Monday, December 8, 2014

လိပ်ကျွန်း လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ တရားသူကြီးပြော

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားတဲ့ လူသတ်မှုကို ကျူးလွန်ကြောင်း ဝန်ခံရင် သက်သာမယ်လို့ ကော့စမွေ တရားရုံးရဲ့ တရားသူကြီးက ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ဒီနေ့မနက်ပိုင်းက ပြောဆိုလိုက်တယ်လို့ မြန်မာသံရုံး အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးမင်ဦးက ပြောပါတယ်။

လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုခုနှစ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မြန်မာနှစ်ဦးကို ဒီကနေ့ မနက်ပိုင်းက ကော့စမွေ တရားရုံးမှာ ရုံးထုတ် စစ်ဆေးစဉ် တရားသူကြီးက အခုလို ပြောဆိုလိုက်တာပါ။

KIA လက်နက်ကိုင်အဖွဲ့၏ မတရား လုပ်ဆောင်မှုများ အပေါ် ဒေသခံပြည်သူအချို့မှ ထုတ်ဖော်ပြောကြား

Photo: KIA လက်နက်ကိုင်အဖွဲ့၏ မတရား လုပ်ဆောင်မှုများ အပေါ် ဒေသခံပြည်သူအချို့မှ ထုတ်ဖော်ပြောကြား

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

KIA လက်နက်ကိုင် အဖွဲ့အနေဖြင့် လူသစ် စုဆောင်းခြင်း၊ အများပြည်သူ အသုံးပြုနေသည့် လမ်းကြောင်းများ၊ ကျေးရွာအနီး ဝန်းကျင်နှင့် တောင်ယာ စိုက်ခင်းတစ်ဝိုက် နေရာများ၌ မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း များ ဆောင်ရွက်လျက် ရှိသည်။

လူသစ် စုဆောင်းခံရ သူများအနက်မှ အသက်လု၍ ထွက်ပြေး လွတ်မြောက် လာသူအချို့၏ ထုတ်ဖော် ပြောကြားချက် အရ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုများ၊ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများ၊ အချိန် ကြာမြင့်စွာ ဖမ်းဆီး ချုပ်နှောင်မှုများ၊ သတ်ဖြတ်မှု များလည်း ရှိကြောင်း သိရသည်။ လူသစ် စုဆောင်းရာတွင် အသက် ငယ်ရွယ်သူ များနှင့် အမျိုးသမီး များကိုပါ စုဆောင်းခဲ့ပြီး အနိုင်ကျင့် ခံရမှု များလည်း ရှိခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်၊ ချရာပတ္တီး ရပ်ကွက် နှင့် မိုးကောင်းမြို့နယ်၊ နတ်ကြီးကုန်း ရပ်ကွက်တို့၌ လူနေ ရပ်ကွက်ထဲ အထိ ဝင်ရောက်၍ ခြိမ်းခြောက် ဖမ်းဆီး ခေါ်ဆောင်မှု များကြောင့် ကျန်ရစ်သူ မိသားစုဝင်များ ပူဆွေးသောက ရောက်လျက် ရှိသည့် အပြင် ခင်ပွန်းသည် နှင့် လူငယ်များ စား၊ ဝတ်၊ နေရေး ဒုက္ခများကို ရင်ဆိုင် နေရကြောင်း လည်း သိရှိရသည်။

လူသစ် စုဆောင်းခံရသူ ကျား ၇၈၂ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၈၁၈ ဦးရှိခဲ့ပြီး ၅၃၅ ဦးသည် လွတ်မြောက်ခြင်း မရှိသေးဘဲ ခြိမ်းခြောက် လျက် ဖြန့်ခွဲ တာဝန်ပေး ထားကြောင်း နယ်မြေခံ ပြည်သူများ ထံမှ သိရသည်။

KIA လက်နက်ကိုင် အဖွဲ့၏ တိုင်းရင်းသားများ အပေါ် ခွဲခြား ဆက်ဆံမှု၊ လူမျိုးရေး ဖိနှိပ်မှုတို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိ နေပြီး မိုင်းထောင် တိုက်ခိုက်မှု ကြောင့် ခြေ၊ လက်အင်္ဂါ ဆုံးရှုံးရ သူများ၊ အသက် ဆုံးရှုံး ရသူများလည်း ရှိကြောင်း ကိုယ်တိုင် တွေ့ကြုံခံစား ရသူ ပြည်သူများက ရင်ဖွင့် ပြောကြား ခဲ့သည်။ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ မှ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ အထိ KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင် တိုက်ခိုက်မှု ကြောင့် အသက် ဆုံးရှုံးခဲ့ ရသည့် ဒေသခံပြည်သူ ၁ဝ ဦး နှင့် ဒဏ်ရာ ရရှိသူ ၃၇ ဦး ရှိကြောင်း သိရှိရသည်။(၁၀၀)

၁၉-၅-၂၀၁၄ ရက်တွင် KIA လက်နက်ကိုင် အဖွဲ့ ထောင်ထားသော မိုင်းကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဆရာတော် ဦးနန္ဒိမ အား တွေ့ရစဉ်

၂၈-၁၁-၂၀၁၄ ရက်တွင် KIA လက်နက်ကိုင် အဖွဲ့ ထောင်ထားသော မိုင်းကြောင့် ဒဏ်ရာ ရရှိခဲ့သည့် ဒေါ်အားညီ အား တွေ့ရစဉ်

The Myawady Daily
KIA လက်နက်ကိုင် အဖွဲ့အနေဖြင့် လူသစ် စုဆောင်းခြင်း၊ အများပြည်သူ အသုံးပြုနေသည့် လမ်းကြောင်းများ၊ ကျေးရွာအနီး ဝန်းကျင်နှင့် တောင်ယာ စိုက်ခင်းတစ်ဝိုက် နေရာများ၌ မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း များ ဆောင်ရွက်လျက် ရှိသည်။

လူသစ် စုဆောင်းခံရ သူများအနက်မှ အသက်လု၍ ထွက်ပြေး လွတ်မြောက် လာသူအချို့၏ ထုတ်ဖော် ပြောကြားချက် အရ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုများ၊ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများ၊ အချိန် ကြာမြင့်စွာ ဖမ်းဆီး ချုပ်နှောင်မှုများ၊ သတ်ဖြတ်မှု များလည်း ရှိကြောင်း သိရသည်။ လူသစ် စုဆောင်းရာတွင် အသက် ငယ်ရွယ်သူ များနှင့် အမျိုးသမီး များကိုပါ စုဆောင်းခဲ့ပြီး အနိုင်ကျင့် ခံရမှု များလည်း ရှိခဲ့သည်။

မြန်မာ့ဘိန်းထုတ်လုပ်မှု လျော့ကျလာဟု ကုလ ထုတ်ပြန်

Photo: မြန်မာ့ဘိန်းထုတ်လုပ်မှု လျော့ကျလာဟု ကုလ ထုတ်ပြန်
Monday, December 8, 2014

မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လျော့ကျလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဆိုင်ရာ
အဂျင်စီက ထုတ်ပြန်လိုက်သည်။

သို့ရာတွင် စိုက်ပျိုးမြေပမာဏမှာ ယမန်နှစ်အတိုင်း ရှိနေဆဲဖြစ်ပြီး ရိတ်သိမ်းမှု
လျော့နည်းလာသောကြောင့်သာ ထုတ်လုပ်မှုလျော့နည်းလာခြင်း ဖြစ်သည်ဟု UNODC အစီရင်ခံစာက ဆိုထားသည်။

အစီရင်ခံစာအရ မြန်မာ၏ ယခုနှစ် ဘိန်းထုတ်လုပ်မှုသည် တန်ချိန် ၆၇၀ သာ ရှိပြီး ယမန်နှစ်ထက် တန်ချိန် ၂၀၀လျော့နည်းသည်ဟု သိရသည်။ဘိန်းစိုက်ပျိုးဧကပေါင်း ၁၄၂၀၀၀ ရှိနေဆဲဖြစ်သည်ဟုလည်း အစီရင်ခံစာက ဆိုထားသည်။

UNODC တွေ့ဆုံမေးမြန်းခဲ့သော တောင်သူဦးရေ၏ ၇၂ ရာခိုင်နှုန်းက ဘိန်းစိုက်ပျိုးခြင်းသည် အခြားသီးနှံများထက် ပိုမိုတွက်ခြေကိုက်သောကြောင့် စိုက်ပျိုးခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း အစီရင်ခံစာက ဖေါ်ပြထားသည်။

photo- EPA
Popular Myanmar News Journal
မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး အကြိမ်အဖြစ် လျော့ကျလာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဆိုင်ရာအဂျင်စီက ထုတ်ပြန် လိုက်သည်။

သို့ရာတွင် စိုက်ပျိုးမြေပမာဏမှာ ယမန်နှစ်အတိုင်း ရှိနေဆဲဖြစ်ပြီး ရိတ်သိမ်းမှုလျော့နည်းလာ သောကြောင့်သာ ထုတ်လုပ်မှုလျော့နည်းလာခြင်း ဖြစ်သည်ဟု UNODC အစီရင်ခံစာက ဆိုထားသည်။

အနှိပ်ခန်းနှင့် ကေတီဗွီများ တရားဝင်ခွင့်ပြုပေးရန် လွှတ်တော်တွင် တိုက်တွန်း

NightClub-KTV
ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနှိပ်ခန်းတွေကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေ ပြဌာန်းပြီး တရားဝင် ခွင့်ပြုပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က ဦးသောင်းကျော်က ဒီနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

ATM စက်များ ဖောက်ထွင်းခံရမှုရှိသော်လည်း အသုံးပြုသူများ ထိခိုက်နစ်နာမှု မရှိနိုင်ဟုဆို

ပြည်တွင်းရှိ ATM စက်များကို နိုင်ငံတကာ Credit Card အတုများဖြင့် ဖောက်ထွင်းခံရမှု ဖြစ်စဉ်ကြောင့် ပြည်တွင်းရှိ ATM ကတ် အသုံးပြုသူများ အနေဖြင့် အကြောင်းတစ်စုံတစ်ရာ ထိခိုက် နစ်နာမှု ရှိမည် မဟုတ်ကြောင်း ဘဏ်လုပ် ငန်း ကျွမ်းကျင်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အ တွင်း ပြည်တွင်းဘဏ်အချို့ရှိ ATM စက် များအတွင်းမှ စုစုပေါင်း ငွေ သိန်း ၂ဝဝ ခန့်ကို နိုင်ငံခြားသားနှစ်ဦးမှ နိုင်ငံတကာ သုံး Credit Card အတုဖြင့် ဖောက်ထွင်း ခိုးယူမှုဖြစ်ပွား ခဲ့သည်။

မဟာဓာတ်အားလိုင်း ချို့ယွင်းသဖြင့် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်

မြန်မာတစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည့် မဟာဓာတ်အားလိုင်း ချို့ယွင်းမှု ဖြစ်ပွားသဖြင့် ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းက တစ်နိုင်ငံလုံး လျှပ်စစ်မီး ငါးနာရီကျော် ကြာအောင် ပြတ်တောက်ခဲ့ကြောင်း မြို့နယ်အသီးသီးတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် ကျောက်တံခါး မြို့အကြားတွင် ဓာတ်အားလိုင်းစနစ် ချို့ယွင်းခဲ့သဖြင့် ဒီဇင်ဘာလ ၇ ရက် နံနက် ၄ နာရီခွဲ ဝန်းကျင်မှ ၁၀ နာရီကျော်အထိ လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်း ဖြစ်ပြီး ချို့ယွင်းမှုကို ပြန်လည်ပြုပြင်နိုင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မူလတန်းကျောင်းသား၊ ကျောင်းသူတိုင်းကို ကျောင်းဝတ်စုံ အခမဲ့ပေးမည်

ပညာရေး ဝန်ကြီးဌာန၏ မသင်မနေရ အခမဲ့ပညာရေး စီမံကိန်းအရ လာမည့် ပညာသင်နှစ်မှ စပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတိုင်းကို ယခုအခမဲ့ ထောက်ပံ့ပေးနေသည့် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းဝင်ကြေးအပြင် ကျောင်းဝတ်စုံကိုပါ ထပ်လောင်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။

နေပြည်တော် MICC ခန်းမတွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပသော ကမ္ဘာ့အမျိုးသမီးဖိုရမ် ဆွေးနွေးပွဲတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တစ်နာရီ ၁၇၀ ကီလိုမီတာ ပြင်းအားရှိ ဆူပါတိုက်ဖွန်း ဖိလစ်ပိုင်ကို စတင်ဝင်ရောက်၊ လူတစ်သန်းကျော် ထွက်ပြေးတိမ်းရှောင်

Photo: တစ်နာရီ ၁၇၀ ကီလိုမီတာ ပြင်းအားရှိ ဆူပါတိုက်ဖွန်း ဖိလစ်ပိုင်ကို စတင်ဝင်ရောက်၊ လူတစ်သန်းကျော် ထွက်ပြေးတိမ်းရှောင်

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ အလွန်အင်အား ပြင်းထန်သည့် ဟာဂူပစ် အမည်ရ တိုက်ဖွန်းမုန်တိုင်း တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း တစ်သန်းကျော်ခန့် အရေးပေါ် တိမ်းရှောင်ထွက်ပြေးခဲ့ရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ပြင်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ နှုန်းရှိပြီး ဆူပါတိုက်ဖွန်း အဆင့်အဖြစ် သတ်မှတ်ခံထားရသော ဟာဂူပစ် တိုက်ဖွန်းသည် ယမန်နှစ်က မုန်တိုင်းဒဏ်ကြောင့် လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့ရသည့် ဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်း၊ အဆက်အသွယ်များ ပြတ်တောက်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်ခဲ့သည်။

ယင်းမုန်တိုင်းကြောင့် ကမ်းခြေဒေသတွင် နေထိုင်သော ဖိလစ်ပိုင်ပြည်သူ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ပစ်ကာ ယာယီဒုက္ခသည် စခန်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အချို့သော ကျေးရွာများတွင် မြေပြိုမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

“မိုးတွေ အင်မတန်သည်းပြီး လေတိုက်နှုန်းတွေကလည်း အရမ်းကို ပြင်းထန်လွန်းပါတယ်။ လူတိုင်းအိမ်ထဲမှာ နေကြဖို့နဲ့ ကုန်းတွင်းပိုင်းနဲ့ ကုန်းမြင့်ဒေသတွေဘက်ကို ပြောင်းရွှေ့ကြဖို့ ကျွန်တော်တို့ တိုက်တွန်းထားကြပါတယ်” ဟု မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားနေရသည့် ကာတိန်ဂန်မြို့၏ မြို့တော်ဝန် ဝီလ်တန်ကိုက ပြောကြားသည်။

ဖိလစ်ပိုင် မိုးလေဝသ ဗျူရိုအဖွဲ့၏ ထုတ်ပြန်ချက်အရ ဟာဂူပစ် မုန်တိုင်းသည် ယခုအခါ အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ရွေ့လျားလျက် ရှိပြီး ပြင်းအားမှာ တနင်္လာနေ့ နံနက်ပိုင်းတွင် တစ်နာရီလျှင် ၁၂၀ ကီလိုမီတာသို့ လျော့ကျလာဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

ယင်းမုန်တိုင်းကြောင့် သေဆုံးသူ၊ ပျောက်ဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မည်၍မည်မျှ ရှိသည်ကို အတိအကျ မသိရသေးဟု အာဏာပိုင်များက ဆိုသည်။

မုန်တိုင်းကြောင့် ဆာမာပြည်နယ် အရှေ့ဘက်ဒေသနှင့် လာတီပြည်နယ်တို့တွင်လည်း လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။

ယင်းပြည်နယ်များသည် ယမန်နှစ်က ဟိုင်ယန်အမည်ရ ဆူပါတိုက်ဖွန်း ဝင်ရောက်တိုက်ခတ်မှု ခံခဲ့ရသော ဒေသများလည်း ဖြစ်သည်။

“ဘယ်ကိုမှ သွားမရဘူး။ မြောက်ဘက်ရော၊ တောင်ဘက်ကိုပါ သွားမရဘူး။ သစ်ပင်တွေ အများကြီး လဲသွားတယ်။ ဓာတ်ကြိုးတွေလည်း ပြတ်ကျကုန်တယ်။ နေရာအတော်မျာများမှာတော့ ရေတွေလွှမ်းကုန်ပြီ” ဟု အရှေ့ဆာမာ ပြည်နယ်၏ လွှတ်တော်အမတ်တစ်ဦး ဖြစ်သူ ဘင်အီဗာဒုန်းက ပြောကြားသည်။

ဒေသခံ ရေဒီယိုအသံလွှင့်ဌာန တစ်ခု၏ ထုတ်ပြန်ကြေညာချက်အရ မုန်တိုင်းကြောင့် အရှေ့ဆာမာပြည်နယ်နှင့် အီလွိုင်လို ပြည်နယ်တို့တွင် လူလေးဦး သေဆုံးခဲ့သည်။

The Voice Weekly
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသသို့ အလွန်အင်အား ပြင်းထန်သည့် ဟာဂူပစ် အမည်ရ တိုက်ဖွန်းမုန်တိုင်း တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း တစ်သန်းကျော်ခန့် အရေးပေါ် တိမ်းရှောင်ထွက်ပြေး ခဲ့ရကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ပြင်းအား တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ နှုန်းရှိပြီး ဆူပါတိုက်ဖွန်း အဆင့်အဖြစ် သတ်မှတ်ခံထားရသော ဟာဂူပစ် တိုက်ဖွန်းသည် ယမန်နှစ်က မုန်တိုင်းဒဏ်ကြောင့် လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့ရသည့် ဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းမုန်တိုင်းကြောင့် သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်း၊ အဆက်အသွယ်များ ပြတ်တောက်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်ခဲ့သည်။

မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ သရဲဝင်ပူးတယ်ဆိုတဲ့ ရုပ်ရှင်ကား ဝင်ငွေစံချိန်ချိုးရန် အလားအလာကောင်း

Photo: မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ သရဲဝင်ပူးတယ်ဆိုတဲ့ ရုပ်ရှင်ကား ဝင်ငွေစံချိန်ချိုးရန် အလားအလာကောင်း

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ သက်တံသစ် မြန်မာဇာတ်ကားသည် ယခုတစ်ပတ်အတွက် လူကြည့်အများဆုံး ဇာတ်ကားတစ်ကားဖြစ်
ကြောင်း သိရပါတယ်။

သိုးဆောင်းရေးသားထားတဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားခြင်း ဖြစ်ပြီး အောင်ရဲလင်းနဲ့ ဖွေးဖွေးတို့ အဓိက သရုပ်ဆောင်ထားကာ ဆန်းကျယ်တဲ့ ဘဝသရုပ်ဖော်ဇာတ်လမ်း တစ်ပုဒ်အဖြစ် တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ် ပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဃ-၂ အဆောင် ကြီးအကြောင်း၊ လွန်ခဲ့သောနှစ်ငါးဆယ်ကျော်က ကမ္ဘာမြေကြီး၏ ဖောက်ပြန်မှုကို ကြိုတင်ဟောပြောနိုင်တဲ့ စီကိုဆိုတဲ့ ဂျပန်လေး၊ စီကိုရဲ့ ဝိညာဉ်ကူးခံရတဲ့ကျောင်းသူလေး သဲစုနွေးအဖြစ် ဖွေးဖွေး၊ သဲစုနွေးကို မေတ္တာစစ်နဲ့ချစ်မိတဲ့ သက်တံအဖြစ် အောင်ရဲလင်း တို့အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်ကားမထွက်သေးမီကပင် အွန်လိုင်းပေါ်တွင် သရဲ ဝင်ပူးခံရသော ဗီဒီယိုဖိုင်များကြောင့် ပရိသတ်စိတ်ဝင်စားမှု အများ ဆုံးခံရပြီး ယခုအခါ ရုပ်ရှင်ရုံများတွင်လည်း လက်မှတ်များရောင်း ကုန်သည့်အပြင် ကြိုတင် လက်မှတ်များပါမရခဲ့သည်အထိ ဖြစ်နေ တယ်လို့ သိရပါတယ်။

ဇာတ်ကားကိုပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဝိုင်းကို မေး မြန်းဖြစ်ရာ ''အဲဒီဇာတ်ကားရိုက်နေတုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက် တွေကို စက်အဖွဲ့သားတွေ၊ နယ်ခံပရိသတ်တွေရောရှိတယ်။ ဝိုင်း က ပရိသတ်တွေကို ညာစားမယ့်လူမျိုးမဟုတ်ပါဘူး''လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။

သတင်းဂယက်များအရ ဖွေးဖွေးကို ဝိညာဉ်ပူးကပ်ခံရ တယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိရာ အဆိုပါသတင်းမှာ မဟုတ် မှန်ကြောင်းကိုလည်း ဖွေးဖွေးကဆိုပါတယ်။

''ဖွေးကို ဝင်ပူးတာတော့မဟုတ် ပါဘူး။ ရှုတင်ထဲကသူတချို့ကို ဝင်ပူးခံရပြီး အဲဒါတွေကို အွန်လိုင်းပေါ် တင်ထားကြ တယ်။ ဇာတ်ကားကို ပရိသတ်တွေက အရမ်း စိတ်ဝင်စားကြတယ်။ သရဲကားရိုက်တာ ဒါ နောက်ဆုံးပါပဲ။ ပြန်ပြောရင်းတောင် ကြက် သီးထပါတယီ''လို့ ဖွေးဖွေးက ဆိုပါတယ်။

''ဒီဇာတ်ကားကို သရဲဝင်ပူးတယ် ဆိုပြီး မပြခင်ကတည်းက နာမည်ကြီးနေလို့ လာကြည့်တာပါ။ အခုကြည့်တော့လည်း ဇာတ်ကားလေးက ကောင်းပါတယ်။ ဒါရိုက် တာဝိုင်းရဲ့ တင်ပြပုံကိုလည်း ကြိုက်ပါတယ်။ နိုင်ငံရေးဆန်တဲ့ ပြကွက်လေးတွေလဲ ပါ တယ်ထင်ပါတယ်''ဟု ထိုဇာတ်ကားလေးကို ကြည့်သော နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသူ မရတနာက ပြောသည်။

'သက်တံသစ်'သရဲကားကို အမှန် တကယ် ဝိညာဉ်များရှိတဲ့ နေရာများတွင် သွားရောက် ရိုက်ကူးထားခြင်းဖြစ်ပြီး သရဲ ဝင်ပူးခံရသူများမှာ ရွှေဖြူသရုပ်ဆောင်အ ဖွဲ့မှ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေး နှစ်ဦးကို ဝင်ပူးခဲ့ခြင်းဖြစ်ပြီး Night Scene ည ၁ဝ နာရီခန့်တွင် ဖြစ်ပွားခဲ့တယ်လို့ သိ ရပါတယ်။

Yangon Media Group
ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ သက်တံသစ် မြန်မာဇာတ်ကားသည် ယခုတစ်ပတ်အတွက် လူကြည့်အများဆုံး ဇာတ်ကားတစ်ကားဖြစ်ကြောင်း သိရပါတယ်။

သိုးဆောင်းရေးသားထားတဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားခြင်း ဖြစ်ပြီး အောင်ရဲလင်းနဲ့ ဖွေးဖွေးတို့ အဓိက သရုပ်ဆောင်ထားကာ ဆန်းကျယ်တဲ့ ဘဝသရုပ်ဖော်ဇာတ်လမ်း တစ်ပုဒ်အဖြစ် တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ် ပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဃ-၂ အဆောင် ကြီးအကြောင်း၊ လွန်ခဲ့သောနှစ်ငါးဆယ်ကျော်က ကမ္ဘာမြေကြီး၏ ဖောက်ပြန်မှုကို ကြိုတင်ဟောပြောနိုင်တဲ့ စီကိုဆိုတဲ့ ဂျပန်လေး၊ စီကိုရဲ့ ဝိညာဉ်ကူးခံရတဲ့ကျောင်းသူလေး သဲစုနွေးအဖြစ် ဖွေးဖွေး၊ သဲစုနွေးကို မေတ္တာစစ်နဲ့ချစ်မိတဲ့ သက်တံအဖြစ် အောင်ရဲလင်း တို့အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ပြ ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း

Photo: ကင်းအဆိပ်ကိုနိုင်သည့် သဘာဝဆေးနည်း
-------------------------------------------------

ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း စသည့် ကင်းအမျိုးမျိုးအကိုက်ခံရလျှင် အောက်ပါ သဘာဝဆေးနည်းဖြင့် ကင်းအဆိပ်ကို ကုသနိုင်ပါသည်။

၁။ ကြက်သွန်နီ (၃) လုံးကို မီးဖုတ်ပါ။

၂။ မီးဖုတ်၍ နွမ်းလာသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။

၃။ ၄င်း ကြက်သွန်မီးဖုတ်အရည်ကို အကိုက်ခံရသည့်နေရာကို လိမ်းပေးပါ။

၎။ အဖတ်များကိုလည်း အနာပေါ်ကို အုံထားပြီး အ၀တ်ဖြင့် စည်းထားပါ။

နာရီဝက်ကျော်လျှင် အဆိပ်များ တဖြေးဖြေး ပြယ်သွားပါလိမ့်မည်။

နောက်တစ်နည်း

၁။ မန်ကျည်းစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။

၂။ သံလွင်ဆီကိုလည်း လိမ်းပေးနိုင်ပါသည်။

၎င်းဆေးနည်း (၃)မျိုးသည် ကင်းအမျိုးမျိုးတို့၏ အဆိပ်များကိုနိုင်သော သဘာဝဆေးနည်းများ ဖြစ်ပါသည်။

ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တို့နှင့် အလှမ်းဝေးသော နေရာတို့တွင် အရေးကြုံလာခဲ့သည်ရှိသော် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ကြပါစေ။

ဦးနေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ၊ မြန်မာ့ဆေးနည်းများ
ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း စသည့် ကင်းအမျိုးမျိုးအကိုက်ခံရလျှင် အောက်ပါ သဘာဝဆေးနည်းဖြင့် ကင်းအဆိပ်ကို ကုသနိုင်ပါသည်။

၁။ ကြက်သွန်နီ (၃) လုံးကို မီးဖုတ်ပါ။

၂။ မီးဖုတ်၍ နွမ်းလာသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။

သားဖြစ်သူနဲ့ မိုင်လေဆိုင်းရပ်စ်တို့ရဲ့ ဆက်ဆံရေးကို သဘောမကျတဲ့ အာနိုး

Photo: သားဖြစ်သူနဲ့ မိုင်လေဆိုင်းရပ်စ်တို့ရဲ့ ဆက်ဆံရေးကို သဘောမကျတဲ့ အာနိုး

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

အမေရိကန် သရုပ်ဆောင်မင်းသားကြီး အာနိုး ရှာဝါ့တ်ဆန်နက်ဂါသည် ၎င်း၏ သားဖြစ်သူ ပက်ထရစ်နှင့် မိုင် လေဆိုင်းရပ်စ်တို့၏ ဆက်ဆံရေး ကို သဘောမကျဟု သတင်းရင်း မြစ်တစ်ခုက ပြောသည်။

မော်ဒယ် ပက်ထရစ်ရှာဝါ့တ် ဆန်နက်ဂါသည် လက်ရှိတွင် အ ဆိုတော် မိုင်လေဆိုင်းရပ်စ်နှင့် ချစ်ကြိုက်လျက်ရှိသော်လည်း ၎င်း၏ မိဘများသည် မိုင်လေဆိုင်း ရပ်စ်ထံမှ အကျင့်ဆိုးများ ပက်ထ ရစ်ထံသို့ ကူးမည်ကို စိုးရိမ်လျက် ရှိကြောင်း သတင်းရင်းမြစ်တစ်ခု က ဆိုသည်။

မိုင်လေဆိုင်းရပ်စ်နှင့် ပက် ထရစ်တို့ ချစ်ကြိုက်နေသည်မှာ နှစ်လခန့်ရှိပြီဟု သိရသည်။

ပက်ထရစ်၏ မိခင်ဖြစ်သူ မာရီယာက မိုင်လေသည် အကျင့် ဆိုး ကူးစက်စေမည့်သူတစ်ဦးဖြစ် နိုင်ကြောင်းနှင့် သားဖြစ်သူအား လမ်းမှားမရောက်စေလိုကြောင်း သတိပေးထားသည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ဖခင်ဖြစ်သူ မင်းသားကြီး အာနိုးကလည်း သားဖြစ်သူ ပက် ထရစ်နှင့် မိုင်လေဆိုင်းရပ်စ်တို့၏ ဆက်ဆံရေးကို သဘောမကျဟု သိရသည်။

မိုင်လေဆိုင်းရပ်စ်၏ သူ ငယ်ချင်းများကလည်း ၎င်းတို့နှစ် ဦး၏ ဆက်ဆံရေးနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း၊ ပက်ထရစ်သည် မိုင်လေဆိုင်းရပ်စ်နှင့် ချစ် ဇာတ် လမ်းကို ၎င်း၏ ကျော်ကြားမှုအ တွက် အသုံးချနေသည်ဟု ယူဆ ကြောင်း ပြောကြားခဲ့သည်။

မိုင်လေဆိုင်းရပ်စ်သည် လီ ယမ်ဟမ်းစ်ဝေါ့သ်နှင့် လမ်းခွဲပြီး နောက်တွင် မည်မျှအထိ နာကျင် ခဲ့ရသည်ကို ၎င်း၏ အရင်းနှီးဆုံး သူများသာ သိကြောင်းနှင့် မိုင် လေကို ထပ်မံ၍ ၀မ်းမနည်းစေလို ကြောင်း ၎င်း၏ သူငယ်ချင်းများ က ပြောသည်။

—Ref: Contact Music
7Day Daily
အမေရိကန် သရုပ်ဆောင်မင်းသားကြီး အာနိုး ရှာဝါ့တ်ဆန်နက်ဂါသည် ၎င်း၏ သားဖြစ်သူ ပက်ထရစ်နှင့် မိုင် လေဆိုင်းရပ်စ်တို့၏ ဆက်ဆံရေး ကို သဘောမကျဟု သတင်းရင်း မြစ်တစ်ခုက ပြောသည်။

မော်ဒယ် ပက်ထရစ်ရှာဝါ့တ် ဆန်နက်ဂါသည် လက်ရှိတွင် အ ဆိုတော် မိုင်လေဆိုင်းရပ်စ်နှင့် ချစ်ကြိုက်လျက်ရှိသော်လည်း ၎င်း၏ မိဘများသည် မိုင်လေဆိုင်း ရပ်စ်ထံမှ အကျင့်ဆိုးများ ပက်ထ ရစ်ထံသို့ ကူးမည်ကို စိုးရိမ်လျက် ရှိကြောင်း သတင်းရင်းမြစ်တစ်ခု က ဆိုသည်။

လက်နက်ကိုင်တပ်ဖွဲ့များက တိမတည် သောကြောင့် ငြိမ်းချမ်းရေး မရသေးခြင်းဟု ဦးအေးနေဝင်း ဆို

Photo: လက်နက်ကိုင်တပ်ဖွဲ့များက တိမတည် သောကြောင့် ငြိမ်းချမ်းရေး မရသေးခြင်းဟု ဦးအေးနေဝင်း ဆို

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ကတိမတည်သောကြောင့် လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး မရသေးခြင်း
ဖြစ်သည်ဟု မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဒီဇင်ဘာ ၇ ရက်က သူရဲကောင်းစစ်သည် ဗိမာန်တွင် ကျင်းပခဲ့သော လူမသိသူမ သိကျဆုံးခဲ့သော စစ်သည်များအတွက် လွမ်းသူ့ပန်းခွေချ အခမ်းအနားတွင် ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ကတိမတည်တာတွေ သိက္ခာမရှိတဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးမရနိုင်ဘဲ ပြည်တွင်း ဆူပူမှုဖြစ်နေတာ အဓွန့်ရှည်နေတာပဲ ဖြစ်ပါတယ်” ဟု ဦးအေးနေဝင်းက ဆိုသည်။

လက်နက်ကိုင် အဖွဲ့အစည်းဟူသည် မည်သည့်လက်နက်ကိုင်ဟု ဦးအေးနေဝင်းက ရည်ညွှန်း မပြောသော်လည်း တိုင်းရင်းသား
ခေါင်းဆောင် တစ်ဦးလည်းဖြစ်၊ ၀ါရင့် နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်သည့် UNFC မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက “စိတ်မကောင်းစရာပါပဲ။ သူ့မှာ တိုင်းရင်းသား တွေရဲ့ စိတ်နေစိတ်ထား၊ အတွေ့အကြုံနဲ့ သမိုင်းကြောင်းတွေ အများကြီး လေ့လာသင်ယူဖို့ လိုပါသေး တယ်။ တစ်ခုရှိတာက လက်ရှိအစိုးရ သဘောကျအောင် ပြောဆိုတာလည်း ဖြစ်နိုင်ပါတယ်။

သမိုင်းကြောင်းတွေမှာ ဘယ်သူက ကတိမခဲ့တာလဲဆိုတာ လေ့လာလို့ရပါတယ်။ သူ့ အနေနဲ့ တိုင်းရင်း သား အဖွဲ့အစည်းတွေဆီ ၀င်ထွက်ပါ။ ဆက်ဆံကြည့်ပါ။ အခုလုပ်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ပါတယ်”ဟု တုံ့ပြန်သည်။

တပ်မတော်နှင့် ကေအိုင်အေ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့်ပတ်သက်၍ လွန်ခဲ့သောအနှစ် ၂၀ ခန့် ကတည်းက တပ်သားသစ်ထပ်မံ စုဆောင်ခြင်းမပြုရန် ကေအိုင်အိုက သဘောတူ လက်မှတ်ရေးထိုးထား ခြင်းဖြစ်သော်လည်း တပ်သားသစ်များ ထပ်မံစုဆောင်းခြင်း၊ ဗိုလ်သင်တန်း ကျောင်းဖွင့်လှစ်ခြင်းများမှာ ရှက်ဖွယ် အနေအထားဖြစ်ကြောင်း ဦးနေဝင်းက ဆက်လက်ပြောဆိုထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာသန်းစိုးနိုင်က “ဦးနေ၀င်းမြေး အေးနေ၀င်းက ဒီလိုပြောတယ်ဆိုတာ သိပ်တော့မဆန်းပါဘူး။ သူလည်း စစ်အာဏာရှင်တစ်ယောက်ရဲ့မြေးဖြစ်တာကိုး။ သူတို့ ဆိုတာကဗိုလ်ချုပ် နေ၀င်းရဲ့မြေးဖြစ်တယ်ဆိုတာက လွဲလို့ နိုင်ငံရေးမှာရော လက်ရှိနိုင်ငံရေး လှုပ်ရှားမှုတွေမှာရော သူတို့အ ခန်းကဏ္ဍတွေက ဘာမှမရှိပါဘူး။ သူတို့က တပ်မတော်ဘက်က လက်ခံကာကွယ်ပြော ဆို နေပေမယ့် နိုင်ငံရေးအရ အကျိုးသက်ရောက်မှုက သိပ်ကြီးကြီးမားမားမရှိနိုင်ပါဘူး” ဟု သုံးသပ်ထားသည်။

ဖော်ပြပါအခမ်းအနားကို ပြည်တွင်းစစ်ကြောင့် လူမသိသူမသိကျဆုံးခဲ့သော တပ်မတော်သားများအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် တပ်မတော်၏ တိုက်တွန်းချက်ဖြင့်ပြုလုပ်ခြင်းမဟုတ်ကြောင်း ပွဲစီ စဉ်သူ အငြိမ်းစားဗိုလ်ကြီးဦးရောင်နီဦးကဆိုသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)က ၎င်းတို့ လက်ထက်က မလုပ်ရဲသောကိစ္စကို နောက်လူငယ်များ က လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် များစွာဂုဏ်ယူကြောင်း၊ ကျဆုံး စစ်သည်များကို အလေးပြုပါကြောင်း ပြောကြားသည်။

“တိုင်းပြည်အတွက် လုပ်နေတဲ့သူတွေကို အကောင်းပြောမခံရတာကတို့လည်း ဆတ်ဆတ်ထိ မခံချင်ဘူး” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း) ကဆိုသည်။

ပြည်သူများထက် ငြိမ်းချမ်းရေးလိုလားသူများမှာ တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များသာဖြစ် ပြီး လက်နက်ကိုင် တပ်ဖွဲ့များသည် ပြည်သူများအတွက် ငြိမ်းချမ်းရေးကိုထည့်သွင်း စဉ်းစားစေလိုကြောင်းပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်အငြိမ်းစား ဗိုလ်ကြီးရဲမိုးကဆိုသည်

“တပ်မတော်ကြီးက တိုင်းပြည်ကိုဖျက်ဆီးနေတယ်။ တပ်မတော်ကြီးကတိုင်းပြည် ကိုချောက်ထဲ ရောက် အောင် လုပ်ခဲ့တယ်။ တပ်မတော်က အာဏာရှင်တွေရဲ့နောက်လိုက်စသဖြင့် ရှည်လျားတဲ့ သမိုင်း ထဲကမှ ကိုယ်လိုရာလေးကို ကောက်ချက်ဆွဲပြီးတော့ တပ်မတော်ကိုသိက္ခာချ၊ အပုတ်ချနေတဲ့ အယူအဆတွေဟာ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ရင်ကိုအပ်နဲ့ထိုးနေသလိုပါပဲ” ဟု ဗိုလ်ကြီး ရဲမိုးကဆိုသည်။

အခမ်းအနားသို့ ကျဆုံးတပ်မတော်သားများ၏ မိသားစုဝင်ပေါင်းရာနှင့် ချီတက်ရောက်ကာ လွမ်းသူ့ပန်းခြင်းများချကာ အလေးပြုခဲ့ကြသည်။

ကျဆုံးတပ်မတော်သားများကို အလေးပြုအခမ်းအနားသို့ တက်ရောက်လာသည့် ဦးအေးနေဝင်း (ဝဲ- တိုက်ပုံအင်္ကျီဖြူ) ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ကတိမတည်သောကြောင့် လက်ရှိအချိန်အထိ ငြိမ်းချမ်းရေး မရသေးခြင်း
ဖြစ်သည်ဟု မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ဒီဇင်ဘာ ၇ ရက်က သူရဲကောင်းစစ်သည် ဗိမာန်တွင် ကျင်းပခဲ့သော လူမသိသူမ သိကျဆုံးခဲ့သော စစ်သည်များအတွက် လွမ်းသူ့ပန်းခွေချ အခမ်းအနားတွင် ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ကတိမတည်တာတွေ သိက္ခာမရှိတဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးမရနိုင်ဘဲ ပြည်တွင်း ဆူပူမှုဖြစ်နေတာ အဓွန့်ရှည်နေတာပဲ ဖြစ်ပါတယ်” ဟု ဦးအေးနေဝင်းက ဆိုသည်။

အိန္ဒိယ ဗုံးပေါက်ကွဲမှု ဖမ်းဆီးထားသည့် မြန်မာသုံးဦး နှစ်နိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်းစစ်ဆေးနေ

အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ ဗုံးပေါက်ကွဲမှုတွင် သံသယရှိ သူများအဖြစ် ဖမ်းဆီး ခံထားရ သည့် မြန်မာနိုင်ငံသားသုံးဦးအမှု ကို နှစ်နိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်း စစ် ဆေးနေကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်အ ရာရှိကြီးတစ်ဦးက ပြောကြား သည်။

‘‘ကျွန်တော်တို့ကို အိန္ဒိယနိုင် ငံရဲတပ်ဖွဲ့က ဒီအမှုကို ပူးပေါင်း ဖော်ထုတ်ဖို့ အကြောင်းကြား တယ်။ ဖြစ်စဉ်ကို အတည်ပြုဖို့ ရယ်၊ နောက်ထပ်ကျွန်တော်တို့ ဘက်က လုပ်စရာရှိတာဆက်လုပ် ရမှာပေါ့။ ကိုယ့်ဘက်က လုံခြုံ ရေးကိုလည်း တိုးမြှင့်ရင်းပေါ့’’ဟု ရဲအရာရှိက ပြောသည်။

ကျောင်းထောက်ပံ့ကြေးများ အလွဲသုံးစားလုပ်ပါက တိုင်ကြားနိုင်

အခြေခံပညာကျောင်း များသို့ ထောက်ပံ့ထားသည့် ထောက်ပံ့ကြေးများကို အလွဲသုံး စားမှုများရှိပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများသို့ ဆက် သွယ်တိုင်ကြားနိုင်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ယခုနှစ် ပညာသင်နှစ်အ တွက် ကျောင်းထောက်ပံ့ကြေး များ ပေးအပ်သည့် အစီအစဉ်ကို နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် ၂၃ ဒသမ ၉၇၀၄ ဘီလီယံ (၆၁ ရာခိုင်နှုန်း) နှင့် ကမ္ဘာ့ဘဏ်၊ သြစ တြေးလျအစိုးရ အကူအညီမှ ချေး ငွေ/အထောက်အပံ့ငွေကျပ် ၁၅ ဒသမ ၆၈ ဘီလီယံ (၃၉ ရာ ခိုင်နှုန်း) စုစုပေါင်းငွေကျပ် ၃၉ ဒသမ ၆၅၀၄ ဘီလီယံအသုံးပြုရန် လျာထားပြီး ပထမအကြိမ် ပထမ စာသင်နှစ်ဝက်အဖြစ် ၅၀ ရာ ခိုင်နှုန်းကို စမ်းသပ်ဖြန့် ဝေပြီးစီး သွားပြီဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာနမှ သိရသည်။

အမြန်လမ်းအရေးပေါ်နံပါတ် တယ်လီနော၊ အူရီးဒူးဖုန်းများနှင့် ဆက်မရနိုင်

ရန်ကုန်- ရန်ကုန်- မန္တလေးအမြန် လမ်းရှိ အရေးပေါ် Hot Line နံပါတ်မှာ အစိုးရပိုင်အော်ပရေ တာနှစ်ခု မှလွဲ၍ အခြားအော်ပရေတာများဖြင့်ခေါ်၍ မရသော ကြောင့် အမြန်လမ်းရဲတပ်ဖွဲ့မှ ထုတ်ပြန် ထားသော အခြားဖုန်း နံပါတ်များကို သိရှိထားရန်လိုအပ် ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

အမြန်လမ်းအတွက် အရေး ပေါ် Hot Line 1880 မှာ Blue Ocean ကုမ္ပဏီပိုင် Call Center တစ်ခုဖြစ်ပြီး MPT နှင့် MEC အော်ပရေတာနှစ်ခုနှင့်သာ ချိတ် ဆက်ထားသောကြောင့် တယ်လီ နောနှင့် အူရီးဒူးဖုန်းလိုင်းများဖြင့် ခေါ်ဆို၍ မရပေ။ ထို့ကြောင့် အ ရေးပေါ်ခေါ်ဆိုရန် အမြန်လမ်း ရဲတပ်ဖွဲ့ ဖုန်းနံပါတ် များကို သိရှိ ရန်လိုအပ်ခြင်း ဖြစ်သည်ဟု၎င်းကဆိုသည်။

ဒီဇင်ဘာ ၇ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ

Photo: ဒီဇင်ဘာ ၇ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်များ

၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၈ ရက်

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ၀က်စ်ဟမ်းနဲ့ အက်စတွန်ဗီလာတို့ အနိုင်ရသွားပါတယ်။

ဝက်စ်ဟမ်းက အိမ်ကွင်းမှာ ဆွမ်ဆီကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရတာပါ။ အနိုင်ဂိုးတွေကို ကာရိုးက ၂ ဂိုးနဲ့ ဆာခိုက ၁ ဂိုးနဲ့ သွင်းယူပါတယ်။ တိုက်စစ်မှူး ကာရိုးအတွက်တော့ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။

ဒီပွဲနိုင်လို့ ၀က်စ်ဟမ်းက ၂၇ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ မှာ ရပ်တည် နေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၉ မှတ်အကွာမှာ ရှိနေပါတယ်။ အက်စတွန်ဗီလာကတော့ အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ လက်ဆက်စတာကို အနိုင်ရသွားတာပါ။ ဗီလာဟာ ဒီနှစ်ရာသီ အိမ်ကွင်း ပွဲစဉ်မှာ ဒုတိယမြောက် အနိုင်ရတာ ဖြစ်ပါတယ်။

ဒီပွဲနိုင်လို့ အက်စတွန်ဗီလာဟာ ၁၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာကို တက်လှမ်းသွားပါတယ်။

DVB TV NEWS
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ၀က်စ်ဟမ်းနဲ့ အက်စတွန်ဗီလာတို့ အနိုင်ရသွားပါတယ်။

ဝက်စ်ဟမ်းက အိမ်ကွင်းမှာ ဆွမ်ဆီကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရတာပါ။ အနိုင်ဂိုးတွေကို ကာရိုးက ၂ ဂိုးနဲ့ ဆာခိုက ၁ ဂိုးနဲ့ သွင်းယူပါတယ်။ တိုက်စစ်မှူး ကာရိုးအတွက်တော့ ပြီးခဲ့တဲ့ မတ်လ နောက်ပိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။

Saturday, December 6, 2014

အခြေခံဥပဒေသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် အဓိကထောက်ပံ့ပေးထားဟု ကာချုပ်ပြော

Photo: အခြေခံဥပဒေသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် အဓိကထောက်ပံ့ပေးထားဟု ကာချုပ်ပြော
Saturday, December 6, 2014

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တည်တည်ငြိမ်ငြိမ် လျှောက် လှမ်းနိုင်ရန် အဓိက အထောက်အပံ့ပေးထားသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆို လိုက်သည်။

အဆိုပါ အခြေခံဥပဒေကို တိုင်းရင်းသားကိုယ်စားလှယ်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ စုပေါင်းပြီး “စနစ်တကျ” ရေးဆွဲ ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်းတွင် ဒီဇင်ဘာ ၅ရက်က ပြုလုပ်သည့် စစ်တက္ကသိုလ်၊ ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၆) သင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ထည့်သွင်းပြော ဆိုသွားခြင်းဖြစ်သည်။

ပြင်ဆင်သင့်သည်ဟု အများစုက ထောက်ပြဝေဖန်နေသည့် အခြေခံဥပဒေသည် ပြည်ပနိုင်ငံများ၏ ဒီမိုကရေစီကို ပုံတူကူးချခြင်း မဟုတ်ဘဲ နိုင်ငံ၏ ပထဝီအနေအထား၊ ရိုးရာယာဉ်ကျေးမှုနှင့် ဓလေ့စရိုက် အစဉ်အလာတို့ကိုပါ စဉ်းစားသုံးသပ်ပြီး စနစ်တကျ ရေးဆွဲခဲ့သည်ဟုဆိုသည်။

သို့သော် အဆိုပါ အခြေခံဥပဒေသည် “၁၀၀ ရာခိုင်နှုန်းပြီးပြည့်စုံသည်ဟူ၍ မရှိဘဲ လိုအပ်ချက်များလည်း ရှိနိုင်ခြင်းကြောင့် ပြင်ဆင်ရမည် အချက်များ ရှိနိုင်လိမ့်မည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှတ်ချက်ပြုသည်။

တပ်မတော်အနေဖြင့်လည်း အခြေခံဥပဒေပါ ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်နိုင်ရန် လွှတ်တော်တွင်း တင်ပြ ဆွေးနွေးနေသည် ဟုလည်း ဆိုသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အခရာကျသော ပုဒ်မ ၄၃၆ ကိုမူ ပြင်ဆင်ရန်မသင့်ဟု တပ်မတော်သား အမတ်များက သဘောထားရှိနေသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအား တစ်နိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာအတည်ပြုခဲ့သော ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်သည် ဖျက်အား ကမ္ဘာ့အဆင့်ရှစ်ရှိပြီး ပြည်သူတစ်သိန်းကျော်ကို သေစေခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ရက်သတ္တတစ်ပတ်ကျော်သာ ကြာသေးသည့် အချိန်ဖြစ်သည်။

အဆိုပါ ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူ ၉၂ ဒဿမ ၄ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဟု နအဖအစိုးရက ကြေငြာခဲ့သည်။

Mizzima - News in Burmese 

ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်းအတွင်း ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ဗိုလင်လောင်းသင်တန်း အမှတ်စဉ်(၅၆) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီ ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်၊ (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန၊ ဝက်ဆိုက်ဒ်)
ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်းအတွင်း ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ဗိုလင်လောင်း သင်တန်းအမှတ်စဉ်(၅၆) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်၊ (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန၊ ဝက်ဆိုက်ဒ်)
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနိုင်ရန် အဓိကအထောက်အပံ့ပေးထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က ပြောဆို လိုက်သည်။

အမျိုးသား ပညာရေး ဥပဒေကို ၂၀၁၅ အလွန် လွှတ်တော် အသစ်မှ ပြင်ရန် အကြံပြု

Photo: အမျိုးသား ပညာရေး ဥပဒေကို ၂၀၁၅ အလွန် လွှတ်တော် အသစ်မှ ပြင်ရန် အကြံပြု
Saturday, December 6, 2014

၂၀၁၅ ရွေးကောက်ပွဲ နီးနေခြင်းကြောင့် အမျိုးသားပညာရေး ဥပဒေကို ၂၀၁၅ အလွန်ပေါ်ပေါက်လာမည့် လွှတ်တော် သစ်တွင် ပြင်ဆင်ခြင်းဖြင့် ပို၍ကောင်းမွန်သောဥပဒေ ရရှိလာမည်ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် ပထမဆုံး ညွှန်ကြားရေးမှူးချုပ် ရာထူးကို စတင်ထမ်းဆောင်ခဲ့သူနှင့် အဏုမြူစွမ်းအင်ဦးစီးဌာန တည်ထောင် သူ ဒေါက်တာတင်လှိုင်က စာတမ်းတင်သွင်း ပြောကြား လိုက်သည်။

“မလိုအပ်တာတွေများနေတဲ့ ဒီဥပဒေကို လွှတ်တော်က အတည်ပြုပြီးဖြစ်တယ်။ ဒီအချိန်မှာ ပြင်ဆင်ချက် များများလုပ်ဖို့ မလွယ်ဘူး။ ဒါကြောင့် အရေးကြီးတဲ့အချက်၊ ပုဒ်မတွေကိုသာ ပယ်ဖျက်ဖို့နဲ့ ဖြည့်စွက်ဖို့ တောင်းဆိုသင့်တယ်။ ၂၀၁၅ ရွေးကောက်ပွဲကြီးလည်း နီးကပ်နေ ပြီဖြစ်လို့ လွှတ်တော်အသစ်က ပြင်ဆင် ရင် ပိုပြီးကောင်းမွန်တဲ့ ဥပဒေကို ရရှိနိုင်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါပြောကြားခြင်းမှာ ဒီဇင်ဘာ ၅ ရက်က နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျင်းပပြုလုပ်သော ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသား ပညာရေး ဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲတွင် အထက်ပါအတိုင်း ထည့်သွင်း တင်သွင်းခဲ့ ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေကို မူကြမ်းအဆင့်ဆင့်မှာပင် ကန့်ကွက်မှုများစွာရှိခဲ့သည့်အပြင် ကျောင်းသားထု ၏ ဆန္ဒထုတ် ဖော်ကန့်ကွက်မှု များလည်းရှိခဲ့သည်။ ထို့ပြင် ထိုဥပဒေ အတည်ပြုပြီးနောက်တွင်လည်း ကျောင်းသားထုများ၏ ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုများက တက္ကသိုလ် များတွင် လုပ်ဆောင်လျက်ရှိခဲ့သည်။

ပညာရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် ပညာရေးအကြံပေးပညာရှင် ဦးသိန်းက “အမျိုးသားပညာရေး ဥပဒေက ဘယ်လို ပုဒ်မကို ပြင်ချင်လဲ၊ ဘယ်လိုပုဒ်မကို ဖြုတ်ချင်လဲဆိုတာကို စနစ်တကျနဲ့ ပြုစုထားဖို့ လို အပ်တယ်။ ၂၀၁၅ မှာ ဒီထက် ပိုပြီး ဦးစားပေးရမယ့်ဟာတွေလည်း ရှိနေပါတယ်”ဟု ထိုပွဲတွင် ဆွေးနွေး ပြောကြားသည်။

၎င်း၏ စာတမ်းတွင် စကားရပ် အဓိပ္ပာယ် မလိုအပ်မှုများနေခြင်း၊ မလိုအပ်သည့် စကားလုံး ၃၂ လုံး ကိုပါ အဓိပ္ပာယ်ဖွင့် ထားခြင်း များဖြင့် ဖောင်းပွနေကြောင်း၊ အဆိုပါဥပဒေတွင် နိုင်ငံတော်ဆိုသည်မှာ၊ မိဘ၊ဆရာ အသင်းဆိုသည်မှာ စသဖြင့် ဖောင်းပွနေသည်ဟု ဆိုသည်။ ယင်းဥပဒေတွင် လူမျိုး၊ ကျားမကိုးကွယ် သည့် ဘာသာ၊ မျိုးနွယ်အဆင့်အတန်းတို့ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း မရှိစေရစသည့် အချက်များ မပါရှိ သဖြင့် ထည့်သွင်းသင့်သည်ဟု အမျိုးသားပညာရေး ဥပဒေ၏ အားနည်းချက်ကို ထောက်ပြထားသည်။

ထို့အပြင် အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းခြင်းတွင် ပြည်ထောင်စုအဆင့် ပုဂ်္ဂိုလတစ်ဦးဦးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီးဆိုသော စကားရပ်ကိုလည်း ပြင်ဆင်ရန်လိုသည်ဟု ဒေါက်တာတင်လှိုင်က ဆိုသည်။

အမျိုးသားပညာရေးဥပဒေတွင် သမဂ္ဂဖွဲ့စည်းခွင့် ထည့်သွင်းရန်လိုအပ်ခြင်း၊ ပုဒ်မ (၃) ပုဒ်မခွဲ(ဍ) ပညာရေး ၀န်ထမ်းအားလုံး ကိုယ်ကျင့် တရားကောင်းမွန်ကာ ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် စနစ်ကို ကျင့်သုံးရေး၊ ယင်း ပုဒ်မများကို ပယ်ဖျက်သင့်ခြင်းနှင့် ကျောင်းသုံး စာအုပ်ပြုစုရေး ဆိုင်ရာပုဒ်မများ မပါဝင်ခြင်း အစရှိသည်တို့ အားနည်းချက်များရှိနေသည်ဟု ၎င်းက ထောက်ပြသွားမည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် ပညာရေး နှင့်ပတ်သက်သော ပညာရှင်များ၊ ပါမောက္ခဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်များတို့က စာတမ်း ၁၅စောင် ဖတ်ကြားတင်သွင်းခဲ့သည်။

Mizzima - News in Burmese 

အမျိုးသား ပညာရေး ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြ နေကြစဉ်။ ဓာတ်ပုံ - ဟိန်းထက်

အမျိုးသား ပညာရေး ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒပြ နေကြစဉ်။ ဓာတ်ပုံ - ဟိန်းထက်။

၂၀၁၅ ရွေးကောက်ပွဲ နီးနေခြင်းကြောင့် အမျိုးသားပညာရေး ဥပဒေကို ၂၀၁၅ အလွန်ပေါ်ပေါက်လာမည့် လွှတ်တော် သစ်တွင် ပြင်ဆင်ခြင်းဖြင့် ပို၍ကောင်းမွန်သောဥပဒေ ရရှိလာမည်ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် ပထမဆုံး ညွှန်ကြားရေးမှူးချုပ် ရာထူးကို စတင်ထမ်းဆောင်ခဲ့သူနှင့် အဏုမြူစွမ်းအင်ဦးစီးဌာန တည် ထောင် သူ ဒေါက်တာတင်လှိုင်က စာတမ်းတင်သွင်း ပြောကြား လိုက်သည်။

ရန်ကုန်မြို့တွင်း မျဉ်းဝါတားနေရာများတွင် ဘလောက်တုံးများ ဆက်လက်ချသွားမည်

Photo: ရန်ကုန်မြို့တွင်း မျဉ်းဝါတားနေရာများတွင် ဘလောက်တုံးများ ဆက်လက်ချသွားမည်
Saturday, December 6, 2014

ရန်ကုန်မြို့တွင်း မျဉ်းဝါတားထားသော နေရာတိုင်းတွင် ဘလောက်တုံးများ ချသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ် ထိန်းရဲ တပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ယာဉ်များ ပြဿနာကို ဖြေရှင်းရာတွင် ကွန်ကရစ် တုန်းများဖြင့် ကာရံကာ ဖြေရှင်းမှုကြောင့် ကားကျပ်သည့် ပြဿနာ ထပ်တိုးလာ သည်ဟု ဝေဖန်သူများက ဆိုသည်။ 

ဒီဇင်ဘာ ၅ ရက်က အဆိုပါတပ်ဖွဲ့ရုံးတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်လမ်းကဲ့သို့ အဓိက လမ်းမကြီးများတွင် ဘလောက်တုံးများချသွားရန် လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။

“ဘယ်လမ်းတွေမှာ ထပ်ချသွားမယ်ဆိုတာ အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမဲ့ မျဉ်းဝါတားထားတဲ့နေ ရာတိုင်းမှာ ဘလောက်တုံးတွေ ချသွားဖို့ ရှိပါတယ်” ဟု ဒုရဲမှူးကြီးလင်းထွဋ်က ဆိုသည်။

ဘလောက်တုံးများ ချထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ငွေကျပ် ၂ ဘီလီယံ ခန့် အကုန်အကျခံကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင် က မဇ္ဈိမကို အတည်ပြုပြောထားသည်။

“ဒါက ကျွန်တော်တို့ဆီမှာ အခုမှစလုပ်လို့ မျက်စိရိုင်းသလိုဖြစ်နေတာပါ။ နိုင်ငံတကာမှာလည်း အများပြည် သူသုံး လမ်းတွေကို ဒီလိုမျိုးပဲ တစ်လမ်းသီးသန့် ပေးပါတယ်။ နောက်ဆိုရင် တစ်မြို့လုံးမှာ ဘတ်စ်ကား တွေသွားဖို့ အများပြည်သူသုံးဖို့ လမ်းတစ်လမ်းသီးသန့်ဖြစ် သွားမှာဖြစ်ပါတယ်။BRT (Bus Rapid Transmit - ဘတ်စ်ကား အမြန်သယ်ယူပို့ဆောင်ရေး စနစ်) ပုံစံမျိုး ရေရှည်ကြရင်ဖြစ်မှာပါ” ဟု ယာဉ်ထိန်း ရဲ အုပ်ဝင်းလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မထသ ဒု-ဥက္ကဋ္ဌ ဦးမင်းဇော်က “ရန်ကုန်မြို့မှာ ရှိတဲ့လမ်းသွယ်တွေက ပေ ၂၀၀ လောက်ပဲ ရှိတယ်။ ဘေးလမ်း သွယ်တွေကို ကားလေးတွေ ၀င်လာဦးမှာဖြစ်ပါတယ်။ ဒီတော့ ဘေးလမ်းမှာ ကားကြီးတွေပဲရှိမယ်လို့ ယူဆလို့မရတော့ပါဘူး။ ချိုးဝင် ချိုးထွက်ကားတွေရှိနေဦးမှာဖြစ်တဲ့အတွက် သီးခြား တစ်လမ်းထပ်ပေးမှသာ ဒီစနစ် အောင်မြင်မယ်လို့ထင်ပါတယ်” ဟု သုံးသပ်သည်

ဘလောက်တုံးချထားသော နေရာအတွင်း စက်ချို့ယွင်းသောယာဉ်များကို ယာဉ်ထိန်းရုံးက ကရိန်းအသုံးပြု ကာဖယ်ရှားရပါက ကုန်ကျစရိတ် အစအဆုံးကို ယာဉ်ပိုင်ရှင်က ကျခံရမည်ဖြစ်ပြီး ယာဉ်ကြံ့ခိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်မှာ ယာဉ်ပိုင်ရှင်၏ တာဝန်သာဖြစ်ကြောင်း ရဲအုပ်ဝင်းလွင်က ပြောသည်။

မော်တော်ယာဉ်ဥပဒေပုဒ်မ ၁၆၇ အရ စက်ပျက်ယာဉ်များကို လမ်းပေါ်ထားခွင့်မရှိဘဲ ပြည်သူတို့ ဆိုင်ရာနေရာတွင် ရပ်ဆိုင်းထားသော ယာဉ်ကို ဥပဒေပုဒ်မ ၁၃၃ ပါ ပြဋ္ဌာန်းချက်အရ ယာဉ်ပိုင်ရှင် သို့မဟုတ် တာဝန် ရှိသူက အမြန်ဖယ်ရှားပေးရမည်။ အမြန်ဖယ်ရှားပေး နိုင်ခြင်း မရှိပါက ကြီးကြပ်ထိန်း သိမ်းသူ ၏အစီအစဉ် အရ လွတ်သောနေရာသို့ဖယ်ရှားနိုင်သည်။ ထိုသို့ဖယ် ရှားခြင်းအတွက်ကုန်ကျစရိတ်ကို ယာဉ်ပိုင်ရှင် သို့မ ဟုတ် တာဝန်ရှိသူက ကျခံစေရမည်ဟု မော်တော်ယာဉ် ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

မျဉ်းဝါလိုင်းနှင့် ဘလောက်တုံးချထား သောနေရာများ၏ ကပ်လျက် ကားပါကင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခင်က ကန်ထရိုက်ပေးထား ခြင်းဖြစ်ပြီး ယခုအခါ ကန်ထရိုက်ကြေးများကို ပြန်အမ်းကာ ဖယ်ရှားထားကြောင်း ဒုရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

Mizzima - News in Burmese 

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ရန်ကုန်မြို့တွင်း မျဉ်းဝါတားထားသော နေရာတိုင်းတွင် ဘလောက်တုံးများ ချသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ် ထိန်းရဲ တပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး လင်းထွဋ်က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ပါက ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုများပိုမို ၀င်ရောက်မည်ဟု ဆွစ်သံအမတ်ပြောကြား

Photo: နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ပါက ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုများပိုမို ၀င်ရောက်မည်ဟု ဆွစ်သံအမတ်ပြောကြား
Saturday, December 6, 2014

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ  ပိုမိုတည်ငြိမ်လာပါက လာမယ့်နှစ် မှာ ဆွစ်ဇာလန်ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား
ဝင်ရောက်လာဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
 
 မြန်မာနိုင်ငံအနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာပြီး ညီမျှတဲ့ စီးပွားရေးယှဉ်ပြိုင်မှု တွေအတွက် ဥပဒေတွေ ပေါ်ထွက်လာကာ (၂၀၁၅)ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်ရင် ဆွစ်ဇာလန်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံကို ၀င်ရောက်ရင်းနှီးမြှုပ်နှံဖို့ရှိတယ် လို့ ဆွစ်ဇာလန်သံအမတ်ကြီးက ဒီဇင်ဘာ (၃)ရက်နေ့က နေပြည်တော်က ကီပင်စကီဟိုတယ်မှာ ကျင်းပတဲ့ ဆွစ်ဇာလန်-မြန်မာ စီးပွားရေးမိတ်ဆက်ပွဲမှာ ပြောပါတယ်။
 
 လက်ရှိအချိန်မှာ ဆွစ်ဇာလန်စီးပွားရေး လုပ်ငန်းအုပ်စုတွေဖြစ်တဲ့ Roche  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနဲ့ Nestle စားသောက်ကုန်လုပ်ငန်းတို့ဟာ (၂၀၁၃)ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားပြီး NESTLE အနေနဲ့ ရန်ကုန်မြို့မှာ စားသောက်ကုန် စက်ရုံကို (၂၀၁၆)ခုနှစ်မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။ မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံကြား စီးပွားရေးဆွေးနွေးပွဲကို (၂၀၁၃)ခုနှစ်က နေပြည်တော်မှာ ကျင်းပခဲ့ပြီး (၂၀၁၅)ခုနှစ် ဇန်န၀ါရီလမှာတော့ ဆွစ်ဇာလန်နိုင်ငံမှာ စီးပွားရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 

MRTV-4
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ  ပိုမိုတည်ငြိမ်လာပါက လာမယ့်နှစ်မှာ ဆွစ်ဇာလန် ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ၀င်ရောက်လာဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး က ပြောကြားလိုက်ပါတယ်။

အာဖဂန်နိုင်ငံတည်ငြိမ်တိုးတက်ရေးအကူအညီပေးမယ့် နိုင်ငံတကာအသိုင်း အ၀ိုင်း

Photo: အာဖဂန်နိုင်ငံတည်ငြိမ်တိုးတက်ရေးအကူအညီပေးမယ့် နိုင်ငံတကာအသိုင်း အ၀ိုင်း
Saturday, December 6, 2014

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အာဖဂန်နိုင်ငံတွင်းကနေ ဒီနှစ် ကုန်ပိုင်းမှာ ထွက်ခွာပြီးရင်တောင် နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ အာဖဂန် နိုင်ငံ တည်ငြိမ်တိုးတက်ရေးအတွက် ဆက်လက်အကူအညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အမေရိကန်ဦးဆောင်တဲ့ နိုင်င့တကာတပ်တွေ ဒီနှစ်ကုန်ပိုင်းမှာ အာဖဂန် နိုင်ငံတွင်း ကနေ ထွက်ခွာပြီးရင်တောင် အာဖဂန်နိုင်ငံကို ဆက်လက် အကူအညီပေးသွားမှာဖြစ်တယ်လို့ နိုင်ငံပေါင်း (၆၀) ကျော်က ကိုယ်စားလှယ်တွေက သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ အခုလို သဘောတူညီ ချက်ဟာ လန်ဒန်မြို့မှာ ဒီဇင်ဘာလ (၄) ရက်တုန်းက ကျင်းပခဲ့တဲ့ ၀န်ကြီးအဆင့် ညီလာခံမှာ ရရှိခဲ့တာဖြစ်ပါတယ်။
 
အာဖဂန်နိုင်ငံသားတွေဟာ အတိတ်ကိုကျော်လွှားနိုင်ပြီး ယုံကြည်ချက်ရှိရှိ စည်းစည်းလုံးလုံးနဲ့ အနာဂတ်ကို ဦးတည်နေပြီဖြစ်တယ်လို့ အာဖဂန်သမ္မတအာရှက်ဂန္ဒီက အခမ်းအနားမိန့်ခွန်းမှာ ပြောပါတယ်။ အစိုးရသစ်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ စီးပွားရေး တိုးတက်ရေးနဲ့ လုံခြုံရေးပြန်လည်ရရှိရေးတွေကို လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
 
တိုကျိုမှာ (၂၀၁၂) ခုနှစ် ညီလာခံကျင်းပစဉ်က သဘောတူညီထားခဲ့တဲ့ အာဖဂန်နိုင်ငံကို အမေရိကန် ဒေါ်လာ (၁၆) ဘီလီယံအကူအညီပေးရေးကိုလည်း နောက်နှစ်မတိုင်ခင်အထိ ဆက်လက်ပေးသွားဖို့ ကိုလည်း ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ထပ်လောင်းသဘောတူညီခဲ့ ပါတယ်။ ဒါ့အပြင် အလှူရှင်နိုင်ငံတွေအနေနဲ့ နောက်ထပ် (၂) နှစ်ကျော်ကြာအောင် အာဖဂန်နစ္စတန် နိုင်ငံကို အကူအညီပေးသွားဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။
 
(၁၃)  နှစ်ကြာ တပ်စွဲခဲ့တဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးလုပ်ငန်းတွေကို အခုနှစ်ကုန်ျွှာ ရပ်တန့်ပြီး အာဖဂန်နိုင်ငံ တွင်းကနေ ထွက်ခွာမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ တပ်သားပေါင်း (၁) သောင်းခန့်ဟာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့ အာဖဂန်နိုင်ငံတွင်းမှာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အာဖဂန်နိုင်ငံတွင်းမှာ ဆက်လက်ဖြစ်ပွားနေတာကြောင့် လုံခြုံရေး အခြေအနေတိုးတက်မှုမရှိသေးဘူးလို့သိရပါတယ်။ 

MRTV-4
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အာဖဂန်နိုင်ငံတွင်းကနေ ဒီနှစ် ကုန်ပိုင်းမှာ ထွက်ခွာပြီး ရင်တောင် နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ အာဖဂန်နိုင်ငံ တည်ငြိမ်တိုးတက်ရေးအတွက် ဆက်လက် အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဗြိတိန်အမျိုးသမီးတစ်ဦး နို့ရည်များရောင်းချ


Photo: ဗြိတိန်အမျိုးသမီးတစ်ဦး နို့ရည်များရောင်းချ
Saturday, December 6, 2014

ငွေပြတ်လပ်နေသော ဗြိတိန်အမျိုးသမီးတစ်ဦးသည် သူမ၏ ကလေးငယ်
များအား ခရစ်စမတ်လက်ဆောင်ပေးရန်အတွက် သူမ၏နို့ရည်များကို
တစ်ပုလင်းလျှင် ဒေါ်လာ ၂၀ဖြင့် ရောင်းချခဲ့သည်။

ဟဒ်ဆန်သည် ကနဦးပိုင်းက နို့ထွက်ရန် ကြိုးစားခဲ့ရသော်လည်း သူမ၏ သမီးငယ်
မီလီကို မွေးခဲ့ပြီးသည့်နောက်တွင်တော့ နို့အများအပြားထွက်လာခဲ့သည်။

သူမ၏ သမီးသည် သေးကွေးလွန်းသည့်အတွက် တစ်ပတ်ကို သုံးအောင်စ
ထက် ပိုပြီး မစားနိုင်သောကြောင့် ပိုလျှံနေသောနို့များကို ဆေးရုံနှင့် အိမ်တွင်
သိမ်းဆည်းရန်ကြိုးစားခဲ့သည်။

သို့သော် ဆေးရုံက မလိုအပ်သေးဟု ပြောခဲ့သောကြောင့် ယခုကဲ့သို့ ရောင်းချရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟဒ်ဆန် က“ဒီနို့တွေကို အလဟသ မသွန်ပစ်ချင်ဘူး၊ နို့ဖြစ်လာဖို့အတွက်
စွမ်းအင်နဲ့ အချိန်တွေ သုံးထားခဲ့ရတာ” ဟု သတင်းဌာနတစ်ခုကို ပြောသည်။

သူမတွင် ပုံမှန်ဖောက်သည် ၈ ဦးရှိပြီး ၎င်းတို့က နို့ရည်များကို ခန္ဒာကိုယ်
ကြီးထွားရန်၊ ဟင်းချက်ရန် စသည်ဖြင့် အသုံးပြုကြသည်။

The Myanma Age
ငွေပြတ်လပ်နေသော ဗြိတိန်အမျိုးသမီးတစ်ဦးသည် သူမ၏ ကလေးငယ်များအား ခရစ်စမတ်လက်ဆောင် ပေးရန် အတွက် သူမ၏နို့ရည်များကိုတစ်ပုလင်းလျှင် ဒေါ်လာ ၂၀ဖြင့် ရောင်းချခဲ့သည်။

ကလေးတွေကို ကာကွယ်ဖို့ အစီအစဉ် ရုပ်သံကနေ ပြမယ်


ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးဆိုင်ရာ ရုပ်သံတွေကို ကျန်းမာရေး ဝန်ကြီးဌာန ပြန်ကြားရေးဝန်ကြီးဌာနနဲ့ UNICEF တို့ပူးပေါင်းပြီး မြန်မာ့အသံရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ တော့မှာ ဖြစ်ပါတယ်။

နော်ဝေဘုရင် မန္တလေးခရီးစဉ် ကြိုဆိုရေးနေရာ သတင်းယူခွင့် ရုပ်သံမီဒီယာ ငါးခုသာ ခွင့်ပြု

Photo: နော်ဝေဘုရင် မန္တလေးခရီးစဉ် ကြိုဆိုရေးနေရာ သတင်းယူခွင့် ရုပ်သံမီဒီယာ ငါးခုသာ ခွင့်ပြု
Saturday, December 6, 2014

မြန်မာဘုရင် နောက်ဆုံးစိုးစံခဲ့သည့် မန္တလေးမြို့သို့ ရှေးဟောင်းယဉ်ကျေးမှု ဒေသ ပုဂံမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ရောက်ရှိလာမည့် နော်ဝေနိုင်ငံ ဘုရင်ကို မန္တလေး ထုံးဘိုဆိပ်ကမ်းရှိ ကြိုဆိုရေးနေရာတွင် သတင်းရယူရန် ရုပ်သံမီဒီယာ ငါးခုကိုသာ ခွင့်ပြုခဲ့ပြီး အခြားမီဒီယာများကို သတင်းရဲတပ်ဖွဲ့က တားမြစ်ခဲ့ကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူခဲ့သည့် မန္တလေးအခြေစိုက် သတင်းထောက်များက ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် သတင်းရယူမည့် မီဒီယာများ၏ အမည်စာရင်းကို စတင်ပေးပို့ရန် သတင်းရဲတပ်ဖွဲ့က အကြောင်းကြားခဲ့သဖြင့် နာမည်စာရင်းများ ပေးပို့ခဲ့သော်လည်း နော်ဝေဘုရင် ရောက်ရှိလာသည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမည်စာရင်း ပေးထားသည့် သတင်းဌာနများသာ သတင်းဓာတ်ပုံ ရယူခွင့် ရှိသည်ဟု ပြောကြားပြီး ကျန်သတင်းသမားများ ရယူခွင့်မရှိဟု သက်ဆိုင်ရာ သတင်းရဲတပ်ဖွဲ့က တားဆီးသဖြင့် သတင်းဓာတ်ပုံ ရယူရန် အခက်အခဲ ရှိခဲ့ကြောင်း အဆိုပါ သတင်းထောက်များက ဆိုသည်။

ဝန်ကြီးချုပ် ခွင့်ပြုခဲ့သည့် သတင်းမီဒီယာများမှာ Skynet၊ MRTV၊ မြဝတီ၊ MRTV 4၊ Channel 7၊ MNTV တို့ဖြစ်ပြီး အခြားမီဒီယာများက ကြိုဆိုရေး နေရာတွင် သတင်းရယူခွင့် မရရှိခဲ့သဖြင့် မြို့ပတ်လမ်းပေါ်မှသာ သတင်းဓာတ်ပုံများ ရိုက်ခဲ့ရသည်ဟု မန္တလေးအခြေစိုက် သတင်းသမားများက ထပ်လောင်းပြောဆိုသည်။

နော်ဝေဘုရင် ရောက်ရှိလာမည့် ဧရာဝတီမြစ်ဆိပ် ထုံးဘိုဆိပ်ကမ်းရှိ ကြိုဆိုရေးနေရာတွင် ဓာတ်ပုံသတင်း ရယူရန်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီတွင် ရောက်ရှိလာသည့် မန္တလေးအခြေစိုက် သတင်းသမားများက တာဝန်ရှိသူများကို အကြောင်းကြား အသိပေးပြီး နေရာတစ်ခု သတ်မှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ယင်းတာဝန်ရှိသူများက ကြိုဆိုရေးနေရာနှင့် ဝေးကွာသော နေရာများသို့ သုံးကြိမ်တိုင်တိုင် နေရာရွှေ့ပြောင်းခြင်းများ လုပ်ဆောင်ခံခဲ့ရသည်။

ယင်းနှင့်ပတ်သက်၍ သတင်းရဲတပ်ဖွဲ့ တာဝန်ကျ အကြီးတန်း အရာရှိတစ်ဦးကို မေးမြန်းရာ ဝန်ကြီးချုပ် ရွေးချယ်ထားသော နိုင်ငံပိုင်သတင်းဌာနများနှင့် Skynet သတင်းဌာန၏ သတင်းသမားများကိုသာ သတင်းရယူခွင့် ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နော်ဝေဘုရင်နှင့် ဇနီးဖြစ်သူတို့သည် မန္တလေးမြို့ ဧရာဝတီမြစ် ထုံးဘိုဆိပ်ကမ်းသို့ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှတစ်ဆင့် မန္တလေးတောင်တော်၊ ရွှေကျောင်းကြီး၊ ကုသိုလ်တော်ဘုရားနှင့် မြနန်းစံကျော် ရွှေနန်းတော်တို့သို့ သွားရောက်လည်ပတ် လေ့လာမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
မြန်မာဘုရင် နောက်ဆုံးစိုးစံခဲ့သည့် မန္တလေးမြို့သို့ ရှေးဟောင်းယဉ်ကျေးမှု ဒေသ ပုဂံမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ရောက်ရှိလာမည့် နော်ဝေနိုင်ငံ ဘုရင်ကို မန္တလေး ထုံးဘိုဆိပ်ကမ်းရှိ ကြိုဆိုရေးနေရာတွင် သတင်းရယူရန် ရုပ်သံမီဒီယာ ငါးခုကိုသာ ခွင့်ပြုခဲ့ပြီး အခြားမီဒီယာများကို သတင်းရဲတပ်ဖွဲ့က တားမြစ်ခဲ့ကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူခဲ့သည့် မန္တလေးအခြေစိုက် သတင်းထောက်များက ပြောဆိုသည်။

မလေးရှားရောက် တရားမဝင်မြန်မာလုပ်သားများ နေရပ်ပြန်လိုသော်လည်း မြန်မာနိုင်ငံသားအဖြစ် အထောက်အထားပြုလုပ်ရန် မှတ်ပုံတင်မရှိသဖြင့် အခက်အခဲကြုံရဟုဆို

Photo: မလေးရှားရောက် တရားမဝင်မြန်မာလုပ်သားများ နေရပ်ပြန်လိုသော်လည်း
မြန်မာနိုင်ငံသားအဖြစ် အထောက်အထားပြုလုပ်ရန် မှတ်ပုံတင်မရှိသဖြင့် အခက်အခဲကြုံရဟုဆို
Saturday, December 6, 2014

မလေးရှား နိုင်ငံ၌ တရားမဝင် ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထဲမှ နေရပ်ပြန်လိုသူများ ရှိနေသော် လည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (ဃှု) ပြုလုပ်ရန် နိုင်ငံသားမှတ်ပုံတင် မရှိသည့်အတွက် နေရပ်ပြန်ရန် အခက်ခဲကြုံတွေ့ နေ ကြရကြောင်း မလေးရှားရှိမြန်မာ ရွှေ့ပြောင်းအလုပ်သမား အချို့ထံ မှ သိရသည်။

မလေးရှားနိုင်ငံတွင် သုံးလတစ် ကြိမ်(သို့) ခြောက်လတစ်ကြိမ် ဖမ်း ဆီးလေ့ရှိသည့် သက်တမ်းလွန် အလုပ် သမား(ဥလနမျအပေ) ဖမ်းဆီးနေခြင်း များကိုပြင်းထန်စွာ ပြုလုပ်လျက်ရှိ နေခြင်းနှင့် မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အသတ်ခံနေရမှုများကြောင့် နေ ရပ်ပြန်လိုကြခြင်းဖြစ်ကြောင်း မြန် မာရွှေ့ပြောင်း အလုပ်သမားများက ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ် ပူမြို့ပေါ်ရှိ သစ်အချောထည်စက်ရုံ တွင် အလုပ်လုပ်ကိုင်သည့်မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကိုသန့်ဇင် က ''ဒီတစ်ခါဖမ်းတာက မလေးအစိုး ရကိုယ်တိုင်က ပြစ်ဒဏ်တွေပါတိုး ပြီး အမိန့်ထုတ်ထားတဲ့အတွက် ရော ဖမ်းတာလည်းနေရာစိတ်လာ တယ်။ အဲ့ဒါအပြင် ဟိုတလောက ဈေးရောင်းတဲ့မြန်မာတစ်ယောက် အသတ်ခံလိုက်ရသေးတယ်။ လူ တစ်စုက ဝင်သတ်သွားတာပဲ သိရ ပြီး ဘယ်သူသတ်သွားမှန်းမသိ လိုက်ဘူး။ အဲ့လိုတွေကြောင့် အရမ်း ကို ကြောက်နေကြတယ်။ ဒါ ကြောင့် ပြန်ချင်နေကြတယ်။ ပြန် ချင်ပေမယ့် မှတ်ပုံတင်တို့အိမ်ထောင် စုစာရင်းတို့ပြနိုင်မှ သရုံးမှ (CI)လျှောက်လို့ရမှာ တရားမဝင်ဖြစ်နေ တဲ့လူအတော်များများမှ အဲ့အထောက် အထား မရှိကြဘူး''ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် တရား မဝင် အထောက်အထားမဲ့ မြန်မာ အလုပ်သမား ဖမ်းဆီးနေခြင်းသည် ယခုတစ်ကြိမ်တွင် အပြင်းထန်ဆုံး ဖြစ်ပြီး ယခင်ဖမ်းမိပါက ထောင်ဒဏ် ခြောက်လချမှတ်ပြီး ယခုတွင် ထောင် ဒဏ် ခြောက်လအပြင်၊ ကြိမ်ဒဏ် တစ်ချက်ကိုပါ ပြစ်ဒဏ်အဖြစ် တိုး မြှင့်ထားကြောင်း ပြင်းထန်းစွာဖမ်း ဆီးမှု ပြုလုပ်လျှက်ရှိကြောင်း မလေး ရှားရှိ မြန်မာရွှေ့ပြောင်း အလုပ် သမား ကိုစိုးနိုင်လင်းက ပြောသည်။

''ကျွန်တော်တို့ဆို ကိုယ့်နိုင်ငံ ပဲ ကိုယ်ပြန်ဖို့စိတ်ကူးနေတယ်။ ဒါ ပေမဲ့(CI)လျှောက်ဖို့ အထောက်အ ထားပြစရာမရှိဘူး။ ပွဲစားတွေက အထောက်အထားမရှိလဲ (CI)လျှောက်လို့ရတယ်ဆိုလို့ ပွဲစား အားကိုးလိုက်တယ်။ အလိမ်ခံလိုက် ရရော အဲ့တော့ရှိတဲ့ပိုက်ဆံပါ ကုန် ရော''ဟု ကိုစိုးနိုင်က ယင်းကြုံတွေ့ ခဲ့ရသည်များကို ပြောသည်။

ထိုသို့ အိုဗာစတေးဖမ်းဆီးမှု များကြောင့် တရားမဝင်နိုင်ငံခြား သားလုပ်သားများနှင့် Overstay ဖြစ် နေသည့် နိုင်ငံခြားသားအလုပ် သမားများကို မလေးရှားအစိုးရမှဒီ ဇင်ဘာ ၃၁ရက် နောက်ဆုံးထားကာ မိမိနေရပ်နိုင်ငံများသို့ ပြန်ရန်ကြေ ညာထားပြီး ယင်းကြေညာချက် အပေါ် ပွဲစားများမှအမြတ်ထုတ် လျက်ရှိနေခြင်းဖြစ်ကြောင်း၊ နေရပ် ပြန်ရန် ဆန္ဒပြင်းပြနေကြသည့် မြန် မာနိုင်ငံသားများ အများဆုံး အမြတ် ထုတ်ခံနေရကြောင်း ကိုစိုးနိုင်လင်း က ဆိုသည်။

မလေးရှားနိုင်ငံ ကပုန်းလူမှု ကူညီရေးအသင်းမှ ဦးဆန်းဝင်းက ''(CI) လျှောက်ရင်မှတ်ပုံတင်လို တယ်၊ အိမ်ထောင်စုစာရင်းလိုတယ်။ အဲ့နှစ်ခုနဲ့ Passport စာအုပ်နဲ့သံရုံး မှာ(CI)လျှောက်ရတယ်။ အခုအခက် ခဲဖြစ်နေတာက အထောက်အထား မဲ့ဖြစ်နေတဲ့သူတွေ အားလုံးနီးပါး မှာ အဲဒီ့အထောက်အထား မရှိဘူး။ အထောက်အထားမရှိလို့ သံရုံးက နေအထောက်အထား လုပ်မယ်ဆို ရင်လည်း အနည်းဆုံးလူတစ်ယောက် ကို ခြောက်လလောက်ကြာတယ်။ အဲဒီတော့ ကြားပွဲစားတွေက သူတို့ လုပ်ပေးမယ်။ အထောက်အထားမ ရှိလည်းရတယ်။ မကြာစေရဘူးဆို တဲ့စကားကိုယုံပြီး အလိမ်ခံလိုက် ကျရရော''ဟု ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သ မားများအနေဖြင့် မိမိအစီစဉ်ဖြင့် နေရပ်ပြန်လိုပါက ပထမဦးစွာ မြန် မာသံရုံး၌(CI) လျှောက်ထားကာ မလေးရှား လဝကထံတွင် Special Pass အတွက် ကုန်ကျငွေမလေးရှား ငွေ ရင်းဂစ် ၁ဝဝနှင့် Compound ကြေး မလေးရှားငွေ ရင်းဂစ် ၄ဝဝ တို့ ကိုပေးဆောင်ကာ နေရပ်ပြန်နိုင် ကြောင်း၊ ထိုသို့ပြန်လိုသူများအနေ ဖြင့် မိမိတို့၏ သက်ဆိုင်ရာနေရပ်မှ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ မိမိတို့ လက်ဝယ်ရှိ ပတ်စပို့စာအုပ်တို့ဖြင့် သံ ရုံးတွင် CI လျှောက်ထားရမည်ဖြစ် ပြီး CI ရရှိပါက လေယာဉ်လက်မှတ် တစ်ကြောင်းစာဝယ်ကာ လဝကသို့ သွား၍ တုံကင်ယူရမည် ဖြစ်သည်။ 

တုံကင်ရက်ရပါက ၅ ရက်အတွင်း မြန်မာပြည်သို့ ပြန်လည်ထွက်ခွာနိုင် ကြောင်းလည်း မလေးရှားအစိုးရမှ ထုတ်ပြန်ထားသည်။

ZCL
Ref : Straitstimes
Yangon Media Group
မလေးရှား နိုင်ငံ၌ တရားမဝင် ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ထဲမှ နေရပ်ပြန်လိုသူများ ရှိနေသော် လည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (ဃှု) ပြုလုပ်ရန် နိုင်ငံသားမှတ်ပုံတင် မရှိသည့်အတွက် နေရပ်ပြန်ရန် အခက်ခဲကြုံတွေ့ နေကြရကြောင်း မလေးရှားရှိမြန်မာ ရွှေ့ပြောင်း အလုပ်သမား အချို့ထံ မှ သိရသည်။

မြန်မာ ၂ ဦးလူသတ်မှု ကျူးလွန်ကြောင်း သက်သေ ထင်ရှားလို့ ဗြိတိန်မိသားစုပြောဆို

Photo: မြန်မာ ၂ ဦးလူသတ်မှု ကျူးလွန်ကြောင်း သက်သေ ထင်ရှားလို့ ဗြိတိန်မိသားစုပြောဆို
Saturday, December 6, 2014

ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ မိသားစုတွေ ကအဲ့ဒီပြစ်မှုကို လက်ရှိဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကကျူးလွန် ခဲ့ကြောင်း အထောက် အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြော ကြားလိုက်ပါတယ်။

ဒီအမှုအတွက် စကော့တလန်ယဒ်ခေါ် ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံကို သွားရောက်စုံစမ်းခဲ့ပြီးနောက် မိသားစုတွေကို သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေ ပေးအပ်ခဲ့ပါတယ်။

သက်သေအထောက်အထားတွေအရ စက်တင်ဘာလ က ဖြစ်ပွားခဲ့တဲ့ အဲ့ဒီလူသတ်မှုကိုမြန်မာနိုင်ငံသား ကိုဇော် လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ကျူးလွန် ခဲ့ကြောင်းပေါ်လွင် ထင်ရှားပါတယ်လို့ မိသားစုဝင်တွေက သောကြာနေ့ မနေ့က ပြောပါတယ်။ ဒါပေမယ့်မိသားစုဝင်တစ်ဦး ကတော့ နှစ်ဖက်သက်သေ ထွက်ချက်တွေကို စောင့် ကြည့်လေ့လာသင့်ကြောင်းပြောပါတယ်။

မြန်မာနိုင်ငံသား ၂ ဦးက အဲဒီ လူသတ်မှုကိုသူတို့ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ ထိုင်းရဲတွေက ညှင်းပမ်းနှိပ်စက်ပြီးအဓ္ဓမ ဝန်ခံခိုင်းခဲ့ကြောင်း ပြောဆို ထားပါတယ်။ ဒီအမှုကို တနင်္လာနေ့ မှာထိုင်းနိုင်ငံတရားရုံးက စတင်ကြားနာစစ်ဆေးမှာဖြစ် ပါတယ်။

RFA Burmese
ထိုင်းနိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ မိသားစုတွေ ကအဲ့ဒီပြစ်မှုကို လက်ရှိ ဖမ်းဆီး ထားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကကျူးလွန် ခဲ့ကြောင်း အထောက် အထားတွေ ခိုင်လုံနေတယ်လို့ မနေ့က ထုတ်ဖေါ်ပြော ကြားလိုက်ပါတယ်။

ယူကရိန်း အစိုးရ နှင့် ရုရှ လိုလားသော သူပုန်များ အပစ်ရပ်ရေး သဘောတူညီချက် ရရှိထားကြောင်း ကြေညာ

Photo: ယူကရိန်း အစိုးရ နှင့် ရုရှ လိုလားသော သူပုန်များ အပစ်ရပ်ရေး သဘောတူညီချက် ရရှိထားကြောင်း ကြေညာ
Saturday, December 6, 2014

ကိဗ်၊ ဒီဇင်ဘာ ၅။ ယူကရိန်း အစိုးရနှင့် ရုရှားလိုလားသူ သူပုန်များသည် ကရင်မလင်က ကြားဝင်ညှိနှိုင်း ပေးသော ယာယီ အပစ်ရပ်ရေး သဘောတူညီချက် အရ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယူကရိန်း အရှေ့ပိုင်း စစ်ဇုန်တစ်လျှောက်၌ အပစ်အခတ် ရပ်စဲရန် သဘောတူညီထား ကြကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့ က ဆိုခဲ့ကြသည်။

အပစ်ရပ်ရေး သဘော တူညီချက် အသစ်တွင် ပါဝင်သော အချက်များမှာ၊ စက်တင်ဘာလ အတွင်းက ဘယ်လာရု(စ်) နိုင်ငံ၏ မြို့တော် မင့်ခ် မြို့တွင် ဥရောပ ကိုယ်စားလှယ်များ၏ အကူအညီဖြင့် ရယူနိုင်ခဲ့သော ယခင် ငြိမ်းချမ်းရေး သဘောတူညီချက် ထဲတွင် ပါရှိပြီးသား အချက်များ ဖြစ် ကြကြောင်း ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကိုက ဆိုခဲ့သည်။ သို့ရာတွင် ထိုစဉ်က မင့်ခ်မြို့ သဘောတူညီချက် ထဲတွင်မူ နှစ်ဖက်အနေဖြင့် မည်သည့် နေ့တွင် အပစ်အခတ် ရပ်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။

မင့်ခ် သဘောတူညီချက် ထဲတွင် ပါရှိသော "အပစ်ရပ်နေ့" အား အကောင်အထည် ဖော်နိုင်မည့် အစီအစဉ်များကို ယူကရိန်းအစိုးရက ကြိုတင်ပြင်ဆင် နေကြောင်းနှင့် အပစ်ရပ် ကာလမှာ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သမ္မတ ပေါ်ရိုရှန်ကိုက ဆိုခဲ့သည်။ အကယ်၍ ယာယီ အပစ်ရပ်စဲရေး သဘောတူညီချက်အား ခွဲထွက်ရေး ဝါဒီများ ဘက်ကလည်း လိုက်နာမည်ဆိုပါက ယူကရိန်းအစိုးရသည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ယူကရိန်း အရှေ့ပိုင်းရှိ ရှေ့တန်း စစ်မျက်နှာမှ လက်နက်ကြီးများ ရုပ်သိမ်းရေး အစီအစဉ်ကို စတင်ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတပေါ်ရိုရှန်ကို၏ ကြေညာချက်က ဆိုလိုသည်ဟု သမ္မတရုံးမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လွတ်လပ်သောနိုင်ငံအဖြစ် မိမိဘာသာကြေညာထားသော ဒွန်းညက်စ် ပြည်သူ့ သမ္မတနိုင်ငံ ၏ လွှတ်တော်ဥက္ကဌ အင်ဒရေး ပါဂင် ကလည်း အပစ်ရပ်ရေးသဘောတူညီချက်မှာ မင့်ခ် သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ "မင့်ခ် အဖွဲ့ထဲမှာ ကျွန်တော်တို့ဘက်က စစ်အရာရှိတွေနဲ့ ယူကရိန်းစစ်အရာရှိတွေသာမက ရုရှားညှိနှိုင်းရေးသမားတွေ ပါဝင်ကြပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ အပစ်ရပ်ဖို့ သဘောတူထားကြပါတယ်" ဟု အင်ဒရေးပါဂင်က ရုရှား အစိုးရပိုင် သတင်းဌာနဖြစ်သည့် RIA Novosti ကို ပြောကြားခဲ့သည်။

သို့ရာတွင် ရှစ်လအတွင်း လူပေါင်း ၄၃၀၀ ကျော် သေဆုံးခဲ့ရသော စစ်ပွဲကို ယခုသဘောတူညီချက်က ရပ်တန့် အဆုံးသတ် ပေးနိုင်လိမ့်မည်ဟု ထင်မြင်ပါသလား ဆိုသောမေးခွန်းကိုမူ ပါဂင် က ဖြေဆိုခဲ့ခြင်း မရှိပေ။

Ref: AFP
Mizzima - News in Burmese
ကိဗ်၊ ဒီဇင်ဘာ ၅။ ယူကရိန်း အစိုးရနှင့် ရုရှားလိုလားသူ သူပုန်များသည် ကရင်မလင်က ကြားဝင်ညှိနှိုင်း ပေးသော ယာယီ အပစ်ရပ်ရေး သဘောတူညီချက် အရ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယူကရိန်း အရှေ့ပိုင်း စစ်ဇုန်တစ်လျှောက်၌ အပစ်အခတ် ရပ်စဲရန် သဘောတူညီထား ကြကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့ က ဆိုခဲ့ကြသည်။

၄၂ လမ်း ခုံးကျော်တံတားတွင် ဆိုင်ကယ်ဖြတ်သန်းမှု ခွင့်ပြုရန်မရှိ

Photo: ၄၂ လမ်း ခုံးကျော်တံတားတွင် ဆိုင်ကယ်ဖြတ်သန်းမှု ခွင့်ပြုရန်မရှိ
Saturday, December 6, 2014

မန္တလေးမြို့ရှိ ၄၂ လမ်း ခုံးကျော်တံတားကို ဆိုင်ကယ် များ ပြန်လည်ဖြတ်သန်းအသုံးပြု ခွင့်ပြုတော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။

ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် စက်ဘီး၊ ဆိုင်ကယ် များဖြတ်သန်းခွင့်ပိတ်ပင်ထား သည့် ၄၂ လမ်းခုံးကျော်တံတား အား ပြန်လည်အသုံးပြုခွင့်ပေးရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဝင်များက တင်ပြခဲ့သော်လည်း ပြန်လည်ဖွင့် ပေးရန်အစီအစဉ်မရှိဟု မန္တလေး တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင် မောင်းကပြောကြားခဲ့သည်။

နိုဝင်ဘာ ၃ ရက်က မန္တလေး တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် တစ် ဦး၏ ၄၂ လမ်း သံလမ်းခုံးကျော် တံတားပေါ် ပြန်လည်ဖြတ်သန်း ခွင့်ပြုနိုင်ရေးမေးခွန်း ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၇၈ လမ်းနှင့် လမ်း ၈၀ ကိုဆက်သွယ်ထားသည့် မဟာ အောင်မြေမြို့နယ် ၄၂ လမ်း သံလမ်းခုံးကျော်တံတား၏ အကျယ် မှာ ကား နှစ်စီးဘယ်ညာ ဖြတ်သွားရန်သာ လုံလောက်သော အကျယ်ရှိသည်။ မော်တော်ယာဉ်သွား လာမှုများ ယခင်ထက်များပြားလျက်ရှိသဖြင့် ကျဉ်းမြောင်းသောလမ်းများတွင် ဆိုင်ကယ်များနှင့် အန္တရာယ်ရှိနိုင်ပြီး ယာဉ်ကြောကျပ်တည်းမှုလည်းဖြစ်နိုင်၍ ၄၂ လမ်းသံလမ်းခုံးကျော်တံတားကို ဆိုင်ကယ်များဖြတ်သန်းခွင့်ပြန် လည်ဖွင့်ပေးရန် အစီအစဉ်မရှိကြောင်း ၀န်ကြီးက ဖြေကြားခဲ့သည်။

7Day DAILY

စက်ဘီး၊ဆိုင်ကယ်ဖြတ်သန်းခွင့် မပေးသော ၄၂လမ်း သံလမ်းခုံးကျော် တံတားကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)

စက်ဘီး၊ဆိုင်ကယ်ဖြတ်သန်းခွင့် မပေးသော ၄၂လမ်း သံလမ်းခုံးကျော် တံတားကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)

မန္တလေးမြို့ရှိ ၄၂ လမ်း ခုံးကျော်တံတားကို ဆိုင်ကယ်များ ပြန်လည်ဖြတ်သန်းအသုံးပြု ခွင့်ပြုတော့ မည်မဟုတ်ကြောင်း သတင်းရရှိသည်။

နယူးယော့ခ်တွင် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွား


Photo: နယူးယော့ခ်တွင် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွား
Saturday, December 6, 2014

နယူးယော့ခ်၊ ဒီဇင်ဘာ ၅။ အမေရိကန်နိုင်ငံတွင် ဇူလိုင်လ ၁၇ ရက်က လူဖြူ ရဲအရာရှိ၏ လည်ပင်းညှစ် စစ်ဆေးမှုကြောင့် လူမည်း အမျိုးသား အီရစ်ဂါနာ သေဆုံး ခဲ့ပြီးနောက် ရဲအရာရှိအား အရေးမယူရန် ဂျူရီအဖွဲ့က ဆုံးဖြတ် ခဲ့မှုကို ပြစ်တင်ရှုံ့ချသည့် အနေဖြင့် နယူးယောက်မြို့ရှိ လမ်းများပေါ်တွင် ကန့်ကွက် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြမှုများတွင် ဆူပူမှုများ မရှိခဲ့သော်လည်း ညပိုင်းတွင် ရဲများက လူ ၈၃ ဦးကို ဖမ်းဆီးသွားခဲ့သည်။ ဖာဂူဆန်မြို့တွင်လည်း ဂျူရီအဖွဲ့၏ အလားတူ ဆုံးဖြတ်ချက် တစ်ခုကို မကျေနပ်သဖြင့် ပြီးခဲ့သည့် သီတင်းပတ်က အဆိုပါ ဒေသတွင် အဓိကရုဏ်းများ ဖြစ်ပွား ခဲ့ပြီးနောက် နယူးယော့ခ်မြို့ အပါအ၀င် နိုင်ငံရှိ အခြားသော မြို့များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

သြဂုတ် ၉ ရက်က အသက် ၁၈ နှစ်အရွယ် လူမည်းလူငယ် မိုက်ကယ် ဘရောင်းကို လူဖြူရဲအရာရှိက ပစ်သတ်ခဲ့ပြီးနောက်ပိုင်း ဖာဂူဆန် မြို့တွင် ကန့်ကွက်ဆန္ဒပြ မှုများနှင့် လူမျိုးရေး ပဋိပက္ခများ စတင် ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ပြီး အခြားမြို့များ သို့ပါ ကူးစက်သွား ခဲ့သည်။ ထို့ပြင် အိုဟိုင်းယိုး ပြည်နယ်တွင် လည်း ကလေး ကစားစရာ သေနတ် ကိုင်ဆောင်ထားသည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရဲများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ရသေးသည်။ အဆိုပါ ကိစ္စရပ်များကြောင့် နိုင်ငံတွင် ရဲများနှင့် အာဖရိကန်နွယ် ဖွား အမေရိကန်များအကြား မကျေမလည် မှုများကို ဖြစ်ပွားစေခဲ့သည်။ နယူးယောက်မြို့ရှိ ဒီဇင်ဘာ ၄ ရက် ဆန္ဒပြပွဲများသည် ယူနီယံ ရင်ပြင်တွင် စတင်ခဲ့ပြီး အီရစ် ဂါနာနှင့် မိုက်ကယ် ဘရောင်းတို့ သေဆုံးခဲ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် တက်ကြွလှုပ်ရှားသူများက မြေပြင်ပေါ်တွင် လဲလျောင်း၍ “ကျွန်တော်တို့ အသက်မရှုနိုင်တော့ဘူး၊ လက်မြှောက်၊ မပစ်နဲ့”ဟု အော်ဟစ်ခဲ့ကြသည်။

“ဂါနာက သူ့ကို မသတ်ဖို့ တောင်းပန်ခဲ့ပါသေးတယ်၊ သူတို့ကတော့ ဂရုမစိုက်ခဲ့ပါဘူး၊ ဖာဂူဆန်မှာလို လူတွေက တုံ့ပြန် ကန့်ကွက်မှုတွေ မလုပ်ရင်တော့ ဒီမှာ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ၁၉၉၅ ခုနှစ်က ရဲများ၏ ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အရွယ် သားဖြစ်သူနှင့် တူတစ်ယောက် ကို ဆုံးရှုံးထားခဲ့ရသော မာဂါရီတာ ရိုဆာရီယို ဆိုသူက ပြောကြားခဲ့သည်။

Ref: AFP
Mizzima - News in Burmese
နယူးယော့ခ်၊ ဒီဇင်ဘာ ၅။ အမေရိကန်နိုင်ငံတွင် ဇူလိုင်လ ၁၇ ရက်က လူဖြူ ရဲအရာရှိ၏ လည်ပင်းညှစ် စစ်ဆေးမှုကြောင့် လူမည်း အမျိုးသား အီရစ်ဂါနာ သေဆုံး ခဲ့ပြီးနောက် ရဲအရာရှိအား အရေးမယူရန် ဂျူရီအဖွဲ့က ဆုံးဖြတ် ခဲ့မှုကို ပြစ်တင်ရှုံ့ချသည့် အနေဖြင့် နယူးယောက်မြို့ရှိ လမ်းများပေါ်တွင် ကန့်ကွက် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အင်ဒိုနီးရှားတွင် အိမ်လုပ်အရက်ကြောင့် ၂၉ ဦး သေဆုံး

Photo: အင်ဒိုနီးရှားတွင် အိမ်လုပ်အရက်ကြောင့် ၂၉ ဦး သေဆုံး
Saturday, December 6, 2014

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းက စူမေဒန် ဂရွတ် ဒီပေါ့ခ်နဲ့ ဘိုဂေါ ခရိုင်တွေမှာ အိမ်လုပ်အရက်တွေကို သောက်အပြီး အနည်းဆုံး လူ ၂၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံ ပါတယ်။

0အရက်သောက်အပြီး လူ ၆၁ ဦးကျော်ကို စူမေဒန် ဒေသခံဆေးရုံ တင်ပို့ခဲ့ရ တယ်လို့ အင်ဒိုနီးရှား အမျိုးသားသတင်းအေဂျင်စီ က ပြောပါတယ်။

ဆေးရုံတင်ခဲ့ရတဲ့အထဲက လူ ၁၀ ဦး သေဆုံးပြီး ၄၅ ဦးက ဆေးရုံမှာ ကုသခံနေရဆဲ လို့ ဒေသခံမီဒီယာက ပြောပါတယ်။

ဘိုဂေါက လူ ၂ ဦးလည်း အိမ်လုပ် အရက်တွေဘေး မှာ သေနေတာ တွေ့ရ တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားမှာ မိုးရာသီကြောင့် ရာသီဥတုပိုအေးလာတဲ့အတွက် အရက်ဝယ်လို အား မြင့်တက်နေတာကြောင့် ဈေးတက်ခဲ့လို့ ဈေးချိုတဲ့ အိမ်လုပ် ချက်အရက် တွေဟာ လူကြိုက်များတဲ့ ရွေးချယ်စရာ ဖြစ်နေတယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။

ဆူမေဒန် ရဲဌာနချုပ်မှာ မီဒီယာတွေကို အရက်ပုလင်းတွေ ခင်းကျင်းပြသအပြီး အရက်ချက်တဲ့အတွက် တာဝန်ရှိသူတွေကို ရဲတွေက ဖမ်းပြီးပြီလို့ ဒေသခံ မီဒီယာက အစီရင်ခံခဲ့ ပါတယ်။

ဒီဗွီဘီ
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းက စူမေဒန် ဂရွတ် ဒီပေါ့ခ်နဲ့ ဘိုဂေါ ခရိုင်တွေမှာ အိမ်လုပ် အရက် တွေကို သောက်အပြီး အနည်းဆုံး လူ ၂၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံ ပါတယ်။