Thursday, April 30, 2015
တိုင်းပြည်ခေါင်းဆောင် ဒေါ်စုလည်း ဖြစ်သင့်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြော
မြန်မာနိုင်ငံ အတွက် သမ္မတလောင်းရွေး ချယ်ရာတွင် အတိုက် အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ပါဝင်ခွင့် ရရန် စဉ်းစား သင့်ကြောင်း တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီးယား သတင်းဌာန တစ်ခုဖြစ်သော Yonhapနှင့်တွေ့ ဆုံဆွေးနွေးမှု အတွက် ဧပြီလ ၂၉ ရက်ကပြော ဆိုလိုက်သည်။
ပန်ဆန်းဆွေးနွေးပွဲ သုံးရက်တိုး ပြုလုပ်မည်
‘ဝ’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) ဌာနချုပ် ပန် ဆန်း(ပန်းခမ်း)၌ မေလ ၁ ရက် တွင် စတင်ပြုလုပ်မည့် အစည်း အဝေးကို ယခင်သတ်မှတ်ထား သည့် သုံးရက်အစား ခြောက်ရက် ကြာပြုလုပ်ရန် စီစဉ်လိုက် ကြောင်း UWSP/UWSA ပြင်ပ ဆက်ဆံရေးဌာန တာဝန်ရှိသူက ပြောသည်။
UWSP/UWSA က အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အစည်း အဝေးတွင် လက်ရှိမြန်မာ့ငြိမ်း ချမ်းရေးအခြေအနေ၊ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုင်ရာကိစ္စတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အစည်းအဝေးက တင်ပြ တာတွေပြီးရင် ဆွေးနွေးတာတွေ၊ ဖလှယ်တာတွေ လုပ်ရဦးမယ် လေ။ အဲဒါကြောင့် ခြောက်ရက်လို့ ပြောင်းလဲသတ်မှတ်လိုက်တာပါ’’ ဟု UWSP/UWSA ပြင်ပဆက်ဆံ ရေးဌာနတာဝန်ရှိသူက ပြော သည်။
ဧပြီ ၂၉ ရက်တွင် ပန်ဆန်း သို့ မွန်ပြည်သစ်ပါတီ (NMSP)ဒုဥက္ကဋ္ဌနှင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ နှင့်အဖွဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက၊ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့်အဖွဲ့တို့ ရောက်ရှိနေကြပြီဖြစ်သည်။

အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များရရှိရန် အလုပ်သမားနေ့တွင် ဆန္ဒပြမည်
မေလ ၁ ရက်(အလုပ် သမားနေ့)တွင် လှိုင်သာယာစက် မှုဇုန်များရှိ အလုပ်သမား ၅၀၀ ကျော်တို့သည် အလုပ်သမားအခွင့် အရေး ရပိုင်ခွင့်များရရှိရန် ဗဟန်း မြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းမှ တာ မွေမြို့နယ်ရှိ လူထုဟစ်တိုင်သို့ ချီတက်ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၁ ရက်တွင် ဆန္ဒပြရန် စီစဉ်နေကြသော လှိုင်သာယာ စက်မှုဇုန်များရှိ အလုပ်သမား ၂,၀၀၀ ကျော်က မရမ်းကုန်းမြို့နယ် စစ်ကြောင်း၊ အင်းစိန်မြို့နယ် စစ်ကြောင်းနှင့် ကမာရွတ်မြို့နယ် စစ်ကြောင်းဟူ၍ အလုပ်သမားစစ်ကြောင်း သုံးကြောင်းဖြင့် ကမာရွတ် လှည်းတန်းလမ်းဆုံအထိ ချီတက်ဆန္ဒပြရန် အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း အင်အား ၅၀၀ ခန့်ဖြင့် ဗိုလ်စိန်မှန်ကွင်းမှ လူထုဟစ်တိုင်ထိသာ ခွင့်ပြုချက် ရရှိခဲ့ကြောင်း အလုပ်သမား ဆန္ဒပြတောင်းဆိုမှုကို ဦးဆောင်မည့် ရှေ့နေဦးဌေးက ပြောသည်။

ဖြူးမြို့နယ်တွင် သံဃာတော်များအပါအ၀င် လူနှစ်ရာကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
ဖြူးမြို့နယ်၊ ကညွတ် ကွင်းမြို့၊ ရွာကန့်လန့်ကျေးရွာ တွင် နာရေးဆွမ်းသွတ်အလှူမှ ကျွေးသော ထမင်းနှင့် ဟင်းများ စားသုံးရာမှ သံဃာတော်များ အပါအ၀င် လူနှစ်ရာကျော် အစာအ ဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၂၉ ရက် နံနက်က ကညွတ်ကွင်းမြို့အနောက်ရှိ ရွာ ကန့်လန့်ကျေးရွာတွင် နာရေး ဆွမ်းသွတ်အတွက် ၀က်သား ဟင်း၊ အချဉ်သုပ်၊ ပဲဟင်းတို့ဖြင့် ကျွေးမွေးရာ သံဃာတော်များ အပါအ၀င် နာရေးဆွမ်းသွတ်သို့ လာရောက်သော လူနှစ်ရာကျော် အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။

ကျည်ဆန်နှင့် စိတ်ကြွဆေး သယ်ဆောင်လာသော ကားတစ်စီး မူဆယ်မြို့အနီးတွင် ဖမ်းမိ
အမေရိကန်နိုင်ငံသား တစ်ဦး၊ သြစတြေးလျနိုင်ငံသား တစ်ဦးနှင့် နမ့်ခမ်းမြို့ဒေသခံတစ် ဦးကို သေနတ် ကျည်ဆန်များ၊ စိတ်ကြွဆေးများနှင့်အတူ မူဆယ် မြို့အနီးတွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး နိုင်ငံခြားသားနှစ်ဦးမှာ အမှုနှင့် မ သက်ဆိုင်သောကြောင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
ဧပြီ ၂၈ ရက်တွင် နမ့်ဖတ် ကာမှ နမ့်ခမ်းဘက်သို့သွားသည့် ပြည်ထောင်စု လမ်းမကြီးပေါ်၌ ပါဂျဲရိုးကားတစ်စီးကို ရဲတပ်ဖွဲ့ က စစ်ဆေးစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ ရဲတပ်ဖွဲ့နှင့် လ၀ကဌာန အရာရှိများပါဝင်သော ပူးပေါင်း အဖွဲ့၏ စစ်ဆေးချက်အရ နိုင်ငံ ခြားသားနှစ်ဦးမှာအပြစ်မရှိ၍ ဧပြီ ၂၉ ရက်တွင် ပြန်လွှတ်ပေးခဲ့ ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောသည်။

နိုင်ငံသားမဟုတ်သူများကို ပါတီဝင်အဖြစ်မှ ရပ်စဲရေးဥပဒေအရ ဒီချုပ်ပါတီဝင် ခုနစ်ထောင်ကျော် ရပ်စဲခံခဲ့ရ
နိုင်ငံသားမဟုတ်သူများ ကို ပါတီဝင်များအဖြစ်မှ ရပ်စဲရန် ပြင်ဆင်လိုက်သည့် ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အနေဖြင့် ပါတီဝင် ၇,၀၀၀ ခန့်ကို ပါတီဝင်အဖြစ်မှ ရပ်စဲခဲ့ကြောင်း သတင်းရရှိသည်။
အသစ်ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီများ ဥပဒေအရ နိုင် ငံသားကတ် (ပန်းရောင်ကတ်) ကိုင်ဆောင်ထားသူမှအပ အခြား အသိအမှတ်ပြု ကိုင်ဆောင်ထား သူများအား ပါတီတည်ထောင်ခွင့်၊ ပါတီဝင်အဖြစ် လှုပ်ရှားခွင့် ကန့်သတ်ချက်အရ ယင်းကဲ့သို့ ထုတ်ပယ်ခဲ့ရခြင်းဖြစ်သည်။
‘‘ပါတီဝင် ၇,၀၀၀ လောက် ကို ပါတီဝင်အဖြစ်က ရပ်စဲခဲ့ရတာတော့ ရှိပါတယ်။

ကမ္ဘာကြီးပူနွေးမှုကို ဝိုင်းဝန်းကာကွယ်
ကမ္ဘာကြီးပူနွေးလာမှုအကျိုးဆက်ကို ယနေ့လူသားများ လက်တွေ့ခံစား လာရပြီဖြစ် သည်။ ယင်းသို့ ပူနွေးလာသည်မှာ ကမ္ဘာ့လေထုထဲတွင် ကာလကြာမြင့် စွာ တည်ရှိနေနိုင်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ နှင့် အခြားသော ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏ မြင့်မားလာသောကြောင့် ဖြစ်သည်။
ယင်းသို့ မြင့်မားလာခြင်းသည် မလွန်ဆန်နိုင်သော ဖြစ်စဉ်သဘော တရားကဲ့ သို့ ဖြစ်နေသော်လည်း အမှန်တွင် လက်သည်မှာ လူသားများ ပင် ဖြစ်သည်။
လူတို့၏လိုအင်များကို နောက်မဆုတ်တမ်းဖြည့်ဆည်းနေရာမှ ကမ္ဘာကြီးကို တတိတိဖျက်ဆီးသကဲ့သို့ ဖြစ်လာသည်။ လူသား တို့နေထိုင်ရာ ကမ္ဘာကြီး တွင် လူသားတို့အား ထိခိုက်စေနိုင် သော အခြေအနေများကို ဟန့်တား ကာကွယ်နိုင်သော သဘာဝအတားအဆီး များရှိသော်လည်း ထိုအတား အဆီးများကို လူသားတို့ကပင် ဖျက်ဆီးပစ် ကြသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သည် တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်လျက် ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောကြား
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့ (Partnership Group for Peace, Development and Democracy in Myanmar – PGM ) အစည်းအဝေးကို ဧပြီ ၂၄ ရက် နံနက် ၁၁ နာရီခွဲ မှ မွန်းလွဲ ၁ နာရီအထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း၊ အတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ် ဘီးယား၊ PGMအဖွဲ့ဝင် ၁၅ နိုင်ငံမှ အမြဲတမ်း ကိုယ်စားလှယ်အဆင့် ၁ဝ ဦး၊ ဒုတိယအမြဲတမ်းကိုယ်စား လှယ်အဆင့် လေးဦးနှင့် အမေရိကန်နိုင်ငံမှ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးMr. Scot Marciel တို့ တက်ရောက်ခဲ့ကြသည်။

နာဂစ်ဒဏ်ခံစားခဲ့ရသည့် ဒေသများ အလုပ်အကိုင် အခွင့်အလမ်းများ ပံ့ပိုး ရန် လိုအပ်
၂ဝ၁၅ မေလ ၂ ရက်ဆိုလျှင် မြန်မာပြည်အောက်ပိုင်း ရန်ကုန်အပါ အဝင် မြစ်ဝ ကျွန်းပေါ်ဒေသအချို့တွင် ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်ကတိုက် ခတ်ခဲ့သော နာဂစ်မုန်တိုင်း ဒဏ်ခံစားရမှု ခုနစ်နှစ်ပြည့်မြောက်လာပြီ ဖြစ်သည်။ နာဂစ် ခုနစ်နှစ်မြောက်ပြည့်ရန် ရက်ပိုင်းအလို ပတ်ဝန်းကျင်နိုင်ငံ တစ်နိုင်ငံဖြစ်သော နီပေါနိုင်ငံ၏ လူဦးရေ ၅ဝဝဝ ကျော် သေဆုံးမှုရှိခဲ့သော ပြင်းအား ၇ ဒသမ ၉ မဂ္ဂနီကျူဒ်ရှိ မြေငလျင်သတင်းဆိုး ကြားသိရသည်။
အဆိုပါနိုင်ငံတွင် ၁၉၃၄ ခုနှစ်တွင် ပြင်းအား ၈ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူဦးရေ တစ်သောင်း ကျော် သေဆုံးခဲ့သည်။ နှစ်ပေါင်း ၈ဝ ကျော်တွင် မြေ ငလျင်ဒဏ်ထပ်မံကြုံတွေ့လာရခြင်းဖြစ်သည်။ ထို့အတူ နာဂစ်ဒဏ်ခံစား ခဲ့ရသော ဒေသများတွင်လည်း ထပ်မံ ကြုံတွေ့ရခြင်း မရှိစေရေး သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုများလိုအပ်နေသည်ဟု သတိပေးသကဲ့သို့ ရှိနေသည်။

Wednesday, April 29, 2015
မသိချင်ယောင် ဆောင်နေကြတာလား
သစ်တစ်ပင် ခုတ်စရာမလို၊ မြေတစ်ကွက် ရောင်းစရာမလို၊ မီးခိုးတအူအူထွက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်စရာမလိုဘဲ မီးခိုးတိတ် စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံခြားငွေတွေ သောက်သောက်လဲရမယ့် သဘာဝသယံဇာတတွေ၊ ရှုခင်းတွေ၊ တောတောင်အလှအပတွေ ပြည့်စုံကောင်းမွန်ပါလျက်နဲ့ သစ်ပင်ခုတ်ပြီး သစ်အလုံးလိုက် တင်ပို့ပြီးမှ နိုင်ငံခြားငွေရှာရတာ ဘာကြောင့်ပါလဲ။
သူပုန်နှင့်အစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင် ကမ်းလှမ်းချက် ကိုလံဘီယာမယ် ပယ်ချ
ကိုလံဘီယာသူပုန်အဖွဲ့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး အကျိုးဆောင်ပေးဖို့ ကမ်းလှမ်းခံရတဲ့ ကိုလံဘီယာနိုင်ငံရဲ့ မယ်စကြာဝဠာက ဖိတ်ကြားမှုကို ပယ်ချလိုက်ပါတယ်။
အသက် ၂၂ အရွယ် အလှမယ်ဟာ စီးပွားရေးဘာသာရပ်ကို လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ ကိုလံဘီယာသူပုန်အဖွဲ့က တရားဝင် အကြောင်းကြား စာနဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ အရွယ် အလှမယ်ဟာ စီးပွားရေးဘာသာရပ်ကို လေ့လာနေသူ ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့ ကိုလံဘီယာသူပုန်အဖွဲ့က တရားဝင် အကြောင်းကြား စာနဲ့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
နီပေါငလျင်ဘေးအတွက် ကူညီကြရန် မြန်မာကြက်ခြေနီအသင်း ဖိတ်ခေါ်
နီပေါငလျင်ဘေးဒဏ်ခံရသူတွေအတွက် အလှူငွေထည့်ဝင်လှူဒါန်းကြဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဖိတ်ခေါ်လိုက်ပါတယ်။
လတ်တလောမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဝန်ထမ်းများက စုပေါင်းလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ တို့ကို လှူဒါန်းထားပြီးဖြစ်တယ်လို့ အသင်းရဲ့အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်က ဂျပန်စစ်တပ်၏ကျူးလွန်မှုများအတွက် တောင်းပန်ရန် အမေရိကန်တွင် ဆန္ဒပြ
ဒုတိယ ကမ္ဘာစစ်ကာလက ဂျပန်စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တောင်းပန်ဖို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့မှာ ကိုရီးယား နွယ်ဖွား အမေရိကန် ၁၀၀ ကျော်ဟာ ဧပြီ ၂၈ ရက်နေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေး အမေရိကန်ပြည်ထောင်စုကို ရောက်နေချိန်မှာ ဆန္ဒပြကြတာဖြစ်ပါတယ်။
ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်ပြုတာကို ခံခဲ့ရတဲ့ လီယောင်ဆိုးကလည်း ဆန္ဒပြပွဲမှာ ပါဝင်ပါတယ်။
“ခံစားချက်တွေက အခုထိ နာကျင်နေတုန်းပဲ။ သေတဲ့ အထိ မေ့မှာ မဟုတ်ဘူး” လို့ ဆန္ဒပြပွဲမှာ သူက ပြောပါတယ်။စစ်ကြီးအတွင်း ဂျပန်စစ်တပ်က အိမ်နီးချင်းနိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို ဂျပန်ဝန်ကြီးချုပ်အနေနဲ့ တရားဝင် တောင်းပန်ဖို့ တောင်း ဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသမားတွေက ကိုင်ထားကြပါတယ်။

ဘားအံမြို့နယ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွား
ကရင်ပြည်နယ် ဘားအံမြို့နယ် ဖိုးရှိုးရပ်ကွက်အတွင်းရှိ သဘာဝဓာတ်ငွေ့ ထိန်း၊ ဖြန့် စခန်းဝင်းအတွင်း ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ ပိုက်တွင်း လက်ကျန် သဘာဝဓာတ်ငွေ့တွေကို ရှင်းနေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဂက်စ်လိုင်းထဲမှာ ဂက်စ်အကျန်ကို ရှင်းတာပေါ့။ ဘယ်လိုရှင်းလဲဆိုရင် မီးရှို့ပြီးတော့ ရှင်းထုတ်တာ။ ခါတိုင်းလည်း ဒီလိုပုံစံပဲ သူက မီးရှို့ပြီး ရှင်းထုတ်တယ်။ အဲတော့ ရှင်းရင်းနဲ့ မီးကအထဲကို ပြန့်ဝင်ပြီး ပေါက်တဲ့သဘောဖြစ်သွားတာ။”

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို လ၀ကအက်ဥပဒေဖြင့် ထောင်ခြောက်လစီချမှတ်ခဲ့ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်သော အပက ၃ ပုဒ်မဖြင့် နေ့စဉ်စစ်ဆေးနေ
၂၀၁၅ နှစ်ဆန်းပိုင်းက ကချင်ပြည်နယ်အတွင်းဖမ်းမိသော သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၁၃/၁ အရ ထောင်ဒဏ် ၆ လစီဖြင့် ဧပြီ ၂၂ ရက်က ၀ိုင်းမော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သော အပက -၃ ပုဒ်မဖြင့် ဧပြီ ၂၂ ရက်နောက်ပိုင်းမှစတင်ကာ နေ့စဉ်ခရိုင်တရားရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို လ၀ကအက်ဥပဒေ ၊ မူးယစ်နှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ၆/၁ ဖြင့် ရှေးဦးစွာအမှုဖွင့်အရေးယူခဲ့ပြီးနောက် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၆/၁ အစား နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သော အပက -၃ ဖြင့် ဧပြီ ၁၀ တွင် ပြောင်းလဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကသည်းလက်နက်ကိုင်များ ဖမ်းဆီးနေ၍ တမူးဒေသခံများ ထိတ်လန့်
ကလေး - တမူးမြို့တွင် ဧပြီ ၁၂ ရက်က ကသည်းလက်နက်ကိုင် တပ်ရင်းစခန်းအနီးသို့ လမ်းမှား ရောက်ရှိသွားသည့် ဒေသခံကျေး ရွာသားလေးဦး ဖမ်းဆီးခံရပြီး နောက် တမူးဒေသခံများ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း သတင်းရရှိသည်။
တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲ ရှိ မွှာလ်လင်းကျေးရွာ သားလေးဦးသည် ဧပြီ ၁၂ ရက် ညကတောတွင်းသို့ ငှက်ပစ်ထွက်ရာမှ လမ်းမှား၍ကသည်း လက်နက်ကိုင်တပ်ရင်း စခန်းချထားရာအနီးသို့ ရောက်ရှိခဲ့သည်။
အဆိုပါရွာသားများကို က သည်းလက်နက်ကိုင်များက မိမိ တို့စခန်းသို့ လာရောက်စုံစမ်းသူ များဟု ယူဆကာ ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုသိရသည်။

Monday, April 27, 2015
တိုက်ပွဲဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့များကို တိုင်းရင်းသားလက်နက်ကိုင် ညီလာခံ ဖိတ်ထားဟုဆို
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား သဘောတူညီထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အပစ်ရပ်မူကြမ်းကို ဆွေးနွေးမည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ ပန်ဆန်းညီလာခံကို တက်ရောက်ရန် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် တအာင်းလက်နက်ကိုင် အဖွဲ့တို့ကိုပါ ဖိတ်ကြားထားကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
“အခုတိုက်ပွဲဖြစ်ပွားနေဆဲ အဖွဲ့တွေကိုလည်း ဖိတ်ကြားထားပါတယ်။ ပြီးခဲ့တဲ့ နှစ်လတည်းက စီစဉ်ထားတဲ့အတိုင်း သွားတဲ့သဘောပါ။ NCCT ထဲက မတက်ရောက်တဲ့ အဖွဲ့တွေကတော့ သီးခြား NCCT ထဲမှာ ပြန်ရှင်းလင်း ဆွေးနွေးကြမှာပေါ့” ဟု “ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တန်ချိန်ထောင်ချီသော မူးယစ်ဆေးဝါးများ “ဖြစ်ရပ်မှန်လား---လုပ်ကြံပြောဆိုမှုလား” - အပိုင်း (၄)

ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း KIO
-------------------------------------------------------
KIO သည်လည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုလုပ်ငန်းများတွင် ယုံနိုင်စရာမရှိလောက်အောင် ပါဝင်ပတ်သက်နေပါသည်။ ခေတ်ပညာတတ် နှစ်ခြင်းခရစ်ယာန်ဘာသာဝင် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူများ ဆိုသည်နှင့် ဆန့်ကျင်၍ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် များစွာ ပါဝင်လျက်ရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း၊ အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံများသို့ မူးယစ်ဆေးဝါး များဖြန့်ဖြူးလျက်ရှိပါသည်။ မန္တလေးနှင့် မြစ်ကြီးနား မြို့ကြီးများသည် KIO အဖွဲ့ကလက်ဝါးကြီးအုပ် ထားသော မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချရာ ဈေးကွက်များဖြစ်ပါသည်။ မူးယစ်ဆေးဝါးရောင်းဝယ် ခြင်းမှရရှိသော ငွေကြေးများကို ယူနန်ပြည်နယ်နှင့် တရုတ်ပြည်မကြီးအတွင်းရှိ တရားဝင်စီးပွားရေး လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံကြပါသည်။ KIO ခေါင်းဆောင်များသည် ထိုဒေသများမှ အာဏာပိုင်များနှင့် ရင်းနှီးမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင် ခဲ့ကြပါသည်။ Yingcheng ရှိ Yin Muang ဟိုတယ်သည် KIO ဌာနချုပ်ပိုင်ဟိုတယ်ဖြစ်ပါသည်။ အလားတူ Chengguanzhen ရှိ 123 ဟိုတယ်သည်လည်း KIO ဥက္ကဋ္ဌ ဇောင်ဟရား ပိုင်ဟိုတယ်ဖြစ် ပါသည်။ ကူမင်း၊ ကွမ်ကျိုး နှင့် ယန်ကျန်း မြို့များရှိ Shin Lee ကျောက်စိမ်းကုမ္ပဏီများသည်လည်း KIO မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ အင်ဘန်လ ပိုင်ဆိုင်ပါသည်။ Ruili ရှိ Jing Cheng ဟိုတယ်နှင့် Spa ကိုလည်း ဗိုလ်ချုပ် ဂွမ်မော် ပိုင်ဆိုင်ပါသည်။ Chengguanzhen ရှိ Jing Cheng ဟိုတယ်ပိုင် ဂေါက်ကွင်း သည်လည်း KIO ၏ မူးယစ်ဆေးဝါးလုပ်ငန်းများမှရရှိသော ငွေများကိုပြန်လည်မြှုပ်နှံ ထားခြင်းဖြစ်ပါသည်။ ထိုပိုင်ဆိုင်မှုများသည် သိမြင်လွယ်သည့်အကြောင်းအရာများသာဖြစ်ပါသည်။
တန်ချိန်ထောင်ချီသော မူးယစ်ဆေးဝါးများ “ဖြစ်ရပ်မှန်လား---လုပ်ကြံပြောဆိုမှုလား” - အပိုင်း (၃)

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
---------------------------------------------------------------
၁၉၈၉ ခုနှစ်၊ အေပြီလ ၁၇ ရက်နေ့တွင် “ဝ” လူမျိုးများ အုပ်စုကွဲခဲ့ပြီး ချိုင်ငိုင်လိုင် နှင့် ဗိုယူဟိုင် တို့ကဦးဆောင်ကာ ဗမာပြည်ကွန်မြူနစ်ပါတီရုံးချုပ်ကို သိမ်းပိုက်ပြီး “ဝ” တပ်မတော်အဖြစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါသည်။
ဗမာပြည်ကွန်မြူနစ်ပါတီမှ အသွင်ပြောင်လာသော “ဝ” တပ်မတော်သည် ၂၀ဝ၅ ခုနှစ်တွင် “ဝ” ဒေသအတွင်း မူးယစ်ဆေးဝါးကင်းမဲ့ဇုန်အဖြစ်ကြေညာခဲ့ပါသည်။ ထိုကြေညာချက်နှင့်ဆန့်ကျင်၍ ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လျှို့ဝှက်စွာနှင့် မသိမသာ လုပ်ဆောင်ခဲ့ ကြပါသည်။ ၂၀ဝ၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် အမေရိကန်အစိုးရက “ဝ”တပ်ဖွဲ့အား မူးယစ်ဆေးဝါးတိုက်ဖျက်သောအဖွဲ့အစည်းအဖြစ်သတ်မှတ်ပေးခဲ့ပါသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကိုအကြောင်းပြ၍ ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းလုပ်ငန်းများကို သိုသိပ်စွာလုပ်ဆောင်ခဲ့ ကြပါသည်။ “ဝ” တပ်ဖွဲ့သည် ရှမ်းပြည်နယ်အတွင်း နေရာအနှံ့အပြားမှ ဘိန်းများကို ဝယ်ယူခဲ့ပြီး
စစ်အသုံးစရိတ် ၀န်ထုပ်ဝန်ပိုးဖြစ်နေသည့် နိုင်ငံ ၂၀ တွင် မြန်မာပါဝင်

စစ်အသုံးစရိတ်ကို တိုင်းပြည်ဂျီဒီပီရဲ့ ၄ ရာခိုင်နှုန်းအထက်ပိုသုံးပြီး ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ နိုင်ငံ ၂၀ ထဲမှာ မြန်မာနိုင်ငံပါဝင်တယ်လို့ စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနသိပ္ပံ (SIPRI) ရဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီအဖွဲ့ဟာ ဆွီဒင်နိုင်ငံမှာ အခြေစိုက်တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်အသုံးစရိတ်နဲ့ လက်နက်အရောင်းအ၀ယ်ကိစ္စတွေကို စောင့်ကြည့် လေ့လာ မှတ်တမ်းပြုစု ထုတ်ပြန်နေတာပါ။
၂၀၁၄ ခုမှာ စစ်စရိတ် ဂျီဒီပီ ၄ ရာခိုင်နှုန်းနဲ့ အထက်သုံးတဲ့ နိုင်ငံ ၂၀ ကတော့ အိုမန်၊ ဆော်ဒီအာရေဗီးယား၊ တောင်ဆူဒန်၊ ချဒ်၊ လစ်ဗျား၊ အစ္စရေး၊ ရုရှား၊ လက်ဘနွန်၊ မြန်မာ၊အီရတ်၊ ယီမင်နဲ့ ဆီးရီးယား စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း လက်နက်တင်ပို့ရောင်းချတဲ့ နိုင်ငံ ၁၀နိုင်ငံမှာပါဝင်တဲ့ တရုတ်နိုင်ငံဆီက လက်နက်အများဆုံးဝယ်တဲ့ အဓိက ဖောက်သည်တွေက မြန်မာ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် တို့ ပါဝင်ပါတယ်။
မြန်မာနိုင်ငံက တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေဆီက စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူ ထားတဲ့ စာရင်းတွေကိုလည်း စတော့ဟုမ်းနိုင်ငံ တကာငြိမ်းချမ်းရေးသုသေနသိပ္ပံ က ထည့်သွင်းဖော်ပြထားပါတယ်။
စစ်လက်နက် ပစ္စည်းအမျိုးအစားတွေထဲမှာ စစ်သင်္ဘောတွေပါဝင်သလို၊ MiG-29 တိုက်လေယာဉ်တွေ၊ Mi-35P နဲ့ Mi-24P စစ်ရဟတ်ယာဉ်တွေ၊ တင့်ကားတွေ၊ ပုခုံးထမ်းလောင်ချာတွေနဲ့ ရေဒါ စတာတွေ ပါဝင်ပါတယ်။
မြန်မာကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်ကတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် မြန်မာကျပ်ငွေ ၂၇၅၀ ဘီလီယံပေးဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီက ပြည်ထောင်စု လွှတ်တော်မှာ တောင်းခံထားပါတယ်။
မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး အသုံးစာရိတ်ဟာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီရဲ့ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် အေဒီဘီက ခန့်မှန်းထားပါတယ်။
DVB
ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ ကျော် ပါဝင်ကြောင်း သိရ

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့၏ တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ ကျော် ပါဝင်ကြောင်း စားနပ်ရိက္ခာ သွားရောက်လှူဒါန်းခဲ့သူများက ပြောကြားသည်။
တိုက်ပွဲများကြောင့် တိမ်းရှောင်နေသော ကျေးရွာသုံးရွာရှိပြီး အောင်လံချောင်း၊ ပင်လုံနှင့် ကုလားချောင်းကျေးရွာတို့မှ ရွာသားများဖြစ်ကာ လက်ရှိအချိန်တွင် စပါးဆိပ်ကျေးရွာ၌ ခိုလှုံနေကြကြောင်း၊ ဒုက္ခသည်များအနက် အသက် ၁၈ နှစ်အောက် ကျား ၁၀၉ ဦး၊ မ ၁၀၈ ဦး၊ အသက် ၁၈ နှစ်အထက် ကျား ၁၀၈ ဦး၊ မ ၈၂ ဦး စုစုပေါင်း ၄၀၇ ဦးဖြစ်ကြောင်း သတင်းရရှိသည်။
Sunday, April 26, 2015
ရန်ကုန်တွင် မေလမှစ၍ ခွေး‘သင်း’ခြင်း ပြုလုပ်မည်

ရန်ကုန်မြို့တော်အတွင်း လေလွင့်ခွေးအန္တရာယ် လျော့နည်းရန်နှင့် ခွေးအရေအတွက် တိုးပွားမှုကို ထိန်း ချုပ်ရန် နှစ်စဉ်ပြုလုပ်လျက်ရှိသည့် ခွေးသင်းခြင်းကို မေလမှ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ အကြီးတန်းအရာရှိ တစ်ဦး က ပြောကြားသည်။
ပန်ဆန်းဆွေးနွေးပွဲသို့ KIO/KIA ထိပ်တန်းခေါင်းဆောင်သုံးဦးတက်မည်
‘၀’ ပြည်သွေးစည်းညီ ညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ဌာနချုပ် ပန်ဆန်း(ပန်းခမ်း)တွင် ပြု လုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ ဆုံဆွေးနွေးပွဲသို့ ကချင်လွတ်မြောက်ရေး အဖွဲ့/ တပ်မတော် KIO/KIAဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်တို့ တက်ရောက်မည်ဖြစ်ကြောင်း ဒုစစ်ဦးစီးချုပ်က အတည်ပြုသည်။
ရခိုင်လူမျိုးတွေလက်မခံတဲ့ AA သောင်းကျန်းသူ

“အရင်က ရခိုင်ပြည်မှာ ဘာသူပုန်မှမရှိဘူး အားလုံးအေးချမ်းနေတာ၊ အခု AA ဆိုတဲ့အဖွဲ့ပေါ်လာမှ ရခိုင် တွေလဲ ဒုက္ခရောက်ကုန်ပြီ၊ သူတို့ကဘင်္ဂလီနဲ့ပေါင်းနေတာကိုး၊ ကျုပ်တို့ရခိုင်တွေကတော့ ဒီကောင်တွေကို တွေ့ရင် တွေ့တဲ့နေရာ ကနေ အစိုးရတပ်ကို သတင်းပေးနေအုံးမှာပဲ”
AA သောင်းကျန်း သူများထံမှ ခဲယမ်းများနှင့် ဆေးဝါးများ သိမ်းဆည်းရမိ

ကျောက်တော်မြို့၏ မြောက်ဘက် ဇင်ချောင်းရွာအနီး တောစပ်၌ မသင်္ကာဖွယ်ရာ လူ ၄ ဦး ရောက်ရှိ နေကြောင်း ဒေသ ခံ ပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းက ဧပြီ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် သွားရောက် ရှင်းလင်းရာ AA သောင်းကျန်းသူများ မြောက်ဘက် တောတွင်းသို့ ထွက်ပြေး သွားခဲ့သည်။
အောင်တံခွန်သင်္ဘော နစ်မြုပ်ရာတွင် သေဆုံးခဲ့သူ ၃၁ ဦး အာမခံလျော်ကြေး ငါးသိန်းစီရမည်
တောင်ကုတ်မှစစ်တွေသို့ ပြေးဆွဲခဲ့သည့် အောင်တံခွန်သင်္ဘော နစ်မြုပ်ရာတွင် သေဆုံးခဲ့သူ ၃၁ ဦး အတွက် တစ်ဦးလျှင် ထိခိုက်မှု အာမခံလျော်ကြေး ကျပ်ငွေ ငါးသိန်းစီ ရရှိမည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်း ထံမှ သိရသည်။
ဆက်ကြေးပေးဆောင်ခြင်းမရှိသော မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲအား KIA အဖွဲ့မှ ခြိမ်းခြောက်ပစ်ခတ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မြ၀တီဘဏ်ခွဲအား ဧပြီလ ၂၅ ရက်၊ မနက် ၃ နာရီခွဲအချိန်တွင် KIA အဖွဲ့မှ ဆက်ကြေးပေးဆောင်ခြင်းမရှိသည့်အတွက် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် သွား ကြောင်း မူဆယ်မြို့ခံ များထံမှ သိရသည်။
သာစည်တွင် ကျောက်မီးသွေးတွင်းပြိုကျ၊ တစ်ဦးသေ
မိတ္ထီလာခရိုင် သာစည်မြို့နယ် ယင်းမာပင်ရဲစခန်းအပိုင် ကြက်စခန်းကျေးရွာ အရှေ့ဘက် သုံးမိုင်အကွာရှိ ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုတွင် ဧပြီလ ၂၅ ရက်နေ့က ကျောက်မီးသွေးတွင်း ပြိုကျ သောကြောင့် လုပ်သားတစ်ဦး သေဆုံးသွားကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
နီပေါတွင် နောက်ဆက်တွဲ အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်

(ဓာတ်ပုံ-အီးပီအေ)
ယခုအချိန်အထိ လူပေါင်း ၂၂၀၀ကျော် သေဆုံးခဲ့ရပြီး အဆောက်အအုံများကို ပြားပြားဝပ်သွေားစေခဲ့ သည့် အစောပိုင်းရက်က ကပ်ဘေးသင့်အတိုင်းအတာဖြင့် ငလျင်ကြီးလှုပ်ခတ်အပြီး အကျိုးဆက်များကို ကိုင်တွယ် ဖြေရှင်းရန် ခက်ခက်ခဲခဲကြိုးစားနေရသည့် ဟိမ၀န္တာနိုင်ငံ နီပေါတွင် ဧပြီ ၂၆ရက်၌ အင်အားပြင်း သည့် နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ် သွားခဲ့သည်ဟုဆိုသည်။
ထိုင်းတွင် မြန်မာလုပ်သား ၉၀ ကျော် အဖမ်းခံရ
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်၌ မြန်မာနိုင်ငံသားအများစု အလုပ်လုပ်ကိုင်နေကြသော ချာရီဝပ် ထနာ အထည်ချုပ်စက်ရုံကို ထိုင်းဒေသအာဏာပိုင်များက ဧပြီလ ၂၄ ရက်က ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သဖြင့် တရားမဝင်ရွှေ့ပြောင်း မြန်မာအလုပ်သမား ၉၃ ဦး အဖမ်းခံရကြောင်း မဲဆောက်မြို့၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများက ပြောကြားသည်။
Subscribe to:
Posts (Atom)