Friday, May 31, 2013

“ပြင်သစ်တွင် လိင်တူချင်း ပထမဆုံးအကြိမ် တရားဝင် လက်ထပ်ထိမ်းမြား”

Photo: “ပြင်သစ်တွင် လိင်တူချင်း ပထမဆုံးအကြိမ် တရားဝင် လက်ထပ်ထိမ်းမြား”

ဆန္ဒပြ ဆန့်ကျင်မှုများ အင်အားကြီးမားစွာ ပေါ်ပေါက်နေသော်လည်း ပြင်သစ်နိုင်ငံတွင် ပထမဆုံးအကြိမ် လိင်တူချင်း ထိမ်းမြားလက်ထပ်မည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ (၆)နှစ်ကြာ အတူတကွ ပေါင်းသင်းနေထိုင်လာသော အမျိုးသား (၂)ဦးသည် ဗုဒ္ဓဟူးနေ့က နိုင်ငံတောင်ပိုင်း မွန့်ပယ်လီယေးရှိ မြို့တော် ခန်းမတွင် လက်ထပ် ထိမ်းမြားခဲ့သည်။

နိုင်ငံအတွင်း လိင်တူချင်း ထိမ်းမြားမှုကို တရားဝင် ခွင့်ပြုခဲ့ပြီးနောက် ယင်းအခြေအနေသည်အငြင်းပွားစရာများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာသလို လမ်းပေါ်ထွက် ဆန္ဒပြမှုများ၊ အဓိကရုဏ်းများထံသို့ပါ ဦးတည်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အနက်ရောင် ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် သတို့သား (၂)ဦးဖြစ်သော ဗင်းဆင့်အော်ဘင်နှင့် ဘရူနိုဘွိုင်လူအော်တို့သည် ပြင်သစ်တွင် ပထမဆုံး တရားဝင် လက်ထပ်သူ လိင်တူစုံတွဲ ဖြစ်လာခဲ့သည်။

Read more http://www.planet.com.mm/news/read.cfm/id/21658
ဆန္ဒပြ ဆန့်ကျင်မှုများ အင်အားကြီးမားစွာ ပေါ်ပေါက်နေသော်လည်း ပြင်သစ်နိုင်ငံတွင် ပထမဆုံးအကြိမ် လိင်တူချင်း ထိမ်းမြားလက်ထပ်မည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ပြောကြား

Photo: အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ပြောကြား
Friday, May 31, 2013

မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများအနက် ဒုတိယအင်အား အကြီးဆုံးဖြစ်သော '၀' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အနေဖြင့် ၎င်းတို့၏ အင်အားကို အသုံးပြုပြီး အစိုးရကို တိုက်ရန် အစီအစဉ် မရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက မေ ၃၀ ရက်က ပြောကြားလိုက်သည်။

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသော ဦးဆမ်ခွန်းက မြစ်ကြီးနားမြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အစိုးရကို ကျွန်တော်တို့ '၀'က တိုက်စရာ အကြောင်းမရှိဘူး။ တိုက်ပါဆိုလည်း မတိုက်ဘူး။ အစိုးရတပ်မတော်ပဲဖြစ်ဖြစ် တခြားသော အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်နက်ကိုင်ပြီး စစ်ရေးအရ ကျွန်တော်တို့ဒေသကို ၀င်ရောက်ကျူးကျော်တယ် ဆိုလို့ရှိရင် မိမိကိုယ်ကို ပြန်ကာကွယ်ရမှာပဲ။ မိမိကိုယ်ကို ကာကွယ်ရင်းနဲ့ ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းပစ်မှာပဲ'' ဟု ဦးဆမ်ခွန်းက သတင်းထောက်များကို ပြောကြားသည်။

ထို့အပြင် ပြည်တွင်းလက်နက်ကိုင် အင်အားစုများထဲတွင် တပ်မတော်ပြီးလျှင် '၀'က ဒုတိယ အင်အားအကြီးဆုံး ဖြစ်ကြောင်း ဦးဆမ်ခွန်းက ဆိုသည်။

''ကျွန်တော်တို့ '၀'က လက်နက် ကိုင်တယ်နော်။ တပ်မတော် တစ်ရပ်ရှိတယ်။ ဗမာပြည်မှာဆိုရင် အစိုးရတပ်ကပဲ ကျွန်တော်တို့ထက် ကြီးတယ်။ ဒုတိယ လက်နက်ကိုင်တပ်ဖွဲ့ ကျွန်တော်တို့ '၀'တပ်မတော်ပဲ ရှိတယ်။ ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ ဗမာ့တပ်မတော်က တစ်၊ '၀'က နှစ်ပဲ။ ကျွန်တော်တို့က လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်ဖို့ မဟုတ်ဘူး။ တခြားအဖွဲ့အစည်းတွေကို ဗိုလ်ကျဖို့၊ စိုးမိုးဖို့လည်း မဟုတ်ဘူး။ မိမိဒေသ ကာကွယ်ဖို့အတွက်ပဲ'' ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

'၀' ပြည်နယ် တောင်းဆိုသည့် ကိစ္စရပ်မှာ တောင်းဆိုသင့်သော ကိစ္စဖြစ်ပြီး ခွဲထွက်ရေးအတွက် တောင်းဆိုခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ် ပြုရန်သာ တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးဆမ်ခွန်းက ဆိုသည်။

''ကျွန်တော်တို့'၀'ပြည်နယ် တောင်းတယ်ဆိုတာ ရှမ်းပြည်နယ် ခွဲထွက်ဖို့မဟုတ်ဘူး။ နိုင်ငံတော်အစိုးရနဲ့ ခွဲထွက်ရေးလုပ်ဖို့ မဟုတ်ဘူး။ သီးသန့်သမ္မတနိုင်ငံ လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့မဟုတ်ဘူး'' ဟု ဦးဆမ်ခွန်းက ဆိုသည်။

''ဒီနေ့ကျွန်တော်တို့'၀'က အစိုးရယန္တရား အားလုံးရှိပြီးသား၊ နိုင်ငံတစ်ခုကဲ့သို့သော ယူနစ်ရှိပြီးသား၊ ကျွန်တော်တို့ကို '၀'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် အသိအမှတ်ပြုဖို့ပဲ တောင်းဆိုတာ၊ ကျွန်တော်တို့ဆီမှာ ပညာရေး၊ အုပ်ချုပ်ရေး အကုန်ရှိပြီးသားပဲ'' ဟု ဦးဆမ်ခွန်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် '၀' ဒေသတွင် တိုင်းရင်းသားလူမျိုး ၁၈ မျိုး နေထိုင်လျက်ရှိပြီး ဗဟိုကော်မတီဝင် ၂၁ ဦး၌ ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းတို့ပါဝင်ကြောင်း သိရသည်။

''လက်နက်တစ်ခုတည်း ကိုင်တာ မဟုတ်ဘူး။ ပါတီက ဦးဆောင်တာ။ '၀'ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ သွေးစည်းညီညွတ်ရေး တပ်မတော်၊ '၀'ပြည်နယ် ပြည်သူ့အစိုးရဆိုတာ ကျွန်တော်တို့ ရှိခဲ့ပါတယ်။ '၀'ပြည်မှာ တိုင်းရင်းသား ၁၈ မျိုးရှိပါတယ်။ အားလုံးကို တန်းတူရည်တူ ဆက်ဆံတယ်။ '၀'ဗဟိုကော်မတီက ဖွဲ့စည်းထားတဲ့ ဗဟိုကော်မတီဝင်က ၂၁ ဦးရှိတယ်။ ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူ၊ ရှမ်း ဗဟိုကော်မတီထဲမှာ ပါပါတယ်''ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

မကြာသေးမီ အချိန်က ဘန်ကောက်တွင် မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိခဲ့ပြီး ထိုမူးယစ်ဆေးဝါးများမှာ '၀' ဒေသမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည် ဆိုသော အချက်ကိုလည်း ဦးဆမ်ခွန်းက ငြင်းဆိုလိုက်သည်။

''ကျွန်တော်တို့ ထုတ်တယ်ဆိုရင် စက်ရုံတွေ့သလား။ ထုတ်လုပ်တဲ့သူတွေ မိသလား။ ဒါကလည်း ကျွန်တော် မသိဘူး။ '၀'က မူးယစ်နဲ့ ပတ်သက်လာရင် လက်နက်ကိုင် အဖွဲ့အစည်းသာမက တခြားတခြားသော ကုန်သည်တွေ ကမ္ဘာမှာ အနှံ့အပြားထုတ်ပြီး စီးပွားဖြစ်ကြတာပဲ။ '၀'က မရဘူး။ သူ့ဒေသ ယူလာရင်တော့ ပြင်းပြင်းထန်ထန် ခေါင်းဖြတ်ပစ်တာပဲ။ ကျွန်တော်တို့လည်း ဒီနာမည် မကြားချင်တော့ဘူး။ ဒီဦးထုပ်ကြီးကို မဆောင်းချင်တော့ဘူး'' ဟု ဦးဆမ်ခွန်းက ဆိုသည်။

'၀' အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး စစ်ကို မလိုလားကြောင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး ရရှိခဲ့သည့် ၂၄ နှစ်တာ ကာလအတွင်း သုံးနှစ်ခန့်သာ တင်းမာခဲ့ကြောင်း၊ နိုင်ငံတစ်ခု တပ်မတော်တစ်ခုမူ ရှိနေသော်လည်း လတ်တလော အခြေအနေအရ လက်နက်ဖြုတ်သိမ်းမည် မဟုတ်ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

''နိုင်ငံတစ်နိုင်ငံမှာ အစိုးရတစ်ခု ရှိရမယ်။ တပ်မတော်တစ်ခု ရှိရမယ် အခုလောလောဆယ်ထိတော့ ကျွန်တော်တို့က လက်နက်စွန့်လို့ မဖြစ်သေးဘူး။ ကျွန်တော်တို့ တောင်းဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့ ပစ်မှတ်တွေက ရောက်မှ မရောက်သေးဘဲ။ စောင့်ကြည့်သေးတာပေါ့။ ကျွန်တော်တို့က ဒီနေ့အထိ ဆက်လက်ပြီးတော့ လက်နက်ကိုင်ဦးမှာပဲ'' ဟု ဦးဆမ်ခွန်းက ပြောကြားသည်။

EMG
မြန်မာနိုင်ငံတွင် လက်နက်ကိုင် အင်အားစုများအနက် ဒုတိယအင်အား အကြီးဆုံးဖြစ်သော '၀' ပြည် သွေး စည်းညီညွတ်ရေး တပ်မတော်အနေဖြင့် ၎င်းတို့၏ အင်အားကို အသုံးပြုပြီး အစိုးရကို တိုက်ရန် အစီအစဉ် မရှိကြောင်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက မေ ၃၀ ရက်က ပြောကြားလိုက်သည်။

ကချင် အရေး သဘော တူညီချက် တွေက ငြိမ်းချမ်းရေး လမ်းစလား

ကချင် အရေး သဘော တူညီချက် တွေက ငြိမ်းချမ်းရေး လမ်းစလား
Friday, May 31, 2013

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့မြစ်ကြီးနားမြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြ ပါတယ်။

နှစ်ဘက် အပစ် အခတ် ရပ်စဲရေး ဆိုတဲ့ အဆင့်ကို မရောက်သေး ပေမဲ့ တပ်တွေ နေရာချထားရေးနဲ့ နောက်ထပ် နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်ရေးကို နှစ်ဘက် စလုံးက သဘော တူညီခဲ့ကြပါတယ်။
မြစ်ကြီးနား မြို့မှာ ကေအိုင်အို ကိုယ်စားလှယ်နဲ့ အလုပ် အဖွဲ့ ထားရှိပြီး အခု ရရှိခဲ့တဲ့ သဘောတူညီချက်တွေ အကောင် အထည်ဖော်ရေး ဆက်လက် လုပ်ဆောင်ဖို့ လည်း သဘောတူညီခဲ့ကြ ပါတယ်။

အခု ဆွေးနွေးပွဲကို လေ့လာသူ အဖြစ် တက်ရောက်ခဲ့တဲ့ ကုလ သမဂ္ဂ အတွင်း ရေးမှူး ချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး သံတမန် မစ္စတာ ဗီဂျေး နမ်ဘီးယားကတော့ မြစ်ကြီးနား မြို့က မနော ကွင်းမှာ ဆွေးနွေးပွဲ ကျင်းပ နိုင်တာ ကိုက ထူးခြားတယ်၊ ခိုင်မာတဲ့ ငြိမ်ချမ်းရေး ရရှိနိုင်ဖို့ မျှော်လင့် စရာတွေ ရှိလာတယ် လို့ ပြောပါတယ်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက အခု ရလဒ်ကို ထူးခြားတဲ့ အောင်မြင်မှုလို့ ခေါ်ဆိုပါတယ်။

ဒီသဘော တူညီချက်မှာ ပါဝင်တဲ့ အချက်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အရင်က လက်မှတ်ထိုး ခဲ့တဲ့ သဘော တူညီချက် တွေထက် ပိုပြီး ကျယ်ပြန့်တယ်လို့ သူက ပြောပါတယ်။

စောစောပိုင်းက ပြောထားခဲ့တဲ့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခတ် ရပ်စဲရေး လာမယ့် တစ်လ နှစ်လ အတွင်း ဖြစ်နိုင်ချေ ရှိမရှိ ဘီဘီစီရဲ့ အမေးကို ဝန်ကြီး ဦးအောင်မင်းက အတိအကျ ဖြေဆိုခြင်း မရှိခဲ့ ပေမဲ့ အခု လက်မှတ် ထိုးချိန်က စတင်ပြီး နှစ်ဘက် တပ်တွေ တိုးချဲ့ခြင်း မပြုဖို့နဲ့ တိုက်ပွဲတွေ မဖြစ်အောင် နှစ်ဘက်လုံးက ထိန်းသိမ်း သွားကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကတော့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် ရပ်ရေးဆိုတာ ကေအိုင်အိုက အရင် တောင်းဆို ခဲ့တာ ဖြစ်လို့ အစိုးရဘက်က ဆောင်ရွက်မယ့် ဆန္ဒကို ကြိုဆိုကြောင်း ပြောပါတယ်။

ဒါပေမယ့် မြန်မြန် ဆန်ဆန် ဖြစ်နိုင်ဖို့ ဆိုတာ ကတော့ နှစ်ဘက် ဆောင်ရွက် နိုင်မှုနဲ့ ပြည်သူတွေရဲ့ ပါဝင်မှု အပေါ် မူတည်တယ်လို့ သူက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ်ခံရသူ အဖြစ် ဆွေးနွေးပွဲ တက်ရောက် လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ကတော့ တပ်မတော် အနေနဲ့ သူတို့ဘက်က ပေးထားတဲ့ ကတိကို ဖျက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

BBC
မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့တို့မြစ်ကြီးနားမြို့မှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြ ပါတယ်။

တားမြစ်သည့် အဆီချဆေးကြောင့် သေဆုံးသွားသည့် ဆေးကျောင်းသူ

တားမြစ်သည့် အဆီချဆေးကြောင့် သေဆုံးသွားသည့် ဆေးကျောင်းသူ

Sarah Hoston ဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ဆေး ကျောင်း သူလေးဟာ ဆရာဝန် မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ မိဘ နှစ်ပါး၊ အစ်ကိုနဲ့ အစ်မ တွေ အားလုံးဟာ ဆရာဝန်တွေ ဖြစ်ကြပါ တယ်။ သူမဟာ မိသားစု ဝင်တွေ မသိဘဲ တားမြစ်ထားတဲ့ အဆီကျ ဆေးကို မှီဝဲခဲ့တာကြောင့် သေဆုံး သွား တယ်လို့ သိရပါတယ်။

သူမကို သူမရဲ့အိပ်ခန်း အတွင်းမှာ သေဆုံး နေတာ ကို တွေ့ရှိတာကြောင့် စစ်ဆေး ကြည့်ရာ သူမဟာ အဆီကျဆေး ၃၈ လုံးကို သောက်သုံး ထားပြီး သူမ ရဲ့ သွေးထဲမှာ ဆေးတွေကို တွေ့ရှိ ခဲ့တယ်လို့ သိရ ပါတယ်။ မသေ ဆုံးခင် တစ်ရက် အလိုမှာ သူနေ မကောင်းဖြစ် ပြီး အပူချိန် တက်လာတာကို ဆရာဝန်နဲ့ ပြဖို့ ငြင်းပယ် ခဲ့ပါတယ်။

သူမ အနေနဲ့ DNT လို့ ခေါ်တဲ့ အဆီကျ ဆေးကို စိတ်ကျ ဝေဒနာ ပျောက်ဆေးနဲ့ အတူ တွဲသောက် တယ်လို့ ဆိုပါ တယ်။ သူမဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့် ကစပြီး အစာ အလွန်အကျွံ စားလိုက်၊ အန်ထုတ်လိုက် တစ်လှည့်စီ ဖြစ်တဲ့ Bulimia ရောဂါကြောင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်နဲ့ ပြသခဲ့ရပြီး သေဆုံးတဲ့ အချိန်မှာ အဲဒီရောဂါက သက်သာ သွားပြီးလို့ ဆိုပါတယ်။ DNP ဆိုတဲ့ ပိန်ဆေးဟာ တားမြစ်ဆေးဝါး ဖြစ်ပါတယ်။ 

ခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ပမာဏအတွင်း အန္တရာယ် ကင်းတယ်ဆိုတာ မသိရှိလို့ပါ။ ဆေးဝါးရဲ့ အကျိုးသက်ရောက်မှု ကလည်း တစ်ယောက်နဲ့ တစ်ယောက် တူညီမှု မရှိပါဘူး။

Read More==> http://www.todaymyanmar.net/2013/05/blog-post_5643.html
Sarah Hoston ဆိုတဲ့ အသက် ၂၃ နှစ်အရွယ် ဆေး ကျောင်း သူလေးဟာ ဆရာဝန် မိသားစုဝင် တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ မိဘ နှစ်ပါး၊ အစ်ကိုနဲ့ အစ်မ တွေ အားလုံးဟာ ဆရာဝန်တွေ ဖြစ်ကြပါ တယ်။ သူမဟာ မိသားစုဝင်တွေမသိဘဲ တားမြစ်ထားတဲ့ အဆီကျ ဆေးကို မှီဝဲခဲ့ တာကြောင့် သေဆုံး သွားတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း

ရဲတပ်ဖွဲ့များ ပထမအကြိမ် တိုက်ခိုက် ခံရခြင်း
Friday, May 31, 2013

တအာင်း (ပလောင်) ဒေသ တခုဖြစ်သည့်  ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ် တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။

“ အခု အဲဒီရဲ (၃) ယောက်ကို မန်တုံဆေးရုံမှာပဲ ရင်ခွဲ စစ်ဆေးနေပါတယ်၊ ဒီညနေလောက် ပြီးမလား မသိဘူး၊ ဒီနေ့မနက် မန်တုံပြည်သူ့စစ်တွေရော ရဲတွေရော သွားသယ်တုန်းက သေနတ်ကျည်ဆန် ထိမှန်တဲ့ ပုံစံနဲ့သေဆုံးခဲ့တယ်လို့ ပြောတယ်” ဟု တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သူ မိုင်းမျိုးအောင်မှ ဆိုပါသည်။

အပစ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း (တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒု-တပ်ကြပ်တစ်ဦး) တို့ဖြစ်ကြပြီး မည်သူ့ လက်ချက်ဖြစ်သည်ကို လောလောဆယ် မသိရသေးကြောင်း ဆိုပါသည်။ ၄င်းတို့သည် လကုန်ရက်ဖြစ်၍ တာဝန် ကျရာ ရွှေလီ တာဝါလျှပ်စစ် တာဝါတိုင်မှ မန်တုံတို့ လာရောက်စဉ် မန်တုံ-နမ္မတူလမ်း၇-မိုင်တံတား အရောက်တွင် ပစ်သတ် ခံရခြင်း ဖြစ်ကြောင်း ဆိုပါသည်။

မန်တုံ ရဲမှာမူ ယခု ပစ်ခတ်မှုသည် ဤဒေသတွင် လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြစ်နိုင်သည်ဟု စွပ်စွဲ ထားပါသည်။ သို့သော် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA မှာမူ ၄င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုပါသည်။

၎င်းမန်တုံဒေသတွင် ကချင် လွတ်လပ်ရေး တပ်မတော် တပ်မဟာ (၄) ဒေသ တပ်ဖွဲ့၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် လက်နက်ကိုင် အဖွဲ့တို့ လှုပ် ရှားနေကြသည့်နေရာဖြစ်သည်။

မန်တုံဒေသ၌ ဖြစ်ခဲ့သော တိုက်ခိုက် မှုများသည်  အများအားဖြင့် တပ်မတော် တပ်ဖွဲ့များနှင့်သာ တိုက်ခိုက် ခဲ့ကြသော်လည်းယခု ရဲများ တိုက်ခိုက်မှုသည် ပထမဆုံး အကြိမ် ဖြစ်သည်ဟုလည်း တအာင်းကျောင်းသားနှင့် လူငယ်အစည်း အရုံး၏သတင်းနှင့် လူ့အခွင့်အရေးဌာနမှ ယနေ့ ထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားပါသည်။

ရွှေဟင်္သာသတင်းဌာန
တအာင်း (ပလောင်) ဒေသတခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်ရှိ မန်ပါတ်ရွာမှ ရွှေလီ တာဝါ လျှပ်စစ်တာဝါတိုင်စောင့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၃) ဦး ယမာန်နေ့က ပစ်သတ် ခံရသည်ဟု တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အတွင်းရေးမှူး (၁) က ဆိုပါသည်။

ဓါတ်ဆီလောင်းမီးရှို့သူဟာ ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေး ဆူပူမှုဖြစ်အောင် ကြံစည်ခဲ့ရာ မအောင်မြင်၍ လားရှိုးသို့ ကူးလာပြီး အမျိုးသမီးတစ်ဦးအား ဓါတ်ဆီလောင်းမီးရှို့ပြီး ဆူပူမှုဖြစ်အောင်လုပ်ခဲ့ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဖြေကြား

ဓါတ်ဆီလောင်းမီးရှို့သူဟာ ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေး ဆူပူမှုဖြစ်အောင် ကြံစည်ခဲ့ရာ မအောင်မြင်၍ လားရှိုးသို့ ကူးလာပြီး အမျိုးသမီးတစ်ဦးအား ဓါတ်ဆီလောင်းမီးရှို့ပြီး ဆူပူမှုဖြစ်အောင်လုပ်ခဲ့ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဖြေကြား

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဖြေကြားချက်

အဖျက်အမှောက်တွေ လုပ်တဲ့သူတွေရှိတယ်ဗျ၊ အဲမှာ ကျိုင်းတုံက ရှမ်းမွတ်စလင်လူမျိုးတစ်ယောက်က သူဟာကျိုင်းတုံမှာ ဆူပူမှုဖြစ်အောင်ဖန်တီးတာ မအောင်မြင်ဘူး။

အဲတော့သူက မအောင်မြင်တော့ တောင်ကြီးကိုရွှေ့တာပေါ့၊ တောင်ကြီးမှာ လုပ်တယ် မအောင်မြင်ဘူး။

မန္တလေးကိုရွှေ့တယ် မန္တလေးမှာ မအောင်မြင်ဘူး၊ မန္တလေးကနေ လားရှိုးတက်လာတယ်၊ ဖြစ်စဉ်ကတော့ အမျိုးသမီး တစ်ယောက်ကို အိမ်ပေါ်ကနေဆင်းလာတဲ့အခါမှာ ဓါတ်ဆီပုလင်း ယူလာပြီး ဓါတ်ဆီနဲ့လောင်း မီးရှို့တယ်ဗျ။

ဒီအမျိုးသမီးနဲ့ သူနဲ့လည်း ဘာရန်ညှိုး/ရန်ဖက်မှလည်း မရှိဘူး၊ အဲတော့ ဒီလိုလုပ်ရမလားဆိုပြီးတော့ ဒီကိစ္စပြဿနာပေါ်တာ။

အဲတော့ ကျွန်တော်မြင်တာတော့ ဒီလိုအဖျက်အမှောက်တွေ လုပ်နေတာဖြစ်မှာပေါ့၊ ဒီလို အဖျက်အမှောက်တွေကို ဖြစ်စေချင်တဲ့ အုပ်စုတွေကနေ မြှောက်ပေးလို့ ဖြစ်လာတယ်လို့ပဲ ထင်တယ်။

ခုတော့ သူ့ကို ဖမ်းမိထားတာပေါ့၊ ဒါကို စစ်ကြောပြီးရင်လည်း သက်ဆိုင်ရာတွေကနေ သတင်းထုတ်ပြန်မယ်ထင်ပါတယ်၊ ဒါကြောင့်မိုလို့ သေးသေးကနေ ကြီးကြီးသွားတာပေါ့၊ ဒီလိုမြှောက်ပေးတဲ့ လူတွေကြောင့်ပေါ့။

လားရှိုးမှာလည်းကြားတာတော့ Truck Car ကြီးတွေပေါ်မှာ မျက်နှာတွေ စီးပြီးတော့ ဒီလို သောင်းကျန်းတာတို့ ဆိုတာ တကယ့် စိတ်ရင်းအမှန်နဲ့ မျိုးချစ်စိတ်နဲ့ လုပ်မယ်ဆို မျက်နှာစီးစရာမလိုဘူး။ ဘာမှ ကြောက်စရာမလိုဘူး၊ မျက်နှာစီးပြီဆိုကတဲက ဒါဟာမသမာဘူးဆိုတာ မသမာတဲ့အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဒါပေါ်လွင်တာပေါ့။

DVB News မှ ကောက်နှုတ်ဖေါ်ပြပါသည်။

လားရှိုးမှာ အမျိုးသမီးကို မီးရှို့ခဲ့သူဟာ မန္တလေး၊ ကျိုင်းတုံနဲ့ တောင်ကြီးမြို့တွေမှာလည်း ဆူပူမှု ဖြစ်ဖို့ ဖန်တီးခဲ့ဖူးပြီး လားရှိုးမှာ အမျိုးသမီးတဦးကို ဓာတ်ဆီ လောင်းမီးရှို့တဲ့အခါကျမှ ပဋိပက္ခတွေ ပေါ်ပေါက်လာတာလို့  မေလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မြစ်ကြီးနား ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထပ်မံ ပြောဆိုသွားပါတယ်။ 

ဒီအကြောင်းကို မနက်ပိုင်း ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာလဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဘယ်သူခိုင်းတယ် ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာကို စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဖြေကြားချက်

အဖျက်အမှောက်တွေ လုပ်တဲ့သူတွေရှိတယ်ဗျ၊ အဲမှာ ကျိုင်းတုံက ရှမ်းမွတ်စလင်လူမျိုးတစ်ယောက်က သူဟာကျိုင်းတုံမှာ ဆူပူမှုဖြစ်အောင်ဖန်တီးတာ မအောင်မြင်ဘူး။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းမည့် အားကစားနည်းများအပေါ် မကျေနပ်၍ သပိတ်မှောက်သည့် အနေဖြင့် ကစားသမား အနည်းငယ်သာ ဖိလစ်ပိုင် စေလွှတ်ယှဉ်ပြိုင်မည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပ မည်ဖြစ်သော အားကစားနည်းများအပေါ် ကျေနပ်ခြင်း မရှိသောကြောင့် ယင်းပြိုင်ပွဲကို သပိတ်မှောက်သည့် အနေဖြင့် ကစားသမား အနည်းငယ်သာ စေလွှတ်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် အားကစားကော် မရှင် ဥက္ကဋ္ဌ ရစ်ချီဂါစီယာက ပြောကြားခဲ့သည်။ ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အိုလံပစ် အားကစားနည်း အချို့ကို

လားရှိုး ပဋိပက္ခတွင် ပါဝင်လှုံ့ဆော်သည်ဟု ယူဆရသူ ၃၈ ဦးအား ဖမ်းဆီးထား၊ ဓာတ်ဆီလောင်း၍ မီးရှို့ခံထားရသူ အမျိုးသမီး သေဆုံးသည်ဆိုသည့် သတင်း မမှန်ကန်

5.31.17
လားရှိုးမြို့ ရပ်ကွက်အသီးသီးသို့ လှည့်လည်၍ လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို မေ ၃၀ ရက် ည ၈ နာရီခန့်က တွေ့ရစဉ်
မေ ၃၀ ရက်အထိ လားရှိုးမြို့အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်သူ ၃၈ ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

၄၇ ရက်အတွင်း ဆန်တန်ချိန် ၉၇၀၀၀ ကျော် ပြည်ပပို့၊ ဒေါ်လာဈေးတက်၍ တောင်သူထက် ပို့ကုန်လုပ်ငန်းရှင်များ ပိုမိုအမြတ်ရနေ

Photo: ၄၇ ရက်အတွင်း ဆန်တန်ချိန် ၉၇၀၀၀ ကျော် ပြည်ပပို့၊ ဒေါ်လာဈေးတက်၍ တောင်သူထက် ပို့ကုန်လုပ်ငန်းရှင်များ ပိုမိုအမြတ်ရနေ

မေလ ၃၁ ရက် ၂၀၁၃

၄၇ ရက်အတွင်း ဆန်တန်ချိန် စုစုပေါင်း ၉၇၀၀၀ ကျော် ပြည်ပတင်ပို့ခဲ့ကြောင်းနှင့် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့သည်ဟု သိရသည်။

ဧပြီ ၁ ရက်မှ မေ ၁၇ ရက်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့နိုင်မှုသည် ယခင်နှစ် ဧပြီ ၁ ရက်မှ မေ ၁၇ ရက် အထိ တင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂၂၀၀၀ ကျော် လျော့ကျခဲ့ကြောင်း သိရသည်။

ယခုလပိုင်းအတွင်း အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာသည့် အတွက် တောင်သူများထက် တင်ပို့သူ လုပ်ငန်းရှင်များ ပိုမိုအလုပ်ဖြစ်လျက် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂၅ မှတ်ဆန်ဆိုပါက တစ်တန်လျင် အမေရိကန်ဒေါ်လာ ၃၆၀ ကျော်၊ ၃၆၀ ၀န်းကျင်ရရှိကြောင်း သိရသည်။

ယခင် တစ်ဒေါ်လာ ကျပ် ၈၆၀ နှုန်း ဖြင့်ဆိုပါက တင်ပို့သူများ အနေဖြင့် တစ်တန်လျင် ကျပ် ၃၀၉၆၀၀ ရရှိမည်ဖြစ်ပြီး ယခုတစ်ဒေါ်လာ ၉၄၈ ကျပ်နှုန်းဖြင့် ဆိုပါက ၃၄၁၀၀၀ ကျော် ရရှိမည်ဖြစ်ရာ တစ်တန်လျှင် ကျပ် ၄၀၀၀၀ ၀န်းကျင် ပိုမိုအကျိုးအမြတ် ရရှိမည်ဟု သိရသည်။

သို့သော် ယခုအချိန်တွင် တောင်သူအများစု လက်ဝယ်တွင် စပါးမရှိတော့ဘဲ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ လက်ဝယ်တွင်သာ ဆန်စပါးများ ရှိသည့်အတွက် ဒေါ်လာဈေး မြင့်တက်မှုသည် လက်ရှိတွင် တောင်သူများထက် ပို့ကုန်လုပ်ငန်းရှင်များသာ ပိုမိုအကျိုးဖြစ်ထွန်းလျက် ရှိသည်။ ဒေါ်လာဈေး မြင့်တက်သည့်အတွက် ပြည်တွင်းဆန်စပါးဈေးပါ လိုက်ပါမြင့်တက်သည့် အတွက် ၀မ်းစာမရှိသည့် တောင်သူများနှင့် စားသုံးသူများမှာ ဆန်ဈေးအမြင့်ဖြင့် ၀ယ်ယူအသုံးပြု နေရပြီဖြစ်သည်။

စပါးအကြမ်းမှာ တင်းတစ်ရာလျှင် ယခင်က ကျပ် ၃၄၀၀၀၀ ၀န်းကျင်ရှိရာမှ ယခုအခါ ကျပ် ၄၁၀၀၀၀ ၀န်းကျင်သို့ လည်းကောင်း၊ စပါးအချောမှာ ယခင်က တင်းတစ်ရာ ကျပ် ၅၂၀၀၀၀ ၀န်းကျင်ရှိရာမှ ယခုအခါ တင်းတစ်ရာ ကျပ် ၆၅၀၀၀၀ ၀န်းကျင်သို့ လည်းကောင်း ဈေးမြင့်တက်ခဲ့သည်။

လပိုင်းအတွင်း ဧည့်မထ ၂၅ မှတ်ဆန်မှာ တစ်အိတ်လျှင် ယခင် ကျပ် ၁၂၅၀၀၊ ၁၃၀၀၀ မှ ယခု ကျပ် ၁၅၀၀၀ အထိ ခုန်တက်လာခဲ့ကြောင်း သိရသည်။ ယင်းအပြင် နယ်ဈေးကွက်တွင် ဆန်ကြမ်းတစ်ပြည်လျှင် ယခင် ၅၀၀ ကျပ်မှ ယခု ၇၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု သိရသည်။

တောင်သူအများစုမှာ ၀မ်းစာမကျန်သည့်အတွက် ယခု ဆန်ဈေးအမြင့်ဖြင့် မိုးစပါးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်မည့် လုပ်သားများသို့ ၀ယ်ယူထည့်သွင်း ပေးနေရသည်ဟု သိရသည်။

ထိုသို့ မြင့်တက်နေသည့် ဆန်စပါး ဈေးများသည် လာမည့် စပါးသစ်ပေါ်သည့် ရာသီအထိ ရှိနေမှသာ တောင်သူများ အနေဖြင့် အကျိုးအမြတ် ရှိနိုင်ကြောင်း၊ စပါးပေါ်ချိန် ပြန်ကျသွားလျှင် ပို့ကုန်လုပ်ငန်းရှင်များသာ အကျိုးအမြတ်ရှိပြီး တောင်သူများ အနေဖြင့် အကျိုးခံစားခွင့် မရခဲ့သည့်အပြင် အမြင့်ဈေးဖြင့် ၀ယ်သုံးရသည့် ဒဏ်ကိုပါ ထပ်မံခံစားရမည့် အခြေအနေ ဖြစ်လာသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၁၃၂၉၀၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၂၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ဆန် တင်ပို့မှုမှာ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ပြည်ပသို့ ပိုမိုတင်ပို့လာနိုင်ခဲ့ပြီး တောင်သူများအား စိုက်စရိတ်ထုတ်ချေးသည့် ကုမ္ပဏီများ ပိုမိုပေါ်ထွက်လာခဲ့သည်။

ယခင်က မြန်မာ့ဆန် ပြည်ပတင်ပို့ရာတွင် အစိုးရဖြင့် နီးစပ်သည့် ကုမ္ပဏီတစ်စုမှသာ လက်ဝါးကြီးအုပ် တင်ပို့နေခြင်း ဖြစ်သော်လည်း အသင်းပေါ်လာပြီး နောက်ပိုင်းတွင် ကုမ္ပဏီအားလုံး ခွဲဝေတင်ပို့သည့် စနစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

သို့သော် အဆိုပါ အသင်း၌ ပါဝင်သည့် ဆန်တင်ပို့သော ကုမ္ပဏီများထဲတွင် အများစုမှာ အစိုးရဖြင့် နီးစပ်သည့် ကုမ္ပဏီများသာ ပြန်လည်ပါဝင်လာပြီး ကုမ္ပဏီကြီးအချို့ မှာ အစိုးရသစ်လက်ထက် ရောက်ရှိသည်အထိ အခွန်ရှောင်တိမ်းနေသည့် ကုမ္ပဏီများ ပါဝင်နေဆဲ ဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါ ကုမ္ပဏီများ အကျိုးအမြတ် ပိုမိုရရှိ ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven

၄၇ ရက်အတွင်း ဆန်တန်ချိန် စုစုပေါင်း ၉၇၀၀၀ ကျော် ပြည်ပတင်ပို့ခဲ့ကြောင်းနှင့် ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့သည်ဟု သိရသည်။

Thursday, May 30, 2013

ဆေးလိပ်ဖြတ်ရန်နည်းလမ်း

ဆေးလိပ်ဖြတ်ရန်နည်းလမ်း
================

(၁) ရေအေးလေး တစ်ကျိုက်စီငုံ

သေးသေးဖွဲဖွဲလေးတွေ စား ဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိ ချက်အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်းစိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့အလွမ်းကို လျော့စေတယ်။ အစားတော့ ရွေး နော်။ တော်ကြာနေ ဝလာဦးမယ်။

(၂) ကောင်းကျိုးစဉ်းစား

စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို စဉ်းစားပါ။ ကိုယ့်စိတ်ကိုယ် နိုင်ခြင်း၊ ငွေကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်း။

(၃) သွားခဏခဏတိုက်

ခံတွင်းနံ့လေး ကောင်းလာတတ် တဲ့ ကောင်းကျိုးရရှိဖို့ ဖြစ်တယ်။ ခံတွင်းရနံ့လေးကို ချစ်ပါ။

(၄) အယ်လ်ကိုဟော ရှောင်

အယ်လ်ကိုဟောသည် ဆေးလိပ်၊ စီးကရက် သောက်လိုစိတ်ကို အားပေးတယ်။ အကြောင်းပြ ချက်များစွာရှိနေ ပါတယ်။ အယ်လ်ကိုဟောသည် လုပ်ချင်ရာ လုပ်မိအောင် အားပေးတတ် တာကလည်း တစ်ကြောင်းပေါ့။

(၅) မိမိကိုယ်မိမိ ဆေးလိပ်၊ စီးကရက် ကန့်သတ်နယ်မြေသတ်မှတ်

လူရှေ့သူရှေ့ မသောက်တာ၊ အလုပ်ထဲမှာ မသောက်တာ၊ လူကြီး သူမတွေရှိရင် မသောက်တာမျိုး။

(၆) အကြောင်းပြချက် သတိရ

ကိုယ်ဘာကြောင့် ဒါတွေ ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းပြချက် ကိုယ်စီရှိကြမှာပါ။ အဲဒါလေးကို မပြတ်သတိရ။

(၇) နေ့စဉ် တက်ကြွလန်းဆန်း

နေ့စဉ် လှုပ်ရှားတက်ကြွလန်းဆန်း လတ်ဆတ်ခြင်းကလည်း ဟိုဟာမလုပ်ရ မနေနိုင်၊ ဒီဟာမလုပ်ရ မနေနိုင် ဆိုတာတွေကို ဟန့်တားနိုင်တယ်။

(၈) ပြက္ခဒိန်မှာ မှတ်

ဒီနေ့တစ်လိပ်မှ မသောက်ဖြစ်ရင် အဲဒီရက်ကလေးကို ပြက္ခဒိန်မှာ မှတ်လိုက်။ ရက်တွေ တိုးပွားလာစိတ် ဖြစ်လာလိမ့်မယ်။

(၉) ပါးစပ်ထဲ တစ်ခုခုထည့်ထား

ပီကေ၊ မြေပဲ၊ နေကြစေ့ စသည်

(၁၀) အပေါင်းအသင်းလိုတယ်

ယခင်က ဆေးလိပ်၊ စီးကရက် သောက်ခဲ့ပြီး ယခုအောင်မြင်စွာ ဖြတ်ထားနိုင်ပြီးသော အပေါင်းအသင်း တစ်ယောက်ရှာပါ။

(၁၁) ကဖိန်းကန့်သတ်

ကော်ဖီ၊ လက်ဖက်ရည်ကို ဆိုလိုတယ်။ ကော်ဖီ၊ လက်ဖက်ရည်သည် နံနက်ပိုင်းမှာ လန်းဆန်းစေတာ မှန်ပါတယ်။သို့သော် စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေတယ်။ ဒီအတွက် ကန့်သတ်လျှော့ချ ရလိမ့်မယ်။ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ဖြစ်မယ်။

(၁၂) မကောင်းတဲ့ အနောက်တွေကိုသတိပြု

စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ရှုမှတ်ပါ။ အဲဒီ မကောင်းစိတ်တွေက ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေတယ်။

(၁၃) မကောင်းကျင့် အပေါင်းအသင်း ကိုရှောင်

ဘယ်သူတွေနဲ့ဆုံရင် ပြန်သောက် မိသလဲ။ အဲဒီလူတွေကို ရှောင်ပါ။

(၁၄) စိတ်ရှည်ပါ...ပြေးလမ်းပေါ်မှာ

၁၄ ရက်ကြာ ပြတ်နိုင်ရင် ဒါ ပြေးလမ်းပေါ်ရောက်ပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို.လိုတယ်။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းသည် ကြားမှာ ပါးလွှာ လွန်းလှတယ်။ “တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ပါ။
 အောင်နိုင်မည်...မုချ။
ကိုးကား
ကျန်းမာရေး ဂျာနယ်
(၁) ရေအေးလေး တစ်ကျိုက်စီငုံ

သေးသေးဖွဲဖွဲလေးတွေ စားဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိချက် အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်း

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ၇ ချက်

Photo: အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးသဘောတူညီချက် ၇ ချက်
Thursday, May 30, 2013

၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။

၂-နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

၃-နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

၎-နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

၅-တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

၆-လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

၇-နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူညီသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိုနှိုင်းဆောင်ရွက်သွားရန် သဘောတူညီသည်။

ဧရာဝတီ
၁-နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူ သည်။

ကေအိုင်အိုနှင့် အစိုးရ အချက် ၇ ချက်သ ဘောတူ

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရအြကား နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်ရေး အပါအ၀င် အချက် ၇ ချက်ကို မေ ၃၀ရက်ညေနပိုင်းမှာ သေဘာတူလက်မှတ်ထိုး လိုက်နိုင်ပြီလို့ မြစ်ကြီးနားမြို့မှာ အဲဒီဆွေးနွေးပွဲကိုတက်နေတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှေမာင်ရွှေက ဒီဗွီဘီကို လက်မှတ်ထိုးနေချိန် မေးမြန်းရာမှာ ဖြေဆိုပါတယ်။

(KIO)နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်(၇) ချက် လက်မှတ်ရေးထိုးရန် သဘောတူညီမှူ့ရရှိ

Photo: (KIO)နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်(၇) ချက် 
လက်မှတ်ရေးထိုးရန် သဘောတူညီမှူ့ရရှိ

မေ-၃၀

ယနေ့ကျင်းပတဲ့မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲ တတိယရက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး
 ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)အကြား ငြိမ်းချမ်းရေးသဘောတူညီချက်(၇) ချက်ကို လက်မှတ်ရေးထိုးရန်သဘောတူညီမှူ့ရရှိကြောင်း U Ye Htut
ဖေ့ဘွတ်တွင်ဖော်ပြထားသည်။
ယနေ့ကျင်းပတဲ့မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲ တတိယရက်မှာ ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) အကြား ငြိမ်းချမ်းရေး သဘောတူညီချက်(၇) ချက်ကို လက်မှတ်ရေးထိုးရန်သဘောတူညီမှူ့ရရှိကြောင်း U Ye Htutဖေ့ဘွတ် တွင်ဖော်ပြထားသည်။

မေလ ၃၀ ရက်၊ လားရှိုးမြို့ အခြေအနေ


Photo: မေလ ၃၀ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။ လားရှိုးမြို့မဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီပိတ်ထားခဲ့သည်။

သို့ရာတွင် နံနက် ၈ နာရီ အချိန်ခန့်တွင် နယ်မြေ ၁၇၊ ရပ်ကွက်(၇)၌ ၂၀ ဦးခန့်ရှိသော လူတစ်စုက မွတ်ဆလင်တစ်ဦး ပိုင်ဆိုင်သော အိမ်တစ်လုံးကို ဖျက်စီးမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သော လူ ၁၅ ဦးခန့်ကို သက်ဆိုင်ရာမှ ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
မေလ ၃၀ ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ အခြေအနေမှာ ပုံမှန်အတိုင်းရှိခဲ့ပြီး လုံခြုံရေးကို ပိုမို တင်းကြပ် စွာ ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။ လားရှိုးမြို့မဈေးကြီး၌လည်း ဈေးရောင်းချခွင့် ယာယီ ပိတ် ထားခဲ့သည်။

အ၀ါရောင်အဆင့်ရှိ မုန်တိုင်းငယ်ဖြစ်ပေါ်

မေလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော် မြောက် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကီပူပါရာမြို့၏ အနောက်တောင်ဘက် မိုင် ၅ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၏ အရှေ့တောင်ဘက် မိုင် ၉ဝ ခန့်၊ မြန်မာနိုင်ငံ မောင်တော

တပ်မတော်နှင့် ကေအိုင်အေ တပ်နေရာချထားရေး ညှိနှိုင်းမှု အောင်မြင်

တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ နှစ်ပြည့်တော့မည် ဖြစ်သော တပ်မတော်နှင့် ကေအိုင်အေ တို့ မြစ်ကြီးနား မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးကိစ္စများ ညှိနှိုင်းမှု အဆင်ပြေ

ဘင်္ဂါလီသားဖွားနှုန်း ထိန်းချုပ်မှုသည် လုံခြုံရေးအတွက်ဖြစ်

လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ဝေဖန်သံများ ထွက်ပေါ်နေသည့် ရခိုင်ပြည် နယ် မောင်တော ခရိုင်တွင် ဘင်္ဂါလီလူမျိုးများ တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ ယူခွင့်ရှိသည် ဟူသည့် ဒေသန္တရ အမိန့်မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း မဟုတ်ဘဲ လုံခြုံရေးအတွက် လုပ်ဆောင် ရခြင်း

တပ်မတော်နှင့် ကေအိုင်အေ တပ်နေရာချထားရေး ညှိနှိုင်းမှုအောင်မြင်


တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ နှစ် ပြည့်တော့မည်ဖြစ်သော တပ်မတော်နှင့် ကေအိုင်အေတို့ မြစ်ကြီးနား မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်နေရာချထားရေးကိစ္စများ ညှိနှိုင်းမှု အဆင် ပြေသွားပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မှီ ရခိုင် အမျိုးသား ပါတီကြီး တစ်ရပ်ပေါ်ပေါက်ရေး RNDP မျှော်မှန်း

Photo: ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မှီ ရခိုင် အမျိုးသား ပါတီကြီး တစ်ရပ်ပေါ်ပေါက်ရေး RNDP မျှော်မှန်း
Thursday, May 30, 2013

၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မီ ညီညွှတ်တဲ့ ရခိုင်အမျိုးသား ပါတီကြီး တစ်ခု ပေါ်ပေါက်ရေး အတွက် ပါတီနဲ့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောဆိုလိုက်ပါတယ်။

မေလ ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ (၃) ရက်ကြာ အမ်းမြို့မှာ  ပြုလုပ်ခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေး အပြီးမှာ ရခိုင်ပြည်သူတွေ အထူး လိုလားနေတဲ့ ALD နဲ့ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး သဘောထားကို နိရဉ္စရာက မေးမြန်းစဉ် ဒေါက်တာအေးမောင်က ခုလို ဖွင့်ဟ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ရဲ့ မေ ၂၇၊ ၂၈၊ ၂၉ ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဒီဗဟိုကော်မီတီ အစည်းအဝေး မှာလည်း အဓိကတော့ လာမယ့် ၂၀၁၅ မှာ ဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ရခိုင်ပြည်သူလူထု ယုံကြည် အားကိုးလောက်တဲ့ အမျိုးသား ပါကြီး တစ်ရပ် ဖြစ်ဖို့အရေးဟာ အရေးကြီးကြောင်းကို အားလုံး သဘောတူကြပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ရဲ့ အမျိုးသား ညီညွှတ်ရေး ဦးတည်ချက် အရဆိုရင် မိမိရဲ့ ကိုယ်ကျိုး၊ မိမိရဲ့ ပါတီ အကျိုးထက် မိမိတို့ရဲ့ တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ အကျိုးက အင်မတန်  အရေးကြီးတယ်လို့ ခံယူထားပါတယ်။”

ဒီလို ခံယူချက်တွေကြောင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နဲ့  ပေါင်းစည်းရေးကို ဆောင်ရွက်နိုင်ရေး အတွက် ဦးဦးသာထွန်း ဦးဆောင်သော (၅) ဦးပါ ကော်မီတီ တစ်ရပ်ကို ဒီအစည်းအဝေးကနေ ဖွဲ့စည်းခဲ့တယ်လို့ ဒေါက်တာာအေးမောင်က ပြောပါတယ်။

“ ကျွန်တော်တို့ဘက်ကနော်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စောင့်ဆိုင်းနေတဲ့ ကာလ အပေါ်မှာ ပိုပြီး အဆင်ပြေသွားအောင် လာမယ့် ဇွန်လ ၁၅ ရက်နေ့ မှာ ကျွန်တော်တို့ဘက်က ဘယ်နေရာ၊ ဘယ်အချိန်ပေါ့နော်၊ ဘယ်လို ဆွေးနွေးကြမယ်။ တတိယ ပါတီ အင်အားစု တစ်ခုရဲ့ ရှေ့မှောက်မှာ ပေါ့နော်၊ တတိယ (Third) ပါတီ ဆိုတာကတော့ သံဃာတော်တွေ ဖြစ်ချင် ဖြစ်မယ်။ အများ ယုံကြည်တဲ့ ရခိုင်စာပေနဲ့ ယဉ်ကျေမူ ကော်မီတီတွေ ဖြစ်ချင် ဖြစ်မယ်။ ရခိုင်သဟာယ အသင်း ဖြစ်ချင် ဖြစ်မယ်။ အဲဒါမျိုးတွေရဲ့  ရှေ့မှောက်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  ရခိုင်လူထုရဲ့ လိုလားချက်အရ စဖိတ်ခေါ်တဲ့ ကျေညာချက် တစ်ခုကို ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်မှာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲ စတင်နိုင်ရေး အတွက် ကြားကာလ ပြင်ဆင်ရေး စတဲ့ ကော်မီတီလေးတွေကိုလည်း ဖွဲ့စည်းထားပြီး အဲဒီကော်မီက ALD ကို စာပေးတာတို့၊ တွေ့ဆုံ ညှိနိုင်းတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

RNDP ဗဟိုကော်မီ နှစ်ပတ်လည် အစည်းအဝေး အတွင်းမှာ အမျိုးသား ညီညွှတ်ရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ အပြင်  ရွှေးကောက်ပွဲ RP စနစ်နဲ့ ပတ်သက်ပြီး ပါတီ သဘောထား၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ လက်ရှိ အနေအထား အပေါ်မှာ သဘောထား၊ မဒေးကျွန်းပေါ်မှာရှိတဲ့ ရခိုင်အမျိုးသားတွေနဲ့ ပတ်သက်တဲ့ သဘောထား၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ သဘောထား၊ ဧည့်နိုင်ငံသား ကဒ် ကိုင်ဆောင်ထားတဲ့ နိုင်ငံသား မဟုတ်တဲ့ သူတွေ လွှတ်တော် အဆင့်ဆင့်မှာ ပါဝင်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ချမှတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

narinjara
၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မီ ညီညွှတ်တဲ့ ရခိုင်အမျိုးသား ပါတီကြီး တစ်ခု ပေါ်ပေါက်ရေး အတွက် ပါတီနဲ့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောဆိုလိုက်ပါတယ်။

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း
=======================
အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။
ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။

လေ့ကျင့်ခန်း (၁)

ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

(A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။

(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင် အနေအထားသို့ ရောက်အောင် ဆွဲယူပါ။

တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Read More===> http://myawady.com.mm/health/preventing/item/15315-2013-05-30-09-51-23

Ref: Myawady health
အားကစားအတွက် အချိန်မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။

တည်ငြိမ် အေးချမ်းမှု ရရန် မလွယ်ကူ နိုင်တော့သော အီရတ်နိုင်ငံ

Photo: တည်ငြိမ် အေးချမ်းမှု ရရန် မလွယ်ကူ နိုင်တော့သော အီရတ်နိုင်ငံ
Thursday, May 30, 2013

အီရတ် နိုင်ငံတွင် ဆဒမ်ဟူစိန် အုပ်ချုပ် ခဲ့စဉ်က လူနည်းစု ဆွန်နီ မွတ်စလင် တို့က အုပ်ချုပ်သူများ ဖြစ်၍ လူများစု ရှီးယိုက်တို့က အုပ်ချုပ်ခံ လူတန်းစား ဖြစ်ခဲ့သည်။

အမေရိကန် ဦးဆောင်သော မဟာမိတ် တပ်ဖွဲ့များက ဆဒမ်ဟူစိန်သည် လူအစုလိုက် အပြုံလိုက် သေစေနိုင်သော WMD လက်နက်များ ပိုင်ဆိုင်ထားသည် ဟူသော အကြောင်း ပြချက်ဖြင့် အီရတ်ကို Air Land Battle Doctrine ကျင့်သုံး၍ ၀င်ရောက် တိုက်ခိုက်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချကာ အစိုးရသစ် တစ်ရပ်ကို တင်ပေးခဲ့သည်။

ထိုအချိန်တွင် ဆဒမ်ဟူစိန် လက်ထက်က အုပ်ချုပ်ခံ ဖြစ်သော ရှီးယိုက်တို့သည် အုပ်ချုပ် သူများ ဖြစ်လာကြပြီး ဆွန်နီတို့က အုပ်ချုပ်ခံများ ဘ၀သို့ ရောက်ရှိ သွားခဲ့သည်။ အီရတ် အစိုးရ အဖွဲ့ကို ရှီးယိုက် ဘာသာဝင် နူရီအယ်လ်- မာလိကီက ၀န်ကြီးချုပ် အဖြစ် ခေါင်းဆောင်၍ ဖွဲ့စည်း နိုင်ခဲ့သည်။ ဆွန်နီ မျိုးနွယ်ဝင် တစ်ဦးဖြစ်သော တရစ်အယ်လ်-ဟာရှာမီက ဒုတိယ သမ္မတ နေရာယူ၍ အခြား ရှီးယိုက် မျိုးနွယ်ဝင် ကဒ်လူမျိုးက သမ္မတ ဖြစ်လာခဲ့ပြီး ဆွန်နီ မွတ်စလင် တစ်ဦးက လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသည်။

ယင်းလူ့အဖွဲ့ အစည်း တစ်ခုအတွက် အထက်နှင့် အောက်က ပြောင်းပြန် ဖြစ်သွားသော အခါ လုပ်ပိုင်ခွင့် အာဏာ မရှိတော့သော ဆွန်နီတို့က ရှီးယိုက်တို့ အပေါ် ကျေနပ်မှု မရှိတော့ချေ။ ရှီးယိုက်တို့ နေထိုင်ရာ ရပ်ကွက်များနှင့် အစိုးရ ဌာနများ အနီးတွင် ဗုံးပေါက်ကွဲ မှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး လူအသေ အပျောက်များလာသည်။ ထိုအခါ ရှီးယိုက်တို့က ဆွန်နီတို့ လက်ချက်ဟု စွပ်စွဲလာသည်။ နောက်ဆုံး ရှီးယိုက် ၀န်ကြီးချုပ်က ဆွန်နီ ဒုတိယ သမ္မတကို ဗုံး ပေါက်ကွဲမှုများ အတွက် ဖမ်းဝရမ်း ထုတ်သဖြင့် ဆွန်နီ အများစုက တူရကီ နိုင်ငံသို့ ထွက်ပြေးရသည် အထိ ဖြစ်သွားခဲ့သည်။ ထိုအခါမှ စ၍ ရှီးယိုက်နှင့် ဆွန်နီတို့ အကြား မပြေမလည် အပြန်အလှန် လုပ်ကြံ သတ်ဖြတ် မှုများ ဖြစ်လာတော့သည်။ အစိုးရ အဖွဲ့ အနေဖြင့် ဂိုဏ်းဂဏ ပြဿနာကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစား လာခဲ့ရသည်။

ဆွန်နီ ဘာသာဝင် အများစု နေထိုင်သည့် ပြည်နယ်များတွင် အစိုးရ အပေါ် ဆန့်ကျင် ဆန္ဒပြမှု များသည် ပြီးခဲ့သော ငါးလ၊ ခြောက်လခန့်တွင် ပိုမိုများပြား လာခဲ့ကြောင်း တွေ့ရသည်။ ဤဖြစ်စဉ် များသည် အမေရိကန်တို့ ဆယ်စုနှစ်နှင့် ချီ၍ အီရတ် နိုင်ငံကို သိမ်းပိုက် ထားခြင်း၏ မှားယွင်းမှု အကျိုးဆက်ဟု ပြောရမည် ဖြစ်သည်။

တစ်ဖန် အုပ်ချုပ်သော အစိုးရက ဆန္ဒပြ လှုပ်ရှားမှု များကို ဆဒမ်ဟူစိန်လက် ထက်က ယခင် ဘာ့သ်ပါတီ ဟောင်းတို့၏ လက်ချက်နှင့် အယ်လ်ကိုင်ဒါတို့ လက်ချက်ဟူ၍ စာတမ်းထိုး ခေါင်းစဉ် တပ်ပေးသည်။ အမေရိကန် တပ်များရှိစဉ် ကတည်းက အသုံး ချခဲ့သည့် လျှို့ဝှက် သတင်းပေး ဆိုသူများကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ဘာ့သ် ပါတီဝင် ဟောင်းများအား လူထု လှုပ်ရှားမှု များတွင် မပါဝင် နိုင်စေရန် စီမံထားသည်။

ဧပြီ ၂၃ ရက်က ဟာဝီဂျာတွင် သပိတ်စခန်း ဖွင့်၍ ငြိမ်းချမ်းစွာ ဆန္ဒ ပြနေသော ဆွန်နီ မွတ်စလင် တို့ကို အစိုးရ၏ လုံခြုံရေး တပ်ဖွဲ့တို့က ၀င်ရောက် ချေမှုန်းခဲ့ရာ လူပေါင်း ၂၅၀ ခန့် သေဆုံးသွားခဲ့ ရသည်ဟု ဆိုသည်။

ဆွန်နီ မွတ်စလင် တို့၏ အချက်အချာ ဖြစ်သည့် အန်ဘာ ပြည်နယ်တွင် တိုင်းရင်းသား တပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည် အထိ ဖြစ်ခဲ့ရာ အီရတ်နိုင်ငံ အတွင်းရှိ အယ်လ်ကိုင်ဒါ ကဲ့သို့ ဂျီဟတ် ၀ါဒီများ အများအပြား ပါဝင် ခဲ့သည်ဟု ကြားရ၍ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ရှိကြောင်းကို ပြသလိုက်ခြင်း ဖြစ်သည်။

ရာမာဒီ၌လည်း ဆန္ဒပြ ခေါင်းဆောင်များ၏ နေအိမ်များကို အစိုးရ တပ်များက ၀င်ရောက် စီးနင်းခြင်းများ၊ ရှာဖွေ ဖမ်းဆီးခြင်းများ ပြုလုပ် ခဲ့ကြသည်။

ဟာဝီဂျာ ကိစ္စမှာ အလွန် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်သောကြောင့် ပါလီမန်မှ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့၍ အဖြစ်အမှန်ကို ဖော်ထုတ် သွားမည်ဟု သိရသည်။ သေဆုံးသူ အချို့မှာ လက်တွင် ကြိုးတုပ်ထားလျက် သေဆုံးနေပြီး၊ အချို့မှာ နောက်ကျောဘက်မှ သေနတ်ဖြင့် ပစ်သတ်ထား ခံရကြောင်း တွေ့ရသည်။ ဆိုလို သည်မှာ ၎င်းတို့အား ဖမ်းဆီး စစ်ဆေးပြီးနောက် ကွပ်မျက်ပစ်သည့် ပုံစံမျိုး ဖြစ်နေကြောင်း တွေ့ရသည်။ ဤဖြစ်ရပ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အမေရိကန် တပ်များ ပြန်လည် ရုပ်သိမ်းသွားသည့် နောက်ပိုင်း အီရတ် နိုင်ငံ၏ တည်ငြိမ်မှုကို အဆိုးရွားဆုံး ခြိမ်းခြောက်ခဲ့သော ဖြစ်စဉ်ဖြစ်သည်။

အဆိုပါ ဟာဝီဂျာ သပိတ်စခန်း အနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ မှုကြောင့် သပိတ်စခန်း အတွင်း လက်နက်များ ရှိ၊ မရှိ ၀င်ရောက် စစ်ဆေးရန်နှင့် ရွက်ဖျင် တဲများကို ဖျက်ပစ်ရန် အတွက်သာ ရည်ရွယ်သော်လည်း လုံခြုံရေး တပ်ဖွဲ့ကို သပိတ် စခန်းမှ စတင်ပစ်ခတ် မှုကြောင့် ယခုကဲ့သို့ အခြေအနေ ဖြစ်သွားရကြောင်း အစိုးရက ပြောကြား ခဲ့သည်။

အစိုးရ အဆိုအရ သပိတ် စခန်းတွင် သောင်းကျန်းသူ များနှင့် အစွန်းရောက် သမားများသာ ကျန်ရှိသဖြင့် သေဆုံး သူ ၂၃ ဦးတွင် အယ်လ်ကိုင်ဒါ အဖွဲ့ဝင် များနှင့် ဘာ့သ်ပါတီဝင် ဟောင်းများ ပါဝင်သည်ကို တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤအချက်ကို ထောက်ရှု၍ အီရတ် နိုင်ငံသည် တည်ငြိမ် အေးချမ်းမှုကို ရရှိရန် မလွယ်ကူ ကြောင်းနှင့် ရှီးယိုက်-ဆွန်နီ အကြား အပြန်အလှန် တိုက်ခိုက်ကြသော ပြည်တွင်းစစ်သို့ ဦးတည် နေသည်ဟု ဆိုရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။

မြ၀တီ
အီရတ် နိုင်ငံတွင် ဆဒမ်ဟူစိန် အုပ်ချုပ်ခဲ့စဉ်က လူနည်းစု ဆွန်နီမွတ်စလင်တို့က အုပ်ချုပ်သူများ ဖြစ်၍ လူများစု ရှီးယိုက်တို့က အုပ်ချုပ်ခံ လူတန်းစား ဖြစ်ခဲ့သည်။

“နယူးယော့ခ်မြို့မှ ထာဝရမီးတောက်တည်ရှိမှု ပဟေဋ္ဌိဖြစ်နေဆဲ”

Photo: “နယူးယော့ခ်မြို့မှ ထာဝရမီးတောက်တည်ရှိမှု ပဟေဋ္ဌိဖြစ်နေဆဲ”

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် တည်ရှိနေသည့် လူသိများသော ထာဝရမီးတောက်နှင့် ပတ်သက်သည့် ဖြစ်တည်မှုကို သုတေသီများ အဖြေမထုတ်နိုင်ဘဲ ခေါင်းစားနေကြောင်း သိရှိရသည်။ ရေတံခွန်ငယ် တစ်ခုအောက်တွင် တောက်လောင်နေပြီး ငြိမ်းသွားခြင်း မရှိသော မီးတောက်ငယ်သည် နယူးယော့ခ်တွင် အမှတ်တရ နေရာလေး တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံထားရသည်။ 

ကမ္ဘာပေါ်တွင် မီးမငြိမ်းဘဲ တောက်လောင်နေသည့် မီးတောက်အများအပြား ရှိနေသော်လည်း ယင်းတို့အနက် အများစုကို လူများက ဖန်တီးကာ မီးမငြိမ်းအောင် လောင်စာ ဖြည့်တင်းပေးနေခြင်း ဖြစ်သည်။ အဓိကအားဖြင့် လူပုဂ္ဂိုလ် တစ်ဦးဦးကို ဂုဏ်ပြုသည့် အခြေအနေမျိုးတွင် မသေသော မီးတောက်များကို ဖန်တီးလေ့ ရှိသည်။ သို့သော်လည်း ချက်စတန့်ရစ်ဂ်ျကောင်တီ ဥယျာဉ်အတွင်းမှ မီးတောက်လေးမှာ ထူးခြားလျှက် ရှိသည်။ 

Read more http://www.planet.com.mm/news/read.cfm/id/21647
အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် တည်ရှိနေသည့် လူသိများသော ထာဝရမီးတောက်နှင့် ပတ်သက် သည့် ဖြစ်တည်မှုကို သုတေသီများ အဖြေမထုတ်နိုင်ဘဲ ခေါင်းစားနေကြောင်း သိရှိရသည်။ ရေတံခွန်ငယ်

အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

Photo: အိန္ဒိယမိုးလေ၀သဌာနမှ ထုတ်ပြန်သော မုန်တိုင်းသတင်း

International က မုန်တိုင်း အဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်းဝင်တော့မယ် ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ မိုးလေဝသဌာနက ထုတ်ပြန်တာပဲ ကျနော်တို့ မှတ်တမ်း တင်ဖို့ ရပါတယ်ဗျာ။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအား လေဖိအားနည်းရပ်ဝန်း (94B) ဖြတ်ကျော်ဝင်ရောက်မည့် သတိပေးချက် ထုတ်ပြန်ခြင်း

လေဖိအားနည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး အိန္ဒိယနိုင်ငံ စံတော်ချိန် ည ၇ နာရီမှ ၈ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီမှ ၉ နာရီ) တွင် ကမ်းခြေကို စတင်၍ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း၊

 လေဖိအားနည်းရပ်ဝန်း၏ ဗဟိုသည် 2030 IST (မြန်မာစံတော်ချိန် ည ၉ နာရီခွဲ)တွင် Canning မြို့ အနီးမှ ဖြတ်ကျော်မည်ဖြစ်ကြောင်း၊ အနောက် - အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း၊

 နောက် ၃၆ နာရီအထိ အနောက်ဘင်္ဂလားပြည်နယ်တွင် မိုးသည်းထန်ရာမှ အလွန်သည်းထန်စွာ ရွာသွန်းနိုင်မည်ဖြစ်ပြီး၊ အဆိုပါဒေသများတွင် ကီလိုမီတာ ၆ဝ နှုန်းအထိ လေပြင်းတိုက်ခတ်ခြင်းရှိမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ချက်အမှတ် Bulletin No.: BOB 02/2013/05 ဖြင့် ထုတ်ပြန်ထားပါသည်။

ဒီနေ့ည ပါ - Bulletin မူရင်း PDF လင့်ပါ http://www.imd.gov.in/section/nhac/dynamic/cwind.pdf

Posted From mmweather Page
International က မုန်တိုင်းအဆင့် မသတ်မှတ်သေးခင် လေဖိအားနည်းရပ် ဝန်း အဆင့်နဲ့ ကုန်းတွင်း ဝင်တော့မယ်ဆိုတော့ - TSR, JTWC စတဲ့ အပြည်ပြည်ဆိုငိရာ ဌာနတွေက လမ်းကြောင်း မထွက်ပါဘူး၊ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ မိုးလေဝသဌာနက ထုတ်ပြန်တာပဲ ကျနော်တို့ မှတ်တမ်း တင်ဖို့ ရပါတယ်ဗျာ။

တပ်မတော် အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား

Photo: တပ်မတော် အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ပြောကြား
Thursday, May 30, 2013

ခေတ်စနစ် ပြောင်းသွားသည်နှင့်အညီ တပ်မတော်အနေဖြင့် လုပ်ချင်ရာ လုပ်မည်မဟုတ်ဘဲ ပြည်သူလူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက မေ ၂၉ ရက်တွင် ပြောကြားလိုက်ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIO နှင့် ဆွေးနွေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အထူးအာဏာကုန် လွှဲအပ်ပေးထားသူဖြစ်ပြီး မေ ၂၉ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၌ ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်ပြောချင်တာက လူထုရဲ့အသံ၊ ဒီကနေ့ ခေတ်ပြောင်းသွားတယ်။ စနစ် ပြောင်းသွားတယ်။ လူထုအသံ အရေးကြီးတယ်။ အခြေအနေတွေ ပြောင်းသွားတယ်။ ကျွန်တော်တို့လည်း တပ်ဆိုပြီးတော့  ကျွန်တော်တို့လည်း လုပ်ချင်ရာ လုပ်လို့မရပါဘူး။ အနေအထားတွေက အများကြီး ပြောင်းသွားပြီ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ထို့အပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို ရှင်းလင်းပြောကြားရာ၌ ဒီမိုကရေစီ လမ်းကြောင်းလျှောက်လှမ်းရာ၌ အများဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ထပ်မံပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့က ကျွန်တော်တို့ ပြောတာပဲ လုပ်ရမယ် ဆိုတာမျိုး ဒီကနေ့ခေတ်မှာ မရှိတော့ပါဘူး။ ဒီနေ့ ဒီမိုကရေစီ လမ်းကြောင်းမှာ အများဆန္ဒ၊ အများရဲ့ ဆန္ဒကို လိုက်ပါပြီး လုပ်တဲ့အခါ တပ်မတော်လည်း ဒီအတိုင်းပါပဲ" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရန် တပ်မတော်က လိုလားပြီး ငြိမ်းချမ်းရေး ရရှိရန် အစွမ်းကုန် ကြိုးစားနေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။

"ကျွန်တော်တို့လည်း ငြိမ်းချမ်းချင်ပြီ။ ကချင်ပြည်နယ်ကြီးကို ငြိမ်းချမ်းချင်ပြီဗျာ။ ဒီလိုငြိမ်းချမ်းဖို့ အေးချမ်းဖို့ဆိုရင် ကျွန်တော်တို့ တပ်ချည်းပဲ တာဝန်ရှိသလား။ ဘယ်သူတွေကရော တာဝန်ရှိသလဲ။ တာဝန်ရှိတဲ့ လူမှန်သမျှ ၀ိုင်းကူရမယ်။ လိုပါတယ်။ အင်အားတွေ လိုပါတယ်။ ကျွန်တော်တို့ လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ပြည်သူလူထု လိုချင်တာ ဘာလဲ။ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

မေ ၂၈ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တိုးတက်မှု ရှိကြောင်း၊ မြစ်ကြီးနားတွင် ဆွေးနွေးနိုင်သည့် အခြေအနေကို ရောက်ရှိလာပြီ ဖြစ်သဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ဆက်လက်ဆိုးဝါးနိုင်ဖွယ် မရှိတော့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

"ကျွန်တော် ထင်ပါတယ်။ အခုထက် ဆိုးဆိုးဝါးဝါး ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး" ဟု ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆိုသည်။
ကချင်ဘာသာရေး ခေါင်းဆောင်များဘက်မှ ပြန်လည်ဆွေးနွေးမှုတွင် ဒေသခံများ အနေဖြင့် တပ်ဆိုသည့် အသံကြားရုံမျှပင် ကြောက်ရွံ့နေပြီး ထိုသို့ ကြောက်ရွံ့နေခြင်း စိတ်ဒဏ်ရာကို ဦးစွာကုစားရန် လိုအပ်နေကြောင်း အကြံပြုခဲ့သည်။  

EMG
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြစ်ကြီးနားမြို့တွင် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးအား မြစ်ကြီးနားမြို့တွင် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ခေတ်စနစ် ပြောင်းသွားသည်နှင့်အညီ တပ်မတော်အနေဖြင့် လုပ်ချင်ရာ လုပ်မည် မဟုတ်ဘဲ ပြည်သူ လူထု၏ ဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်မည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး က မေ ၂၉ ရက်တွင် ပြောကြားလိုက်ပါသည်။

ပဋိပက္ခ ဖြစ်ပွားမှုများ ကူးစက်မလာစေရန် မန္တလေးတွင် လုံခြုံရေးအင်အား တိုးမြှင့်

Photo: ပဋိပက္ခ ဖြစ်ပွားမှုများ ကူးစက်မလာစေရန် မန္တလေးတွင် လုံခြုံရေးအင်အား တိုးမြှင့်
Thursday, May 30, 2013

ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေးတိုင်း ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"မီတ္ထီလာ ပဋိပက္ခဖြစ်စဉ်ကို သင်ခန်းစာယူပြီး အခုလို ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားတာပါ။ အခြေအနေ အရမ်းကြီး ဆိုးရွားမှ ဆိုရင်တော့ ထိန်းသိမ်းရ ခက်ခဲပြီး စစ်တပ်အကူညီ တောင်းရတဲ့အထိ မဖြစ်အောင် လုံခြုံရေးအင်အား အသင့်ပြင်ထားပါတယ်။ လားရှိုးပဋိပက္ခ ဖြစ်ပွားပြီး ည ၁၁ နာရီကတည်းက အဓိကရုဏ်း နှိမ်နင်းတဲ့ကားတွေ အဆင်သင့်ပြင်ထားတာ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။

ပုံမှန်လုံခြုံရေး အင်အားအပြင် မိတ္ထီလာ ပဋိပက္ခအပြီး ဖွဲ့စည်းထားသည့် မြို့နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီမှလည်း မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းထားရှိကာ ကောလဟာလများ ဖြစ်ပွားခဲ့ပါက ပြန့်ပွားမှု မရှိစေရန် အဆိုပါ ကော်မတီ အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခြေအနေတွင် တိုင်းရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နှင်းရေးကားများ အဆင်သင့်ထားရှိကာ လုံခြုံရေးအင်အား အသင့်ပြင်ဆင်ထားသည်။

"၂၈ ရက်နေ့ကလည်း ရမည်းသင်းမှာ လူ ၂၀ လောက် စုဝေးမှု ဖြစ်ပွားခဲ့တဲ့ ကောလာဟလတစ်ခု ဖြစ်ခဲ့သေးတယ်။ ဒါကြောင့်မို့ မန္တလေးမှာ အဲဒီလိုမျိုးတွေ ဖြစ်မလာအောင် အထူးဂရုစိုက်ပြီး ဆောင်ရွက်နေတာပါ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။

EMG
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်
ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေးတိုင်း ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး

Photo: အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး
Thursday, May 30, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက်ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲမှာ နှစ်ဖက်စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

အစိုးရဖက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဖက်က ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ မြစ်ကြီးနားမြို့ မနောကွင်းမှာရှိတဲ့ မဂျွယ်ခန်းမနားက သီးသန့်ဆောင်မှာ ဆွေးနွေးခဲ့ကြတာပါ။

နှစ်ဖက်တပ် နေရာချထားရေးအပါအဝင် စစ်တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းရာမှာ ရလာဒ်ကောင်းတွေရရှိခဲ့ကြောင်း၊ မေလ ၃၀ ရက် မနက်ဖြန်မှာလုပ်မယ့် အပြီးသတ်ဆွေးနွေးပွဲပြီးရင် ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။

"တပ်ပိုင်းဆိုင်ရာ ဆွေးနွေးတဲ့အပိုင်းကတော့ ဒီနေ့မှာပြီးသွားပါပြီ၊ နှစ်ဦးနှစ်ဖက် တပ်နေရာချထားမှုက စပြီးတော့ပေါ့၊ အားလုံးညှိနှိုင်းပြီးဖြစ်ပါတယ်၊ နက်ဖြန်ခါ အပြီးသတ်ဆွေးနွေးပွဲပြီးတော့ ထုတ်ပြန်ကြေညာချက်တွေနဲ့ ထုတ်ပြန်သွားမှာပါ၊ အခုထိကတော့ အားလုံးအဆင်ပြေပါတယ်၊ တိုးတက်တဲ့လက္ခဏာတွေပဲတွေ့ရတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်၊ အခုကျနော်တို့ နှစ်ဦးနှစ်ဖက်တပ်တွေ ဆွေးနွေးကြမှာက ရှမ်းမြောက်ကိစ္စတွေ၊ ကချင်ပြည်နယ်ကိစ္စတွေရော အားလုံးကျနော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်၊ နက်ဖြန်ခါတော့ ကျနော်တို့ အသေးစိတ်ကလေး ထုတ်ပြန်ပါ့မယ်"

ကေအိုင်အိုဖက်ကလည်း လောလောဆယ်အထိ နှစ်ဖက်ဆွေးနွေးမှုကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဆွေးနွေးပွဲအပြီးမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေဟာ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်ခေါင်းဆောင်တဲ့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

လေ့လာသူအဖြစ်ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတော့ မြစ်ကြီးနားမြို့နဲ့ ၂၇ မိုင်ကွာဝေးတဲ့ မေခ၊ မလိခမြစ်ဆုံကို လေ့လာရေးခရီး သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနဲ့ ကေအိုင်အေ ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ဟာ မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသား ရပ်မိရပ်ဖများနဲ့ သီးခြားစီတွေ့ဆုံခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။

RFA Burmese
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက်ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲ မှာ နှစ်ဖက် စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မဖြစ်မည်ဟောကိန်းနှင့် ဥပဒေအမြင်

Photo: ဒေါ်အောင်ဆန်းစုကြည်သမ္မဖြစ်မည်ဟောကိန်းနှင့်ဥပဒေအမြင်

နာမည်ကျော်မြန်မာဗေဒင်ပညာရှင်  တစ်ဦးက “၂၀၁၅ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်လာလိမ့်မည်” ဆို သော သူ၏ဟောကိန်း ကိုမပြင်နိုင်ကြောင်း  ထပ်မံအတည်ပြုပြောသောအခါရလဒ်၊ ဟောကိန်းမှာဟောကိန်းပင်ဖြစ်သည်ဟု မိမိကိုယ်မိမိယုံကြည်စိတ် ချစွာခံယူထား သော ပညာရှင်ကိုလေးစားပါသည်။ 

သူက  ဂြိုဟ်နက္ခတ်ကို တွက်ပြီးဟောတာ၊ ဥပဒေ သိစရာမလိုဟု အကြောင်းပြပါသည်။

ကျွန်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မှီငြမ်း၍ “ဟော” ပါမည်။ ကျွန်တော်သည်ဗေဒင်ပညာဂြိုဟ်နက္ခတ်  အပူးအခွာများကို ဘာမျှနားလည်သူမဟုတ် သဖြင့်၊ သူ့ဟောကိန်းကိုဝေဖန်နိုင်စွမ်းမရှိ ပါ။ 

သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည်အခြေခံဥပဒေအခန်း (၃) ပုဒ်မ ၅၉ က လုံးဝလွှမ်းမိုးထားသဖြင့်  ဥပဒေဂြိုဟ်စီးဂြိုဟ် နင်းများမည်သို့ရှိသည်  ကိုလေ့လာတင်ပြပါမည်။


အခြေခံဥပဒေမှာသတ်မှတ်ထားသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ တွင် ရှိရမည့်အဓိကအရည်အချင်းများ သည်ဒေါ်အောင်ဆန်းစုကြည်နှင့် မည်မျှ ကိုက်ညီသည် ကိုအောက်ပါအတိုင်းစိစစ် ကြည့်ပါမည်။


ပုဒ်မ ၅၉၊ ပုဒ်မခွဲ (က) နိုင်ငံတော်သမ္မတ သည်နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်   သစ္စာရှိသူဖြစ်ရမည်။ ဤပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍ဘာမျှအငြင်းပွားဖွယ်မရှိပါ။

 ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံတော် နှင့် နိုင်ငံသားတို့အပေါ် သစ္စာမရှိသော အရိပ်အယောင်များတွေ့ခဲ့ရပါက ဟို အာဏာပါဝါရှင်တွေ လက်ထက်ကပင်နိုင်ငံ တော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးနှင့် စွဲပြီးလွတ်ရက်မရှိထောင်သွင်းအကျဉ်းချ မှာသေချာပါသည်။

ပုဒ်မခွဲ(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး  နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသောတိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။ ဒေါ်အောင် ဆန်းစုကြည်ကို ဗဟန်းမြို့နယ်၊ နတ်မောက် လမ်းကအခုဗိုလ်ချုပ်ပြတိုက်အမည်ပေး ထားသည့်အိမ်မှာ မွေးခဲ့သည်။ 

ဖခင် ဦးအောင်ဆန်းက နတ်မောက်ဇာတိသား  သူ့မိခင်နှင့် ဖခင်တို့အကြောင်းကို သူငယ်တန်းကလေးများပင်သိကြသည်။ မိခင်ဒေါ်ခင်ကြည်ကမြောင်းမြသူနှစ်ဖက်  အဖွားနာမည်တိုက်ဆိုင်လိုက်ပုံများ ဦးအောင်ဆန်းအမေက ဒေါ်စု၊ ဒေါ်ခင် ကြည်အမေကဒေါ်ဖွားစုတဲ့။

ပုဒ်မခွဲ (ဂ) အနည်းဆုံးအသက် ၄၅ နှစ် ပြည့်ပြီးဖြစ်ရမည်။ အသက်က ၆၀ တောင်ကျော်လို့တစ်နိုင်ငံလုံးက “အမေစု” လို့ချစ်စနိုးခေါ်နေကြပြီ။
ပုဒ်မခွဲ (ဃ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့်အမြင်များရှိရ မည်။ ဒီအချက်မှာ နည်းနည်း “စကား ပြော” လာပြီ။

 ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင် တွေ ဘယ်လောက်ရှိတယ်ဆိုတာ သူ့ပထမဆုံးရွှေတိဂုံအနောက်မုခ်မိန့်ခွန်း နှင့် ပင်လုံလောက်ပါပြီ။ နိုင်ငံတကာကရ ထားတဲ့ပညာရေးဘွဲ့တွေကို တန်းစီရေး ပြဖို့တောင်မလိုတော့ပါ။ အဲဒီမှာ “စစ်ရေး အမြင်” ရှိရမယ်ဆိုတာဘာကိုဆိုလိုပါသလဲ။ 

အရပ်စကားနဲ့ ပြောရရင် အိတ်စ်အာမီ (ex-army) ဖြစ်မှ သမ္မတဖြစ်မှာလား။ ဒီလိုတော့လည်းမဟုတ်တန်ရာပါ။ လက်ရှိ ဒုတိယသမ္မ တဒေါက် တာစိုင်းမောက်ခမ်း  ဟာတပ်ထွက်မဟုတ် ဘူးလို့သိကြပါတယ်။ တပ်ထဲဝင်ဘူးမှ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်နိုင်မယ်ဆိုတဲ့ တစ်ချက်လွှတ်ပြဋ္ဌာန်း ချက်မျိုးတော့ရှိဖို့မသင့်ပါ။


ပုဒ်မခွဲ (င) အနည်းဆုံးအနှစ် ၂၀ နိုင်ငံ တော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ သူ့ကိုအကျယ်ချုပ်ချခဲ့တဲ့အမိန့်စာတွေ ဆက်ဆက်တို့မြှင့်တဲ့နောက်ဆက်တွဲ အမိန့်တွေရဲ့နေ့စွဲအဖွင့်အပိတ်တွေကို ပေါင်းကြည့်ရင်တောင်၊

 ဒေါ်အောင်ဆန်း စုကြည်တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ၀င်းမှာနေခဲ့တာအနှစ် ၂၀ ကျော်ပါပြီ။

ပုဒ်မခွဲ (စ) မိမိကိုယ်တိုင်၊ မိဘ၊ ဇနီးသို့ မဟုတ်ခင်ပွန်း၊ သားသမီး၊ သမက်နှင့် ချွေးမတို့သည် နိုင်ငံခြားသားများမဖြစ်ရ ဒေါ်အောင်ဆန်းစုကြည် သည်နိုင်ငံခြား တွင် နေထိုင်ခဲ့သော်လည်း နိုင်ငံသားအဖြစ် မှ ရပ်စဲစေသော ပြစ်မှုများကို ကျူးလွန် ခဲ့သူမဟုတ်သဖြင့် နိုင်ငံသားဟုတ်မဟုတ် အငြင်းမပွားရုံမက ကြားဖြတ်ရွေးကောက်  ပွဲတွင်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရပြီးသူဖြစ်သည်။

သို့သော်  ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ အဖြစ်အရွေးခံခွင့်ရနိုင်ရေးမှာ ဤပြဋ္ဌာန်း ချက်က လုံးဝလွှမ်းမိုးကန့်သတ်ထားပါ  သည်။ 

အဘယ်ကြောင့်ဆိုသော်သူကိုယ် တိုင်ကနိုင်ငံသားဖြစ်သော်လည်း သူ၏ ကွယ်လွန်သူခင်ပွန်းနှင့် တရားဝင်သားနှစ် ဦးမှာ အင်္ဂလန်နိုင်ငံ ဇာတိသားများဖြစ် နေသောကြောင့်တည်း။

ဤနေရာမှစ၍ ကျွန်တော်၏ဥပဒေ အမြင်ဆွေးနွေးပွဲစပါမည်။ လက်ရှိအခြေခံ ဥပဒေပုဒ်မ ၅၉၊ ပုဒ်မစွဲ (စ) ပြဋ္ဌာန်းချက်  အပြည့်အစုံမှာ “မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်း  ကောင်း၊ မိမိ၏ ဇနီးသို့မဟုတ်ခင်ပွန်းသော်  လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး  တစ်ဦးဦးသော်လည်းကောင်း၊

ထိုတရား  ၀င်သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ်  ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ  ၏ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်  ရိုသေသူသို့မဟုတ်နိုင်ငံခြားအစိုးရ၏လက် အောက်ခံဖြစ်သူသို့ မဟုတ်တိုင်းတစ်ပါး ၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ။ 

ထိုသူများသည်နိုင်ငံခြားအစိုးရ၏လက် အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်း ကောင်း၊ ခံစားရသောအခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ” အတော့်ကိုအကွက်မိ စွာပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။

နိုင်ငံခြားသားခင်ပွန်းမှာ ကွယ်လွန် ပြီးဖြစ်သော်လည်း၊ ဥပဒေတွင် ကွယ်လွန် သူ၊ သက်ရှိဖြစ်သူဟုခွဲခြားပြဋ္ဌာန်းမထား သည့်အပြင်ခင်ပွန်း ကွယ်လွန်သော်လည်း ခင်ပွန်း၏အမွေကိုဆက်ခံနိုင်ခွင့်ရှိသူဖြစ် နေသဖြင့် ဤပြဋ္ဌာန်းချက်နှင့် ငြိနိုင်ပါ သည်။

 ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်  သမ္မတအဖြစ်အရွေးခံနိုင်ရန် ဤကန့်သတ် ချက်များကို ပြင်ဆင်မှဖြစ်ပါမည်။ မည်သို့  ပြင်ဆင်မည်နည်း။

ဤပြင်ဆင်ရေးကိစ္စသည်ဒေါ်အောင် ဆန်းစုကြည်အားသမ္မတအဖြစ်အရွေးခံ ခွင့်ရနိုင်ရေးအတွက် အဓိကဖြစ်ရာပြင်ဆင်  လိုသော (တစ်နည်းအားဖြင့် ပယ်ဖျက် လိုသော) ကန့်သတ်ချက်စကားရပ်များ ကို ကွက်ပြီးပယ်ဖျက် လိုက်လျှင် လုံလောက်  ပါမည်။

 ထိုသို့ပယ်ဖျက်ရန်အတွက် အခြေခံဥပဒေအခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာပြဋ္ဌာန်း ချက်များနှင့် အညီအောက်ပါ အတိုင်းတစ်   ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ကြရပါမည်။

ပထမဆင့် 
လက်ရှိပြည်ထောင်စုလွှတ်တော် ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း က ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတစ်ရပ် ကို စတင်တင်သွင်းရမည်။ ထိုမူကြမ်းတွင် အောက်ပါအရေးအသားအတိုင်းပါရှိရ မည်။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ)တွင် ပါရှိသော “မိမိ၏ဇနီး သို့မဟုတ်ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ဇနီးသို့မဟုတ်ခင်ပွန်းသော် လည်းကောင်းဆိုသည့်စကားရပ်ကိုပယ် ဖျက်ရမည်။

ဒုတိယဆင့် 
ဤပြင်ဆင်ချက်အဆို (ဥပဒေကြမ်း) ကို ပြည်ထောင်စုလွှတ်တော်ကလက်ခံ ဆွေးနွေးပြီးနောက်၊ ကိုယ်စားလှယ်အား လုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်  ရန်သဘောတူပါက အခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) အရအေက်ပါအတိုင်း  ဆက်လက်ဆောင်ရွက်ကြရပါမည်။

တတိယဆင့် 
ယခုပြင်ဆင်မည့်ပုဒ်မသည်အခြေခံ ဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မ ခွဲ (က) ၀င် ပုဒ်မဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော် က ပြင်ဆင်ရန်သဘောတူရုံဖြင့်မလုံလောက် ဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည် ပြုချက်ထပ်မံရယူရန်လိုအပ်သဖြင့် ဆန္ဒ ခံယူပွဲကျင်းပနိုင်ရန်လို အပ်သော အခြေခံ ဥပဒေပြင်ဆင်ရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးဥပဒေကိုပြဋ္ဌာန်းကာ၊ ဆန္ဒခံ ယူပွဲကျင်းပရေးကော် မရှင်အဆင့်ဆင့်ကို တစ်ပါတည်းဖွဲ့စည်းရမည်။

စတုတ္ထဆင့်
ဤပြင်ဆင်ရေးကိစ္စရပ်၏အရေးပါ ပုံကို ပြည်သူ့အတွင်းသို့ချပြပြီး သတ်မှတ် သည့်နေ့တွင် နိုင်ငံတစ်ဝှမ်း၌ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ပြည်သူတို့၏ သဘောတူညီချက်ကိုရယူရမည်။

ပဉ္စမဆင့်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထောက်ခံမဲ မှာ ထက်ဝက်မကျော်ပါက ဥပဒေပြင်ဆင် သည် အတည်မဖြစ်ဘဲ ထက်ဝက်ကျော် မဲရမှသာအတည်ဖြစ်မည်။

ဆဋ္ဌမဆင့်
ပြည်ထောင်စုလွှတ်တော်သည်ဆန္ဒခံ ယူပွဲ၏ရလဒ်ကိုအခြေခံ၍ အဆိုအတည် မဖြစ်ပါကအတည်မဖြစ်ကြောင်းကြေညာ ခြင်းဖြင့်လည်းကောင်း၊ အတည်ဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းခြင်းဖြင့်လည်းကောင်းလုပ်ငန်း ပြီးပြတ်သည်။

အထက်ပါအဆင့်များမှာ ယေဘုယျ  မှန်းဆပြီးရေးထားခြင်းဖြစ်သည်။ ဥပဒေ  ပြင်ဆင်ရေးတကယ်လုပ်ကြသောအခါ ပထမဆုံးအဆိုတင် ရမည့်ပြည်ထောင်စု  လွှတ်တော်ကိုယ်စားလှယ်များထဲမှ ၂၀ ရာခိုင်နှုန်းအင်အားစုရဦးမည်။

 ပြည်ထောင် စုလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စား လှယ် ၄၉၈ ဦးနှင့် တပ်မတော်သားကိုယ် စားလှယ် ၁၆၆ ပေါင်း ၆၆၄ ဦးရှိရာ ၂၀ ရာခိုင်နှုန်းဆိုပါက အနည်းဆုံး ၁၃၃ ဦး ကနဦးစုစည်းရဦးမည်။ 

လက်ရှိတွင် အင်အယ်လ်ဒီပါတီဝင်အင်အား ၁၀၀  ပင် မပြည့်သေးပေ။ အခြားပါတီဝင်များအပါ အ၀င်အင်အားဖြင့် ၁၃၃ ဦးရသည်ထား ဦး ၇၅ ရာခိုင်နှုန်းရရှိအောင်ဆက်လက် စည်းရုံးရဦးမည်။ 

ကိုယ်စားလှယ်ဦးရေ အားဖြင့် ၄၉၈ ဦးဖြစ်သည်။ ယင်းအရေ  အတွက်မှာ ရွေးချယ်တင်မြှောက်ခံကိုယ်စား  လှယ်အားလုံး၏အရေအတွက်ပင်ဖြစ်သည်။ ကနဦးအဆိုတင်သည့် ၁၃၃ ဦးကသဘော  တူခဲ့ပြီးဖြစ်သဖြင့် နောက်ထပ် ၃၆၅ ဦး ကိုစည်းရုံးရမည်။

ဤထောက်ခံချက်အင်အားကိန်း ဂဏန်းများအတိုင်းအမှန်ရနိုင်၊ မရနိုင် ကျွန်တော်ဥပဒေသမားက ကြိုတင်မခန့် မှန်းနိုင်တော့ပါ။ တပ်မတော်သားကိုယ် စားလှယ် ၁၆၆ ဦးပါဝင်သော ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ ဦး၏ အဆုံးအဖြတ် ပင်ဖြစ်တော့သည်။ 

ဤအဆင့်ကိုအောင်မြင်စွာဖြတ်သန်းပြီး မှသာ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပရန်  ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလအတွင်းတွင် ထောက်ခံဆန္ဒမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း  ဖြင့် အတည်ပြုခဲ့သော ပုဒ်မပေါင်း ၄၅၇ ခုပါဝင်သည့်လက်ရှိဖွဲ့စည်း ပုံအခြေခံဥပဒေ  စာအုပ်ထဲတွင် ပုံနှိပ်ပါရှိနေသည့်စာလုံး ရေ ၄၉ လုံးကို ၀ယ်ဖျက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင်းတွင် အခြေ အတင်ဆွေးနွေးခြင်း၊ 

မဲခွဲဆုံးဖြတ်ခြင်း အောင်မြင်ပါက ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကြီးကျင်းပရဦးမည်ဖြစ်ရာ လုပ်ငန်းမည် မျှကျယ်ပြန့်၍ အချိန်နှင့် ကုန်ကျစရိတ် များမည်မျှရှိနိုင်မည်ကိုခန့်မှန်းနိုင်ကြပါ သည်။ 

လက်ရှိလွှတ်တော်အသီးသီး၏ သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံးကို ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲမကျင်း ပမီအပြီးဆောင်ရွက်  ရန်လိုပါမည်။

ဗေဒင်အလိုအရဂြိုဟ်အနေအထား မည်သို့ရှိမည်မသိသော်လည်း အထက်ပါ  အစီအစဉ်အတိုင်းအခြေခံဥပဒေတွင်ပြင်ဆင် နိုင်ပါမှ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ရွေးချယ်ခံခွင့်လမ်းပွင့်ပါမည်။ 

သက်ထွန်းရည်
The Hot News Journal
နာမည်ကျော်မြန်မာဗေဒင်ပညာရှင် တစ်ဦးက “၂၀၁၅ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်လာ လိမ့်မည်” ဆို သော သူ၏ဟောကိန်း ကိုမပြင်နိုင်ကြောင်း ထပ်မံအတည်ပြုပြောသောအခါ ရလဒ်၊ ဟောကိန်းမှာဟောကိန်းပင်ဖြစ်သည်ဟု မိမိကိုယ်မိမိယုံကြည်စိတ် ချစွာခံယူထား သော ပညာရှင် ကိုလေးစား ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော လားရှိုးဖြစ်စဉ်အသေးစိတ်

၂၈-၅-၂၀၁၃ ရက်နေ့ ၁၆၄၅ ချိန် တရားလို ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေး၊ ၅၃နှစ်၊ လားရှိုးမြို့နေသူမှ ၄င်း၏သမီးဖြစ်သူ မအေးအေးဝင်းအား နေ၀င်း၊ ၄၈နှစ်(ဖ)ဦးတင်ရွှေ၊ ကျပန်း၊ ရှမ်း-မွတ်ဆလင်/အစ္စလာမ်၊ ကျိုင်းငင်းရပ်(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့၍ အရေးယူပေးရန်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၂၅၇/ ၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/ ၃၂၆ (လူသတ်မှုကျူးလွန်ရန်အားထုတ်မှု/ မီးရှို့/ ပြင်းထန်နာကျင်စေမှု) အမှုဖြင့် အရေးယူဆောင်ရွက် ခဲ့ပါသည်။

လားရှိုး ပဋိပက္ခ လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

Photo: လားရှိုး ပဋိပက္ခ လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

လားရှိုးမြို့က ပဋိပက္ခအတွင်း လူ ၁ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရတယ်လို့ နောက်ဆုံး ဝင်ရောက်တဲ့သတင်းတွေအရသိရပါတယ်။ အဂင်၎င်းနေ့က စတင်ခဲ့တဲ့ ပဋိပက္ခဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ အခြေအနေက အထိုက် အလျောက် တည်ငြိမ်နေပြီး စစ်တပ်နဲ့ ရဲက လုံခြုံရေး ယူထားတယ် ဆိုပေမယ့် နေ့လည်ပိုင်းမှာတော့ တိုက်ခိုက်မှု တခိျု့ ရှိခဲ့ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ဆိုင်ကယ်တွေနဲ့ လူစုဝေးတွေဟာ တုတ်ဓါး လက်နက်တွေကိုင်ဆောင်ပြီး မြို့တွင်းလှည့်လည်ကာ မွတ်ဆလင်တွေကို ရှာဖွေခဲ့ကြပါတယ်။ လူအများစုကတော့ နေအိမ်အပြင် မထွက်ရဲဘဲ ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များလားရှိုး ပဋိပက္ခဓာတ်ပုံများလားရှိုးမှာ ဘာသာရေး အကြမ်းဖက်မှု ဖြစ်ပြန်
ဗုဒ္ဓဟူးနေ့မှာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းနဲ့ ဈေးဆိုင်တဆိုင်လည်း ထပ်မီးရှို့ ဖျက်ဆီး ခံရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။ ဒါကြောင့် နှစ်ရက်အတွင်းဗလီနဲ့ အစ္စလမ် စာသင်ကျောင်း ၆လုံးနဲ့ ဈေးဆိုင် ၁၇ဖျက်ဆီးတိုက်ခိုက်ခံရတယ်လို့ ရဲမှူးကြီးကပြောပါတယ်။

ဒီပဋိပက္ခဟာ အဂင်၎င်နေ့က မွတ်ဆလင် တယောက်က အမျိုးသမီးတစ်ဦးကို ဓါတ်ဆီနဲ့ပက် မီးရှို့မှု ဖြစ်ပြီးနောက် စတင်ခဲ့တာ ဖြစ်ပါတယ်။ ညပိုင်းမှာ လူတွေက မကြေမနပ် ဖြစ်ပြီး ဗလီနဲ့ မွတ်စလင် မိဘမဲ့ ကျောင်းတစ်ခုကို မီးရှို့ခဲ့ကြပါတယ်။

အမျိုးသမီးကို မီးရှို့တဲ့သူဟာ တာချီလိတ်ကနေ လားရှိုးမှာ လာနေတဲ့ နေဝင်း(၄၈ နှစ်)ဆိုသူ ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ခံရသူ မအေးအေးဝင်းဆိုသူ အမျိုးသမီးကတော့ ဆေးကုသမှု ခံယူနေပါတယ်။

ဒီပဋိပက္ခကိုသတင်းယူနေတဲ့ ဒေသတွင်းသတင်းထောက် ၂ယောက်ကိုလည်း ဆူပူသူတွေက ရိုက်နှက်ခဲ့တယ်လို့ အလွတ် သတင်းထောက်ခွန်ဇော်ဦးက ဘီဘီစီကိုပြောပါတယ်။

BBC News
လားရှိုးမြို့က ပဋိပက္ခအတွင်း လူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ နောက်ဆုံး ဝင်ရောက်တဲ့ သတင်းတွေအရသိရပါတယ်။ အရင်၎င်းနေ့က စတင်ခဲ့တဲ့ ပဋိပက္ခဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာတော့ အခြေအနေက အထိုက်အလျောက် တည်ငြိမ်နေပြီး စစ်တပ်နဲ့ ရဲက လုံခြုံရေးယူထားတယ် ဆိုပေမယ့် နေ့လည်ပိုင်းမှာတော့ တိုက်ခိုက်မှု တခိျု့ ရှိခဲ့ပါတယ်။

လားရှိုး ယနေ့ အခြေအနေ

ဒီနေ့ ၂၉-၅-၂၀၁၃၊ မွန်းလွဲ ၁း၃ဝ နာရီမှာ အမှတ်(၇)ရပ်ကွက်မှ မူဆလင်လူဦးရေ (၄ဝ)ခန့်ဟာ ရင်ဘတ်တွေဖွင့်ပြီး ဓားနှစ်လက်စီ ယှက်တင်ကာ ကုလားလိုကြွေးကြော်ပြီး ချီတက်လာပါတယ်။