လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်ဖို့က ရာသီဥတုအခြေအနေ၊ ဂျာစီအရောင်တွေနဲ့ သက်ဆိုင်တယ်လို့ စတီဖင်ဟော့ကင်းက ခန့်မှန်းသွားပါတယ်။ စတီဖင်ဟော့ကင်းဆိုတာ ၂၁ရာစုရဲ့ ဥာဏ်အကောင်းဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ သိပံ္ပပညာရှင်ဖြစ်ပါတယ်။
သူ့ရဲ့ တွက်ချက်မှုတွေအရ အပူချိန် ၅ဒီဂရီ စင်တီဂရိတ် မြင့်တက်မယ်ဆိုရင် အင်္ဂလန်အသင်း အနိုင်ရနိုင်ခြေ ၅၉ရာခိုင်နှုန်း ဆုံးရှုံးစေပြီး ဂျာစီအနီရောင် ၀တ်မယ်ဆိုရင် အင်္ဂလန်အသင်း အနိုင်ရနိုင်ခြေ ၂၀ရာခိုင်နှုန်း ပိုများစေပါသတဲ့။ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀၀မီတာအောက်မှာ ကစားရတဲ့ပွဲဆိုရင် အနိုင်ရဖို့ အခွင့်အရေး နှစ်ဆပိုများပြီး ၄-၃-၃ ကစားကွက်ကို အသုံးပြုရင် အနိုင်ရဖို့ ၅၈ ရာခိုင်နှုန်း ရှိတယ်လို့ စတီဖင်ဟော့ကင်းက ဆိုပါတယ်။


