Friday, August 15, 2014

မန္တလေးတွင် ယာဉ်ကြောရှုပ်ထွေးမှုလျော့ကျစေမည့် နည်းစနစ်သုံးရန် တိုယိုတာအကြံပြု

 မန္တလေးမြို့တွင် ယာဉ် ကြောရှုပ်ထွေးမှုများ ဖြေလျှော့ စေမည့် ကန်ဒေါ်လာ ၂၃ သန်း တန် ခေတ်မီနည်းစနစ်အသုံးပြု ရန် ဂျပန်နိုင်ငံတိုယိုတာကုမ္ပဏီ က လာရောက်အဆိုပြုတင်ပြထား ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတာဝန်ရှိ သူများနှင့် တိုယိုတာကုမ္ပဏီမှတာ ၀န်ရှိသူများ ယခုလ ၁၃ရက်ကအ ထက်ပါ ကိစ္စနှင့်ပတ်သက်၍ တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။တိုယိုတာကုမ္ပဏီမှတင်ပြ သည့် နည်းစနစ်များတွင် လမ်းအ သုံးပြုနေသည့် ပြည်သူများအ တွက် မိုးကာလသဘာဝဘေးအန္တ ရာယ်ကာကွယ်ပေးနိုင်ခြင်း၊ယာဉ် ကြောရှုပ်ထွေးသည့်နေရာအား ကြိုတင်သတင်းအချက်အလက် ပေးပို့ရယူနိုင်ခြင်း၊ သတ်မှတ်ချိန်  အတွင်း သတ်မှတ်သည့်နေရာသို့ ရောက်ရှိမည့်ထိန်းချုပ်နိုင်သော ဘတ်စ်ကားလိုင်းများပြေးဆွဲခြင်း၊ မြို့တွင်းမီးပွိုင့်များတွင် ဖြတ် သန်းသွားလာသည့် ကားအရေအ တွက်၊ အမျိုးအစား၊ နံပါတ်၊လမ်း လျှောက်ဖြတ်သန်းသူဦးရေအစရှိ သည့် ကိန်းဂဏန်းအချက်အ လက်များ   မှတ်သားပေးနိုင် မည့် နည်းပညာများပါဝင်သည့် Intergrated Traffic and Transit Control Center Projectဖြစ် ကြောင်း မန္တလေးစည်ပင်မှတာဝန် ရှိသူများကပြောသည်။

တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ တစ်ဆင့်ခံ ပြန်လည်ရောင်းဝယ်မှုများရှိလာ

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများအား တစ်ဆင့်ပြန်လည်ဝယ်ယူရန် လာရောက် စုံစမ်းသူများရှိနေ ပြီး ရောင်းချသူများ လည်းရှိကြောင်း ရန်ကုန်မြို့အိမ်ခြံ မြေဈေးကွက်အတွင်းမှ သိရှိရသည်။
''တန်ဖိုးမျှတ တိုက်ခန်းတွေကို ဈေးကွက်ထဲမှာ လိုက်ဝယ်နေတဲ့သူ တွေ ရှိသလို ရောင်းတဲ့သူတွေလဲ ပြန် ရောင်းလာကြတာ တွေ့ရတယ်။ ဒါပေမဲ့ ရောင်းတဲ့သူ နည်းပါတယ်။ မရောင်းဘူးဆိုတာကလဲ ဈေးညှိမရ လို့သာ မရောင်းကြတာပါ။ ရောင်းချ ခွင့်မရှိဘူးဆိုပေမယ့်လဲ နားလည်မှု နဲ့ ရောင်းဝယ်နေကြတဲ့သဘောပေါ့'' ဟု ရွှေမင်္ဂလာအိမ်ခြံမြေအကျိုးဆောင် မှ ကိုအာကာကျော်က ပြောသည်။
တိုက်ခန်းဝယ်ယူသူများသည် ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချ ခြင်း မပြုလုပ်ရန်နှင့် သတ်မှတ်ချိန်ကျော် လွန်၍ ပြုလုပ်လိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြလျှောက်ထားပြီးခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်းရောင်းချခွင့်ရှိကြောင်းစသည့် စည်းကမ်းချက်များ ပါဝင် ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာ ကော်မတီမှ သိရသည်။

၂၀၀၈ ပြင်ဆင်ရေးမှ အလုံးစုံပျက်သုဉ်းရေးသို့

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကွန်မြူနစ်ဝါဒ အသက်ဝင်ခဲ့သည်မှာ ၇၅ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၅ နှစ်၊ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ အရှေ့ပိုင်းရပ်၊ ၄၈ လမ်း နေအိမ်တစ်လုံးတွင် မက်စ်ဝါဒ ယုံကြည်သူ မြန်မာလူငယ်တစ်စုက ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ပါတီစတင်ထူထောင်သူများမှာ သခင်စိုး (လူထုခေါင်းဆောင်)၊ ရဲဘော်ဂိုရှယ် (စည်းရုံးရေးမှူးနှင့် လျှို့ဝှက်လုပ်ငန်း)၊ သခင်ဗဟိန်း (ကျောင်းသားစည်းရုံးရေး)၊
သခင်လှဖေ (ဘဏ္ဍာရေးမှူး)၊ ရဲဘော်နတ် (စာကြည့်တိုက်မှူး)နှင့် သခင်အောင်ဆန်း(အထွေထွေအတွင်းရေးမှူး) တို့ဖြစ်ကြပါသည်။
ယခုသော် အခြေအနေများ ပြောင်းပြန်ကွာခြားခဲ့ပြီး မက်စ်ဝါဒသည် မြန်မာနိုင်ငံတွင် ရေပန်းမစားတော့ပါ။ သို့သော် တစ်ချိန်က မက်စ်ဝါဒီအဖြစ် ပြင်းထန်စွာ ယုံကြည်ခဲ့ကြသော ကွန်မြူနစ်အိုကြီးများ၏ နေ၀င်ချိန်တွင်တော့ နောင်တတရားတို့နှင့် ရောပြွမ်းနေသော အတွေးအမြင်များကို ရရှိခဲ့ပါသည်။ စာဖတ်သူများ ဝေဖန်ဆန်းစစ်နိုင်ရန် မေးမြန်းတင်ပြလိုက်ရပါသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကော့မှူးတွင် ဟိုတယ်သင်တန်းဖွင့်၍ အခမဲ့သင်ကြားပေးရန် စီစဉ်

ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းက ကော့မှူးမြို့တွင် ဟိုတယ် ၀န်ဆောင်မှုဆိုင်ရာ သင်တန်း ကျောင်းတစ်ခုဖွင့်လှစ်၍ အခမဲ့ သင်ကြားပေးရေး အစီအစဉ်ကို အောက်တိုဘာတွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
သင်တန်းကျောင်းကို Ho−spitality and Catering Train-ing Academy ဟု အမည်ပေး ထားပြီး ဟိုတယ်ဆိုင်ရာ ၀န် ဆောင်မှုများဖြစ်သည့် Hotel Operationသင်တန်းနှင့် အချက် အပြုတ်နှင့် စားသောက်ခန်းကျွမ်း ကျင်သင်တန်းစသည့်သင်တန်း နှစ်မျိုးကို အသိအမှတ်ပြုလက် မှတ်ရသည်အထိ အခမဲ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်းဖောင် ဒေးရှင်း ဒါရိုက်တာ ကိုဇွဲနန္ဒက ပြောသည်။
သြဂုတ်လ ၁၈ ရက်တွင် လျှောက်လွှာများ စတင်ခေါ်ယူ သွားမည်ဖြစ်ပြီး အပတ်စဉ်တစ်ခု လျှင် စာတွေ့ခြောက်လနှင့်လက် တွေ့ နှစ်လစုစုပေါင်း ရှစ်လအ ကြား သင်ကြားပေးသွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
‘‘ကျောင်းမှာ ခြောက်လ၊ နောက်နှစ်လက အင်းလျားလိတ် စတဲ့ ရန်ကုန်ကဟိုတယ်ကြီးတွေ မှာ On Job Trainingလုပ်ရမယ်။ ပြီးတော့ ကျောင်းမှာဟိုတယ်ခန်း တွေလည်း ပုံစံတွေရှိတယ်။ စား သောက်ဆိုင်တွေလည်းရှိတယ်။ ဒါကြောင့် သင်တန်းသားတွေက စာတွေ့တင်မက လက်တွေ့ပါ လုပ်နိုင်မှာပါ’’ဟု ကိုဇွဲနန္ဒကပြော သည်။

အစိုးရနှင့် ကေအိုင်အေ ဆွေးနွေးပွဲ ရက်ပိုင်းအလို တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

အစိုးရတပ်နှင့် ကေအိုင် အေတို့ကြား သြဂုတ်လ ဒုတိယ ပတ်အတွင်း တိုက်ပွဲများ ဆက် တိုက် ပြန်လည်ဖြစ်ပွားခဲ့သည်။
ဖားကန့်-ကာမိုင်း လမ်းတံ တားညီနောင်ကျေးရွာ မြောက် ဘက်ဆဘော့မှော်အနီးတွင် သြ ဂုတ် ၈ ရက်က အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့သည်။ သြဂုတ် ၁၁ ရက်ကလည်း အင်းတော်ကြီး ဒေသ ကွေကန့်မှော်အနီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ သည်။ လက်ရှိအချိန်တွင်လည်း ယင်းဒေသများသို့ အစိုးရတပ်ဘက်မှ အင်အားတိုးချဲ့ထားပြီး နှစ်ဖက်တင်းမာမှုများရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကဆိုသည်။သြဂုတ် ၈ ရက်က တိုက်ပွဲ များဖြစ်ပွားခဲ့ရခြင်းမှာ မြန်မာ့ တပ်မတော်နယ်မြေခံစစ်ကြောင်း များက ကာမိုင်း-ဖားကန့်လမ်း ပိုင်းတွင် ဆက်ကြေးကောက်ယူမှု များမဖြစ်ပွားစေရန် နယ်မြေလုံ ခြုံရေးရှင်းလင်းရာမှ ကေအိုင်အေ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဘေးပတ်ဝန်းကျင်နယ်မြေများကို ဆက်လက်ရှင်းလင်းရာတွင်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်(မပခ) မှ ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

မော်လမြိုင်ကျောင်းအုပ်ဆရာမကြီးကိစ္စ ခုံရုံးဖွဲ့စစ်ရန် ၀န်ကြီးဌာနသို့တင်ပြထား

ဆရာ၊ ဆရာမများနှင့် အစည်းအဝေးပြုလုပ်ခဲ့စဉ်ဂါရ၀မဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည်ဆိုသည့် အထ က(၁)မော်လမြိုင်မှကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်ကိုရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ် ဆေးပြီးဖြစ်ပြီး ခုံရုံးဖွဲ့၍ ထပ်မံ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီး ဌာနသို့ တင်ပြထားကြောင်းသ တင်းရရှိသည်။ သြဂုတ်၅ရက်တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်နှင့် ၎င်း၏ကျောင်းမှ ဆရာ၊ဆရာမများကို ခေါ်ယူတွေ့ဆုံစစ်ဆေးခဲ့ ပြီးနောက်အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်မှတ်ချက်ဖြင့် ဌာနဆိုင် ရာခုံရုံးဖွဲ့၍ ထပ်မံစစ်ဆေးနိုင်ရန် ၀န်ကြီးဌာနသို့ သြဂုတ် ၁၂ရက် တွင် တင်ပြထားကြောင်းအမှတ် (၁)အခြေခံပညာဦးစီးဌာနမှ သ တင်းရရှိသည်။ ‘‘အမှုအကြီးအသေးပေါ် မူ တည်ပြီးတော့ ခုံရုံးဖွဲ့ပြီးစစ်ဆေး ပြီးတော့မှ အရေးယူဆောင်ရွက် လို့ရမှာပါ’’ဟု အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှအဆင့်မြင့်အရာ ရှိတစ်ဦးကပြောသည်။

Photo: မော်လမြိုင်ကျောင်းအုပ်ဆရာမကြီးကိစ္စ ခုံရုံးဖွဲ့စစ်ရန် ၀န်ကြီးဌာနသို့တင်ပြထား
Friday, August 15, 2014

ဆရာ၊ ဆရာမများနှင့် အစည်းအဝေးပြုလုပ်ခဲ့စဉ်
ဂါရ၀မဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည်ဆိုသည့် အထ က(၁)မော်လမြိုင်မှကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်ကိုရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ် ဆေးပြီးဖြစ်ပြီး ခုံရုံးဖွဲ့၍ ထပ်မံ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီး ဌာနသို့ တင်ပြထားကြောင်းသ တင်းရရှိသည်။

သြဂုတ်၅ရက်တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်နှင့် ၎င်း၏ကျောင်းမှ ဆရာ၊ဆရာမများကို ခေါ်ယူတွေ့ဆုံစစ်ဆေးခဲ့ ပြီးနောက်အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်မှတ်ချက်ဖြင့် ဌာနဆိုင် ရာခုံရုံးဖွဲ့၍ ထပ်မံစစ်ဆေးနိုင်ရန် ၀န်ကြီးဌာနသို့ သြဂုတ် ၁၂ရက် တွင် တင်ပြထားကြောင်းအမှတ် (၁)အခြေခံပညာဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘အမှုအကြီးအသေးပေါ် မူ တည်ပြီးတော့ ခုံရုံးဖွဲ့ပြီးစစ်ဆေး ပြီးတော့မှ အရေးယူဆောင်ရွက် လို့ရမှာပါ’’ဟု အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှအဆင့်မြင့်အရာ ရှိတစ်ဦးကပြောသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်သည် ကျောင်းတွင်း အစည်းအဝေးများတွင်ထိုင်ခုံတစ် ခုံသာထားရှိ၍ အဆိုပါထိုင်ခုံ၌ ၎င်းကထိုင်ပြီး ကျန်ဆရာ၊ဆရာမ များကိုကြမ်းပြင်တွင်ထိုင်စေကာ အစည်းအဝေးလုပ်ခြင်း၊ ဆရာ၊ ဆရာမများအား ရုန့်ရင်းကြမ်း တမ်းသည့်စကားများဖြင့်အော် ငေါက်ပြောဆိုခြင်း၊နံဘေးရှိအရာ ၀တ္ထုများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း အဆိုပါ ကျောင်းမှ ဆရာမများက ပြော သည်။

ဇူလိုင် ၃၀ရက်တွင် ကျောင်း အုပ်ဆရာမကြီးဒေါ်မိမိကြည်ဆူပူ ငေါက်ငမ်းခဲ့သောကြောင့်နှလုံးအ ခံမကောင်းသည့် သတ္တမတန်းနှင့် အဋ္ဌမတန်းမှ အင်္ဂလိပ်ဘာသာ သင်ဆရာမနှစ်ဦးဖြစ်သည့် ဒေါ် ခင်နုဆွေနှင့်ဒေါ်သီသီမြင့်တို့ကို ဆေးရုံသို့ပင် ပို့ဆောင်ပေးခဲ့ရ ကြောင်း လူမှုကွန်ရက်စာမျက်နှာ များတွင်ပုံနှင့်တကွ ပျံ့နှံ့နေသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်က ၎င်းအနေဖြင့် ဆ ရာမများကို ဆဲရေးတိုင်းထွာခြင်း၊ ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း၊ ထိုင်ခုံဖြင့်ထိုင်၍ အစည်းအဝေးလုပ်ခြင်းမှာ ၂၀၁၃သြဂုတ်ကဖြစ်ကြောင်း၊ထို့ အပြင် ဆရာ၊ဆရာမများအား ပြောခဲ့ခြင်းမှာ သပ်သပ်ဖြစ်ပြီး ပညာရေးမှူးများကို အောက်တွင် ထိုင်၍ ပြောခဲ့ခြင်းမှာ မင်္ဂလာ ဆောင်တစ်ခုတွင်ဖြစ်သည်ဟု 7Day သတင်းစာ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ရှင်းလင်း ခဲ့သည်။

‘‘တီချယ်ကြီးအနေနဲ့ အခုလို ထပ်မံစွဲချက်တင်မယ်ဆိုတာကို မသိသေးဘူး။ ထိုင်ခုံမှာ ထိုင်ပြီးအ စည်းအဝေးလုပ်တာကလည်းအဲ ဒီတုန်းက ဒူးမှာဆေးထိုးထားတာ ရယ်၊ ပြန်ခါနီး ခုံတွေသယ်ရပြုရ ဖြစ်မှာစိုးလို့ ထိုင်ပြီးတော့အစည်း အဝေးလုပ်လိုက်တာပါ။တီချယ် ကြီးအနေနဲ့ ပြုလုပ်ခဲ့တာမဟုတ် တဲ့ ကိစ္စအပေါ်မဟုတ်ဘူးဘဲငြင်း ရမှာပဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုလာမလဲမသိသေးဘူး’’ ဟု အထက(၁)မော်လမြိုင်မှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိမိ ကြည်ကပြောသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်၏ ဂါရ၀မဲ့အပြုအမူ၊ လုပ်ဆောင်ချက်များနှင့် ပတ် သက်ပြီး ပြစ်မှုထင်ရှားပါက ဌာန ဆိုင်ရာခုံရုံးဖွဲ့စစ်ဆေးသွားမည် ဖြစ်ကာ ပြစ်ဒဏ်အတိမ်အနက်အ လိုက် ဌာနဆိုင်ရာပြစ်ဒဏ်ခုနစ်မျိုးဖြင့် အပြစ်ပေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာန အဆင့်မြင့်အရာရှိတစ်ဦးကပြော သည်။

7Day Daily

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန် ဦးတည်ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

Photo: မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန် ဦးတည်ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Friday, August 15, 2014

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန် ဦးတည်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက ဩဂုတ် ၁၄ ရက်တွင် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် ကျင့်သုံးနေသောစနစ်ဖြစ်သည့် မဲများသူအနိုင်ယူသည့်စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးများတွင် ပြောင်းလဲကျင့်သုံးရန် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းလာပြီးနောက် ယခုကဲ့သို့ရွေးကောက်ပွဲစနစ်အား လေ့လာရေးကော်မရှင်ကို လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ကို လေ့လာရာမှာ နံပါတ်တစ်ရည်ရွယ်ချက်က တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဖြစ်ပါတယ်။ နံပါတ်နှစ်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်မှာဖြစ်ပါတယ်။ တတိယအချက်က ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရေးလည်း ဦးတည်ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်မယ့်ရွေးကောက်ပွဲစနစ် ကို လေ့လာသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။

ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများမှ တစ်ဆင့် နိုင်ငံတကာတွင်ကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်များ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

၎င်းကော်မရှင်မှ တင်သွင်းမည့် ရွေးကောက်ပွဲစနစ်သည် အချိုးကျကိုယ်စားပြုစနစ်ကို အခြေခံသည့်စနစ်လည်း ဖြစ်နိုင်သည့်အပြင် လက်ရှိရွေးကောက်ပွဲစနစ်ကို အခြေခံသည်လည်း ဖြစ်နိုင်ပါကြောင်း၊ သို့မဟုတ် လက်ရှိစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်ကိုပါ အခြေခံသည့် စနစ်လည်းဖြစ်နိုင်ပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေးရရှိခဲ့သည့် နိုင်ငံဟူသည်မရှိခဲ့ဖူးကြောင်း၊ PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ပြင်တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း PR စနစ်အား ဆန့်ကျင်သည့်အနေဖြင့် လွှတ်တော်အစည်းအဝေးများမတက်ဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး PR စနစ်ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေနိုင်သည်ဟု လွှတ်တော်တွင်း ဆွေးနွေးပြောကြားထားသည်။ 

ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့် နေ့မှစ၍ အများဆုံးရက်ပေါင်း ၆ဝ သတ်မှတ်ပြီး ကော်မရှင်သည် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ပြီး သင့်လျော်သောစနစ်ရွေးချယ်၍ ပြည်သူ့လွှတ်တော်ဥက္ကဌထံ တင်ပြရမည်ဖြစ်သည်။

ထို့ကြောင့် သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရွေးကောက်ပွဲစနစ်အား ရွေးချယ်ကာ လွှတ်တော်သို့တင်သွင်းမည်ဟု ဦးတင်မောင်ဦးက ပြောကြားသည်။

ကော်မတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ငါးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နှစ်ဦးနှင့် ကျန်ပါတီများမှ ၁၆ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ကို အဖွဲ့ ဝင် ၂၄ ဦးဖြင့် ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ပီအာရ်စနစ်ကျင့်သုံးရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ သြဂုတ် ၅ ရက်က ဆန္ဒပြစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
Eleven Media Group
ပီအာရ်စနစ်ကျင့်သုံးရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့၌ သြဂုတ် ၅ ရက်က ဆန္ဒပြစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ်ကို လေ့လာရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲစေရန်ဦးတည်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲ စနစ်  ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက ဩဂုတ် ၁၄ ရက်တွင် ပြောကြားသည်။လက်ရှိ မြန်မာနိုင်ငံရွေးကောက်ပွဲများတွင် ကျင့်သုံးနေသောစနစ်ဖြစ်သည့် မဲများသူအနိုင်ယူသည့် စနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးများတွင် ပြောင်းလဲကျင့်သုံး ရန် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းလာပြီးနောက် ယခုကဲ့သို့ရွေးကောက်ပွဲစနစ် အား လေ့လာရေးကော်မရှင်ကို လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာ သုံးသပ်ရေးကော်မရှင်ဥက္ကဌ ဦးတင်မောင်ဦးက “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်ကို လေ့လာရာမှာ နံပါတ်တစ်ရည်ရွယ်ချက်က တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဖြစ်ပါတယ်။ နံပါတ်နှစ်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်မှာဖြစ်ပါတယ်။ တတိယအချက်က ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရေးလည်း ဦးတည် ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်မယ့်ရွေးကောက်ပွဲစနစ် ကို လေ့လာသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။

Bi မွန်းတည့်နေဂျာနယ် သတင်းသမားများအာမခံမရ


ပုဒ်မ ၅၀၅(ခ)ဖြင့်တရား စွဲဆိုခံထားရသော Bi မွန်းတည့်နေ ဂျာနယ်မှ သတင်းထောက်၊ ထုတ် ဝေသူနှင့် အယ်ဒီတာငါးဦးအ တွက်အာမခံလျှောက်ထားမှုကို ပန်းဘဲတန်းတရားရုံးက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။
အမှုမှာ အာမခံပေးရန် လုံ လောက်သည့်အဆင့်မဟုတ်သေး ၍ အာမခံပေးရန် စဉ်းစား၍မရ သေးကြောင်း ပန်းဘဲတန်းမြို့နယ် တရားသူကြီးက ပြောကြားခဲ့ သည်ဟု Bi မွန်းတည့်နေဘက်မှ လိုက်ပါ ဆောင်ရွက်သူ ရှေ့နေဦးကျော် ၀င်းကပြောသည်။
‘‘အာမခံရအောင် လျှောက် ခဲ့တာပဲ။ အာမခံလိုချင်လို့ ကာယ ကံရှင်ငါးဦးလက်မှတ်ထိုးပြီး လျှောက်ခဲ့တာ။ ဒါပေမဲ့ ဥပဒေဘက်ကနေ မထောက်ခံဘူးဆိုပြီး တရားသူကြီးကပြောတယ်။ ဒါက တရားရုံးရဲ့ ဆင်ခြင်တုံတရားပေါ့။ ဆိုလိုတာက တရားလိုပြသက် သေက တရားစွဲဆိုထားတဲ့တရား လိုရဲမှူးထွန်းသိန်းအပါအ၀င် ၃၇ ယောက်ဖြစ်တယ်’’ဟု ၎င်းက ပြောသည်။
ယခုအာမခံကို မြို့နယ်တ ရားရုံးတွင် ပယ်ချခံရခြင်းကြောင့် အထက်ရုံးအဆင့်ဆင့်သို့ဆက် လက်တက်ရောက်ရန်ရှိ၊မရှိကိုအ မှုသည်နှင့် တိုင်ပင်မည်ဟု ဦးကျော်ဝင်းကပြောသည်။

ရန်ကုန်မြို့လယ် ဗုံးဖောက်ခွဲမှုများအတွက် စွပ်စွဲခံရသူက ဗုံးကိုထားရုံသာထားခဲ့ဟု ဖြောင့်ချက်ပေး

ရန်ကုန်မြို့ရှိ ကုန်သည် ကြီးများ ဟိုတယ်နှင့်အလုံလမ်းရှိ Western Park စားသောက်ဆိုင် တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက် ကျူးလွန်သူဟု သံသယရှိ သူ သုံးဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးလျက်ရှိသည်။ သြဂုတ် ၁၄ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ Western Park စား သောက်ဆိုင်တွင် ဗုံးရှာဖွေတွေ့ရှိ ခဲ့မှုနှင့် ပတ်သက်၍ တရားသူကြီး က ၎င်းတို့ သုံးဦးအား အပြစ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ၎င်းတို့က မရှိ ကြောင်းပြန်လည်ချေပပြောဆိုခဲ့ သည်။ယင်းသို့ဖြောင့်ချက်ပေးဖြေ ကြားရာတွင် အဓိကျူးလွန်သူဟု စွပ်စွဲထားသူ စောမြင့်လွင်(ခ) မောထက ‘‘ကျွန်တော်မထောင်ပါ ဘူး။ ကျွန်တော်ထားခဲ့တာပဲရှိတာ ပါ’’ဟု ဖြောင့်ချက်ပေးခဲ့သည်။
Photo: ရန်ကုန်မြို့လယ် ဗုံးဖောက်ခွဲမှုများအတွက် စွပ်စွဲခံရသူက ဗုံးကိုထားရုံသာထားခဲ့ဟု ဖြောင့်ချက်ပေး
Friday, August 15, 2014

ရန်ကုန်မြို့ရှိ ကုန်သည် ကြီးများ ဟိုတယ်နှင့်အလုံလမ်းရှိ Western Park စားသောက်ဆိုင် တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက် ကျူးလွန်သူဟု သံသယရှိ သူ သုံးဦးကို ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးလျက်ရှိသည်။ သြဂုတ် ၁၄ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ Western Park စား သောက်ဆိုင်တွင် ဗုံးရှာဖွေတွေ့ရှိ ခဲ့မှုနှင့် ပတ်သက်၍ တရားသူကြီး က ၎င်းတို့ သုံးဦးအား အပြစ်ရှိ၊ မရှိ မေးမြန်းခဲ့ရာ ၎င်းတို့က မရှိ ကြောင်းပြန်လည်ချေပပြောဆိုခဲ့ သည်။

ယင်းသို့ဖြောင့်ချက်ပေးဖြေ ကြားရာတွင် အဓိကျူးလွန်သူဟု စွပ်စွဲထားသူ စောမြင့်လွင်(ခ) မောထက ‘‘ကျွန်တော်မထောင်ပါ ဘူး။ ကျွန်တော်ထားခဲ့တာပဲရှိတာ ပါ’’ဟု ဖြောင့်ချက်ပေးခဲ့သည်။

ထို့အပြင်ကျန်စွပ်စွဲခံထားရ သူနှစ်ဦးမှာ မိုင်းထောင်သည့်ကိစ္စတွင် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိ ကြောင်း ဖြေကြားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ၁၀ လကျော် ကြာစစ်ဆေးလျက်ရှိပြီး လာမည့် သြဂုတ် ၂၇ ရက်၌ အဆိုပါစွပ် စွဲခံထားသူ စောမြင့်လွင်(ခ) မော ထ၊ ဦးမြဖူးနှင့် ဇော်လတ်မောင် တို့ကို တရားခွင်တွင်စတင် စစ်ဆေးမည်ဖြစ်သည်။

ထို့ကြောင့်စွပ်စွဲခံထားသူ ဘက်မှ တရားခံပြသက်သေများ ကို သြဂုတ် ၁၄ ရက်တွင် တောင်း ခံခဲ့ပြီး စောမြင့်လွင်အတွက် ဖြောင့်ချက်ပေးမည့် တရားခံပြ သက်သေမရှိခဲ့ပေ။ ထို့အပြင် လက်ရှိ၎င်းတို့သုံးဦးကို ပေါက်ကွဲ စေတတ်သော ပုဒ်မ-၃ ဖြင့် တရားစွဲဆိုထားလျက်ရှိပြီး ပြစ်မှုကျူး လွန်ထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ချမှတ် နိုင်သည့်အတွက် ဇော်လတ်မောင် နှင့် မြဖူးတို့က ယင်းပုဒ်မမှာ ပြင်း ထန်၍ ပုဒ်မပြင်ဆင်ပေးရန် ရန် ကုန်တိုင်းတရားလွှတ်တော်ရုံးသို့ တင်သွင်းထားကြောင်း သတင်းရရှိသည်။

Western Park စားသောက် ဆိုင်တွင် ၂၀၁၃ ခုနှစ်ကဖြစ်ပွားခဲ့ သော ဗုံးပေါက်ကွဲမှုနှင့် ပတ် သက်၍ စွပ်စွဲခံထားရသူ စောမြင့် လွင်(ခ) မောထက တရားရုံး၌ ဖြောင့်ချက်ပေးခဲ့သည်။

ဗုံးဖောက်ခွဲမှုအတွက် စွပ်စွဲခံရသူများကို ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ - နစ်ကီ)
7Day Daily

မော်လမြိုင်ကျောင်းအုပ်ဆရာမကြီးကိစ္စ ခုံရုံးဖွဲ့စစ်ရန် ၀န်ကြီးဌာနသို့တင်ပြထား

Photo: မော်လမြိုင်ကျောင်းအုပ်ဆရာမကြီးကိစ္စ ခုံရုံးဖွဲ့စစ်ရန် ၀န်ကြီးဌာနသို့တင်ပြထား
Friday, August 15, 2014

ဆရာ၊ ဆရာမများနှင့် အစည်းအဝေးပြုလုပ်ခဲ့စဉ်
ဂါရ၀မဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည်ဆိုသည့် အထ က(၁)မော်လမြိုင်မှကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်ကိုရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ် ဆေးပြီးဖြစ်ပြီး ခုံရုံးဖွဲ့၍ ထပ်မံ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီး ဌာနသို့ တင်ပြထားကြောင်းသ တင်းရရှိသည်။

သြဂုတ်၅ရက်တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်နှင့် ၎င်း၏ကျောင်းမှ ဆရာ၊ဆရာမများကို ခေါ်ယူတွေ့ဆုံစစ်ဆေးခဲ့ ပြီးနောက်အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်မှတ်ချက်ဖြင့် ဌာနဆိုင် ရာခုံရုံးဖွဲ့၍ ထပ်မံစစ်ဆေးနိုင်ရန် ၀န်ကြီးဌာနသို့ သြဂုတ် ၁၂ရက် တွင် တင်ပြထားကြောင်းအမှတ် (၁)အခြေခံပညာဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘အမှုအကြီးအသေးပေါ် မူ တည်ပြီးတော့ ခုံရုံးဖွဲ့ပြီးစစ်ဆေး ပြီးတော့မှ အရေးယူဆောင်ရွက် လို့ရမှာပါ’’ဟု အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှအဆင့်မြင့်အရာ ရှိတစ်ဦးကပြောသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်သည် ကျောင်းတွင်း အစည်းအဝေးများတွင်ထိုင်ခုံတစ် ခုံသာထားရှိ၍ အဆိုပါထိုင်ခုံ၌ ၎င်းကထိုင်ပြီး ကျန်ဆရာ၊ဆရာမ များကိုကြမ်းပြင်တွင်ထိုင်စေကာ အစည်းအဝေးလုပ်ခြင်း၊ ဆရာ၊ ဆရာမများအား ရုန့်ရင်းကြမ်း တမ်းသည့်စကားများဖြင့်အော် ငေါက်ပြောဆိုခြင်း၊နံဘေးရှိအရာ ၀တ္ထုများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း အဆိုပါ ကျောင်းမှ ဆရာမများက ပြော သည်။

ဇူလိုင် ၃၀ရက်တွင် ကျောင်း အုပ်ဆရာမကြီးဒေါ်မိမိကြည်ဆူပူ ငေါက်ငမ်းခဲ့သောကြောင့်နှလုံးအ ခံမကောင်းသည့် သတ္တမတန်းနှင့် အဋ္ဌမတန်းမှ အင်္ဂလိပ်ဘာသာ သင်ဆရာမနှစ်ဦးဖြစ်သည့် ဒေါ် ခင်နုဆွေနှင့်ဒေါ်သီသီမြင့်တို့ကို ဆေးရုံသို့ပင် ပို့ဆောင်ပေးခဲ့ရ ကြောင်း လူမှုကွန်ရက်စာမျက်နှာ များတွင်ပုံနှင့်တကွ ပျံ့နှံ့နေသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်က ၎င်းအနေဖြင့် ဆ ရာမများကို ဆဲရေးတိုင်းထွာခြင်း၊ ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းများ မပြုလုပ်ခဲ့ကြောင်း၊ ထိုင်ခုံဖြင့်ထိုင်၍ အစည်းအဝေးလုပ်ခြင်းမှာ ၂၀၁၃သြဂုတ်ကဖြစ်ကြောင်း၊ထို့ အပြင် ဆရာ၊ဆရာမများအား ပြောခဲ့ခြင်းမှာ သပ်သပ်ဖြစ်ပြီး ပညာရေးမှူးများကို အောက်တွင် ထိုင်၍ ပြောခဲ့ခြင်းမှာ မင်္ဂလာ ဆောင်တစ်ခုတွင်ဖြစ်သည်ဟု 7Day သတင်းစာ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ရှင်းလင်း ခဲ့သည်။

‘‘တီချယ်ကြီးအနေနဲ့ အခုလို ထပ်မံစွဲချက်တင်မယ်ဆိုတာကို မသိသေးဘူး။ ထိုင်ခုံမှာ ထိုင်ပြီးအ စည်းအဝေးလုပ်တာကလည်းအဲ ဒီတုန်းက ဒူးမှာဆေးထိုးထားတာ ရယ်၊ ပြန်ခါနီး ခုံတွေသယ်ရပြုရ ဖြစ်မှာစိုးလို့ ထိုင်ပြီးတော့အစည်း အဝေးလုပ်လိုက်တာပါ။တီချယ် ကြီးအနေနဲ့ ပြုလုပ်ခဲ့တာမဟုတ် တဲ့ ကိစ္စအပေါ်မဟုတ်ဘူးဘဲငြင်း ရမှာပဲ။ သူတို့ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုလာမလဲမသိသေးဘူး’’ ဟု အထက(၁)မော်လမြိုင်မှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိမိ ကြည်ကပြောသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်၏ ဂါရ၀မဲ့အပြုအမူ၊ လုပ်ဆောင်ချက်များနှင့် ပတ် သက်ပြီး ပြစ်မှုထင်ရှားပါက ဌာန ဆိုင်ရာခုံရုံးဖွဲ့စစ်ဆေးသွားမည် ဖြစ်ကာ ပြစ်ဒဏ်အတိမ်အနက်အ လိုက် ဌာနဆိုင်ရာပြစ်ဒဏ်ခုနစ်မျိုးဖြင့် အပြစ်ပေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာန အဆင့်မြင့်အရာရှိတစ်ဦးကပြော သည်။

7Day Daily

ဆရာ၊ ဆရာမများနှင့် အစည်းအဝေးပြုလုပ်ခဲ့စဉ်
ဂါရ၀မဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည်ဆိုသည့် အထ က(၁)မော်လမြိုင်မှကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်ကိုရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ် ဆေးပြီးဖြစ်ပြီး ခုံရုံးဖွဲ့၍ ထပ်မံ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီး ဌာနသို့ တင်ပြထားကြောင်းသ တင်းရရှိသည်။

မလေးရှားတွင် ထောင်ဒဏ်တစ်နှစ်စီချခံရသည့် မြန်မာလုပ်သား ၅၂ဦးကိစ္စ သက်ရောက်မှုကြီးမား မလေးရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည့်အနေအထားတွင်ရှိဟုဆို

မလေးရှား နိုင်ငံတွင် ထောင်ဒဏ်တစ်နှစ်စီကျ ခံခဲ့ရသည့် မြန်မာအလုပ်သမား ၅၂ ဦးအရေးကို ထိရောက်စွာ ဖြေရှင်း မဆောင်ရွက်နိုင်ပါက မြန်မာ-မလေး ရှား နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြား နိုင်ဖွယ်ရှိသဖြင့် ယင်းကိစ္စကို နှစ်နိုင်ငံ အစိုးရက ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။ယင်းကိစ္စသည် သက်ရောက် မှုအတိုင်းအတာပမာဏ ကြီးမား ကြောင်း၊ မြန်မာအလုပ်သမားများကို စေလွှတ်သည့်အေဂျင်စီ၊ မလေးရှား ရှိ မြန်မာသံရုံးများကိုလည်း ယင်းကိစ္စ နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှု များ ပြုလုပ်နေကြောင်း သိရသည်။အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက ''ဒီကိစ္စကိုသေချာ ဖြေရှင်းဖို့ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်နေပါတယ်။ သေချာမဖြေရှင်းရင် မလေးရှားနဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးကိုတောင် ထိခိုက်နိုင်တဲ့အနေအထားရှိတယ်'' ဟု ပြောသည်။

နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြား ပိတ်ပင်မထားပါနဲ့တော့

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က ပုဇွန်တောင်မြို့နယ်ထဲမှာ တရားမ၀င်ဗီဒီယိုဓာတ်ပြားတွေ ခိုးကူးထုတ်လုပ်နေတဲ့ လုပ်ငန်းကနေ ခွေကူးစက် (၁၀) စုံနဲ့ ဆင်ဆာမဲ့ နိုင်ငံခြားရုပ်ရှင် ဓာတ်ပြား လေးသောင်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ နေ့စဉ်ထုတ်သတင်းစာနဲ့ ဂျာနယ်တွေက ရေးသားဖော်ပြပါတယ်။ တစ်ချိန်တည်းမှာ အဲဒီလိုနေရာမျိုးက ခိုးကူး ထုတ်လုပ်လိုက်တဲ့ တရားမ၀င်ဘူးဆိုတဲ့ ဓာတ်ပြားတွေကိုလည်း လက်ညှိုးထိုးမလွဲ၊ နေရာအနှံ့ နိုင်ငံအနှံ့ ရောင်းချနေတာ တွေ့ကြရမှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း အဲဒီတရားမ၀င်ပါဘူးလို့ဆိုတဲ့ လမ်းဘေးဓာတ်ပြားဆိုင်က ရုပ်ရှင်ဇာတ်ကား ဓာတ်ပြားတွေကိုပဲ ၀ယ်ယူအားပေး ကြည့်ရှုနေကြရပါတယ်။ ဒါပြဿနာတစ်ခုပါ။ အစိုးရက ဖြေရှင်းပေးဖို့လိုတဲ့ ပြဿနာပါ။ ဒီကနေ့ လမ်းဘေးက ဓာတ်ပြားတွေအကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။

ထိုင်းနိုင်ငံမှာ နှုတ်ပိတ်ခံထားရတဲ့ မြန်မာပြည်သား သေဆုံးမှု

သေဆုံးသူ မြန်မာအလုပ်သမား ဦးစိုင်းလှိုင်ပန်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝပ်စွန်တောက် လို့ခေါ်တဲ့ ထိုင်းဘုန်းကြီးကျောင်း အနောက်ဘက် ဝန်းကျင်က
ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့ အသက် ၅၂ နှစ် မြန်မာနိုင်ငံသား ဦးစိုင်းလှိုင်ပန် သည် သြဂုတ်လ ၁၀ ရက်နေ့ နေ့ခင်းပိုင်းမှာ ငြမ်းဆင်နေရင်း ၅ ထပ်တိုက်ပေါ်ကနေ ပြုတ် ကျပြီး သေးဆုံး ခဲ့ ပါတယ်။
ထိုင်းအလုပ်ရှင်ဖြစ်သူက သေးဆုံးသူအတွက် သင်္ဂြိုလ်စရိတ် ဘတ် တစ်သောင်းခွဲ ( မြန်မာကျပ်ငွေအားဖြင့် ၅ သိန်းဝန်းကျင်သာ) ပေးဆောင်ခဲ့ပြီး နစ်နာကြေးကို မပေးလိုတာကြောင့် သေးဆုံးသူ၏ သားဖြစ်သူ ကို နူတ်ပိတ်ထားသလို ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။ “ အဖေဆုံးသွားတော့ ချင်းမိုင်မှာ ဦးလေးဘပဲ ရှိတော့တယ်။ အမေကလည်း မြန်မာပြည်မှာဘဲ။ သူဌေးက ကျတော့်နဲ့ ဦးလေးကို ထိုင်းမှာ ရေရှည်နေချင်ရင် အသံမထွက်နဲ့ လို့ ပြောတယ်။ အဲဒါကြောင့် ဘယ်လိုမှ မလုပ်ရဲဘူး၊ နစ်နာကြေးတော့ လိုချင်ပါတယ် ” ဟု သေဆုံးသူ၏ သားဖြစ်သူ ဆိုင်ဟံသူက ဧရာဝတီ ကို ပြောပါတယ်။

မိုးရာသီအတွင်း ယာဉ်အန္တရာယ်စိုးရိမ်ရသည့်အတွက် ချင်းပြည်နယ်အတွင်းရှိ အချို့လမ်းပိုင်းများတွင် ၁၀ ဘီးနှင့်အထက်ယာဉ်များ ဖြတ်သန်းမှု တားမြစ်

ချင်းပြည်နယ်အတွင်းရှိ လမ်းများတွင် ယာဉ်အန္တရာယ်ဖြစ်မည်စိုးသောကြောင့် ၁ဝ ဘီးနှင့်အထက်ယာဉ်များကို မိုးရာသီကာလအတွင်း ဖြတ်သန်းမှုကို တားမြစ်ထားကြောင်း ချင်းပြည်နယ်ပြည်သူ့ဆောက်လုပ်ရေးဌာနမှ သိရသည်။
“မိုးရာသီကာလဆိုတော့ ယာဉ်တွေအန္တရာယ်ဖြစ်မှာစိုးလို့ ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားပါတယ်”ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။ ချင်းပြည်နယ်အတွင်းရှိ လမ်းများသည် မိုးရာသီကာလအတွင်းတွင် လမ်းသားပဲ့ကျခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ယာဉ်များ မကြာခဏ တိမ်းမှောက်မှုများလည်းရှိသည် ဟု သိရသည် ။
“မိုးရာသီအတွင်း လမ်းမကောင်းတဲ့နေရာ၊ တောင်ပြိုတတ်တဲ့နေရာတွေ၊ လမ်းသားပဲ့ကျနိုင်တဲ့ နေရာတွေမှာ စက်ကြီးတွေကို ထားပေးတာများပါတယ်။ အဲဒါဆိုတော့ သူတို့လမ်းပွင့်အောင်လုပ်ပေးတဲ့ အချိန်လေးတော့ စောင့်ရတာပေါ့။ အခြေအနေပေါ်မူတည်ပြီး ကြန့်ကြာမှုတွေတော့ ရှိပါတယ်”ဟု ချင်းတောင်သွား ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ချင်းပြည်နယ်အတွင်းရှိ ဟားခါး-ဂန့်ဂေါလမ်း၊ ဟားခါး-ဖလမ်း-ကလေးလမ်း၊ ကလေး-တီးတိန်လမ်းတို့ကို ဩဂုတ်လဆန်းပိုင်းမှစတင်၍ ပိတ်ပင်ထားခဲ့ပြီး မိုးရာသီကုန်လွန်သည့် နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သိရသည်။

ကိုရီယား ကေပေါ့ပ်ဆီက တကယ့် အတုယူစရာက ဘာလဲ

ကိုရီယား K-PoP ဟာ ယနေ့ အာရှသာမက ကမ္ဘာတဝန်းက သန်းနဲ့ ချီတဲ့ လူငယ်တွေအကြား လူကြိုက် များပြီး  နာမည်ရလာနေပါတယ်။  မြန်မာနိုင်ငံမှာလည်း ကိုရီယား လှိုင်းနဲ့ အတူ ကေပေါ့ပ်ကို စွဲမက်ကြ တယ်။ အားကျ အတုယူကြတယ်။
တကယ်အတုယူစရာတွေက ဘာတွေလဲ ဆိုတာ သိစေဖို့ ကေပေါ့ပ် အကြောင်းတစေ့တစောင်း ကို ဖော်ပြ
ပေး လိုက်ပါတယ်။ ကိုရီယား ကေပေါ့ပ် အဖွဲ့ဝင်တွေဟာလဲ ပရိသတ်ထဲ နာမည်ရလာတာနဲ့ အမျှ သူတိုတွေ့ရဲ့ ကိုယ်ပိုင်အချိန်
တွေ ဟာလဲ နည်းပါးလာခဲ့ပါတယ်လို့ ကေပေါ့ပ်အဖွဲဝင်တွေ က ပြောကြ ပါတယ်။ ပြောရရင် အောင်မြင်တဲ့ အနုပညာရှင်တိုင်း မိမိကိုယ်ပိုင်အချိန်ဆိုတာ နည်းပါးလာကြတာပါဘဲ။ ကေပေါ့ပ် အဖွဲ့ဟာ ပရတ်သတ်တွေရှေ့မှာ မဖျော်ဖြေခင်ကတည်းက နေတိုင်း အကတိုက်ပြီး လေ့ကျင့်ခန်းတွေ လုပ်ကြရတာပါတဲ့။  သူတို့ရဲ့ အက တိုက်ချိန်နဲ့ သီချင်း သီဆိုဖို့ အတွက်ကို တနေ့ ၁၆ နာရီလောက် အချိန်ပေးကြရတယ်လို့ ဆိုပါတယ်။
Photo: ကိုရီယား ကေပေါ့ပ်ဆီက တကယ့် အတုယူစရာက ဘာလဲ
Friday, August 15, 2014

ကိုရီယား K-PoP ဟာ ယနေ့ အာရှသာမက ကမ္ဘာတဝန်းက သန်းနဲ့ ချီတဲ့ လူငယ်တွေအကြား လူကြိုက် များပြီး  နာမည်ရလာနေပါတယ်။  မြန်မာနိုင်ငံမှာလည်း ကိုရီယား လှိုင်းနဲ့ အတူ ကေပေါ့ပ်ကို စွဲမက်ကြ တယ်။ အားကျ အတုယူကြတယ်။ 

တကယ်အတုယူစရာတွေက ဘာတွေလဲ ဆိုတာ သိစေဖို့ ကေပေါ့ပ် အကြောင်းတစေ့တစောင်း ကို ဖော်ပြ
ပေး လိုက်ပါတယ်။ 
ကိုရီယား ကေပေါ့ပ် အဖွဲ့ဝင်တွေဟာလဲ ပရိသတ်ထဲ နာမည်ရလာတာနဲ့ အမျှ သူတိုတွေ့ရဲ့ ကိုယ်ပိုင်အချိန်
တွေ ဟာလဲ နည်းပါးလာခဲ့ပါတယ်လို့ ကေပေါ့ပ်အဖွဲဝင်တွေ က ပြောကြ ပါတယ်။ ပြောရရင် အောင်မြင်တဲ့ အနုပညာရှင်တိုင်း မိမိကိုယ်ပိုင်အချိန်ဆိုတာ နည်းပါးလာကြတာပါဘဲ။ 

ကေပေါ့ပ် အဖွဲ့ဟာ ပရတ်သတ်တွေရှေ့မှာ မဖျော်ဖြေခင်ကတည်းက နေတိုင်း အကတိုက်ပြီး လေ့ကျင့်ခန်း
တွေ လုပ်ကြရတာပါတဲ့။  သူတို့ရဲ့ အက တိုက်ချိန်နဲ့ သီချင်း သီဆိုဖို့ အတွက်ကို တနေ့ ၁၆ နာရီလောက် အချိန်ပေးကြရတယ်လို့ ဆိုပါတယ်။ 

ဒီအပြင် သက်လုံကောင်းဖို့  ပြင်းထန်တဲ့လေ့ကျင်မှုတွေ လုပ်တာတောင်မှ အောင်မြင်မှု ရမယ် မရဘူးဆို တာ ပြိုင်ဆိုင်မှု များတဲ့ ကမ္ဘာမှာ အာမခံချက်ဆိုတာ မရေရာပါဘူးလို့ အင်တာဗျူး တခုမှာ တွေ့ပါတယ်။ 

ကိုရီးယား ကေပေါ့ပ်အဖွဲ့ဝင်တွေအနေနဲ့ အကနဲ့ အဆိုတွေ ကောင်းရုံနဲ့ မလုံလောက်ပါဘူးတဲ့။ သူတို့ ရုပ်ရည်ကလည်း ကြည့်ကောင်းဖို့နဲ့ လှပပြီး စွဲဆောင်မှုတွေကလည်း အရေးကြီးပါတယ်တဲ့။ 

ကေပေါ့ပ်တဖွဲ့ဖြစ်လာဖို့ ဆိုတာ တော်ရုံငွေကြေးပြည့်စုံရုံနဲ့လည်း လိုအပ်ပါသေးတယ်။ ကေပေါ့ပ် အဖွဲ့တဖွဲ တည်ထောင် ဖို့ ဆိုတာ ဒေါ်လာ ၅ သိန်းကနေ ၁ သန်းလောက် ရင်းရပါတယ်။ 

ဒီအပြင် အခွေထွက်ဖို့လည်း ဒေါ်လာ သိန်းဂဏန်းကနေ သန်းဂဏန်းထိ ကုန်ကျကြပါတယ်။ ပရိသတ်အမြင် မှာ ကေပေါ့ပ်၊ ကေပေါ့ပ်နဲ့ အကနဲ့ အဆိုတွေက လွယ်မယောင် ထင်ရပေမယ့် တကယ်တော့ အချိန် အတော်ပေးကာ လေ့ကျင့်ထားရတာပါတဲ့ ။ 

တချို့ဆို တနေ့မှာ ၁၆ နာရီလောက်က အကနဲ့ အဆို လေ့ကျင့်နေကြရပြီး အဖွဲ့ရဲ့ မန်နေဂျာရဲ့ တင်းကြပ် တဲ့ စည်းကမ်းအောက်မှာ နေထိုင်ရတာလို့ သိရပါတယ်။ ဒါမှသာ မြန်မာစကားပုံတခုလို ပွဲမဝင်ခင် အပြင် မှာ ကျင်းပဆိုတဲ့ အတိုင်း တကယ့် ပရိသတ်ရှေ့ရောက်တဲ့အခါ ညီညာနေတဲ့ ကဟန် စည်းကွက်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

ကေပေါ့ပ်အဖွဲ့တွေကလည်း တောင်ကိုရီးယားနိုင်ငံမှာ အများအစားရှိပြီး အခါအားလျော်စွာ ပြိုင်ပွဲတွေ လည်း လုပ်ကြတာပါ။ တဖွဲ့နဲ့ တဖွဲ့ ယှဉ်ပြိုင်ကြတဲ့အခါ လေ့ကျင့်မှုနည်းပြီး ဖန်တီးမှု အားနည်းရင် ပရိသတ် အလယ် ရှုံးပွဲ ဆင်ရမှာမို့ အားတက်သရော လေ့ကျင့်ကြရပါတယ်တဲ့။ 

မြန်မာပရိသတ် လူငယ်တွေကြားထဲလည်း ကိုရီယားကေပေါ့ပ်ဟာ ရေပန်းစားလူကြိုက်များတာ သာဓက တခုအနေနဲ့ မကြာသေးခင်တုန်းက ရန်ကုန်မှာ ဝင်ကြေး လူတဦး ၉ သိန်းလောက်ထိ ပေးပြီး အားပေးလိုက် ရတဲ့ လာဖျော်ဖြေသွားတဲ့ 2 NE 1 ကေပေါ့ပ် အဖွဲ့ကို မြန်မာပရိသတ် စွဲမက်တာက ထင်ရှားပါတယ်။ 

မြန်မာလူငယ်တွေကလည်း ကိုရီးယား ကေပေါ့ပ် ဟန် ဝတ်စားဆင်ယင်မှုတွေကိုလည်း အတုခိုးကြပြီး စွဲမက်ကြပါတယ်။ ဒီလို အဝတ်အစားနဲ့ သူတို့ ဟန်ပန်တွေကိုသာမက သူတို့ရဲ့ ကြိုးစားမှု၊ လေ့ကျင့်မှုတွေ ကိုတော့ မြန်မာလူငယ်တွေ အတုယူအားကျမယ်ဆိုရင် မြန်မာတွေရဲ့ M-Pop တွေလည်း ပေါ်ထွန်း လာမှာ မုချ မလွဲပါဘူး။ 
http://blog.irrawaddy.org/

ကေပေါ့ပ်တဖွဲ့ လေ့ကျင့်စဉ် မြင်ကွင်း၊ ဓာတ်ပုံ- Rappler.com
ကေပေါ့ပ်တဖွဲ့ လေ့ကျင့်စဉ် မြင်ကွင်း၊ ဓာတ်ပုံ- Rappler.com

ရေအောက်ကေဘယ်ကြိုး ပြတ်တောက်ခဲ့ခြင်းကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေပြီး ပြင်ဆင်ချိန် တစ်လခန့်ကြာမည်

စင်ကာပူနှင့် မြန်မာနိုင်ငံသို့ တိုက်ရိုက်ချိတ်ဆက်ထားသည့် ရေအောက်ကေဘယ်ဆက်ကြောင်းမှ ဩဂုတ် ၁၂ ရက် ည ၁၂  နာရီ ၈ မိနစ်ခန့် တွင် ကေဘယ်ကြိုး ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး အင်တာနက်လိုင်းများ နှေးကွေးကာ ပြင်ဆင်ချိန် တစ်လခန့် ကြာမြင့် မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း Oversea Department ဌာနမှ ဦးဝင်းအောင်က ပြောကြားသည်။

အူရီဒူး၏ အင်တာနက်အသုံးပြုခအား နေ့စဉ် 30MB အတွက် ကျပ် ၅၀၀ မှ တစ်လလျှင် 1GB သုံးစွဲမှုအတွက် ကျပ် ၁၂၀၀၀ သတ်မှတ်

အူရီဒူး၏ ဖုန်းအင်တာနက်အသုံးပြုခအား 1 Mb လျှင် ၂၅ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ဩဂုတ် ၁၄ ရက်တွင် အခြား Package Plan များကို နေပြည်တော်၌ ပြုလုပ်သော အူရီဒူးမြန်မာ၏ ဈေးကွက်စတင် မိတ်ဆက်ခြင်း အထိမ်းအမှတ်ပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

Thursday, August 14, 2014

ရုရှားဝန်ကြီးချုပ်၏ Twitter တွင် ရာထူးမှနှုတ်ထွက်ဟု ဟက်ကာများက ၀င်ရောက်ရေးသား

Photo: ရုရှားဝန်ကြီးချုပ်၏ Twitter တွင် ရာထူးမှနှုတ်ထွက်ဟု ဟက်ကာများက ၀င်ရောက်ရေးသား
Thursday, August 14, 2014

ရုရှားဝန်ကြီးချုပ် ဒီမက်ထရိမက်ဒီဒက်၏ Twitter တွင် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ် ကြောင်းနှင့် သမ္မတ ဗလာဒီမာပူတင်အား ဝေဖန်မှုများကို ဟက်ကာများက သြဂုတ် ၁၄ ရက်တွင် ၀င်ရောက်ရေးသားခဲ့ကြောင်း သိရသည်။

“ကျွန်တော် ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပါတော့မယ်။ အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှက်နေပါပြီ။ ကျွန်တော်ကို့ ခွင့်လွှတ်ပေးကြပါ” ဟု ရုရှားဘာသာဖြင့် Twitter တွင် ရေးသားခဲ့သည်။

နောက်ထပ် Twitter တစ်စောင်တွင်လည်း “ကျွန်တော် ပြောချင်နေတာတော့ ကြာပါပြီ၊ ဗိုဗာရေ (ပူတင်၏ အမည်ပြောင်) ခင်ဗျားမှားနေပြီ” ဟု ရေးသားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားအစိုးရအရာရှိတစ်ဦးက “ဒီစာတွေက အမှန်မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းမှုတွေ လုပ်နေပါတယ်” ဟု ပြောကြားသည်။

သို့သော် မက်ဒီဒက်၏ Twitter တွင် ရေးသားမှုများမှာ ဆက်လက်ထွက်ပေါ်နေပြီး ရုရှားတွင် ၀င်ရောက်ကြည့်ရှုသူအရေအတွက် ၁၀၀၀၀ မှ၂ ဒသမ ၅ သန်းသို့ အဆမတန် မြင့်တက်သွားခဲ့သည်။

ရေးသားထားသည့် စာမျာတွင်  ရုရှားအစိုးရအား ဝေဖန်မှုအများအပြား ပါဝင်သည်။

Mizzima - News in Burmese
ရုရှားဝန်ကြီးချုပ် ဒီမက်ထရိမက်ဒီဒက်၏ Twitter တွင် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ် ကြောင်းနှင့် သမ္မတ ဗလာဒီမာပူတင် အား ဝေဖန်မှုများကို ဟက်ကာများက သြဂုတ် ၁၄ ရက်တွင် ၀င်ရောက် ရေးသားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလတွင် အောင်ဆန်း ရုပ်ရှင် အတွက် ဇာတ်ဝင်ခန်း နှစ်ခန်း စတင် ရိုက်ကူးမည်

နှစ်နှစ်ကျော်ကြာ ကြိုတင် ပြင်ဆင်ခဲ့ပြီး မရိုက်ကူးရ သေးသည့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားသည် စက်တင်ဘာ လ၌ ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင်သည့် အခန်းနှင့် ၎င်း၏သားဖြစ်သူ အောင်ဆန်းလင်း သေဆုံးသည့် အခန်းများကို ရိုက်ကူးမည် ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့တွင် ပါဝင်သည့် ဦးဇာဂနာက မဇ္ဈိမကို ပြောသည်။

ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်

Photo: ရွှေတိဂုံစေတီတော်ကြီးကို ရွှေချပ်ပေါင်း တစ်သောင်းကျော်ဖြင့် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူမည်
Thursday, August 14, 2014

 ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူသွားမည် ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။

ငါးနှစ်တစ်ကြိမ် ကပ်လှူလေ့ရှိသည့် ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေ သင်္ဃန်း ကပ်လှူပူဇော်ခြင်းကို စက်တင်ဘာလ ၁၅ရက်မှ ၂ဝ၁၅ခုနှစ် ဧပြီလ ၂၈ရက် အထိ ခုနှစ်လကြာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော် လုံးတော်ပြည့် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြား၊ ရွှေမျက်ပါးနှင့် ရွှေစင်ပြားပေါင်း တစ်သောင်းကျော်ခန့် အသုံးပြုသွားမည်ဖြစ်သည်။

လုံးတော်ပြည့်ကပ်လှူရာတွင်  ၂ဝဝ၉ခုနှစ်မှ စတင်ပြီး ၂ဝ၁၄ခုနှစ် ဇူလိုင်လကုန်အထိ ခြောက်ကျပ်သား ရွြှေုပားပေါင်း ၁၁၉ချပ်၊ သုံးကျပ်သား ရွှေပြားပေါင်း ၁ဝ၆၃ ချပ်နှင့် တစ်ကျပ်သား ရွှေပြားပေါင်း ၄၈၄၁ ချပ် လှူဒါန်းမှုများ ရရှိထားပြီး ဖြစ်သည်။ ရွှေသင်္ဃန်းအတွက် လှူဒါန်းရရှိသည့် ငွေသားများမှ ရွှေတစ်ကျပ်သားလျှင် ကျပ် ၆ဝဝ,ဝဝဝ နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။ ထို့ပြင် လုံးတော်ပြည့် ရွှေသင်္ဃန်း ကပ်လှူရာတွင် အခြားစရိတ်များအဖြစ် ကျပ်သိန်းပေါင်း ၉ဝဝဝကျော် ကုန်ကျမည်ဟု ခန့်မှန်း တွက်ချက်ထားကြောင်းလည်း ၎င်းင်းက ဆိုသည်။

“ ရွှေပြားစုတ်ပြဲတာတွေ ပြန်ကောက်ပြီးလည်း ရွှေပြန်သန့်စင်ပြီးလည်း ပြန်ကပ်ပါတယ်”ဟု ဦးဝင်းကြိုင်က ပြောသည်။

၂ဝ၁၄-၂ဝ၁၅ခုနှစ်အတွင်း ရွှေတိဂုံစေတီတော် ရွှေသင်္ဃန်းကပ်လှူရာတွင် ရွှေပြားသင်္ဃန်း ကပ်ထားသော ဧရိယာမှ စုတ်ပြဲပျက်စီးသော ရွှေပြားများ အစားထိုး ဖြည့်စွက်ခြင်း၊ ပထမကြေးဝန်းနှင့် ဒုတိယ ကြေးဝန်းတို့တွင် ရွှေစင်ပြားများ တိုးချဲ့ကပ်လှူခြင်း၊ ယခင် ရွှေမျက်ပါးကပ်ထားသော ပန်းဆွဲကြီး ၁၆ ခုကို ရွှေစင်ပြား ပြောင်းလဲကပ်လှူခြင်းနှင့် အောက်ဆုံးပစ္စယာ သုံးဆင့်၊ ရှစ်မြှောင့် ပစ္စယာတို့အား ရွှေမျက်ပါးအသစ် ကပ်လှူခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိ ရွှေတိဂုံစေတီတော်ကြီးကို ရွှေမျက်ပါး၊ ရွှေပြားနှင့် ရွှေစင်ပြား အမျိုးအစားသုံးမျိုးဖြင့် ရွှေသင်္ဃန်း ကပ်လှူထားခြင်းဖြစ်သည်။ ငှက်ပျောဖူးတော်ကြီး၊ ဖောင်းရစ်များ၊ သပိတ်မှောက်၊ ရင်စည်း၊ ခေါင်းလောင်းတော် စသည်တို့ကို ရွှေပြားကပ်လှူထားခြင်း၊ ပဉ္စမကြေးဝန်း၊ စတုတ္ထကြေးဝန်း၊ တတိယ ကြေးဝန်းနှင့် ကြာမှောက်၊ ကြာလန်ဧရိယာကို ရွှေစင်ပြားကပ်ထားခြင်း၊ အနိမ့်ဆုံးနှင့် အကျယ်ဆုံး အပိုင်းဖြစ်သော စေတီတော်ကြီး ပစ္စယာသုံးဆင့်နှင့် ရှစ်မြှောင့်ပစ္စယာ၊ အခုံးအခွက်များဖြင့် တန်ဆာဆင်ထားသော ပန်းဆွဲကြီး ၁၆ခုတွင် ရွှေမျက်ပါး ကပ်လှူထားသည်။

Mizzima - News in Burmese
 ရွှေတိဂုံစေတီတော်ကြီး၏ ပထမကြေးဝန်း နှင့် ဒုတိယကြေးဝန်း၊ ပန်းဆွဲကြီး ၁၆ခုနေရာတွင် မူလ ရွှေမျက်ပါး အစား ရွှေစင်ပြားများ တိုးချဲ့ကပ်လှူ သွားမည် ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က မဇ္ဈိမကိုပြောသည်။

လူအစစ်နှင့် တူညီလွန်းသည့် ဖျော်ဖြေရေး အရုပ်များကို ဂျပန်ကုမ္ပဏီတစ်ခု ထုတ်လုပ်

ဂျပန်နိုင်ငံမှ ကုမ္ပဏီ တစ်ခုသည် အမျိုးသားများအတွက် ဖျော်ဖြေမှု ပေးစွမ်းမည့် အမျိုးသမီး အရုပ်များကို လူသားအစစ်နှင့်မခြား အလွန်တူညီအောင် ဖန်တီးထုတ်လုပ်လျက် ရှိသည်။

အရှေ့ဘက် ပင်လယ်ထဲသို့ တာတိုဒုံးကျည်သုံးစင်း မြောက်ကိုရီးယားပစ်ခတ်

 တောင်ကိုရီးယား နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ရောက်ရှိနေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်တွင် မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်သုံးစင်းကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ်(၁၄)ရက်တွင် မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်များကို အရှေ့ဘက် ကမ်းလွန်သို့ ဦးတည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ “မြောက်ကိုရီးယားဟာ အရှေ့ဘက် ဂျပန် ပင်လယ်ထဲကို တာတိုပစ်ခတ်မှု သုံးကြိမ် ပြုလုပ်ခဲ့ပါတယ်”ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့် အရာရှိ တစ်ဦးက ဆိုသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် တောင်ကိုရီးယားသို့ ရောက်ရှိနေစဉ် အတောအတွင်း မြောက်ကိုရီးယားကို ရည်စူးပြီး ငြိမ်းချမ်းရေး မိန့်ခွန်းတစ်ရပ် ပြောကြားမည်ဟု ယူဆရသည်။ တောင်ကိုရီးယား ဘာသာရေး အာဏာပိုင် အဖွဲ့အစည်းများက မြောက်ကိုရီးယား ကက်သလစ် ဘုန်းတော်ကြီးများကို ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပွဲသို့ စေလွှတ်ပေးရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း မြောက်ကိုရီးယားက ငြင်းဆန်ထားသည်။

မျိုးစောင့်ဥပေဒဆိုသည်မှာ အပေါစားဆန်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် NLD ပါတီ သုတေသနမှူးအား ၀န်ချတောင်းပန်ရန် တောင်းဆို


မျိုးစောင့်ဥပဒေအား အပေါစားဆန်သည် ဟု ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်ခဲ့သည့် NLD ပါတီမှ သုတေသနမှူး အမည်ခံ မျိုးရန်နောင်သိန်းအား သံဃာတော်များအပေါ် ၀န်ချတောင်းပန်ရန် တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။
“ဘုန်းကြီးတို့အနေနဲ့ ဒေါ်စုကို လေးစားပါတယ်။ ဒါပေမယ့် ရဟန်းရှင်လူ ပြည်သူတွေ တစ်ခဲနက် ထောက်ခံလက်မှတ်ရေးထိုးထားတဲ့ မျိုးစောင့်ဥပဒေအပေါ် ဒီလိုမျိုး ပုတ်ခတ် စော်ကားလာတာကိုတော့ လက်မခံနိုင်ဘူး။ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကအစ တစ်နိုင်ငံလုံးက အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေတဲ့ သံဃာထုတစ်ရပ်လုံးကို အပေါစားတွေလို့ မိုက်မိုက်ရိုင်းရိုင်း စော်စော်ကားကား ပြောလိုက်တာလို့ပဲ နားလည်ပါတယ်။ ဒီဒကာကြီး ပြောတဲ့ စကားအတွက် NLD ပါတီက တာဝန်ယူဖို့ လိုတယ်။ ကာယကံရှင်အနေနဲ့ ရဟန်းသံဃာတွေကို ပြန်ပြီး ၀န်ချတောင်းပန်ဖို့ လိုတယ်။ ဘုန်းကြီးတို့အနေနဲ့ NLD ပါတီကလုပ်နေတဲ့ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံတဲ့ ကိစ္စမှာ ဘာမှ ၀င်ပြီး ဝေဖန်တာ မလုပ်ခဲ့ဘူး။ ဘုန်းကြီးတို့ကို လာမေးတဲ့ ဒကာ၊ ဒကာမတွေကိုတောင် မိမိသဘောဆန္ဒနဲ့ လုပ်ကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ခုဟာက ဘုန်းကြီးတို့ လ်ုပနေကိုင်နေတာတွေကို ရှုတ်ချဝေဖန်တာတွေ လုပ်လာတာကတော့ တရားလွန်လာပြီလို့ပဲ ပြောရမှာပဲ။ ဒါကြောင့် ကာယကံရှင် ဒကာကြီး မျိုးရန်နောင်သိမ်းနဲ့ NLD ပါတီအနေနဲ့ သံဃာတော်တွေကို၊ ဆရာတော်ကြီးတွေကို ၀န်ချတောင်းပန်ဖို့ တောင်းဆိုလိုပါတယ်” ဟု အင်းစိန်ရွာမ အောင်ဆန်းတပ်ဦးကျောင်းတိုက်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

နိုင်ငံတော်သို့ အခွန်မဆောင်ဘဲ တိုင်းပြည်ဝင်ငွေများကိုလိမ်ညာယူထားသည်ဟု သက်သေအထောက်အထားများ ရှိပါက မိမိကိုတရားစွဲဆိုနိုင်ဟု ထူးကုမ္ပဏီဥက္ကဋ္ဌဦးတေဇပြောကြား

မိမိအား နိုင်ငံတော်အတွက် အခွန်မဆောင်ဘဲ တိုင်းပြည်ဝင်ငွေများကို လိမ်ညာယူထားသည်ဟု သက်သေအထောက် အထားများရှိပါက တရားစွဲဆိုနိုင်ကြောင်း ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက ပြောကြားလိုက်သည်။သြဂုတ် ၁၂ရက်က ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင်ပြု လုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၂၃)ကြိမ်မြောက် နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးအခမ်းအနားတွင် ဦးတေဇက မီဒီ ယာများကို ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးတေဇက ''အခွန်မဆောင်ဘူးဆိုရင်လဲ တရားရုံးတင်ပါ။ ကိုယ် တိုင်လိုက်ရှင်းပေးမယ်''ဟု ဆိုသည်။လက်ရှိတွင် တိုင်းပြည်တွင် ဖြစ်ပျက်လျက်ရှိသောပြဿ နာမှာ စီးပွားရေး မတည်ငြိမ်ခြင်းကြောင့်ဖြစ်ကြောင်း ယင်းကမှတ်ချက်ပေးသည်။
လက်ရှိတွင် ဦးတေဇပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ အစု ရှယ်ယာများကို ယခင်ဗိုလ်ချုပ်ကြီး ဦးနေဝင်း၏ မိသားစုထံ ရောင်းချခဲ့ ခြင်းကြောင့် ဝေဖန်မှုများ ခံနေရကြောင်း သိရသည်။
Democracytoday

ကျောက်မျက်အသင်းဥက္ကဋ္ဌတာဝန် နောက်လူများကို နေရာပေးလိုဟု ဦးတေဇပြော

Photo: ကျောက်မျက်အသင်းဥက္ကဋ္ဌတာဝန် နောက်လူများကို နေရာပေးလိုဟု ဦးတေဇပြော
Thursday, August 14, 2014

လက်ရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေသော ဦးတေဇက နောက်လူများကိုသာ နေရာပေး လို၍ ဥက္ကဋ္ဌရာထူးဖြင့် ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ကြောင်းပြောကြားလိုက်သည်။

ဦးတေဇအနေဖြင့် ဥက္ကဋ္ဌ သက်တမ်းသုံးကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ဆက်မလုပ်လိုတော့ကြောင်း၊ နိုင်ငံတကာစံနှုန်းများအရဆိုလျှင်လည်း ဥက္ကဋ္ဌသက်တမ်းသုံးကြိမ်မှာ အလွန်ပင်များကြောင်း ၎င်းကရှင်းပြသည်။

‘‘နောက်လူတွေနေရာပေးရ တော့မယ်။  ကိုယ်ကအခုတော့ မပါတော့ဘူး။  နောက်လူတွေ လည်း အတွေ့အကြုံရစေချင်လို့ လွှဲပေးချင်တာပါ။  ဥက္ကဋ္ဌဆက် လုပ်ပါဆိုရင်လည်း  ကိုယ်ဆက် မလုပ်ချင်တော့ဘူး’’ဟု  ၎င်းက ပြောသည်။

  မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ဖြစ်သော ဦးတေဇမှာ မြန်မာနိုင်ငံကျောက် မျက်ရတနာ လုပ်ငန်းရှင်များ အသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ ဥက္ကဋ္ဌရာထူးသုံးကြိမ်ဆက်ရယူထားသူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ဇန်နဝါရီလကတည်းက အသင်း ဥက္ကဋ္ဌအဖြစ်မှ  နုတ်ထွက်ရန်စီစဉ်ခဲ့သော ဦးတေဇသည် အခြားအသင်းတာဝန်ရှိသူများ၏ တိုက်တွန်းမှုကြောင့် မူလတာဝန်ကို ဆက်လက်ယူခဲ့သော်လည်း ယခုအကြိမ်တွင် ထပ်မံရွေးချယ်ခံတော့မည်မဟုတ်ကြောင်း  မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး(၃)ဦးထွန်းလှအောင်က  ပြော ကြားသည်။

 ‘‘သူက မလုပ်တော့ဘူး။ အရင်ကတည်းက ပြောထားပြီး သား။  ဦးတေဇနုတ်ထွက်သွား တော့  အသင်းအပေါ်အားကိုး လျော့သွားတာပေါ့။ အသင်းသား အများစုက သူ့ကိုကြိုက်ကြတယ်။ သူ့လိုလုပ်ငန်းရှင်တစ်ယောက်က ကျွန်တော်တို့အသင်းမှာရှိသင့် တယ်’’ဟု ဦးထွန်းလှအောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ကျောက်မျက် ရတနာများကို အမေရိကန်နိုင်ငံကတင်ပို့ခွင့်ပိတ်ပင်ထားဆဲဖြစ်ရာ ၎င်းအနေဖြင့်အသင်းဥက္ကဋ္ဌအဖြစ်တာဝန်ယူထားခြင်းကြောင့်မြန်မာ ကျောက်မျက်ရတနာလုပ်ငန်း အပေါ် ထိခိုက်မှုမရှိစေရန်နှင့် အများကောင်းကျိုးအတွက် အသင်းဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက် ပေးခြင်းဖြစ်သည်ဟုလည်း အဆို ပါအသင်းက ဆိုထားသည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း လက်အောက်တွင် မန္တလေး၊ မြစ် ကြီးနား၊ မိုးကုတ်၊ ဖားကန့်စသည့် မြို့အလိုက်ဖွဲ့စည်းထားသည့် အသင်းခွဲများရှိသည်။

အသင်း၏ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ဗဟိုအလုပ်မှုဆောင် များရွေးချယ်တင်မြှောက်ပွဲအခမ်း အနားကို ယခုလ ၁၆ ရက်တွင်ပြု လုပ်ရန် စီစဉ်ထားသော်လည်း အထက်ပါရာထူးများအတွက် အဆိုပြုသူများနည်းနေသောကြောင့် ၂၅ ရက်သို့ ပြောင်းရွှေ့ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
7daydaily.com
လက်ရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေသော ဦးတေဇက နောက်လူများကိုသာ နေရာပေး လို၍ ဥက္ကဋ္ဌရာထူးဖြင့် ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ကြောင်းပြောကြားလိုက်သည်။
ဦးတေဇအနေဖြင့် ဥက္ကဋ္ဌ သက်တမ်းသုံးကြိမ်ဆက်တိုက် ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ဆက်မလုပ်လိုတော့ကြောင်း၊ နိုင်ငံတကာစံနှုန်းများအရဆိုလျှင်လည်း ဥက္ကဋ္ဌသက်တမ်းသုံးကြိမ်မှာ အလွန်ပင်များကြောင်း ၎င်းကရှင်းပြသည်။
‘‘နောက်လူတွေနေရာပေးရ တော့မယ်။ ကိုယ်ကအခုတော့ မပါတော့ဘူး။ နောက်လူတွေ လည်း အတွေ့အကြုံရစေချင်လို့ လွှဲပေးချင်တာပါ။ ဥက္ကဋ္ဌဆက် လုပ်ပါဆိုရင်လည်း ကိုယ်ဆက် မလုပ်ချင်တော့ဘူး’’ဟု ၎င်းက ပြောသည်။

ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု

ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ အခုလည်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကတည်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ပီကင်း မြို့ကို အသွား ထူးထူးဆန်းဆန်း ပျောက်ဆုံးနေဆဲဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်း MH 370 လေယာဉ်
ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦး ရဲ့ ဘဏ် အကောင့်တွေကနေ ငွေ ထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီအကြောင်း The Straits Times သတင်းတပုဒ်မှာ MH370 လေယာဉ်ခရီးသည်တွေရဲ့ ဘဏ်အကောင့်က ထူးဆန်းစွာ ငွေ ထုတ်ယူမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့က သတင်း ရေးသားထားပါ တယ်။

Photo: ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု
THURSDAY, AUGUST 14, 2014

 ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ 

အခုလည်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကတည်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ပီကင်း မြို့ကို အသွား ထူးထူးဆန်းဆန်း ပျောက်ဆုံးနေဆဲဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်း MH 370 လေယာဉ်
ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦး ရဲ့ ဘဏ် အကောင့်တွေကနေ ငွေ ထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။ 

 ဒီအကြောင်း The Straits Times သတင်းတပုဒ်မှာ MH370 လေယာဉ်ခရီးသည်တွေရဲ့ ဘဏ်အကောင့်က ထူးဆန်းစွာ ငွေ ထုတ်ယူမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့က သတင်း ရေးသားထားပါ တယ်။ 

အခုထိ အစအန ရှာမရတဲ့ MH 370 လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦးရဲ့ ဘဏ်အကောင့်တွေကနေ မလေးရှား ငွေ RM ၁၁၁, ဝဝဝ ( စင်ကာပူ ဒေါ်လာ ၄၃၄၁၉ ) ပမာဏ ရှိ ငွေကြေးကို ATM ကနေ ဇူလိုင် လ ၁၈ ရက်နေ့ က  ငွေထုတ်ယူမှုဖြစ်ခဲ့တာကို ဘဏ်က သံသယ ဖြစ်ဖွယ် အဖြစ်သတ်မှတ် သတိထားမိပြီး စိုးရိမ်ပူပန်ခဲ့ပါတယ် လို့ City Commercial Crime Investigation Department လက်ထောက်အကြီး အကဲ အီဇန္နီ အဗ္ဗဒူလ် ဂါနီက ပြောထားပါတယ်။ 

သြဂုတ်လ ၂ ရက်နေ့ ရဲသတင်းပို့မှုမှာ ဒီကိစ္စကို ဘဏ်လုပ်ငန်းဆိုင်ရာ ဌာနတွင်း ခြေရာခံ စုံစမ်းစစ်ဆေးမှု
တွေ လုပ်နေပြီလို့ ဖော်ပြထားပါတယ်။ 

 “ ကျနော်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါပြီ” လို့ သူက မနေ့တုန်းက သတင်းထောက်တွေကို ပြောဆိုထား ပါ တယ်။ 

 စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကာယကံရှင် မသိပဲ တရားမဝင် ငွေထုတ်ယူမှုဆိုတဲ့ ဥပဒေချိုးဖောက်တဲ့ ကိစ္စ အဖြစ် လို့ ဆိုပါတယ်။ 

မလေးရှားနိုင်ငံရဲ့ ကွန်ပျူတာ ရာဇဝတ်မှု ဆိုင်ရာ ၁၉၉၇ ခုနှစ် အက်ဥပဒေ ပုဒ်မ ၄ (၁) အရ ပြစ်မှု ကျူး လွန် သူကို မလေးရှား ငွေ RM ၁ သိန်းခွဲ ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၁ဝ နှစ်သို့မဟုတ် ထောင် ဒဏ် နဲ့ ငွေဒဏ် ၂ မျိုးလုံး အပြစ် ပေးလို့ ရကြောင်း သိရပါတယ်။ 

အခုဆို မလေးရှားရဲကတော့ ဒီကိစ္စကို ထူးဆန်းတဲ့ ကိစ္စလည်းဖြစ်နေတော့ ဘက်ပေါင်းစုံက နည်းလမ်း
ပေါင်းစုံ သုံးပြီး စုံစမ်း မှုတွေ လုပ်နေတယ်လို့ ရဲအရာရှိကြီးက ပြောထားပါတယ်။ 

“အခု ငွေထုတ်မှုမှာ ကျူးလွန်တယ်ဆိုတဲ့ သံသဖြစ်စရာတွေကို ဘယ်သူဘယ်ဝါဆိုတာ သိနိုင်မယ့် ဘဏ်က စီစီတီဗွီ မှတ်တမ်းကိုလည်း ရရှိထားပါတယ်” လို့ ရဲအရာရှိကြီး အီဇန္နီ အဗ္ဗဒူလ် ဂါနီက ဆိုပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်စဉ်ကို တွေ့တာနဲ့ တာဝန်သိသူတွေအနေနဲ့ နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားဖို့ လည်း နှိုးဆော်ထားတယ်လို့ သူက ဆက်ပြောထားပါတယ်။ 

ပျောက်ဆုံး MH 370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဓရာထဲ တနေရာရာမှာ ပျက်ကျတယ်လို့ ဂြိုလ်တုမှတ်တမ်း အချက် အလက်တွေအရ ယူဆနေကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အခုထိ ဘာသဲလွန်စမှ မရခဲ့ပါဘူး။ 

အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး ပါသွားခဲ့တာမှာ အဲဒီခရီးသည်တွေ ထဲက ၄ ဦးရဲ့ ဘဏ်အကောင့်က အခုလို ထူးထူးဆန်းဆန်း ငွေထုတ်ယူမှု ဖြစ်တာပါ ။ 

ပြောရရင် ပဟေဠိဆန်တဲ့ လေယာဉ်ပျောက်ကိစ္စရဲ့ နောက်ဆက်တွဲ ပဟေဠိဆန်မှု လို့ ပြောရမလားပါဘဲ။  

irrawaddy. 

မိန်းမကိစ္စအရှုပ်အရှင်းကြောင့် နာမည်ကြီးနေသည့် NLD ပါတီ အတွင်းရေးမှူးမှ မျိုးစောင့်ဥပေဒဆိုသည်မှာ အပေါစားဆန်ဟု ဝေဖန်ခဲ့

ဒီနေ့မိုးလေးကလည်း အေးအေး ကော်ဖီလေးတစ်ခွက်သောက်ရင်းအပျင်း ပြေဂျာနယ် လေးတစ်စောင်လောက်ဖတ်လိုက်ဦးမယ်ဆိုပြီး ကောက်ကိုင် လိုက်တာမှာ မျက်စိထဲ အမြင်မတော်တာ တန်းတွေ့တယ်။ဘာရေးထားလဲဆိုတော့ မျိုးစောင့်ဥပဒေဆိုတာ အပေါစားနိုင်ငံရေးပုံစံပဲဆိုပြီး မျိုးစောင့်ဥပဒေဖြစ်ပေါ်လာဖို့ ကြိုးစားနေကြတဲ့ ဆရာတော်တွေနဲ့မျိုးချစ်လူငယ်မောင်မယ်များကို စော်ကားပြီး ပြောဆိုထားတာကို တွေ့ရတယ်။
ဒီစကားကို ဘာလို့သူပြောသလဲ။ မျိုးရန်နောင်သိမ်းဆိုတာ ဘယ်လိုလူမျိုးလဲ။NLD ပါတီက အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ရဟန်း သံဃာတော်တွေနဲ့မျိုးချစ်လူငယ်တွေကို ဘာကြောင့် စော်ကားတဲ့ စကားပြောခဲ့ရသလဲ၊ ဇတ်လမ်းကတော့ ပုဒ်မ ၅၉ (စ) ကနေ စရတယ် လို့ပြောရမှာပါပဲ။

သံကန့်လန့်ကာ နောက်ကွယ်က

သံကန့်လန့်ကာ နောက်ကွယ်က

 

* အသက်ခရီးမှာဖြင့် 
  တစ်ဝက်ကြီး ကျော်ခဲ့ပြီ။ 
* ထိရောက်စွာ ဘယ်အလုပ်တွင်မှ 
  ကယ်ဟုတ်စွာ နိုင်ငံအကျိုးကို   သည်ပိုးမဆောင်ရွက်နိုင်လို့ 
   စိတ်စက်မကြည်။ * ပါရမီ 
  ကံလှီထင့်သည့်ဘဝ။ 
* နိုင်ငံတော် 
  မှုကုန်ထမ်းဖို့မှာ 
  ဉာဏ်စွမ်းမယိုမင့်သော်လည်း 
  ခွင့်လှည့်မကျ။

စိတ်ကောင်း စေတနာကောင်းအစဉ်မွေးပါ

“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” 

စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါ၏။ စေတနာသည် လူတိုင်းနှင့်မထိုက်တန်ဟူ၍ မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် စေတနာကောင်းရှိသူထံသို့ ကောင်းကျိုးတရားများ ရောက်ရှိပြီး စေတနာဆိုးရှိသူထံသို့ ဆိုးကျိုးတို့ ရောက်ရှိမည်ဖြစ်ရာ ကိုယ်ပြုသည့်ကံ ကိုယ်ထံသာ ပြန်လည်ရောက်ရှိသည်ဖြစ်သောကြောင့် ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းနေအောင်၊ ဘယ်သူတော်တော် မတော်တော် ကိုယ်ကတော် နေအောင် ကြိုးစားရမည်ဖြစ်သည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ- တရား ကိုစောင့်ရှောက် သောသူအား တရားက ပြန်လည်စောင့်ရှောက်” ကြောင်း ဘုရားရှင် ဟောကြား ခဲ့ပေသည်။ ထို့ကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်၊ သူများ မိုးခါးရေသောက်လည်း ကိုယ်မသောက်မိအောင် သတိရှိရှိဖြင့် တရားအသိ အမြဲရှိနေကြရမည်ဖြစ်၏။  

ပေါင်မုန့်လေး တစ်လုံး


လွန်ခဲ့တဲ့ နှစ်နှစ် ဆယ် ကျော် ကာလတုန်း က အိမ်ရှင်မ တစ်ယောက် ဟာ သူ့မိသားစု စားဖို့အတွက် ပေါင်မုန့် ဖုတ်နေ ပါတယ်။အဲဒီလို ပေါင်မုန့် ဖုတ်နေရင်း မှာ စိတ်ကူး တစ်ခု ရပြီး ပေါင်မုန့် အပို တစ်လုံး ကိုပါ ဖုတ်လိုက် ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့် ကိုဗိုက်ဆာ နေတဲ့ တစ်ယောက်ယောက် များ ရှိခဲ့ရင် ယူသွား နိုင်ဖို့ အတွက် သူတို့ အိမ်ရှေ့ ပြူတင်း ပေါက် မှာ ထားထား လိုက်ပါတယ်။