Monday, January 18, 2016

နယ်သာလန်မှ မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ လှူဒန်း

လယ်ယာစိုက်ပျိုးရေနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနကို နယ်သာလန်နိုင်ငံ နိုင်ငံတကာပူပေါင်းဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Mrs. Reina Buijs က တာ/တမံစစ်ဆေးရာတွင် အသုံးပြုသည့် Prikstok မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ အခု ၁၅၀ကို လှူဒါန်းခဲ့ကြောင်း နယ်သာလန်သံရုံးထုတ်ပြန်ချက်အရသိရသည်။
ရိုးရှင်းသည့်ကိရိယာတစ်ခုဖြစ်ပြီးနယ်သာလန်နိုင်ငံတွင်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများ၏ တာ/တမံများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် တာရှည်ခံနိုင်ဝန်အားကိုစမ်းသပ်စစ်ဆေးနိုင်သည့် အတွက် အလွန်အသုံးဝင်သည့် ကိရိယာတစ်ဖြစ်ကြောင်းယင်းအပြင် ရေစိမ့်လွှာများကြွက်တွင်းများနှင့်ခြတွင်းများကို တာ/တမံများအတွင်း ရှာဖွေရာတွင် အလွန်အသုံးဝင်သော ကိရိယာ သိရသည်။

ရန်ကုန်မြို့တွင် ကားပါကင် ခွင့်ပြုမိန့် ဆက်လက်ဆောင်ရွက်မည်

မော်တော်ယာဉ် ဝယ်ယူအသုံးပြုသူတစ်ဦး အနေဖြင့် မိမိပိုင်ဆိုင်သည့် ဧရိယာအတွင်းယာဉ်ထားရှိရန် နေရာရှိမှသာ ကားဝယ်ယူသင့်တာကြောင့် ကားပါကင် ခွင့်ပြုမိန့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်း က ပြောကြားသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကားပါကင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းဆိုင်ရာ ခရိုင်၊ မြို့နယ် စိစစ်ရေးအဖွဲ့များသို့ တင်းကြပ်စွာ ထိန်းကွပ် ဆောင်ရွက်လျက်ရှိပါတယ်၊ ကားပါကင် လျောက်ထားလို့ အခကြေးငွေ တောင်းခံမူများရှိပါက ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်" ဟု ဇန်နဝါရီလ ၁၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုတိယဝန်ကြီးပွင့်ဆန်းက ပြောကြားခဲ့သည်။

မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၁၆ အတွက် အလားအလာကောင်း

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင် အလားအလာကောင်းများ ရှိနေပြီး ကမ္ဘာလှည့်ဧည့်သည်ဦးရေ ပို၍ တိုးများလာနိုင်ဖွယ်ရှိနေသည်။ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအထိ ခရီးသွားဧည့်သည် လာရောက်မှုက ၄ ဒသမ ၂ သန်းအထိရှိခဲ့သည်။ ၂၀၁၆ ဧပြီမကုန်မီ ဧည့်ဝင်ရောက်မှု ငါးသန်းအထိ ရောက်ရှိလာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်း ၄၇ ခု၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။ ၂၀၁၁ က စီမံကိန်း ၃၆ ခုမှ ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံရရှိခဲ့သည်ထက် ၁ ဒသမ ၅ ဘီလီယံ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

မြန်မာ - တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလျော်ကြေးပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံး ပြန်လည်စစ်ဆေးသင့်ကြောင်း MCPWC အကြံပြု

မြန်မာ - တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လျော်ကြေးပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံးအား အထူးစုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ပြန်လည် စစ်ဆေးသင့်ကြောင်း မြန်မာ - တရုတ် ပိုက် လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC)က အစိုးရသို့ အကြံပြုပြောကြားလိုက်သည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Summit Park View Hotel တွင် ဇန်န၀ါရီ ၁၈ရက်နေ့က ပြုလုပ်သည့် " မြန်မာ - တရုတ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၏ လူမှုတရားမျှတမှုကိုရှာဖွေခြင်း " စာအုပ်မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲတွင် ယင်းကော်မတီ၏ ညှိနှိုင်းရေးမှူး ဦးရဲသိန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Thursday, January 14, 2016

ပြင်ဆင်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်အတည်ပြု

ကျေးရွာရပ်ကွက်အုပ်ချုပ် ရေးမှူးများ သက်တမ်းကို နိုင်ငံတော် သမ္မတ ၏ သက်တမ်းနှင့်အညီသတ်မှတ် ပြင်ဆင် ထားသည့် ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ် ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်က ယမန်နေ့က အတည်ပြုလိုက်သည်။ဇန်န၀ါရီ ၁၃ ရက်က အမျိုးသား လွှတ်တော်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကို
ဒုတိယအကြိမ်ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီးနောက် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေဟု ပြည်ထဲရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံသို့ အကြမ်းဖက်သမားများ မဝင် ရောက်စေရန် အကြမ်းဖက်အုပ်စု များ၊ ယင်းအုပ်စုတို့နှင့်ဆက်နွှယ် သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေသည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကပြောသည်။

‘‘သူတို့ရဲ့ငွေကြေးနဲ့ရန်ပုံငွေ များကို နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ထိန်းချုပ်နိုင်ရန် ဘဏ်နှင့် ငွေရေး၊ ကြေးရေးအဖွဲ့အစည်း များထံသို့ တားမြစ်မိန့်ထုတ်ပြန်ပြီး ရန်ပုံငွေများအား စိစစ်ဆောင် ရွက်နေပါတယ်’’ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ် မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့်အမျိုးသားလွှတ်တော်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ကိုယ် စားလှယ်ဦးခင်မောင်ရီက အစွန်း ရောက်အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ် များ၊ စောင့်ကြပ်ကြည့်ရှုသည့်စ နစ်နှင့် အရေးပေါ်ကိစ္စပေါ်ပေါက် လာပါက ဆောင်ရွက်နိုင်သည့်အ စီအစဉ်များနှင့်ပတ်သက်၍ မေး မြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Monday, January 11, 2016

သစ်တောပြုန်းတီးမှု ကာကွယ်ရန် စနစ်မကျသည့် သစ်ခုတ်လှဲစနစ် ဖျက်သိမ်းမည်

သစ်ထုတ်လုပ်ရာတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော ခုတ်လှဲပြီးသစ်ကိုသာ တံဆိပ်ရိုက် ရောင်းချသည့်စနစ် Modified Procedure ကို ယခုနှစ် သစ်ထုတ်ရာသီမှစ၍ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။
သစ်တောများမှ တိုင်းပြည် ၀င်ငွေရှာဖွေခဲ့သည့် နှစ်များအ တွင်း သစ်မထုတ်လုပ်မီ သတ် မှတ်ဧရိယာရှိ ကန့်သတ်လုံးပတ် ပြည့်မီသော သစ်ပင်များ ရွေးချယ် ၍ တံဆိပ်ကပ် ပင်ထောင်ရိုက် သည့်စနစ်ကို ပယ်ဖျက်ကာ ခုတ် လှဲပြီးသစ်ကိုသာ တံဆိပ်ရိုက် ရောင်းချသည့် Modified Procedure စနစ်ကို ကျင့်သုံးခဲ့ သည်။

ပါရီရဲစခန်းကို တိုက်ခိုက်ရန် ကြိုးစားသူသည် ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးဖြစ်နေ

ဓားဖြင့်ရမ်းကားသူကို နှိမ်နင်းပြီးနောက် ပြင်သစ်ရဲတပ်ဖွဲ့ မိုင်းရှင်းပညာရှင် တစ်ဦး ချဉ်းကပ်စစ်ဆေးနေစဉ်။
ပါရီမြို့တော် အနီးတွင် ရဲစခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးစားခဲ့သူသည် ဥရောပသို့ ခိုလှုံဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးဖြစ်ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပါရီမြောက်ပိုင်း ရဲစခန်း တစ်ခုအနီးတွင် မြက်ခုတ်ဓား တစ်လက်နှင့် ဖောက်ခွဲရေး ကိရိယာ အတုတစ်ခုတို့ကို ကိုင်ဆောင် ရမ်းကားနေသည့် အမျိုးသား တစ်ဦးကို လုံခြုံရေး တပ်ဖွဲ့များက ပစ်သတ်ခဲ့သည်။

အင်္ဂလိပ် ဂန္ထဝင် ဂီတသမား ဒေးဗစ်ဘိုဝီကွယ်လွန်

အင်္ဂလိပ် ဂန္ထဝင် ဂီတသမား ဒေးဗစ်ဘိုဝီသည် အသက် ၆၉ နှစ်အရွယ်၊ ဇန်နဝါရီ ၁၀ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။


၎င်း၏ သားဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ဒန်ကန်ဂျုံးစ်က ကင်ဆာရောဂါဖြင့် ဖခင်ကွယ်လွန်သွားကြောင်း သတင်းကို အတည်ပြု ကြေညာခဲ့သည်။

“ဘိုဝီဟာ မိသားစုဝင်တွေ စုံစုံညီညီ ရှိနေချိန်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားပါတယ်။ သူဟာ ကင်ဆာရောဂါကို ၁၈ လကြာအောင် ရဲရဲရင့်ရင့် ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ပါတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Friday, January 8, 2016

မြောက်ကိုရီးယား၏ ဗုံးစမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် နယ်စပ်ရှိ စပီကာများကို တောင်ကိုရီးယားပြန်ဖွင့်

မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို တုံ့ပြန်ကန့်ကွက်သည့်အနေဖြင့် နယ်စပ်အနီးရှိ စပီကာများကို တောင်ကိုရီးယားစစ်တပ်က ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၈ ရက်မှစ၍ စပီကာများကို ပြန်ဖွင့်ခဲ့သလို မြောက်ကိုရီးယားက တိုက်ခိုက်လာနိုင်သည့် အခြေအနေကို တုံ့ပြန်ရန်အတွက် စပီကာများ အနီးတွင်လုံး စစ်သည်အင်အားကို တိုးမြှင့်ထားလိုက်ကြောင်း တောင်ကိုရီးယား စစ်တပ်က ဆိုသည်။နယ်စပ်အနီးတွင် ရှိနေသည့် တောင်ကိုရီးယား စပီကာများကို မြောက်ကိုရီးယား အစိုးရက အလွန်မုန်းတီးသည်။ အဆိုပါ စပီကာများက K-Pop သီချင်းများ၊ မြောက်ကိုရီးယားဆန့်ကျင်ရေး လှုံ့ဆော်မှုများကို ထုတ်လွှင့်ဝါဒဖြန့်လေ့ ရှိသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလိုအပ်ချက်ကြောင့် မွေးမြူရေးငါး ပြည်ပတင်ပို့မှု လျာထားချက် ပြည့်မီနိုင်ဖွယ်မရှိ

ရင်းနှီးမြှုပ်နှံမှုနှင့် နည်း ပညာလိုအပ်ချက်ကြောင့် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်အတွင်း ငါးမွေး မြူရေးလုပ်ငန်းမှ ပြည်ပတင်ပို့မှု ဝင်ငွေလျာထားချက်ပြည့်မီနိုင် ဖွယ်မရှိကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက ပြောသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မွေးမြူရေးငါးများ ပြည်ပတင်ပို့ ရာမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရရှိရန် မျှော်မှန်းထားသော် လည်း အခက်အခဲများ ကြုံတွေ့ နေရသည့်အပြင် နိုင်ငံတကာဈေး ကွက်ဝင် ငါးမျိုးသစ်များ မွေးမြူ ရန် ရင်းနှီးမြှုပ်နှံငွေနှင့် နည်းပညာ လိုအပ်ချက်များ ရှိနေခြင်းဖြစ် သည်။

စည်ပင်ပိုင်ဈေးများ အဆင့်မြှင့်တင်မှု မေလတွင် အပြီးသတ်မည်၊ ပျံကျဈေးသည်များကို ဦးရာလူစနစ်ဖြင့် နေရာပေးမည်ဟု ဆို

စည်ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေးအဖြစ် မြှင့်တင်နေ ပြီး မေလတွင် အပြီးသတ်နိုင်မည်ဖြစ်ကာ ပျံကျဈေးသည်များ ဈေးရောင်းချရန် ဆိုင်ခန်းနေရာကို အလှည့်ကျငှားရမ်းသည့် စနစ်၊ မဲဖောက်ပေးသည့် စနစ်များ အသုံးပြုတော့မည် မဟုတ်ဘဲ ဦးရာလူစနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ အတွင်းရှိ စည် ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေး အဖြစ် ၂၀၁၅ ဇွန်လကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ မေလအတွင်း ဈေး ၁၆ ခုလုံးအပြီးသတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ စုံစမ်းသိ ရသည်။

တန်နှစ်သောင်း သိုလှောင်နိုင်မည့် အအေးခန်းစက်ရုံ တည်ဆောက်ရန် ဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံ

ဥရောပနိုင်ငံများသို့ အ ရည်အသွေးမြင့် ရေထွက်ကုန်များ တင်ပို့နိုင်ရန် တန်ချိန်နှစ်သောင်း သိုလှောင်နိုင်သော ကွန်ပျူတာ စနစ်သုံး အအေးခန်းစက်ရုံတည် ဆောက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ် လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌဦးထွန်းအေးက ပြောသည်။

အင်းစိန်မြို့နယ် အနောက် ကြို့ကုန်းရပ်ကွက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေငါးဧကပေါ်တွင် ကွန်ပျူတာ စနစ်ဖြင့် အလိုအလျောက် အေးခဲသော အအေးခန်းတစ်ခုကို အမေရိကန် ဒေါ်လာ ခြောက်သန်းကုန်ကျခံ တည်ဆောက်ရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းထားခြင်းဖြစ်သည်။

ဥာဏ်ပညာ အလင်းပေးတဲ့ ဖောင်တော်ဦးကျောင်း

မင်းတုန်းမင်းကြီးကို ဘယ်လိုမြင်သလဲ။ ပြီးတော့ မဟောသဓကိုရော ဘယ်လိုမြင်သလဲလို့ ဖောင်တော်ဦးကျောင်း ဆရာတော် ဦးနာယကက စာသင်ခန်း အတွင်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မေးခွန်း ထုတ်လိုက်ပါတယ်။

မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွား ရပ်ကွက် အတွင်းရှိတဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက် အထက်တန်း ကျောင်းကြီးဟာ မရှိနွမ်းပါးသူတွေ အတွက် ပညာရင် နို့သောက်စို့ရာ၊ အခမဲ့ပညာ သင်ကြားပေးရာ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ အဲဒီကျောင်းတော်ကြီးရဲ့ ကျောင်းအုပ် ဆရာတော် ဦးနာယကက အထက်ပါအတိုင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

အာဏာရှင်စော်နံရင် ပြန်ပြင်

ဗျို့အယ်ဒီတာ......

ပြောရဦးမယ်။ အမှန်တော့ ဘစီကပြောချင်လှတာ မဟုတ်ပါဘူးလေ။ ဒါပေသိ အယ်ဒီတာမင်း တွေက ရေးသာရေးပါမြှောက်ပေးလာတော့လည်း နဂိုကမှ ရွပိုး ထိုးနေတဲ့ ပြောချင်စိတ်က နိုးကြွ လာသဗျ။ နိုးကြွသော်ငြား အသေ အချာစဉ်းစားတဲ့အခါ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုများ ဖြစ် နေမလားလည်း စဉ်းစားရသေးဗျ။စဉ်းစားပြီး နိုးကြွားလာတဲ့ စိတ်ကို ဘယ်လိုပင် ချိုးနှိမ်ပေတဲ့ မရဘူး ဗျ။ ရေးချိန်တန်ပြီဆိုပါတော့လေ။

Thursday, January 7, 2016

လိပ်ကျွန်းအမှု ဒီအင်န်အေနမူနာ သက်သေနှင့်ပတ်သက်၍ ဩစတြေးလျ မှုခင်းသိပ္ပံပညာရှင် မေးခွန်းထုတ်

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချမှတ်ခြင်းခံရအောင် တွန်းပို့ခဲ့သည့် အဓိက DNA သက်သေကိစ္စအပေါ် ဩစတြေးလျ မှုခင်းသိပ္ပံ ပညာရှင်တစ်ဦးက မေးခွန်းထုတ်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းသို့ လာရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံသား ခရီးသွားနှစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းတရားရုံးက မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သေဒဏ် ချမှတ်ခဲ့သည်။ ထိုအမှုကို စစ်ဆေး ကြားနာရာတွင် DNA နမူနာ တင်သွင်းမှုများသည် နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီမှုမရှိကြောင်း အငြင်းပွားဝေဖန်မှုများလည်း ပေါ်ပေါက်ခဲ့သည်။

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားရန် ကုလသမဂ္ဂစီစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် စစ်ဘက်အရာရှိကြီးများ။
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာခဲ့သည်။
မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ ဖောက်ခွဲ
စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါဗုံးသည် မြောက်ကိုရီးယား ယခင်က စမ်းသပ်ဖူးသည့် အက်တမ်ဗုံးများထက် ပိုမိုပြင်းထန်ပြီး နျူကလီးယားဗုံး တီထွင်နိုင်ရန် ခြေတစ်လှမ်းနီးလာသည့် ပြယုဂ်လည်း ဖြစ်သည်။ အမေရိကန် ဘူမိတိုင်းတာရေး အေဂျင်စီက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်ရာနေရာတွင် ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းသည် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု၏ သက်ရောက်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆော်ဒီနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် အီရန်က တိုက်ချင်းပစ်ဒုံးကျည် ဘန်ကာတစ်ခုကို ထုတ်ဖော်ပြသ

ဆော်ဒီအာရေးဗီးယားနှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် အီရန် အစိုးရက မြေအောက် တိုက်ချင်းပစ် ဒုံးကျည် ဘန်ကာတစ်ခုကို ထုတ်ဖော် ပြသလိုက်သည်။ဆော်ဒီ အစိုးရက အီရန် လိုလားသည့် ဘာသာရေး ခေါင်းဆောင်တစ်ဦးကို ကွပ်မျက်မှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ ဂယက်များကြောင့် ဆော်ဒီနှင့် အီရန်တို့ကြား သံတမန် ဆက်ဆံရေး ပြတ်တောက်ပြီး အရှေ့
အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် အီရန် အစိုးရပိုင် ရုပ်မြင်သံကြား ဌာနက အဆင့်မြင့် နည်းပညာများဖြင့် တည်ဆောက်ထားသည့် ဘန်ကာ၏ ပုံကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

ဒရုန်းများကို အမျိုးအစားခွဲခြား၍ မှတ်ပုံတင်စေမည်ဟု ပို့ဆောင်ရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်၊ ရဟတ် ယာဉ်(ဒရုန်း)များ၏အလေးချိန် နှင့် စွမ်းဆောင်နိုင်မှုအပေါ် အခြေခံ၍ အမျိုးအစားခွဲခြားသတ် မှတ်ပြီး တရားဝင် မှတ်ပုံတင်စေမည်ဟုပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောသည်။

မောင်းသူမဲ့လေယာဉ်များ စနစ်တကျ မှတ်ပုံတင်စေခြင်း၊ စီးပွားရေးလုပ်ငန်း အသုံးပြုခွင့် လက်မှတ်ထုတ်ပေးခြင်း၊ မြေပြင် မှ ထိန်းချုပ်မောင်းနှင်သူများကို စိစစ်ခြင်း၊ မပျံသန်းရဇုန်များ သတ်မှတ်ခြင်းအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို အကြံ ပေးကြေညာစာ (Advisory Circular) ထုတ်ပြန်မည်ဟု ဦးဇင် ယော်က ပြောသည်။

ဂျပန် နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခု မီးလောင်သော်လည်း ရေဒီယို သတ္တိကြွ ယိုစိမ့်မှု မရှိ

ဟာမိုကာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို အဝေးမှ တွေ့မြင်ရစဉ်။
ဂျပန်နိုင်ငံရှိ နျူကလီးယားဓာတ်အားပေး စက်ရုံတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း ရေဒီယိုသတ္တိကြွ ယိုစိမ့်မှုများ မရှိခဲ့ကြောင်း စက်ရုံကို စီမံကွပ်ကဲသည့် ကုမ္ပဏီက ကြေညာခဲ့သည်။ဂျပန်နိုင်ငံ အလယ်ပိုင်းရှိ ဟာမိုကာ နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ဇန်နဝါရီ ၇ ရက်က မီးလောင်ကျွမ်းမှု ပေါ်ပေါက်ခဲ့သော်လည်း အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့သလို နောက်ဆက်တွဲ မည်သည့် ထိခိုက်အန္တရာယ်မျှ မရှိနိုင်ကြောင်း ချူဘူလျှပ်စစ်ဓာတ်အား ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ရေးတွင် အိုဘားမား သဘောထား မှန်ကန်မည်ဟု ထရမ့်ပ်ယုံကြည်

သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနှင့် သဘောထား ကွဲလွဲနေသည့်တိုင် အိုဘားမား၏ စိတ်ရင်းမှန်ကန်မှုကို အသိအမှတ်ပြုကြောင်း ဒေါ်နယ်လ်ထရမ့်ပ်က ပြောကြားခဲ့သည်။
ယခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေသည့် မီဒီယာလုပ်ငန်းရှင် သူဌေးကြီးက နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်ရန် အိုဘားမား၏ အားထုတ်နေမှုသည် ရိုးရှင်းသည့် သဘောထားရှိလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။

Wednesday, January 6, 2016

မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် နျူကလီးယားပိုင်သည့် နိုင်ငံများတွင် ပါဝင်ပြီဆို

မြောက်ကိုရီးယား၏ အရှေ့မြောက် အဏုမြူ စမ်းသပ်မှု နယ်မြေအနီးတွင် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခုကို တိုင်းတာရရှိခဲ့ပြီး နောက်ပိုင်း ဟိုက်ဒရိုဂျင် ဗုံးစမ်းသပ်ချက်တစ်ခုကို ဇန်န၀ါရီ ၆ ရက်က အောင်မြင်စွာ စမ်းသပ်လုပ်ဆောင်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားက ထုတ်ဖော် ပြောကြားခဲ့သည်။
ပြုံယမ်းသည် ဒေသစံတော်ချိန် ၁၂ နာရီ တွင် အထူး ကြေညာချက်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဗုံးစမ်းသပ်မှုသတင်းများကို အတည်ပြုသွားခဲ့ကာ ယင်း၏ နျူးကလီးယားဆိုင်ရာ တိုးတက်မှုပိုင်းတွင် အဓိက ခြေလှမ်းတစ်ရပ် လှမ်းလိုက်နိုင်ပြီဟု ပြောကြားသွားခဲ့သည်။

ကူဝိတ်က အီရန်ရှိ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူပြီ

ဆော်ဒီအာရေဗျနိုင်ငံတွင် ရှီယိုက်ဘာသာရေးခေါင်းဆောင်ကို သေဒဏ်ပေးလိုက်ခြင်းနောက် မငြိမ်မသက်မှုများက ဆိုးသထက်ဆိုးလာနေပြီး ကူဝိတ်နိုင်ငံကလည်း အီရန်ရှိ သံအမတ်ကြီးအား ပြန်ခေါ်ပြီဟု ကြေညာလိုက်သည်။
ရှီယိုက်မွတ်စလင်ဘာသာရေးခေါင်းဆောင် ရှိတ်နီမာနှင့် အခြားသူ ၄၆ ဦးအား သေဒဏ်ပေးခဲ့ပြီးနောက် အီရန်ရှိ ဆော်ဒီသံရုံးအား ဇန်နဝါရီ ၂ ရက်က ဒေါသထွက်နေသော လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြသည်။

သေနတ် ထိန်းချုပ်ရေးအမိန့် သမ္မတ အိုဘားမား မျက်ရည်များဖြင့် ပြဋ္ဌာန်း

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သေနတ်ဝယ်ယူခွင့် စည်းကမ်းသတ်မှတ်ချက်သစ်များ ကြပ်မတ်ခြင်းအမိန့် ထုတ်ပြန်ချိန်တွင် သေနတ်ပစ်ခတ်မှုတစ်ရပ်အတွင်း ကလေးငယ်များ သေဆုံးခဲ့ရခြင်းအား စိတ်ထဲ ပြန်ပြောင်းသတိရရာမှ မျက်ရည်ကျကာ အမိန့်ကို ထုတ်ပြန်ခဲ့သည်။၂၀၁၂ ခုနှစ်က ဆန်ဒီဟုခ် မူလတန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် ကလေးငယ် ၂၀နှင့် အရွယ်ရောက်ပြီးသူ ခြောက်ဦးသေဆုံးခဲ့ရခြင်းကို သမ္မတအိုဘားမားက ပြန်ပြောင်းပြောဆိုရာမှ မျက်ရည်ကျခြင်း ဖြစ်သည်။

အင်္ဂလန်တွင် နည်းပြရန်အတွက် ဘိုင်ယန်ကိုစွန့်ခွာခြင်းဟု ဂွာဒီယိုလာထုတ်ပြော

အင်္ဂလန်တွင်နည်းပြအဖြစ် လုပ်ကိုင်ရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းကို စွန့်ခွာခြင်းဖြစ်သည်ဟု ဂွာဒီယိုလာက ပြောသည်။ ဘာစီလိုနာနည်းပြဟောင်းသည် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းထပ်မတိုးတော့ကြောင်းကို မကြာသေးခင်က ကြေညာ ထားသူဖြစ်သည်။

အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ၀ိန်းရွန်နီ ရရှိ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီသည် ၂၀၁၅ ခုနှစ်အတွက် အင်္ဂလန်၏ တစ်နှစ်တာအကောင်ဆုံး ဘောလုံးသမားဆုကို ဆွတ်ခူး ရရှိသွားခဲ့သည်။
ရွန်နီသည် ၂၀၁၅ ခုနှစ်အတွင်း မန်ယူအသင်းတွင် ရုန်းကန်နေခဲ့ရသော်လည်း အင်္ဂလန်အသင်းတွင်မှု အမှတ်ရဖွယ်ရာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

ပတ္တမြားဒေ၀ီ စောမဲကျီ ဇာတ်လမ်းကို ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ကပြ ဖျော်ဖြေမည်

ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် မြသစ္စာ Entertainment မှ စီစဉ် ဆောင်ရွက်မည့် ပတ္တမြား ဒေ၀ီ စောမဲကျီ ရာဇ၀င် စင်တင် ပြဇာတ်ကို ဇန်န၀ါရီ ၁၄ရက်တွင် ရန်ကုန်မြို့ ရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် ပတ္တမြား ဒေ၀ီ စောမဲကျီ ရာဇ၀င် စင်တင် ပြဇာတ်ကြီး ကျင်းပ ပြုလုပ်မည့် အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို ဇန်န၀ါရီ ၆ရက်တွင် ရန်ကုန်မြို့ ၀ါးတန်းလမ်း ရှိ Panda Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ဆို

အစိုးရတစ်ရပ် ဖွဲ့စည်းတော့မည့် NLD အစိုးရအတွက် ဝန်ကြီးနေရာတောင်းသူများ များစွာရှိနေပြီး အလွန်ရှက်စရာကောင်းသည့် လုပ်ရပ်ဟု NLD ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောလိုက်သည်။ဝန်ကြီးနေရာ တောင်းသူများတွင် ပါတီဝင်များသာမက ပါတီဝင် မဟုတ်သူများပါပါဝင်သည်ဟု လွတ်လပ်သည့် အာရှအသံ(မြန်မာပိုင်း) နှင့် တွေ့ဆုံမှုတွင် ဦးဝင်းထိန်က ပြေလိုက်ခြင်းဖြစ်သည်။

Monday, January 4, 2016

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အပေါ် ပြည်သူ့အသံ

၂၀၁၆ နှစ်သစ်ကို စတင်ဝင်ရောက်သည့်အချိန်မှာပင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားပြီး နှစ်လခွဲအတွင်း အစိုးရတပ်နှင့် စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးထားသော RCSS/SSA တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။ NCA စာချုပ်လက်မှတ်ရေးထိုးပွဲမတိုင်မီကတည်းက မြန်မာ့တပ်မတော်နှင့် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသည့် ကချင်နှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေပြီးယခုလက်ရှိ၌လည်း ရက္ခိုင့်တပ်မတော်(AA)နှင့်တိုက်ပွဲများဖြစ်ပွားနေရာ တိုက်ပွဲအနီးတစ်ဝိုက်မှ ဒေသခံများသည် မိမိတို့ နေရပ်အိုးအိမ်ကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ အစိုးရသစ်မတက်မီ လက်ကျန်သက်တမ်းတစ်လအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်စွာဖြစ်ပွားလာခြင်း၊ စစ်မျက်နှာသစ်ကြောင့် စစ်ဘေးရှောင်ပြည်သူများ တိုးပွားလာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများ၏အသံ စုစည်းတင်ပြလိုက်ပါသည်။

Friday, January 1, 2016

ငါတို့အားလုံးသည် စတား အဝါးခံရသူများ ဖြစ်ကြသည်

ခုရက်ပိုင်းတွေအတွင်း ဗမာပြည်မှာ Star War ဇာတ်ကားကြီး ရုံတင်နေပါတယ်။ နိုင်ငံတကာနဲ့ တပြေးညီ ရင်ဘောင်တန်းပြီး မောင်မှန်တို့ ရုပ်ရှင်တော့ ကြည့်ရပါပြီ။ (ကျန်တာတွေလည်း တဖြေးဖြေးတော့ ဖြစ်လာမှာပေါ့နော်) ရုပ်ရှင်တောင်မှ ရိုးရိုး ရုပ်ရှင်မဟုတ်ဘူး။ ကမ္ဘာ့ဝင်ငွေ စံချိန်ချိုးတဲ့ ရုပ်ရှင်၊ 3D မျက်မှန်နဲ့ ကြည့်ရတဲ့ ရုပ်ရှင်၊ ရှယ်မှ ထူးထူးရှယ်ပါပဲ။ မောင်မှန်တို့ ငယ်ငယ်တုန်းကနဲ့တော့ ကွာပ့ါ၊ မောင်မှန်တို့ ငယ်ငယ်တုန်းကလည်း Star War ကြည့်ခဲ့ရဖူးတယ်။ ရှုမဝ မဂ္ဂဇင်းမှာလား၊ သိပ္ပံ မဂ္ဂဇင်း မှာလား မသိဘူး။ Star War ရုပ်ရှင်ကို မြန်မာဘာသာပြန်ဆိုပြီး ရုပ်ပြကာတွန်းဆွဲကာ အခန်းဆက် ဖော်ပြတာကိုလည်း စောင့်ဖတ်ခဲ့ရဖူးတယ်။ ငယ်ငယ်တုန်းကလည်း Star War ၊ ဒီအရွယ်ကြီးရောက် တဲ့ထိလည်း Star War က ဟော့နေတုန်းပဲ၊ ဒီတော့ မောင်မှန် မ.ဆ.လ ခေတ်က ကိုဇာဂနာကြီး ပြက်လုံး ပြန်အောက်မေ့မိတယ်၊ စတားတွေပဲ ဝါးနေတာပဲတဲ့။ ဟုတ်ပါတယ်။ ခုထိလည်း စတားတွေ ဝါးနေဆဲပါပဲ။