Thursday, June 26, 2014

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကေအန်ယူနှင့် အမျိုးသမီးများအဖွဲ့ချုပ် ချင်းမိုင်တွင် ဆွေးနွေး

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ကရင်အမျိုးသားအစည်း အရုံး ကေအင်န်ယူခေါင်းဆောင် များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးလုပ်ဆောင်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကိစ္စများကို ယနေ့ ဇွန်လ ၂၅ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့သည်။ 

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် NCCT တို့ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးနောက် တစ်စုံတစ်ရာတိုးတက်မှုရှိသော်လည်း တချို့အနှစ်သာရ၊ ဝေါဟာရအပိုင်း အများကြီးဆွေးနွေးရန် လိုအပ်နေသေးကြောင်း၊ အစိုးရဘက်မှလာမည့် သြဂုတ်လတွင် အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးရေး အတွက်မသေချာသေးကြောင်း ကေအင်န်ယူဘက်မှ ဆွေးနွေးခဲ့သည်ဟုWLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောသည်။ 

ရန်ကင်းခေါင်းဖြတ် လူသတ်မှု တရားခံဘက်မှ ပြန်ခေါ်သက်သေ စစ်ပြီး အမိန့်ချမည်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သော ခေါင်းဖြတ်လူသတ်မှု အတွက် တရားခံဘက်မှ ပြန်ခေါ် သက်သေတစ်ဦးကို လာမည့် ဇွန်လ (၃၀) ရက်တွင် နောက်ဆုံးအဆင့် စစ်ဆေး၍ အမိန့်ချမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တရားရုံး မှ သိရသည်။
သေမှု ကြံရွယ်ချက်၊ လူသတ်မှု ကျူးလွန်တာကြောင့် နောက်ဆုံးအဆင့် အနေဖြင့် ပြန်ခေါ်သက်သေ ထွက်ဆိုချက်ယူမယ်။ ငြင်းရင်တော့ သက်သေ ပြန်စစ်မယ် ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တရားရုံး၊ တွဲဖက် တရားသူကြီး (၄) ဦးငြိမ်းမြင့် က ပြောသည်။ အဆိုပါ အမှုတွင် ပုဒ်မ ၃၀၂ အပိုဒ် (၁) (ခ) အရ တရားခံ ဝေယံဖြိုး (ခ) ချစ်ကို အား လက်ခံသလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းရာ ၎င်း က ငြင်းချက်မယူဘဲ လက်ခံသည်ဟု ထွက်ဆိုခဲ့ကြောင်း အဆိုပါ တရားရုံးမှ သိရ သည်။

ပြင်ဦးလွင်မြို့မဟာမုနိမျက်ရှင်တော်ဘုရားကြီး ရောင်ခြည်တော်ကွန့်မြူး

မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်မြို့နယ် ရပ်ကွက်ကြီး(၂)နယ် မြေအတွင်းရှိ သာသနဟိတဓဇ နာယကဘွဲ့ တံဆိပ်တော်ရ ရသေ့ ကြီး ဦးခန္တီတည်ထားကိုးကွယ်ခဲ့ သော မဟာမုနိမျက်ရှင်တော်ဘုရား ကြီး၏ဂန္ဓကုဋိတိုက်အပေါ်ဘုံအဆင့် စိန်ဖူးတော်မှ ရောင်ခြည်တော်များ ကွန့်မြူးဖြာထွက်နေသည်ကို ယခု လ ၁၉ ရက် ည ၈ နာရီကျော်က ရပ်ကွက်ပြည်သူတစ်ဦးတွေ့ရှိရာ ရပ်ကွက်အတွင်း သတင်းပျံ့နှံ့မှု ကြောင့် လာရောက်ဖူးမြော်သူများ နေ့စဉ်စည်ကားလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများ မီးဖွားပါက နိုင်ငံ့ဝန်ထမ်းအမျိုးသားများလည်း လစာပြည့်ခွင့် လတစ်ဝက်ရရှိမည်

ရန်ကုန်၊ ဇွန် ၂၅-နိုင်ငံဝန်ထမ်းအမျိုးသမီးများအနေဖြင့် မီးဖွားပါက လစာပြည့် ခံစား ခွင့်ကို ခြောက်လကို ရရှိမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အမျိုး သားများ အနေဖြင့်လည်း လစာပြည့် ခံစားခွင့်ဖြင့် ရက်သတ္တနှစ်ပတ်ထိ ခံစားခွင့်ရ ရှိမည်ဖြစ်ကြောင်း နိုင်ငံ ဝန်ထမ်းဥပဒေ တွင် ပြဋ္ဌာန်း ထား ကြောင်း ပြည်ထောင် စု ရာထူးဝန် အဖွဲ့၏ နိုင်ငံ့ဝန်ထမ်း ဥပဒေများ ဖော်ပြ ချက်အရ သိရသည်။
ပြည်ထောင်စုရာ ထူးဝန်အဖွဲ့ က(၂၆-၃-၂၀၁၄)ရက်စွဲဖြင့် အမိန့် ကြေညာ စာအမှတ်၁၂/ ၂၀၁၄၊ နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ရာ ယခုကဲ့သို့အမျိုးသမီး မီးဖွားခွင့်များအပြင် အမျိုးသား ပြုစု စောင့်ရှောက် ခွင့်အတွက်အခွင့်အရေး များကိုပါ အဆိုပါ ဥပဒေများတွင် ထည့်သွင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။

ဦးသိန်းစိန်၏ သုံးကြိမ်မြောက် တရုတ်ခရီးစဉ်အပေါ် သူတို့ ဘယ်လိုသုံးသပ်သလဲ

ဘေကျင်းမြို့တွင် ဇွန်လ ၂၈၊ ၂၉ရက်တို့တွင် ကျင်းပမည့် မြန်မာ-တရုတ်-အိန္ဒိယ နိုင်ငံတို့၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ၅ချက် နှစ် ၆၀ မြောက် အထိမ်းအမှတ်ညီလာခံသို့ တက်ရောက်ခြင်းဖြင့် သမ္မတဦးသိန်းစိန်၏ သုံးကြိမ်မြောက် တရုတ်ခရီးစဉ်ကို စတင်လိုက် ပြီဖြစ်သည်။
အဆိုပါ ခရီးစဉ်ကို ဇွန်လ ၂၇ရက်မှ စတင်မည်ဖြစ်ပြီး ဇွန်လ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ ယခုတစ်ကြိမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီးကျင်းဖျင်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ ယင်းခရီးစဉ်အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူတို့ မည်သို့ ရှုမြင်သည်ကို မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်သည်။

လောင်းကစားမှုများကို ထိန်းချုပ်ရန် ဂိမ်းဆိုင်များကို စည်ပင်သာယာရေးကော်မတီမှ ရှောင်တခင်စစ်ဆေးတော့မည်

ဂိမ်းကစားခြင်းကို စီးပွားဖြစ် လောင်းကစားအသွင်ဖြင့် လုပ်ဆောင်လာသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဂိမ်းကစားရုံများကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကော်မတီစီမံရေးရာ ဌာနမှ တာဝန်ရှိသူက ပြောသည်။

စည်ပင်အခေါ်အရ လုပ်ငန်းလိုင်စင် ခွင့်ပြုထားသည့် အပန်းဖြေအိမ်တွင်း ကစားနည်းခန်းမ (အပန်းဖြေ ကလေးကစားကွင်း) ဂိမ်းကစားနည်းလုပ်ငန်းများတွင် သွယ်ဝိုက်သော နည်းဖြင့် လောင်းကစားမှုများ

ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်တွင်း ဆက်ဆံရေး အဖေနှင့်သားများကဲ့သို့ ဖြစ်နေ

ရန်ကုန်တိုင်း လွှတ်တော်အတွင်းမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်များ၏ အထက်အောက်ဆက်ဆံရေးသည် အဖေနှင့်သားများကဲ့သို့ ဖြစ်နေသည်ဟု ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုး တိုင်းလွှတ်တော်အမတ် ဦးနေမျိုးအောင်က ဇွန် ၂၅ ရက်တွင် ဝေဖန်လိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ ခွင့်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်း၊ ပြည်နယ် လွှတ်တော်များတွင် အစိုးရအဖွဲ့ဝင်များဖြစ်နေပြီး ၎င်းတို့နှင့် ဆက်ဆံရေးပုံစံကို သာမန်လွှတ်တော်အမတ်များမှာ ပူးပေါင်းလုပ်ဆောင်မှု အပိုင်းတွင် အခက်အခဲများ ဖြစ်နေခြင်းဖြစ်သည်။

လိင်အသားပေး ထုတ်ဝေထားသည့် ‘ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ’ စာအုပ်အား ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိသူများကို ရဲတပ်ဖွဲ့ စတင်စုံစမ်း

 စာမျက်နှာများနှင့် ပြည်သူအများစုကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် “ရိုမန်းဘော့စ်တွေရဲ့ ကမ္ဘာ” စာအုပ်အား ရေးသားသူ၊ ထုတ်ဝေသူနှင့် ဖြန့်ချိခဲ့သူ များကို ရဲတပ်ဖွဲ့မှ စတင်စုံစမ်း နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြား သည်။

ခန္ဓာကိုယ်၂ ခုပါတဲ့မြန်မာကလေးငယ် ထိုင်းဆေးရုံမှာ ခွဲစိပ်မှုအောင်မြင်

မွေးဖွားလာစဉ် ကတည်းက ဦးခေါင်းတလုံး၊ ခန္ဓာကိုယ် နှစ်ခု ပါရှိလာတဲ့ မြန်မာနိုင်ငံသား ၆ လသားအရွယ် မိန်းကလေး ငယ် တဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Maharaj Nakorn Chiang Mai Hospital မှာ ဇွန်လ ၂၄ ရက်နေ့က ခွဲစိတ်ခဲ့ရာ အောင်မြင်တယ်လို့သိရပါတယ်။ ကလေးငယ်ရဲ့ပင်မခန္ဓာကိုရဲ့ ညာဘက်ရင်အုံကနေ နောက်ထပ် ခြေလက် အစုံပါတဲ့ ခန္ဓာကိုယ် တခု ကိုဖြတ်ထုတ်

အကိုက်ကြမ်းတဲ့ လူးဝစ်ဆွာရက်ကို ဘောလုံးကစားခွင့် ၂ နှစ်ပိတ်လိုက်ပြီ

 
ဥရုဂွေးနဲ့ လီဗာပူး အသင်းတို့ရဲ့ တိုက်စစ်မှူး လူးဝစ် ဆွာရက်ကို မနေ့ညက အီတလီနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်တဆင့်တက်ရေး အဆုံးအဖြတ်ပွဲမှာ အီတလီနောက်ခံလူ Giorgio Chiellini ရဲ့ပုခုံးကို ကိုက်လိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဒီကနေ့ ကြာသာပတေးနေ့ကစပြီး ၂ နှစ် ဘောလုံးကစားခွင့်ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ပွဲကစားချိန်မှာတော့ ဒိုင်က အပြစ်ပေး အရေးယူမှုတွေပြုလုပ်ခဲ့တာ မရှိပေမယ့် ပွဲအပြီး ရုပ်သံ အနှေးပြ ကွက်တွေမှာ ထင်ရှားတဲ့

ဝင်ကြေးမြင့်တဲ့ မြန်မာ-ထိုင်း လက်ဝှေစိန်ခေါ်ပွဲ

မြန်မာနိုင်ငံမှာ တစ်ခါမှ လာမထိုးဖူးတဲ့သူတွေ ပါတဲ့ မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲဟာ အရင်တုန်းက ကျင်းပတဲ့ ပွဲတွေက ဝင်ကြေးလက်မှတ်ဈေးက သုံးဆကျော် မြင့်ပါတယ်။ နှစ်ဖက်လုံးက လက်ဝှေ့ အကျော်အမော်တွေ ထိုးမယ့်ပွဲ ဖြစ်ပါတယ်။

မြန်မာ လက်ဝှေ့သမားတွေကို ထိုးကြေး ကျပ် ၇သိန်းကနေ သိန်း ၃၀ အထိ အဆင့်လိုက် ပေးရတဲ့အတွက် အထူးတန်း လက်မှတ်တစ်စောင်ကို ကျပ်ငါးသောင်းနဲ့ ရောင်းရတာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့နဲ့ ရင်းနှီးတဲ့သူတွေကို အဓိက ရွေးခေါ်တဲ့အတွက် ဘန်ကောက်က

မြန်မာ့ ရေပေါ်ဟိုတယ် တစ်ရက် ဒေါ်လာ၄၆၀ ကျမယ်

လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာဝန်းကျင်လောက်က ရှေးဟောင်းအဆောက်အအုံ ပုံစံအတိုင်း ပြုလုပ် ထားတဲ့ ရေပေါ်ဇိမ်ခံ ဟိုတယ်ကို ဗိုလ်တထောင် ဆိပ်ကမ်းမှာ ဖွင့်တော့မှာ ဖြစ်ပါတယ်။

ဟိုတယ် ဝန်ထမ်းတွေက တည်းခိုသူတွေကို အကောင်းဆုံး ဝန်ဆောင်ပေး မယ်လို့ အဲဒီဟိုတယ်ရဲ့ Operation Director မစ္စတာ အဲရစ်က ပြောပါတယ်။

သင်္ဘောကို ဖင်လန်နိုင်ငံရဲ့ ဝယ်ပြီးတော့ လိုအပ်တဲ့ ပရိဘောဂကို ဂျာမနီက တင်သွားထားပါတယ်။ ကြယ်ငါးပွင့် အဆင့် ရှိတဲ့ အဲဒီဟိုတယ်မှာ တည်းခိုရင် တစ်ရက်ကို ဒေါ်လာ ၄၆၀ ကျမှာ ဖြစ်ပါတယ်လို့

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone အား သီးခြားခွဲထားသည့် ပုံစံဖြင့် တည်ဆောက်မည်မဟုတ်ဘဲ ရောထွေးတည်ရှိသည့် ပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု များပြားနေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်များအား သီးခြားစီ ခွဲခြားထားသည့် ပုံစံဖြင့် တည်ဆောက်မည်မဟုတ်ဘဲ ရောထွေး တည်ရှိသည့် ပုံစံဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ ဇွန် ၂၅ ရက်က သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်အားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံ သားနှင့် နိုင်ငံခြားသား

ဗိုလ်ချုပ်မောင်မောင်အုန်းအား ၀န်ကြီးချုပ်ခန့်ထားမည်ကို သံပုံးတီးဆန့်ကျင်မည်ဟုဆို

ရန်ကုန်- ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးနေရာကို ရခိုင်သားသာ ခန့်အပ်ရေးနှင့် ရခိုင်မဟုတ်သည့် လူပုဂ္ဂိုလ်ကို ခန့်အပ်မည့် ကိစ္စအပေါ် ကြွေးကြော်သံများဟစ်ကြွေး၍ သံပုံးများတီးခတ်ရန် လက်ကမ်းစာစောင်များ စစ်တွေမြို့တွင် ယနေ့ညနေပိုင်းက ဝေငှခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ည ၈ နာရီမှစတင်ကာ ငါးမိနစ်ကြာ ဟစ်ကြွေးရန် တိုက်တွန်းထားသည့် လက်ကမ်းစာစောင်များ စစ်တွေမြို့ပေါ်ရှိ အိမ်တိုင်းသို့ဝေငှခြင်းဖြစ်ပြီးမည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ ဝေငှသည်ကို

စစ်တပ်အရာရှိတစ်ဦးအား ဧရာဝတီဂျာနယ် သတင်းထောက်က အမှုဖွင့်တိုင်ကြားထားမှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ခုံရုံးဖွဲ့စစ်ဆေးနေ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ခ.မ.ရ ၅၃၂ စစ်တပ်အရာရှိတစ်ဦးအား ဧရာဝတီသတင်း ဂျာနယ်၏ အကြီးတန်းသတင်းထောက်က အမှုဖွင့်တိုင်ကြားထားမှုကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ လတ်တလောတွင် ခုံရုံးဖွဲ့စစ်ဆေးလျက်ရှိသည်။

“တိုင်းစစ်ဌာနချုပ်ကတော့ လတ်တလော ခုံရုံးဖွဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို

ရဲသတင်းအထူးတပ်ဖွဲ့က မီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် မသင့်တော်သော ကိစ္စဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) သဘောထားထုတ်ပြန်

ရဲသတင်းအထူးတပ်ဖွဲ့က မီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် မသင့်တော်သော ကိစ္စဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ဇွန် ၂၅ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရားဝင် ရပ်တည်နေသည့် ပုဂ္ဂလိက သတင်းမီဒီယာအချို့ကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊

ကျောင်းအုပ်ဆရာကြီးသား မင်္ဂလာဆောင်ရှိသဖြင့် မိတ္ထီလာမြို့ အမက (၈) မူလတန်းကျောင်း တစ်ရက်ပိတ်

ကျောင်းအုပ်ဆရာကြီးသား မင်္ဂလာဆောင်ရှိသဖြင့် မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်ရှိ အမက (၈) မူလတန်းကျောင်း တစ်ရက်ပိတ်ထားကြောင်း သိရသည်။

အဆိုပါ အမက(၈)မူလတန်းကျောင်း ပိတ်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာကြီး၏သား မင်္ဂလာဆောင်ရှိသဖြင့် ကျောင်းမှ ဆရာ၊ ဆရာမများဝိုင်းကူနေရသဖြင့် လူမှုရေးအရ ကျောင်းတစ်ရက်ပိတ် ထားကြောင်း၊ သင်ကြားရေးပိုင်းအရ ပျက်သည့်အချိန်များကို ပြန်လည် သင်ကြားပေးရန် ညွှန်ကြား

ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်အကျိုးစီးပွား အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်ဟုဆို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံထားရသည့် ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်တိုင်းရင်းသား များ၏ အကျိုးစီးပွားကို အသက်နှင့်လဲပြီး ကာကွယ် စောင့်ရှောက်သွားမည်ဟု ယနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်လွှတ်တော်တွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေး တွင်ပြောကြားလိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးလာပြီဆိုရင်တော့ ရခိုင်တိုင်းရင်းသား မိဘပြည်သူများရဲ့ အကျိုးစီးပွားကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါ့မယ်။ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်အောင် ကျွန်တော် အစွမ်းကုန် ကြိုးစားမယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ဆန္ဒကို ကျွန်တော်အနေနဲ့

Wednesday, June 25, 2014

မြန်မာလုပ်သား ခုနစ်သိန်းခန့် အပါအဝင် တရားမဝင် လုပ်သားများကို တရားဝင် လုပ်ကိုင်ခွင့်ပြုမည်ဟု ထိုင်းအစိုးရဆို

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ တရားမဝင် မြန်မာအလုပ်သမား ခုနစ်သိန်းဝန်းကျင် အပါအဝင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား များကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် မှတ်ပုံ တင်ပေးမည် ဖြစ်ကြောင်း ထိုင်းအစိုးရက ဆုံးဖြတ်လိုက်သည်။

မြန်မာပြည်မှာ မိုဘိုင်းဘဏ်စနစ်သုံးနိုင်တော့မည်ဟု ဗဟိုဘဏ်ပြောကြား

Photo: မြန်မာပြည်မှာ မိုဘိုင်းဘဏ်စနစ်သုံးနိုင်တော့မည်ဟု ဗဟိုဘဏ်ပြောကြား
Wednesday, June 25, 2014

မြန်မာနိုင်ငံမှာ မိုင်ဘိုင်းဘဏ်စနစ်နဲ့ အီလက်ထရောနစ်ငွေကြေးစနစ်ကို တချိန်ကျရင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီကနေ့ လွှတ်တော်မှာ လာရောက် ရှင်းလင်းပြောကြားလိုက်ပါတယ်။

ပည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင် ဖြေကြားနေစဉ်
ပည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင် ဖြေကြားနေစဉ်

ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်ခွင့်ပေးမယ့် ကိစ္စနဲ့ ပြည်တွင်း ဘဏ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့် အစီအစဉ်တွေ ရှင်းလင်းပြောဆိုခဲ့ ပါတယ်။
ဒီလိုပြောဆိုသွားရာမှာ နောက်ပိုင်းကျရင် စားသုံးသူတွေက ငွေကို အထပ်လိုပ် ကိုင်စရာ မလိုဘဲ မိုင်ဘိုင်းဘဏ်စနစ်၊ အီလက်ထရောနစ်ငွေကြေးစနစ်တွေကို လုပ်ဆောင်မှာဖြစ်လို့ တက္ကစီ အငှားမော်တော် ယာဉ်စီးတဲ့အခါမှာဖြစ်စေ လက်လီဝယ်ယူစားသုံးတဲ့အခါမှာဖြစ်စေ အဲဒီ့ စနစ်တွေနဲ့ အသုံးပြုသွားနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာဘဏ်တွေရဲ့ ပကတိအခြေအနေအရ ဒီစနစ်တွေကို အသုံးပြုနိုင်ဖို့က များစွာအလှမ်း ဝေးနေသေးတယ်လို့ ကမ္ဘောဇဘဏ် ဒုတိယဥကဌ ဦးသန်းလွင်က ဒီဗွီဘီကို အခုလိုပြောပါတယ်။
“သူ့အိပ်မက်ပေါ့။ သူ့အိပ်မက်ကတော့ ကမ္ဘာကြီး ပြောင်းသွားပြီလို့ မက်တယ်။ ဒါပေမယ့် အဲဒါက မြန်မာပြည်အတွက် စောလွန်းတယ်လေ။ မြန်မာတွေက ငွေသား ကိုင်ဆောင်သုံးစွဲတယ် အရသာ တွေ့နေတာဗျ။ ဘယ်လိုမှ မလွယ်ဘူး။ အဲဒါက အနောက်နိုင်ငံမှာဆိုရင်တော့ ဟုတ်တာပေါ့။ ”

မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုနိုင်ဖို့ဆိုရင် မိုဘိုင်းဆက်သွယ်ရေးစနစ်တွေ ကောင်းမွန်ဖို့လိုတဲ့ အပြင် လိုအပ်တဲ့ နည်းပညာဆိုင်ရာဥပဒေတွေလည်း ထွက်ရှိဖို့ ကျန်ရှိနေသေးတဲ့အကြောင်း သူက အခုလို ဆက်လက်ပြောပါတယ်။
“ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ လုပ်နိုင်စွမ်းတွေ မရှိသေးဘူး။ အဲဒါတွေ ခိုင်မာပြီဆိုမှ ခုနပြောတဲ့ မိုဘိုင်း ဘဏ်စနစ် ကောင်းတာပေါ့။ လောလောဆယ် စနစ်တွေကလည်း အမျိုးမျိုး ဖြစ်နေတယ်။ စီဒီအန်အေတို့ ဒဗလျူစီဒီအန်အေတို့ ဂျီအက်စ်အမ်တို့ မှိုလို ပွနေတာပဲ။ တခုနဲ့တခု ချိတ်ဆက်ဖို့ သိပ်ခက်တယ်။ နောက် ဥပဒေလည်း လုပ်ရမယ် ဥပဒေလည်း မရှိသေးဘူး။ ဥပဒေပိုင်းကလည်း အများကြီး နောက်ကျနေပြီ။ အဲဒီလို စိတ်ကူးယဉ်ဖို့တော့ မကောင်းဘူးလေ။ အကုန်လုံးက လုပ်စရာတွေက အများကြီး တော်တော်လေး နောက်ကျနေတယ်။”

အလားတူ သမ၀ါယမဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်ကလည်း ပြည်တွင်းမှာ အီလက်ထရောနစ်ငွေကြေးစနစ် ပေါ်ပေါက်လာရင်တောင် သမရိုးကျအသုံးပြုနေတဲ့ ငွေသား ကိုင်ဆောင်မှုစနစ်ကတော့ ပျောက်ကွယ်သွားဖို့က မရှိနိုင်သေးဘူးလို့ အခုလို သုံးသပ်ပြောပါတယ်။

“ငွေသားသုံးစွဲမှုစနစ် ယဉ်ကျေးမှုကတော့ ရှိနေဦးမယ်လေ။ ဂျပန်မှာလည်း ရှိတယ်။ ကိုရီးယားမှာလည်း တော်တော်များများက ငွေသား သုံးတုန်းပဲ။ တော်တော်များများမှာ သုံးတုန်းပဲ။ ဒါပေမယ့် ဘဏ်မှာ အထုတ်ကြီးတွေကတော့ ပျောက်ရင် ပျောက်သွားနိုင်မယ်။ နေ့စဉ်သုံးတဲ့ အသေးအဖွဲ့လေးကတော့ ရှိနေဦးမယ်။ ဥပမာ – လက်ဖက်ရည်သွးသောက်တာတို့ ဘာတို့ပေါ့။”

မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုဖို့အတွက် သမ၀ါယမဘဏ် အပါအ၀င် ဘဏ်တချို့က နိုင်ငံတော် ဗဟိုဘဏ်ထံ အဆိုတင်သွင်းထားရှိပြီးဖြစ်ပေမယ့် လက်တွေ့မှာ အသုံးချနိုင်တဲ့အဆင့်တော့ မရောက်သေးပါဘူး။

DVB TV
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင် ဖြေကြားနေစဉ်
မြန်မာနိုင်ငံမှာ မိုင်ဘိုင်းဘဏ်စနစ်နဲ့ အီလက်ထရောနစ်ငွေကြေးစနစ်ကို တချိန်ကျရင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုမြန်မာနိုင် ငံတော် ဗဟိုဘဏ်က ဒီကနေ့ လွှတ်တော်မှာ လာရောက် ရှင်းလင်းပြောကြားလိုက်ပါတယ်။

ပိန်အသင်းလေယာဉ် မြေပြင်သို့ ဆင်းသက်ခါနီး မိုးကြိုးပစ်ခံရ


ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဆိုးရွားဆုံးရလဒ်များဖြင့် အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီး မိခင်နိုင်ငံသို့ ပြန်ရောက်လာခဲ့သည့် စပိန်အသင်းသည် မက်ဒ ရစ်မြို့ရှိလေဆိပ်သို့ မရောက်ခင်တွင် ထိတ်လန့်စရာအဖြစ်နဲ့ ရင်ဆိုင်ခဲ့ရသည်။ စပိန်အသင်းကို တင်ဆောင်လာပြီး ကျူရီတီဘာမှထွက်ခွာလာ ခဲ့သည့်လေယာဉ်မှာ မက်ဒရစ်မြို့၊ လက်စ်ပယ်လ်မက်စ်လေဆိပ်သို့ ဆင်းသက်ခါနီးတွင် မိုးကြိုးပစ်ခံခဲ့ရခြင်းကြောင်း စပိန်သတင်းစာ AS က ရေးသားခဲ့သည်။

နိုင်ငံသား ၁၀ ဦး တိုင်ကြားရုံဖြင့် တပ်မတော်သားအမတ်များကို တာဝန်မှရပ်စဲနိုင်မည့် ဥပဒေ အမျိုးသားလွှတ်တော် အတည်ပြု

လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်အမတ် တာဝန်မှ ရပ်စဲလိုပါက နိုင်ငံသားတစ်ဦးက ခေါင်းဆောင်ကာ နိုင်ငံသား ၁၀ ဦး၏ ခိုင်လုံသည့် အသိသက်သေ လက်မှတ်ဖြင့် တာဝန်မှ ပြန်လည်ရပ်ဆိုင်းနိုင်သည့် ဥပဒေကို အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ၁၈ ရက် မြောက်နေ့ ဇွန်လ ၂၄ ရက်က အတည်ပြုလိုက်သည်။

သာသနာရေးဝန်ကြီးအဖြစ် ဦးစိုးဝင်းကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

နေပြည်တော်၊ မဇ္ဈိမ။ ။ သာသနာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒုဝန်ကြီး ဦးစိုးဝင်းကို ခန့်အပ်ရန် ဇွန်လ ၂၅ရက်က ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိ ထောက်ခံကာ အတည်ပြုလိုက်ပြီ။

ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော သာသနာရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ ဘတ်ဂျက်သုံးစွဲမှုများကို ကြပ်မတ်စိစစ်ရန် လွှတ်တော်ကော်မတီ ဆုံးဖြတ်

ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေသော သာသနာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများ၏ ဘတ်ဂျက် သုံးစွဲမှု များကို ကြပ်မတ်စိစစ်ရန် ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီက ဆုံးဖြတ်ခဲ့ သည်။ယခု ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့သည့် ၎င်းကော်မတီ၏ အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကော်မတီမှ စနစ်တကျကြပ်မတ်မည့် ၀န်ကြီးဌာနများတွင် လက်ရှိ ပြဿနာများ ဖြစ်ပွားနေသည့် သာသနာရေးဝန်ကြီးဌာန၊ ပုံနှိပ်စက်ဝယ်ယူမှု ဆိုင်ရာ ဖြေရှင်း မှုများ ပြုလုပ်နေရသည့် ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပါဝင်ကြောင်း သိရသည်။ပြည်သူ့ လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်က “ကျွန်တော်တို့ အခု အစည်းအဝေး လုပ်ထားတာက ဒီတစ်ခေါက်မှာ ဘတ်ဂျက်တွေ စနစ်တကျလုပ်ဖို့၊ ပြီးခဲ့တဲ့ ဘတ်ဂျက်တွေကို ပြန်စစ်ဖို့ အဲဒါ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့ တာဝန်ယူထားရတဲ့ ပြန်ကြားရေး အပါအ၀င် ၀န်ကြီးဌာန အသီးသီးရဲ့ ဘတ်ဂျက်တွေ အားလုံးကိုပေါ့။ အခုလာမယ့် RE ဘတ်ဂျက်စစ်တဲ့အခါမှာ အရင်က ဘတ်ဂျက်တွေကို ပြန်ပြီးကြည့်မယ်။ စစ်မယ်။ နောက်ပိုင်း စနစ်တကျ လုပ်ဖို့လည်း ကော်မတီဥက္ကဋ္ဌ မှာတယ်။ အရင်လည်း စနစ်တကျ လုပ်ခဲ့တယ်။ သို့သော် detail အသေးစိတ် လိုက်နိုင်အောင် ကော်မတီကိုလည်း အပိုင်းတွေ ခွဲထားလိုက်တယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်” ဟု ပြောကြားသည်။

အသစ်ခန့်အပ်မည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ သဘောထား ကြေညာချက်ထုတ်ပြန်

စစ်တွေ၊ ဇွန် ၂၄- ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နုတ်ထွက် ခွင့်ရရှိပြီးနောက် အသစ်ခန့်အပ်မည့် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပတ်သက် ၍ ရခိုင်အမျိုးသားပါတီမှ သဘော ထားကြေညာချက်တစ်ခုကို ဇွန် ၂၃ ရက်က ထုတ်ပြန်လိုက်ကြောင်း သိ ရသည်။

သဘောထားကြေညာချက်တွင် အသစ်ခန့်အပ်တာဝန်ပေးအပ်မည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရ ခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်သင့်ပြီး ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ထဲမှသာလျှင် ဖြစ်ရမည်ဟု ဖော်ပြ ထားသည်။ နောက်ဆုံးအချက်တွင် ဒီမိုကရေစီ၏ အနှစ်သာရများနှင့် ညီညွတ်အောင် ကျင့်သုံးမည်ဆိုပါ က ရခိုင်ပြည်နယ် လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာအများဆုံးရရှိ ထားသည့် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်အဖြစ် တင်မြှောက်ခန့်အပ်သင့် သည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယခုနှစ် မေလသည် သမိုင်းတွင် အပူဆုံးမေလအဖြစ် မှတ်တမ်းဝင်လာ

(၂၀၁၄)ခုနှစ်၊ မေလသည် သမိုင်းတစ်လျှောက် ကမ္ဘာပေါ်တွင် အပူဆုံးမေလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုလေ့လာရေး ဌာန (NOAA)က ထုတ်ပြန်ခဲ့သော စာရင်းများတွင် ပြီးခဲ့သည့် မေလသည် သမုဒ္ဒရာ အပူချိန် အမြင့်တက်ဆုံး ဖြစ်လာပြီး နိုင်ငံပေါင်း များစွာ၏ ပျမ်းမျှအပူချိန်သည် ယခင်နှစ်များထက် များပြားခဲ့ကြောင်း ဖော်ပြပါရှိသည်။
“ကမ္ဘာ့နိုင်ငံ အတော်များများမှာ သာမန်ထက် ပူနွေးခဲ့တယ်။ အပူချိန် အမြင့်ဆုံး ဒေသတွေကတော့ ကာဇက်စတန် အရှေ့ပိုင်း၊ အင်ဒိုနီးရှားနိုင်ငံရဲ့ အစိတ်အပိုင်း တချို့၊ ပြီးတော့ ဩစတြေးလျ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေ ဖြစ်ပါတယ်”ဟု NOAA၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့အပြင် “သမုဒ္ဒရာကြီးတွေရဲ့ သက်ဆိုင်ရာ ဇုန်အလိုက် အပူချိန်ကလည်း စံချိန်တင် ပမာဏထိ မြင့်တက်ခဲ့ပါတယ်”ဟုလည်း ယင်းအစီရင်ခံစာက ဆိုသည်။ (၂၀၁၄)ခုနှစ်၊ မေလတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စုစုပေါင်း ပျမ်းမျှအပူချိန်သည် (၅၉.၉၃)ဒီဂရီ ဖာရင်ဟိုက် ရှိသည်။ ထို့ကြောင့် (၂၀)ရာစု၏ ပျမ်းမျှ အပူချိန်ထက် (၁.၃၃)ဒီဂရီ ဖာရင်ဟိုက် ပိုမိုမြင့်မားကြောင်းလည်း NOAAက ဆိုသည်။

Asiana Flight ၂၁၄ လေကြောင်းလိုင်း မှ လေယာဉ် ပျက်ကျရခြင်းသည် လေယာဉ်မှူး၏ မှားယွင်းမှုကြောင့် ဖြစ်သည်ဟု အမျိုးသား ပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာ ဘုတ်အဖွဲ့က မှတ်ချက်ပေး ပြောကြား

 
ခရီးသည် ၃၀၀ ကျော် လိုက်ပါလာသော Asiana Flight ၂၁၄ လေကြောင်း လိုင်းမှ လေယာဉ်သည် ဆန်ဖရန်စစ္စကို လေဆိပ်သို့ဆင်းသက်စဉ် ပျက်ကျ ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ လေယာဉ်မှူး၏ အမှားကြောင့် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား ပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာ ဘုတ်အဖွဲ့က အင်္ဂါနေ့ တွင် ယင်းကဲ့သို့ ကောက်ချက်ဆွဲ ပြောကြားလိုက်ခြင်း ဖြစ်သည်။ Asiana Flight လေယာဉ်မှူးသည် အလိုအလျောက် လေယာဉ်မောင်းစနစ်ကို အပြည့်အဝ နားလည်မှု မရှိခြင်းကြောင့် ယင်းသို့ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း အမျိုးသား ပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာ ဘုတ် အဖွဲ့၏ ယာယီဥက္ကဌဖြစ်သူ Chris Hart က ပြောဆိုသည်။ တောင်ကိုရီးယားနိုင်ငံအခြေစိုက် အဆိုပါလေကြောင်းလိုင်း လေယာဉ်မှူးကို သင်တန်းပေးစဉ်ကတည်း မှားယွင်းသင်ကြားပေးခဲ့ခြင်းလည်း ဖြစ်သည်။ လိုက်ပါလာသည့် ခရီးသည် ၃၀၇ ဦးတွင် တရုတ်နိုင်ငံသား ဆယ်ကျော်သက်(၃)ဦး သေဆုံးခဲ့ပြီး ၂၀၀ ဦး ဒဏ်ရာ ရရှိကာ ၄၉ ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။

ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးယာဉ်အန္တရာယ် ကင်းရှင်းရေး နည်ပညာ စနစ်မိတ်ဆက်ပြသ

မော်တော်ယာဉ် ခြေရာခံစနစ်၊အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးစနစ်၊ စည်းကမ်းထိန်းသိမ်းရေးစနစ် နည်းပညာ ပိုင်း ရှင်းလင်းပြသပွဲကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေရှိ ပလွေးအမြန်လမ်း ရဲတပ် ဖွဲ့စခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် ယာဉ်အန္တရာယ်ကင်းရှင်းလျော့ပါးစေရေး၊ လုံခြုံရေးစနစ် စည်းကမ်းထိန်းသိမ်းရေး စနစ်နည်း ပညာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်အသုံးပြုဝန်ဆောင်မှု လုပ်ငန်းများကို b smart Co.,Ltd. မှ ဦးအောင်ညီညီမော်က ရှင်းလင်း ပြသသည်။ b smart vehicle Safety Management System သည် GPS ကို အသုံးပြု၍ ဂြိုဟ်တု နှင့်ချိတ်ဆက်ပြီး GSM, GPRS Network တို့ပေါင်းစပ်၍ မော်တော် ယာဉ် အမြန်နှုန်း၊ ရောက်ရှိ တည် နေရာ၊ အချိန်စသည့် အချက်အလက် များကို တိကျစွာသိရှိနိုင်ခြင်း၊ ယာဉ် မတော်တဆမှုများကို ပြန်လည်သုံး သပ်နိုင်ခြင်း၊ အရေးပေါ်အခြေအနေ ကို သတိပေးနိုင်ခြင်း၊ ယာဉ်မောင်း၏ မူမမှန်သော (အိပ်ငိုက်ခြင်း) အခြေ အနေမှ ဖြစ်ပေါ်လာနိုင်သော ယာဉ် မတော်တဆမှုကို အသေးစိတ်သိရှိ နိုင်ခြင်း အချက်အလက်များကို မြေပုံ နှင့်တကွ Google map, Google Earth မှ အတိအကျမှတ်တမ်းတင် ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
Photo: ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးယာဉ်အန္တရာယ် ကင်းရှင်းရေး နည်ပညာ စနစ်မိတ်ဆက်ပြသ
Wednesday, June 25, 2014

မော်တော်ယာဉ် ခြေရာခံစနစ်၊အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးစနစ်၊ စည်းကမ်းထိန်းသိမ်းရေးစနစ် နည်းပညာ ပိုင်း ရှင်းလင်းပြသပွဲကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေရှိ ပလွေးအမြန်လမ်း ရဲတပ် ဖွဲ့စခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် ယာဉ်အန္တရာယ်ကင်းရှင်းလျော့ပါးစေရေး၊ လုံခြုံရေးစနစ် စည်းကမ်းထိန်းသိမ်းရေး စနစ်နည်း ပညာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်အသုံးပြုဝန်ဆောင်မှု လုပ်ငန်းများကို b smart Co.,Ltd. မှ ဦးအောင်ညီညီမော်က ရှင်းလင်း ပြသသည်။ b smart vehicle Safety Management System သည် GPS ကို အသုံးပြု၍ ဂြိုဟ်တု နှင့်ချိတ်ဆက်ပြီး GSM, GPRS Network တို့ပေါင်းစပ်၍ မော်တော် ယာဉ် အမြန်နှုန်း၊ ရောက်ရှိ တည် နေရာ၊ အချိန်စသည့် အချက်အလက် များကို တိကျစွာသိရှိနိုင်ခြင်း၊ ယာဉ် မတော်တဆမှုများကို ပြန်လည်သုံး သပ်နိုင်ခြင်း၊ အရေးပေါ်အခြေအနေ ကို သတိပေးနိုင်ခြင်း၊ ယာဉ်မောင်း၏ မူမမှန်သော (အိပ်ငိုက်ခြင်း) အခြေ အနေမှ ဖြစ်ပေါ်လာနိုင်သော ယာဉ် မတော်တဆမှုကို အသေးစိတ်သိရှိ နိုင်ခြင်း အချက်အလက်များကို မြေပုံ နှင့်တကွ Google map, Google Earth မှ အတိအကျမှတ်တမ်းတင် ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

၎င်းနည်းစနစ်ပိုင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနှင့် ပထမဆုံး စတင် ဆောင်ရွက်မည်ဖြစ်သည်။အမြန်လမ်း အရှိန်ထိန်းစနစ်ကို အမြန်လမ်းမကြီးတွင် ဆောင်ရွက်သကဲ့သို့ ဟိုင်းဝေးလမ်း တိုင်းတွင်အသုံးပြုသင့်ကြောင်း အမြန်လမ်း အသုံးပြုသွား လာနေသော ခရီးသွားယာဉ်မောင်း တစ်ဦးက ပြောသည်။ အမြန် လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆ မှုများလျော့ပါးစေရေးနှင့် ခရီးသည် ယာဉ်ခရီးသွားပြည်သူများ အတွက် ယာဉ် အန္တရာယ်လုံခြုံမှုရှိစေရန် ၎င်းနည်းပညာစနစ်နှင့် ဆက်စပ်ပစ္စည်းများအား အမြန်လမ်းအသုံးပြု Express အမြန်ယာဉ်များတွင်သာမက အဝေးပြေးယာဉ်လိုင်း ဟိုင်းဝေး Express များတွင် အသုံးပြု တပ်ဆင်နိုင်သည်။ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းစင် လျော့ပါးစေရေးနှင့် အမြန်လမ်းသုံးပြည်သူများအန္တရာယ်ကင်းစွာ ခရီးသွား လာနိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မီးရထား ပို့ဆောင်ရေး ဝန်ကြီးဌာန နှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန လေးဌာနပေါင်းစည်းညှိနှိုင်းပြီး လုပ်ဆောင်မည်ဟု သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းအနေနှင့် ၂၀၁၄ ဧပြီလတွင် ယာဉ်မတော်တဆမှု ၆၀၊ သေဆုံးသူ ၃၃ဦး၊ ဒဏ်ရာရရှိသူ ၁၃၉ဦး၊ မေလတွင်ယာဉ်မတော်တဆမှု ၄၀၊ သေဆုံးသူ၂၃ ဦး၊ ဒဏ်ရာရရှိသူ ၉၂ ဦးနှင့်ဇွန် ၂၃ ရက်အထိ ယာဉ်မတော်တဆမှု ၁၉ မှု၊ သေဆုံးသူ နှစ်ဦး၊ဒဏ်ရာရရှိသူ ၁၆ ဦးထိ တဖြည်းဖြည်း ယာဉ်မတော် တဆမှု နည်းလာကြောင်း တွေ့ရသည်။

ထိုကဲ့သို့ ယာဉ်မတော်တဆမှု လျော့နည်းစေရေး၊ အမြန်လမ်း သုံးခရီးသွားပြည်သူများ လုံခြုံ စိတ်ချစွာ ခရီးသွား လာနိုင်ရေး အတွက် နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှူးစခန်း၏ ကွပ်ကဲမှုနှင့်အတူ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့စခန်း အသီးသီးမှ တာဝန်ရှိသူများ၊ အဖွဲ့များသည် နေ့စဉ် နေ့/ည အလှည့်ကျ လှည့်ကင်းပတ်ကင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီး အသုံးပြုမည့်မော်တော်ယာဉ် များကိုလည်း နေ့စဉ် တာဝန်ရှိအဖွဲ့များက မော်တော် ယာဉ်ကြံ့ ခိုင်မှု၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်များ၊ မီးသတ်ဆေးဘူးများ၊ ကားတာယာများ၊ Express များပေါ်တွင် ခရီးသည်များအတွက်အရေးပေါ် ထွက်ပေါက်များနှင့်အသုံးပြုပုံများ၊ ကားများတွင် ပါရှိရမည့် ခါးပတ်၊ ပုဆိန်များ ဆောင်ထားခြင်း ရှိမရှိများကို သတ်မှတ် စစ်ဆေး ရေးဂိတ်များတွင် ဆက်လက် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

စစ်တွေမှာ ဆိုင်ကယ်စီး လုယက်အဖွဲ့ ဖမ်းလိုက်ပြီ

လွန်ခဲ့တဲ့ တစ်နှစ်လောက်ပင် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆိုင်ကယ်စီးပြီး အုပ်စုဖွဲ့လုယက်မှု ကျူးလွန်နေတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးလိုက်ပါပြီ။
လုယက်မှုကို ကျူးလွန်နေတဲ့အဖွဲ့မှာ လုယက်ရရှိတဲ့ ပစ္စည်းကို ရောင်းချပေးတဲ့ အမျိုးသားတစ်ဦး အပါအဝင် အမျိုးသား သုံးဦးပါဝင်ပြီးတော့ အမှတ် ၉၆၂ စစ်မြေပြင်အင်ဂျင်နီယာ အဖွဲ့ (GE) စာကြည့်တိုက်မှာ နေ့စား စာရေးမအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ အမျိုးသမီး တစ်ဦးလည်း ပါဝင်ပါတယ်လို့ စစ်တွေမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။သူတို့ကိုတော့ မေလ ၂၇ ရက်နေ့မှာ လုယက်ခံခဲ့ရတဲ့ အချိန်က ပါသွားတဲ့ အမျိုးသမီး တစ်ဦးရဲ့ လက်ကိုင်ဖုန်းကနေ တစ်ဆင့် ခြေရာခံ ဖော်ထုတ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အဲဒီဖုန်းကို ခေါ်ဆိုလို့ ရတဲ့ ဖုန်းတွေကို ဆက်သွယ်ရေး အကူအညီနဲ့ ဖော်ထုတ်တာလို့ ဆိုပါတယ်။သူတို့ဟာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက လုယက်မှုတွေကို စတင်ကျူးလွန် ခဲ့ကြပေမယ့် တိုင်းကြားထားတာ ကတော့ လုယက်မှု သုံးခုပဲ ရှိတယ်လို့ မြို့မ ရဲတပ်ဖွဲ့ စခန်းက ဒုတိယ စခန်းမှူး ရဲအုပ် အောင်မြင့်ဦးက ပြောပါ တယ်။“တရားဝင် တိုင်ထားတာက သုံးမှုပဲ ရှိတယ်။ လုယက်မှုပေါင်းတော့ ရေတွက်ကို မရတော့ဘူး” လို့ သူက ဆိုပါတယ်။
အခု ဖမ်းဆီးခံထားရသူတွေဟာ လုယက်မှုတွေကို ကျူးလွန်ကြောင်း ဝန်ခံထားတဲ့ အတွက် သူတို့ကို တရားစွဲဆိုဖို့ လုပ်နေပြီလို့ မြို့မ ရဲတပ်ဖွဲ့ စခန်းက သိရပါတယ်။တိုင်ကြားခံထားရတဲ့ လုယက်မှု သုံးခုကတော့ ဒီနှစ် မတ်လနဲ့ မေလတွေမှာ ကျူးလွန်ခဲ့တဲ့ အမှုတွေ ဖြစ်ပါတယ်။

သယံဇာတကိစ္စ ချင်းအဖွဲ့တွေ ပြည်နယ်အစိုးရနဲ့ တွေ့မယ်

ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက ချင်းပြည်နယ်မှာ သယံဇာတတူးဖော်ဖို့အတွက် ကမ်းလှမ်းထားချက်နဲ့ ပတ်သက်ပြီးပြည်နယ် အစိုးရ၊ နိုင်ငံရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ တွေ့ဆုံကြမယ်လို့ ပါဝင်တွေ့ဆုံကြမယ့်အဖွဲ့အစည်းတွေက ဆိုပါတယ်။တွေ့ဆုံ ပွဲနေ့တွေက ဇွန်လ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တို့ ဖြစ်ပြီး တီးတိန်မြို့မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ ချင်းတောင် သဘာဝ သယံဇာတ စောင့်ကြည့်ရေး အဖွဲ့ဥက္ကဌ ဦးထားသွောင်ကပြောပါတယ်။ “တူးဖော်မယ့်ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဒေသ တွင်း ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အဓိကဆွေးနွေးမယ်” လို့ ဦးထားသွောင်က ဆိုပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာရှိတဲ့ မြွေတောင်မှာ နီကယ်သတ္တုတူးဖော်ဖို့ အတွက် တရုတ်နိုင်ငံ North Mining Investment ကုမ္ပဏီ က ပြည်ထောင်စုအစိုးရဆီမှာ လျှောက်ထားခဲ့ပြီး အိန္ဒိယနိုင်ငံက ကုမ္ပဏီတစ်ခုကလည်း ဖလမ်းခရိုင် အတွင်းမှာ သတ္တုတူးဖော်မှု ပြုလုပ်ဖို့ ကမ်းလှမ်းထားပါ သေးတယ်။
ပြည်နယ်အတွင်းမှာ ပြုလုပ်မယ့် သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အတွက် ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စုအစိုးရက တိုက်ရိုက် ကိုင်တွယ်ပါတယ်လို့ ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။
“ကျွန်တော်တို့ အလုပ်က ဒေသခံတွေကို စည်းရုံးပေးရတာ လောက်ပဲ၊ ကျန်တာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး” လို့လည်း ဦးကျော်ငြိမ်းက ဆိုပါ တယ်။ ဦးထားသွောင်ကလည်း စီမံကိန်းတစ်ခုမှာ ဒေသခံတွေအနေနဲ့ ပြဿနာတွေ ကြုံတွေ့ရရင် အစိုးရနဲ့ပြည်သူကြား ပူးပေါင်းဖြေရှင်း မှုတွေ ပြုလုပ်နိုင်ဖို့ အတွက် ခုလိုတွေ့ဆုံတာဖြစ်တယ်၊ ပြည်နယ်အစိုးရရဲ့ အားနည်းချက် တွေကိုပါ ဝေဖန် ထောက်ပြသွားမှာ ဖြစ်တယ်လို့ ထပ်လောင်းပြောပါတယ်။
The Voice Weekly