Wednesday, December 11, 2013

အကျဉ်းသား ၄၄ဦးယနေ့လွှတ်မည်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ဖြင့် အဖမ်းခံထားရသူအများစုပါဝင်

Photo: အကျဉ်းသား ၄၄ဦးယနေ့လွှတ်မည်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ဖြင့် အဖမ်းခံထားရသူအများစုပါဝင် 
Wednesday, December 11, 2013

 နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဒီဇင်ဘာလ ၁၁ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၁၃ခုမှ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှု (စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈)၊ အများပြည်သူအကျိုးပျက်ဆီးမှုကို ဖြစ်ပေါ်စေသောဖော်ပြချက်(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅) တို့ဖြင့် ပြစ်ဒဏ်ကျခံနေသူ အများစု အပါအ၀င် စုစုပေါင်း အကျဉ်းသား ၄၄ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု အကျဉ်းဦးစီးဌာန စာရင်းများကဆိုသည်။

အဆိုပါစာရင်းတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီ၏ စာရင်းတွင် မပါဝင်သူ ၃ဦးကိုလည်း အင်းစိန်ထောင်မှ လွှတ်ပေးမည်ဖြစ်သည်။  ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပြုမည့် စာရင်းတွင် လက်ပံတောင်း သပိတ်စခန်းဖြိုခွင်းခံရမှုအပေါ် ယမန်နှစ် ဒီဇင်ဘာလ ၁ရက် ရန်ကုန်၌ ကန့်ကွက်ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ကိုဒီငြိမ်းလင်း၊ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်၊ သိမ်ဇရပ်ရှိ အိမ်ယာမဲ့များ မြေယာရရှိရေး ဆောင်ရွက်ခဲ့သူ ဦးမြင့်စိုး တို့လည်း ပါဝင်သည်။

ဒီဇင်ဘာလ ၁၁ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ရမည့်သူများသည် အင်းစိန်ထောင်မှ ၁၄ဦး၊ ပုသိမ်ထောင်မှ ၂ဦး၊ မန္တလေးထောင်မှ ၁ဦး၊ ဘားအံထောင်မှ ၁ဦး၊ တောင်ကြီးထောင်မှ ၁ဦး၊ မြစ်ကြီးနားထောင်မှ ၁ဦး၊ တောင်ငူထောင်မှ ၁ဦး၊ ဘူးသီးတောင်/မောင်တောထောင်မှ ၁ဦး၊ သာယာဝတီ ထောင်မှ ၂ဦး၊ သထုံထောင်မှ ၁၀ဦး၊ ကော့သောင်းထောင်မှ ၄ဦးနှင့် ပဲခူးထောင်မှ ၆ဦးတို့ ဖြစ်သည်။

မဇ္ဈိမသတင်းဌာန 
နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဒီဇင်ဘာလ ၁၁ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၁၃ခုမှ ခွင့်ပြုချက် မရဘဲ စီတန်းလှည့်လည်မှု (စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈)၊ အများပြည်သူအကျိုး ပျက်ဆီး မှုကို ဖြစ်ပေါ်စေသောဖော်ပြချက်(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅) တို့ဖြင့် ပြစ်ဒဏ်ကျခံနေသူ အများစု အပါအ၀င် စုစုပေါင်းအကျဉ်းသား ၄၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု အကျဉ်းဦးစီးဌာန စာရင်းများက ဆိုသည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ပြိုင်ပွဲဝင် နိုင်ငံများ၏ အမည်ဆိုင်းဘုတ် ကိုင်သူ စာရင်းထုတ်ပြန်

Photo: (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ပြိုင်ပွဲဝင် နိုင်ငံများ၏ အမည်ဆိုင်းဘုတ် ကိုင်သူ စာရင်းထုတ်ပြန်
Wednesday, December 11, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ၁၁- ၁၂- ၂ဝ၁၃ရက် ညနေ ၅ နာရီခွဲ မှစ၍ စတင်ဖျော်ဖြေ ဖွင့်လှစ် တော့ မည်ဖြစ်ရာ အခမ်းအနားတွင် နိုင်ငံအလိုက် ကိုယ်စားပြု ဆိုင်းဘုတ်ကိုင်မည့် အမျိုးသမီး လှပျိုဖြူနှင့် စစ်ကြောင်းချီ ကျောင်းသူ ကလေးများ၏ စာရင်းကို ဖွင့်ပွဲ အခမ်းအနား ကျင်းပရေး ကော်မတီက ထုတ်ပြန်ပေးသည်။

အစီအစဉ်အရ ချီတက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးမှ မချောစုလင်း ဖြူသန့်နှင့် ကချင် ပြည်နယ် Cheers ကျောင်းသူအဖွဲ့-(ဘရူနိုင်းနိုင်ငံ)၊ ရန်ကုန်တိုင်း ဒေသကြီးမှ မယွန်းရတီမြတ် နှင့် ကယားပြည်နယ် Cheers ကျောင်းသူအဖွဲ့-(ကမ္ဘောဒီးယား နိုင်ငံ)၊ မန္တလေးတိုင်း ဒေသကြီးမှ မပိုးအိထွန်းနှင့် ကရင်ပြည်နယ် Cheers ကျောင်းသူ အဖွဲ့-(လာအို နိုင်ငံ)၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ မကြည်တြာဗိုလ်နှင့် ချင်းပြည်နယ Cheers ကျောင်းသူအဖွဲ့-(အင်ဒိုနီးရှား နိုင်ငံ)၊ ပဲခူးတိုင်း ဒေသကြီးမှ မအိစက်မွန်နှင့် မွန်ပြည်နယ် Cheers ကျောင်းသူအဖွဲ့- (မလေးရှား နိုင်ငံ)၊ တနင်္သာရီတိုင်း ဒေသကြီးမှ မဆွေဆွေ အောင်နှင့် ရခိုင်ပြည်နယ် Cheers ကျောင်းသူ အဖွဲ့-(ဖိလစ်ပိုင် နိုင်ငံ)၊ မန္တလေးတိုင်း ဒေသကြီးမှ မခင်ဦးသာနှင့် ရှမ်းပြည်နယ် Cheers ကျောင်းသူအဖွဲ့-(စင်ကာပူနိုင်ငံ)၊ ကရင်ပြည်နယ်မှ မနန်းထက်ထက် အောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့-(ထိုင်းနိုင်ငံ)၊ မွန်ပြည်နယ်မှ မမိကျော့ ကျော့ခိုင်နှင့် ရန်ကုန်တိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့-(တီမောလက်စ်တေ နိုင်ငံ)၊ ရန်ကုန်တိုင်း ဒေသကြီးမှ မမြတ်ကျော့ခိုင်နှင့် ရန်ကုန်တိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့- (ဗီယက်နမ်နိုင်ငံ)၊ ရန်ကုန်တိုင်း ဒေသကြီးမှ မအိန္ဒြာ သီရိကိုနှင့် ဧရာဝတီတိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့- (မြန်မာ နိုင်ငံ)တို့ ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ၁၁- ၁၂- ၂ဝ၁၃ရက် ညနေ ၅ နာရီခွဲမှစ၍ စတင်ဖျော်ဖြေ ဖွင့်လှစ် တော့မည်ဖြစ်ရာ အခမ်းအနားတွင် နိုင်ငံအလိုက် ကိုယ်စားပြု ဆိုင်း ဘုတ်ကိုင်မည့် အမျိုးသမီးလှပျိုဖြူနှင့် စစ်ကြောင်းချီ ကျောင်းသူကလေးများ၏ စာရင်းကို ဖွင့်ပွဲ အခမ်းအနား ကျင်းပရေး ကော်မတီက ထုတ်ပြန်ပေးသည်။

Sea Games ဖွင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်

Photo: Sea Games ဖွင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်
Wednesday, 11 December 2013

ဒီဇင်ဘာ ၁၁ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်မည့် Sea Games ပြိုင်ပွဲကြီး ၊ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၅ နာရီအတိမှာ စတင်ဖွင့်လှစ် ကျင်းပ သွားမည် ဖြစ်ပါသည်။

ပြည်တွင်းမှ အားပေး ကြည့်ရှုမည့် မိဘပြည်သူများ အတွက် မြဝတီ TV Channel များဖြစ်သော MWD Channel ၊ MWD Variety Channel ၊ MWD Documentary Channel ၊ MWD Musice Channel တို့မှ တိုက်ရိုက် Live ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး ပြည်ပမှ မိတ်ဆွေ အားလုံးအတွက်လည်း အင်တာနက်/ အွန်လိုင်းမှ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အင်တာနက်/ အွန်လိုင်းမှ ကြည့်ရှုရန်အတွက် Vlc Player ရှိရန်နှင့် အောက်ပါအတိုင်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။

Vlcplayer ကိုဖွင့်ပါ။

Media > Open Network Stream > URL တွင် http://www.myawaddy.net.mm/mwdlive ရိုက်ထည့်၍ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့(ယနေ့)တွင် ကျင်းပပြုလုပ်မည့် Sea Games ပြိုင်ပွဲကြီး၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီအတိမှာ စတင်ဖွင့်လှစ် ကျင်းပသွားမည် ဖြစ်ပါသည်။

ဆီးဂိမ်း သတင်းယူမည့် အားကစားဓာတ်ပုံ ဆရာများကို Canon က ကင်မရာများ အခမဲ့ ငှားမည်

Photo: ဆီးဂိမ်း သတင်းယူမည့် အားကစားဓာတ်ပုံ ဆရာများကို Canon က ကင်မရာများ အခမဲ့ ငှားမည်
Wednesday, 11 December 2013

နေပြည်တော် ဆီးဂိမ်း သတင်းယူမည့် ပြည်တွင်း၊ ပြည်ပ အားကစား ဓာတ်ပုံ ဆရာများကို Canon ကုမ္ပဏီမှ ကင်မရာနှင့် မှန်ဘီလူး အမျိုးမျိုးကို MPC တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ စတင်၍ အခမဲ့ ငှားရမ်း ပေးမည် ဖြစ်ကြောင်း Canon Service ဌာန တာဝန်ခံ ဦးကျော်ကိုကိုမြင့် က ပြောကြားခဲ့သည်။

''ဒီကို လာမယ့် နိုင်ငံခြားသား မီဒီယာတွေ များတယ်လေ၊ သူတို့က ပစ္စည်း အပြည့်အစုံ သယ်လာဖို့ ခက် တယ်။ ဒီမှာ Canon နဲ့ သက်ဆိုင်တဲ့ ဝန်ဆောင် မှုတွေကို မီဒီယာ အားလုံးကို အခမဲ့ လုပ်ဆောင်ပေး မယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အားကစား ဓာတ်ပုံ ဆရာများကို EOS Professional Camera မျိုးစုံနှင့် အဝေးကို ဆွဲရိုက်နိုင်သော မှန်ဘီ လူး (Tele Lens) အကျယ်ချဲ့နိုင်သော မှန်ဘီလူး (Wide Lens) များ စသည့် ပစ္စည်းများကိုလည်း Canon ကုမ္ပဏီမှ အခမဲ့ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။

ယင်းအပြင် Canon ကင်မရာ အသေးစား ပြဿနာများ ကိုလည်း (MPC) ၏ Journalist Wor- king Room တွင် ဒီဇင်ဘာ ၁ဝ ရက်နေ့မှ စတင်ကာ တစ်ရက်အတွင်း ပြင်ဆင်ပေးသွားမည် ဖြစ်ပြီး ပြင်ဆင် နေစဉ်တွင် အခြားဘော်ဒီ တစ်လုံးကို အစားထိုး ငှားရမ်းသွားမည် ဖြစ်ကြောင်း၊ ငှားရမ်းခဲ့သော Canon ပစ္စည်းတစ်ခု ပျက်စီး ဆုံးရှုံး ခဲ့လျှင် တန်ဖိုးအတိုင်း ပေးလျော်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
နေပြည်တော် ဆီးဂိမ်း သတင်းယူမည့် ပြည်တွင်း၊ ပြည်ပ အားကစား ဓာတ်ပုံ ဆရာများကို Canon ကုမ္ပဏီမှ ကင်မရာနှင့် မှန်ဘီလူး အမျိုးမျိုးကို MPC တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ စတင်၍ အခမဲ့ ငှားရမ်း ပေးမည် ဖြစ်ကြောင်း Canon Service ဌာန တာဝန်ခံ ဦးကျော်ကိုကိုမြင့် က ပြောကြားခဲ့သည်။

အမျိုးသားမီတာ ၁၀၀၀ လေးယောက်တွဲ ကယက်လှေလှော်ပြိုင်ပွဲတွင် ထိုင်းအမျိုးသား အသင်း ရွှေ တံဆိပ်ဆု ရရှိ




(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်၏ ကနူး/ ကယက် လှေပြိုင်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ ငလိုက်ဆည်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားမီတာ ၁၀၀၀ လေးယောက်တွဲ ကယက် လှေလှော်ပြိုင်ပွဲတွင် ထိုင်းအမျိုးသားအသင်းမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးဘောလုံးပွဲကျင်းပမည့် မန္တလာသီရိ အားကစားကွင်းအနီး ပေါက်ကွဲမှုဖြစ်

၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပမည့် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းအနီး ဒီဇင်ဘာ ၉ ရက်က ဓာတ်ငွေ့အိုး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ခြင်းကြောင့် Sea Games တံဆိပ် မိုးပျံပူ ဖောင်းကို ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဖြည့်ရာမှ ဓာတ်ငွေ့အိုးအောက်ခြေ ပွင့်ထွက်ကာ ပေါက် ကွဲမှု ဖြစ်ပေါ် ခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲဖြစ်

လူ့အခွင့်အရေး အပြည့်အ၀ရသည်အထိ လှုပ်ရှားဆောင်ရွက်သွားမည်ဟု ဆို

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေဆဲဖြစ်သည့်အတွက် လူ့အခွင့်အရေး အပြည့်အ ၀ရသည်အထိ လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက် သော ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် လူထုအခြေပြု အဖွဲ့ အစည်း များမှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ဒေသတွင်းပြဿနာများအပေါ် ထိပ်တိုက် ရင်ဆိုင်မည့်အစား ယုံကြည်မှုတည်ဆောက် ဖြေရှင်းကြရန် အာဆီယံဖိုရမ်တွင် ဆွေးနွေး

အာဆီယံဒေသတွင်းနိုင်ငံများ ပြဿနာတစ်ရပ်ဖြစ်ပေါ်ပါက ထိပ်တိုက်ရင်ဆိုင်မည့်အစား ယုံကြည်မှုကို အခြေခံပြီး သံတမန်နည်းလမ်းများအရ ဖြေရှင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။

စာချုပ်နဲ့ ကတိပြုရင် မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်းမယ်လို့ ပြော

စာချုပ်နဲ့ ကတိပြုရင် မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်းမယ်လို့ ပြော
Wednesday, December 11, 2013

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေက အချိန်တစ်ခုအတွင်း ဒီမြေနေရာကိစ္စကို ဖြေရှင်းပေးမယ်လို့ စာချုပ်ချုပ်ဆိုပြီး ကတိပေးမယ်ဆိုရင် မိကျောင်းကန် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြောပါတယ်။

မိကျောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ မြေနေရာအရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ဦးအောင်သိန်လင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၀င်ရောက်ဖြေရှင်းပေးနေပေမယ့် အောင်မြင်မှုမရှိသေးပါဘူး။

ဆန္ဒပြသူတွေအနေနဲ့ သူတို့ဖက်က တိကျတဲ့အဖြေတစ်ခုကိုရရှိမှသာ ဒီသပိတ်စခန်းကို ရုပ်သိမ်းမှာဖြစ်တယ်လို့ သပိတ်စခန်းဖွင့် ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးဝင်းက RFA ကိုပြောပါတယ်။

“ကြားချပေးမယ့် အဖွဲ့တွေပေါ့နော်၊ အဲအဖွဲ့တွေနဲ့လည်း ကျနော်တို့ကနေပြီးတော့ ကျနော်တို့ရဲ့ ဘယ်လိုဖြစ်နိုင်သလဲဆိုတဲ့ ကော်မတီကို ဆွေးနွေးခိုင်းတယ်၊ ဆွေးနွေးပြီးတော့ ကျနော်တို့တွေက ထုတ်ပြန်တဲ့အဖြေကို သူတို့ဆီကတောင်းပါတယ်၊ ကျနော်တို့ကလေ သူတို့ဆီက စုံစမ်းနေပါပြီ ဘယ်အထိကို စုံစမ်းပေးပါမယ်ဆိုတဲ့ အတိုင်းအတာပေါ့နော်၊ အဲလိုအတိုင်းအတာရမှ ကျနော်တို့က ရုပ်သိမ်းပေးမှာပါ”

အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပနေတဲ့ကာလ ဖြစ်တာကြောင့် မိကျောင်းကန်သပိတ်စခန်းကို ယာယီရုတ်သိမ်းပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေတ္တာရပ်ခံထားသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တပ်မြို့ စည်ပင်သာယာရေးအဖွဲ့က သပိတ်စခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ညနေ နောက်ဆုံးထား ရုတ်သိမ်းပေးဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း သပိတ်စခန်းဖွင့် ဆန္ဒပြသူတွေနဲ့ သပိတ်စခန်းအနီး မြစာရံအေးစေတီကို ခြံဝင်းခတ်ဖို့ကြိုးစားသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

RFA
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေက အချိန်တစ်ခုအတွင်း ဒီမြေနေရာကိစ္စကို ဖြေရှင်းပေးမယ်လို့ စာချုပ်ချုပ်ဆိုပြီး ကတိပေးမယ်ဆိုရင် မိကျောင်းကန် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြောပါတယ်။

မုန်တိုင်းသတင်း သတိပေးချက်

ဆိုင်ကလုန်းမုန်တိုင်း " မဒီ " ၏ လက်ရှိ အခြေအနေ မှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မုန်တိုင်း အန္တရာယ် ကြိုတင် သတိပြုရန် လိုအပ်

နေပြည်တော် ၊ ၁၁-၁၂-၂၀၁၃

ယနေ့ညနေ ၅ နာရီခွဲ အချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်း သည့် ဆိုင်ကလုန်း မုန်တိုင်း ''မဒီ'' ( Madi ) သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့မြောက် ဘက်(၃၂၅) မိုင်ခန့် ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ ၏ အနောက် - အနောက် မြောက်ဘက် (၄၈၅)မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြု နေပါသည်။

ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ

ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ
Wednesday, December 11, 2013

မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်း ၀န်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။
ယင်းကဲ့သို့ ဘုရားဖူး ဧည့်သည်များ အများအပြား လာရောက်ဖူးမြော်သည့် နေ့များတွင် ကျိုက်ထီးရိုး စေတီတော် ပရိဝုဏ်အတွင်း ရှိနေသည့် တည်းခိုခန်းများ၊ ဟိုတယ်များတွင် အခန်းလုံလောက်မှု မရှိခြင်းကြောင့် ဘုရားဖူးဧည့်သည် အများအပြားမှာ ရင်ပြင်တော်ပေါ်တွင်သာ အိပ်စက်အနားယူ နေရကြောင်း တွေ့ရှိရသည်။
အဆိုပါကဲ့သို့ ဘုရားဖူးဧည့်သည် အများအပြား လာရောက်နေသည့် နေ့များတွင် လူစုကွဲမှုနှင့် လူပျောက်မှုများ နေ့စဉ်အကြိမ်အရေအတွက် ၁၀၀ ၀န်းကျင်ခန့် ဖြစ်ပွားနေကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။

"အခု ဘုရားဖူး ကာလမှာ နေ့စဉ်ဘုရားဖူး ဧည့်သည်တွေ နည်းသွားတယ်ဆိုတာ မရှိဘူး။ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေနေ့မျိုးတွေဆိုရင် တစ်နေ့ကို ဘုရားဖူးဧည့်သည် သိန်းဂဏန်း ၀န်းကျင်လောက် လာကြတယ်။ ဒီလို ဘုရားဖူးဧည့်သည်တွေ များတဲ့အတွက် လူစုကွဲမှုတွေ၊ လူပျောက်မှုတွေ တစ်နေ့ကို အနည်းဆုံး အကြိမ်အရေအတွက် ၃၀ ကနေ ၁၀၀ အထိ ဖြစ်ပွားနေပါတယ်။ အဲဒီလို လူစုကွဲသွားတဲ့ အခါကျရင် ကျွန်တော်တို့ကို အကြောင်းကြားဖို့ လိုတယ်။ ကျွန်တော်တို့က အသံချဲ့စက်ကနေတစ်ဆင့် ကူညီပေးနေတယ်။ အားလုံးကိုလည်း ပြန်ပြီးတော့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ဒီလို ဘုရားဖူးများတဲ့ ကာလမှာလည်း လူစုမကွဲဖို့ကို သတိထားဖို့ လိုသလို မိမိရဲ့ တန်ဖိုးကြီးတဲ့ပစ္စည်း၊ ပိုက်ဆံတွေကိုလည်း သတိထားပြီး သွားလာဖို့ လိုပါတယ်" ဟု ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ရှိ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ ကိုစောထွန်းဝင်းက ပြောကြားသည်။

ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တွင် အိပ်စက်ပြီး ဘုရားဖူးခဲ့သူ ကိုမောင်ဇော်က "ကျွန်တော်တို့က ၀န်ထမ်းတွေဆိုတော့ သောကြာနေ့ညမှာ ထွက်လာခဲ့တယ်။ စနေနေ့မနက် အစောကြီးမှာ ဘုရားပေါ် ရောက်တယ်။ အခမဲ့ တည်းခိုခွင့် ရှိတဲ့နေရာတွေ၊ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ အခန်းတွေ အားလုံးပြည့်နေတယ်။ ထမင်းဆိုင်တွေမှာလည်း တည်းခိုဖို့က အရမ်းဈေးကြီးနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မိသားစုက ရင်ပြင်တော်မှာပဲ အိပ်စက်အနားယူပြီးတော့ ဘုရားဖူးခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကျိုက်ထီးရိုး စေတီတော်မှတစ်ဆင့် ကျီးကန်းပါးစပ်ဂူတစ်ဝိုက်၊ မုဆိုးတောင်ဝန်းကျင်၊ ရသေ့တောင်တစ်ဝိုက် ကျောက်ထပ်ကြီးဝန်းကျင်၊ ရေတံခွန် စသည့်နေရာများအား သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းက ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေမှု (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Eleven Media Group
မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်း ၀န်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ပြောကြား

လက်ရှိအသုံးပြုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်ကိုက လူ့အခွင့်အရေး ချိုးဖောက်မှု များ ရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) အမှုဆောင် ဒါရိုက်တာ ဦးမြင့်အေး က ပြောကြားသည်။

မြန်မာနိုင်ငံ ကျန်းမာရေးစနစ် တိုးတက်ဖို့ ဒေါ်စု ထောက်ပြ

Photo: မြန်မာနိုင်ငံ ကျန်းမာရေးစနစ် တိုးတက်ဖို့ ဒေါ်စု ထောက်ပြ 
Wednesday, December 11, 2013

 မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အကြောင်း ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျန်းမာရေး ညီလာခံအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက် အဓိကကျတဲ့ ကိစ္စတခုအဖြစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကဏ္ဍမှာ တိုးတက်ဖို့ အထူးသဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုတွေ ရရှိဖို့ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့တာပါ။

ဒိုဟာညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တာတွေကိုတော့ မအင်းကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ အင်္ဂါနေ့က စတင်ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဆိုသွားပါတယ်။ ကျန်းမာရေးမှာ စိတ်ဓာတ်ရေးရာအပိုင်းကို အာရုံစိုက်ဖို့ လိုအပ်တဲ့အကြောင်း သူက အဓိက ပြောသွားတာပါ။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်တဲ့စနစ်မှာ စံနှုန်းတန်ဖိုးတွေက ပိုပြီး အရေးကြီးတာကြောင့် မြန်မာနိုင်ငံမှာလည်း ဒီအတိုင်း ပုံဖော် ဆောင်ရွက်ချင်ကြောင်း သူက အခုလို ပြောပါတယ်။

“ကျန်းမာရေးစနစ်အတွက် အလွန်အမင်း ချမ်းသာကြွယ်ဝမှုအပေါ် အခြေမခံဘဲ စံတန်ဘိုးတွေအပေါ်မှာ မူတည်ပြီး ကျမအနေနဲ့ ပုံသွင်းချင်ပါတယ်။ ဒီစံတန်ဘိုးတွေကိုလည်း အမြင့်ဆုံး ဖြစ်စေချင်ပါတယ်။ Lord Darzi ပြောသွားသလိုပါပဲ တီထွင်ဆန်းသစ်မှုတွေ ဆိုတာက ပိုကောင်းတဲ့ စံတန်ဘိုး အသစ်တွေပါ။ ဒီအတိုင်းပဲ ကျမအနေနဲ့လည်း မြင်တွေ့ချင်ပါတယ်။”

ကာတာနိုင်ငံလို ကြွယ်ဝတဲ့ တိုင်းပြည်က ကျန်းမာရေးစနစ်နဲ့ နှိုင်းယှဉ်ပြီး
ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံလို အရင်းအမြစ် ကြွယ်ဝတဲ့နိုင်ငံမှာ ချမ်းသာမှုတွေအပေါ် အခြေခံပြီး ဆောင်ရွက်တာမျိုးထက် လိုအပ်ချက်တွေကို ဦးစားပေး ဆောင်ရွက်တာတွေကို ဦးတည်တာမျိုး ဖြစ်စေချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ၂ ခုလုံးဟာ အရေးပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့တာပါ။

“နောက်ဆုံးမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ရှောက်တာပါ။ ဒီနေ့မနက်ပိုင်းမှာ ဆွေးနွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စမှာဆိုရင် စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုလုံးကို တခုချင်းစီ ခွဲပြီးမကြည့်ဘဲ နှစ်ခုစလုံး တပြိုင်တည်း ကြည့်ဖို့အတွက် ဆွေးနွေးခဲ့တာပါ။”

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးဖို့ ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစပြီး ကျမတို့ ကြိုးစားပြီး တတ်နိုင်သလောက် ကူညီစောင့်ရှောက်တာကို ကျမ သတိရမိတယ်။ ဆေးဝါးကုသဖို့ ထောက်ပံ့တာ၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျမတို့ နှစ်မျိုးလုံး အကူအညီတွေ ပေးခဲ့ပါတယ်။ အဲဒီမှာ ကျမတို့ အခက်အခဲ တွေ့တာက ကျန်းမာရေးဆိုင်ရာ အကူအညီပေးတာကို သူတို့ လက်ခံဖို့ဆိုတဲ့ အချက်ပါ။ ဒါကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးနဲ့မဆို ချိတ်ဆက်နေတဲ့ လူမှုရေးအမည်းစက်တခုလို သဘောထားတာကြောင့် အဲဒါကို လက်မခံဘဲ ငြင်းဆန်တဲ့ အနေအထားမျိုး သူတို့ကို ရောက်နေစေပါတယ်။”

ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ World Innovation Summit for Health ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံကို နိုင်ငံတကာက အစိုးရခေါင်းဆောင်တွေ၊ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်နေကြပါတယ်။ ဒီညီလာခံကို Qatar Foundation ရဲ့ဥက္ကဌ ကာတာ စော်ဘွားကတော် Sheikha Moza bint Nasser က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

ဒီကမ္ဘာ့ကျန်းမာရေး ထိပ်သီးညီလာခံကို ၂၀၁၂ ခုနှစ် သြဂုတ်လမှာ Imperial College နဲ့ Qatar Foundation တို့ကနေ ပူးပေါင်းပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စတင် ကျင်းပခဲ့တာပါ။ မကူးစက်နိုင်တဲ့ရောဂါနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် စတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမြှင့်တင်နိုင်ဖို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နယ်ပယ်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေက တက်ရောက် ဆွေးနွေးခဲ့ကြပါ တယ်။

အင်ကြင်းနိုင် (ဗွီအိုအေ)
မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ အကြောင်း ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျန်းမာရေး ညီလာခံအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မန်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

Photo: မန်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ 
Wednesday, December 11, 2013

အသားရောင်ခွဲခြားမှု ဆန့်ကျင်လှုပ်ရှားရာမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာတ၀ှမ်းက ခေါင်းဆောင်တွေ ဒီကနေ့ပဲ တက်ရောက် စကားပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက်ခဲ့သူ တဦးအဖြစ်နဲ့လည်း မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်အာဖရိက
ခေါင်းဆောင်ဟောင်းအပေါ် အောက်မေ့ သတိရနေကြတာပါ။ Nelson Mandela အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေတဲ့ အခြေအနေတွေကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ကို နောက်ဆုံးအကြိမ်အဖြစ် ဂုဏ်ပြုဖို့ ချမ်းအေးလွန်းလှတဲ့ ရာသီဥတုအောက်မှာ ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပခဲ့တဲ့ Johannesburg မြို့က အားကစားရုံတ၀ိုက်မှာ မနက်လင်းအားကြီး အချိန်လောက်ကတည်းက တန်းစီစောင့်ဆိုင်းခဲ့ကြသလို၊ အခမ်းအနားမှာတော့ အောက်မေ့ဖွယ် တေးသီချင်းတွေသီဆို၊ ဂုဏ်ပြုစကားတွေနဲ့ ကျင်းပနေကြတာပါ။

Johannesburg မြို့က အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်ပေါင်း ၈၀ ကျော်ထဲက အမေရိကန်သမ္မတ Barack Obama ကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်းရဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေကို ချီးကျူးစကား ပြောဆိုသွားပါတယ်။

“ပြန်လည်သင့်မြတ်ရေးဆိုတာဟာ ကြမ်းကြုတ်လှတဲ့ အတိတ်ကို လျစ်လျူရှုဖို့ မဟုတ်ဘဲ အားလုံးပါဝင်နိုင်ဖို့၊ ရက်ရောဖို့နဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ ဖြစ်တယ်ဆိုတာ ကျနော်တို့ကို ပြသသင်ကြားပေးခဲ့တဲ့သူပါ။ ဥပဒေတွေကို ပြင်ဆင်ရုံတင်မကဘဲ သူဟာ နှလုံးသားတွေကိုပါ ပြောင်းလဲအောင် လုပ်ခဲ့သူပါ။ သူကွယ်လွန်ခဲ့တာဟာ တောင်အာဖရိက နိုင်ငံသားတွေသာမက ကမ္ဘာတ၀ှမ်းက သူ့ကို လေးစားအားကျခဲ့သူတွေအတွက်ပါ ၀မ်းနည်းရမယ့် အခါသမယ ဖြစ်သလို၊ သူရဲကောင်းဆန်တဲ့ သူ့ဘ၀အတွက် အောင်ပွဲခံရမယ့် အချိန်လည်း ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုက သမ္မတ အိုဘားမား သာမက၊ သမ္မတဟောင်း George W. Bush၊ သမ္မတဟောင်း Bill Clinton နဲ့ Jimmer Carter လည်း အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာခဲ့ကြသလို၊ ဗြိတိန်ဝန်ကြီးချုပ် David Cameron၊ ပြင်သစ်သမ္မတ Francois Hollande၊ ဘရားဇီးသမ္မတ Dilma Roussef၊ ကျူးဘားသမ္မတ Raul Castro တို့လို နိုင်ငံရေး အယူအဆ မတူကွဲပြားသူပေါင်းစုံ တက်ရောက်ပြီး အမှတ်တရမိန့်ခွန်းတွေ ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်း ကွယ်လွန်သွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

“တောင်အာဖရိကအနေနဲ့ သူရဲကောင်းတစ်ယောက် ဆုံးရှုံးခဲ့သလို၊ ဖခင်တစ်ယောက် ဆုံးရှုံးရတာလည်း ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက် ဆရာကောင်းတစ်ယောက် ဆုံးရှုံးရတာပါ။ Nelson Mandela ဟာ ကျနော်တို့ခေတ်အတွက် အကြီးမားဆုံးခေါင်းဆောင်တစ်ဦး ဖြစ်ရုံသာမက အကြီးမားဆုံး ဆရာတဆူလည်း ဖြစ်ပါတယ်။”

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ဟာ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်လှုပ်ရှားရင်း ထောင်ဒဏ် ၂၇ နှစ် အကျဉ်းကျခံခဲ့ရသလို၊ နောက်ပိုင်း ထောင်ကလွတ်မြောက်လာချိန်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတတဦးလည်း ဖြစ်လာခဲ့တာပါ။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက် ဆောင်ရွက်ခဲ့သူတဦးအဖြစ်နဲ့လည်း တောင်အာဖရိကရောက် ဒေါက်တာသိန်းဝင်းတို့လို မြန်မာ့အရေး လှုပ်ရှားသူတွေက အမှတ်ရနေကြတာပါ။

“တောင်အာဖရိကမှာလို မန်ဒဲလား နဲ့ ဒီကလပ် တို့ လုပ်ခဲ့သလို ဖြစ်လာဖို့အတွက် အဲ့ဒီအချိန်မှာ သမ္မတ မန်ဒဲလားက Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောသွားတယ်ပေါ့ မြန်မာပြည်နဲ့ပတ်သက်လို့။ အခုအချိန်မှာတော့ လက်ရှိ မြန်မာအစိုးရဟာ Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်လုပ်ဖို့ အချိန်တန်ပြီဆိုတာကို စိတ်ထဲမှာ ခံစားမိတယ်ပေါ့နော်။”

ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်းရဲ့ ဈာပနအခမ်းအနားကိုတော့ သူငယ်စဉ်ဘ၀က နေထိုင်ခဲ့ရာ Qunu ကျေးရွာမှာ ၁၅ ရက်နေ့ကျရင် မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

မဆုမွန် (ဗွီအိုအေ)
အသားရောင်ခွဲခြားမှု ဆန့်ကျင်လှုပ်ရှားရာမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ေ ဟာင်း Nelson Mandela အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာတ၀ှမ်းက ခေါင်းဆောင်တွေ ဒီကနေ့ပဲ တက်ရောက် စကားပြောကြပါတယ်။

Tuesday, December 10, 2013

ဆိးဂိမ်းပြီးပါက မြန်မာရေကူးနည်းပြ နှုတ်ထွက်မည်


မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်နှင့် လက်ရှိ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် မြန် မာနိုင်ငံလက်ရွှေးစဉ်ရေကူး အသင်းတွင် နည်းပြချုပ် တာဝန်ထမ်းဆောင်လျက်ရှိသော ဂျပ န်နို င်ငံ သား ခါ့ဇူရှီနာကာယာမသည် ယခုဆီးဂိမ်းကာလပြီးပါက ဂျပန်နိုင်ငံသို့ပြန်တော့ မည်ဖြစ်ေ ကြာင်း မြန် မာနိုင် ငံရေကူး အဖွဲ့ချုပ်မှ သိရသည်။

ကာယဗလ အားကစားနည်းမှ ရွှေတံဆိပ် ဆွတ်ခူးလျှင် သိန်းတစ်ရာနှင့် ကားတစ်စီး ချီးမြှင့်မည်

ကာယဗလ အားကစားနည်းမှ ရွှေတံဆိပ် ဆွတ်ခူးလျှင် သိန်းတစ်ရာနှင့် ကားတစ်စီး ချီးမြှင့်မည်
Tuesday, December 10, 2013

ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပမည့် ကာယဗလ ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ရွှေတံဆိပ် ဆွတ်ခူးပါက စည်ပင် သာယာရေး ဝန်ကြီးဌာနမှ ရွှေတံဆိပ် တစ်ခု အတွက် ကျပ်သိန်း တစ်ရာနှင့် pro box အမျိုးအစား
ကားတစ်စီးချီး မြှင့်မည်ဟု စည်ပင်သာယာရေး ဝန်ကြီးက ပြောကြားထားကြောင်း ကစားသမား ဖြစ်သူ ထွန်းမင်းက ပြောသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ က ၅၅၊ ၆ဝ၊ ၇ဝ၊ ၈ဝ နှင့် ၉ဝ ကီလိုတန်းများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ ကာယဗလ အဖွဲ့အနေဖြင့် ရွှေတံဆိပ်နှစ်ခု ရရန် မျှော်မှန်းထားပြီး ၅၅ကီလိုတန်းမှ ထွန်းမင်း၊ ၆ဝ ကီလိုတန်းမှ အောင်ခိုင်ဝင်းတို့ အပေါ် မျှော်မှန်း ထားကြ သည်။ ကာယဗလ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ရက်၊ ၁၅ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်သည်။

တားမြစ်ဆေးဝါးနှင့် ပတ်သက်၍လည်း မြန်မာ ကစားသမားများ အနေဖြင့် တားမြစ်ဆေးဝါး ကိစ္စ ကင်းရှင်းကြောင်း နည်းပြ ဦးအောင်နိုင်က ဆိုသည်။ မြန်မာ အလေးမ အဖွဲ့အနေဖြင့် ၇ဝ ကီလိုတန်းတွင် စိုးမိုး၊ ၈ဝ ကီလိုတန်းတွင် မင်းဇော်ဦးနှင့် ၉ဝ ကီလိုတန်းတွင် အောင်ဆွေနိုင်တို့လည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ ကာယဗလ သမားများ အနေဖြင့် လေ့ကျင့်ရည် ပြည့်ဝနေပြီး ပြိုင်ပွဲဝင်ရန် အသင့်ရှိနေ ရာ ရွှေတံဆိပ် ဆုများ ရယူကာ မြန်မာ့ဂုဏ်ဆောင်မည့် ကာယဗလ ပွဲစဉ်များကို ပြည်သူများ တစ်ခဲနက် အားပေးကြပါရန်လည်း နည်းပြ ဦးအောင်နိုင်က ဖိတ်ခေါ်လိုက်သည်။ 

အေးမင်း၊ အောင်သူ
မြ၀တီ
ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပမည့် ကာယဗလ ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ရွှေတံဆိပ် ဆွတ်ခူးပါက စည်ပင် သာယာရေး ဝန်ကြီးဌာနမှ ရွှေတံဆိပ် တစ်ခု အတွက် ကျပ်သိန်း တစ်ရာနှင့် pro box အမျိုးအစား ကားတစ်စီးချီး မြှင့်မည်ဟု စည်ပင်သာယာရေး ဝန်ကြီးက ပြောကြားထားကြောင်း ကစား သမား ဖြစ်သူ ထွန်းမင်းက ပြောသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ က ၅၅၊ ၆ဝ၊ ၇ဝ၊ ၈ဝ နှင့် ၉ဝ ကီလိုတန်းများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

တောင်ကြီးမြို့ နေအိမ်အတွင်း ဗုံးပေါက်ကွဲမှု မိသားစုဝင်များကို စစ်ဆေး

တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်း၊ အုတ်ဖိုလမ်းဆုံရှိ နေအိမ် တစ်လုံးတွင် ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီခွဲခန့်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာမှ အမျိုးသားတစ်ဦး ဒဏ်ရာများ ရရှိမှုနှင့် ပတ်သက်၍ အဆိုပါအိမ်တွင် နေထိုင်သူ မိသားစုဝင်များကို ရဲစခန်းတွင် ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း တောင်ကြီး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကယ်ဒမီ ဗန်းကိုင် လူတွေ့စစ်ဆေးမည်

(2012)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွက် ဆုဗန်းကိုင်ဆောင်ရမည့်စာရင်းတွင်လူတွေ့ (ပထမ)အကြိမ် စစ်ဆေးမည့်(54)ဦးစာရင်း
======================================
1။ မေမြတ်မိုးကျော်(ခ)မေဇင်စိုးထွဋ်
2။ မြတ်အင်ကြင်း
3။ လမင်းအိနြေ္ဒ(ခ)ရွှေယမင်းအေး
4။ စမ်းရည်နန္ဒာ
5။ ခင်ရတနာမိုး
6။ ခင်မိုးမခ(ခ)ဝေမိုးစံ

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းနှင့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများအား ကျပ်သိန်း ၁၀၀ ခန့်ဖြင့် အရစ်ကျ ရောင်းချသွားမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရွှေလင်ပန်းနှင့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်းများအား ကျပ်သိန်း ၁၀၀ ခန့်ဖြင့် အရစ်ကျ ငွေပေးချေသော စနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။

ခုတ်မောင်းလာသော မီးရထားကို ခရီးသည်တင် ဘတ်စ်ကား ဝင်တိုက်

မန္တလေး ၊ ဒီဇင်ဘာ ၉ ။ ။ မီးရထား နှင့် ကားလမ်းဆုံရာတွင် ရထားလာချိန်၌ ကားလမ်းမောင်း တံ ပိတ်ထားခြင်း မရှိသဖြင့် မောင်း လာသည့်ရထားကို ခရီးသည် တင်ယာဉ်မှ ဝင်ရောက်တိုက်မိ သည့်ဖြစ်ရပ်တစ်ခုဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီခန့်က အမရ ပူရမြို့နယ် ရွှေဂဲလမ်းတွင်ဖြစ် ပွားကြောင်း သိရသည်။ မန္တလေးမြို့ ကားရပ်နား ကွင်းမှ နံနက်၅နာရီတွင် ရွှေဘို မြို့သို့ ခရီးသည်တင်ထွက်ခွာလာ သည့် ရန်နိုင်မန်းမော်တော်ယာဉ် အသင်းမှ ယာဉ်မောင်း ကိုဌေးဝင်း မောင်းနှင် လာသည့် ယာဉ်အမှတ် ၆/က ----လူ စီးသီးသန့်ယာဉ် မှာ မြို့ပတ်ကမ်းနားလမ်း ယာဉ် လမ်းကြောင်းအတိုင်း မောင်းနှင် လာရာ အမရပူရမြို့အဝင် ရွှေဂဲ ဖြတ်လမ်းအရောက်မှာ မြစ်ကြီး နား-မန္တလေးလူစီးအစုန်ရထား (၅၆)ကို ဝင်ရောက် တိုက်မိခြင်း ဖြစ်သည်။ 

ဆီးဂိမ်းကာလ မန်းတွင်မီးမပြတ်ဟု တိုင်းလျှပ်စစ်ဖြန့်ဖြူးရေး ကတိပေး

မန္တလေးမြို့တွင် ဆီးဂိမ်းကာလအတွင်း လျှပ်စစ်မီးမပြတ်စေရန် ပင်မဓာတ်အားပေးစက်ရုံ သုံးခုနှင့် ချိတ် ဆက်ထားခြင်းကြောင့် မီးပျက်မည်ကို စိတ်ပူပန်ရန်မလိုတော့ဟု မန္တလေးတိုင်း မြန်မာ့လျှပ်စစ် ဖြန့်ဖြူးရေး လုပ်ငန်းမှ တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။
ပင်မဓာတ်အားပေးစက်ရုံများဖြစ်သည့် တံခွန်တိုင်ပင်မခွဲရုံ (သာစည်)၊ အောင်ပင်လယ်ခွဲရုံ (ကင်းတား)၊ ရွှေစာရံခွဲရုံ (ရွှေလီ)တို့မှ ဓာတ်အားလိုင်းသုံးခုကို မန္တလေးမြို့အတွက် ချိတ်ဆက်ထားပြီး လက်ရှိ လျှပ်စစ် မီးဖြန့်ဖြူးပေးနေသည့် ဓာတ်အားလိုင်းမှာ တံခွန်တိုင် ပင်မခွဲရုံ ဖြစ်သည်။

ရခိုင်ပဋိပက္ခ ပါဝင်သူတွေ နှစ်ရှည်ထောင်ချ

၂ဝ၁၂ ခုနှစ် အောက်တိုဘာလက ဒုတိယ အကြိမ် ရခိုင် ပဋိပက္ခအတွင်း မြောက်ဦးမြို့နယ် ယိုင်သည် မွတ်ဆလင်ရွာကို တိုက်ခိုက်ရာမှာ ပါဝင်သူ ၃ ဦးကို စစ်တွေ ခရိုင် တရားရုံးက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် လိုက်ပါ တယ်။
ယိုင်သည် ရွာ တိုက်ခိုက်မှုနဲ့ ဖမ်းဆီး စွဲဆို ခံခဲ့ရတဲ့ ရခိုင် အမျိုးသား ၈ ဦးရဲ့ အမှုမှာ ၅ ဦး ကို တရားသေ လွှတ်ပေးပြီး ကျန်တဲ့ သုံးဦး ကိုတော့ ထောင်ဒဏ်တွေ အသီးသီး ချမှတ် လိုက်ပါတယ်။

နည်းပညာလောကထဲက မပြီးနိုင်တဲ့ အမှု

နည်းပညာလောကထဲက မပြီးနိုင်တဲ့ အမှု
Tuesday, December 10, 2013

အမေရိကန် အခြေစိုက် ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီး Apple အနေနဲ့ တောင်ကိုရီးယား Samsung ဆီမှ ‘တရားစရိတ်’ အဖြစ် ဒေါ်လာ ၂၂ သန်း လိုချင်ကြောင်း သိရပါတယ်။ အားလုံး သိကြတဲ့အတိုင်း စမတ်ဖုန်းလောကမှာသာမက အခြားနည်းပညာကဏ္ဍတွေမှာပါ Samsung နဲ့ Apple တို့ဟာ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်မျိုးနဲ့ အဓိကပြိုင်ဘက်ကြီးတွေပါ။

Samsung မှ Galaxy Series စမတ်ဖုန်းတွေကို ဆက်တိုက် ထုတ်လုပ်ခဲ့ပြီး Apple ရဲ့ iPhone တွေနဲ့ ယှဉ်ပြိုင်လာခဲ့ပါတယ်။ ယှဉ်ပြိုင်ရုံသာမက Samsung ဟာ Apple ရဲ့ နည်းပညာတွေကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြိမ်ကြိမ် လူသိရှင်ကြား ဖြစ်ခဲ့ပါသေးတယ်။

အဲဒီတော့ နှစ်ဖက်စလုံး ရှေ့နေတွေငှား၊ တရားရုံးတွေသွားရတဲ့ တရားစရိတ်အဖြစ် Apple က Samsung ကို ယခုလို တောင်းလိုက်တာပါ။

တကယ်တမ်းက ဒေါ်လာသန်း ၆၀ လောက် လိုချင်တာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ၂၂သန်းပဲ အရင်ပေးပါဦး ပေါ့။ ဒီလို တရားစရိတ် တောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကုမ္ပဏီ ၂ခုဟာ လာမယ့်ဇန်န၀ါရီ ၃၀ ရက်နေ့မှာ တွေ့ဖို့ချိန်းထားပါတယ်။

နည်းပညာမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဒီပြဿနာ ဒီမှာတင်ရပ်လား ဆိုတော့ မဟုတ်ပါဘူး။ တစ်ခါဖြစ်လိုက်၊ ထပ်ဖြစ်လိုက်၊ ငြင်းခုန်လိုက်ကြ၊ ပြောဆိုလိုက်ကြနဲ့ ဘယ်တော့မှလည်း အဆုံးသတ်မယ် မထင်ပါဘူးဗျာ။

အရင်တစ်ခေါက်တုန်းက Samsung ဟာ Apple ရဲ့ နည်းပညာတွေ ကို ထပ်မံခိုးယူတယ်လို့ အခိုင်အမာ စွပ်စွဲခံခဲ့ရတာကို မှတ်မိကြဦး မှာပါ။ အဲဒီတုန်းက တရားရုံးက လျော်ကြေးအဖြစ် Samsung ကို အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလျံ ပေးဆောင်စေခဲ့ပေမယ့် Samsung က အယူခံဝင်လိုက်တော့ ဒေါ်လာ သန်း ၄၅၀ သာ ဖြစ်သွားပါတယ်။

ပြီးခဲ့တဲ့လ ကလည်း အမှုထပ်ဖြစ်သေးကာ ဒေါ်လာ သန်း ၂၉၀ ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါသေးတယ်။ ဆိုတော့ကာ Samsung အနေနဲ့ Apple ကို ပေးဆောင်စရာ လျော်ကြေး ဒေါ်လာ သန်း ၇၄၀ ခန့် ရှိနေပြီဖြစ်တဲ့အတွက် လျော်ကြေးပေးရ မယ့် ငွေတွေ တော်တော်များနေပါပြီ။

အခုတစ်ခါ Apple က Samsung ကို တရားစရိတ် တောင်းတယ်ဆိုတာကလည်း ဒါပြီးရင် ဒီပြဿနာငြိမ်းသွားမယ် မထင်ပါဘူး။ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်နေဦးမယ် ထင်ပါရဲ့။ Samsung ရဲ့ နောင်လာမယ့် မော်ဒယ်အသစ် စမတ်ဖုန်းတွေမှာလည်း Apple ရဲ့ မူပိုင်ခွင့်အချို့ကို ယူသုံးထားပြီးသား ဖြစ်နေပါတယ်။

ဒီနည်းပညာကုမ္ပဏီကြီး နှစ်ခုရဲ့ ပြဿနာကို အစတည်းကနေ ယခုအထိ ကိုင်တွယ်နေတဲ့ တရားသူကြီးကတော့ အမျိုးသမီး တရားသူကြီး ‘Lucy Koh’ ဖြစ်ပါတယ်။

Myanmar Consumer Guide

အမေရိကန် အခြေစိုက် ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီး Apple အနေနဲ့ တောင်ကိုရီးယား Samsung ဆီမှ ‘တရားစရိတ်’ အဖြစ် ဒေါ်လာ ၂၂ သန်း လိုချင်ကြောင်း သိရပါတယ်။ အားလုံး သိကြတဲ့အတိုင်း စမတ်ဖုန်းလောကမှာ သာမက အခြားနည်းပညာကဏ္ဍတွေမှာပါ Samsung နဲ့ Apple တို့ဟာ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်မျိုးနဲ့ အဓိကပြိုင်ဘက်ကြီးတွေပါ။

ထိုင်းနိုင်ငံရေးပဋိပက္ခ မြန်မာ သင်ခန်းစာယူရန် ဒေါ်စုအပါအ၀င် နိုင်ငံရေးလေ့လာသူများ တိုက်တွန်း

ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ သည် သင်ခန်းစာရယူကာ နိုင်ငံတွင်း ညှိနှိုင်းတိုင်ပင်မှုများဖြင့် အကောင်းဆုံးလမ်းကိုသာ ရွေးချယ်သင့် သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးလေ့လာသူများက သုံး သပ် ပြောကြားလိုက်သည်။

သိမ်ဖြူအားကစားကွင်း ပြန်ရရေး ဆန္ဒပြသူများ အစိုးရနှင့် တိုင်းလွှတ်တော်အထိ တောင်းဆိုထား

ပြည်သူပိုင်အားကစားကွင်းများ ပြန်လည်ပေးအပ်ရန် လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းထားပြီး အဖြေပြန်လည်ရရှိရန် စောင့်ဆိုင်းနေသည်ဟု ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်တိုင်း၊ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။
“ဒီမေးခွန်းကို အစိုးရက ဘယ်လိုဖြေမလဲဆိုတာ ပြည်သူတွေရဲ့အသံကို အစိုးရက နားထောင်၊ နားမထောင်ပေါ်မှာ မူတည်ပါတယ်”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ခိုလုံခွင့်တောင်းခံသူ ၃ဦး လှေမှောက်သေဆုံး

ခိုလုံခွင့်တောင်းခံသူ ၃ဦး လှေမှောက်သေဆုံး
Tuesday, December 10, 2013

ရိုဟင်ဂျာအပါအဝင် တခြားနိုင်ငံသားတွေပါ တင်ဆောင်လာတဲ့ လှေတစ်စီး သြစတြေးလျနိုင်ငံ ခရစ္စမတ်ကျွန်းကို ခိုးဝင်ဖို့ ကြိုးစားတုန်း အင်ဒိုနီးရှား ရေပိုင်နက်ထဲ တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ စုစုပေါင်း အယောက် ၃၀ လိုက်ပါလာတဲ့ လှေမှာ စက်ချို့ယွင်းမှု ဖြစ်ခဲ့ပြီး ပင်လယ်ထဲ သုံးနာရီကြာ မျောနေခဲ့ပါတယ်။

အဲဒီလို မျောနေချိန်မှာပဲ လှိုင်းလုံးကြီးဒဏ်ကြောင့် တိမ်းမှောက်ခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ရပါတယ်။

သေဆုံးသူ သုံးဦးထဲက တစ်ဦးကတော့ အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး လူပေါင်း ၂၇ ယောက်ကို အင်ဒိုနီးရှား ရေတပ်နဲ့ အနီးနားက တံငါသည်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံကို လှေတွေနဲ့ တရားမဝင် ဝင်ရောက်မှုတွေ မရှိအောင် သြစတြေးလျ အစိုးရက ကြိုးစားနေပေမယ့် နိုဝင်ဘာလကစပြီး လှေတွေနဲ့ ခိုးဝင်လာသူတွေ သိသိသာသာ ပိုများလာတယ်လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း လူပေါင်း ၁၆၀ ကျော် တင်ဆောင်လာတဲ့ လှေခြောက်စီးကို သြစတြေးလျ ရေတပ်က ဖမ်းဆီးရမိကြောင်းလည်း သိရပါတယ်။

ABC Radio Australia

တိမ်းမှောက်သွားတဲ့ ခိုလုံခွင့်တောင်းခံသူတွေစီးလာတဲ့လှေကို ကူညီကယ်ဆယ်သူတွေက ကူတွန်းနေကြစဉ် (Credit: Reuters)
ရိုဟင်ဂျာအပါအဝင် တခြားနိုင်ငံသားတွေပါ တင်ဆောင်လာတဲ့ လှေတစ်စီး သြစတြေးလျနိုင်ငံ ခရစ္စမတ် ကျွန်းကို ခိုးဝင်ဖို့ ကြိုးစားတုန်း အင်ဒိုနီးရှား ရေပိုင်နက်ထဲ တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ စုစုပေါင်း အယောက် ၃၀ လိုက်ပါ  လာတဲ့ လှေမှာ စက်ချို့ယွင်းမှု ဖြစ်ခဲ့ပြီး ပင်လယ်ထဲ သုံးနာရီကြာ မျောနေခဲ့ပါတယ်။

သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိသော ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ အား ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း ဆက်လက်သုံးစွဲမည်

သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း ဆက်လက်သုံးစွဲမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ သ၀ဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာတွင် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀၀၀ သုံးစွဲခွင့် ရရှိခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေ သဖြင့် ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်ဟု ပါရှိကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားလျော့ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်ကြောင်းကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဆိုသည်။

"မုန်တိုင်းမဒီက အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကနေ အားလျော့ပြီးတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားပြန်လျော့သွားပြီးတော့ မြောက်ဘက်ကို ဆက်ရွေ့လျားနေတယ်။ လမ်းကြောင်းပြောင်း ပြီးတော့ မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ မရှိတော့ဘူး။ မိုးတိုင်းရဲ့အကျိုးဆက်ကြောင့် မိုးရွာ သွန်းမှုတွေ ဖြစ် ပွားနိုင် တယ်။ အဲဒီအတွက်ကြောင့် တောင်သူတွေအနေနဲ့ သတိရှိဖို့လိုတယ်" ဟု ဦးချစ်ကျော်က ဆိုသည်။

မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်ဖြေရှင်းခြင်း မပြုလုပ်ရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက နယ်/လုံဝန်ကြီးအား တွေ့ဆုံ မေတ္တာရပ်ခံ

မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်ဖြေရှင်းခြင်း မပြုလုပ်ရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက နယ်/လုံဝန်ကြီးအား တွေ့ဆုံ မေတ္တာရပ်ခံ
Tuesday, December 10, 2013

နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်နှိမ်နင်းခြင်း မပြုလုပ်ရန် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးမှုတွင် မိကျောင်းကန်သပိတ်စခန်း ကိုယ်စားလှယ်များမပါရှိဘဲ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုရဲနောင်ဝင်းနှင့် အခြားတက်ကြွလှုပ်ရှားသူ သုံးဦးတို့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရဲနောင်ဝင်းက "နှစ်ဖက်လုံး ရုပ်ဆိုးစေတဲ့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာမျိုး မဖြစ်စေဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ သူတို့ကလည်း အေးအေးချမ်းချမ်းနဲ့ ဖြစ်နိုင်အောင် အတတ်နိုင်ဆုံး သူတို့ဘက်က လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်" ဟု ဒီဇင်ဘာ ၉ ရက် ညပိုင်းက မီဒီယာများအား ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုတွင် နယ်/လုံ ၀န်ကြီးက အငြင်းပွားနေသည့် မြေနေရာအား ကုမ္ပဏီများသို့ ရောင်းချထားခြင်းမရှိဟု အခိုင်အမာ ကတိပေးခဲ့ကြောင်း၊ အဆိုပါမြေကိစ္စနှင့် ပတ်သက်ပြီး အဆုံးအဖြတ်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မိကျောင်းကန် သပိတ်စခန်းအား ဆီးဂိမ်းစ်ကာလဖြစ်နေသဖြင့် ပြည်သူနှင့် အစိုးရပုံရိပ်အား မပျက်ယွင်းစေလိုသဖြင့် ရုပ်သိမ်းစေလိုကြောင်း၊ အကယ်၍ လိုလားချက်များ မရရှိပါက ဥပဒေအရ ဆန္ဒပြမည်ဆိုပါက အလွယ်တကူ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကိုရဲနောင်ဝင်းက မီဒီယာများသို့ ပြောကြားခဲ့သည်။

သပိတ်စခန်း ဦးဆောင်သူတစ်ဦးဖြစ်သည့် မနေနွယ်သန်းက "အစိုးရဘက်က ကျွန်မတို့ကို အဖြူ၊ အမည်း သဲကွဲတဲ့၊ တိကျသေချာတဲ့ အဖြေတစ်ခုကို ချပြပါ။ ဒီမြေနဲ့ ပတ်သက်ပြီး ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်အခါမှာ၊ ဘယ်သူက တာဝန်ယူနိုင်မလဲဆိုတာ မီဒီယာတွေရှေ့၊ နိုင်ငံရေးအင်အားစုတွေရှေ့မှာ ချပြပါ။ ဒီလိုချပြတဲ့အခါကျရင် ပြည်သူတွေက အားလုံးလက်ခံရင် ကျွန်မတို့ ဒီသပိတ်ကို ရပ်တန့်ပေးမှာပါ" ဟု ပြောကြားသည်။

မိကျောင်းကန် သပိတ်စခန်းအား သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်မှ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန် သတိပေးချက်ကို ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က ထုတ်ပြန်ခဲ့ပြီးနောက် သပိတ်စခန်းအား သက်ဆိုင်ရာက အကြမ်းဖက် ဖြိုခွင်းခြင်းရှိ၊ မရှိကို ပြည်သူများ စိတ်ဝင်စားခဲ့ကြပြီး နောက်ဆုံးသတ်မှတ်ထားသည့်နေ့ ညနေ ၅ နာရီခွဲခန့်မှစ၍ ပြည်သူ ၃၀၀ ကျော်ခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က "ဖြိုခွင်းတယ်ဆိုတာဟာ အဖြေမဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုဖြိုခွင်းခဲ့ရင် အင်အားဘယ်လောက်သုံးလဲ၊ ဘယ်လိုထိခိုက်မှုတွေ ရှိလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သိချင်လို့လာကြည့်တာပါ" ဟု The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၉ ရက် ည ၈ နာရီခန့်က ဆိုသည်။ 

သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ၁၄ ရက်မြောက်ခဲ့ပြီဖြစ်ကာ ယင်းနေ့တွင် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းအား ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။

Eleven Media Group နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်နှိမ်နင်းခြင်း မပြုလုပ်ရန် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ မွတ်စလင်ခေါင်းဆောင်နေအိမ် ပေါက်ကွဲမှုဖြစ်


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်က မွတ်စလင်ဘာသာဝင် ဗလီအုပ်ချုပ်မှုကော်မီတီ ဥက္ကဋ္ဌတစ်ဦး ရဲ့ နေအိမ်မှာ မနေ့ ည ၁၁ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဗလီအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရသွားတဲ့ အိမ်ရှင်ဖြစ်သူကို စဝ်စံထွန်းဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ပို့ကုသထားတယ်လို့ သိရပါတယ်။မိုင်းကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ဒေသလုပ်မိုင်းလို့ ယူဆရကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်ဝင်းက ပြောပါတယ်။