ဟာဂ်ျခရီးစဉ် ပို့ဆောင်ပေးမည်ဟုဆိုကာ ဘုရားဖူးများထံမှ အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်း လိမ်လည်ခဲ့သည်ဟု တိုင်ကြားခံရသော ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Arrow Lane Travels & Tours ကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဟာဂျီရော်နီ (ခ) ဦးခင်မောင်အေး ကို အောက်တိုဘာလ ၆ ရက်နေ့က လိမ်လည်မှုဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ပန်းဘဲတန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
Wednesday, October 8, 2014
ပရီးမီးယားလိဂ် ဒဏ်ရာရ ကစားသမားစာရင်းတွင် မန်ယူ ဦးဆောင်

ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ တွင် မန်ယူအသင်းသည် ဒဏ်ရာရကစားသမား အများဆုံးအသင်းအဖြစ် ဦးဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲဗာတန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သောပွဲစဉ်တွင် လူငယ်နောက်ခံ ကစားသမား ပက်ဒီမက်နဲ တံကောက်ကြော ဒဏ်ရာရရှိ ပြီးနောက်တွင် မန်ယူ၏အဓိကစားသမား ဒဏ်ရာရစာရင်းမှာ ကိုးဦးအထိရှိသွားပြီဖြစ်သည်။ ပက်ဒီမက်နဲ ဒဏ်ရာရရှိခဲ့ခြင်းသည် လုခ်ရှော(ဒူး)၊အီဗန်(ခြေကျင်းဝတ် )၊ ဖေးလ်ဂျူံးစ်(တံကောက်ကြော)၊ စမောလင်(ပေါင်) တို့ ဒဏ်ရာရရှိနေသည့် မန်ယူနောက်တန်းအတွက် ကြီးမားသည့် ထိုးနှက်ချက်လည်း ဖြစ်လာခဲ့သည်။
B4 ရဟတ်ယာဉ်ပေါ်ပါ ထိုင်းလေယာဉ်မှူးကို တွေ့ပြီး၊ မြန်မာလေယာဉ်မှူး လည်း တောထဲရှိ ဂူတစ်ခုတွင်ရှိနေ
B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ထိုင်းလေယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ရက် နံနက်တွင် ပြန်လည်တွေ့ ရှိပြီဖြစ်ပြီး မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးကိုနှင့်လည်း GPS အရ တောအုပ်ထဲက ဂူတစ်ခုတွင် ရှိကြောင်း ထူးဖောင်ဒေးရှင်း ၏ ပြန်ကြားရေး တာဝန်ခံ ကိုဘိုထွန်းက မဇ္ဈိမကို ပြောသည်။
ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်မှာစိုးရိမ်၊ တိုက်ပွဲများ ထပ်ဖြစ်မလာစေရေး ပြတ်ပြတ်သားသား တားဆီးသွားမည်ဟုဆို
တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်းကို 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလား အထူးဒေသ(၄) အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းပြီး အောက်တိုဘာ ၅ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။
ဗျောက်အိုး နှင့် မီးရှုးမီးပန်းများရောင်းချနေသူများကို ဖမ်းဆီးအရေးယူ
၇.၁၀.၂၀၁၄ရက်နေ့ ၂၀၃၀အချိန်တွင် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ပီမိုးနင်း လမ်းဘေးတွင် ဗျောက်အိုးနှင့် မီးရှုးမီးပန်းများရောင်းချ နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ရှာဖွေဖမ်းဆီး အရေးယူခဲ့ ပါသည်။
ပြည်သူ့ ဆေးရုံများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည်

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကင်ဆာရောဂါ ဖြစ်နေ သူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက် မှုများ ပေးနိုင် ရန် ပြည်သူ့ဆေးရုံကြီးများ၌ ဓာတ်ရောင်ခြည် ဆေးကုဌာန အသစ်များ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင် ထံမှ သိရသည်။ ''ယခုအခါ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ဆေးပညာ မဟာဘွဲ့ ရရှိပြီးသူများကို ဗဟိုအဆင့် ဆေးရုံကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများမှာ တာဝန် ချထားပေးပါတယ်။
တယ်လီနောဆင်းမ်ကတ်များကို အောက်တိုဘာ ၁၃ရက် နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းမည်

တယ်လီ နောမှဆင်းမ်ကတ်များကို အောက်တို ဘာ ၁၃ရက်နေ့ နောက်ပိုင်းမှသာ ရန်ကုန်တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ် များကို ရန်ကုန်၌ စတင်ရောင်းချနိုင် ရန်အတွက် နက်ဝေါ့ခ်ပိုင်း နောက်ဆုံး အဆင့် စစ်ဆေးနေပြီး တာဝါတိုင် အရေအတွက်နှင့် လိုက်၍ ဝန်ဆောင် မှုပေးနိုင်ရန် အပြီးသတ်ပြင်ဆင် ဆောင်ရွက်လျက်ကြောင်း ဆိုင်ပေါင်း တစ်ထောင်ဝန်းကျင်၌ ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။
လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မြန်မာ သံရုံးအဖွဲ့ တွေ့ဆုံ မေးမြန်းခွင့် ရပြီ
![Photo: လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မြန်မာ သံရုံးအဖွဲ့ တွေ့ဆုံ မေးမြန်းခွင့် ရပြီ
Wednesday, October 8, 2014
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ်မှာ တွေ့ဆုံခွင့် ပြုပါတယ်။
ဒီတွေ့ဆုံပွဲဟာ ဒီအမှုနဲ့ ပတ်သက်လို့ ဘာသာပြန်လည်းလုပ်ပြီး ရိုက်နှက်ရာမှာ ပါတယ်လို့ စွပ်စွဲခံရသူတဦးဖြစ်တဲ့ ကိုသားကြီးခေါ် ကိုအောင်ကိုဦးနဲ့ ရဲမှူးကြီးတဦးရှေ့မှာ ၂ နာရီကျော်ကြာ မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တမြန်နေ့က ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်ကို ရဲက ပယ်ချခဲ့ပြီး မနေ့ကတော့ အခင်းဖြစ်တဲ့ကျွန်းကို သွားရောက်ကြည့်ရှု့ပြီး မေးမြန်းစုံစမ်း မှတ်တမ်း ရယူခဲ့ပါတယ်။
မနေ့ညနေက အခင်းဖြစ်ရာကျွန်းကနေ ကော့စမွီကို ပြန်ရောက်ပြီး ဒီနေ့ မနက်မှာ မူလ တွေ့ဆုံခွင့်တောင်းထားတဲ့ ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ ထိုင်းရဲဘက်က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
[Source: DVB -http://burmese.dvb.no/archives/67186]
Credit to Hmuu Zaw Facebook](https://scontent-a-kul.xx.fbcdn.net/hphotos-xaf1/v/t1.0-9/p526x395/1897016_689592774469217_7852077291752389761_n.png?oh=5afd310e4ead15d9951113028f8772de&oe=54B902A5)
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ် မှာ တွေ့ဆုံ ခွင့် ပြုပါတယ်။
အနိမ့်ဆုံး လုပ်အားခတွင် ထပ်ဆောင်းငွေများ မထည့်ရန် ဆွေးနွေး တောင်းဆိုမည်

လှိုင်သာယာမြို့နယ် Master Sport ဖိနပ်စက်ရုံမှ အလုပ်သမားများကို ရှေ့၌ စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
အနိမ့်ဆုံးလစာ သတ်မှတ်ချက်တွင် ထပ်ဆောင်းငွေများ မထည့်သွင်းရန် အောက်တိုဘာ ၁၀ ရက် နေပြည်တော်တွင် ပြုလုပ်မည့် အနိမ့်ဆုံး လုပ်အားခ၊ လစာ သတ်မှတ်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု အနည်းဆုံး အခကြေးငွေသတ်မှတ်မှုကော်မတီ အဖွဲ့ဝင် အလုပ်သမားကိုယ်စား လှယ် ကိုနော်အောင်က မဇ္ဈိမကို ပြောသည်။
ထိုင်းရဟတ်ယာဉ်မှူးကို ပြန်တွေ့၊ မြန်မာရဟတ်ယာဉ်မှူးကို ရှာဖွေဆဲ
B4 ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်က တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ကို ယနေ့ နံနက်တွင် ပြန်လည်တွေ့ရှိကာ ၎င်းကို ရ၀မ်လူမျိုးများက ခေါ်ဆောင်လာကြောင်း ထူးဖောင်ဒေးရှင်းမှ ပြန်ကြားရေးမှူး တာဝန်ခံ ကိုဘိုထွန်းက ပြောသည်။
ကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်သူ Lord Puttnan ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံလာမည်

ကမ္ဘာ ကျော်ရုပ်ရှင်ဇာတ်ကားများကို ထုတ် လုပ်ခဲ့သူ Lord Puttnan သည် ဗြိတိသျှ ဝန်ကြီးချုပ်၏ Trade Envoy အဖြစ် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ ကာလတန်ဖိုး သတ်မှတ်ချက် နှစ်ဆကျော်မြင့်တက်

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ နေအိမ်အဆောက်အုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - လွင်မောင်မောင်၊ မဇ္ဈိမ)
ရန်ကုန်အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချခြင်းများမှ အခွန်ကောက်ခံစိစစ်ရန် အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ရန်ကုန်အိမ်ခြံမြေ ကာလ တန်ဖိုး ဈေးနှုန်းအသစ်များသည် ပြီးခဲ့သည့်နှစ်နှုန်းထားများထက် ၃၀ ရာခိုင်နှုန်းမှ နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။
ရန်ကုန်အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချခြင်းများမှ အခွန်ကောက်ခံစိစစ်ရန် အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ရန်ကုန်အိမ်ခြံမြေ ကာလ တန်ဖိုး ဈေးနှုန်းအသစ်များသည် ပြီးခဲ့သည့်နှစ်နှုန်းထားများထက် ၃၀ ရာခိုင်နှုန်းမှ နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။
ရော်နယ်လ်ဒိုကို ရီးယဲလ်တွင် ဆက်ရှိနေစေလိုကြောင်း ဘေးလ်ဖွင့်ဟ

ရီးယဲလ်မက်ဒရစ် အသင်းမှ ခရစ္စတီယာနို ထွက်ခွာသွားသည်ကို မလိုလားကြောင်း ဂါရတ်သ်ဘေးလ်က ထုတ်ဖော် ပြောကြားခဲ့သည်။
သိပ္ပံပညာ နိုဘယ်လ်ဆု ဂျပန်ပညာရှင် ၃ ဦး ရရှိ

အီစာမူ အကာစာကီ ၊ ဟီရိုရှီ အေမာနိုနဲ့ ရှုဂျီ နာကာမူရာ (၀ဲမှယာ)
၁၉၉၀ ပြည့်နှစ်တွေက လျှပ်စစ်မီးအား သက်သာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိတဲ့ အယ်လ်အီးဒီ မီးသီးတွေကို တီထွင်ခဲ့ကြတဲ့ ဂျပန်သိပ္ဗံပညာရှင် ၃ ဦးဟာ အခုနှစ်အတွက် သိပ္ပိပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုရခဲ့ကြပါတယ်။
စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦးကို ပြည်ထောင်စုအဆင့်အဖွဲ့ဖွဲ့၍ သွားရောက်စစ်ဆေးမည်

ဘန်ကောက်မြို့ရဲဌာနချုပ်တွင် အမှုနှင့်ပတ်သက်၍ မီဒီယာများအား ရှင်းလင်းနေ သည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ NICOLAS ASFOURI/AFP
ဗြိတိန်စုံတွဲအသတ်ခံရမှု ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာ လုပ်သားနှစ်ဦးကို စစ်ဆေးမေး မြန်းရန် ပြည်ထောင်စုအဆင့်အဖွဲ့ တစ်ခုဖွဲ့စည်းပြီး ထပ်မံ သွားရောက်စစ်ဆေးရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
မိဘကို အဆင်မပြေ ဖြစ်နေသူ သားသမီးများ ထံသို့ အမှာစာ

ရိုးရာလေးစာဖတ်သူများမှာ မိဘနဲ့ အဆင်မပြေသူ၊ ခဏခဏ စကားများနေရသူများ ရှိပါလိမ့်မယ်။ မိဘလို့ ဆိုတဲ့ နေရာမှာ အဖေကော၊ အမေကော ပါပါလိမ့်မယ်။ အဲ့ဒီလို ဖြစ်လာခဲရင် -
သီတင်းကျွတ်ပြီ
သီတင်းကျွတ်ပြီဆိုတိုင်း ကျွန်တော့်ရင်တွင် ဆွတ်ဆွတ်ကျင်ကျင် နာကျင်ရလေ့ရှိသည်။ မီးထွန်းပွဲ တော်နှင့်အတူ လူတိုင်း၏မျက်နှာပေါ်တွင် ထွန်းညှိ ထားသောအပျော်များက ဝင်းပထိန်ညီးနေသော်လည်း ကျွန်တော့်မှာတော့ ကြေကွဲမှုများသာထစ်ချုန်းနေတတ် သည်။
ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့အနီးရှိ မြို့သုံးမြို့ကို ISIS စစ်သွေးကြွများ သိမ်းပိုက်
ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ဆီးရီးယား မြောက်ပိုင်းရှိ အဓိက ကျသည့် ကာ့ဒ်မြို့ကြီး တစ်မြို့ ဖြစ်သော ကိုဘာနီမြို့ အနီးရှိ မြို့သုံးမြို့ ကို သိမ်းပိုက် လိုက်ပြီ ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက အောက်တိုဘာ ၆ ရက်တွင် ပြော ကြား လိုက်သည်။
မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး ပြည်တွင်းရေ လုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန ပြုလုပ်မည်

မြန်မာနိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့ ပူးပေါင်း၍ မြန်မာ နိုင်ငံအတွင်းရှိ ရေလုပ်ငန်း ကဏ္ဍနှင့် စပ်လျဉ်း၍ သုတေသန လုပ်ငန်းများ လုပ် ကိုင် ဆောင် ရွက် သွားမည် ဖြစ် ကြောင်း Korea Maritime Institute (KMI) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုင်း လူသတ်မှုစစ်တဲ့ကိစ္စ ရဲချုပ် ကာကွယ်ပြောဆို

ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲ တပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင်အထက်ပြုပြီး အဓမ္မ၀န်ခံခိုင်း ခဲ့တာမျိုး မရှိခဲ့ကြောင်း ထိုင်းရဲချုပ်က မနေ့ကခုခံကာကွယ် ပြောဆို ခဲ့ပါတယ်။
မြန်မာနှစ်ဦးကို နှိပ်စက်တာ မလုပ်ရဘူးလို့ ထိုင်းဆို

ထိုင်းနိုင်ငံပိုင် ကော့တောင်ကျွန်း (Credit: ABC licensed)
ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်ကြောင်း ဖျောက်ချက်ပေးဖို့ မြန်မာနိုင်ငံ သား နှစ်ဦးကို ထိုင်းရဲက နှိပ်စက်ပြီး အတင်းဝန်ခံမှု ပြုခိုင်း တယ်ဆိုတဲ့ ပြောဆို မှုကို ထိုင်းရဲချုပ်က အကြောက်အကန် ငြင်းဆိုလိုက်ပါတယ်။
ရန်ကုန်အိမ်ခြံမြေ အခွန်တိုးကောက်ဖို့ ပြင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက် ဈေးနှုန်းတွေရဲ့ တန်ဖိုးကို အရင်ထက် တိုးပြီး သတ်မှတ်ဖို့ ရန်ကုန်တိုင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်ရေး အဖွဲ့က ပြင်ဆင်နေ ပါတယ်။
ရေကူးချန်ပီယံ မိုက်ကယ်ဖဲ့လ် အရက်သောက်ပြီး ကားမောင်းခြင်းကြောင့် ပြိုင်ပွဲဝင်ခွင့် ခြောက်လပိတ်ခံရ

အမေရိကန်မှ ကမ္ဘာ့အိုလံပစ်နှင့် ကမ္ဘာ့စံချိန်ရှင် ရေကူးသမား မိုက်ကယ်ဖဲ့လ်သည် အရက်သောက်ပြီး ကားမောင်းမှု ကြောင့် ခြောက်လ ခန့် ရေကူးအား ကစားနှင့် သက်ဆိုင်သည့် မည် သည့်ယှဉ်ပြိုင်မှုမှ မပြုလုပ်ရန် ပိတ် ပင် တားမြစ်ခံလိုက်ရကြောင်း သိရသည် ။
သင်္ဘောသစ်သုံးစီးဖြင့် ပန်းဆိုးတန်း-ဒလ ခရီးစဉ် နိုဝင်ဘာတွင် ပြေးဆွဲမည်

လက်ရှိပြေးဆွဲနေသော ပန်းဆိုးတန်း−ဒလ သင်္ဘောတစ်စီး (ဓာတ်ပုံ − နစ်ကီ)
ဂျပန်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)က လှူဒါန်းထားသည့် သင်္ဘောသစ် သုံးစီးကို ပန်းဆိုး တန်း-ဒလ ခရီးစဉ် အတွက် နိုဝင် ဘာလတွင်ပြေးဆွဲသွားမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးမှ သတင်းရရှိသည်။
သားအိမ် အစားထိုး ကုသမှု ခံယူ ခဲ့သည့် အမျိုး သမီး နှစ်ဦး လာမည့် လတွင် ကလေး မွေးဖွားမည်
ဆွီဒင်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအရ မိခင်နှစ်ဦးထံမှ သားအိမ်များဖြင့် အစားထိုးခွဲစိတ်ကုသမှု ခံယူထားသည့် အမျိုးသမီး နှစ်ဦးသည် လာမည့် လ တွင် ၎င်း တို့၏ရင်သွေးများကို မွေးဖွားတော့မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ အစိုးရကြား သောကြာနေ့ ဆွေးနွေးမည်

ဟောင်ကောင်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ဖို့ တောင်းဆိုထား ချက်တွေကို အခုသီတင်းပတ် ကုန်ပိုင်းမှာ တရားဝင် ဆွေးနွေး ညှိနှိုင်း ဖို့ သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း ဟောင်ကောင်အစိုးရနဲ့ ဆန္ဒပြကျောင်းသားတွေ က ပြောဆိုပါတယ်။
အစ္စလာမ်မစ်အစွန်းရောက်လက်ထဲ Kobani မြို့ ကျမည့်အန္တရာယ်တိုး

IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ တဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်က Kobani မြို့အနီး ပြုလုပ် ခဲ့တဲ့ လေကြောင်း တိုက်ခိုက် မှုဟာ အကျိုးရှိတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု က ပြောဆိုလိုက်ပါတယ်။
ဓာတ်ပုံ ခိုးယူပြီး အွန်လိုင်းပေါ်တင်မှု လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုဖြစ်ဟု ဂျနီဖာပြော

သူရဲ့ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖောက်ထွင်းခိုးယူပြီး အွန်လိုင်းပေါ် အမှုဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု မြောက်တယ်လို့ အော်စကာ ဆုရှင် ဂျနီဖာ လော့ရင့်က ပြောပါတယ်။
Subscribe to:
Posts (Atom)
