Thursday, December 12, 2013

မြန်မာနိုင်ငံက EITI အဖွဲ့ဝင် နိုင်ငံဖြစ်ရန်အတွက် ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလ တွင်မှ လျှောက်ထားနိုင်မည်ဟုဆို

နိုင်ငံတကာ သယံဇာတများတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု အဖွဲ့(EITI)၏ အဖွဲ့ ဝင်လောင်းနိုင်ငံအဖြစ် ဝင်ရောက်နိုင်ရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင်မှ လျှောက်ထား နိုင်မည်ဖြ စ်ကြော င်း သိရ သည်။

အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည်

Photo: အလယ်တန်း ကျောင်းသားများ ကျောင်းလခ ကင်းလွတ်ခွင့်ပေးမည် 
Thursday, December 12, 2013

အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ကျောင်းထွက်နှုန်းမြင့်သော အလယ်တန်း ပညာရေးကို တားဆီးရန် လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခ ကင်းလွတ်ခွင့်များ၊ ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေးများ တိုးမြှင့် ပေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ယခင်က အလယ်တန်း ကျောင်းအပ်စဉ်တွင် ကျောင်းလခကြေး၊ မိဘဆရာ အသင်းကြေးနှင့် အားကစား၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေး တို့ကို ကောက်ခံခဲ့ရာမှ လာမည့် ပညာသင်နှစ်များတွင် ကျောင်းလခကြေး မကောက်ခံဘဲ ကျန်ရန်ပုံငွေ များကိုသာ ကောက်ခံမည် ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ခံငွေများနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များကို အခမဲ့ ပေးသွားရန်လည်း ရှိကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

အလယ်တန်းအဆင့် ပညာသင် ထောက်ပံ့ကြေးများအတွက် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကူအညီ ယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ လာမည့်နှစ်တွင် အလယ်တန်းနှင့် အထက်တန်း အဆင့်အတွက် ပညာသင်ဆု ငါးဆုစီ တိုးပေးရန် ရှိကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။
“ပညာရေးဘက်က စီမံကိန်း ဆွဲပြီးပြီ။ ဘတ်ဂျက်ရတဲ့အပေါ် ပြန်ချိတ်ဖို့ပဲ ရှိတော့တာပါ” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက လာမည့် ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ် ဒီဇိုင်းနှင့် စာရွက်သားများကို ပြန်လည် မွမ်းမံထားပြီး ဈေးနှုန်းလည်း ပိုမြင့်သွားနိုင်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရသည်။

အခြေခံပညာ အလယ်တန်း အဆင့်တွင် ပဉ္စမတန်း ကျောင်းလခအတွက် ကျပ်ငါးရာ၊ ဆဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ခြောက်ရာ၊ သတ္တမတန်း ကျောင်းလခအတွက် ခုနစ်ရာ၊ အဋ္ဌမတန်း ကျောင်းလခအတွက် ကျပ်ရှစ်ရာ သတ်မှတ်ထားကြောင်း အခြေခံပညာ စာသင်ကျောင်းများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေ နှုန်းမြဲစေရန် ပညာရေး ဝန်ကြီးဌာနက ကျောင်းလခ ကင်းလွတ်ခွင့်နှင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးသွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

တ​ရုတ်​လုပ်​ငန်း​ရှင်​များ​ကို ​တာဝန်​သိ ​ရင်း​နှီး​မြှုပ်​နှံ​မှု ​လုပ်​စေ​လို

Photo: တရုတ်လုပ်ငန်းရှင်များကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လုပ်စေလို 
Thursday, December 12, 2013

တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုကိုပဲ လုပ်စေချင်တဲ့အကြောင်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့က စီးပွားရေးလုပ်ငန်းရှင် ၇၀ ၀န်းကျင် ရန်ကုန်ကို လာရောက်ပြီး မြန်မာ စီးပွားရေးလုပ်ငန်းရှင် ၅၀ လောက်နဲ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးချိန် သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

 လက်ရှိ အချိန်မှာ တရုတ်တင်မက ဂျပန်၊ တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်စပြုနေပြီ ဖြစ်လို့ တရုတ်လုပ်ငန်းရှင်တွေကို ခုလို သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ စက်မှုလုပ်ငန်း၊ လယ်ယာမြေလုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း နဲ့  လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း အပါအ၀င် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

By ဒီဗွီဘီ
တ​ရုတ်​လုပ်​ငန်း​ရှင်​တွေ​အ​နေ​နဲ့ ​မြန်​မာ​နိုင်​ငံ​မှာ ​ရင်း​နှီး​မြှုပ်​နှံ​တော့​မယ်​ဆို​ရင် ​နိုင်​ငံ​တ​ကာ ​စံ​ချိန်​စံ​ညွှန်း​တွေ​နဲ့​အ​ညီ ​တာဝန်​သိ​သော ​ရင်း​နှီး​မြှုပ်​နှံ​မှု​ကို​ပဲ ​လုပ်​စေ​ချင်​တဲ့​အ​ကြောင်း ​မြန်​မာ​နိုင်​ငံ ​ကုန်​သည်​များ​နဲ့ ​စက်​မှု​လုပ်​ငန်း​ရှင်​များ ​အ​သင်း​ချုပ် (UMFCCI ​ရဲ့ ​တွဲ​ဖက်​အ​တွင်း​ရေး​မှူး ​ဦး​အေး​လွင်​က ​ပြော​ပါ​တယ်။

ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော

Photo: ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော
Thursday, December 12, 2013

ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားမှာ အဓိကအသုံးပြုသွားတဲ့ ပေ ၃၅၀ ကျော် အရွယ်အစားရှိတဲ့ LED ဖန်သားပြင် အပါအ၀င် ရုပ်ထွက်နည်းပညာအားလုံးကို တရုတ်နိုင်ငံ အကူအညီနဲ့ တင်ဆက်ခဲ့တာလို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။

၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော်နဲ့ ၂၀၁၀ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွေမှာ တာဝန်ယူ တင်ဆက်ခဲ့တဲ့ တရုတ်အားကစားကော်ပိုရေးရှင်းကပဲ သူတို့ ပစည်းတွေ၊ နည်းပညာတွေနဲ့ လာရောက်ကူညီတင်ဆက်ခဲ့တာလို့ ပြောပါတယ်။

အခု ဆီးဂိမ်းဖွင့်ပွဲ ကျင်းပခဲ့တဲ့ ၀ဏ္ဏသိဒ္ဓိကွင်းထဲမှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပဖို့ ရှိပြီး တရုတ်က ဆက်လက် အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားတွေအတွက် ဘယ်လောက်ကျခံ သုံးစွဲထားသလဲဆိုတဲ့ အမေးကိုတော့ ပွဲပြီးမှ ပြောနိုင်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းမှာ အင်ဒိုအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် ကျခံသုံးစွဲခဲ့ပြီး မြန်မာတာဝန်ရှိသူတွေကလည်း မြန်မာဆီးဂိမ်းမှာ အင်ဒိုဆီးဂိမ်းထက်မနည်း သုံးရမှာပဲလို့ အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်ကို ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားနဲ့ ပတ်သက်လို့ ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
ဆီး ​ဂိမ်း​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​မှာ ​အ​ဓိ​က​အ​သုံး​ပြု​သွား​တဲ့ ​ပေ ၃၅၀ ​ကျော် ​အ​ရွယ်​အ​စား​ရှိ​တဲ့ LED ​ဖန်​သား​ပြင် ​အ​ပါ​အ၀င် ​ရုပ်​ထွက်​နည်း​ပ​ညာ​အား​လုံး​ကို ​တ​ရုတ်​နိုင်​ငံ ​အ​ကူ​အ​ညီ​နဲ့ ​တင်​ဆက်​ခဲ့​တာ​လို့ ​မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​က ​ပြော​ပါ​တယ်။

အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို

မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေးက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။

ကျိုက်ထီးရိုးနှင့် ကျိုက်ပေါလော ဘုရားနှစ်ဆူအား ထိုင်းလူမျိုးများနှင့် ပြည် တွင်း ဘုရားဖူးများလာရောက်ဖူးမြော်သူများပြား

Photo: ကျိုက်ထီးရိုးနှင့် ကျိုက်ပေါလော ဘုရားနှစ်ဆူအား ထိုင်းလူမျိုးများနှင့် ပြည် တွင်း ဘုရားဖူးများလာရောက်ဖူးမြော်သူများပြား
Thursday, December 12, 2013

ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် လာရောက်ဖူးမြော်လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး ဘုရားသို့မသွားမီ တခုပ်တရလာရောက်ဖူးမြော်လေ့ရှိကြပြီးယနေ့အချိန် တွင် အဆိုပါဘုရားနှစ်ဆူအားပူးတွဲဖူးမြော်အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြား သည့် တိုက်ဆိုင်မှုများရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ ကျိုက်ထီးရိုးဘုရားသို့မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှ နှစ်စဉ် လာရောက်ဖူးမြော်သူ ဦးဝင်းနိုင်ဦးကပြောသည်။

၎င်းက''ဦးအနေနဲ့ကျိုက်ထီးရိုး ဘုရားကို အဓိဋ္ဌာန်နဲ့ နှစ်စဉ်လာဖူး တာ ၁၅နှစ်ကျော်သွားပြီ။ အရင်က ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား ကိုတော့ နှစ်စဉ် မဖူးဖြစ်ဘူး။ ဒီလို ပူးတွဲပြီး အဓိဋ္ဌာန်ပြု ဖူးမြော်ခြင်း အားဖြင့် ထူးခြားတဲ့ တိုက်ဆိုင်မှု တွေ ရှိလာလို့ မိတ်ဆွေတွေကိုပါ တိုက်တွန်းပြီး ဒီဘုရားနှစ်ဆူကို နှစ်စဉ် အဓိဋ္ဌာန်နဲ့ ပူးတွဲဖူးတာ ရှစ်နှစ်ကျော်သွားပြီ။ တစ်ဖွဲ့လုံးလဲ ကျိုက်ပေါလောမှာပဲ တည်းပြီး ဖူး တာ။ ကျိုက်ထီးရိုး တောင်ပေါ်မှာ က ဘုရားဖူး သိပ်များရင် တည်းခို ခန်းက မလွယ်ဘူး။ ကျန်းမာရေး ကြောင့် ဘုရားရင်ပြင်မှာလဲ မအိပ် ရဲတော့ ကျိုက်ပေါလောကို အရင် ဝင်ဖူးပြီးရင် အထုပ်အပိုးတွေထား ခဲ့ပြီး ကျိုက်ထီးရိုးကို ကျိုက်ထို ကနေ နေ့ချင်းပြန်ဖူးတော့ လူလဲ သက်သောင့်သက်သာရှိတယ်'' ဟု ဆိုသည်။

ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားသည် မွန်ပြည်နယ် ကျိုက်ထို မြို့တွင် တည်ရှိပြီး ရုပ်ပွားတော်၏ လက်ယာဘက်နားထင်စွန်းအထက် နားတွင်ပါရှိသော အမည်းစက် (မှဲ့ရှင်တော်)အား အဓိဋ္ဌာန်ပြု၍ သော်လည်းကောင်း၊ အကြောင်း သင့်လျော် ပါရမီထူး၍သော်လည်း ကောင်း စူးစိုက်ဖူးမြော်ပါက မှဲ့တော်သည် ခပ်ရေးရေး ရွေ့လျား နေသည်ကို ဖူးမြင်ရသည်ဟုဆိုကြ သည်။ ထို့ပြင် အဆိုပါမှဲ့ရှင်၏ ထူးခြားချက် တစ်ခုမှာမှဲ့တော် ပေါ်သို့ ရွှေဆိုင်းများဖြင့် အထပ် ထပ် အုပ်ကပ်ကာ ရွှေချစေကာမူ များမကြာမီ နဂိုအတိုင်း ပြန်လည် ပေါ်ထွက်လာမြဲဖြစ်သည်ဟု ယင်း ဘုရားဂေါပက အဖွဲ့မှတာဝန် ရှိသူ တို့ကပြောသည်။

ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားမှ တည်းခိုခန်းများနှင့် ပတ် သက်ပြီး ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများက အဆိုပါတည်းခို ခန်းများသည် နှုန်းထားသတ်မှတ် ထားခြင်းမရှိသည့် အခမဲ့တည်းခို ခန်းများ ဖြစ်ကြကြောင်း၊ တည်းခို သူများက သက်သောင့်သက်သာ နှင့် အဆင့်မြင့်မြင့် တည်းခိုနိုင် သဖြင့် စေတနာသဒ္ဓါတရား ထက် သန်စွာ လှူဒါန်းကြသောကြောင့် ထပ်မံ၍ သီးသန့်ခန်းများ၊ စုပေါင်း နားခိုဆောင်များပါဝင်သည့် အဆင့် မြင့်သုံးထပ်တည်းခိုဆောင်ကြီး တစ်ခုတည်ဆောက်တော့မည် ဖြစ် ကြောင်း၊ ယင်းတည်းခိုဆောင်ကြီး ပြီးစီးပါကလည်း အခမဲ့တည်းခို ခွင့်ရရှိကြဦးမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်း ပြောကြားကြသည်။

''ကျိုက်ပေါလော မှဲ့ရှင်ဘုရား မှာ တည်းခိုခန်းတင်မှ မဟုတ်ဘူး။ ဘာမဆို နှုန်းထားသတ်မှတ်ထား တာ မဟုတ်ဘူး။ အားလုံး အခမဲ့ ချည်းခွင့်ပြုထားတာ။ ဥပမာ-ခရီး တစ်ထောက် နားချိန် ရေဝင်ချိုးကြ တယ်။ သန့်စင်ခန်း ဝင်ကြတယ်။ ထိုင်းနိုင်ငံသားတွေက အဆင်ပြေ ပြီး အားလုံး အခမဲ့ချည်းဆိုတာ သိသွားကြလို့ ဘိုထိုင်၊ ရေချိုးခန်း ပါတဲ့ သန့်စင်ခန်းတွေ ဆောက်ပေး ပါ ဆိုပြီး လှူဒါန်းကြလို့ ခြောက် ခန်း လုပ်ပေးထားတယ်။ ပြီးတော့ အမျိုးသား၊ အမျိုးသမီး သန့်စင်ခန်း တွေ၊ ရေချိုးခန်းတွေလဲ ရှိတယ်။ အခုနောက်ပိုင်း ခရီးတစ်ထောက် နားပြီး သန့်စင်ခန်းသုံးသူတွေ၊ တည်းခိုသူတွေများကြ လွန်းလို့ သုံးထပ်တည်းခိုဆောင်ကြီးတစ်ခု အမြန်ဆုံး ဆောက်လုပ်သွားမယ်။

လက်ရှိ အဆင့်မြင့်သန့်စင်ခန်းတွေ ထပ်ဆောက်ထားတာပြီးသွားပြီ။ ဒါတွေကိုလဲ သုံးစွဲနေကြပါတယ်'' ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လွင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)က ပြောသည်။

စွမ်းရဲထွဋ် - The Union Daily
ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားကိုကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် လာရောက်ဖူးမြော်လေ့ရှိသည့် ထိုင်းနိုင်ငံသားများက ကျိုက်ထီးရိုး ဘုရားသို့မသွားမီ တခုပ်တရလာရောက်ဖူးမြော်လေ့ရှိကြပြီးယနေ့အချိန် တွင် အဆိုပါဘုရားနှစ်ဆူအားပူးတွဲဖူးမြော်အဓိဋ္ဌာန်ပြုခြင်းဖြင့် ထူးခြားသည့် တိုက်ဆိုင်မှုများရှိသည်ဟု ယုံကြည်လာကြသော ပြည်တွင်း ခရီးသွားများကပါ ကျိုက်ထီးရိုးဘုရားသို့မရောက်မီ အရင်ဝင်ရောက် ဖူးမြော်လာကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှ နှစ်စဉ်လာရောက်ဖူးမြော်သူ ဦးဝင်းနိုင်ဦး ကပြောသည်။

ဆီးဂိမ်းသို့ အာဆီယံဒေသတွင်း မှ လာရောက်သူ ထိုင်းအများဆုံးဖြစ်


ထိုင်းတွင် နိုင်ငံရေး မတည်ငြိမ်မှု များနှင့် ဆန္ဒပြမှုပြင်းထန်နေသော် လည်း မြန်မာနိုင်ငံ တွင် ကျင်းပသည့် ဆီးဂိမ်း ပြိုင်ပွဲသို့ လာရောက်သော ထိုင်းနိုင်ငံ သားအရေ အတွက် မှာ ကျန် အာဆီယံ နိုင်ငံများထက် အများဆုံးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင် ဦးစီး ဌာနမှ သိရသည်။

KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ဖမ်းဆီး ခေါ်ဆောင်နေ မှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေး တိမ်းရှောင်မှု ပိုမိုများပြား

Photo: KIA မှ လူသစ် စုဆောင်းမှုအပြင် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေမှုကြောင့် ဒေသခံတိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြား

ဒီဇင်ဘာ ၁၂ ရက် ၂၀၁၃

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA  မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။

“ တောင်ပြိုရွာက ၄ ယောက်၊ အထက်မနရွာက ၃ ယောက်၊ ဆွတ်အောင်ရွာ က ၃ ယောက် ပေါင်း (၁၀) ယောက်ပါသွားတယ်လို့ ကြားတယ်၊ KIA က လူသစ်လုပ်ရမယ်ဆိုပြီး အလိုမတူဘဲ ဖမ်းနေတော့ ရွာသား တွေ လည်း လွတ်ရာ ကျွတ်ရာ ထွက်ပြေးနေကြတာပေါ့ ” ဟု ဖားကန့်မြို့မှ အသက် ခြောက် ဆယ်အရွယ် ဦလနွန်က ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းတွင် KIA တပ်မဟာ (၂) တပ်ရင်း (၆) မှ ဗိုလ် ဆောင်ရန်းခန်းဆာနှင့် တပ်ကြပ်ကြီး လထော်နော်လတ်တို့မှ အဆိုပါ ရွာသား (၁၀) ဦးအား ဆိုင်ကယ် (၆) စီးဖြင့် ဖားကန့် - လုံးခင်း - အောင်ဘာလေ လမ်းကြောင်းအတိုင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင် သက်သေ ရွာသားအချို့က ဆိုသည်။

KIA မှ မန်စီမြို့နယ် ချောင်းထောက်ကျေးရွာနှင့် မံဖွကျေးရွာအနီးဝန်းကျင် တွင် စပါးရိတ်သိမ်းနေသော ရွာသား (၂၁) ဦးအား ဒီဇင်ဘာ ၄ ရက်နေ့တွင် လည်းကောင်း၊ မန်စီမြို့နယ် တုံပလွေ၊ မန်ဝိန်းလေး၊ သစ်ဆုံး၊ ဆူးပုတ်ကုန်း ကျေးရွာများမှ သစ်ကယ်ရီသမားများနှင့် တောင်သူလုပ်ကိုင်နေသော ရွာသား (၁၇) ဦးအား ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်းကောင်း၊ ၀ိုင်းမော်မြို့နယ် နောင်စီပေါရွာသား (၂) ဦးအား ဒီဇင်ဘာ ၆ ရက်နေ့ တွင်လည်းကောင်း၊ ဗန်းမော်မြို့ သိန်လင်ကျေးရွာ အနောက်တောင်ဘက်ရှိ လယ်တောတွင်း စပါးရိတ်သိမ်းခြင်း နှင့် ခြွေလှေ့ခြင်းလုပ်ကိုင်နေသော ရွာသား (၄) ဦးအား ဒီဇင်ဘာ ၈ ရက်နေ့တွင် လည်းကောင်း ဖမ်းဆီသွားခဲ့ ကြောင်း သိရသည်။

KIA အနေဖြင့် ဒေသခံရွာသားများအား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်နေမှု များအပြင် KIA တပ်ဖွဲ့ဝင်ဟောင်း များကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်နေ  ကြောင်း အင်းတော်ကြီး ဒေသခံတစ်ဦး၏ ဆက်သွယ်ပြောဆိုမှုအရ သိရ သည်။

အင်းတော်ကြီးဒေသရှိ အိုင်တူးလေးရွာ၊ လောဆွမ်ကျေးရွာ၊ ချောင်းဝ ကျေးရွာ၊ နလတန်းကျေးရွာများရှိ အသက် ၅၅ နှစ်အောက် KIA စစ်မှုထမ်း ဟောင်းများအား တပ်ရင်း (၂၆) မှ အတင်းအကြပ်လာရောက်ဖမ်းဆီးနေမှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဟိုပင်မြို့သို့ ရောက်ရှိ လာသော KIA အဖွဲ့ဝင်ဟောင်း အသက် ၅၃ နှစ်အရွယ် ဦးနော်ဂျာ က ဆိုသည်။

KIA မှ ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်ဟောင်းများအား ပြန်လည်ဖမ်းဆီးနေခြင်းနှင့် ကချင်ပြည်နယ်အနှံ့အပြား၌ လူသစ်အဓမ္မစုဆောင်းနေခြင်းများမှာ အစိုရတပ် များအား ပြန်လည်တိုက်ခိုက်ရန် အင်အားစုဆောင်း နေခြင်းဖြစ်၍ ငြိမ်းချမ်းရေအတွက် ရင်လေးမိသလို ဒေသခံတိုင်းရင်းသားများလည်း ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားနေ ကြောင်း ဦးနော်ဂျာက ဆက်လက်ပြောသွားသည်။ 

ခွန်နော်
ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံရွာသား (၄၄) ဦးအား KIA မှလူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ (၁၀) ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၌ ရွာသား (၁၀) ဦးအား ထပ်မံ ဖမ်းဆီးသွားခဲ့ကြောင်း ယင်းဒေသခံအချို့ထံမှ သတင်းရရှိသည်။

မန္တလေးမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာကပ်ခြင်း အရေးယူတော့မည်

မန္တလေးစည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ်ငယ်များ လိုက်လံကပ်နေခြင်း သည် မြို့အမြင် မတင့်တယ်ဘဲဖြစ်နေပြီး ဆီးဂိမ်းကာလတွင် နိုင်ငံခြားသားဧည့်သည်များအတွက် မြို့၏ ဂုဏ်ကျက်သရေကို ပြသရမည်ဖြစ်သဖြင့် ထိုကြော်ငြာရှင်များကို စာရင်းကောက်ယူကာ အရေးယူရန် စီ စဉ်လျက်ရှိသည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန၏ ဌာနခွဲ မှူးဦးဇော်ဝင်းက ဒီဇင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြန်လွတ်လာသည့် မိကျောင်းကန်အရေး ဆန္ဒပြသူနှစ်ဦး ဆက်လက် တိုက်ပွဲဝင်မည်ဟု ကတိပြု


သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ် ရာမှ အဖမ်းခံခဲ့ရသူ ခေါင်းဆောင်နှစ်ဦးသည် ဒီဇင်ဘာ ၁၁ ရက်က သမ္မတ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာပြီး မြေများပြန်မရမချင်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကတိပြုလိုက် သည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ

AA-12-12
ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ စဉ်မြင်ကွင်း (ဓာတ်ပုံ- ညီညီစိုးညွန့်)
နှစ်ပေါင်း ၄၄ နှစ်အကြာတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ ဘောလုံး ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင် တစ်ယောက်ဟု သဘောမထားဘဲ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးအဖြစ် သဘောထား၍ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးပေးပါရန် 10D အုပ်စု တောင်းဆို

BB-12-12
Orchid ဟိုတယ်တွင် ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ တစ်ခု၏ ခေါင်းဆောင်တစ်ဦးအဖြစ် မသတ်မှတ်ဘဲ ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် တစ်ဦးအဖြစ် သတ်မှတ်၍ ပြည်သူလူထု လိုလားနေသည့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်း စုကြည်တို့လေးဦး တွေ့ဆုံဆွေးနွေးပါရန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေါ်အောင်ဆန်း စုကြည် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိသဖြင့် ရန်ကုန်တက္ကသိုလ်အတွင်း ဂုဏ်ပြုပွဲ ကျင်းပသောကြောင့် ဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ချခံခဲ့ရသည့် ကျောင်းသားများအုပ်စု (10D) အုပ်စုက ဒီဇင်ဘာ ၁၀ ရက် Orchid ဟိုတယ်၌ ကျင်းပသည့် စာအုပ်မိတ်ဆက်ပွဲတွင် တောင်းဆိုလိုက်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း စစ်သင်္ဘော ငါးစင်း၊ တိုက်လေယာဉ်များဖြင့် လုံခြုံရေးဆောင်ရွက်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပွဲတော်ရက် အတွင်း လုံခြုံမှု ရှိစေရန် စစ်သင်္ဘော ငါးစင်းနှင့် ဝေဟင် လုံခြုံရေးဆောင်ရွက်ရန် တိုက်လေယာဉ်များဖြင့် ကင်းလှည့် ဆောင်ရွက်နေကြောင်း (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော်လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး လေးသောင်းကျော်မှာ လျှပ်စစ်မီး မရရှိ

မြန်မာနိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း လေးသောင်းကျော်မှာ လျှပ်စစ်မီး မရရှိသေးသည့်အတွက် နိုင်ငံတကာအကူအညီများဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောကြားပါသည်။

Wednesday, December 11, 2013

ဘုရင့်နောင်ပွဲရုံတန်း “မမကြီး” အနှိပ်ခန်း ရဲဝင်ဖမ်း

ဘုရင့်နောင်ပွဲရုံတန်း “မမကြီး” အနှိပ်ခန်း ရဲဝင်ဖမ်း

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၁၃ ခုနှစ်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်းက၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းရရှိထားသဖြင့် သက်သေများနှင့်အတူဝင် ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာတွင် ဆိုင်မန်နေဂျာ ထက်အောင်(ခ)အရှည်ကြီး (၁၉)နှစ်အား အဆိုပါအနှိပ်ခန်း၏ ဧည့်ခန်းကောင်တာစားပွဲတွင် တွေ့ရှိဖမ်းဆီးခဲ့သည်။

၎င်းထိုင်နေသည့် စားပွဲအတွင်းမှလည်း အနှိပ်ခန်းပြုလုပ်ရာမှရရှိသည့် ငွေကျပ် ၆၀,၀၀၀ နှင့်အတူ ဒီဇင်ဘာ ၈ ရက်ရက်စွဲပါ အနှိပ်သမများ၏အမည်နှင့် အခန်းဝင်ထွက်ချိန်များ ရေးသားထားသည့် စာရွက် စာနှစ်ရွက်၊ “မမကြီး” အမည်ပါ လိပ်စာကတ် ၁၆ ခုတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ဆိုထားသည်။

ယင်းအပြင် ဆိုင်ခန်းအတွင်း၌ အနှိပ်လုပ်ငန်းလုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် အနှိပ်သမ ၁၀ ဦးကိုလည်း ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်တာဝန်ခံနှင့် အနှိပ်သမ ၁၀ ဦးတို့ကို အရေးယူပေးရန် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့နယ်တရားရုံးသို့ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့် ဦးတိုက်လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်း က၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟု သတင်းရရှိထားသဖြင့် သက်သေများနှင့်အတူဝင် ရောက် ရှာဖွေ ခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီမြစ် ပင်မရေ လမ်းဖွံ့ဖြိုးရေး ကျပ်သန်း ၄၀၀ ကျော် အကုန်ကျခံ၍ ရေလွှဲရေကာ လေးခု တည်ဆောက်မည် ဟုဆို

မန္တလေးတိုင်းဒေသကြီး အတွင်း ဧရာဝတီမြစ် ပင်မရေလမ်း ဖွံ့ဖြိုးရေး အတွက် ရေလွှဲရေကာ လေးခု တည်ဆောက်ရန် အတွက် ကျပ်သန်းပေါင်း ၄၀၀ ကျော် လျာထား အသုံးပြုမည်ဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတာဝန်ရှိသူ ထံမှ သိရသည်။

အကျဉ်းသား ၄၄ဦးယနေ့လွှတ်မည်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ဖြင့် အဖမ်းခံထားရသူအများစုပါဝင်

Photo: အကျဉ်းသား ၄၄ဦးယနေ့လွှတ်မည်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ဖြင့် အဖမ်းခံထားရသူအများစုပါဝင် 
Wednesday, December 11, 2013

 နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဒီဇင်ဘာလ ၁၁ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၁၃ခုမှ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်မှု (စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈)၊ အများပြည်သူအကျိုးပျက်ဆီးမှုကို ဖြစ်ပေါ်စေသောဖော်ပြချက်(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅) တို့ဖြင့် ပြစ်ဒဏ်ကျခံနေသူ အများစု အပါအ၀င် စုစုပေါင်း အကျဉ်းသား ၄၄ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု အကျဉ်းဦးစီးဌာန စာရင်းများကဆိုသည်။

အဆိုပါစာရင်းတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီ၏ စာရင်းတွင် မပါဝင်သူ ၃ဦးကိုလည်း အင်းစိန်ထောင်မှ လွှတ်ပေးမည်ဖြစ်သည်။  ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပြုမည့် စာရင်းတွင် လက်ပံတောင်း သပိတ်စခန်းဖြိုခွင်းခံရမှုအပေါ် ယမန်နှစ် ဒီဇင်ဘာလ ၁ရက် ရန်ကုန်၌ ကန့်ကွက်ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ကိုဒီငြိမ်းလင်း၊ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်၊ သိမ်ဇရပ်ရှိ အိမ်ယာမဲ့များ မြေယာရရှိရေး ဆောင်ရွက်ခဲ့သူ ဦးမြင့်စိုး တို့လည်း ပါဝင်သည်။

ဒီဇင်ဘာလ ၁၁ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ရမည့်သူများသည် အင်းစိန်ထောင်မှ ၁၄ဦး၊ ပုသိမ်ထောင်မှ ၂ဦး၊ မန္တလေးထောင်မှ ၁ဦး၊ ဘားအံထောင်မှ ၁ဦး၊ တောင်ကြီးထောင်မှ ၁ဦး၊ မြစ်ကြီးနားထောင်မှ ၁ဦး၊ တောင်ငူထောင်မှ ၁ဦး၊ ဘူးသီးတောင်/မောင်တောထောင်မှ ၁ဦး၊ သာယာဝတီ ထောင်မှ ၂ဦး၊ သထုံထောင်မှ ၁၀ဦး၊ ကော့သောင်းထောင်မှ ၄ဦးနှင့် ပဲခူးထောင်မှ ၆ဦးတို့ ဖြစ်သည်။

မဇ္ဈိမသတင်းဌာန 
နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဒီဇင်ဘာလ ၁၁ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၁၃ခုမှ ခွင့်ပြုချက် မရဘဲ စီတန်းလှည့်လည်မှု (စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈)၊ အများပြည်သူအကျိုး ပျက်ဆီး မှုကို ဖြစ်ပေါ်စေသောဖော်ပြချက်(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅) တို့ဖြင့် ပြစ်ဒဏ်ကျခံနေသူ အများစု အပါအ၀င် စုစုပေါင်းအကျဉ်းသား ၄၄ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု အကျဉ်းဦးစီးဌာန စာရင်းများက ဆိုသည်။

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ပြိုင်ပွဲဝင် နိုင်ငံများ၏ အမည်ဆိုင်းဘုတ် ကိုင်သူ စာရင်းထုတ်ပြန်

Photo: (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ပြိုင်ပွဲဝင် နိုင်ငံများ၏ အမည်ဆိုင်းဘုတ် ကိုင်သူ စာရင်းထုတ်ပြန်
Wednesday, December 11, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ၁၁- ၁၂- ၂ဝ၁၃ရက် ညနေ ၅ နာရီခွဲ မှစ၍ စတင်ဖျော်ဖြေ ဖွင့်လှစ် တော့ မည်ဖြစ်ရာ အခမ်းအနားတွင် နိုင်ငံအလိုက် ကိုယ်စားပြု ဆိုင်းဘုတ်ကိုင်မည့် အမျိုးသမီး လှပျိုဖြူနှင့် စစ်ကြောင်းချီ ကျောင်းသူ ကလေးများ၏ စာရင်းကို ဖွင့်ပွဲ အခမ်းအနား ကျင်းပရေး ကော်မတီက ထုတ်ပြန်ပေးသည်။

အစီအစဉ်အရ ချီတက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးမှ မချောစုလင်း ဖြူသန့်နှင့် ကချင် ပြည်နယ် Cheers ကျောင်းသူအဖွဲ့-(ဘရူနိုင်းနိုင်ငံ)၊ ရန်ကုန်တိုင်း ဒေသကြီးမှ မယွန်းရတီမြတ် နှင့် ကယားပြည်နယ် Cheers ကျောင်းသူအဖွဲ့-(ကမ္ဘောဒီးယား နိုင်ငံ)၊ မန္တလေးတိုင်း ဒေသကြီးမှ မပိုးအိထွန်းနှင့် ကရင်ပြည်နယ် Cheers ကျောင်းသူ အဖွဲ့-(လာအို နိုင်ငံ)၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ မကြည်တြာဗိုလ်နှင့် ချင်းပြည်နယ Cheers ကျောင်းသူအဖွဲ့-(အင်ဒိုနီးရှား နိုင်ငံ)၊ ပဲခူးတိုင်း ဒေသကြီးမှ မအိစက်မွန်နှင့် မွန်ပြည်နယ် Cheers ကျောင်းသူအဖွဲ့- (မလေးရှား နိုင်ငံ)၊ တနင်္သာရီတိုင်း ဒေသကြီးမှ မဆွေဆွေ အောင်နှင့် ရခိုင်ပြည်နယ် Cheers ကျောင်းသူ အဖွဲ့-(ဖိလစ်ပိုင် နိုင်ငံ)၊ မန္တလေးတိုင်း ဒေသကြီးမှ မခင်ဦးသာနှင့် ရှမ်းပြည်နယ် Cheers ကျောင်းသူအဖွဲ့-(စင်ကာပူနိုင်ငံ)၊ ကရင်ပြည်နယ်မှ မနန်းထက်ထက် အောင်နှင့် တနင်္သာရီတိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့-(ထိုင်းနိုင်ငံ)၊ မွန်ပြည်နယ်မှ မမိကျော့ ကျော့ခိုင်နှင့် ရန်ကုန်တိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့-(တီမောလက်စ်တေ နိုင်ငံ)၊ ရန်ကုန်တိုင်း ဒေသကြီးမှ မမြတ်ကျော့ခိုင်နှင့် ရန်ကုန်တိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့- (ဗီယက်နမ်နိုင်ငံ)၊ ရန်ကုန်တိုင်း ဒေသကြီးမှ မအိန္ဒြာ သီရိကိုနှင့် ဧရာဝတီတိုင်း ဒေသကြီး Cheers ကျောင်းသူအဖွဲ့- (မြန်မာ နိုင်ငံ)တို့ ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ၁၁- ၁၂- ၂ဝ၁၃ရက် ညနေ ၅ နာရီခွဲမှစ၍ စတင်ဖျော်ဖြေ ဖွင့်လှစ် တော့မည်ဖြစ်ရာ အခမ်းအနားတွင် နိုင်ငံအလိုက် ကိုယ်စားပြု ဆိုင်း ဘုတ်ကိုင်မည့် အမျိုးသမီးလှပျိုဖြူနှင့် စစ်ကြောင်းချီ ကျောင်းသူကလေးများ၏ စာရင်းကို ဖွင့်ပွဲ အခမ်းအနား ကျင်းပရေး ကော်မတီက ထုတ်ပြန်ပေးသည်။

Sea Games ဖွင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်

Photo: Sea Games ဖွင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်
Wednesday, 11 December 2013

ဒီဇင်ဘာ ၁၁ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်မည့် Sea Games ပြိုင်ပွဲကြီး ၊ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၅ နာရီအတိမှာ စတင်ဖွင့်လှစ် ကျင်းပ သွားမည် ဖြစ်ပါသည်။

ပြည်တွင်းမှ အားပေး ကြည့်ရှုမည့် မိဘပြည်သူများ အတွက် မြဝတီ TV Channel များဖြစ်သော MWD Channel ၊ MWD Variety Channel ၊ MWD Documentary Channel ၊ MWD Musice Channel တို့မှ တိုက်ရိုက် Live ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး ပြည်ပမှ မိတ်ဆွေ အားလုံးအတွက်လည်း အင်တာနက်/ အွန်လိုင်းမှ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အင်တာနက်/ အွန်လိုင်းမှ ကြည့်ရှုရန်အတွက် Vlc Player ရှိရန်နှင့် အောက်ပါအတိုင်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။

Vlcplayer ကိုဖွင့်ပါ။

Media > Open Network Stream > URL တွင် http://www.myawaddy.net.mm/mwdlive ရိုက်ထည့်၍ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့(ယနေ့)တွင် ကျင်းပပြုလုပ်မည့် Sea Games ပြိုင်ပွဲကြီး၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅ နာရီအတိမှာ စတင်ဖွင့်လှစ် ကျင်းပသွားမည် ဖြစ်ပါသည်။

ဆီးဂိမ်း သတင်းယူမည့် အားကစားဓာတ်ပုံ ဆရာများကို Canon က ကင်မရာများ အခမဲ့ ငှားမည်

Photo: ဆီးဂိမ်း သတင်းယူမည့် အားကစားဓာတ်ပုံ ဆရာများကို Canon က ကင်မရာများ အခမဲ့ ငှားမည်
Wednesday, 11 December 2013

နေပြည်တော် ဆီးဂိမ်း သတင်းယူမည့် ပြည်တွင်း၊ ပြည်ပ အားကစား ဓာတ်ပုံ ဆရာများကို Canon ကုမ္ပဏီမှ ကင်မရာနှင့် မှန်ဘီလူး အမျိုးမျိုးကို MPC တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ စတင်၍ အခမဲ့ ငှားရမ်း ပေးမည် ဖြစ်ကြောင်း Canon Service ဌာန တာဝန်ခံ ဦးကျော်ကိုကိုမြင့် က ပြောကြားခဲ့သည်။

''ဒီကို လာမယ့် နိုင်ငံခြားသား မီဒီယာတွေ များတယ်လေ၊ သူတို့က ပစ္စည်း အပြည့်အစုံ သယ်လာဖို့ ခက် တယ်။ ဒီမှာ Canon နဲ့ သက်ဆိုင်တဲ့ ဝန်ဆောင် မှုတွေကို မီဒီယာ အားလုံးကို အခမဲ့ လုပ်ဆောင်ပေး မယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အားကစား ဓာတ်ပုံ ဆရာများကို EOS Professional Camera မျိုးစုံနှင့် အဝေးကို ဆွဲရိုက်နိုင်သော မှန်ဘီ လူး (Tele Lens) အကျယ်ချဲ့နိုင်သော မှန်ဘီလူး (Wide Lens) များ စသည့် ပစ္စည်းများကိုလည်း Canon ကုမ္ပဏီမှ အခမဲ့ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။

ယင်းအပြင် Canon ကင်မရာ အသေးစား ပြဿနာများ ကိုလည်း (MPC) ၏ Journalist Wor- king Room တွင် ဒီဇင်ဘာ ၁ဝ ရက်နေ့မှ စတင်ကာ တစ်ရက်အတွင်း ပြင်ဆင်ပေးသွားမည် ဖြစ်ပြီး ပြင်ဆင် နေစဉ်တွင် အခြားဘော်ဒီ တစ်လုံးကို အစားထိုး ငှားရမ်းသွားမည် ဖြစ်ကြောင်း၊ ငှားရမ်းခဲ့သော Canon ပစ္စည်းတစ်ခု ပျက်စီး ဆုံးရှုံး ခဲ့လျှင် တန်ဖိုးအတိုင်း ပေးလျော်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
နေပြည်တော် ဆီးဂိမ်း သတင်းယူမည့် ပြည်တွင်း၊ ပြည်ပ အားကစား ဓာတ်ပုံ ဆရာများကို Canon ကုမ္ပဏီမှ ကင်မရာနှင့် မှန်ဘီလူး အမျိုးမျိုးကို MPC တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ စတင်၍ အခမဲ့ ငှားရမ်း ပေးမည် ဖြစ်ကြောင်း Canon Service ဌာန တာဝန်ခံ ဦးကျော်ကိုကိုမြင့် က ပြောကြားခဲ့သည်။

အမျိုးသားမီတာ ၁၀၀၀ လေးယောက်တွဲ ကယက်လှေလှော်ပြိုင်ပွဲတွင် ထိုင်းအမျိုးသား အသင်း ရွှေ တံဆိပ်ဆု ရရှိ




(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်၏ ကနူး/ ကယက် လှေပြိုင်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်က နေပြည်တော်ရှိ ငလိုက်ဆည်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားမီတာ ၁၀၀၀ လေးယောက်တွဲ ကယက် လှေလှော်ပြိုင်ပွဲတွင် ထိုင်းအမျိုးသားအသင်းမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးဘောလုံးပွဲကျင်းပမည့် မန္တလာသီရိ အားကစားကွင်းအနီး ပေါက်ကွဲမှုဖြစ်

၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပမည့် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းအနီး ဒီဇင်ဘာ ၉ ရက်က ဓာတ်ငွေ့အိုး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ခြင်းကြောင့် Sea Games တံဆိပ် မိုးပျံပူ ဖောင်းကို ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဖြည့်ရာမှ ဓာတ်ငွေ့အိုးအောက်ခြေ ပွင့်ထွက်ကာ ပေါက် ကွဲမှု ဖြစ်ပေါ် ခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲဖြစ်

လူ့အခွင့်အရေး အပြည့်အ၀ရသည်အထိ လှုပ်ရှားဆောင်ရွက်သွားမည်ဟု ဆို

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေဆဲဖြစ်သည့်အတွက် လူ့အခွင့်အရေး အပြည့်အ ၀ရသည်အထိ လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက် သော ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် လူထုအခြေပြု အဖွဲ့ အစည်း များမှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

ဒေသတွင်းပြဿနာများအပေါ် ထိပ်တိုက် ရင်ဆိုင်မည့်အစား ယုံကြည်မှုတည်ဆောက် ဖြေရှင်းကြရန် အာဆီယံဖိုရမ်တွင် ဆွေးနွေး

အာဆီယံဒေသတွင်းနိုင်ငံများ ပြဿနာတစ်ရပ်ဖြစ်ပေါ်ပါက ထိပ်တိုက်ရင်ဆိုင်မည့်အစား ယုံကြည်မှုကို အခြေခံပြီး သံတမန်နည်းလမ်းများအရ ဖြေရှင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။

စာချုပ်နဲ့ ကတိပြုရင် မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်းမယ်လို့ ပြော

စာချုပ်နဲ့ ကတိပြုရင် မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်းမယ်လို့ ပြော
Wednesday, December 11, 2013

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေက အချိန်တစ်ခုအတွင်း ဒီမြေနေရာကိစ္စကို ဖြေရှင်းပေးမယ်လို့ စာချုပ်ချုပ်ဆိုပြီး ကတိပေးမယ်ဆိုရင် မိကျောင်းကန် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြောပါတယ်။

မိကျောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ မြေနေရာအရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ဦးအောင်သိန်လင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ၀င်ရောက်ဖြေရှင်းပေးနေပေမယ့် အောင်မြင်မှုမရှိသေးပါဘူး။

ဆန္ဒပြသူတွေအနေနဲ့ သူတို့ဖက်က တိကျတဲ့အဖြေတစ်ခုကိုရရှိမှသာ ဒီသပိတ်စခန်းကို ရုပ်သိမ်းမှာဖြစ်တယ်လို့ သပိတ်စခန်းဖွင့် ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးဝင်းက RFA ကိုပြောပါတယ်။

“ကြားချပေးမယ့် အဖွဲ့တွေပေါ့နော်၊ အဲအဖွဲ့တွေနဲ့လည်း ကျနော်တို့ကနေပြီးတော့ ကျနော်တို့ရဲ့ ဘယ်လိုဖြစ်နိုင်သလဲဆိုတဲ့ ကော်မတီကို ဆွေးနွေးခိုင်းတယ်၊ ဆွေးနွေးပြီးတော့ ကျနော်တို့တွေက ထုတ်ပြန်တဲ့အဖြေကို သူတို့ဆီကတောင်းပါတယ်၊ ကျနော်တို့ကလေ သူတို့ဆီက စုံစမ်းနေပါပြီ ဘယ်အထိကို စုံစမ်းပေးပါမယ်ဆိုတဲ့ အတိုင်းအတာပေါ့နော်၊ အဲလိုအတိုင်းအတာရမှ ကျနော်တို့က ရုပ်သိမ်းပေးမှာပါ”

အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပနေတဲ့ကာလ ဖြစ်တာကြောင့် မိကျောင်းကန်သပိတ်စခန်းကို ယာယီရုတ်သိမ်းပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေတ္တာရပ်ခံထားသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တပ်မြို့ စည်ပင်သာယာရေးအဖွဲ့က သပိတ်စခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ညနေ နောက်ဆုံးထား ရုတ်သိမ်းပေးဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း သပိတ်စခန်းဖွင့် ဆန္ဒပြသူတွေနဲ့ သပိတ်စခန်းအနီး မြစာရံအေးစေတီကို ခြံဝင်းခတ်ဖို့ကြိုးစားသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

RFA
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေက အချိန်တစ်ခုအတွင်း ဒီမြေနေရာကိစ္စကို ဖြေရှင်းပေးမယ်လို့ စာချုပ်ချုပ်ဆိုပြီး ကတိပေးမယ်ဆိုရင် မိကျောင်းကန် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြောပါတယ်။

မုန်တိုင်းသတင်း သတိပေးချက်

ဆိုင်ကလုန်းမုန်တိုင်း " မဒီ " ၏ လက်ရှိ အခြေအနေ မှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မုန်တိုင်း အန္တရာယ် ကြိုတင် သတိပြုရန် လိုအပ်

နေပြည်တော် ၊ ၁၁-၁၂-၂၀၁၃

ယနေ့ညနေ ၅ နာရီခွဲ အချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်း သည့် ဆိုင်ကလုန်း မုန်တိုင်း ''မဒီ'' ( Madi ) သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့မြောက် ဘက်(၃၂၅) မိုင်ခန့် ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ ၏ အနောက် - အနောက် မြောက်ဘက် (၄၈၅)မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြု နေပါသည်။

ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ

ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ
Wednesday, December 11, 2013

မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်း ၀န်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။
ယင်းကဲ့သို့ ဘုရားဖူး ဧည့်သည်များ အများအပြား လာရောက်ဖူးမြော်သည့် နေ့များတွင် ကျိုက်ထီးရိုး စေတီတော် ပရိဝုဏ်အတွင်း ရှိနေသည့် တည်းခိုခန်းများ၊ ဟိုတယ်များတွင် အခန်းလုံလောက်မှု မရှိခြင်းကြောင့် ဘုရားဖူးဧည့်သည် အများအပြားမှာ ရင်ပြင်တော်ပေါ်တွင်သာ အိပ်စက်အနားယူ နေရကြောင်း တွေ့ရှိရသည်။
အဆိုပါကဲ့သို့ ဘုရားဖူးဧည့်သည် အများအပြား လာရောက်နေသည့် နေ့များတွင် လူစုကွဲမှုနှင့် လူပျောက်မှုများ နေ့စဉ်အကြိမ်အရေအတွက် ၁၀၀ ၀န်းကျင်ခန့် ဖြစ်ပွားနေကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။

"အခု ဘုရားဖူး ကာလမှာ နေ့စဉ်ဘုရားဖူး ဧည့်သည်တွေ နည်းသွားတယ်ဆိုတာ မရှိဘူး။ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေနေ့မျိုးတွေဆိုရင် တစ်နေ့ကို ဘုရားဖူးဧည့်သည် သိန်းဂဏန်း ၀န်းကျင်လောက် လာကြတယ်။ ဒီလို ဘုရားဖူးဧည့်သည်တွေ များတဲ့အတွက် လူစုကွဲမှုတွေ၊ လူပျောက်မှုတွေ တစ်နေ့ကို အနည်းဆုံး အကြိမ်အရေအတွက် ၃၀ ကနေ ၁၀၀ အထိ ဖြစ်ပွားနေပါတယ်။ အဲဒီလို လူစုကွဲသွားတဲ့ အခါကျရင် ကျွန်တော်တို့ကို အကြောင်းကြားဖို့ လိုတယ်။ ကျွန်တော်တို့က အသံချဲ့စက်ကနေတစ်ဆင့် ကူညီပေးနေတယ်။ အားလုံးကိုလည်း ပြန်ပြီးတော့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ဒီလို ဘုရားဖူးများတဲ့ ကာလမှာလည်း လူစုမကွဲဖို့ကို သတိထားဖို့ လိုသလို မိမိရဲ့ တန်ဖိုးကြီးတဲ့ပစ္စည်း၊ ပိုက်ဆံတွေကိုလည်း သတိထားပြီး သွားလာဖို့ လိုပါတယ်" ဟု ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ရှိ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ ကိုစောထွန်းဝင်းက ပြောကြားသည်။

ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တွင် အိပ်စက်ပြီး ဘုရားဖူးခဲ့သူ ကိုမောင်ဇော်က "ကျွန်တော်တို့က ၀န်ထမ်းတွေဆိုတော့ သောကြာနေ့ညမှာ ထွက်လာခဲ့တယ်။ စနေနေ့မနက် အစောကြီးမှာ ဘုရားပေါ် ရောက်တယ်။ အခမဲ့ တည်းခိုခွင့် ရှိတဲ့နေရာတွေ၊ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ အခန်းတွေ အားလုံးပြည့်နေတယ်။ ထမင်းဆိုင်တွေမှာလည်း တည်းခိုဖို့က အရမ်းဈေးကြီးနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မိသားစုက ရင်ပြင်တော်မှာပဲ အိပ်စက်အနားယူပြီးတော့ ဘုရားဖူးခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကျိုက်ထီးရိုး စေတီတော်မှတစ်ဆင့် ကျီးကန်းပါးစပ်ဂူတစ်ဝိုက်၊ မုဆိုးတောင်ဝန်းကျင်၊ ရသေ့တောင်တစ်ဝိုက် ကျောက်ထပ်ကြီးဝန်းကျင်၊ ရေတံခွန် စသည့်နေရာများအား သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းက ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေမှု (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Eleven Media Group
မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်း ၀န်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ပြောကြား

လက်ရှိအသုံးပြုနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုယ်တိုင်ကိုက လူ့အခွင့်အရေး ချိုးဖောက်မှု များ ရှိနေသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) အမှုဆောင် ဒါရိုက်တာ ဦးမြင့်အေး က ပြောကြားသည်။

မြန်မာနိုင်ငံ ကျန်းမာရေးစနစ် တိုးတက်ဖို့ ဒေါ်စု ထောက်ပြ

Photo: မြန်မာနိုင်ငံ ကျန်းမာရေးစနစ် တိုးတက်ဖို့ ဒေါ်စု ထောက်ပြ 
Wednesday, December 11, 2013

 မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အကြောင်း ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျန်းမာရေး ညီလာခံအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက် အဓိကကျတဲ့ ကိစ္စတခုအဖြစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကဏ္ဍမှာ တိုးတက်ဖို့ အထူးသဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုတွေ ရရှိဖို့ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့တာပါ။

ဒိုဟာညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တာတွေကိုတော့ မအင်းကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ အင်္ဂါနေ့က စတင်ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဆိုသွားပါတယ်။ ကျန်းမာရေးမှာ စိတ်ဓာတ်ရေးရာအပိုင်းကို အာရုံစိုက်ဖို့ လိုအပ်တဲ့အကြောင်း သူက အဓိက ပြောသွားတာပါ။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်တဲ့စနစ်မှာ စံနှုန်းတန်ဖိုးတွေက ပိုပြီး အရေးကြီးတာကြောင့် မြန်မာနိုင်ငံမှာလည်း ဒီအတိုင်း ပုံဖော် ဆောင်ရွက်ချင်ကြောင်း သူက အခုလို ပြောပါတယ်။

“ကျန်းမာရေးစနစ်အတွက် အလွန်အမင်း ချမ်းသာကြွယ်ဝမှုအပေါ် အခြေမခံဘဲ စံတန်ဘိုးတွေအပေါ်မှာ မူတည်ပြီး ကျမအနေနဲ့ ပုံသွင်းချင်ပါတယ်။ ဒီစံတန်ဘိုးတွေကိုလည်း အမြင့်ဆုံး ဖြစ်စေချင်ပါတယ်။ Lord Darzi ပြောသွားသလိုပါပဲ တီထွင်ဆန်းသစ်မှုတွေ ဆိုတာက ပိုကောင်းတဲ့ စံတန်ဘိုး အသစ်တွေပါ။ ဒီအတိုင်းပဲ ကျမအနေနဲ့လည်း မြင်တွေ့ချင်ပါတယ်။”

ကာတာနိုင်ငံလို ကြွယ်ဝတဲ့ တိုင်းပြည်က ကျန်းမာရေးစနစ်နဲ့ နှိုင်းယှဉ်ပြီး
ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံလို အရင်းအမြစ် ကြွယ်ဝတဲ့နိုင်ငံမှာ ချမ်းသာမှုတွေအပေါ် အခြေခံပြီး ဆောင်ရွက်တာမျိုးထက် လိုအပ်ချက်တွေကို ဦးစားပေး ဆောင်ရွက်တာတွေကို ဦးတည်တာမျိုး ဖြစ်စေချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ၂ ခုလုံးဟာ အရေးပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့တာပါ။

“နောက်ဆုံးမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ရှောက်တာပါ။ ဒီနေ့မနက်ပိုင်းမှာ ဆွေးနွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စမှာဆိုရင် စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုလုံးကို တခုချင်းစီ ခွဲပြီးမကြည့်ဘဲ နှစ်ခုစလုံး တပြိုင်တည်း ကြည့်ဖို့အတွက် ဆွေးနွေးခဲ့တာပါ။”

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးဖို့ ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစပြီး ကျမတို့ ကြိုးစားပြီး တတ်နိုင်သလောက် ကူညီစောင့်ရှောက်တာကို ကျမ သတိရမိတယ်။ ဆေးဝါးကုသဖို့ ထောက်ပံ့တာ၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျမတို့ နှစ်မျိုးလုံး အကူအညီတွေ ပေးခဲ့ပါတယ်။ အဲဒီမှာ ကျမတို့ အခက်အခဲ တွေ့တာက ကျန်းမာရေးဆိုင်ရာ အကူအညီပေးတာကို သူတို့ လက်ခံဖို့ဆိုတဲ့ အချက်ပါ။ ဒါကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးနဲ့မဆို ချိတ်ဆက်နေတဲ့ လူမှုရေးအမည်းစက်တခုလို သဘောထားတာကြောင့် အဲဒါကို လက်မခံဘဲ ငြင်းဆန်တဲ့ အနေအထားမျိုး သူတို့ကို ရောက်နေစေပါတယ်။”

ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ World Innovation Summit for Health ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံကို နိုင်ငံတကာက အစိုးရခေါင်းဆောင်တွေ၊ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်နေကြပါတယ်။ ဒီညီလာခံကို Qatar Foundation ရဲ့ဥက္ကဌ ကာတာ စော်ဘွားကတော် Sheikha Moza bint Nasser က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

ဒီကမ္ဘာ့ကျန်းမာရေး ထိပ်သီးညီလာခံကို ၂၀၁၂ ခုနှစ် သြဂုတ်လမှာ Imperial College နဲ့ Qatar Foundation တို့ကနေ ပူးပေါင်းပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စတင် ကျင်းပခဲ့တာပါ။ မကူးစက်နိုင်တဲ့ရောဂါနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် စတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမြှင့်တင်နိုင်ဖို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နယ်ပယ်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေက တက်ရောက် ဆွေးနွေးခဲ့ကြပါ တယ်။

အင်ကြင်းနိုင် (ဗွီအိုအေ)
မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ အကြောင်း ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျန်းမာရေး ညီလာခံအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မန်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

Photo: မန်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကျင်းပ 
Wednesday, December 11, 2013

အသားရောင်ခွဲခြားမှု ဆန့်ကျင်လှုပ်ရှားရာမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာတ၀ှမ်းက ခေါင်းဆောင်တွေ ဒီကနေ့ပဲ တက်ရောက် စကားပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက်ခဲ့သူ တဦးအဖြစ်နဲ့လည်း မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်အာဖရိက
ခေါင်းဆောင်ဟောင်းအပေါ် အောက်မေ့ သတိရနေကြတာပါ။ Nelson Mandela အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေတဲ့ အခြေအနေတွေကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ကို နောက်ဆုံးအကြိမ်အဖြစ် ဂုဏ်ပြုဖို့ ချမ်းအေးလွန်းလှတဲ့ ရာသီဥတုအောက်မှာ ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပခဲ့တဲ့ Johannesburg မြို့က အားကစားရုံတ၀ိုက်မှာ မနက်လင်းအားကြီး အချိန်လောက်ကတည်းက တန်းစီစောင့်ဆိုင်းခဲ့ကြသလို၊ အခမ်းအနားမှာတော့ အောက်မေ့ဖွယ် တေးသီချင်းတွေသီဆို၊ ဂုဏ်ပြုစကားတွေနဲ့ ကျင်းပနေကြတာပါ။

Johannesburg မြို့က အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်ပေါင်း ၈၀ ကျော်ထဲက အမေရိကန်သမ္မတ Barack Obama ကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်းရဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေကို ချီးကျူးစကား ပြောဆိုသွားပါတယ်။

“ပြန်လည်သင့်မြတ်ရေးဆိုတာဟာ ကြမ်းကြုတ်လှတဲ့ အတိတ်ကို လျစ်လျူရှုဖို့ မဟုတ်ဘဲ အားလုံးပါဝင်နိုင်ဖို့၊ ရက်ရောဖို့နဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ ဖြစ်တယ်ဆိုတာ ကျနော်တို့ကို ပြသသင်ကြားပေးခဲ့တဲ့သူပါ။ ဥပဒေတွေကို ပြင်ဆင်ရုံတင်မကဘဲ သူဟာ နှလုံးသားတွေကိုပါ ပြောင်းလဲအောင် လုပ်ခဲ့သူပါ။ သူကွယ်လွန်ခဲ့တာဟာ တောင်အာဖရိက နိုင်ငံသားတွေသာမက ကမ္ဘာတ၀ှမ်းက သူ့ကို လေးစားအားကျခဲ့သူတွေအတွက်ပါ ၀မ်းနည်းရမယ့် အခါသမယ ဖြစ်သလို၊ သူရဲကောင်းဆန်တဲ့ သူ့ဘ၀အတွက် အောင်ပွဲခံရမယ့် အချိန်လည်း ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုက သမ္မတ အိုဘားမား သာမက၊ သမ္မတဟောင်း George W. Bush၊ သမ္မတဟောင်း Bill Clinton နဲ့ Jimmer Carter လည်း အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာခဲ့ကြသလို၊ ဗြိတိန်ဝန်ကြီးချုပ် David Cameron၊ ပြင်သစ်သမ္မတ Francois Hollande၊ ဘရားဇီးသမ္မတ Dilma Roussef၊ ကျူးဘားသမ္မတ Raul Castro တို့လို နိုင်ငံရေး အယူအဆ မတူကွဲပြားသူပေါင်းစုံ တက်ရောက်ပြီး အမှတ်တရမိန့်ခွန်းတွေ ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်း ကွယ်လွန်သွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

“တောင်အာဖရိကအနေနဲ့ သူရဲကောင်းတစ်ယောက် ဆုံးရှုံးခဲ့သလို၊ ဖခင်တစ်ယောက် ဆုံးရှုံးရတာလည်း ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက် ဆရာကောင်းတစ်ယောက် ဆုံးရှုံးရတာပါ။ Nelson Mandela ဟာ ကျနော်တို့ခေတ်အတွက် အကြီးမားဆုံးခေါင်းဆောင်တစ်ဦး ဖြစ်ရုံသာမက အကြီးမားဆုံး ဆရာတဆူလည်း ဖြစ်ပါတယ်။”

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ဟာ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်လှုပ်ရှားရင်း ထောင်ဒဏ် ၂၇ နှစ် အကျဉ်းကျခံခဲ့ရသလို၊ နောက်ပိုင်း ထောင်ကလွတ်မြောက်လာချိန်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတတဦးလည်း ဖြစ်လာခဲ့တာပါ။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက် ဆောင်ရွက်ခဲ့သူတဦးအဖြစ်နဲ့လည်း တောင်အာဖရိကရောက် ဒေါက်တာသိန်းဝင်းတို့လို မြန်မာ့အရေး လှုပ်ရှားသူတွေက အမှတ်ရနေကြတာပါ။

“တောင်အာဖရိကမှာလို မန်ဒဲလား နဲ့ ဒီကလပ် တို့ လုပ်ခဲ့သလို ဖြစ်လာဖို့အတွက် အဲ့ဒီအချိန်မှာ သမ္မတ မန်ဒဲလားက Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောသွားတယ်ပေါ့ မြန်မာပြည်နဲ့ပတ်သက်လို့။ အခုအချိန်မှာတော့ လက်ရှိ မြန်မာအစိုးရဟာ Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်လုပ်ဖို့ အချိန်တန်ပြီဆိုတာကို စိတ်ထဲမှာ ခံစားမိတယ်ပေါ့နော်။”

ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်းရဲ့ ဈာပနအခမ်းအနားကိုတော့ သူငယ်စဉ်ဘ၀က နေထိုင်ခဲ့ရာ Qunu ကျေးရွာမှာ ၁၅ ရက်နေ့ကျရင် မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

မဆုမွန် (ဗွီအိုအေ)
အသားရောင်ခွဲခြားမှု ဆန့်ကျင်လှုပ်ရှားရာမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ေ ဟာင်း Nelson Mandela အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာတ၀ှမ်းက ခေါင်းဆောင်တွေ ဒီကနေ့ပဲ တက်ရောက် စကားပြောကြပါတယ်။