စစ်တွေမြို့
ဒါးပိုင်ဒုက္ခသည်စခန်းတွင် လုံခြုံရေးဆောင်ရွက်နေသည့်
လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဘင်္ဂါလီများ ဝိုင်းဝန်းရန်ပြု ၍
သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရပြီး တာဝန်ကျရဲအား ဓားးဖြင့်လိုက်ခုတ်သူတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးမှုတစ်ရပ် ဩဂုတ် ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ညနေ ၇ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် စစ်တွေမြို့နယ်
ဒါးပိုင်ဘင်္ဂါလီကျေးရွာမှ လူငယ်နှစ်ဦးက ဒါးပိုင်ဒုက္ခသည်စခန်းသို့
ဈေးဝယ်ရန်သွားရောက်စဉ် ဒါးပိုင်ဒုက္ခသည်စခန်းမှ လူများက သူခိုးဟုစွပ်စွဲကာ
ကြိုးဖြင့်တုပ်နှောင်ပြီး ရိုက်နှက်နှိပ်စက်နေခြင်းခံရကြောင်း ၎င်းလူငယ်နှစ်ဦး၏ ဆွေမျိုးတစ်ဦးက မှန်စီသားရေစက်ရုံတွင် လုံခြုံရေးယူထားသော အမှတ် ၃၆ ရဲလုံခြုံရေးတပ်ဖွဲ့ခွဲစစ်ကြောင်း
၂ မှ ရဲမှူးအောင်ချမ်းမင်းထံလာ ရောက်အကြောင်းကြားခဲ့သည်။ ထိုသို့
အကြောင်းကြားခဲ့သဖြင့် ရဲမှူးအောင်ချမ်းမင်းသည် တပ်စိတ်တစ်စိတ်နှင့်အတူ
အကူညီပေးရန် ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ရာ ကြိုးတုပ်ခံထားရသူနှစ်ဦးအား
ဓားများကိုင်ဆောင်ထားသော ဘင်္ဂါလီများက ဒုက္ခသည်စခန်းအနောက်ဘက်
လယ်ကွင်းပြင်ဘက်သို့ ဆွဲခေါ်သွားသည်ကို တွေ့မြင်ရသည့်အတွက်
အော်ဟစ်ဟန့်တားပြီးခေါ်သော်လည်း မလာသည့်အပြင် ဓားကိုင်ဆောင်ထားသူများက
ရဲတပ်ဖွဲ့ဝင်များအား လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ပြီး
ပြန်လည်ရန်မူ တိုက်ခိုက်ရန် ရဲတပ်ဖွဲ့ဝင်များရှိရာသို့
လှည့်ပြန်လာခဲ့သည့်အတွက် သေနတ်ငါးချက် ခြောက်လှန့်ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။
Friday, August 8, 2014
Thursday, August 7, 2014
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် တစ်နိုင်ငံလုံးရှိနိုင်ငံရေးအကျဉ်းသားများ ဆွေးနွေးမည်
နိုင်ငံရေးအကျဉ်းသားဆို သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ် သက်၍ မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများ တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှ ဦးရဲအောင် က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများသည် မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိ
မိုက်ကယ်ဂျက်ဆင်လို ဖြစ်ချင်တာကြောင့် အရေပြားပေါ် အက်ဆစ်လောင်းချခဲ့
ပေါ့ပ်ဘုရင်အဖြစ် သတ်မှတ်ခံထားရတဲ့ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သွားတာ
ငါးနှစ်ကျော်သွားပြီဖြစ်ပေမယ့် သူ့ကို ကမ္ဘာတစ်ဝန်းက ဂီတ ပရိသတ်တွေ
မမေ့နိုင်ကြသေးပါဘူး။ ထူးခြားတဲ့
ကကွက်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ၂၀၀၉၊ ဇွန်လမှာ
ကွယ်လွန်သွားခဲ့ တာဖြစ်ပါတယ်။မိုက်ကယ်ဂျက်ဆင်
ကွယ်လွန်ခြင်းအထိမ်းအမှတ်ပွဲမှာလည်း သူ့လိုဝတ်စားဆင်ယင်ပြီး
တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်း မှာ မိုက်ကယ်ဂျက်ဆင်လို
ဝတ်စားဆင်ယင် နေထိုင်တဲ့ ပရိသတ်တွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။ ဒီအထဲမှာ
ဘရာဇီးလ် နိုင်ငံသား အန်တိုနီယိုဂီ လက်ဆန် ရိုဒရီဂွက်ဇ်လည်း ပါဝင်ပါတယ်။
ဂီလက်ဆန်ဟာ မိုက်ကယ် ဂျက်ဆင်ပုံစံ အတိုင်း နေထိုင်ပြီး
တစ်ထေရာတည်းဖြစ်ချင်တာမို့ သူ့အရေပြားကို အက်ဆစ် အပျော့စားနဲ့
လောင်းချခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် ဂီလက်ဆန်ဟာ ပေါင် (၂၀၀၀)
ကုန်ကျခံပြီး မျက်နှာကို ခွဲစိတ်ကုသခဲ့ပါတယ်။ရန်ကုန်မြို့တွင်း စားသောက်ဆိုင်ငယ် ၁၄ ဆိုင်ကိုစားသောက်ကုန် လုပ်ငန်းရှင်အသင်း ကူညီမည်
ရန်ကုန်မြို့အတွင်းရှိ စားသောက်ဆိုင်ငယ်များနှင့် လမ်းဘေးဆိုင်များကို
အစားအသောက်လုပ်ငန်းနှင့် ဆက်စပ် ပစ္စည်းများ အကူအညီပေးရန် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ် ငန်းရှင်များအသင်းက ဆိုင်(၁၄) ဆိုင် ရွေးချယ်ထားကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းက ဆိုင်ခန်းဖြင့်
ရောင်းချသော စားသောက်ဆိုင်ငယ်များ၊ လမ်းဘေး တွင် အဖီချရောင်းသောဆိုင်များ၊
လမ်းဘေး ပလက်ဖောင်းတွင် ရောင်းချသောဆိုင်များကို
လိုအပ်သောပစ္စည်းအကူအညီပေးရန် လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်၊ ကျောက်တံတား၊
ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း စသောမြို့နယ် ခုနစ်ခုမှ
ဆိုင်(၁၄)ဆိုင်ရွေးချယ်ထားသည်။အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာ စိုးလွင်ငြိမ်းနှင့်မေးမြန်းခြင်း
အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အထိ စိုးရိမ်ရေမှတ် အမြင့်ဆုံးကိုရောက်ရှိနေပြီဖြစ်ပါတယ်။အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ကလည်း တစ်ရက်ပြီးတစ်ရက်မြင့်မားလျက်ရှိရာ အခုဆို ရင် သေဆုံးသူဦးရေ ၉ဝဝ ခန့်အထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနတွေမှာ လည်း ရေးသားဖော်ပြ နေတာတွေ့ရတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံရသူ ၁၆ဝဝ အထိရှိနေပြီး ရောဂါကူးစက်မှုနှုန်းဟာလည်း လျင်လျင် မြန်မြန်ပျံ့နှံ့နေပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ် ကိုအချိန်တိုအတွင်း ပျံ့နှံ့သွားမှာကို(WHO)ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း စိုးရိမ်မကင်းဖြစ်လာပါပြီ။
မြန်မာနိုင်ငံမှာတော့ ခုချိန်အထိ အီဘိုလာဗိုင်းရပ်စ်ကူး စက်ခံထားရသူတွေ့ရှိခြင်း မရှိသေးပေမယ့် လိုအပ်တဲ့ကြို တင်ကာကွယ်ရေးအစီအစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်ထားနိုင်ဖို့လည်း အလွန်အရေးကြီးနေပြီဖြစ်ပါ တယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သည်များနှင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင်ရန် ကျန်းမာရေးဝန် ကြီးဌာနရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းနှင့် ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါတယ်။
ကမ္ဘောဒီးယား တရားရုံးက ခမာနီခေါင်းဆောင်ဟောင်း နှစ်ဦးကို ထောင်ဒဏ်တစ်သက်စီ ချမှတ်
ခမာနီအစိုးရလက်ထက် ခေါင်းဆောင်ဟောင်းနှစ်ဦးကို ကုလသမဂ္ဂက ထောက်ပံ့ထားသည့်
တရားရုံးတစ်ခုက သြဂုတ် ၇ ရက် တွင် ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်ကြောင်း သိရသည်။ခမာနီခေါင်းဆောင် ပိုပေါ့၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၈၈ နှစ်အရွယ် နူအွန်ချီအာနှင့် အစိုးရအကြီးအကဲဟောင်း အသက် ၈၃ နှစ်အရွယ် ခီယူဆမ် ဖန်တို့သည် ၎င်းတို့ အာဏာရစဉ်က လူသားချင်းညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ပြစ်ဒဏ်များ ကျူးလွန် ခဲ့ကြောင်း ထင်ရှားသဖြင့် ယခုကဲ့သို့ စီရင်ချမှတ်ခံရခြင်းဖြစ်သည်။
ဘားအံတွင် ထောင်ဝင်စာတွေ့ဟန်ပြု၍ စိတ်ကြွဆေး ခိုးသွင်းသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ
ကရင်ပြည် နယ်၊ ဘားအံမြို့နယ် ရှိ တောင် က လေးထောင် အ တွင်းသို့ ထောင်ဝင်
စာလာပို့စဉ် စိတ်ကြွရူး သွပ်ဆေးပြား များ ခိုးသွင်း သူ အမျိုးသမီးတစ်ဦးကို
ဖမ်းဆီးရမိကြောင်း ဘားအံမြို့မ ရဲစခန်းမှ သိရှိရသည်။ဖြစ်စဉ်မှာ ဇူလိုင်လ လယ်၌ တောင်ကလေးထောင်အတွင်း မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသည့် အကျဉ်းသား တစ်ဦးအား
ဇနီးဖြစ်သူ အမျိုးသမီးမှ ဇူလိုင်လကုန်ပိုင်း၌ ထောင်ဝင်စာ လာတွေ့စဉ် ထောင်အ
ဝင်ဝစစ်ဆေးရေးဂိတ်၌ ၎င်းသယ် ဆောင်လာ သည့် စိတ်ကြွဆေးများ အား
ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ခင်ပွန်းသည်မှ မူးယစ်ဆေးဝါး မှုဖြင့်
ထောင်ကျနေခြင်းဖြစ်ပြီး ၎င်းအား လာရောက်တွေ့ဆုံသည့် ဇနီးဖြစ်သူအား အကျဉ်းထောင်
စစ် ဆေးရေး အဝင်ဂိတ်မှ စစ်ဆေးရာ ကိုင်ဆောင်လာသည့် ဆွဲခြင်းအတွင်း မှ
ယိုးဒယား ကွက်ကီးမုန့်အတွင်း ပလတ်စတစ် အိတ်ဖြင့် ပတ်ထား သည့် W.Y စာတန်းပါ
ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၇၅ ပြားရှာဖွေ တွေ့ရှိခဲ့ကြောင်း
သိရှိရသည်။
မြန်မာပြည်ချန်ပီယံ လက်ဝှေ့စိန်ခေါ်ပွဲအတွက် ကျပ်တစ်သိန်းတန် လက်မှတ်များရောင်းမည်
သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ သြဂုတ်လ ၁၇ ရက်နေ့တွင် ကျင်းပမည့်
မြန်မာပြည်ချန်ပီယံ လက်ဝှေ့စိန်ခေါ်ပွဲအတွက် ကျပ်တစ်သိန်းတန် လက်မှတ်များ ရောင်းချပေးမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးအောင်နိုင်မိုးက ပြောကြားသည်။
အဆိုပါ အထူးလက်မှတ်တစ်စောင်လျှင် သုံးဦးကြည့်ရှုနိုင်မည် ဖြစ်သောကြောင့်
လက်မှတ် ၁၆ စောင်သာ ရောင်းချမည် ဖြစ်ကြောင်း၊ ယင်းလက်မှတ်
ဝယ်ယူထားသူများသည် အရေးကြီး ပုဂ္ဂိုလ်များ ခုံတန်းနှင့်
လက်ဝှေ့ကြိုးဝိုင်းစင်ကြားရှိ စာပွဲဝိုင်းတွင်ထိုင်၍ ပြိုင်ပွဲကို
ကြည့်ရှုနိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောဆိုသည်။
“အဲဒီလက်မှတ်ဝယ်ယူထားသူတွေ အနေနဲ့ စားပွဲဝိုင်းတစ်ခုမှာ
သုံးဦးထိုင်ကြည့်နိုင်ပါတယ်။ စနိုးတာဝါ၊ ရေသန့်၊ အာလူးကြော်၊ နေကြာစေ့
အစရှိတဲ့ စားသောက်ဖွယ်ရာတွေ ပြင်ဆင်ပေး ထားမယ်” ဟု ဦးအောင်နိုင်မိုးက
ရှင်းပြသည်။အူရီးဒူးဂယက်ကြောင့် ဟန်းဆက်အချို့ ဈေးတက်
အူရီးဒူးကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပြီးနောက်
မိုဘိုင်းဖုန်းဆိုင်များတွင် ဟန်းဆက်များ ၀ယ်ယူမှု မြင့်တက်လာပြီး
ဟန်းဆက်အမျိုး အစားအချို့ ကျပ်နှစ်သောင်းဝန်းကျင်ဈေးနှုန်းမြင့်တက်သွားကြောင်း သတင်းရရှိသည်။ဇူလိုင်လကုန်မှစ၍ ရောင်းချပေးနေသည့် အူရီးဒူး ဆင်းမ်ကတ်များ ထည့်သွင်းအသုံးပြုရန် မိုဘိုင်းဟန်းဆက်ဝယ်ယူမှုမြင့်တက်လာပြီး ကျပ်ငါးသောင်းမှ တစ်သိန်းခွဲကြားရှိ 3G ဟန်းဆက်များကို ၀ယ်ယူမှုများပြားလာကြောင်း မိုဘိုင်းဖုန်းဆိုင်များမှ စုံစမ်းသိရသည်။‘‘ဟန်းဆက်က အရင်ကထက်ပိုပြီး အရောင်းပွင့်တယ်။ အူရီးဒူးအတွက် ဆိုပြီး
သပ်သပ်ဝယ်ကြတာများတယ်။ အဓိကကတော့ ငါးသောင်းနဲ့ တစ်သိန်းကြားကို
အ၀ယ်များလာတယ်’’ ဟု Mr.Fone မှ အထွေထွေ မန်နေဂျာ ကိုထက်လင်းကျော်က ပြောသည်။မိုဘိုင်းဟန်းဆက်အချို့မှာ နာမည်ကြီးတံဆိပ်အမျိုးအစားဖြစ်ေ သ်ာလည်း အူရီးဒူး၏ မိုဘိုင်း အင်တာနက်လိုင်းကိုအပြည့်အ၀မသုံးစွဲနိုင်ဘဲ
လိုင်းပျောက်ခြင်း၊ ဖုန်းပိတ်သွားခြင်း များရှိခြင်းကြောင့်
မိုဘိုင်းဖုန်းဆိုင်များသို့ လာရောက်လဲလှယ် ခိုင်းခြင်းများလည်းရှိကြောင်း သိရသည်။အူရီးဒူးဆင်းမ်ကတ်သုံးစွဲနိုင်ြ ပီး
Video Call ခေါ်ဆိုမှု ရရှိနိုင်မည့် Huawei အမှတ်တံဆိပ် ဟန်းဆက် အချို့ကို
ဝယ်ယူမှုများပြားလာကာ ရောင်းအားကောင်းသည့် မိုဘိုင်းဟန်းဆက်အချို့မှာ
ကျပ်နှစ်သောင်းဝန်းကျင်ခန့် ဈေးနှုန်းမြင့်တက် သွားကြောင်း
မိုဘိုင်းဖုန်းဆိုင်များမှ သိရသည်။
မုဒိမ်းမှုဟု လိမ်ညာတိုင်ကြား၍ တရားစွဲခံရသော ရဲထွဋ်၊ ဟာဂျီထွန်းထွန်း၊ ဖြူဖြူမင်းနှင့် နုနုမြတ်တို့၏ တတိယအကြိမ်ရုံးချိန်း ရှစ်နာရီကြာမြင့်
မုဒိမ်းမှုဟု လိမ်ညာတိုင်တန်း၍ တရား စွဲခံရသော ရဲထွဋ်၊ ဟာဂျီထွန်းထွန်း၊
ဖြူဖြူမင်း (ခ)ကတုံးမနှင့် နုနုမြတ်တို့၏ တတိယအ ကြိမ်ရုံးချိန်းမှာ
ရှစ်နာရီကြာမြင့်ခဲ့ပြီး ရဲထွဋ်နှင့် နုနုမြတ်တို့မှာ
နိုင်ငံသားကတ်နှစ်ခုကိုင်ဆောင် ထားသောကြောင့် အဆိုပါ ရုံးချိန်းအတွင်း လဝကဥပဒေပုဒ်မ ၆၁၊ ၆၂ တို့ဖြင့် ထပ်မံရုံးတင်ခံခဲ့ရကြောင်း သတင်းရရှိသည်။
မူလက အရေးပေါ်စီမံချက်အက် ဥပဒေပုဒ်မ ၅(ဃ)၊ (င)၊ (ည)တို့ဖြင့် ရုံးတင်စစ်ဆေး
ခံနေရသော ဟာဂျီထွန်းထွန်း၊ ကတုံးမနှင့် နုနုမြတ်တို့ကို ဩဂုတ် ၅ ရက်က
လိမ်ညာ မှုဖြင့်ပါ ရုံးတင်စစ်ဆေးခဲ့ပြီး ဩဂုတ် ၆ ရက်တွင်
တရားလိုပြသက်သေအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှရဲလေးဦး၏
ထွက်ဆိုချက်ကိုရယူခဲ့ပြီး ယင်းအမှုများကို စစ်ဆေးရန်အတွက်
ပျဉ်းမနားမြို့နယ်တရားရုံးရှိ စစ်ဆေးရန်ရှိ သော ကျန်အမှုများကို
ဆိုင်းငံ့ထားကာ လုံခြုံ ရေးအရ ရက်ဆက်စစ်ဆေးသွားမည်ဖြစ်ပြီး
မကြာမီရက် သတ္တပတ်အတွင်း အပြီးသတ် အမိန့်ချမှတ်ရန် စီစဉ်နေကြောင်း
သတင်းများလည်း ထွက်ပေါ်နေသည်။အစိုးရထုတ်ပြန်သော သတင်းအရ
လိမ်ညာတိုင်တန်းခဲ့သည့် မုဒိမ်းမှုဖြစ်စဉ်အရ မစိုးစိုးအမည်လွှဲဖြင့်
မဖြူဖြူမင်း(ခ)ကတုံးမမှာ မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ
ဆန်းကဖီး လက်ဖက်ရည်ဆိုင်၏ ဆိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ်
ဆိုင်ရှင်ဖြစ်သူ ညီအစ်ကိုနှစ်ဦးမှာ နေပြည်တော်ရှိ လက်ဖက်ရည်ဆိုင်တွင်
အလုပ်လုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း
ပျဉ်းမနားရဲစခန်းတွင် တိုင်ကြားခဲ့သည်။
တယ်လီနောဆင်းမ်ကတ် ၁၀ သန်း မြို့ကြီးသုံးမြို့တွင် တစ်ပြိုင်နက် ရောင်းချမည်
ဆက်သွယ်ရေး အော်ပရေတာသစ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိထားသော
နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောမြန်မာ ကုမ္ပဏီက ရန်ကုန်၊ မန္တလေးနှင့်
နေပြည်တော်တွင် ဆင်းမ်ကတ် ၁၀ သန်းကို
စက်တင်ဘာလအတွင်း တစ်ပြိုင်နက်တည်း ရောင်းချသွားမည် ဖြစ်ကြောင်း
အဆိုပါကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက The Voice သို့
ပြောကြားသည်။“မြို့ကြီးသုံးမြို့မှာ ဆင်းမ်ကတ် ၁၀ သန်းကို
တစ်ပြိုင်နက်တည်း ရောင်းချသွားမှာပါ။ ဖုန်းခေါ်ခကိုလည်း မည်သည့်
အော်ပရေတာကိုမဆို ၂၅ ကျပ်ထက် မပိုတဲ့ နှုန်းထား နဲ့ ကောက်ခံသွားမှာပါ” ဟု
၎င်းကဆိုသည်။ စက်တင်ဘာလတွင် စတင်ရောင်းချမည့် ဆင်းမ်ကတ် ၁၀ သန်းအတွက်
တာဝါတိုင်ပေါင်း ၈၀၀ ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း
ပြောကြားသည်။ဒုတိယတစ်ကိုယ်တော်ကို ဒီဇင်ဘာမှာ ထွက်နိုင်အောင်ကြိုးစားနေတဲ့ ထွန်းရတီ
အချစ်များစွာသီချင်းနဲ့ ပရိသတ်သိသွားခဲ့တဲ့ ထွန်းရတီက ခုတစ်ခါ
ဒုတိယအယ်လ်ဘမ်တစ်ခုကို ချပြဖို့ ကြိုးစားနေတာကြောင့် ဒီအခွေနဲ့ ပတ်သက်ပြီး
သူ့ကိုမေးကြည့်လိုက်တဲ့အခါ “ရတီ
ဒုတိယခွေမှာလဲ အချစ်များစွာ သီချင်းလိုပဲ လူငယ်ဖက် သွားတဲ့
ပုံစံမျိုးလေးတွေ ရွေးထားတယ်။ ဒုတိယအခွေထဲမှာ အသည်းကွဲသီချင်းတွေလဲ ပါတယ်။
အချစ်အတွက်နဲ့ စွန့်စားရဲလားဆိုတဲ့ ကောင်မလေးဖက်က
မေးထားတဲ့ပုံစံမျိုးလေးတွေ၊ ကောင်မလေးက
အရမ်းအချစ်ကြီးလွန်း လို့နောက်ခါကျရင် နင့်ကို ဂရုမစိုက်တော့ဘူး။
ကိုယ့်ကိုကိုယ်ပဲ အချစ်ကြီးလွန်းလို့ ပြန်ဆုံးမမယ်ဆိုတဲ့ ဟာလေးတွေလဲ
ပါပါတယ်။ ခုဒီခွေလေးမှာသီချင်း ၁၂ပုဒ်ဖြစ်မလား၊ ၁၄ ပုဒ်ဖြစ်မလား မသိသေးဘူး။
တေးရေးတွေကတော့ ကိုရွှေဂျော်ဂျော်၊ ကိုဇ၀ါ၊ ကိုမိုးမိုး၊ စိုးလင်း၊
ခင်ဆွေလင်း၊ မိုင်း၊ အငယ်တွေထဲကလည်း အများကြီးပါမယ်။ ကိုယ်တိုင်ရေးက
တစ်ပုဒ်ပါမယ်။ title ကတော့ မရွေးရသေးပါဘူး။ featuring တွေလဲ မပါပါဘူး။
တစ်ခွေလုံးကို ညီမတစ်ယောက်တည်းပါပဲ။ ရတီခန့်မှန်းထားတာကတော့
၁၂လပိုင်းလောက်ပေါ့။”လို့ သူမက ပြောပါတယ်။တယ်လီနော(မြန်မာ)မှ ကျပ်၁၅၀ဝတန်ဆင်းမ်ကတ်များ စရောင်းချိန်တွင် ဈေးတင်၍ရောင်းသောဆိုင်များကို ရောင်းချခွင့်ပိတ်ပင်သည့်စနစ် ကျင့်သုံးမည်ဟုဆို
တယ်လီနော (မြန်မာ)မှကျပ် ၁၅၀ဝတန်ဆင်းမ် ကတ်များ
စတင်ရောင်းချသည့် အ ချိန်တွင် ဈေးကွက် အတွင်းဈေးနှုန်း
မြှင့်တင်၍ရောင်းချသည့်အရောင်း ဆိုင်များကို တယ်လီနောဆင်းမ်ကတ်
များရောင်းချခွင့်ပိတ်ပင်သည့် စနစ် ဖြင့် ကျင့် သုံးဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။လာမည့်စက်တင်ဘာလအတွင်း ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချ
မည့်ဆင်းမ်ကတ်များကို ဝယ်ယူသုံး စွဲသူများအနေဖြင့်ကျပ်
၁၅၀ဝဖြင့်ဝယ်ယူနိုင်ရန်နှင့်အရောင်းဆိုင်များ တွင် ဈေးနှုန်းမြှင့်မရောင်းချစေရန် ယင်းစနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက် သွားရန်ပြင်ဆင်ထားကြောင်း သိရသည်။
တယ်လီနော(မြန်မာ)မှပြော ရေးဆို ခွင့်ရှိသူတစ်ဦးက''တယ်လီ နောကရောင်းတဲ့အခါ
ဆင်းမ်ကတ် ကို လုံလုံလောက်လောက် ချထားပေး ဖို့ရှိတယ်။ ဒါကြောင့်ဝယ်သလောက်
ရနေမှာမို့လို့ ဈေးပိုပေးပြီး ဝယ်ရ မှာမဟုတ်ဘူး။ ရောင်းတဲ့ဆိုင်တွေက လဲ
ဈေးပိုမြှင့်ပြီးရောင်း ရင် တယ်လီ နောဆင်းမ်ကတ်ရောင်းခွင့်မရှိအော င် ပိတ်သွားမယ်''ဟု ပြောသည်။ယင်းအပြင်တယ်လီနော(မြန် မာ)မှဆင်းမ်ကတ်များစတင်ရောင်း ချသည့်အချိန်နှင့်
တစ်ပြိုင်နက်တည်း မှာပင် ဖုန်းပြောဆိုခြင်း၊ အင်တာနက်
အသုံးပြုခြင်းတို့အပြင် အခြားဝန် ဆောင်မှုများလည်း အသုံးပြုနိုင်ရန်
ပြင်ဆင်ထားကြောင်းသိရသည်။
ပြည်ပဥပဒေအတိုင်ပင်ခံများနှင့်ဆွေးနွေးပြီး အပစ်ရပ်မူကြမ်းကို အစိုးရထံပေးပို့မည်
ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး ညီလာခံမှရရှိခဲ့သည့် အပစ်အခတ်ရပ် စဲရေးသဘောတူညီချက်မူကြမ်း ၁၈ ချက်ကို ပြည်ပမှ ဥပဒေအတိုင်ပင်ခံ များနှင့်ဆွေးနွေးကာ အစိုးရထံသို့ပေး ပို့မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သဘောတူညီချက်အ ချောကိုအစိုးရထံပေးပို့ပြီး သြဂုတ် ၁၅ရက်ဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာငြိမ်းချမ်း ရေးဖော်ဆောင်သူတို့ MPC ၌ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တချို့ကဆိုသည်။
ခြေထောက်တွင် ဗုဒ္ဓရုပ်ပုံ တက်တူးထိုးထားသည့် ကနေဒါပါမောက္ခကို မြန်မာနိုင်ငံမှ ပြန်ထွက်ခိုင်းခဲ့
အွန်လိုင်းစာမျက်နှာပေါ် တွင် ပျံ့နှံ့ခဲ့သော ခြေထောက်တွင် ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ရေးထိုး ထားသည့် ကနေဒါနိုင်ငံသားက ယင်း သို့
ဆေးမင်ထိုးရခြင်းမှာ ဗုဒ္ဓဘာသာ ကို ယုံကြည်သက်ဝင်၍ဖြစ်သည်ဟု
ဘန်ကောက်ပို့စ်၏ ဖုန်းဖြင့်တစ်ဆင့် မေးမြန်းမှုကို ဖြေကြားခဲ့သည်ဟုသိရ သည်။ဂျာဆန်ပိုလီအမည်ရှိ ကနေဒါ နိုင်ငံသားသည် ဟောင်ကောင်ဘက် တစ်တက္ကသိုလ်၌
အင်္ဂလိပ်စာဘာသာ သင်ကြားနေသော ပါမောက္ခ တစ်ဦး ဖြစ်သည် ဟုသိရပြီး မဟာယာနဗုဒ္ဓ
ဘာသာဝင်တစ်ဦးဖြစ်သည်ဟု သိရ သည်။ ဖုန်းဖြင့် အင်တာဗျူးပြုလုပ် ရာတွင်
ဂျာဆန်ပိုလီက ၄င်းတည်းခို ရာနေရာ ရန်ကုန်ရှိ အင်းလျားလိတ် ဟိုတယ်သို့
စနေနေ့ညတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှ အစိုးရအရာရှိ ၁၅ဦးခန့်
ပြီးခဲ့သော စနေနေ့ညက ရောက်ရှိခဲ့ပြီး ၄င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်
ဟုဆိုသည်။ထို့နောက် အရာရှိများက ၄င်းအား ခြေထောက်တွင် ဗုဒ္ဓရုပ်ပုံရေး ထိုးရသည့်အကြောင်းရင်းကိုမေးမြန်းခဲ့ပြီး ဗုဒ္ဓဘာသာကို ယုံကြည်သူမှန်း သိရှိ သောအခါ ကောင်းမွန်စွာဆက်ဆံပြောဆိုလာသည်ဟုဆိုသည်။
ပီအာရ်စနစ်အတွက် ကကွက်ဆန်းများ မြင်တွေ့ရခြင်း
ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၃၁ ရက်က ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်’ကို ဖွဲ့စည်းကာ ပီအာရ်မီးကို ခေတ္တငြှိမ်းသတ်လိုက်လေသည်။ ယခုတစ်ကြိမ်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများ၏ နောက်ဆုံးရက်များတွင် ပီအာရ်စနစ်နှင့်ပတ်သက်၍ ငြင်းခုံမှုများဖြင့် ဇာတ်ရှိန်မြင့်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။ မည်သို့သော ရည်ရွယ်ချက်များကြောင့်ရယ်မသိ။ လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ပီအာရ်ကို ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီက စတင်အဆိုတင်ခဲ့သည်။ ထိုမီးကို ဆက်ကာဆက်ကာ လောင်ကျွမ်းနေစေရန် ပြည်ခိုင်ဖြိုးပါတီက ထောက်ခံမဲလောင်စာများ ထပ်ထိုးပေးခဲ့သည်။
အင်းတကော် လူသေမှု အမှုမှန် ပေါ်နိုင်ပါ့မလား
ပဲခူးတိုင်း အင်းတကော်မြို့က ယာဉ်တိုက်သေဆုံးမှု တခုမှာ အဓိက တာဝန်ရှိတဲ့ ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားနေတဲ့ သေ ဆုံး သူရဲ့ မိခင်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ကာယကံရှင် မိသားစုက ပြောပါတယ်။
သေဆုံးသူရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က သားဖြစ်သူသေဆုံးမှုဟာ သာမန်မဟုတ်ဘဲ ယာဉ်ထိန်းရဲ တပ်ဖွဲ့တွေရဲ့ ဥပဒေမဲ့ အကြမ်း ဖက် ဖမ်းဆီးမှုကြောင့် သေဆုံးရတာ ဖြစ်တယ်ဆိုပြီး အင်းတကော် ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားပေမယ့် ရဲစခန်းက အမှုဖွင့် မပေး ဘဲ အချိန်ဆွဲထားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
ပြန်ကြားရေးဝန်ကြီးသစ်လက်ထက်MRTV မှထုတ်လွှင့်ပြသမှု ကျင့်ဝတ်နဲ့ ညီ မညီ မေးခွန်းထုတ်စရာဖြစ်
ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက စာနယ်ဇင်း ကျင့်ဝတ်ပါ အချက် များကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက လေးစားလိုက်နာပြီး သတင်းများရေးသားဖော်ပြလျက် ရှိကြောင်း နိုင်ငံပိုင်သတင်းစာ၌ ယခုလ ၅ ရက်တွင် ဖော်ပြထား သည်။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းကကျင့်ဝတ်နှင့်အညီ ရေးသား ဖော်ပြနေသည်ဆိုသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနလက် အောက် ရှိ မြန်မာ့ အသံနှင့်ရုပ်မြင် သံကြားမှ ယခုလ ၅ ရက် ည ၈နာရီတွင်ထုတ်လွှင့်ခဲ့သော နိုင်ငံ တကာ သတင်းတစ်ပုဒ်သည် မီဒီ ယာကျင့်ဝတ် (သို့) ရုပ်သံလွှင့် ကျင့်ဝတ်နှင့် ညီ၊မညီ ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာကြောင်း အယ်ဒီတာတစ်ဦးကပြောသည်။
ဟင်္သာတ ခရိုင်ပညာရေးမှူးနှင့် ဆရာမ ၃ ဦးကို ကျောင်းသား မိဘများ ဆန္ဒပြ
ဟင်္သာတခရိုင် ပညာရေးမှူး၊ မြို့နယ်လက်ထောက် ပညာရေးမှူးနှင့် ဟင်္သာတမြို့နယ် သုံးခွကျေးရွာ အလယ်တန်းကျောင်းမှ ဆရာ မ ၃ ဦးကို အရေးယူပေးရန် ကျောင်းသားမိဘ ၁၀၀ ကျော်က ယမန်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဟင်္သာတမြို့နယ် တံတားဦး ကျေးရွာအုပ်စု သုံးခွကျေးရွာ အလယ်တန်း ကျောင်းခွဲတွင် တာဝန်ကျနေသည့် ဆရာမ ၃ ဦးမှာ ကျောင်းသားများ အပေါ် ဂရုတစိုက် စာပေသင်ကြားမှု နည်းခြင်း၊ ကျောင်းချိန် ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းနှင့် လုပ်ဖော် ကိုင်ဖက် ဆရာ၊ ဆရာမများအပေါ် တင်းမာစွာ ပြောဆိုဆက်ဆံခြင်းများ လုပ်ဆောင်နေသည့်အတွက် ၎င်းတို့ကို အရေးယူပေးရန် ကျောင်းသားမိဘများက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေး ဌာန အဆင့်ဆင့် အထိ တိုင်ကြားသော်လည်း အရေးယူခြင်း မရှိ၍ ဆန္ဒပြခြင်း ဖြစ်သည်ဟု ကျောင်းအကျိုးဆောင် အဖွဲ့ဝင် ဦးမြ၀င်းက ဧရာဝတီကို ပြောသည်။
ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနှင့်ငြိစွန်းဟုဆို

သူသူထက်လွင် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၀)။
ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် ခေါင်းလောင်း ဆယ်ယူရေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနေနှင့် ပူးပေါင်းပါဝင်သင့်ကြောင်း သမိုင်းပညာရှင်တချို့က သုံးသပ်ပြော ကြားလိုက်သည်။
အီဘိုလာ ရောဂါပိုးကို သတ်နိုင်မည့် ဆေးတွေ့ ပြီ
Wednesday, August 6, 2014
အမေရိကန် နိုင်ငံကို ရောက်ရှိနေသည့် အီလိုလာပိုး ကူးဆက်ခံနေရသူ
ဒေါက်တာ ဘရက်ဒလီ ကိုZMapp ဟုခေါ်သည့် ဆေးရွက်ကြီး ပင်တမျိုးကဖေါ်စပ်ထားတဲ့ဆေးနဲ့ ကုသလိုက်တဲ့အခါ. အီဘိုလာ ကူးစက်ခံလာရတဲ့ဒေါက်တာ ဘရက်ဒလီ တယောက်ချက်ချင်းသက်သာလာတယ် ဆိုပါတယ်။ အမေရိက က အတ်လန်တာ ဆေးရုံ မှာ ကုသ နေပါတယ်။ရောဂါရှိတဲ့မျောက်တွေကို စမ်းသတ်ကုသတဲ့အခါ သုံးပုံ. နှစ်ပုံ. အသက်.ရှင်တယ် ဆိုပါတယ်။
Wednesday, August 6, 2014
အမေရိကန် နိုင်ငံကို ရောက်ရှိနေသည့် အီလိုလာပိုး ကူးဆက်ခံနေရသူဒေါက်တာ ဘရက်ဒလီ ကိုZMapp ဟုခေါ်သည့် ဆေးရွက်ကြီး ပင်တမျိုးကဖေါ်စပ်ထားတဲ့ဆေးနဲ့ ကုသလိုက်တဲ့အခါ. အီဘိုလာ ကူးစက်ခံလာရတဲ့ဒေါက်တာ ဘရက်ဒလီ တယောက်ချက်ချင်းသက်သာလာတယ် ဆိုပါတယ်။ အမေရိက က အတ်လန်တာ ဆေးရုံ မှာ ကုသ နေပါတယ်။ရောဂါရှိတဲ့မျောက်တွေကို စမ်းသတ်ကုသတဲ့အခါ သုံးပုံ. နှစ်ပုံ. အသက်.ရှင်တယ် ဆိုပါတယ်။
မြေပြိုမှုများကြောင့် ကျိုက်ထီးရိုး တောင်တက်လမ်း အရေးပေါ် ပိတ်
ဆံတော်ရှင်ကျိုက်ထီး ရိုးစေတီတော် တောင်တက်လမ်း တစ်လျှောက် မြေပြိုမှုများ
ဖြစ်ပွားခဲ့ပြီး လူနေတဲတစ်လုံးရှိ အမျိုးသမီးတစ်ဦး
မြေပိသေဆုံးမှုဖြစ်ပွားခဲ့သည့်အတွက် တောင်တက်လမ်းကို အရေးပေါ်ပိတ်လိုက်ရကြောင်း သတင်းရရှိသည်။သီတင်းတစ်ပတ်ကျော်ကြာ မိုးရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်၊ နံနက်က တောင်တက်ကားလမ်း နှင့် ခြေလျှင်တက်သည့် လမ်းများတွင် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
‘‘ကားလမ်းမှာ မြေပြိုသလို လူသွားလမ်းမှာတော့ တဲသုံးလုံး ပါ မြေပိသွားတယ်။ တဲတစ်လုံး မှာရှိတဲ့ အမျိုးသမီးတစ်ဦး မြေပိ ပြီး သေသွားတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ဆယ် နှစ်အတွင်းမှာ ဒါပထမဆုံး မြေပြို မှုတစ်ခုပါ။ လမ်းတွေကို အား ချင်းပြင်နေပါတယ်။ တောင်တက်ကားလမ်းကို အရေးပေါ် ပိတ်ထားလိုက်တယ်’’ ဟု ကျိုက်ထို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။
အသင့်စားခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေး အန္တရာယ်
အသင့်စားခေါက်ဆွဲခြောက်ထုပ်ကလေးများဟာ အချိန်မကုန် အလုပ် မရှုပ် လွယ်ကူမြန်ဆန်ရုံသာမက ဆာလောင်မွတ်သိပ်မှုကို အာသာပြေစေလို့ မရှိမဖြစ်ဖြည့်စွက်စာအဖြစ် အရွယ်သုံးပါးမရွေးစားသုံးနေကြပါတယ်။ နှစ် သက်ရာအသားအမျိုးမျိုး-ပင်လယ်စာများအပြင် သက်သတ်လွတ် တစ်ခါစား အထုပ်လေးများက ဈေးနှုန်းချိုသာသလောက် အရသာလည်းကောင်းတာ ကြောင့် အကြိုက်တွေ့လို့နေကြပါတယ်။ ရံဖန်ရံခါစားသောက်ခြင်းက ပြသနာ မဟုတ်သော်လည်း ရက်လကြာရှည်စားသုံးခြင်းဖြင့် အောက်ပါကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
၁။ အသက်ငါးနှစ်အောက်ကလေးငယ်များကို ဖြည့်စွက်စာအဖြစ် လုံးဝမကျွေး ပါနှင့်၊ အာဟာရချို့တဲ့စေပါတယ်။
၂။ ခေါက်ဆွဲခြောက်ထဲရှိ “Styrofoam” (ခေါ်) ဓာတုပစ္စည်းတစ်မျိုးက ကင် ဆာရောဂါဖြစ်စေနိုင်ပါတယ်။
၈၈ ကျောင်းသားအမည်ခံ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေး

၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် မြေစာပင်များသဖွယ် ကြားညပ်ခံရသူများရဲ့ ဖြစ်ရပ်များ၊ မလိုလားအပ် သော ကောလာဟလ မမှန်သတင်းများ၊ သွေးဆာနေသောစရိုက်၊ ကြမ်းတမ်းသောအမူအရာများနဲ့ မင်းမဲ့စရိုက် ဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သော ဖြစ်ရပ်မှန်ကို ဖတ်ရှုရသော ပြည်သူများအဖို့ စိတ်မချမ်းသာဖွယ်၊ ရင်နင့်ဖွယ် ခံစားခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်မှန်မှာ လူသားချင်းထားရှိကြရမယ့် သနားကြင်နာစိတ်များ ကင်းမဲ့ကာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ကြရပါသည်။ ခုလက်ရှိအချိန်မှာလဲ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်လို့ အမည်ခံထားတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေးတို့ဆိုတာ အဲဒီခေတ်ကတုန်းက ဘာခေါင်းဆောင်မှ မဟုတ်ခဲ့တဲ့သူတွေပါ။
NLD မှ ဦးဆောင်တင်ပြသည့် မဲဆွယ် စည်းရုံးခွင့်အချက်များကို ကော်မရှင် သဘောတူ
ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းတွင်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) ၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပါတီ ခုနှစ်ပါတီတို့
တွေ့ဆုံခဲ့ပြီး နောက်ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့က
သူတို့ တင်ပြတဲ့အချက် တချို့ကို ပြင်ဆင် ပေးသွားမှာပါဟု ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Messenger
Media သို့ ပြောသည်။ ယင်းသို့ပြင်ဆင်ပေးရာတွင် မဲဆွယ်စည်းရုံးခွင့်
ညွှန်ကြားချက် ၁/၂၀၁၄ ထုတ်ပြန်ချက်တွင် ပါဝင်သည့် မဲဆွယ်စည်းရုံးခွင့်
ပြုလုပ်ရာတွင် ရက်ပေါင်း (၃၀) သတ်မှတ်ထားခြင်းအား ရက်ပြန်လည်တိုးမြှင့်
သတ်မှတ်ပေး သွားမည်ဖြစ်ပြီး၊ NLD မှဦးဆောင်တင်ပြသည့်
အချို့သောအချက်များကို လုပ်ထုံးလုပ်နည်း ဥပဒေများတွင် ထည့်သွင်းပေးရန်
စီစဉ်သွားမည်ဟုကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့ကြောင်း NLDပါတီမှ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။ သူတို့ ကတော့
ရက်ပေါင်း သုံးဆယ် ကိစ္စကို ပြင်ဆင်ပေးမယ်လို့ ပြောတယ်။ ဘယ်လောက်
သက်မှတ်ပေးမယ်လို့တော့ မပြောဘူး။သူတို့ ကော်မရှင်အစည်းအဝေးထိုင်ပြီး၊
ဆုံးဖြတ် မလားတော့မသိဘူးလေ ဟု ၄င်း ကဆိုသည်။
ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများ စာရင်း ကောက်မည်

မြို့ပြအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့လယ် ၃ နေရာအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများထံမှ အသေးစိတ်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ (YHT)က ပြောသည်။
နျူကလီးယား လက်နက်မဲ့ ကမ္ဘာဖြစ်ရေး ဂျပန်ဆော်သြမည်

ဂျပန်ဝန်ကြီးချုပ် Shinzo Abe က နျူကလီးယား လက်နက်ကင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ သူ့အနေနဲ့ ကြိုးပမ်းသွားမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့တဲ့ Hiroshima မြို့ အနုမြူဗုံးသင့်ခဲ့တဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ ဂျပန်ဟာ အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ တခုတည်းသော နိုင်ငံဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ် Abe က ထောက်ပြခဲ့ပါတယ်။
နှစ်ရက်အတွင်း နိုင်ငံသားလျှောက်ထားသည့် ဘင်္ဂါလီ ၃၀ ခန့်ကို စစ်ဆေးပြီးဟုဆို

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင်တွေ့ရသည့် ဘင်္ဂါလီများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီတစ် ထောင်ကျော်ကို မြို့နယ်အဆင့် လူတွေ့စစ်ဆေးရာ နှစ်ရက်အတွင်း လူပေါင်းသုံးဆယ်ခန့် စစ် ဆေးနိုင်ခဲ့ပြီး ဥပဒေနှင့်မညီသော သူများကို ထုတ်ပယ်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သ တင်းရရှိသည်။
တစ်နှစ်ကျော်ကြာမဖြေရှင်းနိုင်သေးသည့် UMFCCI ၏ ကျပ်သိန်းငါးသောင်းခန့် ဘဏ္ဍာရေးပြဿနာအတွက် သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်မည်
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဘဏ္ဍာရေးဆိုင်ရာပြဿနာများအတွက် တစ်နှစ်ကျော်လာသည့်အထိ ငွေစာရင်း ရှင်း တမ်း ထုတ်ပြန်နိုင်မှုမရှိသည့်ပြဿနာများကို နိုင်ငံတော် သမ္မတအပါအ၀င် တာဝန်ရှိသူများထံတင်ပြခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ် မည်ဟု ဇောတိက အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကငါးသောင်းကျော် နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ပြီး ပဲခူးခရိုင်နှင့် ပြည်ခရိုင်တွင် အဆိုးရွား ဆုံးဖြစ်

ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇူလိုင်လနှောင်းပိုင်းမှစတင်၍ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လယ် ဧက ၅၀၀၀၀ ကျော်ခန့်နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ပြီး ပဲခူးရိုင် နှင့် ပြည်ခရိုင်တို့တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
Subscribe to:
Posts (Atom)