ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် အဓိက ကျသည့် ပုဒ်မ-၄၃၆ ကို တပ်မ တော်က မပြင်ဆင်လိုဟု သဘော ဆန္ဒပေးထားကြောင်း အောက် တိုဘာ ၂၂ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အစီရင်ခံစာအရ သိ ရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၃၆(က)နှင့်(ခ) ကို တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ်များက မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော် ပြပေးရန်နှင့် ပြည်ထောင်စုလွှတ် တော်၌ ဆွေးနွေးရန် အကြံပြု ထားကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီက အစီ ရင်ခံစာ၌ ထည့်သွင်းထားသည်။










