အမျိုးသားပညာရေးဥပဒေ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ခိုင်မာသော ဆွေးနွေးမှု ဖြစ်ပေါ်စေရန်အတွက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ (သပိတ်မှောက်ကျောင်းသား) များက သပိတ်တွင် ပါဝင်သူများကို အရေးယူခြင်းမပြုရန်အပါအဝင် စည်းကမ်းချက် ကိုးချက်ကို ဆွေးနွေးခဲ့ပြီး ခုနစ်ချက်သာ သဘောတူညီမှုရရှိသည့်အတွက် နေပြည်တော်တွင် ဖေဖော်ဝါရီ ၃ ရက်၌ ဆက်လက်ဆွေးနွေးရမည် ဖြစ်သည်။
ကျောင်းသားကိုယ်စားလှယ်များနှင့်  အစိုးရ သဘောတူညီထားသည့်အတိုင်း အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁) ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ပြုလုပ်နေကြောင်းသိရသည်။ ယင်းလေးပွင့်ဆိုင်တွေ့ဆုံပွဲတွင် အစိုးရ ဘက်မှ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်ခင်စန်းရီတို့ဦးဆောင်ပါဝင်ေ ဆွးနွေးလျက် ရှိသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်မှကိုယ်စားလှယ်များတက်ရောက်ပြီး NNER ဘက်မှ ဒေါက်တာသိန်းလွင် ဦးဆောင်သော အဖွဲ့နှင့် ကျောင်းသား ကိုယ်စားလှယ်ဘက်မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလျက်ရှိသည်။








































