Saturday, January 10, 2015

ကြည့်မြင်တိုင်မြို့နယ်၊ လေဟာပြင်ညဈေးရှိ ဆိုင်ခန်းအတွင်း ဆေးလိပ်မီး မငြှိမ်းဘဲ ပေါ့ဆစွာ ထားခဲ့ရာမှ မီးလောင်မှုဖြစ်

Photo: ကြည့်မြင်တိုင်မြို့နယ်၊ လေဟာပြင်ညဈေးရှိ ဆိုင်ခန်းအတွင်း ဆေးလိပ်မီး မငြှိမ်းဘဲ ပေါ့ဆစွာ ထားခဲ့ရာမှ မီးလောင်မှုဖြစ်
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

၁၀.၁.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်/ အရှေ့ရပ်ကွက်၊ ရွှေလှိုင်လမ်း၊ လေဟာပြင်ညဈေးရှိ (ဈ)ရုံတွင် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ဈေးရုံရှိ ဆိုင်ခန်းအမှတ် (၂၀၃) ဓါတ်ဗူးဆိုင်၌ ဆိုင်ရှင်ဖြစ်သူ ဦးမွန်မြှားမှ ၉.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် ဆေးလိပ်သောက်ခဲ့ပြီး ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ဆိုင်ကြမ်းပြင်တွင်ထားခဲ့ရာမှ မီးစွဲကာ ၎င်း၏ ဈေးဆိုင်အပါအ၀င် ဘေးဝဲ/ယာနှင့် ကျောချင်းကပ်ဆိုင်ခန်း စုစုပေါင်း (၇)ခန်းအား ကူးစက်လောင်းကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၆၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။

ယင်းသို့ ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ပေါ့ဆစွာထားခဲ့၍ မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် ဦးမွန်မြှား၊ (၇၅)နှစ်အား ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
၁၀.၁.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်/ အရှေ့ရပ်ကွက်၊ ရွှေ လှိုင်လမ်း၊ လေဟာပြင်ညဈေးရှိ (ဈ)ရုံတွင် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

ယင်းလပ်ရှင်နာဝပ်အပေါ် စွဲချက်တင်ထားသည့် အမှုများကို ထိုင်းအမျိုးသား ညီလာခံ စတင်စစ်ဆေး

Photo: ယင်းလပ်ရှင်နာဝပ်အပေါ် စွဲချက်တင်ထားသည့် အမှုများကို ထိုင်းအမျိုးသား ညီလာခံ စတင်စစ်ဆေး
Saturday, January 10, 2015 

အာဏာအလွဲသုံးစားပြုမှုဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ကို စွဲချက်တင်ထားသော ပြစ်မှု အား သောကြာနေ့ တွင် ကျင်းပသည့် ထိုင်းအမျိုးသားညီလာခံ၌ စတင်ကြားနာစစ်ဆေးရာ ၎င်းကိုယ် တိုင် ကြားနာမှုသို့ လာရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေး သားဖော်ပြသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ် သည် ဝန်ကြီးချုပ်ရာထူး ရယူထားစဉ် အငြင်းပွားဖွယ် ဆန်စပါးစရိတ် ကျခံပေးရေး အစီအစဉ်နှင့် ပတ်သက်၍ အလွဲသုံးစား ပြုခဲ့သည်ဟူသော စွဲချက်များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျသော အဆိုပါ ဆန်စပါးစရိတ် စိုက်ထုတ်ပေးရေး အစီအစဉ်နှင့် ပတ်သက်သော စွဲချက်များတွင် အပြစ်ရှိကြောင်း ထင်ရှားမည် ဆိုပါက မစ္စယင်းလပ်ရှင်နာဝပ် အနေနှင့် နိုင်ငံရေးလှုပ်ရှားမှုများမှ ငါးနှစ်တိတိ ပိတ်ပင်တားမြစ်ခြင်း ခံရမည်ဖြစ်သည်။

ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများကမူ အဆိုပါ စွဲချက်များသည် ၎င်းအားရာထူးမှ ဖြုတ်ချရန် အကွက်ဆင်မှု တစ်ရပ်သာ ဖြစ်သည် ဟု ဝေဖန်ကြသည်။

မစ္စယင်းလပ်ရှင်နာဝပ်၏ အမှုကို ကြားနာစစ်ဆေးနေသည့် အချိန်ကာလအတွင်း ၎င်းကို ထောက်ခံသူများ လမ်းမပေါ်ထွက်ကာ ဆန္ဒပြကြမည်ကိုလည်း လက်ရှိ ထိုင်းအစိုးရက စိုးရိမ်လျက်ရှိသည်။

ထိုင်းစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝမ်စူဝမ်က ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများ အနေနှင့် လမ်းမပေါ်ထွက်ကာ ဆန္ဒမပြကြဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းသည်။

“တကယ်လို့ မစ္စယင်းလပ်ကို ခင်ဗျားတို့အနေနဲ့ အားပေးချင်တယ် ဆိုရင် အိမ်မှာနေပြီး လုပ်လို့ရတယ်၊ ဒါမှမဟုတ် တယ်လီဖုန်းကနေ ဆက်ပြောလို့ ရပါတယ်” ဟု ၎င်း၏ ပြောကြားချက်ကို Reuters သတင်းဌာန ကိုးကားဖော်ပြသည်။

ဘန်ကောက်မြို့တော် အခြေစိုက် BBC သတင်းထောက် ဂျိုနက်သန်ဟိဒ်၏ အဆိုအရ ယခုအမှုသည် ထိုင်းစစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်း နိုင်ငံရေးအရ အကဲဆတ်သော ပထမဆုံး ဖြစ်ရပ်ပင် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်အတွင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသူ မစ္စယင်းလပ်ရှင်နာဝပ်သည် ထိုင်းနိုင်ငံ ကျေးလက်ဒေသများတွင် လွန်စွာ နာမည်ကျော်ကြားကာ ထောက်ခံမှု အပြည့်အဝ ရရှိထားသော နိုင်ငံရေးသမားတစ်ဦး ဖြစ်သော်လည်း ဘန်ကောက်ကဲ့သို့ မြို့ကြီးများရှိ လူလတ်တန်းစားများနှင့် အီလစ်အလွှာများက ၎င်းကို မနှစ်မြို့ကြပေ။

ဘန်ကောက် အီလစ်အလွှာများက ယင်းလပ်ရှင်နာဝပ်သည် အဂတိလိုက်စားသလို အာဏာ အလွဲသုံးစားမှုများလည်း ကျူးလွန်ခဲ့သူ ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။

ယခု မစ္စယင်းလပ်၏ အမှုကို ကြားနာစစ်ဆေးသည့် အမျိုးသားဥပဒေပြုရေး ညီလာခံကို ထိုင်းစစ်တပ်က ရွေးချယ်ခန့်ထားသော ခေါင်းဆောင်များ ဦးဆောင်ပြီး အမှုအတွက် အမိန့်ချမှတ်မှုကို ဇန်နဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု ဆိုသည်။

The Voice Weekly
အာဏာအလွဲသုံးစားပြုမှုဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ကို စွဲချက်တင်ထားသော ပြစ်မှု အား သောကြာနေ့ တွင် ကျင်းပသည့် ထိုင်းအမျိုးသားညီလာခံ၌ စတင်ကြားနာစစ်ဆေးရာ ၎င်းကိုယ် တိုင် ကြားနာမှုသို့ လာရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေး သားဖော်ပြသည်။

ကချင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အလွန်နည်းပါးနေ

Photo: ကချင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အလွန်နည်းပါးနေ
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA နဲ့အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ် ရာနယ်မြေက စစ်ပြေး ဒုက္ခသည်တွေ အတွက် စားနပ် ရိက္ခာအတော့်ကို နည်းနေပြီး၊ ဒေသခံ လူမှုရေး အဖွဲ့တွေ အနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေ အနေမှာ ဖြစ်နေတယ်လို့  သိရပါတယ်။

ဒါ့အပြင်အခုရက်ပိုင်းမှာ ဒုက္ခသည်တွေဟာ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ခံနေရသလို၊ သူတို့အတွက် အရေးပေါ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေလည်းမရှိ သလောက် နည်းနေတယ်လို့  စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ WPN ခေါ် ဝမ်ပေါင်နိန်းတွဲ အဖွဲ့ခေါင်းဆောင် ဒေါ်မေရီတွမ်က RFA ကိုပြော ပါတယ်။

"ကျမတို့ ဒီကူညီတဲ့ ၉ ဖွဲ့ထဲမှာဆိုရင်လည်း အခုချိန် ထိဆိုရင် အခြေခံအစားအသောက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တောင်ကျမတို့မှာ ဖေဖော်ဝါရီလ အထိပဲ ရှိတယ်ပေါ့နော်၊ ဟိုဘက်ဆိုရင် ကျမတို့ ရေရှည်အဲ့လိုမျိုးမရှိဘူးပေါ့နော်၊ အားလုံးကအချိန်တို အတွက်ပဲ ရှိတဲ့အခါကျတော့ ကျမတို့ ကူညီနေတဲ့သူတွေတော့ တော်တော်စိတ်ပင်ပန်းတာမျိုးရှိတယ် ၊ နောက်အရေးပေါ်ဖြစ်လာဖြစ်လာရင် ကျမတို့ ကူညီဖို့လည်းခက်တယ်၊ နောက်တစ်ချက်က ကျန်းမာရေးနဲ့ပတ်သက်ပြီးမှလည်း ရန်ပုံငွေကအနည်းဆုံးပဲ၊ အဲ့ဒါလည်း အရမ်းအရေးကြီးနေပါတယ်"

လက်နက်ကိုင်တိုင်းရင်းသားတွေ ထိန်းချုပ်ရာဒေသက စစ်ပြေးဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂ နဲ့နိုင်ငံတကာကူညီရေးအဖွဲ့တွေကို အစိုးရကသွားခွင့်မပြုတာ ကြာပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့လည်း ကူညီခွင့်မရဘူးလို့လည်း ကုလသမဂ္ဂက မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းမှာတော့ အရပ်သားပြည်သူတွေဖွဲ့ထားတဲ့ လူမှုကူညီရေးအဖွဲ့ ၉ ဖွဲ့လောက်က ပြည်တွင်း အလှူရှင်တွေနဲ့ ဆက်သွယ်ပြီး ကူညီနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေအတွက် လုံလောက်အောင်နဲ့ ရေရှည်ကူညီနိုင်ဖို့ အတွက် အခက်အခဲတော်တော်များများ ရှိနေတယ်လို့သိရပါတယ်။

RFA Burmese
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA နဲ့အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်း ချုပ် ရာနယ်မြေက စစ်ပြေး ဒုက္ခသည်တွေ အတွက် စားနပ် ရိက္ခာအတော့်ကို နည်းနေပြီး၊ ဒေသခံ လူမှုရေး အဖွဲ့တွေ အနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေ အနေမှာ ဖြစ်နေတယ်လို့  သိရပါတယ်။

Hacker များက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အတွက် အကြမ်းဖက် သမားများကို စစ်ကြေငြာ


ပြင်သစ် သရော်စာ မဂ္ဂဇင်း Charlies Herdo ကို အကြမ်းဖက် တိုက်ခိုက်မှုဟာ လူသားတိုင်းရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိပါးလာခြင်း အပေါ် ဟက်ကာတွေက အစ္စလာမစ် အစွန်းရောက် အကြမ်းဖက် သမားများကို သောကြာနေ့က စစ်ကြေငြာ လိုက်ပါတယ်။

ပြည်မြို့တွင် တောင်ပြိုကျမှုကြောင့် ၁ ဦး သေဆုံး

Photo: ပြည်မြို့တွင် တောင်ပြိုကျမှုကြောင့် ၁ ဦး သေဆုံး
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

သတင်းဓာတ်ပုံ – မင်းညို
ပဲခူးတိုင်း၊ ပြည်မြို့က မြေကြီး သယ်ယူ နေမှုတွေ ပြုလုပ်တဲ့ နေရာမှာ တောင်ပြိုပြီး မြေပိမိတဲ့ အတွက် စက်မောင်း သမားတဦး သေဆုံးခဲ့ပါတယ်။

ဇန်န၀ါရီ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်က၊ ပြည်မြို့ စင်္ကြန်တောင် တောရဖုန်းတော်ကြီး စာသင်ကျောင်းဘေးက တောင်ကို ဖြိုရင်း ရုတ်တရက် တောင်ပြို ကျခဲ့တာပါ။

တောင်ပြိုကျမှုကြောင့် မြေဖြိုနေတဲ့ စက်မောင်းသမား ကိုဆန်းနိုင်ဦးအပါအဝင် မြေသယ်ယူမယ့် ထော်လာဂျီစက်တစီးလည်း မြေကြီးပိမိခဲ့တယ်လို့ ရတနာမာန်အောင်ရပ်ကွက် ရာအိမ်မှူး ဦးဖိုးထူးက ပြောပါတယ်။

ကိုဆန်းနိုင်ဦးဟာ အသက် ၄၂ နှစ်အရွယ်ရှိပြီး စည်တော်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

မြေတူးနေတုန်း ရုတ်တရက် မြေပိပြီး တောင်အောက်မှာ ပျောက်သွားလို့ ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေ ဒေသခံ ပရဟိတ အဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရောက်လာပြီး မြေကြီးတွေကို ဝိုင်းဝန်းဖယ်ရှားခဲ့ကြပါတယ်။

၁ နာရီကျော်လောက်အကြာမှာ မြေအောက်ပိနေတဲ့ ကိုဆန်းနိုင်ဦးကို အသက်ရှင်ကယ်ထုပ်နိုင်ခဲ့ပေမယ့် ပြည်ဆေးရုံကြီးကို ပိုဆောင်စဉ် လမ်းခရီးမှာ သေဆုံးသွားပါတယ်။

ဒီဗွီဘီ
သတင်းဓာတ်ပုံ – မင်းညို
ပဲခူးတိုင်း၊ ပြည်မြို့က မြေကြီး သယ်ယူ နေမှုတွေ ပြုလုပ်တဲ့ နေရာမှာ တောင်ပြိုပြီး မြေပိမိတဲ့ အတွက် စက်မောင်း သမားတဦး သေဆုံးခဲ့ပါတယ်။

Friday, January 9, 2015

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့်သတင်း မဟုတ်ဟု NLD ငြင်းဆို

Photo: ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့်သတင်း မဟုတ်ဟု NLD ငြင်းဆို

ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၅

လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ခြင်း မရှိပါက ဥပဒေပြုလွှတ်တော် တစ်ရပ်ရပ်တွင် ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိကြောင်း NLD ပါတီ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သော The Trade Times ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားမှုအပေါ် ၎င်းတို့က ယင်းသို့ ငြင်းဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချပါဘူး၊ ဒီလို သတင်းမှားတွေက ခဏခဏ ဖြစ်တတ်တာပဲလေ” ဟု NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။
ထို့အပြင် NLD ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချက် ချမှတ်နေခြင်းသည် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ အပေါ်တွင်သာ မူတည်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုက်သော လွှတ်တော်တစ်ရပ်ရပ်၏ ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း The Trade Times တွင် ဖော်ပြထားသည်။

NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “ကျွန်တော်ကတော့ ဥက္ကဋ္ဌ ဒီလိုဆုံးဖြတ်ချက် ချမယ်လို့ မယုံဘူး၊ အဲဒါသတင်းမှား တစ်ခုပါ” ဟု ဆိုသည်။

“ဖွဲ့စည်းပုံ ပြင်ဆင်ဖို့အချိန်က မလုံလောက်တော့ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်ခွင့်ရရင်လည်း ဝမ်းသာကျေနပ်မှာပါ” ဟု NLD ပါတီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင်က ပြောကြားကြောင်း The Trade Times က ဖော်ပြထားသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ဥက္ကဋ္ဌ နေရာ ထမ်းဆောင်မည့် ကိစ္စကို ပြောကြားခဲ့ခြင်း မရှိကြောင်း စာရေးဆရာ မုံရွာအောင်ရှင်က ငြင်းဆိုသည်။

“ကျွန်တော် အဲဒီလို လုံးဝမပြောခဲ့ပါဘူး၊ အားလုံးအသိပဲလေ ဒီအချိန်ဟာ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အားလုံးက ကြိုးစားပမ်းစား လုပ်နေကြတာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတ ဖြစ်နိုင်ဖို့ အတွက်ကို ကြိုးစားနေကြတာပါလို့ ပြောခဲ့တာ၊ နိုင်ငံခြားသားတစ်ယောက် ဆိုတော့ မြန်မာလို နားလည်မှု အားနည်းပြီး ရောထွေးသွားတာ ဖြစ်မယ်။ သေချာတာတော့ ကျွန်တော်ဟာ ပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူး၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ကြိုးစားမည်ဟု ဖော်ပြချက်တွင် သတင်းမီဒီယာ ကျင့်ဝတ်အရ မှန်ကန်ကြောင်း The Trade Times မီဒီယာ အယ်ဒီတာချုပ် ဦးခင်မောင်အေးက ပြောကြားသည်။
“ဦးအောင်ရှင်က ပြောတာ သေချာပါတယ်၊ နိုင်ငံခြားသား တစ်ယောက်တည်း မဟုတ်ပါဘူး၊ မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးပါ ပါပါတယ်၊ သေသေချာချာ အချက်အလက်ရရှိလို့ ရေးသားထားတာပါ၊ တစ်ဖက်က သဘောထား ဘယ်လိုရှိသလဲ ဆိုတာတော့ မသိပါဘူး” ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ ဖြစ်ခွင့်ကို တားမြစ်ထားသည်ဟု ဆိုသော ပုဒ်မ ၅၉ (စ) ပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ခြင်း မရှိပါက NLD ပါတီက လွှတ်တော်မဲဆန္ဒနယ် အများစုတွင် အနိုင်ရရှိသော်လည်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို တင်မြှောက်နိုင်မည် မဟုတ်ပေ။

ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်နိုင်ခြင်း မရှိပါက ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံသွားမည် ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ၂၀၁၄ နှစ်ကုန်ပိုင်းတွင် နိုင်ငံခြား သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါ ပြောဆိုချက်သည် နားလည်မှု မှားယွင်းခြင်းကြောင့် မှားယွင်းဖော်ပြထားခြင်း ဖြစ်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင်များက ငြင်းဆိုခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် ပြင်ဆင်အတည်ပြုနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

The Voice Weekly
လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်း ပြင်ဆင်နိုင်ခြင်း မရှိပါက ဥပဒေပြုလွှတ်တော် တစ်ရပ်ရပ်တွင် ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ် ရှိကြောင်း NLD ပါတီ ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးကို ကိုးကားပြီး ပြည်တွင်းမီဒီယာတစ်ခု ဖြစ်သော The Trade Times ၏ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြထားမှုအပေါ် ၎င်းတို့က ယင်းသို့ ငြင်းဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မချပါဘူး၊ ဒီလို သတင်းမှားတွေက ခဏခဏ ဖြစ်တတ်တာပဲလေ” ဟု NLD ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဆိုသည်။

ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို သမ္မတဖိတ်ကြား


ဒီလ ၁၂ ရက်နေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စတွေ ကို နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေး ဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို သမ္မတရုံးက ဒီနေ့ ဖိတ်ကြားလိုက်ပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဖိတ်ကြားခံရပြီး၊ ကိုယ်တိုင် တက်ရောက်မယ်လို့ RFA ကို အတည်ပြုပြောပါတယ်။

ဆွေးနွေးပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အစိုးရက ဘယ်လိုအကောင်အထည်ဖော် မလဲဆိုတာတွေ မေးမြန်းဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

လက်ပံတောင်းတောင်သူ သေဆုံးမှု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တစ်ကိုယ်တော်ဆန္ဒပြ

လက်ပံတောင်းတောင် ဒေသခံ တောင်သူအမျိုးသမီးတစ် ဦးသေဆုံးခဲ့မှုအတွက် အဓိကတာ ၀န်ရှိသည့် စစ်ကိုင်းတိုင်းဒေသ ကြီး ၀န်ကြီးချုပ် ရာထူးမှနုတ် ထွက်ပေးရန် စစ်ကိုင်းမြို့တွင် တစ် ကိုယ်တော် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးသည် တိုင်း ဒေသကြီးအတွင်း နေထိုင်သည့် ဒေသခံ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို အကာကွယ် မပေးနိုင်ဘဲ လက်ပံတောင်းတောင် ပဋိပက္ခကြောင့် တောင်သူအမျိုး သမီး သေဆုံးခဲ့ရမှုဖြစ်စဉ်တွင် လည်း အဓိကတာဝန်ရှိသူဖြစ် သည်ဟု တစ်ကိုယ်တော်ဆန္ဒထုတ် ဖော်ခဲ့သည့် စစ်ကိုင်းမြို့ဒေသခံ ဦးသန်းထိုက်ဦး က ပြောသည်။

တရုတ်နိုင်ငံမှ ဆောင်းမုတ်သုံလေများကြောင့် ဇန်န၀ါရီ ၁၀ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်

တရုတ်နိုင်ငံဘက်မှ ၀င် ရောက်လာသော ဆောင်းမုတ်သုံ လေများကြောင့် မြန်မာနိုင်ငံဒေသ အနှံ့တွင် ဇန်န၀ါရီ ၁၀ ရက်ခန့် အထိ အချိန်အခါမဟုတ် နေရာကွက်၍ မိုးများရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြော ကြားသည်။
အချိန်အခါမဟုတ်မိုးရွာ မည့် အဓိကဒေသများမှ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
‘‘အခုလတ်တလောက အင် ဒိုချိုင်းနားတစ်ခုလုံးဖြစ်နေတာ ပါ။ ရေငွေ့ပါတဲ့ လေတွေ တိုက် လာတော့လေ။ ဇန်န၀ါရီ ၁၀ ရက်လောက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်ပါတယ်။ မရွာတဲ့ ဒေသ တွေမှာဆိုရင်လည်း မိုးအုံ့နေတာ မျိုးတွေဖြစ်မယ်။ ဒါတွေက စိုက် ပျိုးရေးကဏ္ဍမှာ သက်ရောက်မှုရှိ လို့ သတိထားဖို့လိုတယ်’’ဟု ဒေါက်တာထွန်းလွင်ကသတိပေး သည်။

အရက်ဖိုးတောင်းရာ မပေးသည့် ဖခင်ဖြစ်သူအား သံပိုက်ဖြင့်ရိုက်၍ သေဆုံး


၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁ဝ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မင်းလှ မြို့နယ်၊ ငနောင်မုန်း ရေနံမှော်တွင် လူတစ်ဦးသေဆုံး နေကြောင်း သတင်းအရ ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ငနောင်မုန်းရေနံမှော်တွင် ရေနံခပ် လုပ်ငန်းလုပ်ကိုင်သူ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ညောင်စောက်ရွာနေ ဦးကျော်စိန်(၆၇)နှစ်တွင် နဖူးချိုင့်ဝင်ဒဏ်ရာ၊ ရင်ဘတ်အား သွားဖြင့်ကိုက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရသည်။

စည်းစိမ်ပေါင်ပြီး ရုပ်ရှင်တစ်ကားပြီးအောင်ရိုက်ခဲ့တဲ့ ဗင်ဒီဇယ်


ဗင်ဒီဇယ် ကို Fast and Furious ကားမောင်း အက်ရှင် ရုပ်ရှင် ကြည့်ဖူးသူများ သိမှာပါ။ သူ့မှာ အခြားသော အောင်မြင်တဲ့ ဇာတ်ကားပေါင်း များစွာ ရှိနေသေးပြီး ယင်းထဲမှာ Riddick လည်း ပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ်က ရုံတင်ပြသတဲ့ Riddick ကို ရိုက်ဖို့အတွက် ပရိုဂျူဆာနဲ့ ဒါရိုက်တာတို့မှာ ငွေ အလုံအလောက် မရှိပါဘူး။
ဒါနဲ့ ဗင်ဒီဇယ်ဟာ သူ့ရဲ့ အိမ်ကိုပါ အပေါင်အဖြစ် ထားပြီး ရတဲ့ ငွေကို ရုပ်ရှင် ဇာတ်ကားအတွက် ထုတ်ပေးခဲ့ပါတ်။ နောက်တော့ ဇာတ်ကားဟာ အောင်မြင်သွားပြီး ငွေလည်း များစွာ ပြန်လည်ရရှိခဲ့ပါတယ်။ အင်တာဗျူး တစ်ခုမှာ ဖြေတော့ သူ့အနေနဲ့ အဲ့ဒီ ဇာတ်ကားသာ ပြီးအောင် မရိုက်နိုင်ခဲ့ရင် သူဟာ အိမ်ခြေမဲ့ တစ်ဦး ဖြစ်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်။

တိုက်ကြီးတွင် လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင် မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ မီးသတ်လမ်း၊ အမှတ် ၁၁ ရှိ လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် ဇန်နဝါရီ ၈ရက် နေ့လည် ၁၂နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်းဖိုး ငွေကျပ် ၅၁သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကား၊ ပျဉ်ခင်း နှစ်ထပ်ရှိ လယ်ယာသုံးပစ္စည်း ရောင်းဝယ်ရေးဆိုင်၏ အပေါ်ထပ်တွင်ရှိသော မတ်တပ်ပန်ကာ ဖွင့်ထားရာမှ မော်တာဂျမ့်ဖြစ်တာ၍ အပူလွန်ကဲရာမှ ဘေးကာဗာအဖုံး အရည်ပျော်ကျပြီး ဝါးနှီးအထုံးများပေါ်သို့ ကျ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် ကော်မတီငြင်းဆို

Photo: လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် ကော်မတီငြင်းဆို

ဇန်န၀ါရီလ ၉ ရက်၊ ၂၀၁၅

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားရ တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာအကောင်အထည်ဖော်မှု မရှိတာကြောင့်ဆိုတဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာအကောင်အထည်ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ငြင်းဆိုလိုက်ပါတယ်။
အကောင်အထည်ဖော်မှု ကော်မတီအနေနဲ့ စုံစမ်းရေးကော်မတီရဲ့အစီရင်ခံစာပါ တိုက်တွန်းအကြံပြုချက်တွေ ထက်တောင်ကျော်လွန်ပြီး ဆောင်ရွက်ပေးနေ တယ်လို့ အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

"စုံစမ်းရေးကော်မရှင် ဥက္ကဌက ပြောတယ်ပေါ့၊ သို့သော်လည်း လိုက်နာမှုမရှိဘူးဆိုတဲ့အပိုင်းက ကျနော်တို့ဖက်က စုံစမ်းရေးကော်မရှင် အကြံပေးချက်တွေကို အပြည့်အဝဆောင်ရွက်ပေးနေတယ်၊ ဒီအစီရင်ခံစာမှာပါတဲ့ အချက်တွေအပြင်တောင်မှ ပိုပြီးတော့ဆောင်ရွက်ပေးနေတာတွေကို တင်ပြလိုတယ်၊ လျော်ကြေးတွေပေးလိုက်ဆိုပြီး ကျနော်တို့ပေးတယ်၊ သို့သော် ကျနော်တို့ရဲ့ စေတနာမေတ္တာကို နားလည်တဲ့လူထုက လာထုတ်တယ်၊ လျော်ကြေးမထုတ်တဲ့လူတွေကို ကျနော်တို့က ဖြောင်းဖျပြီး အိမ်တိုင်ယာရောက်လိုက်ပေးတယ်၊ အဲဒီ့ရွာတွေမှာကို လိုက်ပြီးတော့ပေးတယ်၊ အဲ့လိုပေးတဲ့ဟာကို လက်မခံတဲ့သူက မလိုက်နာတာလား၊ ကျနော်တို့က စုံစမ်းရေးကော်မရှင်မှာပါတဲ့အတိုင်း လျော်ကြေးပေးနေတာ နှစ်ကြိမ်၊ သုံးကြိမ်အထိပေးနေတာကို လျော်ကြေးမယူပါဘူးလို့ ပြောနေတဲ့သူတွေ၊ ကျနော်တို့ကတော့ ဒီစုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ်မှာ ဆောင်ရွက်ပါတယ်၊ အဲတော့ မလိုက်နာဘူးဆိုတာ မဟုတ်ပါဘူး
ဒါ့အပြင် ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်စေဖို့အတွက် ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ လည်း အတွင်းရေးမှူး ဦးတင်မြင့်က ဆိုပါတယ်။ ဒေသခံတောင်သူတွေကို သွေးထိုးလှုံ့ဆော်နေသူတွေနဲ့ ပြင်ပအဖွဲ့အစည်းတွေကို အမှုဖွင့်အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၂၆ ရွာကို ကြေးနီစီမံကိန်းဧရိယာအဖြစ် သတ်မှတ်ထားရာကနေ ၇ ရွာကို ထပ်တိုးဧရိယာအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က စီမံကိန်းတိုးချဲ့ဧရိယာတွေမှာ ၀မ်ပေါင် ကုမ္ပဏီဝန်ထမ်းတွေက ခြံစည်းရိုးဝင်ခတ်ရာ တားမြစ်ခဲ့တဲ့ ဒေသခံတွေတောင် သူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေပဋိပက္ခဖြစ်ပွားပြီး ဒေသခံတောင် သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

RFA Burmese
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားရ တာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာအကောင်အထည်ဖော်မှု မရှိတာကြောင့်ဆိုတဲ့ ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာအကောင်အထည်ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ငြင်းဆိုလိုက်ပါတယ်။
အကောင်အထည်ဖော်မှု ကော်မတီအနေနဲ့ စုံစမ်းရေးကော်မတီရဲ့အစီရင်ခံစာပါ တိုက်တွန်း အကြံပြုချက်တွေ ထက်တောင်ကျော်လွန်ပြီး ဆောင်ရွက်ပေးနေ တယ်လို့ အကောင်အထည် ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

အမျိုးသမီး တပ်ကြပ်ကြီးစာရေးများခေါ်ယူ

ရန်ကုန်- တပ်မတော်က ဒုတိယ အကြိမ် ခေါ်ယူလိုက်သည့် အမျိုး သမီးတပ်ကြပ်ကြီး စာရေးရာထူး အတွက် စတင်လျှောက်ထားနိုင် ပြီး ရွေးချယ်ခံရပါက သင်တန်း ကာလအတွင်း ပြင်ပမှ အဝေး သင်တက္ကသိုလ်စာမေးပွဲများကို အဆင်ပြေစွာ ဖြေဆိုနိုင်ရန် စီစဉ် ပေးမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ သတင်းရရှိ သည်။
အမျိုးသမီးတပ်ကြပ်ကြီး စာ ရေးရာထူးများကို တပ်မတော်က ၂၀၁၄ တွင် စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရွေးချယ်ခံရသူများအား အခြေခံစစ်ပညာရပ်များ၊ အခြေခံ ရုံးလုပ်ငန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘာသာရပ်တို့ကို တစ်နှစ်ခွဲကြာ သင်ကြားပေးခြင်းဖြစ်သည်။
အဆိုပါ သင်တန်းသို့ အသက် (၁၆)နှစ်ပြည့်ပြီးသော တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အိမ်ထောင်မရှိသူ အမျိုး သမီးများ လျှောက်ထားနိုင်ပြီး သင်တန်းကာလအတွင်း ပြင်ပအဝေးသင်တက္ကသိုလ်များထံမှ ဘွဲ့ရရှိသည်အထိ ဖြေဆိုနိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို စစ်တွေ လေဆိပ်တွင် ရဟန်းရှင်လူပြည်သူများ ဆန္ဒပြ

ရခိုင်ပြည်နယ်သို့ရောက် ရှိလာသော ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ်ရန်ဟီး လီကို စစ်တွေလေဆိပ်မှ မြို့တွင်း မဝင်ရောက်ရန် ရဟန်းသံဃာ တော်များ အပါအဝင် ဒေသခံ ပြည်သူများက ကန့်ကွက်ဆန္ဒပြ ဖော်ထုတ်ခဲ့ကြောင်းသတင်းရရှိ သည်။
ဇန်နဝါရီ ၈ ရက်ညနေ ၆ နာရီကျော်က ရန်ဟီးလီ စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ ရဟန်း သံဃာတော်များအပါအဝင် အင်အားငါးရာနီးပါးက ရန်ဟီးလီမြို့တွင်းသို့မဝင်ရောက်ရန် လေဆိပ်ရှေ့တွင် ဗီနိုင်းများ ကိုင်ဆောင်၍ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ရန်ဟီးလီသည် ဘင်္ဂါလီများဘက်မှ တစ်ဖက်သတ်အမြင်ဖြင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်မှမရှိကြောင်း ကြေညာထားသည့်ရိုဟင်ဂျာအမည်သုံးစွဲခြင်း၊ ရခိုင်တိုင်းရင်းသားများ ခံစားချက်ကို ဂရုမစိုက်ခြင်း တို့ကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်းလည်း စစ်တွေမြို့ခံများကပြောသည်။

ကင်မွန်းစခန်းအနီးတွင် နိုင်ငံခြားသူအား အဓမ္မပြုကျင့်သူကို ထောင်ဒဏ် ၄၃ နှစ်ချ


ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအနီးတွင် ပီရူးနိုင်ငံ သူအား အဓမ္မပြုကျင့်ခဲ့သော အမျိုးသားကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အဆိုပါအမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ အကြာ ဇန်န၀ါရီ ၈ ရက်တွင် သထုံခရိုင် တရားရုံးက အဆိုပါပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
‘‘တရားလို၊ တရားခံ၊ ထင် မြင်ချက်၊ ဆေးစစ်ချက်တွေခိုင်လုံ တဲ့အတွက် ဒီနေ့မှာပဲ သထုံခရိုင် တရားရုံးကနေ အမိန့်ချလိုက်ပါ ပြီ။ ထောင်ဒဏ် ၄၃ နှစ်ပါ’’ဟု မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦးက ပြောသည်။

Thursday, January 8, 2015

နောက်ဆုံးအချစ်ကို တွေ့ခဲ့သည့် ထူးအယ်လင်းက ချစ်သူသည် ကံဆိုးဟုဆို

Photo: နောက်ဆုံးအချစ်ကို တွေ့ခဲ့သည့် ထူးအယ်လင်းက ချစ်သူသည် ကံဆိုးဟုဆို 

ဇန်န၀ါရီလ ၈ ရက်၊ ၂၀၁၅

ရန်ကုန်၊(မဇ္ဈိမ)။   ။ ရင်ခုန်မှုဖြင့် အချစ်များ စွာရှိနေသည့် အဆိုတော် ထူးအယ်လင်းက အွန်လိုင်းပေါ်တွင် ပရိသတ်များ စိတ်ဝင် စားနေသည့် အချစ်ရေးနှင့် ပတ်သက်ပြီးဖြေ ကြားခဲ့ရာ၌ ၎င်းသည် နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဇန်န၀ါရီ ၇ ရက်က မဇ္ဈိမကို ပွင့်လင်းစွာပြောသည်။“ကျွန်တော် အခုနောက် ဆုံးအချစ်ကို ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ ကျွန်တော့်ကောင် မလေးက ဘုရားကျောင်းမှာ သူ့မိသားစုနဲ့ အတူနေ ပါတယ်။ အရမ်းအေးဆေး  ပြီးဘာသာတရား ကိုင်းရှိုင်းတဲ့ မိန်းကလေးပါ။ သူ့လိုမျိုး မိန်းကလေးက ကျွန်တော့်လို လူမျိုး နဲ့တွေ့တာ အရမ်းကံဆိုး တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် အတွက်  ကတော့နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခြင်းပါပဲ” ဟု ၎င်းက ဆိုသည်။

ထူးအယ်လင်း၏ လက်ရှိချစ်သူသည် ချင်းတိုင်းရင်းသူ နူးနူးမန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော် အချစ်စစ်ကိုရှာဖွေ မတွေ့ရှိသေးလို့ အချစ်ကိုတစ် ကနေပြန်ပြန်စနေ တာပါ။ အခုတော့ တစ်ကနေ ဂဏန်း ဆုံးအောင် ရေတွက်နိုင်တော့ မယ်ထင် ပါတယ်။ ကျွန်တော် တို့နှစ်ယောက် ချစ်သူတွေဖြစ်နေတာ တစ်နှစ်ကျော် ပါပြီ”ဟု ၎င်း ကပြောသည်။

ထူးအယ်လင်းသည် မီးမီးခဲနှင့် သမီးတစ်ဦး ထွန်းကားခဲ့ပြီးနောက်တွင် စိတ်သဘောထားချင်း မတိုက်ဆိုင် ခြင်းကြောင့် ကွာရှင်းခဲ့ကြပြီး အဆိုတော်မော်ဒယ် လ် အဖြစ်ရပ် တည်နေသည့် ကယားတိုင်း ရင်းသူ ကယ်ရို လိုင်းနှင့် ချစ်ကြိုက် ခဲ့ကြသည်။ ယင်းနောက်တွင် ၂၀၁၄ ခုနှစ် အတွင်း၌ အဆင် မပြေဖြစ် ခဲ့ကြ ပြီးနောက် လက်တွဲဖြုတ်ခဲ့ကာ ချင်းတိုင်းရင်းသူ နူးနူးမန်နှင့် ချစ်ကြိုက်ခဲ့သည်ဟု ထူးအယ်လင်းက ဆိုသည်။

ထူးအယ်လင်းသည် အိန်ဂျယ်တယော တစ်ကိုယ်တော်စီးရီးကို ၂၀၀၃ ခုနှစ်က ထုတ်ဝေဖြန့်ချိရာတွင် ပရိ သတ်အားပေးမှုရရှိပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ လအတွင်း၌  Myanmar Music Store မှ ၎င်း၏ညီ ကိုယ်တိုင်ရေးသားထားသည့် “မညာနဲ့” သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖြန့် ချိခဲ့သည်။

ယင်းအပြင် တေးရေး ဖိုးတုရေးသားသည့် “အချစ်လို့ခေါ်သလား” သီချင်းသည်လည်း အောင်မြင်ခဲ့ကာ ယနေ့အချိန်ထိ ပရိသတ်များ အားပေးဆဲဖြစ်သည်။

Mizzima
ရန်ကုန်၊(မဇ္ဈိမ)။ ။ ရင်ခုန်မှုဖြင့် အချစ်များ စွာရှိနေသည့် အဆိုတော် ထူးအယ်လင်းက အွန်လိုင်းပေါ်တွင် ပရိသတ်များ စိတ်ဝင် စားနေသည့် အချစ်ရေးနှင့် ပတ်သက်ပြီးဖြေ ကြားခဲ့ရာ၌ ၎င်းသည် နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဇန်န၀ါရီ ၇ ရက်က မဇ္ဈိမကို ပွင့်လင်းစွာပြောသည်။“ကျွန်တော် အခုနောက် ဆုံးအချစ်ကို ရှာဖွေတွေ့ ရှိခဲ့ပါပြီ။ ကျွန်တော့်ကောင် မလေးက ဘုရားကျောင်းမှာ သူ့မိသားစုနဲ့ အတူနေ ပါတယ်။ အရမ်းအေးဆေး ပြီးဘာသာတရား ကိုင်းရှိုင်းတဲ့ မိန်းကလေးပါ။ သူ့လိုမျိုး မိန်းကလေးက ကျွန်တော့်လို လူမျိုး နဲ့တွေ့တာ အရမ်းကံဆိုး တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့် အတွက် ကတော့နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိခြင်းပါပဲ” ဟု ၎င်းက ဆိုသည်။

အသစ်ဖွဲ့စည်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီ၏ အဓိကဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ ပုံစံပြောင်း လဲလာနိုင်ဟု ကော်မတီ တွင် ပါဝင်သူများဆို

အသစ်ဖွဲ့ စည်းလိုက်သည့် နိုင်ငံရေးအကျဉ်း သားများရေး ရာ ကော်မတီ၏ အဓိက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ ကို ကော်မတီ အစည်းအဝေးပြုလုပ် မှသာ သိရှိရမည်ဖြစ်ပြီး ယခင်ကော်မတီနှင့် မတူညီဘဲ ဆောင်ရွက်မှုပုံစံ ပြောင်းလဲ နိုင်ကြောင်း ကော်မတီဝင်များက ဇန်နဝါရီ ရရက်က ပြောသည်။
ထောင်တွင်းရှိ နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက်ရေးအ တွက် ယခင်က လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေး ကော်မတီအနေဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း ဇန်နဝါရီ ၅ရက်မှ စတင်၍ နိုင်ငံရေး အကျဉ်းသား များ ရေး ရာ ကော်မတီအမည်ဖြင့် ပြောင်း လဲ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်၍ ပြောကြားကြခြင်းဖြစ်သည်။

KIO အလံနှင့်ဆင်တူနေသောကြောင့် KNCD ပါတီ၏အလံ အသုံးပြုခွင့်ကို ယာယီပိတ်ပင်

အစိုးရသစ် လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးသော KIO/KIA အလံနှင့် ဆင်တူနေသောကြောင့် ကချင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် KNCD ပါတီ၏ အလံအသုံးပြုခွင့်ကို ယာယီ ပိတ်ပင်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကချင် မျိုးနွယ်စုရေးရာ အဖွဲ့တို့က KIO နှင့် ဆင်တူနေသည်ဟု ကန့်ကွက်ထားခြင်းကြောင့် ယင်းသို့ ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
KNCD ပါတီ၏ အလံသည် ရှေးနှစ်ပေါင်းများစွာက ကချင် ဒူဝါကြီးများ စတင်သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း KNCD ပါတီက ပြန်လည် တင်ပြထားကာ ယင်းကိစ္စကို ပြန်စိစစ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာတွင် မြေပြိုကျမှုဖြစ်ပွား ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံး

ဖားကန့်မြို့နယ်တွင် လုပ်ကိုင်နေသည့် ကျောက်စိမ်းတူဖော်ရေး လုပ်ငန်းများမှ ကုမ္ပဏီများ၏စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူလေးဦးမြေစာများပိမိကာ သေဆုံး မှုဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့် မြို့နယ်ရှိ တောင်ပြိုကျေးရွာ၏အနောက် ဘက်၊ ဗလခရွာနှင့် မှော်မောင်းဘွမ်ကျေးရွာ အနီးရှိကျောက် စိမ်းတူးဖော်ရေးလုပ်ငန်းခွင် တွင် အမြင့်ပေ ၁ဝဝဝ ခန့်ရှိသည့် ကုမ္ပဏီများ ၏စွန့်ပစ်မြေစာပုံသည် ဇန်နဝါရီ ၆ ရက်ည ရနာရီ ၁၅မိနစ်ခန့်တွင် ပြိုကျလာသဖြင့် ရေမဆေးကျောက်ရှာဖွေသူများနှင့်ဈေးရောင်းချသူများ ထွက်ပြေးခဲ့ကြရပြီး လေးဦး ပိမိခဲ့ ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

MECTEL ၏ ငွေဖြည့်ကတ် အပိုငွေရရှိမည့် အစီအစဉ် ယခုလကုန်အထိ သတ်မှတ်

MECTEL ၏ ငွေဖြည့်ကတ်ဖြည့်သွင်းပါက အပိုငွေရရှိမည့်အစီအစဉ် ယခုလကုန်အထိ သတ်မှတ် ထားကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူက ပြောသည်။

MEC ၏ အဆိုပါ အစီအစဉ်မှာ ငွေဖြည့်ကတ်ဖြည့်သွင်းပါက ၇၀ ရာခိုင်နှုန်းအထိ အပိုငွေရရှိမည့်အစီအစဉ်ဖြစ်သည်။ "အရင်တုန်းက ငွေဖြည့်သွင်းလို့ အပိုငွေပေး တယ် ဆိုရင် အဲဒီအပိုငွေကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အသုံးပြုရ မှာဖြစ်ပါတယ်၊ တကယ်လို့ကိုယ်က အပိုငွေကို သတ်မှတ်ထားတဲ့ ကာလအတွင်း မှာ မသုံးဘဲ နောက် လ အထိပါသွားမယ်ဆိုရင် အဲဒီအပိုငွေက အလိုလျောက် ပယ်ပျက်သွားမှာပါ၊ အခုပေးတဲ့အစီအစဉ်ကတော့ အဲလိုမဟုတ်ဘူး၊ ကိုယ်ရရှိတဲ့ အပိုငွေကို အချိန်ကာလသတ် မှတ်ချက် မရှိဘဲ မကုန်မချင်း အသုံးပြုနိုင်မှာဖြစ်ပါ တယ်" ဟု အဆိုပါ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူ ကပြောသည်။

တိုင်းရင်းသားများ တောင်းဆိုချက် လိုက်လျောနိုင်၍ ပြည်ထောင်စုနေ့ လက်မှတ်ထိုးရန် တိုက်တွန်းဟု ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ခြင်းသည် တိုင်းရင်းသားများ၏ တောင်းဆိုချက်များအပေါ် လိုက်လျောနိုင်သောကြောင့် ဖြစ်နိုင်၍ အလားအလာကောင်း တစ်ခုဖြစ်နိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဇန်နဝါရီ ၇ ရက်တွင် ပြောလိုက်သည်။

ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့၏ ပြောခွင့်ရသူ ဦးဒေါင်ခါးက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆို ထားတဲ့ နိုင်ငံရေး Proposal (အဆိုပြုချက်)၊ ဒီအပေါ်မှာ သမ္မတ ဦးသိန်းစိန်ရော၊ ကာလုံဘက်ကရော၊ တပ်မတော်ဘက်ကရော အနေအထားတစ်ခုထိ လိုက်လျောဖို့ကို သူတို့ဆုံးဖြတ်ပြီးပြီ။ လိုက်လျောမယ်၊ လက်ခံမယ်၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ အနေအထားတစ်ခုကို သူတို့ ဆုံးဖြတ် ပြီးပြီလို့ အဓိပ္ပါယ်ထွက်တာပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

တရားမ၀င်သစ်ခုတ်မှုဖြင့် ဖမ်းဆီးခံနေရသူများကိစ္စ မှန်မှန်ကန်ကန်ကိုင်တွယ်ရန် တရုတ်အစိုးရ တိုက်တွန်း

မြန်မာနိုင်ငံထဲမှာ တရားမ၀င်သစ်ခုတ်ရောင်းချမှုဖြင့် ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံ သားတွေကိစ္စ မှန်မှန်ကန်ကန် ကိုင်တွယ်ဆောင်ရွက်ပေးဖို့ တရုတ်အစိုးရက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်ထဲမှာ တရားမ၀င် သစ်ခုတ်ရောင်းချတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို မြန်မာဘက်က ဖမ်းဆီး အရေး ယူထားတဲ့ သတင်းတွေ ထွက်လာပြီး နောက်ခုလို တရုတ်ဘက်က တရားဝင် ထုတ်ပြန်လိုက်တာပါ။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်းလီက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးအနေနဲ့ ဒီကိစ္စ အသေးစိတ် စိစစ်စုံစမ်းမှုတွေပြုလုပ်နေပြီး ဒီအမှု ကို တရားသဖြင့် မျှမျှတတ ကိုင်တွယ်ဆောင်ရွက်ပေးစေ လိုတယ်လို့ တရုတ်နေ့စ ဉ်သတင်းစာ မှာပြောပါတယ်။

ကျေးဇူးတင်ပါသည် သမ္မတကြီး ခင်ဗျား………….

Photo: ကျေးဇူးတင်ပါသည် သမ္မတကြီး ခင်ဗျား………….
ဇန်န၀ါရီလ ၈ ရက်၊ ၂၀၁၅
ဇန်န၀ါရီလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ပြန်လည်ကျင်းပပေးခဲ့တဲ့ ဗိုလ်ရှုခံသဘင် အခမ်းအနားကို တီဗွီကနေ Live Show ကြည့်ရတာအင်မတန်မှကို ကျက်သရေရှိလှပါတယ်။ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ၀န်ကြီးဌာနတွေ၊ တိုင်းနှင့်ပြည်နယ်အသီးသီးကကိုယ်စားလှယ်တွေနဲ့ ကင်းထောက် လူငယ်တွေ အင်အားစုစုပေါင်း ၇၂၀၀ ကျော်နဲ့ အခမ်းအနားကို ပါဝင်ချီတက်ပြီး နိုင်ငံတော်ရဲ့ဥသျှောင် နိုင်ငံတော် သမ္မတကြီးကို ချီတက်အလေးပြုနေတာ တစ်သက်မှာတစ်ခါပဲမြင်တွေ့ရတဲ့ အခွင့်အရေးတစ်ခုအဖြစ် မိမိကိုယ်မိမိ လည်း အင်မတန်မှကျေနပ်အားရမိပါတယ်။
ကြည်း၊ ရေ၊ လေ စစ်တီးဝိုင်းတွေက မြိုင်ဆိုင်လှသလို ချီတက်အလေးပြုတဲ့ စစ်ကြောင်းများနှင့်အတူ တပ်မတော်လေရဲ့ ရဟတ်ယာဉ်များက နိုင်ငံတော်အလံကို သယ်ဆောင်ပျံသန်းတာတွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များ အုပ်စုဖွဲ့ပျံသန်းအလေးပြုတာတွေ Coloured Smoke များနဲ့ Formation အမျိုးမျိုးပြုလုပ်ပျံသန်းအလေးပြုတာတွေဟာ နိုင်ငံတော်သမ္မတကြီးအပေါ်မှာ တပ်မတော်နဲ့ ပြည်သူ များရဲ့ လေးစားတန်ဖိုးထားမှုများအဖြစ် စိတ်ထဲယခုထိစွဲမြဲနေဆဲဖြစ်ပါသည်။
အချိန်ကိုက်စနစ်တကျ စီစဉ်မှုနှင့်အတူ သံချပ်ကာယန္တရားတပ်ဖွဲ့မှ သံချပ်ကာယာဉ်များ၊ အမြောက်တပ်ဖွဲ့မှအမြောက်ယာဉ်များ၊ ဒုံးယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့မှ ယာဉ်များရဲ့ချီတက်အလေးပြုမှု ဟာလည်း အင်မတန်ကို စိတ်ဓာတ်တက်ကြွစရာ ကောင်းလှပါ တယ်။ ကျွန်တော်အပါအ၀င် တီဗွီဖန်သားပြင်ပေါ်မှာ ကြည့်ရှုနေရတဲ့ ပြည်သူတွေ အနေနဲ့ တပ်မတော်ဆိုတာ နိုင်ငံတော်တွင် ဒီလိုအဆင့်ရှိနေပါလားဆိုတဲ့ အားကိုးရတဲ့စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေအောင် လှပတဲ့မြင်ကွင်း တစ်ခုအဖြစ် ခံစားမိတယ်လို့ထင်ပါတယ်။ ဗိုလ်ရှုခံရင်ပြင်မှာ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခွင့်ရတဲ့ ပြည်သူတွေ အနေနဲ့ကတော့ အင်မတန်မှကုသိုလ်ကံ ကြီးမားတဲ့ အခွင့်အရေးကိုရရှိခဲ့တာဘဲလို့ မှတ်ယူချင်ပါတယ်။ ကျွန်တော်တို့လို တပ်မတော်သားတွေကိုယ်တိုင်တောင်မှ မျက်မြင်တွေ့ရှိခွင့်မရနိုင်တဲ့ ဒီအခွင့်အရေးကိုရရှိသွားပါလားဆိုပြီး မုဒိတာ လည်းပွားမိပါတယ်။ ဒီလိုကြီး ကျယ် မြင့်မြတ်တဲ့အခမ်းအနားမှာ တပ်မတော်ရဲ့သစ္စာရှိမှု၊ တာဝန်ကျေပွန်မှု၊ တာဝန်ယူမှု နှင့် တာဝန်ခံမှုတွေကိုလည်း အပြည့်အ၀တွေ့မြင်ရတဲ့အတွက် တပ်မတော်သားတစ်ယောက်အနေနဲ့ အင်မတန်မှကို ဂုဏ်ယူမိပါတယ်။
စစ်ရေးပြအခမ်းအနားကြီးပြီးသွားတော့ ဘွဲ့ထူးဂုဏ်ထူးပေးတဲ့အခမ်းအနားကို ဆက်ပြီးပြသချိန်မှာ ကြည့်လိုက် ရတဲ့ ကျွန်တော့်အတွက် ဖော်မပြနိုင်တဲ့ ခံစားမှုမျိုးနှင့်အတူ မျက်ရည်စို့ခဲ့ရပါတယ်။ နိုင်ငံတော်အတွက် အသက် စွန့်ခဲ့ရတဲ့ အရာရှိ/စစ်သည်များရဲ့ ကိုယ်စား မိဘမောင်နှမနှင့် ဇနီးသည်များက ဒီဘွဲ့ထူးဂုဏ်ထူးတွေ တက်ယူတာကို တွေ့ရတဲ့မြင်ကွင်းကြောင့် ဂုဏ်ယူစိတ်၊ ၀မ်းသာစိတ်၊ ၀မ်းနည်းစိတ်တို့ကို တစ်ပြိုင်နက်ဖြစ်ပေါ်ခံစားခဲ့ရပါတယ်။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဒီလိုကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။
ဒါပေမယ့် ဘွဲ့ထူးဂုဏ်ထူးရရှိခဲ့တဲ့ အရာရှိ/စစ်သည်များဟာ ၂၀၁၂၊ ၂၀၁၃ ခုနှစ်က တိုက်ပွဲတွေမှာ ထူးချွန် ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့တဲ့သူများ ဖြစ်ပါတယ်။ သူတို့အနေနဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအတွက် သူတို့ရဲ့ အသက်ကိုစွန့်လွှတ်ပြီး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများဖြစ်ကြပါတယ်။ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုအတွက် ကျွန်တော်တို့စစ်သားတွေရဲ့ ရင်ထဲမှာ၊ မိသားစုတွေရဲ့ရင်ထဲမှာ ဒီနေ့အထိ ပူနွေးစူးရှစွာ ခံစားနေရဆဲပါ။ ယနေ့ထိ မျက်ရည်သွင်သွင် စီးကျနေကြရဆဲပါ။ တကယ်တော့ သူတို့ကို ယခင်နှစ်တွေတည်းက မချီးမြှင့်ပေးနိုင်ခဲ့တာကိုတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ စွန့်လွှတ်စွန့်စားမှုကို အသိမှတ်ပြုမပေးနိုင်ခဲ့တာကိုလည်း စိတ်အားငယ်ခဲ့ရပါတယ်။ အစိုးရက ဥပေက္ခာပြုထားတယ်လို့ ကျွန်တော် တို့ကိုယ်တိုင်ခံစားခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့စစ်သားတိုင်း ခံစား နေရတဲ့ ခံစားချက်တစ်ခုပါ။
အဲဒီ ၂၀၁၂၊ ၂၀၁၃ ခုနှစ်ကာလတွေဟာ တိုက်ပွဲတွေ သိပ်ကိုပြင်းထန်ခဲ့တဲ့ ကာလတစ်ခုပါ။ ကျွန်တော်တို့ စစ်သားတွေဟာ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်မယ်ဆိုတဲ့ နိုင်ငံတော် ကိုချစ်တဲ့စိတ် တစ်ခုတည်းနဲ့ တိုက်ပွဲဝင်နေကြတာပါ။ တိုင်းပြည် အတွက် အရာရာကိုပေးဆပ်ဘို့ ဆုံးဖြတ်ထားကြသူ တွေပါ။
မြတ်သောသေခြင်းနှင့်အတူ ကျွန်တော်တို့ အသက်တွေဆုံးရှုံးသွားမှာကိုလည်း ဘယ်တော့မှမကြောက်ခဲ့ကြ ပါဘူး။ ကျွန်တော်တို့လိုချင်တာက နိုင်ငံတော်ရဲ့ အသိအမှတ်ပြုမှု တစ်ခုတည်းရယ်ပါ။ ဒါပေမယ့် အဲ့ဒီတုန်းက ဒီလို အသိအမှတ်ပြုမှု မရရှိခဲ့တာကို အရမ်းဝမ်းနည်းမိပါတယ်။ တပ်မတော်က လူကြီးတွေ ရှင်းပြလို့သိခဲ့ရတာကတော့
နိုင်ငံတော်အစိုးရ အနေနဲ့ ငြိမ်း ချမ်းရေး လုပ်ဆောင်နေတဲ့ ကာလမို့လို့ဒီလိုဘွဲ့ထူးဂုဏ်ထူးတွေနဲ့ အသိအမှတ်ပြုပေးလိုက် ရင် ငြိမ်းချမ်းရေးထိခိုက်သွားမှာစိုးလို့ဆိုပြီး နားလည်ခဲ့ရပါတယ်။ စစ်သားတွေဖြစ်လို့ အသက်တောင်စွန့်စားထားပြီးပြီ ဆိုပြီး ကိုယ့်ကိုကိုယ်ဖြေသိမ့်၊ အံကြိတ်လို့ငိုခဲ့ရတဲ့ ရက်တွေမနည်းခဲ့ပါဘူး၊ ကာယကံရှင်တွေရဲ့ ဇနီးသားသမီးနဲ့ မိဘ မောင်နှမများဘက်ကို ခံစားကြည့်မယ်ဆိုရင်၊ ခံစားတတ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ကျွန်တော်တို့ တစ်တွေ ၀မ်းနည်းစွာမျှော်လင့်ခဲ့ကြရတာပါ။
အဲဒီတုန်းကဦးအောင်မင်းဆိုသူကလည်း ကျွန်တော်တို့ တပ်မတော်သားတွေ အစဉ်တစိုက်ရွတ်ဆိုလာခဲ့ကြတဲ့ သစ္စာ ၄ ချက်ထဲက “ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်” ဆိုတဲ့ အချက်ကို ဖြုတ်သင့်တယ်လို့ပြောခဲ့ပါတယ်။ တပ်မတော်သားတွေရဲ့ ရင်ကိုဓါးနဲ့မွှန်းသလို တစ်ဆစ်ဆစ်နာအောင် ခံစား ရပါတယ်။ သူ့ရဲ့ ပေါ်ပင်လုပ်ပြီးပြောခဲ့တဲ့စကားကြောင့် တပ်မတော်သားအားလုံးရဲ့ ချဉ်ဖက်ဖြစ်သွားတာကို သူမသိဘူး၊ တပ်မတော်သားအားလုံးရဲ့စိတ်ဓာတ်ကိုဖျက်လိုဖျက်ဆီးပြုနေတဲ့ တပ်မတော်ရဲ့သစ္စာဖောက်ဖြစ်သွားတဲ့သူ့ကိုဇာတ်သိမ်း ကောင်းပါစေလို့ပဲ ဆုတောင်းမိပါတယ်။
သို့သော်လည်း အခုကျွန်တော်တို့ကို ဒုတိယသမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်းနဲ့တွဲပြီး လွတ်လပ်ရေးနေ့မှာ ဘွဲ့ထူးဂုဏ်ထူးတွေပေးလာတော့ အရမ်းကျေးဇူးတင်ကြရတယ်။ ကျွန်တော်တို့သေရတာ အလကားသေရတာ မဟုတ် ဘူး၊ တိုင်းပြည်အတွက် စွန့်လွှတ်ရတာ၊ ဒါကြောင့် ငါတို့ကို အသိအမှတ်ပြုခံရပြီဆိုပြီး ကျွန်တော်တို့ စိတ်ဓာတ်တွေ ပြန်လည်တက်ကြွခဲ့ရပါတယ်။ ဘွဲထူးဂုဏ်ထူးရသူတွေရဲ့ ဓါတ်ပုံတွေကိုကြည့်ပါ ၁၁ ဦးကို ချီးမြှင့်ရာမှာ အသက်ရှင်ပြီး ကျန်ရစ်သူ ၂ ဦးသာရှိပြီး ကျန်သောသူတွေဟာ ကျဆုံးသူတွေရဲ့ကိုယ်စားတက်ယူခဲ့ရသော မိသားစုဝင်တွေဖြစ်ပါတယ်။ ဒီဆုကိုတက်ယူနေတဲ့အချိန်မှာ မိသားစုဝင်တွေအနေနဲ့ ၀မ်းနည်းတာရော ဂုဏ်ယူတာရော တစ်ပြိုင်တည်း ခံစားနေကြရ မှာပါ။ ကျွန်တော်လည်းကြည့်ရင်းနဲ့ ကြည်နူးခြင်း၊ ၀မ်းနည်းခြင်းတို့နှင့်အတူ မျက်ရည်ဝိုင်းမိပါတယ်။ ဦးအောင်မင်း အနေနဲ့ရော ဒီလူတွေကို အသိအမှတ်ပြုနိုင်မလားလို့မေးချင်ပါတယ်။ ပြောမယ့်သာပြောရတာပါ ရဲဘော် ရဲဘက်စိတ် ပျောက်ဆုံးနေတဲ့ ဦးအောင်မင်းလို လူအတွက်ကတော့ သစ္စာတရားဆိုတာရှိချင်မှလည်း ရှိတော့မှာပါ။
ဘယ်သူတွေဘယ်လိုပဲပြောနေကြပါစေ သမ္မတကြီးအနေနဲ့ အခုလိုမျိုး အသက်ခန္ဓာပေါင်းများစွာ၊ ဘ၀ပေါင်း များစွာကို စွန့်လွှတ်စတေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ၊ တပ်မတော်သားတွေကို အသိအမှတ်ပြုပေး ခဲ့တဲ့အတွက် ဂုဏ်ယူစိတ်၊ ကျေးဇူးတင်စိတ်တွေ အတိုင်းအဆမရှိဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့တပ်မတော်သားတွေရဲ့ အသွေးထဲ၊ အသားထဲ၊ စိတ်ထဲက မျိုးချစ်စိတ်နဲ့ သစ္စာတရားဟာ နိုင်ငံတ်ာနဲ့ တပ်မတော်အတွက် ဆိုရင် အမြဲတမ်းအသင့်ရှိနေမှာပါ ။ ကျွန်တော်တို့ တပ်မတော်နဲ့ တပ်မတော်သားအားလုံးဟာ ဘယ်အခြေအနေရောက်ရောက် ကျွန်တော်တို့ရဲ့ နိုင်ငံတော်၊ တပ်မတော်နဲ့၊ နိုင်ငံသား တွေအတွက်ဆိုရင် အသက်ကိုပင် စွန့်လွှတ်ဖို့ အသင့်ရှိနေတယ်ဆိုတာကို တင်ပြလိုပါတယ် သမ္မတကြီးခင်ဗျား။
စစ်မင်းနိုင်
Credit >>> အမေ့အိမ်
ဇန်န၀ါရီလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ပြန်လည်ကျင်းပပေးခဲ့တဲ့ ဗိုလ်ရှုခံသဘင် အခမ်းအနားကို တီဗွီကနေ Live Show ကြည့်ရတာအင်မတန်မှကို ကျက်သရေရှိလှပါတယ်။ တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ၀န်ကြီးဌာနတွေ၊ တိုင်းနှင့်ပြည်နယ်အသီးသီးကကိုယ်စားလှယ်တွေနဲ့ ကင်းထောက် လူငယ်တွေ အင်အားစုစုပေါင်း ၇၂၀၀ ကျော်နဲ့ အခမ်းအနားကို ပါဝင်ချီတက်ပြီး နိုင်ငံတော်ရဲ့ဥသျှောင် နိုင်ငံတော် သမ္မတကြီးကို ချီတက်အလေးပြုနေတာ တစ်သက်မှာတစ်ခါပဲမြင်တွေ့ရတဲ့ အခွင့်အရေးတစ်ခုအဖြစ် မိမိကိုယ်မိမိ လည်း အင်မတန်မှကျေနပ်အားရမိပါတယ်။

ပြင်သစ်ဂျာနယ်ရုံး တိုက်ခိုက်ခဲ့သူတွေကို ဖော်ထုတ်နိုင်ပြီ

ပဲရစ်မြို့က သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းပြီး လူအများအပြားကို ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာမှာ ပါဝင်သူတွေလို့ သံသယရှိသူ သေနတ်သမား ၃ ယောက်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပြင်သစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ပြင်သစ်တာဝန်ရှိသူတွေက ပြောပါတယ်။

သေနတ်သမား ၂ ယောက်ဟာ အသက် ၃၄ နှစ်အရွယ် Said Kouachi နဲ့ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ညီဖြစ်သူ Cherif တို့ဖြစ်ပြီး နောက်တယောက်ကတော့ အသက် ၁၈ နှစ်အရွယ် Hamyd Mourad ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ထဲက တယောက်ရဲ့ ID ကို ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုလုပ်အပြီး စွန့်ပစ်သွားတဲ့ ကားအတွင်းကနေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Kouachi တို့ ညီအကိုဟာ ပဲရစ်မြို့မှာ နေထိုင်သူတွေဖြစ်ပြီး Mourad ကတော့ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Reims က ဖြစ်ပါတယ်။ သူတို့ထဲက ၁ ဦးဟာ အကြမ်းဖက်မှုနဲ့ စွပ်စွဲခံရဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးလိဂ်တည်ထောင်ရန်ခက်ခဲကြောင်း ဦးဇော်ဇော်ဆို

အမျိုးသမီးလက်ရွေးစင်အသင်း အောင်မြင်မှုရရှိစေရန်အတွက် အမျိုး သမီးလိဂ်တည်ထောင် ရမည်ဖြစ်သော် လည်း ကလပ်အသင်းများမရှိသေး သဖြင့်ခက်ခဲကြောင်း ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ရန်ကုန်တိုင်းမ် သို့ပြောသည်။
''အမျိုးသမီးအသင်းက ပြိုင်ပွဲ တွေလိုနေပါတယ်။ လိဂ်တည်ထောင် ဖို့ရှိပေမယ့်လဲ ဘောလုံးအသင်းတစ် သင်းကိုတည်ထောင်ပြီး ရင်းနှီးမြှုပ်နှံ မှုလုပ်ဖို့ဆိုတာကလဲ တအားခက်ခဲပါ တယ်။ အမျိုးသမီးလိဂ်အနေနဲ့ ကစား လို့ရအောင် အသင်းတွေတိုးလာအောင် ရင်နှီးမြှပ်နှံမယ့်အသင်းပိုင်ရှင်တွေ လဲလိုပါတယ်။ ဝန်ကြီးဌာနအနေနဲ့က လဲ ဘတ်ဂျက်အနေအထားနဲ့ သုံးစွဲရ တာဖြစ်တဲ့အတွက် အသင်းတစ်သင်း သပ်သပ်ထောင်ဖို့ခက်ခဲပါတယ်''ဟု ဦးဇော်ဇော်ကသုံးသပ်ပြောကြားသည်

တောင်ငူတည်းခိုခန်း ဗုံးခွဲတရားခံ စောထွန်းထွန်းကို သေဒဏ်ချမှတ်


တောင်ငူမြို့ တည်းခိုခန်းဗုံးဖောက်ခွဲမှု တရားခံစောထွန်းထွန်းကို တောင်ငူခရိုင် တရားရုံးက သေဒဏ်အမိန့် ချမှတ်လိုက် ကြောင်း သတင်းရရှိသည်။

၂၀၁၃ အောက်တိုဘာ အတွင်းက မြန်မာနိုင်ငံအနှံ့တွင် ဗုံးပေါက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ တောင်ငူမြို့ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှု သံသယ တရားခံ စောထွန်းထွန်းကို တောင်ငူမြို့နယ် တရားရုံးက ယနေ့ ဇန်န၀ါရီ ၇ ရက် ညနေ ၄ နာရီက အပြီးသတ်စီရင်ချက်အဖြစ် ကြိုးပေးသတ်ရန် သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
‘‘ဒီနေ့ ညနေ ၄ နာရီတုန်း က ခရိုင်တရားရုံးမှာ သေဒဏ်ချ လိုက်တယ်။ ပြီးတော့ နောက် ပုဒ်မတစ်ခုနဲ့ ထောင်ဒဏ် ၇ နှစ် ထပ်ချသေးတယ်။ အရင်တုန်းက သူ့ကိုထောင်ဒဏ်ဆယ်နှစ်ချ ထားတာကို ပုဒ်မတွေ ထပ်တိုးလိုက်တာ၊ သူက ကျောက်ကြီးမြို့ ဇာတိလို့ သိရပါတယ်။ အယူခံ တက်လို့ ရတယ်ပြောတယ်’’ ဟု တောင်ငူဒေသခံအမျိုးသားက ပြောသည်။

ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တွေ့ဆုံ

ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က အင်းစိန်ထောင် ရှိ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးနှင့် ဇန်န၀ါရီ ၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီထိ တွေ့ဆုံခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးမှ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

၎င်းသည် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံး လူ့အခွင့်အရေး အခြေအနေများကို သွားရောက်လေ့လာခြင်း
ဖြစ်သည်။

တွေ့ဆုံခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ လုပ်ငန်းကော်မတီဝင် ဦးရဲအောင်က "ကျွန်တော်တို့ ထောင်အခြေအနေက ဦးရေနဲ့ အဆောက်အဦးမဆန့်တဲ့အပြင် ၁၉၉၀၊ ၁၉၈၈ လောက်ထက် စာရင်သာ နည်းနည်းတိုးတက်ပေမယ့် ယန်ဟီးလီတို့ သွားတာနဲ့ အရင်အတိုင်းပြန်ပြီး ဖြစ်တာပါပဲ" ဟု ဆိုသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများ ဆန္ဒထုတ်ဖော်မည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ် စဉ်တွင် ပြည်သူလူထုပါဝင်ဆောင်ရွက်နိုင်ရေး နိုင်ငံရေးပါတီများ စုပေါင်းကာ ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံရေးပါတီများ စုပေါင်း ခေါင်းဆောင်မှုဖြင့် မြို့ရွာဒေသ များအလိုက် ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်ပွဲများ၊ လူထုအစည်းအ ဝေးပွဲများ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
ယင်းသို့ ငြိမ်းချမ်းရေးဆန္ဒ ထုတ်ဖော်ပွဲများနှင့် လူထုအစည်း အဝေးများပြုလုပ်ရန် ယခုလ ၅ ရက်တွင် နေပြည်တော်၌ နိုင်ငံ ရေးပါတီ ၅၃ ပါတီမှ ခေါင်းဆောင်များတွေ့ဆုံကာ ဆုံးဖြတ်ခဲ့ကြ ခြင်း ဖြစ်သည်။
‘‘ဆန္ဒထုတ်ဖော်ပွဲတွေကို ဘယ်အချိန်က လုပ်မလဲဆိုတာ တော့ အသေးစိတ်လုပ်ငန်းစဉ် တွေချဖို့ ကျွန်တော်တို့ ကော်မတီ တစ်ခုဖွဲ့ထားပါတယ်။ ဘယ်အ ချိန်မှာ စလုပ်မလဲဆိုတာတော့ မ ဆုံးဖြတ်ရသေးဘူး’’ဟု အမျိုး သားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ ကိုနေမင်းကျော်က ဆို သည်။
လက်ရှိပြည်တွင်းငြိမ်းချမ်း ရေးဆောင်ရွက်နေမှုအပေါ် ပြည် သူများစိတ်ပါဝင်စားမှု မြင့်တက် လာပြီး ငြိမ်းချမ်းရေးဆောင်ရွက် နေမှု လုပ်ငန်းစဉ်အောင်မြင်နိုင် ရေးအတွက် ရည်ရွယ်ကာ ယင်း ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ကိုနေမင်းကျော်က ပြောသည်။

ပဲရစ်မြို့ရှိ သတင်းစာတိုက် တိုက်ခိုက်ခံရပြီး လူ ၁၂ ဦး သေ၊ ခုနစ်ဦး ဒဏ်ရာရ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အပတ်စဉ်ထုတ် သရော်စာ သတင်းစာတိုက်သို့ မျက်နှာဖုံးစွပ် နှစ်ဦးက ဝင်ရောက်တိုက်ခိုက်ရာ လူ ၁၂ ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကာ ပစ်ခတ်သူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြသည်။

သေဆုံးသူများတွင် ထိပ်တန်းသတင်းထောက်များနှင့် နှစ် ဦးက ရဲအရာရှိများဖြစ်ပြီး ဒဏ်ရာရသူ လေးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း အာဏာပိုင်များ က ထုတ်ဖော်ပြောဆိုသည်။

ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲခန့်တွင် ခေါင်းစွပ်ပါသည့် အပေါ်အင်္ကျီ အနက်ရောင်ဝတ်ဆင်ပြီး မျက်နှာဖုံးစွပ်ထားသူနှစ် ဦးက အော်တိုမက်တစ်ရိုင်ဖယ်ကိုင်ဆောင်ပြီး Charlie Hebdo အပတ်စဉ်ထုတ် သရော်စာ သတင်းစာတိုက် အဆောက်အအုံထဲဝင်လာကြောင်း၊ မိနစ်အနည်းငယ်အကြာတွင် ပစ်ခတ်သံများစွာကြားရပြီးနောက် ၎င်းတို့ထွက်ပြေးသွားကြကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။