ်အတွင်း မြန်မာလုပ် သား ၂၃ ဦးအသတ်ခံရမှုနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်မှလာ ရောက်သည့် အစ္စလာမ်ဘာသာ ဝင်ခုနစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ က ဖမ်းဆီး လိုက်ကြောင်းသတင်း ရရှိသည်။
မလေးရှားနိုင်ငံတွင် မြန်မာ လုပ်သားများ အသတ်ခံရမှု ကြောင့် သံသယရှိသူ လူသတ် တရားခံများကို မလေးရှား ရဲ တပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်း သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်း မလေးရှားရောက်မြန်မာ လုပ်သားများကပြောသည်။

နီနီခင်ဇော်နဲ့တွဲပြီး ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ဆိုခဲ့တဲ့ ပြေသုဒြာကြောင့် အံ့အားသင့်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂ရက်  ပြေတီဦးပညာရေးဖောင် ဒေးရှင်း ပဉ္စမ အကြိမ် ထောက် ပံ့ ငွေပေး အပ်သည့် အခမ်းအနား ဖျော်ဖြေရေးအစီအစဉ်တွင် နီနီ ခင်ဇော်နှင့်အတူ သမီးဖြစ်သူ ပြေသုဒြာက မျှော်လင့်ချက်တစ်စုံ တစ်ရာသီချင်းသီဆိုခဲ့ရာ ကိုယ် တိုင် အံ့သြခဲ့ ရကြောင်း အိန္ဒြာ ကျော်ဇင်ကပြောသည်။  ‘‘အစ်မတောင်မသိလိုက် ဘူး။ နီနီခင်ဇော်လာတော့ အသည်းမခွဲပါနဲ့ဆိုတဲ့ သီချင်းဆိုပေးပါဆို ပြီး သွားပြောတယ်တဲ့။ အဲဒါ နီနီ ခင်ဇော်က စင်ပေါ်ကနေ ပြေသု ဒြာလေးအတွက်ဆိုပေးပါ့မယ် လည်းပြောလိုက်ရော သူ့အထိန်း ပေါ်ကနေ

လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသူ ၂ ဦး အာမခံရရေး ဆက်လက်ကြိုးပမ်းမည်

Photo: လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသူ ၂ ဦး အာမခံရရေး ဆက်လက်ကြိုးပမ်းမည်
Tuesday, December 2, 2014

ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံနဲ့ ပြန် လွတ် လာနိုင်ဖို့ မြန်မာသံရုံးအထူးအဖွဲ့က ထပ်မံအာမခံလျောက်မယ်လို့ သံရုံးအထူးအဖွဲ့ဝင် ဦးမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနက်ဖြန် သူတို့ ရမန်ရက်ပြည့်မှာ ဖြစ်တယ်လေ။ အဲဒါကြောင့် ကျနော်တို့အဖွဲ့က တရားရုံးသွားကြမှာပါ။ နောက်ထပ် ရမန်ရက်တိုးမယ်ဆိုလို့ရှိရင် ကျနော်တို့က ကန့်ကွက်မယ်။ ပြီးတော့ အရင်တပတ်က ငြင်းပယ်ခံထားရတဲ့ အာမခံရရေး နောက်ထပ်ပြန်တင်မှာ ဖြစ်ပါတယ်။ သံရုံးအထူးအဖွဲ့ကရော၊ ရှေ့နေများကောင်စီအဖွဲ့ဝင်တွေရော ပါပါတယ်။ တချို့က သွားနေကြပါပြီ။”

ထိုင်းတောင်ပိုင်း ကော့ဆမွီခရိုင် အကျဉ်းထောင်မှာ အချုပ်ကျနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ ဦး အာမခံရရှိရေး မြန်မာအစိုးရဘက်က နိုဝင်ဘာ ၂၆ ရက်နေ့က ကော့ဆမွီတရားရုံးမှာ သွားရောက်လျောက်ထားပေမယ့် မရတဲ့အတွက် ပဉ္စမအကြိမ် ချုပ်ရက်စေ့မယ့် မနက်ဖြန်မှာ ထပ်လျှောက်မှာ ဖြစ်ပါတယ်။

စွပ်စွဲခံထားရသူ ၂ ဦး အချုပ်ထဲကနေ လွတ်ပြီး တရားခွင်ကို အပြင်ကနေဘဲ လာရောက်နာကြားနိုင်ဖို့ တဦးကို ထိုင်းဘတ်ငွေ ၅ သိန်းစီ ပေးဆောင်ရမယ်လို့ ရှေ့နေများကောင်စီက အကြံပြုထားပေမယ့် မြန်မာသံရုံးဘက်ကတော့ သံရုံးအနေနဲ့ အာမခံပြီး တောင်းဆိုခဲ့ပါတယ်။

ဒီတကြိမ်တော့ ငွေအာမခံရော၊ လူအာမခံပါ ၂ ရပ်လုံး သုံးစွဲသွားမယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောထားဖူးပါတယ်။

ထိုင်းအစိုးရရှေ့နေများဘက်ကတော့ အမှုတွဲ ပြီးပြည့်စုံပြီဖြစ်လို့ နိုဝင်ဘာလအတွင်း တရားရုံးတင်နိုင်မယ်လို့ ပြီးခဲ့တဲ့ အပတ်က ရှင်းလင်းပြောဆိုခဲ့ပေမယ့် ဒီနေ့အထိ မတင်နိုင်သေးပါဘူး။

ထိုင်းဥပဒေအရ စွပ်စွဲခံထားရသူတွေကို တကြိမ်လျှင် ၁၂ ရက်နဲ့ ၇ ကြိမ်အထိ တရားရုံးက စွဲချက်မတင်မချင်း ချုပ်နှောင်ထားခွင့်ရှိပြီး ချုပ်ရက် ၈၄ ရက် ပြည့်လို့မှ တရားရုံးမတင်နိုင်ရင် တရားရှင်လွှတ်ရဖို့ ရှိပါတယ်။

ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ဦးဟာ အချုပ်အတွင်းမှာ သမံတလင်းပေါ် အိပ်နေရတဲ့အတွက် သူတို့အတွက် ကုတင်၊ စောင်နဲ့ မွေ့ယာတွေ ၀ယ်ဖို့ ဒီဇင်ဘာလ ၁ ရက် ဒီကနေ့ မနက်ပိုင်းမှာ သွားရောက်ကူညီပံ့ပိုးပေးခဲ့တယ်လို့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အတိုင်ပင်ခံ မစ္စတာ အဲန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က အာမခံရမယ်လို့ ထင်ပြီး သမံတလင်းပေါ်ဘဲ အိပ်တာ၊ အနီးနားကလူတွေက အဲလိုအိပ်ရင် ကျန်းမာရေးနဲ့ မညီဘူးလို့ ပြောလို့လေ။ အကျဉ်းထောင်က ဘာမှမပေးဘူး။ တတ်နိုင်တဲ့လူက ကိုယ့်ဖာကိုယ် ၀ယ်ရတယ်။ ကလေး ၂ ယောက်လုံး ကျန်းမာရေးတော့ ကောင်းပါတယ်။ ဒါပေမယ့် မိဘတွေကို သတိရတယ်လို့ ပြောပြီး ငိုတယ်ခင်ဗျ ၊ ဒီကနေ့ သူတို့နဲ့ မိနစ် ၃၀ လောက် တွေ့ခွင့်ရခဲ့ပါတယ်။”

သူတို့ ၂ ဦး အာမခံ ရရေး မရရေး နဲ့ ချုပ်ရက် ထပ်တိုးခြင်းရှိမရှိ မနက်ဖန်အဖြေသိရမှာ ဖြစ်တဲ့အတွက် ထိုင်းရှေ့နေများကောင်စီက သွားဖို့ ပြင်နေတယ်လို့ အဲန်ဒီဟောလ်က ဆက်ပြောပါတယ်။

ဗြိတိန်နိုင်ငံသား လူငယ် ၂ ဦးဖြစ်တဲ့ ဒေးဗစ် နဲ့ ဟန်နာ တို့ ၂ ဦးဟာ အောက်တိုဘာလတွင်းက ထိုင်းတောင်ပိုင်း ကော်ဖငန်းခရိုင် လိပ်ကျွန်းမှာ လာရောက်လည်ပတ်ရင်း အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာလူငယ် အလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားခံအဖြစ် စွပ်စွဲဖမ်းဆီးထားပေမယ့် ပြင်တွင်းပြည်ပ လူမှုကွန်ရက်အများစုက ယုံကြည်မှုမရှိဘဲ ကျွန်းသူကြီးရဲ့ သားဖြစ်သူကိုသာ အဓိက တရားခံအဖြစ် ထင်ကြေးပေးနေကြပါတယ်။

ကျွန်းသူကြီးရဲ့ သားဖြစ်သူကတော့ ဒီလ ၂၃ ရက်နေ့မှာ ဒုလဘ ရဟန်းခံဖို့ ဖိတ်စာတွေ ကြိုတင်ဝေငှထားပြီး ဖြစ်ပါတယ်။

DVB
ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံနဲ့ ပြန် လွတ် လာနိုင်ဖို့ မြန်မာသံရုံးအထူးအဖွဲ့က ထပ်မံအာမခံလျောက်မယ်လို့ သံရုံးအထူးအဖွဲ့ဝင် ဦးမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အင်စတီကျူးရှင်းအကြီးဆုံးတစ်ခုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုခြင်းဖြစ်၍ အစိုးရအဖွဲ့မှ လေးလေးနက်နက်စဉ်းစားပြီး ပြန်ကြားရမည့်တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်ပြောကြား

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အင်စတီကျူးရှင်းအကြီးဆုံးတစ်ခြု
ဖစ်သည့် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုခြင်းဖြစ်၍ အစိုးရအဖွဲ့က လေးလေး နက်နက် စဉ်းစားပြီး ပြန်ကြားရမည့်တာဝန်ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဒေါက်တာအေးမောင် က ပြောကြားသည်။

ခြောက်ပွင့်ဆိုင်တောင်းဆိုခြင်းသည် ပုဂ္ဂိုလ်တစ်ဦးကတောင်းဆိုခြင်း မဟုတ်ကြောင်း၊ အဖွဲ့အစည်းများ စွာနှင့်ပေါင်းစုထားသည့် ပြည်ထောင်စု တစ်ခုလုံး၏ အမြင့်ဆုံးသော အာဏာပိုင်အဖွဲ့အစည်း တစ်ခုမှ တောင်းဆိုခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

အီဘိုလာ ကမ္ဘာအနှံ့ ကူးစက်မယ့် အန္တရာယ် ကြီးနေဆဲ

Photo: အီဘိုလာ ကမ္ဘာအနှံ့ ကူးစက်မယ့် အန္တရာယ် ကြီးနေဆဲ 

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂ ရက်

အနောက် အာဖရိကမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် အီဘိုလာ ရောဂါဟာ တခြား ကမ္ဘာ့ အစိတ်အပိုင်း တွေကိုပါ ကူးစက် ပြန့်ပွားနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂရဲ့ အီဘိုလာ တိုက်ဖျက်ရေး ဆိုင်ရာ အနောက် အာဖရိက ဒေသ အကြီးအကဲက ဘီဘီစီကို ပြောပါတယ်။

အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြည့်မီဖို့ လျာထားတဲ့ သူ့ရဲ့ လုပ်ငန်း ဆိုင်ရာ သတ်မှတ်ချက်တွေ ပြည့်မီခြင်း ရှိ မရှိ ကိုလည်း မစ္စတာ Tony Banbury က တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။

အခု ဒီဇင်ဘာ ၁ ရက်နေ့မှာ အီဘိုလာ ကူးစက် ခံရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ဆေးဝါး ကုသမှု ပေးနိုင်ဖို့နဲ့ ရောဂါကြောင့် သေဆုံးသူ ၇၀ ရာခိုင်နှုန်းကို ဘေးကင်းစွာ မြှုပ်နှံ နိုင်ဖို့ လျာထားကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလမှာ မစ္စတာ Banbury က ပြောခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ Banbury က တချို့ နေရာတွေမှာ ရည်မှန်းချက် ပြည်မီအောင် လုပ်နိုင်ပြီး တချို့ နေရာတွေမှာ ရည်မှန်းချက်ထက် အများကြီး ကျော်လွန်အောင် လုပ်ဆောင်နိုင်ပေမယ့် နေရာ အားလုံး မှာတော့ ရည်မှန်းချက် ပြည့်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ရည်မှန်းချက် မအောင်မြင်တဲ့ ဒေသတွေ ထဲမှာ ဆီယာရာ လီယွန်း နိုင်ငံရဲ့ မြို့တော် Freetown နဲ့ Port Loko မြို့တွေလည်း ပါဝင်တယ်လို့ Tony Banbury က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရောဂါနဲ့ သေဆုံးသူ ၇၀ ရာနှုန်းကို ဘေးကင်းစွာ မြှုပ်နှံဖို့ လျာထားချက်လည်း ပါဝင်
အနောက် အာဖရိကမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် အီဘိုလာ ရောဂါဟာ တခြား ကမ္ဘာ့ အစိတ်အပိုင်း တွေကိုပါ ကူးစက် ပြန့်ပွားနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂရဲ့ အီဘိုလာ တိုက်ဖျက်ရေး ဆိုင်ရာ အနောက် အာဖရိက ဒေသ အကြီးအကဲက ဘီဘီစီကို ပြောပါတယ်။

အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြည့်မီဖို့ လျာထားတဲ့ သူ့ရဲ့ လုပ်ငန်း ဆိုင်ရာ သတ်မှတ်ချက်တွေ ပြည့်မီခြင်း ရှိ မရှိ ကိုလည်း မစ္စတာ Tony Banbury က တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။

ငါးခြောက်မှာ ဓာတု ပိုးသတ်ဆေး ထည့်

မြန်မာနိုင်ငံက ငါးခြောက်တွေမှာ ဓာတု ပိုးသတ်ဆေးတွေ ထည့်သွင်း ထားကြောင်း အာဏာပိုင်တွေက ဓာတ်ခွဲ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပိုးသတ်ဆေး တွေက စားသုံးသူတွေအပေါ် အန္တရာယ် ပိုးသတ်ဆေး မျိုးတွေ ဖြစ်ပြီး ကလိုရိုဖောင်း ခေါ် ယင်မနားဆေး တွေ သုံးတာ အဓိက တွေ့ရတယ်လို့ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ တနင်္သ࿿ာရီ စတဲ့ ကမ်းရိုးတန်း ဒေသ ငါးခြောက် လုပ်ငန်း လုပ်ကိုင် သူတွေက ငါးခြောက် ကို မလှန်းခင် ထဲက ဒီပိုးသတ်ဆေး စိမ်တာမျိုးတွေ ရှိတယ်လို့ သူက ပြောပါတယ်။

တိုနန့်နန့်ဝတ်စုံ ၀တ်ဆင်လို့ အရိုက်ခံရတဲ့ အိန္ဒိယ မင်းသမီး

အိန္ဒိယနိုင်ငံ ဘောလီဝုဒ်မင်းသမီးနဲ့ မော်ဒယ်လ် ဂူဟာခန် (Gauhar Khan)ဟာ တိုနန့်နန့်ဝတ်စုံကို ၀တ်ဆင်တဲ့အတွက် အရိုက်ခံခဲ့ရပါတယ်။

ရုပ်ရှင်မင်းသမီး ခန်ဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုကို ရိုက်ကူးနေစဉ်မှာ အသက် ၂၄ နှစ်အရွယ် ပရိသတ်တဦးက ဆုံးမတဲ့အနေနဲ့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ ရိုက်နှက်တဲ့သူတွေကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

မွတ်စလင် အမျိုးသမီးတဦး ဖြစ်တဲ့အတွက် တိုနှံနှံ အ၀တ်အစားတွေ မ၀တ်သင့်ဘူးလို့ ရိုက်နှက်တဲ့ သူက ပြောဆိုတယ်လို့လည်း ဆိုပါတယ်။

မျိုးစောင့်ဥပဒေများ အများပြည်သူသို့ ပထမဆုံးအကြိမ်ချပြ

Photo: မျိုးစောင့်ဥပဒေများ အများပြည်သူသို့ ပထမဆုံးအကြိမ်ချပြ

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂ ရက်

အစိုးရက အများပြည်သူ လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန် လိုက်သည့် ဘာသာကူးပြောင်း ခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမ များအထူးထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းနှင့် လူဦးရေတိုးပွားနှုန်းထိန်းချုပ်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းလေးခုတွင် အငြင်းပွားဖွယ်ရာအချက်အလက်များပါဝင်နေကြောင်း ဥပဒေပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယခုဥပဒေကြမ်းများကို နိုဝင်ဘာလကုန်မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ဒီဇင်ဘာ ၁ရက်မှစ၍ ဥပဒေကြမ်းတစ်ခုချင်းစီအလိုက် နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာများတွင် အကြံပြုနိုင်ရန် ဖော်ပြလျက်ရှိသည်။

ဘာသာကူးပြောင်းခြင်း ဥပဒေမှလွဲ၍ ကျန်ဥပဒေသုံးခုမှာ ယခုကျမှ အများပြည်သူသို့ ပထမဆုံးအကြိမ်ချပြခြင်းဖြစ်သည်။

ကိုးကွယ်ခြင်း၊ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း တွင် ဘာသာရေးကို မိမိယုံကြည် သလို ကိုးကွယ်ခွင့်ရှိပြီး ဘာသာ ကူးပြောင်းလိုပါက မိမိဆန္ဒအရ ကူးပြောင်းခွင့်ရှိသည့်အချက်မှာ နိုင်ငံတကာစံနှင့် ကိုက်ညီသော် လည်း ဘာသာကူးပြောင်းမှုကို နှုတ်ဖြင့် မှတ်ပုံတင်ရန်မှာမူ အခက်အခဲရှိကြောင်း တန်းတူညီမျှမှုကွန်ရက်မြန်မာမှ ဒါရိုက်တာဦးအောင်မျိုးမင်းက ပြောကြားသည်။

‘‘မှတ်ပုံတင်အဖွဲ့မှာ သက် ဆိုင်ရာဘာသာရေးသဘောနား လည်သူတွေပါရမယ့်အစား အုပ် ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ များနေတယ်။ ဒီတော့ လူတစ် ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုကိုအုပ်ချုပ်ရေးက ၀င်ပြီး ဆုံးဖြတ် ပေးမယ့် သဘောမျိုးဖြစ်နေတယ်။ပြီးတော့နောက်ပိုင်းဘာသာကူး ပြောင်းပြီးနောက်မှာ ဒီလူက ဒီ ဘာသာကို လေးစားလိုက်နာမှုကို ဘာနဲ့ တိုင်းမလဲဆိုတာ ပြဿနာ။ အဲဒီပြဿနာအရ နောက်ပိုင်း ဘာသာရေးရဲတွေလို တင်းကျပ်မှုတွေ၊နည်းဥပဒေတွေမှာ မပါလာဘူးလို့ မပြောနိုင်ဘူး’’ဟု ၎င်းကဆိုသည်။

မှတ်ပုံတင်အဖွဲ့တွင် အစိုးရ ၀န်ထမ်း ဗုဒ္ဓဘာသာဝင် ခုနစ်ဦး၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်တစ်ဦးစီ စုစုပေါင်း ၁၀ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဘာသာ ကူးပြောင်းလိုသူကို မှတ်ပုံတင် အဖွဲ့ဝင်ငါးဦးက စစ်ဆေးမည်ဖြစ် သည်။ ယင်းငါးဦးအဖွဲ့တွင် ဗုဒ္ဓ ဘာသာဝင် လေးဦးနှင့် ကျန်တစ် ဦးက ကူးပြောင်းလိုသည့် ဘာသာဝင်တစ်ဦးပါဝင်ရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် မ ၃၄ တွင် နိုင်ငံသားတိုင်း ဘာ သာသာသနာရေးတွင် လွတ်လပ် စွာ ကိုးကွယ်နိုင်သည့် အခွင့်အ ရေးအညီအမျှရရှိစေရမည်ဟု ပြဋ္ဌာန်းထားပြီး နိုင်ငံတကာလူ့ အခွင့်အရေးကြေညာစာတမ်း ပုဒ်မ၁၈ တွင်လည်း လူတစ်ဦးသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ဘာသာကူးပြောင်းခွင့်၊ မူလဘာသာကို ပြန်လည်ကူးပြောင်းခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ဘာသာပြောင်းပါက မှတ်ပုံ တင်ရမည်ဆိုခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း မညီဘဲ ဘာသာများအကြား သွေးကွဲမှုများဖြစ်ပေါ်လာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကပြောသည်။ ထို့အပြင်လူဦးရေ တိုးပွားခြင်းကို ထိန်းချုပ်ခြင်းဆိုင် ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းမှာလည်း ဥပဒေရှု ထောင့်အရရော လူ့အခွင့်အရေး ရှုထောင့်အရပါ ဒေသတစ်ခုကို ကွက်၍ ထိန်းချုပ်လိုသည့် ရည် ရွယ်ချက်မျိုးဖြစ်နေကြောင်း ၎င်း ကပြောသည်။

‘‘လူဦးရေကို ထိန်းချင်တယ် ဆိုရင် တရုတ်လို ကလေးတစ် ယောက်ပေါ်လစီလုပ်ရမယ်။ အခုဟာက သမ္မတက ဒီဥပဒေအရ လူဦးရေအဆမတန်တိုးတက်နေ တဲ့ ဒေသဆိုပြီး သတ်မှတ်လိုက်တဲ့ ဒေသမှာ သားဆက်ခြားမှာတို့၊ ကလေးတစ်ယောက်မွေးပြီး သုံး နှစ်နေမှ နောက်တစ်ယောက်မွေး ရမယ်ဆိုတာတွေက တစ်နိုင်ငံတည်းမှာ ဥပဒေက နှစ်ခုဖြစ်သွားသလိုပေါ့။ တခြားဒေသက သူတွေကျတော့ ကြိုက်သလိုမွေးလို့ရတယ် ဖြစ်သွားမယ်။ ဒါလူ့အခွင့်အရေးနဲ့လည်း မညီဘူး’’ဟု ၎င်းကထောက်ပြသည်။

လူဦးရေထိန်းချုပ်ခြင်းဆိုင် ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းတွင် ဒေသအတွင်း လူဦးရေနှင့် သယံဇာတအချိုးမ ညီခြင်း၊ စားနပ်ရိက္ခာမလုံလောက်ခြင်းနှင့် ကလေးမွေးနှုန်း မြင့်မားနေခြင်း၊ လူဦးရေသိပ်သည်းဆများပြီး ပြောင်းရွှေ့ဝင်ရောက်သူများ များပြားနေခြင်းတို့ကို ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့များက စစ်တမ်းကောက်ပြီးနောက် သမ္မတကို တင်ပြရမည်ဖြစ်သည်ဟု ပါရှိသည်။ သမ္မတက ယင်းဥပဒေအရ အဆိုပါဒေသကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရမည့် အထူးဒေသအဖြစ်အမိန့်ကြေညာ စာထုတ်ပြန်သတ်မှတ်မည်ဖြစ်ပြီး ယင်းဒေသကို ကျန်းမာရေးဝန်ကြီး ဌာနက ကိုင်တွယ်၍ နိုင်ငံတကာ အကူအညီများ၊ ဆေး၊ ငွေကြေး အထောက်အပံ့အားလုံးကို ကြီး ကြပ်စီမံမည်ဖြစ်သည်ဟု ဥပဒေ တွင် ပါရှိသည်။

ထို့အပြင်မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားခြင်းဥပဒေများ ၁၉၅၄ ဗုဒ္ဓဘာသာဝင်မိန်းမှာ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေနှင့် အချက်တော်တော် များများတူနေသည်။

‘‘ဥပဒေတွေက ထပ်နေပြီ။ မလိုအပ်ဘူး။ လင်မယားကွဲရင် ရှိသမျှ ပစ္စည်းတွေက မိန်းမရ မယ်။ သားသမီးတွေ အုပ်ထိန်းပြီး အမွေဆက်ခံတာက အစ အရင် ဥပဒေမှာပါပြီးသား။ ထောင်ဒဏ် တွေတော့ မပါဘူးပေါ့။ အခုဥပဒေအသစ်မှာ ထောင်ဒဏ်တွေပါနေတယ်။ တကယ်တော့ ဒါတွေဟာ လူမှုရေးဥပဒေတွေဖြစ်တယ်။ မလိုအပ်ဘဲနဲ့ ထွင်ပြီးလုပ်တဲ့ ဥပဒေဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ဆန့်ကျင်တယ်။ ဥပဒေသမားဖြစ်လို့ ဥပဒေနဲ့ အညီပဲဖြစ်စေချင်တယ်’’ဟု တရား လွှတ်တော်ရှေ့နေ ဦးသန်းစိုးက ပြောသည်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ များအထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် မြန်မာဗုဒ္ဓဘာ သာမိန်းကလေးကို ထိမ်းမြားလို သော ယောက်ျားတို့လိုက်နာရ မည့်အချက်များမှာ ဘာသာရေး ဆိုင်ရာ လိုက်နာဆောင်ရွက်ရ မည့် အချက်များဖြစ်နေပြီး ယင်း အချက်များကို မလိုက်နာပါက ထောင်ဒဏ် ခြောက်လမှ အများ ဆုံး သုံးနှစ်အထိနှင့် ငွေဒဏ်များ ကို အပြစ်ပေးနိုင်ကြောင်း ထည့် သွင်းထားသည်။

‘‘ဥပဒေကြမ်းဆိုတာ အား နည်းချက်တွေရှိတာပဲ။ ဒါကြောင့် လည်း ထောက်ပြခိုင်း၊ အကြံပြု ခိုင်းတာပေါ့။ ကျွန်တော်တို့က တော့ ဥပဒေပြုရေးမှာ တာဝန်ရှိ တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဥပမာ ဒီဥပဒေတွေ ကြောင့် ဘာသာခြားတစ်ယောက် ယောက်ကို ဖြစ်ဖြစ် ထိခိုက်တယ်၊ နစ်နာမှုဖြစ်စေတယ်ဆိုရင် ကျိုး ကြောင်းဆီလျော်စွာ ကန့်ကွက် ပါ။ ပြောပါ။ ကျွန်တော်တို့က ထည့်သွင်းစဉ်းစားရမှာပေါ့။ အ ကြမ်းဖက်မှုဆိုတာက ဒီဥပဒေ တွေမရှိခင်တည်းက မြန်မာမှာ တင်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပဲ’’ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးဖုန်းမြင့် အောင်ကပြောကြားသည်

မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုဆန္ဒပြနေကြသူများ (ဓာတ်ပုံ − ပြည့်စုံအောင်/အီးပီအေ)
7Day Daily
အစိုးရက အများပြည်သူ လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန် လိုက်သည့် ဘာသာ ကူးပြောင်း ခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမ များအထူးထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းနှင့် လူဦးရေတိုးပွားနှုန်းထိန်းချုပ်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းလေးခုတွင် အငြင်းပွားဖွယ်ရာအချက်အလက်များပါဝင်နေကြောင်း ဥပဒေပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဖီဖာကမ္ဘာ့အကောင်းဆုံး ဆန်ခါတင်သုံးဦးအဖြစ် ရော်နယ်ဒို၊ နူအာ၊ မက်ဆီရွေးချယ်ခံရ

Photo: ဖီဖာကမ္ဘာ့အကောင်းဆုံး ဆန်ခါတင်သုံးဦးအဖြစ် ရော်နယ်ဒို၊ နူအာ၊ မက်ဆီရွေးချယ်ခံရ

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂ ရက်

ဖီဖာနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့က ၂၀၁၄ ဖီဖာဘော်လွန်းဒီအော (ကမ္ဘာ့အကောင်းဆုံးဆု)အတွက် ဆန်ခါတင်သုံးဦးစာရင်းကို ဒီဇင်ဘာ ၁ရက်က ကြေညာလိုက်ရာ ရေပန်းစားနေသည့်အတိုင်းပင် ရော်နယ်ဒို၊ မက်ဆီ၊ နူအာတို့ ရွေးချယ်ခံခဲ့ရသည်။ အကောင်းဆုံးကစားသမားဆုကို ၂၀၁၅ ဇန်န၀ါရီ ၁၂ရက်တွင် အပြီးသတ်ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။ သောမတ်မူလာ၊ ရော်ဘင်၊ ဖိလစ်လန်းတို့မှာ သုံးဦးစာရင်းတွင်ကျန်ရစ်ခဲ့သည်။

7Day Daily
ဖီဖာနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့က ၂၀၁၄ ဖီဖာဘော်လွန်းဒီအော (ကမ္ဘာ့အကောင်းဆုံးဆု)အတွက် ဆန်ခါတင်သုံးဦးစာရင်းကို ဒီဇင်ဘာ ၁ရက်က ကြေညာလိုက်ရာ ရေပန်းစားနေသည့်အတိုင်းပင် ရော်နယ်ဒို၊ မက်ဆီ၊ နူအာတို့ ရွေးချယ်ခံခဲ့ရသည်။ အကောင်းဆုံးကစားသမားဆုကို ၂၀၁၅ ဇန်န၀ါရီ ၁၂ရက်တွင်

အဝေးပြေးယာဉ်များပေါ်တွင် ခရီးသည်အသွင်ဖြင့် အလစ်သုတ်မှုများ မကြာခဏဖြစ်ပွား

အဝေးပြေးယာဉ်များ ပေါ်တွင် ခရီးသည်အသွင်ဖြင့်အုပ် စုဖွဲ့အလစ်သုတ်ခိုးယူသည့်ဖြစ် စဉ်များ မကြာခဏ ဖြစ်လာသ ဖြင့် ပိုမိုသတိထားရန်ခရီးသည် များကို ယာဉ်လိုင်းများက သတိ ပေးပြောကြား ထားသည်။

ရွှေ၊ ငွေနှင့်တန်ဖိုးကြီးပစ္စည်း များကို ခရီးဆောင်အိတ်များနှင့် ထည့်သွင်းသွားလာပါက သတိရှိရန်နှင့် ယာဉ်မထွက်ခွာမီ ခရီးသည်တက်စဉ် ခိုးဝှက်ခြင်းများနှင့် အုပ်စုဖွဲ့အလစ်သုတ်မည့်အဖွဲ့ က ကားလက်မှတ်ဖြတ်၍ ကား ပေါ်တွင် အခွင့်ကောင်းစောင့် သည့် အဆင့်ထိရှိလာကြောင်း နာမည်ကြီး ယာဉ်လိုင်းများထံမှ သတင်းရရှိသည်။

ရိုးမဘဏ်က တယ်လီနောနှင့်ပေါင်း၍ မိုဘိုင်းဘဏ်ဝန်ဆောင်မှု စတင်

ရိုးမဘဏ်က တယ်လီ နောနှင့်ပူးပေါင်း၍ မိုဘိုင်းဘဏ် လုပ်ငန်းနှင့် ငွေပေးချေမှုများကို ယခုရက်ပိုင်းအတွင်း စတင်မည် ဖြစ်ကြောင်း ရိုးမဘဏ်မှသတင်း ရရှိသည်။

မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှာ ဘဏ်များ(သို့မဟုတ်) ဘဏ်မှ သတ်မှတ်ပေးထားသော အေဂျင် စီများတွင် အကောင့်ဖွင့်လှစ်ရန် လိုအပ်မည်ဖြစ်ပြီး ငွေလွှဲပို့ခြင်း၊ ထုတ်ယူခြင်းများကို မိုဘိုင်းဖုန်း တွင် ထည့်သွင်းထားသောဆော့ဖ် ၀ဲမှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ လိုက်ရုံဖြင့် ဘဏ်သို့သွားရန်မလိုဘဲ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Monday, December 1, 2014

လိုင်စင်ပြန်လည်ရရှိပြီးပါက MPT အနေဖြင့် အခြားအော်ပရေတာများနည်းတူ လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်း ၁၅နှစ်ရရှိမည်

MPT မှ တယ်လီဖုန်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီးပါက ၁၅နှစ် တာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးသန်းထွန်း အောင်က ပြောသည်။

အော်ပရေတာတစ်ခုအဖြစ် လုပ်ကိုင်မည့်မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတွင် တယ်လီဖုန်း အော်ပရေတာလိုင်စင် ရရှိရန်ပြန် လည် လျှောက်ထားနေသည့်ကာလ ဖြစ်ပြီး လပိုင်းအတွင်း လိုင်စင်ချ ထားပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်ဟု သိရသည်။

မျိုးစောင့် ဥပဒေကြမ်းလေးခု လွှတ်တော်သို့ တင်သွင်းလိုက်ပြီ

မျိုးစောင့် ဥပဒေတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ အပါအဝင် ဥပဒေကြမ်း လေးခုကို နိုဝင်ဘာလ ၂၆ရက်နေ့က လွှတ်တော်သို့ တင်သွင်းလိုက်ပြီလို့ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားရေးမှူး တစ်ဦးရဲ့အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနှစ်ခုကို ပြည်ထောင်စု အစိုးရအဖွဲ့ကနေ လွှတ်တော်သို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တင်သွင်းခဲ့တာပါ။

ဆေးလိပ်ဖြတ်လိုက်သောအခါ

အမေရိကန် ကင်ဆာကာကွယ်ရေးအသင်းက သုတေသနပြုချက်အရ လူတယောက် ဆေးလိပ်ဖြတ် လိုက်သောအခါ ၄င်း၏ခန္ဓာကိုယ်တွင် အောက်ပါအတိုင်း အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာသည်ကို တွေ့ရသည်။
၁။ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀-အကြာဝယ်
(က) အနည်းငယ်တိုးနေသော သွေးဖိအားသည် ပုံမှန်သို့ ပြန်ရောက်သွားသည်။
(ခ) သွေးခုန်နှုန်းမှာ ပုံမှန်သို့ ပြန်ရောက်သွားသည်။
(ဂ) သွေးလှည့်မှု နှေးသောကြောင့် မသိမသာအေးနေသော ခြေ၊ လက်တို့၏ အပူချိန်သည် ပုံမှန်သို့ ပြန်ရောက်လာသည်။

နိုင်ငံရေးအခြေအနေ စောင့်ကြည့်နေခြင်းသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှု နောက်ကျစေ

 မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ် နှံရာတွင် အမည်ပျက်စာရင်းသွင်း ထားသူများ အလုပ်မလုပ်ရန် အ မေရိကန် အစိုးရက စောင့်ကြည့် နေမှုသည် အခြားနိုင်ငံများကို အ ခွင့်အရေးပေးနေခြင်းဖြစ်ကြောင်း ကိုလံဘီယာတက္ကသိုလ်မှစီးပွား ရေးပညာရှင်ပရော်ဖက်ဆာရော် နယ်ဖင်းလေးကပြောကြားသည်။

‘‘နိုင်ငံရေး အခြေအနေအရ အမေရိကန်အစိုးရ စောင့်ကြည့် နေတာ။ သူပဲနောက်ကျမှာပဲ’’ဟု ၎င်းကပြော သည်။

နေတိုး ကမ်းလှမ်းလို့ ရုပ်ရှင်ရိုက်မယ့် ရတနာမိုင်

Photo: နေတိုး ကမ်းလှမ်းလို့ ရုပ်ရှင်ရိုက်မယ့် ရတနာမိုင်

Monday, December 1, 2014

နေတိုး၏ ကမ်းလှမ်းမှုကြောင့် ရုပ်ရှင်ကားကြီးတစ်ကားတွင် အဆိုတော်ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရတနာမိုင်ကပြောသည်။

‘‘ရိုက်မယ့်ရက်တော့ အတိအကျတော့မသိရသေး ဘူး။ ကာရိုက်တာကတော့ အပြင် Lifeအတိုင်းအဆိုတော်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရမှာပါ’’ဟု ရတနာမိုင်ကပြောသည်။ ပထမဆုံးရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းဖြစ်သောကြောင့် ရင်ခုန်နေသကဲ့သို့ အ၀တ်အစားနှင့်ပတ်သက်၍ ပြင်ဆင်နေကြောင်း ၎င်းကပြောသည်။ဂီတလှုပ်ရှားမှုအနေဖြင့် မကြာမီက ထွက်ရှိထားသော ‘ဂွတ်နိုက်ချစ်သူ’ ဒီဗီဒီပရိုမိုးရှင်းပွဲများကို နယ်မြို့များတွင် ပြုလုပ်ဖြစ်ပြီး ဖျော်ဖြေရေးခရီးများလည်း သွားရန် အစီအစဉ်ရှိကြောင်း ရတနာမိုင်ကပြောသည်။

‘‘ဒီဇင်ဘာလထဲမှာ ဘန်ကောက်သွားပြီး သီချင်းဆိုဖို့ရှိ တယ်။ မန္တလေးမှာလည်းဆိုဖို့ရှိ တယ်။ နောက်ပြီး ကိုအောင်လရဲ့ ဗီစီဒီတစ်ပုဒ်ရိုက်ပေးဖို့အစီအစဉ် ရှိပါတယ်’’ဟု ၎င်းကပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၁ရက် နှင့် ၂ရက်တွင် ပြုလုပ်မည့်အနုပ ညာရှင်များပါဝင်ဖွဲ့စည်းထား သော We Love Myanmar ပရဟိတအဖွဲ့မှ အနုပညာရှင်များကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်၍ အလှူခံမည့် အစီအစဉ်တွင်လည်း ပါဝင်သွားမည်ဟု ရတနာမိုင်ကပြောသည်။

7Day Daily
နေတိုး၏ ကမ်းလှမ်းမှုကြောင့် ရုပ်ရှင်ကားကြီးတစ်ကားတွင် အဆိုတော်ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရတနာမိုင်ကပြောသည်။

‘‘ရိုက်မယ့်ရက်တော့ အတိအကျတော့မသိရသေး ဘူး။ ကာရိုက်တာကတော့ အပြင် Lifeအတိုင်းအဆိုတော်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရမှာပါ’’ဟု ရတနာမိုင်ကပြောသည်။ ပထမဆုံးရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းဖြစ်သောကြောင့် ရင်ခုန်နေသကဲ့သို့ အ၀တ်အစားနှင့်ပတ်သက်၍ ပြင်ဆင်နေကြောင်း ၎င်းကပြောသည်။ဂီတလှုပ်ရှားမှုအနေဖြင့် မကြာမီက ထွက်ရှိထားသော ‘ဂွတ်နိုက်ချစ်သူ’ ဒီဗီဒီပရိုမိုးရှင်းပွဲများကို နယ်မြို့များတွင် ပြုလုပ်ဖြစ်ပြီး ဖျော်ဖြေရေးခရီးများလည်း သွားရန် အစီအစဉ်ရှိကြောင်း ရတနာမိုင်ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အားလုံးရဲ့ အထက်မှာ KIA ရှိနေသလား…?

Photo: တိုင်းရင်းသားလက်နက်ကိုင်အားလုံးရဲ့ အထက်မှာ KIA ရှိနေသလား…?
Monday, December 1, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး အဆုံးသတ်ရန် UPNC နှင့် NCCT တို့ဆွေးနွေးခဲ့သည်မှာ ပဉ္စမမူကြမ်းအဆင့် အထိ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့သော် KIAနယ်မြေထဲတွင် ဖြစ်ပွားခဲ့သော ဗိုလ်သင်တန်းကျောင်း ပဋိပက္ခကြောင့် အပစ်ရပ်ဆွေးနွေးပွဲရက်ရွှေ့ ဆိုင်းလိုက်သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။ KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကလည်း ယခုဆွေးနွေးပွဲ များ အရှိန်မပျက် ကျင်းပပြုလုပ်ခဲ့သည်။

ယခုတစ်ကြိမ် KIA ကြောင့် ရက်ရွှေ့ဆိုင်းရသည်ဟူသော အကြောင်းပြ ချက်က မေးခွန်းထုတ်စရာများ စွာရှိလာခဲ့ပါသည်။ NCCT တွင်ပါဝင်သော လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက KIA ၏ သြဇာလွှမ်းမိုး မှု အောက်ကို ကျရောက် သကဲ့သို့ဖြစ်နေသည်။ ထို့အပြင် အခြားသောလက်နက်ကိုင်အဖွဲ့ အစည်းများက အပစ်ရပ် ရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် KIA အားတွန်းအားမပေးခြင်းကလည်း ထောက်ပြစရာဖြစ်လာခဲ့ သည်။

ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းမှာ ဗိုလ်လောင်း ၂၃ ဦးကျဆုံးမှုကို ၀မ်းနည်းကြေကွဲမှု၊ ဆုတောင်း မှုများဖြင့် ဖုံးကွယ်ရန်ကြိုးစားနေကြသည်။ အမှန်တကယ်မှာတော့ KIA နယ်မြေထဲမှာ လက်နက်ကိုင်အဖွဲ့များ လျှို့ဝှက်စွာ ပူးပေါင်းစစ်ရေးလေ့ကျင့်နေကြခြင်းသာဖြစ်ပါသည်။ အစိုးရနှင့် အပစ် ရပ်ဆွေးနွေးနေသော် လည်း နောက်ကွယ်မှာ စစ်အင်အားဖြည့် တင်းပူးပေါင်းခြင်းက ရိုးသားသောလုပ်ရပ်မဟုတ် ဟု မြင်မိပါသည်။ အပစ်ရပ် ဆွေးနွေးပွဲအပေါ် အမြတ်ထုတ်နေခြင်းသာဖြစ်ပါသည်။

KIA ကြောင့် အပစ်ရပ်ဆွေးနွေးပွဲ၇က်ရွှေ့ရအောင် သေဆုံးဗိုလ်လောင်း ၂၃ ဦးတွင် KIA အဖွဲ့ဝင် တစ်ယောက်မျှမပါဝင်ပေ။ သို့အတွက် KIA အပစ်မရပ်ချင်ဘူးဟူသော အကြောင်းပြချက်က ခိုင်လုံသည်ဟု မဆိုနိုင်ပါ။ KIA ကြောင့် အပစ်မရပ်နိုင်ဘူးဆိုပါက တိုင်းရင်းသားလက်နက်ကိုင်အားလုံး KIA ကို ကြောက်နေ၍ သာဖြစ်ပါလိမ့်မည်။

သို့သော် KIA ကို မယုံကြည်ရဲပါ။ KNU လို နှစ်ပေါင်း (၆၀)ကျော် အစိုးရတပ်တွေနဲ့ တိုက်ခိုက်လာမှုများ ကို အဆုံးသတ်သွားလျှင် အကောင်းဆုံးဖြစ်ပါသည်။ ပြတ်သားသော လုပ်ရပ်ကို KIA အတုယူသင့်သည်။ KIA အနေနဲ့ ပြည်နယ်အဆင့်ပင် အပစ်မရပ်ခြင်းက နောက်ကွယ်တွင် ဖက်ဒရယ်တပ်မတော်ဟူသော အကြံအစည် ကြီး ရှိနေကြောင်း ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်က သက်သေပြနေသည်။

ASSDF,CNF,TNLA,AA က တပ်ဖွဲ့ ၀င်တွေကို အလကား ဗိုလ်သင်တန်း တက်ခွင့်ပေးရလောက်အောင် KIA သဘောမကောင်းနိုင်ပါဘူး။ ထို့ကြောင့် KIA အပစ်မရပ်တာကို တိုင်းရင်းသားလက်နက်ကိုင်အားလုံးနှုတ် ဆိတ်နေပုံထောက် ရင် သူတို့အားလုံးရဲ့ အထက်မှာ KIA ရှိနေသလားဆိုတဲ့ သံသယအမြင်ကလည်း ရှင်သန်လာခဲ့ပြီဖြစ်ပါသည်။

နေ၀င်းသစ်
KDN
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး အဆုံးသတ်ရန် UPNC နှင့် NCCT တို့ဆွေးနွေးခဲ့သည်မှာ ပဉ္စမမူကြမ်းအဆင့် အထိ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့သော် KIAနယ်မြေထဲတွင် ဖြစ်ပွားခဲ့သော ဗိုလ်သင်တန်းကျောင်း ပဋိပက္ခကြောင့် အပစ်ရပ်ဆွေးနွေးပွဲရက်ရွှေ့ ဆိုင်းလိုက်သည်ဟူသော သတင်းများလည်း ထွက်ပေါ်လာသည်။ KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကလည်း ယခုဆွေးနွေးပွဲ များ အရှိန်မပျက် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

 ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေမှုများ အပါအ၀င် ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၃၀ ရက်က သိရသည်။

ယင်းကဲ့သို့ အဆုံးစီရင်မှုများထဲတွင် အဆိပ်သောက်သေဆုံးမှု ခုနစ်မှုပါဝင်ပြီး ဖြစ်စဉ်များမှာ နိုဝင်ဘာ ၂၅ ရက်တွင် မှော်ဘီမြို့နယ်တွင် အမျိုးသားတစ်ဦး၊ နိုဝင်ဘာ ၂၈ ရက်၊ ၂၁ ရက်၊ ၁၄ ရက်နှင့် ၇ ရက်တို့တွင် တိုက်ကြီးမြို့နယ်၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ နိုဝင်ဘာ ၁၉ ရက်၌ တွံတေးမြို့နယ်၌ ညီအစ်မနှစ်ဦးနှင့် နိုဝင်ဘာ ၈ ရက်တွင် ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင် တန်းကျောင်းသူတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

ရန်ကုန်တိုင်းဒေသကြီး၌ ယခုလအတွင်း စာမေးပွဲကျရှုံးမှု၊ အလုပ်အကိုင်၊ စီးပွားရေးအဆင်မပြေမှုများ အပါအ၀င် ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၃၀ ရက်က သိရသည်။

ယင်းကဲ့သို့ အဆုံးစီရင်မှုများထဲတွင် အဆိပ်သောက်သေဆုံးမှု ခုနစ်မှုပါဝင်ပြီး ဖြစ်စဉ်များမှာ နိုဝင်ဘာ ၂၅ ရက်တွင် မှော်ဘီမြို့နယ်တွင် အမျိုးသားတစ်ဦး၊ နိုဝင်ဘာ ၂၈ ရက်၊ ၂၁ ရက်၊ ၁၄ ရက်နှင့် ၇ ရက်တို့တွင် တိုက်ကြီးမြို့နယ်၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ နိုဝင်ဘာ ၁၉ ရက်၌ တွံတေးမြို့နယ်၌ ညီအစ်မနှစ်ဦးနှင့် နိုဝင်ဘာ ၈ ရက်တွင် ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင် တန်းကျောင်းသူတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

UPWC နှင့် NCCT ဆွေးနွေးပွဲကြန့်ကြာနေခြင်းမှာ ယုံကြည်မှု လျော့သွားခြင်းကြောင့်ဟု ဦးအောင်မင်းပြော

ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်း ရေးအဖွဲ့ (NCCT)တို့ ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန် ကြန့်ကြာနေခြင်းမှာ ယုံကြည်မှုများ ပြန်လည်လျော့နည်းသွား၍ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြောကြား သည်။

‘‘ခိုင်မာတဲ့ အပစ်အခတ်ရပ် စဲရေးကို မရောက်သေးတဲ့အ တွက် တပ်နေရာ သတ်မှတ်ခြင်း တွေ မလုပ်နိုင်သေးဘူး။ ကျင့် ၀တ်စည်းကမ်းတွေ မဆွဲရသေး ဘူး။ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ တွေ မဖွဲ့ရသေးဘူး။ အဲဒီလိုအနေ အထားမျိုးမှာ တိုက်ပွဲလေးတွေ ကမ္ဘာမှာ ပြန်လည်ဖြစ်တတ်တာ ရှိပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု တွေ ပြန်လျော့သွားရှိတယ်’’ ဟု ဦးအောင်မင်းက နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံသည့်ပွဲတွင် သတင်းထောက်များအား ပြော ကြားခဲ့သည်။

ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း သမ္မတအကြံပေးပြော

Photo: ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း သမ္မတအကြံပေးပြော
Monday, December 1, 2014

ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပညာရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ကုန် သည် များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMF-CCI) တွင်ပြောသည်။

‘‘မြန်မာ့စီးပွားရေးအကူးအ ပြောင်းအရေး ကိစ္စများနှင့် ရွေး ချယ်နိုင်သော အခွင့်အလမ်းများ’’ အမည်ရှိ ဆွေးနွေးဟောပြောပွဲ တွင် ‘‘ပညာရေးသည် နိုင်ငံရေး ကစားကွက် မဖြစ်သင့်ဘူးလို့ ကျွန်မပြောချင်ပါတယ်။ ကလေး တွေ နာပါတယ်။ အဲဒီတော့ စိတ် ရှည်ရပါမယ်’’ ဟု ဒေါက်တာ ရင်ရင်နွယ်ကပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေး အခြေအနေဆိုးရွားနေမှုကို လူ တိုင်း နားလည်လက်ခံမှုရှိနေပြီး အပြစ်တင်ပြောဆိုနေမည့်အစား မိဘပြည်သူများအနေဖြင့် ၀ိုင်း ၀န်းပူးပေါင်းပါဝင်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘အမျိုးသားပညာရေးဥပဒေ ကို တချို့တွေ ဆန္ဒပြနေကြတယ်။ ဒါပေမဲ့ နဂိုဘာမူမှမရှိတဲ့ ဘ၀ ကနေ ဒီဟာလုပ်တယ်ဆိုတာ တိုး တက်မှုလို့ပြောလို့ရတယ်’’ဟု ဒေါက်တာရင်ရင်နွယ်က ပြောသည်။

မြန်မာနိုင်ငံသမိုင်းတွင် ပထ မဆုံးအကြိမ်အနေဖြင့် မူလတန်း နှင့် အလယ်တန်း အဆင့်ကိုအခမဲ့ပညာရေးအဖြစ် သတ်မှတ်လိုက် ပြီး ကျောင်းများ ဆောက်လုပ် ခြင်း၊ ဆရာများခန့်အပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။

စစ်အစိုးရ လက်ထက်တွင် မြန်မာ့ပညာရေး ပျက်စီးသွားခဲ့ ခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက် ဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်အစိုးရကို အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။ ယခုအခါ သမ္မတအကြံပေးပညာရှင်က ဆန္ဒပြမှုများနှင့် ပတ်သက်၍ ပညာရေးသည် နိုင်ငံရေးကစားကွက်မဖြစ် သင့်ကြောင်း ပြန်လည်တုံ့ပြန် ပြောကြားလိုက်ခြင်းဖြစ်သည်။

‘‘အခုချိန်ထိတော့ ဘယ် နိုင်ငံရေးအဖွဲ့ကမှ ကျောင်းသား တွေရဲ့ ဆန္ဒပြတဲ့အထဲမှာ ၀င်လာတာ မတွေ့ရသေးပါဘူး။ ကျောင်း သားတွေကလည်း အမျိုးသား ပညာရေးဥပဒေက ပညာရေးကို အပြောင်းအလဲဖြစ်စေမှာ မဟုတ် တဲ့အတွက် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေကြတာပါ။ အခု ရက်ပေါင်း ၆၀ အတွင်းမှာ သူတို့ တောင်းဆိုတာတွေကို လျစ်လျူရှု မယ်ဆိုရင်တော့ သူတို့အင်အားနဲ့ မနိုင်တော့တဲ့အတွက် အထွေထွေ သပိတ်ဆင်နွှဲဖို့ ကြွေးကြော်ထား တာတွေ့ရပါတယ်’’ ဟု နိုင်ငံလုံး ဆိုင်ရာ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးကွန်ရက်(NNER) မှ ဒေါ်သူသူမာကပြောသည်။

အစိုးရ ဖွဲ့စည်းထားသော ပညာရေးအကြံပေးပညာရှင်များက အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ စိတ်ရှည်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြေညာထားသော်လည်း ကျောင်းသားသမဂ္ဂ၊ ဆရာအသင်းများနှင့် အရပ်ဘက် ပညာရေးအဖွဲ့အစည်းများတွင် ဗဟိုချုပ်ကိုင်မှုများရှိနေဆဲဖြစ်ကြောင်း ကြေညာကန့်ကွက်ထားသည်။

သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ် (ဓာတ်ပုံ− china.org)
7Day Daily
ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း နိုင်ငံတော် သမ္မတ၏ ပညာရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရင်ရင်နွယ်က ကုန် သည် များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များ အသင်းချုပ် (UMF-CCI) တွင်ပြောသည်။

‘‘မြန်မာ့စီးပွားရေးအကူးအ ပြောင်းအရေး ကိစ္စများနှင့် ရွေး ချယ်နိုင်သော အခွင့်အလမ်းများ’’ အမည်ရှိ ဆွေးနွေးဟောပြောပွဲ တွင် ‘‘ပညာရေးသည် နိုင်ငံရေး ကစားကွက် မဖြစ်သင့်ဘူးလို့ ကျွန်မပြောချင်ပါတယ်။ ကလေး တွေ နာပါတယ်။ အဲဒီတော့ စိတ် ရှည်ရပါမယ်’’ ဟု ဒေါက်တာ ရင်ရင်နွယ်ကပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖေ့စ်ဘွတ်ခ် စာမျက်နှာအတု များကြောင့် ရဲတပ်ဖွဲ့ကို ထိခိုက်ဟု ပြည်ထဲရေး တာဝန်ရှိသူပြော

အင်တာနက်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ရဲအဖွဲ့အစည်းနှင့်ပတ်သက်သော စာမျက်နှာများက ရဲတပ်ဖွဲ့တစ်ခု လုံးကို ထိခိုက်မှုရှိစေကြောင်း နေ ပြည်တော်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးကြီးဝင်းခေါင်က ပြောသည်။

‘‘ကျွန်တော်တို့မှာ တရားဝင် ဖွင့်ထားတဲ့ Myanmar Police Force ဆိုတဲ့အမည်နဲ့ အွန်လိုင်း ပေါ်မှာ ၀က်ဘ်ဆိုက်ရှိပြီးသား၊ အဲဒီအပေါ်မှာ ရဲသမဂ္ဂတို့ ဘာတို့ ပေါ်လာတဲ့အခါကျတော့ အစိတ် စိတ် အမြွှာမြွှာ ဖြစ်နေတဲ့ ပုံစံဖြစ် နေတယ်။ တခြားနာမည်သုံးတဲ့ ဟာကိုတော့ ဘ၀င်မကျဘူးပေါ့’’ ဟု ရဲမှူးကြီး ၀င်းခေါင်က ဆို သည်။