Monday, July 8, 2013

မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်သူ များအားအရေးယူရန်ဆောင်ရွက်လျက်ရှိ

မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုနှင့် တာဝန်ဝတ္တရားနှောင့်ယှက်သူ
များအားအရေးယူရန်ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၈

၇.၇.၂၀၁၃ နေ့ ၂၂၃၀ အချိန် သာကေတမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဝင်းနှင့် အဖွဲ့သည် အနော်မာ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်စိန်၊ ဆယ်အိမ်မှူးဦးသက်ထွေး တို့နှင့်အတူ မူးယစ်ပြစ်ချက်ဟောင်းရှိသူ အမှတ်(၂၉၉)၊သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ အရှေ့(၇)လမ်းနေ မြ၀င်းဇော်၊ (၃၃)နှစ်၊ (ဘ)ဦးဝင်းလှိုင်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၏နေအိမ်သို့ သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏မူးယစ်ဆေးဝါးဖမ်းဆီးဝရမ်း (၉/၂၀၁၃)ဖြင့် ဥပဒေနှင့်အညီ ၀င်ရောက်ရှာဖွေရာ မြ၀င်းဇော်နေအိမ်တွင်
ကျော်လင်း(၃၈)နှစ်၊ (ဘ)ဦးအောင်ချစ်၊ဗမာ/ဗုဒ္ဓ ၊အမှတ်(၂၁၃)၊ 
သုမနလမ်း၊ မာန်ပြေ (၃)ရပ်ကွက်နေသူကိုပါအတူတွေ့ရှိရပြီး မူးယစ်ဆေးဝါးများရှာဖွေရာ မြ၀င်းဇော်နေအိမ် အပေါ်ထပ်ရှိ အ၀တ်များထည့်ထားသည့် ပလပ်စတစ်အနီရောင်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်အနက်ဖြင့်ထုပ်လျက် ဆေးခြောက်ဟု
ယူဆရသော အရွက်ခြောက်အလေးချိန် (၆၄.၁၉) ဂရမ်
( ၃ကျပ် ၁၃ပဲ) အားရှာဖွေတွေ့ရှိခဲ့ပါသည်။
သက်သေခံပစ္စည်းများနှင့်အတူ မြ၀င်းဇော်နှင့်ကျော်လင်းတို့အား အနော်မာအုပ်ချုပ်ရေးမှူးရုံး သို့ခေါ်ဆောင်ရောက်ရှိစဉ် အဆိုပါတရားခံများအား ပြန်ထုတ်ပေးရန် လူ ၅၀ဦးခန့်မှ
အော်ဟစ် တောင်းဆိုကြိမ်းဝါးကြသဖြင့် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ အကူတပ်ဖွဲ့ခွဲမှူးနှင့်
တပ်ဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အရှေ့နှင့်အနောက်ပိုင်းခရိုင်များမှ
မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့်တပ်ဖွဲ့ဝင်များမှအနော်မာ(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ချက်ချင်းရောက်ရှိရှင်းလင်းခဲ့ရာ 
(၂၃၁၅)အချိန် လူစုကွဲသွားခဲ့ပါသည်။
မူးယစ်ဆေးဝါးဖြင့်တွေ့ရှိသောမြ၀င်းဇော်နှင့်ကျော်လင်းတို့အား သာကေတမြို့မရဲစခန်း မယ(ပ)၁၀/၁၃၊ 
မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်အရေးယူဆောင်ရွက်
ထားရှိပြီး ရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူမူးယစ်ဆေးဝါး
ဖမ်းဆီးမှုအား ဥပဒေနှင့်အညီဆောင်ရွက်သော်လည်း ၎င်းရပ်ကွက်နေလူ(၅၀)ဦးခန့်မှ မသမာသောနည်းဖြင့် တရားခံများအားရပ်ကွက်ရုံးမှပြန်ထုတ်ပေးရေး အော်ဟစ်
တောင်းဆိုခြင်း၊ ဆဲဆိုကြိမ်းဝါးခြင်း၊ တာဝန်ဝတ္တရားဆောင်ရွက်
မရအောင်တားဆီး နှောင့်ယှက်သဖြင့်အရေးယူဆောင်ရွက်
နိုင်ရန် ခေါင်းဆောင်များအားစုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၇.၇.၂၀၁၃ နေ့ ၂၂၃၀ အချိန် သာကေတမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ဝင်းနှင့် အဖွဲ့သည် အနော်မာ (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတင်စိန်၊ ဆယ်အိမ်မှူးဦးသက်ထွေး တို့နှင့်အတူ မူးယစ်ပြစ်ချက်ဟောင်း

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် သာသနာရေး လ/ထညွှန်မှူးကို ဝန်ကြီးရုံးစစ်ဆေး

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲ တိုင်ကြားခံရသည့် ဟင်္သာတခရိုင် သာသနာရေးဦးစီးရုံးမှ လက်ထောက်ညွှန်မှူးကိုနေပြည်တော်ရှိ ပြည်ထောင်စုအဆင့် သာသနာရေးဝန်ကြီးရုံးက စုံစမ်း စစ်ဆေးရေးအဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံ ရသည့် ကာယကံရှင်က ပြောကြားသည်။

မန်ယူမှာ ကစားခွင့်ရတော့မယ့် အူစိန်ဘော့

Photo: မန်ယူမှာ ကစားခွင့်ရတော့မယ့် အူစိန်ဘော့

8.7.2013

အူစိန်ဘော့အတွက် ဟိုးအရင်ကတည်းကမျှော်လင့်ထားခဲ့ရတဲ့ အိပ်မက် အကောင်အထည်ပေါ်လာခဲ့ပြီလို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့
ကမ္ဘာ့ အမြန်ဆုံး လူသားဖြစ်တဲ့ အူစိန်ဘော့ဟာ မန်ယူပရိသတ် တစ်ဦးဖြစ်ပြီး နည်းပြဟောင်း ဖာဂူဆန်နဲ့လည်း ရင်းနှီးတဲ့မိတ်ဆွေတွေ
ဖြစ်သလို သူမျှော်လင့်ထားတာကတော့ မန်ယူမှာ ကစားခွင့်ရဖို့ပဲ ဖြစ်ပါတယ်။

သူ့အတွက် အိပ်မက်တွေ အကောင်အထည်ပေါ်ဖို့ဖြစ်လာတာ ဖာဒီနန်ကြောင့် ဖြစ်ပြီး ရှေ့လမှာ ကစားမယ့် ဆီဗီလာနဲ့ မန်ယူတို့ ပွဲစဉ်ဟာ ဖာဒီနန်ကို ဂုဏ်ပြုတဲ့ပွဲ ဖြစ်သလို ဒီပွဲမှာ အူစိန်ဘော့ကို ထည့်သွင်းကစားဖို့ နည်းပြ မိုရက်စ်ထံ ဖာဒီနန်က တိုက်တွန်းထားသည်။ မန်ယူနည်းပြဟောင်း ဖာဂူဆန်မှာ ရီးရဲလ်ဂန္တ၀င်များနှင့် မန်ယူဂန္တ၀င်များ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် အူစိန်ဘော့ကို ထည့်သွင်းကစားရန် စီစဉ်ခဲ့သော်လည်း နည်းပြရာထူးမှ ၎င်းအနားယူခဲ့ခြင်းကြောင့် အစီအစဉ် မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

YoYarLay
အူစိန်ဘော့အတွက် ဟိုးအရင်ကတည်းကမျှော်လင့်ထားခဲ့ရတဲ့ အိပ်မက် အကောင်အထည်ပေါ် လာခဲ့ပြီ လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ အမြန်ဆုံး လူသားဖြစ်တဲ့ အူစိန်ဘော့ဟာ မန်ယူ ပရိသတ် တစ်ဦးဖြစ်ပြီး နည်းပြဟောင်း ဖာဂူဆန်နဲ့လည်း ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သလို သူမျှော်လင့် ထားတာကတော့ မန်ယူမှာ ကစားခွင့်ရဖို့ပဲ ဖြစ်ပါတယ်။

တောင်ငူမြို့နယ် ဆင်ရွာတွင် စစ်တောင်းမြစ်ကမ်းပါး ပြိုကျသဖြင့် လူနေအိမ်ခြေများ ရွှေ့ပြောင်းနေရပြီး ရေကာတမံနှင့် ၁၅ ပေခန့် အကွာသို့ ရောက်ရှိလာ

taunggu-july8
တောင်ငူမြို့နယ် ဆင်ကျေးရွာအုပ်စုတွင် ကမ်းပါးပြိုကျမှုအား တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အနောက်ဆင်ကျေးရွာအုပ်စု ကျေးရွာများတွင် စစ်တောင်းမြစ်

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ထုတ်လွှင့်ရန်အတွက် ဘရာဇီးရုပ်သံမှ မဟာမုနိ ဘုရားကြီးနှင့် မြနန်းစံကျော် ရွှေနန်းတော်တို့တွင် ရိုးရာခြင်းလုံး အလှခတ် ကစားခြင်းကို မှတ်တမ်းလာရောက် ရိုက်ကူးခဲ့

chinloon-july8
ဇူလိုင် ၆ ရက်က မြနန်းစံကျော် ရွှေနန်းတော်တွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ် နေသည်ကို ဘရာဇီးရုပ်သံမှ ရုပ်သံမှတ်တမ်း လာရောက်ရိုက်ကူး နေစဉ်
ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ထုတ်လွှင့်ပြ သရန်

ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေးမည်

video-july8
ဗီဒီယိုဇာတ်ကား တစ်ကား ရိုက်ကူးနေသည်ကို တွေ့မြင်ရစဉ်
ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ထည့်

ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်း ငါးနှစ်ဆက်တိုက် မြင့်တက်ခဲ့၊ ၂၀၁၃ ခုနှစ်အတွင်း တရုတ်လူမျိုး တက်ရောက်မှု သိသာစွာ လျော့ကျ

shwedagon-july8
ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားများ လာရောက်လေ့လာဖူးမြော် နေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ - တိုးအောင်)
ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် လာရောက်ဖူးမြော်မှုနှုန်းမှာ ငါးနှစ် ဆက်တိုက် မြင့်တက်

ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် အလှကုန် ပစ္စည်းများ အားလုံးမှာ သွင်းကုန်လိုင်စင် မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်းဆိုင်ရာ ထောက်ခံချက် မရှိကြောင်း သိရ

မြန်မာနိုင်ငံတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ တင်သွင်းရောင်းချလျက်ရှိသော အလှကုန် ပစ္စည်းများ အားလုံး မှာ သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ တင်သွင်းရသည့် ကုန်စည်ဖြစ်ပြီး အရည်အသွေးပိုင်း ဆိုင်ရာ ထောက်ခံချက် မရှိကြောင်း သိရသည်။

ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်ခြင်းကို အမြင့်ဆုံး ကြုံတွေ့ရသည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်မှု သက်ရောက်ခြင်းကို အမြင့်မားဆုံး ကြုံတွေ့ရ သည့် နိုင်ငံများ၌ မြန်မာနိုင်ငံ ပါဝင်နေကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်၏ အစီရင်ခံစာ တွင် ဖော်ပြ ချက်အရ သိရသည်။

Sunday, July 7, 2013

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာရ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ဗုဒ္ဓဂါယာရှိ ဘုန်းတော်ကြီး ကျောင်းဝင်း တစ်ခုအတွင်း ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် သံဃာနှစ်ပါး အပါအ၀င် ငါးဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မိမိထက် အသက် ၇၀ ငယ်သည့် မိန်းကလေး တစ်ဦးနှင့် အသက် ၉၂ နှစ်အရွယ် အမျိုးသားကြီး လက်ထပ်

အီရတ်နိုင်ငံမှ အသက် ၉၂ နှစ် အရွယ်ရှိ မူဆာလီ မိုဟာမက် အယ်လ်မူဂျာမီသည် ၎င်းထက် အသက် ၇၀ ငယ်ရွယ်သည့် အမျိုးသမီးနှင့် လက်ထပ်ခဲ့ကြောင်း သိရသည်။

အနုပညာရှင် အခိျု့ကို မူးယစ်အဖွဲ့ ကအရပ်ဝတ်အသွင် ယူ နောက်ယောင်ခံမည်

မူးယစ်တိုက် ဖျက်ရေးအထူးအဖွဲ့မှ တာဝန်ရှိ သူများ အရပ်ဝတ်အသွင် ယူပြီး ရုပ်ရှင်ရိုက်ကွင်းများတွင် အနုပညာရှင်သရုပ်ဆောင်တခိျု့ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများ ရှိမရှိကို စစ်ဆေးသွားရန် စီ စဉ်နေကြောင်း မူးယစ်အထူးတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။

မလေးရှားတွင် မြန်မာတစ်ဦးအသက်ခံရပြန်ပြီ

မလေးရှားတွင် မြန်မာတစ်ဦးအသက်ခံရပြန်ပြီ

7.7.2013

၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇)သားသမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

ရုံတာဝန်ခံ ကိုကျော်သူမှ မေမြန်းသောအခါ ဆူဗန်းဂျာရာ SS/6C လမ်းထိပ်တွင် မြန်မာတစ်ဦးဓါးဒဏ်ရာဖြင့်သေဆုံးနေကြောင်းအကြောင်းကြားပါသည်။

ထို့နောက် ရုံအတွင်ရှိ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း ဥက္ကဌ ဦးစန်းဝင်းနှင့် မြန်မာနိုင်ငံသားများအတွက် ကူညီဆောင်ရွက်ပေးနေသော (မလေးရှား) နိုင်ငံ သား Dato Dr Riches Tan နှင့် အဖွဲ့ ဝင်များသည် မလေးရှား ရဲတပ်ဖွဲ့သို့ချက်ခြင်းအကြောင်းကြားပြီး အခင်ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပါသည်။

ထိုနေရာသို့ရောက်သောအခါ ဇနီးသည် မမေသန်းနှင့် သူငယ်ချင်း မြန်မာမိသားစုများအား အလောင်းနားတွင်တွေ့ဆုံခဲ့ပါသည်။

ဇနီးသည်၏ပြောချက်အရ ကိုရဲဝင်းထွန်း အသက်(၃၃)နှစ်သည် အမှတ်(၄၀၄) သုမာလာ၊ ၉ လမ်း ( ၂ ) ရပ်ကွပ် မြောက်ဥက္ကလာ တွင်နေထိုင်သူတစ်ဦးဖြစ်ပြီး မလေးရှားတွင်နေထိုင်သည်မှာ ၁၀နှစ်ကျော်ခန့် ရှိပါသည်။

6P စီမံချက်ဖြင့်ထုတ်ပေးသော ပါတ်စ်ပို့စာအုပ်တွင် ပါမစ်ရှိပါသည်ကိုရဲဝင်းထွန်းသည်ကားပြင် ၊ ဆေးမှုတ်စက်ရုံ ဆူဗန်းမေဝ တွင်အလုပ်လုပ်ပါသည် ယမန်နေညတွင်ဇနီးသည်မှ အိမ်ပြန်မလာသဖြင့် ည ၁၁ နာရီကျော်တွင် ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ ဇနီးသည်အား ဆူဗန်းဂျာရာရှိ Summit Five Star Hotel ရှေတွင် စက်စမ်းရန်မောင်းနှင့်လာသောကားမှာ စက်ပျက်နေသဖြင့် တစ်ဦးတည်းကားပြင်နေရကြောင်း ဇနီးသည်မမေသန်းအား စိတ်မပူရန်ပြန်ပြောပါသည်။

ထို့နောက် ၆-၇-၂၀၁၃ နံနက်ကြီး ၁ နာရီခန့်တွင်ထက်မံ၍ဖုန်းဆက်သောအခါ ကိုရဲဝင်းကိုင်ဆောင်နေသောဖုန်းနှစ်လုံးမှ တစ်လုံးသာခေါ်၍ရပါသည်ကျန်တစ်လုံးမှာခေါ်၍မရပါ ခေါ်ဆို၍ရသောဖုန်မှာဖုန်းကိုင်မည့်သူမရှိပါ ထပ်မံ၍ခေါ်သောအခါဖုန်းကိုပိတ်လိုက်ပါသည်။

ထို့နောက်မိသားစုများမှ စိုးရိမ်၍ ၄င်း ကားပျက်သောနေရာသို့ ဦးလေးဖြစ်သူတစ်အိမ်တည်းနေသူများနှင့်ရှာဖွေသော်လည်းမတွေ့ရှိခဲ့ရပါ။

ယနေ့နေ့လည် ၁၂ နာရီခန့်တွင် ရေမြောင်းထဲတွင်ဓါးဒဏ်ရာ ၇ ချက်ဖြင့်သေဆုံးနေကြောင်းနှင့်၎င်စက်စမ်းယာဉ်ကားလည်းအနားတွင်ရှိနေကြောင်းကိုဇနီးသည်မှ နာရေးကူညီမှု့အသင်းမှ တာဝန်ရှိသူများအားပြောကြားပါသည်။ ထိုနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှရောက်ရှိလာသောအခါ ဇနီးသည်အားမေးမြန်းပြီ လိုအပ်သည်များကိုဆောင်ရွက်ခါ ဆူဗန်းဂျာရာ မြို့ မှ အလောင်းကို သယ်ဆောင်ပြီ PJ ယူနီဗာစတီ ဆေးရုံသို့် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်း၍ ကပုန်း(၇)ရက်သားသမီနာရေးကူညီမှု့အသင်း မှ စစ်ဆေးရန် ပို့ဆောင်ခဲ့ပါသည်။

မူရင်း မလေးရှားသတင်း

ref:Tun Wai
၆-၇-၂၀၁၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် ဆူဗန်းဂျာရာ မြို့မှ တယ်လီဖုန်းတစ်လုံးသည် ကပုန်း(၇) သား သမီးနာရေးကူညီမှု့ (မလေးရှား)ရုံခန်းသို့ဝင်ရောက်လာပါသည်။

တရားမဝင်ကုန် တွေ က တရားဝင်ထက် ပိုဝင်လာနေ

တရားမဝင်ကုန် တွေ က တရားဝင်ထက် ပိုဝင်လာနေ

မြန်မာပြည် ထဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ထဲမှာ တရားဝင်တင်သွင်း တဲ့ ကုန်စည်ထက် တရားမဝင် ဝင်လာတာ က ပိုများနေတာကြောင့် တားဆီးဖို့ စီစဉ် နေရပါတယ်။

စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့နဲ့ ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တို့ စနေနေ့ က ရန်ကုန် မှာ အဲဒီအရေး စည်းဝေးခဲ့ရပြီး ကုန်းလမ်းနဲ့ရေလမ်း ကနေ ဝင်လာတဲ့ ဒီ တရားမဝင် ကုန်သွယ်မှု တွေ ကို ဟန့်တားနိုင်အောင် မိုဘိုင်း ကင်းလှည့်အဖွဲ့ တွေ ထားရှိဖို့ တိုင်ပင် ခဲ့ကြပါတယ်။

ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးဝင်းအောင် က အခွန်ရှောင်ချင် ကြတဲ့ ကုန်သည် တချို့က တရားမဝင် လမ်းကြောင်းတွေ ကို အသုံးပြု ကုန်သွယ် နေကြတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ကုန်သွယ်မှု ချောမွေ့အောင် လုပ်ပေး တဲ့ လုပ်ငန်းစဉ် နဲ့ သက်ဆိုင်ရာ အထောက်အကူပေးမယ့် ဌာန တွေ မပြည့်စုံ တာ ကလည်း ဒီလို တရားမဝင် ကုန်သွယ်ရေး တွေ ဖြစ်နေစေ တဲ့ အကြောင်းတရပ် လို့ သုံးသပ်သူ တွေ က ပြောပါတယ်။

မြန်မာ ပြည် ကို တင်သွင်း မယ့် တရုတ် ကုန်ပစ္စည်း တင် ကားတစီး နယ်စပ်မှာ တွေ့ရစဉ်

BBC (မြန်မာပိုင်း)
မြန်မာပြည်ထဲ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေထဲမှာ တရားဝင်တင်သွင်း တဲ့ ကုန်စည်ထက် တရားမဝင် ဝင်လာတာ က ပိုများနေတာကြောင့် တားဆီးဖို့ စီစဉ် နေရပါတယ်။

ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

Photo: ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။

အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု ရှိကြောင်း နဲ့ အသေ အပျောက် ရှိတယ်လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာတော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။

ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

BBC News
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။

မုတ္တမ ကမ်းလွန် ဒေသတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက် ထပ်မံ တွေ့ရှိ

စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် ယနေ့ နံနက်ပိုင်းတွင်    ကမ်းလွန်လုပ်ကွက် အမှတ် M-3တွင် PTTEPI ရေနံ

ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများနှင့် ရာထူးတာဝန် ပြောင်းလဲသွားသူများနေရာ ပြင်ဆင်ခြင်းများဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ပြင်ဆင်ဖွဲ့စည်း

changing-july7
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် များအား မေလ က မြစ်ကြီးနားမြို့တွင် ပြုလုပ်သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ရာထူးမှ နုတ်ထွက်ခွင့် ပြုထားသူများ၊ ရာထူးနေရာ ပြောင်းလဲသွားသည့် သူများ ၏ နေရာ ကို ပြင်

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား

privacy2-july7
အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင် အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင် က ဖြစ် ပွား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရမိရေး ဘင်္ဂလားဒေ့ရှ်သို့ တိုက်တွန်း

မြန်မာနယ်စပ်ဘက်မှ ပြစ်မှုကျူးလွန်ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသည့် တရားခံများ ဖမ်းဆီးရ မိရေး ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများထံသို့ မြန်မာနယ်စပ် လုံခြုံရေးမှ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ

kayincommercial-july7
မြ၀တီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို

များပြားရှုပ်ထွေးသော ဥပဒေများဖြင့် စာနယ်ဇင်း လောကအပေါ် သွယ်ဝိုက်ထိန်းချုပ်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဆန္ဒရှိနေကြောင်း သံသယဖြစ်ဖွယ် ရှိလာဟု MJA ပြောကြား

များပြားရှုပ်ထွေးသော ဥပဒေများဖြင့် စာနယ်ဇင်း လောကအပေါ် သွယ်ဝိုက်ထိန်းချုပ်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဆန္ဒရှိနေကြောင်း သံသယဖြစ်ဖွယ် ရှိလာဟု မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် UWSA တို့ "၀" မြောက်ပိုင်းဌာနချုပ် ပန်ဆန်းတွင် ဆွေးနွေးရန် ညှိနှိုင်းနေ

wa-july7
မြစ်ကြီးနားမြို့တွင် မေလက ပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ လေ့လာ သူအဖြစ် တက်ရောက်လာသော UWSA ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးဆမ်ခွန် (ယာ)ကို တရုတ် သံတမန် တစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် "၀" ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊

Saturday, July 6, 2013

တာလောကြီး ရွာသား နှစ်ယောက် ကေ အိုင် အေ ထံမှ ထွက်ပြေး လွတ်မြောက် လာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် မိုင် ၂၀ အကွာတွင်ရှိသော တာလောကြီးရွာမှ ရွာသားနှစ်ဦး သည် ကေအိုင်အေက စစ်သားအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားရာမှ ပြန်လည် လွတ်မြောက်လာ ခဲ့သည် ဟု အဆိုပါရွာ၊ ပြည်သူ့စစ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဗန်းမော် မြစ်ကြီးနား လမ်းကြောင်းမှ ဒေါ့ဖုန်းယန်နှင့် မိုးလဲချောင်းတံတား ကြားတွင် မိုင်းရှင်းလင်းရေး ဆောင်ရွက် ……..

တပ်မတော်အနေနှင့် နယ်မြေအေးချမ်း သာယာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် ဆောင်ရွက် လျက်ရှိရာ ဗန်းမော် မြစ်ကြီးနား လမ်းကြောင်းမှ ဒေါ့ဖုန်းယန်နှင့်

ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေးရန် ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဦးသိန်းညွန့် တင်သွင်းခဲ့ရာ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် အကျေအလည် ဆွေးနွေးခဲ့ပြီး ပြန်လည်ရုပ်သိမ်း

7.5.6
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ (ဓာတ်ပုံ-ဝေယံဖြိုးဦး)
အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေးရန် 'ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်း' ကို သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်

သံတွဲ ကျူးလွန်ခံရသူ မိန်းကလေးက ကျူးလွန်သူများသည် ၄င်းအား ရေနှစ်သတ်ပစ်ရန် ကြိုးစားခဲ့သေးကြောင်း ထုတ်ဖော်

Photo: သံတွဲ ကျူးလွန်ခံရသူ မိန်းကလေးက ကျူးလွန်သူများသည် ၄င်းအား ရေနှစ်သတ်ပစ်ရန် ကြိုးစားခဲ့သေးကြောင်း ထုတ်ဖော်

စစ်တွေ ၊ ၂၀၁၃-ခုနှစ် ဇူလိုင်လ (၅) ရက်

သံတွဲမြို့တွင် ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့က ကုလားနှစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည့် မစုစုလှိုင် (၁၅-နှစ်)က ၄င်းအား ကျူးလွန်သူများက ရေနှစ်သတ်ပစ်ရန်ကြိုးစားသည်ကို အတန်တန်တောင်း ပန် သည့်အတွက် လွတ်လာခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ အရပ်ဘက် အဖွဲ့အစည်းများက မေးမြန်းမှတ်တမ်းတင်သည့် အခါ ထုတ်ဖော်ပြောဆိုခဲ့သည်။

မစုစုလှိုင်၏ ထိုထွက်ဆိုချက်အား စာဖြင့် အကျဉ်းချုပ်ရေးသားထား သည်ကို တောင်ကုတ်မြို့ လူမှုအဖွဲ့အစည်းများက Coral Arakan News အား အီးမေးလ်ဖြင့် ပေးပို့ရာ၊ Coral Arakan News က မစုစုလှိုင် နှင့် ၄င်း၏မိသားစုအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

အုပ်ထိန်းသူအပါအ၀င် မစုစုလှိုင်တို့မိသားစုအား ထိုထွက်ဆိုချက် အကျဉ်းချုပ်ကို ဖုန်းထဲမှ ဖတ်ပြပြီး၊ ဤအကြောင်းအရာများ မှန်ကန်မှုရှိမရှိ နှင့် ဤသည်ကို အွန်လိုင်းမှ publish လုပ်မည်ကို သဘောတူပါသလား ဟုမေးမြန်းရာ၊ မစုစုလှိုင် နှင့် အုပ်ထိန်းသူအပါအ၀င် ယင်း၏ မိသားစုက မှန်ကန်ကြောင်း နှင့် 

သဘောတူကြောင်း ပြန်ကြားသည့်အတွက် ထို ထွက်ဆိုချက် အကျဉ်းချုပ်ကို မူရင်းအတိုင်း ဘာမှပြင်ဆင်ခြင်းမပြုဘဲ Coral Arakan News က ဖော်ပြအပ်ပါသည်။

၂၀၁၃-ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ မွန်းလွဲ သုံးနာရီဝန်းကျင်တွင် မစုစုလှိုင်အား ၄င်းတို့ မိသားစု၏ ဂူတာရပ်ကွက်နေအိမ်တွင် ရခိုင်လူမှုကွန်ရက် (တောင်ကုတ်) နှင့် Dawn Private Library အပါအ၀င် တောင်ကုတ် အရပ်ဘက် အဖွဲ့အစည်းများက မေးမြန်း မှတ်တမ်းတင်ကာ Coral Arakan News သို့ ပေးပို့ခြင်းဖြစ်ပါသည်။

သံတွဲမြို့၊ နံတော်တောင်ဘုရားဝတ္တကမြေပေါ်တွင် မုဒိန်းမှုကျူလွန်ခံရသူ မစုစုလှိုင်အား အရပ်ဖက်လူ့အဖွဲ့အစည်းများ မှ မေးမြန်း၍ဖြစ်စဉ်အမှန် အား ပြောကြားချက်

၁။ မစုစုလှိုင်၊ ၁၅နှစ်၊ (ဘ)ဦးထွန်းကြည်၊ (မိ)ဒေါ်ထွားထွားရီ၊ ဆေးရုံကွက်သစ်(၅)လမ်း၊ ဂူတာရပ်ကွက်၊ အိမ်အမှတ်(၆၅၁)၊ တောင်ကုတ်မြို့နေသူကို မေးမြန်း၍ဖြစ်စဉ်အမှန်ကိုပြောပြသိရသည်မှာ-

၂။ လွန်ခဲ့သော ၂၉-၆-၂၀၁၃ ရက်နေ့နေ့ခင်း ၁၁နာရီကျော်ခန့်တွင် ဆပ်သွားရွာမှ (၁၁)နာရီ လိုင်းကားဖြင့်သံတွဲမြို့သို့ လိုက်လာပြီး တောင်ကုတ်မြို့သို့ သံတွဲမှတဆင့်လိုင်း ကားဖြင့်လိုက်ရန်အတွက် သံတွဲမြို့သို့ညပိုင်း (၆)နာရီကျော်ခန့် တွင် ကားဂိတ်သို့ရောက်ပါသည်။ 

ကားဂိတ်တွင် တောင်ကုတ်သို့ပြန်ရန် လိုင်းကားမရှိသဖြင့် ဂိတ်ရှေ့ရှိဖုန်းဆိုင်သို့ သွားရောက်ပြီး ဖခင်ဖြစ်သူထံမှတ်ယူလာသော ဖုန်းနံပါတ်ဖြင့် ဆက်သွယ်ခဲ့ရာ မစုစုလှိုင်မှ၎င်း၏ဖခင်အားသံတွဲတွင် တည်းခိုရန်အတွက်အသိမိတ်ဆွေ ရှိသလားဟု မေးမြန်းခဲ့ကြောင်း၊ 

ဖခင်ဖြစ်သူမှ အသိမိတ်ဆွေမရှိကြောင်း ပြန်လည်ပြောကြောင်းသိရပြီး၊ ဖုန်းအဆက်အသွယ်ပြတ်သွားကြောင်း၊ ဆပ်သွားမှ အဒေါ်ဖြစ်သူဒေါ်မပုထံမှ ပေးလိုက်သည့် ငွေတစ်သောင်းကျပ်ပါရှိလာ၍
 တောင်ကုတ်မြို့သို့ ဆိုင်ကယ်ကယ်ရီငှားပြီး ပြန်ရန်အတွက်ပြုလုပ်နေစဉ် လူငယ်နှစ်ဦးရောက်ရှိလာပြီး 

၎င်းအားဘယ်ကိုသွားမလဲဟုမေးရာမစုစုလှိုင်မှ တောင်ကုတ်သို့ပြန်မည်ဟုပြောကြောင်း၊ ထိုအချိန်တွင်ဆိုင်ကယ်ဖြင့်လာသူ နှစ်ဦးမှမစုစုလှိုင်အား ဆိုင်ကယ်ပေါ်တင်ဆောင်ပြီး ခေါ်ဆောင်လာကြောင်း၊ 

လမ်းတွင်ကော်ဖီဆိုင်တစ်ဆိုင်ရှေ့နားတွင် ခဏရပ်ပြီး ကော်ဖီသောက် မလားဟုမေးသဖြင့် ဗိုက်ဆာ၍ ကော်ဖီတစ်ခွက်သောက် ခဲ့ရာ ကော်ဖီသောက်ပြီးနောက် ဦးခေါင်းမူးနောက်လာကြောင်း၊ ၎င်းတို့နှစ်ဦးလည်း ကော်ဖီသောက်ခဲ့ကြောင်းပြောပြသိရသည်။

၃။ ကော်ဖီသောက်ပြီး ဆိုင်ကယ်ဖြင့် (၃)ဦးစီးနင်းမောင်းနှင်လာခဲ့ ရာ တောင်ကုန်းတစ်ခုနားအရောက်တွင် ဆိုင်ကိုရပ်လိုက်ပါသည်။ 

၎င်းအနီးတွင် အုတ်တိုက်အဆောက်အဦများရှိနေပြီး ဘုရားနှင့်စေတီလည်းရှိကြောင်း၊ ဆိုင်ကယ်အားရပ်တန့်ပြီး အပေါ့အပါးသွားရန်ဟုဆိုကာ မစုစုလှိုင်အား လက်ဖျားကိုဆွဲ လျက်လမ်းကြားထဲသို့ အတင်းဆွဲခေါ်ပြီး တစ်ဦးမှ လက်နှစ်ဖက် ကိုချုပ်ကာပါးစပ်ကိုပိတ်ထားကြောင်း၊ 

ကျန်တစ်ဦးက အတင်းအဓ္ဓမသားမယားအဖြစ်ပြုကျင့်ကြောင်း၊ ပါးစပ်ပိတ်ထားသူနောက်တစ်ယောက်ကလည်း သားမယား အဖြစ်ပြုကျင့်ကြောင်း၊ 

ခဏအကြာဆိုင်ကယ်ဖြင့်ပြန်လည်တင်ခေါ်လာပြီး နေအိမ်တစ်အိမ်ရှေ့နားတွင် ဆိုင်ကယ်အား ရပ်ထားခဲ့ကာ လယ်ကွင်းဗွက်တောထဲမှလမ်းလျောက်ပြီး လယ်တဲတစ်ခုသို့ခေါ်ဆောင်လာပါသည်။

 တဲသို့အရောက် ၎င်းတို့နှစ်ဦးမှ ဖြစ်ပျက်သည့်အကြောင်းကို မည်သူ့ကိုမှမပြောရန် ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပါသည်။ 

၎င်းတဲတွင်ပင် အတင်းအဓမ္မသားမယားအဖြစ် တစ်ယောက် တစ်ကြိမ်စီပြုကျင့်ပါသည်။ 

တစ်ညလုံး ကြောက်လန့်ကာအိပ်မရဘဲ ထိုင်လျက်နေခဲ့ရာ အကူအညီတောင်းခံရန်အတွက်အနီးတွင်လည်း လူရိပ်လူခြေများမတွေ့ရှိ၍ ကူညီတောင်းခံနိုင်ခြင်းမရှိခဲ့ပါ။

 နံနက်မိုးလင်းသည့်အခါ တဲအနီးရှိရေကန်ကြီးတစ်ကန် ရှိရာသို့ နှစ်ဦးအနက်မှ ပုပုလုံးလုံးနှင့်လူက ဆွဲခေါ်လာပြီးရေကန် ထဲသို့အတင်းဆွဲချကြောင်း၊ 

အရပ်မမှီလောက်သည့် နေရာထိဆွဲခေါ်ပြီး ရေထဲတွင်နှစ်ကြိမ်ရေနှစ်
သတ်ကြောင်း၊ ထပ်မံပြီးသတ်ရန်ပြုလုပ်စဉ်စုစုလှိုင်မှ ငိုယိုတောင်းပန်၍ ရေကန်ထဲမှဆွဲခေါ်ပြီး ကုန်းပေါ်သို့ ပြန်ခေါ်လာခဲ့ကြောင်း၊ 

ညပိုင်းတွင်အတင်းအဓမ္မပြုကျင့်ခဲ့သည့် လယ်တဲသို့အရောက်ရေကန်ထဲသို့ ဆင်းသူမှာအ၀တ်တစ်စုံလဲပြီး စုစုလှိုင်မှာရေစိုအ၀တ်အစားဖြင့် ရှိနေခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှ မြို့ထဲသို့သွားရန်ခေါ်ဆောင်လာစဉ်လမ်းတွင် မည်သူ့ကိုမှမပြောရန် တာဝန်ရှိသူများအားမတိုင်ရန် ပြောပြီး 

တိုင်ကြားကသတ်ပစ်မည်ဟုအကြိမ်ကြိမ်ခြိမ်းခြောက်သဖြင့် လမ်းတွင်ရှိခိုးတောင်းပန်ခဲ့ကြောင်း၊ မြို့အ၀င်နားအရောက် တွင်တစ်ဦးကျန်နေခဲ့ပြီး ရေနစ်သတ်သူမှ ဆိုင်ကယ်ဖြင့်ကားဂိတ်သို့ လိုက်ပို့ခဲ့ရာ ကားဂိတ်ကိုကျော်ပြီး တောင်ကုတ်မြို့ဖက်သို့သွားသည့် လမ်းမြို့အထွက်ခပ်လှမ်းလှမ်းအရောက်တစ်ခုခုစားပြီးမှ ပိုပေးမည်ဟု ပြောကာဆိုင်ကယ်အားဖြည်းဖြည်းချင်းလှည့်စဉ် ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကျန်ခဲ့ပါသည်။

၎။ ၄င်းမှာမစုစုလှိုင်လမ်းလျှောက်သည့် နောက်သို့ဖြည်းဖြည်းချင်းဆိုင်ကယ်ဖြင့်လိုက်လာပါသည်။ အုတ်ခုံတစ်ခုနားအရောက်တွင် ဗိုက်အောင့်သဖြင့်ထိုင်နေစဉ်အထုတ်ကိုပြန်ပေးပါသည်။ 

ဆိုင်ကယ်ဖြင့် လိုက်ပို့သူမှာ သံတွဲဖက်သို့ ပြန်မောင်းသွားပြီး မကြာခင်သားမယားအဖြစ်ပြုကျင့်ခဲ့သူ နောက်တစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့်ပြန်လာပါသည်။

 ညောင်ပင်တစ်ပင်အောက်နားအရောက်တွင်ရပ်နားနေစဉ် ဆိုင်ကယ်ပြန်လှည့်လာသူမုဒိန်းကျင့်သူနှစ်ဦးမှာ ၎င်းထားခဲ့သည့်နေ ရာတွင်မနေဘဲ လျှောက်သွားနေ၍၎င်းတို့ဆိုင်ကယ်နှင့် ပြန်လိုက်ခဲ့ရန်အတင်းခေါ်ရာစုစုလှိုင်မှ ပြန်မလိုက်လိုကြောင်း မိမိဘာသာမိမိပြန်မည်ဟုပြောစဉ် အတင်းဆွဲခေါ်သဖြင့်ရုန်းကန်ပြီး ရှောင်ထွက်စဉ်လမ်းသွားလမ်းလာသူများ ကြည့်ရှု၍ ၎င်းတို့နှစ်ဦးမှာအတင်းဆွဲမခေါ်ရဲဘဲ ဆိုင်ကယ်ဖြင့်ထွက်သွားကြကြောင်း၊ 

ထိုအချိန်လူငယ်တစ်ဦးရောက်လာပြီး ဘာဖြစ်ကြသလဲဟုမေးရာ စုစုလှိုင်မှကြောက်ရွံ့နေ၍ဘာမှ မဖြစ်ဘူးဟု ပြောခဲ့သော်လည်း ဆွဲလားရမ်းလား လုပ်နေသည်ကိုမြင်တွေ့သဖြင့် ဆိုင်ကယ်ဖြင့်ထွက်သွားသူနှစ်ဦးမှာမူဆလင် ကုလားများဖြစ်ကြောင်း၊ 

စုစုလှိုင်မှကုလားဖြစ်သည်ကိုမသိကြောင်း ပြန်ပြောခဲ့ရာနောက်ထမ်လူအုပ်စုတစ်စု ရောက်ရှိလာကြပြီး ရဲစခန်းသို့ခေါ်ယူစစ်ဆေးရန်ပြောသဖြင့် ရဲစခန်းသို့ခေါ်ဆောင်၍ လိုက်ပါလာခဲ့ကြောင်း၊ 

ရဲစခန်းသို့ရောက်ရှိသည့်အခါမှ ၎င်းအားမေးမြန်းသူမှာ ရဲတစ်ဦးဖြစ်ကြောင်း၊ သိရှိရပြီး ရဲစခန်းသို့လာရောက်စဉ် ဆိုင်ကယ်နောက်မှ ဆိုင်ကယ်များဖြင့် လူအုပ်စုများလိုက်ပါလာခဲ့ကြသည်ကိုတွေ့ခဲ့ကြောင်း၊ ပြောပြသိရသည်။

၅။ ရဲစခန်းသို့ရောက်ရှိပြီး တာဝန်ရှိသူများကစစ်ဆေးခဲ့ရာ စုစုလှိုင်အနေဖြင့်တစ်ညလုံး ကြောက်လန့်ပြီး အသက်အန္တရာယ် ကိုပြုမည်ကိုစိုးရိမ်၍ မအိပ်ပဲနေခဲ့ကြောင်း၊ နောက်နေ့တွင်လည်း တာဝန်ရှိသူများမှစိစစ်ပြီး 

လိုအပ်ချက်များကိုအသေးစိတ်စစ်ဆေးမှုခံယူနေရ၍ ကျန်းမာရေးအရ ချွတ်ယွင်းပြီးကြောက်လန့်အရှက်သိက္ခာကို ထိမ်းသိမ်းနေရခြင်းကြောင့် အမှန်အတိုင်းကိုပြောပြထွက်ဆိုနိုင်ခြင်းမရှိခဲ့သော်လည်း လူမှုအဖွဲ့အစည်းများက လိုအပ်သည်များကို 

ကူညီပံ့ပိုးပြီးစောင့်ရှောက်မှုပေးကာမိသားစုရင်းချာလို မေးမြန်းသည့်အခါ
မှအဖြစ်မှန်ကို သိရှိရပြီး စုစုလှိုင်အားစိတ်မမှန်သူဟု စွပ်စွဲပုတ်ခတ်ပြောဆိုသတင်းလွင့်ခြင်း၊ စာနယ်ဇင်းများမှရေးသားခြင်းများမှာ အမှန်တရားမဟုတ်ဘဲ ရိုးသားသည့် တိုင်းရင်းသူဆင်းရဲနွမ်းပါးသော်လည်း 

မိမိလူမျိုးသိက္ခာကိုစောင့်ထိန်းသည့် အားနွဲ့သောအမျိုးသမီးငယ်တစ်ဦးအား ရက်စက်စွာမုဒိန်းပြုကျင့်သေကြောင်းကြံသည့် ရက်စက်တတ်သည့် သိက္ခာမဲ့သူများအား ထိရောက်သည့်ပြစ်မှုပြစ်ဒဏ်ရရှိနိုင်ရေး ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးနိုင်ပါရန် အများပြည်သူသိရှိအောင် တင်ပြရခြင်းဖြစ်ပါသည်။

အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တောင်ကုတ်မြို့။

Posted From Coral Arakan News
စစ်တွေ ၊ ၂၀၁၃-ခုနှစ် ဇူလိုင်လ (၅) ရက်

သံတွဲမြို့တွင် ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့က ကုလားနှစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည့် မစုစုလှိုင် (၁၅-နှစ်)က ၄င်းအား ကျူးလွန်သူများက ရေနှစ်သတ်ပစ်ရန်ကြိုးစားသည်ကို အတန်တန်တောင်း ပန်

မန္တလေးဘူတာကြီးတွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 မန္တလေးဘူတာကြီးတွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Friday, July 5, 2013

မန္တလေးဘူတာကြီး စင်္ကြန်အမှတ်(၁)၌ တွဲဆိုင်းထိုးထားသော မန္တလေးမှ
မြစ်ကြီးနားသို့ ထွက်ခွာမည့် အမှတ်(၃၃)အဆန်ရထား၊အိပ်စင်တွဲ(၃)၊
အိပ်ခန်း(F -3) တွင်ထိုင်နေသော မယိန်းဂျိန်၊သ(၃၁)နှစ်၊(ဘ)ဦးယော်သိန်း၊
(၁၃/ကခန(နိုင်)၀၅၁၉၉၈)၊ရပ်ကွက်(၈)၊နယ်မြေ(၃)နေသူအား မီးရထား
ရဲစခန်းမှတပ်ကြပ်ကြီးရှုမောင်တင်၊ဒုတပ်ကြပ်သူရကျော်စွာ၊ဒုတပ်ကြပ်
ခင်မောင်ထွန်း၊အမျိုးသမီးရဲတပ်သားအိအိဖြူတို့မှ ဇူလိုင်လ(၃)ရက်နေ့
(၁၇း၁၅)အချိန်ခန့်တွင် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရဲစခန်းသို့ခေါ်ယူပြီး အသိသက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ၎င်းယူဆောင်လာသော
Clou Dragon တံဆိပ်ပါ နီနက်ကြားခရီးဆောင်လက်ဆွဲအိတ်အတွင်းမှ ကြွပ်ကြွပ်အိတ်အမဲရောင်ဖြင့်ထုတ်လျက် တိတ်အကြည်ပတ်ထားသော
အထုပ်နှစ်ထုပ်ထဲ တစ်ထုပ်လျင်(၁၂)ဂရမ်စီပါ ရောင်စုံဆပ်ပြာခွက်(၂၂)ခွက်
အတွင်း ထည့်ထားသော ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့်
(၂၆၄)ဂရမ်၊ကာလတန်ဖိုးငွေ(၂၁၁,၂၀၀,၀၀)ကျပ်နှင့် ၎င်းအိတ်ထဲမှပင်
မှိုင်းကိုင် စက္ကူဖြင့်ပတ်ထားသော အပြာရောင်ကပ်ခွာအိတ်(၇)အိတ်
အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၃၃၀)ပြား၊ကာလတန်ဖိုးငွေ
(၆၆၅,၀၀၀,၀)ကျပ်တို့အား ရှာဖွေတွေ့ရှိရသဖြင့် မူးယစ်ဆေးဝါး လက်ဝယ်
တွေ့ရှိ သယ်ဆောင်လာသူ မယိန်းဂျိမ် အား ရထားရဲစခန်းမှ မယ(ပ)၁၈/
၂၀၁၃၊မူး/စိတ်ပုဒ်မ-၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း
သိရှိရသည်။

Lin Yoneမန္တလေး open 
 မန္တလေးဘူတာကြီး စင်္ကြန်အမှတ်(၁)၌ တွဲဆိုင်းထိုးထားသော မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာမည့် အမှတ်(၃၃)အဆန်ရထား၊အိပ်စင်တွဲ(၃)၊အိပ်ခန်း(F -3) တွင်ထိုင်နေသော မယိန်းဂျိန် ၊သ(၃၁)နှစ် ၊(ဘ)

တာချီလိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေကြီးပြီး တံတားအနီးတွင် ကားများ ရေထဲနစ်မြုပ်

7.5.12
မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေကြီးခဲ့ပြီး ချစ်ကြည်ရေး တံတားအောက်ရှိ ကားများရေနစ်မြုပ်နေ စဉ်
ဇူလိုင်လ ၅ ရက် နံနက် ၂ နာရီခန့်မှစ၍ တာချီလိတ်မြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ နံနက် ၆

ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် ဂျာနယ်လစ်များ အားလုံးက အပြင်းအထန် ကန့်ကွက်

7.5.17
၂၀၁၃ ခုနှစ်၊ မတ် ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအပေါ် သုံးသပ်ဆွေးနွေးပွဲ ကျင်းပခဲ့စဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
ပြည့်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ဇူလိုင် ၄ ရက်တွင် အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း

တောင်ဒဂုံ ၅၆ ရပ်ကွက်တွင် သာမန်ခိုက်ရန် ဖြစ်ပွားရာမှ ပဋိပက္ခအသွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့

တောင်ဒဂုံမြို့နယ် အမှတ် ၅၆ ရပ်ကွက်အတွင်း သာမန်ခိုက်ရန် ဖြစ်ပွားရာမှ ပဋိပက္ခအသွင် လူစု လူဝေး ဖြစ်ပေါ် ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူခဲ့ရကြောင်း သိရသည်။