ထိုင်း နယ်မြေ တွင်း သို့ တရား မဝင် ဝင်ရောက် ပြီး အဖိုးတန် သစ်များ ခုတ်ယူ ရန် ကြံစည် သည့် ကမ္ဘောဒီးယား ရွာသား ၁၅ ဦး ကို ထိုင်း စစ်သား များ က သောကြာနေ့ တွင် ပစ်သတ် ခဲ့သည်ဟု ကမ္ဘောဒီးယား တပ်မတော် က စွပ်စွဲ ပြောကြား လိုက်ကြောင်း CNA သတင်း တွင် ဖော်ပြ ထားသည်။ သစ်ခုတ် သမားများ ကို ထိုင်း တပ်မတော် က ပစ်သတ် သည်ဟု ကမ္ဘောဒီးယား က စွပ်စွဲ ပြောကြား ခဲ့သော်လည်း ထိုင်း အရာရှိ များ က ၎င်း သတင်း ကို ငြင်းဆို ထားသည်။
Sunday, March 16, 2014
မိတ္ထီလာမြို့မ ဈေးပတ်လည် သုံးတန် အထက်ယာဉ် ဝင်ခွင့် ပိတ်မည်
မိတ္ထီလာမြို့မ ဈေးကြီး၏ ဈေးပတ်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် မီးဘေးအန္တာရယ် ကင်း ရှင်းရေး တို့ အတွက် မတ်လ ၂၀ ရက်နေ့မှစ၍ သုံးတန်နှင့် သုံးတန်အထက် ကုန်တင်ယာဉ်များ ယာဉ်ဝင်ခွင့် ပိတ်မည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် ယာဉ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောကြားသည်။
စိတ်ကြွရူးသွပ်ဆေးပြား သိန်းနှစ်ထောင်ကျော်ဖိုး ဖမ်းဆီးရမိ
လားရှိုးမြို့တွင် မူးယစ်တပ်ဖွဲ့စု(၂၄)မှတပ်ဖွဲ့ဝင်များသည် မူးယစ်သတင်းအရ ဟိုပိတ်အေးရှားဝေါလ် တိုးဂိတ် တွင် ယာဉ်အမှတ်DD/—–NISSAN AD VAN၏ ကြမ်းခင်းခြေနင်းအတွင်းမှ ကျပ်သိန်းနှစ်ထောင် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများကို မတ်၁၃ရက်တွင် ဖမ်းဆီးရကြောင်း သိရရှိသည်။
ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ် အချင်းချင်းပြေလည်၍ အမှုဖွင့်ခြင်းမရှိ
လားရှိုးမြို့တွင် ရပ်ကွက်(၃)လမ်းဆုံတစ်ခုတွင် ယာဉ်သုံးစီးဆင့်တိုက်မှု မတ်၁၄ရက်နံနက် ဆယ်နာရီခွဲခန့် တွင်ဖြစ်ခဲ့သည်။
ခရိုင်းမီးယား ဆိုင်ရာ ဆုံးဖြတ်ချက် ရုရှားဗီတိုသုံး ပယ်ချ

ယူကရိန်းနိုင်ငံ၊ ခရိုင်းမီးယားဒေသမှာ တနင်္ဂနွေနေ့ကျရင်လုပ်မယ့် လူထုဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ် မပြုဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ကို ရုရှားနိုင်ငံက ဗီတိုသုံး ပယ်ချလိုက်ပါတယ်။
ပျောက်ဆုံးလေယာဉ် အချက်ပေးစံနစ် တမင်ပိတ်တာဖြစ်နိုင်ဟု မလေးရှား ဝန်ကြီးချုပ်ဆို

ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၂၃၉ ယောက်ပါသွားတဲ့ လေယာဉ်ပျံရဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပျံသန်းမှု အချက်ပေးစက်ကို တယောက်ယောက်က တမင်သက်သက် ပိတ်လိုက်တာ သေချာသလောက်ရှိသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး

EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht
EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht ဟာ မြန်မာနိုင်ငံကို ရှေ့သီ တင်းပါတ် ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ် အတွင်း EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။
ယာဉ်မောင်း အလုပ်လာလျှောက်သူ အများအပြား နင်းမိသေဆုံး

နိုင်ဂျီးရီးယား နိုင်ငံက မြို့ကြီး တချို့မှာ အစိုးရရဲ့ ယာဉ်မောင်း အလုပ်အကိုင်နေရာချထား အစီအစဉ်မှာ လာရောက် လျှောက်ထားသူ အများအပြား တယောက်နဲ့တယောက် နင်းမိကုန်တာကြောင့် လူအတော်များ များ သေဆုံးကာ ဆယ်ဂဏန်းနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး ကွန်ဒိုမီနီယံ ကုမ္ပဏီ ရန်ကုန်၌ ကွန်ဒိုဖွင့်မည်
ကမ္ဘာ့အကြီးဆုံး အဆင့်မြင့် ကွန်ဒိုမီနီယံနှင့် အိမ်ရာစီမံခန့်ခွဲမှု ကုမ္ပဏီ The Ascott Ltd. က ၎င်းတို့၏ မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ကိုင်မည့် အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်းကို ရန်ကုန်မြို့၌ ၂၀၁၈ ခုနှစ်တွင် အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း The Ascott Ltd. မှ အမှုဆောင် အရာရှိချုပ် Lee Chee Koon က ဆိုသည်။
သီလဝါ အများပိုင် ရှယ်ယာ ခုနစ်သိန်းခန့် အဆိုပြုလွှာ လက်ခံ ရရှိထားဟုဆို
မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ (MTSH) ၏ အစုရှယ်ယာ များကို ယခုနှစ် မတ်လ ၃ ရက်နေ့က စတင် ရောင်းချချိန်မှ စပြီး မတ်လ ၁၃ ရက်နေ့အထိ ဝယ်ယူရန် အဆိုပြုသည့် ရှယ်ယာပေါင်း ခုနစ်သိန်းခန့် ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။
မြန်မာအမျိုးသမီး ၃၀,၀၀၀ ကို အော်ရီဒူးက ပြည်တွင်း၌သာ သင်တန်းပေးမည်
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိထားသော အော်ရီဒူး၏ Women အစီအစဉ်အရမန်မာ အမျိုးသမီး ၃၀,၀၀၀ ကို မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု ရောင်းချရေး လေ့ကျင့် သင်တန်းကို ပြည်တွင်း၌သာ ပြုလုပ်သွား မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန် ပြောဆိုသည်။
မြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာ မဆောက်ရန် ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့တွင် ဆန္ဒပြ

ဧရာဝတီမြစ်ဆုံနှင့် သံလွင်မြစ်အတွင်း ရေကာတာများ မဆောက်ရန် နိုင်ငံတကာက ကမ္ဘာ့မြစ်ချောင်း ထိန်းသိမ်းရေးနေ့ အဖြစ် အသိအမှတ် ပြုထားသော မတ်လ ၁၅ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒ ထုတ်ဖော် မှုကို ဦးဆောင်ခဲ့သူ များက ပြောကြားသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ပြည်ခိုင်ဖြိုးပါတီနှင့် အတိုက်အခံ NLD ပါတီ အပါအ၀င်နိုင်ငံရေး ပါတီအများစု ၀င်ရောက် ယှဉ်ပြိုင်သွားမည်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်မည်ဆိုပါက အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပါအ၀င် နိုင်ငံရေးပါတီအများစု ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသူဟု ယူဆရသည့် အမျိုးသမီးအိမ်အကူတစ်ဦး စင်ကာပူနိုင်ငံတွင် သေဆုံးလျက်တွေ့ရှိ
မြန်မာနိုင်ငံသူ အိမ်အကူတစ်ဦးဟု ယူဆရသည့် အမျိုးသမီးတစ်ဦး အလောင်းအား စင်ကာပူနိုင်ငံ ဘီရှန်ရပ်ကွက်၌ မတ် ၁၃ ရက် ညပိုင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် Channel News Asia သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခံရပြီး လမ်းကြောင်းပြောင်းလျက် ၇ နာရီကြာ ခြေရာဖျောက် ပျံသန်းခဲ့ဖွယ်ရှိသော်လည်း ပြန်ပေးဆွဲခံရဟု မလေးရှားဝန်ကြီးချုပ် အတည်မပြုခဲ့

မလေးရှားလေယာဉ်မှ ခရီးသည်များ ဘေးကင်းစေကြောင်း ဆုတောင်းသည့်စာကို ကိုင်ဆောင်ထားသော အင်ဒိုနီးရှားကျောင်းသူ တစ်ဦး
ပြီးခဲ့သည့် မတ် ၈ ရက်က ပျောက်ဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်း လေယာဉ်၏ ဆက်သွယ်ရေးစနစ် ကို လေယာဉ်ပေါ်ရှိ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လေယာဉ်သည် ရေဒါမှ ပျောက်သွားခဲ့ပြီးနောက် ၇ နာရီခန့်အထိ ကြာအောင် ပျံသန်းခဲ့ဖွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်က မတ် ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရွှေတိဂုံစေတီတော်၏ ၂၆၀၂ နှစ်မြောက် တပေါင်းလပြည့်နေ့တွင် ပဋ္ဌာန်းရေစင် ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကား

တပေါင်းလပြည့်နေ့တွင် သံဃာတော်အပါး ၁၂၀ မှ ၁၀ ရက်တိုင် ရွတ်ဖတ် ပူဇော်ထားသည့် ပဋ္ဌာန်းရေစင်ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကားနေသည်ကိုတွေ့ရစဉ်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၀၂ နှစ်မြောက် တပေါင်းလပြည့်နေ့တွင် သံဃာတော်အပါး ၁၂၀ မှ ၁၀ ရက် တိုင် ရွတ်ဖတ်ပူဇော်ထားသည့် ပဋ္ဌာန်းရေစင် ယူဆောင်မည့် ဘုရားဖူးပရိသတ်များစွာဖြင့် စည်ကား ခဲ့ကြောင်း သိရသည်။
တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား ရာဂဏန်းဝန်းကျင်မှ ၎င်းတို့အား ကယ်တင်ရန် ရဲတပ်ဖွဲ့သို့ ဆက်သွယ်

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မတ် ၁၂ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ တွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့ကို ကယ်တင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆက်သွယ် အကူညီတောင်းခံထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ဌာနမှူး ရဲမှူးချုပ် စိုးမြိုင်က မတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်အတွက် တန်ဖိုးနည်းဆင်းမ်ကတ် ပြင်ပပေါက်ဈေး ကျပ်သုံးသောင်းဝန်ကျင်အောက် ကျဆင်းလာ
ပြည်ပဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချမည့်အတွက် မြန်မာ့ စီးပွားရေးေ က်ာပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများမှ ရောင်းချပေးသည့် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ် များမှာ လက်ရှိတွင် ပြင်ပပေါက်ဈေး ကျပ်သုံးသောင်း ၀န်းကျင်ခန့်သာ ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသခံများ၏ တောင်းဆိုချက်များအား လျစ်လျူရှု၍ မဆုံးဖြတ်ရန် ရခိုင်အမျိုးသားကွန်ရက် တောင်းဆို
ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထု၏ တောင်းဆိုချက်တို့အား လျစ်လျူရှု၍ ဆုံးဖြတ်သည်တို့ကို ရှောင်ရှားရန် အထူးလို အပ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်က မတ် ၁၅ ရက်က ပြုလုပ်သည့် နှစ်နှစ်ပြည့်အခမ်းအနား သဘော ထားကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းတောင်းဆိုခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ၁၀ ရာခိုင်နှုန်းနီးပါး ရှိ
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာအရ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၁၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ကြောင်း စာမေးပွဲစတင်ဖြေဆိုရသည့် မြန်မာစာနေ့မှ သင်္ချာနေ့အထိ စာမေးပွဲဖြေဆိုခဲ့သည့် စာရင်းမှတ်တမ်းများအရ သိရသည်။
ပွဲစားဖြင့် ကျောင်းအပ်ခြင်းကို တားမြစ်ရန် မကွေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ခြောက်ရာခန့် တောင်းဆို
မကွေးတက္ကသိုလ် တက်ရောက်ရန် အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ပွဲစားများမှ တစ်ဆင့် ကျောင်းအပ်နှံ နေခြင်းကို တားမြစ်ပေးရန် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ခန့်က လက်မှတ်ထိုး တောင်းဆိုလိုက်ကြောင်း ယင်းလက်မှတ်များကို ဦးဆောင် ကောက်ယူသော ကျောင်းသားတစ်ဦး ဖြစ်သည့် ကိုသူရပြည့်စုံက သတင်း မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းစဉ် ပြောကြားသည်။
ကုန်ပစ္စည်းများကို ကြော်ငြာရာတွင် အနုပညာရှင်များ တာဝန်ယူရန် အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်
နိုင်ငံတကာတွင် စားသောက်ကုန်နှင့် ပစ္စည်းများကို ကြော်ငြာရာတွင် လုပ်ငန်းရှင်များသာမက ကြော်ငြာသော အနုပညာရှင်များ၊ မော်ဒယ်လ်များပါ တာဝန်ယူရသည့် အတွက် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများကို ဖိတ်ကြား၍ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်သွားမည် ဖြစ်ကြောင်း စားသုံးသူ ကြိုတင် ကာကွယ်ရေး အသင်း (မြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။
ဥရောပသမဂ္ဂ ကုန်သွယ်ရေး အကြီးအကဲ မြန်မာသို့ ပထမဆုံး လာရောက်မည်
အရှေ့တောင်အာရှ နိုင်ငံများနှင့် ကုန်သွယ်မှု မြှင့်တင်ရန် ကြိုးပမ်းနေသော ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး ဆိုင်ရာ အကြီးအကဲ (Trade Commissioner) Mr. Karel De Gucht သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်သည်။
Saturday, March 15, 2014
MH-370 သည် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ဘက်သို့မောင်းနှင့်ခဲ့ဖွယ်ရှိ

ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ ပိုမိုကျယ်ပျံ့ခဲ့ပြီးဖြစ်သည်။
အောက်ပိုင်းသေသွားသော ရည်းစားဖြစ်သူကို သုံးနှစ်ကျော် စောင့်ရှောက် ခဲ့သည့် မိန်းကလေး မိဘများ၏ ဖိအားပေးမှုနှင့်ကြုံခဲ့ရ

၂၃နှစ်အရွယ် ယန်နာဆိုတဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူ့ရည်းစားအောက်ပိုင်းသေ သွားတာကြောင့် Suzhou မြို့က သူ့အလုပ်ကိုစွန့်ပြီး မွေးရပ်မြို့ Qionglai ကိုပြန်လာခဲ့ပါတယ်။
ရည်းစားကို ပြုစုမယ့်သူမရဲအစီအစဉ်ကို သဘောမကျတဲ့ သူ့မိဘတွေကတော့ ခေါင်းမာနေတဲ့ သူမနဲ့ သဘောတူညီလုပ်ခဲ့ပါတယ်။ သုံးနှစ်ပြည့်လို့မှ သူ့ရည်းစားကောင်လေး ယန်ဟွန်ဘိုသာ လမ်းပြန် မလျှောက်နိုင်ဘူး ဆိုရင်တော့ မိဘအိမ်ကိုပြန်လာခဲ့ဖို့ပါ။
ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ကျဖွယ်ရှိကြောင်း ကန်အရာရှိများပြော

ပျောက်ဆုံးနေဆဲ ခရီးသည် ၂၃၉ ဦးပါ မလေးရှားလေကြောင်းလိုင်းက ဂျက်လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲကို ပျက်ကျသွား ဖွယ်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါ တယ်။ လေယာဉ်ခရီးစဉ် အမှတ် ၃၇၀ ဟာ လွန်ခဲ့တဲ့သီတင်းတစ်ပတ်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာအပေါ် ခိုင်မာ တဲ့အထောက်အထားကို စုံစမ်းစစ်ဆေးသူတွေ ခုထိ မတွေ့သေးပါဘူး။
ခန့်မှန်းသုံးသပ်ချက်တွေထဲမှာတော့ ပြန်ပေးဆွဲခံရတာ၊ စက်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ချို့ယွင်းချက်ကြောင့် စတာတွေပါဝင်ပါတယ်။ လေယာဉ်ဟာ သူ့ရဲ့ မူရင်းလမ်းကြောင်းကနေ အနောက်ဘက်စွန်းစွန်း အိန္ဒိယ
EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး

EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht ဟာ မြန်မာနိုင်ငံကို ရှေ့သီတင်းပါတ်ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ်အတွင်း EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။
မစ္စတာ ဂေါ့ခ်ျဟာ မြန်မာနိုင်ငံမှာ ရောက်နေစဉ်အတွင်း အမျိုးသား စီမံကိန်းနဲ့ စီးပွါးဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးကံဇော်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို တွေ့ဆုံမှာဖြစ်သလို
မြန်မာ့ လူ့အခွင့်အရေး ကော်မရှင် ဥပဒေ လွှတ်တော် အတည်ပြု
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကနေ
အတည်ပြုပေး လိုက်ပါပြီ။ ဥပဒေကြမ်းပါ အတိုင်းဆိုရင်တော့
လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို
ကိုယ်တိုင်စုံစမ်းနိုင်တဲ့ အခွင့်အာဏာပေးထားပါတယ်။ လူ့အခွင့်အရေး
လှုပ်ရှားသူတွေ အမြင်ကတော့ ဒီအချက်ဟာ အရင်ကထက် ပိုပြီး
အားကောင်းလာတာမှန်ပေမယ့်၊ ကန့်သတ်ချက်တွေတော့ ရှိတုန်းပဲလို့
တုန့်ပြန်ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။
လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတကာ
လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတကာ
ပြည်ပရောက် မြန်မာများ သန်းခေါင်စာရင်း အတွက် စိုးရိမ်မှုရှိ
မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ယူမှုကို မတ် ၃၀ မှ ဧပြီ ၁၂ ရက်နေ့အထိ လုပ်ဆောင်မည် ဖြစ်ရာ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများနှင့် မိသားစုများသည် မြန်မာပြည် လူဦးရေနှင့် အိမ်ထောင်စု စာရင်း၌ ပါဝင်ခြင်း မရှိမည်ကို စိုးရိမ် နေကြကြောင်း သိရှိရသည်။
“တချို့လည်း သန်းခေါင်စာရင်းကိစ္စနဲ့ မြန်မာပြည်ကို ပြန်သွားတာ ရှိတယ်၊ မိသားစုဝင် အားလုံးက ထိုင်းမှာ လာရောက် အလုပ် လုပ် တော့ မြန်မာပြည်မှာ အိမ်ထောင်စု စာရင်း မဝင်မှာ စိုးလို့ ပြန်ကြတယ်”ဟု
မဟာရန်ကုန် သင်္ကြန်မဏ္ဍပ်များကို ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုဆောက်ခွင့်ပြုမည်ဖြစ်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးများ ခွင့်ပြုမည်

ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ် စုစုပေါင်း ၁၀၀ နီးပါး ခွင့်ပြုမည်ဖြစ်ရာ ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုကြောင်းနှင့် မဏ္ဍပ်အကြီးများအား ယခင်နှစ်ကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သင်္ကြန်မဏ္ဍပ် နေရာချ ထားပေးရေး ကော်မတီ၏ မတ် ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။
Subscribe to:
Posts (Atom)