
စနေည ပရီးမီးယားလိဂ် ပွဲစဉ်တွေကတော့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်က မိနစ်(၂၀)အတွင်း (၄)ဂိုးပေးခဲ့ရပြီး ပွဲပြီးရလဒ် (၅-၁)ဂိုးနဲ့ ရှုံးနိမ်ခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ကဆင်းပေးခဲ့ရုံသာမက နှစ်(၅၀)အတွင်း ပရီးမီးယားလိဂ်မှာ လီဗာပူးကို အဆိုးရွားဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။








