Saturday, October 4, 2014

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက် ရုံးချိန်းတွင် အစိုးရကို အကြည်ညိုပျက်စေမှုအတွက် ဦးဆန်းဆင့်ဘက်မှ ဆရာတော်သုံးပါး သက်သေခံထွက်ဆို

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက်ရုံးချိန်းတွင် ပြစ်မှုပုဒ်မ ၁၂၄(က)အစိုးရအား အကြည်ညိုပျက်စေမှုအတွက် တရားခံပြ သက်သေအဖြစ် သံဃာတော်သုံးပါးအား အောက်တိုဘာ ၃ ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပုဒ်မ ၁၂၄ (က)မှာ ဦးပညာဇောတ၊ ဦးဝိဇာသနဲ့ ဦးအာဇိန္ဒ ဆရာတော်သုံးပါးပဲ စစ်တယ်။ အားလုံး ရေကြည်က ကိုယ်တော်တွေပဲဖြစ်တယ်။ ပုဒ်မ ၄၀၉ က စာရင်းစစ်ချုပ်က မလာဘူး။ အဲ့ဒါကြောင့် မစစ်ဖြစ်ပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။

မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း


Photo: မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း
Saturday, October 4, 2014

လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့်ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင်မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီးရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို ခင်မင်တာလောက်ပဲဖြစ်တယ်´ ဟု သရုပ်ဆောင်မိုးယုစံက ပြောကြားသည်။
လူနှစ်ယောက် တွေ့ဆုံမှုပေါင်းဖက်မှုသည် ကံပေါ်မူတည်ပြီး ကံကိုလွန်ဆန်သည့်မရသည့်အတွက် အချစ်ရေးနှင့်ပတ်သက်လာလျှင် အနုပညာရှင်မှ အပြင်လူမှ ချစ်သူရွေးထားမည်ဟု ခွဲခြားသတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“မိုးယုနဲ့က အဲဒီနေ့က ကြော်ငြာရိုက်ပြီးလို့ ညဘက်မုန့်ထွက်စားတာ၊ အနုပညာမောင်နှမတွေဆိုတော့ ရင်းရင်းနှီးနှီး မုန့်ထွက်စာတာပါပဲ´ ဟု သရုပ်ဆောင် ကောင်းပြည့်က ပြောကြားသည်။

ဒို့တောင်သူသတင်းဂျာနယ်
People power

လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့် ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင် မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီး ရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်း များသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို

NLD ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်မည်ဖြစ်ရာ လူငယ်ရေးရာ တာဝန်ခံဖြစ်သည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအား ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ် ၁၅ဝ ဦး တက်ရောက်ခဲ့ကာ အဆိုပါညီလာခံမှ အဖွဲ့ဝင် ၅၇ ဦးပါဝင်သည့် ဗဟိုလူငယ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Friday, October 3, 2014

အိမ်အကူမဟုတ်ဘဲ အနှိပ်ခန်းပို့ခံရ၍ အမျိုးသမီးတစ်ဦး ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အိမ်အကူ အလုပ်လုပ်ရမည်ဟု ဆိုကာ ခေါ်လာပြီး အနှိပ်ခန်း ပို့ခံရကာ ပြည့်တန်ဆာ လုပ်ခိုင်းမည်ကို ကြောက်ရွံ့သဖြင့် အမျိုးသမီးတစ်ဦး ထွက်ပြေးလာကြောင်း လားရှိုးမြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။
အသက် ၁၈ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် စက်တင်ဘာလ ၂၈ ရက်နေ့က ထွက်ပြေးလာပြီး အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ် (၁၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ထံ လာရောက် အကူအညီ တောင်းခံခြင်း ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲအုပ် အောင်လိန်းကီးက ပြောကြားသည်။

ပျားတုပ်ခံရပြီဆိုရင်...

အပင်တွေနားသွားရင်း၊ လာရင်းပဲ ဖြစ်ဖြစ် အခန့်မသင့်တဲ့အချိန်တစ် ချိန်ချိန်မှာ ပျားတုပ်ခံရဖူးမှာပါ။ အဆိပ်ကြောင့် အရေပြားဆဲလ် သာမက ကိုယ်ခံစွမ်းအားကိုပါ ထိခိုက်တဲ့အတွက် နာရီအနည်း ငယ်လောက်တော့ နာကျင်တဲ့ ဒဏ်ကိုပြင်းပြင်းထန်ထန်ခံရပါ တယ်။ ဒါကြောင့် ပျားတုပ်ခံရရင် ဘာလုပ်ရမှန်းမသိမဖြစ်ရလေ အောင် နည်းလမ်းလေးတချို့ကို ဖော်ပြပေးချင်ပါတယ်။

ဗိတိန်စုံတွဲကို သတ်ခဲ့ကြောင်း ၀န်ခံသော မြန်မာနှစ်ဦး၏ DNA မှာ သေဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ


ဗြိတိန် ကမ္ဘာလှည့် ခရီးသည် စုံတွဲနှစ်ဦး အသတ်ခံရမှုတွင် သေဆုံးသူ နှစ်ဦးအနက် တစ်ဦးထံမှ ရယူထားသည့် DNA နမူနာများက ပြစ်မှုဝန်ခံထားသူ မြန်မာလုပ်သား နှစ်ဦး၏ DNA နှင့် ကိုက်ညီမှု ရှိကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့၏ အဆိုကို ကိုးကားပြီး Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။
၎င်းက စစ်ဆေးမှု ရလဒ်များအရ အသတ်ခံရသူ အမျိုးသမီးထံမှ ရရှိထားသည့် DNA နမူနာများနှင့် သံသယ တရားခံ နှစ်ဦး၏ DNAတို့ ကိုက်ညီမှု ရှိနေကြောင်းလည်း အတည်ပြုခဲ့သည်။

လူဝီးစီယားနား ကျောင်းဆရာမနှစ်ဦး ကျောင်းသားတစ်ဦးနှင့် အုပ်စုလိုက် လိင်ဆက်ဆံသည်အတွက် အဖမ်းခံရ

လူဝီစီယားနား အထက်တန်းကျောင်းတစ်ခုမှဆရာမနှစ်ဦးသည် အသက် ၁၆ နှစ်သာရှိသေးသူ ကျောင်းသားလေးတစ်ဦးနှင့် အုပ်စုဖွဲ့ လိင်ဆက်ဆံခဲ့သဖြင့် (ထိုကျောင်းသားမှ အတန်းဖော်များအား ထိုအကြောင်းကို ကြွားလုံးထုတ်ခဲ့သည်) အဖမ်းခံခဲ့ရသည်ဟု

လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦးသေဆုံးမှု မြန်မာ ၃ ဦးကို ဖမ်းထားဟုဆို

ထိုင်း နိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာ အမျိုးသား ၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းကာ စုံစမ်းမေးမြန်းမှုတွေ လုပ်နေတယ်လို့ ရဲက ပြောဆိုထားပါတယ်။ ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မာ့ခ်ကဲန့်နဲ့ ထိုင်း ရဲချုပ် ရဲဗိုလ်ချုပ် Somyot Pumpunmuang တို့ ကြာသပတေး နေ့က ထိုင်းဘုရင့် ရဲတပ်ဖွဲ့ရုံးချုပ်မှာ ဗြိတိန် ကမ္ဘာလှည့်ခရီးသည် ၂ ဦး

ပျောက်ဆုံး ရဟတ်ယာဉ် ခြေရာမခံနိုင်သေး

ပျောက်ဆုံးနေသည့် B4 ရဟတ်ယာဉ်ကို ဆက်သွယ်ရေး ကိရိယာကို ခြေရာခံ၍ ရှာဖွေနေ သော်လည်း အဆက်အသွယ် မရရှိသေးကြောင်း ထူးဖောင်ဒေး ရှင်းမှ သတင်းရရှိသည်။

B4 ရဟတ်ယာဉ်တွင်ရှိသည့် ဆက်သွယ်ရေးအချက်ပြ ကိရိယာကို B4 ရဟတ်ယာဉ်ကုမ္ပဏီနှင့် နိုင်ငံတကာမှ ရှာဖွေရေးအဖွဲ့အစည်းများက ခြေရာခံ ရှာဖွေသော်လည်း အချက်ပြဆက်သွယ်လာခြင်း မရှိဟု ထူးဖောင်ဒေးရှင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက ပြောသည်။

ဖခင်ဖြစ်သူမှ ရိုက်နှက်၍ သားဖြစ်သူ သေဆုံးခဲ့ရသည့်ဖြစ်စဉ် ပုလဲမြို့နယ်တွင် ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်၊ အေးချမ်းသာကျေးရွာတွင် အောက်တိုလာ ၁ ရက်နေ့ည ပိုင်းက ဖခင်ဖြစ်သူမှသားဖြစ်သူအား တောင်ဝှေးဖြင့် ရိုက်နှက်ခဲ့ရာတွင် သားဖြစ်သူသေဆုံး သွားခဲ့သည်။
ထို့ကြောင့် အေးချမ်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်တင်မှ လဲကန်ရဲကင်းစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့သည်။ ထို့နောက် လူသေဆုံးရာအရပ်သို့ ရဲကင်းစခန်းမှူး ဒုရဲအုပ် ချစ်ဆန်းမောင်နှင့် အဖွဲ့သည် သွားရောက်၍ စစ်ဆေးခဲ့ကြသည်။

မော်ဒယ်အေးချမ်းမြတ်မိုးသေဆုံးမှု စွတ်စွဲခံရသူအား ပထမဆုံးအကြိမ်ရုံထုတ်၊ တရားခွင်တွင် ရုန်ရင်းဆန်ခတ်ဖြစ်ပွား


Photo: မော်ဒယ်အေးချမ်းမြတ်မိုးသေဆုံးမှု စွတ်စွဲခံရသူအား ပထမဆုံးအကြိမ်ရုံထုတ်၊ တရားခွင်တွင် ရုန်ရင်းဆန်ခတ်ဖြစ်ပွား 
Friday, October 3, 2014

သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းကို ဓါးဖြင့် ထိုးခံရပြီး သေဆုံး ခဲ့သည့် မော်ဒယ် အေချမ်းမြတ်မိုး၏ သေဆုံးမှု ဖြစ်စဉ် စစ်ဆေးခြင်းကို သေဆုံးပြီး ၃၆ရက် အကြာတွင် ရန်ကုန်မြို့ အနောက်ပိုင်း ခရိုင်တရားရုံး၌ ယနေ့(အောက်တိုဘာ ၂ရက်)က ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေး ခဲ့သည်။

ယခုပထမဆုံး အကြိမ်စစ်ဆေးခြင်းတွင် တရားလိုပြသက်သေများကို စတင်စစ်ဆေးခြင်းဖြစ်ပြီး သေဆုံးသူ မော်ဒယ်အေးချမ်းမြတ်မိုး၏ အစ်ကိုအရင်းဖြစ်သူ ကိုအာကာဝဏ္ဏအား အခင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အစအဆုံးကို ပြန်လည်မေးမြန်းခဲ့သည်။

“ညီမလေးကို သူလိုက်နှောင့်ယှက်နေတယ်ပြောလို့ ကျွန်တော်နဲ့ အချေအတင်စကားများ ခဲ့ပါတယ်သေးတယ်၊ သူက နောက်မလုပ်တော့ဘူး ပြောပါတယ်၊ ဒါပေမယ့် ညီမလေးသေဆုံးပြီး ချိန်မှာတော့ သူဟာ ညီမလေးကို သူ့ကိုပြန်မချစ်ရင် သတ်ပစ်မယ်၊ သူ့ကိုယ်သူလည်း သတ်သေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ညီမလေးရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်”ဟု ထွက်ဆိုခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် သမီးရည်းစားချင်း စကားများ၍ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း နောင်တွင် အေးချမ်းမြတ်မိုး၏ မိခင်က သမီးရည်းစားမဟုတ်ကြောင်း၊ ကျုးလွန်သူ အံ့ဖြိုးပိုင်သည် ၎င်း၏သမီးအားတဖက်သတ် ချစ်ကြိုက်နေသူသာဖြစ်ကြောင်း မီဒီယာများအား ရှင်းပြခဲ့သည်။

“ဒါက ပထမဆုံးရုံးတင်စစ်ဆေးတာပါ၊ တရားလိုပြသက်သေတွေအားလုံး စစ်ဆေးပြီးမှပဲ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု တရားလို၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးဇော်မင်း(နေရှင်နယ်)က ပြောသည်။

တရားခွင်ပြီးဆုံးချိန်၌ လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသူ အံ့ဖြိုးပိုင်နှင့်သေဆုံးသူ၏မိခင်ဖြစ်သူတို့ ရုန်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြသည်။ သေဆုံးသူ၏မိခင်က “နင်ငါ့သမီးကို သတ်တယ်”ဟုဆိုကာ ပါးပြေးရိုက်ခဲ့သည်။

ယင်းအပြင် အံ့ဖြိုးပိုင်၏ဖခင်ကလည်း ၎င်း၏သားကို သတင်းထောက်များ ဓါတ်ပုံရိုက်ကူး၍မရနိုင်အောင် ဦးထုပ်နှင့်ကာဆီးကာ ကင်မရာများအရှေ့မှာ လက်နှင့် ကာရမ်းခဲ့သည်။

ဒုတိယရုံချိန်းအဖြစ် တရားလိုပြ သက်သေစစ်ဆေးခြင်းကို အောက်တိုဘာလ ၁၆ရက်နေ့တွင် ထပ်မံစစ်ဆေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် တရားလိုပြသက်သေ အယောက်၂၀ အား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြေး တရားခွင်မှ သိရသည်။

မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းကို ဓါးဖြင့် ထိုးခံရပြီး သေဆုံး ခဲ့သည့် မော်ဒယ် အေချမ်းမြတ်မိုး၏ သေဆုံးမှု ဖြစ်စဉ် စစ်ဆေးခြင်းကို သေဆုံးပြီး ၃၆ရက် အကြာတွင် ရန်ကုန်မြို့ အနောက်ပိုင်း ခရိုင်တရားရုံး၌ ယနေ့(အောက်တိုဘာ ၂ရက်)က ပထမဆုံး အကြိမ် ရုံးထုတ်စစ်ဆေး ခဲ့သည်။

အချစ်စစ်ကို ရှာဖွေရန် အတွက် ကမ္ဘာတစ်လွှားမှ အမျိုးသား ၇၀ ကျော်နှင့် ချိန်းတွေ့ခဲ့သူ


BambiSmyth

သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမှ အမျိုးသမီး တစ်ဦးသည် သူမအတွက် စစ်မှန်သည့် ကြင်ဖော်ကို ရှာတွေ့ရန် အတွက် ကမ္ဘာတစ်ဝှမ်းသို့ လှည့်လည်ကာ လူပေါင်းများစွာဖြင့် ချိန်းတွေ့ခဲ့သည်။ ဘန်ဘီ စမစ်ဟု အမည်ရသည့် အဆိုပါ အသက် ၅၅ နှစ် အရွယ် အမျိုးသမီး အနေဖြင့် အချစ်စစ်နှင့် မတွေ့ခဲ့ရ သော်လည်း နောက်ပိုင်းတွင် သူမ၏ အတွေ့အကြုံများကို ပြန်လည် စုစည်းကာ စာအုပ် တစ်အုပ် ရေးသား ထုတ်ဝေခဲ့သည်။ဘန်ဘီ စမစ် ချိန်းတွေ့ခဲ့သည့် ယောက်ျား များတွင်

Fair Lady ပြိုင်ကားတစီး လိုင်စင်မရှိလို့ ပြည်မြို့မှာ အဖမ်းခံရ

 ပြည်မြို့အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထားသည့် Fair Lady ပြိုင်ကား 
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့တွင် လိုင်စင်မဲ့ Fair Lady အဖြူရောင်ပြိုင်ကားတစ်စီးကို  အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်မြို့အမှတ်(၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။ 

ပြည်တွင်း၌ တစ်ပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၁၃၀ ကျော်မှ ပြစ်မှုကျူးလွန်သူ ၁၈၄ ဦးအား ဖမ်းဆီးရမိ


Photo: ပြည်တွင်း၌ တစ်ပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၁၃၀ ကျော်မှ ပြစ်မှုကျူးလွန်သူ ၁၈၄ ဦးအား ဖမ်းဆီးရမိ 
Friday, October 3, 2014

ပြည်တွင်း၌ တစ်ပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၁၃ဝ ကျော်မှ ပြစ်မှုကျူးလွန်သူ ၁၈၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အောက်တိုဘာ ၂ ရက်တွင် စုံစမ်းသိရသည်။   ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ အမှုပေါင်း ၁၃၉ မှု ဖမ်းဆီးခဲ့ရာတွင် အမျိုးသား ၁၅၈ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် စုစုပေါင်း ကျူးလွန်သူ ၁၈၄ ဦးအား ဥပဒေအရ အရေးယူခဲ့ကြောင်း သိရသည်။ 

  အဆိုပါ တစ်ပတ်အတွင်း ဘိန်း ၁ဝ မှု အလေးချိန် ၂၈ ဒသမ ၁၇၂၇ ကီလို၊ ဘိန်းဖြူ  ၅၄ မှု အလေးချိန် ၈ ဒသမ ၄၁၉၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ မှု ဆေးပြား အရေအတွက် ၅၄၇၈၃၁ ပြား၊ အဆင့်နိမ့် ဘိန်း ခုနစ်မှု အလေးချိန် ဝ ဒသမ ၃၇၄၈ ကီလို၊ ဘိန်းဆီခဲ ငါးမှု အလေးချိန် ၂ ဒသမ ၈၂၃၆ ကီလို၊ ဆေးခြောက် နှစ်မှု အလေးချိန် ဝ ဒသမ ၈၄၄၅ ကီလို စသည့် အမှုပေါင်း ၁၃၉ မှုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။   စက်တင်ဘာ ၂၈ ရက်တွင် ဖမ်းဆီးနိုင်ခဲ့သည့် မူးယစ်ဆေးဝါးဖြစ်စဉ်တစ်ခုမှာ ပင်လောင်းမြို့နယ်၊ မိုးဦးကျေးရွာနှင့် နမ့်ဖာမူကျေးရွာသွား ကားလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စုက ရှာဖွေရေးဆောင်ရွက်နေစဉ် မိုးဦးကျေးရွာဘက်မှ မောင်းနှင်လာသော ၅ဃ/ ၃......... နံပါတ်ပါ SURF အမျိုးအစား မော်တော်ယာဉ်တစ်စီးသည် ရှာဖွေရေးဆောင်ရွက်နေသည့်နေရာနှင့် ကိုက် ၅ဝ အကွာတွင် မော်တော်ယာဉ်အားရပ်၍ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။   အဆိုပါယာဉ်ပေါ်မှ ဆာလာအိတ် ငါးအိတ်အတွင်းမှ ဘိန်းစိမ်း အလေးချိန် ၈၈ ဒသမ ၂၈ ကီလို သိမ်းဆည်းခဲ့သဖြင့် ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Eleven Media Group

ပြည်တွင်း၌ တစ်ပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၁၃ဝ ကျော်မှ ပြစ်မှုကျူးလွန်သူ ၁၈၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အောက်တိုဘာ ၂ ရက်တွင် စုံစမ်းသိရသည်။ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ အမှုပေါင်း ၁၃၉ မှု ဖမ်းဆီးခဲ့ရာတွင် အမျိုးသား ၁၅၈ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် စုစုပေါင်း ကျူးလွန်သူ ၁၈၄ ဦးအား ဥပဒေအရ အရေးယူခဲ့ကြောင်း သိရသည်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်သဖြင့် ၀ှိုက်ကတ်ကိုင်ဆောင်ထားသူများနိုင်ငံရေးပါတီတည်ထောင်ခွင့်ရရှိတော့မည်မဟုတ်



နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအား စက်တင်ဘာ ၃၀ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီတည်ထောင်လိုသူ များ၏အရည်အချင်းနှင့် သက်ဆိုင်သည့် ပုဒ်မ(၄)ပုဒ်မခွဲ (က) တွင် ပါ ရှိသော "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း" ဆိုသည့် စကားရပ်ကို "နိုင်ငံသားဖြစ်ခြင်း" ဆိုသည့်စကားရပ်ဖြင့် အစားထိုးပြင် ဆင်ခဲ့သည်။

မည်သည့်နိုင်ငံသို့မဆို SMS ပို့ပါက တစ်စောင်လျှင် ကျပ် ၃၀ နှုန်းနှင့် စင်ကာပူ၊ ထိုင်းသို့ ဖုန်းခေါ်ဆိုပါက တစ်မိနစ်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် တယ်လီနော သတ်မှတ်

မည်သည့်နိုင်ငံသို့မဆို SMS ပေးပို့ပါ က တစ်စောင်လျှင် ကျပ် ၃ဝ နှုန်းဟု တယ်လီနောမြန်မာက ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ထို့ပြင် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခနှုန်းထားများကိုလည်း ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာမှ ပြည်တွင်းရှိ တယ်လီနောဖုန်းများသို့ ဖုန်းအဝင်နှင့် SMS အဝင်များမှာ အခမဲ့ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအား ထောက်ခံကြောင်း မန္တလေးမြို့တွင် ထပ်မံဆန္ဒပြ

သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက် များအား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို မန္တလေးမြို့တွင် အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၆၂ လမ်း မနော်ရမ္မံဥယျာဉ်အနီးရှိ ဟစ်တိုင်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒဖော်ထုတ်မှုကို ပြည်ကြီးတံခွန်မြို့နယ် ရွှေလံဗိုလ်လမ်းအကွက် (လလ-၈၁/၈၇) တွင်ခုံ/သံရည်ကျိုလုပ်ငန်းလုပ်ကိုင်သူ ဦးချမ်းပြည့်ဖြိုးက ဦးဆောင်၍ လူအင်အား ၁ဝဝ ခန့်က ခွင့်ပြုမိန့်ဖြင့် ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

Thursday, October 2, 2014

Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး


Photo: Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး 
Thursday,October 2, 2014

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာက ကလေးငယ် အယောက်ပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စာသင်ကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှု များတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က သတင်းပေးပို့ထားပါတယ်။

အသေခံ ဗုံးဖောက် ခွဲရေးသမား တစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ ဗုံးတစ်လုံးကို ကျောင်းရဲ့ နေရာတစ်ခုမှာ ချထားပြီး နောက်ဗုံးတစ်လုံးနဲ့ ကိုယ့်ကိုကိုယ် အသေခံပြီး ဗုံးဖောက်ခွဲ ခဲ့တာပါ။

စာသင်ကျောင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေ အိမ်ပြန်မယ့်အချိန်မှာပဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Homs မြို့ရဲ့ Alawite လူမျိုးတွေနေထိုင်ရာ Akrameh ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ သမ္မတ Bashar al Assad နဲ့ လူမျိုးခြင်းတူတဲ့ လူတွေ အနေများတဲ့ ဒေသ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆီးရီးယား အစိုးရကတော့ အသက် ၆ နှစ်နဲ့ ၉ နှစ်အကြားက ကလေးငယ် ၃၁ ယောက် သေဆုံးရတယ်လို့ ပြောပါတယ်။

အခုအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ယူမှုတွေ မရှိသေးပါဘူး။

အရင်တုန်းကတော့ အခုလို ဆင်တူတဲ့ ဗုံးဖောက်ခွဲမှုကို Al Qaeda အဖွဲ့နဲ့ ဆက်နွယ်တဲ့ Nusra Front အဖွဲ့က ပြုလုပ်ခဲ့ဖူးပါတယ်။

ABC Radio Australia

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာက ကလေးငယ် အယောက်ပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စာသင်ကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှု များတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က သတင်းပေးပို့ထားပါတယ်။
အသေခံ ဗုံးဖောက် ခွဲရေးသမား တစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ ဗုံးတစ်လုံးကို ကျောင်းရဲ့ နေရာတစ်ခုမှာ ချထားပြီး

MPT မှ အင်တာနက်စနစ် ငှားသုံးသော်လည်း အများထင်မြင်သလို မဟုတ်ဟု တယ်လီနော ဆို

ကိုယ်ပိုင်အင်တာနေရှင်နယ် ဂိတ်ဝေးတည်ဆောက်မှု မပြီးစီးသည့်အတွက် Telenor အင်တာနက်စနစ် MPT မှ ငှားရမ်းသုံးစွဲခြင်းဖြစ်ပြီး အများထင်မြင်သ လိုမြန်နှုန်းနှေး မည် မဟုတ်ဘဲ မြန်စေပါမည်ဟု ယင်းကုမ္ပဏီမှ CEO Petter Furberg က ပြောသည်။ ကိုယ်ပိုင်ဂိတ်ဝေးပြီးတာနဲ့ ငှားရမ်းမှုကို ပြန်အပ်မှာပါ။ နောက်ထပ် ဖိုင်ဘာ ဆက်ကြောင်းတွေလည်း ချိတ်ဆက်သွားဖို့ရှိပါတယ်။ မပြီးသေးခင်ကာလမှာပဲ ငှားသုံးနေ တာပါ။ အင်တာနက်သုံးစွဲခကိုလည်း သက်သာတဲ့နှုန်းအပြင် အခမဲ့သုံးနိုင် တဲ့ စနစ်တွေထည့်ပေး ထားပါတယ်” ဟု ပြောသည်။

လက်ပံတောင်းဒေသခံများ တရုတ်အလံကို မီးရှို့

Photo: လက်ပံတောင်းဒေသခံများ တရုတ်အလံကို မီးရှို့
Thursday, October 2, 2014

ပုံသဏ္ဌာန်မျိုးစုံဖြင့် ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းကျေးရွာ၏ မြောက်ဘက် ရဲကင်းများအနီးတွင် ဒေသခံများက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ကျိန်စာတိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံအလံကို မီးရှို့သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိ ကျိန်စာတိုက်ပွဲသည် လက်ပံတောင်း ဒေသ၏ ၁၁ ကြိမ်မြောက် ကျိန်စာတိုက်ပွဲ ဖြစ်ခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုးအနီး ကန်တော့ပွဲများဖြင့် တောင်စောင့်နတ်များကို ပူဇော်ကာ ဒေသခံများ မြေယာမဲ့ဘဝ ဖြစ်ရအောင် ပြုလုပ်သူများနှင့် တောင်ကို စောင့်ရှောက်နေသော တောင်စောင့်နတ်များကို နေရာပျောက်အောင် ပြုလုပ်သူများကို ကျိန်စာတိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆည်တည်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“ရွာက ဒေသခံ အမျိုးသမီးတစ်ဦးက ဖိုလ်ဝင်ရှင်မ နတ်ပူးပြီး ကျိန်စာတိုက်မှုတွေ လုပ်သလို၊ နတ်ကျားပူးကပ်တဲ့ ပုံသဏ္ဌာန်နဲ့ စီမံကိန်း ခြံစည်းရိုးအနီးမှာ ကျားဟိန်းသံလို အော်ပြီး ကန်တော့ပွဲထဲက ဆန်တွေကို စီမံကိန်း ဧရိယာထဲ ပစ်ကြဲပြီး ကျိန်စာတိုက်တယ်” ဟု ၎င်းကဆိုသည်။
လက်ပံတောင်းတောင်အား မျက်နှာမူ၍ ရွှေရောင်သုတ်ထားသည့် မျက်နှာဖုံးများကို တပ်ထားသူ သုံးဦးမှ တရုတ်နိုင်ငံ အလံကို ကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ်ပြီး မောင်းထုကာ တရုတ်နိုင်ငံအလံကို မီးရှို့မှုများကို ခဲ့သည်။

ကျိန်စာတိုက် ဆန္ဒထုတ်ဖော်ပွဲသို့ ဒေသခံ ၇၀ ဦးခန့် လာရောက်ခဲ့ပြီး ဒေသခံတွေအပေါ် ကျွန်ပြုရန် လုပ်ဆောင်နေသည့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ၊ စစ်ခရိုနီ ဦးပိုင်ကုမ္ပဏီ ကျဆုံးပါစေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝအလိုမရှိ၊ မဖြူနှင်းထွေး အပါအဝင် မတရားဖမ်းဆီးခံ ထားရသူများကို ချက်ချင်းလွှတ် စသည့် အချက်များကိုလည်း ကြွေးကြော်ခဲ့ကြောင်း ပါဝင်ခဲ့သည့် ဒေသခံများက ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒေသခံများက ရာချီသော ဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ခဲ့သကဲ့သို့ ထူးခြားသည့် ပုံသဏ္ဌာန်ဖြင့် သုသာန်အတွင်း ပြုလုပ်သည့် ပါဖော့မန့်များ၊ အခေါင်းသုံးလုံး မီးရှို့မှုများ နတ်များ ပင့်ဖိတ်ကျိန်စာတိုက်မှုများကို အမျိုးမျိုး ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးအနေနှင့် တရုတ်နိုင်ငံ အလံကိုပါ မီးရှို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly
ပုံသဏ္ဌာန်မျိုးစုံဖြင့် ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းကျေးရွာ၏ မြောက်ဘက် ရဲကင်းများအနီးတွင် ဒေသခံများက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ကျိန်စာတိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံ

Dance for Life ပါတီ ဟိုတယ် ရန်ကုန်တွင် ကျင်းပ.

Dance for Life ပါတီပွဲကို အောက်တိုဘာ ၁ ရက်နေ့ ည၌ ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်VIP ဘားတွင် ကျင်းပသွားခဲ့သည်။
ဖေ့စ်ဘွတ် တွင် နာမည်ကြီး သူများဖြစ်သည့် သရုပ်ဆောင် ဇွန်သဉ္ဇာ၊ ဇာဇာထက်နှင့် ကဗျာကို တို့သုံးဦးတို့ ပါဝင် မည်ဟု ကြေညာ ထား ခဲ့သည့် အဆိုပါ ပါတီ ပွဲကို ယခင်က အင်းလျားလိတ် ဟိုတယ် ဘား၌ ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ဝေဖန်မှုများ ရှိခဲ့ပြီး နေရာပြောင်းရွှေ 

ဆန္ဒပြ သူများအား နှိမ်နင်းခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ဟုဆို

Photo: ဆန္ဒပြ သူများအား နှိမ်နင်းခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ဟုဆို
Thursday, October 2, 2014

ဟောင်ကောင်ရှိ လူသွားလူလာ ထူတပ်သော နေရာများတွင် စခန်းချ ဆန္ဒပြနေ သူများအား မျက်ရည်ယိုဗုံး များဖြင့် တိုက်ခိုက်ခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ကြောင်း ဟောင်ကောင် ရဲမင်းကြီး အန်ဒီဆန်က ရဲအရာရှိများအား ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့တွင် ဆန္ဒပြသူများ အိမ်ပြန် ကြရန် အစိုးရက သတိပေး ပြောဆိုခဲ့ သော်လည်း ဆန္ဒပြ သူများသည် အစိုးရ၏ အမိန့်ကို နာခံခြင်း မရှိဘဲ လမ်းမများ ထက်တွင် ဆက်လက် ချီတက် ဆန္ဒပြခဲ့ သောကြောင့် ရဲတပ်ဖွဲ့ ၀င်များသည် မျက်ရည်ယိုဗုံးနှင့် ငရုတ်ရည်များ သုံးပြီး လူစုခွဲ မှုပြုလုပ်ခဲ့သည်။

ရဲမင်းကြီးဆန်သည် ရဲဌာနချုပ်ရုံး၌ ဗုဒ္ဓဟူးနေ့တွင် အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ရဲမင်းကြီး၏ မိန့်ခွန်း ပြောဆိုမှုကို ရဲ အရာရှိ(၂၀၀)ခန့်နှင့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး လီချွန်ယင်းတို့ တက်ရောက်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင် များသည် ၀န်ထမ်းကောင်း ပီသစွာ လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ပြီး ဟောင်ကောင်ရှိ နိုင်ငံရေး အကျပ်အတည်းများကြောင့် ရပ်တည်ချက် ပျက်သွားမည် မဟုတ်ဟု မျှော်လင့်ကြောင်း လီက အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

Messenger News Journal
ဟောင်ကောင်ရှိ လူသွားလူလာ ထူတပ်သော နေရာများတွင် စခန်းချ ဆန္ဒပြနေ သူများအား မျက်ရည်ယိုဗုံး များဖြင့် တိုက်ခိုက်ခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ကြောင်း ဟောင်ကောင် ရဲမင်းကြီး အန်ဒီဆန်က ရဲအရာရှိများအား ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

၅ရက်ကြာထိန်းသိမ်းခံထားရသည့် ၅လအရွယ်ကလေး ငယ်နှင့်မိခင်ဖြစ်သူ နေအိမ်ခန်းသို့ပြန်ခွင့်ရပြီ

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ် အပန်းဖြေစခန်းတည်ရှိရာ ဖူးခက်ကျွန်း ၀ချီရတ် ဆေးရုံတွင် ဆေးကုသခ ဘတ်ငွေ တစ်သိန်းကျော် မရှင်းနိုင်သဖြင့် လုံခြုံရေး တာဝန်ရှိသူများ၅ရက်ကြာ ထိန်းသိမ်း ခံထားရသည့် သားအမိ ၂ဦး ယနေ့တွင် အိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

အိနိ္ဒယနိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်တင် ရထား (၂) စင်းတိုက်၊ လူ (၁၂) ဦးခန့် သေဆုံး



အိနိ္ဒယနိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်များ အပြည့်အသိပ် တင်ဆောင်လာသည့် ရထားနှစ်စင်း တိုက်မိမှုကြောင့် အနည်းဆုံး လူ (၁၂) ဦး သေဆုံးပြီး (၄၅) ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မှပြောခွင့်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။
ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၌ လက်ခ်နောင်းမှ ဘာရောင်နီသို့ ဦးတည် ထွက်ခွာ လာသည့် ခရီးသည်တင် အမြန်ရထားအား အင်္ဂါနေ့ ညနေ

ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းမိသော IS အဖွဲ့ဝင်သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ၌ စစ်သွေးကြွကွန်ရက်တည်ထောင်ရန် စီစဉ်နေခဲ့ဟု သိရ

Photo

အကြမ်းဖက်ဝါဒ မြန်မာသို့ဦးတည်ခြိမ်းခြောက်မှုများအား သတိဖြင့် ကာကွယ်ရန် သမ္မတတိုက်တွန်း

Photo: အကြမ်းဖက်ဝါဒ မြန်မာသို့ဦးတည်ခြိမ်းခြောက်မှုများအား
သတိဖြင့် ကာကွယ်ရန် သမ္မတတိုက်တွန်း
Thursday, October 2, 2014

- ဇွဲမာန်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
ရန်ကုန်၊ အဖွဲ့အစည်းတချို့၏ အကြမ်း ဖက်ဝါဒဖြင့် မြန်မာနိုင်ငံသို့ဦးတည်ခြိမ်း ခြောက်မှုများအား သတိရှိရှိဖြင့်ကြိုတင် ကာကွယ်မှုပြုလုပ်ရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းပြောကြားလိုက်သည်။

မကြာသေးမီက ဘာသာရေးအ စွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း တစ်ခု၏ မြန်မာနိုင်ငံသို့ ဦးတည်ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက် ၍ သမ္မတက အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ အကြမ်းဖက်ဝါဒအ ဖွဲ့အစည်းတချို့၏ မြန်မာနိုင်ငံသို့ ဦး တည်ခြိမ်းခြောက်မှုများမှာ သိပ်စိုးရိမ် စရာမရှိသော်လည်း လုံခြုံရေးအသိဖြင့် သတိရှိရှိ ကြိုတင်ကာကွယ်မှုများ ပြု လုပ်ထားရန် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ၄င်း၏ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။
''ကမ္ဘာ့လူသားတွေရဲ့ လူ့အခွင့် အရေးနဲ့ အေးချမ်းသာယာစွာရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာ တာ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပါ။ လက်ရှိ မြန်မာနိုင်ငံကို ဦးတည်ခြိမ်း ခြောက်မှုများရှိနေလို့ စိုးရိမ်စရာရှိပေ မယ့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြ ရမှာဖြစ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ထိုသို့ အကြမ်းဖက်အန္တရာယ်များ အား ကာကွယ်တားဆီးရန် အစိုးရအ ဖွဲ့၊ လွှတ်တော်၊ တရားစီရင်ရေးအဖွဲ့၊ တပ်မတော် လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများစသည့် အဖွဲ့အစည်းများ ပူး ပေါင်းလုပ်ကိုင်ရန်လိုအပ်ကြောင်း သမ္မတ က တိုက်တွန်းပြောကြားခဲ့သည်။
လွန်ခဲ့သော စက်တင်ဘာ ၂၅ရက် တွင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် RSO အကြမ်းဖက်သူဟု ယူဆရသော သ တင်းတပ်သားဖြစ်သူ ဘင်္ဂါလီလူမျိုး ယာ ဆိမ်းအဲဖာရာကို ကျီးကန်းပြင်စစ်ဆေး ရေးဂိတ်တွင်လည်းကောင်း၊ စက်တင် ဘာ ၂၈ရက်တွင် မိုဟာမက်အီဒရိရ်နှင့် နူမာမောက်တို့ကိုလည်းကောင်း ဖော် ထုတ်ဖမ်းဆီးမိခဲ့ကြောင်း မြန်မာနိုင်ငံ နယ်ခြားစောင့်အဖွဲ့မှ ထုတ်ပြန်ချက် များအရ သိရသည်။

TheYangonTimes
- ဇွဲမာန်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
ရန်ကုန်၊ အဖွဲ့အစည်းတချို့၏ အကြမ်း ဖက်ဝါဒဖြင့် မြန်မာနိုင်ငံသို့ဦးတည်ခြိမ်း ခြောက်မှုများအား သတိရှိရှိဖြင့်ကြိုတင် ကာကွယ်မှုပြုလုပ်ရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းပြောကြားလိုက်သည်။
မကြာသေးမီက ဘာသာရေးအ စွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း တစ်ခု၏ မြန်မာနိုင်ငံသို့ ဦးတည်ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက် ၍ သမ္မတက အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆံပင်တွေကို မြိုချတဲ့ အကျင့်ကြောင့် ခွဲစိတ်ကုယူရ

ကာဂျစ်စတန် နိုင်ငံက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရလည်း ဘာရောဂါမှ မရှိကြောင်း ဆရာဝန်များက စစ်ဆေး ထွက်ဆိုထားပါတယ်။ ဒါပေမယ့် သူ့မှာ ရှိတဲ့ အကျင့်ကလေး တစ်ခုကတော့ ဆံပင်များကို စားခြင်း ဖြစ်ပါတယ်။ သူများတွေ လက်သည်းကိုက်တတ် သလိုပဲ သူ့ဆီမှာ ရှိတဲ့

အေးဝတ်ရည်သောင်း

Myanmar Model Aye Wut Yee Thaung - Random Beautiful Collection Photos

ယာဉ်တိုက်မှုရာခိုင်နှုန်း လျော့နည်းလာသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု များပြားနေဆဲဟုဆို

Photo: ယာဉ်တိုက်မှုရာခိုင်နှုန်း လျော့နည်းလာသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု များပြားနေဆဲဟုဆို
Thursday, October 2, 2014

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုရာခိုင်နှုန်း ကျဆင်းလာ သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ပြားနေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘ယာဉ်တိုက်မှု အန္တရာယ် ကျဆင်းရေးအပြည်ပြည်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စနစ် (5 E System) နဲ့အညီ အကောင်းဆုံး ပြုပြင်ထိန်းသိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ကဏ္ဍအလိုက်လည်း ပြုပြင်ဖို့ လိုအပ်တယ်’’ ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုများ နေ့စဉ် နှင့်အမျှ ဖြစ်ပွားလျက်ရှိပြီး ၂၀၁၂ ခုနှစ်က ယာဉ်တိုက်မှု ၁,၁၀၀ ကျော်တွင် ဒဏ်ရာရရှိသူ  ၁,၈၀၀ ကျော်နှင့် သေဆုံးသူ ၃၀၀ ကျော်၊ ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု ၁,၄၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၂,၀၀၀ ကျော်နှင့် သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၁,၀၅၀ မှု၊ ဒဏ်ရာရရှိသူ ၁,၉၈၇ ဦး၊ သေဆုံးသူ ၂၉၀ ဦးအထိရှိ ကြောင်း မှတ်တမ်းများအရ သိရှိ ရသည်။

ယာဉ်တိုက်မှုအန္တရာယ်များ လျော့နည်းကျဆင်းရေးအတွက် ယာဉ်တိုက်မှုဖြစ်ပွားသည့်အချိန် နေရာနှင့် အုပ်စုတို့အား လေ့လာ သုံးသပ်၍ ထိထိရောက်ရောက် ပညာပေးဟောပြောရန်နှင့် အရေးယူဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

7Day DAILY 

မုံရွာမြို့ပေါ်တွင် We are Citizen အဖွဲ့မှ ဆိုင်ကယ်စီးသူများကို စစ်တမ်း ကောက်ယူနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုရာခိုင်နှုန်း ကျဆင်းလာ သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ပြားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ယာဉ်တိုက်မှု အန္တရာယ် ကျဆင်းရေးအပြည်ပြည်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စနစ် (5 E System) နဲ့အညီ အကောင်း ဆုံး ပြုပြင်ထိန်းသိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ကဏ္ဍ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း

Photo: ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း
Thursday, October 2, 2014

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

 လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းလျက်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာကြည့်ရှုတဲ့အခါမှာ အဆင့်တစ်ခုကို ရောက် ရှိနေပြီ ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်များရဲ့ အောင်မြင်ဖြစ် ထွန်း မှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနိုင်တယ်ဆိုတာ လက်ခံ ထားပါတယ်။ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားလိုတဲ့အချက်ကတော့ ဒီကနေ့ ရရှိထားတဲ့ ဖြစ်ထွန်းမှု အဆင့်ဆင့်ဟာ မိမိတို့ရဲ့ အနာဂတ်ကို ပြဋ္ဌာန်းသတ်မှတ်နိုင်ပြီး ကျွန်တော်တို့ တည်ဆောက်လိုတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် တက်လှမ်းနိုင်ဖို့အတွက် အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ အခုလို ပြောကြားရခြင်း ဟာလည်း ဒီကနေ့ ကျွန်တော်တို့ရရှိ ပိုင်ဆိုင်ထားတဲ့ အခြေအနေကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံရေးဖြစ်စဉ် ဆက်လက် ရှင်သန်နေဖို့အတွက် နိုင်ငံသားအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အချိန်အခါ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သတိပြုမိစေရေး အတွက်ပဲဖြစ်ပါတယ်။

 နိုင်ငံရေးဖြစ်စဉ်များ ဆက်လက်ရှင်သန်ရေးအတွက် အခြေခံ အကျဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အလေးထား တိုက်တွန်းလိုတဲ့ အချက်ကတော့ ဆွေးနွေးဘက်များဖြစ်တဲ့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေး အတွက် အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။  မာရသွန် ပြေးပွဲများမှာ ပန်းတိုင်နဲ့နီးလာလေလေ၊ ပိုပြီးအားစိုက်ရလေ ဖြစ်တယ် ဆိုသလိုပဲ ဒီကနေ့ မိမိတို့ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုမှ ရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ပိုမို၍ အားထည့်ဆောင်ရွက် ကြရမယ့် အချိန် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 နိုင်ငံရေး အင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်းအားထုတ်မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါ လည်းဖြစ်သလို အခုလိုအလွန် အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလို ပါတယ်။ အထက်မှာ ကျွန်တော်ပြောကြားခဲ့တဲ့ အချက်များကို ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်ပြီး ရရှိထားတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများ ဆက်လက် ရှင်သန်ရေးကို အာရုံပြု လုပ်ဆောင်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

 ကျွန်တော့်အနေနဲ့ စက်တင်ဘာလ လဆန်းပိုင်းမှာ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံများကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတကာထောက်ခံမှု ပိုမိုလိုအပ်တာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အခုလို ပြည်ပခရီးစဉ်များကို စီစဉ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နိုင်ငံတကာကို အသိပေး သတင်းစကား ပါးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ အမြင်ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာများစွာ အကျိုးဖြစ်ထွန်း လာမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ နိုင်ငံရေးတည်ငြိမ်မှုအတွက် အထူးအရေးကြီးသလို ဒီနိုင်ငံရေး တည်ငြိမ်မှုကသာလျှင် လက်ရှိကျွန်တော်တို့ လူ့အဖွဲ့အစည်း ချီတက်နေတဲ့ ဒီမိုကရေစီ အခြေတည် ခိုင်မာရေးကို အဓိကမဏ္ဍိုင်တစ်ရပ် အနေနဲ့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် အခုခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ နိုင်ငံများဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သက်သက်သာမက လူသားအရင်းအမြစ်၊ နည်းပညာပိုင်းနဲ့ နိုင်ငံရေးစနစ်များမှာ များစွာမှပင် ရှေ့တန်းက ချီတက်နေတဲ့ နိုင်ငံများဖြစ်တဲ့ အတွက် ဒီခရီးစဉ်က ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့် အတွေအကြုံ များစွာရရှိခဲ့ပါတယ်။

ဒီနိုင်ငံများရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်များ၊ လူသားအရင်းအမြစ် ပျိုးထောင်မှု၊ ပညာရေးစနစ်များ၊ အင်စတီကျူးရှင်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ကုမ္ပဏီကြီးများရဲ့ စီးပွားရေး မဟာဗျူဟာ အမြင်များကို လေ့လာခဲ့ပြီး ကျွန်တော်တို့နိုင်ငံအတွက် လေ့လာသင်ယူစရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ရာများကို လေ့လာခဲ့ပါတယ်။ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်းမှာ သဘာဝသယံဇာတ ထုတ်ယူတဲ့ စီးပွားရေး ကဏ္ဍများမှာထက် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍများမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့နဲ့ လတ်တလောမှာ လုပ်ငန်းခွင် ဝင်ရောက်ရေး အတွက် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွမ်းမံပေးနိုင်မယ့် အလားအလာများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ ပါတယ်။

နိုင်ငံတကာမိတ်ဖက်များ တိုးတက်ရရှိလာတာနဲ့အမျှ ကူးလူးဆက်ဆံမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အားလုံး အနေနဲ့လည်း ဒီအခွင့် အရေးများကို အမိအရ ဆုပ်ကိုင်ထားပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက်သင်ယူ လုပ်ကိုင်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ (၃၆)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံ ဒေသတွင်းက သက်ဆိုင်ရာ ဝန်ကြီး များကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ရေ၊ မြေ အနေအထားများဟာ လယ်ယာကဏ္ဍ အတွက် သဘာဝက ပေးထားတဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ရိုးရာနည်းစနစ်နဲ့ စိုက်ပျိုးရေး စနစ်များကနေ လုပ်သားအင်အား နည်းနည်းသာသုံးရတဲ့၊ အရင်းအနှီးနည်းပြီး အကျိုးအမြတ်များတဲ့ အရည်အသွေးမြင့် လယ်ယာထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်မှုဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် များစွာ အရေးပါတဲ့ ကိစ္စများဖြစ်တဲ့ အတွက်လယ်ယာ ကဏ္ဍကိုလည်း ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာ ကဏ္ဍတစ်ရပ် အဖြစ်ရှုမြင် အကောင်အထည်ဖော်လျက် ရှိပါတယ်။

 လက်ရှိမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသ အတွက် စိုးရိမ်ပူပန်မှု တိုးပွားစရာဖြစ်လာတဲ့ ကိစ္စရပ် နှစ်ရပ်ရှိပါတယ်။  ပထမတစ်ခုကတော့ ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ ကူးစက်မြန်ရောဂါတွေပဲ ဖြစ်ပါတယ်။ ကူးစက်မြန်ရောဂါများရဲ့ စိန်ခေါ်မှုဟာ အသစ်မဟုတ်ပေမယ့် နိုင်ငံတကာမှာ ကူးလူး ဆက်ဆံမှုတွေ မြင့်မားလာတာ၊ လူဦးရေသိပ်သည်းဆ မြင့်မားလာတာတွေကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန် လာပါတယ်။ အနောက်အာဖရိကမှာ စတင်ခဲ့တဲ့ အီဘိုလာရောဂါ ကူးစက်ခံနိုင်ငံများကို ကျွန်တော်တို့အနေနဲ့ လူသားချင်း စာနာနားလည်ပေးနိုင်သလို ကျွန်တော်တို့ ဒေသတွင်း အတွက်လည်း စိုးရိမ်ပူပန်ရပါတယ်။ ဒါ့အပြင် ဇီဝလက်နက်များ အသုံးပြုပြီး အကြမ်းဖက်တိုက်ခိုက် လာနိုင်ခြေများကလည်း စိုးရိမ်ပူပန်မှု များကို ပိုမိုတိုးပွားစေ ပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ သာမက အာဆီယံဒေသ အနေနဲ့ပါ ဒီလိုကူးစက်မြန်ရောဂါတွေကို ကာကွယ်ထိန်းချုပ်ဖို့ ဝိုင်းဝန်းကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။

 ဒုတိယစိန်ခေါ်မှုကတော့ ရာသီဥတုဖောက်ပြန်မှုများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ကိစ္စဖြစ်ပြီး အာဆီယံဒေသက မြို့ကြီးအတော် များများဟာ ရေကြီးမှုအန္တရာယ်ကို တွေ့ကြုံခံစား လာရပြီ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တွေကြောင့် ပေါ်ပေါက်လာတဲ့ ဆိုးဝါးတဲ့ ရာသီဥတု ဖောက်ပြန်မှုများရဲ့ ဒဏ်တွေကို ရှေ့မှာ မလွဲမသွေ ပိုပြီးရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်တစ်ခုကြောင့် လူ့အသက်ပေါင်း တစ်သိန်း ကျော်ဆုံးရှုံးခဲ့ရတဲ့ နာကျင်ခံစားမှုမျိုး ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံခံစားခဲ့ရဖူးပါတယ်။ မုန်တိုင်းကာလအလွန် ပြန်လည် ထူထောင်ရေးတွေကို အထိုက်အလျောက် လုပ်ကိုင်နိုင်သည့်တိုင် မုန်တိုင်းဒဏ်ခံပြည်သူများရဲ့ ပျက်စီးသွားတဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိဖို့ ဒီကနေ့အချိန်ထိ ကုစားမှုတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အဖြစ်အပျက်သင်ခန်းစာတွေကနေတဆင့် ရာသီဥတုဖောက်ပြန် မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်တွေကို တုန့်ပြန် ရင်ဆိုင်နိုင်ဖို့ ဒေသတွင်း မဟာဗျူဟာတစ်ခုကို နောင်ဆယ်စုနှစ် သုံးလေးခုစာလောက် မျှော်မှန်းပြီး ချမှတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ကမ္ဘာလုံးချီတဲ့ ရာသီဥတုဆိုးဝါးဖောက်ပြန်မှုတွေကို တုန့်ပြန်ရင်ဆိုင်ဖို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပူပေါင်းဆောင်ရွက်မှု တွေလုပ်ကြတဲ့အခါ အာဆီယံနိုင်ငံတွေရဲ့ အသံ၊ အမြင်၊ ရပ်တည်ချက်တွေ ပါဝင်ဖို့ အတူတကွ ခိုင်ခိုင်မာမာ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

 ဒီကနေ့ ကမ္ဘာ့လူသားများရဲ့ လူ့အခွင့်အရေးနဲ့ အေးချမ်းသာယာစွာ ရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာတဲ့ ကိစ္စရပ်ကတော့ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပဲ ဖြစ်ပါတယ်။ မကြာသေးမီက ကျွန်တော်တို့ မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်ခဲ့မှုများဟာ သိပ်ပြီးစိုးရိမ်စရာ မရှိသည့်တိုင် လုံခြုံရေး အသိ၊ သတိရှိရှိနဲ့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကနေ တစ်ဆင့် ရရှိလာတဲ့ ဖြေလျှော့မှုများ၊ လျော့ပါးသွားတဲ့ ကန့်သတ်ချက်များကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းများကို အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့် ကိစ္စရပ်များ၊ ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခများ ဟာလည်း အခုလို လုပ်ရပ်တွေကြောင့် ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

 နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားတဲ့ အဟန့်အတားပြုလိုတဲ့ အင်အားစုများကလည်း သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်လာနိုင်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ဒီလိုကိစ္စရပ်များကို အသိရှိရှိ တုံ့ပြန်ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်းရာနဲ့ချီပြီး မတူကွဲပြားမှုများကို နားလည် လက်ခံ စည်းလုံးညီညွတ်စွာ နေထိုင် လာတဲ့ သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့ပြီး ဖြစ်ပါတယ်။

 မျိုးနွယ်စုနဲ့ ကိုးကွယ် ယုံကြည်မှုများ မည်သို့ပင် ကွဲပြားစေကာမူ အားလုံးမှာ တူညီတဲ့ အချက်ကတော့ မြန်မာ့ရေမြေပေါ်မှာ ဒိုးတူဘောင်ဘက် နေထိုင်၊ လုပ်ကိုင်၊ စားသောက်ကြပြီး နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအပေါ်မှာ ချစ်ခင်ကြတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်တန်ဖိုး များကို အခြေခံပြီး နိုင်ငံသား အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုများ မဖြစ်စေဖို့နဲ့ ဘေးပယောဂ အဖျက်အမှောင့်များကို နားမယောင်ဘဲ ဆန့်ကျင် တုန့်ပြန်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့ အစိုးရအဖွဲ့၊ လွှတ်တော်များ၊ တရားစီရင်ရေး အဖွဲ့များ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်း များနဲ့ နိုင်ငံသားအားလုံးက တစ်စိတ်တစ်ဝမ်းတည်း တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ် အပြည့်အဝနဲ့ လက်တွဲ ပူးပေါင်းပြီး အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တားဆီးရာမှာ ပူးပေါင်းပါဝင် ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။

Credit to : Hmuu Zaw

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့ အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။